ကိုယ် မင်းကို ဘယ်လိုဖွင့်ပြော...
By Azure5549
141K 15.5K 438
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလ... More
မိတ်ဆက် + ရှင်းလင်းချက်
1 - 2
3 - 4
5 - 6
7 - 8
9 - 10
11 - 12
13 - 14
15 - 16
17 - 18
19 - 20
21 - 22
23 - 24
25 - 26
27 - 28
29 - 30
31 - 32
33 - 34
35 - 36
37 - 38
39 - 40
41 - 42
43 - 44
45 - 46
47 - 48
49 - 50
51 - 52
53 - 54
55 - 56
57 - 58
59 - 60
61 - 62
63 - 64
65 - 66
67 - 68
69 - 70
71 - 72
75 - 76
77 - 78
79 - 80
81 - 82
83 - 84
85 - 86
87 - 88
89 - 90
91 - 92
93 - 94
95 - 96
97 - 98
paid အကြောင်း
99 - 100
101 - 102
103 - 104
105 - 106
IQ team က ဘာသာပြန်တဲ့ အသစ်လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါ
107 - 108
109 - 110
111 - 112
113 - 114
115 - 116
117 - 118
hello
119 - 120
😢
121 - 122
123 - 124
125 - 126
127 - 128
hello
129
Chapter 130
131
132
133
134
လက်ဆောင်
135 - 136
137
138
139
140
141
142
143 & 144
145 - 146
147🛑 - 148
149 & 150
151
152 & 153
154 & 155
156 - 158
159 - 160
161 - 162
163 & 164
165 & 166
167 & 168
169 & 170
171 - 172
173 - 175
176 - 177
178 - 180
181 - 185
186 - 190
191 - 193
194 - 195
196 - 197
198 - 199
200 - 202
203 - 205
206 - 208
209 - 211 (End )
Extra 1 & 2
73 - 74
1.2K 160 6
By Azure5549
Chapter 73
တစ်ဖြည်းဖြည်းဖြင့် ရှောင်ကျားရှု၏ ဘက်တော်သားများမှာ လင်းလဲ့ယန်၏ အင်အားစုထက် များစွာ သာလွန်သွားတော့သည်။ လင်းလဲ့ယန်၏ သရုပ်ဆောင်မှုမှာ မကောင်းဟု မဆိုလို၊ ရှောင်ကျားရှု၏ သရုပ်ဆောင်မှုက ခေတ်အကြိုက်နှင့် ပိုမိုကိုက်ညီနေခြင်းဖြစ်သည်။ Stenven Abel၏ ပရိသတ်အများစုမှာ လူငယ်လူရွယ်များ ဖြစ်ကြပြီး လူငယ်များမှာ အလှအပကိုသာ ပိုမိုသဘောကျကြပေသည်။ Love Chaser ကို သည်းထိတ်ရင်ဖို စွန့်စားခန်းအဖြစ် အသက်သွင်းပါလျှင် ပိုမိုပြီး နာမည်ကြီးလာနိုင်ကာ အမျိုးသား ကြည့်ရှုသူများကိုသာ အမျိုးသမီးကြည့်ရှုသူများကိုပါ အများအပြား ဆွဲဆောင်နိုင်မည်ဖြစ်သည်။
Blogger က မဲခွဲဆုံးဖြတ်ရန် တိုက်တွန်းလိုက်သည့်အခါ မျက်နှာလှလှလေးကို အရူးအမူး စွဲလမ်းကြသူများကြောင့် ရှောင်ကျားရှု၏ မဲအရေအတွက်မှာ လင်းလဲ့ယန်ထက် သာလွန်သွား‌တော့သည်။ ရုပ်ရည်ချောမောသည့် စိတ္တဇ‌လူသတ်သမားမှာ သာမန်ရုပ်ရည်ပိုင်ရှင် စိတ္တဇလူသတ်သမားများထက် ပိုမိုဆွဲဆောင်မှု ရှိပေသည်။
သို့သော် ရှောင်ကျားရှုကမူ မကျေနပ်။ သူ့ကိုယ်သူ အရိုးသားဆုံး ပြန်မေးရပါလျှင် လင်းလဲ့ယန်က ပိုကောင်းသည်ဟု ခံစားနေမိသည်။ သူ၏ ဝင်းလက်နေသော အကြည့်တို့မှာ ဒုတိယစရိုက်ကို အပီအပြင် ထင်ဟပ်နေပြီး Stenven Abel ဖော်ပြချင်ခဲ့သည်နှင့် တစ်ထပ်တည်းပင် ဖြစ်သည်။ အပေါ်ယံမျက်နှာ၏ ဆွဲဆောင်နိုင်စွမ်း မဟုတ်၊ စာဖတ်သူ၏ ကြောက်လန့်စိတ်ကို ထင်ဟပ်အောင် ရေးသားထားခြင်းဖြစ်သည်။
ရှုံးပြီ အပြတ်အသတ်ကို ရှုံးသွားပြီ ...
ရှောင်ကျားရှုမှာလည်း လင်းလဲ့ယန်၏ သရုပ်ဆောင်မှုအောက် နစ်မြောသွားတော့သည်။  လက်ရှိ ပျံ့နှံ့နေသည့် ကောလဟာလများအကြောင်း တွေးကာ လှေကားနားသို့ သွားလျက် ဖုန်းဆက်လိုက်သည်။
"ဟယ်လို ဒါရိုက်တာဟူမင်လားမသိဘူး Love Chaser ရဲ့ အဓိကဇာတ်လိုက်နေရာက ကျွန်တော်နဲ့ မသင့်တော်ဘူးလို့ ထင်လို့ပါ ဒါရိုက်တာကြီးအနေနဲ့ တစ်ခြားတစ်ယောက်ကို စဉ်းစားသင့်တယ်လို့ ထင်ပါတယ် လင်းလဲ့ယန် သရုပ်ဆောင်သွားတာက တော်တော်လေးကို ကောင်းတယ် ...
အာ? လင်းလဲ့ယန်ကိုပဲ ရွေးဖို့ စဉ်းစားထားပြီးသားလား အိုး ဆောရီးပါ ကျွန်တော် အမှတ်မှားသွားလို့ ရွေးချယ်မှုက မှန်ကန်ပါတယ် ဒီရုပ်ရှင် အောင်မြင်ဖို့ ဆုတောင်းပေးနေတယ်နော် ..."
ဖုန်းချလိုက်ပြီးနောက် မျက်နှာကို လက်ဖြင့်အုပ်လျက် နံရံကို ခေါင်းဖြင့် ခပ်ဖွဖွ တိုက်လိုက်သည်။
အကျိုးနည်း ရှက်စရာကောင်းလိုက်တာ သူများက မင်းကို မရွေးဘဲနဲ့တောင် တကူးတကကြီး ဖုန်းဆက်နေလိုက်သေးတယ် ကိုယ့်ကိုယ်ကို မျက်နှာကြီးတယ်များ ထင်နေလား ...
