General Xiao Is Ruining Me

By Unika66

98.2K 5.8K 178

Zhanyi(ZSWW) S D - 6.7.2023 ED - 28.8.2023 More

Intro
Part-1
Part-2(Z)
Part-2(U)
🚨Noti🚨
Part-3(Z)
Part-3 (U)
Part-4
Part-5
Birthday Plan
Part 6
Part 7
Special
Part 8
Part-9
Part-10
Part 11
5.8.2023
Part-12
MY.New.Fic!!!
Part 13
Part-14
Part-15
Part-16
Noti
Part 17
Part 19
MY Acc
Final

Part-18

3K 218 9
By Unika66

Uni

"ဘယ်မှာလဲ"

"ဟိုမှာပါဗိုလ်ချုပ်"

အခန်းထောင်မှာထိုင်နေတဲ့ ကောင်လေးနှစ်ယောက်ကိုတွေ့တော့
ရှောင်ကျန့်ရဲ့ ဒေါသသည် တဖန်ထိုးထွက်လာ၏

ရှောင်ကျန့်သည်သူ့စစ်ယူနီဖောင်းကလက်ကြယ်သီများကိုဖြုတ်လျှက် ထိုကောင်လေး၂ယောက်ထံသို့ အမြန်လျှောက်သွားလိုက်ကာ
သူခြေထောက်ရှည်များဖြင့် ထို​ကောင်​လေးနှစ်​ယောက်ကို ကန်လိုက်၏

"အ!...."

နှစ်ယောက်ထဲကတစ်ယောက်ထံမှာနာကျင်စွာအော်ဟစ်သံထွက်လာ​သောခါ ရှောင်းကျန့်သည် မျက်​မှောင်ကြုတ်ရင်း ထိုတစ်ယောက်၏ ကော်လံကိုဆွဲမလိုက်၏

"နာတယ်!ခြေထောက်လေးနဲ့ကန်လိုက်တာကိုဒီ​လောက်နာ​နေတယ်ဆိုရင် ငါ့အမျိုးသားနေရာကိုဝင်ကြည့်စမ်းပါ
သေနတ် နဲ့ သေနတ် အပစ်ခံခဲ့ရတာကွ"

ရှောင်ကျန့်သည်ထိုကောင်လေးကို ၃ ချက်လောက်ဆင့်ထိုးပြီး​မေးခွန်းတစ်ခုကို​မေးလိုက်သည်

"ပြော....မင်းတို့ကိုဘယ်သူခိုင်းတာလဲ"

ရှောင်ကျန့်သည် စစ်သားအချို့နဲ့သူ့အမျိုးသားလေးကို
လုပ်ကြံသူများစစ်မေးလျှက်ရှိသည်

လုပ်ကြံသူများ၏ မျက်နှာသည် ဗိုလ်ချုပ်ရှောင်ကျန့်ငယ်သားများ
ရိုက်ချက်ကြောင့် လူရုပ်တောင်မထွက်တော့ချေ

ဘယ်လောက်စစ်မေးမေး ပြန်ဖြေလာခြင်းမရှိတာမို့လို့
ဒုဗိုလ်ချုပ်ရှောင်းကျန့်သည် နောက်ဆုံးနည်းလမ်းကိုထုတ်သုံးခဲ့ရသည် သူစစ်သားဘဝမှာ
ဘယ်သူ့ကိုမှထိပါးခြိမ်းခြောက်ခဲ့ခြင်းမရှိခဲ့ သို့သော်လဲ ထိုသူတွေက သူ့အသည်းအသက်လေးကို လာပြီးထိပါးခြိမ်း​ခြောက်လာမှတော့ သူကလဲမှန်တစ်ချပ်လိုတုံ့ပြန်ရမယ်

"ကောင်းပြီ မင်းတို့ဆက်ပြီးပါးစပ်ပိတ်နေမယ်ဆိုရင် မင်းတို့တူမလေး အသက်ကိုအာမမခံဘူးနော် "

