system 091 (Book 2)

By TeeKo0

41.2K 4.8K 458

wang yibo 💞 xiao zhan __________________________ ___________ ရှေ့ Arc တွေကို ကျွန်တော့်အကောင့်ထဲဝင်ရှာကြည့်န... More

(8.4)
(8.5)
(8.6)
(8.7)
(8.9)
(8.10)
(8.11)
(8.12)
(8.13)
(8.14)
(8.15)
(8.16)
(8.17)

(8.8)

3.1K 388 36
By TeeKo0

Unicode

ရှဲ့ချုံရန်က ဝမ်ရိပေါ်ဖြစ်ကြောင်းသိလိုက်ရပြီးကတည်းက ရှောင်ကျန့်ဟာသူတို့နှစ်ယောက်ကြားကစည်းကို ကိုယ်တိုင်ချိုးဖြတ်ပြီး အရင်တုန်းကလို သတိထားဆက်ဆံတာမျိုးမရှိတော့ပေ။ ရှဲ့ချုံရန်၏အမူအကျင့်မှာ ဇောက်ထိုးမိုးမြော်ပြောင်းလဲသွားပြီး ရှောင်ကျန့်အပေါ် အချိန်တိုင်းလိုလိုခွာမရတဲ့ ပလာစတာလေးတစ်ခုလိုပြုမူလာသည်။

ရှဲ့ချုံရန် ခန္ဓာကိုယ်ထဲကဝိဥာဥ်မှာ အသက်လေးဆယ်ကျော်ဦးလေးကြီးတစ်ယောက်မှန်းသိနေပေမယ့် အပြင်ပန်းခန္ဓာကိုယ်မှာ လူပျိုဖော်ဝင်ကာစ အသက်၁၄နှစ်အရွယ်မျက်နှာလေးဖြစ်နေတော့ မချော့ခင်တည်းကပျော့ချင်နေတဲ့ရှောင်ကျန့်ခမျာ ငြင်းဆန်နိုင်သည့်စွမ်းအားတစ်စက်ကလေးမှမရှိတော့ပေ။

ရှဲ့အိမ်တော်တစ်ခုလုံး ရုတ်တရတ်ဆန်စွာပြောင်းလဲသွားသည့်အခြေအနေနှင့်ကျင့်သားမရသေးသလိုခံစားလိုက်ရသည်။ ဘယ်တုန်းကများသခင်လေးနှစ်ယောက်က ဒီလောက်ထိပူးပူးကပ်ကပ်နေခဲ့ဖူးလို့လဲ။ ကံကောင်းတာတစ်ခုက ရှဲ့သခင်ကြီးမှာအရေးကြီးအလုပ်ကိစ္စတစ်ခုကြောင့်နိုင်ငံခြားမှာတစ်လလောက်နေရပေလိမ့်မည်။ မဟုတ်ရင် အစတည်းက ရှဲ့ချုံရန်ကို ရှောင်ကျန့်နဲ့နီးနီးကပ်ကပ်နေသည့်ကိစ္စနဲ့ပတ်သတ်ပြီးပြဿနာရှာပေလိမ့်မည်။

ကျောင်းပိတ်ရက်နှစ်ရက်က လျှင်လျှင်မြန်မြန်ပင်ပြီးဆုံးသွားသည်။ ကျောင်းဝင်းထဲသို့ပထမဦးဆုံးခြေချစဥ်မှာပင် ဟယ်စုန့်နန်၏အသံကျယ်ကြီးက နားထဲသို့စူးစူးဝါးဝါးတိုးဝင်လာ၏။

"ရှဲ့ ယန်..... "

"ဘာဖြစ်လို့လဲ"

ဟယ်စုန့်နန်က ရှောင်ကျန့်ပုခုံးတစ်ဖက်ပေါ်လက်တင်လိုက်ပြီး သွားဖြဲပြလိုက်သည်။

"ငါမင်းကိုလွမ်းနေတာ...."

ရှောင်ကျန့်သက်ပြင်းချလိုက်၏။ ပြီးနောက် ဟယ်စုန့်နန်၏ပတ်တီးစီးထားဆဲဖြစ်သည့်ခြေထောက်ကိုကြည့်ပြီးမေးလိုက်သည်။

"မင်းခြေထောက်သက်သာရဲ့လား"

"ဒါပေါ့....ငါက ဘယ်သူမို့လို့လဲ....နည်းနည်းနာနေသေးပေမယ့် ဆိုးဆိုးဝါးဝါးကြီးမဟုတ်တော့ ပေါ့ပေါ့ပါးပါးလမ်းလျှောက်တာလောက်က ရတယ်"

"မင်းအဆင်ပြေရင်ပြီးတာပါပဲ"

ရှောင်ကျန့်ဟာ ဝယ်စုန့်နန်နဲ့အတူ ကျောင်းဝင်းထဲအေးအေးဆေးဆေးလမ်းလျှောက် စကားပြေနေရင်း တစ်နေရာအရောက်တွင် လူတစ်ချို့၏တစ်တွတ်တွတ်ဖြင့်တွတ်ထိုးနေသည့်စကားသံတွေကိုကြားလိုက်ရသည်။ တိုးလျသည့်အသံတွေကြားထဲတွင် ချောလိုက်တာ နှင့် ဘယ်သူလဲမသိဘူး ဆိုတာကို ရှင်းရှင်းလင်းလင်းကြားလိုက်၏။

သူ့မျက်လုံးတွေက အသံလာရာပတ်ဝန်းကျင်ကိုစူးစမ်းကြည့်လိုက်ပြီးနောက် သူနဲ့ခပ်ဝေးဝေးတစ်နေရာတွင် အနက်ရောင်ဝတ်စုံပြည့်ဖြင့် အရပ်မြင့်မြင့်ပုံပန်းသဏ္ဍာန်နှစ်ခုကိုမြင်လိုက်ရသည်။ မျက်မှန်နှင့်ပရော်ဖက်ရှင်နယ်ကျကျရုပ်ရည်ပိုင်ဆိုင်ထားသည့် Alpha က သူ့အရှေ့ကအမျိုးသားကို တစ်စုံတစ်ခုတင်ပြနေသည်နှင့်တူသည်။ တင်ပြနေသည်ဟုပြောရသည့်အကြောင်းအရင်းက ထိုAlpha မှာသူ့အရှေ့က လူကို လေးလေးစားစား၊ ဂရုတစိုက်ဖြင့် လက်အောက်ငယ်သားတစ်ယောက်ကဲ့သို့ပြုမူနေကြောင်းထင်ရှားနေတာကြောင့်ပင်။

အရှေ့ကတစ်ယောက်ဟာ အတွန့်အခေါက်တစ်ခုမရှိသည့် အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီး ကျယ်ပြန့်သည့်ပုခုံးနဲ့အတူ သွယ်လျသော်လည်းသန်မာသည့်ခါးကိုကိုပိုင်ဆိုင်ထားသည်။ ခြေတံရှည်တွေက ပြောမပြတတ်နိုင်လောက်အောင်ဆွဲဆောင်မှုရှိပြီး ရင့်ကျက်သည့်အမျိုးသား Alpha တစ်ယောက်၏ အရှိန်အဝါအပြည့်ရှိနေသည်။

