ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိ...

By yyuzanawin

113K 12K 237

စစ်ဟွိုင်ရှီး သည် နောက်ဆုံးသောနေ့ရက်များတွင် ဖုတ်ကောင်များကို တိုက်ခိုက်ရန် ငြီးငွေ့နေသောကြောင့် သူဖတ်ရန် ဝတ္... More

Description
1🍷
2🍷
3🍷
4🍷
5🍷
6🍷
7🍷
9🍷
10🍷
11🍷
12🍷
13🍷
14🍷
15🍷
16🍷
17🍷
18🍷
19🍷
20🍷
21🍷
22🍷
23🍷
24🍷
25🍷
26🍷
27🍷
28🍷
Hello
29🍷
30🍷
31🍷
အဖြေမှန် 😍
32🍷
33🍷
34🍷
35🍷
36🍷
37🍷
38🍷
39🍷
40🍷
41🍷
42🍷
43🍷
44🍷
45🍷
46🍷
47
48
49..
50
51
52
53
54
55
56
57
58
59
60

8🍷

2.3K 292 0
By yyuzanawin

စုန်းရှောင်မေကိုစုန်းရှောင်မေကို ဆေးရုံပို့ပြီးနောက် စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ကို ရရှိခဲ့ပြီး သူမရဲ့ မိဘများကလည်း သူမနဲ့အတူ လိုက်ပါသွားခဲ့တယ်။ စိတ်ရောဂါကု ဆရာဝန်နဲ့ကုသမှုခံယူပြီးတဲ့နောက် စုန်းရှောင်မေရဲ့ စိတ်အခြေအနေအတော်လေး တည်ငြိမ်လာတယ်။

ရက်အနည်းငယ်ကြာတော့ စစ်ဟွိုင်ရှီးက သူမကို ဆေးရုံမှာ သွားရောက်တွေ့ဆုံခဲ့တယ်။ တစ်နည်းနည်းနဲ့ ဆေးရုံအောက်မှာ ထိုင်စောင့်နေတဲ့ သတင်းထောက်တွေ အများကြီးရှိနေခဲ့တယ်.. စုန်းရှောင်မေရဲ့ စိတ်အခြေအနေက ပိုကောင်းလာပေမယ့် စစ်ဟွိုင်ရှီးပြန်ခါနီးအချိန်မှာတော့ အသံဖမ်းစက်ကို ထည့်ပေးလိုက်တယ်။

စုန်းရှောင်မေရဲ့ မျက်လုံးတွေကနီရဲနေပြီး သူမသည် ပြုံးပြုံးလေးဖြင့် ..

"ဒီမိုက်မဲတဲ့ ကိစ္စတွေကို ညီမမတွေးတော့ဘူး.. ဒီလူတွေက ညီမအသက်နဲ့ မထိုက်တန်ဘူး..ဒီ တစ်ခါတော့ ညီမအမေက အရမ်းငိုပြီး လန်သွားတယ်ထင်တယ်.. အဲဒီတုန်းက ခေါင်မိုးပေါ်မှာ ရုပ်တရက်စိတ်လွတ်သွားသလိုပဲ..တော်သေးတယ် အဆုံးထိမလုပ်လိုက်မိလို့ Jinhui Entertainment က ညီမကို ဒုက္ခပေးတယ်ဆိုပြီး စာချုပ်ရပ်စဲဖို့ လုပ်ခဲ့ပြီးပြီ... အခုအင်တာနက်ပေါ် မှာရုတ်ရုတ်သဲသဲဖြစ်နေတော့ သူတို့ဘာမှမလုပ်ရဲတော့ဘူး..."

"အနားယူလိုက်အုံး.. ဒီလောက က မင်းအတွက် မသင့်တော်ဘူး.."

စုန်းရှောင်မေက ခေါင်းညိတ်လိုက်သည် ..

"အင်း...ညီမဘယ်တော့မှ မလာတော့ဘူး..ဒါပေမယ့် လီကျုံးရဲ့ ကောင်လေးတစ်ယောက်ယောက်က ညီမကို လျှို့ဝှက်ဓါတ်ပုံရိုက်ပြီး ခြိမ်းခြောက်ချင်နေတာ..ညစ်ပတ်တဲ့အရာတွေ အကြောင်းကို မီဒီယာကို မပြောမိစေနဲ့ ဆိုပြီး...."

သူမ ခဏနားကာ ဆက်ပြောလေသည်..

" ဒီတစ်ခါတော့ သူတို့လာခြိမ်းခြောက်တာကို အသံသွင်းထားခဲ့တယ် ဒါပေမယ့် ဒါတွေကို မေ့လိုက်ချင်ပြီ.. အေးအေးဆေးဆေးပဲ ထွက်သွားချင်တယ်..ဒါက အသံသွင်းထားတဲ့ ဘောပင်ပါ.."

စစ်ဟွိုင်ရှီးက မှတ်တမ်းတင်ထားတဲ့ဘောပင်ကို လက်ခံပြီး ကျေးဇူးတင်ကြောင်း ပြောပြီး ဆေးရုံကထွက်လာတော့ လီကျုံးကို ရဲတွေက စုံစမ်းစစ်ဆေးနေတာ တွေ့လိုက်ရတယ်။

အချိန်အတော်ကြာတဲ့အထိ စုန်းရှောင်မေရဲ့ကိစ္စကို မီဒီယာက ပြင်းပြင်းထန်ထန် ကိုင်တွယ်နေတယ်.. အနုပညာ အသိုင်းဝိုင်းထဲက နာမည်ကြီးတစ်ယောက်ပဲဖြစ်ဖြစ် အနုပညာရှင်တော်တော်များများရဲ့ ပရိသတ်တွေက အနုပညာရှင်တွေရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ တောင်းဆိုနေကြတာကိုပါ..

ဒီအဖြစ်အပျက်မှာ Jinhui Entertainment ဟာ လူအများရဲ့ ပြင်းထန်တဲ့ ရှုတ်ချချက်တွေကို အသေအလဲ ခံနေရတယ်..အင်တာနက်သုံးစွဲသူတွေဆီက အပြင်းအထန်ဝေဖန်ခံရမူတွေကြောင့် ရဲတပ်ဖွဲ့ကလည်း Jinhui Entertainmentကိုစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်..

မန်နေဂျာ လီကျုံးက ရဲတပ်ဖွဲ့ကို မျက်ခုံးများပင့်ကာ ပြုံးနေလျှက် စုံစမ်းစစ်ဆေးမှုတွင် အလွန်ပူးပေါင်းဆောင်ရွက်ချင်ကြောင်း ပြောနေခဲ့တယ်..

သို့သော် စစ်ဟွိုင်ရှီးက လီကျုံးရဲ့ မျက်လုံးထဲမှာ  ကောက်ကျစ်တဲ့ အရိပ်အယောင်တွေကို မြင်နေရတယ်..ရဲများ ထွက်ခွာသွားပြီးနောက် လီကျုံးက စစ်ဟွိုင်ရှီးကိုမြင်ပြီး နှုတ်ဆက်သည်..

"အို..တိုက်ဆိုင်လိုက်တာ..ဘာလို့ အလည်လာတာလဲ..စုန်းရှောင်မေဆီ မင်းကို မူလနေရာမှာ အစားထိုးဖို့ပြောစေချင်လို့လား.. ငါလုပ်ချင်ရင် လုပ်ပေးလို့ရပါတယ် မင်းသာ ငြိမ်ငြိမ်လေးနာခံရင်ပေါ့..."

စစ်ဟွိုင်ရှီးသည် ကြမ်းပိုးတစ်ကောင်လို မထီမဲ့မြင်ပြုသည့်အကြည့်ဖြင့် လီကျုံးကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။ လီကျုံးဟာ ကိုယ့်ကိုကိုယ် နူးညံသလို ဟန်ဆောင်နေရာမှ ချက်ချင်းပင် ဒေါသတကြီးဖြင့်..

"မင်း ဘယ်ကိုလာကြည့်နေတာလဲ.. ငါ မင်းကို အအေးခန်းထဲ ပစ်ထားလိုက်မယ်.."

စစ်ဟွိုင်ရှီးကလည်း အေးစက်စွာပြောလိုက်သည်..

" မင်းလုပ်နိုင်ရင် လုပ်ပေါ့.."

လီကျုံး သူ့ကို တကယ်သတ်ပစ်ချင်ပေ့မယ့် စစ်ဟွိုင်ရှီးက လူအများဂရုစိုက်မိူကိုခံနေရတော့ သူမလုပ်ရဲ...စစ်ဟွိုင်ရှီးရဲ့ ပုံတွေ ပျံနှံလာတုန်းက ကြော်ငြာရိုက်ကူးတွေ အများကြီး ဟိုဟိုဒီိီဒီမှ ကမ်းလှမ်းခံခဲ့ရသည်..သူလည်းဒါကိုအကြောင်းပြပြီး ပိုက်ဆံတွေအများကြီး သူ့ကိုယ်ကျိုးအတွက် ယူသုံးထားခဲ့တာ ဒါပေ့မယ့် ဘယ်ထင်မလဲ စစ်ဟွိုင်ရှီးက သူ့ကိုဆန့်ကျင်လာမယ်လို့....လီကျုံးက ပိုက်ဆံရှာချင်နေပေမယ့် ဒီကလေးက သူ့ကို အမြဲဆန့်ကျင်နေတာကြောင့် အသစ်တစ်ယောက်ကိုရှာခဲ့မိတယ်..

စစ်ဟွိုင်ရှီးကို လှောင်ပြောင်တဲ့အမူအရာနဲ့ ကြည့်ကာ..

"မင်း ဘာဂုဏ်ယူနေတာလဲ.. မင်း နာမည်ကြီးနိုင်မယ်လို့ ထင်နေတာလား..မြို့တော်မှာ မင်းအသက်ရှင်နေနိုင်မယ် မထင်နဲ့.."

စစ်ဟွိုင်ရှီက သူ့ကိုတိတ်ဆိတ်စွာ ဆက်ကြည့်နေတော့..သူလည်း..

"Bai Huaiyuကို မင်းသိပါတယ်၊ သူ့ရဲ့ ပွဲဦးထွက်ပွဲက အရမ်းအာရုံစိုက်ခံရတယ် Bai Yueguang ရဲ့ မြင့်မြတ်တဲ့သားအဖြစ် လူသိများတယ်.. သူ့ကို မြင့်မြတ်တဲ့သွေးတွေနဲ့ ကျော်ကြားတဲ့ Bai မိသားစုမှာ မွေးဖွားခဲ့တာ ထိပ်တန်း Omega ရဲ့ သွေးသားတွေက ပိုပြီးလက်ထပ်နိုင်ဖို့ ရည်မှန်းထားတက်ကြတယ်.. မြင့်မြတ်သော အယ်လ်ဖာနဲ့ မြင့်မြတ်သောကလေးရအောင်ပေါ့ အခု Bai Yueguang ရဲ့ မြင့်မြတ်တဲ့သားလေးဟာ မင်းရဲ့ တတိယအဆင့် ရုပ်ရှင်အဖွဲ့သား တွေရဲ့ ဇာတ်ညွှန်းကို စိတ်တိုင်းကျနေပြီး ဒီဒရာမာမှာ ရင်းနှီးမြှုပ်နှံချင်တယ်လို့ ပြောနေတယ်.. အစက ဒါကို အမျိုးသားဇာတ်ဆောင်ရဲ့ အခန်းကို အသုံးမဝင်တဲ့ အမျိုးသားဇာတ်ပို့ အခန်းနဲ့ အစားထိုးခဲ့တယ်.. အမှိုက်ကြယ်က ဘီတာ မင်းက တခြားသူတွေနဲ့ ဘာလို့ပြိုင်နေမှာလဲ.."

စစ်ဟွိုင်ရှီးရဲ့ မျက်လုံးများက ကြည်လင်ပြတ်သားသည့်အရိပ်အမြွက်ကြောင့် တောက်ပသွားသည်။

Bai Huaiyu က "Interstellar Heartthrob" ရဲ့ ဇာတ်ဆောင်ဖြစ်ပြီး သူ့နာမည်ကို ဒီလိုနည်းနဲ့ ကြားရဖို့ မမျှော်လင့်ထားခဲ့မိဘူး.. ဇာတ်လမ်းထဲက မူလပိုင်ရှင်ရဲ့အဆိုအရ သူက အဆောက်အဦးမှ ခုန်ချ၍ သေဆုံးသွားပြီးနောက် ဇာတ်လိုက်က ဇာတ်လိုက်ရဲ့ အခန်းကို လွှဲပြောင်းရယူခဲ့သော်လည်း ယခုအခါ သူက အသက်ရှင်နေသေးတာကြောင့် Bai Huaiyu က ဇာတ်ရုပ်ကို ဆက်လက်ထားရှိနေခဲ့တာပဲ..

"ဒါဆို မင်းငါ့ကို နာခံမှုရှိရှိ စကားနားထောင်ဖို့ အကြံပေးချင်တယ်..စာရင်းထဲက ပိုက်ဆံအနည်းငယ်နဲ့ မင်းအတွက် ဇာတ်ညွှန်းတစ်ခုရင်းနှီးမြှုပ်နှံမှာမို့လို့ အခု မင်းရဲ့ဇာတ်ရုပ်ကို လုယက်ခံရအောင် လွှတ်ထားချင်နေသေးလား ဟမ်...."

စစ်ဟွိုင်ရှီးရဲ့ မျက်လုံးတွေကအရင်လို လျစ်လျူရှုထားပြီး ဘာမှမထူးခြား.. ငြိမ်းချမ်းရေးခေတ်ပဲဖြစ်ဖြစ် ကမ္ဘာပျက်ကပ်ပဲဖြစ်ဖြစ် အားနည်းသူတွေကို အမြတ်အစွန်းအတွက် ရုပ်ပိုင်းဆိုင်ရာ အရောင်းအဝယ်လုပ်ဖို့ အတင်းအကျပ် ခြိမ်းခြောက်နေတဲ့ လူယုတ်မာတွေက ရှိကိုရှိတက်ကြတာပဲ..

နောက်ဆုံးသောနေ့ရက်များတွင်.(အရင်ဘဝ) စစ်ဟွိုင်ရှီးဟာ ခေါင်းဆောင်များကို တိုက်ရိုက်သတ်ခဲ့ပြီး အချိန်ကြာမြင့်စွာ အနိုင်ကျင့်ခံခဲ့ရသော သက်ကြီးရွယ်အိုများ၊ အားနည်းသူ၊ ဖျားနာသူများနှင့် မသန်စွမ်းသူများကို အစားအစာများ ဝေငှပေးခဲ့တယ်..

ဒီအေးချမ်းတဲ့ခေတ်မှာရော  စစ်ဟွိုင်ရှီးက ဒီလူယုတ်မာတွေကို လွှတ်ထားဖို့က သူ့အတွက် အရမ်းသည်းမခံနိုင်စရာလို့  ခံစားခဲ့ရပြီး သူ့ မှာ ပိုကောင်းတဲ့အကြံတစ်ခုလည်း ရှိလာခဲ့တယ်..

"ကောင်းပြီ ငါမင်းစကားကို  နားထောင်ပါ့မယ်..."

လီကျုံး အနည်းငယ် အံ့အားသင့်သွားမိသည် ဒီခေါင်းမာတဲ့လူငယ်လေးက အမှန်တကယ် သဘောတူလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ.. သူ့မျက်လုံးများက အနည်းငယ် သံသယဖြစ်မေသည့်ပုံပေါ်သော်လည်း..

"မင်းစိတ်ပြောင်းသွားပြီလား.. မင်း တကယ် သဘောတူတာလား မဖြစ်နိုင်ဘူး..မင်း ငါနဲ့ကစားချင်နေတာလား.."

စစ်ဟွိုင်ရှီးက အေးစက်စွာ ရယ်မောလိုက်ပြီး.

"မင်းငါ့ကို သကြားဖေဖေဖြစ်ခိုင်းချင်နေတာ မဟုတ်လား(ဒီနေရာမှာ ပြောချင်တာက သူ့ကိုအသုံးချပြီး ပိုက်ဆံရှာချင်နေတာကိုပါ ) မင်းက ဘာလို့  ကျောက်ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ကို မပစ်ချင်ရတာလဲ.."

လီကျံားက သံသယဝင်နေခဲ့သော်လည်း သူ့လောဘကိုတော့  သူ့ကိုယ်သူ မတားနိုင်ပေ။ စစ်ဟွိုင်ရှီးရဲ့  မျက်နှာက အရင်ကတက်ပိုမိုကြည့်ကောင်းလာပြီး သူ့ရဲ့ခပ်ချေချေအမူအယာက သူ့ တန်ဖိုးကို ပို၍ မြင့်မားလာစေနိုင်တယ်..

အချို့သော ရင်းနှီးမြုပ်နှံသူများကလည်း သူ့ကို လျှို့ဝှက်စွာ ခေါ်ပြီး စစ်ဟွိုင်ရှီးကို အိပ်ရာထဲသို့ ပို့နိုင်သရွေ့ ဂဏန်းခြောက်လုံးတွေကလည်း သူဆီရောက်လာနိုင်တယ်

လီကျုံးဟာ စစ်ဟွိုင်ရှီးကို စုန်းရှောင်မေကြောင့် ထိတ်လန့်သွားတယ်လို့ တွေးလိုက်ပြီး နောက်ဆုံးတွင် သူ့ရဲ့သံသယကို လက်လျော့လိုက်တယ်.. သူက စိတ်ကောင်း ရှိသလိုပြုမူပြီး..

ဒါက သိပ်ကောင်းတာပဲ မဟုတ်ဘူးလား.. ချမ်းသာအောင် ညီအကိုတွေ အတူတူ ငွေရှာကြမယ်လေ မင်းနဲ့ နည်းနည်း တွေ့ဆုံဖို့ ငါ စီစဉ်ပေးမယ်..ဟုတ်ပြီလား..ငါ့ကိူအခက်တွေ့အောင်မလုပ်နဲ့နော်..."

"မင်းငါ့ကို မယုံရင် မင်းကိုယ်တိုင်လိုက်လာလို့ရပါတယ်..."

လီကျုံးသည် စစ်ဟွိုင်ရှီးက ရုတ်တရက် အလွန်စိတ်ဝင်စားစရာကောင်းလာသလို ခံစားလိုက်ရပြီး  သူ့ပုခုံးပေါ်လက်တင်လိုက်ချင်သော်လည်း စစ်ဟွီုင်ရှီးက သူ့လက်ကို ရှောင်သွားခဲ့တယ်။

ရှက်ရွံ့စွာလက်က လေထဲတွင်ရပ်သွားသော်လည်း လီကျုံးက ဘာမှမဖြစ်သလို ဟန်ဆောင်ကာ..

"ဒါဆို ပြေလည်သွားပြီနော်"

လို့ ပြုံးပြုံးလေးပြောလိုက်တယ်...

စစ်ဟွိုင်ရှီးလည်း သူ့ကို နူတ်ခမ်းတဖတ်ကိုမြင့်ကာ ပြုံးပြလိုက်တော့လေသည်...



#Paid gp ဖွဲ့ချင်ပေ့မယ့် မလုပ်တက်သေးလို့


Zawgyi



စုန္းေရွာင္ေမကိုစုန္းေရွာင္ေမကို ေဆး႐ုံပို႔ၿပီးေနာက္ စိတ္ပိုင္းဆိုင္ရာ အႀကံဉာဏ္ကို ရရွိခဲ့ၿပီး သူမရဲ႕ မိဘမ်ားကလည္း သူမနဲ႕အတူ လိုက္ပါသြားခဲ့တယ္။ စိတ္ေရာဂါကု ဆရာဝန္နဲ႕ကုသမႈခံယူၿပီးတဲ့ေနာက္ စုန္းေရွာင္ေမရဲ႕ စိတ္အေျခအေနအေတာ္ေလး တည္ၿငိမ္လာတယ္။

ရက္အနည္းငယ္ၾကာေတာ့ စစ္ဟြိုင္ရွီးက သူမကို ေဆး႐ုံမွာ သြားေရာက္ေတြ႕ဆုံခဲ့တယ္။ တစ္နည္းနည္းနဲ႕ ေဆး႐ုံေအာက္မွာ ထိုင္ေစာင့္ေနတဲ့ သတင္းေထာက္ေတြ အမ်ားႀကီးရွိေနခဲ့တယ္.. စုန္းေရွာင္ေမရဲ႕ စိတ္အေျခအေနက ပိုေကာင္းလာေပမယ့္ စစ္ဟြိုင္ရွီးျပန္ခါနီးအခ်ိန္မွာေတာ့ အသံဖမ္းစက္ကို ထည့္ေပးလိုက္တယ္။

စုန္းေရွာင္ေမရဲ႕ မ်က္လုံးေတြကနီရဲေနၿပီး သူမသည္ ၿပဳံးၿပဳံးေလးျဖင့္ ..

"ဒီမိုက္မဲတဲ့ ကိစၥေတြကို ညီမမေတြးေတာ့ဘူး.. ဒီလူေတြက ညီမအသက္နဲ႕ မထိုက္တန္ဘူး..ဒီ တစ္ခါေတာ့ ညီမအေမက အရမ္းငိုၿပီး လန္သြားတယ္ထင္တယ္.. အဲဒီတုန္းက ေခါင္မိုးေပၚမွာ ႐ုပ္တရက္စိတ္လြတ္သြားသလိုပဲ..ေတာ္ေသးတယ္ အဆုံးထိမလုပ္လိုက္မိလို႔ Jinhui Entertainment က ညီမကို ဒုကၡေပးတယ္ဆိုၿပီး စာခ်ဳပ္ရပ္စဲဖို႔ လုပ္ခဲ့ၿပီးၿပီ... အခုအင္တာနက္ေပၚ မွာ႐ုတ္႐ုတ္သဲသဲျဖစ္ေနေတာ့ သူတို႔ဘာမွမလုပ္ရဲေတာ့ဘူး..."

"အနားယူလိုက္အုံး.. ဒီေလာက က မင္းအတြက္ မသင့္ေတာ္ဘူး.."

စုန္းေရွာင္ေမက ေခါင္းညိတ္လိုက္သည္ ..

"အင္း...ညီမဘယ္ေတာ့မွ မလာေတာ့ဘူး..ဒါေပမယ့္ လီက်ဳံးရဲ႕ ေကာင္ေလးတစ္ေယာက္ေယာက္က ညီမကို လွ်ို႔ဝွက္ဓါတ္ပုံရိုက္ၿပီး ၿခိမ္းေျခာက္ခ်င္ေနတာ..ညစ္ပတ္တဲ့အရာေတြ အေၾကာင္းကို မီဒီယာကို မေျပာမိေစနဲ႕ ဆိုၿပီး...."

သူမ ခဏနားကာ ဆက္ေျပာေလသည္..

" ဒီတစ္ခါေတာ့ သူတို႔လာၿခိမ္းေျခာက္တာကို အသံသြင္းထားခဲ့တယ္ ဒါေပမယ့္ ဒါေတြကို ေမ့လိုက္ခ်င္ၿပီ.. ေအးေအးေဆးေဆးပဲ ထြက္သြားခ်င္တယ္..ဒါက အသံသြင္းထားတဲ့ ေဘာပင္ပါ.."

စစ္ဟြိုင္ရွီးက မွတ္တမ္းတင္ထားတဲ့ေဘာပင္ကို လက္ခံၿပီး ေက်းဇူးတင္ေၾကာင္း ေျပာၿပီး ေဆး႐ုံကထြက္လာေတာ့ လီက်ဳံးကို ရဲေတြက စုံစမ္းစစ္ေဆးေနတာ ေတြ႕လိုက္ရတယ္။

အခ်ိန္အေတာ္ၾကာတဲ့အထိ စုန္းေရွာင္ေမရဲ႕ကိစၥကို မီဒီယာက ျပင္းျပင္းထန္ထန္ ကိုင္တြယ္ေနတယ္.. အႏုပညာ အသိုင္းဝိုင္းထဲက နာမည္ႀကီးတစ္ေယာက္ပဲျဖစ္ျဖစ္ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားရဲ႕ ပရိသတ္ေတြက အႏုပညာရွင္ေတြရဲ႕ စိတ္က်န္းမာေရးကို ဂ႐ုစိုက္ဖို႔ ေတာင္းဆိုေနၾကတာကိုပါ..

ဒီအျဖစ္အပ်က္မွာ Jinhui Entertainment ဟာ လူအမ်ားရဲ႕ ျပင္းထန္တဲ့ ရႈတ္ခ်ခ်က္ေတြကို အေသအလဲ ခံေနရတယ္..အင္တာနက္သုံးစြဲသူေတြဆီက အျပင္းအထန္ေဝဖန္ခံရမူေတြေၾကာင့္ ရဲတပ္ဖြဲ႕ကလည္း Jinhui Entertainmentကိုစုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ခဲ့တယ္..

မန္ေနဂ်ာ လီက်ဳံးက ရဲတပ္ဖြဲ႕ကို မ်က္ခုံးမ်ားပင့္ကာ ၿပဳံးေနလွ်က္ စုံစမ္းစစ္ေဆးမႈတြင္ အလြန္ပူးေပါင္းေဆာင္႐ြက္ခ်င္ေၾကာင္း ေျပာေနခဲ့တယ္..

သို႔ေသာ္ စစ္ဟြိုင္ရွီးက လီက်ဳံးရဲ႕ မ်က္လုံးထဲမွာ  ေကာက္က်စ္တဲ့ အရိပ္အေယာင္ေတြကို ျမင္ေနရတယ္..ရဲမ်ား ထြက္ခြာသြားၿပီးေနာက္ လီက်ဳံးက စစ္ဟြိုင္ရွီးကိုျမင္ၿပီး ႏႈတ္ဆက္သည္..

"အို..တိုက္ဆိုင္လိုက္တာ..ဘာလို႔ အလည္လာတာလဲ..စုန္းေရွာင္ေမဆီ မင္းကို မူလေနရာမွာ အစားထိုးဖို႔ေျပာေစခ်င္လို႔လား.. ငါလုပ္ခ်င္ရင္ လုပ္ေပးလို႔ရပါတယ္ မင္းသာ ၿငိမ္ၿငိမ္ေလးနာခံရင္ေပါ့..."

စစ္ဟြိုင္ရွီးသည္ ၾကမ္းပိုးတစ္ေကာင္လို မထီမဲ့ျမင္ျပဳသည့္အၾကည့္ျဖင့္ လီက်ဳံးကို ေပါ့ေပါ့ပါးပါး ၾကည့္လိုက္သည္။ လီက်ဳံးဟာ ကိုယ့္ကိုကိုယ္ ႏူးညံသလို ဟန္ေဆာင္ေနရာမွ ခ်က္ခ်င္းပင္ ေဒါသတႀကီးျဖင့္..

"မင္း ဘယ္ကိုလာၾကည့္ေနတာလဲ.. ငါ မင္းကို အေအးခန္းထဲ ပစ္ထားလိုက္မယ္.."

စစ္ဟြိုင္ရွီးကလည္း ေအးစက္စြာေျပာလိုက္သည္..

" မင္းလုပ္နိုင္ရင္ လုပ္ေပါ့.."

လီက်ဳံး သူ႕ကို တကယ္သတ္ပစ္ခ်င္ေပ့မယ့္ စစ္ဟြိုင္ရွီးက လူအမ်ားဂ႐ုစိုက္မိူကိုခံေနရေတာ့ သူမလုပ္ရဲ...စစ္ဟြိုင္ရွီးရဲ႕ ပုံေတြ ပ်ံႏွံလာတုန္းက ေၾကာ္ျငာရိုက္ကူးေတြ အမ်ားႀကီး ဟိုဟိုဒီိီဒီမှ ကမ္းလွမ္းခံခဲ့ရသည္..သူလည္းဒါကိုအေၾကာင္းျပၿပီး ပိုက္ဆံေတြအမ်ားႀကီး သူ႕ကိုယ္က်ိဳးအတြက္ ယူသုံးထားခဲ့တာ ဒါေပ့မယ့္ ဘယ္ထင္မလဲ စစ္ဟြိုင္ရွီးက သူ႕ကိုဆန့္က်င္လာမယ္လို႔....လီက်ဳံးက ပိုက္ဆံရွာခ်င္ေနေပမယ့္ ဒီကေလးက သူ႕ကို အၿမဲဆန႔္က်င္ေနတာေၾကာင့္ အသစ္တစ္ေယာက္ကိုရွာခဲ့မိတယ္..

စစ္ဟြိုင္ရွီးကို ေလွာင္ေျပာင္တဲ့အမူအရာနဲ႕ ၾကည့္ကာ..

"မင္း ဘာဂုဏ္ယူေနတာလဲ.. မင္း နာမည္ႀကီးနိုင္မယ္လို႔ ထင္ေနတာလား..ၿမိဳ႕ေတာ္မွာ မင္းအသက္ရွင္ေနနိုင္မယ္ မထင္နဲ႕.."

စစ္ဟြိုင္ရွီက သူ႕ကိုတိတ္ဆိတ္စြာ ဆက္ၾကည့္ေနေတာ့..သူလည္း..

"Bai Huaiyuကို မင္းသိပါတယ္၊ သူ႕ရဲ႕ ပြဲဦးထြက္ပြဲက အရမ္းအာ႐ုံစိုက္ခံရတယ္ Bai Yueguang ရဲ႕ ျမင့္ျမတ္တဲ့သားအျဖစ္ လူသိမ်ားတယ္.. သူ႕ကို ျမင့္ျမတ္တဲ့ေသြးေတြနဲ႕ ေက်ာ္ၾကားတဲ့ Bai မိသားစုမွာ ေမြးဖြားခဲ့တာ ထိပ္တန္း Omega ရဲ႕ ေသြးသားေတြက ပိုၿပီးလက္ထပ္နိုင္ဖို႔ ရည္မွန္းထားတက္ၾကတယ္.. ျမင့္ျမတ္ေသာ အယ္လ္ဖာနဲ႕ ျမင့္ျမတ္ေသာကေလးရေအာင္ေပါ့ အခု Bai Yueguang ရဲ႕ ျမင့္ျမတ္တဲ့သားေလးဟာ မင္းရဲ႕ တတိယအဆင့္ ႐ုပ္ရွင္အဖြဲ႕သား ေတြရဲ႕ ဇာတ္ၫႊန္းကို စိတ္တိုင္းက်ေနၿပီး ဒီဒရာမာမွာ ရင္းႏွီးျမႇုပ္ႏွံခ်င္တယ္လို႔ ေျပာေနတယ္.. အစက ဒါကို အမ်ိဳးသားဇာတ္ေဆာင္ရဲ႕ အခန္းကို အသုံးမဝင္တဲ့ အမ်ိဳးသားဇာတ္ပို႔ အခန္းနဲ႕ အစားထိုးခဲ့တယ္.. အမွိုက္ၾကယ္က ဘီတာ မင္းက တျခားသူေတြနဲ႕ ဘာလို႔ၿပိဳင္ေနမွာလဲ.."

စစ္ဟြိုင္ရွီးရဲ႕ မ်က္လုံးမ်ားက ၾကည္လင္ျပတ္သားသည့္အရိပ္အႁမြက္ေၾကာင့္ ေတာက္ပသြားသည္။

Bai Huaiyu က "Interstellar Heartthrob" ရဲ႕ ဇာတ္ေဆာင္ျဖစ္ၿပီး သူ႕နာမည္ကို ဒီလိုနည္းနဲ႕ ၾကားရဖို႔ မေမွ်ာ္လင့္ထားခဲ့မိဘူး.. ဇာတ္လမ္းထဲက မူလပိုင္ရွင္ရဲ႕အဆိုအရ သူက အေဆာက္အဦးမွ ခုန္ခ်၍ ေသဆုံးသြားၿပီးေနာက္ ဇာတ္လိုက္က ဇာတ္လိုက္ရဲ႕ အခန္းကို လႊဲေျပာင္းရယူခဲ့ေသာ္လည္း ယခုအခါ သူက အသက္ရွင္ေနေသးတာေၾကာင့္ Bai Huaiyu က ဇာတ္႐ုပ္ကို ဆက္လက္ထားရွိေနခဲ့တာပဲ..

"ဒါဆို မင္းငါ့ကို နာခံမႈရွိရွိ စကားနားေထာင္ဖို႔ အႀကံေပးခ်င္တယ္..စာရင္းထဲက ပိုက္ဆံအနည္းငယ္နဲ႕ မင္းအတြက္ ဇာတ္ၫႊန္းတစ္ခုရင္းႏွီးျမႇုပ္ႏွံမွာမို႔လို႔ အခု မင္းရဲ႕ဇာတ္႐ုပ္ကို လုယက္ခံရေအာင္ လႊတ္ထားခ်င္ေနေသးလား ဟမ္...."

စစ္ဟြိုင္ရွီးရဲ႕ မ်က္လုံးေတြကအရင္လို လ်စ္လ်ဴရႈထားၿပီး ဘာမွမထူးျခား.. ၿငိမ္းခ်မ္းေရးေခတ္ပဲျဖစ္ျဖစ္ ကမၻာပ်က္ကပ္ပဲျဖစ္ျဖစ္ အားနည္းသူေတြကို အျမတ္အစြန္းအတြက္ ႐ုပ္ပိုင္းဆိုင္ရာ အေရာင္းအဝယ္လုပ္ဖို႔ အတင္းအက်ပ္ ၿခိမ္းေျခာက္ေနတဲ့ လူယုတ္မာေတြက ရွိကိုရွိတက္ၾကတာပဲ..

ေနာက္ဆုံးေသာေန႕ရက္မ်ားတြင္.(အရင္ဘဝ) စစ္ဟြိုင္ရွီးဟာ ေခါင္းေဆာင္မ်ားကို တိုက္ရိုက္သတ္ခဲ့ၿပီး အခ်ိန္ၾကာျမင့္စြာ အနိုင္က်င့္ခံခဲ့ရေသာ သက္ႀကီး႐ြယ္အိုမ်ား၊ အားနည္းသူ၊ ဖ်ားနာသူမ်ားႏွင့္ မသန္စြမ္းသူမ်ားကို အစားအစာမ်ား ေဝငွေပးခဲ့တယ္..

ဒီေအးခ်မ္းတဲ့ေခတ္မွာေရာ  စစ္ဟြိုင္ရွီးက ဒီလူယုတ္မာေတြကို လႊတ္ထားဖို႔က သူ႕အတြက္ အရမ္းသည္းမခံနိုင္စရာလို႔  ခံစားခဲ့ရၿပီး သူ႕ မွာ ပိုေကာင္းတဲ့အႀကံတစ္ခုလည္း ရွိလာခဲ့တယ္..

"ေကာင္းၿပီ ငါမင္းစကားကို  နားေထာင္ပါ့မယ္..."

လီက်ဳံး အနည္းငယ္ အံ့အားသင့္သြားမိသည္ ဒီေခါင္းမာတဲ့လူငယ္ေလးက အမွန္တကယ္ သေဘာတူလိမ့္မည္ဟု မေမွ်ာ္လင့္ထားမိခဲ့ေပ.. သူ႕မ်က္လုံးမ်ားက အနည္းငယ္ သံသယျဖစ္ေမသည့္ပုံေပၚေသာ္လည္း..

"မင္းစိတ္ေျပာင္းသြားၿပီလား.. မင္း တကယ္ သေဘာတူတာလား မျဖစ္နိုင္ဘူး..မင္း ငါနဲ႕ကစားခ်င္ေနတာလား.."

စစ္ဟြိုင္ရွီးက ေအးစက္စြာ ရယ္ေမာလိုက္ၿပီး.

"မင္းငါ့ကို သၾကားေဖေဖျဖစ္ခိုင္းခ်င္ေနတာ မဟုတ္လား(ဒီေနရာမွာ ေျပာခ်င္တာက သူ႕ကိုအသုံးခ်ၿပီး ပိုက္ဆံရွာခ်င္ေနတာကိုပါ ) မင္းက ဘာလို႔  ေက်ာက္ခဲတစ္လုံးနဲ႕ငွက္ႏွစ္ေကာင္ကို မပစ္ခ်င္ရတာလဲ.."

လီက်ံားက သံသယဝင္ေနခဲ့ေသာ္လည္း သူ႕ေလာဘကိုေတာ့  သူ႕ကိုယ္သူ မတားနိုင္ေပ။ စစ္ဟြိုင္ရွီးရဲ႕  မ်က္ႏွာက အရင္ကတက္ပိုမိုၾကည့္ေကာင္းလာၿပီး သူ႕ရဲ႕ခပ္ေခ်ေခ်အမူအယာက သူ႕ တန္ဖိုးကို ပို၍ ျမင့္မားလာေစနိုင္တယ္..

အခ်ိဳ႕ေသာ ရင္းႏွီးျမဳပ္ႏွံသူမ်ားကလည္း သူ႕ကို လွ်ို႔ဝွက္စြာ ေခၚၿပီး စစ္ဟြိုင္ရွီးကို အိပ္ရာထဲသို႔ ပို႔နိုင္သေ႐ြ႕ ဂဏန္းေျခာက္လုံးေတြကလည္း သူဆီေရာက္လာနိုင္တယ္

လီက်ဳံးဟာ စစ္ဟြိုင္ရွီးကို စုန္းေရွာင္ေမေၾကာင့္ ထိတ္လန႔္သြားတယ္လို႔ ေတြးလိုက္ၿပီး ေနာက္ဆုံးတြင္ သူ႕ရဲ႕သံသယကို လက္ေလ်ာ့လိုက္တယ္.. သူက စိတ္ေကာင္း ရွိသလိုျပဳမူၿပီး..

ဒါက သိပ္ေကာင္းတာပဲ မဟုတ္ဘူးလား.. ခ်မ္းသာေအာင္ ညီအကိုေတြ အတူတူ ေငြရွာၾကမယ္ေလ မင္းနဲ႕ နည္းနည္း ေတြ႕ဆုံဖို႔ ငါ စီစဥ္ေပးမယ္..ဟုတ္ၿပီလား..ငါ့ကိူအခက္ေတြ႕ေအာင္မလုပ္နဲ႕ေနာ္..."

"မင္းငါ့ကို မယုံရင္ မင္းကိုယ္တိုင္လိုက္လာလို႔ရပါတယ္..."

လီက်ဳံးသည္ စစ္ဟြိုင္ရွီးက ႐ုတ္တရက္ အလြန္စိတ္ဝင္စားစရာေကာင္းလာသလို ခံစားလိုက္ရၿပီး  သူ႕ပုခုံးေပၚလက္တင္လိုက္ခ်င္ေသာ္လည္း စစ္ဟြီုင္ရွီးက သူ႕လက္ကို ေရွာင္သြားခဲ့တယ္။

ရွက္႐ြံ႕စြာလက္က ေလထဲတြင္ရပ္သြားေသာ္လည္း လီက်ဳံးက ဘာမွမျဖစ္သလို ဟန္ေဆာင္ကာ..

"ဒါဆို ေျပလည္သြားၿပီေနာ္"

လို႔ ၿပဳံးၿပဳံးေလးေျပာလိုက္တယ္...

စစ္ဟြိုင္ရွီးလည္း သူ႕ကို ႏူတ္ခမ္းတဖတ္ကိုျမင့္ကာ ၿပဳံးျပလိုက္ေတာ့ေလသည္...



##Paid gp ဖြဲ႕ခ်င္ေပ့မယ့္ မလုပ္တက္ေသးလို႔

Continue Reading

You'll Also Like

3.2M 187K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
427K 23.8K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
1.7M 95.2K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...