ကိုယ် မင်းကို ဘယ်လိုဖွင့်ပြော...

Bởi Azure5549

143K 15.6K 460

How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလ... Xem Thêm

မိတ်ဆက် + ရှင်းလင်းချက်
1 - 2
3 - 4
5 - 6
7 - 8
9 - 10
11 - 12
13 - 14
15 - 16
17 - 18
19 - 20
21 - 22
23 - 24
25 - 26
27 - 28
29 - 30
31 - 32
35 - 36
37 - 38
39 - 40
41 - 42
43 - 44
45 - 46
47 - 48
49 - 50
51 - 52
53 - 54
55 - 56
57 - 58
59 - 60
61 - 62
63 - 64
65 - 66
67 - 68
69 - 70
71 - 72
73 - 74
75 - 76
77 - 78
79 - 80
81 - 82
83 - 84
85 - 86
87 - 88
89 - 90
91 - 92
93 - 94
95 - 96
97 - 98
paid အကြောင်း
99 - 100
101 - 102
103 - 104
105 - 106
IQ team က ဘာသာပြန်တဲ့ အသစ်လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါ
107 - 108
109 - 110
111 - 112
113 - 114
115 - 116
117 - 118
hello
119 - 120
😢
121 - 122
123 - 124
125 - 126
127 - 128
hello
129
Chapter 130
131
132
133
134
လက်ဆောင်
135 - 136
137
138
139
140
141
142
143 & 144
145 - 146
147🛑 - 148
149 & 150
151
152 & 153
154 & 155
156 - 158
159 - 160
161 - 162
163 & 164
165 & 166
167 & 168
169 & 170
171 - 172
173 - 175
176 - 177
178 - 180
181 - 185
186 - 190
191 - 193
194 - 195
196 - 197
198 - 199
200 - 202
203 - 205
206 - 208
209 - 211 (End )
Extra 1 & 2

33 - 34

1.2K 155 2
Bởi Azure5549

Chapter 33

ထိုညတွင်လည်း ရှောင်ကျားရှုမှာ ထုံးစံမပြတ်ပင်၊ ရှောင်ချီကျဲ၏ ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရပြန်သည်။ သူ့ကို တစ်နေကုန် လည်ပတ်ကစားနေရုံမှလွဲ၍ ဘာမှ မသိနားမလည်ဟု ပြောဆိုသော်ငြား ရှောင်ကျားရှုမှာမူ ယခင်ကကဲ့သို့ ဝမ်းနည်းပက်လက် ခံစားချက်မျိုး ဖြစ်မနေတော့။ ထိုအစား သူတကယ် လုပ်ဆောင်ရန် အလိုရှိသည့် အသက်မွေးဝမ်းကြောင်းကို ရှာဖွေတွေ့ရှိသွားပြီဖြစ်သည့်အတွက် စိတ်အေးချမ်းသာနေတော့သည်။

သူသည် အသက်ဆယ်နှစ်အရွယ်ကတည်းက နိုင်ငံခြားသို့ အပို့ခံခဲ့ရသူဖြစ်ရာ ပြည်တွင်းသတင်းများကို မဆိုထားနှင့်၊ ပြည်တွင်းအနုပညာ‌သတင်းများကိုပင် များစွာ စိတ်မဝင်စားခဲ့သည့်အတွက် ကျိမြန်၊ ရှစ်ထင်းဟန်နှင့် အခြားနာမည်ကြီးများကိုပင် ကြားဖူးရုံမှအပ ကောင်းစွာ မသိကျွမ်းချေ။ ယခုမူ ကျိမြန်အကြောင်း ပိုပြီး သိနားလည်နိုင်ရန် အလို့ငှာ သူ၏ ရုပ်ရှင်အားလုံးကို ပြန်လည်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

ထိုသို့ဖြင့် ကွန်ပျူတာရှေ့တွင် ကြာရှည်ကြာမြော အချိန်ဖြုန်းလိုက်မိကာ ၄ နာရီ ထိုးသည်အထိ မအိပ်ရသေးချေ။ မနက် ၇ နာရီ ထိုးသည်နှင့် တစ်ပြိုင်နက် ကတိုက်ကရိုက် အိပ်ယာထကာ စတူဒီယိုသို့ ၈နာရီအမှီ ရောက်ချလာပြီး မှတ်စုစာအုပ်တစ်အုပ်ကိုင်ကာ လောကျန်းဝေ့၏ အနောက်သို့ တကောက်ကောက် လိုက်နေတော့သည်။

"ဘာတွေ လုပ်နေတာလဲ ..."

လောကျန်းဝေ့က မျက်ရည်များ ကျလာသည်အထိ ရယ်ကာမောကာဖြင့် မေးလိုက်သည်။

"ဆရာ့ဆီကနေ သင်ယူချင်လို့ပါ ..."

ရှောင်ကျားရှုက စိတ်ဓာတ်တက်ကြွစွာဖြင့် ပြောလိုက်သည်။

"အိုး ... နောက်ဆုံးတော့ ဉာဏ်အလင်းပွင့်သွားပြီပေါ့ ဟုတ်လား ဂိမ်းတွေ ထပ်မဆော့တော့ဘူးလား ..."

လောကျန်းဝေ့မှာ အံ့ဩသွားသည့်တိုင် အလွန်လည်း ဝမ်းသာမိပေသည်။

"ရုပ်ရှင်ရိုက်ရတာက ပိုပျော်ဖို့ကောင်းတယ် ကျွန်တော် သဘောကျတယ် ..."

ရှောင်ကျားရှုက မှတ်စုစာအုပ်လေးကို ယမ်းပြရင်း ပြောလိုက်သည်။ ထိုထဲတွင် "သရုပ်ဆောင်ဆိုတာ သူတို့ ကိုယ်ပိုင် ဖန်တီးမှုရဲ့ နည်းစနစ်နဲ့ ကိရိယာတွေပဲ" "စိတ်ကူးဉာဏ် မရင့်သန်တဲ့သူက ဘယ်လိုနည်းနဲ့မှ သရုပ်ဆောင် ဖြစ်မလာနိုင်ဘူး" ကဲ့သို့သော လောကျန်းဝေ့ အမှုမဲ့အမှတ်မဲ့ ပြောခဲ့သည့် စကားများဖြင့် ပြည့်နှက်နေသည့်အတွက် လောကျန်းဝေ့မှာ အလွန် ရှက်ရွံ့သွားတော့သည်။

