Dear Ko Ko ( Complete)
Galing kay sunray9597
32.1K 2.1K 1.6K
မောင်သာ ကိုကို ကို သစ္စာဖောက်ခဲ့ရင်..ကိုကို နာကျင်အောင်လုပ်မိခဲ့ရင်..မောင့်တစ်ဘဝလုံး အထီးကျန်ဆန်ပြီး နာကျင်မှ... Higit pa
Dear Ko Ko (Intro )
Part -1
Part -2
Part -3
Part -4 ⚠️
Part -5
Part -6
Part -7
Part -8
Part-9
Part -10
Part -11
Part -12
Part -13
Part -14
Part -15
Part -16
Part -17
Part -18
Part -19
Part -20
Part -21
Part -22
Part -23
Part -24
Part -25
Part -26
Part -27
Part -28
Part -29
Part -30
Part -31
Part -32
Part -33
Part 34
Part -35 ( Final-1)
Part -36 ( Final -2 ) Main Final
Dear Ko Ko's Reasons Of Creation
1.1K 48 44
Galing kay sunray9597
#Unicode #
" Dear Ko Ko " fic လေးက ကောင်းကောင်းမွန်မွန်နဲ့ ပြီးမြောက်သွားပါပြီ..သဲငယ်လေးတို့ Dear Ko Ko လေးက သဲရဲ့ စတုတ္ထမြောက် ဖန်တီးမှုလေးပါ..
ဇာတ်လမ်းအစ plot ချပြီးတည်းက သဲက SE လုပ်ဖို့ တွေးခဲ့တာပါ.. သဲကိုယ်တိုင်လည်း SE ကိုမကြိုက်ပေမဲ့ ရင်ထဲနင့်အောင်ခံစားရတဲ့ SE တွေကိုတော့ တစ်ခါဖတ်ပြီး ရင်ထဲသိမ်းထားတတ်တဲ့အကျင့်ရှိပါတယ်..ပထမဆုံးအနေနဲ့ SE လေးကို ဖန်တီးကြည့်မယ်ဆိုပြီး စိတ်ကူးရလို့ပါ...
တကယ်ဆို သဲက Ray of my life လေးကို SE လုပ်ဖို့တွေးခဲ့ပေမဲ့ ကူးငယ်လေးက အစတည်းက ချစ်ရသူရဲ့ အမုန်းကို ခံရတဲ့ကြားတည်း SE လုပ်လိုက်ရင် သူ့အပေါ်မတရားသလိုခံစားရလို့ပါ...ဒါ့ကြောင့် နောက်တစ်ပုဒ်မှ SE လုပ်မယ်ဆိုပြီးတွေးခဲ့တာပါ..
Magic Of Love လေးကိုတော့ နှစ်ပိုင်းသုံးပိုင်းလောက်ဘဲ ဒရမ်မာခင်းထားပြီး ကျန်တာက ပေါ့ပေါ့ပါးပါးလေးဘဲ ရေးပေးခဲ့ပါတယ်..
Dear Ko Ko လေးရေးဖြစ်ရတာက သဲရဲ့စိတ်ကူးထဲ အချစ်ရဲ့ ပုံစံအမျိုးမျိုးကို ပုံဖော်လို့ရမဲ့ ဇာတ်လမ်းလေးတစ်ခု တွေးမိခဲ့လို့ပါ..
ရိုးရှင်းပါတယ်..သဲတို့ သာမန်လူတွေမှာလည်း အချစ်ရှိသလို ..ကိုကို့ လို deaf-mute တွေမှာလည်း အချစ်ရှိပြီးခံစားချက်တွေရှိကြောင်းပြချင်လို့ပါ...သဲတို့က ချစ်ရင်ချစ်တယ် မုန်းရင်မုန်းတယ် ဖွင့်ပြနိုင်ပေမဲ့ deaf-mute တွေကတော့ တော်ရုံဖွင့်မပြနိုင်ကြဘူးလို့ထင်ပါတယ်..ခေတ်မီကိရိယာတွေသုံးနိုင်တဲ့ deaf-mute တွေကတော့ သာမန်လူလိုလိုက်လျောညီထွေနေနိုင်ပေမဲ့ အကူကိရိယာမပါတဲ့ deaf-mute တွေကတော့ လောကကြီးထဲမှာ ဘေးကွဲထွက်နေတဲ့ အမှုန်အမွှားလေးတွေလိုတည်ရှိနေကြောင်း မက်ဆေ့ခ်ျလေးပေးချင်လို့ပါ...
သဲတို့ သာမန်လူတွေက ချို့ယွင်းချက်ရှိတဲ့လူတွေကို နားလည်ပေးနိုင်တယ်လို့ ကိုယ့်ကိုယ်ကို ခံယူထားပေမဲ့ လက်တွေ့မှာတော့ လူအနည်းစုသာ သူတို့ကို တကယ်နားလည်ပေးနိုင်ပါတယ်..ဥပမာ- မောင့်ရဲ့ ကာရိုက်တာ သဘာဝကိုကြည့်ရုံနဲ့သိနိုင်ပါတယ်...
~
~
ဟုတ်ပြီ...ဇာတ်ကောင်လေးတွေအကြောင်း သဲနဲ့အတူဆွေးနွေးကြည့်ကြမယ်နော် သဲငယ်လေးတို့ရဲ့အတွေးတွေကိုလည်း feedback or comment ပေးလို့ရတယ်နော်...
ပထမဦးဆုံးအနေနဲ့ ကင်မ်ထယ်ယောင်း ( သို့ ) မောင်..
သဲငယ်လေးတို့ fic တစ်လျှောက်လိုက်ပါစီးမျှောလာရင် အစပိုင်းကနေအလယ်လောက်ထိ မောင့်ရဲ့အချစ်တွေကို တွေ့ရပါလိမ့်မယ်...မောင်က သူ့ရဲ့ကိုကို့အပေါ်မှာ မြင်မြင်ချင်းအချစ်ကိုမှ သနားခြင်းဟူသည့် ဂရုဏာစိတ်ကလေးပေါင်းထည့်လိုက်တဲ့အခါမှာ သူဟာ ကိုကို့ကို အရူးအမူးချစ်ခဲ့တဲ့လူတစ်ယောက်ဖြစ်လာခဲ့တယ်..
ပြီးတော့ မောင့်ရဲ့ ကာရိုက်တာက overthinking ပါ.. သတိထားမိကြမယ်လို့ထင်ပါတယ် သဲငယ်လေးတို့.. သဲက ficကိုဖန်တီးတာက လက်တန်းချရေးပေမဲ့ မအပ်ခင် သုံးခေါက်လောက်စစ်ပြီးမှ အပ်တာပါ..ဒါ့ကြောင့် မောင့်ရဲ့ ကာရိုက်တာကို ပေါ်လွှင်အောင် ပုံဖော်ထားပါတယ်..ဒါပေမဲ့ သဲငယ်လေးတို့ သတိမထားမိရင်တော့ သဲရဲ့အရေးအသားလိုအပ်သေးလို့ပါ..
လက်တန်းချရေးလို့ သဲကို ပေါ့ပျက်ပျက်နိုင်ထယ်မထင်စေချင်ပါဘူး ..သဲက အလုပ်လုပ်နေရတာပါ ရတဲ့အချိန်လေးကို အမှီယူပြီး wattpad ထဲမှာတန်းရေးရတာပါ...စာအုပ်ထဲမှာချရေးပြီး ပြင်ဆင်ဖို့အချိန်မရခဲ့လို့ပါ..လက်တန်းတွေဘဲဖြစ်ခဲ့လို့ စိတ်ကျေနပ်မှုမပေးနိူင်မှာ အရမ်းစိုးရိမ်မိပါတယ်..
ကဲ..မောင့်ရဲ့ အကြောင်းလေးဆက်ပြောရအောင်..
မောင်ရဲ့ ကာရိုက်တာကို သဲက ဖန်တီးရာမှာ Ray of my life ထဲက ထယ့်ရဲ့ ကာရိုက်တာလို လူမုန်းမများစေချင်ပါဘူး..အပြင်က ထယ့်နဲ့မဆိုင်ဘူးနော် fiction ထဲမှာ သဲရဲ့ ဖန်တီးထားတဲ့ ဇာတ်ကောင်ရဲ့ ကြမ်းတမ်းမှုအရ သဲငယ်လေးတို့က ကူးငယ်ဘက်က ဇာတ်နာပြီး ထယ့်ကို အပြစ်မြင်တာနားလည်ပါတယ် လက်တွေ့နဲ့ မရောကျပါနဲ့နော်....
‌မောင့်ရဲ့ ကာရိုက်တာလေးကို ROML ထဲက ထယ့်ရဲ့ ကာရိုက်တာနဲ့ ကွဲပြီးမြင်စေချင်လို့ပါ..ပြီးတော့ မောင်က အချစ်ကြီးတဲ့သူမို့ သူ့ကို စာဖတ်သူတွေရဲ့ အမုန်းမခံရအောင် အပြစ်တင်မခံရအောင် တော်တော်ကြိုးစားခဲ့ပါတယ်..ဘာကြောင့်လဲဆို မောင်ကလည်း သူ့နည်းနဲ့သူသနားဖို့ကောင်းတယ်လို့ထင်လို့ပါ..
ဒါ့ကြောင့် သဲ မောင့်ရဲ့ကာရိုက်တာနဲ့ မောင့်ရဲ့အတွေးတွေကို သေချာလေးရေးခဲ့တာပါ..သဲက စာရေးရင် စာရေးသူအနေထက် စာဖတ်သူတစ်ယောက်အနေရဲ့ အမြင်နဲ့ဘဲရေးတာပါ..ကိုယ်ကိုယ်တိုင်နားလည်သလို စာဖတ်သူတွေလည်း နားလည်နိုင်ဖိူ့က ခံစားချက်ချင်းတူအောင် ရေးမှရမယ်ထင်လို့ပါ..
မောင့်ရဲ့ ကာရိုက်တာက ကိုကို့ကိုအရမ်းချစ်ပေမဲ့ သူ့ကိုယ်သူ ကိုယ့်ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံတယ်လို့ ခံယူထားပေမဲ့ တကယ်တမ်း ဟာနူးလေးကပါ ကိုကိုနဲ့တူနေတော့ သူအရမ်းတုန်လှုပ်သွားတာသိကြမှာပါ..
ဒါကလည်း မောင့်ကို အပြစ်မြင်လို့မရပါဘူး ချစ်ရလွန်းလို့လာ ချို့ယွင်းချက်ကို မျက်ကွယ်ပြုထားပေမဲ့ သူ့ရဲ့မျိုးဆက်မှာတော့ သူဟာ deaf-mute မျိုးမလိုချင်ခဲ့ပါဘူး ဒါပေမဲ့ ဟာနူးလေးကိုလည်း သူ့နဲ့ ချစ်ရသူရဲ့သွေးသားလေးမို့ လက်ခံခဲ့ပါတယ် ဖခင်မေတ္တာ အပြည့်ပေးခဲ့တယ်...
သဲတို့တောင် ထယ့်နေရာမှာ အဲ့လိုကိစ္စကို လက်ခံနိုင်ဖို့ဆိုတာ ခဲယဉ်းပါတယ်..အမှားကိုလက်ခံနိုင်ပေမဲ့ နောက်အမှားတော့မဖြစ်လာနိုင်အောင် မောင့်လို တားဆီးကျမှာအမှန်ဘဲလေ..
မောင်က ကိုကို့ကို တားဆေးတိုက်ရတာ ဒီအချက်တွေကြောင့်ပါ..
၁- ကိုကိုမွေးလာမဲ့ကလေး‌တွေဟာ ကိုကိုမျှော်မှန်းထားသလို သာမန်ကလေးမဟုတ်ဘဲ နူးနူးလေးလိုဖြစ်နေရင် ကိုကိုနာကျင်ရမှာဆိုးလို့..မျှော်လင့်တကြီးကြိုးစားပြီးမှ အရာမထင်ရင် ကြိုးစားတဲ့သူကသာ အထိနာဆုံးဆိုတဲ့အတွေးကြောင့်ပါ
ဒီအတွေးလေးက မောင်ဟာ ကိုကို့အပေါ်မှာ အရမ်းချစ်တဲ့စိတ်ကြောင့်ဖြစ်သွားတာပါ..
၂- သူ့တို့ရဲ့ ကလေးတိုင်းဟာ deaf-mute ဖြစ်နေရင် အသက်ရှင်သန်ဖို့ ခက်ခဲမှာဆိုးလို့....သာမန်လူလို အကြားအာရုံနဲ့ စကားပြောစွမ်းရည်မရှိတာဟာ လူတစ်ယောက်ရဲ့ အဓိက အစိတ်အပိုင်းတွေကို ဖြတ်ထားသလိုပါဘဲ ခွဲခြားဆက်ဆံခံရပြီး လူလူချင်းဖိနှိပ်မှုတွေကြုံရမယ်ဆိုတဲ့ အတွေးကြောင့်
ထယ့်ရဲ့အတွေးတွေက ကောင်းမွန်ပေမဲ့ လုပ်ဆောင်ချက်တွေက မှားယွင်းသွားတာပါ..သူအတွေးလေးတွေက ကိုကိုနဲ့ ရင်သွေးလေးတွေအတွက်ဘဲ တွေးခဲ့တာပါ အဲ့ဒါကလည်း သူ့ရဲ့အချစ်ကြောင့်..
သဲတို့ဝောာင် လူတစ်ယောက်ရဲ့ ဆန္ဒကို မမေးဖြစ်ဘဲ ကိုယ့်အတွေးနဲ့ကိုယ် ဒီလိုလုပ်ရင်သူ့အတွက်ကောင်းလောက်တယ်ဆိုပြီး လုပ်ဆောင်ပေးတတ်တာရှိပါတယ်..ဒါပေမဲ့ ကိုယ့်အတွေးထဲကောင်းပေမဲ့ တစ်ဖက်လူရဲ့ ခံစားချက်ကို မစဉ်းစားဘဲလုပ်တာဟာ အမှားတွေကိုကျူးလွန်တာလို့ထင်ပါတယ်..
သဲလည်း overthinking တစ်ယောက်ပါ..သဲကိုယ်တိုင်လည်း လုပ်ဖူးပါတယ်...သူ့ဆန္ဒကို မမေးဘဲ သဲရဲ့အတွေးနဲ့တင် ကောင်းတယ်ဆိုပြီး လုပ်ပေးဖူးပါတယ် ဒါပေမဲ့ ဆိုးရွားခြင်းကိုဘဲဖြစ်စေခဲ့တယ် ဘာကြောင့်ဆို သဲက သူ့ရဲ့ဆန္ဒအမှန်ကို နားမလည်ခဲ့ဘူးလေ..
အဲ့လိုဘဲ မောင်ကလည်း overthinking တစ်ယောက်အနေနဲ့ ကိုယ့်အတွေးတွေနဲ့ စိုးရိမ်ပြီး ကိုကို့ရဲ့ ခံစားချက်နဲ့ ကိုကို့ဆန္ဒကို မြင်အောင်မကြည့်မိဘဲ အမှားကိုလုပ်ခဲ့တာပါ..
မုန်းလို့လုပ်တဲ့အမှားထက် ချစ်လွန်းလို့ လုပ်ခဲ့တဲ့အမှားက ပြင်ယူဖို့ခက်တယ်ဆိုတာ မောင်တို့ရဲ့ အကြောင်းကိုဖတ်ရင်သိမှာပါ..
မောင်ဟာ ကိုကိုနဲ့ပတ်သက်ပြီး နောက်ဆုံးအချိန်ထိ အတ္တကြီးကြီးနဲ့ ချစ်ခဲ့တာကို တွေ့ရမှာပါ..
အချစ်က ပူလောင်စေတယ်ဆို မောင့်ရဲ့အချစ်က ကိုယ်ကိုယ်တိုင်ထက် ချစ်ရသူကိုပူလောင်စေတဲ့ အတ္တချစ်ခြင်းတစ်မျိုးပါ..
~
~
ဂျွန်ဂျောင်ဂု( သို့ ) ကိုကို~
ကိုကို့ရဲ့ ကာရိုက်တာလေးက မရှိသလောက်ရှားပါတယ်..ဖန်တီးဖို့ဆိုတာလည်း သူ့ရဲ့ပြောဆိုမှုအပိုင်းက သာမန်ဇာတ်ကောင်နဲ့ယှဉ်ရင် ခက်ခဲပါတယ် .. deaf-mute တစ်ယောက်မို့ ခံစားချက်တွေကို အလွယ်တကူထုတ်ပြလို့မရတာမို့ ထိန်းပြီးရေးခဲ့ရပါတယ်..
ဥပမာ- ကိုကိုနဲ့မောင် ကြည်နူးခန်းလေးတွေ ကလေးကိုချော့မြူခန်းလေးတွေမှာ သာမန်စုံတွဲဆို စကားလေးတွေရွှန်းရွှန်းဝေပြီး အလှဆုံးပုံဖော်ရေးနိုင်ပေမဲ့ ကိုကိုရဲ့ ကာရိုက်တာ အခက်အခဲကြောင့် သဲ ပီပီပြင်ပြင်မရေးနိုင်ခဲ့ဘူးလို့ခံစားရတယ်..
ပြီးတော့ သဲငယ်လေးတို့ သတိထားမိကြလားမသိဘူး..သဲDKK လေးကို စရေးတည်းက ကိုကို့ရဲ့ ခံစားချက်ထက် မောင့်ရဲ့ခံစားချက်နဲ့အတွေးတွေကို ဦးစားပေးရေးခဲ့တယ်ဆိုတာ..တစ်ခါတစ်လေမှ ‌ကိုကို့ရဲ့ ခံစားချက်နဲ့ အတွေးလေးတွေထည့်ရေးဖြစ်ပါတယ် ..အဲ့ဒါကလည်း ‌ဇာတ်သိမ်းခါးနီး လေးငါးပိုဒ်လောက်မှာ ကိုကို့ရဲ့ခံစားချက် only ရေးချင်လို့ပါ ပြီးတော့ အဆုံးသတ်မှာ ကိုကို့ရဲ့ ဒိုင်ယာရီလေးထည့်ချင်လို့ ရှေ့ပိုင်းမှာ ကိုကို့ရဲ့ခံစားချက်တွေကို သိပ်ပြီးပုံမဖော်ခဲ့တာပါ...
ကိုကို့ရဲ့ ကာရိုက်တာလေးက အေးချမ်းပါတယ်..ကိုကို့ရဲ့အချစ်ကလည်းဖြူစင်တယ်..ကိုကိုဟာ မောင့်မျက်နှာ တစ်ကမ္ဘာလုပ်ပြီး ရှင်သန်ခဲ့တာပါ..ကိုယ်ယုံကြည်ရဆုံးသူ ချစ်ရဆုံးသူက ခွင့်မလွှတ်နိုင်တဲ့ အနှားတစ်ခုကျူးလွန်လိုက်တဲ့အခါ သူခံစားချက်တွေက ပြင်းထန်လာပြီး ဖွင့်မပြနိုင်တော့ မြိုသိပ်ရင်း နှလုံးရောဂါဖြစ်စေခဲ့ပါတယ်
ကိုကိုတို့လို လူတွေက သာမန်လူတွေထက် အငြိုးကြီးပြီး စိတ်နာကျည်းတတ်ပါတယ်
ပြီးတော့ ကိုကိုဟာ မောင့်ရဲ့ ကိုကိုတင်မဟုတ်ဘဲ ကလေးတွေရဲ့ ပါးပါးပါ..သူကိုယ်တိုင်ဝမ်းနဲ့လွယ်ထားရတဲ့ကလေးတွေမို့ ယောကျာ်းလေးဆိုပေမဲ့ မိခင်စိတ်အပြည့်ရှိပါတယ်..
မွန်မြတ်ပြီးဖြူစင်ကြီးမားတာက မိဘမေတ္တာပါ..
မိခင်စိတ်အပြည့်နဲ့ ရင်သွေးတွေကို ချစ်ခဲ့တဲ့ကိုကိုဟာ မိခင်တစ်ဦးနဲ့မထူးမခြားနားပါ ဒါ့ကြောင့် မောင်လုပ်ခဲ့တဲ့အမှားက ကလေးတွေနဲ့သက်ဆိုင်သွားတော့ မိခင်စိတ်ကလွှမ်းသွားပြီး စိတ်နာသွားတာပါ..မိခင်တစ်ယောက်က ကိုယ့်သားသမီးကို ထိခိုက်စေတဲ့ မည်သူ့ကို မဆို အသည်းခိုက်အောင်မုန်းပြီး နာကျည်းတတ်ပါတယ် ကိုယ့်ရင်သွေးမို့ အသက်နဲ့လောင်းကြေးထပ်ပြီး မွေးဖွားခဲ့သူပါ ကိုယ့်အသက်ကို မမှု့လို့မွေးခဲ့တဲ့ကလေးဒါမှမဟုတ် မွေးဖို့ဆုံးဖြတ်ထားတဲ့ ရင်သွေး ဆုံးရှုံးသွားရင် သူတို့ကမ္ဘပျက်သလိုခံစားရပါတယ်..
အပြင်လောကမှာလည်း အရမ်းချစ်ကြတဲ့ ဇနီးမောင်နှံတွေဟာ ကလေးဆုံးရှုံးရလို့ ကွဲကွာပြီး ရန်သူတွေလိုဖြစ်သွားကြတာရှိပါတယ်..
အဲ့လိုဘဲ မောင့်ကို ချစ်တဲ့အချစ်ထက် မိခင်မေတ္တာက အနိုင်ယူသွားတော့ ကိုကိုက မောင့်ကို စိတ်နာပြီးမုန်းသွားတာပါ..
ပိုဆိုးတာက ကိုကိုက ခံစားချက်တွေကို ထုတ်မပြနိုင်တော့ သု့စိတ်ထဲမှာ အရမ်းဝမ်းနည်းသွားတာပါ..နားလည်ပေးနိုင်သူလို့ထင်ထားတဲ့ မောင့်ဆီက အကြမ်းဖက်လုနီးနီးခံရတာကြောင့် နာကျည်းစိတ်နဲ့တစ်ပြိုင်တည်း ဝမ်းနည်းစိတ်က ပေါ်လာတာပါ..
ကိုကို့ရဲ့ ကာရိုက်တာ အပြုအမှုလေးကို စကားလုံးအများကြီးနဲ့ပုံမဖော်နိုင်လို့ နားလည်ပေးပါ...
ပြီးဝောာ့ သဲရေးတဲ့ ကိုကို့ရဲ့ ကာရိုက်တာလေးကို ဖတ်ရတာ စာဖတ်သူတို့အတွေးထဲမှာ ကိုကိုဟာ deaf-mute ( ဆွံ့အနားမကြား )တစ်ယောက်အနေနဲ့တွဲပြီးမြင်မိလားဆိုတာသိချင်ပါတယ်နော်..
ဘာကြောင့်လဲဆို ဆွံအနားမကြားတစ်ယောက်အနေနဲ့ ပုံဖော်ထားပြီး စာဖတ်တဲ့အခါ ဆွံ့အနားမကြားတစ်ယောက်ရဲ့ အငွေ့အသက်တွေမခံစားရရင် fic က အဓိပ္ပာယ်မရှိသလိုဖြစ်သွားမှာဆိုးလို့ပါ အဲ့လိုဆို သဲရေးတာက ညံ့သေးလို့ပါ သဲရဲ့ fic character က လိုအပ်ချက်တွေရှိသေးလို့ပါ..
အရန်ဇာတ်ကောင်တွေဖြစ်ကြတဲ့ ကင်မ်ထယ်မင် ၊ကင်မ်ချယ်ယောင်း၊ဂျွန်ဂျောင်းဝန်း၊ဂျွန်ဆွန်းဂျီ ၊ကင်မ်ဟာနူး ၊ဒေါ်ကြီးဂျူး....
အဲ့ဇာတ်ကောင်တွေဟာလည်း သူဖန်တီးမှုနဲ့သူရှိပါတယ်နော်
မောင့်ရဲ့မိဘတွေ ဖြစ်တဲ့ ထယ်မင်နဲ့ ချယ်က မောင့်အပေါ်မှာ သူငယ်ချင်းနဲ့တူပြီး နွေးထွေးပြီး အရမ်းချစ်ပေးတဲ့ မိဘတွေပါ အရာရာမှာ ပွင့်လင်းစေပြီး သားအပြစ်လုပ်တာတောင် သူတို့သား အပြစ်လုပ်ရတဲ့အကြောင်းရင်းကို မြင်အောင်ကြည့်ပြီး သားကို အပြစ်တင်ဖို့ထက် လမ်းမှန်ရောက်အောင် ညွှန်ပြပေးချင်တဲ့ မိဘအချစ်ပါ...
ကိုကိုရဲ့မိဘတွေကတော့ ကိုကို့ရဲ့ဖြစ်တည်မှုကို လက်ခံပေးပြီး တစ်ဘဝလုံး နွေးထွေးမှုတွေ လုံခြုံမှုတွေပေးအပ်ပြီး ဂရုစိုက်စောင့်ရှောက်ခြင်းတွေနဲ့ ပြုစုပျိုးထောင်ခဲ့တဲ့ မိဘတွေပါ...အချိန်ပြည့် ကိုကို့ဘဝလေးလုံခြုံဖို့ စိုးရိမ်ပူပန်မှုတွေနဲ့ အကောင်းဆုံးစောင့်ရှောက်မှုတွေပေးနိုင်အောင် ကိုကို့လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်အောင် ကြိုစားနေတဲ့ အဖြည့်ခံ အချစ်မျိုးပါ..
ဟာနူးလေးကတော့ ကလေးပီပီ ချစ်စရာအမူအရာလေးတွေရှိပေမဲ့ မွေးရာပါချို့ယွင်းမှုကြောင့် အေးချမ်းတဲ့ကလေးမလေးတစ်ယောက်ပါ..သူဟာ မိဘတွေရဲ့မျက်နှာကိုကြည့်ပြီး သိတတ်နားလည်တဲ့ကလေးတစ်ယောက်မို့ အားလုံးက သနားခြင်းနဲ့အတူချစ်ခဲ့ပါတယ်..
ဂျုးကတော့ အိမ်အကူပေမဲ့ သစ္စာစောင့်သိခြင်းကို ပြခဲ့ပါတယ် သွေးသားမတော်စပ်ပေမဲ့ အနေကြာလာတော့ မိသားစုလိုခင်တွယ်ပြီး လိုအပ်တာတွေကို လုပ်ကိုင်ပေးချင်တဲ့ သစ္စာရှိအလုပ်သမားတစ်ယောက်အနေနဲ့ပုံဖော်ခဲ့တာပါ..
ပြီးတော့ မောင့်ရဲ့မိဘတွေဟာ မြေးမလေးကို ဘာဘဲဖြစ်ဖြစ် လက်ခံပေးခဲ့ပြီး သားအချစ်မြေးအနှစ်ဆိုတဲ့ အတိုင်း ချို့ယွင်းချက်ရှိလည်း ဖိန့်ဖိန့်တုန်အောင်ချစ်ခဲ့တယ်ဆိုတာ သဲငယ်လေးတို့ ဖတ်တဲ့တစ်လျှောက်သိခဲ့မယ်လို့ထင်ပါတယ်..
ဒီတော့ " Dear Ko Ko "လေးမှာ မတူညီတဲ့ ဇာတ်ကောင်တွေရဲ့ မတူညီရဲ့စိတ်နေသဘောထားနဲ့ ချစ်ခြင်းမေတ္တာတွေကို တွေ့မြင်နိုင်လိမ့်မယ်လို့ထင်ပါတယ်...
သဲ နောက်တစ်ခါ SE လုပ်ဖို့ဆို တော်တော် စဉ်းစားရမယ်လို့ထင်ပါတယ်.. Dear Ko Ko လေးမှာ သဲ တော်တော် pressure ရသွားပါတယ်..ဘာကြောင့်လဲဆို ရင်းနှီးမှုမရှိတဲ့ ကိုကို့ရဲ့ကာရိုက်တာကြောင့် အခက်တွေ့ခဲ့ရပါတယ်..ရေးရင်းတစ်လျှောက် ကောင်းကောင်းမွန်မွန် ဇာတ်သိမ်းနိုင်ပါ့မလား ပေါ်လွှင်အောင်ရေးနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေရှိခဲ့ပါတယ် SE ကြီးဖြစ်လို့ စာဖတ်သူတွေစိတ်ပျက်သွားမှာလည်းစိုးရိမ်မိပါတယ် အခက်ခဲတွေကြားက အကောင်းဆုံးကြိုးစားပြီးရေးပေးခဲ့တာ ပြီးဆုံးသွားပါပြီ..
အစအဆုံး လိုက်ပါစီးမျောပေးပြီး votes, feedback and comment တွေပေးခဲ့လို့သဲငယ်လေးတို့ကိုကျေးဇူးအများကြီးတင်ပါတယ်..SE မှန်းသိသိရဲ့နဲ့ on going လိုက်ပေးခဲ့လို့ အရမ်းကျေးဇူးတင်မိပါတယ်..
နှစ်ရက်လောက်ကြာရင် one shot လေးနဲ့ ပြန်ပြီးချော့ပေးပါ့မယ် ချိုချိုအီအီလေးပေါ့
ဒါပေမဲ့ သဲငယ်လေးတို့ဘက်က တစ်ယောက်က မန့်မှာ fic အမျိုးအစား ဥပမာ- daddy and baby or mafia...အစရှိတဲ့ ကိုယ်ကြိုက်တဲ့ fic type လေးတွေမန့်သွားရင် နောက်တစ်ယောက်က ကာရိုက်တာရဲ့အသွင်အပြင်..ဥပမာ- အရမ်းချစ်ဖို့ကောင်းတဲ့ ကူးငယ်လေးဒါမှမဟုတ် sexy ကျတဲ့ ဂျောင်ဂု စတဲ့ ကာရိုက်တာ ပုံပန်းသွင်ပြင်ကို သေချာလေးမန့်ပေးခဲ့ပါ ကာရိုက်တာ ပုံပန်းက အားလုံးစုစုစည်းစည်းလေးနဲ့ ကြိုးစားပြီးမန့်ပေးကြပါနော် တစ်ယောက်လိုအပ်ချက်လည်းတစ်ယောက်ရေးသွားရင်းပေါ့..နောက်တစ်ချက်က ဇာတ်အိမ်ပုံကြမ်းလေး ..အဲ့ဒါလေးတွေကို နမူနာယူပြီး သဲက one shot ရေးပေးပါ့မယ် သဲနဲ့ စာဖတ်သူလေးတို့ရဲ့ စုပေါင်းဖန်တီးမှုပေါ့..
မနက်ဖြန်ကျရင် စရေးမှာမလို့ လိုချင်တဲ့ ဖတ်ချင်တဲ့ပုံစံလေးကို ဒီနေ့မန့်ပေးသွားပါနော် မနက်ဖြန် မနက်ပိုင်း ဆယ်နာရီထိ မန့်တွေဘဲယူမှာမလို့ မန့်ပေးသွားပါ..
One shot လေးပြီးမှ fic အသစ်လေးဆက်ကျတာပေါ့နော်😘
Thanks for votes, feedback and comment.
I Love my readers forever ❤️
I PURPLE YOUR 💜
______________________________________
#Zawgyi #
~
~
လက်တန်းချရေးလို့ သဲကို ပေါ့ပျက်ပျက်နိုင်ထယ်မထင်စေချင်ပါဘူး ..သဲက အလုပ်လုပ်နေရတာပါ ရတဲ့အချိန်လေးကို အမှီယူပြီး wattpad ထဲမှာတန်းရေးရတာပါ...စာအုပ်ထဲမှာချရေးပြီး ပြင်ဆင်ဖို့အချိန်မရခဲ့လို့ပါ..လက်တန်းတွေဘဲဖြစ်ခဲ့လို့ စိတ်ကျေနပ်မှုမပေးနိုင်မှာ အရမ်းစိုးရိမ်မိပါတယ်..
ဒါ့ကြောင့် သဲ မောင့်ရဲ့ကာရိုက်တာနဲ့ မောင့်ရဲ့အတွေးတွေကို သေချာလေးရေးခဲ့တာပါ..သဲက စာရေးရင် စာရေးသူအနေထက် စာဖတ်သူတစ်ယောက်အနေရဲ့ အမြင်နဲ့ဘဲရေးတာပါ..ကိုယ်ကိုယ်တိုင်နားလည်သလို စာဖတ်သူတွေလည်း နားလည်နိုင်ဖို့က ခံစားချက်ချင်းတူအောင် ရေးမှရမယ်ထင်လို့ပါ..
~
~