နတ်ဆေးသမားတော်ဝေ့၏ရန်သူက အမှန်တကယ်အင်အားကြီးပုံပေါ်သည်။ လုရှိုးဝမ်အတွက် ဆေးညွှန်းရေးပြီးသည်နှင့် တစ်နေကုန်အောင် ဆက်မနေတော့ဘဲ အထုပ်အပိုးပြင်ကာ ခပ်သုတ်သုတ်ထွက်ခွာသွားတော့၏။ သွမ့်လင်နဲ့ လျိုရိလည်း အစနဂိုက ခရီးဆက်ရန်ပြင်ထားသည့်တိုင် ပထမအချက်အားဖြင့် လုရှိုးဝမ်တစ်ယောက် တိုးလာသလို ဒုတိယအချက်အနေဖြင့် လျိုရိ၏ဆရာဖြစ်သူ ရောက်လာတော့မည်ဖြစ်သည်။ ထို့ကြောင့် လူစုံမှသာဆွေးနွေးရန်တွေးလိုက်ပြီး တည်းခိုဆောင်တွင် ရက်အနည်းငယ်ဆက်နေဖြစ်ခဲ့၏။
ထိုကာလအတွင်း လုရှိုးဝမ်က အလိုရှိသလို စိတ်တိုင်းကျလှုပ်ရှားသွားလာနိုင်သော်လည်း တည်းခိုဆောင်အတွင်း၌သာ ဖြစ်သည်။ သွမ့်လင်နှင့် လျိုရိက သူ့ကို တစ်လှည့်စီစောင့်ကြည့်ကြပြီး နေအိမ်အကျယ်ချုပ်နှင့် တူလှပေ၏။ လုရှိုးဝမ်ကလည်း အရေးမစိုက်ပါချေ၊ သူက နေ့စဥ်နေ့တိုင်း ဗိုက်ဝအောင်စားသောက်ရသည့်အပြင် သွမ့်လင်ကိုလည်း ဟိုဟိုသည်သည် တောက်တိုမယ်ရ ခိုင်းခွင့်ရသေးသည်လေ။
သွမ့်လင်ကို လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်းက လုရှိုးဝမ်၏မွေးရာပါ ပါရမီတစ်ခုဖြစ်လိမ့်မည်။ ပထမဦးစွာ ရာသီဥတုပူလွန်း၍ ရေခဲလိုချင်ကြောင်း ပြောသည်။ ထို့နောက် တခဏကြာသောအခါ မြို့အရှေ့ပိုင်းမှ ပဲစိမ်းစွပ်ပြုတ်ကို သောက်ချင်သည်ဟု ဆိုပြန်၏။ ပူပြင်းလှသည့်နေရောင်အောက်တွင် သွမ့်လင်ခမျာ ပြေးရင်းလွှားရင်း တစ်ကိုယ်လုံးချွေးများပင် ရွှဲနစ်နေတော့သည်။ သို့တိုင်အောင် လုရှိုးဝမ်က သူ့ကို ခိုင်းသည့်အလုပ်အား ကောင်းကောင်းမွန်မွန်မလုပ်နိုင်ဟု အပြစ်တင်သေး၏။ ဤသို့သော မောက်မာဝံ့ကြွားလှသည့်ပုံစံက လွန်ခဲ့သည့်ဆယ်နှစ်ကနှင့် တစ်ပုံစံတည်းပင်။
သွမ့်လင်လည်း အနည်းငယ်စိတ်အားလျော့လာမိသည်။
ယခင်အချိန်များတွင် လုရှိုးဝမ်ကသာ သူ့ကို ပစားပေးခဲ့ခြင်းဖြစ်၍ လုရှိုးဝမ် စိတ်ကျေနပ်အောင် မည်သို့ဆက်ဆံပေးရမည်ကို သူ မသိပါချေ။
သို့ရာတွင် လုရှိုးဝမ်က လျိုရိနှင့်မူ လွန်စွာသင့်မြတ်လှချေ၏။ လျိုရိက လုရှိုးဝမ်ကို သူ့ဆရာသခင်နှင့်တွေ့ဆုံမိတ်ဆက်ပေးပြီး ချင်းရှန်းဂိုဏ်း၏တပည့်အဖြစ်ခံယူကာ သူ့ရှစ်ရှုန်း (ဆရာတူအစ်ကို) ဖြစ်လာစေချင်သည်။ သွမ့်လင်က သေချာပေါက်သဘောတူလိမ့်မည်မဟုတ်ချေ။ သူတို့နှစ်ဦးသား ထိုကိစ္စလေးနှင့် အပြန်အလှန်မျက်စပစ်မိကြပြီး သွမ့်လင်မှာ သဝန်တိုလွန်း၍ ချဥ်စူးနေတော့သည်။
သွမ့်လင်က လုရှိုးဝမ်ကို လက်ဝဲအရှင်အကြောင်း အစ်မေးသည့်တိုင် လုရှိုးဝမ်က လွန်စွာနှုတ်လုံလှသည်။ လက်ဝဲအရှင်က မျက်နှာဖုံးကိုအမြဲတပ်ဆင်ထားပြီး မျက်နှာအစစ်အမှန်ကို သူကိုယ်တိုင်ပင် တစ်ကြိမ်တစ်ခါမှမမြင်ခဲ့ဖူးကြောင်းပြော၏။
သွမ့်လင်က သူ့စကားကို အမှန်အမှားမခွဲခြားနိုင်သဖြင့် ဆက်မမေးဖြစ်တော့ချေ။ သူက သမားတော်ဝေ့၏ဆေးညွှန်းအတိုင်း လုရှိုးဝမ်အတွက် နေ့စဥ်ဆေးကျိုပေးသည်။ ယနေ့လည်း ဆေးကျိုပြီး အခန်းထဲသို့ဝင်လာခဲ့ရာ လုရှိုးဝမ်က ကုတင်ခေါင်းရင်းကိုမှီထိုင်ရင်း လက်ထဲတွင် သစ်ကိုင်းခြောက်လေးကိုင်ထားသည်ကို မြင်တွေ့လိုက်ရ၏။
သွမ့်လင်၏နှလုံးသားက ခုန်လှုပ်သွားပြီး ထိုအရာကို စိတ်ထဲမှ ချက်ချင်းမှတ်မိလိုက်သည်။ သူလည်း ရှေ့သို့လျှောက်သွားလိုက်ပြီး ဆေးပန်းကန်လုံးကို ဘေးသို့ချကာ စိတ်ကိုငြိမ်ငြိမ်ထား၍မေးလိုက်၏။
"အဲဒီဟာကို .... ဘယ်က ရှာတွေ့တာလဲ"
လုရှိုးဝမ်က ပြုံးလျက် သူ့ကို တစ်ချက်ကြည့်လာပြီး -
"မင်းရဲ့ခေါင်းအုံးအောက်ကလေ"
လုရှိုးဝမ်ထွက်မပြေးနိုင်စေရန် ဤရက်များအတွင်း သွမ့်လင်က သူနှင့်တစ်ခန်းတည်း အတူအိပ်ခဲ့သည်။ ထို့ကြောင့် သူ့ခေါင်းအုံးအောက်မှပစ္စည်းကို ခေါင်းအုံးတစ်ချက်ဖယ်ကြည့်သည်နှင့် မြင်ရမည်သာ။
