Unicode;
"ရည်းစား.... မထားပါနဲ့...."
သူ့လက်မောင်းကို ဆွဲထားတဲ့ အကို့လက်တွေက တင်းကျပ်နေတာမဟုတ်သလို လျော့ရဲနေတာလည်းမဟုတ်ဘူး...
ဒီအတိုင်း ဆုပ်ကိုင်ထားရုံ...
"ရည်းစားလား.."
"...."
"ဘာလို့လဲ.."
မျက်လုံးတွေကတော့ နားလည်ရခက်တဲ့အရောင်တွေ ထင်ဟပ်နေတယ်။
"ကိုယ်.... မင်းကို .....တခြားအတွေးတွေမဝင်စေချင်ဘူး..."
အကိုက သူ့ရဲ့တစ်ဖက်သတ်ရူးသွပ်မှုတွေကို နည်းအမျိုးမျိုးနဲ့ လာလာစမ်းသပ်နေသလိုပဲ...
အစဖော်ပြီးသွားရင် အဆုံးမှာ ဘယ်တော့မှမပြောင်းလဲတဲ့အရာက အကို့ရဲ့ ဒီစကားလုံးတွေပဲ...
"အရေးမကြီးတာတွေမစဉ်းစားနဲ့... မလိုအပ်တာတွေ ဦးစားမပေးနဲ့... အဲ့လိုပဲ ဆုံးမဦးမလို့မလား..."
"..."
အကို့လက်တွေလျော့ရဲသွားကာ မျက်တောင်တစ်ဖျတ်ဖျတ်ခတ်တယ်။
"အင်း..."
အဲ့ဒီလက်တွေကို သူ ဖယ်ချလိုက်တယ်။
"အကို ကျွန်တော့်အပေါ်စိတ်ဝင်စားမှုမရှိရင် ဒီရှေ့လျောက် ကျွန်တော်နဲ့ပတ်သတ်ပြီး ဘာကိုမှစိတ်မဝင်စားတော့ရင်ကောင်းမှာပဲ... "
"ရိပေါ်.."
"ကျွန်တော်အခု ဆုံးဖြတ်ချက်ချပြီးသွားပြီမို့လို့.. အကိုနဲ့လည်း ဒီလောက်ပဲ စိတ်ဖြတ်လိုက်ချင်တော့တယ်... ကျွန်တော့်ကို အထင်မှားအောင်မလုပ်ပါနဲ့တော့လား... "
လူတစ်ယောက်ကိုချစ်မိသွားဖို့ လွယ်ကူပေမဲ့ အချိန်အကြာကြီးချစ်နိုင်ဖို့ကတော့ ခက်ခဲတယ်တဲ့...
ဟုတ်ပါတယ်။
သူဟာ ဒီလူကို ခက်ခက်ခဲခဲချစ်နေရပါတယ်။
အကို့ရဲ့အပြုအမူတွေက နူးညံ့တက်ပြီး အကို့ရဲ့စကားတစ်လုံးချင်းစီတိုင်းကတော့ ခပ်သေးသေးဓားရာတစ်ခုလိုပဲ...
ဖြေးဖြေးချင်းမသိသာပေမဲ့ အချက်ရေများတော့ အပေါက်တွေများလာပြီး ဖာထေးရာတွေဗရပွနဲ့ရယ်...
သူ့မှာ ချစ်မိခဲ့လို့သာဆက်ချစ်နေမိတာ... အားအင်ကုန်လုနီးနီး...
ဒီလူကိုဆက်ချစ်နေတာဟာ မှန်ရဲ့လားဆိုတဲ့အသိဟာ အခုတစ်လောမှာ ခဏခဏဝင်မိတယ်။
သူ့အချစ်က ရှေ့ဆက်တိုးလို့မရတဲ့နေရာကနေ ရပ်တန့်နေခဲ့ရင်း တစ်ဝဲလည်လည်ဖြစ်နေခဲ့တာ..
အကိုက သူ့ဆီကိုရောက်ရောက်လာပြီး ဒီအတွေးတွေကို အမြဲအတည်ပြုပေးနေသလိုပဲ..
ငါမင်းကို မချစ်နိုင်ပါဘူးဆိုတဲ့အကြောင်းကို အကြိမ်ကြိမ်သတိလာပေးနေသလိုပဲ....
သူ ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး..
"အထက်တန်းပြီးရင်တော့ ရည်းစားထားလို့ရပြီမလား... မပြောနိုင်ဘူး... တက္ကသိုလ်ရောက်ရင် ကျွန်တော် အရမ်းချစ်ရတဲ့သူနဲ့ထပ်ဆုံပြီး ချစ်သူဖြစ်ရင်ဖြစ်မှာပေါ့... "
အကိုက ဘာမှပြန်မဖြေ...
သူ့ကိုကြည့်နေရင်းကနေ မျက်နှာပြန်လွဲသွားပြီး မတ်တပ်ထရပ်တယ်။
"ပြန်ကြတာပေါ့.."
ပြောပြီးတာနဲ့ ခြေလှမ်းကျဲတွေလှမ်းလို့ အရင်ထွက်သွားတယ်။
တကယ်ပါပဲ... ဒီလူ့စိတ်ချည်းပဲ...
ဒီလူအတွေးထဲမှာဘာရှိလဲ လုံးဝခန့်မှန်းလို့မရဘူး...
သူ့အပေါ် ဘယ်လိုခံစားချက်မျိုးရှိတယ်ဆိုတာလည်း မသိဘူး...
အကိုက တကယ်ကိုနားလည်ရခက်တယ်။
မေးခွန်းထုတ်လို့လည်း ရေရေရာရာဖြေမဲ့လူစားမျိုးမဟုတ်ပြန်ဘူး...
သက်ပြင်းချလို့ နောက်ကနေ ခပ်ဖြေးဖြေးပဲလိုက်တော့ ရပ်စောင့်နေရှာပါတယ်။
ဘောင်းဘီအိပ်ကပ်ထဲက သစ်ရွက်ကလေးကိုစမ်းလို့ အတွေးတစ်ခုကို ဆန္ဒပြုမိတယ်။
အမြဲတမ်း သူ့ကို ဒီလိုမျိုးရပ်စောင့်နေပေးရင်ကောင်းမှာပဲ...
------------------------------------
အားလပ်ရက်တဲ့...
ခရီးဆောင်ကျောပိုးအိတ်ကို သေချာလွယ်လို့ မနက်စောစောမှာ ကျောင်းရှေ့ကိုအရောက်လာခဲ့တယ်။
"ဝမ်ရိပေါ်.. ငါတို့ဒီမှာ.."
ရှင်းယီရော ချိုးဟွာပါရောက်နေကြပြီဖြစ်ပြီး အတန်းထဲက လူတော်တော်များများလည်း စုံနေကြပြီ...
ခရီသွားကားလည်း အဆင်သင့်ရပ်စောင့်နေပြီးသား...
"မလာတော့ဘူးလားလို့ စိတ်ပူသွားတာပဲ... ကားထွက်တော့မှာ တက်ရအောင်..."
ကျောင်းသားတွေ အားလုံးကားပေါ်တက်လို့ပြီးမှ သူတို့သုံးယောက်တက်လိုက်တယ်။
နောက်ဘက်ခြမ်းတွေမှာ ကျောင်းသားတွေအပြည့်နေရာယူထားပြီး ရှေ့ခြမ်းတွေပဲလွတ်တော့တယ်။
သူနဲ့ရှင်းယီ အတူတူနေရာယူပြီးနောက် ရှေ့မျက်စောင်းထိုးခုံမှာ လျန်ချိုးဟွာဟာ အတူထိုင်မဲ့သူမရှိပဲတစ်ယောက်တည်းဖြစ်နေလေရဲ့...
တခြားကျောင်းသူတွေကလဲ သူ့အဖော်နဲ့သူ နေရာကျပြီးသား...
"ငါလာထိုင်ပေးရမလား အတန်းခေါင်းဆောင်.."
ရှင်းယီကလှမ်းမေးပေမဲ့ သူမက ခေါင်းခါပြတယ်။
"တစ်ယောက်တည်းထိုင်တော့ နေရာကျယ်ကျယ်ရတာပေါ့" တဲ့...
သူမအဆင်ပြေလောက်မယ်ဆိုတာသိလို့ သူ မမေးတော့ဘူး...
ဆရာက မိန်းကလေးနဲ့ယောက်ျားလေး တူတူထိုင်တာကို အတက်နိုင်ဆုံးကန့်သတ်ထားတယ်။
"ဆရာရှောင်းလည်းပါရင် ကောင်းမှာပဲ..."
သူမဆီက အသံတိုးတိုးလေးပျံ့လွင့်လာတယ်။
"ဟုတ်တယ်မလား ဝမ်ရိပေါ်.."
သူ့ဆီကိုပါခေါင်းလှည့်လို့မေးလာသေးတာ..
"မသိဘူးပဲ.."
အကိုက ဘယ်အားလောက်တော့မလဲ...
အဝေးကိုသွားရတော့မှာမို့ အလုပ်ရှုပ်နေမှာ...
အကိုပါလာရင်ကောင်းမှာပဲဆိုပေမဲ့ ကျောင်းသားအပျော်ခရီးမှာ အကိုပါလာစရာအကြောင်းက ရှိမှမရှိပဲ ... ဘာကိုမျော်လင့်လို့ရမှာလဲ...
တစ်ကားလုံး စကားသံတွေနဲ့ ဆူညံလို့နေတယ်။
"ကဲကဲ.. လူစစ်ရအောင်.."
ကားပေါ်ဆရာတက်လာမှပဲ ဆူညံနေတဲ့အသံတွေတိတ်သွားတော့တယ်။
ဆရာက တစ်ယောက်ချင်းနာမည်ခေါ်လို့ လူစစ်တယ်။
သူ့အလှည့်ပြီးတာနဲ့ နားကြပ်ကိုတပ် သီချင်းဖွင့်လို့ ငြိမ်နေလိုက်တာပဲ...
ဘေးက ရှင်းယီကတော့ ဖုန်းနဲ့အားကစားအစီအစဉ်တစ်ခုကိုကြည့်နေရဲ့...
"အိပ်ချင်အိပ်လေ.."
"အင်း.."
"ငါ့ကိုမှီချင်မှီလေ.."
ရှင်းယီက ပုခုံးထိုးပေးတော့သူအသာမှီချလို့ မျက်လုံးတွေမှိတ်လိုက်တယ်။
ဒီခရီးစဉ်ဟာ အတန်းပိုင်ဆရာစီစဉ်တဲ့ အားလပ်ရက်ခရီး...
လွန်ခဲ့တဲ့တစ်လတာမှာ လုပ်ဆောင်ခဲ့တဲ့ ပရောဂျက်အောင်မြင်ခဲ့ခြင်းအတွက် ကျောင်းသားတွေဆီပေးတဲ့ လက်ဆောင်ပါတဲ့...
စာမေးပွဲမတိုင်ခင်ပေးတဲ့ နောက်ဆုံး ပျော်ရွှင်ခွင့်လေးပေါ့...
ပြန်ရောက်တာနဲ့ အသေအလဲဖိအားပေးတော့မဲ့ဆရာကို အခုကတည်းက မြင်ယောင်နေပြီ...
နောက်တန်းက တက်ကြွနေတဲ့ကျောင်းသားတွေက ဆူညံနေတာမို့ နားကြပ်ရဲ့သီချင်းသံကို ထပ်ချဲ့လိုက်တယ်။
အိပ်ပျော်ရင်ကောင်းမယ်။ သူအိပ်ရေးမဝသေးဘူး။
ကားက ရွှေ့လျားလို့သွားတောင်သွားနေပြီ။
တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးလာတယ်။
နားထဲ သီချင်းသံက စည်းချက်ကျကျတုန်ခါလို့...
ရုပ်တရက် နှာခေါင်းထဲရုပ်တရက် အနံ့သင်းသင်းလေးတိုးဝင်လာတယ်။
နို့နဲ့ပန်းနဲ့ရောတဲ့ အနံ့သင်းသင်းလေး...
ဒီအနံ့ကို သူသိတယ်။
မျက်လုံးတွေဖျက်ကနဲပွင့်လာတယ်။
သူ့မျက်လုံးတွေဝေ့လို့ အနီးတစ်ဝှိုက်ဆီကြည့်မိတော့ အာရုံကမျက်စောင်းထိုးရှေ့ခုံကိုရောက်သွားတယ်။
ရှေ့ခုံမှာ သူသိတဲ့ အဲ့ဒီလူ...
သူဆတ်ကနဲခေါင်းထောင်ကြည့်လိုက်မိတယ်။
တကယ်ပဲ အကိုပါလား...
ချိုးဟွာနဲ့စကားပြောနေတဲ့အကို...
အရင်အတိုင်း ရယ်မောလို့ပဲ...
ဘယ်အချိန်က ရောက်လာတာလဲ...
ဘယ်လိုလုပ်ပြီး အတူပါလာတာလဲ...
ဘာလို့ ဆရာနဲ့မဟုတ်ပဲ လျန်ချိုးဟွာနဲ့ အတူတူထိုင်နေရတာလဲ...
နှစ်ယောက်သား ဘာတွေပြောပြီး ရယ်မောနေကြပြန်တာလဲ...
"မင်း မအိပ်ဘူးလား... လောင်ဝမ်..."
ဘေးက ရှင်းယီက အစီအစဉ်ကြည့်လို့ပြီးသွားတဲ့ပုံပဲ...
"အိပ်မပျော်ဘူး.."
"ငါတော့ တစ်ရေးလောက်အိပ်ဦးမယ်"
"ဆရာရှောင်း ဘယ်လိုရောက်လာတာလဲ.."
ရှင်းယီကလည်း အကိုရှိရာဘက်ကိုလှမ်းကြည့်တယ်။
"အော်... ကားထွက်ခါနီးပြေးတက်လာတာပဲ... ဘယ်လိုအစီအစဉ်နဲ့ပါလာသလဲတော့မသိဘူး.. ငါကမင်းအိပ်ပျော်နေတယ်ထင်နေတာ.."
"အင်း.."
"သွားတဲ့နေရာက နေ့ခင်းပိုင်းလောက်မှရောက်မှာတဲ့... အိပ်ပျော်အောင် အိပ်စမ်းပါကွာ... မင်းကိုကြည့်ရတာ အားမရှိသလိုပဲ... "
ပြောရင်းနဲ့ ရှင်းယီက သူ့ကိုဆွဲလို့မှီစေတယ်။
"ခုံက အဆင်မပြေရင် ဒီအတိုင်းငါ့ကိုပဲမှီထားလိုက်တော့"
"အင်း.."
အဲ့ဒီအချိန် အကို သူ့ဘက်ကိုလှည့်ကြည့်လာတယ်။
သူမျက်လုံးပြန်မှိတ်ထားလိုက်တယ်။
.
.
"ဝါး... သာယာလိုက်တာ.."
သူတို့ရောက်သွားတဲ့နေရာက တောတောင်ရှုခင်းအလှတွေနဲ့စိမ်းစိုနေတဲ့ အပန်းဖြေစခန်းရှိရာ ရွာလေးတစ်ခုသို့....
မြို့ပြနဲ့လုံးဝခြားနားတာမို့ မြင်ကွင်းက အေးချမ်းနေကာ စိတ်ကိုကြည်လင်စေရဲ့...
ဆရာကတော့ ဒီနေရာဟာ သဘာဝနဲ့ယှဉ်တွဲတည်ဆောက်ထားတဲ့ဒေသလေးမို့ ကျမ်းမာရေးအတွက်သင့်တော်ပြီး ကိုယ်လက်လှုပ်ရှားဖို့ သိပ်ကောင်းမွန်ကြောင်း..
ဒီနေရာမှာ စိတ်အပန်းဖြေပြီး စာမေးပွဲအတွက်အားမွေးသင့်ကြောင်း ရှင်းပြနေတယ်...
အကိုကတော့ ဆရာ့ဘေးမှာ ခပ်ပြုံးပြုံးနဲ့ နားထောင်နေရဲ့...
"ကဲ ဒီကဆရာရှောင်းကိုတော့ မင်းတို့သိပြီးသားပဲ... ဒီခရီးစဉ်မှာ ဆရာတစ်ယောက်တည်းမင်းတို့ကိုမစောင့်ရှောက်နိုင်မှာစိုးရိမ်တာမို့ ဆရာရှောင်းကိုပါခေါ်လိုက်တယ်။ သူကလည်း အဝေးသွားရတော့မှာမို့ မင်းတို့နဲ့ အတူတူပျော်ပျော်ရွှင်ခရီးလိုက်ပါဖို့ ဆန္ဒရှိတယ်... "
ကျောင်းသားတွေရဲ့ တုံ့ပြန်သံက ကျေနပ်ဖွယ်...
သူတို့က အပန်းဖြေစခန်းရဲ့ လုံးချင်းဆောင်နှစ်ခုမှာ နေရမှာဖြစ်တယ်။
တောင်ဘက်ခြမ်းဆောင်က မိန်းကလေးနေရပြီး မြောက်ဘက်ခြမ်းက သူတို့ယောက်ျားလေးများအတွက်...
အတန်းပိုင်ဆရာက မိန်းကလေးဘက်ကို စောင့်ရှောက်မှာဖြစ်ပြီး အကို့ကိုတော့ ယောကျာ်းလေးဘက်ခြမ်းကို ဦးစီးဖို့ တာဝန်ပေးလိုက်တယ်။
ပြောရရင် သူနဲ့အကိုက တစ်ဆောင်တည်းနေရမှာ...
ပစ္စည်းတွေနေရာချပြီးတာနဲ့ ဆရာက လူစုခိုင်းပြန်တယ်။
ညစာစီစဉ်ဖို့တဲ့...
လည်ပတ်မဲ့အစီအစဉ်က မနက်ဖြန်မှစတင်မှာဖြစ်ပြီး ဒီနေ့ကတော့ အားလုံးအတူတူချက်ပြုတ်စားသောက်ကြမယ်။
သီချင်းဆိုတာဖြစ်ဖြစ် ဂိန်းကစားတာဖြစ်ဖြစ် လုပ်ကြမယ်တဲ့...
ဆရာက အဖွဲ့ငယ်လေးတွေဖွဲ့ပေးတယ်။
အစားအသောက်စီစဉ်ချက်ပြုတ်မဲ့အဖွဲ့၊ မီးမွေး၊ထင်းခွဲမဲ့အဖွဲ့နဲ့ လူအားလုံးစာနေရာထိုင်ခင်းစီစဉ်မဲ့အဖွဲ့...
ပြီးတော့ ဈေးဝယ်မဲ့အဖွဲ့....
ဝမ်ရိပေါ်က ဈေးဝယ်အဖွဲ့ထဲကျတယ်။
အဖွဲ့ခေါင်းဆောင်က ငွေကြေးစီမံနိုင်တဲ့ ရှောင်းကျန့်...