ရှောင်ကျားရှုမှာ တွေးလေလေ ရှက်မိလာ‌သည့်အတွက် ထောင့်နားတွင် တိတ်‌တိတ်လေး ထိုင်နေပြီးကာမှ မျက်နှာပူပူဖြင့် ပြန်ထွက်သွားလိုက်တော့သည်။
သူထွက်သွားသည်နှင့်တစ်ပြိုင်နက် လှေကားထစ်ထိပ်မှ အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ထွက်ပေါ်လာ‌သည်။ ကျိမြန်က ဆေးလိပ်ကို လက်တစ်ဖက်က ကိုင်လျက် ကျန်လက်တစ်ဖက်ဖြင့် သူ့နဖူးကို ဖိထားလိုက်သည်။ ရယ်သံမှာ တိုးညှင်းသည့်တိုင် နှစ်လိုမှုတို့ ပြည့်နှက်နေသည်။ သူ့ဘဝတစ်လျှောက်လုံး ဤကဲ့သို့သော သက်ရှိရတနာလေးကို တစ်ခါမှ မတွေ့ဖူးချေ။
ချိန်ဖမ်းယွီက Weibo ပေါ်မှ မှတ်ချက်များကို ဖတ်ကြည့်နေလိုက်သည်။ ဒါရိုက်တာဟူမင်က ဇာတ်ကောင်နေရာအတွက် လင်းလဲ့ယန်ကို လျာထားထားရာ ကျန်ထုတ်လုပ်သူများပါ စိတ်ကူးပြောင်းသွားနိုင်စေရန် အလို့ငှာ လင်းလဲ့ယန်အတွက် လူထုအကူအညီအချို့ ဖန်တီးပေးရန် ပြင်ဆင်လိုက်သည်။ ရုပ်ရှင်ရိုက်ကူးခြင်းမှာ အများပြည်သူ ကြည့်ရှုနိုင်စေရန်သာမက ‌ဝင်ငွေတိုးတက်ရေးကိုလည်း ဦးတည်နေရာ ဇာတ်လိုက်၏ အရည်အချင်းကိုပင် ပရိသတ်က သတိမပြုမိပါလျှင် မျှော်မှန်းထားသော ရုံဝင်ကြေးကို ရနိုင်တော့မည် မဟုတ်ချေ။
သို့သော် ချိန်ဖမ်းရှင်းသည် အရေးအကြီး‌ဆုံး အချက်တစ်ခုကိုတော့ သတိမပြုမိသေး။ ရှောင်ကျားရှု၏ သရုပ်ဆောင်မှုမှာလည်း မညံ့လှ။ နှစ်ဦး၏ ဇာတ်ကောင်အပေါ် ချဉ်းကပ်သည့် နည်းလမ်းများမှာ မတူညီကြရာ လင်းလဲ့ယန်ထက် ညံ့ပါသည်ဟုလည်း မဆိုနိုင်။ သို့ဖြစ်ရာ သာမန်သူများအဖို့ သူတို့နှစ်ဦးကြားမှ ကွာဟချက်ကို မြင်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ရှောင်ကျားရှု၏ ရုပ်ရည်၊ အရပ်အမောင်း၊ စိတ်နေစိတ်ထားနှင့် ကျော်ကြားမှုတို့မှာ လင်းလဲ့ယန်ထက် များစွာသာလွန်ရာ သူတို့နှစ်ဦးကို နှိုင်းယှဉ်ကြည့်ပါလျှင် ချိန်ဖမ်းယွီ၏ ရေတပ် ထောင်ပေါင်းများစွာ ပေါင်းစု၍ပင် ရှောင်ကျားရှု၏ ပရိသတ်အားကို မှီနိုင်မည် မဟုတ်ပေ။
သူ့ပရိသတ်အများစုမှာ ပြင်းထန်လှသည့် ကာကွယ်လိုစိတ် ပိုင်ရှင် မားမားဖန်များပင်ဖြစ်သည်။ "ငါတို့ကလေးက အကောင်းဆုံး" ဟူသည်မှာ မိခင်များအကြား အပြောအများဆုံး စိတ်ကူးစိတ်သန်းပင်ဖြစ်သည်။
ပရိသတ်တစ်ယောက်က မှတ်ချက်ရေးလိုက်သည်။
"အခုခေတ်လူငယ်တွေက တကယ်ကို တော်ကြပါတယ် ဒါပေမယ့် သရုပ်ဆောင်တဲ့နေရာမှာဆို ငါတို့အိမ်ရဲ့ သစ်ပင်ပေါက်ကလေးက ပိုပြီးတော်တယ် ခေါင်းကို မော့ပြီးတော့ စဉ်းလဲတဲ့ အပြုံးမျိုး ပြုံးပြလိုက်တဲ့အချိန်တုန်းကဆိုလေ ငါ့ခြေထောက်တွေများ ပျော့ခွေသွားတာမှ ဒူးထောက်ပြီးတော့ကိုလေ "ရှိသမျှ အကုန်သာ ယူသွား ယူသွားပေးပါ ကျွန်မရဲ့ ဘဝကိုပါ ပေးပါ့မယ် ရည်ရည်မွန်မွန်လေး ဆင်မြန်းပြီးသာ သေရမယ်ဆိုရင် ကျွန်မရဲ့ ဝိဉာဉ်ကအစ ရို့မန်တစ် ဖြစ်နေမှာ သေချာတယ်" လို့ကို အော်ဟစ်ငိုယိုပြီး ပြောလိုက်ချင်တာ"
နောက်တစ်ယောက်က သံယောင်လိုက်လိုက်သည်။
"ဟုတ်တယ် အဲဒါက မူရင်းစာအုပ်ထဲမှာလည်း ရေးထားတယ်လေ သူ့ကို ကယ်ခဲ့တဲ့ အမျိုးသမီးက ပထမဆုံးသားကောင် ဖြစ်သွားတယ်‌ ဆိုပြီးတော့ အဲ့ဒီညမှာ သူမက သူ့ကို အိမ်ခေါ်သွားပေးတဲ့အပြင် ရူးရူးမူးမူးပါ ကြိုက်သွားလိုက်သေးတယ် ဦးနှောက်ရှိတဲ့ မိန်းမသာဆို ပထမဆုံးအကြိမ် တွေ့ဖူးတဲ့ သူစိမ်းကို အိမ်ခေါ်သွားပါ့မလား တစ်ဖက်သူက သူမကို ဆွဲဆောင်နိုင်တာ တစ်ခုခု ရှိနေလို့ပေါ့ သစ်ပင်ပေါက်ကလေး သရုပ်ဆောင်တာကို ကြည့်ပြီးကတည်းက အဲဒါနဲ့ ပတ်သက်ပြီး စိတ်မပူမိတော့ဘူး Stenven Abel ရဲ့ အဓိကဇာတ်ကောင်က ရှောင်ရှုရဲ့ ရုပ်ရည်နဲ့ ထူးကဲထင်ရှားနေတဲ့ နှစ်လိုဖွယ်ကောင်းမှုမျိုးသာ ရှိနေရင် ငါသာဆို ရက်စက်တဲ့ နတ်ဆိုးလို့ သိရင်တောင် အိမ်ကို ခေါ်လာဦးမှာ ဒါကအလှအပကို ကြိုက်တတ်တဲ့သူတွေရဲ့ သဘာဝပဲ ဘယ်လိုနည်းနဲ့မှ ထိန်းချုပ်လို့ မရဘူး ah!''
