Out Of the Woods

By fireflyfiel

9.2K 1.2K 85

I remember thinking... Are we out of the woods yet ? Start date : 14.8.2023 End date :29.8.2023 More

'Breaking up'
'False God'
'The Scar'
'Admire'
'I'd rather die'
'Falling apart'
'Blue'
'Him'
"We're clean now"

'Are you fine?'

796 121 10
By fireflyfiel

လမ်းခွဲပြီးနောက်ပိုင်း ကျန်းဟာအိုနေ့ရက်တွေဟာ
စိတ်ထောင်းကိုယ်ကြေပါပဲ ။

လူမှန်းမပေါ်တော့လောက်အောင်ကို ညှင်းသိုးသိုး
ဖြစ်နေတဲ့ မျက်နှာတွင် မုတ်ဆိတ်မွှေးပါးပါးတွေဟာ
နေရာယူထားလျက် ။

တစ်ပတ်လုံးမရှင်းရသေးလို့ ရှုပ်ပွနေတဲ့အခန်းဟာလဲ
မြွေတစ်ကောင် ဝင်ခွေနေလျှင်တောင် ဟာအို့မှာ
သိနိုင်မည်မထင်ပါ ။

လေးနှစ်လုံးလုံးသူ့ကိုအနီးကပ်ဂရုစိုက်ပေးခဲ့တဲ့
လူတစ်ယောက်ကိုရုတ်တရက်ကြီးဆုံးရှုံးလိုက်ရတာ
ကြောင့်သူဒီလောက် ဖရိုဖရဲဖြစ်နေတာက မလွန်လောက်
ဘူးလို့တော့ထင်မိပါသည် ။

ရေချိုးခန်းထဲကမှန်မှာပေါ်နေတဲ့ ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး
ကျန်းဟာအိုရဲ့စိတ်ဓာတ်တွေဟာ ဟိုးမြေကြီးထဲကို
ပိုလို့ပင်စုန်းစုန်းမြုပ်သွားသယောင် ။

မျက်လုံးတွေမှာလဲအသက်မဲ့လှပြီး အစားကိုဟုတ်တိ
ပတ်တိမစားထားတာကြောင့် နဂိုပိန်သောခန္ဓာကိုယ်မှာ
ပိုတိုး၍သေးသွား၏။

အဲ့နေ့ဟန်ဘင်းနဲ့ နောက်ဆုံးစကားပြောပြီးတဲ့နေ့ထဲက
သူ့အခန်းလေးထဲမှာပဲ ဘယ်မှမသွားပဲအခန်းအောင်း
နေခဲ့တာ ယနေ့နဲ့ဆိုတစ်ပတ်ကျော်နေချေပြီ ။

ဖြစ်နိုင်ရင် ဘယ်မှမသွားတော့ဘဲ အိမ်မှာပဲနေလိုက်
ချင်သေးပေမဲ့ သူ့အလုပ်က Private Universty
တစ်ခုရဲ့ပါမောက္ခဖြစ်နေသောအခါ ကျောင်းကပို့လာ
တဲ့စာတွေကြောင့် မတက်သာပဲအပြင်ထွက်ရဖို့က
ဖြစ်လာသည် ။

ဂျုတ်တစ်ခုနဲ့ မျက်နှာပေါ်က မုတ်ဆိတ်မွှေးတွေကို
ရိတ်သင်းလိုက်ပြီး ရေမိုးချိုးရသည် ။

စိတ်မပါသော်လည်း ကိုယ်ကတော့မဖြစ်မနေ
လုပ်ကိုလုပ်ဆောင်ရမည့်ကိစ္စတွေပါပင် ။
အချိန်တွေကြာလို့မေ့သွားရင်လဲ ကောင်းမှာဆိုပေမဲ့
မေ့လို့မရမှာကိုတော့ လူတိုင်းထက်သူကပိုသိပါသည်

မဖြစ်လာမဲ့ကိစ္စတွေကို ထိုင်တွေးပူနေမဲ့အတူတော့
လက်ရှိကိုလက်ခံပြီး ဟိုးအရင်တွေကလိုပဲ ငေးကြည့်
နေရဖို့သာ သူကတတ်နိုင်သည် ။

