ကိုယ် မင်းကို ဘယ်လိုဖွင့်ပြော...

By Azure5549

139K 15.4K 412

How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလ... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 2
3 - 4
5 - 6
7 - 8
9 - 10
11 - 12
15 - 16
17 - 18
19 - 20
21 - 22
23 - 24
25 - 26
27 - 28
29 - 30
31 - 32
33 - 34
35 - 36
37 - 38
39 - 40
41 - 42
43 - 44
45 - 46
47 - 48
49 - 50
51 - 52
53 - 54
55 - 56
57 - 58
59 - 60
61 - 62
63 - 64
65 - 66
67 - 68
69 - 70
71 - 72
73 - 74
75 - 76
77 - 78
79 - 80
81 - 82
83 - 84
85 - 86
87 - 88
89 - 90
91 - 92
93 - 94
95 - 96
97 - 98
paid အကြောင်း
99 - 100
101 - 102
103 - 104
105 - 106
IQ team က ဘာသာပြန်တဲ့ အသစ်လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါ
107 - 108
109 - 110
111 - 112
113 - 114
115 - 116
117 - 118
hello
119 - 120
😢
121 - 122
123 - 124
125 - 126
127 - 128
hello
129
Chapter 130
131
132
133
134
လက်ဆောင်
135 - 136
137
138
139
140
141
142
143 & 144
145 - 146
147🛑 - 148
149 & 150
151
152 & 153
154 & 155
156 - 158
159 - 160
161 - 162
163 & 164
165 & 166
167 & 168
169 & 170
171 - 172
173 - 175
176 - 177
178 - 180
181 - 185
186 - 190
191 - 193
194 - 195
196 - 197
198 - 199
200 - 202
203 - 205
206 - 208
209 - 211 (End )
Extra 1 & 2

13 - 14

1.2K 163 2
By Azure5549

Chapter 13

ဖန်ခွင်း၏ ရင်ထဲတွင် မကျေနပ်မှုတို့ဖြင့် ပြည့်နှက်နေစဉ်မှာပင် ကျိမြန်က ကောက်ကာငင်ကာ ပြောလိုက်သည်။

"သူတို့က အရက်လည်းမသောက် ဆေးလည်း မသုံးထားဘူး ပန်းကန်းပြားပျံကို ငါလည်း တွေ့လိုက်တယ် ..."

"အာ ..."

ဖန်ခွင်းက အလန့်တကြား မေးလိုက်သည်။

"ငါ အကျယ်ကြီး ထုတ်ပြောလိုက်မိတာလား ..."

"မင်းက ဘာမှ မပြောခဲ့ဘူးလား ..."

ကျိမြန်က မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူ့အမူအယာမှာကို မှန်းဆရန်မှာမူ ခဲယဉ်းလှပေသည်။

"ပြောခဲ့လို့လား မပြောမိပါဘူး ..."

ဖန်ခွင်းက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်ငြား သူ့ကို တင်းတင်းကြပ်ကြပ် သတိပေးလိုက်သည်။

"ဘာပဲဖြစ်ဖြစ် အဲဒီ့ပန်းကန်ပြားပျံအကြောင်း ထပ်မပြောနဲ့တော့ ရဲတွေက အကုန်စုံစမ်းပြီးပြီ ဘရိတ်‌ချော်သွားတာကလွဲပြီး ကားကို ဝင်တိုက်ထားတဲ့ ခြေရာလက်ရာ တစ်ခုမှ မရှိဘူး ပြီးတော့ ပန်းကန်ပြားပျံရဲ့ အရိပ်အယောင်ရောပဲ ရှောင်လျှို့မောင်းတာ အရှိန်များလွန်းလို့ တောင်ပေါ်ကနေ ကားဘီးချော်ပြီး ပြုတ်ကျလာတာပဲ ဖြစ်ရမယ် ..."

ပန်းကန်ပြားပျံကိုသာ အကြောင်းပြလိုက်ရင် နောက်နေ့မနက် သတင်းစာ ခေါင်းစီးပိုင်းမှာ "စိတ်ဝေဒနာ ခံစားနေရတဲ့ ရုပ်ရှင်ဧကရာဇ်" ဆိုတဲ့ ဆောင်းပါးကြီး ပါလာတော့မှာ သေချာတယ် ...

ကျိမြန်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ငါ့ကို သူနာပြုတစ်ယောက်လောက် သွားရှာပေးဦး‌ ခေါင်းကိုက်လာပြန်ပြီ ..."

"အိုကေ ..."

ဖန်ခွင်းက ခလုတ်ကိုနှိပ်ကာ သူနာပြုတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။

သူနာပြုအချို့ ချက်ခြင်း ရောက်လာကာ တစ်ယောက်က ကျိမြန်၏ ပတ်တီးများကို စစ်ဆေးနေပြီး ကျန်တစ်ယောက်က သွေးပေါင်ချိန် တိုင်းပေးနေလိုက်သည်။ သူတို့၏ မျက်နှာမှာ ရဲရဲ‌နီနေပြီး လှုပ်ရှားမှုတို့မှာလည်း စိတ်လှုပ်ရှားလွန်း၍ တုန်ရီနေပေသည်။

ဒါက ရုပ်ရှင်ဧကရာဇ်ကျိမြန်ကို အပြင်မှာ ပထမဆုံး မြင်ဖူးတာပဲ တီဗီထဲကထက်ကို အဆတစ်ရာ‌လောက် ပိုပြီးချောလိုက်တာ ပုခုံးကြီးကလည်း အကျယ်ပြီး ခါးသေးသေးလေးနဲ့ ခြေတံရှည်ကြီးကနေ အမျိုးသားဟော်မုန်းဓာတ်တွေ ဆက်တိုက်ကို ထုတ်လွှတ်နေလိုက်တာများ ah ah ah တကယ်ကို မူးမေ့လဲကြတော့မှာပဲ ..."

သူတို့က မှတ်စုစာအုပ်များထုတ်ကာ လက်မှတ်ထိုးပေးရန် တောင်းဆိုလိုက်ကြ၏။ တစ်ဆတ်ဆတ် တုန်ရီနေသော လက်ချောင်းများက သူတို့၏ စိတ်လှုပ်ရှားနေမှုကို ဖော်ပြနေပေသည်။ ကျိမြန်က ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်ကာ လက်မှတ်ထိုးပေးသည့်အပြင် ဓာတ်ပုံပါ ရိုက်ပေးပြီး အစမှ အဆုံးအထိ စိတ်မရှည်လေဟန် တစ်ချက်မှပင် မပြသခဲ့ချေ။ VIP ခန်းများကို အထက်တန်းလွှာနှင့် ရာထူးအမြင့်ပိုင်းမှ ပုဂ္ဂိုလ်များအတွက်သာ အသုံးပြုသည့်အတွက် သတင်းအချက်အလက် ပေါက်ကြားသွားမည်ကို စိုးရိမ်နေရန် မလိုအပ်ချေ။

သူတို့ ထွက်သွားပြီးမှသာ ကျိမြန်လည်း ဝန်ထုပ်ကြီး ကျဆင်းသွားသည့်နှယ် သက်တောင့်သက်သာ ဖြစ်သွားတော့သည်။

ဖန်ခွင်းက သူ့ကို ကျီစားလိုက်သည်။

"မင်းရဲ့ သည်းခံနိုင်စွမ်းက အရမ်းကို မြင့်မားတာပဲ လူနာဖြစ်နေတာတောင် သူနာပြုတွေ လက်မှတ်ထိုးခိုင်း၊ ဓာတ်ပုံရိုက်ခိုင်းတာကို စိတ်ရှည်လက်ရှည်နဲ့ စောင့်နေပေးတော့ ‌ခေါင်းကိုက်နေတာ မထူးဆန်းတော့ပါဘူး အိပ်‌မပျော်ရင် ရုပ်ရှင်လေးဘာလေး ကြည့်နေလေ ငါ ဥက္ကဌရှို့ကို ဖုန်းဆက်လိုက်ဦးမယ် သူက မင်းကို တစ်ညလုံး စောင့်ပေးပြီး မနက် ငါးနာရီထိုးမှ ပြန်သွားတာ ..."