"ဒါပေမယ့်ဟယ် ငါသာ လင်းလဲ့ယန်ကို ကယ်မိပြီး သူ မျက်လုံးလှိမ့်ပြတာကြီးကို မြင်လိုက်ရမယ်ဆိုရင်လေ ဒီမားမားတော့ နောက်ပြန်ဆုတ်ပြီးတောင် လန့်ဖျတ်ပြီး ပါးရိုက်မိမလားပဲ ငါ့ကို သေလောက်အောင် ခြောက်လှန့်ပြီးတာတောင် နင့်ကို အိမ်ခေါ်သွားစေချင်သေးတာလား ဆုတောင်းနေလိုက်"
"ဟုတ်တယ် ဟုတ်တယ် လင်းလဲ့ယန် သရုပ်ဆောင်ပြသွားတာ အရမ်းမိုက်တယ်ဆိုပေမယ့် ထူးထူးဆန်းဆန်းနဲ့ ကြောက်စရာကြီး ငါသာ အဲဒီ့မိန်းမဆိုရင် သူ့အနားကို မချဉ်းကပ်ရဲပါဘူး ပြီးတော့ သူက သိပ်လည်း မချောဘူးလေ "ဘေးအခန်းက အစ်ကိုကြီး" ဆိုတဲ့ ခံစားချက်လောက်ပဲ ပေးနိုင်တာ ဇာတ်လမ်းရဲ့ တစ်ဝက်လောက်အထိ နစ်နာသူတွေက Stockholm syndrome ခံစားရပြီး ဇာတ်လိုက်ကို ရဲတွေရဲ့ လက်ထဲက လွတ်အောင်ပါ ကူညီပေးခဲ့တာ မဟုတ်ဘူးလား ဒီလိုကိစ္စမျိုးဆိုတာ လုံလောက်တာထက်ပိုပြီး ဆွဲဆောင်မှု ရှိနေမှ ဖြစ်မှာလေ ဟုတ်တယ်မဟုတ်လား ဒါရိုက်တာကသာ လင်းလဲ့ယန်ကို ရွေးခဲ့မိရင် သူ မူရင်းဝတ္ထုကို‌ ဖတ်ကြည့်မိရဲ့လားလို့တောင် တွေးချင်စရာပဲ ဇာတ်လိုက်က တဏှာရူးဆိုပေမယ့် ခပ်မိုက်မိုက်နှာဘူးလေ "ဘေးခန်းကလူ" ပုံစံမျိုးနဲ့ ကြောက်စရာကောင်းတဲ့ နှာဘူးကောင် မဟုတ်ဘူး"
(Stockholm syndrome က ရာဇဝတ်ကောင် ဒါမှမဟုတ် ကိုယ့်ကို ပြန်ပေးဆွဲထားတဲ့သူကိုမှ ပြန်ကြိုက်မိသွားတာမျိုးပါ)
"ရှောင်ကျားရှုရဲ့ သရုပ်ဆောင်တာကကျ နတ်ဆိုးဆန်တယ်ဆိုတဲ့ ခံစားချက်မျိုး ပေးတယ်ကွာ ကြောက်တယ်လို့ ခံစားရတယ် ဆိုပေမယ့် တစ်ချိန်တည်းမှာပဲ စွဲလမ်းစရာလည်း ကောင်းသေးတယ် လင်းလဲ့ယန်ကကျ သရဲလိုပဲ မချဉ်းကပ်ရဲလောက်တဲ့အထိ ကြောက်တဲ့ ခံစားချက်မျိုး ငါကတော့ ရှောင်ကျားရှုပဲ "
"ငါလည်း ရှောင်ကျားရှုပဲ အစောပိုင်းကတော့ တွေးမိတယ်ကွာ သခင်လေးရှောင်က သူ့မိသားစုနောက်ခံရယ်၊ မျက်နှာလှလှလေးရယ်ကို သုံးပြီး အနုပညာလောကထဲ ဝင်လာတာ ဘာညာပေါ့ ဒါပေမယ့် အခုတော့ ငါ့အတွေးတွေ အကုန်ပြောင်းကုန်ပြီ သူ့ရဲ့ သရုပ်ဆောင်စကေးက ရုပ်ရည်ထက်တောင် ပိုမိုက်နေသေးတယ် တစ်ခွန်းပဲ ပြောမယ် perfect ပဲ"
"....."
မဲပေးသည့်နေရာတွင် အလားတူမှတ်ချက်များ ပြည့်နှက်နေသည့်အတွက် ချိန်ဖမ်းရှင်းမှာ စိတ်ဖိစီးလာတော့သည်။
ဒီနေ့ခေတ် အနုပညာလောကကြီးမှာ ဘာလို့ မျက်နှာကိုပဲ အရူးအမူး စွဲလမ်းတဲ့သူတွေ တအားများလာရတာလဲ "ရုပ်‌ချောနေသရွေ့ ဘာလုပ်လုပ်မှန်တယ်" ဆိုတဲ့စကားက ဟာသမဟုတ်ဘူးပဲ ...
လင်းလဲ့ယန်အတွက် နောက်ထပ် ရေတပ်တစ်ဖွဲ့ ထပ်ဝယ်ရန် ကြံလိုက်သော်လည်း ပိုက်ဆံမရှိတော့သည့်အတွက် ပြည်သူ့ရေးရာဆက်ဆံရေးဌာနကိုသာ တင်ပြလိုက်ရတော့သည်။
"လဲ့ယန် လူထုဆက်သွယ်ရေးမှာ သုံးမယ့် ကုန်ကျစရိတ်တွေအတွက် ဥက္ကဌကျိကို မြန်မြန်လေး သွားရှာလိုက်ပါဦး ငါတို့ နောက်ထပ် ရေတပ်တွေ ထပ်ငှားဖို့ လိုသေးတယ် ..."
သူက ဤကိစ္စကို ဖြစ်ရိုးဖြစ်စဉ်နှယ် သဘောထားကာ ပြောလိုက်သည်။
တစ်ချိန်လုံး အလုပ်များနေသူကို ကြည့်ရင်း လင်းလဲ့ယန်၏ ရှက်ရွံ့စိတ်တို့ တစ်စထက်တစ်စ တိုးပွားလာတော့သည်။ သူ့ကိုယ်သူ ယုံကြည်မှုမှာလည်း အင်တာနက်သုံးစွဲသူတို့၏ မှတ်ချက်ကြောင့် ပြိုပျက်စပြုနေလေပြီ။ သူ့ဘက်မှ ထောက်ခံအားပေးသူများ ရှိနေသေးသည်ဆိုသော်ငြား အများစုမှာ ချိန်ဖမ်းရှင်း ငှားရမ်းထားသည့် ရေတပ်များသာ ဖြစ်ကာ ချီးကျူးထားသည့် မှတ်ချက်များမှာလည်း တီထွင်ဆန်းသစ်မှုမရှိ၊ အားလုံး တစ်ပုံစံတည်းပင်ဖြစ်သည်။ သူကိုယ်တိုင်ပင်လျှင် ထူးဆန်းသည်ဟု ခံစားနေရရာ အမြင်စူးရှသည့် အင်တာနက်သုံးစွဲသူများကိုမူ ထည့်ပြောနေရန်ပင် မလိုတော့ချေ။
ဒါက သူ့အရှိန်ကို မြှင့်တင်ပေးနိုင်မယ့် အခွင့်အရေး မဟုတ်ဘဲ ကိုယ့်ကိုယ်ကို အရှက်ခွဲရမယ့် အခွင့်‌အရေး ဖြစ်နေတာပဲ စိ‌တ်‌အနှောင့်အယှက်ဖြစ်စရာ ကောင်းလိုက်တာ ...
"ထားလိုက်တော့ အရှုံးပေးလိုက်ပြီ ..."