ရှောင်းကျန့်ရွေးချယ်လိုက်တဲ့သူတွေက ရှင်းတယ်။
ဝမ်ရိပေါ်ရယ် လျန်ချိုးဟွာရယ်. ရှင်းယီရယ် သုံးယောက်တည်း...
ရှောင်းကျန့်အပါအဝင်လေးယောက်...
အကိုက မျက်နှာတော့နည်းနည်းလိုက်တယ်။
ဈေးဝယ်တာက ခေါင်းနည်းနည်းရှုပ်ပေမဲ့ အသက်သာဆုံးအလုပ်တဲ့...
ပြီးတော့ ဗိုက်ဆာရင် တစ်ခုခုစားလို့ရသေးတယ်တဲ့..
အကိုက ရင်းနှီးတဲ့ သူတို့သုံးယောက်ကိုပဲ ခေါ်ထုတ်သွားတာဖြစ်တယ်။
ဘာရယ်မဟုတ် ဒါကိုလည်းဂုဏ်ယူမိရတာပဲ...
နည်းနည်းလေးအခွင့်ထူးရတယ်လို့ ခံစားရတယ်။
ဆရာက သူတို့ကို စက်ဘီးနှစ်စီးငှားပေးလိုက်တယ်။
ရှင်းယီနဲ့ သူက တစ်စီး...
အကိုနဲ့ ချိုးဟွာက တစ်စီး...
ကတ္တရာလမ်းကျဉ်းလေးက အသွားအလာရှင်းနေတာပဲ...
"ဆရာရှောင်း... ပြိုင်နင်းမလား... ရှုံးတဲ့သူရေခဲမုန့် ဝယ်ကျွေးကြေး.."
ရှင်းယီက အရင်စ စိန်ခေါ်တယ်။
"နင်းတာပေါ့.. ကြာသလားလို့.."
အကိုကလည်း မလျော့ဘူးပဲ..
အားကစားကောင်းကောင်းလုပ်တဲ့ရှင်းယီက ပိုသန်တယ်။
စက်ဘီးကို အသဲအသန်နင်းနိုင်ပေမဲ့ မိန်းကလေးတစ်ယောက်ကို ပေါ့ပေါ့ပါးပါးတင်နင်းရတဲ့အကို့ထက်သာအောင်တော့ မကျော်နိုင်ဘူး...
"ဆရာရှောင်း.. ကြိုးစားထား.."
လျန်ချိုးဟွာရဲ့အားပေးသံက လမ်းတစ်လျောက်ပျံ့လွင့်နေရဲ့...
သူက ရှင်းယီနောက်ကနေ ရယ်မောလို့လိုက်ပါလာတယ်။
ရှင်းယီအသက်ရှုသံက တစ်စတစ်စ မောဟိုက်လာတယ်..
"အမလေး... ဟောဟဲ ...မရတော့ဘူး... ဆရာရှောင်းက ... လျန်ချိုးဟွာကို တင်ရတာ.. ကျွန်တော်က... ဒီဝက်ကို...တင်ရတာ... မရဘူး..."
"ဘာရယ်..."
အကိုက ထရယ်လာတယ်။
သူကတော့ မျက်နှာရှုံ့မဲ့သွားတယ်။
ဘာတဲ့..
"ဟေ့ကောင်.. မင်းဘာပြောတာ.."
"မင်းကိုပြောတာလေ .. ဝက်ပေါက်.."
"သေချင်လို့လား... ငါက ဘယ်မှာဝက်လိုဝနေလို့လဲ..."
"ဟေ့ကောင်.. မင်းမနင်းနိုင်ရင်လည်း ငြိမ်ငြိမ်ထိုင်စမ်း.. လဲတော့မှာပဲ..."
"ဟဲ့ဟဲ့.."
လမ်းတစ်လျောက် သူတို့လေးယောက်ရဲ့ရယ်သံတွေ လွင့်ပျံကုန်တယ်။
ဒီအခိုက်အတန့်ဟာ သိပ်လှပတယ်လို့ သူခံစားမိတယ်။
အတွေးပေါင်းစုံကိုမေ့သွားလောက်အောင် ပျော်ရွှင်နေမိတာပဲ...
ရယ်မောနေရင်း သူ့အကြည့်တွေက လျန်ချိုးဟွာဆီရောက်သွားတယ်။
သူမလက်တွေက အကို့ခါးကို တိတိကျကျ ဆုပ်တွယ်ထားတာပဲ...
သူမက သိပ်ကံကောင်းတာပဲ...
ဒီအခိုက်အတန့်လေးကို လှပတဲ့အမှတ်တရအဖြစ်ပဲ သိမ်းထားချင်မိတယ်။
သူပြုံးလိုက်ပြီး ရှေ့ကိုကြည့်လိုက်တယ်။
ဆက်ပြီးရယ်မောရအောင်လား...
ငါတို့ ဈေးကိုရောက်တော့မှာလား...
.
.
မီးပုံက ထင်းချောင်းတွေက တစ်ဖျစ်ဖျစ်တောက်လောင်နေတယ်။
မီးပုံပတ်ချာလယ်မှာတော့ ကျောင်းသားတွေစုဝေးထိုင်နေကြတယ်။
ညစာစားပြီးတော့ မိန်းကလေးတွေက သက်ဆိုင်ရာအဆောင်ဆီပြန်ကုန်ကြပြီး သူတို့ယောက်ျားလေးအုပ်စုကလဲ အဆောင်ရှေ့မီးပုံဖိုရင်း ဝိုင်းဖွဲ့နေကြတာဖြစ်တယ်။
နွေရာသီဆိုပေမဲ့ ဒီဒေသက ညဘက်မှာနည်းနည်းစိမ့်စိမ့်လေးအေးတယ်။
Liú xīng yǔ (meteor rain) သီချင်းကို ခပ်တိုးတိုးသီဆိုနေကြပြီး သူက ရှင်းယီဘေးမှာ ငြိမ်ငြိမ်လေးနားထောင်နေတယ်။
အကိုက သူ့ရဲ့မျက်နှာချင်းဆိုင် ရှောင်ဟွေ့တို့အုပ်စုကြားထဲမှာ တိတ်တိတ်ဆိတ်ဆိတ်ထိုင်လို့နေရဲ့...
"ဂိန်းတစ်ခုလောက် ကစားကြမလား"
သွက်သွက်လက်လက်ရှိတဲ့ လုမင်က စကားစတယ်။
"ဒီလိုခရီးထွက်တဲ့ညပိုင်းမှာ မဖြစ်မနေကစားသင့်တဲ့ ပင်တိုင်စံဂိန်းတစ်ခုရှိတယ်လေ.."
အားလုံးက လုမင်ကိုပဲ စိတ်ဝင်တစားကြည့်လာကြတယ်။
"စိန်ခေါ်မလား အမှန်ပြောမလားဂိန်း...(True or Dare)"
အဲ့ဒီအခါ အားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ရှင်းယီက ထအော်လေရဲ့...
"ဟ.. ရှက်စရာကြီးတွေမေးရင် ဘယ်လိုလုပ်မလဲ...."
"မဖြေနဲ့လေ... ငါတို့ခိုင်းတာတစ်ခုခုကိုလုပ်ပြရမှာ.."
"မလုပ်နိုင်ရင်ရော..."
"လုပ်ကိုလုပ်ရမှာ.."
"အားလုံးယောကျာ်းတွေပဲ ဘာဖြစ်လဲ.."
"ခက်တာတွေမမေးနဲ့ ခက်တာတွေမခိုင်းကြပါနဲ့.."
တကယ့်ကို တစ်ယောက်တစ်ပေါက်နဲ့ ဆူညံနေတာပဲ...
သူ့အကြည့်တွေ အကို့ဆီရောက်သွားတယ်။
ထုံးစံအတိုင်း ခပ်ပြုံးပြုံးလုပ်နေပြန်တာပဲ...
ဒီတစ်ကြိမ် အပြုံးကတော့ တစ်မျိုးလေး...
ရှက်တာလိုလို မရဲတာလိုလို...
"ကဲ စမယ်နော်.."
ရှောင်ဟွေ့က စားပွဲသေးတစ်လုံးကို အားလုံးရဲ့အလယ်မှာချလိုက်ပြီး သစ်ကိုင်းခြောက်ကို စားပွဲပေါ်တင်လိုက်တယ်။
"ဒီသစ်ကိုင်းကိုလှည့်မယ်.. သစ်ကိုင်းရပ်သွားပြီးဦးတည်ရာက လူက စပြီး နာပါတ်စဥ်တွေအော်ရမယ်။ တစ်ဆိုရင် တစ်ခါအော် နှစ်ဆိုရင် နှစ်ခါအော်။ ဥပမာ ပထမဆုံးတစ်ယောက်က နာပါတ်တစ်ဖြစ်မယ်.. တစ် ဆိုပြီးတစ်ခါပဲအော်.. ဒုတိယတစ်ယောက်က နှစ်ဖြစ်တဲ့အတွက် နှစ်နှစ် ဆိုပြီး နှစ်ခါအော်..အဲ့အတိုင်းပဲ သုံးယောက်မြောက်က သုံးသုံးသုံး လို့ နာပါတ်စဥ်အတိုင်း အကြိမ်ရေအော်ရမယ်။ တစ်ဆယ်အထိသွားမယ်။ မှားတဲ့သူက True or dare ကို ဖြေပေးရမယ်"
"သဘောတူလား.."
"မဆော့ပဲ ထွက်လို့မရဘူးလား..."
မေးလာသူက အကို...
အားလုံးက မရဘူးဆိုတဲ့ ငြင်းဆိုချက်အောက်မှာ မဖြစ်မနေဂိန်းထဲဝင်ပါရမဲ့အခြေအနေဖြစ်သွားတယ်။
"စပြီ.."
