ဂလိုင်လှုပ်ခါ ရောင်းနေသော စက်ဘီးနှင့် ရေခဲချောင်းသည်ကလေးသည် ကလေးငယ်များအတွက် ပျော်ရွှင်စရာ နိဗ္ဗာန်ဘုံကလေးဖြစ်၏။... တစ်ပတ်မှ နှစ်ရက်သာလာသော ရေခဲချောင်းသည်ကလေးအား ဒီနေ့တော့ နွေဦး ဖမ်းမိခဲ့ပြီဖြစ်၏။
ငါးရာတန်အရွက်ကလေးကိုင်ခါ ရေခဲချောင်းသည်ရှေ့က လူအုပ်ကြားထဲ အတင်းတွန်းထိုးဝင်နေရသည်။ နို့မို့ဆို ရေခဲချောင်းက ကုန်သွားရင် သူ့အတွက် စောင့်ရကျိုးမနပ်စွာ စားပေါက်ပိတ်တော့မည်မဟုတ်လား...
"ဦး..သားကို စတော်ဘယ်ရီအရသာလေးပေးပါအုံး..."
ညာဘက်ပါးပေါ်က မှည့်နက်နင်ကလေးရှိသော မျက်လုံးဝိုင်းကလေးများနှင့် ချစ်စရာကောင်းသော ကလေးငယ်သည် ပန်းနုရောင်သန်းသော နှုတ်ခမ်းကို ဆူထား၏...။ ရေခဲချောင်းမရလျှင် မဖြစ်ဟုလည်းတွေးထားရာ ဒီရေခဲချောင်းကို သူ စားရမှ ကျေနပ်နိုင်မည်။ ရေခဲချောင်းသည် ဦးလေးကြီးက အဖိုးအခကိုလက်ခံယူပြီး ရေခဲချောင်းများကို လက်မလည်အောင် ပေးရှာသည်။
"ရော့ဗျာ ရော့...စတော်ဘယ်ရီအရသာလေးပါခင်ဗျာ..."
"ဟီးဟီး..."
အဖိုးအခအဖြစ် အကြွေတစ်ရာကို ပေးပြီး ပြန်အမ်းငွေယူခါ စက်ဘီးတွန်းလှည်းလေးအနားမှ ထွက်ခွာလာခဲ့တော့သည်။
ဒီနေ့က အတန်းကြီးတွေ စာမေးပွဲဖြေရမည့်ရက်မို့ နွေဦးတို့ အတန်းငယ်သမားတွေကို ဆရာမတွေက မကြည့်နိုင်ပေ။ ခုတောင် ကျောင်းတက်ခေါင်းလောင်းထိုးသံကို နွေဦးကြားနေရပြီဖြစ်၏။
ကျောင်းတံခါး မပိတ်ခင် အထဲမြန်မြန်ဝင်ရန် ပြင်လိူက်၏။ လက်ထဲက ရေခဲချောင်းကလေးကိုတော့ မစားရက်နိုင်ေသးဘဲ လက်ထဲ ကိုင်လို့ ကျောင်းတံခါးအနား၏ ညောင်ပင်ထီးထီးကြီးရှိသောဘက်မှ နွေဦး ပြေးကပ်လာ၏။
ဘုတ်!!
"အင့်..."
"အာ...."
အနေအထားက ဟံသာဦးသည် တစ်စုံတစ်ယောက်၏ အပေါ်မှ လက်ထောက်ကျလျှက် တစ်စုံတစ်ရာသော နှုတ်ခမ်းတွေကမူ ပူးကပ်နေကြပြီဖြစ်၏။ လက်ထဲမရှိတော့သော သနားစရာ ရေခဲချောင်းကလေးသည် မြေကြီးပေါ် အရည်များစီးကျနေပြီဖြစ်ခါ ရေဆေး၍ စားပါလျှင်တောင် ပြန်မရနိုင်တော့သည့်အခြေအနေတွင်....
"ဟာ..ကလေးလေး..."
"အင့်...ဟင့်....အီးဟီး..."
မျက်လုံးတွေကို လက်ခွံဖြင့်ပွတ်ခါ အော်ငိုနေသော ကလေးငယ်က အလွန်အမင်းဝမ်းနည်းစွာ....
ဟံသာဦး လက်ပတ်နာရီမှ နာရီအားငုံ့ကြည့်တော့ စာမေးပွဲဖြေရန် ၁၅ မိနစ်အလို...ဒီအချိန်ဆို သူ စာမေးပွဲခန်းထဲ ရောက်သင့်နေပြီ မဟုတ်လား... သို့သော် သူ့အောက်က အသဲသန် ရှိုက်ကြီးတငင်အော်ငိုနေသည့်ကလေးကြောင့် ဟံသာဦး ရှက်သဲပိုလာရတော့သည်။
"ဟာ....ကလေးလေး.."
"အီးဟီး...ရေးခဲချောင်း...သား ရေခဲချောင်း..."
"ဟေ့ကောင်လေး ထ ထ အာ ဒုက္ခပာဘဲ...ကျစ်..."
ဘေးရှိ ကျောင်းသားမိဘများကလည်း သူတို့ဖြစ်စဥ်အား ကြည့်ရှုခါ ဂရုနာသပ်၍ အံ့ဩနေကြသည်။
"ဟဲ့ ဟဲ့ အော် ကလေးတွေချော်လဲကုန်ပြီ.."
"ဟိုအတန်းကြီးလေးက စာမေးပွဲဖြေရတော့မယ်မှလား..."
စသည့် အသံတွေက ဟံသာဦးနားထဲ အတန်းလိုက်ဖြတ်ပြေးလျှင်ရှိ၏။ သို့သော် မျက်လုံးနှစ်ဖတ်ကို လက်နှင့်ပွတ်ခါ အော်ငိုနေတဲ့ ကလေးငယ်ကတော့ တရှိုက်မတ်မတ်ကို ဝမ်းနည်းလွန်းစွာ ေအာ်ငို၍မဆုံးတော့ပေ...။ရဲတက်နေသော နှာသီးလုံးလုံးကလေးနှင့်ညာဘက်ပါးပြင်ပေါ်ရှိ မှည့်နက်နက်ကလေးဟာ နုဖတ်ဥအက်နေတဲ့ အနှီကလေးငယ်ကို ငယ်နုသွေးကြွယ်စေခါ မွေးကင်းစကလေးငယ်တစ်ယောက်လိုမျိုး မူပိုနေစေပြန်သည်။
ကလေးငယ်၏ ရင်ဘက်မှ တံဆိပ်ပြားအားကြည့်မိတော့ Grade 6 ဆိုဘဲ....
ဟံသာဦးကြာကြာရပ်ကြည့်မနေနိုင်တော့ဘဲ ပူထူနေသည့် မျက်နှာကိုအုပ်ခါ ကလေးငယ်ကို ဒီအတိုင်းပစ်ထားခဲ့မိခါ စာမေးပွဲအခန်းထဲပြေးဝင်ခဲ့မိ၏။
အတွေးတစ်ခုကလည်း ခေါင်းထဲတွင် အသင့်စာစီထားသလို...." အင်း...ညနေ ကျောင်းဆင်းမှဘဲ တစ်ခုပြန်ဝယ်ကျွေးလိုက်ပါ့မယ်.."
ကျောင်းပြန်ဆင်းတော့ ငါးတန်းကျောင်းအဆောင်ဘက်ကို ဟံသာဦးခပ်ကုတ်ကုတ်နှင့် လာချောင်း၏။ ကျောင်းဆင်းနေပြီဖြစ်သောကြောင့် ပစ္စည်းများသိမ်းနေသော ကလေးငယ်များကြား လှမ်းကြည့်တော့ အကောင်ညှက်ညှက်ကလေးနှင့် ကျောပိုးအိတ်အဝါကလေးအားလွယ်ထားသော သူ့ကလေးလေးအားတွေ့လိုက်ရသည်။ မနက်တုန်းကနှင့်မတူဘဲ ခုတော့ဖြင့် ရယ်သွမ်းသွေးလို့ သူ့သူငယ်ချင်းများနှင့် ပျော်နေရှာပြန်သည်။
ကျောင်းလွှတ်တော့ ဟံသာဦး ထိုပလေးငယ်ကို အူအုပ်ကြားထဲပြန်ရှာရတော့သည်။ ဟိုးအဝေးတစ်နေရာတွင်ရပ်နေသော အဝါရောင်ကောင်ငယ်လေးက လက်ထဲ ရေခဲချောင်းနှစ်ချောင်းအားကိုင်လို့ သူ့မိဘများဖြစ်ဟန်တူသည့် လူနှစ်ယောက်အား ပြုံးရယ်ပြနေလေ၏။
ဟံသာဦး အနားမသွားတော့ဘဲ ခပ်ယဲ့ယဲ့ကလေးတစ်ချက်ပြုံးခါ သဘောကျသလိုမျိုး နှုတ်ခမ်းသားများအား တစ်ချက်ဖိပွတ်လိုက်မိသည်။
"မင်းက ငါကလွဲရင် အခြားသူတွေအကုန်လုံးကို ဒီလိုမျိုး ရယ်ပြနေတာဘဲလားကွ..."
.
.
.
.
.
...................
5.6.2023
10:05 am.
...............
zawgyi.....
"ဟီးဟီး..."
ဒီနေ့က အတန်းကြီးတွေ စာမေးပွဲဖြေရမည့်ရက်မို့ နွဦေးတို့ အတန်းငယ်သမားတွေကို ဆရာမတွေက မကြည့်နိုင်ပေ။ ခုတောင် ကျောင်းတက်ခေါင်းလောင်းထိုးသံကို နွဦေးကြားနေရပြီဖြစ်၏။
ကျောင်းတံခါး မပိတ်ခင် အထဲမြန်မြန်ဝင်ရန် ပြင်လိုက်၏။ လက်ထဲက ရေခဲချောင်းကလေးကိုတော့ မစားရက်နိုင်သေးဘဲ လက်ထဲ ကိုင်လို့ ကျောင်းတံခါးအနား၏ ညောင်ပင်ထီးထီးကြီးရှိသောဘက်မှ နွဦေး ပြေးကပ်လာ၏။
ဘုတ်!!
"အင့်..."
"အာ...."
"ဟာ..ကလေးလေး..."
"အင့်...ဟင့်....အီးဟီး..."
"ဟာ....ကလေးလေး.."
.
.
.
.
.
...................
5.6.2023
10:05 am.