သူက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"ဆက်မလုပ်နဲ့တော့ တကယ်လို့ လူရွေးပွဲ အောင်ခဲ့ရင် ကံကောင်းလို့ မအောင်ရင်လည်း ကံစီမံရာအတိုင်းပဲပေါ့ ငါ့အသက်က ငယ်ပါသေးတယ် နောက်ထပ် အခွင့်အရေးတွေ အများကြီး ရလာဦးမှာပါ ..."
"မရဘူး ဒါရိုက်တာဟူမင်က မင်းကို မျက်စိကျနေ‌တာလေ ဘာလို့ အရှုံးပေးရမှာလဲ မင်းအတွက် မဲပိုရလာအောင် ရေတပ်တွေ ထပ်ဝယ်မှဖြစ်မယ် ..."
ချိန်ဖမ်းယွီ၏ အကောင်းဆုံး အရည်အချင်းမှာ လေ့လာစူးစမ်းမှုအားကောင်းခြင်းနှင့် သူရှာတွေ့ထားသည့် အခွင့်အရေး တစ်ခုကိုမှ လက်လွတ်မခံနိုင်ခြင်းဖြစ်သည်။
ဒါရိုက်တာ ဟူမင်က လဲ့ယန်ကို မရွေးဘူးဆိုရင်တောင် ဒီအခွင့်အရေးကို သုံးပြီး သူ့ရဲ့ ကျော်ကြားမှု မြင့်တက်လာအောင် လုပ်လို့ရသားပဲ ဘယ်လိုဖြစ်ဖြစ် အကျိုးမယုတ်ဘူးလေ ...
လင်းလဲ့ယန်က တစ်ခုခု ပြောလိုက်မည် ပြင်နေစဉ်မှာပင် ရေခဲရိုက်မျက်နှာထားနှင့် ဖန်ခွင်းရောက်လာကာ အလေးအနက် ပြောလိုက်သည်။
"ကျိကောက မင်းတို့ကို ရှာနေတယ် နှစ်ယောက်စလုံးကို ..."
နှစ်ဦးသား အပူတပြင်းနှင့် ရုံးခန်းထဲသို့ သွားလိုက်ကြရာ ဖုန်းပြောနေသော ကျိမြန်ကို တွေ့လိုက်ရသည်။ တစ်ဖက်သူက ဘာပြောနေသလဲ မသိရသော်ငြား ကျိမြန်၏ အမူအယာမှာမူ အလွန်လေးနက်နေဟန်ပင်။ သူက စားပွဲကို တတောက်တောက် ခေါက်လျက် ကတိပေးလိုက်သည်။
"မပူပါနဲ့ အင်တာနက်ပေါ်က လူထုအမြင်ကို ကျွန်တော်ပဲ ကိုင်တွယ်လိုက်ပါ့မယ် ထပ်တိုးရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ကတော့ ပြဿနာ မရှိပါဘူး လိုအပ်တဲ့ ငွေကြေးပမာဏကို ဆုံးဖြတ်ပြီးရင် ကျွန်တော့်ကို အကြောင်းကြားပေးပါ သက်ဆိုင်ရာဌာနနဲ့ တိုင်ပင်ပြီး အကဲဖြတ်လိုက်ပါ့မယ် ဟုတ်ကဲ့ ပူပေါင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ..."
သူက ဖုန်းကိုချကာ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
"အခု ငါ ဖုန်းပြောနေတာ ဘယ်သူလဲသိလား ..."
လင်းလဲ့ယန်နှင့် ချိန်ဖမ်းရှင်းနှစ်ဦးလုံး ခေါင်းကို ပြိုင်တူ ယမ်းခါလိုက်ကြသည်။
"ဒါရိုက်တာဟူမင်... သူက လူရွေးပွဲပြီးကတည်းက မင်းကို အဓိကဇာတ်လိုက်အဖြစ် ရွေးချယ်ဖို့ ထုတ်လုပ်သူတွေအများကြီးနဲ့ လိုက်ပြီး ညှိနှိုင်းနေခဲ့တာ ဒါပေမယ့် လူထုက ရှောင်ကျားရှုကို ပိုပြီး သဘောကျနေကြလို့ မင်းနေရာမှာ ရှောင်ကျားရှုကို အစားထိုးဖို့ ..."
လင်းလဲ့ယန်၏ မျက်နှာမှာ ရုတ်ချည်း ဖြူလျော်သွားကာ ဖန်ခွင်းက သူ့ဆံပင်သူ ပြန်ဆွဲလိုက်သည်။ ရလဒ်မှာ ဤသို့ ဖြစ်လာလိမ့်မည်ဟု လုံးဝမျှော်လင့်မထား။ အကယ်၍သာ ထုတ်လုပ်သူများက လင်းလဲ့ယန်ကို ရွေးမည်ဟု ကြိုသိခဲ့ပါလျှင် လုံးဝ စိတ်ပူနေမည် မဟုတ်ချေ။
သတင်းအမှားတွေကို ဘယ်ကောင် သယ်လာတာလဲကွ သေတဲ့အထိကို ရိုက်သတ်ပစ်ဦးမယ် ...
ကျိမြန်က လင်းလဲ့ယန်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဒါပေမယ့် ရှောင်ကျားရှုက ငြင်းလိုက်တယ် ..."
ဒါရိုက်တာက သူ့ကို ပထမဦးစားပေးအနေနဲ့ မရွေးတဲ့ ရုပ်ရှင်မျိုးမှာ မပါဝင်ချင်ဘူး ရုပ်ရှင်ဆိုတာက အင်တာနက်သုံးစွဲသူတွေရဲ့ အမြင်လည်း မဟုတ်သလို မူရင်းစာရေးသူရဲ့ အမြင်လည်း မဟုတ်ဘူး ဒါရိုက်တာတစ်ယောက်တည်းရဲ့ အမြင်တဲ့ စာပေကလည်း အနုပညာ၊ ရုပ်ရှင်ကလည်း အနုပညာပဲ နှစ်ခုစလုံးက သီးသန့်စရိုက်လက္ခဏာကို ဖော်ကျူးနိုင်တဲ့ အနုပညာလက်ရာတွေ လူတိုင်းက ဒါရိုက်တာရဲ့ အမြင်ကို သဘောမတူရင်တောင် ဒါရိုက်တာကတော့ မဆုတ်မနစ် ကြိုးစားနေရမှာတဲ့ ..."
ထိုစကားများမှာ ဒါရိုက်တာဟူမင်၏ ရင်ထဲသို့ နက်နက်ရှိုင်းရှိုင်း နစ်ဝင်သွားကာ ရှောင်ကျားရှုအပေါ် သူ့အမြင်မှာလည်း လုံးဝဥဿုံ ပြောင်းလဲသွားတော့သည်။ အင်တာနက်သုံးစွဲသူများက ရှောင်ကျားရှုကို တစ်ဖက်သတ် ထောက်ခံသည့်တိုင် သူ့ရွေးချယ်မှုက မှားယွင်းသည်ဟုလည်း မခံစားရပေ။ သို့သော် သူသည် စီးပွားဖြစ်ရုပ်ရှင်ဒါရိုက်တာ ဖြစ်သည့်အတွက် ရုံဝင်ကြေးကိုလည်း ထည့်သွင်းစဉ်းစားရဦးမည်ဖြစ်သည်။ ရှောင်ကျားရှုနှင့် ဆက်သွယ်ပြီးကာမှ ဤမျှ ထူးချွန်သော သရုပ်ဆောင်တစ်ဦးကို လက်လွတ်ခံလိုက်ရကြောင်း နားလည်သွားတော့သည်။ တစ်ဖက်သူကသာ Love Chaser တွင် ပါဝင်မည်ဟု သဘောတူလိုက်ပါလျှင် ရလဒ်မှာ သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းနှင့် သွေဖယ်သွားတော့မည်ဖြစ်သည်။
ဟူမင်က ထိုကိစ္စကိုသာ ဆက်တိုက် တွေးနေမိသည့်အတွက် ကျိမြန်နှင့် ဖုန်းပြောနေရင်းပင် များစွာ ချီးကျူးမိလိုက်တော့သည်။ 
သူ၏ ခေါင်းမာမှုအပေါ် ပထမဆုံးအကြိမ် နောင်တရသွားတော့သည်။ ထို့အပြင် ကူကယ်ရာမဲ့နေသည့် ကျိမြန်မှာလည်း နက်နက်ရှိုင်းရှိုင်း ထိရှသွားတော့သည်။ ရှောင်ကျားရှု၏ စကားအပေါ် ထိရှသွားပြီး ကူကယ်ရာမဲ့မှုမှာမူ လင်းလဲ့ယန်ကြောင့်ဖြစ်သည်။ သူက ပြည်သူ့ဆက်ဆံရေးဌာနကို စာပို့ကာ သူ့ရှေ့တွင် ရပ်နေသူနှစ်ဦးကို ပြောလိုက်သည်။
"ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ပြီးတော့ အဓိကဇာတ်ကောင်နေရာကို လဲ့ယန်အတွက် ဆွဲထားပေးလိုက်တယ် ..."
လင်းလဲ့ယန်နှင့် ချိန်ဖမ်းရှင်းတို့ နှစ်ဦးလုံးမှာ ခေါင်းမဖော်နိုင်လောက်အောင်ပင် ရှက်ရွံ့သွားရတော့သည်။
Xxxxxxx
Chapter 74
သူတို့ ဘာတွေ လုပ်ခဲ့မိတာလဲ ကိုယ့်လက်ထဲ ရောက်တော့မယ့် ဇာတ်ကောင်နေရာကိုတောင် လက်လွှတ်လိုက်ရတော့မလို့ ...
"ရေတပ်တွေ ထပ်ငှားဖို့ PR ဌာနကို ညွှန်ကြားပြီးပြီ သူတို့က မင်းကို မဲပေးတဲ့နေရာမှာ အပြတ်အသက် နိုင်သွားအောင် လုပ်ပေးလိမ့်မယ် ဒါပေမယ့် အင်တာနက်သုံးစွဲသူတွေ ယုံတာ မယုံတာကတော့ ငါလည်း မထိန်းချုပ်နိုင်ဘူး ရိုက်ကူးရေး အစပိုင်းကတည်းက ချောချောမွေ့မွေ့ မဖြစ်တဲ့အပြင် ရိုက်ကူးရေးတောင် မစရသေးဘူး ဇာတ်လိုက်နေရာက အပြောင်းအလဲ ဖြစ်နေပြီ မင်းတို့နှစ်ယောက် ဘာရော ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်ခဲ့လဲ ..."
ကျိမြန်က သူတို့စကားကိုပင် နားမထောင်၊ လကကိုသာ  အသာယမ်းပြလိုက်တော့သည်။
"သွား သွား ပြန်ပြီးတော့ပဲ ဇာတ်ညွှန်းကို သေချာဖတ်နေတော့ ဇာတ်ကောင်ကို မရှုပ်ထွေးစေနဲ့ မဟုတ်ရင် အနာဂတ်မှာ တစ်ခြားတစ်ယောက်က ဒီကိစ္စကို ပြန်အစဖော်လာလိမ့်မယ် ..."
သူ့စကားများမှာ အမှန်ပင်ဖြစ်သည်။ လင်းလဲ့ယန်သာ ပရိသတ်စိတ်တိုင်းကျ မဖြစ်ခဲ့ပါလျှင် ယနေ့မဲရလဒ်များကို တစ်ဖန် အစပြန်ဖော်လာလိမ့်ဦးမည်ဖြစ်ပြီး ရိုက်ကူးရေးအဖွဲ့အတွင်း၌ပင်လျှင် ခွဲခြားမှုများ ရှိလာနိုင်ပေသည်။ ဝမ်းသာအားရ လှောင်ပြောင်ထေ့ငေ့ါကြမည့်သူများလည်း အများအပြား ရှိလာဦးမည်ဖြစ်သည်။
"ဟေး ကြည့်ပါဦး မင်းတို့တွေ ရှောင်ကျားရှုကိုပဲ ရွေးခဲ့သင့်တာ အခုတော့ ရှုပ်ထွေးကုန်ပြီ မဟုတ်လား"
ထို့အပြင် လင်းလဲ့ယန်က ကောင်းကောင်းမွန်မွန် သရုပ်ဆောင်နိုင်ခဲ့ပါလျှင်လည်း ဤသို့ ပြောကြလိမ့်ဦးမည်ဖြစ်သည်။
"ရှောင်ကျားရှုကိုသာ ဇာတ်လိုက်နေရာ ပေးလိုက်ရင် ဒီ့ထက်တောင် ကောင်းကောင်းသရုပ်ဆောင်ပြနိုင်လိမ့်ဦးမယ် "
သရုပ်ဆောင်ကောင်းပါလျှင် သာမန်မျှသာ ဖြစ်သော်လည်း မကောင်းလျှင်မူ ပရိသတ်က လုံးဝ လက်သင့်ခံမည် မဟုတ်ချေ။
လဲ့ယန်က ဖိအားများနေတယ်လို့ ပြောဦးမှာလား ဒါက ကိုယ့်ကိုယ်ကို မြှပ်နှံဖို့ တွင်းတူးမိသလိုပဲကွ ...
ချိန်ဖမ်းရှင်းမှာ အူများပင် စိမ်းပုတ်လာသည်အထိ နောင်တရလာတော့သည်။ သူက တိုးလျှိုးတောင်းပန်လိုဟန်ဖြင့် လင်းလဲ့ယန်ကို ဆက်တိုက် စိုက်ကြည့်နေသော်ငြား လင်းလဲ့ယန်ကမူ ခေါင်းငိုက်စိုက်ချလျက် မြေကြီးပေါ်သာ‌ ငေးကြည့်နေသည်။ သူ မည်သည်ကို တွေးနေသလဲတော့ မည်သူမှ မသိနိုင်ချေ။
ချိန်ဖမ်းရှင်းကို စိတ်တိုလားဆို တိုတာပေါ့ ဒါပေမယ့် ဒီဇာတ်ကောင်ကို စိတ်ပါလက်ပါနဲ့ သရုပ်ဆောင်ရုံကလွဲလို့ ရွေးစရာမှ မရှိတော့တာ ...
"ကျိကော တောင်းပန်ပါတယ် ကောကို ဒုက္ခပေးမိသလို ဖြစ်သွားပြီ ..."
သူက ခေါင်းပြန်မော့ကာ နီရဲနေသော မျက်ဝန်းများနှင့်အတူ တောင်းပန်လိုက်သည်။
"စိတ်အေးလက်အေးနဲ့သာ ရုပ်ရှင်ရိုက်ဖို့ လုပ်တော့ ဒီလိုကိစ္စမျိုး ထပ်ဖြစ်မလာစေနဲ့ ..."
ကျိမြန်က ပထမဆုံးအကြိမ် ဤကဲ့သို့ ပြောဖူးခြင်းဖြစ်သည်။
"နားလည်ပါပြီ ..."