ထိုအခါလုပ်ကြံသူများသည် ထိုင်ခုံပေါ်မှာထိုင်နေတဲ့ ဒုဗိုလ်ချုပ်ရှောင်းကျန့်ကို ဒူး​ထောက်တောင်းပန်လာသည်
သူတို့တူမလေးက သူတို့အားနည်းချက်ပေ သူတို့ဒီအလုပ်လုပ်ခြင်းရဲ့ အဓိကအကြောင်းပြချက်မှာလဲ တူမလေးရဲ့ ကျောင်းစရိတ်အတွက်ဖြစ်သည်

"မလုပ်ပါနဲ့ ဒုဗိုလ်ချုပ် တူမလေးအသက်ကို ချမ်းသာပေးပါ ကျွန်တော်တို့ပြောပြပါ့မယ် ဗိုလ်ချုပ်ကတော်ကို လုပ်ကြံတဲ့သူက....."

*T....T...T*

"ဗုံးဘဲ ဗိုလ်ချုပ်ကိုကာကွယ်"

ယွီပင်းရဲ့အမိန့်ကြောင့် စစ်သားတွေသည် ခိုင်ခန့်တဲ့ ဒိုင်းကာတွေကိုသုံးပြီး ဒုဗိုလ်ချုပ်ရှောင်းကို ကာကွယ်ကြသည်

လုပ်ကြံသူနှစ်ဦးသည် မျက်စိမျက်နှာပျက်နေကြသည်
သူတို့ကိုသခင်မလေးက ဗုံးတပ်ပေးလိုက်မယ်လို့ထင်မထားခဲ့ပေ

*ဗုန်း*

ပေါက်ကွဲမူ့ကသိပ်မကြီးပေမဲ့ မြေအောက်ခန်းထဲမှာဆိုတော့ အသံက အင်မတန်မှကျယ်လောင်လွန်း၏

"ဗိုလ်ချုပ်အဆင်ပြေလား"

ရှောင်ကျန့်သည်​ခေါင်းငြိမ့်လိုက်ရင်း လုပ်ကြံသူနှစ်ဦးကို ကြည့်လိုက်သည် တစ်ယောက်ကသေဆုံးသွားပြီ သို့သော်လဲ တစ်ယောက်ကမူ ကံကောင်းထောက်မစွဖြင့် အသက်ရှုနေသေးတယ်

"သူ့ကိုဆေးရုံပို့လိုက် ဘယ်သူမှမသိစေနဲ့"

"ဟုတ်ကဲ့ဗိုလ်ချုပ်"

************

"သားရှောင်းပြန်လာပြီလား သားဝမ်ကနိုးကတည်းက သားကိုရှာနေတာ "

ရှောင်ကျန့်သည် သူ့အဒေါ်ရှောင်ချူးလန်ကိုပြုံးပြလိုက်ကာ ဆေးရုံကုတင်​ပေါ်မှာထိုင်​နေတဲ့ ကောင်လေးကိုထွေးပွေ့လိုက်သည်

"တောင်းပန်ပါတယ် ဝမ် ကိုယ်ခွင့်ယူဖို့ကိစ္စသွားလုပ်​နေလို့"

"ခွင့်ယူတယ် ရှောင်းကဘာလို့ခွင့်ယူတာလဲ"

ရှောင်ကျန့်သည် ကောင်လေးပါးကို ခပ်ဖွဖွလေးဆွဲလိုက်၏
ဒီပါးဖောင်းဖောင်းလေးတွေသည် သူ့အပိုင်

"ကိုယ်ရှင်းရမဲ့ကိစ္စတွေရှိသေးတယ်"

ဒဏ်ရာရနေတဲ့ပုခုံးကို ဝမ်းနည်းသလိုကြည့်နေတဲ့ ရှောင်း က
ရင်ထဲမှာ ဘယ်လောက်ထိုသူကို ငြိုးနေလိုက်မလဲ

ပထမတော့ တရားခံကိုမိစေချင်ပေမဲ့ အခုတော့ဝမ်ရိပေါ်ဟာ ထိုတရားခံကိုပြေးနိုင်သမျှ ပြေးလို့သာအော်ပြောလိုက်ချင်တယ်

သူနဲ့ပတ်သတ်ရင် သူ့အမျိုးသား ဒုဗိုလ်ချုပ်ရှောင်း က အရမ်းကို
ခံစားလွယ်တယ်
ငယ်ငယ်က​ရော အခုရော သူနဲ့ပတ်သတ်ရင် ရှောင်းက လုံးဝကိုအခြားတစ်ယောက်ဖြစ်သွားတယ်

သူဖြစ်ချင်တာဘာမဆိုလုပ်ပေးတယ်
လက်ညိုးညွှန်ရာရေဖြစ်စေတယ်
ဘာမှလိုလေသေးမရှိအောင် ထားပေးခဲ့တယ်

သူထိခိုက်မိရင် ရှောင်းက ဘာမှမမှားပဲနဲ့တောင် အရူးတစ်ယောက်လို ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးတက်သေးတာ

တကယ်တမ်းရှောင်းက သူ့ကိုချစ်နေတာနဲ့မတူဘူး
နှစ်နေတာနဲ့တူတယ် ​​ရှောင်းရဲ့အချစ်နွံ့ထဲမှာ သူကရုန်း​လေနစ်​လေဖြစ်​နေပြီ ရှောင်းကသူ့ကိုဖျက်ဆီးနေတာ

"ဒါနဲ့သားတို့၁လပြည့်အတွက် အမေတို့ ဘေဂျင်းမှာရှိတဲ့ မိဘမဲ့ဂေဟာကို သိန်း၁၀၀ လှူထားသေးတယ် သားတို့သိတယ်မလား အဲ့ဂေဟာက အမေကြီးပြင်း လာတဲ့နေရာလေ"

"ခဏလေးဒေါ်လေး ခုနက မိဘမဲ့ဂေဟာက ဘယ်နေရာလို့ပြောလိုက်တာလဲ "

"ဘေဂျင်းလေ ဘာလို့လဲ သားရှောင်း"

"ဒေါ်လေးသားနဲ့ ခဏ​လောက်လိုက်ခဲ့ပါလား သားမေးစရာရှိလို့"

"အေး...အေး..."

ဒုဗိုလ်ချုပ်ရှောင်းသည် ဝမ်ရိပေါ်ရဲ့နဖူးလေးကိုခပ်ဖွဖွနမ်းလိုက်၏
နှုးညံတဲ့အထိအတွေ့အပြင် မြတ်နိုးမူ့တွေကအထင်းသား

"ကိုနဲ့​ဒေါ်​လေးအပြင်ခဏသွားဦးမယ် သိပ်မကြာပါဘူး
နာရီဝက်လောက်တင် ကိုယ်ပြန်လာမယ်နော် ဝမ် အရှေ့မှာ ယွီပင်းတို့ရှိတယ် တစ်ခုခုလိုရင်ခိုင်းလိုက်နော်"

"ဟုတ်....မြန်မြန်ပြန်လာ​နော်..."

"အင်းပါကွာ"

******
"ဘာပြောစရာရှိလို့လဲသားရှောင်း"

"ဒေါ်လေးဒီကားကိုမြင်ဖူးလား"

ရှောင်ချူးလန်ကဖုန်းထက်က ကားကိုရင်းနှီး​နေ​ပေမဲ့ ဘယ်နေရာမှာမြင်ဘူးမှန်းမသိပေ

"မြင်ဖူးသလိုတော့ရှိတယ် ဘာလို့လဲသားရှောင်း"

"ဒီကားက ရိပေါ်လုပ်ကြံမခံရခင် ရိပေါ်နောက်ကို
နောက်ယောင်ခံလိုက်ဖူးတယ် နောက်ပြီး ဒီကားနံပါတ်က ကျွန်တော်တို့ အက်စီးဒင့် ဖြစ်တုန်းက ကျွန်တော်မြင်လိုက်တဲ့ ကားနံပါတ်နဲ့ အတူတူပဲ မတူတာဆိုလို့ အရောင်နုတာနဲ့ရင့်တာပဲကွာတယ်"

"ဒါဆိုကားနံပါတ်ကဘယ်လောက်လဲ"

"BJ-69281 ဘေဂျင်းနံပါတ်ပါ"

"ဒေါ်လေးမှတ်မိပြီ အဲ့တာက ဗိုလ်ချုပ်ကြီးယွီမင်ရဲ့
အိမ်တော်ထိန်းကားပဲ"

"ဗျာ...ဗိုလ်ချုပ်ကြီးယွီလား"

ရှောင်ကျန့်ရဲ့ချထားတဲ့လက်​တွေဟာ လက်သီးစုပ်အသွင်ပြောင်းသွား၏ ယွီအိမ်တော်လား ကောင်းပြီလေ ငါဖမ်းပြမယ်

"မဟုတ်ဘူးအဲ့တာ ချင်မော့ရန်အမေရဲ့ကား"

ကြားဖူးနေကြအသံစူးစူးလေးကြောင့်တံခါးဝကိုကြည့်လိုက်တဲ့အခါ
သူ့အမျိုးသားငယ်လေးကိုတွေ့ရတယ်

တကယ်တော့ ဒုဗိုလ်ချုပ်ရှောင်း နဲ့ ရှောင်ချူးလန်သည် ဝေးဝေးလံလံသွားခဲ့ခြင်းမဟုတ် ဝမ်ရိပေါ်ရဲ့ဆေးရုံခန်း ဘေးကအခန်းလွတ်တစ်ခုမှာ ပြောဆိုနေခြင်းပင်ဖြစ်သည်

"ဝမ်....ကလေးလေး"

"သားငယ်"

ဝမ်ရိပေါ်သည် သူအမျိုးသားနားကိုရောက်လာတဲ့အခါ
ဒုဗိုလ်ချုပ်ရှောင်းက အလိုလိုလက်ဆန့်ထုတ်ကာ သူ့ဘေးမှာလာထိုင်တဲ့ ကောင်လေးကိုပွေ့ဖက်လိုက်၏

"ဒဏ်ရာကြီးနဲ့ကိုဘာလို့လိုက်လာတာလဲကွာ"

"ရှောင်းကိုမခွဲနိုင်လို့"

"​ခြွေပြီ အသက်ရာ...."

ရှောင်ချူးလန်ဟာ သူ့သားနဲ့ သမက်ကိုပိုကို ပိုတယ် ဆိုတဲ့အကြည့်နဲ့ကြည့်လိုက်တယ် ဒါပေမဲ့ ခဏပါပဲ သူက
လုပ်ကြံမူ့ကြောင့်သားကိုစိတ်ပူနေရတာလဲ

"ဒါနဲ့ခုနကသားဝမ် ဘာပြောလိုက်တာလဲ ကားကချင်မော့ရန်အမေရဲ့ကားလား"

"ဟုတ်တယ်အမေ တကယ်တော့ ကျွန်တော်အဲ့တာကို အခုမှသတိရတာ ကျွန်တော်လေ သေနတ်နဲ့အပစ်မခံရတုန်းက
အဲ့ကားကိုတွေ့လိုက်သေးတယ် နောက်ပြီးကားမောင်းတဲ့သူက ချင်မော့ရန်အမေဖြစ်နေတော့ သားတွေးလိုက်တာ သူက ချင်မော့ရန်ကို ခွင့်လွှတ်ပေးဖို့တောင်းဆိုချင်တာနေမှပါလို့လေ
ဒါပေမဲ့ ကျွန်တော်မသိခဲ့ဘူး အန်တီမော့က သားကိုငယ်ငယ်ကတည်းက သတ်ဖို့ကြံစည်ခဲ့တယ်ဆိုတာ"

ရှောင်းကျန့်သည် သူအမျိုးသားလေးကို ထွေးပွေ့ကာနှစ်သိမ့်လိုက်တယ် သူ့ကလေးလေးကငိုတော့မယ်

"အဟင့်...ရှောင်း...ကျွန်တော်ကအဲ့လောက်မုန်းဖို့ကောင်းနေလို့လား"

"မဟုတ်ပါဘူးကွာ...မင်းကဒီလောက်ချစ်ဖို့ကောင်းတာကို..
ဘယ်သူကမုန်းရက်မှာလဲ...နောက်ကွယ်မှာ အကြောင်းတစ်ခုခု ရှိလို့်နေမှာပါ ကိုယ်စုံစမ်းပေးမယ်နော် နောက်တစ်ခါ မင်းကိုထပ်ပြီး အန္တရာယ် အဖြစ်မခံပါဘူး ကိုယ်ကို့ယုံ"

ရှောင်းချူးလန် နဲ့ ဒုဗိုလ်ချုပ်ရှောင်း ဝမ်ရိပေါ်ကို
တော်တော်နှစ်သိမ့်လိုက်ရသည် ဒါတောင်ကောင်လေးကအငိုမရပ်ချေ

"ကောင်းပြီ ဝမ့်မှာ ချင်မော့ရန်အမေပုံရှိလား သူ့နာမည်ကိုလဲ သိလား"

ကောင်လေးကခေါင်ငြိမ့်ရင်းသူ့ဖုန်းကိုအတော်အတန်ကြာအောင်
လှန်လှောနေကာ ရှာဖွေနေ၏ နောက်ဆုံးမှာတော့မိသားစုပုံ
တစ်ပုံထွက်လာ၏ အဖြူအမည်းဓာတ်ပုံ ဖြစ်နေပေမဲ့ သက်သေဖြစ်လိုလုံလောက်တယ် ဘာလို့ဆိုအနောက်မှာလဲ ထိုကားပုံပါနေသောကြောင့်ဖြစ်သည်

"သူ့အမေနာမည်က မော့ချူးယန်"

ထိုနာမည်ကိုကြားသောအခါ ဝမ်ကတော်ရဲ့ မျက်လုံးတွေသည်
ထိတ်လန့်သွားပုံရ၏

သူဟာသူမသားငယ်လေးကို သေချာအောင်ထပ်မေးလိုက်သည်

"နာမည်ကိုတစ်ခေါက်လောက်ပြန်ပြောပေးပါလားသားလေး"

"မော့ချူးယန်ပါ အမေ....ဘာဖြစ်လို့..."

ရှောင်ချူးလန်သည် သူမသားလေးကိုထွေးပွေ့လိုက်သည် ကံကောင်းလို့ သူမသူငယ်ချင်းရဲ့မနာလိုမူ့တွေကြောင့်
သူမသားအသက်ပျောက်လုနီးပါး

"တောင်းပန်ပါတယ် မေ့မေ့ အမှားတွေသားငယ် သားရှောင်းအဖေတို့ကို ဖုန်းဆက်လိုက်နော် ဒီထက်ပိုပြီး
သားဝမ်ကို အန္တရာယ် အဖြစ်မခံနိုင်တော့ဘူး"

ရှောင်ကျန့်သည်ခေါင်းငြိမ့်လိုက်ရင်း သူအဖေနဲ့ဦးလေးဝမ်တို့ကို
ဖုန်းဆက်လိုက်ကာဆေးရုံကိုခေါ်လိုက်သည်

************
ဘဝကအဲ့လောက်တောင်ဝတၳုဆန်နေလားမသိပေ
ချင်မော့ရန်အမေက ဝမ်ကတော်နဲ့အတူတူမိဘမဲ့ဂေဟာမှာ ကြီးပြင်းလာတာဖြစ်သည် ဂေဟာကိုရောက်တဲ့နေရက်တူတဲ့အပြင်
နည်းနည်းလဲ ရုပ်ဆင်နေတော့ ဂေဟာမှူးကြီးမော့က
သူတို့နှစ်ယောက်ကို မော့ချူးလန် နှင့် မော့ချူးယန် ဆိုပြီးနာမည်ပေးခဲ့တယ်

နာမည်နဲ့ရုပ်ဆင်းအဂါၤက ဆင်ပေမဲ့ အကျင့်စာရိတ္တကတော့မတူပေ
မော့ချူးယန်က မနာလို ဝန်သိုစိတ်ရှိပြီး မော့ချူးလန်ကတော့
ရိုးသားဖြူစင်တယ်

သူ့တို့ဂေဟာက စစ်တပ်လူကြီးတွေထောက်ပံ့မူ့နဲ့
တည်ထောင်ထားတဲ့ ဂေဟာပဲဖြစ်တယ်

အထူးသဖြင့် စစ်ဦးစီးမှူးချုပ် ရှောင်း နဲ့ ကာကွယ်ရေးဝန်ကြီး ယွီ ရဲ့ထောက်ပံ့မူ့တွေနဲ့ပေါ့

တစ်နေ့မှာရှောင်းကတော်ကြီးဟာ သမီးလေးလိုချင်လို့ဆိုပြီး သူတို့ထောက်ပံံ့နေတဲ့ ဂေဟာကလေးမလေးကို ​မွေးစားခဲ့တယ် ထိုကလေးမလေးကတော့ ဝမ်ရိပေါ်ရဲ့အမေပေ ရှောင်းကတော်ကြီးဟာ မော့ချူးယန် နဲ့ မော့ချူးလန်ကို အခြားကလေးထက်ကိုပိုချစ်ခဲ့ပေမဲ့ မွေးစားတော့
မော့ချူးလန်ကိုသာဖြစ်တယ် ဘာလို့လဲဆိုတော့ ချူးယန်လေးရဲ့
စာရိတ္တကို မကြိုက်လို့ပင် အထူးသဖြင့် ချူးယန်လေးက ငယ်ငယ်လေးကတည်းကပင် ယွီအိမ်တော်အိမ်တော်ထိန်းရဲ့သား ချင်ဟောက်ရန်နဲ့ ဘာလိုလိုညာလိုလိုဖြစ်နေသောကြောင့်ဖြစ်သည်

ချူးလန်ဂေဟာကမထွက်ခင် ချူးယန်ကပြောခဲ့တယ်

"နင်သာမရှိရင် ရှောင်းသခင်ကြီးက ငါ့ကိုမွေးစားမှာတဲ့လေ"

ဒါဟာရန်ငြိုးတွေရဲ့အစသာဖြစ်လိမ့်မယ်

"ကောင်းပြီ သားရှောင်း သက်သေတွေလဲစုံပြီဆိုတော့ သမ္မတရှီ ကိုပြောပြီး ယွီယောင်နဲ့ မော့ချူးယန် ကိုဖမ်းရအောင်"

"နေဦးအဖေ ဒီအတိုင်းဖမ်းလို့မရသေးဘူး သူတို့စုံတဲ့အချိန်မှာ
ဖမ်းရမယ် ဖမ်းဝရမ်းတော့ပါမှရမယ်"

ရှောင်ယန်သည် သူ့သားစကားကို ခေါင်းငြိမ့်ကာ ထောက်ခံလိုက်ရင်း သူတူလေးရဲ့ ကျောကုန်းကိုပုတ်ပေးလိုက်သည်

သူ့အမေရဲ့ရွေးချယ်မူ့ကြောင့် ရန်ငြိုးတွေဖြစ်ပေါ်လာပြီး
တူလေးဝမ်ရိပေါ်ကို ထိခိုက်စေခဲ့သည်
တကယ်ဆို ဒီကိစ္စက သူ့တို့ရှောင်းအိမ်ရဲ့ ပြဿနာပေ
ဝမ်အိမ်တော်နဲ့ ဘာမှမဆိုင်ခဲ့

