ချစ်ရပါသော သဲငယ်❤

By MaythuKyawzaw2

20.3K 829 81

နာတယ် ရင်ထဲထိနာတယ် ဘယ်ကစလို့ဘယ်လိုမှားလဲမသိပေမဲ့ ငါမင်းကိုလက်ခံဖို့မဖြစ်နိုင်ဘူး အဲ့တာကြောင့်ငါနဲ့ဝေးဝေးနေပါ... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
Hello Kha😊

အပိုင်း ၁၇

546 30 4
By MaythuKyawzaw2

  ရုန်းကန်လှုပ်ရှားတဲ့သူတွေနဲ့ ဆူညံနေတဲ့ ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုထဲ
"နွေးထွေးရာ" ဆိုတဲ့ ဆိုင်းဘုတ်တည်ရှိတဲ့ ဆေးခန်းငယ်လေးတစ်ခုဝယ် မစည်ကားသင့်ပေမဲ့ အခြေခံလူတန်းစားတွေအတွက် နေမကောင်းရင် ပြေးလာစရာကောင်းလှတဲ့နေရာမို့ လူနဲနဲများနေသည်...မရှိဆင်းရဲသားနဲ့ သံဃာ သီလရှင်တွေအား အခမဲ့ကြည့်ပေးသည်ဆိုတဲ့ ဗီနိုင်းလေးကလည်း ဆေးခန်းရှေ့ ကွင်းကွင်းကွက်ကွက်....
ဆေးပေးတဲ့ဝန်ထမ်း ဆေးစာအုပ်လက်ခံတဲ့ဝန်ထမ်းကအစ ဆရာဝန်နဲ့သူနာပြုတွေအဆုံး
နွေးထွေးပျုငှာလွန်းတာမို့ ဒီရပ်ကွက်ထဲ နာမည်ကြီးလှသည်.....ဆေးခန်းလာပြဖူးသူတိုင်း
ဆရာဝန်လေးကဘယ်လိုမျိုးနွေးထွေးတာ ဘယ်လိုမျိုးဂရုစိုက်တယ်ဆို ရပ်ကွက်ထဲ သတင်းကောင်းသထင်းထူးသဖွယ် အမြဲပြောတတ်ကြသည်...ဖန်တရာဖြစ်နေတဲ့သတင်းပေမဲ့
အဲ့လိုဂုဏ်ယူပြောရတာပင် သူတို့အတွက်ဘယ်တော့မှ မရိုးခဲ့.....

"ဘွား.....ဒါမျိုးတော့ ကျနော်လက်မခံဘူးနော်
သားသမီးတွေကိုအားနာလို့ မစားမသောက်ပဲနေတယ်ဆိုတာ အမှန်မဟုတ်ဘူး ခုကြည့် နေမကောင်းဖြစ်ရင် သူတို့တွေမှာစိတ်ပါပင်ပန်းနေရပြီ...."

ငယ်စဥ်ခါကနေ အဆင်မပြေမှုတွေကြားထဲရုန်းကန်လာရမှုကြောင့် ရှိရင်းစွဲအသက်ထက်ပိုအိုစာနေသောအဘွားက သူ့စကားတွေကိုမျက်ရည်ဝဲပြီးနားထောင်နေတယ်...
အသက်အရွယ်ကြီးရင့်လာပြီး မလုပ်နိုင်တဲ့အရွယ်မှာ သားသမီးတွေရုန်းကန်မှုကို ပေါ့ပါးစေလိုတဲ့အတွေးနဲ့ စားရမဲ့အစားကိုလျော့စားနေလို့ အစာအိမ်အောင့်ကာခုလိုလာပြခြင်းဖြစ်သည်
သူ့ဆေးခန်းမှာ ဆေးဖိုးဝါးခမကုန်ပေမဲ့ ဒီ့ထက်ပိုဆိုးလာလို့ ခွဲရမည်ဆိုပါက ငွေအစလူအဆုံးစိတ်ရောကိုယ်ပါပင်ပန်းကြရမှာမလား...
ပြုံးပြုံးလေးနဲ့ သူစိတ်တိုဟန်ပြတော့ ဝမ်းနည်းသွားတယ်ထင်ပါရဲ့

"ဒေါက်တာငယ်လေး စကားကိုဘွားနားထောင်ပ့မယ်....နောက်မလုပ်တော့ပါဘူး.."

"ဟုတ်ပါပြီဗျာ့.....ကျနောျက ဘွားအတွက် အာဟာရရှိတာတွေထည့်ပေးလိုက်အူးမို့ ခနစောင့်ပေးနော်"

"မဟုတ်တာ...ဆရာရယ်
ကျနော်တို့ပဲဝယ်ကျွေးလိုက်ပ့မယ် ဆရာကဆေးဖိုးမယူတဲ့အပြင် ခုလိုဝယ်ပေးနေတာအားနာလို့ပါ"

"ကိုယ် ကုသိုလ်ယူချင်လို့ပါ မငြင်းပါနဲ့နော်
ဘွား.....ကျနော့်ကို ကုသိုလ်ပေးမယ်မလား"

"အဲ့တာဆို မငြင်းတော့ပါဘူးကွယ်
ဒေါက်တာငယ်လေး ကျန်းမာပါစေ အစစအရာရာချောမွေ့ပါစေ ပြည့်စုံပါစေ
ရေလို့အေးပြီး ပန်းလိုမွှေးပါစေ"

"ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ့...."