လင်းလဲ့ယန်က ထိုနေရာတွင် ဆက်ပြီး ရပ်နေသေးသော်ငြား ကျိမြန်က ဘာမှ ပြောမလာတော့သည့်အတွက် ရှက်အားတကြီးဖြင့် ထွက်သွားလိုက်ရတော့သည်။
ကျိကောက သူနဲ့ စကားပြောဆိုရမှာကို တစ်ဖြည်းဖြည်း စိတ်မပါတော့သလို ခံစားနေရတယ် သူ့စိတ်ကပဲ အတွေးလွန်နေတာလား ...
PR ဌာနမှာ တစ်နေ့ခင်းလုံး လူထုအမြင်ကို ကိုင်‌တွယ်ရင်း အလုပ်များနေခဲ့ပြီး အလုပ်ဆင်းတော့မည် ပြုစဉ်မှာပင် နောက်ထပ် ဗုံးအကြီးကြီးတစ်လုံးကို မျက်မြင်ကြုံတွေ့လိုက်ရပြန်တော့သည်။ အကြီးစား marketing account တစ်ခုက သူတို့တွင် ကျိမြန်၏ လျှို့ဝှက်ချက်တစ်ခု ရှိနေသည်ဟု အကြောင်းကြားလာသည်။  ပေးပို့သူက လင်းလဲ့ယန်နှင့် ကျိမြန်တို့မှာ ဂေးများ ဖြစ်ကြောင်းကို နှစ်ဦးသား ပူးပူးကပ်ကပ် ရိုက်ထားသည့် ဓာတ်ပုံများ၊ စာပို့မှတ်တမ်းများနှင့်တကွ အခိုင်အမာပြောလာပြီး သူ့ကို ယွမ်ငါးသန်း ပေးရမည်ဟုပါ တောင်းဆိုလာသည့်အတွက် ထိုအကြောင်းကို သိသိချင်း marketing account က ကွမ်ရှီစတူဒီယိုကို အကြောင်းကြားလာခြင်းဖြစ်သည်။ အမှန်စင်စစ်တွင် ထို account မှာ ကွမ်ရှီက ပရိုမိုးရှင်းဆင်းရန် အလို့ငှာ စီစဉ်ထားသည့် account တစ်ခုသာ ဖြစ်သည့်အတွက် ကွမ်ရှီလက်အောက်ခံ channel ဟုပင် ဆိုနိုင်ပေသည်။
ဖန်ခွင်းမှာ ထိုကိစ္စများကြောင့် ရူးလိုစိတ်ပင် ပေါက်သွားတော့သည်။ ဓာတ်ပုံနှင့် စာပို့ထားသည့် မှတ်တမ်းများကို တွေ့လိုက်ရချိန်တွင် ဒေါသထွက်လွန်း၍ မီးခိုးငွေ့များပင် ထွက်ပေါ်လာတော့မယောင်။
ဒီ‌ေ_ာက်ရေးမပါတဲ့ ဟာတွေက ပါပါရာဇီတွေ ရိုက်ယူလို့ ရတဲ့ဟာ လုံးဝ မဟုတ်ဘူး ကျိမြန် ဒါမှမဟုတ် လင်းလဲ့ယန် တစ်ယောက်ယောက်ရဲ့ ဖုန်းထဲက ရလာတာပဲ ဒီလောက် မျက်နှာကြီးနှစ်ခုကို ကပ်ထားပြီး ပြုံးပြုံးကြီး ရိုက်ထားတဲ့ ဓာတ်ပုံက မင်းတို့ကြီးတော်ကြီးပဲ ခိုးရိုက်ထားတာ ဖြစ်နေ ...
ကျိမြန်က ဓာတ်ပုံများကို အချိန်အတော်ကြာ စိုက်ကြည့်နေလိုက်သည်။ သူ့ပုံစံမှာ အတော်လေး တည်ငြိမ်နေဟန်ပင်။ သူ့တွင် ဓာတ်ပုံရိုက်ထားတတ်သည့်အကျင့် မရှိသည့်အတွက် သူ့ဖုန်းထဲတွင် ပြီးခဲ့သည့်နှစ်များအတွင်း လင်းလဲ့ယန်၏ ဓာတ်ပုံအချို့ကို သိမ်းထားသည်မှလွဲ၍ နှစ်ယောက်တွဲပုံ တစ်ပုံမှ မရှိပေ။ ထို့ကြောင့် ဤပုံများမှာ သူ့ဖုန်းထဲမှ ထွက်လာခြင်း လုံးဝ မဟုတ်နိုင်။
"လဲ့ယန်နဲ့ ချိန်ဖမ်းရှင်းကို လှမ်းခေါ်လိုက် ..."
သူက များစွာ အလေးမထားဟန်ဖြင့် ပြောလိုက်သည်။
"အဆင်ပြေရဲ့လား ..."
ဖန်ခွင်းက သူ့ကို စိုးရိမ်တကြီး မေးလိုက်သည်။
"အဆင်ပြေပါတယ် ..."
သူ့အမူအယာမှာ စိုးစဉ်းမျှပင် ပြောင်းလဲမသွား။
အဆင်ပြေကြောင်း အတည်ပြုပြီးကာမှ ဖန်ခွင်းက လင်းလဲ့ယန်နှင့် ချိန်ဖမ်းရှင်းတို့ကို လှမ်းခေါ်လိုက်သည်။
"မင်းမှာ ဒီဓာတ်ပုံတွေ ရှိလား..."
ကျိမြန်က ဓာတ်ပုံများကို လင်းလဲ့ယန်အရှေ့သို့ တွန်းပို့လိုက်သည်။ ဓာတ်ပုံထဲရှိ လူနှစ်ဦးမှာ မသင့်လျော်သည့် အပြုအမူမျိုး လုပ်နေခြင်းမဟုတ်၊ အမျိုးသားများအကြား လုပ်လေ့လုပ်ထရှိသည့်အတိုင်း ပုခုံးကိုသာ ဖက်ထားခြင်း ဖြစ်သော်လည်း ဆင်တူအင်္ကျီ ဝတ်ထားပြီး အဓိပ္ပါယ်လွဲမှား‌စေနိုင်သည့် အမူအယာမျိုး လုပ်ထားသည့် ဓာတ်ပုံတစ်ပုံလည်း ပါဝင်နေသေးသည်။ ထိုဓာတ်ပုံသာ ပြင်ပသို့ ပျံ့နှံ့သွားပါလျှင် သံသယဝင်မှုတို့ ကြီးထွားလာမည်ဖြစ်သည်။
လင်းလဲ့ယန်မှာ ဘာကြောင့် ဤသို့ အမေးခံရမှန်း မသိသေးသော်ငြား ဂရုတစိုက် ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
"ဒါတွေက ကျွန်တော် ရိုက်ထားတာတွေပါ ကျိကော ဘာဖြစ်လို့ ဒါတွေကို print ထုတ်ထားတာလဲ နေပါဦး မဟုတ်သေးဘူး ကောကို ဒါတွေမှ မပို့ဖူးဘဲနဲ့ ဘယ်ကနေ ဘယ်လို ရလာတာလဲ ..."
"ခဏနေရင် သိလိမ့်မယ် ..."
ကျိမြန်က ဖန်ခွင်းကို မေးဆတ်ပြလိုက်သည်။
"ငါ့ကို ဆေးလိပ်တစ်လိပ်လောက် ပေးဦး ..."