သူက ချောင်းဟန့်ကာ ပြောလိုက်သည်။

"ကောင်ကလေး ဒီလို အခြေအမြစ်မရှိတဲ့ စကားတွေပေါ်မှာပဲ အာရုံထားမနေနဲ့ စတူဒီယိုထဲမှာတော့ လေ့ကျင့်‌ခြင်းက အကောင်းဆုံး ဆရာပဲ ငါပြောခဲ့တာတွေကို ချရေးထားတာနဲ့စာရင် ရုပ်ရှင်တွေ အများကြီး ရိုက်လိုက်တာက ပိုပြီး အကျိုးရှိတယ် မင်းမှာသာ အချိန်ရှိရင် တိတ်ဆိတ်တဲ့နေရာလေးရှာ ဇာတ်ညွှန်းတွေဖတ်၊ ပြောရမယ့် စာသားတွေကို အပြန်ပြန်အလှန်လှန် ဖတ်ထားပြီးတော့ မင်းရဲ့ ဇာတ်ကောင်ကို ပိုင်နိုင်နေအောင် လုပ်ထား ဒါကိုမှ အချိန်ပိုနေသေးရင် သီအိုရီပိုင်းနဲ့ သက်ဆိုင်တာတွေကို လေ့လာ မင်းရဲ့ ကုမ္ပဏီမှာ သရုပ်ဆောင်အတန်းတွေ ရှိတယ် ဟွမ်ကျိကျင်းက ဆရာလေ သူ့အတန်းတွေ လိုက်တက်ကြည့် သီအိုရီပိုင်းအတန်းတွေကို တက်လိုက်ရင် ဘယ်လို သရုပ်ဆောင်ရမလဲ သိလာလိမ့်မယ် ဒါပေမယ့် ဘယ်လို ကောင်းကောင်းမွန်မွန် သရုပ်ဆောင်ရမလဲဆိုတာကတော့ တကယ် လက်တွေ့ ကြုံမှပဲ သိရမှာပဲ ယေဘုယျအားဖြင့် ပြောရရင်တော့ မင်းရဲ့ အတွေ့အကြုံတွေ ရင့်သန်လာအောင် စာများများဖတ်၊ ပြင်ပဗဟုသုတတွေ ရှာမှီးပေါ့ ..."

ရှောင်ကျားရှုက ခေါင်းတဆတ်ဆတ်ငြိမ့်ကာ နားထောင်နေရင်း မေ့သွားမည်ကို စိုးရိမ်သည့်အတွက် စာအုပ်ထဲတွင်ပါ ချရေးထားလိုက်သေးသည်။ နေ့ခင်းပိုင်းတွင် သူက ကုမ္ပဏီသို့ ပြန်သွားကာ သရုပ်ဆောင်အတန်းအတွက် စာရင်းပေးခဲ့ပြီး သီအိုရီပိုင်းနှင့် သက်ဆိုင်သည့် စာအုပ်များကိုပါ ဝယ်ယူခဲ့လိုက်သည်။

လောကျန်းဝေ့က သူ့ကို ပြုံးကာ ပြောလိုက်သည်။

"သရုပ်ဆောင်တာရဲ့ အနှစ်သာရကို သဘောပေါက်သွားပြီပေါ့ ဟုတ်လား သွား သွား ဇာတ်ညွှန်းပဲ သွားဖတ်နေ ငါ့နောက် လိုက်မနေနဲ့တော့ ငါ တစ်ခြားသရုပ်ဆောင်တွေကို စကားပြောနေတဲ့ အချိန်မှ ပြန်လာခဲ့ သူများတွေဆီကနေ လေ့လာထား ကြားလား ..."

"ဟုတ်ကဲ့ပါ ဒါရိုက်တာလော ..."

ရှောင်ကျားရှုက နာနာခံခံဖြင့် ဘေးနားရွှေ့ကာ ဇာတ်ညွန်းကိုသာ ကြိုးကြိုးစားစား လေ့လာနေလိုက်သည်။ ကိုးနာရီထိုးသည့်အခါ ဟွမ်ကျိကျင်းတစ်ယောက် ရိုက်ကွင်းသို့ အူယားဖားယားဖြင့် ရောက်ချလာပြီး သူ့ကို လူမရှိသည့်နေရာသို့ ဆွဲခေါ်ကာ မေးလိုက်သည်။

"ဘာလို့ ဒီနေ့ ငါ့ကို မစောင့်တာလဲ ဒါက မင်း သန်ဘက်ခါ ရိုက်ရမယ့်အပိုင်း သေချာလေး ခွဲခြမ်းစိတ်ဖြာထားပြီးသား ဖတ်ကြည့်ကြည့်လိုက် နားမလည်တာရှိရင် ပြန်မေး ..."

စာရွက်ကို ဖတ်နေသည့် ရှောင်ကျားရှု၏ မျက်နှာမှာ တစ်ဖြည်းဖြည်း နီမြန်းလာတော့သည်။

"ကျိကျင်ကော ကောကို ပြောစရာလေးရှိလို့ ..."

"ဘာများလဲ ..."

"ရှေ့လျှောက် ကောက ကျွန်တော့်လက်ထောက် လုပ်ပေးဖို့ မလိုတော့ပါဘူး သင်ကြားရေးပိုင်းကိုပဲ ပြန်သွားလိုက်ပါ စာသားတွေကို ဘယ်လိုပြောရမယ်၊ ဇာတ်ကောင်ကို ဘယ်လိုသရုပ်ဆောင်ရမယ်ဆိုတာကို ကျွန်တော်ကိုယ်တိုင် ကြိုးစားကြည့်ချင်တယ် ဟွမ်ကျိကျင်းရဲ့ လင်ဖုန်း‌အနေနဲ့ မဟုတ်ဘဲ ရှောင်ကျားရှုပိုင်တဲ့ လင်ဖုန်းအဖြစ် အသက်သွင်းကြည့်ချင်လို့ ကျိကျင်ကော သိလား ကျွန်တော်ကလေ အမှောင်ကိုလည်းကြောက်တယ် သေတ္တာထဲ အလုံပိတ်ခံရတာဆို ပိုတောင် ကြောက်သေးတယ် မနေ့ကဆို ကျွန်တော်တော့ သွားပြီလို့ ထင်ခဲ့ပေမယ့် ကိုယ့်ကိုယ်ကို လင်ဖုန်းလို့ တွေးလိုက်တာနဲ့ တစ်ပြိုင်နက် ကြောက်တဲ့စိတ်တွေအကုန် ပျောက်သွားရော ဒီသရုပ်ဆောင်မှုက ကျွန်တော့်ကို လက်တွေ့ကနေ ထွက်လာပြီး ဖြစ်ရပ်မှန်ထက် ကျော်လွန်တဲ့ စွမ်းအင်တွေကို ပေးနေတယ် ..."

ရှောင်ကျားရှုက ဦးနှောက်တစ်ခုလုံး ဖျစ်ညှစ်ကာ စဉ်းစားပြီးနောက် သူ့နဖူးကိုရိုက်ကာ ရေရွတ်လိုက်သည်။

"ဘယ်လို ပြောရမလဲ မသိတော့ဘူးဗျာ အကျဉ်းချုံးရရင် ကျိကျင်ကော ကျွန်တော့်ကို ဂရုစိုက်ပေးခဲ့တဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ် နောက်ပိုင်းမှာ ကိုယ်ကိုယ်တိုင် သရုပ်ဆောင်တတ်အောင် သင်ယူချင်လို့ပါ ကျေးဇူးပါ ကျိကျင်ကော ..."

သူက ဦးညွတ်လိုက်သည်။ သူ့စကားတို့မှာ ကျေးဇူးတင်စိတ်တို့ ပြည့်လျှံနေပေသည်။

ဟွမ်ကျိကျင်းက ရုတ်ချည်း ရယ်မောလိုက်သည်။

"ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူးကွာ ဒါဆို တမန်တော် ရုံတင်မယ့်နေ့ကို စောင့်နေမယ်နော် ကြိုးစားထား ရှောင်ကျားရှု ..."