ထိုအမျိုးသားက ပြောမပြတတ်နိုင်လောက်အောင် ယောက်ျားပီသလွန်းလှပြီး သူ့ရဲ့ချောမောလွန်းသောမျက်နှာလေးက ပတ်ဝန်းကျင်ကကျောင်းသူကျောင်းသားတွေကိုဆွဲဆောင်ထားသည်။ နီညိုရောင်နှုတ်ခမ်းတစ်စုံကိုတင်းတင်းစေ့ထား၍ သိန်းငှက်လိုမျက်လုံးတွေက သူ့အနောက်က Alpha တင်ပြသည့်အရာတွေကို နားထောင်နေဟန်ရသည်။

အနောက်တိုင်းဝတ်စုံတွေဖြင့် ကျောင်းဝင်းနဲ့ပတ်သပ်ခြင်းမရှိသည့် Alpha အမျိုးသားနှစ်ယောက်က ခြေလှမ်းကျဲကြီးတွေဖြင့် ကျောင်းဝင်းတစ်နေရာသို့ဦးတည်နေဟန်ရသည်။

ရှောင်ကျန့်က အရှေ့ကဦးဆောင်သွားနေသည့်အမျိုးသားကိုငေးနေချိန်တွင် ဟယ်စုန့်နန်က မေးစေ့ပွတ်ရင်း ပြောလာသည်။

"အဲ့ဒီ တစ်ယောက်က တော်တော်ချောတာပဲ"

ရှောင်ကျန့်က ဟယ်စုန့်နန်ကိုထောက်ခံသလိုခေါင်းငြှိမ့်ပြလိုက်သည်။ ဟယ်စုန့်နန်က ပုခုံးတွန့်ကာဂရုမစိုက်သလိုထပ်ပြောသည်။

"သူဘယ်လောက်ချောချောငါတို့နဲ့မှမဆိုင်တာ....ငါက Beta မမတွေကိုပဲကြိုက်တယ်"

ရှောင်ကျန့် : "....."

"အိုက်ယား....ဒါတွေကိုသိပ်ဂရုစိုက်မနေနဲ့....အခန်းထဲမြန်မြန်သွားရအောင်....အရင်ဆုံးရောက်တဲ့သူကို ကျန်တဲ့သူကနေ့လည်စာ ဒကာခံရမယ်...."

ဟယ်စုန့်နန်က စကားဆုံးတာနဲ့ရှောင်ကျန့်ရှေ့ကနေ လှစ်ကနဲနေအောင်ပြေးထွက်သွားသည်။ ရှောင်ကျန့်မျက်လုံးပြူးသွားသည်။ နေ့လည်စာအလကားစားရမယ့်အရေးဆို ဘယ်လိုလုပ်အလျော့ပေးနိုင်မှာလဲ။ အရေးကြီးဆုံးက ဟယ်စုန့်နန်၏ခြေဆစ်လွဲထားသည့် ဒဏ်ရာမှာအရှင်းပျောက်သေးတာမဟုတ်ပေ။ ရှောင်ကျန့်က သူ့ရဲ့နူးညံ့သိမ်မွေ့သည့်Omega ဆိုသည့်ဂုဏ်ပုဒ်ကိုတောင်မထောက်နိုင်တော့ပါပဲ ဟယ်စုန့်နန်နောက်အသည်းအသန်ပြေးလိုက်သွားသည်။

ရှောင်ကျန့် မသိလိုက်တာတစ်ခုက သူဆန့်ကျင်ဘက်တစ်ဖက်ခြမ်းသို့ပြေးထွက်သွားသည်နှင့် ခုနကသူငေးကြည့်နေသည့် အမျိုးသားဟာ သူရှိရာဘက်သို့မျက်မှောင်ကြုပ်ရင်းလှည့်ကြည့်လာသည်ကိုဖြစ်သည်။ သိန်းငှက်လိုစူးရှတဲ့မျက်လုံးတွေက တစ်စုံတစ်ခုကိုရှာဖွေနေသလိုမျိုး ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှု့နေလေသည်။ သူ့အနောက်က လက်အောက်ငယ်သားဖြစ်ဟန်ပေါ်သည့် Alpha က သူ့ရဲ့အပြုအမူကိုနားမလည်ဖြစ်သွားသည်။

"Boss..."

ရွှီကောင်းမင်က သူ့အနောက်က Alpha ကိုဘာမှမဟုတ်ကြောင်းခေါင်းခါရုံတုံ့ပြန်လိုက်သည်။ ခုနကရုတ်တရတ်ပေါ်လာသည့်ခံစားချက်ကိုဖမ်းဆုပ်၍မရပဲ သူဘာကြောင့် အဲ့ဒီဘက်ကိုလှည့်ကြည့်မိသွားမှန်း သူကိုယ်တိုင်တောင် နားမလည်သည့်ပုံပေါ်သည်။

"သွားမယ်...."

အတွင်းရေးမှုး ဟို့စန်းကျီ က ဘာမှဆက်မမေးမြန်းခဲ့ပေ။ မမေးရဲတာဆိုရင်ပိုမှန်ပေလိမ့်မည်။ အနည်းဆုံးတော့ပရော်ဖက်ရှင်နယ် အတွင်းရေးမှုးတစ်ယောက်အနေနဲ့ Boss ရဲ့အလုပ်နဲ့ကိုယ်ရေးကိုယ်တာကိစ္စကိုစနစ်တကျသုံးသပ်ရမည်လေ။

သိပ်မကြာလိုက်ပါပဲ သူတို့နှစ်ဦးရှေ့သို့ အသက်၅၀အရွယ် ထိပ်ပြောင်ပြောင်ကျောင်းအုပ်ကြီးက အသည်းအသန်အူယားဖားယားပြေးလာသည်။

"မစ္စတာရွှီ ရောက်လာတာ ကျွန်တော်တို့မသိထားခဲ့ဘူး....စောစောသာသိရင် ကျွန်တော်ကိုယ်တိုင်ထွက်ကြိုဆိုပါတယ်"

"မလိုဘူး"

ရွှီကောင်းမင်က ခပ်ပြတ်ပြတ်အသံဖြင့် ပြောသည်။ ကျောင်းအုပ်ကြီးက အနည်းငယ်ပြာယာသွားပုံပေါ်သည်။ ဘေးပတ်ဝန်းကျင်က သိလိုစိတ်အပြည့်ဖြင့်ကျောင်းသားတွေ၏အကြည့်အောက်တွင် ကျောင်းအုပ်ကြီးက ရိုရိုကျိုးကျိုးအမူအရာဖြင့် လူနှစ်ယောက်ကိုခေါ်ဆောင်သွားသည်။

ကျောင်းအုပ်ကြီးရုံးခန်းထဲရောက်သည်နှင့် ရွှီကောင်းမင်က အချိန်ဆွဲခြင်းမရှိပဲ သူဒီကိုရောက်ရှိလာသည့်အဓိကအချက်ကိုဦးတည်လိုက်သည်။