ဖန်ခွင်းက ဆေးလိပ်ကို မီးညှိကာ သူ့ကို ကမ်းပေးလိုက်သည်။ ထို့နောက် သူ့အတွက်ပါ တစ်လိပ် မီးညှိလိုက်သည်။ သူသည် ငါးနှစ်ကြာ ဆေးလိပ်ဖြတ်ထားခဲ့သူဖြစ်၏။
လင်းလဲ့ယန်မှာ တစ်ဖြည်းဖြည်း စိတ်ပူပန်လာရတော့၏။ သူသည် ကျိမြန်နှင့် များစွာ အချိန်ကုန်‌ဆုံးဖူးရာ လွင့်ထွက်နေသော ဖိအားတို့ကို မခံစားမိစရာအကြောင်း မရှိပေ။ သူ့အမူအယာမှာ ညင်သာကာ လှုပ်ရှားမှုတို့မှာ တည်ငြိမ်နေသည့်တိုင် မျက်ဆံတို့မှာမူ အလင်းရောင် မရှိ၊ လုံးဝဥဿုံ အမှောင်ဖုံးနှင့်နေပြီဖြစ်သည်။
"ဘာလို့ ကွမ်ရှီကို ခေါ်လာတာလဲ ငွေပေးမှာလား မပေးဘူးလား ..."
ရင်းနှီးနေသည့် အသံတစ်ခုကို တံခါးအပြင်ဘက်မှ ကြားလိုက်ရသည်။ တစ်ခဏအကြာတွင်တော့ ချိန်ဖမ်းယွီကို စိုးရိမ်နေဟန် မျက်နှာထားနှင့် လူသန်ကြီးနှစ်ဦးက ရုံးခန်းထဲ ဆွဲခေါ်လာသည်။ လင်းလဲ့ယန်နှင့် ချိန်ဖမ်းရှင်းကို မြင်လိုက်သည့်အခါ သူမက အနည်းငယ် စိတ်အေးသွားသော်ငြား ကျိမြန်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်နှာတစ်ခုလုံး ရုတ်ချည်း ဖြူလျော်သွားတော့သည်။
"အ ... အစ်ကိုကြီး ... ရှင်တို့တွေ အကုန်လုံး သိသွားကြပြီလား ..."
သူမက ရုန်းကန်နေခြင်းကို ရပ်တန့်ကာ လင်းလဲ့ယန်နောက်သို့ ဝင်ပုန်းနေလိုက်တော့သည်။ အစ်ကိုအရင်းဖြစ်သူက သူမကို ကာကွယ်မပေးနိုင်။ လင်းလဲ့ယန်ကသာလျှင် ကျိမြန်၏ ဒေါသတို့ကို လွင့်စင်ပပျောက်စေနိုင်မည်ဖြစ်သည်။
သိတယ် ဘာကြီးလဲ ...
လင်းလဲ့ယန်နှင့် ချိန်ဖမ်းရှင်းတို့ အကြည့်ချင်း ဆုံသွားကြတော့သည်။ နှစ်ဦးလုံး၏ မျက်နှာမှာလည်း ဝေခွဲမရမှုတို့ ပြည့်နှက်နေသည်။
ကျိမြန်က ခပ်ဖြည်းဖြည်း မေးလိုက်သည်။
"ဒီရက်ပိုင်းထဲ သူမက မင်းဘေးနားမှာ ရှိနေခဲ့သေးလား ..."
"ဟုတ်ကဲ့ အာ ရှောင်ယွီက အိမ်မှာ နေရတာ ပျင်းတယ်လို့ ပြောလို့ သူမကို အပြင်ခေါ်လာလိုက်တာ ဒါအတွက် လစာမယူပါဘူးတဲ့ ..."
လင်းလဲ့ယန်မှာ ပြင်းထန်လှသည့် ကြောက်ရွံ့စိတ်ကို ခံစားမိလာသည့်အတွက် အင်္ကျီစကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။
"သူမက မင်းဖုန်း‌ထဲကနေ ဒီပုံတွေကို ခိုးသွားတယ် စာပို့ထားတာတွေကိုရောပဲ ပြီးတော့ ငါ့လက်အောက်က channel တစ်ခုကို ယွမ်ငါးသန်းနဲ့ လာရောင်းတယ် တစ်ခြား account တစ်ခုကိုသာ သွားရောင်းခဲ့မိရင် ဒီသတင်းက အခုအချိန်လောက်ဆို ပွထနေလောက်ပြီ ဒါမှမဟုတ် သူရောင်းလိုက်တဲ့သူက ငါ့ကို ဆယ်သန်း ဒါမှမဟုတ် ဒီထက်ပိုပြီးလည်း ဈေးမြှင့်ပြီး လာရောင်းချင်ရောင်းနေမှာ လဲ့ယန် မင်း ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲ ..."
ကျိမြန်၏ လေသံမှာ သူစိမ်းတစ်ယောက်အကြောင်း ပြောနေသည့်ဟန် အလွန်တည်ငြိမ်နေပေသည်။
လင်းလဲ့ယန်၏ ဦးနှောက်တစ်ခုလုံး ချာချာလည်လာကာ ဘာကိုမှ မစဉ်းစားနိုင်တော့။ သူ့အစား ချိန်ဖမ်းရှင်းက အံကို တင်းတင်းကြိတ်လျက် အော်ဟစ်လိုက်သည်။
"နင်က လဲ့ယန်ရဲ့ ဓာတ်ပုံနဲ့ စာပို့ထားတဲ့ မှတ်တမ်းတွေကို ခိုးထားတယ် ဟုတ်လား ဘာလို့ ဒီလိုမျိုး လုပ်ခဲ့တာလဲ ဟင် ပိုက်ဆံ ဒီလောက်တောင် လိုနေတာလား ..."
ချိန်ဖမ်းယွီက ငိုကြီးချက်မဖြင့် ရှင်းပြလာသည်။ "တမန်တော်" ကို ရိုက်ကူးစဉ်အတွင်း သူမသည် ရိုက်ကွင်းထဲရှိ ဇာတ်ရန်အချို့နှင့် သိကျွမ်းခဲ့သည်။ ထိုသူများ၏ ကိုယ်ပိုင်ဘဝမှာ ရှုပ်ထွေးပွေလီကာ အကျင့်စာရိတ္တ ချို့ယွင်းလှပြီး နေ့ရှိသရွေ့ မည်သို့မည်ပုံ ဖြုန်းတီးကာ သောက်စားပျော်ပါး ပြဿနာရှာရမလဲကိုသာ တွေးနေတတ်သည့် လူစားမျိုး ဖြစ်သည်။ ငွေကို မည်မျှပင် ခက်ခက်ခဲခဲ ရှာထားရပါစေ မနက်ဖြန်မရှိသည့်နှယ် အကြွင်းမဲ့ သုံးဖြုန်းပစ်ကြသည်။ ချိန်ဖမ်းယွီမှာ စိတ်ကူးယဉ်ဆန်ကာ အသိဉာဏ်နုံနဲသည့်အတွက် ထိုသူများ၏ လွှမ်းမိုးမှုကို အလွယ်တကူ ခံလိုက်ရပြီး "ဒီနေ့ ဝိုင်ရှိလို့ ဒီနေ့မူးအောင်သောက်မယ်" ဟူသည့် လူစားမျိုး ဖြစ်လာတော့သည်။ ချိန်ဖမ်းရှင်းထံမှ ငွေစအချို့ စတင်ခိုးယူလာကာ ခိုးယူ၍ မရသည့်အခါ ထိုသူများ၏ စကားကို နား‌ယောင်ကာ အင်တာနက်ပေါ်မှ ငွေချေးလိုက်တော့သည်။ ထိုသည်သာမက အကြွေးဝယ်ကတ်ပေါင်းများစွာကိုပါ လျှောက်ထားခဲ့ရင်း တစ်ဖြည်းဖြည်း ‌ယွမ်တစ်သန်းထက်မနည်း အကြွေးတင်လာတော့သည်။
အွန်လိုင်းပေါ်မှ ငွေချေးပေးသူများကလည်း သူမကို အဆက်မပြတ် ဖုန်းခေါ်လာကာ စတင်ငွေချေးခဲ့စဉ်က သူမကိုယ်တိုင် ရိုက်ပေးခဲ့သည့် ကိုယ်လုံးတီးပုံများကို ဖြန့်ပစ်မည်ဟုပင် ခြိမ်းခြောက်လာသည့်အတွက် ထိုဓာတ်ပုံများနှင့် စာပို့မှတ်တမ်းများကို ခိုးယူခဲ့ခြင်း ဖြစ်ပေသည်။
သူမက လင်းလဲ့ယန်၏ ခြေအစုံကို ပွေ့ဖက်လျက် ခေါင်းကို အသည်းအသန် ခါယမ်းရင်း အသနားခံလိုက်သည်။ မျက်ရည်နှာရည်တို့ဖြင့် စိုရွှဲနေသည့် မျက်နှာမှာ အလွန် သနားဖွယ်ရာပင်။
လင်းလဲ့ယန်မှာလည်း စိတ်ရှုပ်ထွေးနေမိတော့သည်။
ဒါကြီးကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ဘယ်လိုလုပ် သိမှာလဲ ...