သူက ရှောင်ကျားရှု ခပ်ဝေးဝေး ရောက်သွားသည်အထိ ရပ်ကြည့်နေပြီးနောက် ဂရုတစိုက် ပြင်ဆင်လာခဲ့သည့် စာရွက်အားလုံးကို အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်တော့သည်။ ကူကယ်ရာမဲ့ဟန်တို့ ရောစွက်နေသည့် ဝမ်းသာအားရ အပြုံးတစ်ပွင့်ကို ချိတ်ဆွဲရင်း တစ်ဖက်သို့ လှည့်လာသည့်အခါ မနီးမဝေးတွင် အနည်းငယ် ရှုပ်ထွေးနေဟန်ဖြင့် မတ်တပ်‌ရပ်နေသည့် ကျိမြန်ကို တွေ့လိုက်ရသည်။

"ကျိကော အစောကြီး ရောက်နေတာပါ့လား ..."

သူက ဦးစွာ နှုတ်ဆက်လိုက်သည်။

"အလုပ်ဖြုတ်ခံလိုက်ရတာလား ..."

ကျိမြန်က ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်တယ် ..."

ဟွမ်ကျိကျင်းက အမှုမထားဟန်ဖြင့် ပုခုံးတွန့်ပြလိုက်သည်။

"အလုပ်ဖြုတ်ခံလိုက်ရပေမယ့် ဘာလို့မှန်းတော့ မသိဘူး စိတ်ထဲမှာ နေလို့ကောင်းနေတယ် ..."

"သူ့ပုံစံကို မြင်နေရတာ မင်း ငယ်ငယ်က ပုံစံကို ပြန်အမှတ်ရမိသွားလို့ ဖြစ်မှာပေါ့ ..."

ကျိမြန်က ပြောလိုက်သည်။

ဟွမ်ကျိကျင်းမှာ ရှင်းရှင်းလင်းလင်း မကြားလိုက်။

"ဘာကြီး ..."

"ဘာမှ မဟုတ်ပါဘူး ရိုက်ကူးရေး စတော့မှာဆိုတော့ သွားနှင့်မယ် ..."

ကျိမြန်က စတူဒီယိုထဲသို့ ‌ဝင်လာပြီးနောက် ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်သည်။ နားနေခန်းတွင်ထိုင်ကာ ဇာတ်ညွှန်းဖတ်နေသော ရှောင်ကျားရှုကို တွေ့လိုက်ရသည့်အခါ ခြေလှမ်းတို့ကို လောကျန်းဝေ့ထံ ဦးတည်လိုက်တော့သည်။

သူ့တွင် ရိုက်ကူးရန်အခန်း များများစားစား မရှိ။ ရှေ့ပိုင်းတွင် မြောင်မူချင်နှင့် ရှစ်ထင်းဟန်တို့၏ အပိုင်း နှစ်ပိုင်း ရိုက်ကူးရန် ရှိနေသေးရာ ၁၁ နာရီ မထိုးမချင်း စနိုင်ဦးမည် မဟုတ်ချေ။ ရှစ်ထင်းဟန်မှာ ဈာန်ဝင်စားနိုင်ရန် အပြင်းအထန် ကြိုးစားနေဟန်ပင်။ သူက မြောင်မူချင်၏ သဘောထားကို အလေးအနက် နားထောင်ကာ လောကျန်းဝေ့၏ ထင်မြင်ချက်ကိုပါ တောင်းခံလိုက်သည်။ သုံးယောက်သား ခေါင်းချင်းဆိုင်ကာ အကြိတ်အနယ် ဆွေးနွေးနေကြ၏။

ကျိမြန်က သူတို့ကို နှုတ်ဆက်ကာ မနက်စာစားရန်အတွက် နားနေခန်းသို့ ထွက်လာလိုက်သည်။

ရှောင်ကျားရှုက ဇာတ်ညွှန်းစာအုပ်ကို ဘေးချကာ နားကြပ်ကို တပ်လျက် ကျိမြန် သရုပ်ဆောင်ထားသည့် ရုပ်ရှင်တစ်ကားကို ကြည့်နေသည်။ သူကြည့်နေသည့်ရုပ်ရှင်၏ အဓိက‌ဇာတ်ကောင် ရောက်လာသည်ကို တွေ့လိုက်ရသည့်အခါ နီမြန်းနေသော မျက်နှာနှင့်အတူ မတ်တပ်ရပ်ကာ ပြောလိုက်သည်။

"ကျိကော ကောင်းသော မနက်ခင်းပါ ..."

"ထိုင်ပါ အရမ်းကြီး စိတ်ဖိစီးမနေနဲ့ ..."

ကျိမြန်က ‌ပြုံးကာ ပြောလိုက်သည်။

ရှောင်ကျားရှုက သူ့ကို မနက်စာ စားပြီးပြီလားဟု မေးမည်ပြုလိုက်သည်။ မစားရသေးပါလျှင် တစ်ခဏမျှ စောင့်ခိုင်းကာ သူ့လက်ထောက်ကို အဆင့်မြင့် စားသောက်ဆိုင်မှ မနက်စာ ဝယ်ယူခိုင်းထားသည့်အတွက် ဆယ်မိနစ်ကြာလျှင် ရောက်လာတော့မည်ဖြစ်သည်။ ယနေ့ သူအစောကြီး ရောက်လာရသည့် ‌အကြောင်းအရင်းမှာ ပထမအချက်အနေဖြင့် လေ့လာရန်ဖြစ်ပြီး ဒုတိယတစ်ချက်မှာ ကျိမြန်နှင့် ရင်းနှီးနိုင်ရန်ဖြစ်သည်။

ဖန်အသစ်စက်စက်လေးအနေနဲ့ သူ့အိုင်ဒေါနဲ့ ရင်းနှီးနိုင်မယ့်အခွင့်အရေးကို ဘယ်လိုလုပ် လက်လွှတ်ခံနိုင်မှာလဲ ...

သို့သော် သူပင် စကားမပြောရသေး။ ချိန်ဖမ်းရှင်း ရောက်လာကာ ရှက်ရွံ့နေသော လင်းလဲ့ယန်ကို တွန်းပို့ရင်း အလွန်အမင်း မျက်နှာချိုသွေးသည့် လေဿံဖြင့် ဝင်ပြောလိုက်သည်။

"ဥက္ကဌကျိ ကျွန်တော်တို့တွေ မနက်စာကို အများကြီး ဝယ်လာမိလို့ ကျွန်တော်တို့နဲ့ အတူတူများ လာစားချင်လားဗျ အသားပေါင်းရယ် ဖက်ထုပ်ရယ် တစ်ခြား စားစရာတွေလည်း မျိုးစုံ ပါပါသေးတယ် ..."

ကျိမြန်က ရှောင်ကျားရှုကို ဖျတ်ခနဲကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။

"ကျေးဇူးအများကြီး တင်ပါတယ် ..."

"ရပါတယ် တကယ်လို့ ကျိကောသာ တစ်မျိုး မမြင်မိဘူးဆိုရင် ကောအတွက် မနက်စာလေး ယူလာပေးပါ့မယ် ..."