ကောင်းပြီ ငါ့တူသားမက်လေးအတွက်
ငါကိုယ်တိုင် သူတို့ကိုထောင်ထဲမထည့်နိုင်ရင်တောင်
ရအောင်တော့သတ်မယ် ရန်ငြိုးတွေရဲ့အစက ရှောင်းအိမ်တော်မို့လို့ အဆုံးကသတ်ကလဲ ရှောင်းအိမ်တော်ပဲ ဖြစ်ရမယ် မော့ချူးယန် မင်းဘယ်တော့မှ ငါ့ညီမရှောင်းချူးလန် နဲ့ ငါ့သမက် ရှောင်းရိပေါ်ရှေ့မှာပေါ်မလာနိုင်တော့ဘူး

အဲ့လိုဖြစ်လာအောင်လဲ ငါနဲ့ငါ့သားရှောင်ကျန့်ကလုပ်မှာ

အငြိမ်စားဗိုလ်ချုပ်ကြီးရှောင်ယန်သည်
သားဖြစ်သူ ရှောင်းကျန့်ကိုကြည့်လိုက်တယ်
သူ့သားရဲ့ မျက်ဝန်းတွေကသူ့ထက်တောင်ပြတ်သားနေသေးတယ်

ရှောင်ယန်သည် သားဖြစ်သူမျက်ခုံးပင့်ပြလိုက်တော့
သားဖြစ်သူ ဒုဗိုလ်ချုပ် ရှောင်းကလဲ ခေါင်းငြိမ့်ပြလာတယ်

ရှောင်းအိမ်တော်သားတွေက ဒီလိုပဲ သူတို့ချစ်ရတဲ့သူတွေကို ထိပါးလာရင် သေနတ်ကိုမောင်းတင်ဖို့ ဝန်လေးနေမှာမဟုတ်ဘူး

Zaw

"ဘယ္မွာလဲ"

"ဟိုမှာပါဗိုလ်ချုပ်"



"အ!...."











*T....T...T*




*ဗုန်း*





"ဟုတ်ကဲ့ဗိုလ်ချုပ်"

************









ခံစားလွယ်တယ်








"အေး...အေး..."




"အင်းပါကွာ"

******







အိမ်တော်ထိန်းကားပဲ"






"ဝမ်....ကလေးလေး"

"သားငယ်"




"​ခြွေပြီ အသက်ရာ...."











ထိတ်လန့်သွားပုံရ၏







************
ဘဝကအဲ့လောက်တောင်ဝတ္ထုဆန်နေလားမသိပေ

နာမည်နဲ့ရုပ်ဆင်းအဂါင်္က ဆင်ပေမဲ့ အကျင့်စာရိတ္တကတော့မတူပေ
ရိုးသားဖြူစင်တယ်



တစ်နေ့မှာရှောင်းကတော်ကြီးဟာ သမီးလေးလိုချင်လို့ဆိုပြီး သူတို့ထောက်ပံ့နေတဲ့ ဂေဟာကလေးမလေးကို ​မွေးစားခဲ့တယ် ထိုကလေးမလေးကတော့ ဝမ်ရိပေါ်ရဲ့အမေပေ ရှောင်းကတော်ကြီးဟာ မော့ချူးယန် နဲ့ မော့ချူးလန်ကို အခြားကလေးထက်ကိုပိုချစ်ခဲ့ပေမဲ့ မွေးစားတော့













Continue Reading

You'll Also Like

3.9K 256 8
Stray Kids One Shots but based on the feelings of songs. In this series, I will upload stories with song names, followed by the vibe of the songs. Yo...
17.5K 331 5
"I can give you exactly what you're asking for, Janie, and I can give it to you all night long." Their first kiss is impulsive, fun, a little wicke...
608K 13.7K 41
In wich a one night stand turns out to be a lot more than that.
21.2K 1.4K 42
'အကယ်၍ ငါတို့ရဲ့အချစ်ကအမှားတခုဖြစ်ခဲ့မယ်ဆိုရင်တောင်...' main-binhao×binthew side-gyujin, shentaerae 🔻This story is not related to real life🔻 Don't...