Dear Ko Ko ( Complete)

Par sunray9597

32.2K 2.1K 1.6K

မောင်သာ ကိုကို ကို သစ္စာဖောက်ခဲ့ရင်..ကိုကို နာကျင်အောင်လုပ်မိခဲ့ရင်..မောင့်တစ်ဘဝလုံး အထီးကျန်ဆန်ပြီး နာကျင်မှ... Plus

Dear Ko Ko (Intro )
Part -1
Part -2
Part -3
Part -4 ⚠️
Part -5
Part -6
Part -7
Part -8
Part-9
Part -10
Part -11
Part -12
Part -13
Part -14
Part -15
Part -16
Part -17
Part -18
Part -19
Part -20
Part -21
Part -22
Part -23
Part -24
Part -25
Part -26
Part -27
Part -28
Part -29
Part -30
Part -31
Part -32
Part -33
Part 34
Part -35 ( Final-1)
Dear Ko Ko's Reasons Of Creation

Part -36 ( Final -2 ) Main Final

1.8K 84 88
Par sunray9597

#Unicode #

" ကိုကို! "

ထယ်ယောင်း ရဲ့အသံကြောင့် ပြုံးပျော်နေတဲ့ ချယ်ယောင်း.. ထယ်မင်နဲ့ ဂျုးတို့ အပြုံးတွေရပ်တန့်သွားကာ...တအံ့တဩဖြစ်သွားကြ၏။

" ဒေါက်တာ...ကိုကို! ကိုကို့ အခြေနေရော..ဒေါက်တာ! ကိုကို ဘာ..ဘာမှ မဖြစ်ဘူးမလားး "

ထယ်ယောင်းက အရူးတစ်ယောက်လို တရစပ်မေးတော့ ဒေါက်တာ့ရဲ့ခေါင်းငိုက်စိုက်ကြသွားသည်။

" ဒေါက်...ဒေါက်တာ!.."

ဒေါက်တာ့ရဲ့ ပုံစံကိုကြည့်ပြီး ထယ်ယောင်စ အရမ်းထိတ်လန့်လာ၏။ချယ်ယောင်းတို့လည်း တစ်ခုခုကို သိနေသလို မျက်ရည်တွေကျလာ၏။နူးနူးလေးတောင် လိုက်ငိုနေသည်။

" ဖြေ...ဖြေပေးပါ..ကိုကို ဘာမှမဖြစ်ပါဘူးလို့.."

" စိတ်မကောင်းပါဘူး..လူနာက ကလေးအတွက် အသက်ပေးသွားတယ်..ကျွန်တော်တို့ ကယ်ဖို့ကြိုးစားပေမဲ့ လူနာက လက်လျှော့လိုက်တာပါ..လူနာဆုံးပြီ.."

ဒေါက်တာ့စကားအဆုံး ထယ်‌ယောင်း နောက်ကို ခြေတစ်လှမ်းဆုတ်မိသွားသည်။

ချယ်‌ယောင်းတို့ကတော့ တအင့်အင့်နဲ့ ရှိုက်ငိုနေကြ၏။

«« လူနာ ဆုံးပြီ »» ...ဆုံးပြီ »»

နားထဲပဲ့တင်ထပ်လာတဲ့ အသံတွေကြောင့် နားကို လက်နှစ်ဖက်ဖြင့်အုပ်ထားလိုက်သည်။

" အားးးး မဟုတ်ဘူးးးး မဆုံးဘူးးး ကိုကို မဆုံးဘူး...ဟုတ်တယ်..ကိုကိုမသေဘူး..အိပ်နေတာ..အိပ်နေတာ..နိုးရမယ်..ငါသွားနိုးမှာပေါ့..လူလိမ်!! "

" သား.."

" သားထယ်! "

" ထယ်ယောင်း! "

မျက်ရည်တွေနဲ့ အော်ဟစ်ကာ ခွဲခန်းထဲပြေးဝင်သွားတဲ့ ထယ်ယောင်းကြောင့် ထယ်မင်တို့ ခွဲခန်းရှေ့မှာ ငိုနေရုံသာတက်နိုင်သည်။

~

~

~

ခွဲခန်းထဲရောက်တော့ ကုတင်ပေါ်မှာ ပိတ်အဖြူအုပ်ထားတဲ့ ကိုကို့ရဲ့ ခန္ဓာကိုယ်....

" မဟုတ်ဘူးး ကိုကိုက ဘာလို့ သေရမှာလဲ..သူ့ကို ထားသွားမှာမဟုတ်ဘူး.."

တစ်လှမ်းချင်းလှမ်းပြီး ငိုလည်းငိုကာ စကားတွေပြောနေတဲ့ ထယ်ယောင်း..

"မောင့်ကိုကိုက အိပ်နေတာလေ..သူတို့က အရူးတွေ သိလားကိုကို...ကိုကိုက သားလေးကို မွေးရလို့ ပင်ပန်းပြီးအိပ်နေတာကို သေပြီတဲ့ မဟုတ်တာတွေ လျှောက်ပြောနေတာ.."

" အိပ်နော် ချစ်ရတဲ့ ကိုကို..မောင့်ရဲ့ ကိုကို..ပြီးရင်တော့ ပြန်ပြီးနိုးလာရမယ်နော်..အာ! ကိုကို အသက်ရှုကျပ်နေမှာပေါ့...မောင် ဒီပိတ်အဖြူကြီးကို ဖယ်လိုက်မယ်နော်..အင့်! သွားစမ်း!! ငါ့ကိုကို အသက်ရှုကြပ်အောင်လို့..အုပ်ထားတယ် ..ကိုကိုက နှလုံးရောဂါရှိတယ် အသက်ရှုမဝရင် ဘယ်လိုလုပ်မလဲ.."

ခန္ဓာကိုယ်ပေါ်လွှမ်းခြုံထားတဲ့ ပိတ်အမြူလေးကို အဝေးကို လွှင့်ပစ်လိုက်တဲ့ ထယ်ယောင်း....

" လှလိုက်တာ ကိုကိုရာ...မောင့်ကိုကိုက အိပ်နေတာတောင်လှသေးတယ်နော်..မောင့်ကအရမ်းချစ်တာ..မောင့်ကိုကိုကလေ...အိပ်နေတာတောင် မောင့်ကိုဆွဲဆောင်နိုင်တုန်းဘဲ.."

