ယုန်လေး က သားပေါက်လေးကို ပျို...

By Kyiphyuswe

31.5K 4.1K 61

ယုန်လေး က သားပေါက် လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး! (BL translation) Little rabbit, he can't afford to ra... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2.2)
အပိုင်း (2.3)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (3.3)
အပိုင်း (4.1)
အပိုင်း (4.2)
အပိုင်း (4.3)
အပိုင်း (5.1)
အပိုင်း (5.2)
အပိုင်း (5.3)
အပိုင်း (6.1)
အပိုင်း (6.2)
အပိုင်း (6.3)
အပိုင်း (7.1)
အပိုင်း (7.2)
အပိုင်း (7.3)
အပိုင်း (8.1)
အပိုင်း (8.2)
အပိုင်း (8.3)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (10.1)
အပိုင်း ( 10.2)
အပိုင်း (11.1)
အပိုင်း (11.2)
အပိုင်း (12.1)
အပိုင်း (12.2)
အပိုင်း (13.2)
အပိုင်း (14.1)
အပိုင်း (14. 2)
အပိုင်း (15.1)
အပိုင်း (15.2)
အပိုင်း (16.1)
အပိုင်း (16. 2)

အပိုင်း (13.1)

332 49 0
By Kyiphyuswe

(13.1) ဓာတ်ပုံရိုက်ခြင်း ( ရှုတင်)

ရှုတင် ရိုက်ဖို့ ပြင်ဆင်ထားတဲ့ နေ့က နေသာတဲ့ အတွက် ကြောင့် နှစ်ယောက် သား ယိဟွား အင်တာတိန်းမိန့် စီကို အစောလေး လာခဲ့ လေတယ်။

အတိအကျ ပြောရရင် နန်ဟွေး က ပြင်ဆင်ဖို့ အချိန် ရအောင် ကြိုလာတာ ဖြစ်ပြီးတော့ ဝမ်ဟန် ကတော့ ဘေးနား ကနေ လိုက်ပြီး စောင့်ကြပ် ပေးတာ ပဲ ဖြစ်လေတယ်။

အဲ့နေ့ မတိုင်ခင် ည တုံးက နန်ဟွေး ခမျာ စိုးရိမ်ပူပန်မှု ဖိအားတွေ အများကြီး ခံစား ခဲ့ရတာ လေ။ တကယ်လို့ သူက ပုံကောင်းကောင်း မရိုက်နိုင်တာ ဒါမှမဟုတ် တစ်ခြား လူက ဘာပြော သလဲ ဆိုတာ ကို နားမလည်တာ မျိုးတွေ ဖြစ်လာရင် လူရယ် ခံရမှာ ကို အတော်လေး ကြောက်လန့် နေမိလို့ပဲ ဖြစ်လေတယ်။ အတော်လေး လည်း စိုးရိမ်ပူပန် နေခဲ့ လေတယ်။

အဆုံးမှာတော့ ဝမ်ဟန် ကပဲ သူ့ကို အိပ်ယာထဲ အတင်းပို့ပြီး အိပ်ခိုင်းလိုက် ရတော့တယ်လေ။

အဲ့တာ ရဲ့ အကျိုးရလဒ် ကတော့ နောက်တစ်နေ့ မှာ လိုက်ပါ လာတော့တာ ပဲလေ။ နန်ဟွေး လည်း အိပ်ယာက နိုးတော့ သူ့ရဲ့ မျက်လုံးအောက်မှာ အမဲရောင် အကွင်း နှစ်ခု က အံ့သြ စရာ မရှိပဲ ပေါ်လွှင် နေခဲ့ လေတယ်။

သူက အဝတ်လဲ ခန်း ထဲကို ဝင်လိုက် တဲ့ အချိန်မှာတော့ မိတ်ကပ် ပြင်ပေးမယ့် သူက ရောက်နေ ပြီပဲ ဖြစ်လေတယ်။ မိတ်ကပ် ပြင်ပေးတဲ့ သူ ခမျာ နန်ဟွေး ရဲ့ မျက်လုံး အောက်က အမဲကွင်း ကြီးတွေကို ဖုံးကွယ် ပေးနေရင်း နဲ့ တရားဝင် ဓာတ်ပုံ ရှုတင် မှာဆိုရင် အခုလိုမျိုး ဖြစ်နေ လို့ မရဘူးလို့ ပြောနေခဲ့ လေတယ်။

