အချစ်ဦး (bl)
part (8)
----------------
စာမေးပွဲနီးမှ လက်ဒဏ်ရာရသွားသောထူးဝေကြောင့် တီစိုးမှာ ပြာယာခတ်နေရတော့သည်
"ဘယ်လိုဖြစ်ရတာလဲဟယ် ကိုယ့်ကိုယ်ကိုယ်များဒီလောက်အထိဖြစ်အောင်ထိုးပစ်ရသလား
နင့်အဖေနဲ့ အမေသာ သိလို့ကတော့လွယ်မှာမဟုတ်ဘူး ငါတော့သေချင်တာပါပဲ သားဝေရယ်"
တီစိုးက ငိုသံပါကြီးနဲ့ ပြောနေပေမယ့် တကယ်ငိုနေတာက ညီစေပဲဖြစ်သည်
နေ့လည်ကျောင်းဆင်းချိန်မှာ ရထားတဲ့ဒဏ်ရာကြောင့် ညနေပိုင်းတစ်ချိန်လုံးလည်း ထူးဝေ စာမရေးနိုင်ခဲ့
ကျောင်းကပြန်ရောက်သည်နှင့် ဆေးခန်းသွားပြတော့
ကျန်တဲ့လက်ချောင်းတွေက ဖူးယောင်ပေါက်ပြဲရုံသာရှိပေမယ့် လက်ခလယ်အဆစ်ကတော့အက်သွားခဲ့ရသည်
ဆေးခန်းမှာအတူရှိကတည်းက ကျနေတဲ့မျက်ရည်က အိမ်ရောက်တဲ့အထိလည်းမတိတ်နိုင်သေးဘဲ
တီစိုးပြောကာမှ ပိုဆိုးနေပြန်တာကြောင့်
တောက်လျှောက် ငိုနေသည့် ညီစေကို ထူးဝေ မကြည့်ရက်နိုင်တော့
"တစ်လလောက်ဆို ပြန်ကောင်းမယ်လို့ ပြောလိုက်သားပဲ ဘာလို့ အဲ့လောက်အထိ စိတ်ပူနေကြတာလဲ စာမေးပွဲက သုံးလတောင် လိုသေးတာပဲ
ကျွန်တော် စာမေးပွဲဖြေလို့ရပါတယ်"
တီစိုးကို ပေါ့ပေါ့ပါးပါးပြန်ပြောလိုက်ပေမယ့်
"ဒီကြားထဲ စာဘယ်လိုရေးမှာလဲ စာရေးတဲ့ကိစ္စကထားလိုက်ပါအုံး
အခုလောက်ထိ လုပ်ရတဲ့အကြောင်းကိုတော့ တီလေးကိုပြောပြမှဖြစ်မယ်နော် သားဝေ
နင် ရီးစားထားနေတာလား
သမီးရီးစားကိစ္စကြောင့် ဒီလိုတွေဖြစ်နေရတာဆိုရင် တီလေးသားကို လွှတ်မထားနိုင်ဘူး"
ရပ်ဝေးမှာတာဝန်ကျနေသော အစိုးရဝန်ထမ်းတွေဖြစ်သည့် မိဘနှစ်ပါးထက်ပင် အနီးကပ်နေကာ ပြုစုစောင့်ရှောက်လာခဲ့သည့် တီစိုးက ပိုပြီးတာဝန်ရှိနေရသလို
ပိုစိတ်ပူနေတာကိုလည်း သိနေသည့် ထူးဝေမှာ ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိဖြစ်နေဆဲမှာပဲ
"ဘာလဲ ကိုဝေကို မမစိမ့်က ပြန်မကြိုက်လို့ အဲ့လိုလုပ်တာလား
ဒါဆိုရင်တော့ ညီစေအတွက် အခွင့်အရေးပဲပေါ့"
အလိုက်ကန်းဆိုးမသိ ထပြောလိုက်သော ထူးငယ်စကားကြောင့် တီစိုးမှာ မျက်လုံးများပြူးကျယ်သွားရကာ ပါးစပ်အဟောင်းသားဖြစ်တဲ့အထိ အံ့သြနေမိပြီးမှ