"သူ့ကို သွားမနှောင့်ယှက်ပါနဲ့ အေးအေးဆေးဆေး နားပါစေ ..."

ဖန်ခွင်းကမူ သူ့စကား မဆုံးခင်မှာပင် အပြင်ရောက်သွားပြီဖြစ်သည်။ ဆေးရုံအခန်းမှာ ကော်ရစ်ဒါအဆုံးတွင် ရှိနေပြီး ကော်ရစ်ဒါတံခါးမှ ထွက်လိုက်ပါလျှင် ဘယ်ဘက်တွင် အရေးပေါ်လှေကားများ ရှိနေပေသည်။ လှေကားနှင့် အခန်းမှာ ငါးမီတာပင် မဝေးလှ။ ဖန်ခွင်းက လှေကားအနီးတွင် ဖုန်းပြောနေခြင်း ဖြစ်သော်ငြား အခန်းထဲရှိ ကျိမြန်မှာ ထိုစကားများကို ရှင်းရှင်းလင်းလင်း ကြားနေရပေသည်။ ထိုစကားများမှာ အခြားသူနှင့် ပြောနေခြင်းမဟုတ်ဘဲ သူတစ်ယောက်တည်း တီးတိုးရေရွတ်နေခြင်းနှင့်ပင် ပို၍ တူနေပေသေးသည်။ ကျိမြန်မှာ အစောပိုင်းက ထူးဆန်းသည်ဟု မခံစားရသော်ငြား ဆေးရုံ၏ အသံလုံစနစ်မှာ အလွန်ကောင်းမွန်ကြောင်း သတိထားမိလိုက်ချိန်တွင်မူ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားတော့သည်။

ဥက္ကဌရှို့က ကျိကောကို တကယ် ကောင်းကောင်းမွန်မွန် ဆက်ဆံတာပဲ သူတို့အသက်တွေက သိပ်မကွာကြလို့သာ မဟုတ်ရင် ကျိကောက ဥက္ကဌရှို့ရဲ့ သားအရင်းလို့တောင် ထင်မိလောက်တယ် ...

ဖန်ခွင်းက သက်ပြင်းချကာ အခန်းထဲသို့ ပြန်လာချိန်တွင် သူ့ကို စိုက်ကြည့်နေသော ကျိမြန်ကို တွေ့လိုက်ရတော့သည်။

"ဘာ ဘာဖြစ်လို့လဲ ငါ့မျက်နှာပေါ်မှာ တစ်ခုခုရှိနေလို့လား ..."

ဖန်ခွင်းက မျက်နှာကိုသုတ်ကာ မေးလိုက်သည်။

"စောစောက မင်း ပါးစပ်လှုပ်လိုက်သေးလား ..."

"မလှုပ်ပါဘူး ဘာမှ မစားဘဲနဲ့ ဘာလို့ ပါးစပ်လှုပ်ရမှာလဲ ..."

ဖန်ခွင်းက သူဆိုလိုသည်ကို နားမလည်သည့်အတွက် ကြောက်အားလန့်အားဖြင့် ပြောလိုက်သည်။

"ကျိကော ခဏလေးစောင့်ဦးနော် ဦးနှောက်ကို ဓာတ်မှန်ရိုက်ပေးဖို့ ဆရာဝန် သွားခေါ်လိုက်ဦးမယ် ..."

ကားတိုက်မှုကြောင့် ဦးနှောက်ပျက်သွားပြီထင်တယ် ...

ကျိမြန်၏ နှုတ်ခမ်းတို့က တစ်ခုခု ပြောချင်နေသည့်နှယ် ကော့တက်သွားသော်ငြား တစ်ခုကိုမှ ထုတ်မပြောတော့ဘဲ ကုတင်ဘေးတွင် ချိတ်ထားသော ဆေးမှတ်တမ်းကိုသာ အလေးအနက် ဖတ်နေလိုက်တော့သည်။

...

ကျိမြန်သည် သူ့အထက်အရာရှိ ဖြစ်ခဲ့ဖူးသည့်အပြင် ယခု ကားတိုက်မှု ဖြစ်ထားသည့်အတွက် ရှောင်ကျားရှုအဖို့ မဖြစ်မနေ လူနာ‌လာမေးရတော့မည် ဖြစ်သည်။ သို့သော် သူ ဆေးရုံသို့ ရောက်လာချိန်မှာပင် လီလီပန်းစည်းကို လက်ကကိုင်လျက် တံခါးခေါက်မည်ပြင်နေသည့် လီကျားကို တွေ့လိုက်ရတော့သည်။

"ရှင်ကိုး ..."

ရှောင်ကျားရှုကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူမက တံခါးဆက်ခေါက်ရမည်ကိုပင် မေ့လျော့သွားပြီး ရဲရဲနီနေသော မျက်ဝန်းတို့ဖြင့် ပြောလိုက်၏။

"ကျွန်မကြားရသလောက်ဆို ကျွန်မကို ပိတ်ဆို့ဖို့ကြိုးစားတဲ့သူက ရှင်ဆို ဘာလို့လဲ ရှင့်ကို တစ်ခါမှတောင် မတွေ့ဖူးဘူးလေ မစ္စတာရှောင်း စကားနည်းနည်းလောက် ပြောကြရအောင် ကျွန်မတို့ တစ်ခုခု နားလည်မှုလွဲနေတယ် ထင်တယ် ..."

ရှောင်ကျားရှု၏ ပူပန်နေမှုများမှာ အမျက်ဒေါသအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူက ရှင်းရှင်းလင်းလင်း ပြောလိုက်၏။

"ငါ့မှာ မင်းနဲ့ ဆွေးနွေးစရာ တစ်ခုမှ မရှိဘူး တစ်ခုပဲ မေးချင်တယ် ဟဲရီကို မှတ်မိသေးလား ..."

"ဟဲရီ ..."

လီကျား၏ လက်ထဲရှိ လီလီပန်းများမှာ မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။ သူမက ရှောင်ကျားရှုကို မယုံနိုင်ဟန်၊ အံ့ဩထိတ်လန့်ဟန်များဖြင့် စိုက်ကြည့်ပြီးနောက် ချာကနဲ လှည့်ထွက်သွားတော့သည်။

သူမကို အားရပါးရ ကျိန်ဆဲရန် ပြင်ဆင်နေသည့် ရှောင်ကျားရှု "..."

မကျေနပ်ချက်များကို မထွေးနိုင်၊ မအန်နိုင် ဖြစ်နေသည့်အတွက် ရှောင်ကျားရှုလည်း မြေပေါ်ရှိ ပန်းများကိုသာ တက်နင်းရင်း ဒေါသကို ပုံချလိုက်ရတော့သည်။ ဖြတ်သန်းသွားသော သူနာပြုများက သူ့ကို အထူးတဆန်း စိုက်ကြည့်နေကြကြောင်း သိလိုက်ရသည့်အတွက် ပန်းများကို အမှိုက်ပုံးထဲ ပစ်ထည့်ကာ လှေကားနားတွင် ပုန်းနေလိုက်တော့သည်။

သူက နားကြပ်ကိုတပ်ကာ download ဆွဲထားသည့် သီချင်းများကို နားထောင်နေလိုက်သည်။ rock-and-roll အဆိုတော်၏ စိတ်ခြောက်ချားဖွယ် ငိုကြွေးသံက သူ၏ စုပုံနေသော ဒေါသများကို ပေါက်ကွဲထွက်လာစေသည့်အတွက် နံရံကိုမှီကာ ထိုင်ချလိုက်တော့သည်။ သူ့အတွေးတို့မှာမူ နက်မှောင်လှသည့် အတိတ်ကာလများထံ ပျံ့လွင့်သွားတော့၏။

ရှောင်ကျားရှုထံတွင် ဟဲရီဟု ခေါ်သည့် သူငယ်ချင်းကောင်းတစ်ဦး ရှိခဲ့ဖူးသည်။ မိသားစုနောက်ခံခြင်းလည်း လိုက်ဖက်ညီကာ စိတ်ဝင်စားမှုခြင်းလည်း တူညီပြီး အိမ်နီးနားချင်းအဖြစ် ကြီးပြင်းခဲ့ကြသည့် တစ်ကျောင်းတည်းသား သူငယ်ချင်းများ ဖြစ်သည့်အတွက် အခက်အခဲများကို နှစ်ယောက်အတူတူ ရင်ဆိုင်ဖြေရှင်းရန် ကျိန်ဆိုခဲ့သည်အထိ ဆက်ဆံရေးကောင်းမွန်ခဲ့ကြပေသည်။ သို့သော် ရှောင်ကျားရှု ဆယ်နှစ်သားအရွယ်တွင် မတော်တဆမှုတစ်ခုကြောင့် နိုင်ငံခြားသို့ အပို့်ခံခဲ့ရပြီး ဟဲရီက ပြည်တွင်းတွင်သာ ကျန်ရစ်ခဲ့သည်။ သို့သော် ထိုသို့ ဝေးကွာသွားသည့်တိုင် ယခင်အတိုင်း ရင်းနှီးနေဆဲဖြစ်သည်။ သူတို့ ၁၆ နှစ်သားအရွယ်တွင် ဟဲရီက ရုတ်ချည်း ဆက်သွယ်ကာ သူ့မွေးနေ့ပွဲ ကျင်းပသည့် ဟိုတယ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်း ခံနေရသည့် မိန်းကလေးတစ်ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလာသည်။ သူက ထိုမိန်းကလေးကို ဆေးကြောသန့်စင် အဝတ်လဲရန် သူ့အခန်းသို့ ခေါ်သွားပေးသည့်အပြင် အိမ်ကိုပါ ပြန်ပို့ပေးခဲ့သေးသည်ဟု ပြောလာ၏။

ထိုစာမှာ အိပ်မက်ဆိုးများ၏ စတင်ရာပင် ဖြစ်သည်။ များမကြာမီမှာပင် ဟဲရီသည် ထိုမိန်းကလေးမှာ သူနှင့် တစ်ကျောင်းတည်း ဖြစ်သည့်အပြင် ရုပ်ရည်လှပသည့်အတွက် ကျောင်းသားများ၏ အနိုင်ကျင့်ခြင်းကို အမြဲလိုလို ခံနေရကြောင်းပါ သိရှိသွားတော့သည်။ ထိုကျောင်းသူက သူမကို ကယ်တင်ပေးခဲ့ခြင်းအား ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် နေ့တိုင်း သူ့စားပွဲထဲသို့ နေ့လည်စာထမင်းဘူး လာထားပေးလေ့ရှိရာ တစ်ဖြည်းဖြည်းဖြင့် အတန်းဖော်များအကြား သူတို့နှစ်ဦး၏ ကောလဟာလများ ထွက်ပေါ်လာတော့သည်။ သို့သော် ဟဲရီကမူ ထိုကိစ္စများကို အာရုံမထား။ သူသည် ပြင်ပသူများ၏ လွှမ်းမိုးမှုကို လုံးဝ မခံယူသည့် ခိုင်မာသော စိတ်ထားပိုင်ရှင်ဖြစ်သည်။ မည်သို့ပင် စိတ်ဓာတ်ခိုင်မာစေကာမူ ထိုမိန်းကလေးကို ကယ်တင်ပြီး ရက်လေးဆယ်အကြာတွင် မုဒိန်းမှုကျုးလွန်သည်ဟုဆိုကာ ရဲများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရလိမ့်မည်ဟုတော့ လုံးဝ ထင်မှတ်မထားချေ။ သက်‌သေမှာ ထိုမိန်းကလေး၏ ဗိုက်ထဲရှိ သန္ဓေသားပင်ဖြစ်သည်။

သူက ထိုကဲ့သို့ အရှက်မဲ့သည့် ပြစ်မှုမျိုးကို တစ်ကြိမ်တစ်ခါပင် ကျူးလွန်ခဲ့ခြင်း မရှိခဲ့သည့်အတွက် ဝန်မခံခဲ့သော်ငြား သူ့ဖခင်ကမူ တရားရုံးပြင်ပတွင်ပင် ကိစ္စကို အပြီးသတ်ရန် ဆုံးဖြတ်ကာ ထိုမိန်းကလေးကိုလည်း စိတ်ပိုင်းဆိုင်ရာ နစ်နာကြေးအတွက် ယွမ်တစ်သန်း ပေးလျော်ခဲ့သည်။ ဟဲရီမှာ ထောင်မကျခဲ့သည့်တိုင် အပြစ်ရှိသည်ဟု သတ်မှတ်ခံခဲ့ရသည့်အတွက် သူ့မိသားစုက ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည်ဟုဆိုကာ အမေရိကသို့ အတင်းအကြပ် စေလွှတ်လိုက်တော့သည်။ ထို့နောက်တွင်တော့ ခါးသီးဖွယ် ယာဉ်မတော်တဆမှုတစ်ခု ကပ်ပါလာတော့၏။

ထိုသို့ဖြင့် သူနှင့် ပြန်လည်တွေ့ဆုံရသည်မှာ ရက်အနည်းငယ်သာ ရှိသေးသည့် သူငယ်ချင်းဖြစ်သူကို အပြီးတိုင် ခွဲခွါလိုက်ရတော့သည်။ ရှောင်ကျားရှုမှာ လုံးဝ လက်မခံနိုင်ခဲ့။ ယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ သွေးရူးသွေးတန်းဖြင့် ပြေးသွားကာ ဟဲရီ၏ ရုပ်အလောင်းကို ဖက်ရင်း အသည်းတို့ကြေမွသွားမတတ် အော်ဟစ်ငိုကြွေးခဲ့သည်ကို ယခုတိုင် မှတ်မိနေဆဲဖြစ်သည်။ သူက ထို အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကို လုံးဝ လက်မခံခဲ့။ သူ့သူငယ်ချင်းမှာ အကွက်ချကြံစည်ခြင်းကို ခံလိုက်ရသည်ဟုသာ အမြဲတမ်း ယုံကြည်ထားခဲ့ပေသည်။

သူ့သံသယများမှာ မှန်ကန်ကြောင်း သက်သေပြနိုင်မည့် အရာတစ်ခု ပေါ်ထွက်လာခဲ့သည်။ ဟဲရီမှာ ယာဉ်တိုက်မှု မဖြစ်ပွားမီ ဖုန်းပြောနေခဲ့ကြောင်း သိလိုက်ရပြီး ဖုန်းခေါ်ဆိုမှုကိုလည်း အသံဖမ်းထားခဲ့သေးသည်။ အမျိုးသမီးသံတစ်ခုက သူ့ကို သရော်နေသည်။

"ဟဲရီ ငါ့ကို ကယ်ပေးဖို့ ဘယ်သူက တောင်းဆိုမိလို့လဲ အဲဒီ့အချိန်တုန်းကဆို ဘာအကျိုးအမြတ်မှတောင် မယူရသေးဘူး အကုန်လုံးက မူးရူးပျော်ပါးနေကြတုန်းပဲ ရှိသေးတယ် နင့်ကြောင့်သာ မဟုတ်ရင် အဲဒီ့ညက အချိန်ကောင်းလေးတစ်ခုကို ပိုင်ဆိုင်ခဲ့ရမှာလေ ... ငါ့ဗိုက်ထဲက ကလေးရဲ့ အဖေကို မသိလို့ ဟိုခွေးကောင်တွေအကုန်လုံးကို လိုက်ဆက်သွယ်ခဲ့ပေမယ့် တစ်ယောက်ကမှ ဝန်မခံကြဘူးလေ ငါ့မိဘတွေကလည်း မပြောရင် သတ်ပစ်မှာတဲ့ ... ဘယ်လိုလုပ်မလဲ ငါသိသမျှထဲမှာတော့ နင်က အတုံးဆုံးနဲ့ အချမ်းသာဆုံးဆိုတော့ ... နင့်ကိုမှ မရွေးရင် ဘယ်သူ့ကို သွားရွေးရတော့မှာလဲ နင့်အခန်းထဲကို ဝင်ခွင့်ပေးလိုက်တဲ့ ဗီဒီယိုမှတ်တမ်းကိုက အကောင်းဆုံးသက်သေ ဖြစ်နေပြီလေ ... ငါ့ကို မုန်းနေလား ဟားဟားဟား အခုထိ နင့်ကိုယ်နင် ငတုံးပါလို့ ဝန်မခံချင်သေးဘူးပေါ့ ဟုတ်လား နင့်အမေက ငါ့ကို လေးလလောက်အထိ ကိုယ်ဝန်ကို ဆက်လွယ်ထားခိုင်းတယ်လေ DNA စစ်ပြီး နင် အပြစ်ကင်းကြောင်း သက်သေပြချင်လို့ နေမှာပေါ့ ဒါပေမယ့် နင့်အဖေက ကိုယ်ဝန်ဖျက်ချခိုင်းဖို့ နင့်အမေကို စည်းရုံးတဲ့အပြင် နင့်အမေ ရှာမတွေ့နိုင်လောက်တဲ့နေရာမှာ ရှောင်ပုန်းနေဖို့ပါ ယွမ်တစ်သန်း ပေးလိုက်သေးတယ်လေ ... နင် ငါ့ကို မုဒိန်းကျင့်တာ မဟုတ်မှန်း သူသိသားပဲ ဒါပေမယ့် သူက နင့်ကို လုံးဝ နာမည်ပျက်သွားစေချင်တာလေ ... နင့်အဖေအရင်းကတောင် နင့်ကို ပျက်စီးစေချင်နေတဲ့ဟာ ... အခုထိ အကုန်ငါ့ကြောင့်လို့ ပြောချင်နေသေးတာလား ... ဟဲရီ ဟဲရီ ... နင်က တကယ်ကို သနားစရာကောင်းတာပဲ ..."

စကားသံအဆုံးတွင်တော့ အင်မတန် ကျယ်လောင်သည့် ပွတ်တိုက်သံတစ်ခု ထွက်ပေါ်လာတော့သည်။ ဟဲရီမှာ ထိတ်လန့်မှုကို မချုပ်တည်းနိုင်သည့်အတွက် အယောင်ယောင်အမှားမှားဖြင့် လီဗာကို ဆွဲလိုက်မိပြီး တံတားတိုင်ခြေကို အရှိန်ပြင်းပြင်း ဝင်တိုက်မိသွားတော့သည်။ ... အတော်ကြာ ရုန်းကန်ပြီးကာမှ လီကျားကို ဆက်သွယ်နိုင်ခဲ့တော့သည်။ မူလကမူ သူသည် အမှန်တရား ထွက်ပေါ်လာသည်အထိ သူမကို ရန်စကာ အသံဖမ်းထားပြီး သူ့ကို စိတ်ပျက်သွားသည့် ဖခင်ဖြစ်သူထံ ပို့ပေးခြင်းသော်ငြား ... သူ့အဖေသည် သူအပြစ်ကင်းကြောင်း သိနှင့်နေပြီးဖြစ်သည်။

ရှောင်ကျားရှုက ထိုအသံဖိုင်ကို ကော်ပီကူးထားပြီး ညစဉ်ညတိုင်း မအိပ်မနေဖြင့် မျက်ရည်တို့ ကုန်ခမ်းသွားသည်အထိ နားထောင်နေလိုက်တော့၏။ အချို့လူများမှာ သူတို့ကို ကယ်တင်ပေးခဲ့သူ၏ အသွေးအသားများကိုပင် ဝါးမျိုဖျက်ဆီးသည်အထိ ဘာကြောင့် ယုတ်မာကြကြောင်း လုံးဝ နားမလည်နိုင်တော့‌ချေ။

ဈာပနကိစ္စ စီစဉ်ရန်အတွက် ဟဲရီ၏ မိသားစုများ အမေရိကသို့ ရောက်လာသည့်အခါ သူက ထိုအသံဖိုင်ကို ဟဲရီ၏ အမေထံ တိတ်တဆိတ် ပေးပို့ခဲ့သည်။ ထိုသို့ လုပ်လိုက်ပါလျှင် သူ့သူငယ်ချင်း၏ နာမည်ဆိုးကို ရှင်းလင်းကာ စိတ်ဖြောင့်ဖြောင့်ဖြင့် ထွက်သွားစေနိုင်လောက်မည်ဟု ထင်ခဲ့သော်ငြား ဟဲရီ၏ အမေတွင် နှလုံးရောဂါ ရှိနေကာ ရုတ်ချည်း သတိလစ်မေ့မြောသွားမည်ဟုတော့ ထင်မှတ်မထားမိချေ။ သူမမှာ စိတ်ကျဝေဒနာ ခံစားနေရကြောင်း သိရှိလိုက်ရသည့်အတွက် နိုးမလာမီမှာပင် နာလန်ထလူမမာဆောင်သို့ ပို့ဆောင်ခြင်း ခံလိုက်ရတော့သည်။ ထို့နောက်တွင်တော့ ဟဲရီ၏ အမေမှာလည်း ပျောက်ဆုံးသွားရာ သူ၏ အရိုးပြာသည် နွေးရပ်မြေသို့ပင် ပြန်လည်သယ်ဆောင်ခြင်း မခံရတော့ဘဲ‌ ရေခြားမြေခြားတွင်သာ အထီးကျန်စွာဖြင့် မြှုပ်နှံခြင်းကို ခံလိုက်ရတော့သည်။

Xxxxxxxx

Chapter 14

နှစ်အနည်းငယ် ကုန်လွန်ပြီးနောက် ရှောင်ကျားရှုအမေ၏ အဆက်အသွယ်များမှတစ်ဆင့် ဟဲရီ၏ အဖေသည် ဩစတြေးလျနိုင်ငံသား ခံယူလိုက်ပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။ ထိုသူ့ထံတွင် ဇနီးတစ်ဦး ရှိနေခဲ့ပြီး သူ၏ ဒုတိယသားသည်ပင် ဟဲရီထက် လအနည်းငယ်သာ ငယ်ရွယ်ပေသည်။

ရှောင်ကျားရှုမှာ ပိုပြီး စုံစမ်းမိလာလေ ခွင့်မလွှတ်နိုင်လေ ဖြစ်သည့်အတွက်  သူမ လုပ်ခဲ့သည်များအတွက် ပြန်ပေးဆပ်ရန် လီကျားကို အသည်းအသန် ရှာဖွေနေခဲ့သည်။ သူမက လူအများ၏ ကရုဏာသက်မှုကို ရနိုင်ရန် ကိုယ့်ကိုယ်ကို နစ်နာသူအဖြစ် ဟန်ဆောင်ကာ လူထုအမြင်တွင် တိုးတက်လိုစိတ် ပြင်းပျပြီး အကောင်းမြင်ကာ သန်မာတတ်သည့် မိန်းမငယ်လေးအဖြစ် သရုပ်ဖော်နေခဲ့ကြောင်း သိလိုက်ရသည့်အခါတွင်တော့ ရွံ့ရှာစက်ဆုပ်စိတ်များ ပိုပြီး တိုးပွါးလာပေတော့သည်။

သို့သော် သူကြီးပြင်းလာခဲ့သည့် အကျင့်စရိုက်များအရ မိန်းမတစ်ယောက်ကို လက်စားချေရန် ရက်စက်သည့် နည်းလမ်းများကိုလည်း အသုံးမပြုလိုသည့်အတွက် လီကျား၏ တက်လမ်းကို ပိတ်‌ဆို့ရုံမှအပ မည်သည့်လှုပ်ရှားမှုကိုမှ မပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သည်းမခံနိုင်လောက်သည့် အတိတ်အကြောင်းအရာများကို ပြန်လည်တူးဆွမိပါလျှင် သူ့သူငယ်ချင်းကို အပြင်လူများက ပြစ်တင်ဝေဖန်ကြမည်ကိုလည်း လက်မခံနိုင်ပေ။ သူ့သူငယ်ချင်းသည် အသက်ရှင်စဉ် ကာလတစ်လျှောက် ကြည်လင်သော စိတ်ထားတစ်ခုကိုသာ ပိုင်ဆိုင်ခဲ့သည့်အတွက် တမလွန်ဘဝတွင်လည်း အတောမသတ်နိုင်လောက်သည့် အေးချမ်းမှုများကိုသာ ပိုင်ဆိုင်သင့်ပေသည်။

ဒီလိုနဲ့ပဲ အဆုံးသတ်နိုင်ခဲ့ပြီ ... ဒီမှာပဲ အဆုံးသတ်နိုင်ခဲ့ပြီ ...

Rock-'n'-roll မှာလည်း အဆုံးသတ်သွားပြီဖြစ်ရာ ရှောင်ကျားရှုလည်း နှလုံးသားကို ဖိနှိပ်ရင်း ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်တော့သည်။ ထိုစဉ် အမျိုးသားအဆိုတော်၏ ခြေကုန်လက်ပမ်းကျနေသော သီချင်းသံ ထွက်‌ပေါ်လာတော့သည်။ ဝမ်းနည်းထိရှဖွယ် စာသားများက ဆိုးခဲ့၊ ကောင်းခဲ့သည့် အမှတ်တရများစွာထံ ဆွဲဆောင်ယူငင်သွားပြီးနောက် နှလုံးသားထဲတွင် ထာဝရ အမြတ်တနိုးထားကာ သိမ်းဆည်းရမည့် အမှတ်တရကောင်းများကိုသာ ချန်ရစ်ထားခဲ့တော့သည်။

... လူငယ်လေးနှစ်ဦးက လက်ချင်းတွဲကာ ကျောင်းသို့ သွားနေကြသည်။ ရံဖန်ရံခါ သစ်ပင်ကြီးများပေါ် တက်ကာ အနာဂတ်အကြောင်း စိတ်ကူးယဉ်မှုများကို အပြန်အလှန် ဖလှယ်နေကြသည်။ နေ့တိုင်း အရပ်ပိုရှည်သည့် ကောင်လေးက ကျန်တစ်ယောက်ကို အိမ်အထိ စက်ဘီးဖြင့် တင်နင်းကာ ခေါ်သွားပြီး မတော်တဆ လဲကျသွားချိန်တိုင်း ပိုပုသည့် ကောင်လေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ မဟူရာရောင် ‌ဆံနွယ်များကို ပွတ်သပ်ပေးတတ်သေးသည်။ ... သူတို့နှစ်ဦးမှာ ညီအစ်ကို မဟုတ်။ သို့သော် ညီအစ်ကိုအဆင့်ထက် ပိုပြီး ကျော်လွန်နေကြပေသည်။

အဆိုတော်၏ အသံမှာ ဆက်လက်ထွက်ပေါ်နေသော်ငြား ရှောင်ကျားရှုမှာမူ မတ်တပ်ပင် မရပ်နိုင်တော့။ နံရံကို မှီထိုင်ကာ ဒူးနှစ်ဖက်ကြား ခေါင်းငိုက်စိုက်ချရင်း ကလေးတစ်ယောက်ကဲ့သို့ မမောနိုင်မပန်းနိုင် ငိုကြွေးလိုက်တော့သည်။

...

ဖန်ခွင်းက ကျိမြန်မှာ တစ်ချိန်လုံး မျက်မှောင်ကြုတ်နေကာ အသားအရေမှာလည်း ကောင်းမွန်မနေကြောင်း သတိပြုမိလိုက်သည့်အတွက် မေးလိုက်သည်။

"ခေါင်းကိုက်လို့လား ဆရာဝန် သွားခေါ်ပေးရမလား ..."

"မဟုတ်ဘူး မဟုတ်ဘူး ..."

ကျိမြန်က လက်ကို ယမ်းပြလိုက်သည်။

ဆယ်မိနစ်အကြာတွင်တော့ သူက နားထင်ကို အဆက်မပြတ် ဖိနှိပ်ရင်း သည်းမခံနိုင်တော့ဟန်ဖြင့် ပြောလိုက်သည်။

"လှေကားဘက်ကို သွားကြည့်ပေးပါဦး ငါ့အထင် ..."

သို့သော် သူက စကားကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်ကာ ခေါင်းအုံးကို မှီရင်း သက်ပြင်းမောတစ်ချက် ချလိုက်တော့သည်။

"ဘာကြားလိုက်လို့လဲ ..."

ဖန်ခွင်းက လေးဘက်လေးတန်ကို လိုက်ကြည့်ကာ မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။

"ဆေးရုံအခန်းတွေက တော်တော်တိတ်ဆိတ်တာပါ နားအူနေ‌တာတော့ မဟုတ်ပါဘူးနော် ..."

"ကြည့်ရတာ နားအူနေတာထင်တယ် အခုတော့ ကောင်းသွားပါပြီ ..."

ကျိမြန်က ပင်ပန်းတကြီးဖြင့် လက်ကို ယမ်းပြလိုက်သည်။ ထို့နောက် သူ့အတွေးထဲတွင် မည်သည့်အရာ ပေါ်လာသည်မသိ၊ အမူအယာမှာ ရုတ်ချည်း အရုပ်ဆိုးသွားတော့သည်။

တစ်ချိန်တည်းမှာပင် ရှို့ချန်ယုက အရေးပေါ်လှေကားတံခါးကို ဖွင့်ကာ အထိတ်တလန့် ပြောလိုက်သည်။

"တကယ်ပဲ ရှောင်ရှုဖြစ်နေတာကိုး ဘာလို့ ဒီလိုမျိုး ငိုနေရတာလဲ ..."

"ဦး ... ဦးလေးရှို့  ..."

ရှောင်ကျားရှုမှာ ဆက်မငိုချင်တော့သည့်တိုင် သူ့ကိုယ်သူ ထိန်းချုပ်၍ မရချေ။ မျက်နှာတစ်ခုလုံးမှာလည်း မျက်ရည်၊ နှာရည်တို့ဖြင့် စိုရွှဲနေသည့်အပြင် စကားပြောရင်းတန်းလန်းလည်း ကျို့ထိုးလိုက်သေးသည်။

ရှို့ချန်ယုက အနားသို့ အလောတကြီး ရောက်လာကာ သူ့မျက်နှာကို သုတ်နိုင်ရန် လက်ကိုင်ပဝါတစ်ထည် ထုတ်ပေးလိုက်သည်။ ထို့နောက်မှ သူက တိတ်တဆိတ် မေးမြန်းလိုက်၏။

"ဘာတွေများ ဖြစ်နေတာလဲ ဦးလေးရှို့ကို ပြောပါဦး ကူပြီး ‌ဖြေရှင်းပေးနိုင်ချင် ပေးနိုင်မှာလေ ..."

"ဘာမှ မဟုတ်ပါဘူး ကျွန်တော် သီချင်းနားထောင်နေရင်း ငိုချင်စိတ် ပေါက်လာလို့ပါ ..."

ရှောင်ကျားရှုက နားထဲရှိ နားကြပ်ကို ဆွဲထုတ်ကာ မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း ပွတ်ဆွဲလိုက်တော့သည်။ ယခုမူ သူသည် ရှက်ရွံ့ဖွယ် အခြေအနေကို ရင်ဆိုင်နေရသည့်အတွက် တွင်းတစ်တွင်းတူးကာသာ ပုန်းအောင်းနေလိုက်ချင်တော့သည်။

"ဘယ်သီချင်းကများ လူတစ်ယောက်ကို မျက်ရည်တွေ တစ်ဖြိုင်ဖြိုင်ကျလာတဲ့အထိ လုပ်နိုင်ပါလိမ့် ..."

ရှို့ချန်ယုက မယုံသေးသည့်အတွက် နားကြပ်ကို ဆွဲယူကာ နားထောင်ကြည့်ပြီးနောက်တွင်တော့ ဟန်မဆောင်နိုင်လောက်အောင်ပင် ရယ်မောလိုက်တော့သည်။

"ဒီသီချင်းဖြစ်နေတာကိုး အံ့ဩစရာ မရှိတော့ပါဘူး ..."

ထိုသီချင်းကြောင့် ငိုခဲ့ရဖူးသူတစ်ဦးအနေဖြင့် ရှို့ချန်ယုမှာ လူငယ်လေးကို မျက်နှာသစ်ရန် သန့်စင်ခန်းသို့ လိုက်ပို့ရုံမှအပ ပြောစရာမရှိတော့ချေ။

"ဒီအရွယ်ကြီးအထိကို လှေကားနားမှာပုန်းပြီး ငိုနေသေးတယ်ပေါ့ ဒီတစ်ခေါက် ဦးလေးနဲ့တွေ့တာ ကံကောင်းတယ်မှတ် တစ်ခြားသူဆို မင်းကို သေလောက်အောင်ကို လှောင်ရယ်ကြမှာ သေချာတယ် အိုး ဟုတ်သားပဲ ရှောင်ရှု မင်းကလည်း မင်းအမေ ငယ်ငယ်ကလိုပဲ သူမကလည်း အခက်အခဲတွေ ကြုံလာပြီဆို အပေါ်ယံမှာတော့ သန်မာချင်ယောင်ဆောင်နေပေမယ့် လူလစ်ပြီဆို ခိုးခိုးပြီး ငိုတာလေ ခေါင်းမိုးထပ်မှာရော ကားထဲမှာရောပဲ သူ့ကို လူမိသွားပြီ ဆိုရင်လည်း ဝန်ခံမယ့်အစား အသေပဲခံလိုက်မယ်ဆိုတဲ့ လူစားမျိုး ..."

အတိတ်အကြောင်းကို ပြန်ပြောရင်း ရှို့ချန်ယုက ရယ်မောလိုက်သည့်တိုင် သူ့မျက်ဝန်းထဲတွင်မူ ဝမ်းနည်းမှုတို့သာ ရစ်သိုင်းနေပေသည်။

"အမေလည်းပဲ ငိုရတာ ကြိုက်တယ်ပေ့ါ ..."

ရှောင်ကျားရှုက အေးခဲသွားပြီးကာမှ ပြန်ပြင်ပြောလိုက်သည်။

"မဟုတ်သေးပါဘူး ဘာလို့များ အမေလည်းပဲလို့ ပြောလိုက်မိတာပါလိမ့်..."

ငါက ငိုရတာ မကြိုက်ဘူးလေ ဒီနေ့အခြေအနေက နည်းနည်းလေး ထူးခြားနေလို့ ...

"ဟုတ်ပြီ ဟုတ်ပြီ မင်းက ငိုရတာ မကြိုက်ပါဘူး ဟုတ်ပြီလား မင်းက တကယ်ကို မင်း‌အမေနဲ့ တစ်ပုံစံတည်းပဲ ဝန်ခံရဖို့ကို အင်မတန် တွန့်ဆုတ်ကြတာပဲ ..."

ရှို့ချန်ယုမှာ အပြုံးတို့ကို ပြန်မရုတ်သိမ်းနိုင်တော့ချေ။

ရှောင်ကျားရှု "..."

ရှောင်ကျားရှုမှာ မျက်နှာသစ်ပြီးသည့်တိုင် မျက်လုံးများမှာ ဖူးယောင်နီရဲနေဆဲ ဖြစ်သည့်အတွက် နေကာမျက်မှန် တပ်ထားရုံမှအပ ရွေးစရာ မရှိတော့ချေ။ ဆေးရုံအခန်းထဲတွင် ဧည့်သည်များစွာ ရောက်နေကာ ရုပ်ရှင်ဧကရာဇ်များ၊ ရုပ်ရှင်လောက၏ ရွှေပေါင်လုံးကြီးများက အပြန်အလှန် စကားပြောနေသည့်အတွက် လေထုတစ်ခုလုံး အပေးအယူ ညီမျှနေပေသည်။ ထိုသူများက ရှို့ချန်ယုကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ချက်ခြင်း မတ်တပ်ရပ်ကာ ဖော်ဖော်ရွေရွေ နှုတ်ဆက်လိုက်ကြတော့သည်။ ရှောင်ကျားရှုမှာမူ ငိုထားသည့်အတွက် အသံဝင်နေသည့်အပြင် စိတ်အခြေအနေ မကောင်း၍ မည်သူနှင့်မှ စကားမပြောချင်သည့်အတွက် ကျိမြန်အနားသို့ တိတ်တဆိတ် လျှောက်လာကာ သူ့ကို ခေါင်းငြိမ့်ပြလိုက်သည်။

"ရောက်လာပြီလား ထိုင်လေ ..."

ကျိမြန်က သူ့ကို စိုက်ကြည့်နေလိုက်သည်။

"ဟမ် ..."

ရှောင်ကျားရှုက ကုတင်အနီးတွင် ဝင်ထိုင်ကာ အစောပိုင်းက သူနားထောင်နေသည့် သီချင်းကို ပြန်ဖွင့်လိုက်သည်။ ၎င်းမှာ နာကျင်မှု၊ နောင်တတရားတို့ဖြင့် ပြည့်နှက်နေအောင် သူ့ကိုယ်သူ ညှင်းပန်းနှိပ်စက်ခြင်းတစ်မျိုးပင် ဖြစ်သော်ငြား သူ့တွင် ရပ်တန့်နိုင်မည့် နည်းလမ်းလည်း မရှိချေ။ သူ၏ အဆင်ခြင်မဲ့မှု၊ တစ်ကိုယ်ကောင်းဆန်မှုတို့ကြောင့်သာ မဟုတ်ပါလျှင် ဟဲရီ၏ မိခင်လည်း ကြွေလွင့်သွားမည် မဟုတ်ချေ။ အပြင်ပိုင်းတွင် အမူအယာကို ထိန်းချုပ်ထားသည့်တိုင် စိတ်ထဲတွင်မူ ကလေးတစ်ယောက်နှယ် ငိုကြွေးနေပြီဖြစ်သည်။ ‌မမေ့ဖျောက်နိုင်သလို မမေ့ပျောက်သင့်သည့် အရာများ အမှန်တကယ်ပင် တည်ရှိနေပေသည်။

ကျိမြန်က နားထင်ကို ဖိနှိပ်ရင်း အလွန်နူးညံ့သည့် အသံဖြင့် မေးလိုက်သည်။

"ပန်းသီးစားမလား ကိုယ် အခွံနွှာပေးမယ်လေ ..."

ရှောင်ကျားရှုက နေကာမျက်မှန်ကိုဖြတ်ကာ စိုက်ကြည့်ရင်း လက်ကို ယမ်းပြလိုက်သည်။ သူ့မျက်နှာအောက်ခြမ်းမှာ ကျောက်ဆောင်ကဲ့သို့ တင်းမာကာ အေးစက်ပြီး အထက်စီးဆန်နေသည့်အတွက် ဖန်ခွင်းက တိတ်တဆိတ် ဆဲရေးလိုက်သည်။

သေသင့်တဲ့ကောင် ...

ကျိမြန်ကမူ ငြင်းဆန်မှုကို နားမလည်ဟန်ဖြင့် ပန်းသီးကို အခွံနွှာနေသည့်အတွက် ရှောင်ကျားရှုမှာ လက်ခံရုံမှအပ ရွေးစရာ မရှိတော့ချေ။ ပန်းသီးကို ကိုက်ဝါးလိုက်သည်နှင့် တစ်ပြိုင်နက် သူ့နှလုံးသားထဲရှိ နာကျင်ဝမ်းနည်းမှုများ လျော့ပါးသွားတော့သည်။ သီချင်းကိုပိတ်ကာ နားကြပ်ကို ဖြုတ်လိုက်ပြီး ပန်းသီးခွံများကို အမှိုက်ပုံးထဲပစ်ပြီးနောက်တွင် နေရာ၌ ပြန်ထိုင်ကာ ကျိမြန်ကို ဆက်ပြီး စိုက်ကြည့်နေလိုက်တော့သည်။

သူ့ကြည့်ရတာ ပြင်းပြင်းထန်ထန် ထိခိုက်သွားတဲ့ပုံလည်း မပေါ်ပါဘူး ဘာပဲဖြစ်ဖြစ် ဒါလည်း သတင်းကောင်းလို့ ယူဆရမှာပဲ ...

"ဒီရက်ပိုင်း ဘာတွေလုပ်နေလဲ လုပ်စရာမရှိရင် ကုမ္ပဏီကို ပြန်လာခဲ့ပါ့လား ပြီးခဲ့တဲ့တစ်ခေါက် မင်းကို အလုပ်ဖြုတ်လိုက်မိတာ နည်းနည်း အဆင်အခြင်မဲ့သလို ဖြစ်သွားတယ် တောင်းပန်ပါတယ်  ..."

ထိုသို့ပြောပြီးနောက် တစ်ခဏ အသံတိတ်သွားတော့သည်။

သူက ဘာလို့ တောင်းပန်ချင်နေတာလဲ တကယ်ဆို ငါကမှ စတူဒီယိုကိစ္စတွေထဲ ဝင်ပြီး စွက်ဖက်ခဲ့တာလေ ငါကမှ တောင်းပန်ရမှာ မဟုတ်ဘူးလား လူတစ်ယောက်ကို ဘယ်လိုအကဲဖြတ်ရမလဲ မသိတာက ခင်ဗျားရဲ့ ဉာဏ်ရည်နဲ့ပဲ ဆိုင်တာလေ မှန်တာမှားတာနဲ့ မဆိုင်ဘူး ...

ရှောင်ကျားရှုက ထိုသို့တွေးကာ ခေါင်းကို အသာယမ်းပြလိုက်သည်။

ကျိမြန် "...

လူနာကို အေးအေး‌ဆေးဆေး အနားယူနိုင်စေရန် အလို့ငှာ ရှို့ချန်ယုက ရှောင်ကျားရှုကိုခေါ်ကာ ပြန်သွားပြီး ကျန် big shot ကြီးများကလည်း တစ်ယောက်ပြီးတစ်ယောက် ‌နောက်မှ လိုက်သွားကြတော့သည်။ ဖန်ခွင်းက ထိုသူများကို ဓာတ်လှေကားအထိ လိုက်ပို့ပြီးနောက် ပြန်ရောက်လာသည့်အခါတွင် အဆက်မပြတ် မြည်တွန်တောက်တီးတော့သည်။

"ရှောင်ကျားရှုက ဘယ်လိုလူလဲ သူက လန်ကျဲတို့၊ အစ်ကိုကောတို့နဲ့ တွေ့တာကို နည်းနည်းလေးတောင် ဟန်ဆောင်ပန်ဆောင် မနှုတ်ဆက်ဘူး သူ့ကိုယ်သူ ရှို့ချန်ယုထက်တောင် ကြီးကျယ်တယ်များ ထင်နေလားပဲ နေကာမျက်မှန်ကိုလည်း တစ်ချိန်လုံး တပ်ထားလိုက်သေးတယ် သူက ကောရဲ့ဘေးနားမှာ တစ်ချိန်လုံး ဝင်‌ထိုင်နေတာတောင် စကားလေးတစ်လုံးမှ ထုတ်မပြောဘူး မျက်နှာကလည်း တင်းမာနေလိုက်တာများ သူ့ကို ရိုက်နှက်ပစ်လိုက်ချင်စိတ်တောင် ပေါက်တယ် မလာချင် မလာနဲ့လေ ဘာလို့ ရောက်လာပြီးမှ ဒီလို ကြီးကြီးကျယ်ကျယ်တွေ လာလုပ်ပြနေတာလဲ ခေတ်ကာလသားသမီးတွေများ တစ်နေ့ထက်တစ်နေ့ကို ရိုင်းစိုင်းလာလိုက်ကြတာ ..."

ကျိမြန်က ဖုန်းကို ကြည့်နေရာမှ သက်ပြင်းချကာ ပြောလိုက်သည်။

"အပေါ်ယံနဲ့ မတူတဲ့လူတွေလည်း ရှိသေးတာပဲလေ သူ နေကာမျက်မှန် တပ်ထားတာက ငိုထားတဲ့မျက်လုံးတွေ ဖူးယောင်နေလို့ ဖြစ်မှာပေါ့ လူတွေကို နှုတ်မဆက်ဘူး ဆိုတာကလည်း စိတ်အခြေအနေ မကောင်းတော့ စကားအများကြီး မပြောချင်လို့ ဖြစ်နိုင်တယ်လေ လူတစ်ယောက်ကို တစ်ဖက်သတ်အမြင်နဲ့ပဲ လက်လွတ်စပယ် မဆုံးဖြတ်နဲ့ အဲဒါက တိလည်းမတိကျသလို တစ်ဖက်သူအတွက်လည်း မတရားဘူး ..."

ဖန်ခွင်းမှာ အလွန် အံ့ဩသွားရှာတော့သည်။ 

"ရို့ ဘာလို့ သူ့ဘက်ကနေ ကာပြောပေးနေတာလဲ ဒီကောင်လေးကို မမုန်းဘူးလား ..."

ကျိမြန်က သူ့မျက်နှာကို ပွတ်သပ်ကာ ကူကယ်ရာမဲ့လေဟန်ဖြင့် ပြောလိုက်သည်။

"အိုက်ခွင်း ငါလည်း အသက်ကြီးလာပြီဆိုတော့ တစ်ခါတစ်လေ အမှားလုပ်မိတာလည်း ရှိမှာပေါ့ ..."

"ဘာလို့ အသက်ကြီးလာပြီလို့ ပြောနေတာလဲ မင်းက အခုမှ ၃၂ နှစ်ပဲ ရှိသေးတာ အချိန်တွေအများကြီး ကုန်ဆုံးဖို့ ကျန်နေသေးတယ် ရှင်သန်နိုင်ဖို့အရေး အသက်အရွယ်နဲ့ ငယ်ရွယ်မှုပေါ်ပဲ မှီခိုနေရတဲ့ လတ်ဆက်တဲ့ အသားတုံးလေးတွေလို မဟုတ်ဘဲ မင်းက ကိုယ့်ခွန်အားနဲ့ စွမ်းရည်ကိုပဲ မှီခိုတဲ့သူလေ အသက်ကြီးလာလေ ပိုပြီး လူထုရဲ့ နှစ်သက်မှုကို ရလာလေပဲ မဟုတ်လား ဘာလို့ ဒီသရုပ်ဆောင်အလုပ်ကနေ စောစောစီးစီး အနားယူချင်နေရတာလဲ မင်းရဲ့ အရည်အချင်းနဲ့ဆို နောက် ဆယ်နှစ်၊ နှစ်နှစ်ဆယ်လောက် ရုပ်ရှင်ဆက်ရိုက်နေဦးမယ်ဆိုရင်တောင် ဘာမှ ပြဿနာမရှိဘူး ..."

ဖန်ခွင်းက ဝမ်းနည်းပက်လက်ဖြင့် ရေရွတ်လိုက်သည်။

"အခြေတကျလေးနဲ့ ငါ့ကိုယ်ပိုင် မိသားစုလေးတစ်ခု ထူထောင်ချင်လို့လေ ..."

ထိုစကားများ ပြောပြီးနောက် ကျိမြန်၏ အမူအယာမှာ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။

"ကားတိုက်မှုအကြောင်း လဲ့ယန်ကို မပြောရသေးဘူး မဟုတ်လား ..."

ကျစ် ... ဘယ်သူကရော သူ့ကို ပြောမှာလဲ ဒီငနုံကောင် ရောက်လာတော့ရော ဘာအသုံးဝင်မှာကျလို့ သူလုပ်နိုင်တာဆိုလို့ မေးခွန်းတွေ တစ်သီတစ်တန်းကြီး မေးပြီး သေတော့မလို သွေးပျက်ပြနေတာပဲ ရှိမှာလေ အဲဒါက ပိုပြီးတောင် အာရုံနောက်ဖို့ ကောင်းသေးတယ် သူသာ သတိလက်လွတ်နဲ့လာလို့ သတင်းထောက်တွေ တွေ့သွားကြည့်ပါလား ဒါမျိုးက ရယ်ရယ်မောမော ကိုင်တွယ်လို့ရမယ့်ကိစ္စ မဟုတ်ဘူး ...

ဖန်ခွင်း၏ နှလုံးသားထဲတွင် အထင်အမြင်သေးမှုများ ပေါက်ဖွားနေသော်ငြား မျက်နှာ‌တွင်တော့ ပေါ်မလာစေဘဲ သာမန်ကာလျှံကာ ပြောလိုက်သည်။

"မပြောရသေးဘူး သူက အခုထိ စီချွမ်ကို လေ့လာရေးခရီး ထွက်နေတုန်းလေ ..."

ကျိမြန်က သူ့ကို အတွေးအပြည့်ဖြင့် စိုက်ကြည့်ရင်း ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ပြောလိုက်သည်။

"ကောင်းတယ် သူ့ကို အသိမပေးလိုက်နဲ့ စိတ်မပူစေချင်လို့ ဒါနဲ့ အိုက်ခွင်း မင်းက ဘာလို့ လဲ့ယန်ကို သဘောမကျတာလဲ ..."

"ဘယ်တုန်းက သူ့ကို သဘောမကျမိလို့လဲ မင်းက အတွေးလွန်နေတာပါ ..."

ဖန်ခွင်းက ခပ်သွက်သွက် ငြင်းပယ်လိုက်သည်။ သို့သော် သူ့အတွေးစတို့မှာမူ အတိတ်ကာလများသို့ ပျံ့လွင့်နှင့်နေပြီဖြစ်သည်။

Xxxxxxxx

Continue Reading

You'll Also Like

397K 54.5K 55
Original Title;重生后我只想咸鱼 English Title;After Rebirth , I Just Want To Be A Salted Fish Original Author;雕雕子(Diao Diao Zi) This is Pure Fan Translation...
344K 42.3K 93
ဟဲဟဲ နောက်တစ်ပုဒ် လာပြန်ပါပြီ ဖတ်ပေးကြပါဦး Title ကို Description မှာထည့်ပေးထားတယ်နော် All credit to Original Author and E translator
21.9K 1.6K 60
English Title: Kiss me,Liar "ငါက ယောကျာ်းတွေနဲ့မအိပ်ဘူး ဒါပေမဲ့ ယွန်ဝူးကိုတော့ ထည့်မတွက်နဲ့ Keith Knight Pittman.ငါ့ဘဝကိုအမျိုးမျိုးဖြစ်စေခဲ့တဲ့လူ ဒ...
535K 84.8K 115
Both Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Origina...