EX-HUSBAND [前倫]

By H_wangRi

933 67 28

𝖬𝗒 𝖀𝗑-π–§π—Žπ—Œπ–»π–Ίπ—‡π–½ π—π—π—ˆ 𝖨 𝖽𝗂𝖽𝗇'𝗍 π—„π—‡π—ˆπ— 𝗐𝖾𝗅𝗅 α΅’α΅—α΅– - πŠΓ—π‰πŽ More

β…  (z)
β…‘ (u)
β…‘ (z)
β…’ (u)
β…’(z)

β…  (u)

400 20 5
By H_wangRi


မီးရောင်‌တွေထိန်လင်းနေပေမယ့် တိတ်ဆိတ်ခြင်းသာအပြည့်လွှမ်းမိုးထားတဲ့အခန်းကျယ်တစ်ခုထဲ ဘောပင်တစ်ချောင်း ကြည်လင်‌တဲ့ဖန်စားပွဲပေါ်ကိုပြုတ်ကျလာတဲ့အသံက ကျယ်လောင်စွာပေါ်ထွက်လာတယ်။

"မင်းဒီစာချုပ်မှာလက်မှတ်ထိုးလိုက်တာနဲ့ ဒီအိမ်ထောင်ကဆုံးသတ်သွားပြီ"

ပန်းအိုးတစ်လုံးသာအလှဆင်ထားတဲ့ စားပွဲပေါ်မှာ ကွာရှင်းစာချုပ်တစ်ခုနဲ့ဘောပင်တစ်ချောင်းဟာအကျည်းတန်စွာ...

Kအပြုအမှုနဲ့လေသံက မာကောင်း‌မာနေနိုင်ပေမယ့် ဘယ်သူမဆိုဒီလိုအခြေအနေမှာရှေ့ကလူလိုလူမျိုး အပြုအမှုမျိုးကိုမြင်ရရင် Kလိုဖြစ်ကြမှာပဲ။

Kဘ၀မှာ အရှေ့ကလူရဲ့ ခေါင်းသေးသေးလေးထဲဘာတွေတွေးနေလဲဆိုတာသိရဖို့က အဖြစ်ချင်ဆုံးဆန္ဒထဲကတစ်ခုဖြစ်မယ်။

အာဆာကူရာ ဂျို

ဂျိုကKနဲ့ သုံးနှစ်တိုင်တိုင်ပေါင်းဖက်ခဲ့တဲ့ သူ့ယောက်ျား သူ့အိမ်ထောင်ဖက်ဖြစ်ပေမယ့် Kဟာဂျို့ကိုလုံး၀နားမလည်ခဲ့။

လွန်ခဲ့တဲ့သုံးနှစ်
နာမည်တောင်ပထမဆုံးကြားဖူးတဲ့သူကို လက်ထပ်ဖို့လက်ခံလိုက်တာကစလို့ သူ့ယောက်ျားအဖြစ်ကနေ ယောက်ျားဟောင်းဖြစ်လာတော့မယ့်အခြေအနေအထိကို Kကဂျို့စိတ်ကိုမသိခဲ့ရ။

Kနဲ့Joရဲ့ အိမ်ထောင်ရေးကလူကြီးတွေရဲ့အလွန်ကမောက်ကမဆန်တဲ့ စီစဉ်ပေးမှုကစတင်တယ်။

ဘယ်လောက်ရှုပ်ထွေးလိုက်လဲ။Kအဖိုးရဲ့သမီး တစ်နည်းအားဖြင့်Kရဲ့အမေဖြစ်သူက Kအဖေဆုံးသွားပြီးတဲ့နောက် ထပ်ပြီးပတ်သတ်ခဲ့တဲ့အမျိုးသားဟာသူမအချစ်ဦးဆိုတဲ့Joရဲ့အဖေဖြစ်တယ်။

သမီးဖြစ်သူရဲ့ပယောဂကြောင့် ပြိုကွဲသွားတဲ့မိသားစုကိုပြန်တောင်းပန်တဲ့အနေနဲ့ နစ်နာသူဖြစ်တဲ့Joအမေနဲ့Joကိုတောင်းပန်တဲ့အနေနဲ့ အဖိုးက Joနဲ့Kကိုလက်ထပ်ပေးဖို့စီစဉ်သတဲ့။

ဘယ်လောက်တောင်ကြောင်တောင်တောင်နိုင်လိုက်သလဲ။တကယ်ဆို ဒါကJoတို့သားအမိအတွက်ပိုတောင်စိတ်တိုချင်စရာ တောင်းပန်မှုတစ်မျိုးပဲ။

Kကလည်းခုမှ၂၆နှစ်ရှိသေးတာမို့ အိမ်ထောင်ပြုပြီး သူ့ဘ၀ကိုခြေချုပ်မိဖို့စိတ်တောင်မကူးမိဘူး။တစ်ဖက်ကကောင်လေးကလည်း၁၉နှစ်ပဲရှိသေးတာ။တကယ်ကို ငယ်ငယ်လေး။ဘယ်သူကကိုယ့်ထက်၇နှစ်ကြီးပြီး ကိုယ့်မိသားစုကိုပျက်စီးအောင်လုပ်ခဲ့တဲ့မိန်းမ‌တစ်ယောက်ရဲ့သွေးသားနဲ့လက်ထပ်ချင်မှာလဲ။

ဒါပေမယ့် Joကလက်ခံခဲ့တယ်။Joဟာ စသိကတည်းကKနားမလည်နိုင်တဲ့ပုစ္ဆာတစ်ပုဒ်လိုဖြစ်တည်မှုလေးပင်။

တကယ်ဆိုJoငြင်းလိုက်ရင်အစတည်းကဖြစ်လာဖို့မရှိတဲ့လက်ထပ်ပွဲဆိုပေမယ့် လက်ခံခဲ့တဲ့ထိုကောင်ငယ်လေးကြောင့်Kဘ၀ဟာကမောက်ကမဖြစ်ရတယ်။Kကသူ့အဖိုးကိုတွန်းလှန်နိုင်စွမ်းမှမရှိပဲ။

Kကအဖိုးလက်ထဲကြီးပျင်းခဲ့ရပြီး လူတိုင်းကKကိုအဖိုးနဲ့တူတယ်လို့ပြောကြပေမယ့် တကယ်တော့Kကကျောက်တုံးလိုခေါင်းမာရင် သူ့အဖိုးကတော့သံမဏိလိုလူမျိုးဖြစ်တယ်။

သူ့ရဲ့ကောင်းကွက်ဆိုးကွက်၊အားနည်းချက်၊
အားသာချက်တွေကိုကောင်းကောင်းသိပြီး Kကိုမလှုပ်နိုင်မရုန်းနိုင်အောင် ချည်နိုင်တုပ်နိုင်တဲ့တစ်ဦးတည်းသောသူကအဖိုးပင်။

"မင်းဘာသဘောနဲ့ ငါ့ကိုလက်ထပ်ဖို့သဘောတူလိုက်လဲတော့ငါမသိဘူး။ရုပ်ရှင်တွေထဲကလို လက်စားချေဖို့ဘာညာ ကြောင်တောင်တောင်ဒရမ်မာတွေလုပ်ဖို့ဆိုရင် ခုတည်းက မင်းအတွေးတွေကိုခေါက်သိမ်းလိုက်။ လုပ်ချင်သပဆိုရင်လည်း ငါ့အမေဆိုတဲ့သူကိုသွားလုပ်။ငါနဲ့လာရှုပ်ဖို့မစဉ်းစားနဲ့"

ဒါဟာ မင်္ဂလာပွဲပြီးပြီးချင်း ဟန်းနီးမွန်းသွားတဲ့လေယာဉ်ပေါ်မှာ Kပြတ်ပြတ်ပင်ပြောလိုက်တဲ့စကားပေမယ့် ပြန်ရလိုက်တာက မပွင့်တပွင့်အပြုံးကလေးတစ်ခုနဲ့

"စိတ်ချပါ ကျွန်တော်မှာအဲ့လိုဘာစိတ်ကူးမှမရှိတာမို့Kei-kunစိတ်ပူစရာမလိုပါဘူး"

ဆိုတဲ့စကားတစ်ခွန်းသာ။ဒီကောင်လေးဘာလဲဆိုတဲ့အတွေးကလွဲလို့Kကများများစားစားတော့ထပ်မတွေးခဲ့ပါဘူး။တကယ်လို့ သူ့ကိုလာထိရင် Kကတန်အောင်ပြန်ယူတက်တဲ့သူမို့ သူ့ကိုနစ်နာအောင်မလုပ်သရွေ့တော့Kက Joကိုပြဿနာရှာပြီး ခေါင်းရှုပ်ခံနေမှာမဟုတ်ဘူး။

နောက် Kကရုပ်ရှင်ထဲကဇာတ်လိုက်မင်းသားတွေလို သဘောမကျတဲ့မင်းသားနဲ့အိမ်ကပေးစားလို့ ယူလိုက်ရပြီးမထိတာမကိုင်တာလိုကြောင်တောင်တောင်လုပ်ရက်တွေလုပ်မယ့်သူမျိုးမဟုတ်ဘူး။

သူနဲ့ဒီကောင်လေးက အိမ်ထောင်ဖက်တွေတောင်ဖြစ်နေမှတော့ လုပ်သင့်တာကိုလုပ်ပြီး စားသင့်တာကိုစားရမှာပဲ။

၀န်ခံပါတယ် Joကစားလို့ကောင်းတဲ့ ထမင်းဆုပ်ကလေး။

****************

အစောပိုင်းမှာတော့ Kကဒီအိမ်ထောင်ရေးမှာပျော်ခဲ့ပါတယ်။

သူ့ကြောင့်Joရဲ့ဖြူ‌ဖြူနုနုအသားအရေပေါ်မှာ အမှတ်အသားလေးတွေရှိနေတာကရင်ခုန်ဖို့ကောင်းတယ်။

တစ်ခါတစ်လေသူစိတ်ကူးပေါက်‌ပြီးရစ်ချင်လို့ ကိုကိုလို့ခေါ်ခိုင်းတိုင်း ရှက်ရဲရဲမျက်နှာလေးနဲ့ ကိုကိုလို့ခေါ်တဲ့ အသံအက်ရှရှလေးမှာလည်း Kနှလုံးသားကပျော်၀င်တက်ခဲ့တယ်။

သူအီစီကလီစကားလုံးတွေပြောပြီးစတိုင်း အပြုံးနုနုလေးနဲ့ ယ်အီခွန်မစပါနဲ့ဆိုတဲ့ အရှက်သည်းတဲ့သဏ္ဌာန်လေးကိုလည်းသဘောကျခဲ့တာပဲ။

သူ့ပြောစကားမှန်သမျှနားထောင်ပြီး သူအမှားတွေလုပ်လည်းအပြစ်မပြောပဲ သူ့အတွက်လိုအပ်တာတွေကိုတိတ်တိတ်လေးပဲလုပ်ပေး‌တက်တဲ့ အိမ်သူသက်ထားလေးပုံစံကလည်းသူ့ရင်ကိုအေးချမ်းစေတယ်။

ဒါပေမယ့် အရာရာဟာပြောင်းလဲတက်‌တယ်ဆိုတဲ့သဘောတရားဟာ Kအတွက်လည်းအမှန်ပါပဲ။

အိမ်ထောင်သက်ဟာကြာတယ်မဆိုသာပေမယ့် Kကငြီးငွေ့စပြုလာတယ်။

မထိတထိစလိုက်တိုင်း ရှက်သွေးရဲတဲ့အပြုံးတွေအစား တစ်ခါတစ်လေ Joဖက်ကရဲတင်းတဲ့ first stepလေးတွေလိုချင်လာတယ်။

အိမ်ထောင်ရှိတဲ့ယောက်ျားတစ်ယောက်က ညဖက်အိမ်ပြန်မအိပ်တဲ့နေ့တွေကိုတောင် ဘာမှမပြောပဲတိတ်တိတ်ကလေးမသိကျိုးကျွန်ပြုထားမယ့်အစား ဆူဆူပူပူလေးလုပ်စေချင်တယ်။

ကျောင်းတစ်ဖက်နဲ့တောင် Kအတွက်အမြဲတမ်းအချိန်ပေး၊Kလိုအပ်တာမှန်သမျှလုပ်‌ပေးပြီး Kလိုချင်တယ်ပြောတိုင်းအကုန်ဖြည့်စည်းပေးတော့ရော ဘာများကောင်းလို့လဲ။

‌ကိုယ့်ယောက်ျားကိုတောင် တစ်နေ့စကားလုံးဆယ်ခွန်းတောင်ပြည့်အောင်ပဲ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့လိုက်ကြည့်နေတာကိုလည်း Kကစိတ်ရှုပ်လာတယ်။

သူ့ယောက်ျားက လူနဲ့ချွတ်စွပ်တူတဲ့functionတွေထည့်ထားပေးတဲ့ AIတစ်ခုလိုပဲ။ဘယ်သူကရော ဒီလိုအိမ်ထောင်ရေးကိုလိုချင်မှာလဲ။

Kရဲ့အားမလိုအားမရဖြစ်မှုတွေဟာ အချိန်ကြာလာတာနဲ့အမျှ မကြည်ဖြူစိတ်ကနေ ဒီအိမ်ထောင်ရေးအပေါ်ကိုမုန်းတဲ့စိတ်ဖြစ်လာတယ်။

တကယ်ဆိုKလိုအပ်တာ သူ့ကိုပုံမှန်လေးဆက်ဆံစေချင်ရုံပါ။ခုလိုက အိမ်ထောင်ဖက်တွေဆိုရင်တောင် ဘယ်သူမှမယုံနိုင်လောက်အောင်စိမ်းနေတယ်မလား။

Kအိမ်ပြန်မအိပ်တဲ့ရက်တွေစိပ်လာသလို တစ်ချိန်လည်းမှာလည်းJoကိုသိသိသာသာဥပက္ခာပြုခဲ့တယ်။ အယ်လ်ကိုဟောကိုlimitကျော်တဲ့ထိသောက်လာတဲ့ ညတစ်ညမှာKက Joကို သူနဲ့အဝေးဆုံးကိုတွန်းထုတ်ခဲ့ပါတယ်။

"ဟင့်အင်း .. မင်းငါ့ကိုဘာမှလာလုပ်မပေးနဲ့
အာဆာကူရာ ဂျို။ မင်းကိုငါစိတ်ကုန်လာပြီ‌၊။ဝေးဝေးမှာနေ ငါ့နားလာပြီးစိတ်ရှုပ်အောင်လုပ်မနေနဲ့"ဆိုတဲ့စကားတစ်ခွန်းနဲ့အတူ။

ထိုနောက်နေ့ကစလို့ Kနဲ့အတူJoလည်းပြောင်းလဲခဲ့တယ်။တစ်အိမ်တည်းမှာနေပေမယ့် အခန်းခွဲအိပ်ပြီး တစ်ပါတ်မှာ‌တစ်ရက်တောင် တစ်ယောက်နဲ့တစ်ယောက်ကောင်းကောင်းမျက်နှာချင်းမဆိုင်ဖြစ်တဲ့ ဆက်ဆံရေးနဲ့ ဒီအိမ်ထောင်ရေးကသုံးနှစ်ပြည့်ခဲ့ပါတယ်။

သုံးနှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ တစ်နည်းအားဖြင့် သူတို့ကွာရှင်းမယ့်နေ့

တကယ်ဆို Kကလက်မှတ်မထိုးခင်နောက်ဆုံးအချိန်ထိမျှော်လင့်ခဲ့တယ်။Joဟာ ဒီအိမ်ထောင်ရေးကို အဆုံးမသတ်ရပါစေနဲ့လို့တောင်းဆိုခဲ့ဖို့၊အနည်းဆုံးကွာရှင်းစာချုပ်မှာလက်မှတ်ထိုးဖို့တွန့်ဆုတ်နေခဲ့ဖို့။

ဒါပေမယ့် Joကသူ့ထုံးစံအတိုင်း တုံတိဘာဝေနဲ့တုံ့ဆိုင်းခြင်းမရှိ လက်မှတ်ထိုးကာ သူတို့ဆက်ဆံရေးကိုအဆုံးသတ်ခဲ့ပါတယ်။

*************

Continue Reading

You'll Also Like

38.7K 833 5
ΨΉΨ§Ψ¦Ω„Ω‡ Ω…Ψ¨Ψ§Ψ­ ΩΩŠΩ‡Ψ§ ΩƒΩ„ شي Ψ­ΨͺΩ‰ Ψ§Ω„Ω†ΩŠΩƒ و Ψ§Ω„Ψ¬Ω†Ψ³ Ω…Ψ¨Ψ§Ψ­ Ψ¨ΩŠΩ† Ψ¨ΨΉΨΆ πŸ«¦πŸ‘…
177K 674 25
18+ ပါ။ α€…α€±α€¬α€€α€Ία€•α€α€Ία€‘α€²α€œα€­α€―α€Έα€™α€žα€½α€„α€Ία€Έα€α€„α€Ί α€œα€―α€•α€Ία€™α€šα€·α€Ία€Ÿα€¬α€α€½α€± ရေးမှာ။ α€Šα€…α€Ία€Šα€™α€Ία€Έα€…α€¬α€α€½α€±α€•α€«α‹
5.8K 348 9
ءدفهّ وءرΨͺي Ψ§Ψ¬Ω…Ω„ الءدف .. Ψ§Ω†Ψͺ ΨΉΩŠΩ†Ψ§ΩŠΩ‘ Ω‡Ψ―ΩŠΩ„ .. ΨΉΨ¨Ψ―Ψ§Ω„Ψ§Ω„Ω‡ .. Ψ§ΩˆΩ„ Ψ±ΩˆΨ§ΩŠΩ‡ Ω„ΩŠ Ψ§ΨͺΩ…Ω†Ω‰ ΨͺΨΉΨ¬Ψ¨ΩƒΩ… 🀍 Ψ§Ω„ΩƒΨ§ΨͺΨ¨Ω‡ : Ψ§Ω„Ω‡Ψ―ΩŠΩ„ ✍🏻
14.5K 391 3
Ω…Ψ―ΩŠΩ†Ω‡ Ω…Ψ¨Ψ§Ψ­ ΩΩŠΩ‡Ψ§ ΩƒΩ„ شي بالاآافه Ψ₯Ω„Ω‰ Ψ§Ω„Ω…Ψ΄ΩŠ في Ψ§Ω„Ψ΄Ψ§Ψ±ΨΉ ΨΉΨ±Ψ§Ω‡ او Ψ­ΨͺΩ‰ Ψ§Ω„Ω†ΩŠΩƒ في Ψ²Ω‚Ψ§Ω‚ Ψ§Ω„Ψ΄ΩˆΨ§Ψ±ΨΉ و Ψ£Ω…Ψ§Ω… Ψ§Ω„ΨΉΩ„Ω†