ချိန်ဖမ်းရှင်းမှာ အလွန် အန္တရယ် များလှသည့် မျက်နှာပြောင်သောသူဖြစ်သည်။ သူက ကျိမြန်၏ စကားကြောင်းပြန်မှုကိုပင် မစောင့်တော့ဘဲ ကပ်တွယ်လိုက်သည်။ လင်းလဲ့ယန်မှာ ထိုလုပ်ရပ်အပေါ် အလွန်အရှက်ရသွားသည့်အတွက် သူ့ကို စိုက်ကြည့်ကာ အလွန်တည်ငြိမ်သည့်လေသံဖြင့် ပြောလိုက်သည်။

"ကျိကော ..."

"အကုန်လုံးက တစ်ကုမ္ပဏီတည်းပဲကို စိမ်းမနေကြနဲ့ လာ ထိုင်ပြီး စားလှည့်ကြ ..."

သူက ရှောင်ကျားရှုကို ပြောလိုက်သည်။

"မင်းရော မနက်စာ စားပြီးပြီလား မစားရသေးရင် နည်းနည်းလောက် စားလိုက်လေ ..."

ရှောင်ကျားရှု၏ အကြံအစည်မှာ ပျက်စီးသွားပြီဖြစ်သော်ငြား ထိုအတွက် များစွာ ပူပန်မနေချေ။ သူက စားစရာအိတ်ကို စိုက်ကြည့်ရင်း ခေါင်းယမ်းပြလိုက်သည်။

"ဒါက စတူဒီယို အပြင်ဘက်က ဆိုင်တွေကနေ ဝယ်လာတာထင်တယ် မုန့်အကာသားကလည်း ဝါနေတာပဲ ကျိကော အပြင်ဘက်က ဆိုင်တွေက မသန့်ရှင်းဘူး ဒါမှမဟုတ် ..."

သူ့စကားပင် မဆုံးသေး၊ ကားပါကင်ထိုးနေရာမှ ပြန်ရောက်လာသည့် ဖန်ခွင်းက သရော်လိုက်သည်။

"နေ့တိုင်း အဲဒီ့ဆိုင်ကနေ မနက်စာ ဝယ်စားနေတဲ့ ဝန်ထမ်းတွေမှ အများကြီးပဲ ဘယ်သူမှ ဘာမှ မဖြစ်သေးဘူး ပြီးတော့ ဂျုံရဲ့ ပင်ကိုယ်အရောင်က အဝါရောင် နှစ်ခါပြန် ပြုပြင်ထားလို့သာ အဖြူရောင် ပြောင်းသွားတာ အဲဒါက ကျန်းမာရေးအတွက် မသင့်လျော်ဘူး မင်းတို့ ဒုတိယမျိုးဆက် သခင်လေးတွေကလည်း မကြိုက်တာတွေ များပြားလိုက်တာကို ကျိကော ကန်စုမှာ ရုပ်ရှင်ရိုက်တုန်းက လဝက်လောက် ရေမချိုးခဲ့ရဘူး သူ့နေရာမှာ မင်းတို့သာဆို ရူးတောင်သွားလောက်တယ် ..."

သူက အသားပေါင်းတစ်ခုကို ကောက်ယူကာ အားရဝမ်းသာ ပြောလိုက်သည်။

"အရသာရှိလိုက်တာ ဒီမိသားစုရဲ့ မှိုအသားပေါင်းကို ငါ တကယ်ကို ကြိုက်တာ ..."

အလွန်အမင်း သဘောခွေ့သွားသည့် ချိန်ဖမ်းရှင်းက ကပ်ဖားရပ်ဖားလုပ်ကာ ပြောလိုက်သည်။

"ခွင်းကော ကြိုက်ရင် အားရပါးရ သုံးဆောင်ပါ ..."

လင်းလဲ့ယန်က ကျိမြန်ကို ခိုးကြည့်ကာ သူအကြိုက်ဆုံး အလွှာတစ်ထောင် ကိတ်မုန့်ကို ကမ်းပေးရန် ကြိုးစားလိုက်သည်။

ရှောင်ကျားရှုမှာ ရိုက်ကူးရေးကာလအတွင်း အခက်အခဲများနှင့် ကြုံတွေ့ရမည်ကို သဘောပေါက်ထားပြီးဖြစ်သည့်အတွက် ဖန်ခွင်းက ကျိမြန်၏ အရှေ့တွင် သူ့ကို သံသယဝင်ဟန် ထုတ်ပြလာသည့်အခါ အဝါရောင်အသားပေါင်းကို ချက်ခြင်းကောက်ကိုင်ကာ စားပြလိုက်ရတော့သည်။

အိုင်ဒေါနဲ့ နီးစပ်ဖို့ ပထမဆုံးခြေလှမ်းက သူ့ရဲ့ ရုပ်ရှင်တွေကို ကြည့်တာဆို  ဒုတိယခြေလှမ်းက သူကြိုက်တာတွေကို လိုက်စားကြည့်တာပဲ ကျိကောက သူ့ကို တအားကြီး တက်ကြွလွန်းနေတယ်လို့တော့ မထင်လောက်ပါဘူးနော် ...

သူ့အနေဖြင့် ကန့်လန့်တိုက်ရန် ရည်ရွယ်ချက်မရှိ၊ ကျိကောကို မနက်စာ ဖိတ်ကျွေးလိုခြင်းသာ ဖြစ်ကြောင်း ရှင်းပြမနေတော့ဘဲ ကိုယ်ရေးကိုယ်တာလက်ထောက်ကို စာပို့ကာ သူ ဝယ်ယူစေခဲ့သည့် အဆင့်မြင့်မနက်စာများကို ဒါရိုက်တာလောနှင့် အခြားသူများအား ပို့ပေးရန်သာ ညွှန်ကြားလိုက်တော့သည်။

ဘာလို့ လူတွေက ကျေးဇူးမတင်ရုံတင်မကဘဲ ချမ်းသာကြောင်း ကြွားတယ်လို့ပါ ထင်နေကြတာလဲ ...

ကျိမြန်က သူ့ကို စောင်းငဲ့ကြည့်ကာ နွေးထွေးစွာ ပြောလိုက်သည်။

"စာပို့နေတာရပ်ပြီး စားတော့ ..."

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျိကော ..."

ပါးစပ်ထဲရှိ အသားပေါင်းကို ဝမ်းပန်းတသာ ဝါးစားရင်း ပြန်ဖြေလိုက်သည်။

ဖန်ခွင်းမှာ သူ့အပေါ် မုန်းတီးနေဆဲဖြစ်သည်။

"မနက်စာက ရှောင်ချိန် ဝယ်လာတာလေ ဘာလို့ ကျိကောကို ကျေးဇူးတင်နေတာလဲ ..."

"ကျေးဇူးတင်ပါတယ် ရှောင်ချိန် ..."

ရှောင်ကျားရှုမှာမူ ထိုစကားအပေါ် ဒေါသမထွက်အား။ ချိန်ဖမ်းရှင်းကိုပင် ကျေးဇူးတင်လိုက်သေးသည်။ ထို့နောက် ဇာတ်ညွှန်းကိုသာ ဆက်ဖတ်နေကာ လူရှင်းသွားကာမှ ကျိမြန်နှင့် စကားဆက်ပြောရန် ဆုံးဖြတ်လိုက်တော့သည်။

Xxxxxx

Chapter 34

ချိန်ဖမ်းရှင်းကလည်း သူ့ကို တူးတူးခါးခါး မုန်းတီးနေသော်ငြား ယဉ်ယဉ်ကျေးကျေးသာ ပြုံးပြလိုက်သည်။ လင်းလဲ့ယန်က သူ့ဖုန်းကို လှမ်းကြည့်ကာ မေးလိုက်သည်။

"မင်းလည်း "ဒုက္ခနွံထဲ တဝဲလည်လည်" ကို ကြည့်တယ်ပေါ့ ..."

ရှောင်ကျားရှုလို ဒုတိယမျိုးဆက် လူချမ်းသာက ဒီလို ရသရုပ်ရှင်တွေကို ကြည့်တယ်ပေါ့ သူက ခံစားတတ်တာကျလို့ ...

"ဟုတ်တယ် ဒါက ကျိကော ပထမဆုံး ဆုရခဲ့တဲ့ ရုပ်ရှင်လေ ဒီရုပ်ရှင်က တကယ်ကို ကောင်းတာ ..."

ဖုန်းကို ယမ်းပြလာသည့် ရှောင်ကျားရှု၏ မျက်နှာမှာ နားထင်သွေးရောက်မှုတို့ ပြည့်နှက်နေပြီး ကျိမြန်၏ အောင်မြင်မှုမှာ သူ့ကိုယ်ပိုင် အောင်မြင်မှု ဖြစ်နေသည့်အလားပင်။ ပိုင်ရှင်အစစ်အမှန်မှာ သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေဆဲဖြစ်သည်ကိုတော့ မေ့လျော့သွားချေပြီ။

လင်းလဲ့ယန်က သဘောတူသည့်နှယ် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သော်လည်း သူ့နှလုံးသားမှာမူ အထင်အမြင်သေးမှုတို့ဖြင့်သာ ပြည့်နှက်နေသည်။

ကျိကောနဲ့ နီးစပ်နိုင်ဖို့ ရုပ်ရှင်ကို အကြောင်းပြတဲ့သူတွေ ထပ်ပေါ်လာပြန်ပြီ ရှောင်ကျားရှုလို နိုင်ငံခြားမှာ ကြီးပြင်းလာတဲ့သူက ဒီလိုမျိုး တရုတ်ပြည်မကြီးရဲ့ ရသမြောက်ရုပ်ရှင်တွေကို ခံစားတတ်တယ်ဆိုတာ ယုံချင်စရာကို မကောင်းဘူး သူက တကယ်ရော တိုင်းပြည်အခြေအနေ ချွတ်ချုံကျနေတဲ့အချိန်မှာ နိုင်ငံကို စွန့်ခွါထွက်ပြေးလာရတဲ့ မိသားစုတွေရဲ့ အနိမ့်အမြင့် အတက်အကျတွေကို နားလည်နိုင်မှာတဲ့လား နှလုံးသားထဲအထိ ခံစားနိုင်ဖို့ မပြောနဲ့ မျက်လုံးနဲ့တောင် မြင်ယောင်ကြည့်တတ်ပါ့မလား မသိဘူး ...

ဖန်ခွင်းမှာလည်း အတွေးအတူတူပင် ဖြစ်သည်။ သူက မေးလိုက်သည်။

"ဒါဆို ဘယ်အပိုင်းက အကောင်းဆုံးလဲ ..."

ရှောင်ကျားရှုမှာ ရှင်းရှင်းလင်းလင်း မပြောတတ်သည့်အတွက် ရုပ်ရှင်ကို ပြန်ရစ်ကာ ဖန်ခွင်းကို ကိုယ်တိုင် ကြည့်စေလိုက်သည်။

"ဒီနားလေးက အကောင်းဆုံး ထင်တာပဲ ခုန်ရွှမ်ရဲ့ သားနှစ်ယောက်စလုံး တိုက်ပွဲကျသွားတဲ့ အပိုင်းလေ အဲဒီ့သတင်းကို ကြားပြီးတဲ့ နောက်နေ့မှာလည်း ထုံးစံအတိုင်းပဲ မနက်စောစောထ ကြက်စာဘဲစာကျွေး အိမ်သန့်ရှင်းရေး လုပ်နေတာ သူ့သားရဲ့ အခန်းလွတ်ထဲကို ရောက်သွားကာကျမှ ပြတင်းပေါက်ဘေးမှာ ငိုင်ငိုင်ကြီး ရပ်နေတာ မျက်နှာက နေရောင်ထိုးထားလို့ လင်းလက်နေပေမယ့် သူ့အကြည့်တွေကတော့ နောက်ကျိပြီး ဗလာဖြစ်နေတာလေ အဲ့ဒီအခန်းကို အကြိုက်ဆုံးပဲ ..."

ထိုအခန်းကို ပြန်ကြည့်လေတိုင်း သူ့နှလုံးသားတစ်ခုလုံး အကြောင်းပြချက်မရှိ ချဉ်စူးလာကာ ငိုကြွေးမိလေကြောင်းကိုတော့ ထုတ်ပြောလိမ့်မည် မဟုတ်ချေ။

ဖန်ခွင်းမှာ ထိုရုပ်ရှင်ကို သုံးကြိမ်ထက်မနည်း ကြည့်ဖူးသည့်တိုင် ထိုအခန်းကို သတိမထားမိချေ။ သူက လှောင်ရယ်လိုက်သည်။

ဒီလူချမ်းသာဒုတိယမျိုးဆက်တွေကတော့ မသိတာတောင် သိချင်ယောင် ဆောင်နေသေးတယ် ...

လင်းလဲ့ယန်က ဖန်ခွင်းကဲ့သို့ သိသိသာသာ မလှောင်ရယ်သည့်တိုင် ရှောင်ကျားရှု၏ အမြင်ကိုတော့ သံသယဖြစ်မိဆဲဖြစ်သည်။

အဲဒီ့အပိုင်းက ရုပ်ရှင်ထဲမှာတောင် ဖျတ်ခနဲလေးပဲ ပါလိုက်တာလေ ကျိကောမပြောနဲ့ ဒါရိုက်တာတောင် ဒီအကြောင်းကို တစ်ခါမှ မပြောဖူးတော့ ဒါက ရိုးရိုး ဝမ်းနည်းစရာ အပိုင်းလေးတစ်ပိုင်းပဲ နေမှာပါ ဘာမှ သိပ်ပြီး ထူးခြားပုံ မပေါ်ပါဘူး ...

ထိုသို့တွေးကာ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ငါကတော့ ခုန်ရွှမ်တစ်ယောက် သူ့မိန်းမ ဂျပန်တွေ သတ်တာခံလိုက်ရတဲ့အချိန်မှာ ဆွေးဆွေးမြည့်မြည့်ငိုတဲ့အပိုင်းကို အကြိုက်ဆုံးပဲ အဲဒီ့အပိုင်းမှာ ကျိကောရဲ့ ဇာတ်ကောင်စရိုက်ကို ပီပီပြင်ပြင် ချဉ်းကပ်ထိန်းချုပ်နိုင်ပုံကို ကွက်ကွက်ကွင်းကွင်းကြီးကို မြင်နေရတာ ငါဖြင့် ခဏခဏကို ငိုမိတာပဲ ..."

သူက ကျိမြန်ကို မျှော်လင့်တကြီး ကြည့်လိုက်သော်ငြား ထိုသူကမူ ရှောင်ကျားရှုကိုသာ ဝင်းလက်တောက်ပနေသည့် အကြည့်တို့ဖြင့် စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။

ကျိမြန်၏ အကြည့်တို့်မှာ ရှောင်ကျားရှုထံတွင်သာ ကပ်ငြိနေသည့်အတွက် လင်းလဲ့ယန်တစ်ယောက် ပျာယာခတ်သွားတော့သည်။ ကျိမြန်၏ အာရုံစူးစိုက်မှုတို့ကို ပြန်ဆွဲခေါ်နိုင်ရန် အလို့ငှာ ဖန်ခွင်း၏စကားကို ထောက်ခံလိုက်သည်။

"ဟုတ်တယ် ကျွန်တော်လည်း အဲဒီ့အခန်းကို အကြိုက်ဆုံးပဲ ပြီးတော့ ကျိကော ဟွာပေါင်ဆုရခဲ့တာလည်း အဲဒီ့အခန်းကို ပြောင်မြောက်အောင် သရုပ်ဖော်နိုင်လို့လေ ဒိုင်တွေအများကြီးက အဲဒီ့ဗီဒီယိုကို အကြိမ်ပေါင်းများစွာ ပြန်ကြည့်ပြီးတော့ တစ်နှစ်တာအတွက် အကောင်းဆုံး သရုပ်ဖော်မှုအဖြစ် သတ်မှတ်ခဲ့ကြတာ မဟုတ်လား ဒီရုပ်ရှင်ကို ရုံတင်တော့လည်း အမျိုးသားတွေကအစ ရှိုက်ကြီးတငင် ငိုကြတာလေ ..."

ချိန်ဖမ်းရှင်းက ချက်ခြင်းလက်ငင်း သံယောင်လိုက်လိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် ငါလည်း အဲဒီ့ရုပ်ရှင် ရုံတင်တုန်းကဆို နီရဲနေတဲ့ မျက်လုံးတွေနဲ့ ပြန်လာခဲ့ရတာ နည်းနည်း ရှက်စရာကောင်းတယ်လို့ တွေးခဲ့မိပေမယ့် လူတိုင်းကလည်း ငါ့လိုမျိုးပဲ ဖြစ်နေကြတယ်လေ အခု ပြန်စဉ်းစားကြည့်တော့မှ အဲဒီ့တုန်းက အဖြစ်အပျက်တွေက ရယ်စရာတောင် ကောင်းနေသလိုပဲ ..."

အနီးအနားရှိ လူအားလုံးကလည်း သဘောတူနေကြသည့်အတွက် ရှောင်ကျားရှုက ဆက်ပြီး ငြင်းခုန်မနေတော့။ ဟွာပေါင်ဆုကို အသာထား၊ မည်သူတစ်ဦးတစ်ယောက်နှင့်မှ သဘောထားခြင်း မတူညီသည့်တိုင် သူ့အဖို့ အိမ်အလွတ်ကို သန့်ရှင်းနေသည့် အခန်းကသာ အထိရှ‌ဆုံး အခန်းဖြစ်ပေသည်။ သူက ထိုနေရာတွင် ဆက်မနေတော့ဘဲ ကျိမြန်ကို နှုတ်ဆက်ကာ အသားပေါင်းတစ်ခုကို စားလျက် ဇာတ်ညွှန်းဖတ်ရန် သူ့နေရာသို့ ပြန်လာခဲ့လိုက်တော့သည်။

ဖန်ခွင်းက ခေါင်းကို ယမ်းခါလျက် ပြောလိုက်သည်။

"ဒီလူသစ်လေးကတော့ ဘယ်လိုစိတ်ကူးနဲ့များ သူ့ကိုယ်သူ ဝါရင့်ရုပ်ရှင်ဝေဖန်ရေးသမားယောင် ‌ဆောင်ရဲရတာလဲ မသိဘူး ကျိကောကို ရှေ့တည့်တည့်မှာထားပြီး ဒီလိုမျိုး ဝေဖန်ရဲဖို့ဆို တော်တော်ကို သတ္တိကောင်းမှပဲ ရလိမ့်မယ် ဒီလို ကပ်ဖားရပ်ဖား လုပ်တတ်တဲ့ စကေးအတွက် တစ်မှတ်လောက်တော့ ပေးလိုက်မယ် ..."

ချိန်ဖမ်းရှင်းက ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်တယ်နော် သူသာ ကျိကောရဲ့ ပရိသတ်ယောင်ဆောင်ချင်ရင်လည်း အိမ်စာလေးဘာလေးတော့ လုပ်ခဲ့မှပေါ့ ပါးစပ်လေးကိုပဲ အသုံးချနေလို့ ဘယ်ရမလဲ ကျွန်တော်ဆို ကျိကောရဲ့ ပရိသတ်တွေကို အရမ်းသဘောကျတာ သူတို့က ကောရဲ့ သတင်းတွေ၊ ဓာတ်ပုံတွေနဲ့ ပြည့်နေတဲ့ microblog တောင် လုပ်ပေးလိုက်ကြသေးတယ် ဥပမာပြောရရင် လင်းလဲ့ယန်ကိုပဲ ကြည့်လေ သူဆို "ဒုက္ခနွံထဲ တဝဲလည်လည်" ကို ဆယ်ခေါက်ထက်မနည်း ကြည့်ထားတာ စာသားတွေဆို အလွတ်တောင် ရနေပြီ ..."

ရှက်သွေးတို့ဖြင့် ရဲရဲနီနေသော လင်းလဲ့ယန်က ‌ခိုးကြည့်လိုက်သည်။ သူက ထိုရုပ်ရှင်ကို သဘောကျသည့်တိုင် အကြိမ်ပေါင်း တစ်ဒါဇင်ခန့်တော့ မကြည့်ဖူးချေ။

သူနဲ့ကျိမြန်က ချစ်သူတွေလေ ဒီလိုဆက်ဆံရေးမျိုး ရှိထားမှတော့ ကျိမြန်အကြောင်း မသိဘဲနေမလား ဒီချိန်ဖမ်းရှင်းကတော့ ရှက်စရာကောင်းလောက်အောင်ကို မျက်နှာလိုမျက်နှာရ လုပ်နေတာပဲ ...

ကျိမြန်က နောက်ဆုံးကျန်နေသည့် အသားပေါင်းကို လက်စဖြတ်ရင်း ခပ်‌ဖြည်းဖြည်း ပြောလိုက်သည်။

"လူထုရဲ့ အကြိုက်က တစ်ခါတစ်လေမှာ အနုပညာသမားရဲ့ အမြင်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတတ်တယ် ဒါက ထုံးစံပါပဲ ငိုတဲ့အခန်းကို ရိုက်ဖို့အတွက် နှစ်နာရီကျော် ပြင်ဆင်ခဲ့ရပေမယ့် အိမ်သန့်ရှင်းရေးလုပ်တဲ့အခန်းကိုတော့ တစ်လလုံးလုံး ပြင်ဆင်ခဲ့ရတယ် ငိုတဲ့အခန်းကို တစ်ခေါက်တည်း ရိုက်နိုင်ခဲ့ပေမယ့် သန့်ရှင်းရေးလုပ်တဲ့အခန်းတစ်ခန်းတည်းမှာတင် NG ၂၆ ခါ ရခဲ့တဲ့အပြင် ဒါရိုက်တာ ဝမ်ရွှယ်သုန်နဲ့လည်း ညဉ့်နက်တဲ့အထိ အကြိတ်အနယ် ဆွေးနွေးခဲ့ရသေးတယ် နောက်တစ်နေ့မနက် ပြန်ရိုက်တော့လည်း နောက်ထပ် NG တွေ ၁၂ ခါလောက် ရပြီးကာမှ အောင်အောင်မြင်မြင် အပြီးသတ်နိုင်ခဲ့တာ ..."

သူက တစ်သျှူးတစ်ရွက်ဖြင့် ပါးစပ်ကိုသုတ်ကာ ရှောင်ကျားရှုရှိရာသို့ ထွက်လာလိုက်သည်။

ဖန်ခွင်းမှာ အတော်ကြာသည်အထိ မတုန့်ပြန်နိုင်သေး။

"သူ သူ ဘာကို ပြောသွားတာလဲ ..."

လင်းလဲ့ယန်မှာလည်း အလားတူပင် ရှုပ်ထွေးနေပေသည်။

ဒါ ဘာကို ဆိုလိုတာလဲ ကျိမြန်က အဲဒီ့အပိုင်းအတွက် တစ်လလုံးနီးပါး ပြင်ဆင်ခဲ့ရတဲ့အပြင် ဒါရိုက်တာဝမ်ရွှယ်သုန်ကလည်း သူ့ကို ခဏခဏ ပြန်ရိုက်ခိုင်းသေးတယ် ဟုတ်လား ဒါက ဒီအခန်းရဲ့ အဆင့်အတန်းကို သက်သေပြလိုက်တာပဲ မဟုတ်လား ...

သူတို့ နားမလည်နိုင်ဖြစ်နေစဉ် ကျိမြန်က ရှောင်ကျားရှုအနားသွားကာ ပြောလိုက်သည်။

"မင်းကတော့ မသိလောက်ဘူးထင်တယ် အဲဒီ့အိမ်အလွတ်ကို သန့်ရှင်းရေးလုပ်နေတဲ့အခန်းက "ဒုက္ခနွံထဲ တဝဲလည်လည်" ရဲ့ တကယ့် ဇာတ်သိမ်းခန်းအစစ်ပဲ ..."

ထိုစကားကို ကြားလိုက်ရသည့်အခါ လင်းလဲ့ယန်၏ မျက်နှာမှာ ဖြူလျော်သွားပြီး ရင်ထဲ တင်းကြပ်လာတော့သည်။

ကျိကောနောက်ကို နှစ်နဲ့ချီပြီး လိုက်လာတာတောင် သူအကြိုက်ဆုံးရုပ်ရှင်ကို ကောင်းကောင်း နားမလည်နိုင်သေးဘူး ဒါတင်မကသေးဘူး ကိုယ့်သဘောနဲ့ကိုယ်တောင် ရှောင်ကျားရှုရဲ့ အမြင်ကို တိုက်ခိုက်လိုက်သေးတယ် သူ့ရဲ့ ခြေနင်းကျောက်တုံး ဖြစ်ဖို့အရေး အပြေးအလွှား အနင်းခံလိုက်ရသလို ဖြစ်မနေဘူးလား ...

သည်းခံတတ်သည့် ကျိကောက ထိုကိစ္စကို စိတ်ထဲ ထားလိမ့်မည် မဟုတ်သည့်တိုင် လင်းလဲ့ယန်မှာမူ အရှက်ရမိဆဲပင်ဖြစ်သည်။ ရှောင်ကျားရှု၏ အရည်အချင်းနှင့် သူတို့နှစ်ယောက်ကြားက ကွာဟချက်ကို နားလည်သွားချေပြီ။ အမှန်အတိုင်း ပြောရပါလျှင် သူ့ကို အနုပညာလောကကို ယခုမှ စတင်ကြုံတွေ့ဖူးသည့် လူသစ်လေးဟု သတ်မှတ်၍ မရချေ။ ပွဲဦးထွက်နိုင်ရန်အတွက် ဤနှစ်ပိုင်းအတွင်း ရုပ်ရှင်ရိုက်ကူးခြင်းနှင့် ပတ်သက်၍ ကျိကောထံမှ အများအပြား သင်ယူထားရာ ငွေကြေးစီမံခန့်ခွဲမှုအပိုင်းကိုသာ သင်ယူထားသည့် ရှောင်ကျားရှုထက် အဆရာပေါင်းများစွာ သာလွန်နေရမည်ဖြစ်သည်။

သို့သော် ယခုမူ ရှောင်ကျားရှုသည် သူ့ထက် ပါရမီအရာတွင်သာမက အနုပညာကို ခံစားနိုင်စွမ်းတွင်ပါ သာလွန်နေကြောင်း သိရှိသွားတော့သည်။ ထိုသူက ဇာတ်ကောင်၏ စရိုက်ကို ပေါ်လွင်အောင် ချက်ခြင်းလက်ငင်း သရုပ်‌ဆောင်ပြနိုင်ရုံသာမက ရုပ်ရှင်ထဲတွင် မြှုပ်နှံထားသည့် အနုပညာရပ်ဆိုင်ရာ ဒဿနနှင့် ဒါရိုက်တာ၏ အတွေးအမြင်တို့ကိုပါ နားလည်နိုင်သေးသည်။ ဤသည်မှာ ထိပ်တန်းမင်းသားတစ်လက်တွင် ရှိသင့်ရှိထိုက်သည့် အရည်အချင်းကောင်းများပင် ဖြစ်သည်။

အပြန်အလှန်အားဖြင့် ပြောရပါလျှင် သူ့တွင် ထိုအရည်အချင်း တစ်ခုတစ်လေမှပင် ရှိမနေ။

အနာဂတ်မှာ ရှောင်ကျားရှုက ငါ့ကို နင်းခြေသွားလောက်လား သူ့အနားမှာသာ ရှိနေရင် ငါက တစ်စထက်တစ်စ သာမန်အဆင့် ဖြစ်သွားမှာ မဟုတ်လား ...

လင်းလဲ့ယန်မှာ နက်နက်ရှိုင်းရှိုင်းပင် ဆက်မတွေးရဲတော့။ သေချာပေါက် တွေးကြည့်လိုသည့်တိုင် အခြားသူများနှင့် စကားပြောနေသည်ကိုလည်း မရပ်တန့်လိုပေ။

ကျိမြန်က သူ့ကို ပြန်လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ရှောင်ကျားရှုမှာလည်း ထိုစကားကြောင့် စိတ်ရှုပ်ထွေးသွားရာ အချိန်အတော်ကြာကာမှ စကားပြန်ပြောနိုင်တော့သည်။

"အဲဒါကြောင့် မလိုတဲ့အပိုင်းတွေ များနေပါတယ်လို့ ခံစားမိနေတာကိုး ဒါရိုက်တာက ဘာလို့ ဇာတ်သိမ်းကို ပြောင်းပစ်လိုက်ရတာလဲဟင် အနိမ့်အမြင့် အတက်အကျတွေ အများကြီး ကြုံပြီးတဲ့နောက်မှာ ခုန်ရွှမ်က ဝမ်းနည်းစရာကောင်းတဲ့ တိတ်ဆိတ်မှုနဲ့ အတူ သူ့ဇနီးနဲ့ သားကို ချန်ထားခဲ့ရတယ် ဒီဟာက တကယ်ကို ဆွဲဆောင်မှုအရှိဆုံး အပိုင်းပဲလေ နောက်ကျ ချက်ခြင်းကြီး သူ့ကို‌ မြေးမလေးတစ်ယောက်က လာခေါ်သွားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသစ် တည်ထောင်တဲ့သတင်းကို နားထောင်ရင်း မျက်လုံးတွေကို မှိတ်ချလိုက်တဲ့ ဇာတ်သိမ်းကြီးက အရမ်းကို သမားရိုးကျ ဆန်လွန်းတယ် ရုပ်ရှင်ရဲ့ အဆင့်အတန်းကို နှိမ့်ချပစ်လိုက်သလိုကြီးပဲ ..."

ထိုမှတ်ချက်က ‌ကျိမြန်၏ အာရုံစိုက်မှုကို နောက်တစ်ကြိမ် ဆွဲဆောင်နိုင်လိုက်ပြန်သည်။

လင်းလဲ့ယန်ကို ကြည့်မနေတော့ဘဲ သူက တစ်ဖက်သို့ ပြန်လှည့်ကာ မေးလိုက်သည်။

"ပြည်တွင်းစစ် ပြီးသွားတော့ ကွန်ဖြူးရှပ်နဲ့ ရွှမ်ကျိရဲ့ သားနှစ်ယောက်က နိုင်ငံရေးပါတီတွေ ထောင်ပြီး သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်ကြတယ်လေ ဒါပေမယ့် နောက်ဆုံးမှာတော့ နှစ်ဖက်လုံး ရှုံးနိမ့်သွားတယ် ဒီဇာတ်ညွှန်းက အတိမ်းအစောင်း မခံနိုင်တဲ့ အကြောင်းအရာတွေ ပါနေတော့ အကဲဖြတ်မှုအဖွဲ့က ဒါကို ခွင့်မပြုဘူး ဒါရိုက်တာဝမ်က အပိုင်းတွေ အများကြီး ဖျက်ပစ်ပြီးတော့ ဇာတ်သိမ်းကိုလည်း မူလဇာတ်ကြောင်းနဲ့ ကိုက်အောင်  ပြန်ပြင်လိုက်ရတယ်  အိမ်သန့်ရှင်းရေးလုပ်တဲ့အခန်းမှာ အကောင်းဆူံးဖြစ်အောင်လို့ တစ်လကျော်လောက် ပြင်ဆင်ခဲ့တာတောင် NG အခေါက် ၄၀ ထက်မနည်း ရလိုက်သေးတယ်လေ ငါ့တစ်ဘဝလုံး ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး ..."

ရှောင်ကျားရှုမှာ ကြက်သေသေသွားပြီးကာမှ ချီတုံချီချဖြင့် မေးလိုက်သည်။

"ကျိကော ဒါဆို ကောလည်း ဒီအခန်းကို အကြိုက်ဆုံးလို့ ပြောချင်တာလား ..."

"ဟုတ်တယ် ..."

သူက ခေါင်းငြိမ့်ပြလိုက်သည်။ သရုပ်ဆောင်တစ်ဦးအဖို့ အနုပညာရသကို ထွင်းဖောက်ခံစားနိုင်သည့် အရည်အချင်း ပိုင်ဆိုင်နိုင်ရန် အင်မတန် ခဲယဉ်းလှရာ လူထုအမြင်ကြောင့် ရှောင်ကျားရှု၏ အရည်အချင်းများ ပျက်စီးသွားမည့်အဖြစ်ကို လက်ပိုက်ကြည့်မနေနိုင်ပေ။ အနုပညာလမ်းခရီးမှာ ကျဉ်းမြောင်းကာ လူကြိုက်နည်းလှပေသည်။

ဇာတ်သိမ်းပိုင်းကို ရုတ်ချည်း ပြောင်းလဲပစ်လိုက်ရမှုကြောင့် ရုပ်ရှင်၏ ရသမြောက်မှုမှာ ပျက်စီးသွားရှာတော့သည်။ ဒါရိုက်တာဝမ်မှာလည်း အလွန်စိတ်ပျက်လက်ပျက် ဖြစ်သွားသည့်အတွက် ကာလကြာညောင်းသည့်တိုင် ရုပ်ရှင်လည်း ဆက်မရိုက်၊ မီဒီယာရှေ့သို့လည်း ပေါ်ထွက်မလာတော့ချေ။ ထို့ကြောင့် အပြင်လူများက ဤအဖြစ်အပျက်များ ရှိခဲ့ကြောင်း မသိကြခြင်းဖြစ်သည်။ ထို အကောင်းဆုံး သရုပ်ဖော်မှုနှင့် အကောင်းဆုံးရိုက်ချက်ဆိုသည်များမှာလည်း နိုင်ငံရေးနှင့် နှီးနွယ်နေသည့် အယောင်ဆောင် အနုပညာရှင်တို့၏ စကားများသာ ဖြစ်ပေသည်။

ရှောင်ကျားရှုက ချောင်းဟန့်လိုက်သည်။ သူ့အမြင်မှာ ဖန်ခွင်းနှင့် အခြားသူများထက် ကောင်းမွန်နေသည့်အပေါ် အားရကျေနပ်သွားခြင်း မဟုတ်ဘဲ ကျိမြန်၏ အနှစ်သက်ဆုံး သရုပ်ဆောင်ချက်အပေါ် ထင်ရှားမြင်သာကာ နားလည်နိုင်သည့်အတွက် သူတို့နှစ်ဦး တစ်ဖြည်းဖြည်း ရင်းနှီးလာသည့်အပေါ်တွင်သာ ဝမ်းသာမိသွားခြင်းဖြစ်သည်။ဝမ်းသာလွန်း၍ တိမ်ပေါ် ခုန်တက်နေရသည့်နှယ်ပင်။

သူက နှာခေါင်းကို အသာပွတ်ကာ ဇာတ်ညွှန်းစာရွက်တို့ကို လှန်လှောနေရင်း စိတ်လှုပ်တရှား မေးလိုက်သည်။

Xxxxxxx

Đọc tiếp

Bạn Cũng Sẽ Thích

3M 192K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
384K 27.1K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
791K 31.7K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
176K 18.4K 33
Title - 替婚 ( Substitute Marriage ) Original Author- 新苗/XinMiao English Translator - Oceanpuff Total Chapters - 60 Chapters ☆I don't own this novel,I...