"သူရဲကောင်းသွမ့်ရဲ့အကျင့်က တကယ်ကိုထူးဆန်းတာပဲ"
လုရှိုးဝန်က သစ်ကိုင်းခြောက်လေးကို အပြန်ပြန်အလှန်လှန်ကြည့်နေပြီး ထူးခြားသည့်အချက်ကို ရှာဖွေရင်း မေးသည်။
"ဒါကို ဘာလို့ခေါင်းအုံးအောက်မှာ ဝှက်ထားတာလဲ"
သွမ့်လင်က နွေးထွေးစွာ ပြန်ဖြေ၏။
"အဲဒီအရာနဲ့ပတ်သက်ပြီး ဇာတ်လမ်းလေးတစ်ပုဒ်ရှိတယ်"
"ကြည့်ရတာ သူရဲကောင်းသွမ့်က ငါ့ကို ဇာတ်လမ်းတစ်ပုဒ်ပြောပြတော့မယ်ထင်ရဲ့"
လုရှိုးဝမ်က အိပ်ရာပေါ်မှနေရာလွတ်ကို အသာပုတ်ပြလိုက်ပြီး -
"အနားတိုးထိုင်လေ။ မဟုတ်ရင် သေချာမကြားရဘူး။"
သွမ့်လင်က ထိုင်လိုက်ပြီး ပြောပြသည်။
"အဲဒီဇာတ်လမ်းလေးက လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က စတယ်။ အဲဒီနှစ်တုန်းက ကျွန်တော့်အသက် ခုနစ်နှစ်ပြည့်ခါစပေါ့။ မိသားစုနဲ့အတူ မီးပုံးပွဲတော်ကြည့်ဖို့လာရင်း လမ်းမှာ အနက်ရောင်ဝတ်စုံနဲ့လူတစ်ယောက်ဆီက ပြန်ပေးဆွဲခံခဲ့ရတယ်။ အဲဒီတုန်းက ကြောက်လွန်းလို့ တစ်လမ်းလုံး အော်ဟစ်ငိုယိုမိတော့ တစ်ခါငိုတိုင်း တစ်ချက်အရိုက်ခံရတယ်။ နောက်ဆုံးတော့ ကျွန်တော်လည်း မငိုရဲတော့ဘူး။ အဲဒီလိုနဲ့ ရက်တွေကြာသွားတော့ သတိဝင်တစ်ချက်၊ မဝင်တစ်ချက်နဲ့ပဲ တောင်တန်းတစ်ခုဆီ ရောက်လာခဲ့တယ်။ အဲဒီတောင်တန်းပေါ်မှာ လျှို့ဝှက်တည်ဆောက်ထားတဲ့ စခန်းတစ်ခုရှိတယ်။ လူတွေပြောကြတဲ့ မိစ္ဆာဂိုဏ်းရဲ့ စခန်းချုပ်ပေါ့။ အဲဒီနေရာမှာ ကျွန်တော်နဲ့အတူ အဖမ်းခံထားရတဲ့ ဆယ်နှစ်ဝန်းကျင်လူငယ်လေးတွေလည်းရှိတယ်။ ကျွန်တော်တို့အားလုံး မှောင်မည်းပြီး အေးစက်နေတဲ့ အခန်းကျဥ်းလေးထဲမှာ ပိတ်ထားခံခဲ့ရတယ်။ ရှေ့ဆက်ပြီး ဘယ်လိုကံကြမ္မာရှိလာမယ်ဆိုတာလည်း ဘယ်သူမှမသိခဲ့ကြဘူး။"
လုရှိုးဝမ်က အနည်းငယ်အံ့သြသွားပြီး မေးသည်။
"အဲဒီမိစ္ဆာဂိုဏ်းက ထျန်းကျွယ်ဂိုဏ်းပေါ့။ အဲဒီလောက်လူတွေအများကြီးကိုဖမ်းထားပြီး ဘာလုပ်မလို့လဲ။"
သွမ့်လင်က ပြန်မဖြေဘဲ ဆက်ပြောပြသည်။
"တတိယမြောက်နေ့ကိုရောက်တော့ တစ်ချိန်လုံးပိတ်ထားတဲ့တံခါးက ပွင့်သွားပြီး အပြင်ဘက်ကနေ တောက်တောက်ပြောင်ပြောင် ဝတ်စားထားတဲ့ လူငယ်လေးတစ်ယောက် ဝင်လာတယ်။ ကျွန်တော် သူ့ကို ပထမဆုံးမြင်တဲ့အချိန်မှာ သိပ်ကြည့်ကောင်းတယ်လို့ တွေးမိခဲ့သေးတယ်။ ဒါပေမဲ့ သူကတော့ အရမ်းကိုမှ စိတ်ကြီးလွန်းတဲ့သူ။ အေးစက်နေတဲ့မျက်လုံးတွေနဲ့ တစ်ချက်ခြုံကြည့်ပြီးတော့ လက်ထဲကကြာပွတ်ကို လွှဲလိုက်တော့တာပဲ။"
ထိုသို့ပြောပြီးနောက် သွမ့်လင်၏နှုတ်ခမ်းထက်တွင် ပြုံးဟန်ဖျော့ဖျော့ ထပ်ဟပ်သွားသည်။
လုရှိုးဝမ်က ဝင်ပြော၏။
"အဲဒီလူက မင်းချစ်ရတဲ့လူပဲဖြစ်ရမယ်"
"ဟုတ်ပါတယ်"
သွမ့်လင်က ရိုးရိုးသားသားပြန်ဖြေသည်။
"ဒါပေမဲ့ အစတုန်းက ကျွန်တော် သူ့ကို မနှစ်သက်ခဲ့ဘူး။ သူက မိစ္ဆာဂိုဏ်းချုပ်ရဲ့ချစ်တပည့်လေ။ ကျွန်တော့်ကိုလည်း အမြဲဆူပူဆဲဆိုပြီး ရိုက်နှက်တတ်သေးတယ်။"
သွမ့်လင်က အတိတ်ဟောင်းများကို တဖြည်းဖြည်းပြန်ပြောင်းပြောဆိုနေသည်။
လုရှိုးဝမ်က စိတ်ဝင်တစားနားထောင်နေပြီး တစ်ခါတရံ တစ်ခွန်းစနှစ်ခွန်းစ ဝင်ထောက်တတ်၏။
သွမ့်လင် ကြာပွတ်ဖြင့်အရိုက်ခံရသည့်အကြောင်းကို ရောက်သောအခါ လုရှိုးဝမ်က လှောင်ရယ်ရယ်လိုက်ပြီး ပြောသည်။
"မင်းက လက်ယာအရှင်အပေါ် အပြစ်လုပ်ခဲ့တာလေ။ သူသာ မင်းကို အရင်မရိုက်နှက်လိုက်ဘူးဆိုရင် လက်ယာအရှင်က မင်းကိုပညာပေးဖို့ သေချာပေါက်အကြောင်းရှာလိမ့်မယ်။ အဲဒီကျရင် မင်းကိုယ့်ကိုယ်ကိုယ် ဘယ်လိုသေသွားလဲတောင် သိလိုက်မှာမဟုတ်ဘူး။"
သွမ့်လင်ကို ရွှေရောင်မြွေလေးက ကိုက်လိုက်သဖြင့် သုံးရက်သုံးညတိုင်အောင် ဝေဒနာခံစားခဲ့ရသည့်အကြောင်းကို ကြားသောအခါ လုရှိုးဝမ်က ပိုအံ့အားသင့်သွားပြီး ပြောလာ၏။
"အဲဒီရွှေရောင်မြွေဆိုတာက ရှားပါးသတ္တဝါပဲ။ တစ်ယောက်ယောက်က သေချာမွေးမြူပေးဖို့လိုတယ်။ မင်း သူ့ဆီကနေ တစ်ချက်အကိုက်ခံရတာက တစ်နှစ်စာသိုင်းပညာကို အလကားတတ်မြောက်သွားတာနဲ့ အတူတူပဲ။ ဟက်၊ အဲဒီလူက ခံစားချက်တွေကို မင်းအပေါ် ဖြုန်းတီးလိုက်ရုံတင်မကဘူး၊ ရှားပါးပစ္စည်းကိုပါ အလဟဿ သုံးပစ်လိုက်တာပဲ။"
သွမ့်လင်က တခဏမှင်သက်သွားပြီး တွေဝေစွာ တုံ့ပြန်လိုက်သည်။
"ကျွန်တော်မသိခဲ့ဘူး။ အခုမှပဲ နားလည်တော့တယ်။"
သူ့မျက်နှာအမူအရာက ဖော်ပြရန်ခက်ခဲလှပေသည်။
လုရှိုးဝမ်ကဲ့သို့ အသည်းမာလှသည့်လူပင်လျှင် သူ့အမူအရာကြောင့် ရင်ထဲ၌အနည်းငယ်လှုပ်ခတ်သွားပြီး ပြောမိ၏။
"အဲဒီလူက မင်းအပေါ် အားစိုက်ထုတ်ပြီး စောင့်ရှောက်ပေးခဲ့သလို မင်းကလည်း သူ့ခံစားချက်တွေကို မထိခိုက်စေခဲ့ဘူးဆိုရင် ပြီးတာပဲမလား။"
သွမ့်လင် ခါးသက်စွာ ပြုံးမိသည်။
သူ ထိခိုက်စေခဲ့မိပါ၏။
သို့ဖြင့် ဇာတ်လမ်းကိုဆက်ရင်း လွန်ခဲ့သောဆယ်နှစ်က အဖြစ်အပျက်ကို မလွှဲမရှောင်သာ ရောက်ရှိလာတော့သည်။
လုရှိုးဝမ်သည်လည်း အတတ်ခုနစ်ပါးသိုင်းကို လေ့ကျင့်ထားသူဖြစ်၍ ရှင်းရှင်းလင်းလင်း နားလည်လိုက်၏။
"လက်စသတ်တော့ ဂိုဏ်းချုပ်က သူ့သိုင်းပညာတိုးတက်ဖို့ အထောက်အကူဖြစ်အောင် မင်းတို့ကို ဖမ်းထားခဲ့တာကိုး။ အင်း၊ အဲဒီနည်းလမ်းက ကောင်းတယ်လို့တော့ မဆိုနိုင်ဘူး။ ဒါပေမဲ့ သိုင်းအတတ်စုပ်ယူခံလိုက်ရတဲ့သူအများစုက အသက်မရှင်နိုင်ကြဘူးလေ။ မင်းက ဘယ်လိုများအသက်ရှင်ကျန်ခဲ့တာလဲ။"
"လူတစ်ယောက်က ကျွန်တော့်အတွက် ဂိုဏ်းချုပ်ရဲ့အမိန့်ပြားကို ခိုးယူပေးခဲ့တယ်"
"မင်းချစ်ရတဲ့လူက ခိုးပေးခဲ့တာလား"
".....ဟုတ်ပါတယ်"
"အင်း၊ ဂိုဏ်းချုပ်ရဲ့အမိန့်ပြားကို ကိုင်ထားတဲ့လူက တာဝန်ကြီးကြီးမားမား လွှဲအပ်ခံရလို့ပဲ။ အစောင့်တွေက သေချာပေါက် အလွယ်တကူ ဝင်ထွက်ခွင့်ပေးလိမ့်မယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်က သေချာစုံစမ်းပြီး သိသွားခဲ့ရင်တော့ ဒေါသပုန်ထမှာအသေအချာပဲ။ သူရော ဘာဆက်ဖြစ်သွားလဲ။"
"ဂိုဏ်းချုပ်က သူ့ရဲ့သိုင်းပညာကို ဖျက်ဆီးပစ်လိုက်တယ်"
လုရှိုးဝမ်က 'ဟက်' ခနဲ ရယ်လိုက်ပြီး မျက်လုံးအကြည့်တို့က လှောင်ရိပ်များ စွန်းထင်းနေခဲ့သည်။
"သိပ်ကိုတုံးအလွန်းတယ်"
သွမ့်လင်က ထိုအကြည့်၏ထိုးနှက်ခြင်းကို ခံလိုက်ရပြီး ထုတ်မေးမိ၏။
"အကယ်၍ သူ့နေရာမှာ ခင်ဗျားသာဆိုရင် ဘယ်လိုလုပ်မလဲ"
လုရှိုးဝမ်က ဖြေသည်။
"ငါသာဆိုရင် သေချာပေါက် မင်းကို ကယ်မှာမဟုတ်ဘူးပေါ့။ မင်းရဲ့သိုင်းအတတ်တွေကို ဂိုဏ်းချုပ်က အကုန်စုပ်ယူလိုက်လို့ သေသွားရင်တောင် ငါနဲ့ ဘာများသက်ဆိုင်လို့လဲ။"
သွမ့်လင်က ခေါင်းအသာညိတ်ရင်း သူ့ကို ကြည့်ကာ ပြောသည်။
"သူလည်း ခင်ဗျားလိုပဲတွေးခဲ့ရင် .... သိပ်ကောင်းမှာပဲ"
လုရှိုးဝမ်က ရုတ်ချည်းဆိုသလို စိတ်မပျော်ရွှင်တော့ဘဲ လက်ထဲမှသစ်ကိုင်းခြောက်ကို သွမ့်လင်ရှိရာသို့ ပစ်ပေးလိုက်သည်။
"မင်းရဲ့ဇာတ်လမ်းက ပျင်းစရာကောင်းလွန်းတယ်။ နားမထောင်တော့ဘူး။"
သွမ့်လင်က သစ်ကိုင်းခြောက်လေးကို ရင်ဝယ်ပိုက်ထားရင်း ပြောသည်။
"ဒီပစ္စည်းအကြောင်းကို ကျွန်တော်မပြောပြရသေးဘူးလေ"
"သစ်ကိုင်းခြောက်လေးပဲကို။ ဘယ်နေရာမဆို တွေ့နိုင်တာပဲ။ ရှားရှားပါးပါးလည်းမဟုတ်ဘူး။"
လုရှိုးဝမ်က ပြောပြီးနောက် ကုတင်ပေါ်မှဆင်းကာ ဘေးအခန်းမှ လျိုရိဆီသို့ ထွက်သွားတော့သည်။
သွမ့်လင်က အမြဲလိုလို သူ့အနားမှလိုက်စမြဲဖြစ်သော်လည်း ယခုတစ်ကြိမ်တော့ လိုက်မသွားခဲ့ပေ။ လက်ထဲမှသစ်ကိုင်းကျိုးလေးကိုသာ အသာအယာပွတ်သပ်လိုက်ရင်း ဇာတ်လမ်းလေးကို တစ်ကိုယ်တည်း အပြီးသတ်ပြောလိုက်လေသည်။
"အဲဒီနှစ် ဆောင်းဦးရာသီတုန်းက ကျွန်တော့်အိမ်ရဲ့ခြံလေးထဲက ချိုးယူခဲ့တာပါ။ သူ့မှာ အသက်ရှင်ဖို့ နှစ်ဝက်ပဲ အချိန်ကျန်တော့လို့ မက်မွန်ပန်းတွေပွင့်မယ့် နောက်တစ်နှစ်ကို မစောင့်နိုင်တော့ဘူး။ အဲဒါကြောင့် ဒီသစ်ကိုင်းလေးကို သူ့အတွက် ချိုးပေးခိုင်းခဲ့တာ။"
သူက တခဏငြိမ်သက်နေပြီးမှ ဆက်ပြောသည်။
"ကျွန်တော်က သူနဲ့ နှစ်တွေအများကြီး သိကျွမ်းခဲ့ပေမဲ့ ဒီလိုပစ္စည်းတစ်ခုပဲ သူ့ကိုပေးခဲ့မိတယ်..."
သွမ့်လင်က ပြောပြီးနောက် မျက်လုံးထောင့်များကို လက်ဖြင့်အသာဖိလိုက်သည်။ ထို့နောက် ခြောက်သွေ့ကာ အကြည့်ရဆိုးနေသော သစ်ကိုင်းခြောက်ကို ခေါင်းအုံးအောက်တွင်ပြန်ထားလိုက်ပြီး လုရှိုးဝမ်ကိုရှာရန် နံဘေးခန်းသို့ ထွက်ခဲ့လိုက်တော့၏။
လုရှိုးဝမ်နှင့်လျိုရိက လွန်စွာပနံသင့်လှသည်။ အချိန်တခဏလေးအတွင်း မည်သည့်အရပ်သို့သွား၍ တောတောင်ရေမြေအလှတို့အား ရှူစားမည်ကိုပင် အချိန်းအချက်ပြုပြီးဖြစ်နေ၏။
"ယန်ကျိုးရဲ့ ခြင်္သေ့ဦးခေါင်းဟင်းပွဲ (ဝက်သားလုံးနှပ်)က နာမည်ကျော်တယ်။ သေချာပေါက် အရောက်သွားပြီး မြည်းကြည့်ရမယ်။"
သွမ့်လင်က မနေနိုင်စွာ သတိဝင်ပေးသည်။
"အဲဒီမတိုင်ခင် လက်ဝဲအရှင်ကိုနှိမ်နင်းဖို့ မိစ္ဆာဂိုဏ်းကို အရင်သွားရမယ်"
"အာ...."
လျိုရိက စိတ်ပျက်လက်ပျက်ဖြစ်သွားသော်လည်း ချက်ချင်းပြန်တက်ကြွလာပြီး -
"ဒါဆို နှိမ်နင်းပြီးရင် သွားလို့ရတာပဲမလား"
သွမ့်လင်က နှာခေါင်းရှုံ့၍သာ တုံ့ပြန်လေ၏။
လုရှိုးဝမ်ကမူ လျိုရိ၏ပခုံးကို အသာပုတ်ပေးလိုက်ပြီး -
"စိတ်ချပါ။ ငါတို့ချင်း ထိပ်တိုက်ဆုံပြီး တိုက်ခိုက်ရမယ်ဆိုရင်တောင် မင်းအသက်ကိုချမ်းသာပေးမှာပါ"
လျိုရိကို လိမ်လည်လှည့်ဖျားရန်က လွယ်ကူလွန်းသည်။ ထိုစကားလေးတစ်ခွန်းကပင် သူ့ကို ပျော်ရွှင်စေနိုင်၏။ နေ့လယ်ပိုင်းသို့ရောက်သောအခါ အံ့ဩဖွယ်ပျော်ရွှင်အဖြစ်အပျက်တစ်ခုကိုလည်း သူ ထပ်ကြုံရပြန်သည်။
သူ၏ဆရာဖြစ်သူက အချိန်စော၍ ရောက်လာခဲ့သည်ပင်။
လျိုရိ၏ဆရာသခင်က ရုပ်ရည်ရှင်းသန့်တည်ကြည်ပြီး ကောင်းမွန်လှသည့်အတွင်းအားကို ပိုင်ဆိုင်ထားကာ အသက်အရွယ်အားဖြင့် သုံးဆယ်ဝန်းကျင်ခန့်ရှိလိမ့်မည်။ သူနှင့်အတူပါလာသူက အသက်ငါးဆယ်ကျော် လူချမ်းသာပုံစံ ခပ်ဝဝလူတစ်ယောက်ဖြစ်၏။ သူ၏ကိုယ်ပေါ်တွင် ရွှေဖြင့်ပြုလုပ်ထားသည့် အဆင်တန်ဆာတို့ကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ရွှေပြားနှစ်ချပ်ကိုကိုင်ဆောင်ထားသေးသည်။ အမြင်အရဆုံးဖြတ်လျှင် လူကုံထံကုန်သည်တစ်ဦးဟု ထင်မှတ်ရပေသည်။
ထိုသူအား သွမ့်လင် မှတ်မိသည်။ သူက ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ကြီး၏ခေါင်းဆောင် 'လင်ထျန်းဖူ' ပင်။ လွန်ခဲ့သောနှစ်က မိစ္ဆာဂိုဏ်းကို ဖိနှိပ်တိုက်ခိုက်ရာတွင် သူ ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ ယခုလို လက်ဝဲအရှင်က ပြန်လည်ထကြွသောင်းကျန်းလာချိန်တွင် သူလည်း နံဘေးမှထိုင်ကြည့်နေ၍ မရတော့ချေ။
လျိုရိက လင်ထျန်းဖူနှင့် ရင်းနှီးသိကျွမ်းသဖြင့် သိလိုစိတ်နှင့် မေးမိသည်။
"မဟာမိတ်အဖွဲ့ခေါင်းဆောင်လင်က ဘယ်လိုလုပ်ပြီး ကျွန်တော့်ဆရာနဲ့ အတူရောက်လာတာပါလဲ"
လင်ထျန်းဖူက လက်ထဲမှ ရွှေပြားနှစ်ချပ်ကို အသာလှည့်ကစားရင်း ရယ်ရယ်မောမော ပြန်ဖြေ၏။
"ညီလေးဖုနဲ့ ဆွေးနွေးစရာရှိနေတာနဲ့ တစ်ခါတည်းလိုက်လာခဲ့တာ"
လျိုရိ၏ဆရာသခင်က 'အွန်း' ဟုသာ တစ်ချက်ဆိုပြီး ဘာမှဆက်မပြောတော့ချေ။
သို့ဖြင့် တည်းခိုဆောင်အကူထံ လက်ဖက်ရည်ကြမ်းမှာလိုက်ပြီး စားပွဲတွင် ဝိုင်းဖွဲ့ထိုင်ကာ မိစ္ဆာဂိုဏ်းအားနှိမ်နင်းမည့်အကြောင်းကိစ္စကို တိုင်ပင်ဖြစ်ကြသည်။ မိစ္ဆာဂိုဏ်းနှင့်ပတ်သက်၍ သတင်းပေါက်ကြားခြင်းများက လက်ဝဲအရှင်၏ထောင်ချောက်ဖြစ်နိုင်သည်ဟု သံသယဝင်မိကြောင်း သွမ့်လင်ပြောသောအခါ လင်ထျန်းဖူကလည်း ထောက်ခံ၏။
"ဒါပေမဲ့ မိစ္ဆာဂိုဏ်းဘက်က တိုက်ပွဲစဖို့ကြေညာလိုက်မှတော့ ငါတို့လည်း မလွဲမသွေလက်ခံရလိမ့်မယ်။ ဒီလိုမှမဟုတ်ပဲ သူတို့ရဲ့မကောင်းတဲ့လုပ်ရပ်တွေကို ဆက်ပြီးခွင့်ပြုပေးထားရင် သွေးချောင်းစီးမယ့်ကိစ္စတွေ ပိုဖြစ်လာဖို့ပဲရှိလိမ့်မယ်။"
"အွန်း၊ မိစ္ဆာဂိုဏ်းချုပ်တောင် သေသွားပြီပဲ။ လက်ဝဲအရှင်လောက်ကို ဘာလို့ကြောက်နေရဦးမလဲ။"
"ဒါပေမဲ့ မိစ္ဆာဂိုဏ်းသားတွေက ပရိယာယ်သိပ်များပြီး ကောက်ကျစ်ကြတယ်။ နောက်ကျောကနေ ဓားနဲ့ထိုးမှာကိုတော့ သတိထားဖို့လိုလိမ့်မယ်။"
အချိန်အတန်ကြာ ဆွေးနွေးတိုင်ပင်ပြီးနောက် မိစ္ဆာဂိုဏ်း၏စခန်းသို့ သွားရောက်အတည်ပြုရန် ဆုံးဖြတ်လိုက်ကြတော့သည်။
လုရှိုးဝမ်၏တည်ရှိမှုက အနည်းငယ်ထူးခြားနေသည်။ သူက တစ်နေ့လုံးအခန်တွင်း အောင်းနေပြီး အပြင်ထွက်မလာခဲ့ချေ။ သွမ့်လင်က သူ့အကြောင်းအား မည်သို့ရှင်းပြရမည်ကို ဝေခွဲမရဖြစ်နေစဥ် လျိုရိက သူ့ထက်ပို၍သွက်လက်စွာ ထုတ်ပြောခဲ့၏။ လုရှိုးဝမ်က မိစ္ဆာဂိုဏ်း၏ မိစ္ဆာအတတ်ဖြင့် ထိန်းချုပ်ခြင်းခံခဲ့ရပြီး ယခုဆိုလျှင် မိမိ၏ဖြောင်းဖြပြောဆိုမှုကြောင့် အလင်းဝင်ကာ လမ်းမှန်ကိုပြောင်းလဲတော့မည် ဟူ၍ပင်။
လင်ထျန်းဖူက ပြောဆိုရခက်သည့် စာအုပ်ကြီးသမား မဟုတ်သည့်အပြင် လုရှိုးဝမ်ကလည်း သွမ့်လင်ဆီမှ အကြောပိတ်ခံထားရပြီးဖြစ်၍ (လင်ထျန်းဖူက) နက်နက်နဲနဲ လိုက်မတွေးတော့ချေ။
သူတို့က ရက်အနည်းငယ်ကြာ ခရီးနှင်ခဲ့ရသဖြင့် ခရီးပန်းကာ နွမ်းနယ်နေကြသည်။ ထို့ကြောင့် ညဦးပိုင်းရောက်သည်နှင့် စောလျင်စွာ အနားယူရန်ပြင်ဆင်ကြတော့၏။ လျိုရိက ဆက်ပြောချင်နေသည့်စကားလုံးများစွာကို ရင်ထဲပြန်သိမ်းဆည်းလိုက်ပြီး ဆရာဖြစ်သူကို တစ်ခန်းတည်းနေရန် ဆွဲခေါ်သွားသည်။ လင်ထျန်းဖူသည်ကား နံဘေးကပ်လျက်တွင် တစ်ခန်းယူ၍ အိပ်လေ၏။
သွမ့်လင်လည်း စဥ်းစားတွေးတောရင်း မိမိအခန်းသို့ ပြန်လာခဲ့လိုက်သည်။
လုရှိုးဝမ်က မီးအိမ်ကိုထွန်းထားဆဲဖြစ်ပြီး အလင်းရောင်အောက်တွင် စာထိုင်ဖတ်နေသည်။ သူဝင်လာသောအခါ ခေါင်းမော့ကြည့်ပြီး ပြော၏။
"သူရဲကောင်းသွမ့်၊ မျက်နှာမသာမယာနဲ့ ဘာတွေများ စိုးရိမ်ပူပန်နေတာလဲ"
သွမ့်လင်က စကားမဆိုဘဲ သူ့ကို ငေးကြည့်နေသည်။
"ကြည့်ရတာ ငါနဲ့သက်ဆိုင်နေမယ်ထင်ရဲ့"
လုရှိုးဝမ်က ကိုယ့်ကိုယ်ကိုယ် လက်ညှိုးညွှန်လိုက်ရင်း -
"မှန်းကြည့်ရအောင်။ ခုနက အခန်းဝကနေ တစ်ချက်ကြည့်လိုက်တော့ ဒီနေ့ရောက်လာတဲ့ လူနှစ်ယောက်ကိုတွေ့တယ်။ ခြေလှမ်းတွေက ပေါ့ပါးသွက်လက်ပြီး မျက်လုံးအကြည့်ပြတ်သားပုံထောက်ရင် ကျွမ်းကျင်တဲ့ သိုင်းပညာရှင်တွေပဲဖြစ်ရမယ်။ တစ်ယောက်က ရှောင်လျိုရဲ့ဆရာ။ နောက်တစ်ယောက်ကလည်း နယ်နယ်ရရမဟုတ်နိုင်ဘူး။ မင်းတို့တံခါးပိတ်ပြီး အကြာကြီးစကားပြောနေကြတာက လက်ဝဲအရှင်ကိုနှိမ်နင်းဖို့ နည်းလမ်းရှာနေကြတာပဲဖြစ်ရမယ်။ အင်း၊ မနက်ဖြန်ဆိုရင် ခရီးဆက်ကြတော့မှာပဲ။ ဒီတော့ ငါ့ကို မင်းနဲ့အတူ ခေါ်သွားသင့်လား၊ မခေါ်သွားသင့်လားတွေးပြီး အခက်တွေ့နေတာ၊ ဟုတ်တယ်မလား။"
မှန်၏။ မိစ္ဆာဂိုဏ်းသို့သွားမည့်ခရီးက ဆယ်ရက်မျှကြာမြင့်ဦးမည်။ အကယ်၍ လုရှိုးဝမ်ကို အတူခေါ်သွားပါလျှင် လမ်းတစ်ဝက်၌ လွတ်သွားမည်ကို စိုးရိမ်ရ၏။ လုရှိုးဝမ်က ဆက်နေပါလျှင်လည်း သူ့ကို မည်သည့်နေရာတွင် ထားရမည်ကို မသိပြန်ချေ။
သွမ့်လင် မနေနိုင်စွာ မျက်မှောင်ကြုတ်မိသည်။
လုရှိုးဝမ်က သူ့မျက်ခုံးနှစ်ဖက်ကြားကို လက်ညှိုးလေးဖြင့် အသာထိတွေ့လိုက်ပြီး -
"တကယ်တော့ ဒီကိစ္စက အရမ်းလွယ်ပါတယ်။ ငါက မင်းရဲ့လက်ခုပ်ထဲမှာရှိနေပြီပဲ။ ဘယ်လိုစီရင်မလဲဆိုတာက မင်းအပေါ်မူတည်တယ်။ မင်းလုပ်ရမှာက....."
သူက ပြောရင်း သွမ့်လင်၏အနားကိုတိုးလာပြီး နွေးထွေးသောလေတစ်ချက်ကို သူ့လည်တိုင်နံဘေးတွင် ညင်သာစွာ ရှိုက်ထုတ်လိုက်သည်။ သူ့အသံမှာလည်း ပုံမှန်အချိန်များထက် သာ၍တိုးဖွနေခဲ့ပြီး -
"ငါ့ကို ကုတင်ပေါ်က မဆင်းနိုင်အောင် လုပ်လိုက်ရင် ရပြီမဟုတ်လား"
သွမ့်လင်၏မျက်နှာက ပူနွေးသွားပြီး လုရှိုးဝမ်၏လက်ကို ဖမ်းဆုပ်လိုက်သည်။
"ခင်ဗျား မဟုတ်တာတွေ မလုပ်ပါနဲ့"
"မဟုတ်မှလွဲရော ငါအထင်မှားမိတာများလား။ သူရဲကောင်းသွမ့်က ငါ့ရဲ့ဒီမျက်နှာကို မနှစ်သက်ဘူးလား။"
လုရှိုးဝမ်ကပြောရင်း သွမ့်လင်၏မျက်နှာနှင့် ပိုနီးကပ်အောင် တိုးလာခဲ့သည်။ သူတို့နှစ်ဦးကြားမှ အကွာအဝေးက နီးကပ်လွန်းလှ၍ နှလုံးသားကို မရိုးမရွဖြစ်စေသည်အထိပင်။
သွမ့်လင်က အဘယ်မှာ မနှစ်သက်နိုင်ပါအံ့။
မည်မျှနှစ်သက်စုံမက်ရသည်ကို အကြိမ်ထောင်သောင်းချီပြောပြလို၍ သူ့စိတ်နှလုံးမှာ ရူးသွပ်လုနီးနီးပင်။ တောင်ကြားဆီမှ သေရည်မူးယစ်နေခဲ့သည့်တစ်ညတွင် သူနှင့်လုရှိုးဝမ်တို့ ကိုယ်လက်နှီးနှောခဲ့စဥ်က အထိအတွေ့များကို ပြန်တွေးမြင်မိသည်နှင့် သူ့ခန္ဓာက မထိန်းချုပ်နိုင်စွာ ပူပြင်းလာတော့သည်။
သွမ့်လင်က တောက်လောင်နေသည့်ဆန္ဒတို့ကို ဖိနှိပ်ထိန်းချုပ်ကာ လုရှိုးဝမ်ကိုပြောလိုက်၏။
"အချိန်မစောတော့ဘူး။ ခင်ဗျား အနားယူသင့်ပြီ။"
လုရှိုးဝမ်က မျက်လုံးများကွေးညွှတ်သွားသည်အထိ ရယ်လိုက်ရင်း -
"သူရဲကောင်းသွမ့်က ငါနဲ့အတူမအိပ်ဘူးလား"
"ကျွန်တော် ကိစ္စရှိသေးလို့။ အပြင်ခဏထွက်လိုက်ဦးမယ်။"
ပြောပြီးနောက် လှည့်ထွက်ခဲ့သည်။
သို့သော် သူ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် နောက်ဘက်ဆီမှလက်တစ်စုံက သူ့ခါးကို မြဲမြံစွာ ရစ်ပတ်ချိတ်တွယ်လာခဲ့၏။
သွမ့်လင်က ချောင်းအသာဟန့်လိုက်ပြီး -
"လက်ဖယ်ပေးပါ"
လုရှိုးဝမ်က ဖယ်မပေးရုံတင်မက တစ်ကိုယ်လုံးမှီချလာပြီး နူးညံ့သောနှုတ်ခမ်းများဖြင့် သူ့ဂုပ်ပိုးကို အသာအယာအနမ်းခြွေသည်။ ထို့နောက် လျှာဖျားလေးထုတ်ကာ လျက်လိုက်လေ၏။
သွမ့်လင်၏နောက်ကျောတလျှောက် ထုံကျဥ်သွားပြီး လုရှိုးဝမ်က အားမသုံးထားသည့်တိုင် ခြေတစ်လှမ်းပင် လှမ်းမရတော့ချေ။
လုရှိုးဝမ်က သူ့ကို ဤသို့ပွေ့ဖက်ထားရင်း ခပ်တိုးတိုးခေါ်သည်။
"ကိုကြီးသွမ့်....."
သွမ့်လင်ခန္ဓာကိုယ်က တောင့်တင်းသွား၏။
"ငါ ခန့်မှန်းတာ မှားသွားပြီလား။ မင်းချစ်ရတဲ့သူက ဒီလိုခေါ်တာမဟုတ်ဘူးပေါ့။"
လုရှိုးဝမ်က တခဏတွေးလိုက်ပြီး အမည်နာမကို ပြောင်း၍ ခေါ်ဆိုလိုက်၏။
"အားလင်"
သွမ့်လင်၏တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။ ထိုအသံက သူ၏အလုံးစုံသောအားအင်တို့ကို စုပ်ယူလိုက်သည့်အလား နှလုံးသားမှာလည်း အထိန်းအကွပ်မဲ့ ခုန်လှုပ်လာခဲ့လေ၏။
လုရှိုးဝမ်က မိမိခန့်မှန်းချက်မှန်သွားကြောင်း သတိထားမိသောအခါ ဆက်၍မေးသည်။
"အားလင်၊ မင်း တကယ်ပဲ ငါ့ကို မနှစ်သက်ဘူးလား"
"နှစ်သက်တယ်!"
သွမ့်လင် မျက်လုံးများကိုမှိတ်ကာ နောက်သို့လှည့်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ပြီး လုရှိုးဝမ်၏နှုတ်ခမ်းကိုနမ်းရှိုက်ရင်း တိုးလျစွာဆိုသည်။
"ရှစ်ရှုန်း၊ ကျွန်တော် ခင်ဗျားကို နှစ်သက်ပါတယ်...."
သူ့တွင် အနမ်းနှင့်ပတ်သက်၍ အတွေ့အကြုံစိုးစဥ်းမျှမရှိပါချေ။ ထို့ကြောင့် မသေသပ်သောအနမ်းတို့ကို အလောတကြီးတိုး၍နမ်းရှိုက်ရင်း ထိုစကားကိုသာ ထပ်တလဲလဲရေရွတ်နေခဲ့၏။
လုရှိုးဝမ်က ပြုံးယောင်သမ်းသည့်အမူအရာကို လှစ်ဟပြလာသည်။ ထို့နောက် သူ့လည်ပင်းကို လက်ဖြင့်ဖက်တွယ်ကာ ဆွဲနှိမ့်လိုက်ပြီး အနမ်းတို့ကို လိုလိုလားလားတုံ့ပြန်တော့သည်။
အစနဂိုကပင် ရာသီဥတုမှာ ပူပြင်းနေပြီး လူနှစ်ဦး အပြန်အလှန်ဖက်တွယ်ထားသောအခါ အချိန်တခဏအတွင်း သူတို့၏ခန္ဓာကိုယ်များမှ အပူငွေ့တို့ တလှိုက်လှိုက်ထွက်ပေါ်လာသည်။
သွမ့်လင်က ဆက်ပြီးထိန်းချုပ်မထားတော့ဘဲ မျက်ဆံများက အမှောင်ထုအလား မည်းနက်နေပြီး လုရှိုးဝမ်၏နားနားသို့ကပ်ကာ ပြောလိုက်သည်။
"ကုတင်ပေါ်သွားမယ်"
လုရှိုးဝမ်က လှိုက်မောစွာ တုံ့ပြန်၏။
"ဘာတွေလောနေတာလဲ။ စားပွဲပေါ်ဆိုလည်း ပျော်စရာကောင်းပါတယ်နော်။"
ပြောရင်း ခြေအစုံကိုပင့်မြှောက်ကာ သွမ့်လင်၏ခါးကို တဖြည်းဖြည်းချိတ်တွယ်လိုက်သည်။
သွမ့်လင်၏တစ်ကိုယ်လုံးရှိသွေးများက ခန္ဓာအောက်ပိုင်းကို စီးဆင်းသွားသည့်အလား ခံစားလိုက်ရပြီး အားတစ်ချက်သုံးကာ လုရှိုးဝမ်ကို နောက်ဘက်မှ စားပွဲပေါ်သို့ ဖိချလိုက်၏။ စားပွဲပေါ်ရှိ မီးအိမ်က လှုပ်ခါသွားပြီး လုရှိုးဝမ်၏ချောမောကြည့်ကောင်းသောမျက်နှာနှင့် ရေပြင်လိုကြည်လင်လှသည့် မျက်ဝန်းများကို ထင်ဟပ်သွားသည်။
သွမ့်လင်က ညှို့ယူဖမ်းစားခံလိုက်ရသည့်အလား ခေါင်းငုံ့ကာ ထိုသူ၏မျက်လုံးလေးများကို အနမ်းဖွဖွခြွေမိသည်။
လုရှိုးဝမ်က ရယ်လိုက်ပြီး သွမ့်လင်၏အဝတ်များကို စတင်ချွတ်ပေးတော့၏။ သူ့လက်က ခါးထက်ကို ပွတ်သပ်နေချိန်တွင် လက်ချောင်းများက တစ်စုံတရာကို ထိတွေ့မိသွားသည်။ ဆွဲယူ၍ကြည့်လိုက်သောအခါ အမွှေးအိတ်လေးတစ်အိတ်ဖြစ်ကြောင်း မြင်တွေ့လိုက်ရ၏။ လုရှိုးဝမ်က တစ်ချက်ကြည့်ပြီးနောက် မေးသည်။
"ဟင်္သာငှက်က ဘာလို့တစ်ကောင်တည်းဖြစ်နေတာလဲ"
သွမ့်လင်က တခဏတွေဝေသွားပြီး အမူအရာက ထိုင်းမှိုင်းလာသည်။
လုရှိုးဝမ်က ချက်ချင်းရိပ်စားမိလိုက်၏။
"မင်းချစ်ရတဲ့သူ ပေးထားတာလား"
သွမ့်လင်က ပြန်မဖြေသော်လည်း ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းမည်၏။
လုရှိုးဝမ်က အလိုမကျသည့်အသံပြုကာ မျက်မှောင်ကြုတ်လိုက်ပြီး -
"ဒီအနံ့ကို ငါမကြိုက်ဘူး။ ခဏဖြုတ်ထားလိုက်။"
"မဖြစ်ဘူး"
သွမ့်လင်က သူ့လက်ကို ဆွဲ၍တားလိုက်သည်။
"ရှစ်ရှုန်းကို ကျွန်တော် ကတိပေးထားတယ်။ ဒီအမွှေးအိတ်ကို ကျွန်တော်သေတဲ့အထိ မဖြုတ်ပါဘူးလို့။"
လုရှိုးဝမ်၏နှုတ်ခမ်းများက တွန့်ကွေးသွားပြီး ထွက်ပေါ်လာသည့်အပြုံးက ဆိုးယုတ်သောအငွေ့အသက်တို့ လွှမ်းခြုံနေသည်။
"သူရဲကောင်းသွမ့်က ကုတင်ပေါ်မှာလည်း ဒီအမွှေးအိတ်ကို ချိတ်ထားချင်တာလား။ မင်းရဲ့အဝတ်တွေကို အကုန်ချွတ်လိုက်ရင် ဘယ်နေရာမှာ သွားချိတ်တော့မှာလဲ။ မဟုတ်မှလွဲရော 'အဲဒီနေရာ' မှာလား။"
ထိုစကားလုံးလေးလုံးကို သူက တမင်တကာ ဖိပြောခဲ့သည်။
သွမ့်လင်က သူဆိုလိုသည့်အရာကို သေချာပေါက်နားလည်ပြီး ဒေါသအနည်းငယ်ဖြစ်ကာ စိတ်ရှုပ်ထွေးသွား၏။ သို့တိုင်အောင် အောက်ဘက်ရှိ ထိုနေရာက သူ၏သိက္ခာမဲ့သောစကားလုံးတို့ကြောင့် တင်းမာလွန်း၍ နာကျင်လာသည်အထိပင်။
လုရှိုးဝမ်ကမူ ဆင်ခြင်တုံတရားကို မသိကျိုးကျွန်ပြုကာ သူ့ကို ပို၍ဆွပေးလာသည်။
"အားလင်၊ ဆက်ပြီးအချိန်ဆွဲနေရင် မိုးလင်းတော့မယ်နော်။"
(🚨 အောက်ပါအကြောင်းအရာများကို အသက်မပြည့်သေးသူများ ဖတ်ရှုရန်မသင့်တော်ပါ။)
သွမ့်လင်က သူ့ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး လက်များက လုရှိုးဝမ်၏အဝတ်အောက်သို့ တိုးဝင်သွားသည်။ တခဏမျှဟိုသည်စူးစမ်းနေပြီးနောက် လှုံ့ဆော်နှိုးဆွနိုင်သည့်နေရာလေးကို ရှာတွေ့သွားပြီး လက်ချောင်းများဖြင့်ဆွဲဆိတ်ကာ ပွတ်သပ်ကျီစယ်လေ၏။
"အာ့...."
လူရှိုးဝမ်က ရုတ်ချည်းဆိုသလို ထုတ်ညည်းမိပြီး သွမ့်လင်၏ကိုယ်အောက်ရှိ သူ့ခန္ဓာက စွဲမက်ဖွယ်ကောင်းစွာ နူးညံ့သိမ်မွေ့လာသည်။
သွမ့်လင်က သူ့ကိုနမ်းရှိုက်ရင်း ပြောလိုက်သည်။
"ဒီလောက်အကျယ်ကြီးညည်းလိုက်တာ၊ ဘေးအခန်းကလူတွေ မကြားမှာစိုးလို့လား။"
"ကြောင်သူတော်"
လုရှိုးဝမ်က ဆဲရေးလိုက်ပြီး ကိုယ့်လက်ကိုယ်သာ ကိုက်ထားလိုက်သည်။ နောက်တစ်ကြိမ် ညည်းသံထွက်လာချိန်တွင်တော့ သူ့အသံကို ဖိနှိပ်ထားခဲ့ပြီး ရှိုက်သံသဲ့သဲ့လေးလည်း ရောနှောပါဝင်နေခဲ့၏။
သွမ့်လင်က ဆက်မထိန်းချုပ်နိုင်တော့ဘဲ ညာလက်ဖြင့် သူ့ရင်ဘတ်ကို တခဏပွတ်သပ်ကျီစယ်ပြီးနောက် အောက်ဘက်သို့ တိုက်ရိုက်ဆင်းသွားတော့သည်။ လုရှိုးဝမ်၏အောက်ပိုင်းရှိအရာကလည်း တင်းမာနေနှင့်ပြီဖြစ်ကာ သွမ့်လင်၏အရာနှင့် အပြန်အလှန်ပွတ်တိုက်မိနေသည်။
သွမ့်လင်က သူ့ကို ကူညီ၍ ကိုင်တွယ်ပွတ်သပ်ပေးရန် ကြံရွယ်လိုက်သော်လည်း လုရှိုးဝမ်က သူ့နားရွက်ဖျားကို အသာကိုက်ရင်း ပြော၏။
"အဲဒါကို ဂရုမစိုက်နဲ့တော့။ နောက်ဘက်ကို ..... အွန်း၊ မြန်မြန်လေး...."
သွမ့်လင်က နာခံစွာ လက်ချောင်းများကို နောက်ဘက်မှတွင်းဝလေးဆီသို့ ရွေ့လျားစေလိုက်သည်။ ထိုနေရာငယ်လေးက လွန်စွာတင်းကြပ်ကာ ပူပြင်းနေသည်။ သွမ့်လင်၏လက်ချောင်းတစ်ချောင်း တိုးဝင်လိုက်သည်နှင့် တင်းကြပ်စွာစုပ်ယူထားပြီး လှုပ်၍ပင် မရတော့ချေ။
"မရဘူး။ အတွင်းထဲမှာ အရမ်းကြပ်လွန်းတယ်။ ဝင်လို့မရဘူး...."
လုရှိုးဝမ်က ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သော်လည်း စိုစွတ်ချောမွေ့အောင် အကူအညီပေးနိုင်မည့် (ချောဆီကဲ့သို့သော) အရာမတွေ့သဖြင့် ခါးကိုလှုပ်ရင်း ပြောလိုက်၏။
"အရင်ပြန်ထုတ်လိုက်ဦး"
သွမ့်လင်က သူ့လက်ချောင်းကို ပြန်ထုတ်ပေးလိုက်သည်။
လုရှိုးဝမ်က စားပွဲပေါ်မှခုန်ဆင်းလိုက်ပြီး သွမ့်လင်၏အဝတ်အနားစကိုလှန်တင်ကာ အောက်ဘက်သို့ ငုံ့လိုက်၏။
သွမ့်လင် အံ့ဩထိတ်လန့်သွားသည်။
"ခင်ဗျား ဘာလုပ်မလို့လဲ"
လုရှိုးဝမ်က အပြုံးတစ်ပွင့်နှင့်အတူ သူ့ကိုကြည့်လာပြီး -
"မင်းကို ပျော်စေမယ့်အရာပေါ့"
ပြောရင်းဆိုရင်း သွမ့်လင်၏ခါးအောက်ပိုင်းမှ တင်းမာနေသောအရာကို ငုံ့နမ်းလိုက်လေသည်။
"ရှစ်ရှုန်း.... မလုပ်နဲ့..."
သွမ့်လင် တားမြစ်လိုက်သော်လည်း သူ့အောက်ပိုင်းသည်ကား အရှက်မဲ့စွာ ပို၍တင်းမာလာခဲ့သည်။
လုရှိုးဝမ်က သူ့ကိုလျစ်လျူရှုလိုက်ပြီး လျှာကိုသုံး၍ စတင်လျက်ပေးတော့၏။ အတွင်းခံတစ်လွှာခြားနေသည့်တိုင် ထိုအရာ၏ ကြီးမားပြောင်မြောက်လှပါသောပုံရိပ်က လျင်မြန်စွာထပ်ဟပ်လာတော့သည်။
သွမ့်လင်၏နောက်ကျောက ထုံထိုင်းလာပြီး အရှက်တရားနှင့်ရောပြွန်းသည့် သာယာမှုတို့ တသိမ့်သိမ့်လှိုက်တက်လာခဲ့သည်။ ဤသို့မဖြစ်သင့်ပါကြောင်း ရှင်းလင်းစွာ သိနားလည်ထားသော်လည်း ရုန်းမထွက်နိုင်စွာ ပျော်ဝင်မိခဲ့လေ၏။