နန်ဟွေး ရဲ့ လူတွေကို နီးကပ်စေ လိုတဲ့ အထူး စိတ်နေသဘောထား လေးကြောင့် လားတော့ မသိပေ မိတ်ကပ်ပြင်ပေး တဲ့သူ က ဘာမှ ပြင်းပြင်းထန်ထန် မပြောခဲ့ပါချေ။ ပြီးတော့ နန်ဟွေး အတွက် ကလည်း သူ့ရဲ့ အမေ က အခုလို တတွတ်တွတ်နဲ့ ဆူပူ တာကို အချိန် အတော်ကြာ ကတည်း က နေသား ကျနေ ခဲ့ပြီ ပဲ ဖြစ်လေတယ်။

အဆုံးမှာတော့ အနုပညာ လောက ထဲမှာ အလှလေး တွေဆိုတာ က ရှားပါးပြက်လပ် နေတဲ့ အရာမှ မဟုတ်ပဲ။ ဒါပေမယ့် နန်ဟွေး လိုမျိုး ကြည်လင်တဲ့ မျက်ဝန်း တွေနဲ့ ကောင်းမွန်တဲ့ စိတ်သဘောထား ရှိတဲ့ လူတွေကတော့ တကယ့်ကို ရှားပါး ပါတယ်။

မိတ်ကပ် ပညာရှင် ကတော့ နန်ဟွေးရဲ့ မျက်နှာလေး ပေါ် မိတ်ကပ် သေချာ ပြင်နေ ရင်း အသားအရည် ကောင်းတဲ့ အတွက်လည်း ချီးကျုး နေခဲ့ လေတယ်။

သူက ဒီနေ့ တစ်ရက် အိပ်ယာဝင် နောက်ကျ ခဲ့တာသာ ဖြစ်ပေမယ့် နန်ဟွေး ရဲ့ အသားအရည် လေးတွေ ကတော့ နူးညံ့ ချောမွေ့နေဆဲ ဖြစ်ကာ နောက်ကျမှ အိပ်ယာဝင်တဲ့ အရိပ်အယောင် တွေကိုတောင် မမြင်တွေ့ ရပါပေ။

ရိုက်မယ့် ရှုတင် က လူငယ် ပုံစံ ဖြစ်ပြီးတော့ နန်ဟွေး ကိုယ်တိုင် ကလည်း အသားအရည် ကောင်း တယ် ဆိုကတည်း က မိတ်ကပ် ပညာရှင်ဟာ နန်ဟွေးကို အများကြီး ခြယ်သ မနေတော့ ပေ။

နန်ဟွေး ရဲ့ မျက်နှာ အသွင်အပြင် ကို ပိုပြီး တက်ကြွ သွားစေ ဖို့ရာ အတွက် မျက်လုံး ထောင့်လေး နဲ့ နှုတ်ခမ်း ထောင့်လေး နားကို အသားပေး ပြီးတော့ ဟိုက်လိုက် ပိုတင် ပေးလိုက် လေတယ်။

ပြင်ပေး တာ ပြီးသွားတဲ့ နောက် မိတ်ကပ် ပညာရှင် ခမျာ လူပေါင်း များစွာကို မရေမတွက်နိုင် အောင် ပြင်ပေး ပြီးသား လူ တစ်ယောက် ဖြစ်ပေမယ့် လည်း ထွက်လာတဲ့ ရလဒ်ကြောင့် အနည်းငယ် အံ့အား သင့်နေ ရဆဲ ပဲ ဖြစ်လေတယ်။