"ဒါ....ဒါက "

ကျောင်းအုပ်ကြီးက သူ့လက်ထဲရှိစာရွက်စာတန်းတွေကို မယုံကြည်နိုင်သည့်မျက်လုံးတွေဖြင့်ကြည့်နေသည်။ ရွှီကောင်းမင်၏အနောက်တွင်မတ်တပ်ရပ်နေသည့်အတွင်းရေးမှုးဟို့စန်းကျီက နောက်ထပ်အချက်အလက်စာတန်းတစ်ချို့ကို ကျောင်းအုပ်ကြီးဆီကမ်းပေးလာသည်။ ပြီးနောက် ပရော်ဖက်ရှင်နယ်ဆန်ဆန်ဖြင့် Boss ဖြစ်သူကိုယ်စား ဝင်ပြော၏။

"ဒါတွေအားလုံးက မြေယာလွှဲပြောင်းပေးကြောင်း အထောက်အထားအချက်အလက်တွေချည်းပါပဲ....ဒီကျောင်းဝင်းတစ်ခုလုံးက အခု boss ပိုင်ဆိုင်မှုတွေထဲကတစ်ခုဖြစ်သွားပြီ"

ရွှီကောင်းမင်က တုန်လှုပ်နေသည့် ကျောင်းအုပ်ကြီးကိုစိတ်မရှည်စွာကြည့်ရင်း သူထိုင်နေသည့်ခုံကို နောက်ကျောမှီကာ ခြေတံရှည်နှစ်ချောင်းကိုထပ်ထိုင်လျက်သားပင် တည့်တိုးဝင်ပြောလိုက်သည်။

"ကျုပ်ရှင်းရှင်းပြောမယ်.....သုံးရက်!....
သုံးရက်အတွင်း ဒီကျောင်းကိုပိတ်သိမ်းပေးပါ...."

"ဒါ....မဖြစ်နိုင်ဘူး"

ကျောင်းအုပ်ကြီးက သူ့ရဲ့တုန်လှုပ်နေသည့်စိတ်အစဥ်ကိုကြိုးစားထိန်းချုပ်ရုံရှိသေးပေမယ့် ရွှီကောင်းမင်ရဲ့စကားက သူ့ခေါင်းကိုတူနဲ့ထုလိုက်သလိုပင်။

ကျောင်းတစ်ခုပိတ်သိမ်းဖို့ဒီလောက်မလွယ်ပေ။ ပိုပြီးအရေးကြီးတာက ကျောင်းသားတော်တော်များများ၏နောက်ခံမှာအတော်လေးချမ်းသာပြီးအာဏာကြီးကြသည်။ ရုတ်တရတ်ကြီးအကြောင်းအရင်းမရှိကျောင်းပိတ်သိမ်းလိုက်ခြင်းက ကျောင်းသားမိဘတွေကိုမကျေမနပ်ဖြစ်သွားစေနိုင်ပြီး သူနှစ်နဲ့ချီပြီးကြိုးကြိုးစားစားတည်ဆောက်လာခဲ့ရသည့်ဂုဏ်သတင်းအားလုံးမှာ အမှိုက်ပုံးထဲရောက်သွားပေလိမ့်မည်။ အခန့်မသင့်ရင်ကျောင်းသားမိဘတစ်ချို့၏လက်တုံ့ပြန်ဒုက္ခပေးမှုတစ်ချို့ပင်ခံစားလိုက်ရနိုင်သည်။

နောက်ဆုံးတော့ သူကဒီကျောင်းမှာအဓိကတာဝန်ရှိသူကျောင်းအုပ်ကြီးတစ်ယောက်ဖြစ်ပြီး ဒီမြေကိုပိုင်ဆိုင်သူမဟုတ်ပေမယ့် အရာအားလုံးသူ့ခေါင်းပေါ်သာပုံကျလာပေလိမ့်မည်။

"ဘာကိုမဖြစ်နိုင်ရမှာလဲ!"

ရွှီကောင်းမင်က တစ်စက်လေးမှသနားညှာတာမှုမရှိပေ။

"တကယ်လို့ ရုတ်တရတ်ကြီးအကြောင်းအရင်းမရှိပဲ ကျောင်းကိုပိတ်သိမ်းလိုက်ရင် ကျောင်းသားမိဘတွေက မကျေနပ်......"

"သူတို့မကျေနပ်တာ ကျုပ်နဲ့ဘာဆိုင်လဲ...."

ကျောင်းအုပ်ကြီးရင်ထဲခါးသီးသွားသည်။ မစ္စတာရွှီအတွက် နောက်ဆက်တွဲကိစ္စတွေကဘာမှမဟုတ်ပေမယ့်သူက ဒီကျောင်းကကျောင်းအုပ်ကြီးလေ။

အဆုံးသတ်တွင် ကျောင်းအုပ်ကြီးမှာ ရွှီကောင်းမင်ကိုမလွန်ဆန်နိုင်တာကြောင့်လက်မှိုင်ချအရှုံးပေးရုံကလွဲပြီးဘာမှမတတ်နိုင်ခဲ့ပါချေ။ ခေါင်းငိုက်ဆိုက်ကျလျက် ရွှီကောင်းမင်နဲ့အတွင်းရေးမှုးဟို့စန်းကျီကို လိုက်ပါပို့ဆောင်ပေးသည်။

ကျောင်းအုပ်ကြီးရုံးခန်းကထွက်ခွာပြီးနောက် အပြင်ထွက်ဖို့ရန် ကြောငျးကောျရဈတာကျုဖွတျကြောျဖို့လိုအပျသညျ။ ကံကောင်းတာတစ်ခုက ကျောင်းတတ်ချိန်ဖြစ်နေတာကြောင့် ရွှီကောင်းမင်၏တမူးထူးခြားတဲ့မျက်နှာချောချောက ဂရက်ထမှုတစ်ခုကိုမဖြစ်ပေါ်စေခဲ့ပေ။

သုံးယောက်သား ပုံမှန်အတိုင်းလျှောက်လာရင်း တစ်နေရာအရောက်တွင် နူးညံ့ညင်သာသည့်စန္ဒယားသံတစ်ခုက လေနဲ့အတူ လွင့်မြောလာပြီးသူတို့နားထဲ တိုးဝင်လာသည်။

ရွှီကောင်းမင်၏ခြေလှမ်းတွေမှာရပ်တန့်သွား၏။ သူ့ကြည့်ရတာတစ်စုံတစ်ခုဆီက ပြင်းပြင်းထန်ထန်ဆွဲဆောင်ခံလိုက်ရသလိုပင်။ အတွင်းရေးမှုးဟို့စန်းကျီနှင့်ကျောင်းအုပ်က သူ့ကိုနားမလည်နိုင်စွာကြည့်လိုက်မိကြသည်။

"Boss....ဘာဖြစ်လို့လဲ"

ရွှီကောင်းမင်က ပြန်မဖြေချေ။ သူ့ခြေထောက်တွေက ဦးတည်ရာတစ်ခုခုကိုရှာတွေ့သွားသလိုမျိုး စန္ဓယားအသံလာရာဆီသို့ခြေလှမ်းကျဲကြီးတွေဖြင့်ဦးတည်လိုက်သည်။

"boss..."

