MY Crush Is My Step-Father
By vv_kit2002
772K 31.1K 504
ဒုတိယအကြိမ် ပြန်တင်ခြင်း.... More
အမှာစာ
ep.1
ep.2
ep.3
ep.4
ep.5
ep.6
ep.7
ep.8
ep.9
ep.10
ep.11
ep.12
ep.13
ep.14
ep.15
ep.16
ep.17
ep.18
ep.19
ep.20
ep.21
ep.22
ep.23
ep.24
ep.25
ep.26
ep.27
ep.28
ep.29
ep.30
story time (side story)
ep.31
ep.32
ep.33
ep.34
ep.35
ep.36
ep.37
ep.38
ep.39
ep.40
Ep. ( 41.1 + 41.2)
Ep. 42
Ep. 43
Ep. 44
Ep. 45
Extra......
အမှတ်တရလေးတဖြတ်
(( Final ))
21.3K 572 59
By vv_kit2002
Final
Unicode...
နွေဦးရဲ့ ထွက်ဆိုချက် သက်သေအရ ချမ်းမြေ့နှင်စံက ဟံသာဦးလက်တွဲဖော်ဆိုလို့ ပြန်ပေးဆွဲခါ သူမကို နှိပ်စက်ပြီး အရှင်လက်လက်မြေမြှုတ်ပစ်ခဲ့သည်။ ထို့နောက်မှာတော့ သူ့သမီးကိုသေဆုံးကြောင်းကို သိသွားပြီး သူ့နောက်လိုက်တွေနှင့် ပွဲလာရှာသူ ဦးမင်းဓနကိုပါ ဝီဇိန်ချုပ်ပေးလိုက်၏..။ လွယ်လွယ်နဲ့ သတ်ပစ်လိုက်ပြီးမှ ထိုသတင်းဟာ အမှားတစ်ခုမှန်းသိရှိသွားချိန်မှာတော့ ဦးနေမင်းခတယောက် နွေဦးကို နောက်ထပ်ပြန်ပေးဆွဲဖို့ကြိုးစားတော့သည်....။
...........................
ဦးနေမင်းခလက်တစ်ဖတ်ထောင်ပြခါ အချက်ပေးလိုက်မှ ဟံသာဦးနှင့် ညီသု့ကို ဝိုင်းရိုက်နေကြသော သူ့လူတွေက နေရာအနည်းငယ်ချဲလိုက်သည်။
မိန့်မိန့်ကြီးထိုင်နေရာမှ မတ်တပ်ထရပ်ရင်း ဘေးက ကြိုးများဖြင့်ချည်နှောင်ထားခြင်းခံရသော ရဲနောင်မိုးကိုပါတစ်ချက်ကြည့်လိုက်သည်။
"မင်း သေချာကြည့်ထား ငါအခုငါဘာလုပ်တော့မလဲဆိုတာကို..."
ရဲနောင်မိုးက စိုးရိမ်နေသော မျက်ဝန်းတွေနှင့်ခေါင်းကိုသာအဆက်မပျက်ခါနေမိသည်။ချည်နှောင်ထားသော ကြိုးတို့ကို ပျက်သွားစေရန်အတွက်လည်း အသားကိုအနာခံလို့ တင်းတင်းဆွဲဖျက်ရုန်းကန်နေမိ၏။
ဦးနေမင်းခက မှန်စားပွဲပေါ်က Glock 34 ကိုယူခါ မောင်းတင်ခါ တစ်ချက်ဆွဲယူလိုက်သည်။
ထိပ်ထိပ်ပြာပြာဖြစ်သွားသော လှောင်အိမ်ထဲက နွေဦးမှာ ကြမ်းပြင်ပေါ် ဝမ်းလျားမှောက်နေသော ဟံသာဦး ပြန်ထလာဖို့အရေးကိုသာ အတင်းအော်ဟစ်နေမိတော့သည်။
"ဟံသာဦး ဟံသာဦး... ဟင့်အင်း.. ထလို့ မြန်မြန်ထစမ်း...ဟံသာဦး ငါ့ကိုမကယ်တော့ဘူးလား...ဟံသာဦး...ဟေ့ကောင်...ထစမ်းပါ..."
ဒဏ်ရာဗလပွနှင့် ညီသုက အတင်းကြိတ်မှိတ်လို့ ဟံသာဦးဆီ သေနတ်ဖြင့် ချိန်ရွယ်နေသော ဦးနေမင်ခဆီ ဝင်လုံးတော့ ပစ်မှတ်နှင့်အနည်းငယ်လွဲသွားပြီဖြစ်သည်။
ဦးနေမင်းခရဲ့ ဘက်တော်သားတွေက ညီသု့အား အတင်းကန်ကြောင့်ပြီး ပြန်ဆွဲယူသည်။ ဦးနေမင်းခ စိတ်မရှည်စွာပင် ထိုသေနတ်ဖြင့် ညီသု့ ပေါင်ကို ဒိုင်းခနဲပစ်သည်။ ပေါင်းရင်းမှ လျှံထွက်လာသော သွေးတို့က ကြမ်းပြင်ပေါ် တစ်စက်စက်စီးကျလို့...
ရတုမောင်တယောက် ဘာလုပ်လို့လုပ်ရမှန်းမသိ.. မျက်ဝန်းအိမ်မှ အဆက်မပျက်သော မျက်ရည်စတို့နှင့် သူတို့ကိုချပ်လှောင်ထားသော သံတိုင်တွေကိုသာ ချိုးဖောက်ဖို့ အတင်းကြိုးစားမိသည်။ သို့သော်လည်း သံတိုင်တွေကမကျိုးဘဲ လက်တွေကသာ နီရဲလို့စုတ်ပျက်သတ်နေပြီဖြစ်၏။....
ညီသု့ခြေထောက်တွေ ရပ်မရအောင်ကိုနာကျင်လာတော့ ကြမ်းပြင်ပေါ်နောက်တစ်ကြိမ်လဲကျသည်။ ထိုအခါ လှုပ်လီလှုပ်လဲ့ဖြစ်လာသော ဟံသာဦးကိုယ်ကြောင့် ဦးနေမင်းခ ချိန်ထားသော သေနတ်ကို ခေတ္တပြန်ယုတ်လိုက်သည်။
ထို့နောက် လှောင်အိမ်ထဲက သူတို့နှစ်ယောက်ကို ကြိုးတုပ်ပြီး အပြင်သို့ထုတ်လာစေရန် အမိန့်ပေးလိုက်တော့ နောက်လိုက်သားတစ်ချို့က နွေဦးတို့ကိုဆွဲယူခေါ်ဆောင်လာပြီး ဦးနေမင်းခရှေ့ ဒူးထောင်ထိုင်စေလိုက်သည်။
ဒေါသတို့က အတားအဆီမရှိရောင်ပြန်ဟပ်နေသော သူတို့ရဲ့မျက်နှာကိုယ်စီကို ဦးနေမင်းခကြည့်လို့ တဟားဟားအော်ရယ်သည်။
"ဟားဟားဟား...မကြေနပ်ဘူးလား.. ဘာပြောချင်သေးလဲ နောက်ဆုံးအနေနဲ့ မင်းချစ်သူကို..."
ဒေါက်ခနဲ နွေဦးရဲ့နှဖူးတည့်တည့်ကို ချိန်လာသော ဦးနေမင်းခရဲ့ သေနတ်က နောက်ပြန်လှည့်ဖို့ အစီစဉ်မရှိ.. နွေဦးမှာ ဟံသာဦးကိုသာ နောက်ဆုံးအကြိမ်တစ်ချက်ကြည့်ပြီး မျက်လွှာတွေကို ပိတ်ပေးလိုက်မိသည်..။
အကိုညီသု့ရဲ့ ရုန်းရင်းဆန်ခက်ဖြစ်နေတဲ့အသံ.. ဘေးက သူ့သူငယ်ချင်း ရတုမောင်ရဲ အော်ငိုနေသံ...ထို့နောက် ဆူညံနေသော အကြားအာရုံတွေ.. ဂျောက်ခနဲ သေနတ်ကိုမောင်းတင်လိုက်သံ.. သူသည် မကြာခင်မှာ သေရတော့မည်ပေါ့... လောကကြီးထဲကနေ ထွက်သွားရတော့မည်ပေါ့...
စိတ်ကိုလျော့ပစ်ရင်း အသက်ကိုပုံမှန်သာရှူနေလိုက်မိသည်။
နောက်ဆုံးအနေနဲ့ ကိုယ်ချစ်ရတဲ့ လူတယောက်ကို  ဘာပြောလို့ပြောရမှန်းတောင်မသိတော့တဲ့ ကိုယ့်ကိုကိုယ်အား အ့ံဩခြင်းတော့မရှိ.. မှန်သည်လေ သူနဲ့ကိုယ်ရဲ့ ဆက်ဆံရေးက တခါလေးတောင် ပြေလည်ဖူးသည်မှမရှိဘဲ.. အမှတ်တရဆိုးတွေကြောင့် နောက်ဆုံးစကားပင် ချန်မထားချင်တော့ပါ...
ထို့နောက် သေနတ်ပစ်ခက်သံတစ်ခုက နားစည်အတွင်းထဲငို့ပင် အူရိုက်သွားတော့သည်။
နာကျင်မှု... ထိပ်လန့်မှု... အသက်ရှူရပ်တန့်မှု ပိတ်ခက်ထားသော မျက်ဝန်းလွှာတွေကို ခပ်မြန်မြန်ပင်ပြန်ဖွင့်လိုက်ချိန် တဆစ်ဆစ်နာကျင်လာသော ဘယ်ဘက်ပုခုံး...
"အား....."
မျက်စိရှေ့မှာတိုက်ခိုက်နေသော လူနှစ်ယောက်.. ဘေးသို့ တချက်ပြန်လှည့်ကြည့်တော့ ဟံသာဦးရှိမနေတော့ပေ...
"ဟင်.." ဟူသည့် အာမေဋိတ်အသံကလေးနှင့် ရှေ့သို့ပြန်ကြည့်တော့ အမှန်ပင် ဟံသာဦးရဲ့ ဝင်လုံးမှုကြောင့် နွေဦးမှာ အသက်ဘေးကလွတ်သည်..။
ရှုတ်ယှက်ခက်နေသော လူတွေရော.. ဒါက ဘာပါလိမ့်... ကြည့်ရတာ ဟံသာဦးရဲ့လူတွေ ရောက်လာသည်ထင်၏..။ အချင်းချင်း နေရာမလပ်ဘဲ တိုက်ခိုက်နေကြသော လူတွေ...
အကိုညီသု့ရောက်လာပြီး ခန္ဓာကိုယ်မှာ ချည်ထားသော ကြိုးတွေကို ဖြေပေးသည်။
"အပြင်ကိုထွက်တော့ ရဲတွေကိုခေါ်ထားတာမို့ ခဏနေ အဆင်ပြေသွားလိမ့်မယ်...ဆရာ့ကို သေချာစောင့်ရှောက်ပေးမှာမို့လို့ နွေဦး ရတုကိုပါခေါ်သွားတော့..."
အကိုညီသု့က ပြောပြီး နေရာမှ ပြန်ထွက်မည်အပြု လက်မောင်းတစ်ဖတ်ကို ဆွဲချိတ်လာသော ရတုမောင်က မျက်ရည်လေးတွေဝဲလို့ ခေါင်းခါပြသည်။အကိုညီသု့က အပြုံးကလေးတစ်ပွင့်ပြန်ပေးပြီး ခေါင်းကိုခပ်ဖွဖွ ပွတ်ပေးခါ စကားပြန်ပြောသည်။
"ကိုယ်မသွားလို့မရဘူးလေ... လိမ္မာပါတယ် နော်.."
ရတုမောင်က ခေါင်းကို ခါမြဲ မျက်ရည်တွေကျလာသည်အထိ ဝမ်းနည်းရှိုက်ငိုလာ၏..။
"မသွားပါနဲ့ .. မသွားပါရဲ့ ကျွန်တော့်ကိုချစ်ရင် ကျွန်တော့်ကိုဘဲ ကာကွယ်ပေးပါ..."
ညီသု့က ကုံးကုံးကွကွဖြစ်နေရာမှ ရတုအနား ပြန်ထိုင်ရင်း မျက်နှာကလေးကိုပွေ့ယူလိုက်သည်။ ထို့နောက်နှဖူးပေါ်သို့ အနမ်းကလေး စွန့်ကျဲပေးသည်..။
"ဂတိပေးတယ် ကိုယ့်တာဝန်တွေပြီးသွားရင် ကိုယ်တို့ခရီးတွေ အတူတူထွက်ကြမယ်..."
ထို့သို့ပြောပြီး ရတုရဲ့အဖြေကိုတောင်ပြန်မစောင့်ပါဘဲ ဆွဲယူထားသော လက်ကို ခပ်ပျက်ပျက်ဆွဲခါ ထိုင်ရာမှ ပြန်ထွက်သွားသည်။
ထို့နောက်မှာတော့ နွေဦးက စိတ်မကောင်းစွာ ရတုမောင်လက်ကိုအတင်းဆွဲပြီး ထိုနေရာမှအရထွက်သည်။ တိုက်ခိုက်နေသော လူတွေကိုရှောင်ဖယ်နေရတာမို့ သူတို့ အပြင်သို့ ထင်သလောက်မြန်မြန်မရောက်နိုင်... အပေါက်ဝသို့ ရောက်ခါနီးတွင်တော့ ကျယ်လောင်သော ပစ်ခက်သံတစ်ခုကြောင့် နွေဦးရော ရတုပါ လှည့်ကြည့်လိုက်ကြသည်။
ဒိုင်း!
ဟံသာဦးရှေ့မှ အကာအကွယ်ပေးထားသော ညီသု့မှာ နှလုံးနေရာသို့ ထိုးဝင်သွားသော ကျည်ဆံကြောင့် ပါးစပ်ထဲမှ ပွက်ခနဲကျလာသော သွေနီနီတို့နှင့်အတူ ကြမ်းပြင်ပေါ်လဲကျသည်..။ အဲ့နောက်မှာတော့ နောက်ထပ် ပစ်ခပ်သံတစ်ခုက တဆက်တည်းထွက်ပေါ်လာသည်။
"အား...မဟုတ်ဘူး ညီသု့... ညီသု့ရေ...."
"အစ်...ကျွန်တော့်တာဝန်တွေ ပြီးသွားပြီ...ဟားဟား... ရတုကို ကျွန်တော့်အစား အစ်..အင့်.. သေချာလေး ဟစ်.. စောင့် ရှောက် ပေး ပါ့ ဆ ရာ ...."
"အကို........."
မပီပြင်စွာ ထွက်ပေါ်လာသောအသံနောက်မှာ တဖတ်မှ ဟစ်အော်လိုက်သော ရတုမောင်ရဲ့ အော်သံ.... ထိုအသံကို ညီသု့တယောက် ကြားရော ကြားလိုက်ပါရဲ့လား...
ဒိုင်း!
ဒီတစ်ခါအပစ်ခံရသူက ဦးနေမင်းခကိုယ်တိုင်... ပစ်ခက်လိုက်သူက ဦးနေမင်းခရဲ့ သေနတ်ကို အလျှင်အမြန်စဆွဲယူလိုက်သူ ရဲနောင်မိုး... ဗိုက်ကိုပစ်လိုက်ပေမဲ့လည်း ဦးနေမင်းခက ပုရွက်စိတ်ကိုက်သည်အထိတောင် ဘာမှဖြစ်ပုံမပေါ် တဟက်ဟက်ရယ်နေသေးသည်။
"ရဲနောင်...မင်းကိုယ့်ကိုပစ်ရဲတယ်ဟုတ်လား.."
လှုပ်လီလှုပ်လဲ့ဖြစ်နေသော နှတ်ခမ်းနှစ်လွှာက သူတစ်ခုခုကို ပြောချင်နေသည်။ အသံတွေကို ညှစ်ထုတ်နေသော်လည်း ထွက်လာသည့်ပုံမရသေး... ဦးနေမင်းခက ရှေ့တစ်လှမိးတိုးလာလျှင် ရဲနောင်မိုးမှာ သေနတ်ကို ထပ်ရွယ်လိုက်သည်။ ဒီတစ်ခါက ဦးနေမင်းခကိုချိန်သည်မဟုတ်ဘဲ သူနားထင်နားကိုချိန်တင်ထားသည်။
အသံတွေကို ညှစ်ထုတ်လို့မရတော့လို့ ဒေါသထွက်လာသည့် ရဲနောင်မိုးမှာ ဝူးဝူးဝါးဝါးအော်လေတော့သည်။ ပြာပြာသလဲဖြစ်သွားသော ဦးနေမင်းခက ရဲေနာင်မိုးလက်ထဲက သေနတ်ကို သူ့ကိုပြန်ပေးရန်ဆိုသည်။
"ဟင်း......အင်း........"
"ကိုယ့်ကိုပြန်ပေးပါ... ကိုယ်တောင်းပန်ပါတယ်..."
ရဲနောက်မိုးက ခေါင်းကိုခါလို့ နောက်ဆုံးတစ်ကြိမ် သူ့အသံတွေကိုညှစ်ထုတ်သည်..။ လှုပ်ခက်သွားသော လည်စိနှင့်အတူ ဝင်သောအသံတချို့က မပီပြင်ထွက်ထွက်လာတော့သည်။
"ပင်ပန်းလို့ ခဏလောက်ဖြစ်ဖြစ် လွှတ်လပ်ခွင့်ပေးပါတော့ နေမင်းခရယ်..."
ရဲနောင်မိုးမျက်စိစုံမှိတ်လို့ အော်လိုက်သည်က နေမင်းခကို ကြောင်အသွားစေသည်။
"ရဲနောင် မင်း..."
ရဲနောင်မိုးကိုယ်တိုက်လည်း ပျော်ရွှင်သွားသလို မျက်ရည်တွေပါကျလာသည်။ ပျော်ရွှင်သွားသော မျက်နှာကလေးဖြင့်ပင်....
"ခင်ဗျားကို သေလောက်အောင်မုန်းတယ်ကျွန်တော် ဘယ်တော့မှ ခင်များဆီ ပြန်မလာဘူး ဦးနေမင်းခ...အား..ခင်ဗျားအတွက် ဒါနဲ့ဘဲ တန်တယ်...." ဟုဆိုခါ ခလုတ်ကိုဆွဲချသွားပြီးနောက် တဖတ်နားထင်မှ ပန်းထွက်လာသောသွေးစတို့နှင့်အတူ ဦးနေမင်းခကိုယ်တိုင် လဲကျသွားသည့် ရဲနောင်မိုးကိုယ်လေးကို ရင်ခွင်ထဲ ဆွဲသိမ်းပစ်လိုက်တော့သည်။
"အား...မဟုတ်ဘူး ရဲနောင် ရေ ... ကိုယ် အတ္တကြီးမိလို့ တောင်းပန်ပါတယ်.. ရဲနောင်မိုး အခုထစမ်း.. နောက်တစ်ခေါက်ပြန်လာပေးပါ.. ကိုယ် မင်းကို သေချာပေါက် ဂရုစိုက်ပေးပါ့မယ်ကွာ..ကိုယ်ကတိပေးပါတယ်။"
နေမင်းခ၏ လက်ညှိုးအား တင်းတင်းဆုတ်ကိုင်ရင်း မျက်ရည်စီးကြောင်းတို့နှင့် ပြုံးပြနေသည့် ကလေးငယ်က အသက်ကို ပါးစပ်ဖျားမှ လုရှူနေရ၏။
ခင်များက ခင်များတန်ဖိုးထားတက်တဲ့အရာတွေ မဆုံးရှုံးဖူးသေးလို့ မသိသေးတဲ့ခံစားချက်ကို ဒီနေ့ ကျွန်တော့်ဘက်က ချပြလိုက်ခြင်းဘဲ နောင် ကျွန်တော်မရှိတဲ့နေ့ရက်တွေမှာ အရာရာတိုင်းရဲ့ တန်ဖိုးကို သိမြင်လာတက်ပါစေ ဦးခ ဒါ ကျွန်တော့်ရဲ့ အဖိုးတန်လက်ဆောင်......
သိပ်မကြာခင်အချိန်အတွင်းမှာဘဲ မျက်လွှာကလေးတွေ ပိတ်ကျသွားသော ရဲနောင်မိုးမှာ သူ့တကယ်ပင် သူ့ဆန္ဒအတိုင်း ဦးနေမင်းခလက်မှ လွတ်မြောက်သွားခဲ့တော့ပြီမဟုတ်ပါလား...
နေမင်းခကိုယ်တိုင်လည်း နောင်တ တရားများစွာဖြင့် ချစ်ရသူ၏ အသက်မရှိတော့သော ကိုယ်ကလေးဖတ်ခါ ရှိုက်ခါ ရှိုက်ခါ ငိုကြွေးလေတော့သည်။
ဒီနေ့မှာ မလှုပ်မယှက်ငြိမ်သက်သွားခဲ့တဲ့ အလောင်းလေးနှစ်လောင်းဟာ ကောင်းရာနေရာမဟုတ်ရင်တောင် အနည်းဆုံးတော့ သူတို့လွတ်လပ်သွားခဲ့ပါပြီ...
အမြဲတမ်းအထီးကျန်နေတဲ့ ကောင်လေးရယ်...
ဘဝမှာ တာဝန်တစ်ခုကလွဲလို့ ရေရေရာရာဘာမှမခံစားဖူးတဲ့ကောင်လေးရယ်...
သူတို့တွေ ဘယ်နေရာကိုများ ခရီးနှင်နေကြပြီလဲ! ကောင်းကောင်းမွန်မွန်မှ ရှိရဲ့လား...
တနင့်နင့် ငိုကြွေးနေသော လူနှစ်ယောက်က ခံစားမှုကိုယ်စီနှင့် အသက်မဲ့သောအလောင်းတို့အား ရင်ခွင်ထဲတွင် ထည့်ထားခဲ့ကြသည်။
တာဝန်တွေပြီးရင် ခရီးတွေထွက်ပြီး ကမ္ဘာပတ်မည်ဟု ဂတိပေးထားကြသော ချစ်သူနှစ်ယောက်ရယ်...
လက်စားခြေမှုကြီးအောင်မြင်သွားရင် ဒီလူကိုဘဲ အနီးကပ်ဂရုစိုက်ပြီး မိသားစုဘဝလေး ဖန်တီးမယ်ဆိုတဲ့ လူရယ်....
အခုတော့ အိမ်မက်တွေက ဟိုတစ်ဆ သည်တစ်ဆ လွင့်ပြယ်လို့ ကုန်းကောက်မရအောင်ကို ပျက်စီးသွားပြီ....
ဘယ်တော့မှမပြည့်ဝတော့တဲ့ အိမ်မက်ပိုင်ရှင်လေးတွေကတော့ ပိုချစ်ရတဲ့သူကသာ ပို၍နာကျင်ခဲ့ရကြောင်းကို တရိပ်ရိပ်သိရှိလေတော့သည်...။
...........
"ဦးနေမင်းခ.. ထောင်ဒဏ် တစ်သတ်တစ်ကျွမ်းကျစေ...."
ဦးနေမင်းခတယောက်ကတော့ လူသတ်မှုပေါင်းများစွာနှင့် ထောင်ထဲတွင် အရိုးဆွေးသည်အထိ နောင်တပေါင်းများစွာနှင့် ရှိနေတော့သည်။
ရတုမောင်ကတော့ ကျောင်းပြီးကတည်းကတယောက်ထဲ ခရီးတွေထွက်ပြီး သူ့ချစ်ရသူကို အလွမ်းဖြေလေသည်။
ပြီးတော့.....,
ကျွန်တော်တို့နှစ်ယောက်ကတော့ နောက်ထပ် ၁နှစ်အကြာမှာ လပ်ထပ်ပြီး အေးချမ်းသည့် ရှမ်းပြည်နယ်တွင် သီးပင် ခြံတွေ စိုက်ပျိုးခါ  သဘာဝရဲ့ပျိုးပင်တွေနှင့်အတူ နေထိုင်ခဲ့ကြသည်။ ပျော်ရွှင်သည့် မိသားစုကမ္ဘာလေးကို ဖန်တီးသည်။ နိုင်ငံခြားသွားပြီး ကိုယ်ဝန်ဆောင်နိုင်ရန် ဆရာဝန်တွေနှင့်အမြဲပြပြီး ဆေးတွေသောက်ရသည်...။ နောက်ထပ်ရှိလာမည့် ကလေးငယ်ကို သူတို့ ဘဝနှင့်ရင်းပြီးတော့ကို သူတို့သေသေချာချာစောင့်လျှောက်သွားလိမ့်မည်။
ရာသီဥတုတွေနေသရွေ့...
ရေတွေ မြင့်ရာမှ နိမ့်ရာသို့စီးဆင်းနေသရွေ့...
လေပြေလေညှင်းတွေ တိုက်ခက်နေတာ ဘယ်တော့မှမရပ်တန့်သွားသရွေ့...
ချစ်ရသူသည်သာလျှင် ကိုယ့်အတွက်  သဘာဝတရားကြီးတစ်ခုဖြစ်ခဲ့သည်...။
"ဒီနေ့ လေတွေအရမ်းတိုက်တယ်နော်..."
"အေးလို့လား..."
"အင်း...."
"အာ့ဆိုရင် နွေးသွားအောင် ကိုယ်ဖတ်ပေးထားပေးမယ်...."
လူတယောက်ရဲ့ ချစ်ခြင်းဟာ အကြောင်းပြချက်မဟုတ်သလို....
စွန့်လွှတ်ခြင်း..အနစ်နာခံခြင်း..ပေးဆပ်ခြင်း..ရယူခြင်းမျိုးလည်းမဟုတ်ပါ... ။
  သူပျော်ရွှင်နေတာကိုကြည့်ပြီး ကိုယ်ပါ အပျော်တွေကူးစက်နေတာမျိုး.....
................THE END................
အချစ်ကြောင့်
လူတိုင်း ထာဝရပျော်ရွှင်နိုင်ပါစေ
ချစ်သော VV မှ....💜
29.10.2022.
21:28 pm.
...................................
Zawgyi.....
Final
Unicode...
...........................
ထိပ်ထိပ်ပြာပြာဖြစ်သွားသော လှောင်အိမ်ထဲက နွဦေးမှာ ကြမ်းပြင်ပေါ် ဝမ်းလျားမှောက်နေသော ဟံသာဦး ပြန်ထလာဖို့အရေးကိုသာ အတင်းအော်ဟစ်နေမိတော့သည်။
ထို့နောက် လှောင်အိမ်ထဲက သူတို့နှစ်ယောက်ကို ကြိုးတုပ်ပြီး အပြင်သို့ထုတ်လာစေရန် အမိန့်ပေးလိုက်တော့ နောက်လိုက်သားတစ်ချို့က နွဦေးတို့ကိုဆွဲယူခေါ်ဆောင်လာပြီး ဦးနေမင်းခရှေ့ ဒူးထောင်ထိုင်စေလိုက်သည်။
ဒေါက်ခနဲ နွဦေးရဲ့နှဖူးတည့်တည့်ကို ချိန်လာသော ဦးနေမင်းခရဲ့ သေနတ်က နောက်ပြန်လှည့်ဖို့ အစီစဉ်မရှိ.. နွဦေးမှာ ဟံသာဦးကိုသာ နောက်ဆုံးအကြိမ်တစ်ချက်ကြည့်ပြီး မျက်လွှာတွေကို ပိတ်ပေးလိုက်မိသည်..။
နောက်ဆုံးအနေနဲ့ ကိုယ်ချစ်ရတဲ့ လူတယောက်ကို  ဘာပြောလို့ပြောရမှန်းတောင်မသိတော့တဲ့ ကိုယ့်ကိုကိုယ်အား အံ့ဩခြင်းတော့မရှိ.. မှန်သည်လေ သူနဲ့ကိုယ်ရဲ့ ဆက်ဆံရေးက တခါလေးတောင် ပြေလည်ဖူးသည်မှမရှိဘဲ.. အမှတ်တရဆိုးတွေကြောင့် နောက်ဆုံးစကားပင် ချန်မထားချင်တော့ပါ...
"အား....."
"ဟင်.." ဟူသည့် အာမေဋိတ်အသံကလေးနှင့် ရှေ့သို့ပြန်ကြည့်တော့ အမှန်ပင် ဟံသာဦးရဲ့ ဝင်လုံးမှုကြောင့် နွဦေးမှာ အသက်ဘေးကလွတ်သည်..။
"အပြင်ကိုထွက်တော့ ရဲတွေကိုခေါ်ထားတာမို့ ခဏနေ အဆင်ပြေသွားလိမ့်မယ်...ဆရာ့ကို သေချာစောင့်ရှောက်ပေးမှာမို့လို့ နွဦေး ရတုကိုပါခေါ်သွားတော့..."
ထို့နောက်မှာတော့ နွဦေးက စိတ်မကောင်းစွာ ရတုမောင်လက်ကိုအတင်းဆွဲပြီး ထိုနေရာမှအရထွက်သည်။ တိုက်ခိုက်နေသော လူတွေကိုရှောင်ဖယ်နေရတာမို့ သူတို့ အပြင်သို့ ထင်သလောက်မြန်မြန်မရောက်နိုင်... အပေါက်ဝသို့ ရောက်ခါနီးတွင်တော့ ကျယ်လောင်သော ပစ်ခက်သံတစ်ခုကြောင့် နွဦေးရော ရတုပါ လှည့်ကြည့်လိုက်ကြသည်။
ဒိုင်း!
"အကို........."
ဒိုင်း!
"ဟင်း......အင်း........"
"ရဲနောင် မင်း..."
...........
ပြီးတော့.....,
ရာသီဥတုတွေ သာယာနေသရွေ့...
"အေးလို့လား..."
"အင်း...."
စွန့်လွှတ်ခြင်း..အနစ်နာခံခြင်း..ပေးပ်ငြ်း..ရယူငြ်းမျိုးည်းဟုတ်ပါ... ။
  သူပျော်ရွှင်နေတာကိုကြည့်ပြီး ကိုယ္ပါ အပျော်တွေကူးက်တောမျိုး.....
................THE END................
အချစ်ကြောင့်
ချစ်သော VV မှ....
29.10.2022.
21:28 pm.
Continue Reading
You'll Also Like
772K 31.1K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
1.6M 201K 162
21.9K 1.2K 10
Artist - Alien's Art Writer - JeonYiMon ©Yote Pya - ရုပျပွ