အေးစက်စပြုနေတဲ့ လက်တွေကိုဆုပ်ကိုင်လိုက်ပြီး တဖွဖွနမ်းကာပြောနေတဲ့ထယ်ယောင်း မျက်ရည်တွေအပြည့်နဲ့ပင်...

" အာ! ကိုကို့လက်ကအေးနေတယ် အဲကွန်းဖွင့်ထားလို့ထင်တယ် မောင်နွေးအောင်လုပ်ပေးမယ်နော်.."

ဂျောင်ဂုရဲ့လက်ကလေးကို ပွတ်တိုက်ပေးလိုက် အာငွေ့ပေးလိုက်လုပ်နေတဲ့ ထယ်ယောင်းရဲ့ ပုံစံက အရူးတစ်ယောက်လို..

ခွဲခန်းတံခါးက ဖွင့်ထားတာကြောင့် အထဲကထယ်ယောင်းရဲ့ အသံက အတိုင်းသားကြားနေရပြီး..ထယ်ယောင်းရဲ့ ပုံစံကိုပါ မြင်နေရ၏။

" အစ်..အစ်ကို သား..သားလေးကို ကြည့်ပါအုံး..အစ်ကိုရယ်..သားလေး အရမ်းခံစားနေရတာ.."

ချယ်‌‌ယောင်းက အရူးတစ်ယောက်လို ဖြစ်နေတဲ့ သားရဲ့ ပုံစံကိုကြည့်ပြီး နှလုံးနင့်အောင်ငိုနေမိသည်။

" အူဝဲ... အူဝဲ....အူဝဲ.."

ချယ့်လက်ထဲက ကလေးကပါငိုတော့ ချယ်တို့ ကလေးကိုကြည့်လိုက်သည်။

" မငိုပါနဲ့ မြေးလေးရယ်..တိတ်! တိတ်! ဘွားဘွားရှိတယ်..တိတ်နော်..ကျွတ်! ကျွတ်! "

မျက်ရည်တွေကျရင်းနဲ့ ရင်ခွင်ထဲကမြေးငယ်ကို အငိုတိတ်အောင်ချော့နေမိ၏။

" ကံဆိုးလိုက်တာ ဘွားဘွားမြေးရယ်...မွေးပြီးပြီးချင်း ဖခင်တစ်ယောက်ရင်ခွင်မဲ့ရတယ်လို့ မြေးငယ်ရယ်..ဘွားဘွားရင်တွေနာလိုက်တာ.ဟင့်! ဘာလို့ ကံကြမ္မာကြီးက အပြစ်မဲ့တဲ့ကလေးတွေကို မိဘရင်ခွင်မဲ့စေတာလဲ..မတရားလိုက်တာ..ဟင့်! "

ရင်ခွင်ထဲက မြေးငယ်နဲ့ အစ်ကို့လက်ထဲက မြေးမလေးကို ကြည့်ပြီး ချယ်‌ယောင်းရင်တွေကွဲကြေသလိုခံစားရ၏။

~

~

~

" အူဝဲ... အူဝဲ....အူဝဲ.."

" ဟော! ကိုကိုနားထောင်ကြည့်! မောင်တို့ သားလေးငိုနေပြီလေ... ကိုကိုထပြီးနို့တိုက်ရမယ်လေ ..ထနော် အကြာကြီးအိပ်မနေနဲ့ ကိုကိုရဲ့.."

ဂျောင်ဂုရဲ့ ဖြူဖျော့ဖျော့မျက်နှာလေးကို ဖွဖွလေးထိပြီးနိုးနေတဲ့ထယ်ယောင်း ...

" ကိုကိုထပါနော်...ကိုကို! ဟင့်! မောင်တောင်းပန်ပါတယ် ပြန်လာခဲ့ပါ..ဟင့်! ကိုကို..မောင်မှားပါတယ်ကွာ...ထပါတော့နော်..."

ဂျောင်ဂုရဲ့ ကိုယ်လေးကိုဖတ်ပြီး အသည်းအသန်ငိုနေတဲ့ ထယ်ယောင်း...

" ကိုကိုရာ... မောင့်ကြောင့်ပါ မောင်အသုံးမကျလို့ပါ...မောင့်အမှား... မောင့်သာ ကိုကို့ရဲ့ဖြစ်တည်မှုကို လစ်လျူမရှုဘဲ ကိုကိုဖြစ်ချင်တာကို သိအောင်လုပ်ခဲ့ရင်အခုလိုဖြစ်မှာမဟုတ်ဘူး...မောင့်ကြောင့်ပါ..."

မနိုးထနိုင်တော့တဲ့ ကိုယ်ငယ်လေးကို ဖက်ပြီးတောင်းပန်နေမိ၏။

" ကိုကိုမရှိဘဲ မောင်မရှင်သန်နိုင်ဘူး ကိုကိုရဲ့ ...ဘာလို့မောင့်ကိုထားခဲ့တာလဲ...ကိုကိုရောဂါအကြောင်းမောင့်ကိုဘာလို့အသိမပေးခဲ့တာလဲ..ကိုကိုရာ..အခု...အခုတော့လေ..မောင်ရင်တွေနာနေပြီကိုကိုရဲ့...မောင် အရမ်းနာကျင်နေပြီကိုကို..မောင့်ဆီပြန်လာခဲ့ပါ..သားလေးစောင့်နေတယ်ကိုကိုရဲ့ သမီးလေးလည်းရှိတယ်လေ...မောင်တို့ မိသားစုတွေ ခရီးတွေထွက်ရအုံးမယ်..ထပါတော့ကွာ..."

" မောင့်ကို စိတ်ဆိုးနေတာလား..ရိုက်! ရိုက်နော် မောင့်ကို ကိုကိုစိတ်ပြေတဲ့အထိရိုက်နော် ပြီးရင်တော့ မောင့်ဆီပြန်လာခဲ့ပါ.."