အတွင်းရေးမှုးဟို့စန်းကျီနှင့်ကျောင်းအုပ်ဟာ တစ်ခုမှနားမလည်ပေမယ့် ရွှီကောင်းမင်နောက်ထပ်ချပ်မကွာလိုက်လာကြသည်။ ရွှီကောင်းမင်၏ခြေလှမ်းတွေက အသံလာရာအခန်းတစ်ခုရှေ့၌ရပ်တန့်သွားသည်။ တံခါးဘေးက စာတန်းကိုကြည့်ပြီး ဂီတ club အခန်းတစ်ခုမှန်းသိလိုက်သည်။

ပုံမှန်အားဖြင့် ဒီလိုတူရိယာပစ္စည်းတွေတီးမှုတ်နိုင်သည့် ဂီတအခန်းမျိုးက အသံလုံကြသည်။ သို့ပေမယ့်ကံကောင်းတာလား၊ကံဆိုးတာလားမသိပေမယ့် သူ့အရှေ့က ဂီတ club က တံခါးမှာ အနည်းငယ်သောအဟလေးရှိနေခဲ့ပြီး အသေအချာတံခါးပိတ်ဖို့ရန်မေ့လျော့သွားသည့်ပုံပင်။ ထို့ကြောင့်အခန်းထဲကစန္ဓယားအသံမှာ ကော်ရစ်တာအထိပျံ့လွင့်လာခဲ့တာဖြစ်သည်။

ရွှီကောင်းမင်၏လက်တွေက တံခါးလက်ကိုင်ဘုကိုထိတွေ့လိုက်ပြီး အထဲကိုမြင်ရရုံလောက်သာတံခါးဟလိုက်သည်။ သူ့မျက်လုံးတွေကို စန္ဒယားခုံပေါ်တွင်စိတ်ပါဝင်စားစွာတီးခတ်နေသည့် လူသားလေးတစ်ဦးကဆွဲဆောင်သွားသည်။

ထိုလူသားလေးတွင်နက်မှောင်သည့်ဆံနွယ်လုံးလုံးလေးတွေပိုင်ဆိုင်ထားပြီး ဖြူဖွေးလှပသေးသွယ်သည့်လက်ချောင်းလေးတွေက အဖြူအနက်စန္ဒယားခုံပေါ်ပြေးလွှားနေခဲ့သည်။ မျက်လုံးတွေကိုဂီတသံနဲ့အတူလိုက်ပါဝင်စားစွာမှေးမှိတ်ထားပြီး ခန္ဓာကိုယ်သေးသေးလေးကအနည်းငယ်လှုပ်ယမ်းနေလေသည်။

ထိုအခိုက်အတန့်တွင် စန္ဓယားဘေးက လိုက်ကာစကြီးမှာ ပြတင်းပေါက်မှန်ကနေတစ်ဆင့်အလင်းဖောက်ဝင်ခြင်းကိုခံလိုက်ရပြီး စန္ဒယားတီးနေသည့်လူသားလေးဟာ နေရောင်ခြည်အောက်တွင် မျက်စိကန်းလုမတတ်တောက်ပနေလေသည်။

ရွှီကောင်းမင်ရဲ့မျက်လုံးတွေက လုံးဝမခွာနိုင်တော့သလိုမျိုး အနည်းငယ်ဝိုင်းစက်နေသောမျက်လုံးတွေဖြင့်ထိုမြင်ကွင်းကိုစိုက်ကြည့်နေမိလေသည်။

ကောင်ငယ်လေးက စန္ဒယားတီးခတ်ပြီးသွားသည်။ အခန်းထဲတွင်လက်ခုပ်သံကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာပြီး တစ်ဖက်တွင်စီတန်းမတ်တပ်ရပ်နေသည့် ဂီတဆရာမနှင့်ကျောင်းသားတွေဟာ စန္ဒယားတီးခတ်မှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

ကျောင်းသားတွေကြားထဲက ဟယ်စုန့်နန်က ရှောင်ကျန့်ကိုပျော်ရွှင်စွာလှမ်းအော်ပြောလိုက်သည်။

"တော်တယ် ရှဲ့ယန်.....မင်းကအတော်ဆုံးပဲ"

စန္ဒယားထိုင်ခုံပေါ်ကလူငယ်လေးက သဘောကျစွာပြုံးရယ်လိုက်သည်။ သူ့အပြုံးက နေရောင်ခြည်ထက်တောက်ပလွန်းလှပြီး ထိုတစ်ခဏတွင်ကမ္ဘာပေါ်ကမည်သည့်အရာမှသူ့အလှကိုလိုက်မမှီနိုင်တော့သလိုမျိုးပင်။

"boss?"

ရွှီကောင်းမင်အနောက်က အတွင်းရေးမှုးဟို့စန်းကျီ၏အသံမှာတိတ်တဆိတ်ထွက်ပေါ်လာ၏။ ရွှီကောင်းမင်က အခန်းထဲကပုံရိပ်ကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်ရင်း သူ့နှုတ်ခမ်းကိုဖွင့်ဟလိုက်သည်။

"ကျောင်းအုပ်"

"ဟုတ်...."

"ကျောင်းကို ပိတ်သိမ်းစရာမလိုတော့ဘူး"

ကျောင်းအုပ် : "....."

အတွင်းရေးမှုး : "....."

___________________________________________________________

Zawgyi

ရွဲ႕ခ်ဳံရန္က ဝမ္ရိေပၚျဖစ္ေၾကာင္းသိလိုက္ရၿပီးကတည္းက ေရွာင္က်န့္ဟာသူတို႔ႏွစ္ေယာက္ၾကားကစည္းကို ကိုယ္တိုင္ခ်ိဳးျဖတ္ၿပီး အရင္တုန္းကလို သတိထားဆက္ဆံတာမ်ိဳးမရွိေတာ့ေပ။ ရွဲ႕ခ်ဳံရန္၏အမူအက်င့္မွာ ေဇာက္ထိုးမိုးေျမာ္ေျပာင္းလဲသြားၿပီး ေရွာင္က်န့္အေပၚ အခ်ိန္တိုင္းလိုလိုခြာမရတဲ့ ပလာစတာေလးတစ္ခုလိုျပဳမူလာသည္။

ရွဲ႕ခ်ဳံရန္ ခႏၶာကိုယ္ထဲကဝိဥာဥ္မွာ အသက္ေလးဆယ္ေက်ာ္ဦးေလးႀကီးတစ္ေယာက္မွန္းသိေနေပမယ့္ အျပင္ပန္းခႏၶာကိုယ္မွာ လူပ်ိဳေဖာ္ဝင္ကာစ အသက္၁၄ႏွစ္အ႐ြယ္မ်က္ႏွာေလးျဖစ္ေနေတာ့ မေခ်ာ့ခင္တည္းကေပ်ာ့ခ်င္ေနတဲ့ေရွာင္က်န့္ခမ်ာ ျငင္းဆန္နိုင္သည့္စြမ္းအားတစ္စက္ကေလးမွမရွိေတာ့ေပ။