ပြောရမှာ အနည်းငယ်တော့ ရှက်စရာ ကောင်းပေမယ့် လည်း သူမက နန်ဟွေးလို ၁၈ ဆင့် ( နာမည်မကျော်ကြား လူသစ်) မြောက်က ကောင်လေး တစ်ယောက် ဟာ ဒီလို ဘရန်း တစ်ခု ရဲ့ မော်ဒယ် ဖြစ်လာဖို့ အတွက် အဆက်အသွယ် ကောင်းတယ် လို့ ထင်ခဲ့ မိတယ်။ ပြီးတော့ သူမက ထို ကောင်လေး ရဲ့ နာမည်ကို ကြားတောင် မကြားဘူး ပါပေ။

ဒါပေမယ့်လည်း အခုတော့ ရွေးချယ်ရေး လုပ်တဲ့ လူတွေက သူမ ထက်တောင် ပိုပြီး အမြင် ပိုကောင်း တယ်လို့တောင် သူမ ထင်လာ ပြီပဲ ဖြစ်လေတယ်။

စတူရီယို ထဲ မဝင်ခင် အထိ နန်ဟွေး ခမျာ အရမ်းတွေ စိုးရိမ် ကြောင့်ကြ နေတာ ဖြစ်လို့ ဝမ်ဟန်ရဲ့ လက်ကောက် ဝတ်ကို ဆုပ်ကိုင် ထားရ ဆဲ ဖြစ်လေတယ်။

ဝင်ပေါက်မှာ ရပ်စောင့် နေတဲ့ ရှုလီ က နန်ဟွေး ရဲ့ မိတ်ကပ် ပြင်ထားတဲ့ မျက်နှာလေး ကို မြင်လိုက် ရ လေတယ်။

'' လာလေ။ အထဲမှာ အကုန်လုံး က အဆင်သင့် ဖြစ်နေပြီ။ အထဲကို ဝင်သွား လိုက်ရုံပဲ။ မင်းတို့ကို အထဲ က ရိုက်ကူးရေး အဖွဲ့သား တွေနဲ့ အရင်ဆုံး မိတ်ဆက် ပေးမယ် ''

သူတို့က အစမ်း သဘော အနေနဲ့ ဓာတ်ပုံ  ရိုက်ကူးရေး လုပ်မှာ ဖြစ်တဲ့ အတွက်ကြောင့် အဝတ်အစား တွေ အများကြီး မပြင်ဆင်ထား ပါပေ။

ရလာတဲ့ ပုံတွေကို ပရောဂျက် အဖွဲ့က မှန်ကန် ရဲ့လား သင့်တော် ရဲ့လား ဆိုတာကို စစ်ဆေး ကြည့် ကြအုံးမှာ ဖြစ်တဲ့ အတွက်ကြောင့် သူတို့က ဓာတ်ပုံရိုက် ပညာရှင်နဲ့ ပူးပေါင်းပြီး အမြန် ဓာတ်ပုံ အနည်းငယ် လောက် ရိုက်ရ မှာပဲ ဖြစ်လေတယ်။

နန်ဟွေး က ဒီ နယ်ပယ်မှာ အရည်အချင်း တစ်ချို့ ရှိနေတာ ဖြစ်လောက် ပြီးတော့ ဓာတ်ပုံဆရာ ရဲ့ ညွှန်ကြား ချက်တွေ ကလည်း သိပ်ပြီး မရှုပ်ထွေးတာ ကြောင့် နာနာခံခံ လေး ပူးပေါင်း ပြီးတဲ့ နောက်မှာ ရလဒ် ကောင်းကောင်းလေး ထွက်လာ ခဲ့လေတယ်။

ပြီးတော့ နန်ဟွေး က အရမ်းတွေ စိတ်လှုပ်ရှားနေတာ ဖြစ်ပြီးတော့ လုပ်ငန်းစဥ် တစ်ခုလုံး ပြီးသွားတဲ့ အထိကို စိတ်လှုပ်ရှား နေဆဲ ဖြစ်လေတယ်။

လုပ်ငန်းစဥ် အရ ဆိုရင် အခုရိုက်ထားတဲ့ ဓာတ်ပုံတွေ ထွက်လာ ပြီးတာ နဲ့ ပရောဂျက် အဖွဲ့သား တွေရဲ့ စစ်ဆေး ဆုံးဖြတ်မှု ကို ရရှိဖို့ အတွက် အနည်းဆုံး နှစ်ရက် သုံးရက် လောက် စောင့် ရအုံးမှာ ပဲ ဖြစ်လေတယ်။