"ကျေးဇူးတင်ပါတယ်ဆရာ..."

"ဟုတ်ကဲ့...ရပါတယ်"

ငွေရဖို့ဘယ်လိုရုန်းကန်ရလဲဆိုတာသေချာသိတဲ့အတွက် သူ့ဆီကပေးတာတွေမယူချင်တဲ့ပုံကိုနားလည်ပေမဲ့....ဘွားကသေချာစားမှအဆင်ပြေမှာမို့ သူ့ဆေးခန်းဝန်ထမ်းလေးအား အားဆေးတချို့ အားဖြည့်အစားအစာတချို့ဝယ်ခိုင်းကာ
လှူပေးလိုက်တော့သည်...သူကတော့
စနေ တနင်္ဂနွေ၂ရက်ထဲသာ လာကြည့်ပေမဲ့
နေ့တိုင်း လုပ်အားပေးဆရာဝန်လေးတွေရှိတာကြောင့် ဒီရပ်ကွက်သူရပ်ကွက်သားတွေအတွက် အလွန်အဆင်ပြေလှသည်...ဆေးဖိုးငွေလည်းမကုန်သလို ဆရာဝန်တွေကလည်းဖော်ရွေလွန်းတာကြောင့် ဆေးခန်းလာတိုင်း သူတို့တတ်နိုင်တဲ့မုန့်လေးတွေ အသီးနှံလေးတွေယူလာပေးတတ်ကြသည်...သဲနုငယ်အတွက်လည်းဒီရပ်ကွက်ကနွေးထွေးသလိုခံစားရတယ်..တခါတလေ ဂုဏ်ပကာသနတွေနဲ့ဝေးရာမှာ ဖြူစင်တဲ့ဆက်ဆံရေးကြားထဲနေရတာ စိတ်ချမ်းသာစရာကောင်းလှသည်မလား.....ကိုယ်ပိုင်ဆေးရုံအပြင် ဒါနဆေးခန်းလေးပါရှိတာကြောင့် အလုပ်များတာမှန်ပေမဲ့....ပါပါးနဲ့မားအတွက်ရည်စူးထားတာကြောင့် သူမခက်ခဲလှ.....

ညနေဆေးခန်းပိတ်တော့ အိမ်အပြန်လမ်းမှာ
အိမ်က တုန်တုန်သဲလေး၂ယောက်ရဲ့အမှာအော်ဒါအားဝင်ဝယ်ရသေးတယ်..
ဖေငယ်ရေ....တူးကလေ ဂျယ်လီလေးစားချင်နေလို့.. ကိုကိုကလည်းသူလိုက်စားပေးမယ်တဲ့..
ဆိုတဲ့စကားနဲ့အတူ သူစားချင်တဲ့ဟာကို သူ့အကိုပါလိုက်စားပေးမှာမို့ ဝယ်ကိုဝယ်လာရမဲ့သဘော
သားကြီးက သမီးငယ်ကို အရမ်းအလိုလိုက်လွန်းသည်....၂မိနစ်ပဲစောမွေးတာဖြစ်ကြောင်း သားကြီးကိုအရင်ဆရာဝန်ကယူလိုက်တာကြောင့် ၂မိနစ်ပဲစောတာဖွဈကွောငျး သားကြီးကခုထိကလေးပဲရှိသေးတာကြောင့် သမီးငယ်ကိုအရမ်းလျော့ပေးစရာမလိုကြောင်း ကလေးမို့ဆိုးချင်ရင်ဆိုးလို့ရကြောင်း သူနဲ့သူ့ပြည့်ကပြောပေမဲ့
မျက်နှာလေးတည်ကာ ဆိတ်ဆိတ်နေပြီး အရင်လိုသူ့ညီမအားအလိုလိုတုန်းပဲဆိုတော့ သူတို့လည်းလက်လျော့လိုက်ရသည်
သားကြီးက ဉာဏ်သိပ်ကောင်းတယ် အရာရာလူကြီးလိုတွေးတတ်တယ် တည်ငြိမ်ပြီးအမှားမဖြစ်အောင်နေတတ်ပေမဲ့ သမီးငယ်ကတော့ ရှပ်ပြာလေးပါ...တခါတလေ သူ့အကိုကို ဝမ်းရေလို့ခေါ်ပြီး ဆုံးမတတ်သေး....စကားကလည်းအရမ်းသွက်တော့ သူ့ကိုဆိုလူတိုင်းကအသဲတယားယား....အမြွှာပေမဲ့ ရုပ်ရောအကျင့်ရောသိပ်မတူကြဘူး...ဒါပေမဲ့ သဲနုငယ်အပေါ်ငဲ့ညာတတ်တာတော့ သိပ်တူကြတယ်...ဂျစ်ချင်ရင်တောင်
အိမ်ကလူတွေကိုပတ်ရစ်တတ်ပြီး သူ့ကိုကျ ဖေငယ် ပင်ပန်းနေတာ နားလိုက်ပါဆိုပြီး အမြဲညှာတာတတ်သူ၂ယောက်....
ဘဝတစ်ကွေ့မှာ ခါးသီးမှုတွေကြားက ရလာတဲ့ ချိုမြိန်ခြင်းလေး၂ခုပါပဲ......

မဟာ တညလုံးမအိပ်ရသေးပေ.....
သူတညလုံးထိုင်ပြီးအဖြေထုတ်နေတာ....
သူဟိုနိုင်ငံမှာတုန်းက သဲနုငယ်ကိုဘယ်လိုမှစုံစမ်းမရခဲ့....ဒါ့အပြင် ၆နှစ်ဆိုတဲ့အချိန်မှာ သဲနုငယ်က ကလေး၂ယောက်နဲ့ဖြစ်နေခဲ့ပြီ....သားကြီးလေးက သူနဲ့ဘာလို့တူရတာလဲ
သူငယ်ငယ်ကပုံနဲ့ထုတ်ကြည့်လိုက်တော့ ဘယ်အရာမှမလွဲ ...မဟာminiလေးပဲ...
ချွတ်စွပ်ကိုတူလွန်းသည်...သမီးလေးကတော့ သဲနုငယ်နဲ့ကွက်တိ တွေးစရာတွေများနေပြီ
အဲ့တော့ သွားရမဲ့လမ်းကတလမ်းထဲပဲရှိတော့တယ်...သူ ဦးထိပ်တန်းမဟာနဲ့စကားပြောဖို့လိုနေပြီ.....

မနက်စာစားမို့ အိမ်အောက်ဆင်းလာခဲ့ပေမဲ့
သူကခုထိ ငူငူငိုင်ငိုင် တညလုံးမအိပ်ရခဲ့တော့ လူကဘယ်လိုမှမလန်း....စားပွဲခုံပေါ်နေရာယူထားရုံပဲရှိသေးတာကို ဦးထိပ်တန်းမဟာက

"ဒီနေ့ ကုမဏီလိုက်မှာမလား
မင်းဒီပုံစံနဲ့ဘယ်လိုလိုက်မလဲ
သွားပြင်ဆင်လာခဲ့ နောက်မကျစေနဲ့"

စားပြီ....အိပ်တောင်မအိပ်ရသေးပါဆိုမှ

"ဒီနေ့မလိုက်တော့ဘူးဖေကြီး
သားရှင်းစရာလေးတွေရှိနေလို့    "

"သူများကို အနှောင့်အယှက်ပေးမဲ့ကိစ္စဆိုမလုပ်တာပဲကောင်းတယ်နော်
မင်းလူစိတ်ရှိရင်ပေါ့"

ဦးထိပ်တန်းမဟာက သူ့ကိုခုထိ မကျေနပ်သေးတာပင်....မေကြီးတပူပူခေါ်နေလို့ ကိုကိုကြီးကစီးပွားရေးစိတ်မဝင်စားတာပြီး သူ့ဆေးရုံမှာပဲ တာဝန်ယူနေတော့.....နောက်သားတစ်ယောက်ဖြစ်တဲ့ သူ့ကိုလှမ်းခေါ်ထားတာ...
ဒါပေမဲ့....
သူလုပ်ခဲ့တာကိုခုထိမကျေသေး

"၆နှစ်တောင် သတင်းဖုံးထားခဲ့သေးပြီးပြီပဲ
ကျေနပ်တော့ပေါ့ ဖေကြီးရယ်
သားအဖြေရှာရမဲ့ ကိစ္စတွေရှိသေးတယ်"

"မင်းကခုမှဘာဖြစ်ချင်တာလဲ
ဟိုကမိသားစုနဲ့တောင်ဖြစ်နေပြီနော်
ငါတို့ကိုတောင်အဆက်သွယ်ဖြတ်သွားတာ လွန်ခဲ့တဲ့၂နှစ်က ဆေးရုံထောင်လိုက်မှ ပြန်တွေ့မိကြတာ....ငါတို့နဲ့မပက်သက်ချင်တာအသိသာကြီး
မင်းလည်းမနှောင့်ယှက်နဲ့တော့
အိုကြီးအိုမတန်မဲ့ ငါလိုက်မတောင်းပန်ချင်တော့ဘူး အရှက်ကတခါကွဲရင်တော်ရောပေါ့"

"ဖေကြီး......သူ့သားနဲ့သမီးကိုမြင်ဖူးလား..."

သူအဲ့လိုထုတ်မေးလိုက်တော့...

"သားငယ် မေကြီးလည်းပြောမလို့သိလား
အကို သဲနုငယ် သားကြီးက သားငယ်လေးငယ်ငယ်ကရုပ်နဲ့ တော်တော်တူတယ်နော်
အကိုလည်း အဲ့လိုတွေးဖူးလား..."

"အင်း......အမြွှာလို့သာကြားတယ် ကလေး၂ယောက်လုံးကသိပ်မတူသလိုပဲ
ခပ်ဝေးဝေးကတခါမြင်ဖူးတာမို့ သားကြီးက မဟာနဲ့ဆင်တယ်လို့တော့တွေးဖူးတယ်..."

"သား ကလေးတွေများလား ဖေကြီး"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
သဲနုငယ်ကယောက်ျားလေးလေ..."

"မဖြစ်နိုင်ဘူးလည်း အတပ်ငြင်းလို့မရဘူးလေဖေကြီး.....သားတညလုံးတွေးနေတာ
အဖြေရှာမှရမယ်....ကလေးတွေကိုမြင်ရင် သားစိတ်ကတမျိုးပဲ..."

"အေး....စုံစမ်းချင်ရင်တော့ အေးဆေးလုပ်.အနှောင့်အယှက်တော့မဖြစ်စေနဲ့...ငါတို့မိသားစုနဲပက်သက်ရင် သူကအမြဲနစ်နာခဲ့ရတဲ့သူ..."

"ဟုတ်....ဖေကြီး"

သူလိမ်လိမ်မာမာစကားနားထောင်နေတာကို မေကြီးက ထူးဆန်းစွာစိုက်ကြည့်နေလေတယ်
ဆေးစားမှားထားသလားဆိုတဲ့အကြည့်မျိုး
သားက နောက်အမှားမလုပ်မိအောင်လို့ပါမေကြီးရယ် အထိခိုက်မခံနိုင်တော့လို့ပါဆိုတဲ့စကားကို စိတ်ထဲက တိတ်တိတ်လေးသာပြောမိတော့သည်
သူ သဲနုငယ်ကို စစိတ်ဝင်စားနေပြီထင်တယ်
မဟုတ်ဘူး....ကျောင်းသားဘဝကနေစပြီးစိတ်ဝင်စားခဲ့တာဖြစ်နိုင်တယ်....
အဲ့တုန်းကခုလောက် အမြင်တွေမပွင့်လင်းသေးလို့ သူ့စိတ်ကိုသူနားမလည်ခဲ့..
၆နှစ်တာနေခဲ့တဲ့ အနောက်နိုင်ငံက ဒီလိုမျိုးလည်း ချစ်တတ်ကြသေးတယ်ဆိုတာ မီးမောင်းထိုးပြလိုက်သလိုမျိုး....
သူကျောင်းတက်တုန်းက အတန်းထဲ Boy coupleတွေလည်းရှိတယ် အတူသွားအတူစားကာ ဝါသနာပါတာလေးတွေ တူတူလုပ်ပြီး
အပေးအယူညီမျှစွာ ချစ်နေနိုင်ကြတာမြင်တော့
သူအရင်လိုမခါးသီးတော့....
သူလိုက်ခဲ့တဲ့ Shipပေါ်က Chefကလည်း gayပဲ
သူတို့ဆို တရားဝင်လက်ထပ်ထားကြတာ
နှစ်ယောက်လုံး ကနွဲ့ကလျမနေကြဘူး
ထောင်ထောင်မောင်းမောင်း ယောက်ျားပီပီသသပဲ....သူတို့အတွဲသစ္စာရှိရှိချစ်ကြတာမြင်တော့
အရင်တုန်းက ကိုကိုကြီးပြောခဲ့တဲ့စကားကို
သူအခုမှ သဘောပေါက်တော့တယ်
အချစ်က အချစ်ပါပဲ.....ဘယ်သူတွေဘယ်လိုပဲချစ်ချစ် အချစ်ကစစ်နေဖို့ပဲလိုတာ....

တူ....ဆိုတဲ့ ဖုန်းခေါ်သံနဲ့အတူ တဖက်ကဖုန်းကိုင်လိုက်တော့...

"Hello.....အခြေနေဘယ်လိုလဲ"

"ခုထိ မပြည့်စုံသေးပေမဲ့
တော်တော်များများသိထားပါပြီ"

"သိထားတာကို အရင်ပြောကြည့်"

သူတကယ်မထိန်းချုပ်နိုင်တော့
သူ့ပြည့်ကိုသွားမေးရင် ဘယ်လိုမှမပြောတာသိနေတော့ သူ့နည်းသူ့ဟန်နဲ့ လူတစ်ယောက်ကိုလွှတ်ပြီး စုံစမ်းခိုင်းထားသည်

"အကိုလေး ထွက်သွားပြီး သိပ်မကြာဘူး
မိသားစုလိုက် ဘန်ကောက်ကိုသွားကြတယ်
သူ့ သူငယ်ချင်း သူ့ပြည့်ထွန်းပါ လိုက်သွားတယ် အကိုလေး...၃လလောက်ကြာတော့ သူ့အဖေနဲ့အမေပြန်လာတယ် ကိုသဲနုငယ်နဲ့သူ့ သူငယ်ချင်းတော့ ကျန်ခဲ့တယ်ထင်တယ်
မကြာပါဘူး တောင်ကြီးဆင်းလမ်းမှာ
ကိုသဲနုငယ်မိဘ ကားမှောက်ပြီး ပွဲချင်းပြီးဆုံးတယ်အကိုလေး...
အဲ့ချိန် ကိုသဲနုငယ်ပြန်လာကတည်းကနေ
ကလေး၂ယောက်က ပါလာခဲ့ပြီ
မွေးကင်းစလေးပါပဲ
ကျနော့်အထင်ဆို မိန်းမရတာမဖြစ်နိုင်ဘူးအကိုလေး...ပတ်ဝန်းကျင်ကတော့ ကိုသဲနုငယ်က စေ့စပ်ပွဲပျက်ကတည်းကနေ အပြင်မထွက်ဘူးတဲ့
ကျောင်းစာမေးပွဲပြီးတာနဲ့ ဘန်ကောက်ကိုသွားကြတာတဲ့ မိန်းမ မရပဲ ပြန်လာမှကလေးတွေက သူ့သားသမီးတွေဆိုပြီး ပါလာတာတဲ့အကိုလေး"

ရှည်လျားလွန်းတဲ့စကားတွေနားထောင်အပြီး
မဟာတစ်ယောက် ရင်လေးစွာသက်ပြင်းချမိတော့တယ်....

"အင်း.....ကြားထဲတခုခုတော့ရှိရမယ်
ဘန်ကောက်မှာဘာလုပ်လဲပဲစုံစမ်းလိုက်ရင်
အကုန်ရှင်းသွားလောက်ပြီ
အပင်ပန်းခံပြီး ငါ့ကိုကူညီပေးပါအူး"

"ဟုတ်....စိတ်ချပါအကိုလေး
ကျနော် မကြာခင်သိရအောင် ကြိုးစားပ့မယ်"

"ကျေးဇူး မင်းမော်
အားကိုးပါတယ်"

"ရပါတယ် အကိုလေး
ကျနော် ဖုန်းချလိုက်တော့မယ်နော်"

မင်းမော်ဆိုတဲ့ကောင်လေးက သူသွားထိုင်နေကျBarရဲ့ ဝန်ထမ်းလေးပင်
ကျောင်းစရိတ်ကြောင့် ငွေရလွယ်တဲ့နေရာမှာလုပ်နေပေမဲ့ သူ့ပညာကမသေးလှ
အသိမိတ်ဆွေများကာ နုတ်လုံတဲ့သူမို့
သူအားကိုးတကြီး စုံစမ်းဖို့အကူညီတောင်းမိသည်....သူ့လုပ်ရပ်မှန်ခဲ့ပါတယ်
တရက်ဆိုတဲ့ အချိန်မှာ သဲနုငယ်မှာမိန်းမ မရှိခဲ့ဘူးဆိုတဲ့ အမှန်တရားကခိုင်လုံခဲ့ပြီ
ဖြည်းဖြည်းချင်းပေါ့သဲငယ်.....
ငါဖြည်းဖြည်းချင်းလာခဲ့မှာမို့ ရှိနေတဲ့နေရာက ရပ်စောင့်နေပေးပါအူး.......

အဆင့်မြင့်ကွန်ဒို အိမ်ရာဝင်းထဲဝယ် တိတ်ဆိတ်နေမှုအား ကော်ဖီတခွက်စီနဲ့ ထိုင်ခံစားနေတဲ့ လူ၂ယောက်ထဲ တစ်ယောက်မှ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တော့သည်

"သူစုံစမ်းနေပြီ...."

"အဟက်.....သိသင့်သလောက်လည်းသိနှင့်နေပြီပြီ"

သဲနုငယ်မှာ သဘောကျကာ ဟက်ခနဲရယ်မိပြန်သည်.....

"မဟာက သူ့ကိုသူဟုတ်လှပြီထင်နေတုန်းပဲ
ခက်တာက ငါအရင်လိုသဲနုငယ်မဖြစ်နေတော့တာပဲ....သိပ်သိချင်နေပြီ
သူ့သားသမီးတွေမှန်းသိရင် ဘယ်လိုနေမလဲလို့"

ငယ်ငယ့်စကားကြောင့် မျက်နှာကိုလှမ်းကြည့်လိုက်တော့ နုတ်ခမ်းကသဘောကျစွာပြုံးနေပေမဲ့ မျက်လုံးကဆွေးရိပ်သန်းနေသယောင်ယောင်
မုန်းမှမမုန်းပဲ....ဘာကြောင့်များလဲ ငယ်ရယ်..

"ဘာဆက်လုပ်မလဲငယ်
သူမင်းဆီလာခဲ့ရင်ကော...."

"ငါ့ဆီလာပြီးမေးတော့ရော
အမှန်တရားကပြောင်းလဲသွားမတဲ့လားသူ့ပြည့်
ငါဘယ်လောက်ခက်ခဲခဲ့လဲ
ဘယ်လောက်ရုန်းကန်ခဲ့ရလဲ ဘယ်လောက်နာကျင်ခဲ့ရလဲ မင်းအသိဆုံးပါပဲ
ဒါငါ့သားသမီးတွေ ငါလည်းဆိုင်တယ်လာလုပ်နေရအောင်...သူကဟိုးအရင်ကတည်းကနေ ငါ့ကိုမလိုချင်လို့ထွက်ပြေးသွားခဲ့တာ...
ငါ့အရှက်တွေ ငါ့သိက္ခာတွေ ငါ့မိဘအသက်တွေ
ပြီးတော့ ငါ့အချစ်တွေကို ချနင်းခဲ့ပြီးမှ
ခုလာပြီးအဆင်ပြေချင်တယ်ဆိုလို့မရတော့ဘူး"

"မင်းဖက်ကကြည့်လည်း မင်းမှန်တယ်
ဒါပေမဲ့ သားနဲ့သမီးမှာ သူ့ဒယ်ဒီ....."

"သူ့ပြည့်....!!!!"

သူ့ပြည့်စကားမဆုံးလိုက်ပါဘူး..
သဲနုငယ်အော်သံကြောင့် အဆုံးထိပြောခွင့်မရလိုက်ဘူးရယ်...

"အမှန်တရားပဲငယ်ငယ် ဒါကအမှန်တရား
မင်းလက်မခံချင်လို့မရဘူး
မင်းနာကျင်သလို မလျော့တဲ့နာကျင်မှုနဲ့ငါလည်းခံစားခဲ့ရပါတယ်...ဒါပေမဲ့ ငဲ့စရာ သားနဲ့သမီးရှိသေးတယ်လေငယ်ရယ်...."

ဒီကောင်ဘာလားပဲ
သူလက်စားချေမယ်ထင်နေတာလား...
မြန်မာဇာတ်ကားတွေ လျော့ကြည့်ဖို့အသိပေးသင့်နေပြီ.....

"ဘာတွေပြောနေတာလဲ သူ့ပြည့်
ငါက သူပစ်ချထားတဲ့နေရာမှာပဲနေခဲ့တာလေ
ငါကအရုပ်မဟုတ်ဘူး ပစ်ချင်ပစ် လာကောက်ချင်ကောက်ရအောင်
ပြီးတော့ မြန်မာဇာတ်ကားတွေလို ဇာတ်လမ်းလည်းမရိုက်ချင်ဘူး...အမှန်တရားကို သူလည်းသိရမယ်...ဒါပေမဲ့ ငါတို့နဲ့မပက်သက်လာရင်ပြီးရော...."

ဘယ်လိုမှ ဖြေဖျန်ပေးလို့မရတဲ့အဆုံး
ခက်ပါလားဆိုတဲ့အတွေးနဲ့အတူ သူ့ပြည့်မှာ သက်ပြင်းတစ်ခုသာချလိုက်တော့သည်....
သူ အရင်က မဟာ့ကိုတကယ်စိတ်ဆိုးခဲ့ပါသည်
ဒါပေမဲ့ သူငယ်ချင်း၂ယောက်ရဲ့စိတ်တွေကို အစအဆုံးသိနေရတော့ အဆင်ပြေသွားချင်မိတဲ့စိတ်ကလေးနဲ့ရယ်ပါ....
မဟာက ယောက်ျားချင်းလက်ထပ်မှာကို ရောဂါတခုလိုကြောက်နေပေမဲ့ သဲနုငယ်ပေါ်စိတ်ဝင်စားတာ အသိသာကြီး..
သဲနုငယ်ကလည်းမဟာ့အပေါ် ဘယ်လိုသဘောထားလဲ သူအသိဆုံး....
ကြားထဲ တစ်ခုခုလွဲမှားနေလို့သာ.....

တီ.....တီ....
ဆိုတဲ့အသံနဲ့ ဖုန်းစခရင်ပေါ် မှာ ပေါ်နေတဲ့နာမည်ကြောင့် မဟာစိတ်လှုပ်ရှားမိစွာ ချက်ချင်းကိုင်လိုက်မိသည်....

"မင်းမော်....ဘာထူးလဲ"

"အကိုလေး.....ကျနော့်သတင်းကမမှားလောက်ဘူးဆိုပေမဲ့ မဖြစ်နိုင်လောက်ဘူးလဲထင်တယ်"

"မင်း ဘာသိခဲ့ရလို့လဲ....
မြန်မြန်ပြော မင်းမော်"

မဟာတကယ်စိတ်လှုပ်ရှားနေပြီ
တကယ်လို့များ....ဆိုတဲ့နောက်က လိုက်လာခဲ့တဲ့အတွေးတွေက လက်တွေ့မဆန်နေပေမဲ့
အမှန်တရားလည်းဖြစ်သွားစေချင်မိသည်
သူတနည်းနည်းနဲ့ ပက်သက်ချင်မိသေးသည်
ခုထိ မဆက်သွယ်ရသေးပေမဲ့
လွယ်ကူမှာမဟုတ်တဲ့အကြောင်းသိနေတာမို့
သူလည်းကြိုပြင်ဆင်ထားရမည်..

"ကလေးတွေက....ကိုသဲနုငယ်ကိုယ်တိုင်မွေးထားတာ အကိုလေး..."

"ဘာ....!!!!!"

"ဟုတ်တယ် အကိုလေး
ကျနော် ဘန်ကောက်ဆေးရုံထိလိုက်စုံစမ်းခဲ့တာ
အဲ့ဖက်ကစုံစမ်းပေးတဲ့ သူကမမှားလောက်ဘူး
၅နှစ်ကျော်နေပြီပေမဲ့ ကိုသဲနုငယ်ပုံစံက၂ယောက်မရှိနိုင်ဘူး အရမ်းမှတ်မိလွယ်တယ်
လူနာကိစ္စမို့ အကုန်မသိခဲ့ရပေမဲ့
လွန်ခဲ့တဲ့၅နှစ် ကိုသဲနုငယ် အဲ့ကလေးတွေကိုမွေးတုန်းကသူကိုယ်တိုင် ညစောင့်ပေးခဲ့တာတဲ့
အမြွှာလေးတွေမို့ ပိုမှတ်မိနေတာ
ကလေးတွေကို ဝမ်းနဲ့တူး ခေါ်တဲ့နာမည်က ခွဲခန်းထဲကနေခေါ်ခဲ့တာဆိုတာတောင် ပြောသေးတယ်"

မဟာ ခြေမခိုင်စွာ ကုတင်ထက်ထိုင်မိတော့သည်
လောကကြီးကဘာတွေဖြစ်ကုန်တာလဲ....
တကယ်ဖြစ်နိုင်နေရဲ့လား...
တကယ်ဆိုရင်တော့ သူအရမ်းမိုက်မိခဲ့တာပဲ...
သူ့....သူ့သွေးသားလေးများလား...
ရက်တွေလတွေ တွက်ကြည့်လိုက်ရင်တော့ဖြင့်...

တစ်ဖက်ကဖုန်းပြောတဲ့သူက အလိုက်သိစွာဖုန်းချလိုက်ပေမဲ့....သူ့မှာခုထိဖုန်းက ကိုင်လျက်သား
စိတ်က ဘယ်ဆီလွင့်သွားမှန်းမသိ
ဖြစ်နိုင်ခြေကများပေမဲ့.....သူဘာဆက်လုပ်ရမှန်းမသိတော....ဘယ်သူ့ကိုအကူညီတောင်းရမလဲ
ဒါမှမဟုတ်....ကိုယ်တိုင်သွားတွေ့လိုက်ရမလား....

One&Two ဆိုတဲ့ ပုဂ္ဂလိက ဆေးရုံအဝင်ဝတွင်
နောက်ဆုံးပေါ်ကားတစီး ဖြည်းဖြည်းချင်းဝင်ရပ်တော့သည်...ကားပေါ်ကဆင်းလာတဲ့သူက
ဆွဲဆောင်မှုအပြည့်ရှိလှသောကြောင့်
ဘေးနားပတ်ဝန်းကျင်က သူတွေလှည့်မကြည့်ပဲမနေနိုင်....ခါတိုင်းလိုပဲ ဂုတ်ထောက်ဆံပင်အား တဝက်ခေါက်စည်းထားသောကြောင့် ချောမောလှသည့် မျက်နှာက ထင်းခနဲ
ရှင်းလင်းလှသည့်မဟာနဖူး...နက်မှောင်နေတဲ့မျက်ခုံးကခပ်တွန့်တွန့်နဲ့ တင်းတင်းစေ့ထားကာအရယ်အပြုံးမရှိတဲ့နုတ်ခမ်းတို့ကြောင့် လူရှိန်စရာကောင်းလှပေသည်....ချည်သားမိုးပြာရောင်လက်တို ရှပ်အကျီက တောင့်ဖြောင့်လှသည့် ခန္ဓာကိုယ်ပေါ်မှာကွက်တိ ဘယ်ဖက်လက်တစ်ခုလုံး တက်တူးအပြည့်နဲ့ အရပ်ကြီးကရှည်လှတာကြောင့် ပျိုတိုင်းကြိုက်မဲ့နှင်းဆီခိုင်ကြီးဖြစ်နိုင်မို့ရာခိုင်နှုန်းများသည်.....

မဟာက ဘေးဘီကိုတချက်ဝေ့ကြည့်ပြီး
Reception ကိုပဲတည့်တည့်မတ်မတ်သွားကာ

"ကိုယ် ဒေါက်တာသဲနုငယ်နဲ့တွေ့ချင်လို့ပါ"

"ဟုတ်ကဲ့ရှင့်....ဒေါက်တာနဲ့ကြိုချိန်းထားတာများရှိလို့လားရှင့်"

"ကြိုတော့မချိန်းထားမိဘူး
ကို့နာမည် မဟာစေစားရာလို့ပြောပေးပါ
သူသိပါတယ်"

"ဟုတ်...ဒေါက်တာ့ဆီ ဖုန်းဆက်ကြည့်ပါမယ်
ခနစောင့်ပေးပါအူးရှင့်"

မဟာမှာ ကောင်တာကိုခပ်လျောလျောမှီကာ ဖုန်းဆက်နေတာကိုစောင့်နေရင်း ဆေးရုံအားအကဲခတ်နေမိတော့သည်....
သဲနုငယ်က တကယ်တော်တာပဲ
ဆေးရုံရော အခမဲ့ကုသိုလ်ပြုဆေးခန်းကိုပါ
ကလေးနှစ်ယောက်ရှိနေတဲ့ကြားက အရှိန်မပြတ်အောင် Runပေးနိုင်တာ ချီးကျူးပေးရမယ်
ဒီနေ့တော့ Introလေးပဲဝင်ပြီးသူပြန်ထွက်ခဲ့မှာ
သူရောက်နေတာ သိနှင့်နေပြီးပေမဲ့ တခါတော့တွေ့ရအူးမယ်မလား...
အရှက်မရှိဘူးထင်နိုင်ပေမဲ့....သူခုချိန်ကနေစပြီး
သဲနုငယ်ဘဝထဲ တလှမ်းချင်းဝင်လာခဲ့တော့မယ်
မောင့်ကို စောင့်နေပေးပါသဲငယ်
မင်းနဲ့နီးဖို့ ဘယ်ဘုရားကိုမှဆုမတောင်းသလို
ဘယ်သူ့ကိုမှလည်းလာဘ်ထိုးမှာမဟုတ်ဘူး
ငါပဲအဝေးကြီးကိုထွက်သွားခဲ့တာမို့ ငါပဲအနီးဆုံးပြန်လာခဲ့ပ့မယ်...မင်းကစောင့်နေရုံလေးပါပဲ

Operation ခန်းထဲကထွက်ပြီး သဲနုငယ်ခနနားနေတုန်းReceptionကဖုန်းအဝင်ကိုလက်ခံလိုက်ရသည်....

"Hello.... ကိုယ် သဲနုငယ်ပါ.."

"ဟုတ်ကဲ့ဒေါက်တာ....ဧည့်သည်ရောက်နေလို့ပါ
ကြိုချိန်ထားတာမရှိပေမဲ့ သူ့နာမည်ကိုပြောပြီးတွေ့ချင်တယ်ပြောလို့ပါ ဆရာ့အသိလို့ပြောပါတယ်"

"နာမည်က......"

"ကိုမဟာစေစားရာတဲ့ ဒေါက်တာ..."

"အင်း...ကိုယ့်အသိပဲ
ကိုယ့်အခန်းကို လမ်းညွှန်ပေးလိုက်ပါ..."

"ဟုတ်ကဲ့...ကျေးဇူးပါဒေါက်တာ"

ဖုန်းချသွားတဲ့ သဲနုငယ် သဘောကျစွာ ရီမိတော့သည်....

"နောက်ဆုံးတော့.....ရောက်လာခဲ့ပြီပဲ....."

Note..ဒီအပိုင်းလေးဖတ်ပြီး ဂီ့ကိုစောင့်ပေးကြပါနော်...နားကလေထွက်နေတဲ့ကြားက
ရေးလက်စလေးကို လက်စသတ်တင်ပေးထားတာပါ...Supriseလေးဖြစ်စေချင်လို့လည်းပါပါတယ်....ဖတ်ပေးတဲ့သူတစ်ယောက်ချင်းစီကို ဂီကချစ်ပါတယ်











"ဟုတ်ပါပြီဗျာ့.....ကျနျောက ဘွားအတွက် အာဟာရရှိတာတွေထည့်ပေးလိုက်အူးမို့ ခနစောင့်ပေးနော်"

"မဟုတ်တာ...ဆရာရယ်




"ကျေးဇူးတင်ပါတယ်ဆရာ..."

"ဟုတ်ကဲ့...ရပါတယ်"









ဒါပေမဲ့....











"ဟုတ်....ဖေကြီး"



"Hello.....အခြေနေဘယ်လိုလဲ"




မွေးကင်းစလေးပါပဲ



"ဟုတ်....စိတ်ချပါအကိုလေး

"ကျေးဇူး မင်းမော်
အားကိုးပါတယ်"

"ရပါတယ် အကိုလေး



"သူစုံစမ်းနေပြီ...."





"ဘာဆက်လုပ်မလဲငယ်
သူမင်းဆီလာခဲ့ရင်ကော...."



"သူ့ပြည့်....!!!!"



ဒီကောင်ဘာလားပဲ



တီ.....တီ....

"မင်းမော်....ဘာထူးလဲ"


"မင်း ဘာသိခဲ့ရလို့လဲ....



"ဘာ....!!!!!"

"ဟုတ်တယ် အကိုလေး







သူသိပါတယ်"




"Hello.... ကိုယ် သဲနုငယ်ပါ.."


"နာမည်က......"


"အင်း...ကိုယ့်အသိပဲ















Continue Reading

You'll Also Like

2.9M 54.5K 17
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
357K 4.9K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
4.1M 260K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
3.9M 162K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...