မဟုတ်လဲဆောင်းဟန်ဘင်းဘက်က သူ့ကိုလိုမှမလို
ချင်တော့ဘဲ ကျန်းဟာအိုကဘာတွေများထပ်လုပ်နိုင်
မှာမလို့လည်း ။

အစတည်းက မဖြစ်နိုင်ခဲ့မှန်းသိသိရက်နဲ့ကျန်းဟာအိုက
ရူးမိုက်နေခဲ့တာ ၊ အခုလိုနှုတ်ဆက်လမ်းခွဲခြင်းတွေ
ဖြစ်လာတော့လဲ လက်ခံပြီးတိတ်တိတ်လေးကြေကွဲယုံ
သာပေါ့ ။

ကျန်းဟာအိုဟာ ဆောင်းဟန်ဘင်းနဲ့ပတ်သတ်လာလျှင်
ထိုမျှလောက်ကို လောဘနည်းခဲ့ပါသည် ။

ရေမိုးချိုးပြီးသောအခါ ရာသီဥတုကအနည်းငယ်
နွေးနေတာမလို့ ဆွယ်တာအဖြူလေးကိုအပေါ်မှ
ထပ်ဝတ်ရသည် ။ အအေးဒဏ်ကိုအများကြီးမခံ
နိုင်တဲ့သူမလို့ မာဖလာတစ်ခုဝတ်ရန် ထုတ်ကြည့်သော
အခါ အဖိုးဖြတ်မရတဲ့ အမှတ်တရလေးတစ်ခုကို
အနီရောင်မာဖလာလေးဟာ အစဖော်လာသည် ။

ကျန်းဟာအို များများစားစားစဉ်းစားမနေချင်တော့တာ
ကြောင့်ထိုမာဖလာလေးကိုသာ ယူလို့သူ့လည်ပင်းတွင်
ဝတ်ဆင်လိုက်ပြီး အဝတ်အစားရွေးခြင်းကိုအဆုံး
သတ်လိုက်သည် ။

ကားသော့ယူပြီး မနက်စာအတွက် ပေါင်မုန့်တစ်ချပ်
ပါးစပ်ထဲထည့်ပြီးသောအခါ အောက်ထပ်သို့ခပ်မြန်မြန်
ဆင်း၍ကျောင်းသို့မောင်းထွက်လာခဲ့တော့သည် ။

အပြင်မထွက်ဖြစ်တဲ့ အတောအတွင်းမှာပေကျင်းမြို့
ကဘာမှများများစားစားပြောင်းလဲမနေပါပေ ။
လူရှုပ်နေကျလမ်းမကြီးက အရင်တိုင်းစည်ကားနေဆဲ
ဖြစ်ပြီး တိမ်တွေကလဲ သူ့သဘာဝတိုင်းလေနှင်ရာ
သို့သာ လွင့်မျောနေပါသည် ။

ဆိုကာမှ သူတရုတ်ကိုပြန်ရောက်လာခဲ့တာအတော်
ကြာပြီဆိုပေမဲ့ ဖူဂျီယန်းကိုတောင်မပြန်ဖြစ်သေးဘူးပဲ ။
ကိုရီးယားမှာဘွဲ့ရပြီး ဆောင်းဟန်ဘင်းနဲ့အတူနေရန်
စိတ်ကူးထားပေမဲ့ ဆောင်းဟန်ဘင်းမိသားစုပိုင်
တရုတ်နိုင်ငံမှာရှိတဲ့ ကုမ္ပဏီခွဲကို ဆောင်းဟန်ဘင်းက
ဦးစီးဖို့ဖြစ်လာတဲ့အချိန်မှာ ကျန်းဟာအိုကဘာမျှ
များများစားစားမစဉ်းစားနေဘဲ တရုတ်ကိုပြန်လိုက်
ခဲ့ပြီး တက္ကသိုလ်တစ်ခုတွင်ဆရာအဖြစ်အလုပ်ရခဲ့ရာမှ
ယခုဆိုလျှင် ပါမောက္ခတစ်ယောက်တောင်ဖြစ်နေခဲ့ပြီ