ဘယ်လို ပဲ ဖြစ်ပါစေ ဓာတ်ပုံ က ထွက်လာတာ နဲ့ ပရောဂျက် အဖွဲ့သားတွေ က နန်ဟွေး က ဒါနဲ့ အတော်လေး ကို သင့်တော်တယ် ဆိုပြီး သဘော တူလိုက် ကြတော့ လေတယ်။ ပြီးတော့ ချက်ချင်း ပဲ နန်ဟွေး ကို နေရာမှာ တင် စာချုပ် ရေးဆွဲ ပြီးတော့ ထို နှစ်ယောက် ကို ပြလိုက် လေတယ်။

ဝမ်ဟန် က အရင်ဆုံး စစ်ဆေး ကြည့်ပြီးတော့ ဘာပြဿနာ မှ မရှိတာ သေချာ အတည်ပြု ပြီးတော့မှ သာ နန်ဟွေးအား လက်မှတ် ထိုးစေတယ်။ နန်ဟွေး ကလည်း သူ့ရဲ့ အမည်ကို ချရေး လိုက်တော့ လေတယ်။

'' အဲ့ဘရန်း ဘက်ကနေ ပြီးတော့ အဝတ်အစားတွေကို အသုတ်ပေါင်း အများကြီး ပို့ထားတဲ့ အတွက်ကြောင့် ငါတို့ရဲ့ ရိုက်ကူးရေး လုပ်တဲ့ အချိန် က အနည်းငယ် တော့ ကြာနိုင်တယ်။ အဲ့တာက တစ်လ အပြင် ပိုမကြာ ပါဘူး ။ အဝတ်အစား တစ်သုတ် အတွက် ယေဘူယျ အားဖြင့် ပြောရရင် နှစ်ကြိမ် ကနေ သုံးကြိမ် လောက်ပဲ ရိုက်ကူးရေး လုပ်ရ မှာပါ။ ပြီးတော့ ပုံတွေကို ဘရန်း ဘက်က တာဝန် ရှိသူတွေ စီ ပို့ပြီးတော့ အကဲ ဖြတ်ကြ အုံးမှာလေ။ ဆိုတော့ ဖုန်းကို အမြဲတမ်း ဖွင့်ပြီး ငါတို့နဲ့ အဆက်အသွယ် ရှိနေတာ က ပိုကောင်းတယ် နော် ''

ရိုက်ကူးရေး အတွက် တစ်ချို့ အသေးစိတ် နဲ့ ကိစ္စ တွေကို ဆွေးနွေး ပြီးတဲ့နောက် သူ့ရဲ့ လက်ထဲမှာ စာချုပ်ကို ကိုင်ထား ရင်းနဲ့ ရှုလီ ကို နန်ဟွေး က နှုတ်ဆက်လိုက် လေတယ်။

ရှုလီ က သူတို့ နှစ်ယောက် ကို အောက်ထပ် စီ လိုက်ပြီးတော့ ပို့ပေး နေဆဲ ဖြစ်ပြီးတော့ သူမ ပြန်သွားတော့ မယ့် အချိန် ဓာတ်လှေကား ထဲမှာ ကုပ္မဏီ နဲ့ လက်မှတ် ထိုးထားတဲ့ အနုပညာရှင် တစ်ယောက် နဲ့ တွေ့ခဲ့ လေတယ်။

'' မစ္စ ရှုလီ ''

'' ချုအန်း ''

ရှုလီ က တစ်ဖက် လူကို ကြည့်ပြီးတော့ ပြောလိုက်တယ်။

'' မင်းက ဒီနေ့ ကုမ္ပဏီ ကို လာတာ က ရိုက်ကူးရေး ရှိတာလား? ''

'' ဟုတ်ပါတယ် မစ္စရှုလီ ၊ အစောက လူတွေက ဘယ်သူတွေလဲ ဟင် ?''

ရှုလီ က မျက်ခုံးနဲ့ မျက်လုံးတွေကို ပင့်ကာ မဖော်ပြနိုင် လောက်တဲ့ အပြုံး တစ်ချက်နဲ့ သူ့ကို ကြည့်လိုက် လေတယ်။

'' ချုအန်း ငါမှတ်မိတာ သာ မမှားရင် မင်းက တစ်ခြား ဘရန်း တစ်ခု ရဲ့ ပရိုမိုးရှင်း မော်ဒယ် အလုပ်ကို လက်ခံ ပြီးသွားပြီ လို့ ထင်တယ်။ ဟုတ်တယ် မလား? ''

ရှုလီ က ဒီ အနုပညာ လောက ထဲမှာ နှစ်ပေါင်းများစွာ ကျင်လည် ပြီးသား လူ တစ်ယောက် ဖြစ်တဲ့ အတွက်ကြောင့် ချုအန်း ရဲ့ လှည့်ကွက် အသေးစား တွေက သူမ အတွက်ကြောင့် ဖြုံလောက် စရာကို မရှိပါပေ။

လုံးဝ ကို သေချာ တာ ပေါ့ ။ ရှုလီ က ဒါကို ပြောပြီးပြီးချင်းပဲ ချုအန်း ရဲ့ မျက်နှာ အမူအရာက ပြောင်းလဲ သွားတော့ လေတယ်။

သူက သူ့ရဲ့ ခံစားချက် တွေကို ဘယ်လို မျိုး ဖုံးကွယ်ထား ရမလဲဆိုတာ အခုထိ မသင်ယူ ရ သေးဘူးပဲ.......။

ရှုလီ က သက်ပြင်း ခပ်ဖျော့ဖျော့ ချ လိုက် လေတယ်။

ရိုးရိုးသားသား ပြောရရင် သူမရဲ့ အမြင်ထဲမှာတော့ ချုအန်း ဆိုတာက အခုမှ အပင်ပေါက်လေး အဖြစ် ပဲ ရှိနေ သေးတယ်လေ။ သူက စိတ်ကြီးဝင်တာ မျိုးနဲ့ အလျင်စလို ကမူးရှုးတိုး လုပ်တက်တဲ့ အကျင့်တွေ မရှိပေမယ့် လည်း ကိုယ့်ကိုယ်ကို အထင်ကြီးမှု ကတော့ အတော်လေး မြင့်မားတယ်လေ။

ဒီလို လူမျိုး က တစ်ခြား နေရာတွေမှာ ရှားပါးတယ် ဆိုပေမယ့် အခုက အနုပညာ လောက အသိုင်းအဝိုင်း ထဲမှာလေ။

ဒါကြောင့် သူမ က တစ်ဖက်လူ ကို သိထားသင့်တဲ့ အရိပ်အမြွက် တစ်ချို့ကို ပြသ ပေးဖို့ လုပ်လိုက်တယ်။ တကယ်လို့ မျိုးစေ့ကောင်း လေးက သာ လမ်းလွဲ သွားမယ် ဆိုရင် အတော်လေး သနားစရာ ကောင်းသွား မှာလေ။

ဒါပေမယ့် သူမ က တစ်ချို့ အချက်တွေ ကိုသာ အရိတ်အမြွတ် ပြမှာ ဖြစ်တယ်။ အဆုံးမှာတော့ ဒါက အနုပညာ လောက ဖြစ်တာ ကြောင့် ဘယ်သူ ကမှ လွယ်ကူ မနေကြ ဘူးလေ။

လူဟောင်းတွေက ပျောက်ကွယ် သွားပြီး လူသစ် တွေက ရှေ့ဆက် လုပ်ဆောင် နေမှာပဲ။

ဒီလောက ကြီးက ကျက်သရေ ရှိတဲ့ တောက်ပ မှုတွေနဲ့ လူတွေကို ဆွဲဆောင် ပြီးတော့ သူတို့ဘာသာ ခုန်ဝင်လာကာ ကိုယ်ခန္ဓာတွေကို ဝါးမျိုပစ်ဖို့ စောင့်ဆိုင်း နေပဲလေ။

လျောက်လှမ်း နေရတဲ့ ​လူတွေက သူ့ရဲ့ ရည်ရွယ်ချက် လမ်းကို သေချာလေး နားလည် ထားဖို့လည်း လိုတယ်လေ။

ပြီးတော့ ဒီနေရာမှာ တစ်ခြား ချုအန်းတွေ ရှိလာ နိုင်တာ ပဲလေ။

သူ့နေရာ ကို တစ်ခြားလူတွေ နဲ့ ဘယ်အချိန်မဆို အစားထိုးလိုက် နိုင်တယ် ဆိုတာ လည်း အစ ကတည်း က နားလည် ထား သင့်တယ်လေ။

ရှုလီ က အနောက်ကို လှည့်ကာ သူမ အနောက်မှာ ရှိနေ တဲ့ လူကို ကြည့်ပြီး ဓာတ်လှေကား က သွားလိုတဲ့ အထပ် ရောက်ခါနီး အလိုမှာ ပြောလိုက် လေတယ်။

'' ဒီ အသိုင်းအဝိုင်း ထဲမှာ မနာလိုမှု တွေနဲ့ ကွန်ပလိန်း တက်မှု တွေက လုံးဝ ကို အဓိပ္ပာယ် မရှိတဲ့ အသုံးမဝင်မှု တွေ ဆိုတာ ကို မင်း မှတ်မိ နေသင့်တယ် ''

ဘာလို့လဲ ဆိုတော့ အချစ်ခံ နှစ်သက်ခံ ရဖို့ လူတွေ အများကြီးက မွေးဖွားလာ ကြတာ ပဲလေ။

ရှုလီ ရဲ့ အနောက်က ဓာတ်လှေကား တံခါး ပိတ်သွား ပြီးတဲ့နောက် ချုအန်း က ဓာတ်လှေကား နံရံကို မှီလိုက်လေတယ်။ အသက်ပြင်းပြင်း တစ်ချက် ရှုလိုက် ပြီးတော့ သူ့ရဲ့ မျက်နှာ က မပြောပြ နိုင်လောက် တဲ့အထိ အရုပ်ဆိုးနေ ခဲ့တယ်။

ရှုလီ ဘာကိုပြောချင်တာ လဲ ဆိုတာ ကို သေချာပေါက် သူ နားလည် တာပေါ့။

ဒါပေမယ့် သူက ဒီတိုင်း ပဲ...... အနည်းငယ် လက်မခံ နိုင်ရုံတင်ပါ။

ဒါကြောင့် သူ့ရဲ့ အခွင့်အရေး ကို ဘယ်သူ လက်ထဲက နေ ခိုးယူ သွားသလဲ ဆိုတာ သိချင် မိတာ ပဲ ဖြစ်လေတယ်။

ကုပ္မဏီ က သူ့အတွက် အလားအလာ ကောင်းရှိတဲ့ အလုပ်တစ်ခု ကို ပြန်စီစဥ်ပေး ထားပေမယ့်လည်း သူက အဲ့ဘရန်း နဲ့ဆိုရင် ပိုပြီး လူကြိုက်များ လာလိမ့်မယ် လို့ သူ့ကိုယ်သူ ယုံကြည် မှုက ရှိနေ တယ်လေ။

ပြီးတော့ ရှုလီ သူ့ကို ပေးခဲ့တဲ့ အကြံဉာဏ် ထဲမှာ သတိပေးချက် တွေပါ ရောနှောနေတာ က အရမ်းကို သိသာ လွန်းနေတယ်လေ။

အဲ့ ခိုးသွားတဲ့ လူက သူ ကျုးကျော်ဖို့ မတက်နိုင် ပစ်မှားလို့  မရ နိုင်တဲ့ တစ်စုံတစ်ယောက်  ဆိုတာ မျိုးကိုပေါ့။

ဓာတ်လှေကား ထဲကနေ ထွက်ပြီး တဲ့နောက် ထောင့်နားလေး မှာ အသံတိုးတိုးနဲ့ ဆွေးနွေး နေတဲ့ စကားဝိုင်း ကို ကြားတော့ ရပ်လိုက် မိတယ်။

.................  .  ...........................

Continue Reading

You'll Also Like

249K 34.3K 107
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...
242K 27.5K 78
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
477K 16K 16
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke