Part 45
Unicode....
ဒီနေ့ဟာ သောကြာနေ့ဖြစ်သည်ကြောင့် ဟံသာဦးတယောက်အိမ်မပြန်တော့ဘဲ အလုပ်ပြန်သည်ဆိုလျှင်ဘဲ နွေဦးအိမ်သို့ ဒုက္ခသည်တယောက်ပမာ သောင်တင်ရန်ဆုံးဖြတ်ထားသည်။
"ကိုယ့်ကို စောင့်ပါအုံး အချစ်ရဲ့..."
အလုပ်ဆင်းကတည်းက ခပ်သုတ်သုတ်ဖြင့် မပြေးရုံတမယ် အသော့နှင်နေသော လူကြီးပေါက်စက တစ်မနက်လုံးအလုပ်တွင်လည်း ရေရေလည်လည်စကားမပြောပါချေ...လူတွေ့လျှင် ရှောင်နေတာချည်းဘဲ...
အနောက်မှနေခါ နွေဦးနာမည်ကိုမရမက အော်ခေါ်လို့ အမြှီးလေးတနှမ့်နှမ့်ဖြင့် တယ်လီယာခွေးပေါက်တစ်ကောင်လို လိုက်နေသူဟံသာဦးမှာ အတော်ကလေး ပျော်နေပုံရသည်။
"ချစ်ဆုံး ဟေ့ ကလေးလေး...."
"ကျစ်! ခင်ဗျား ဘာဖြစ်နေလဲ.."
"ကိုယ်လား ချစ်ချင်နေယုံပါ.."
"ဟော..ဟိုမှာ မချမ်းမြေ့နှင်းစံရောက်နေပြီ ခင်များကို စောင့်နေတယ် သွားတွေ့လိုက်ပါအုံး..."
လက်ညှိုးညွှန်ရာကြည့်တော့ အမှန်တကယ်ပင် ချမ်းမြေ့နှင်းစံပါလေ... ဟံသာဦး မျက်နှာကိုတည်ပစ်လိုက်ရင်း သူမရှိရာသို့ ဆက်လက်လျှောက်လှမ်းသွားတော့သည်။
ထို့နောက် နွေဦးမှာလည်း အကိုညီသု့ရောက်လာပြီမို့ ခေါင်းပုတ်ဖင်ပုတ်လုပ်နေတဲ့ သူတို့နှစ်ယောက်ကို ကျောခိုင်းပစ်လိုက်ခါ ရင်နာနာနှင့်ပင် ကားထဲဝင်လာခဲ့လိုက်သည်။
"သခင်လေး..."
စကားစရန်ပြင်နေသော အကိုညီသု့က သူ့ဆရာရဲ့အခြေအနေကို ကာစီးပေးရန်ပြင်နေသော်လည်း နွေဦး စိတ်မဝင်စားစွာ အမူအရာပြလိုက်မှ သူလည်းအလိုက်တသိဖြင့် parking ခန်းမှ ကားကိုအလျှင်အမြန် မောင်းထွက်လာခဲ့လိုက်သည်။
........
ဟံသာဦး အိမ်ပြန်ရောက်တော့ ဧည့်ခန်းမှာရှိနေတဲ့ ညီသု့ကိုမြင်ရသည်။
"နွေဦးရော..."
"အပေါ်ထပ်မှာပါ ဆရာ...."
ထို့နောက် ဘာစကားမှမဆိုတော့ဘဲ ဟံသာဦးတယောက် နွေဦးရှိရာအခန်းသို့အလျှင်အမြန်ပင်ရောက်ချသွားလေသည်။
"ဒေါက်..ဒေါက်..ဒေါက်"
"နွေဦး ကိုယ်ပါ ဝင်ခဲ့မယ်နော်..."
အခန်းထဲဝင်ရန် တံခါးလက်ကိုင်ကိုလှည့်လိုက်သော်လည်း အထဲမှ အခန်းတံခါးကိုဂျက်ချထားလေသည်။ ဟံသာဦး အတင်းဖွင့်ခိုင်းရန် မကြိုးစားစေဘဲ မနက်မှ သူ့ကို သေသေချာချာရှင်းပြမည်ဟူ၍သာ တေးထားလိုက်၏..။
"ကောင်းပြီ အထင်လွဲနေတာကို ကိုယ် မနက်ကျတော့မှ မင်းနဲ့ စကားပြောမယ် နော်.. စိတ်မဆိုးနဲ့.. တခုခုလိုရင် ကိုယ် ဒီဘက်အခန်းမှာရှိနေမယ်..."
အခန်းအပြင်ကနေသာ စကားအဝပြောရင်း သူ့အခန်းထဲဝင်သွားလေသည်။
....."ကျစ်...အခုမှလာပြီးတော့..စောနကကျတော့ သူတို့နှစ်ယောက်ထဲကမ္ဘာတည်နေပြီး.. ဒါနဲ့များ လက်ထပ်ခွင့်ကတောင်းရဲသေးတယ်.. ဒီလူ အရှက်မရှိတော့တာများလား..."
ဆူဆူဆောင့်ဆောင့်ဖြင့်ပင် နွေဦး အိပ်ယာပေါ် ခြေဆန့်လက်ဆန့်လှဲအိပ်ပစ်လိုက်သည်။
"............."
"ထူးစမ်းတယ် စိုင်းမင်းမောင် ဆီကနေ လုံးဝအဆက်အသွယ်ပျက်နေတာ တစ်ပတ်လောက်ရှိပြီ..."
မနက်ခင်း မနက်စာဝိုင်း၌ ဆိုလာသော ဟံသာဦးရဲ့စကားကို ညီသု့အတွေးတချို့နှင့်အတူ စဉ်းစားနေမိသည်။
"မဟုတ်မှ ကျွန်တော်တို့ကို တစ်ပတ်ရိုက်သွားတာလား..."
ထိုအခါ ဟံသာဦးက ခေါင်းကိုတွင်တွင်ခါသည်။ ပြီးမှ တစ်ခုခုကို သတိရစွာ ညီသု့အားမေးမိသည်။
"အော် နွေဦး မနိုးသေးဘူးလား ဘယ်အချိန်တောင်ရှိနေပြီလဲ..."
"ကျွန်တော် သွားနှိုးလိုက်ပါ့မယ်....."
ဟံသာဦးက ခေါင်းတစ်ချက်ညှိမ့်လိုက်ခါ မနက်စာကို အေးအေးလူလူသာစားနေလိုက်သည်..။
တခြားတစ်ဖတ်တွင်တော့ နွေဦးတယောက် ဦးနေမင်းခနှင့် စာရင်းရှင်းရန် မနက်အစောကြီးကတည်းက ထထွက်သွားတာ သူတို့မသိလိုက်ပေ... ။ ကိုယ်တိုင်ကားမောင်းထွက်သွားလျှင် လူသိမည်စိုးတာကြောင့် အငှါးကားဖြင့်သာ တိတ်တဆိတ်ထွက်သွားခဲ့တာဖြစ်သည်။
"..................."
"ဇွဲကောင်းလိုက်တာ အစောကြီးရောက်နေတာဘဲ..."
နွေဦးက ခေါင်းတစ်ချက်ညှိမ့်ပြခါ သူ့ပိုက်ဆံအိတ်ထဲက card တစ်ကဒ်ကိုထုတ်ပေးလိုက်သည်။
"ဒါ ဟိုနေ့ကအတွက် ပြန်ပေးတာပါ.."
ဦးနေမင်းခက ရယ်မောလို့ လက်ခါကာငြင်းသည်။
"မလိုပါဘူး ဒါက အသေးအမွှားလေးပါ.."
နွေဦးဘာမှပြန်မပြောတော့ဘဲ ခဏတိတ်ဆိတ်လိုက်သည်။
...."အခုတွေ့ရပြီဆိုတော့ ဦးခဘက်က ပြောချင်တာဘာများရှိလို့လဲ.. ကျွန်တော်နားထောင်ပေးပါ့မယ်.."
ဦးနေမင်းခက တစ်ချက်ပြုံးခါ ဘာစကားမှမစသေးဘဲ နွေဦးမော့လိုက်သည့် အအေးခွက်ကိုသာ အပြုံးစစလေးဖြင့်ကြည့်နေမိသည်။
"ဘယ်လိုလဲ ကိုယ်မှာပေးထားတဲ့ အအေးက ချိုရဲ့လား..."
နွေဦးတစ်ခုခုကို ရိပ်မိလိုက်သော်လည်း မသေချာမရေရာစွာ ဦးနေမင်းခမျက်နှာကို တစ်ချက်ကြည့်သည်။
"ကောင်းပါတယ်.."
"ဟုတ်လား ကျစ် ဆေးအစွမ်းကမြန်မြန်ဆန်ဆန်ပြမယ်ထင်နေတာ အဟက်..."
"ဘာကိုဆိုလိုတာလဲ..."
ဦးနေမင်းခက ရယ်မြဲရယ်နေသဖြင့် နွေဦး ကြောက်လန့်တုန်လှုပ်မိပါသည်။ သူက အမှန်ပင် အကိုညီသု့ သတိပေးခဲ့သလို အန္တရာယ်တစ်ခုဘဲ
"ခင်ဗျား....." ဟုဆိုခါ ထိုင်နေရာမှ မတ်တပ်ထအရပ် ရိပ်ခနဲမူးသွားသောကြောင့် နွေဦး ဆေးမိနေမှန်းသိလိုက်ရသည်။ ဘယ်လိုမှလှုပ်မရတော့ဘဲ မူးဝေခါ ထိုင်ခုံပေါ်ပြန်လဲကျသွားလေသည်။
အဲ့နောက်မှာတော့ ဦးနှောက်တစ်ခုလုံးမှောင်ရိပ်ကျခါ လောကနှင့်အဆက်အသွယ်ပျက်တောက်သွားလေတော့သည်။
"................."
"ဘာ..! မရှိတော့ဘူးဟုတ်လား..မရှိရအောင် နွေဦးက ဘယ်သွားလို့လဲ..."
ဟံသာဦးတယောက် ပွဲကြမ်းနေပြီမို့ ညီသု့ခေါင်းကိုသာငုံ့မြဲ...
"မင်းကိုငါ နွေဦးအနားနေဖို့ပြောထားတယ်မှလား.."
"ကျွန်တော့်အမှားပါ သေချာမစောင့်ကြည့်မိလို့.."
"ကျစ်! ဟာကွာ..."
ထိုစဉ် ဟံသာဦးရဲ့ ဘောင်းဘီအိတ်ကပ်ထောင့်မှ ဖုန်းသံတစ်ခုသည် အဆက်မပျက်မြည်လာခဲ့သည်။ စိတ်ရှုတ်နေရတဲ့ကြားထဲမှ ဖုန်းက အဆက်မပျက်လာနေသည်ကြောင့် ရိုက်ခွဲမည်အပြုတွင် ဖုန်းမျက်နှာပြင်မှာ ပေါ်နေသော "အချစ်ဆုံး" ဟူသည့် နာမည်လေးကြောင့် အလျှင်အမြန်ပင်ကိုင်လိုက်မိသည်။
"နွေဦး မင်းဘယ်မှာလဲ..."
...."ဟိုးထား ဟိုးထား နွေဦးက အခုအိပ်ပျော်နေတယ်...."
"ဘာ..အခုမင်းဘယ်သူလဲ..."
"အဟက်ဟက်... ဘယ်သူလဲဟုတ်လား မမှတ်မိဘူးလား ကိုယ့်အသံကို..."
"ဘာ"
"ဟားဟားဟား....."
ဖုန်းတဖတ်ကလူရဲ့ ကျယ်လောင်စွာ အော်ရယ်သံက နားစည်ထဲ ထိုးရှိုက်ဝင်ရောက်သွားလေတော့သည်။ ဤလူဟာ ဦးနေမင်းခဖြစ်ကြောင်း ဟံသာဦး သိရှိရိပ်မိသွားလေတော့သည်။
"ခင်ဗျား ဦးနေမင်းခ...."
"မင်းငါ့ကိုလိမ်တယ်.. ဒါပေမဲ့ အဲ့လိုလိမ်လိုက်လို့ အကျိုးရှိမယ်မထင်နဲ့... ချမ်းမြေ့နှင်းစံက နွေဦးအစား သေတယ်...ဟုတ်တယ် ငါသတ်လိုက်တယ်.. မင်းက တကယ့်ငလည်လေး.. မင်းက သူမကို cover ထားတာဘဲ အဟက်ဟက် ဒါပေမဲ့ အခုကတည်းက မင်းရဲ့အချစ်တော် နွေဦးကို နှုတ်ဆက်ထားလိုက် မကြာခင်မှာ သူ့အလှည့်ရောက်လာတော့မယ်..."
"တောက် နွေဦးကို ခင်ဗျား လက်ဖျားနဲ့တောင် ထိရဲရင်ထိကြည့် ခင်ဗျားလက်ချောင်းတွေ သုံးစားမရအောင် ဖြတ်ပစ်ပေးမယ်..."
"ဟုတ်ပါပြီ...မကြာခင်သေရတော့မဲ့လူကို မေတ္တာပို့ပြီး အမျှပါဝေပေးထားလိုက်...နောက် ၁နာရီနေလို့မှမရောက်လာသေးရင် မင်းအချစ်တော်လေး ထာဝရအိပ်စက်သွားအောင်လုပ်ပေးလိုက်မယ်.. မင်းက အမြဲငါ့နောက်ကြောင်းစုံစမ်းနေတာဆိုတော့ ငါအခုဘယ်မှာရှိလဲဆိုတာ မင်းသိမှာပါ..."
ပြောပြီးဖုန်းချသွားသော ဦးနေမင်းခကြောင့် ဟံသာဦး ရုံးရင်းဆန်ခက်ဖြစ်သွားခါ ညီသု့နှင့်အတူ သူရှိရာ နေရာကို ခပ်မြန်မြန်ပင်ရောက်ချလာလေသည်။
ဟံသာဦးတို့ရောက်လာတော့ ဂိတ်ဝမှာ စောင့်ကြိုနေသော လူဒါဇင်လိုက်က ချမယ်ဆိုရင်တောင် အင်အားမမျှတစွာ... ဒေါသဖြင့်ပင် စခန်းထဲ လျှောက်လှမ်းသွားရာ အနက်ရောင်ပြောင်လက်နေသော ဆိုဖာကြီးတစ်ခုပေါ်မှာ ဦးနေမင်းခက မိန့်မိန့်ကြီးထိုင်လို့... အဖြူရောင် ကိုယ်ကျပ်shirt ကို အနက်ရောင် စတိုင်ပန်၊ လယ်သာလက်အိတ်အနက်ရောင်ဖြင့် လက်ထဲ ဝီစကီတစ်ခွက်ကိုပါ လှုပ်ရမ်းနေသေးသည်။ ရှေ့က မှန်အကြည်ရောင်ခုံပေါ်တွင်တော့ အနက်ရောင် Glock 34 တစ်လက်ရှိနေပြီး ဘေးက လှောင်အိမ်ကြီးထဲမှာတော့ နွေဦးရယ် ရတုမောင်ရယ်ကို ကြိုးများဖြင့်ချည်နှောင်ခါ အထဲတွင်ထည့်ထားလေသည်။ နောက်ဆုံးအနေနှင့် ဦးနေမင်းခရဲ့ ဘေးတွင် ပူးကပ်ပြီးထိုင်နေသူမှာ ရဲနောင်မိုး...
ကြည့်ရတာ ရဲနောင်မိုးတယောက် ဦးနေမင်းခထံတွင် မိသွားပုံရသည်။ ဟံသာဦး မျက်မှောင်တစ်ချက်ကြုတ်ရင်း ဦးနေမင်းခဆီတည့်တည့်လျှောက်လှမ်းလာလေသည်။
"မတွေ့ရတာတောင်အတော်ကြာပြီနော်.." ဟုဆိုခါ ရဲနောင်မိုးရဲ့ ခါးကို တင်းတင်းကျပ်ကျပ်ပွေ့ဖတ်လိုက်တော့ သူခင်မျာ ရုန်းရှာသည်။
"အငြိမ်မနေဘူးလား..."
ဦးနေမင်းခက လက်ထဲက ဝီစကီကို စားပွဲပေါ်ပြန်ချခါ ရဲနောင်မိုးမေးဖျားမှ ခပ်ကျပ်ကျပ် ဆွဲကိုင်ထိန်းချုပ်ပစ်လိုက်သည်။
"ဦးနေမင်းခ.. ကျုပ်တို့စကားပြောဖို့လိုနေပြီ.."
"ဘာစကားကိုပြောမှာလဲ.. ဟေ့..."
ဦးနေမင်းခက သူ့လူတွေကို မျက်စပစ်ပြလိုက်လျှင် သံတုတ်ကိုင်ထားတဲ့လူတချို့ရောက်ချလာပြီး ဟံသာဦးခေါင်းကို ဖြတ်ရိုက်ပစ်လိုက်တာ ဦးခေါင်းခွံမှကွဲထွက်လာသော သွေးရဲရဲတို့ကဖြာခနဲ...
"ဟံသာဦး...မဟုတ်ဘူး..."
နွေဦးရဲ့အသံက ခပ်ပြာပြာရှိပြီး လှောင်အိမ်သံတိုင်ထဲမှ ထွက်လုမတက် သံတိုင်တွေကိုပင် တင်းတင်းကျပ်ကျပ်ဆုတ်ကိုင်ထားလေသည်။
"မဟုတ်ဘူး မဟုတ်ဘူး ဟံသာဦး ....."
................................
zawgyi......
Part 45
ဒီေန႕ဟာ ေသာၾကာေန႕ျဖစ္သည္ေၾကာင့္ ဟံသာဦးတေယာက္အိမ္မျပန္ေတာ့ဘဲ အလုပ္ျပန္သည္ဆိုလွ်င္ဘဲ ႏြေဦးအိမ္သို႔ ဒုကၡသည္တေယာက္ပမာ ေသာင္တင္ရန္ဆုံးျဖတ္ထားသည္။
"ကိုယ့္ကို ေစာင့္ပါအုံး အခ်စ္ရဲ႕..."
အလုပ္ဆင္းကတည္းက ခပ္သုတ္သုတ္ျဖင့္ မေျပး႐ုံတမယ္ အေသာ့ႏွင္ေနေသာ လူႀကီးေပါက္စက တစ္မနက္လုံးအလုပ္တြင္လည္း ေရေရလည္လည္စကားမေျပာပါေခ်...လူေတြ႕လွ်င္ ေရွာင္ေနတာခ်ည္းဘဲ...
အေနာက္မွေနခါ ႏြေဦးနာမည္ကိုမရမက ေအာ္ေခၚလို႔ အျမႇီးေလးတႏွမ့္ႏွမ့္ျဖင့္ တယ္လီယာေခြးေပါက္တစ္ေကာင္လို လိုက္ေနသူဟံသာဦးမွာ အေတာ္ကေလး ေပ်ာ္ေနပုံရသည္။
"ခ်စ္ဆုံး ေဟ့ ကေလးေလး...."
"က်စ္! ခင္ဗ်ား ဘာျဖစ္ေနလဲ.."
"ကိုယ္လား ခ်စ္ခ်င္ေနယုံပါ.."
"ေဟာ..ဟိုမွာ မခ်မ္းေျမ့ႏွင္းစံေရာက္ေနၿပီ ခင္မ်ားကို ေစာင့္ေနတယ္ သြားေတြ႕လိုက္ပါအုံး..."
လက္ညွိုးၫႊန္ရာၾကည့္ေတာ့ အမွန္တကယ္ပင္ ခ်မ္းေျမ့ႏွင္းစံပါေလ... ဟံသာဦး မ်က္ႏွာကိုတည္ပစ္လိုက္ရင္း သူမရွိရာသို႔ ဆက္လက္ေလွ်ာက္လွမ္းသြားေတာ့သည္။
ထို႔ေနာက္ ႏြေဦးမွာလည္း အကိုညီသု႔ေရာက္လာၿပီမို႔ ေခါင္းပုတ္ဖင္ပုတ္လုပ္ေနတဲ့ သူတို႔ႏွစ္ေယာက္ကို ေက်ာခိုင္းပစ္လိုက္ခါ ရင္နာနာႏွင့္ပင္ ကားထဲဝင္လာခဲ့လိုက္သည္။
"သခင္ေလး..."
စကားစရန္ျပင္ေနေသာ အကိုညီသု႔က သူ႕ဆရာရဲ႕အေျခအေနကို ကာစီးေပးရန္ျပင္ေနေသာ္လည္း ႏြေဦး စိတ္မဝင္စားစြာ အမူအရာျပလိုက္မွ သူလည္းအလိုက္တသိျဖင့္ parking ခန္းမွ ကားကိုအလွ်င္အျမန္ ေမာင္းထြက္လာခဲ့လိုက္သည္။
........
ဟံသာဦး အိမ္ျပန္ေရာက္ေတာ့ ဧည့္ခန္းမွာရွိေနတဲ့ ညီသု႔ကိုျမင္ရသည္။
"ႏြေဦးေရာ..."
"အေပၚထပ္မွာပါ ဆရာ...."
ထို႔ေနာက္ ဘာစကားမွမဆိုေတာ့ဘဲ ဟံသာဦးတေယာက္ ႏြေဦးရွိရာအခန္းသို႔အလွ်င္အျမန္ပင္ေရာက္ခ်သြားေလသည္။
"ေဒါက္..ေဒါက္..ေဒါက္"
"ႏြေဦး ကိုယ္ပါ ဝင္ခဲ့မယ္ေနာ္..."
အခန္းထဲဝင္ရန္ တံခါးလက္ကိုင္ကိုလွည့္လိုက္ေသာ္လည္း အထဲမွ အခန္းတံခါးကိုဂ်က္ခ်ထားေလသည္။ ဟံသာဦး အတင္းဖြင့္ခိုင္းရန္ မႀကိဳးစားေစဘဲ မနက္မွ သူ႕ကို ေသေသခ်ာခ်ာရွင္းျပမည္ဟူ၍သာ ေတးထားလိုက္၏..။
"ေကာင္းၿပီ အထင္လြဲေနတာကို ကိုယ္ မနက္က်ေတာ့မွ မင္းနဲ႕ စကားေျပာမယ္ ေနာ္.. စိတ္မဆိုးနဲ႕.. တခုခုလိုရင္ ကိုယ္ ဒီဘက္အခန္းမွာရွိေနမယ္..."
အခန္းအျပင္ကေနသာ စကားအဝေျပာရင္း သူ႕အခန္းထဲဝင္သြားေလသည္။
....."က်စ္...အခုမွလာၿပီးေတာ့..ေစာနကက်ေတာ့ သူတို႔ႏွစ္ေယာက္ထဲကမၻာတည္ေနၿပီး.. ဒါနဲ႕မ်ား လက္ထပ္ခြင့္ကေတာင္းရဲေသးတယ္.. ဒီလူ အရွက္မရွိေတာ့တာမ်ားလား..."
ဆူဆူေဆာင့္ေဆာင့္ျဖင့္ပင္ ႏြေဦး အိပ္ယာေပၚ ေျခဆန႔္လက္ဆန႔္လွဲအိပ္ပစ္လိုက္သည္။
"............."
"ထူးစမ္းတယ္ စိုင္းမင္းေမာင္ ဆီကေန လုံးဝအဆက္အသြယ္ပ်က္ေနတာ တစ္ပတ္ေလာက္ရွိၿပီ..."
မနက္ခင္း မနက္စာဝိုင္း၌ ဆိုလာေသာ ဟံသာဦးရဲ႕စကားကို ညီသု႔အေတြးတခ်ိဳ႕ႏွင့္အတူ စဥ္းစားေနမိသည္။
"မဟုတ္မွ ကြၽန္ေတာ္တို႔ကို တစ္ပတ္ရိုက္သြားတာလား..."
ထိုအခါ ဟံသာဦးက ေခါင္းကိုတြင္တြင္ခါသည္။ ၿပီးမွ တစ္ခုခုကို သတိရစြာ ညီသု႔အားေမးမိသည္။
"ေအာ္ ႏြေဦး မနိုးေသးဘူးလား ဘယ္အခ်ိန္ေတာင္ရွိေနၿပီလဲ..."
"ကြၽန္ေတာ္ သြားႏွိုးလိုက္ပါ့မယ္....."
ဟံသာဦးက ေခါင္းတစ္ခ်က္ညွိမ့္လိုက္ခါ မနက္စာကို ေအးေအးလူလူသာစားေနလိုက္သည္..။
တျခားတစ္ဖတ္တြင္ေတာ့ ႏြေဦးတေယာက္ ဦးေနမင္းခႏွင့္ စာရင္းရွင္းရန္ မနက္အေစာႀကီးကတည္းက ထထြက္သြားတာ သူတို႔မသိလိုက္ေပ... ။ ကိုယ္တိုင္ကားေမာင္းထြက္သြားလွ်င္ လူသိမည္စိုးတာေၾကာင့္ အငွါးကားျဖင့္သာ တိတ္တဆိတ္ထြက္သြားခဲ့တာျဖစ္သည္။
"..................."
"ဇြဲေကာင္းလိုက္တာ အေစာႀကီးေရာက္ေနတာဘဲ..."
ႏြေဦးက ေခါင္းတစ္ခ်က္ညွိမ့္ျပခါ သူ႕ပိုက္ဆံအိတ္ထဲက card တစ္ကဒ္ကိုထုတ္ေပးလိုက္သည္။
"ဒါ ဟိုေန႕ကအတြက္ ျပန္ေပးတာပါ.."
ဦးေနမင္းခက ရယ္ေမာလို႔ လက္ခါကာျငင္းသည္။
"မလိုပါဘူး ဒါက အေသးအမႊားေလးပါ.."
ႏြေဦးဘာမွျပန္မေျပာေတာ့ဘဲ ခဏတိတ္ဆိတ္လိုက္သည္။
...."အခုေတြ႕ရၿပီဆိုေတာ့ ဦးခဘက္က ေျပာခ်င္တာဘာမ်ားရွိလို႔လဲ.. ကြၽန္ေတာ္နားေထာင္ေပးပါ့မယ္.."
ဦးေနမင္းခက တစ္ခ်က္ၿပဳံးခါ ဘာစကားမွမစေသးဘဲ ႏြေဦးေမာ့လိုက္သည့္ အေအးခြက္ကိုသာ အၿပဳံးစစေလးျဖင့္ၾကည့္ေနမိသည္။
"ဘယ္လိုလဲ ကိုယ္မွာေပးထားတဲ့ အေအးက ခ်ိဳရဲ႕လား..."
ႏြေဦးတစ္ခုခုကို ရိပ္မိလိုက္ေသာ္လည္း မေသခ်ာမေရရာစြာ ဦးေနမင္းခမ်က္ႏွာကို တစ္ခ်က္ၾကည့္သည္။
"ေကာင္းပါတယ္.."
"ဟုတ္လား က်စ္ ေဆးအစြမ္းကျမန္ျမန္ဆန္ဆန္ျပမယ္ထင္ေနတာ အဟက္..."
"ဘာကိုဆိုလိုတာလဲ..."
ဦးေနမင္းခက ရယ္ၿမဲရယ္ေနသျဖင့္ ႏြေဦး ေၾကာက္လန႔္တုန္လႈပ္မိပါသည္။ သူက အမွန္ပင္ အကိုညီသု႔ သတိေပးခဲ့သလို အႏၱရာယ္တစ္ခုဘဲ
"ခင္ဗ်ား....." ဟုဆိုခါ ထိုင္ေနရာမွ မတ္တပ္ထအရပ္ ရိပ္ခနဲမူးသြားေသာေၾကာင့္ ႏြေဦး ေဆးမိေနမွန္းသိလိုက္ရသည္။ ဘယ္လိုမွလႈပ္မရေတာ့ဘဲ မူးေဝခါ ထိုင္ခုံေပၚျပန္လဲက်သြားေလသည္။
အဲ့ေနာက္မွာေတာ့ ဦးႏွောက္တစ္ခုလုံးေမွာင္ရိပ္က်ခါ ေလာကႏွင့္အဆက္အသြယ္ပ်က္ေတာက္သြားေလေတာ့သည္။
"................."
"ဘာ..! မရွိေတာ့ဘူးဟုတ္လား..မရွိရေအာင္ ႏြေဦးက ဘယ္သြားလို႔လဲ..."
ဟံသာဦးတေယာက္ ပြဲၾကမ္းေနၿပီမို႔ ညီသု႔ေခါင္းကိုသာငုံ႕ၿမဲ...
"မင္းကိုငါ ႏြေဦးအနားေနဖို႔ေျပာထားတယ္မွလား.."
"ကြၽန္ေတာ့္အမွားပါ ေသခ်ာမေစာင့္ၾကည့္မိလို႔.."
"က်စ္! ဟာကြာ..."
ထိုစဥ္ ဟံသာဦးရဲ႕ ေဘာင္းဘီအိတ္ကပ္ေထာင့္မွ ဖုန္းသံတစ္ခုသည္ အဆက္မပ်က္ျမည္လာခဲ့သည္။ စိတ္ရႈတ္ေနရတဲ့ၾကားထဲမွ ဖုန္းက အဆက္မပ်က္လာေနသည္ေၾကာင့္ ရိုက္ခြဲမည္အျပဳတြင္ ဖုန္းမ်က္ႏွာျပင္မွာ ေပၚေနေသာ "အခ်စ္ဆုံး" ဟူသည့္ နာမည္ေလးေၾကာင့္ အလွ်င္အျမန္ပင္ကိုင္လိုက္မိသည္။
"ႏြေဦး မင္းဘယ္မွာလဲ..."
...."ဟိုးထား ဟိုးထား ႏြေဦးက အခုအိပ္ေပ်ာ္ေနတယ္...."
"ဘာ..အခုမင္းဘယ္သူလဲ..."
"အဟက္ဟက္... ဘယ္သူလဲဟုတ္လား မမွတ္မိဘူးလား ကိုယ့္အသံကို..."
"ဘာ"
"ဟားဟားဟား....."
ဖုန္းတဖတ္ကလူရဲ႕ က်ယ္ေလာင္စြာ ေအာ္ရယ္သံက နားစည္ထဲ ထိုးရွိုက္ဝင္ေရာက္သြားေလေတာ့သည္။ ဤလူဟာ ဦးေနမင္းချဖစ္ေၾကာင္း ဟံသာဦး သိရွိရိပ္မိသြားေလေတာ့သည္။
"ခင္ဗ်ား ဦးေနမင္းခ...."
"မင္းငါ့ကိုလိမ္တယ္.. ဒါေပမဲ့ အဲ့လိုလိမ္လိုက္လို႔ အက်ိဳးရွိမယ္မထင္နဲ႕... ခ်မ္းေျမ့ႏွင္းစံက ႏြေဦးအစား ေသတယ္...ဟုတ္တယ္ ငါသတ္လိုက္တယ္.. မင္းက တကယ့္ငလည္ေလး.. မင္းက သူမကို cover ထားတာဘဲ အဟက္ဟက္ ဒါေပမဲ့ အခုကတည္းက မင္းရဲ႕အခ်စ္ေတာ္ ႏြေဦးကို ႏႈတ္ဆက္ထားလိုက္ မၾကာခင္မွာ သူ႕အလွည့္ေရာက္လာေတာ့မယ္..."
"ေတာက္ ႏြေဦးကို ခင္ဗ်ား လက္ဖ်ားနဲ႕ေတာင္ ထိရဲရင္ထိၾကည့္ ခင္ဗ်ားလက္ေခ်ာင္းေတြ သုံးစားမရေအာင္ ျဖတ္ပစ္ေပးမယ္..."
"ဟုတ္ပါၿပီ...မၾကာခင္ေသရေတာ့မဲ့လူကို ေမတၱာပို႔ၿပီး အမွ်ပါေဝေပးထားလိုက္...ေနာက္ ၁နာရီေနလို႔မွမေရာက္လာေသးရင္ မင္းအခ်စ္ေတာ္ေလး ထာဝရအိပ္စက္သြားေအာင္လုပ္ေပးလိုက္မယ္.. မင္းက အၿမဲငါ့ေနာက္ေၾကာင္းစုံစမ္းေနတာဆိုေတာ့ ငါအခုဘယ္မွာရွိလဲဆိုတာ မင္းသိမွာပါ..."
ေျပာၿပီးဖုန္းခ်သြားေသာ ဦးေနမင္းခေၾကာင့္ ဟံသာဦး ႐ုံးရင္းဆန္ခက္ျဖစ္သြားခါ ညီသု႔ႏွင့္အတူ သူရွိရာ ေနရာကို ခပ္ျမန္ျမန္ပင္ေရာက္ခ်လာေလသည္။
ဟံသာဦးတို႔ေရာက္လာေတာ့ ဂိတ္ဝမွာ ေစာင့္ႀကိဳေနေသာ လူဒါဇင္လိုက္က ခ်မယ္ဆိုရင္ေတာင္ အင္အားမမွ်တစြာ... ေဒါသျဖင့္ပင္ စခန္းထဲ ေလွ်ာက္လွမ္းသြားရာ အနက္ေရာင္ေျပာင္လက္ေနေသာ ဆိုဖာႀကီးတစ္ခုေပၚမွာ ဦးေနမင္းခက မိန႔္မိန႔္ႀကီးထိုင္လို႔... အျဖဴေရာင္ ကိုယ္က်ပ္shirt ကို အနက္ေရာင္ စတိုင္ပန္၊ လယ္သာလက္အိတ္အနက္ေရာင္ျဖင့္ လက္ထဲ ဝီစကီတစ္ခြက္ကိုပါ လႈပ္ရမ္းေနေသးသည္။ ေရွ႕က မွန္အၾကည္ေရာင္ခုံေပၚတြင္ေတာ့ အနက္ေရာင္ Glock 34 တစ္လက္ရွိေနၿပီး ေဘးက ေလွာင္အိမ္ႀကီးထဲမွာေတာ့ ႏြေဦးရယ္ ရတုေမာင္ရယ္ကို ႀကိဳးမ်ားျဖင့္ခ်ည္ႏွောင္ခါ အထဲတြင္ထည့္ထားေလသည္။ ေနာက္ဆုံးအေနႏွင့္ ဦးေနမင္းခရဲ႕ ေဘးတြင္ ပူးကပ္ၿပီးထိုင္ေနသူမွာ ရဲေနာင္မိုး...
ၾကည့္ရတာ ရဲေနာင္မိုးတေယာက္ ဦးေနမင္းခထံတြင္ မိသြားပုံရသည္။ ဟံသာဦး မ်က္ေမွာင္တစ္ခ်က္ၾကဳတ္ရင္း ဦးေနမင္းခဆီတည့္တည့္ေလွ်ာက္လွမ္းလာေလသည္။
"မေတြ႕ရတာေတာင္အေတာ္ၾကာၿပီေနာ္.." ဟုဆိုခါ ရဲေနာင္မိုးရဲ႕ ခါးကို တင္းတင္းက်ပ္က်ပ္ေပြ႕ဖတ္လိုက္ေတာ့ သူခင္မ်ာ ႐ုန္းရွာသည္။
"အၿငိမ္မေနဘူးလား..."
ဦးေနမင္းခက လက္ထဲက ဝီစကီကို စားပြဲေပၚျပန္ခ်ခါ ရဲေနာင္မိုးေမးဖ်ားမွ ခပ္က်ပ္က်ပ္ ဆြဲကိုင္ထိန္းခ်ဳပ္ပစ္လိုက္သည္။
"ဦးေနမင္းခ.. က်ဳပ္တို႔စကားေျပာဖို႔လိုေနၿပီ.."
"ဘာစကားကိုေျပာမွာလဲ.. ေဟ့..."
ဦးေနမင္းခက သူ႕လူေတြကို မ်က္စပစ္ျပလိုက္လွ်င္ သံတုတ္ကိုင္ထားတဲ့လူတခ်ိဳ႕ေရာက္ခ်လာၿပီး ဟံသာဦးေခါင္းကို ျဖတ္ရိုက္ပစ္လိုက္တာ ဦးေခါင္းခြံမွကြဲထြက္လာေသာ ေသြးရဲရဲတို႔ကျဖာခနဲ...
"ဟံသာဦး...မဟုတ္ဘူး..."
ႏြေဦးရဲ႕အသံက ခပ္ျပာျပာရွိၿပီး ေလွာင္အိမ္သံတိုင္ထဲမွ ထြက္လုမတက္ သံတိုင္ေတြကိုပင္ တင္းတင္းက်ပ္က်ပ္ဆုတ္ကိုင္ထားေလသည္။
"မဟုတ္ဘူး မဟုတ္ဘူး ဟံသာဦး ....."
................................