"နေပါအုံး..နေပါအုံး..အဲ့ဒါဆို အခုဖြစ်တဲ့ပြဿနာက သားဝေနဲ့ ညီစေက မိန်းကလေးတစ်ယောက်တည်းကို အပြိုင်လိုက်ရင်း ဖြစ်ကြတာပေါ့ ဟုတ်လား"
နားမလည်သလို မေးလာသော တီစိုးကြောင့် ထူးဝေ လည်း ပါးစပ်ဖွာလွန်းသော ထူးငယ်ကို မျက်လုံးပြူးအံကြိတ်ပြလိုက်ပြီးမှ
"မဟုတ်ပါဘူး တီလေးရာ အဲ့ဒီ့အငယ်လေးက သူစိတ်ထင်ရာလျှောက်ပြောနေတာပါ
အဲ့လိုသာ အပြိုင်လိုက်နေကြရင် ညီစေ အခုလိုငိုနေပါ့မလား ဝမ်းသာနေမှာပေါ့
သားလည်း မိန်းကလေးတစ်ယောက်ကြောင့် ကိုယ့်ကိုယ်ကိုယ်ထိခိုက်တဲ့အထိ လုပ်ရလောက်အောင် မရူးမိုက်ပါဘူး
အခုက အခန့်မသင့်လို့ဖြစ်သွားရတာပါ"
မျက်ရည်မခြောက်နိုင်သေးတဲ့ ညီစေဘက်ကို မေးငေါ့ပြကာ အကြောင်းပြချက်ပေးမိရင်း
အသေးစိတ်မဟုတ်ပေမယ့်လည်း တီလေး ထင်နေသလို ကိစ္စမျိုးမဟုတ်တာကို ထူးဝေ ရှင်းပြလိုက်မှ
"အေးပါ ငါထင်သားပဲ ညီစေက ခုထိ ကလေးစိတ်တောင် မကုန်သေးတာကို
အငယ်လေးနော် ကိုယ့်သူငယ်ချင်းကို မဟုတ်တာတွေ လမ်းကြောင်းပြမနေနဲ့"
ကိုယ့်တူနှစ်ယောက်ထက်ပင် ညီစေကို ပိုယုံနေသေးသည့် တီလေးကို ထူးငယ်လည်း ဘာမှဆက်မပြောတော့ဘဲ မဲ့ပြပြီး အခန်းထဲက ထွက်သွားမှ
"သားဝေလည်း ဘာကြောင့်ပဲ လုပ်ခဲ့တာဖြစ်ဖြစ် နောက်ကို ဒီလိုကြမ်းတမ်းတဲ့အပြုအမူမျိုးထပ်မလုပ်ဖို့ တီလေးကို ကတိပေးရမယ်
ပြီးတော့ ရီးစားထားချင်ရင်တောင် ဆယ်တန်းအောင်ပြီးမှထား
အခုတော့ စာကိုပဲ အာရုံစိုက်ထား
တီလေးက သားကိုချုပ်ချယ်ချင်တာမဟုတ်ဘူးနော်
စာမေးပွဲနီးမှ အာရုံလွင့်ပြီး တစ်နှစ်လုံးကြိုးစားထားသမျှ အရာမထင်ဖြစ်မှာစိုးတာ
နောက်မှနောင်တရပြီး ပြန်ပြင်ချင်လာမယ့်အမှားမျိုးကို အစကတည်း မလုပ်မိတာပိုကောင်းမယ်"
တီလေးရဲ့ စေတနာစကားတွေကို နားလည်နေသည့် ထူးဝေမှာ တလေးတစား ခေါင်းညိတ်ပြလိုက်ရင်း
"နောက်ထပ်မဖြစ်စေရပါဘူး တီလေး
ကျွန်တော် ရီးစားလည်း မထားပါဘူး စိတ်ချပါ"
ခိုင်ခိုင်မာမာပြောလာသော ထူးဝေကို တီလေးကလည်းယုံကြည်မှုပေးလိုက်ပုံမျိုးနဲ့
"တီလေး သားဝေကို ယုံပါတယ် အခုတော့ ဒဏ်ရာရထားတဲ့လက်ကို ထပ်မခိုက်မိအောင် သေချာဂရုစိုက် ရေလုံးဝစိုလို့မရတာ သိတယ်မဟုတ်လား"
"ဟုတ်ကဲ့ သိပါတယ် တီလေး"
ထူးဝေပြန်ဖြေလိုက်မှ စိတ်ချသွားပုံမျိုးနဲ့ တီလေးက အခန်းထဲမှ ထွက်သွားတော့သည်
သူ့စာကြည့်စားပွဲကခုံမှာ ထိုင်နေသည့်ညီစေကို လှည့်ကြည့်လိုက်တော့
အသက်ပင်ရှိရဲ့လားထင်ရလောက်အောင် စကားတစ်လုံးမှဝင်ပြောခဲ့ခြင်းမရှိသည့်ညီစေက မျက်ရည်စိုတဲ့ မျက်တောင်ဖျားလေးတွေစင်းကျနေကာ ထူးဝေကိုလည်း မကြည့်တာကြောင့်
"ဘာတွေအဲ့လောက်ထိ တွေးနေပြန်တာလဲ"
ထူးဝေ မေးလိုက်မှ မျက်လုံးလှန်ကြည့်လာပြီး
"ကျွန်တော်သာ စိတ်ထင်တိုင်းလျှောက်မလုပ်ရင်
ကိုဝေ ဒီလိုဖြစ်မှာမဟုတ်ဘူး"
နောင်တရနေသလို အသံဖျော့ဖျော့လေးနဲ့ပြန်ဖြေလာတော့
"ငါကိုယ်တိုင် ထိန်းချုပ်ဖို့ လိုခဲ့တာပါ
လျှောက်တွေးမနေဘဲ ဒီမှာလာထိုင်"
သူ့ဘေးကနေရာကို ပုတ်ပြပြီးထူးဝေပြောလိုက်တော့လည်း ဘာစောဒကမှထပ်မတော့ဘဲ ငြိမ်ငြိမ်လေး လာထိုင်နေပြန်တဲ့ ညီစေကို
"မျက်ခွံတွေမို့နေပြီ ဘာလို့ အဲ့လောက်ငိုနေရတာလဲ
ပြောတော့ ကလေးမဟုတ်ဘူးဆို"
စိတ်ပေါ့ပါးသွားအောင် စနောက်သလို ပြောလိုက်ပေမယ့်
"ကိုဝေ တစ်ခုခုဖြစ်သွားရင် ကျွန်တော်ရူးမယ်ထင်တယ်"
ပြုံးရယ်ခြင်းမရှိဘဲ စိတ်ထိခိုက်နေတဲ့အသံလေးနဲ့သာ ပြောလာပြန်တာကြောင့်
ထူးဝေ ကောင်းတဲ့လက်တစ်ဖက်နဲ့ ညီစေရဲ့ လက်ဖျားလေးကို ဆုပ်ကိုင်ထားလိုက်ပြီး
"ငါဘာမှ မဖြစ်ပါဘူး လျှောက်တွေးမနေနဲ့တော့နော်
မင်းပုံစံအတိုင်း ပေါ့ပေါ့ပါးပါးလေးပဲနေပါ
ငါ့လက်ကဒဏ်ရာထက် မင်းဒီလိုဖြစ်နေတာက ငါ့အတွက် ပိုနာကျင်ရတယ်
ငါ့ရဲ့အဆင်ခြင်မဲ့လုပ်ရပ်ကြောင့် မင်းစိတ်ထိခိုက်နေရတာ မမြင်ချင်လို့ပါ"
လက်ဖျားကနွေးထွေးတဲ့ အထိအတွေ့ရယ်
တိုးတိတ်ညင်သာစွာပြောလာတဲ့ တောင်းဆိုစကားတွေရယ်က ညီစေနှလုံးသားကို မတည်မငြိမ်ဖြစ်လာစေတဲ့အထိ
အစ်ကိုထူးဝေကြောင့် ခံစားဖြစ်တည်လာတဲ့ ဒီခံစားချက်တွေကိုတော့ ညီစေ မြတ်နိုးရသည်မို့
"ကိုဝေ မမစိမ့်ကို တကယ်ကြိုက်တာလားဟင်"
အဆုံးရှုံးမခံချင်စွာ မေးလိုက်မိတဲ့အခါ
"အခုထိ ငါ့ခံစားချက်တွေကို မင်းနားမလည်သေးဘူးလား ညီစေ"
အားမလိုအားမရမေးလာတဲ့ မေးခွန်းထက် အတည်ပြုစကားကိုသာ ကြားချင်နေမိသည့် ညီစေကတော့
"ကျွန်တော်သေချာချင်တယ် ကိုဝေ
ကျွန်တော်ခံစားချက်ကို သေချာသိနေသလို
ကိုဝေ့ခံစားချက်ကိုလည်း ကျွန်တော်သေချာသိချင်တယ်"
တစ်ခုခုကို ဆုံးဖြတ်ထားပြီးသလို ပြောလာသော ညီစေ စကားတို့ကြောင့် ထူးဝေ သက်ပြင်းသာ ချလိုက်မိရင်း
"ငါတို့ခံစားချက်တွေက လူ့အသိုင်းအဝန်းနဲ့ သဟဇာတမဖြစ်နိုင်တာ မင်းသိတယ်မဟုတ်လား"
အရာရာကိုစဉ်းစားချင့်ချိန်ပြီးပြောလိုက်မိပေမယ့်
"ကိုဝေ ဘာတွေကြောက်နေတာလဲ
ခံစားချက်ဆိုတာ လူတစ်ယောက်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ပဲ
ကျွန်တော်တို့ကိုယ်တိုင်တောင် ထိန်းချုပ်လို့မရတဲ့အရာကို တခြားသူတွေအမြင်ကြောင့် မြိုသိပ်ထားနိုင်မယ်ထင်လား
ကျွန်တော်တော့ ဂရုမစိုက်ဘူး"
ပြတ်သားစွာပြောလာတဲ့ ညီစေကို ထူးဝေ အံ့အားသင့်နေမိတာကတော့အမှန်ပင်
သူဟာ ညီစေထက်အရင် ကိုယ့်ခံစားချက်ကို ဆန်းစစ်နိုင်ခဲ့ပေမယ့်
ညီစေလိုတော့ သတ္တိမရှိခဲ့ဘဲ သရဲဘောကြောင်ခဲ့မိသည်
ဒါကြောင့်လည်း မိစိမ့်ကို အကြောင်းပြချက်ရှာကာ ပက်သက်ခဲ့မိသည်ပဲ
"ကျွန်တော် ကိုဝေ့ကိုချစ်တာ အစ်ကိုတစ်ယောက်လိုမဟုတ်ဘူး
အဲ့ဒါကိုသေချာသိနေမှတော့ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ပြီး ဆက်လိမ်နေစရာ အကြောင်းမရှိဘူး
ကိုဝေပဲပြောပါ
ကျွန်တော့်ကို ဂရုစိုက်နေတာတွေက ညီတစ်ယောက်လိုမျိုးလား
ဒါမှမဟုတ် အဲ့ဒီ့ထက်ပိုလားဆိုတာကို"
ရှောင်လွှဲမရအောင် တည့်တိုးဆန်လှသည့် ညီစေစကားတွေက ထူးဝေကို ဖြေရခက်သွားစေသည်
ညီစေမေးခွန်းအတွက် သူ့ဆီမှာ အဖြေအဆင်သင့်ရှိနေခဲ့ပေမယ့်
သူကတော့ ညီစေလို ကလေးဆန်ဆန်မိုက်မဲလိုက်လို့မရ
သူ့စိတ်ထဲရှိတိုင်းပြောလိုက်မိရင် ဖြစ်လာမယ့်အကျိုးဆက်တွေက
သူတို့နှစ်ယောက်ရဲ့အနာဂတ်ကို ပိုပြီးခက်ခဲစေနိုင်တာကို သိနေတော့လည်း
"ငါ မိစိမ့်ပေါ်မှာ သူငယ်ချင်းထက်မပိုပါဘူး
ဒါပေမယ့် ညီစေ
မင်းအခု အရမ်းငယ်သေးတယ်လေ
ငါကိုယ်တိုင်လည်း ဘဝအတွက်
ဘာမှအဆင်သင့်မဖြစ်သေးဘူး
အချိန်တစ်ခုကို စောင့်ချင်ရုံပါ
ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ
ငါတို့နှစ်ယောက်အတွက် အကောင်းဆုံး အဆုံးသတ်ကို ဖန်တီးနိုင်မယ့်အချိန်ကိုလေ
မင်း စောင့်ပေးနိုင်မလား"
လေးလေးနက်နက်တောင်းဆိုလာတဲ့ အစ်ကိုထူးဝေစကားတွေကို ညီစေနားလည်နိုင်ပေမယ့်
ညီစေ ဆိုသည်ကလည်း သူ့ဗီဇအတိုင်း ဘယ်တော့မှမပြောင်းလဲတတ်သူပဲမို့
"ကောင်းပြီလေ
ကိုဝေအဆင်သင့်ဖြစ်တဲ့အထိစောင့်ပေးမယ်
ကျွန်တော်ကတော့ အဆင်သင့်ဖြစ်နေပြီးသားဆိုတော့
ကျွန်တော့်စိတ်တိုင်းကျနေမယ်"
ပြောပြောဆိုဆို ဒဏ်ရာရထားတဲ့ ထူးဝေရဲ့လက်ကို ယူပြီး ပတ်တီးပေါ်ကို နှုတ်ခမ်းနဲ့ဖိကပ်နမ်းလိုက်တဲ့ ညီစေကြောင့်
"မင်း"
ရှက်သည်လား ကျေနပ်မိသည်လားမကွဲပြားတဲ့ ခံစားချက်နဲ့ ခပ်ကြိတ်ကြိတ်ကြိမ်းလိုက်မိပေမယ့် ကိုယ့်မျက်နှာပေါ်က အပြုံးကိုလည်း မဖုံးကွယ်နိုင်ခဲ့ဘဲ
ဒီကလေးကြောင့် သူ့စည်းတွေက ခိုင်ပါ့မလားဆိုတာကိုတော့ သူကိုယ်တိုင်လည်း မဝေခွဲနိုင်တဲ့အဖြစ်
-----------------
"အငယ်လေး သားဝေ ရေချိုးဖို့သွားကူပေးလိုက်အုံး ပတ်တီးတွေရေမစိုစေနဲ့နော်"
အခန်းပြင်က လှမ်းပြောလာသော တီစိုးကြောင့် ထူးငယ်မျက်နှာရှုံ့တွသွားတာမြင်လိုက်ရသည်နှင့်
အခွင့်အရေးကို လက်လွတ်မခံတတ်တဲ့ ညီစေက
"ငါသွားလိုက်မယ် မင်း ဆက်တွက်ထား"
ထူးငယ်ကို သခ်ျာဆက်တွက်ထားဖို့မှာပြီး သူကိုယ်တိုင်ကတော့ လှစ်ခနဲထွက်သွားလိုက်တာ
"ကိုဝေက ရေချိုးတာကြာတယ်နော် မင်းစိတ်ရှည်မှာမဟုတ်ဘူး"
နောက်က လှမ်းအော်လိုက်တဲ့ ထူးငယ်အသံကိုတောင် မကြားနိုင်တော့ဘဲ
ကြားခဲ့ရင်တောင် ပိုသဘောကျနေမှာလားဆိုတာ မပြောတတ်
------------------
"ကျွန်တော်ကူပေးမယ်"
လက်တစ်ဖက်တည်းနဲ့ အက်ျီချွတ်နေသည့် ထူးဝေနားကိုရောက်လာပြီးပြောလိုက်သော ညီစေကြောင့်
သူ့ဟာနဲ့သူ အဆင်ပြေပြေကျွတ်ခါနီးအက်ျီကို ထူးဝေ ပြန်ဆွဲချလိုက်မိရင်း
"မင်း ဘာလာလုပ်တာလဲ"
"တီစိုးက ကိုဝေ ရေချိုးဖို့ ကူပေးလိုက်တဲ့"
ပြန်ဖြေရင်း သူ့အက်ျီကို ဆွဲလှန်ချွတ်ဖို့လုပ်လာတဲ့ ညီစေကို
"မလိုပါဘူး ရတယ်
ငါ့ဖာသာ ချိုးလို့ရတယ်"
အက်ျီစကို ပြန်ဖိထားပြန်တဲ့ အစ်ကိုထူးဝေကို ညီစေသဘောကျနေမိရင်း
"ဘာလဲ ရှက်နေတာလား
ယောက်ျားချင်းပဲလေ
ဘာရှက်စရာရှိလို့လဲ
မမြင်ဖူးတာလဲ မဟုတ်ဘဲနဲ့"
လက်ကလည်း အငြိမ်မနေဘဲ အက်ျီကို ဆတ်ခနဲဆွဲလှန်ပြီးပြောလိုက်တဲ့ ညီစေကြောင့်
ထူးဝေ ကျဉ်းထဲကျပ်ထဲရောက်သွားရပြီး
"မင်းအကြောင်းငါသိတယ်နော် ညီစေ
လာရှုပ်မနေနဲ့ ရေချိုးရမယ် ဖယ်"
ရှောင်လာရင် ပိုရှေ့တိုးတတ်တဲ့ ညီစေစိတ်ကိုသိနေပေမယ့်
ဒီလက်ရဲဇက်ရဲလေးနားမှာသာ ဆက်နေရင် မလွယ်နိုင်မှန်းသိနေသည့် ထူးဝေက ရှောင်ထွက်လိုက်တော့
"ကျွန်တော်အကြောင်းသိတယ်ပေါ့"
သူ့ရှေ့ကပိတ်ရပ်ပြီး မျက်နှာနားကပ်ကာပြောလိုက်သော ညီစေကြောင့် ခြေလှမ်းကိုလည်း ဆက်လှမ်းလို့မရတော့ဘဲ
"ကျွန်တော် ဘာဖြစ်ချင်လဲဆိုတာ
သေချာသိလို့လား"
သူ့လည်ပင်းကို လက်နှစ်ဖက်နဲ့ သိုင်းဖက်လာကာ မျက်လုံးတွေကိုတည့်တည့်စိုက်ကြည့်ပြီး မေးလာသော ညီစေကြောင့်
ထူးဝေ မျက်နှာလွှဲလိုက်ရပြီး
"တောင်းပန်တယ် ရေချိုးရအောင်"
သက်မမောကြီးနဲ့ ပြောလိုက်မှ
"လိမ္မာတယ် အဲ့လိုမှပေါ့
လက်မြှောက်ထား အက်ျီချွတ်ပေးမယ်"
ကျေနပ်စွာ ပြန်ပြောပြီး သူ့စိတ်တိုင်းကျလုပ်ခိုင်းနေသည့် ဒီကလေးကို ထူးဝေ လက်လျှော့လိုက်ရပြီပဲ
ဆင်ခြင်ဖို့ကြိုးစားလေ ပိုနီးကပ်လာလေ ဖြစ်နေတဲ့ အခြေအနေတွေကိုပဲ အပြစ်ဖို့ရမလား
စိတ်တိုင်းကျနေမယ်လို့ ကြွေးကြော်ထားတဲ့အတိုင်း ဘာကိုမှအတွေးအတောမရှိဘဲ ထင်ရာလုပ်နေသည့် ညီစေကိုပဲအပြစ်တင်ရမှာလား မကွဲပြားပေမယ့်
အခုကတော့ ညီစေ သဘောကျသာ
ချောင်းဆိုးချင်စိတ်ရယ်
ချစ်နေတဲ့စိတ်ရယ်ကို
အောင့်ထားလို့မရဘူးတဲ့
အောင့်ထားလို့ရခဲ့ရင်တောင်
ငုံဆေးပြားလေး ငုံထားတဲ့အချိန်နဲ့
ချစ်ရသူက ပြန်မချစ်တဲ့အခြေနေမှာပဲ
ဖြစ်နိုင်လိမ့်မယ်
------------------------
ဘလော့ဖ်(blove)
22.7.23/6:15pm
to part 9