ရွဲ႕အိမ္ေတာ္တစ္ခုလုံး ႐ုတ္တရတ္ဆန္စြာေျပာင္းလဲသြားသည့္အေျခအေနႏွင့္က်င့္သားမရေသးသလိုခံစားလိုက္ရသည္။ ဘယ္တုန္းကမ်ားသခင္ေလးႏွစ္ေယာက္က ဒီေလာက္ထိပူးပူးကပ္ကပ္ေနခဲ့ဖူးလို႔လဲ။ ကံေကာင္းတာတစ္ခုက ရွဲ႕သခင္ႀကီးမွာအေရးႀကီးအလုပ္ကိစၥတစ္ခုေၾကာင့္နိုင္ငံျခားမွာတစ္လေလာက္ေနရေပလိမ့္မည္။ မဟုတ္ရင္ အစတည္းက ရွဲ႕ခ်ဳံရန္ကို ေရွာင္က်န့္နဲ႕နီးနီးကပ္ကပ္ေနသည့္ကိစၥနဲ႕ပတ္သတ္ၿပီးျပႆနာရွာေပလိမ့္မည္။

ေက်ာင္းပိတ္ရက္ႏွစ္ရက္က လွ်င္လွ်င္ျမန္ျမန္ပင္ၿပီးဆုံးသြားသည္။ ေက်ာင္းဝင္းထဲသို႔ပထမဦးဆုံးေျခခ်စဥ္မွာပင္ ဟယ္စုန့္နန္၏အသံက်ယ္ႀကီးက နားထဲသို႔စူးစူးဝါးဝါးတိုးဝင္လာ၏။

"ရွဲ႕ ယန္..... "

"ဘာျဖစ္လို႔လဲ"

ဟယ္စုန့္နန္က ေရွာင္က်န့္ပုခုံးတစ္ဖက္ေပၚလက္တင္လိုက္ၿပီး သြားၿဖဲျပလိုက္သည္။

"ငါမင္းကိုလြမ္းေနတာ...."

ေရွာင္က်န့္သက္ျပင္းခ်လိဳက္၏။ ၿပီးေနာက္ ဟယ္စုန့္နန္၏ပတ္တီးစီးထားဆဲျဖစ္သည့္ေျခေထာက္ကိုၾကည့္ၿပီးေမးလိုက္သည္။

"မင္းေျခေထာက္သက္သာရဲ႕လား"

"ဒါေပါ့....ငါက ဘယ္သူမို႔လို႔လဲ....နည္းနည္းနာေနေသးေပမယ့္ ဆိုးဆိုးဝါးဝါးႀကီးမဟုတ္ေတာ့ ေပါ့ေပါ့ပါးပါးလမ္းေလွ်ာက္တာေလာက္က ရတယ္"

"မင္းအဆင္ေျပရင္ၿပီးတာပါပဲ"

ေရွာင္က်န့္ဟာ ဝယ္စုန့္နန္နဲ႕အတူ ေက်ာင္းဝင္းထဲေအးေအးေဆးေဆးလမ္းေလွ်ာက္ စကားေျပေနရင္း တစ္ေနရာအေရာက္တြင္ လူတစ္ခ်ိဳ႕၏တစ္တြတ္တြတ္ျဖင့္တြတ္ထိုးေနသည့္စကားသံေတြကိုၾကားလိုက္ရသည္။ တိုးလ်သည့္အသံေတြၾကားထဲတြင္ ေခ်ာလိုက္တာ ႏွင့္ ဘယ္သူလဲမသိဘူး ဆိုတာကို ရွင္းရွင္းလင္းလင္းၾကားလိုက္၏။

သူ႕မ်က္လုံးေတြက အသံလာရာပတ္ဝန္းက်င္ကိုစူးစမ္းၾကည့္လိုက္ၿပီးေနာက္ သူနဲ႕ခပ္ေဝးေဝးတစ္ေနရာတြင္ အနက္ေရာင္ဝတ္စုံျပည့္ျဖင့္ အရပ္ျမင့္ျမင့္ပုံပန္းသ႑ာန္ႏွစ္ခုကိုျမင္လိုက္ရသည္။ မ်က္မွန္ႏွင့္ပေရာ္ဖက္ရွင္နယ္က်က်႐ုပ္ရည္ပိုင္ဆိုင္ထားသည့္ Alpha က သူ႕အေရွ႕ကအမ်ိဳးသားကို တစ္စုံတစ္ခုတင္ျပေနသည္ႏွင့္တူသည္။ တင္ျပေနသည္ဟုေျပာရသည့္အေၾကာင္းအရင္းက ထိုAlpha မွာသူ႕အေရွ႕က လူကို ေလးေလးစားစား၊ ဂ႐ုတစိုက္ျဖင့္ လက္ေအာက္ငယ္သားတစ္ေယာက္ကဲ့သို႔ျပဳမူေနေၾကာင္းထင္ရွားေနတာေၾကာင့္ပင္။

အေရွ႕ကတစ္ေယာက္ဟာ အတြန့္အေခါက္တစ္ခုမရွိသည့္ အေနာက္တိုင္းဝတ္စုံကိုဝတ္ဆင္ထားၿပီး က်ယ္ျပန့္သည့္ပုခုံးနဲ႕အတူ သြယ္လ်ေသာ္လည္းသန္မာသည့္ခါးကိုကိုပိုင္ဆိုင္ထားသည္။ ေျခတံရွည္ေတြက ေျပာမျပတတ္နိုင္ေလာက္ေအာင္ဆြဲေဆာင္မႈရွိၿပီး ရင့္က်က္သည့္အမ်ိဳးသား Alpha တစ္ေယာက္၏ အရွိန္အဝါအျပည့္ရွိေနသည္။

ထိုအမ်ိဳးသားက ေျပာမျပတတ္နိုင္ေလာက္ေအာင္ ေယာက္်ားပီသလြန္းလွၿပီး သူ႕ရဲ႕ေခ်ာေမာလြန္းေသာမ်က္ႏွာေလးက ပတ္ဝန္းက်င္ကေက်ာင္းသူေက်ာင္းသားေတြကိုဆြဲေဆာင္ထားသည္။ နီညိုေရာင္ႏႈတ္ခမ္းတစ္စုံကိုတင္းတင္းေစ့ထား၍ သိန္းငွက္လိုမ်က္လုံးေတြက သူ႕အေနာက္က Alpha တင္ျပသည့္အရာေတြကို နားေထာင္ေနဟန္ရသည္။

အေနာက္တိုင္းဝတ္စုံေတြျဖင့္ ေက်ာင္းဝင္းနဲ႕ပတ္သပ္ျခင္းမရွိသည့္ Alpha အမ်ိဳးသားႏွစ္ေယာက္က ေျခလွမ္းက်ဲႀကီးေတြျဖင့္ ေက်ာင္းဝင္းတစ္ေနရာသို႔ဦးတည္ေနဟန္ရသည္။