ပါမောက္ခတစ်ယောက်ဖြစ်ပြီး မကြီးမငယ်နဲ့
အသည်းကွဲလို့ တစ်ပတ်လောက်ကျောင်းပျက်လိုက်သည်
ဆိုသည့်ကိစ္စက တော်တော်ကြီးကိုနားထဲကန့်လန့်ဖြစ်စေ
သည့်ကိစ္စပါပင် ။

ဒါပေမဲ့လဲ ကျန်းဟာအိုက သွေးသားနဲ့တည်ဆောက်
ထားတဲ့လူပဲမလို့ အသည်းကွဲပိုင်ခွင့်အပြည့်အဝရှိသည်
မဟုတ်လား ။ အသက် ၂၆ နှစ်အရွယ်ယောကျာ်း
တစ်ယောက်က ရည်းစားနဲ့ပြတ်သွားလို့ အိမ်ထဲမှာ
ခုနစ်ရက်လောက် အောင်းနေသည်ဆိုတာကအတော်လေး
အဓိပ္ပာယ်မရှိတာမလို့ ကျန်းဟာအိုမှာအချိန်ကြာကြာ
ပြိုလဲနေဖို့အချိန်မရှိပေ ။

ဆောင်းဟန်ဘင်းကလဲ သူကြေကွဲနေတာကိုသနားပြီး
ပြန်လာမည့်လူမဟုတ်သလို သူ့ကိုစောင့်ကြည့်နေမဲ့
လူမျိုးလဲမဟုတ်တာမလို့ သူ့မှာအများကြီး ဟန်ဆောင်
ကာအသည်းကွဲနေဖို့အချိန်မရှိပါပေ ။

သူလဲသူ့လမ်းသူလျှောက်သလို ဟာအိုလဲ
ဟာအို့လမ်းဟာအိုလျှောက်ရမည်ဖြစ်သည် ။
ဒါကကျန်းဟာအိုရဲ့ ဘယ်တော့မှပြင်လို့မရမဲ့
ခေါင်းမာတဲ့အကျင့်ဖြစ်သလို ထုတ်မပြောပေမဲ့
ဆောင်းဟန်ဘင်းအတွက်လဲ ဒါကတော်တော်ကြီးကို
အနှောင့်အယှက်ဖြစ်ခဲ့မည့်ပုံပင် ။

ဆောင်းဟန်ဘင်းကသူ့ကိုမချစ်တာတောင်မှ
သူ့လိုမချွဲတက် မရစ်တတ် မပူဆာတတ်တဲ့
ရေခဲတုံးထက် ပိုအေးစက်တဲ့သူကို လေးနှစ်လောက်ထိ
သည်းခံတွဲကာ ပြန်ချစ်နိုင်ဖို့ကြိုးစားခဲ့သည်မလား ။

ကျန်းဟာအိုဘက်က သူ့ကိုတစ်ဖက်သတ်ချစ်ခဲ့ရတာ
သုံးနှစ်ပဲ ဆိုပေမဲ့ဆောင်းဟန်ဘင်းကတော့သူ့အတွက်
အချိန်တစ်နှစ်လောက်ပိုပေးခဲ့ရှာပါသည် ။

ကျန်းဟာအိုက ထိုအချိန်တွေကိုထောက်ထားသော
အားဖြင့် ဆောင်းဟန်ဘင်းစိတ်အနှောင့်အယှက်
မဖြစ်အောင် သူ့ဘက်ကသေမလောက်လွမ်းနေလဲ
ကြိတ်မှိတ်သည်းခံပြီးနေသွားဖို့သာစဉ်းစားထားပါသည်

ကားကိုရပ်နေကျနေရာမှာသာ ပါကင်ထိုးလို့
ကျောင်းခန်းဆီသို့သာ ဦးတည်ပြီးလျှောက်နေသော
လမ်းတစ်လျှောက်တွင် တစ်ပတ်လောက်ကျောင်းက
ပျောက်ပြီးမှပြန်ပေါ်လာလို့ အထူးအဆန်းအကြည့်တွေ
ကသူ့နောက်ကျောမှာ တောက်လျှောက်ကပ်ပါလာသည်

" မဂ်လာပါ ပါမောက္ခဟောင့် "

" မင်းက ? "

ကျန်းဟာအိုရဲ့အိတ်ကိုလာဆွဲလို့နှုတ်ဆက်လာတဲ့
ကောင်လေးအား ကျန်းဟာအိုကတအံ့တဩနှင့်
ပြန်မေးမိသည် ။

" တွဲဖက်ပါမောက္ခ ဆော့မက်သရူးပါဗျ ။
ပါမောက္ခဟောင့်မရှိတဲ့ တစ်ပတ်အတွင်းမှာ
ကိုရီးယားကနေ ပြောင်းလာခဲ့တာပါ "

" ဪ... "

ကျောင်းဘက်ကနေ တွဲဖက်ပါမောက္ခအကြောင်း
သူ့ကိုမေးလ်ပို့ကောင်းပို့ထားနိုင်ပါတယ် ။ သူကပဲ
လပ်(ပ်)တော့မဖွင့်ဖြစ်လို့ မသိတာပဲဖြစ်ပါလိမ့်မည် ။

" အင်း ဒါဆိုရှေ့လျှောက်အကောင်းဆုံးတူတူ
ကြိုးစားကြတာပေါ့ ငါ့နာမည် ကျန်းဟောင့်ပါ
ဟာအိုဖြစ်ဖြစ် ဟောင့်ဖြစ်ဖြစ်အဆင်ပြေသလို
ခေါ်လို့ရပါတယ် "

" အာ....ကျွန်တော်က ကိုရီးယားလူမျိုးဆိုတော့
ဟောင့်လို့ထွက်ဖို့က ခက်တယ်ဗျ ။ ပြီးကျ ကနေဒါမှာ
အနေများခဲ့တာဆိုတော့ ကိုရီးယားအသံထွက်မှာလဲ
နည်းနည်းအခက်အခဲရှိနေတော့လေ ဒီတိုင်း ကော
လို့ဆိုအဆင်ပြေမလားဗျ "

သူ့ရှေ့ကကိုရီးယားကောင်လေးရဲ့ စကားကြောင့်
ကျန်းဟာအိုရဲ့ရင်ထဲမှာ ဆွေးဆွေးမြေ့မြေ့ပါရယ် ။
ဟန်ဘင်းနဲ့ စသိတုန်းကလဲ ဟန်ဘင်းကထိုအတိုင်း
ပြောခဲ့တာဖြစ်သည် ။

သူ့ဘက်က ဟောင့်ကိုအသံထွက်ဖို့ခက်ခဲတာမလို့
ဒီတိုင်း ဟာအိုလို့ ခေါ်ရင်အဆင်ပြေမလားတဲ့လေ....

" မင်းသဘောပါ အခေါ်အဝေါ်ကကိစ္စမရှိပါဘူး
ကျောင်းသားတွေရှေ့မှာသာ လေးလေးစားစား
ခေါ်ပေးရင် အဆင်ပြေပါပြီ "

" ဟုတ်ကဲ့ ကျေးဇူးပါ ကော "

ဒီလိုနဲ့ပဲ သူနဲ့အရပ်အနည်းငယ်ကွာတဲ့ ဆံပင်ရွှေဝါ
ရောင်တွေရှိတဲ့ ကနေဒါမကျ ကိုရီးယားမကျကောင်လေး
နဲ့အလုပ်တူတူတွဲလုပ်ဖို့ရာ ဖြစ်လာပါတော့သည် ။

စာသင်ချိန်တွေဟာပုံမှန်ထက်မြန်ဆန်နေသလိုပါပင် ။

ပုံမှန်ရက်တွေဆိုရင် ဆောင်းဟန်ဘင်းကအပြန်တွင်
မုန့်တစ်မျိုးလောက်လာပေးပြီး စကားခဏပြောကာ
ကုမ္ပဏီကိုပြန်တတ်တာမလို့ ကျောင်းကလူတော်တော်
များများက ဟာအိုတို့အကြောင်းကိုသိထားကြပြီး
ယနေ့လိုဟန်ဘင်းလဲလာမကြို ဟာအိုကလဲတစ်ပတ်လောက်ပျောက်ကာပိန်လှီပြီးမှ ကျောင်းပြန်တက်လာတဲ့အခြေအနေကိုစာကလွဲရင် အကုန်မသင်ပေးပဲတတ်ကြတဲ့ ဒီနေ့ခေတ်လူငယ်တွေက ရိပ်မိလောက်ကြမည်ပင် ။

ကျန်းဟာအိုအနေနဲ့ကတော့ ဘာမှမဖြစ်သလို
ကြိုးစားဟန်ဆောင်နေရတာနဲ့တင် လုံလောက်အောင်
ပင်ပန်းနေပြီမလို့ ဘယ်သူ့ကိုမှအရေးတယူလုပ်ပြီး
ဂရုမစိုက်ချင်တော့ ။ နဂိုတည်းကလဲ ဘေးပတ်ဝန်း
ကျင်ကို ဘယ်သောအခါကမျှ ဂရုမစိုက်ခဲ့သော
သူတစ်ယောက်ပဲလေ ။

" ကော ကျွန်တော်စားသောက်ဆိုင်တစ်ခုတွေ့ထားတာ
လမ်းမသိလို့ တစ်ချက်လောက်ညွှန်ပေးပါလားဗျ "

သူ့ဘေးနားက လက်ထောက်ပါမောက္ခလေးမှာ
စကားအလွန်များသော်လည်း ကိုရီးယားစကားရော
တရုတ်စကားကိုပါ မပီတပီနှင့်ပြောနေသည်က
ရယ်စရာလဲကောင်းသလို တစ်ဖက်ကကြည့်ရင်လဲ
ချစ်စရာကောင်းနေပြန်ပါသည် ။

ကျန်းဟာအိုလို တစ်ယောက်တည်းသီးသန့်နေပြီး
စိတ်ရှုပ်မခံတတ်တဲ့လူမျိုးက သည်ကောင်လေးကို
တော့ထူးထူးဆန်းဆန်းအမြင်မကြည်တာမျိုး
ရှိမနေခဲ့ ။

" ဘယ်နားလဲပြကြည့်လေ ငါလဲအပြင်မထွက်ဖြစ်လို့
သိပ်မသိပေမဲ့ ပေကျင်းမြို့ထဲဆိုရင်တော့ဖုန်းကနေ
တဆင့် ညွှန်ပေးနိုင်ပါတယ် "

" အယ်...အဲ့လိုမဟုတ်ဘူးလေ "

" ဟင်ဘယ်လိုလဲ ? "

~

ကျန်းဟာအိုမှာ ငြင်းဆန်ချိန်တောင်မရလိုက်ဘဲ
ဆော့မက်သရူးရဲ့အတင်းတောင်းဆိုမှုကြောင့်
သူပြောတဲ့တရုတ်စားသောက်ဆိုင်လေးတစ်ခုကို
လိုက်လာရသည် ။

" ကျွန်တော်နဲ့တွေ့မဲ့သူကဘယ်လူမျိုးလဲ
သေချာမမေးမိထားလို့ပါ ကောရယ် တရုတ်လူမျိုးဆို
စကားအမှားဘာညာပါသွားရင် အလုပ်ကိစ္စ
ဆိုတော့ မကောင်းဘူးလေ အဲ့ဒါကြောင့်ပါ ကော
ကျွန်တော်မုန့်တွေအများကြီးဝယ်ကျွေးမယ်နော် ကော "

ဆော့မက်သရူးရဲ့အမြင်မှာ သူဟာမုန့်မက်တဲ့
ငါးနှစ်အရွယ်ကလေးပုံစံများပေါက်နေသလားတော့
မသိပေမဲ့ ကျန်းဟာအိုကဘာမျှပြန်ပြောမနေတော့ဘဲ
လွယ်လွယ်သာခေါင်းငြိမ့်ပြလိုက်ပါတော့သည် ။

" မက်သရူး ငါ toilet ခဏသွားဦးမယ်
ပြန်လာခဲ့မယ် "

" ဟုတ်ကဲ့ကော မြန်မြန်တော့ပြန်လာနော် "

ကျန်းဟာအိုခေါင်းသာအမြန်ငြိမ့်ပြပြီး ထွက်လာ
ခဲ့တော့သည် ။ တကယ်ပါပဲ ငါးနှစ်သားအရွယ်
ကလေးတစ်ယောက် ကောက်ရလိုက်သလိုပင် ။

ထိုင်နေရတာညောင်းလို့သာထွက်လာချင်းဖြစ်ပြီး
တကယ့်တကယ်အိမ်သာထဲဝင်လာတော့လဲ
မှန်ကကိုယ့်ရုပ်ကိုယ်ကြည့်ပြီးတော့ စိတ်ဓာတ်တွေက
ကျလာရသည် ။

ဘာကြောင့်များအဲ့လောက်ထိပိန်သွားရသလဲ
မသိတော့ပါ ။ အကျီတွေကနဂိုထက်ပိုမိုပွယောင်း
နေပြီး အပေါ်ကဆွယ်တာတွေရော မာဖလာတွေရော
ကြောင့်လူက အဝတ်အစားတွေထဲမြုပ်သွားတော့မဲ့
အပြင် အရူးကြီးနဲ့ပါတူနေသေးသည် ။

ကျန်းဟာအိုစိတ်ရှုပ်စွာနဲ့ မာဖလာတွေရော
အကျီတွေရောချွတ်လိုက်ပြီး ဘောင်လေးပေါ်
တင်ထားကာ ဝတ်ထားတဲ့မျက်မှန်လေးကိုချွတ်ပြီး
အကျီတွေပေါ်တင်လိုက်ကာ လက်ဆေးလိုက်သည် ။

ဒုန်း !

လက်ဆေးပြီးလို့ တစ်ရှူးဆီလက်လှမ်းချိန်မှာတင်
ရုတ်တရက်ဘေးကနေထွက်ပေါ်လာတဲ့ တံခါးကို
အားနဲ့တွန်းဖွင့်သံကြောင့် ကျန်းဟာအိုမှာလန့်သွား
ရပြီး ခန္ဓာကိုယ်လေးပင်တစ်ချက်တုန်သွားရသေးသည်

ဘယ်သူမှန်းသိစေရန်လှည့်ကြည့်တော့ မျက်လုံးက
ပါဝါပိုတိုးရမလားပင် မသိပါ အဝေးတော်တော်လေးကို
ဆိုးရွားနေသည် ။

ဝင်လာသောသူတွေမှာ တစ်ယောက်ကအမဲဝတ်ထားပြီး
တစ်ယောက်က အပြာရောင်ဝတ်ထားတာကလွဲရင်
သူဘာမှသဲသဲကွဲကွဲမမြင်ရ ။

" အာ....ဆောရီး လူရှိတာလားမသိလိုက်လို့ပါ
ခဏစောင့်ဦးနော် ငါကိစ္စရှင်းပြီးပြန်ထွက်လာခဲ့မယ် "

ကောင်လေးမှာသူ့ကိုတစ်လှည့် သူနဲ့အတူပါလာတဲ့
လူကိုတစ်လှည့် ပြောပြီးသော်အမြန်လေးအိမ်သာ
ဘက်ကိုထွက်သွားပုံရသည် ။

ကျန်းဟာအိုတင်ထားတဲ့ အကျီတွေကိုကောက်ယူ
လိုက်ချိန်တွင် သတိမထားမိပါဘဲ အပေါ်တင်ထားတဲ့
မျက်မှန်ဟာ အောက်သို့ပြုတ်ကျလေတော့သည် ။

ခွမ်း !

ကျစ် ကျိုးပြီထင်ပါတယ် ။

ဆောင်းဟန်ဘင်းကိုယ်တိုင်လိုက်လုပ်ပေးခဲ့တဲ့
မျက်မှန်လေးမလို့ ကျန်းဟာအိုတန်ဖိုးထားပြီး
သေချာဂရုစိုက်စွာ တပ်ခဲ့သည်ဆိုပေမဲ့ယခုတော့
ကျိုးရှာပြီ ။

ကျန်းဟာအိုမှာ စိတ်လဲပျက် စိတ်လဲတို ဝမ်းလဲနည်း
ခံစားချက်ပေါင်းစုံနဲ့ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး
မျက်မှန်ကိုလက်နဲ့လိုက်စမ်းရပါတော့သည် ။

" ငါပြီးပြီ...ဘာလုပ်နေတာလဲ ဆ ဟင် အင်း
ဪ ဟိုဘာဖြစ်တာလဲ ကျွန်တော်ဘာကူညီ
ပေးရမလဲဟင် "

" ရတယ်ဘာမှမဖြစ်ဘူး မျက်မှန်ကျသွားလို့ "

" အယ် ကွဲသွားတာပဲ ဖန်စတွေနဲ့ကျွန်တော်
ကောက်ပေးမယ်နော် "

" ရတယ် ရတယ် ဘာမှမဖြစ်ဘူးလက်တွေ
ရှကုန်လိမ့်မယ် "

ကျန်းဟာအိုဟာ ဝိုးတိုးဝါးတားမြင်နေရတဲ့
အနေအထားမှာတောင် မာနမလျှော့ချင် မြင်နေရတဲ့
အရိပ်တွေကိုပဲ သူ့ကိုမကူညီပေးဖို့ရာတားမိသည် ။

" ဒီမှာပါဗျ ကိုင်းပဲအကောင်းကျန်တယ် ကျန်တာ
ကွဲကုန်ပြီ ဖန်နဲ့လုပ်ထားလို့ထင်တယ် "

" အင်းကျေးဇူး "

ကျန်းဟာအိုကျေးဇူးစကားခပ်မြန်မြန်ပဲပြောပြီး
သန့်စင်ခန်းထဲကအမြန်ပဲထွက်လာလိုက်သည် ။

မထွက်လာခင်ကို အရှေ့မှာပိတ်ရပ်နေတဲ့လူကို
မမြင်ဘဲ တိုက်မိသေးတာမလို့ တောင်းပန်စကား
ဆိုရပြန်သေးသည် ။

တကယ်ကိုသောက်ဗရုတ်သုတ်ခတွေကို
ဖြစ်လို့ပါလား ကျန်းဟာအိုရယ် ။

" ကောပြန်လာပြီလား ဘယ်လိုဖြစ်လို့လဲ
ချွေးတွေတောင် ပြန်နေပါ့လား "

ကျန်းဟာအို မက်သရူးနားဝင်ထိုင်ရင်း ရေသောက်
လို့အမောဖြေရုံရှိသေး မက်သရူးက သူ့ကိုဂရုတစိုက်
နှင့်မေးလာသည် ။

" မျက်မှန်ကျိုးသွားလို့ မက်သရူး လုံးဝပျက်စီး
သွားတာလား တစ်ချက်ကြည့်ပေးပါလား "

ကျန်းဟာအို သူ့လက်ထဲက မာဖလာနှင့်
ရောကာကိုင်လာသည့် မျက်မှန်အကျိုးလေးအား
မက်သရူးကိုပြလိုက်သည် ။

" မှန်တွေကတော့ကွဲတာကကွဲ အက်တာကအက်
ကိုင်းတောင်ယဲ့ယဲ့လေးပဲကျန်တာ ကောမဟုတ်မှ
အဝေးတော်တော်လေးကိုမှုန်နေတာလား "

" အဲ့လိုထင်တယ် ပြန်မစစ်ဖြစ်တဲ့
အတောအတွင်းကို ပါဝါတွေတက်လာတာ "

" ဪကောရယ် ရေသောက်လိုက်ပါဦး "

မက်သရူးကရေကိုထပ်ငှဲ့ပေးကာ တိုက်လာပါသည် ။
ထို့နောက်တစ်ရှူးလေးနဲ့ သူ့ချွေးတွေကိုသုတ်လာ
ပေးပြန်သည် ။

ကျန်းဟာအိုကိုယ်ဟာရုတ်တရက်ကြီးဆိုသလို
တောင့်တင်းသွားရသည် ။

" တစ်ခုခုဖြစ်လို့လားကော ? "

" ဘာ...ဘာမှမဖြစ်ပါဘူး "

ဆောင်းဟန်ဘင်းကိုသတိရသွားလို့ပါဆိုတာကို
သူထုတ်တော့မပြောမိလိုက်ပါဘူး ။

ဆောင်းဟန်ဘင်းက ချစ်သာမချစ်ခဲ့တာပါ
သမီးရည်းစားတွေကြားထဲရှိသင့်တဲ့ ဂရုစိုက်မှုတွေ
အကြင်နာတွေအကုန်လုံးကို သူ့အားပေးခဲ့ပါသည် ။
ဒါတွေကြောင့်လဲ ဟာအို့ကို သူကချစ်နေတာဟု
အထင်လွဲခဲ့ဟန်တူပါသည် ။

" ကျွန်တော်နဲ့ချိန်းထားတဲ့လူက ဒီနေ့ကိစ္စတစ်ခု
ရှိလို့ဆိုပြီးဖျက်သွားတယ်ကော နောက်နေ့မှပဲ
ကျောင်းကိုလာတွေ့မယ်တဲ့ "

" အင်း ဒါဆိုပြန်တာပေါ့မက်သရူးကိစ္စပြီးပြီမလား "

" ပြီးပြီ ဒါနဲ့ဒါလေးယူသွားလိုက်နော်ကော
ကျွန်တော်ပြောတဲ့တိုင်းမုန့်ပြန်ကျွေးတာ "

ကျန်းဟာအိုလက်ထဲက မုန့်တွေထည့်ထားပုံရမဲ့
ကြွတ်ကြွတ်အိတ်လေးအားသူ့လက်ထဲထည့်ပေး
လာပြန်သည် ။

ကျန်းဟာအို ဆော့မက်သရူးကိုပြိုင်မငြင်းနိုင်တော့
တာမလို့ အလွယ်တကူသာလက်ခံလိုက်ရတော့သည် ။
အဲ့ဒါနဲ့တင်မရပ် ကျန်းဟာအိုကအဝေးကိုသိပ်မမြင်ရ
တာမလို့ ကျန်းဟာအိုလက်ကိုထိန်းကိုင်ကာ လမ်းလျှောက်
ဖို့ကူညီပေးလာပြန်တဲ့ မက်သရူးဟာအတော်လေးကို
လူမှုဆက်ဆံရေးပြေပြစ်ပုံပါပဲ အလိုက်သိလွန်း
နေတာလေ ။

အားနာနာနဲ့ပဲ ကျန်းဟာအိုဟာ အကူအညီယူလက်စနဲ့
မက်သရူးကိုပဲ ကားမောင်းစေလို့သူ့ကိုပြန်လိုက်ပို့
ခိုင်းရပါတော့တယ် ။ သူစိမ်းဆိုပေမဲ့လဲ မက်သရူးဟာ
သူ့အတွက်တော့ သက်တောင့်သက်သာရှိလှသလို ။

ကားဖြူဖြူလေးပါကင်ကထွက်သွားတာကိုကြည့်လို့
နှုတ်ခမ်းတစ်ဖက်ကို ရွဲ့၍ပြုံးမိသွားသည် ။

" အဆင်ပြေနေတာပဲလား.... "

~









Looking at it now

It all seems so simple.











~

အပိုင်း (၂) အဆုံး














~
Author's Note \\
1 ပိုင်းတည်းကြီးဖြစ်နေရင်မနေတတ်လို့ပါ T.T
နောက်အပိုင်းတွေဒီလောက် update မမြန်လောက်
ပါဘူးနော် ချစ်တူတို့ <3

Continue Reading

You'll Also Like

605K 9.4K 87
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
664K 33.5K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
15.8K 1.8K 11
Ricky Shen X Kim GyuVin Start Date-31/5/23 End Date- 29/7/23
6.3K 865 12
" ๐˜ˆ ๐˜ฎ๐˜ช๐˜ญ๐˜ญ๐˜ช๐˜ฐ๐˜ฏ ๐˜ญ๐˜ช๐˜ต๐˜ต๐˜ญ๐˜ฆ ๐˜ณ๐˜ฆ๐˜ข๐˜ด๐˜ฐ๐˜ฏ๐˜ด ๐˜'๐˜ฎ ๐˜ง๐˜ข๐˜ญ๐˜ญ๐˜ช๐˜ฏ๐˜จ ๐˜ง๐˜ฐ๐˜ณ ๐˜บ๐˜ฐ๐˜ถ๐˜ณ ๐˜ด๐˜ฎ๐˜ช๐˜ญ๐˜ฆ " โ€ข SHENTAERAE , BINTHEW , WOONGHAO