သစ်ကိုင်းက စတင်လှည့်သွားတယ်..
တစ်ပါတ်..နှစ်ပါတ်.. သုံးပါတ်...
ရှင်းယီဘေးကတစ်ယောက်ဆီကိုဦးတည်လို့ရပ်တန့်သွားတယ်။
"တစ်"
"နှစ်နှစ်"
သူ့အလှည့်..
"သုံး သုံး သုံး.."
ကျော်သွားပြီ...
ငါးယောက်မြောက်မှာ ထစ်ပြီးအကြိမ်ရေမပြည့်တာမို့ ရှုံးသွားတယ်...
မေးခွန်းတွေက ရူးချင်စရာပဲ...
တစ်ပွဲပြီးတစ်ပွဲ.. တစ်ယောက်ပြီးတစ်ယောက်...
တစ်ဝိုင်းလုံး ပွက်ပွက်ညံနေတာပဲ...
သူရော အကိုရော အခုထိလွတ်နေတုန်းပဲ..
"ခုနှစ် ခုနှစ် ခုနှစ် ခုနှစ် ခုနှစ် ခုနှစ် ရှစ်... အား.."
မှားသွားသူက ရှင်းယီ..
"မင်း... ွင်းထုတက်ပြီလား.."
"ဘာ.."
ရယ်သံတွေ ထွက်အံကျလာကုန်တယ်။
သူရှင်းယီကို အမြန်လှည့်ကြည့်လိုက်မိတယ်။
ညမီးပုံအလင်းရောင်အောက်မှာတောင်မျက်နှာတွေနီရဲလာတာများ အထင်အရှား..
"ဖြေမှာလား စိန်ခေါ်မှာလား"
မေးတာတွေက တကယ့်ကိုရူးချင်စရာတွေ..
သူထပြီးထွက်ပြေးချင်လာတယ်။
အကို့အလှည့်ကျရင်ရော ရှက်စရာတွေမေးရင်ဘယ်လိုလုပ်မလဲ...
"အကုန်လုံးက ယောက်ျားတွေပဲ ဟေ့ကောင် ရှက်မနေနဲ့.."
"အေး တက်တယ်ကွာ ထုတက်တယ် ရပလား"
အကိုကရော ရှက်စရာတွေပြန်ဖြေရင် ဘယ်လိုလုပ်မလဲ...
သူ မျက်နှာတွေပူတက်လာတယ်။
"ဟားဟားဟား.. ဒါပေါ့.. ဒီမှာ ဒါကိုမတက်တဲ့သူဘယ်သူရှိလို့လဲ.."
သူ အကို့ကို မသိမသာကြည့်လိုက်မိတယ်။
အကိုက နုတ်ခမ်းရှေ့ကိုလက်နဲ့ကွယ်လို့ ရယ်နေရဲ့..
အကိုလည်း အဲ့လိုပဲလား..
အကိုလည်း အဲ့တာကို လုပ်သလား...
"မှန်းစမ်း.. ဘယ်သူ့ကိုမှန်းပြီးလုပ်တာလဲ"
"ဒါတော့ဖြေစရာလား... နောက်တစ်ယောက်စ.."
တစ်ယောက်ယောက်ကိုမှန်းတာတဲ့လား...
အကိုရဲ့ လက်နဲ့ကွယ်ထားတဲ့မျက်နှာဆီက မျက်လုံးအစုံက ရုပ်တရက် သူ့ဆီရောက်လာတယ်။
"....."
အမှတ်တမဲ့ကြည့်တာမျိုးမဟုတ်ပဲ စိုက်ကြည့်တာမျိုး...
သူ့မျက်နှာတွေပူထူလာပြီး မျက်နှာလွဲလိုက်မိတယ်။
ဘာပါလိမ့်... ဒီအကြည့်က ဘယ်လိုကြီးလဲ...
နာပါတ်စဥ်အော်သံတွေ ပြန်ပြီးထွက်ပေါ်လာတယ်။
"တစ်"
"နှစ်နှစ်"
"သုံးသုံးသုံး.."
"လေး လေး လေး လေး"
နောက်တစ်ကြိမ်မှာလည်း သူ့အလှည့်ကိုကျော်သွားပြန်တာပဲ..
"ဟေးး ဆရာရှောင်းဟ"
အကိုက နာပါတ်စဥ်ခြောက်မှာ ခုနှစ်ကြိမ်အော်မိလိုက်တာဖြစ်တယ်။
သူ့ရင်တွေ တစ်ဒိတ်ဒိတ်တုန်လာတယ်။
ဖြေရမှာ သူလည်းမဟုတ်ပါပဲနဲ့....
"နာပါတ်ပိုအော်လိုက်တဲ့အတွက် မေးခွန်းနှစ်ခုမေးပါမယ်"
"ဆိုင်လို့လား.. ဒီစည်းကမ်းရှိလို့လား.."
"အခုပဲသတ်မှတ်လိုက်တဲ့စည်းကမ်းပါ.... ဖြေရပါတယ်"
အကို ရှက်ကိုးရှက်ကန်းဖြစ်နေတယ်။
ပြုံးစစနဲ့ မျက်ခုံးတွေတက်လိုက်ကျလိုက်ဖြစ်နေတယ်။
သူ လက်ဖျားတွေတောင်အေးစက်လာသလိုပဲ..
"ဆရာရှောင်း... ချစ်သူရှိပါသလား.."
"...."
ဝိုင်းတစ်ခုလုံး တိတ်ဆိတ်သွားတယ်။
အားလုံးက အကို့အဖြေကိုစိတ်ဝင်စားနေကြရဲ့..
သူပါ အပါအဝင်...
"မရှိပါဘူး.."
"ဟာ.."
"မဖြစ်နိုင်တာ.."
သူ တံတွေးမြိုချမိတယ်။
ဘာလို့ဒီလောက်တောင်စိတ်လှုပ်ရှားနေရတာလဲ..
"ဒါဆို ချစ်နေတဲ့သူရော ရှိနေလား.."
ထပ်ပြီး တိတ်သွားပြန်တယ်။
တစ်စက္ကန့် နှစ်စက္ကန့်.. သုံးစက္ကန့်....
အကို တိတ်ဆိတ်နေတုန်းပဲ...
ဖြေရခက်တယ်ထင်တယ်။ ဘာလို့လဲ...
"ဒါဆို စိန်ခေါ်မလား ဆရာရှောင်း.."
"ရှိပါတယ်.."
"....."
ပတ်ဝန်းကျင်တစ်ခုလုံး ဝိုးကနဲ ဝါးကနဲ ညံစီသွားတယ်...
"ဘယ်သူကြီးလဲ ဆရာရှောင်း.."
"မေးခွန်းပြည့်ပြီဟ.. ထပ်စရတော့မှာ.."
အကိုက ... ချစ်နေတဲ့သူ ရှိနေတာလား...
ဒါကြောင့် သူ့အပေါ် ဒီလောက်ငြင်းဆန်နေတာလား...
ဘယ်သူများလဲ အကိုချစ်နေတဲ့သူက...
သိချင်လိုက်တာ...
သူအားငယ်စွာ လှမ်းကြည့်နေမိတယ်။
"....."
တိုက်ဆိုင်စွာ အကိုက သူ့ကိုကြည့်လာရဲ့....
ဘာလို့လဲ... ဘာလို့ ချစ်တဲ့သူရှိနေရတာလဲ...
------------------------------------
ဝမ်ရိပေါ်လေးက ဒီလိုချစ်စရာလေးမို့ ဝက်ပေါက်လို့ခေါ်လိုက်တာပါ.
ဝနေလို့မဟုတ်ဘူးနော်
ရှင်းယီကလည်း ဝမ်ရိပေါ်ကို ချစ်စရာကောင်းတယ်လို့မြင်ပါတယ်။
-----------------------------
Zawgyi;
"ရည္းစား.... မထားပါနဲ႕...."
သူ႕လက္ေမာင္းကို ဆြဲထားတဲ့ အကို႔လက္ေတြက တင္းက်ပ္ေနတာမဟုတ္သလို ေလ်ာ့ရဲေနတာလည္းမဟုတ္ဘူး...
ဒီအတိုင္း ဆုပ္ကိုင္ထား႐ုံ...
"ရည္းစားလား.."
"...."
"ဘာလို႔လဲ.."
မ်က္လုံးေတြကေတာ့ နားလည္ရခက္တဲ့အေရာင္ေတြ ထင္ဟပ္ေနတယ္။
"ကိုယ္.... မင္းကို .....တျခားအေတြးေတြမဝင္ေစခ်င္ဘူး..."
အကိုက သူ႕ရဲ႕တစ္ဖက္သတ္႐ူးသြပ္မႈေတြကို နည္းအမ်ိဳးမ်ိဳးနဲ႕ လာလာစမ္းသပ္ေနသလိုပဲ...
အစေဖာ္ၿပီးသြားရင္ အဆုံးမွာ ဘယ္ေတာ့မွမေျပာင္းလဲတဲ့အရာက အကို႔ရဲ႕ ဒီစကားလုံးေတြပဲ...
"အေရးမႀကီးတာေတြမစဥ္းစားနဲ႕... မလိုအပ္တာေတြ ဦးစားမေပးနဲ႕... အဲ့လိုပဲ ဆုံးမဦးမလို႔မလား..."
"..."
အကို႔လက္ေတြေလ်ာ့ရဲသြားကာ မ်က္ေတာင္တစ္ဖ်တ္ဖ်တ္ခတ္တယ္။
"အင္း..."
အဲ့ဒီလက္ေတြကို သူ ဖယ္ခ်လိဳက္တယ္။
"အကို ကြၽန္ေတာ့္အေပၚစိတ္ဝင္စားမႈမရွိရင္ ဒီေရွ႕ေလ်ာက္ ကြၽန္ေတာ္နဲ႕ပတ္သတ္ၿပီး ဘာကိုမွစိတ္မဝင္စားေတာ့ရင္ေကာင္းမွာပဲ... "
"ရိေပၚ.."
"ကြၽန္ေတာ္အခု ဆုံးျဖတ္ခ်က္ခ်ၿပီးသြားၿပီမို႔လို႔.. အကိုနဲ႕လည္း ဒီေလာက္ပဲ စိတ္ျဖတ္လိုက္ခ်င္ေတာ့တယ္... ကြၽန္ေတာ့္ကို အထင္မွားေအာင္မလုပ္ပါနဲ႕ေတာ့လား... "
လူတစ္ေယာက္ကိုခ်စ္မိသြားဖို႔ လြယ္ကူေပမဲ့ အခ်ိန္အၾကာႀကီးခ်စ္နိုင္ဖို႔ကေတာ့ ခက္ခဲတယ္တဲ့...
ဟုတ္ပါတယ္။
သူဟာ ဒီလူကို ခက္ခက္ခဲခဲခ်စ္ေနရပါတယ္။
အကို႔ရဲ႕အျပဳအမူေတြက ႏူးညံ့တက္ၿပီး အကို႔ရဲ႕စကားတစ္လုံးခ်င္းစီတိုင္းကေတာ့ ခပ္ေသးေသးဓားရာတစ္ခုလိုပဲ...
ေျဖးေျဖးခ်င္းမသိသာေပမဲ့ အခ်က္ေရမ်ားေတာ့ အေပါက္ေတြမ်ားလာၿပီး ဖာေထးရာေတြဗရပြနဲ႕ရယ္...
သူ႕မွာ ခ်စ္မိခဲ့လို႔သာဆက္ခ်စ္ေနမိတာ... အားအင္ကုန္လုနီးနီး...
ဒီလူကိုဆက္ခ်စ္ေနတာဟာ မွန္ရဲ႕လားဆိုတဲ့အသိဟာ အခုတစ္ေလာမွာ ခဏခဏဝင္မိတယ္။
သူ႕အခ်စ္က ေရွ႕ဆက္တိုးလို႔မရတဲ့ေနရာကေန ရပ္တန႔္ေနခဲ့ရင္း တစ္ဝဲလည္လည္ျဖစ္ေနခဲ့တာ..
အကိုက သူ႕ဆီကိုေရာက္ေရာက္လာၿပီး ဒီအေတြးေတြကို အၿမဲအတည္ျပဳေပးေနသလိုပဲ..
ငါမင္းကို မခ်စ္နိုင္ပါဘူးဆိုတဲ့အေၾကာင္းကို အႀကိမ္ႀကိမ္သတိလာေပးေနသလိုပဲ....
သူ ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးလိုက္ၿပီး..
"အထက္တန္းၿပီးရင္ေတာ့ ရည္းစားထားလို႔ရၿပီမလား... မေျပာနိုင္ဘူး... တကၠသိုလ္ေရာက္ရင္ ကြၽန္ေတာ္ အရမ္းခ်စ္ရတဲ့သူနဲ႕ထပ္ဆုံၿပီး ခ်စ္သူျဖစ္ရင္ျဖစ္မွာေပါ့... "
အကိုက ဘာမွျပန္မေျဖ...
သူ႕ကိုၾကည့္ေနရင္းကေန မ်က္ႏွာျပန္လြဲသြားၿပီး မတ္တပ္ထရပ္တယ္။
"ျပန္ၾကတာေပါ့.."
ေျပာၿပီးတာနဲ႕ ေျခလွမ္းက်ဲေတြလွမ္းလို႔ အရင္ထြက္သြားတယ္။
တကယ္ပါပဲ... ဒီလူ႕စိတ္ခ်ည္းပဲ...
ဒီလူအေတြးထဲမွာဘာရွိလဲ လုံးဝခန႔္မွန္းလို႔မရဘူး...
သူ႕အေပၚ ဘယ္လိုခံစားခ်က္မ်ိဳးရွိတယ္ဆိုတာလည္း မသိဘူး...
အကိုက တကယ္ကိုနားလည္ရခက္တယ္။
ေမးခြန္းထုတ္လို႔လည္း ေရေရရာရာေျဖမဲ့လူစားမ်ိဳးမဟုတ္ျပန္ဘူး...
သက္ျပင္းခ်လိဳ႕ ေနာက္ကေန ခပ္ေျဖးေျဖးပဲလိုက္ေတာ့ ရပ္ေစာင့္ေနရွာပါတယ္။
ေဘာင္းဘီအိပ္ကပ္ထဲက သစ္႐ြက္ကေလးကိုစမ္းလို႔ အေတြးတစ္ခုကို ဆႏၵျပဳမိတယ္။
အၿမဲတမ္း သူ႕ကို ဒီလိုမ်ိဳးရပ္ေစာင့္ေနေပးရင္ေကာင္းမွာပဲ...
------------------------------------
အားလပ္ရက္တဲ့...
ခရီးေဆာင္ေက်ာပိုးအိတ္ကို ေသခ်ာလြယ္လို႔ မနက္ေစာေစာမွာ ေက်ာင္းေရွ႕ကိုအေရာက္လာခဲ့တယ္။
"ဝမ္ရိေပၚ.. ငါတို႔ဒီမွာ.."
ရွင္းယီေရာ ခ်ိဳးဟြာပါေရာက္ေနၾကၿပီျဖစ္ၿပီး အတန္းထဲက လူေတာ္ေတာ္မ်ားမ်ားလည္း စုံေနၾကၿပီ...
ခရီသြားကားလည္း အဆင္သင့္ရပ္ေစာင့္ေနၿပီးသား...
"မလာေတာ့ဘူးလားလို႔ စိတ္ပူသြားတာပဲ... ကားထြက္ေတာ့မွာ တက္ရေအာင္..."
ေက်ာင္းသားေတြ အားလုံးကားေပၚတက္လို႔ၿပီးမွ သူတို႔သုံးေယာက္တက္လိုက္တယ္။
ေနာက္ဘက္ျခမ္းေတြမွာ ေက်ာင္းသားေတြအျပည့္ေနရာယူထားၿပီး ေရွ႕ျခမ္းေတြပဲလြတ္ေတာ့တယ္။
သူနဲ႕ရွင္းယီ အတူတူေနရာယူၿပီးေနာက္ ေရွ႕မ်က္ေစာင္းထိုးခုံမွာ လ်န္ခ်ိဳးဟြာဟာ အတူထိုင္မဲ့သူမရွိပဲတစ္ေယာက္တည္းျဖစ္ေနေလရဲ႕...
တျခားေက်ာင္းသူေတြကလဲ သူ႕အေဖာ္နဲ႕သူ ေနရာက်ၿပီးသား...
"ငါလာထိုင္ေပးရမလား အတန္းေခါင္းေဆာင္.."
ရွင္းယီကလွမ္းေမးေပမဲ့ သူမက ေခါင္းခါျပတယ္။
"တစ္ေယာက္တည္းထိုင္ေတာ့ ေနရာက်ယ္က်ယ္ရတာေပါ့" တဲ့...
သူမအဆင္ေျပေလာက္မယ္ဆိုတာသိလို႔ သူ မေမးေတာ့ဘူး...
ဆရာက မိန္းကေလးနဲ႕ေယာက္်ားေလး တူတူထိုင္တာကို အတက္နိုင္ဆုံးကန႔္သတ္ထားတယ္။
"ဆရာေရွာင္းလည္းပါရင္ ေကာင္းမွာပဲ..."
သူမဆီက အသံတိုးတိုးေလးပ်ံ့လြင့္လာတယ္။
"ဟုတ္တယ္မလား ဝမ္ရိေပၚ.."
သူ႕ဆီကိုပါေခါင္းလွည့္လို႔ေမးလာေသးတာ..
"မသိဘူးပဲ.."
အကိုက ဘယ္အားေလာက္ေတာ့မလဲ...
အေဝးကိုသြားရေတာ့မွာမို႔ အလုပ္ရႈပ္ေနမွာ...
အကိုပါလာရင္ေကာင္းမွာပဲဆိုေပမဲ့ ေက်ာင္းသားအေပ်ာ္ခရီးမွာ အကိုပါလာစရာအေၾကာင္းက ရွိမွမရွိပဲ ... ဘာကိုေမ်ာ္လင့္လို႔ရမွာလဲ...
တစ္ကားလုံး စကားသံေတြနဲ႕ ဆူညံလို႔ေနတယ္။
"ကဲကဲ.. လူစစ္ရေအာင္.."
ကားေပၚဆရာတက္လာမွပဲ ဆူညံေနတဲ့အသံေတြတိတ္သြားေတာ့တယ္။
ဆရာက တစ္ေယာက္ခ်င္းနာမည္ေခၚလို႔ လူစစ္တယ္။
သူ႕အလွည့္ၿပီးတာနဲ႕ နားၾကပ္ကိုတပ္ သီခ်င္းဖြင့္လို႔ ၿငိမ္ေနလိုက္တာပဲ...
ေဘးက ရွင္းယီကေတာ့ ဖုန္းနဲ႕အားကစားအစီအစဥ္တစ္ခုကိုၾကည့္ေနရဲ႕...
"အိပ္ခ်င္အိပ္ေလ.."
"အင္း.."
"ငါ့ကိုမွီခ်င္မွီေလ.."
ရွင္းယီက ပုခုံးထိုးေပးေတာ့သူအသာမွီခ်လိဳ႕ မ်က္လုံးေတြမွိတ္လိုက္တယ္။
ဒီခရီးစဥ္ဟာ အတန္းပိုင္ဆရာစီစဥ္တဲ့ အားလပ္ရက္ခရီး...
လြန္ခဲ့တဲ့တစ္လတာမွာ လုပ္ေဆာင္ခဲ့တဲ့ ပေရာဂ်က္ေအာင္ျမင္ခဲ့ျခင္းအတြက္ ေက်ာင္းသားေတြဆီေပးတဲ့ လက္ေဆာင္ပါတဲ့...
စာေမးပြဲမတိုင္ခင္ေပးတဲ့ ေနာက္ဆုံး ေပ်ာ္႐ႊင္ခြင့္ေလးေပါ့...
ျပန္ေရာက္တာနဲ႕ အေသအလဲဖိအားေပးေတာ့မဲ့ဆရာကို အခုကတည္းက ျမင္ေယာင္ေနၿပီ...
ေနာက္တန္းက တက္ႂကြေနတဲ့ေက်ာင္းသားေတြက ဆူညံေနတာမို႔ နားၾကပ္ရဲ႕သီခ်င္းသံကို ထပ္ခ်ဲ့လိုက္တယ္။
အိပ္ေပ်ာ္ရင္ေကာင္းမယ္။ သူအိပ္ေရးမဝေသးဘူး။
ကားက ေ႐ႊ႕လ်ားလို႔သြားေတာင္သြားေနၿပီ။
တစ္မိနစ္ၿပီး တစ္မိနစ္ ကုန္ဆုံးလာတယ္။
နားထဲ သီခ်င္းသံက စည္းခ်က္က်က်တဳန္ခါလို႔...
႐ုပ္တရက္ ႏွာေခါင္းထဲ႐ုပ္တရက္ အနံ႕သင္းသင္းေလးတိုးဝင္လာတယ္။
နို႔နဲ႕ပန္းနဲ႕ေရာတဲ့ အနံ႕သင္းသင္းေလး...
ဒီအနံ႕ကို သူသိတယ္။
မ်က္လုံးေတြဖ်က္ကနဲပြင့္လာတယ္။
သူ႕မ်က္လုံးေတြေဝ့လို႔ အနီးတစ္ဝွိုက္ဆီၾကည့္မိေတာ့ အာ႐ုံကမ်က္ေစာင္းထိုးေရွ႕ခုံကိုေရာက္သြားတယ္။
ေရွ႕ခုံမွာ သူသိတဲ့ အဲ့ဒီလူ...
သူဆတ္ကနဲေခါင္းေထာင္ၾကည့္လိုက္မိတယ္။
တကယ္ပဲ အကိုပါလား...
ခ်ိဳးဟြာနဲ႕စကားေျပာေနတဲ့အကို...
အရင္အတိုင္း ရယ္ေမာလို႔ပဲ...
ဘယ္အခ်ိန္က ေရာက္လာတာလဲ...
ဘယ္လိုလုပ္ၿပီး အတူပါလာတာလဲ...
ဘာလို႔ ဆရာနဲ႕မဟုတ္ပဲ လ်န္ခ်ိဳးဟြာနဲ႕ အတူတူထိုင္ေနရတာလဲ...
ႏွစ္ေယာက္သား ဘာေတြေျပာၿပီး ရယ္ေမာေနၾကျပန္တာလဲ...
"မင္း မအိပ္ဘူးလား... ေလာင္ဝမ္..."
ေဘးက ရွင္းယီက အစီအစဥ္ၾကည့္လို႔ၿပီးသြားတဲ့ပုံပဲ...
"အိပ္မေပ်ာ္ဘူး.."
"ငါေတာ့ တစ္ေရးေလာက္အိပ္ဦးမယ္"
"ဆရာေရွာင္း ဘယ္လိုေရာက္လာတာလဲ.."
ရွင္းယီကလည္း အကိုရွိရာဘက္ကိုလွမ္းၾကည့္တယ္။
"ေအာ္... ကားထြက္ခါနီးေျပးတက္လာတာပဲ... ဘယ္လိုအစီအစဥ္နဲ႕ပါလာသလဲေတာ့မသိဘူး.. ငါကမင္းအိပ္ေပ်ာ္ေနတယ္ထင္ေနတာ.."
"အင္း.."
"သြားတဲ့ေနရာက ေန႕ခင္းပိုင္းေလာက္မွေရာက္မွာတဲ့... အိပ္ေပ်ာ္ေအာင္ အိပ္စမ္းပါကြာ... မင္းကိုၾကည့္ရတာ အားမရွိသလိုပဲ... "
ေျပာရင္းနဲ႕ ရွင္းယီက သူ႕ကိုဆြဲလို႔မွီေစတယ္။
"ခုံက အဆင္မေျပရင္ ဒီအတိုင္းငါ့ကိုပဲမွီထားလိုက္ေတာ့"
"အင္း.."
အဲ့ဒီအခ်ိန္ အကို သူ႕ဘက္ကိုလွည့္ၾကည့္လာတယ္။
သူမ်က္လုံးျပန္မွိတ္ထားလိုက္တယ္။
.
.
"ဝါး... သာယာလိုက္တာ.."
သူတို႔ေရာက္သြားတဲ့ေနရာက ေတာေတာင္ရႈခင္းအလွေတြနဲ႕စိမ္းစိုေနတဲ့ အပန္းေျဖစခန္းရွိရာ ႐ြာေလးတစ္ခုသို႔....
ၿမိဳ႕ျပနဲ႕လုံးဝျခားနားတာမို႔ ျမင္ကြင္းက ေအးခ်မ္းေနကာ စိတ္ကိုၾကည္လင္ေစရဲ႕...
ဆရာကေတာ့ ဒီေနရာဟာ သဘာဝနဲ႕ယွဥ္တြဲတည္ေဆာက္ထားတဲ့ေဒသေလးမို႔ က်မ္းမာေရးအတြက္သင့္ေတာ္ၿပီး ကိုယ္လက္လႈပ္ရွားဖို႔ သိပ္ေကာင္းမြန္ေၾကာင္း..
ဒီေနရာမွာ စိတ္အပန္းေျဖၿပီး စာေမးပြဲအတြက္အားေမြးသင့္ေၾကာင္း ရွင္းျပေနတယ္...
အကိုကေတာ့ ဆရာ့ေဘးမွာ ခပ္ၿပဳံးၿပဳံးနဲ႕ နားေထာင္ေနရဲ႕...
"ကဲ ဒီကဆရာေရွာင္းကိုေတာ့ မင္းတို႔သိၿပီးသားပဲ... ဒီခရီးစဥ္မွာ ဆရာတစ္ေယာက္တည္းမင္းတို႔ကိုမေစာင့္ေရွာက္နိုင္မွာစိုးရိမ္တာမို႔ ဆရာေရွာင္းကိုပါေခၚလိုက္တယ္။ သူကလည္း အေဝးသြားရေတာ့မွာမို႔ မင္းတို႔နဲ႕ အတူတူေပ်ာ္ေပ်ာ္႐ႊင္ခရီးလိုက္ပါဖို႔ ဆႏၵရွိတယ္... "
ေက်ာင္းသားေတြရဲ႕ တုံ႕ျပန္သံက ေက်နပ္ဖြယ္...
သူတို႔က အပန္းေျဖစခန္းရဲ႕ လုံးခ်င္းေဆာင္ႏွစ္ခုမွာ ေနရမွာျဖစ္တယ္။
ေတာင္ဘက္ျခမ္းေဆာင္က မိန္းကေလးေနရၿပီး ေျမာက္ဘက္ျခမ္းက သူတို႔ေယာက္်ားေလးမ်ားအတြက္...
အတန္းပိုင္ဆရာက မိန္းကေလးဘက္ကို ေစာင့္ေရွာက္မွာျဖစ္ၿပီး အကို႔ကိုေတာ့ ေယာက်ာ္းေလးဘက္ျခမ္းကို ဦးစီးဖို႔ တာဝန္ေပးလိုက္တယ္။
ေျပာရရင္ သူနဲ႕အကိုက တစ္ေဆာင္တည္းေနရမွာ...
ပစၥည္းေတြေနရာခ်ၿပီးတာနဲ႕ ဆရာက လူစုခိုင္းျပန္တယ္။
ညစာစီစဥ္ဖို႔တဲ့...
လည္ပတ္မဲ့အစီအစဥ္က မနက္ျဖန္မွစတင္မွာျဖစ္ၿပီး ဒီေန႕ကေတာ့ အားလုံးအတူတူခ်က္ျပဳတ္စားေသာက္ၾကမယ္။
သီခ်င္းဆိုတာျဖစ္ျဖစ္ ဂိန္းကစားတာျဖစ္ျဖစ္ လုပ္ၾကမယ္တဲ့...
ဆရာက အဖြဲ႕ငယ္ေလးေတြဖြဲ႕ေပးတယ္။
အစားအေသာက္စီစဥ္ခ်က္ျပဳတ္မဲ့အဖြဲ႕၊ မီးေမြး၊ထင္းခြဲမဲ့အဖြဲ႕နဲ႕ လူအားလုံးစာေနရာထိုင္ခင္းစီစဥ္မဲ့အဖြဲ႕...
ၿပီးေတာ့ ေဈးဝယ္မဲ့အဖြဲ႕....
ဝမ္ရိေပၚက ေဈးဝယ္အဖြဲ႕ထဲက်တယ္။
အဖြဲ႕ေခါင္းေဆာင္က ေငြေၾကးစီမံနိုင္တဲ့ ေရွာင္းက်န႔္...
ေရွာင္းက်န႔္ေ႐ြးခ်ယ္လိုက္တဲ့သူေတြက ရွင္းတယ္။
ဝမ္ရိေပၚရယ္ လ်န္ခ်ိဳးဟြာရယ္. ရွင္းယီရယ္ သုံးေယာက္တည္း...
ေရွာင္းက်န႔္အပါအဝင္ေလးေယာက္...
အကိုက မ်က္ႏွာေတာ့နည္းနည္းလိုက္တယ္။
ေဈးဝယ္တာက ေခါင္းနည္းနည္းရႈပ္ေပမဲ့ အသက္သာဆုံးအလုပ္တဲ့...
ၿပီးေတာ့ ဗိုက္ဆာရင္ တစ္ခုခုစားလို႔ရေသးတယ္တဲ့..
အကိုက ရင္းႏွီးတဲ့ သူတို႔သုံးေယာက္ကိုပဲ ေခၚထုတ္သြားတာျဖစ္တယ္။
ဘာရယ္မဟုတ္ ဒါကိုလည္းဂုဏ္ယူမိရတာပဲ...
နည္းနည္းေလးအခြင့္ထူးရတယ္လို႔ ခံစားရတယ္။
ဆရာက သူတို႔ကို စက္ဘီးႏွစ္စီးငွားေပးလိုက္တယ္။
ရွင္းယီနဲ႕ သူက တစ္စီး...
အကိုနဲ႕ ခ်ိဳးဟြာက တစ္စီး...
ကတၱရာလမ္းက်ဥ္းေလးက အသြားအလာရွင္းေနတာပဲ...
"ဆရာေရွာင္း... ၿပိဳင္နင္းမလား... ရႈံးတဲ့သူေရခဲမုန႔္ ဝယ္ေကြၽးေၾကး.."
ရွင္းယီက အရင္စ စိန္ေခၚတယ္။
"နင္းတာေပါ့.. ၾကာသလားလို႔.."
အကိုကလည္း မေလ်ာ့ဘူးပဲ..
အားကစားေကာင္းေကာင္းလုပ္တဲ့ရွင္းယီက ပိုသန္တယ္။
စက္ဘီးကို အသဲအသန္နင္းနိုင္ေပမဲ့ မိန္းကေလးတစ္ေယာက္ကို ေပါ့ေပါ့ပါးပါးတင္နင္းရတဲ့အကို႔ထက္သာေအာင္ေတာ့ မေက်ာ္နိုင္ဘူး...
"ဆရာေရွာင္း.. ႀကိဳးစားထား.."
လ်န္ခ်ိဳးဟြာရဲ႕အားေပးသံက လမ္းတစ္ေလ်ာက္ပ်ံ့လြင့္ေနရဲ႕...
သူက ရွင္းယီေနာက္ကေန ရယ္ေမာလို႔လိုက္ပါလာတယ္။
ရွင္းယီအသက္ရႈသံက တစ္စတစ္စ ေမာဟိုက္လာတယ္..
"အမေလး... ေဟာဟဲ ...မရေတာ့ဘူး... ဆရာေရွာင္းက ... လ်န္ခ်ိဳးဟြာကို တင္ရတာ.. ကြၽန္ေတာ္က... ဒီဝက္ကို...တင္ရတာ... မရဘူး..."
"ဘာရယ္..."
အကိုက ထရယ္လာတယ္။
သူကေတာ့ မ်က္ႏွာရႈံ႕မဲ့သြားတယ္။
ဘာတဲ့..
"ေဟ့ေကာင္.. မင္းဘာေျပာတာ.."
"မင္းကိုေျပာတာေလ .. ဝက္ေပါက္.."
"ေသခ်င္လို႔လား... ငါက ဘယ္မွာဝက္လိုဝေနလို႔လဲ..."
"ေဟ့ေကာင္.. မင္းမနင္းနိုင္ရင္လည္း ၿငိမ္ၿငိမ္ထိုင္စမ္း.. လဲေတာ့မွာပဲ..."
"ဟဲ့ဟဲ့.."
လမ္းတစ္ေလ်ာက္ သူတို႔ေလးေယာက္ရဲ႕ရယ္သံေတြ လြင့္ပ်ံကုန္တယ္။
ဒီအခိုက္အတန႔္ဟာ သိပ္လွပတယ္လို႔ သူခံစားမိတယ္။
အေတြးေပါင္းစုံကိုေမ့သြားေလာက္ေအာင္ ေပ်ာ္႐ႊင္ေနမိတာပဲ...
ရယ္ေမာေနရင္း သူ႕အၾကည့္ေတြက လ်န္ခ်ိဳးဟြာဆီေရာက္သြားတယ္။
သူမလက္ေတြက အကို႔ခါးကို တိတိက်က် ဆုပ္တြယ္ထားတာပဲ...
သူမက သိပ္ကံေကာင္းတာပဲ...
ဒီအခိုက္အတန႔္ေလးကို လွပတဲ့အမွတ္တရအျဖစ္ပဲ သိမ္းထားခ်င္မိတယ္။
သူၿပဳံးလိုက္ၿပီး ေရွ႕ကိုၾကည့္လိုက္တယ္။
ဆက္ၿပီးရယ္ေမာရေအာင္လား...
ငါတို႔ ေဈးကိုေရာက္ေတာ့မွာလား...
.
.
မီးပုံက ထင္းေခ်ာင္းေတြက တစ္ဖ်စ္ဖ်စ္ေတာက္ေလာင္ေနတယ္။
မီးပုံပတ္ခ်ာလယ္မွာေတာ့ ေက်ာင္းသားေတြစုေဝးထိုင္ေနၾကတယ္။
ညစာစားၿပီးေတာ့ မိန္းကေလးေတြက သက္ဆိုင္ရာအေဆာင္ဆီျပန္ကုန္ၾကၿပီး သူတို႔ေယာက္်ားေလးအုပ္စုကလဲ အေဆာင္ေရွ႕မီးပုံဖိုရင္း ဝိုင္းဖြဲ႕ေနၾကတာျဖစ္တယ္။
ေႏြရာသီဆိုေပမဲ့ ဒီေဒသက ညဘက္မွာနည္းနည္းစိမ့္စိမ့္ေလးေအးတယ္။
Liú xīng yǔ (meteor rain) သီခ်င္းကို ခပ္တိုးတိုးသီဆိုေနၾကၿပီး သူက ရွင္းယီေဘးမွာ ၿငိမ္ၿငိမ္ေလးနားေထာင္ေနတယ္။
အကိုက သူ႕ရဲ႕မ်က္ႏွာခ်င္းဆိုင္ ေရွာင္ေဟြ႕တို႔အုပ္စုၾကားထဲမွာ တိတ္တိတ္ဆိတ္ဆိတ္ထိုင္လို႔ေနရဲ႕...
"ဂိန္းတစ္ခုေလာက္ ကစားၾကမလား"
သြက္သြက္လက္လက္ရွိတဲ့ လုမင္က စကားစတယ္။
"ဒီလိုခရီးထြက္တဲ့ညပိုင္းမွာ မျဖစ္မေနကစားသင့္တဲ့ ပင္တိုင္စံဂိန္းတစ္ခုရွိတယ္ေလ.."
အားလုံးက လုမင္ကိုပဲ စိတ္ဝင္တစားၾကည့္လာၾကတယ္။
"စိန္ေခၚမလား အမွန္ေျပာမလားဂိန္း...(True or Dare)"
အဲ့ဒီအခါ အားလုံး တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၾကၿပီး ရွင္းယီက ထေအာ္ေလရဲ႕...
"ဟ.. ရွက္စရာႀကီးေတြေမးရင္ ဘယ္လိုလုပ္မလဲ...."
"မေျဖနဲ႕ေလ... ငါတို႔ခိုင္းတာတစ္ခုခုကိုလုပ္ျပရမွာ.."
"မလုပ္နိုင္ရင္ေရာ..."
"လုပ္ကိုလုပ္ရမွာ.."
"အားလုံးေယာက်ာ္းေတြပဲ ဘာျဖစ္လဲ.."
"ခက္တာေတြမေမးနဲ႕ ခက္တာေတြမခိုင္းၾကပါနဲ႕.."
တကယ့္ကို တစ္ေယာက္တစ္ေပါက္နဲ႕ ဆူညံေနတာပဲ...
သူ႕အၾကည့္ေတြ အကို႔ဆီေရာက္သြားတယ္။
ထုံးစံအတိုင္း ခပ္ၿပဳံးၿပဳံးလုပ္ေနျပန္တာပဲ...
ဒီတစ္ႀကိမ္ အၿပဳံးကေတာ့ တစ္မ်ိဳးေလး...
ရွက္တာလိုလို မရဲတာလိုလို...
"ကဲ စမယ္ေနာ္.."
ေရွာင္ေဟြ႕က စားပြဲေသးတစ္လုံးကို အားလုံးရဲ႕အလယ္မွာခ်လိဳက္ၿပီး သစ္ကိုင္းေျခာက္ကို စားပြဲေပၚတင္လိုက္တယ္။
"ဒီသစ္ကိုင္းကိုလွည့္မယ္.. သစ္ကိုင္းရပ္သြားၿပီးဦးတည္ရာက လူက စၿပီး နာပါတ္စဥ္ေတြေအာ္ရမယ္။ တစ္ဆိုရင္ တစ္ခါေအာ္ ႏွစ္ဆိုရင္ ႏွစ္ခါေအာ္။ ဥပမာ ပထမဆုံးတစ္ေယာက္က နာပါတ္တစ္ျဖစ္မယ္.. တစ္ ဆိုၿပီးတစ္ခါပဲေအာ္.. ဒုတိယတစ္ေယာက္က ႏွစ္ျဖစ္တဲ့အတြက္ ႏွစ္ႏွစ္ ဆိုၿပီး ႏွစ္ခါေအာ္..အဲ့အတိုင္းပဲ သုံးေယာက္ေျမာက္က သုံးသုံးသုံး လို႔ နာပါတ္စဥ္အတိုင္း အႀကိမ္ေရေအာ္ရမယ္။ တစ္ဆယ္အထိသြားမယ္။ မွားတဲ့သူက True or dare ကို ေျဖေပးရမယ္"
"သေဘာတူလား.."
"မေဆာ့ပဲ ထြက္လို႔မရဘူးလား..."
ေမးလာသူက အကို...
အားလုံးက မရဘူးဆိုတဲ့ ျငင္းဆိုခ်က္ေအာက္မွာ မျဖစ္မေနဂိန္းထဲဝင္ပါရမဲ့အေျခအေနျဖစ္သြားတယ္။
"စၿပီ.."
သစ္ကိုင္းက စတင္လွည့္သြားတယ္..
တစ္ပါတ္..ႏွစ္ပါတ္.. သုံးပါတ္...
ရွင္းယီေဘးကတစ္ေယာက္ဆီကိုဦးတည္လို႔ရပ္တန့္သြားတယ္။
"တစ္"
"ႏွစ္ႏွစ္"
သူ႕အလွည့္..
"သုံး သုံး သုံး.."
ေက်ာ္သြားၿပီ...
ငါးေယာက္ေျမာက္မွာ ထစ္ၿပီးအႀကိမ္ေရမျပည့္တာမို႔ ရႈံးသြားတယ္...
ေမးခြန္းေတြက ႐ူးခ်င္စရာပဲ...
တစ္ပြဲၿပီးတစ္ပြဲ.. တစ္ေယာက္ၿပီးတစ္ေယာက္...
တစ္ဝိုင္းလုံး ပြက္ပြက္ညံေနတာပဲ...
သူေရာ အကိုေရာ အခုထိလြတ္ေနတုန္းပဲ..
"ခုႏွစ္ ခုႏွစ္ ခုႏွစ္ ခုႏွစ္ ခုႏွစ္ ခုႏွစ္ ရွစ္... အား.."
မွားသြားသူက ရွင္းယီ..
"မင္း... ြင္းထုတက္ၿပီလား.."
"ဘာ.."
ရယ္သံေတြ ထြက္အံက်လာကုန္တယ္။
သူရွင္းယီကို အျမန္လွည့္ၾကည့္လိုက္မိတယ္။
ညမီးပုံအလင္းေရာင္ေအာက္မွာေတာင္မ်က္ႏွာေတြနီရဲလာတာမ်ား အထင္အရွား..
"ေျဖမွာလား စိန္ေခၚမွာလား"
ေမးတာေတြက တကယ့္ကို႐ူးခ်င္စရာေတြ..
သူထၿပီးထြက္ေျပးခ်င္လာတယ္။
အကို႔အလွည့္က်ရင္ေရာ ရွက္စရာေတြေမးရင္ဘယ္လိုလုပ္မလဲ...
"အကုန္လုံးက ေယာက္်ားေတြပဲ ေဟ့ေကာင္ ရွက္မေနနဲ႕.."
"ေအး တက္တယ္ကြာ ထုတက္တယ္ ရပလား"
အကိုကေရာ ရွက္စရာေတြျပန္ေျဖရင္ ဘယ္လိုလုပ္မလဲ...
သူ မ်က္ႏွာေတြပူတက္လာတယ္။
"ဟားဟားဟား.. ဒါေပါ့.. ဒီမွာ ဒါကိုမတက္တဲ့သူဘယ္သူရွိလို႔လဲ.."
သူ အကို႔ကို မသိမသာၾကည့္လိုက္မိတယ္။
အကိုက ႏုတ္ခမ္းေရွ႕ကိုလက္နဲ႕ကြယ္လို႔ ရယ္ေနရဲ႕..
အကိုလည္း အဲ့လိုပဲလား..
အကိုလည္း အဲ့တာကို လုပ္သလား...
"မွန္းစမ္း.. ဘယ္သူ႕ကိုမွန္းၿပီးလုပ္တာလဲ"
"ဒါေတာ့ေျဖစရာလား... ေနာက္တစ္ေယာက္စ.."
တစ္ေယာက္ေယာက္ကိုမွန္းတာတဲ့လား...
အကိုရဲ႕ လက္နဲ႕ကြယ္ထားတဲ့မ်က္ႏွာဆီက မ်က္လုံးအစုံက ႐ုပ္တရက္ သူ႕ဆီေရာက္လာတယ္။
"....."
အမွတ္တမဲ့ၾကည့္တာမ်ိဳးမဟုတ္ပဲ စိုက္ၾကည့္တာမ်ိဳး...
သူ႕မ်က္ႏွာေတြပူထူလာၿပီး မ်က္ႏွာလြဲလိုက္မိတယ္။
ဘာပါလိမ့္... ဒီအၾကည့္က ဘယ္လိုႀကီးလဲ...
နာပါတ္စဥ္ေအာ္သံေတြ ျပန္ၿပီးထြက္ေပၚလာတယ္။
"တစ္"
"ႏွစ္ႏွစ္"
"သုံးသုံးသုံး.."
"ေလး ေလး ေလး ေလး"
ေနာက္တစ္ႀကိမ္မွာလည္း သူ႕အလွည့္ကိုေက်ာ္သြားျပန္တာပဲ..
"ေဟးး ဆရာေရွာင္းဟ"
အကိုက နာပါတ္စဥ္ေျခာက္မွာ ခုႏွစ္ႀကိမ္ေအာ္မိလိုက္တာျဖစ္တယ္။
သူ႕ရင္ေတြ တစ္ဒိတ္ဒိတ္တုန္လာတယ္။
ေျဖရမွာ သူလည္းမဟုတ္ပါပဲနဲ႕....
"နာပါတ္ပိုေအာ္လိုက္တဲ့အတြက္ ေမးခြန္းႏွစ္ခုေမးပါမယ္"
"ဆိုင္လို႔လား.. ဒီစည္းကမ္းရွိလို႔လား.."
"အခုပဲသတ္မွတ္လိုက္တဲ့စည္းကမ္းပါ.... ေျဖရပါတယ္"
အကို ရွက္ကိုးရွက္ကန္းျဖစ္ေနတယ္။
ၿပဳံးစစနဲ႕ မ်က္ခုံးေတြတက္လိုက္က်လိဳက္ျဖစ္ေနတယ္။
သူ လက္ဖ်ားေတြေတာင္ေအးစက္လာသလိုပဲ..
"ဆရာေရွာင္း... ခ်စ္သူရွိပါသလား.."
"...."
ဝိုင္းတစ္ခုလုံး တိတ္ဆိတ္သြားတယ္။
အားလုံးက အကို႔အေျဖကိုစိတ္ဝင္စားေနၾကရဲ႕..
သူပါ အပါအဝင္...
"မရွိပါဘူး.."
"ဟာ.."
"မျဖစ္နိုင္တာ.."
သူ တံေတြးၿမိဳခ်မိတယ္။
ဘာလို႔ဒီေလာက္ေတာင္စိတ္လႈပ္ရွားေနရတာလဲ..
"ဒါဆို ခ်စ္ေနတဲ့သူေရာ ရွိေနလား.."
ထပ္ၿပီး တိတ္သြားျပန္တယ္။
တစ္စကၠန့္ ႏွစ္စကၠန့္.. သုံးစကၠန့္....
အကို တိတ္ဆိတ္ေနတုန္းပဲ...
ေျဖရခက္တယ္ထင္တယ္။ ဘာလို႔လဲ...
"ဒါဆို စိန္ေခၚမလား ဆရာေရွာင္း.."
"ရွိပါတယ္.."
"....."
ပတ္ဝန္းက်င္တစ္ခုလုံး ဝိုးကနဲ ဝါးကနဲ ညံစီသြားတယ္...
"ဘယ္သူႀကီးလဲ ဆရာေရွာင္း.."
"ေမးခြန္းျပည့္ၿပီဟ.. ထပ္စရေတာ့မွာ.."
အကိုက ... ခ်စ္ေနတဲ့သူ ရွိေနတာလား...
ဒါေၾကာင့္ သူ႕အေပၚ ဒီေလာက္ျငင္းဆန္ေနတာလား...
ဘယ္သူမ်ားလဲ အကိုခ်စ္ေနတဲ့သူက...
သိခ်င္လိုက္တာ...
သူအားငယ္စြာ လွမ္းၾကည့္ေနမိတယ္။
"....."
တိုက္ဆိုင္စြာ အကိုက သူ႕ကိုၾကည့္လာရဲ႕....
ဘာလို႔လဲ... ဘာလို႔ ခ်စ္တဲ့သူရွိေနရတာလဲ...
------------------------------------
ဝမ္ရိေပၚေလးက ဒီလိုခ်စ္စရာေလးမို႔ ဝက္ေပါက္လို႔ေခၚလိုက္တာပါ.
ဝေနလို႔မဟုတ္ဘူးေနာ္
ရွင္းယီကလည္း ဝမ္ရိေပၚကို ခ်စ္စရာေကာင္းတယ္လို႔ျမင္ပါတယ္။
------------------------