လက်ဖဝါးဖြူဖြူလေးကို သူ့ရဲ့ပါးပြင်နားကပ်ကာ လွှဲရိုက်ခိုင်းပေမဲ့ လက်ကလေးက အောက်ကိုသာ လွှဲကျသွား၏။

" ကိုကို!!! "

~

~

~

ခွဲခန်းထဲက ထယ်ယောင်းနဲ့ ကုတင်ပေါ်မှာ မလှူပ်မယှက်ဖြစ်နေတဲ့ ဂျောင်ဂုကိုတလှည့် ငိုနေတဲ့ သူတို့‌သုံးယောက်ကို တစ်လှည့်ကြည့်နေတဲ့ ဟာနူးလေးက သူ့ရဲ့ ဦးနှောက်လေးနဲ့ တစ်ခုခုကိုဆက်စပ်စဉ်းစားမိပြီး တဖြေးဖြေးပိုတိုးလို့ငိုလာ၏။

နောက်ဆုံး ထယ်မင့်လက်ထဲကနေ ကော့ထိုးပြီးဆင်းကာ ခွဲခန်းထဲ အတင်းပြေးဝင်သွားသည်။

" နူးနူး! မြေးမလေး! ဟာနူး! "

သူ‌တို့ခေါ်နေပေမဲ့ နူးနူးလေးက ဂျောင်ဂုကုတင်နားကို ပြေးသွားပြီး ခြေဖျားလေးထောက်ကာ သူ့ပါးပါးရဲ့လက်ကိုထိဖို့ကြိုးစားနေ၏။

ရှိုက်သံသာမထွက်တာ တဝူးဝူးတဝါးဝါးနဲ့ သူ့ပါးပါးကို အော်ခေါ်နေသည်။

" သမီး! နူးနူး!

ထယ်ယောင်း ငိုနေတဲ့ သမီးကို ပွေ့ချီလိုက်၏။

" ကိုကို ဒီမှာ သမီးလေးငိုနေပြီလေ..မောင်တို့ရဲ့ သမီးလေးငိုနေပြီ ကိုကိုရဲ့ "

" အ! အင့်! အ! "

ထွက်သမျှ အသံကုန်ညစ်ပြီး နူးနူးလေးက သူ့ပါးပါးကို ခေါ်ကာ အော်ငိုနေသည်။

ထိုနေ့က သူတို့တစ်မိသားစုလုံး ငိုပွဲဆင်ရတဲ့နေပင် ...တစ်နေ့တည်း ရောက်လာသူနဲ့ ထွက်ခွာသူရှိတာကြောင့် သူတို့တစ်သက်လုံးမေ့လို့မရတဲ့ အဖြစ်ပင်...

~

~

~

ကိုကို့ရဲ့ ဈာပန ပြီးဝော့ ထယ်ယောင်း အလုပ်တောင်မသွားနိုင်ဘဲ အခန်းထဲအောင်းကာ အရက်သောက်နေမိသည်။

ကလေးတွေကို မိဘတွေက ကြည့်ပေးတာမို့ ထယ်ယောင်းဖြစ်ချင်သလိုဖြစ်နေ၏။

" ကိုကိုရာ... အခုလေ အပြင်မှာ မိုးတွေအရမ်းရွာနေတာ သိလား...မောင်တို့ အတူတူဆော့ကြမယ်လေ..လာ! "

သူ့ရဲ့အမြင်အာရုံထဲမှာ ကိုကိုက ပြုံးပြပြီး သူ့နဲ့ဆော့ဖို့လက်ခံလာသည်။

" ဟော! မပြေးနဲ့လေ ကိုကို ချော်လဲမယ်.."

သူ့ရှေ့ကနေ ပြေးထွက်သွားတဲ့ ကိုကိုကြောင့် ချော်လဲမှာဆိုးလို့ ထယ်ယောင်းတားလိုက်မိ၏။

" ဟားးး ကိုကိုက ဆိုးလိုက်တာကွာ..မောင့်ကို သောင်ပြနေတယ် ကိုကိုလူဆိုးလေး.."

ထယ်ယောင်း လျှာထုတ်သောင်ပြနေတဲ့ ကိုကို့ကိုကြည့်ပြီး သဘောတကျရယ်နေမိသည်။

" ဟမ်! ကိုကို! ကိုကို ! ဘယ်ရောက်သွားတာလဲ မောင့်ဆီပြန်လာခဲ့ပါ..မောင့်ကို မနောက်ရဘူးနော် မိလို့ကတော့ အတင်းချုပ်ပြီး နမ်းပစ်မှာ ဟားး ဟားးး လူဆိုးလေး.."

မြင်ကွင်းကနေ ပျောက်သွားတဲ့ ကိုကိုကြောင့် ထယ်ယောင်း ငိုနေရင်း ရယ်မိကာ ကိုကို့ကြားအောင်ပြောလိုက်၏။

" ဟင့်အင်! ငါအတင်းချုပ်နမ်းလို့မရဘူး ကိုကိုက သု့ဆန္ဒမပါဘဲ အတင်းလုပ်တာကို အရမ်းမုန်းတာ ကိုကို..ကိုကို ငါ့ကို မုန်းသွားလိမ့်... ကိုကို မောင့်ကို မမုန်းရဘူးနော် ကိုကို မကြိုက်ရင် မောင် ဆေးတွေလည်း အတင်းမတိုက်တော့ဘူးနော်..မောင့်ဆီ ပြန်လာပါ.."

ကယောင်ချောက်ချားနဲ့ ဆံပင်တွေကို ဆွဲဆုတ်ကာ ထယ်ယောင်း ပြောနေမိသည်။

" အားး ကိုကိုရာ မောင်ရူးပြီကွ..မောင်ရူးနေပြီ..ဟင့်! "

ကြမ်းပြင်ပေါ်လဲချလိုက်ပြီး သည်းသည်းထန်ထန်ငိုကြွေးနေမိသည်။သူ့အသိစိတ်တွေ လွတ်ထွက်မတပ်ဖြစ်နေပြီ...ကိုကိုရဲ့သေဆုံးခြင်းကို သူအခုထိလက်ခံလို့မရသေးး

" ဒေါက်! ဒေါက်! "

တံခါးခေါက်‌သံကြောင့် ထယ်ယောင်း မျက်ရည်တွေကို သုတ်ကာ သွားဖွင့်ပေးဖို့လုပ်လိုက်သည်။

" ဒေါ်ကြီး! "

" သားထယ်..ဒေါ်ကြီး ဂျောင်ဂုလေးနေခဲ့တဲ့ အခန်းကိုရှင်းတော့ အံဆွဲတည်းက ဒီစာအုပ်လေးတွေ့လို့ သားဆီလာပေးတာ..ဒါက ဂျောင်ဂုလေး မဆုံးခင်ထိ သူအမြဲစာရေးနေတဲ့ ဒိုင်ယာရီလေးလေ.."

ဂျုးက ဒိုင်ယာရီ စာအုပ်ကို သူ့လက်ထဲထည့်ပေးပြီး ထွက်သွားတာကြောင့် ထယ်ယောင်းတံခါးကို ပြန်ပိတ်ပြီး ကုတင်ပေါ်ထိုင်ကာ ကိုကို့ရဲ့စာအုပ်လေးကို ဖွင့်ဖတ်လိုက်၏။

************************************

_

_

** ဒီနေ့ အိမ်ကို လူစိမ်းတစ်ယောက်လာသွားတယ်..သူကပြောခဲ့တယ် ကျွန်တော်နဲ့ ဒုတိယအကြိမ်တွေ့ဆုံမှုက အနီးစပ်ဆုံးသူတွေအဖြစ်တွေ့ရမယ်တဲ့ **

~

~

** တကယ်ဘဲ သူပြောတဲ့ အတိုင်း ‌ဒုတိယအကြိမ်တွေ့ဆုံမှုက ကျွန်တော်နဲ့ သူ့ရဲ့ လက်ထပ်ပွဲလေ...ကျွန်တော်ကတော့ အရမ်းစိတ်ညစ်တာဘဲသိတယ် ကျွန်တော်က ကိုယ့်အားနည်းချက်ကြောင့် လက်မထပ်ချင်ဘူးလေ..ဒါပေမဲ့ ပါးပါးတို့စကားကို မလွန်ဆန်နိုင်တော့ ကျွန်တော် လက်ခံလိုက်ရတယ် **

~

~

** သူက နာမည်က ကင်မ်ထယ်ယောင်းတဲ့ ကျွန်တော်က‌တော့ သူ့ကို မောင်လို့ ခေါ်ရမယ်တဲ့ ပြီးတော့ ကျွန်တော့်ကိုပြောတယ် သူအရမ်းချစ်လို့ လက်ထပ်ခဲ့တာတဲ့..ကျွန်တော့်ကို လက်ထပ်ရလို့ သူနောင်တမရဘူးတဲ့...ကျွန်တော့်အဲ့စကားကိုယုံလိုက်လို့ဖြစ်တယ်မလား..**

** ဒီမနက် မောင်နဲ့စာရေးရင်းစကားပြောတော့ မောင်က သူ့ကို ကျိန်ပြတယ်..မောင်က သူ့ကို နာကျင်အောင်လုပ်ခဲ့ရင် သစ္စာဖောက်ခဲ့ရင် တစ်သက်လုံးအထီးကျန်စွာနေရပါစေလို့ ကျိန်ပြခဲ့တယ်..အဲ့စကားကြောင့် သူ့မောင့်ကို ပိုယုံကြည်ခဲ့တယ်..မောင်က သူ့ကို ဘယ်တော့မှ နာကျင်အောင်မလုပ်ဖူးဆိုတာကိုလေ..**

~

~

**မောင်က သူ့မှာ သားအိမ်ပါတယ်သိတော့ ကလေးယူဖို့ပြောတယ်..မောင်က လောဘကြီးလိုက်တာ ကလေးငါးယောက်တောင်ယူမယ်တဲ့ ပြီးတော့ ကျွန်တော်တို့မိသားစုလေးအနာဂတ်မှာလုပ်မဲ့အရာတွေကိုပြောပြတော့ မောင့်စကားတိုင်းက ကျွန်တော့်အိပ်မက်ဖြစ်လာခဲ့တယ် **

** မောင်ကလေ ကျွန်တော်မရောက်ဘူး‌တဲ့နေရာတွေကို လိုက်ပို့တာ ကျွန်တော်အရမ်းပျော်တာဘဲ..ပြီးတော့ ကျွန်တော် တွေးခဲ့တယ် မောင်နဲ့လက်ထပ်ရလို့ကျွန်တော်က ကံအကောင်းဆုံးလူသားလို့..**

ထယ်ယောင်း ကိုကိုရဲ့ စာအုပ်လေးကိုဖတ်ပြီး ငိုနေမိသည်။ကိုကိုက သူ့ရဲ့ခံစားချက်တွေကို အကုန်ရေးထားတာ..

~

~

** ဒီနေ့ မောင်က စောစောပြန်လာမယ်ပြောပြီး နောက်ကျနေတယ်..ကျွန်တော်က မောင်နဲ့အတူထမင်းစားမယ်ဆိုပြီး စောင့်နေခဲ့တာ မောင်က ပြန်မလာသေးဘူး မောင့်မိဘတွေစိတ်ပူမှာဆိုးလို့ ကျွန်တော်ထမင်းစားပြီးအိပ်တော့မယ်လို့ပြောလိုက်ပေမဲ့ ကျွန်တော်မစားဖြစ်ခဲ့ဘူး တော်ကြာ မောင်ပြန်လာလို့ ကျွန်တော်က ထမင်းစားပြီးပြီဆို မောင်ဝမ်းနည်းသွားလိမ့်မယ်လေ **

** ညဉ့်နက်လာပေမဲ့ မောင်က ပြန်မလာခဲ့...ကျွန်တော် ဖုန်းခေါ်တော့လည်းမကိုင်..မက်ဆေ့ခ်ျတွေပို့လည်း seen မပြတဲ့မောင့်ကြောင့် ကျွန်တော် စိုးရိမ်လာတယ်..မောင် ကျွန်တော်ကို့ စိတ်ပျက်သွားလို့လား...ကျွန်တော့်ကို ငြီးငွေ့သွားလို့လားဆိုတဲ့ အ‌တွေးတွေဝင်မိပြီး ကျွန်တော်ငိုနေမိတယ် ဒါပေမဲ့ မောင်က ကျွန်တော် ငိုတာကိုမကြိုက်ဘူးလို့ပြောတယ် ကျွန်တော်မငိုဘူး...ပြီးတော့ မောင်ပြန်လာမှာ ကျွန်တော် အိပ်လို့မဖြစ်ဘူး မောင်ပြန်လာရင် ကျွန်တော်အိပ်နေလို့မသိဘဲနေလိမ့်မယ်..ကျွန်တော် စောင့်ရမှာပေါ့..**

ထယ်ယောင်း အိမ်မပြန်ဖြစ်တဲ့နေ့က ကိုကို ကသူ့ရဲ့ခံစားချက်တွေကို သေချာရေးထားတာ ကိုကိုဘယ်လောက်တောင် ဝမ်းနည်းနေလိုက်မလဲ..

~

~

~

** ကျွန်တော့်မှာ ကိုယ်ဝန်ရှိနေပြီတဲ့‌..အဲ့အကြောင်းသိတော့ မောင်အရမ်းပျော်နေခဲ့တာ ..ပြီးတော့ မောင်ကလေ ကိုယ်ဝန်ရှိမှန်းသိတည်းက ကျွန်တော့်ကို လုံးဝအပျောက်မခံဘဲသေချာ ဂရုစိုက်ခဲ့တာ..မောင့်ရဲ့ ကဲကဲလှုပ်ပုံကြောင့် မောင့်မိဘတွေရော ကျွန်တော့်မိဘတွေရော ဆရာဝန်တွေ အလုပ်သမားတွေကပါ မောင့်ကို အမြင်မကြည်တော့တဲ့အထိလေ..မောင်ကလည်းမောင်ဘဲ.. အရမ်းပိုတာ **

** ဒီနေ့ ကျွန်တော့မိဘတွေဆုံးတဲ့နေ့..ကျွန်တော့်ဘဝရဲ့သစ်ပင်ကြီးတွေကို ဆုံးရှုံးရသလိုခံစားရတယ်..ဒါပေမဲ့ ကျွန်တော် မပြိုလဲခဲ့ဘူး ကျွန်တော့်မှာ မောင်ဆိုတဲ့ သစ်ပင်ကြီးရှိသေးတယ်လေ..ကျွန်တော့်က မောင်နဲ့ ကလေးလေးကြောင့် ပါးပါးတို့မရှိလည်း အသက်ရှင်နေနိုင်ခဲ့တယ်...ကျွန်တော်က မောင့်မျက်နှာကိုကြည့်ပြီးရှင်သန်နေတယ်ဆိုတာ မောင်သိအောင်ပြောပြချင်လိုက်တာ.. **

~

~

**မောင်က ပြောတယ် ရင်သွေးလေးတွေက ကျွန်တော်နဲ့တူလည်း မောင်က သဘောကျတယ်တဲ့ ကျွန်တော်နဲ့ မောင့်ရဲ့သွေးသားလေူမလို့မြတ်နိုးတယ်တဲ့ ကျွန်တော် အရမ်းပျော်တာဘဲ မောင့်က ကျွန်တော့်ကို အရမ်းချစ်တယ်လို့လည်းခံစားရတယ်.. **

~

~

** ဒီနေ့ က ကျွန်တော် သမီးလေးကိုမွေးတဲ့နေ့ သမီးလေးက အရမ်းချစ်စရာကောင်းတာ ကျွန်တော်နဲ့တူတယ်လို့ အကုန်လုံးကပြောကြတယ်..မောင်ဆို သမီးလေးလက်ထဲကကိုမချဘူး အချိန်ပြည့်ချီပြီး နမ်းနေခဲ့တာ.. ပြီးတော့ သမီးလေးနာမည်က ကင်မ်ဟာနူး တဲ့ ကျွန်တော်နဲ့ မောင့်ရဲ့ကောင်ကင်းလေးလေ..မောင်က အရမ်းစိတ်ကူးကောင်းတာဘဲ ကောင်းကင်လို့အဓိပ္ပာယ်ရတဲ့ နာမည်လှလှလေးပေးတတ်လို့လေ..**

~

~

** ကျွန်တော်တို့ မိသားစုလေးက ပျော်စရာကောင်းတယ် မောင်က ကျွန်တော်နဲ့ သမီးလေးကို အရမ်းချစ်ပြီး ဂရုစိုက်တာ..မောင့်အချစ်တွေကြောင့် ကျွန်တော့်ဘဝကြီးက နွေးထွေးခဲ့တယ်..ပြီးတော့ အဟိ! မောင့်ရင်ခွင်ကလေ အနွေးထွေးဆုံးဘဲ ကျွန်တော် မောင့်ရဲ့ ရင်ခွင်ကို အရမ်းမြတ်နိုးတာ.. **

~

~

** အိမ်မှာ ဂတ်စ်အိုးပေါက်တော့ မောင်‌က လန့်သွားပြီး အောက်ထပ်က အလုပ်သမားတွေကို သွားပြောတယ် ကျွန်တော်က မကြားရတော့ မသိဘူးလေ..ဒါပေမဲ့ သမီးလေးကလည်း အသံတိတ်နေတာကြောင့် မောင်က စိုးရိမ်စိတ်တွေနဲ့ ပစ္စည်းတွေကိုပစ်ပေါက်ကြည့်ပေမဲ့ သမီးလေးက မော့မကြည့်လာတာကြောင့် မောင်တုန်လှုပ်သွားတဲ့ ပုံစံကို ကျွန်တော် တွေ့လိုက်ရတယ်...ပထမဆုံးအကြိမ် ကျွန်တော့်ရဲ့ဖြစ်တည်မှုကို လက်မခံနိုင်တာပင် ကျွန်တော်သာ ဒီလိုမဟုတ်ခဲ့ရင် သမီးလေးကပါ ဒီလိုဖြစ်လာမှာမဟုတ်ဘူး **

** မောင် ဆေးရုံ မှာ ဆရာဝန်နဲ့တွေ့နေတုန်း ကျွန်တော် တခြားဆရာဝန်တစ်ယောက်ကို စာရေးပြမေးကြည့်တော့ ဒေါက်တာက ပြောတယ် ကျွန်တော်မွေးတဲ့ ကလေးတိုင်းက ကျွန်တော်နဲ့မတူနိုင်ဘူးတဲ့ မောင့်လို သာမန်ကလေးလည်းဖြစ်နိုင်တယ်တဲ့ အဲ့ဒါကြောင့် ကျွန်တော့် မောင့်ကို ကလေးထပ်ယူဖို့ပြောခဲ့တယ် ပထမဆုံးအကြိမ် မောင်က သူပြောတာကို ဆိတ်ဆိတ်ငြိမ်နေခဲ့တယ်...ကျွန်တော့်အ‌တွေးက ရိုးရှင်းပါတယ် ကျွန်တော်တူတဲ့ နူးနူးလေးရှိသလို မောင်နဲ့တူတဲ့ ကလေးလေးတစ်‌ယောက်လည်းလိုချင်မိတယ်..မောင့်အတွက် စကားပြောဖော်လေးပေါ့..**

~

~

‌** မောင်က ကျွန်တော့် ဆန္ဒကို အလေးထားပုံရတယ် ကျွန်တော့်ကို ကိုယ်ဝန်ဆောင်လို့ရအောင် အားဆေးတွေတိုက်တယ်..အားဆေးတွေက ခါးပေမဲ့ မောင်က ကျွန်တော်တို့ရင်သွေးလေးအတွက် တိုက်တာလို့တွေးပြီးကျိတ်မှိတ်မျိုချခဲ့တယ်..ကျွန်တော် တော်တယ်မလား..မောင့်စကားကို နားထောင်လို့လေ..**

~

~

** ကျွန်တော် ဆေးရုံတက်ရတယ် ကိုယ်ဝန်ပျက်ကျလို့လေ..ကျွန်တော့်ရဲ့ ရင်သွေးလေးရှိနေတာကို မသိဘဲ ကျွန်တော် ပေါ့ဆတာကြောင့် ရင်သွေးလေးကို ဆုံးရှုံးခဲ့ရတယ်..အိပ်မက်ထဲမှာလေ သမီးလေးက ငိုယိုပြီးကျွန်တော့်ကို ခေါ်နေခဲ့တာ ကျွန်တော့်ရဲ့ ပျက်ကျသွားတဲ့ ကလေးလေးက မိန်းကလေးဖြစ်မယ်လို့ .. သမီးငယ်ကလေ ကြောက်တယ်ဆိုပြီးငိုနေခဲ့တာ.. ကျွန်တော် ဘာမှလုပ်မပေးနိုင်ခဲ့ဘူး ရင်တွေအရမ်းနာလိုက်တာ..ကိုယ့်သမီးတစ်ယောက်လုံးငိုနေတာတောင် ကျွန်တော် ဘာမှလုပ်မပေးနိုင်ဘူးလေ..**

** မောင့်ကိုလည်းအားနာလိုက်တာ ကျွန်တော် အသုံးမကျလို့ မောင်အားဆေးတွေ တိုက်နေတဲ့ကြားက ရင်သွေးလေးဆုံးရှုံးခဲ့ရတာလေ..**

" အားးး ကိုကိုရာ တကယ်အပြစ်ရှိသူက မောင်ပါ..မောင့်ပါလို့ ..မောင့်ကြောင့် ဖြစ်ရတာ ကိုကိုရာ..မောင့်ရင်ထဲမချိလိုက်တာ.."

" ထယ်ယောင်း မင်းဆောက်သုံးမကျလို့ကွ! "

ကိုကို့ရဲ့ ဒိုင်ယာရီကြောင့် ထယ်ယောင်း အရမ်းယူကြုံးမရဖြစ်ခဲ့၏။ကိုကိုက သူ့အတွက်တွေးပေးသလောက် သူကတော့ ကိုကို့ရဲ့ဖြစ်တည်မှုကို လက်မခံနိုင်ဘဲ ထင်ရာတွေစိုင်းခဲ့တာ...သူ့ကြောင့် !

~

~

** ဒီနေ့လေ မောင့်ရဲ့ အလုပ်ခန်းကိုရှင်းတာ ကျွန်တော့်ကို မောင်တိုက်နေတဲ့ ဆေးထုပ်တွေ့လို့ဖတ်ကြည့်လိုက်တော့ ကိုယ်ဝန်တားဆေးတဲ့ ...ထိုအခိုက်မှာ ကျွန်တော့်ရဲ့ကမ္ဘာကြီး ဇောက်ထိုးဖြစ်သွားသလိုခံစားရတယ်..မောင်မလို့ လုပ်ရက်လိုက်တာ..ကျွန်တော်က မောင် ကျွန်တော့်ရဲ့ ဆန္ဒတွေကို လက်ခံခဲ့တယ်လို့ထင်တာလေ..**

** ကျွန်တော် မောင့်ကို မသောက်ချင်ဘူးလို့ပြောရင် မောင်မတိုက်လောက်ပါဘူး ကျွန်တော့်ကို မောင်က အရမ်းချစ်တာမို့ ကျွန်တော့ဆန္ဒမပါရင် မောင်က အတင်းအကျပ်လုပ်မှာမဟုတ်ဘူး ...**

** ကျွန်တော့် အထင်တွေ တက်တက်စင်အောင်လွှဲခဲ့တယ် မောင်ကလေ ကျွန်တော် ငြင်းဆန်နေတဲ့ကြားက ရင်ခွင်ထဲ အတင်းချုပ်ပြီး ကျွန်တော့်ကို ဆေးတွေတိုက်ခဲ့တယ်..ကျွန်တော် အရမ်းမြတ်နိုးခဲ့ရတဲ့ မောင့်ရဲ့ ရင်ခွင်ကြီးကလေ အရမ်းဘဲ ကြောက်ဖို့ကောင်းခဲ့တယ် ကျွန်တော် မောင့်ကို မုန်းလိုက်တာ..**

~

~

** ကျွန်တော်နဲ့ မောင် မတွေ့ဖြစ်တာ တစ်လလောက်ရှိပြီ...ဒါပေမဲ့ ဒီနေ့ မောင်ရောက်လာပြီး ကျွန်တော် ငြင်းဆန်နေတဲ့ကြားက မောင်က အတင်းအကျပ်အတူနေခဲ့တယ် ကျွန်တော်ဟာ မောင့်အတွက်ဘာလိုလူမျိုးဖြစ်ခဲ့တာလဲ..ကျွန်တော် ဆွံ့အနားမကြားဖြစ်တာနဲ့ မောင်က ကျွန်တော့်ရဲ့ရင်သွေးတိုင်းက ကျွန်တော်နဲ့တူမယ်ထင်ပြီးဆေးတွေတိုက်ပြီးတားခဲ့တဲ့မောင်က ‌ကျွန်တော်နဲ့အတူနေချင်တာဆိုတော့ ကျွန်တော်က မောင့်အတွက် ရမက်ဖြည့်ပေးတဲ့ အရုပ်သာသာဘဲလားး ကျွန်တော့်ရဲ့ ရင်ဘတ်ထဲက တအားနာတယ် ကျွန်တော် အသက်ထက်ချစ်ရတဲ့ ယုံကြည်ရတဲ့ လူဆီက သစ္စာဖောက်ခံရတာ ကျွန်တော့်ရဲ့ နှလုံးသား ထည့်ထည့်ကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးစိုက်နေသလိုဘဲ **

~

~

** ထိုလူ ခရီးသွားတာ တစ်လကျော်ပြီ ဒီနေ့ ကျွန်တော် မူးလဲလို့ ‌ဆရာဝန်ပြတော့ ကျွန်တော့်မှာ ကိုယ်ဝန်ရှိနေပြီတဲ့..ကျွန်တော်အရမ်းဝမ်းသာတာဘဲ ထိုလူ့ကို ကျွန်တော့်ရဲ့ ရင်သွေးတိုင်းက ကျွန်တော်နဲ့ အတူဘူးဆိုတာ သက်သေပြနိုင်တော့မယ်လေ...**

** ဒါပေမဲ့ ကျွန်တော့်မှာ နှလုံးရောဂါရှိနေပြီတဲ့ ကိုယ်ဝန်ဆောင်ရင် အသက်အန္တရာယ်ရှိတယ်လို့ပြောတယ်..ကျွန်တော်ကိုမမွေးဖို့ ဒေါက်တာက ဆုံးဖြတ်ခိုင်းပေမဲ့ ကျွန်တော် ကလေးကို မွေးဖို့ဆုံးဖြတ်ချက်ချခဲ့တယ် ကျွန်တော့် အသက်သေသေ..ကျွန်တော့်ရဲ့ ရင်သွေးကိုတော့ ကျွန်တော်ရအောင် မွေးမယ်**

** ကျွန်တော့်မှာ ကိုယ်ဝန်ရှိတဲ့ အကြောင်း သူ့ကို မပြောပြခိုင်းခဲ့ဘူး ကျွန်တော့်ရဲ့ ရင်သွေးလေးကို ပျက်ဆီးအောင်လုပ်မှာကြောက်လို့..ကျွန်တော်ပေးမသိခဲ့ဘူး..ကျွန်တော် အဲ့လိုလုပ်သင့်တယ်မလား **

~

~

** သူပြန်ရောက်လာတော့ ကျွန်တော့်ကို ဂရုစိုက်ပေမဲ့ ကျွန်တော်လက်မခံခဲ့ဘူး..နောက်တစ်ကြိမ် ထိုသူရဲ့လှည့်ကွက်ထဲမှာ ကျွန်တော် မနစ်မွန်းချင်တော့ဘူး..ပြီးတော့ သမီးလေးကို သူနဲ့အတူ အိပ်စေခဲ့တယ် ကျွန်တော်က သေဆုံးရတော့မဲ့လူလေ..ကျွန်တော့်ရဲ့ရောဂါအကြောင်း ကျွန်တော်သိတယ် ကျွန်တော် ညဘက်တွေအိပ်မပျော်သလို ဆေးတွေသောက်လည်းမသက်သာပေ..ကျွန်တော် ထွက်ခွာရမဲ့ရက်ကနီးနေပြီလေ..**

** သမီးလေးကို ကျွန်တော် လစ်လျုရှုထားမိတယ် ကျွန်တော် ထွက်သွားချိန်ကျရင် သမီးလေး မနာကျင်ရအောင်..ကျွန်တော် နေ့တိုင်းငိုနေရတယ် သမီးလေးနဲ့ခွဲရတော့မယ်တွေးတိုင်း နာကျင်ရတယ် ကျွန်တော် အဆင်သင့်မဖြစ်သေးဘူးထင်တယ်..**

** ဒီနေ့လေ ထိုလူက ကျွန်တော့်ဆီက ခွင့်လွှတ်မှုရအောင် သူ့ကို အပြစ်ပေးဖို့ပြောတယ် ..ပေးမှာပါ ကျွန်တော် သူ့ကို အပြစ်ပေးမှာ .. ကျွန်တော့်ရဲ့အချစ်နဲ့ယုံကြည်မှုကို အလေးမထားတဲ့ သူ့ကို ကျွန်တော် သေချာပေါက်အပြစ်ပေးမှာ...**

~

~

** မနက်ကျရင် ကျွန်တော် ခွဲစိတ်ရတော့မယ် ကျွန်တော့်ဗိုက်ထဲက ကလေးလေး လူ့လောကထဲရောက်မဲ့နေ့လေ..ကြိုဆိုပါတယ်နော် ပါးပါးကလေးလေး..**

** ကျွန်တော် အိပ်မပျော်ခဲ့ဘူး ...မနက်ဖြန်က ကျွန်တော့်ရဲ့နောက်ဆုံးရက်ဆိုတာကို သိနေခဲ့တယ်လေ..သမီးလေးကို ထားခဲ့ရမဲ့နေ့ပေါ့ ကျွန်တော့်ရဲ့ ကလေးတွေကို ခွဲခွာရမဲ့နေ့လေ..ကျွန်တော် မနက်ဖြန်ကို ရင်ဆိုင်ဖို့အားတွေ မရှိတော့ဘူး မနက်ဖြန်လို့တွေးလိုက်တာနဲ့ ကျွန်တော် ဝမ်းနည်းနေမိတယ် ကျွန်တော့်ရဲ့ ရင်သွေးတွေကို ထားခဲ့ရတော့မှာလေ..**

** ကျွန်တော် မောင့်ကို အပြစ်ပေးမယ်... ***

** ကျွန်တော့်ကို နာကျင်အောင်လုပ်ခဲ့ရင် သစ္စာဖောက်ခဲ့ရင် တစ်သက်လုံးအထီးကျန်စွာ ရှင်သန်ရပါစေလို့ ကျိန်ဆိုခဲ့တဲ့မောင်ဟာ..သူ့ရဲ့ကျိန်ဆိုစကားအတိုင်း..ကျွန်တော့်ရဲ့ ရင်သွေးနှစ်ယောက်ကို ကောင်းကောင်းမွန်မွန်နဲ့ကြီးပြင်လာအောင် တစ်ယောက်တည်း အထီးကျန်မှုကို ခံစားရင်း စောင့်ရှောက်ပေးရမယ်..ကိုယ့်ကိုယ်ကို လုံးဝမသတ်သေဘဲ အထီးကျန်မှုကို ခံစားပြီး သေဆုံးရမယ် ဒါက ကျွန်တော် သူ့ကိုပေးတဲ့ အပြစ်ဘဲ... **

** ကျွန်တော် ချစ်တဲ့ မောင်ဟာ ကျွန်တော့်ရဲ့ ဒုတိယရင်သွေးလေးနဲ့အတူ သေဆုံးသွားခဲ့ပြီး အခုတော့ ကင်မ်ထယ်ယောင်းဆိုတဲ့ ထိုလူကို ကျွန်တော် သံသရာတစ်လျှောက်လုံးမုန်းတယ် ဘဝဆက်တိုင်း ထိုလူ့ကို မုန်းတီးပြီး မဆုံးစည်းပါရစေနဲ့...ကျွန်တော်က ထိုလူ့ကို သံသရာအဆက်ဆက် မုန်းတယ်! မုန်းတယ် **

ပြီးဆုံးသွားတဲ့ စာအုပ်လေးကို ပိတ်ကာ ထယ်ယောင်း ရင်ခွင်ထဲထည့်ထားပြီး ရှိုက်ကြီးတငင်ငိုမိသည်။

" မုန်းတယ် ! ဟုတ်လား ကိုကိုရာ..မောင့်ကို မုန်းတယ်တဲ့လား.. သံသရာအဆက်ဆက်တောင်မုန်းတယ်တဲ့လား ကိုကိုရာ..မောင့်လုပ်ရက်ကြောင့် မုန်းတယ်တဲ့လား.. အားး မောင် ရူးပြီကိုကိုရာ..မောင်အပြစ်တွေပါ..ဟင့်! "

မျက်ရည်တွေနဲ့ ထယ်ယောင်းက ကိုကို့စာတွေကြောင့် အရမ်းခံစားရ၏။ချစ်ရသူရဲ့အမုန်းဒဏ်က သေလောက်အောင်နက်ရှိုင်းတဲ့ ဒဏ်ရာတစ်ခုလို

" ကိုကို စိတ်ချနော် မောင် ကိုကိုပေးတဲ့ အပြစ်ကို ခံယူပြီး ‌သမီးနဲ့ သားကို သေချာပြုစုပျိူးထောင်ပေးပါ့မယ် ..မောင့်ရဲ့ ကျန်ရှိနေတဲ့ သက်တမ်းတစ်လျှောက် အထီးကျန်ခြင်းတွေနဲ့ဘဲ ဖြတ်သန်းသွားပါ့မယ် ကိုကိုရာ ကိုကို ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်.."

ရင်ခွင်ထဲ စာအုပ်လေးကို ကျစ်ကျစ်ပါအောင်ဖက်ထားရာကနေခွာကာ နှုတ်ခမ်းနဲ့ထိကပ်ပြီး နမ်းရှိုက်လိုက်သည်။

" ကိုကိုက သံသရာအဆက်ဆက် မုန်းမယ်ဆိုရင် မောင်က သံသရာအဆက်ဆက် ကိုကို တစ်ယောက်တည်းကိုဘဲ ချစ်နေမယ်ကိုကို...ဘဝအဆက်ဆက် မောင့်အချစ်တွေနဲ့ ကိုကို့ရဲ့ခွင့်လွှတ်မှုကိုတောင်းခံနေမယ်.."

ကျွန်တော် အချစ်ဆုံးလူသားကပေးတဲ့ အပြစ်ဒဏ်မို့ ကျွန်တော် ကျေနပ်စွာခံယူပြီး ချစ်ရတဲ့ ကိုကို ရဲ့ ခွင့်လွှတ်မှုကို မျှော်နေပါ့မယ်...

~ဘဝသစ်မှာ ငြိမ်းချမ်းစွာရှိနေပါစေ ကိုကို..

~နောင်ဘဝဆိုတာ ရှိခဲ့ရင် မောင်က ကိုကို့ရဲ့ အချစ်ကို ရယူနိုင်ပြီး အခုလိုမျိုးအဆုံးသတ်မကောင်း အဖြစ်မျိုးတဲ့ ဝေးပါရစေ..

~ကျွန်တော့် သူ့ကို အသက်ထက်ဆုံးချစ်နေတယ်ဆိုတာကို ချစ်ရတဲ့လူသားလေး ကိုကို သိပါစေ

~ Dear KoKo,

You say that hate me however,Let me tell you that I love you forever .


The End.

~

~

~

Good night ပါသဲငယ်လေးတို့ 😘💜💜💜💜💜💜💜

ရှင်းလင်းချက်လေးက မနက်ဖြန်တင်ပေးမယ်နော် အဲ့ထဲမှာ သဲ fic ရဲ့ ကာရိုက်တာတွေ အကြောင်း ပြောပြပေးသွားပါမယ် ...ပြီးတော့ သဲငယ်လေးတို့တော့ မသိဘူး သဲကတော့ ရေးရင်းငိုရတာ တစ်နေ့လုံးဘဲ တစ်သျှူး အထုတ်ကြီးတစ်ထုပ်တောင် တစ်ဝက်ကျိုးတယ် 🤧

Thanks for votes, feedback and comment.

I Love my readers forever ❤️

I PURPLE YOUR 💜


______________________________________

# Zawgyi #

" ကိုကို! "




" ဒေါက်...ဒေါက်တာ!.."






«« လူနာ ဆုံးပြီ »» ...ဆုံးပြီ »»



" သား.."

" သားထယ်! "

" ထယ်ယောင်း! "


~

~

~














" အူဝဲ... အူဝဲ....အူဝဲ.."






~

~

~

" အူဝဲ... အူဝဲ....အူဝဲ.."










" ကိုကို!!! "

~

~

~



" နူးနူး! မြေးမလေး! ဟာနူး! "



" သမီး! နူးနူး!



" အ! အင့်! အ! "



~

~

~















" ဒေါက်! ဒေါက်! "


" ဒေါ်ကြီး! "



************************************

_

_


~

~


~

~



~

~




~

~




~

~

~



~

~


~

~


~

~


~

~



~

~


~

~






~

~




~

~


~

~




~

~




~

~









" ကိုကို စိတ်ချနော် မောင် ကိုကိုပေးတဲ့ အပြစ်ကို ခံယူပြီး ‌သမီးနဲ့ သားကို သေချာပြုစုပျိုးထောင်ပေးပါ့မယ် ..မောင့်ရဲ့ ကျန်ရှိနေတဲ့ သက်တမ်းတစ်လျှောက် အထီးကျန်ခြင်းတွေနဲ့ဘဲ ဖြတ်သန်းသွားပါ့မယ် ကိုကိုရာ ကိုကို ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်.."







~ Dear Ko Ko,


The End.

~

~

~





I PURPLE YOUR 💜

Continuer la Lecture

Vous Aimerez Aussi

Ace Par Antonia

Roman d'amour

191M 4.5M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
188K 10.5K 34
Jeon and Kim( warning fic 🚨)
Alina Par ihidethisapp

Fiction générale

1.5M 37.3K 75
The Lombardi family is the most notorious group in the crime world. They rule both the American and Italian mafias and have many others bowing at the...
2.3K 98 8
ပေါက်စလေးကကိုယ့်အပိုင်မို့ပေါက်စလေးကိုကိုယ်ရဲ့အနားမှာမြတ်နိုးရတဲ့အမျိုးသားလေးအဖြစ်ထာ၀ရအပိုင်သိမ်းထားတော့မှာ Jeon Jungkook🐰 ~~~~~~~~~~~~~~~💜💜 Kim T...