ေရွာင္က်န့္က အေရွ႕ကဦးေဆာင္သြားေနသည့္အမ်ိဳးသားကိုေငးေနခ်ိန္တြင္ ဟယ္စုန့္နန္က ေမးေစ့ပြတ္ရင္း ေျပာလာသည္။

"အဲ့ဒီ တစ္ေယာက္က ေတာ္ေတာ္ေခ်ာတာပဲ"

ေရွာင္က်န့္က ဟယ္စုန့္နန္ကိုေထာက္ခံသလိုေခါင္းျငႇိမ့္ျပလိုက္သည္။ ဟယ္စုန့္နန္က ပုခုံးတြန့္ကာဂ႐ုမစိုက္သလိုထပ္ေျပာသည္။

"သူဘယ္ေလာက္ေခ်ာေခ်ာငါတို႔နဲ႕မွမဆိုင္တာ....ငါက Beta မမေတြကိုပဲႀကိဳက္တယ္"

ေရွာင္က်န့္ : "....."

"အိုက္ယား....ဒါေတြကိုသိပ္ဂ႐ုစိုက္မေနနဲ႕....အခန္းထဲျမန္ျမန္သြားရေအာင္....အရင္ဆုံးေရာက္တဲ့သူကို က်န္တဲ့သူကေန႕လည္စာ ဒကာခံရမယ္...."

ဟယ္စုန့္နန္က စကားဆုံးတာနဲ႕ေရွာင္က်န့္ေရွ႕ကေန လွစ္ကနဲေနေအာင္ေျပးထြက္သြားသည္။ ေရွာင္က်န့္မ်က္လုံးျပဴးသြားသည္။ ေန႕လည္စာအလကားစားရမယ့္အေရးဆို ဘယ္လိုလုပ္အေလ်ာ့ေပးနိုင္မွာလဲ။ အေရးႀကီးဆုံးက ဟယ္စုန့္နန္၏ေျခဆစ္လြဲထားသည့္ ဒဏ္ရာမွာအရွင္းေပ်ာက္ေသးတာမဟုတ္ေပ။ ေရွာင္က်န့္က သူ႕ရဲ႕ႏူးညံ့သိမ္ေမြ႕သည့္Omega ဆိုသည့္ဂုဏ္ပုဒ္ကိုေတာင္မေထာက္နိုင္ေတာ့ပါပဲ ဟယ္စုန့္နန္ေနာက္အသည္းအသန္ေျပးလိုက္သြားသည္။

ေရွာင္က်န့္ မသိလိုက္တာတစ္ခုက သူဆန့္က်င္ဘက္တစ္ဖက္ျခမ္းသို႔ေျပးထြက္သြားသည္ႏွင့္ ခုနကသူေငးၾကည့္ေနသည့္ အမ်ိဳးသားဟာ သူရွိရာဘက္သို႔မ်က္ေမွာင္ၾကဳပ္ရင္းလွည့္ၾကည့္လာသည္ကိုျဖစ္သည္။ သိန္းငွက္လိုစူးရွတဲ့မ်က္လုံးေတြက တစ္စုံတစ္ခုကိုရွာေဖြေနသလိုမ်ိဳး ပတ္ဝန္းက်င္ကိုလွည့္ပတ္ၾကည့္ရႈ႕ေနေလသည္။ သူ႕အေနာက္က လက္ေအာက္ငယ္သားျဖစ္ဟန္ေပၚသည့္ Alpha က သူ႕ရဲ႕အျပဳအမူကိုနားမလည္ျဖစ္သြားသည္။

"Boss..."

႐ႊီေကာင္းမင္က သူ႕အေနာက္က Alpha ကိုဘာမွမဟုတ္ေၾကာင္းေခါင္းခါ႐ုံတုံ႕ျပန္လိုက္သည္။ ခုနက႐ုတ္တရတ္ေပၚလာသည့္ခံစားခ်က္ကိုဖမ္းဆုပ္၍မရပဲ သူဘာေၾကာင့္ အဲ့ဒီဘက္ကိုလွည့္ၾကည့္မိသြားမွန္း သူကိုယ္တိုင္ေတာင္ နားမလည္သည့္ပုံေပၚသည္။

"သြားမယ္...."

အတြင္းေရးမႈး ဟို႔စန္းက်ီ က ဘာမွဆက္မေမးျမန္းခဲ့ေပ။ မေမးရဲတာဆိုရင္ပိုမွန္ေပလိမ့္မည္။ အနည္းဆုံးေတာ့ပေရာ္ဖက္ရွင္နယ္ အတြင္းေရးမႈးတစ္ေယာက္အေနနဲ႕ Boss ရဲ႕အလုပ္နဲ႕ကိုယ္ေရးကိုယ္တာကိစၥကိုစနစ္တက်သဳံးသပ္ရမည္ေလ။

သိပ္မၾကာလိုက္ပါပဲ သူတို႔ႏွစ္ဦးေရွ႕သို႔ အသက္၅၀အ႐ြယ္ ထိပ္ေျပာင္ေျပာင္ေက်ာင္းအုပ္ႀကီးက အသည္းအသန္အူယားဖားယားေျပးလာသည္။

"မစၥတာ႐ႊီ ေရာက္လာတာ ကြၽန္ေတာ္တို႔မသိထားခဲ့ဘူး....ေစာေစာသာသိရင္ ကြၽန္ေတာ္ကိုယ္တိုင္ထြက္ႀကိဳဆိုပါတယ္"

"မလိုဘူး"

႐ႊီေကာင္းမင္က ခပ္ျပတ္ျပတ္အသံျဖင့္ ေျပာသည္။ ေက်ာင္းအုပ္ႀကီးက အနည္းငယ္ျပာယာသြားပုံေပၚသည္။ ေဘးပတ္ဝန္းက်င္က သိလိုစိတ္အျပည့္ျဖင့္ေက်ာင္းသားေတြ၏အၾကည့္ေအာက္တြင္ ေက်ာင္းအုပ္ႀကီးက ရိုရိုက်ိဳးက်ိဳးအမူအရာျဖင့္ လူႏွစ္ေယာက္ကိုေခၚေဆာင္သြားသည္။

ေက်ာင္းအုပ္ႀကီး႐ုံးခန္းထဲေရာက္သည္ႏွင့္ ႐ႊီေကာင္းမင္က အခ်ိန္ဆြဲျခင္းမရွိပဲ သူဒီကိုေရာက္ရွိလာသည့္အဓိကအခ်က္ကိုဦးတည္လိုက္သည္။

"ဒါ....ဒါက "