သူက ငိုယိုနေသော ချိန်ဖမ်းယွီကိုတစ်လှည့်၊ အသနားခံနေသော ချိန်ဖမ်းရှင်းတစ်လှည့် ကြည့်ရင်း အံကိုကြိတ်လျက် ပြောလိုက်သည်။
"ကျိကော သူတို့ကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်ပါ ဘာပဲဖြစ်ဖြစ် ဓာတ်ပုံတွေက ကျွန်တော်တို့ ကုမ္ပဏီကိုပဲ ရောက်လာတာဆိုတော့ ဘာမှ မဆုံးရှုံးသွားဘူးလေ ရှောင်ယွီကို စာသေချာလေ့လာနိုင်အောင် ဘော်ဒါဆောင်ကို ပို့လိုက်ပါ့မယ် ဖန်ရှင်းကလည်း သူမကို သေချာစောင့်ကြည့်မှာပါ သူမက ငယ်သေးတော့ အမှားလုပ်မိတယ်ဆိုတာ ဖြစ်တတ်ပါတယ် အရမ်းကြီး ပြင်းပြင်းထန်ထန် ကိုင်တွယ်လို့ မရဘူးလေ ..."
"မင်းကို သစ္စာဖောက်သွားတာတောင် ခွင့်လွှတ်ချင်သေးတယ်ပေါ့ ..."
ကျိမြန်က ဆေးလိပ်ငွေ့များအကြားမှ စိုက်ကြည့်ကာ ပြောလိုက်သည်။
လင်းလဲ့ယန်မှာ သူ့ကိုပင် ပြန်မကြည့်ရဲတော့။ ခေါင်းကို ငုံ့လျက်သာ ပြောလိုက်‌တော့သည်။
"သူမက မချင့်ချိန်တတ်သေးလို့ပါ ..."
ချိန်ဖမ်းရှင်းက သူ့ညီအစ်ကိုဆိုတော့ ဒီကိစ္စလေးကြောင့်နဲ့ လက်လွတ်လိုက်လို့ မရဘူးလေ ဘာပဲဖြစ်ဖြစ် ဘယ်သူမှလည်း အကြီးအကျယ် မထိခိုက်သွားတဲ့ဟာကို ပြီးတော့ ရှောင်ယွီကိုလည်း တင်းတင်းကြပ်ကြပ် စောင့်ကြည့်တော့မှာ‌ဆိုတော့ စိတ်တိုတယ်ဆိုဦးတောင် ဘာထပ်လုပ်နိုင်ဦးမှာလဲ ...
"သူမ ချေးထားတဲ့ ပိုက်ဆံတွေကိုရော ..."
"ကျွန်တော် ကူဆပ်ပေးပါ့မယ် ..."
လင်းလဲ့ယန်မှာ ယခုအချိန်တွင် အလွယ်တကူ ငွေရှာနိုင်နေပြီ ဖြစ်သည့်အတွက် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ သူက ‌ချိန်ဖမ်းယွီကိုပင် ဆူပူလိုက်သေးသည်။
"ရှောင်ယွီ အခုအထိ ကျိကောကို မတောင်းပန်သေးဘူးလား ..."
ချိန်ဖမ်းရှင်းနှင့် ချိန်ဖမ်းယွီတို့ နှစ်ဦးသား အလျင်အမြန် တောင်းပန်လိုက်ကြသည်။ လင်းလဲ့ယန်က သူတို့ကို အာမခံပေးထားသည့်အတွက် ကျိမြန်က ထိုအကြောင်းနှင့် ပတ်သက်၍ ထပ်ပြီး အာရုံစိုက်တော့မည်မဟုတ်ဟု ထင်ထားကြဟန်ပင်။
ကျိမြန်က ဆေးလိပ်ကို ကိုင်ထားရင်း မဆိုင်းမတွ ပြောလိုက်သည်။
"ငါ ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ပြောပြမယ် ပထမအချက်အနေနဲ့ ချိန်ဖမ်းယွီကို ဇာတိပြန်ပို့လိုက် ဒုတိယအချက်က ချိန်ဖမ်းရှင်းကို အလုပ်ဖြုတ် တတိယတစ်ခုအနေနဲ့ ကုမ္ပဏီက သူတို့ရဲ့ အကြွေးတွေကို ကူဆပ်‌ပေးထားမယ် ဒါပေမယ့် သန်းနှစ်ဆယ် IOU ရေးပေးရမယ် သူတို့တွေ စိတ်ပြောင်းသွားရင် ကုမ္ပဏီက ဆပ်ပေးထားရတဲ့ ငွေကြေးကို တရားစွဲပြီး ပြန်တောင်းရအောင်လို့ ဒါမှလည်း နှစ်ဦးနှစ်ဖက် စိတ်အေးရမှာ ကုမ္ပဏီက ဒီပိုက်‌ဆံကို အလကား ဆပ်ပေးလိုက်မှာ မဟုတ်ဘူး လင်းလဲ့ယန်ရဲ့ ဝင်ငွေထဲကနေပဲ တစ်ဖြည်းဖြည်း ပြန်ဖျက်သွားမှာ မကျေနပ်တာရှိလား ..."
"ကျိကော ..."
လင်းလဲ့ယန်က မယုံနိုင်ဟန် ဖြစ်နေစဉ် ချိန်ဖမ်းရှင်းနှင့် ချိန်ဖမ်းယွီတို့်မှာမူ ဒူးညွတ်ခွေကျမတတ် ထိတ်လန့်နေပေသည်။
Xxxxxxxx
Continue Reading
You'll Also Like
1.6M 204K 163
2.1M 162K 36
No descriptions here
648K 71.6K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
176K 18.4K 33
Title - 替婚 ( Substitute Marriage ) Original Author- 新苗/XinMiao English Translator - Oceanpuff Total Chapters - 60 Chapters ☆I don't own this novel,I...