ေက်ာင္းအုပ္ႀကီးက သူ႕လက္ထဲရွိစာ႐ြက္စာတန္းေတြကို မယုံၾကည္နိုင္သည့္မ်က္လုံးေတြျဖင့္ၾကည့္ေနသည္။ ႐ႊီေကာင္းမင္၏အေနာက္တြင္မတ္တပ္ရပ္ေနသည့္အတြင္းေရးမႈးဟို႔စန္းက်ီက ေနာက္ထပ္အခ်က္အလက္စာတန္းတစ္ခ်ိဳ႕ကို ေက်ာင္းအုပ္ႀကီးဆီကမ္းေပးလာသည္။ ၿပီးေနာက္ ပေရာ္ဖက္ရွင္နယ္ဆန္ဆန္ျဖင့္ Boss ျဖစ္သူကိုယ္စား ဝင္ေျပာ၏။

"ဒါေတြအားလုံးက ေျမယာလႊဲေျပာင္းေပးေၾကာင္း အေထာက္အထားအခ်က္အလက္ေတြခ်ည္းပါပဲ....ဒီေက်ာင္းဝင္းတစ္ခုလုံးက အခု boss ပိုင္ဆိုင္မႈေတြထဲကတစ္ခုျဖစ္သြားၿပီ"

႐ႊီေကာင္းမင္က တုန္လႈပ္ေနသည့္ ေက်ာင္းအုပ္ႀကီးကိုစိတ္မရွည္စြာၾကည့္ရင္း သူထိုင္ေနသည့္ခုံကို ေနာက္ေက်ာမွီကာ ေျခတံရွည္ႏွစ္ေခ်ာင္းကိုထပ္ထိုင္လ်က္သားပင္ တည့္တိုးဝင္ေျပာလိုက္သည္။

"က်ဳပ္ရွင္းရွင္းေျပာမယ္.....သုံးရက္!....
သုံးရက္အတြင္း ဒီေက်ာင္းကိုပိတ္သိမ္းေပးပါ...."

"ဒါ....မျဖစ္နိုင္ဘူး"

ေက်ာင္းအုပ္ႀကီးက သူ႕ရဲ႕တုန္လႈပ္ေနသည့္စိတ္အစဥ္ကိုႀကိဳးစားထိန္းခ်ဳပ္႐ုံရွိေသးေပမယ့္ ႐ႊီေကာင္းမင္ရဲ႕စကားက သူ႕ေခါင္းကိုတူနဲ႕ထုလိုက္သလိုပင္။

ေက်ာင္းတစ္ခုပိတ္သိမ္းဖို႔ဒီေလာက္မလြယ္ေပ။ ပိုၿပီးအေရးႀကီးတာက ေက်ာင္းသားေတာ္ေတာ္မ်ားမ်ား၏ေနာက္ခံမွာအေတာ္ေလးခ်မ္းသာၿပီးအာဏာႀကီးၾကသည္။ ႐ုတ္တရတ္ႀကီးအေၾကာင္းအရင္းမရွိေက်ာင္းပိတ္သိမ္းလိုက္ျခင္းက ေက်ာင္းသားမိဘေတြကိုမေက်မနပ္ျဖစ္သြားေစနိုင္ၿပီး သူႏွစ္နဲ႕ခ်ီၿပီးႀကိဳးႀကိဳးစားစားတည္ေဆာက္လာခဲ့ရသည့္ဂုဏ္သတင္းအားလုံးမွာ အမွိုက္ပုံးထဲေရာက္သြားေပလိမ့္မည္။ အခန့္မသင့္ရင္ေက်ာင္းသားမိဘတစ္ခ်ိဳ႕၏လက္တုံ႕ျပန္ဒုကၡေပးမႈတစ္ခ်ိဳ႕ပင္ခံစားလိုက္ရနိုင္သည္။

ေနာက္ဆုံးေတာ့ သူကဒီေက်ာင္းမွာအဓိကတာဝန္ရွိသူေက်ာင္းအုပ္ႀကီးတစ္ေယာက္ျဖစ္ၿပီး ဒီေျမကိုပိုင္ဆိုင္သူမဟုတ္ေပမယ့္ အရာအားလုံးသူ႕ေခါင္းေပၚသာပုံက်လာေပလိမ့္မည္။

"ဘာကိုမျဖစ္နိုင္ရမွာလဲ!"

႐ႊီေကာင္းမင္က တစ္စက္ေလးမွသနားညွာတာမႈမရွိေပ။

"တကယ္လို႔ ႐ုတ္တရတ္ႀကီးအေၾကာင္းအရင္းမရွိပဲ ေက်ာင္းကိုပိတ္သိမ္းလိုက္ရင္ ေက်ာင္းသားမိဘေတြက မေက်နပ္......"

"သူတို႔မေက်နပ္တာ က်ဳပ္နဲ႕ဘာဆိုင္လဲ...."

ေက်ာင္းအုပ္ႀကီးရင္ထဲခါးသီးသြားသည္။ မစၥတာ႐ႊီအတြက္ ေနာက္ဆက္တြဲကိစၥေတြကဘာမွမဟုတ္ေပမယ့္သူက ဒီေက်ာင္းကေက်ာင္းအုပ္ႀကီးေလ။

အဆုံးသတ္တြင္ ေက်ာင္းအုပ္ႀကီးမွာ ႐ႊီေကာင္းမင္ကိုမလြန္ဆန္နိုင္တာေၾကာင့္လက္မွိုင္ခ်အရႈံးေပး႐ုံကလြဲၿပီးဘာမွမတတ္နိုင္ခဲ့ပါေခ်။ ေခါင္းငိုက္ဆိုက္က်လ်က္ ႐ႊီေကာင္းမင္နဲ႕အတြင္းေရးမႈးဟို႔စန္းက်ီကို လိုက္ပါပို႔ေဆာင္ေပးသည္။

ေက်ာင္းအုပ္ႀကီး႐ုံးခန္းကထြက္ခြာၿပီးေနာက္ အျပင္ထြက္ဖို႔ရန္ ကြောငျးကောျရဈတာကျုဖွတျကြောျဖို့လိုအပျသညျ။ ကံေကာင္းတာတစ္ခုက ေက်ာင္းတတ္ခ်ိန္ျဖစ္ေနတာေၾကာင့္ ႐ႊီေကာင္းမင္၏တမူးထူးျခားတဲ့မ်က္ႏွာေခ်ာေခ်ာက ဂရက္ထမႈတစ္ခုကိုမျဖစ္ေပၚေစခဲ့ေပ။

သုံးေယာက္သား ပုံမွန္အတိုင္းေလွ်ာက္လာရင္း တစ္ေနရာအေရာက္တြင္ ႏူးညံ့ညင္သာသည့္စႏၵယားသံတစ္ခုက ေလနဲ႕အတူ လြင့္ေျမာလာၿပီးသူတို႔နားထဲ တိုးဝင္လာသည္။

႐ႊီေကာင္းမင္၏ေျခလွမ္းေတြမွာရပ္တန့္သြား၏။ သူ႕ၾကည့္ရတာတစ္စုံတစ္ခုဆီက ျပင္းျပင္းထန္ထန္ဆြဲေဆာင္ခံလိုက္ရသလိုပင္။ အတြင္းေရးမႈးဟို႔စန္းက်ီႏွင့္ေက်ာင္းအုပ္က သူ႕ကိုနားမလည္နိုင္စြာၾကည့္လိုက္မိၾကသည္။

"Boss....ဘာျဖစ္လို႔လဲ"

႐ႊီေကာင္းမင္က ျပန္မေျဖေခ်။ သူ႕ေျခေထာက္ေတြက ဦးတည္ရာတစ္ခုခုကိုရွာေတြ႕သြားသလိုမ်ိဳး စႏၶယားအသံလာရာဆီသို႔ေျခလွမ္းက်ဲႀကီးေတြျဖင့္ဦးတည္လိုက္သည္။

"boss..."

အတြင္းေရးမႈးဟို႔စန္းက်ီႏွင့္ေက်ာင္းအုပ္ဟာ တစ္ခုမွနားမလည္ေပမယ့္ ႐ႊီေကာင္းမင္ေနာက္ထပ္ခ်ပ္မကြာလိုက္လာၾကသည္။ ႐ႊီေကာင္းမင္၏ေျခလွမ္းေတြက အသံလာရာအခန္းတစ္ခုေရွ႕၌ရပ္တန့္သြားသည္။ တံခါးေဘးက စာတန္းကိုၾကည့္ၿပီး ဂီတ club အခန္းတစ္ခုမွန္းသိလိုက္သည္။

ပုံမွန္အားျဖင့္ ဒီလိုတူရိယာပစၥည္းေတြတီးမႈတ္နိုင္သည့္ ဂီတအခန္းမ်ိဳးက အသံလုံၾကသည္။ သို႔ေပမယ့္ကံေကာင္းတာလား၊ကံဆိုးတာလားမသိေပမယ့္ သူ႕အေရွ႕က ဂီတ club က တံခါးမွာ အနည္းငယ္ေသာအဟေလးရွိေနခဲ့ၿပီး အေသအခ်ာတံခါးပိတ္ဖို႔ရန္ေမ့ေလ်ာ့သြားသည့္ပုံပင္။ ထို႔ေၾကာင့္အခန္းထဲကစႏၶယားအသံမွာ ေကာ္ရစ္တာအထိပ်ံ့လြင့္လာခဲ့တာျဖစ္သည္။

႐ႊီေကာင္းမင္၏လက္ေတြက တံခါးလက္ကိုင္ဘုကိုထိေတြ႕လိုက္ၿပီး အထဲကိုျမင္ရ႐ုံေလာက္သာတံခါးဟလိုက္သည္။ သူ႕မ်က္လုံးေတြကို စႏၵယားခုံေပၚတြင္စိတ္ပါဝင္စားစြာတီးခတ္ေနသည့္ လူသားေလးတစ္ဦးကဆြဲေဆာင္သြားသည္။

ထိုလူသားေလးတြင္နက္ေမွာင္သည့္ဆံႏြယ္လုံးလုံးေလးေတြပိုင္ဆိုင္ထားၿပီး ျဖဴေဖြးလွပေသးသြယ္သည့္လက္ေခ်ာင္းေလးေတြက အျဖဴအနက္စႏၵယားခုံေပၚေျပးလႊားေနခဲ့သည္။ မ်က္လုံးေတြကိုဂီတသံနဲ႕အတူလိုက္ပါဝင္စားစြာေမွးမွိတ္ထားၿပီး ခႏၶာကိုယ္ေသးေသးေလးကအနည္းငယ္လႈပ္ယမ္းေနေလသည္။

ထိုအခိုက္အတန့္တြင္ စႏၶယားေဘးက လိုက္ကာစႀကီးမွာ ျပတင္းေပါက္မွန္ကေနတစ္ဆင့္အလင္းေဖာက္ဝင္ျခင္းကိုခံလိုက္ရၿပီး စႏၵယားတီးေနသည့္လူသားေလးဟာ ေနေရာင္ျခည္ေအာက္တြင္ မ်က္စိကန္းလုမတတ္ေတာက္ပေနေလသည္။

႐ႊီေကာင္းမင္ရဲ႕မ်က္လုံးေတြက လုံးဝမခြာနိုင္ေတာ့သလိုမ်ိဳး အနည္းငယ္ဝိုင္းစက္ေနေသာမ်က္လုံးေတြျဖင့္ထိုျမင္ကြင္းကိုစိုက္ၾကည့္ေနမိေလသည္။

ေကာင္ငယ္ေလးက စႏၵယားတီးခတ္ၿပီးသြားသည္။ အခန္းထဲတြင္လက္ခုပ္သံက်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚလာၿပီး တစ္ဖက္တြင္စီတန္းမတ္တပ္ရပ္ေနသည့္ ဂီတဆရာမႏွင့္ေက်ာင္းသားေတြဟာ စႏၵယားတီးခတ္မႈအေပၚ ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၾကသည္။

ေက်ာင္းသားေတြၾကားထဲက ဟယ္စုန့္နန္က ေရွာင္က်န့္ကိုေပ်ာ္႐ႊင္စြာလွမ္းေအာ္ေျပာလိုက္သည္။

"ေတာ္တယ္ ရွဲ႕ယန္.....မင္းကအေတာ္ဆုံးပဲ"

စႏၵယားထိုင္ခုံေပၚကလူငယ္ေလးက သေဘာက်စြာၿပဳံးရယ္လိုက္သည္။ သူ႕အၿပဳံးက ေနေရာင္ျခည္ထက္ေတာက္ပလြန္းလွၿပီး ထိုတစ္ခဏတြင္ကမၻာေပၚကမည္သည့္အရာမွသူ႕အလွကိုလိုက္မမွီနိုင္ေတာ့သလိုမ်ိဳးပင္။

"boss?"

႐ႊီေကာင္းမင္အေနာက္က အတြင္းေရးမႈးဟို႔စန္းက်ီ၏အသံမွာတိတ္တဆိတ္ထြက္ေပၚလာ၏။ ႐ႊီေကာင္းမင္က အခန္းထဲကပုံရိပ္ကိုမ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ရင္း သူ႕ႏႈတ္ခမ္းကိုဖြင့္ဟလိုက္သည္။

"ေက်ာင္းအုပ္"

"ဟုတ္...."

"ေက်ာင္းကို ပိတ္သိမ္းစရာမလိုေတာ့ဘူး"

ေက်ာင္းအုပ္ : "....."

အတြင္းေရးမႈး : "....."

___________________________________________________________

Continue Reading

You'll Also Like

63.9K 7.2K 51
[U] သူပြန်လည်မွေးဖွားခဲ့တယ်..နာကျင်ခြင်း၊မျှော်လင့်ချက်မဲ့ခြင်း၊မုန်းတီးခြင်း၊စွန့်ပြစ်ခံရခြင်း၊ရွေးချယ်မခံရခြင်း၊နောင်တတရားများစွာဖြင့်.. အရာအားလုံး...
1.1M 58.1K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
594K 31.4K 15
#wangxiao #wangyibo #xiaozhan Start-5.11.2019 End-15.12.2019
221K 36.5K 98
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .