#Unicode #
နူးနူးလေးကို သူနဲ့ပြန်ခေါ်ပြီးသိပ်နေတာ တော်တော်ကြာပြီ...အခုရက်ပိုင်း မွေးခါးနီးမို့ သမီးလေးကို သူ့အနားမှာဘဲရှိစေချင်သည်။ဒါကြောင့် ကျောင်းမသွားခိုင်းဘဲနေတာ တစ်ပတ်ကျော်ပြီ..
*~.သား နူးနူးလေးကို ဒီနေ့လည်းကျောင်းမပို့ဘူးလား.~*
မာမီက စာရေးပြီးမေးလာတာကြောင့် သမီးလေးကို ပေါင်ပေါ်တင်ကာထိုင်ခိုင်းလိုက်ပြီး ခေါင်းလုံးလုံးလေးကို မွှေးကြူကာခေါင်းငြိမ့်ပြလိုက်၏။သမီးအနားမှာ မခွဲဘဲနေချင်သေးတယ်လေ..သူ့မွေးရက်ရောက်ဖို့ မလိုတော့ဘူး...ဒါကတစ်နည်းအားဖြင့် သူရဲ့ကလေးလေးကလောကထဲရောက်လာပြီး သူက ကလေးတွေကို ထားခဲ့ပြီ ထွက်သွားရမယ်လို့ဆိုလိုတာလေ...
* တောင်းပန်ပါတယ် သမီးလေး ပါးပါးတို့ မကြာခင်ခွဲရတော့မယ် မဆုံတွေ့နိုင်တဲ့ လမ်းခွဲခြင်းမျိုးနဲ့... *
ရင်ခွင်ထဲက သမီးငယ်ကို တင်းကျပ်စွာဖတ်ထားလိုက်ပြီး သူငိုမိလိုက်သည်။သူဘယ်လောက်ဘဲ နောင်တမရဘူးဆိုဆို သူ့ရဲ့ သွေးသားတွေနဲ့ခွဲရမှာတော့ နာကျင်မိ၏။သူ့ရင်ခွင်ထဲက သမီးလေးက သူ့ကို မျက်ရည်ဝဲနေတဲ့ မျက်လုံးလေးတွေနဲ့မော့ကြည့်လာပြီး သူ့ပါးပြင်က မျက်ရည်တွေကို လက်သေးသေးလေးတွေနဲ့သုတ်ပေးကာမငိုဖို့ခေါင်းခါပြတာကြောင့် လက်သေးသေးလေးကို နှုတ်ခမ်းနဲ့ထိကပ်ပြီးနမ်းရှိုက်ကာ ပိုတိုးလို့ငိုမိသည်။
ချယ်ယောင်းလည်း သူ့ရှေ့မှာ ငိုနေတဲ့ ဂျောင်ဂုလေးကြောင့် ဝမ်းနည်းလာ၏။ဒီကလေး အခုရက်ပိုင်း တမှိုင်မှိုင်နဲ့ တစ်ခါတစ်လေ ငိုနေတတ်သေးသည်။ညိုးငယ်တဲ့မျက်နှာလေးက ဖြူဖျော့လာပြီး ဘေးကမြင်နေရတဲ့သူတို့ပါ ဂျောင်ဂုလေးကိုကြည့်ပြီး ငိုနေတတ်၏။
သမီးကို လွှတ်ထွက်သွားမှာဆိုးလို့ အတင်းဖက်ထားပြီး ငိုနေတဲ့ဂျောင်ဂုကိုကြည့်ပြီး ချယ်ယောင်းမကြည့်ရက်တော့တာကြောင့် အနားကနေ ထွက်လာမိသည်။
" ဟင့်! ဘာလို့လဲ! လောကကြီးက ဘာလို့များ ပျော်နေတဲ့ မိသားစုလေးကို မုန်တိုင်းတွေဝင်ပြီး ပျက်စီးစေတာလဲ..ဟင့်!..အားးး ရင်တွေနာလိုက်တာ..ဟင့်! "
အခန်းထဲဝင်ပြီး အော်ဟစ်ငိုယိုနေတဲ့ ချယ်ယောင်းကြောင့် ထယ်မင်တဲ့ထယ်ယောင်းပါရောက်လာ၏။
" မာ..မာမီ!"
" ချယ်! "
ငိုနေတဲ့ ချယ်ယောင်းရဲ့ရှေ့ နှစ်ယောက်သား ရပ်လိုက်ပြီး ခေါ်လိုက်တော့ မော့ကြည့်လာတဲ့ ချယ်ယောင်း..
" ဘာဖြစ်လို့လဲ ချယ်! "
" ဟင့်! အစ်ကို! ချယ်လေ..ချယ် သနားလွန်းလို့ ဘယ်လိုလုပ်ရမလဲ..ဟင့်..! ဂျောင်ဂုလေးကို သနားလွန်းလို့ ဟင့်! "
ချယ့် စကားကြောင့် ထယ်မင်နဲ့ထယ်ယောင်းဆွံ့အသွား၏။
" ဘာ..ဘာဖြစ်လို့လဲ မာ..မာမီ! "
" ချယ်! "
ပြောလုဆဲဆဲ ချယ့်ရဲ့စကားတွေက အစ်ကိုရဲ့ခေါ်သံအောက်မှာ ပျောက်ဆုံးသွား၏။
" ဘာ..ဘာမှမဟုတ်ပါဘူး သားရယ် မွေးခါနီးဆိုတော့လေ မာမီက စိတ်ပူပြီးငိုမိတာပါ..သား ဂျောင်ဂုလေးဆီသွားမှာမလား သွားလေ..မွေးခါနီးဆိုတော့ ဂရုစိုက်မှပေါ့.."
ငိုချင်နေတဲ့ အသံကို ထိန်းပြီးပြောတော့ သားက သူ့ကို စိုက်ကြည့်နေသည်။
" သားထယ် သွားလေ ..မင်းမာမီကို ဒယ်ဒီ ကြည့်ထားလိုက်မယ် "
ထယ်မင်က ဝင်ပြောမှ အခန်းထဲက ထွက်သွားတဲ့ ထယ်ယောင်း...
" ချယ်...အစ်ကိုတို့ သားကိုပြောလို့မဖြစ်ဘူးလေ သားသာသိရင် ဂျောင်ဂုလေးကို သွားမေးမှာ အဲ့ကျရင် ဂျောင်ဂုလေးက အိမ်ကထွက်သွားမှ မွေးခါနီးကြီး အခက်တွေ့နေပါ့မယ်.."
ထယ်မင်က ပြောတော့ သူ့ရင်ခွင်ထဲဝင်လာတဲ့ ချယ်...
" အစ်..အစ်ကိုရယ်..ချယ်လေ သားကို ရော ဂျောင်ဂုလေးကိုရော သနားတယ်..အခုရက်ပိုင်း ဂျောင်ဂုလေးကိုကြည့်ရတာ တစ်ခုခုလုပ်တော့မဲ့ပုံစံနဲ့ ချယ် ..ဟင့် ..ချယ်သိနေတယ် "
ထယ်မင် ဇနီးသည်ရဲ့ ကိုယ်လုံးလေးကို တင်းနေအောင်ဖတ်လိုက်ပြီး နှစ်သိမ့်လိုက်၏။
" ချယ်ရာ ချယ် အစိုးရိမ်လွန်နေတာပါကွာ..ကလေးမွေးပြီးရင် အားလုံးအဆင်ပြေသွားမှာပါ.."
ထယ်မင်လည်း အပူလုံးကြွနေပေမဲ့ အကောင်းဖက်ကတွေးပြီးပြောလိုက်သည်။ပြဿနာတွေပြီးဆုံးဖို့မျှော်လင့်ရမှာဘဲ...ဘယ်သူ့ကိုမှ ထိခိုက်နာကျင်မှုမရှိစေဘဲပေါ့..
~
~
~
ဒီနေ့ ညဦးပိုင်း နူးနူးလေးကို သိပ်ပြီး သူမအိပ်သေးဘဲ စာထိုင်ရေးနေမိသည်။အိပ်ပျော်နေတဲ့ သမီးလေးကိုကြည့်ကာ နှလုံးသားက နာနာကျင်ကျင်ငိုနေမိ၏။အပြင်ဘက်က ရွာနေတဲ့ မိုးတွေနဲ့အပြိုင်သူ့လည်း ငိုနေမိသည်။
မနက်ကျရင် ကလေးမွေးဖို့ ဆေးရုံတက်ရတော့မှာလေ..ညနေပိုင်းခွဲစိတ်မှာမလို့ သူ့ရဲ့ရှင်သန်ရက်က မနက်ဖြန်တစ်ရက်သာ...
စာအုပ်ထဲမှာ စာရေးပြီးတော့ အံဆွဲထဲထည့်ပြီးသိမ်းလိုက်၏။နာရီကိုကြည့်လိုက်တော့ မနက်တစ်နာရီ...အငြိုးနဲ့ရွာနေတဲ့မိုးတွေကလည်း လုံးဝမဆဲသေး..တစ်ချက်တစ်ချက်လျှပ်စီးတွေဝင့်လာတတ်တာမို့ သူ့ရဲ့မျက်နှာနဲ့ သမီးလေးရဲ့မျက်နှာမှာ အလင်းရောင်တွေလာထင်နေတတ်သည်။
အိပ်နေတဲ့ သမီးလေးကို ရင်ခွင်ထဲထည့်ပြီး သူငိုမိ၏။
* ဒီတစ်ရက်လေးပါဘဲ သမီးရယ်..ဒီတစ်ရက်လေးဘဲ သမီးအနားမှာ ပါးပါးရှိနေမှာ..ပါးပါးမရှိတော့ရင် သမီးလေးက ကောင်းကောင်းမွန်မွန် နေရမယ်နော် မွေးလာမဲ့ ကလေးလေးကိုလည်း ဂရုစိုက်ပေးရမယ်..ပြီးတော့ ပျော်ရွှင်ပြီးကျန်းမာတဲ့ ကလေးလေးအနေနဲ့ကြီးပြင်းလာရမယ်နော်*
* တောင်းပန်ပါတယ် သမီးရယ် သမီးရဲ့ အရွယ်ရောက်တဲ့အချိန်ထိ ပါးပါးအတူနေမပေးနိုင်လို့..ဒါပေမဲ့ ပါးပါးက သမီးကို အရမ်းချစ်တယ်နော် ပါးပါးသမီးလေး..*
သမီးရဲ့ နဖူးနုနုလေးကို နမ်းရှိုက်လိုက်ပြီး ပင့်သက်ရှိုက်လိုက်မိသည်။
* သမီးရယ် ပါးပါးမျက်တောင်မခတ်ချင်ဘူး ..သမီးရဲ့ ပုံရိပ်လေးပျောက်သွားမှာဆိုးလို့ .. ပါးပါးလေ အစက ဒီနေ့ရောက်ရင် အလွယ်တကူခွဲနိုင်မယ်လို့ထင်ပေမဲ့ အခုတော့ ကမ္ဘာပျက်သလို ခံစားရတယ်...ဟင့်!..ပါးပါး သမီးကို မခွဲနိူင်မှန်းသိလာရတယ်.. ပါးပါးကို မမေ့လိုက်ပါနဲ့နော် သမီး..ပါးပါးရဲ့အသည်းလေး..*
* သမီးသိလား သမီးမွေးတုန်းကလေ ပါးပါးအရမ်းပျော်ခဲ့တာ ချစ်စရာကောင်းလွန်းလို့လက်ထဲက မချချင်လောက်အောင် ဖြစ်ခဲ့တာ..ပါးပါးသမီးလေးကလေ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ လျှောက်ကြည့်နေတာ ပါးပါးဆို အရမ်းအသည်းယားခဲ့တာ...ငိုလည်းမငိုဘူး..ပါးပါးရဲ့ နို့ကိုလေ နှုတ်ခမ်းပိစိလေးနဲ့တပြွတ်စ်ပြွတ်စ်စို့နေတာ..လက်သေးလေးတတွေကို ကားယားကားယားနဲ့ လေထဲမှာဝှေ့ရမ်းပြီးဆော့နေတာလေ..အရမ်းချစ်ဖို့ကောင်းတာဘဲ ..အနှီးထုပ်လေးနဲ့ သမီးလေးက အခုတော့ ပါးပါးရှေ့မှာ သုံးနှစ်အရွယ် ကလေးလေးဖြစ်နေပြီနော်..*
အချိန်ကုန်တာ မြန်လိုက်တာ သမီးရယ် ..ရှေ့လျှောက် သမီးရဲ့ ကြီးပြင်းမှုမှာ ပါးပါးမပါနိုင်တော့ဘူး.. ပါးပါးသမီးလေးက လိမ်လိမ်မာမာနေနော်...
သမီးငယ်ရဲ့ နဖူးပြင်ကိုငုံးနမ်းလိုက်ကာ ခေါင်းလေးကို အသာလေးပွတ်သပ်ပေးလိုက်သည်။တစ်ညလုံး သမီးကို ရင်ခွင်ထဲထည့်ပြီး မအိပ်စက်ဘဲကြည့်နေမိ၏။သူ့သမီးငယ်ရဲ့ ရုပ်အသွင်ကို တဝကြီးကြည့်ချင်မိသည်။နောက်ဆို အခွင့်ရေး မရှိတော့ဘူးလေ...နောင်ဘဝဆိုတာရှိခဲ့ရင် ဒီလိုအဖြစ်မျိုးတွေနဲ့မကြုံပါရစေနဲ့လို့ ဆုတောင်းမိ၏။
~
~
~
*~.ကိုကို ဆေးရုံသွားရအောင်လေ.~*
အရုပ်လေးတွေနဲ့ ဧည့်ခန်းထဲမှာဆော့နေတဲ့ သမီးကို ငေးကြည့်နေတဲ့ ကိုကို့ရဲ့ ပခုံးလေးကို ထိကာ စာအုပ်ပြလိုက်တော့ ခေါင်းငြိမ့်ပြပြီး ဖြေးဖြေးလေးထနေတာကြောင့် ထယ်ယောင်း လက်မောင်းလေးကနေ အသာကိုင်ကာထူပေးလိုက်၏။အခုနောက်ပိုင်း ကိုကိုက သူ့ကို အရင်ကလောက် ပစ်ပစ်ခါခါမဟုတ်တော့ဘဲ သူတွဲပေးတာကိုလက်ခံသလို သူစကားပြောရင်လည်း တုံ့ပြန်လာတတ်သည်။မျက်နှာလေးညှိုးနေသည်ကလွှဲလို့ပေါ့...
အခုလည်း မတ်တပ်ရပ်ကြီးနဲ့ နူးနူးလေးကို ငွေ့ရည်ဖွဲ့နေတဲ့ အကြည့်တွေနဲ့ကြည့်နေသည်။ကိုကို့ရဲ့ မျက်ဝန်းတွေမှာ မျက်ရည်တွေခိုတွဲနေတာသူမြင်ရ၏။ဘာကြောင့်မှန်းမသိပေမဲ့ သမီးလေးကို အနားကနေ တော်ရုံမခွာဘဲ ရှိနေတန်သလို သမီးကိုလည်း မျက်စိအောက်က အပျောက်မခံပေ...
ဒီနေ့ ကိုကိုခွဲမွေးရမဲ့ ရက်မို့ အားလုံးဆေးရုံသွားဖို့ပြင်ဆင်ပြီးကြပြီ ..သူတို့ရင်သွေးလေး လူ့လောကထဲရောက်လာမဲ့နေ့မို့ပျော်ရွှင်ရမဲ့အစား ထယ်ယောင်းစိတ်တွေလေးနေမိသည်။တစ်ခုခုကို အကြီးအကျယ်ဆုံးရှုံးရတော့မဲ့ခံစားချက်ကြီးနဲ့ တစ်စို့စို့ကြီးဖြစ်နေ၏။ကိုကို့ရဲ့ ဖြူဖျော့ဖျော့ ပုံသဏ္ဍာန်လေးကိုမြင်တိုင်း ရင်ထဲမှာ အောင့်သက်သက်နဲ့ နာကျင်မိသည်။
" သမီးလေးကို မောင်တို့နဲ့ အတူခေါ်လာမှာ ကိုကို.."
ထယ်ယောင်းက ကိုကို့နဲ့အကြည့်ချင်းဆုံပြီး ပြောလိုက်တော့ မျက်ရည်တွေဝဲခိုနေတဲ့ မျက်တောင်ထူထူကော့ကော့ကြီးတွေကို နှစ်ချက်ဆင့်ခတ်လိုက်ပြီး မျက်ရည်တွေသိမ်းလိုက်တာတွေ့လိုက်ရသည်။
ထို့နောက်မှာတော့ ဒယ်ဒီက သမီးကိုချီပြီး အရင်ကားထဲဝင်ထိုင်သဖြင့် ထယ်ယောင်းက ကိုကို့ကိုတွဲကာ ကားထဲဝင်လိုက်၏။ကားထဲသူတို့ရောက်တာနဲ့ ဒရိုင်ဘာကြီးက ဖြေးဖြေးချင်းမောင်းထွက်သွားသည်။အပြင်ဘပ်က ရာသီဥတုက မှိုင်းအုံ့နေတာကြောင့် ဒီနေ့ မိုးရွာမှာကျိန်းသေး၏။မှိုင်းအုံ့အုံ့ရာသီဥတုနဲ့အတူ ကားထဲက လေထုကလည်း ဆိတ်ငြိမ်ကာ လွှမ်းဆွေးဆွေး အငွေ့သက်တွေခြံရံနေတညကြောင့် အားလုံးတိတ်ဆိတ်နေကြသည်။
ဂျောင်ဂု ကားရှေ့ခန်းက ဒယ်ဒီ့ပေါ်မှာထိုင်နေတဲ့ သမီးကိုကြည့်ပြီး ပြုံးလိုက်မိသည်။
* ပါးပါးနဲ့ ထပ်မတွေ့ရတော့ရင် သမီးမငိုရဘူးနော်..*
ထယ်ယောင်း ဖြစ်နိုင်ရင် ဒီနေ့ကိုကို့ကို ဆေးရုံ မသွားစေချင်ပေ..ခံစားချက်ကြီးကမကောင်းတာကြောင့် လူကငိုချင်နေသလိုလိုပင် သူ့ဘေးက ကိုကို့ကိုကြည့်တော့လည်း နွမ်းနေတဲ့ပန်းပွင့်လေး မကြာခင်ကြွေတော့မည့်ပုံ...ဒါပေမဲ့ လှရက်တုန်းပင်...သူဒီလူသားကို လက်မလွှတ်ရလောက်ပါဘူး...ဒီနေ့ပြီးရင် အဆင်ပြေသွားမှာပါ..
~
~
~
ဆေးရုံရောက်တော့ ကိုကိုဆေးရုံတက်ဖို့အခန်းပြင်ဆင်ပြီးတာကြောင့်တစ်ခါတည်း တန်းပြီးသွားလိုက်သည်။ခွဲစိတ်ချိန်က ညနေသုံးနာရီဖြစ်တာကြောင့် ရောက်ရောက်ချင်း ကျန်းမာရေးအခြေနေတစ်ချက်စစ်ကာ လိုအပ်တဲ့ဆေးတွေသွင်းထားရ၏။ဒယ်ဒီနဲ့ မာမီက ဆရာဝန်တွေနဲ့ စကားပြောနေပြီး သမီးလေးက ကိုကို့ဘေးမှာ ငြိမ်ငြိမ်လေးထိုင်ကာ ကိုကို့ကို မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ကြည့်နေသည်။ထယ်ယောင်းကတော့ ခပ်ဝေးဝေးမှာဘဲ ကိုကိုအခြေနေကိုကြည့်ကာလိုအပ်တာတွေလုပ်ပေးနေလိုက်၏။
အားဆေးသွင်းထားရတဲ့လက်ကို ခပ်ဖွဖွလေးကိုင်လာတဲ့ သမီး...ဂျောင်ဂု ဆေးအပ်မရှိတဲ့နောက်လက်တစ်ဖက်နဲ့သမီးရဲ့ ပါးပြင်လေးကို အုပ်မိုးကိုင်ကာ ပြုံးပြလိုက်၏။သမီးကတော့ သူပြုံးလို့ နှုတ်ခမ်းလေးတွေကော့တက်ပြီး ယုန်သွားလေးတွေပေါ်အောင် ပြန်ပြုံးပြလာသည်။သမီးနဲ့ သူဆို ယောကျာ်းလေးနဲ့ မိန်းကလေးဆိုတဲ့ အရာသာ ကွာတာ မျက်နှာကအစ အသားရည်အဆုံး ချွတ်စွပ်ပင်...
* ငါမရှိလည်း ငါနဲ့တူတဲ့သမီးလေးရှိနေတော့ မင်းဖြေသာမှာပါ မောင်..*
သမီးရှိနေတာမို့ ဝဲတက်လာတဲ့မျက်ရည်တွေကို အမြန်ပြန်သိမ်းလိုက်ရသည်။သူ့ရဲ့မျက်ရည်တွေကို သမီးကို မမြင်စေချင်ဘူး..နောက်ဆုံးအချိန်ထိ သမီးကို သူ့ရဲ့အပြုံးတွေကိုသာမြင်စေချင်တာ...
ကိုကို့ကို သမီးလေးက အဖော်ပြုပေးနေတာကြောင့် ထယ်ယောင်း ကိုကို့အတွက် ရေနွေးနွေးလေး ကျန်ခဲ့တာသတိရတာကြောင့် ဆေးရုံကန်တင်းမှာဝယ်ဖို့ထွက်လာလိုက်သည်။
ဆေးရုံကန်တင်းမရောက်ခင် ဒယ်ဒီ နဲ့ မာမီတို့ ဆရာဝန်နှစ်ယောက်နဲ့ စကားပြောနေတာတွေ့တာကြောင့် ခြေလှမ်းတွေက ဆေးရုံကန်တင်းမဟုတ်ဘဲ ဒယ်ဒီ့တို့ဆီလှမ်းလိုက်၏။
" ဒေါက်တာ...ဂျောင်ဂုလေး အခြေနေကောင်းတယ်မလား...မွေးဖွားရာမှာ အခက်ခဲမရှိနိုင်ဘူးမလားး "
ချယ်ယောင်းက မျှော်လင့်ချက် အပြည့်ပါတဲ့မျက်ဝန်းတွေနဲ့မေးလာတာကြောင့် ဆရာဝန်နှစ်ယောက် သက်ပြင်းချလိုက်သည် ။လူနာက သူ့အခြေနေကို မိသားစုတွေကို ပေးမသိဖို့ပြောထားတယ်မလား...ဒါပေမဲ့ အခုသိလည်း သူတို့လူနာကို ဂရုစိုက်ဖို့ နာရီပိုင်းလောက် အခွင့်ရေး ရမှာပါ... လောကကြီးက မထွက်ခွာခင် သူတို့လူနာကို မိသားစုရဲ့ နွေးထွေးတဲ့အငွေ့သက်ရစေချင်၏။
" ဟူး...ဆရာက ဘယ်လို ဆုံးဖြတ်ထားလဲ မသိပေမဲ့ ကျွန်တော်ကတော့ အမှန်တိုင်းပြောပြချင်တယ်.."
သားဖွားဒေါက်တာက နောက်ဒေါက်တာတစ်ယောက်ကို ပြောလိုက်တာကြောင့် ထယ်ယောင်းရဲ့ခြေလှမ်းတွေရပ်ကာ ထောင့်ချိုးနဲ့ကွယ်ကာ ပြန်ပုန်းပြီးနားထောင်နေလိုက်သည်။
" ကျွန်တော် သဘောတူတယ် နောက်ဆုံးအချိန်လေးမှာ စိတ်ချမ်းသာစေချင်တယ်..သူက ဘယ်သူ့ကိုမှ အသိမပေးဘဲထွက်ခွာချင်တာလေ..အဲ့လိုထွက်ခွာတာက အနာကျင်ရဆုံးဘဲ.."
ဒေါက်တာနှစ်ယောက်ရဲ့စကားကြောင့် ထယ်ယောင်း၊ချယ်ယောင်းနဲ့ထယ်မင်တို့ နားမလည်ကြပေ
" ဒေါက်တာတို့ ဘာတွေပြောနေတာလဲဟင်.."
ချယ်ယောင်းက မေးလိုက်တော့ သူတို့ရဲ့မျက်နှာကို ကြည့်လာတဲ့ ဆရာဝန်နှစ်ယောက်..
" ဒီက အစ်မတို့ကို ကျွန်တော်တို့ပြောဖူးပါတယ် ဂျောင်ဂုက နှလုံးရောဂါကြောင့် ကိုယ်ဝန်ဆောင်ရင် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့လေ.."
သားဖွားဆရာက ပြောတော့ ချယ်တို့ငြိမ်ပြီးနားထောင်ကာ ခေါင်းငြိမ့်လိုက်၏။ထောင့်အကွယ်ကထယ်ယောင်းကတော့ ကြားလိုက်ရတဲ့စကားကြောင့် ဒူးတွေခွေလုမတက်ဖြစ်လာသည်။
* ကို..ကိုကို့မှာ နှလုံးရောဂါရှိနေတာလား!..*
မယုံကြည်နိုင်ခြင်းတွေနဲ့ ထယ်ယောင်းတုန်လှူပ်မိသည်။
" အခု သူ့နှလုံးက ပျက်စီးနေပြီ..ကလေးမွေးရင် သူ့အသက်ဒါမှမဟုတ် ရင်သွေးအသက်ဆုံးရှုံးရမှာ...ဒါကြောင့် ကျွန်တော်တို့ လူနာ့ရဲ့ဆန္ဒကိုမေးတော့ သူက ကလေးကို ကယ်ပေးဖို့ရွေးချယ်လိုက်တယ်...ဒါကြောင့်..ဒီနေ့ က သူ့ရဲ့နောက်ဆုံးနေဖြစ်နိုင်တယ်..အဲ့ဒါကြောင့် သူစိတ်ချမ်းသာအောင်ထားပေးပါ..ပြီးတော့ သူက ဒီကိစ္စတွေကို ခင်ဗျားတို့ကို မသိစေချင်တာကြောင့်..မသိချသ်ယောင်ဆောင်ပြီး သူစိတ်ချမ်းသာအောင်လုပ်ပေးလိုက်ပါ..ဒါက ကျွန်တေယ်တို့ဘက်က ပြောပြပေးနိုင်တာအကုန်ဘဲ.."
ပြောပြီးတာနဲ့ ဒေါက်တာနှစ်ယောက်က ထွက်ခွာသွားပြီး သူတို့ကနေရာမှာ ကျောက်ရုပ်တွေလိုကျန်ခဲ့၏။
" အစ်..အစ်ကို! ချယ်..ချယ်ကြားခဲ့တာတွေက အမှန်မဟုတ်ဘူးမလား..ချယ့်နားမကောင်းတော့ဘူးထင်တယ် အစ်ကို..ပြောပါအုံး..ခုနက ဒေါက်တာတွေ ဘာမှမပြောသွားဖူးမလား..အစ်ကို..! အစ်ကိုလို့..ဟင့်!.."
ချယ်ယောင်းက ထယ်မင်ရဲ့ လက်မောင်းကို ဆွဲလှုပ်ကာ ငိုပြီးမေူနေသလို ထယ်မင်ကလည်း ရှေ့ကိုကြည့်ကာ တွေတွေကြီးမျက်ရည်ကျနေသည်။
" အစ်ကိုလို့..ဟင့်! ချယ်..ချယ်တို့..သားလေးကို ဘယ်လိုပြောကြမလဲ..သား သာဒီအကြောင်းသိရင် သေမတတ်ခံစားရမှာ..အစ်ကိုရဲ့..ဟင့်! ဘာလို့..ဂျောင်ဂုလေးမှ ဒီလိုဖြစ်ရတာလဲ..ဟင့်! ဘာလို့ အိုမင်းနေတဲ့ချယ်တို့ကိုမှ သေခွင့်မပေးဘဲ ဂျောင်ဂုလေးမှလည်း!... ဟင့်! ဂျောင်ဂုလေးအစား ချယ်သာသေပေးလိုက်ချင်တယ် အစ်ကိုရယ်..."
ကင်မ်မောင်နှံနှစ်ယောက်လုံး ငိုနေသလို..ထောင်အကွယ်က ထယ်ယောင်းမှာလည်း ကြမ်းပြင်ပေါ်ဒူးထောက်ပြီး လဲကျသွား၏။
* ဒီ..ဒီနေ့က ကို .ကိုကို့ရဲ့ နောက်ဆုံးနေ့...ဟင့်အင်! မဟုတ်ဘူး...ကိုကိုက မောင့်ကို ခွဲသွားလို့မရဘူး..မောင်က ကိုကို့ကို အရမ်းချစ်တာ..ထွက်သွားခွင့်မပေးဘူး..ဟုတ်တယ်...မောင်ထွက်သွားခွင့်မပေးဘူး..မောင်က အတ္တကြီးတယ် ကိုကို..ကိုကိုလုံးဝ မောင့်အနားကနေထွက်သွားခွင့်မရှိဘူး..*
ထယ်ယောင်း တုန်ယင်နေတဲ့ခြေထောက်တွေကို အားပြုပြီးရပ်ကာ စိတ်ထဲကနေ အားတင်းပြီး မတ်တပ်ရပ်လိုက်သည်။သူတစ်ခုခုတော့လုပ်မှရမည်။သူ့အတွက် ကိုကိုကအရေးကြီးဆုံးဘဲ ကိုကို့ရဲ့အချစ်တွေပြန်မရနိုင်ရင်တောင် ကိုကို့ကိုတော့အဝေးကို ထွက်သွားခွင့်မပေးဘူး..
~
~
~
အခန်းထဲရောက်တော့ ကိုကိုကအိပ်ပျော်နေပြီး သမီးလေးကလည်း ကိုကို့ဘေးမှာ ဝင်ပြီးအိပ်ပျော်နေသည်။ကိုကို့ရဲ့ နဖူးလေးကို ငုံနမ်းပြီး ထယ်ယောင်း ကိုကို့ရဲ့မျက်နှာလေးကို စိုက်ကြည့်လိုက်၏။
* ဒါကြောင့်လားကိုကို..ဒါ့ကြောင့်..မောင့်ကို အသိမပေးတာလား..ဒါ့ကြောင့် ကိုကို့ရဲ့အပြုမှုတွေက ထူးဆန်းနေတာလား..ဒီရောဂါကြောင့် ကိုကို့ရဲ့ ခန္ဓာကိုယ်လေးက ပိန်ကျသွားတာလား..ဟမ်!...ကိုကို...ကိုကိုအရမ်းရက်စက်တယ်သိလား..မောင့်ကို အဲ့လောက်တောင်မုန်းနေတာလား..ကိုကို့က အရာအားလုံးကိုထားပြီး ထွက်သွားချင်လောက်အောင် မောင့်ကို မုန်းနေတာလား..! *
* ကိုကိုရာ...မောင့်ကိုလေ..တခြားအပြစ်ပေးလို့ရတယ် ဒါပေမဲ့ အဲ့လိုကြီးမောင့်ကို ထားခဲ့လို့မရဘူး...မောင့်အမှားတွေကို သိပေမဲ့ ကိုကို့ကိုချစ်လွန်းလို့ဖြစ်သွားတာပါ..မောင့်ရင်သွေးတွေကို ချစ်လွန်းလို့လုပ်မိတာပါ..ကိုကိုကို မောင့်အနားကထွက်ခွာစေဖို့မရည်ရွယ်ပါဘူး..မောင်တောင်းပန်ပါတယ်..*
ထယ်ယောင်း အံကိုကြိတ်ကာ အေးအေးချမ်းချမ်းအိပ်ပျော်သူရဲ့မျက်နှာလေးကိုကြည့်ပြီး ကိုနေမိသည်။ပြဿနာတွေကို သူသာမလုပ်ခဲ့ရင် သူ့မိသားစုလေး အခုချိန်မှာပျော်ရွှင်နေမှာ...
* မောင်ကြောင့် ကိုကို နှလုံးရောဂါဖြစ်ရတာ မောင်က မကောင်းတဲ့အကောင်ဘဲ..မောင်ကလေ ကိုကို့ကို အရမ်းချစ်တယ် ဂရုစိုက်ပါ့မယ်ပြောပြီး မောင်ကိုယ်တိုင်က ကိုကို့ကို နာကျင်စေခဲ့တာ..ကိုကိုရယ် .မောင်က သေသင့်တဲ့ကောင်ပါ..*
* အခုနေ မောင် တစ်ခုခုလုပ်လိုက်မယ်ဆိုရင် ကိုကို စိတ်မဆိုးနဲ့နော်..မောင်က ကိုကို့ကိုချစ်လို့ ကိုကို့ကိုအဆုံးရှုံးမခံနိုင်လို့လုပ်မှာ..*
လက်ဖဝါးလေးကို ဖွဖွလေးနမ်းလိုက်ပြီး အခန်းထဲက ထွက်သွားတဲ့ထယ်ယောင်း...သူသာနောက်ကိုလှည့်ကြည့်ဖြစ်ရင် မျက်လုံးထောင့်ကနေ မျက်ရည်တွေစီးကျနေတဲ့ ဂျောင်ဂုကိုတွေ့မှာအမှန်...
~
~
~
နောက်ထပ်နှစ်ပိုင်းဆို ပြီးပြီး သဲလည်းရေးရင်းရေးရင် တစ်ပိုင်းကို စာလုံးရေ သုံးထောင့်နှစ်ရာကျော်မို့ဖြတ်ရင်း ဖြတ်ရင်း နှစ်ပိုင်းဖြစ်သွားတာ Final -2လေးက စာလုံးရေ လေးထောင့် နှစ်ရာကျော်ရှိပါတယ် တစ်ခါတည်း အပ်ပေးချင်တာမို့ မနက်တည်းက type နေတာ အခုထိမပြီးသေးဘူး လက်ဆစ်တွေလည်းညောင်းလာပြီ ခဏနေရင် ထက်အပ်ပေးမယ်နော် ❤️❤️❤️
Thanks for votes, feedback and comment.
I Love my readers forever ❤️
I PURPLE YOUR 💜
______________________________________
#Zawgyi #
ႏူးႏူးေလးကို သူနဲ႕ျပန္ေခၚၿပီးသိပ္ေနတာ ေတာ္ေတာ္ၾကာၿပီ...အခုရက္ပိုင္း ေမြးခါးနီးမို႔ သမီးေလးကို သူ႕အနားမွာဘဲရွိေစခ်င္သည္။ဒါေၾကာင့္ ေက်ာင္းမသြားခိုင္းဘဲေနတာ တစ္ပတ္ေက်ာ္ၿပီ..
*~.သား ႏူးႏူးေလးကို ဒီေန႕လည္းေက်ာင္းမပို႔ဘူးလား.~*
မာမီက စာေရးၿပီးေမးလာတာေၾကာင့္ သမီးေလးကို ေပါင္ေပၚတင္ကာထိုင္ခိုင္းလိုက္ၿပီး ေခါင္းလုံးလုံးေလးကို ေမႊးၾကဴကာေခါင္းၿငိမ့္ျပလိုက္၏။သမီးအနားမွာ မခြဲဘဲေနခ်င္ေသးတယ္ေလ..သူ႕ေမြးရက္ေရာက္ဖို႔ မလိုေတာ့ဘူး...ဒါကတစ္နည္းအားျဖင့္ သူရဲ႕ကေလးေလးကေလာကထဲေရာက္လာၿပီး သူက ကေလးေတြကို ထားခဲ့ၿပီ ထြက္သြားရမယ္လို႔ဆိုလိုတာေလ...
* ေတာင္းပန္ပါတယ္ သမီးေလး ပါးပါးတို႔ မၾကာခင္ခြဲရေတာ့မယ္ မဆုံေတြ႕နိုင္တဲ့ လမ္းခြဲျခင္းမ်ိဳးနဲ႕... *
ရင္ခြင္ထဲက သမီးငယ္ကို တင္းက်ပ္စြာဖတ္ထားလိုက္ၿပီး သူငိုမိလိုက္သည္။သူဘယ္ေလာက္ဘဲ ေနာင္တမရဘူးဆိုဆို သူ႕ရဲ႕ ေသြးသားေတြနဲ႕ခြဲရမွာေတာ့ နာက်င္မိ၏။သူ႕ရင္ခြင္ထဲက သမီးေလးက သူ႕ကို မ်က္ရည္ဝဲေနတဲ့ မ်က္လုံးေလးေတြနဲ႕ေမာ့ၾကည့္လာၿပီး သူ႕ပါးျပင္က မ်က္ရည္ေတြကို လက္ေသးေသးေလးေတြနဲ႕သုတ္ေပးကာမငိုဖို႔ေခါင္းခါျပတာေၾကာင့္ လက္ေသးေသးေလးကို ႏႈတ္ခမ္းနဲ႕ထိကပ္ၿပီးနမ္းရွိုက္ကာ ပိုတိုးလို႔ငိုမိသည္။
ခ်ယ္ေယာင္းလည္း သူ႕ေရွ႕မွာ ငိုေနတဲ့ ေဂ်ာင္ဂုေလးေၾကာင့္ ဝမ္းနည္းလာ၏။ဒီကေလး အခုရက္ပိုင္း တမွိုင္မွိုင္နဲ႕ တစ္ခါတစ္ေလ ငိုေနတတ္ေသးသည္။ညိုးငယ္တဲ့မ်က္ႏွာေလးက ျဖဴေဖ်ာ့လာၿပီး ေဘးကျမင္ေနရတဲ့သူတို႔ပါ ေဂ်ာင္ဂုေလးကိုၾကည့္ၿပီး ငိုေနတတ္၏။
သမီးကို လႊတ္ထြက္သြားမွာဆိုးလို႔ အတင္းဖက္ထားၿပီး ငိုေနတဲ့ေဂ်ာင္ဂုကိုၾကည့္ၿပီး ခ်ယ္ေယာင္းမၾကည့္ရက္ေတာ့တာေၾကာင့္ အနားကေန ထြက္လာမိသည္။
" ဟင့္! ဘာလို႔လဲ! ေလာကႀကီးက ဘာလို႔မ်ား ေပ်ာ္ေနတဲ့ မိသားစုေလးကို မုန္တိုင္းေတြဝင္ၿပီး ပ်က္စီးေစတာလဲ..ဟင့္!..အားးး ရင္ေတြနာလိုက္တာ..ဟင့္! "
အခန္းထဲဝင္ၿပီး ေအာ္ဟစ္ငိုယိုေနတဲ့ ခ်ယ္ေယာင္းေၾကာင့္ ထယ္မင္တဲ့ထယ္ေယာင္းပါေရာက္လာ၏။
" မာ..မာမီ!"
" ခ်ယ္! "
ငိုေနတဲ့ ခ်ယ္ေယာင္းရဲ႕ေရွ႕ ႏွစ္ေယာက္သား ရပ္လိုက္ၿပီး ေခၚလိုက္ေတာ့ ေမာ့ၾကည့္လာတဲ့ ခ်ယ္ေယာင္း..
" ဘာျဖစ္လို႔လဲ ခ်ယ္! "
" ဟင့္! အစ္ကို! ခ်ယ္ေလ..ခ်ယ္ သနားလြန္းလို႔ ဘယ္လိုလုပ္ရမလဲ..ဟင့္..! ေဂ်ာင္ဂုေလးကို သနားလြန္းလို႔ ဟင့္! "
ခ်ယ့္ စကားေၾကာင့္ ထယ္မင္နဲ႕ထယ္ေယာင္းဆြံ႕အသြား၏။
" ဘာ..ဘာျဖစ္လို႔လဲ မာ..မာမီ! "
" ခ်ယ္! "
ေျပာလုဆဲဆဲ ခ်ယ့္ရဲ႕စကားေတြက အစ္ကိုရဲ႕ေခၚသံေအာက္မွာ ေပ်ာက္ဆုံးသြား၏။
" ဘာ..ဘာမွမဟုတ္ပါဘူး သားရယ္ ေမြးခါနီးဆိုေတာ့ေလ မာမီက စိတ္ပူၿပီးငိုမိတာပါ..သား ေဂ်ာင္ဂုေလးဆီသြားမွာမလား သြားေလ..ေမြးခါနီးဆိုေတာ့ ဂ႐ုစိုက္မွေပါ့.."
ငိုခ်င္ေနတဲ့ အသံကို ထိန္းၿပီးေျပာေတာ့ သားက သူ႕ကို စိုက္ၾကည့္ေနသည္။
" သားထယ္ သြားေလ ..မင္းမာမီကို ဒယ္ဒီ ၾကည့္ထားလိုက္မယ္ "
ထယ္မင္က ဝင္ေျပာမွ အခန္းထဲက ထြက္သြားတဲ့ ထယ္ေယာင္း...
" ခ်ယ္...အစ္ကိုတို႔ သားကိုေျပာလို႔မျဖစ္ဘူးေလ သားသာသိရင္ ေဂ်ာင္ဂုေလးကို သြားေမးမွာ အဲ့က်ရင္ ေဂ်ာင္ဂုေလးက အိမ္ကထြက္သြားမွ ေမြးခါနီးႀကီး အခက္ေတြ႕ေနပါ့မယ္.."
ထယ္မင္က ေျပာေတာ့ သူ႕ရင္ခြင္ထဲဝင္လာတဲ့ ခ်ယ္...
" အစ္..အစ္ကိုရယ္..ခ်ယ္ေလ သားကို ေရာ ေဂ်ာင္ဂုေလးကိုေရာ သနားတယ္..အခုရက္ပိုင္း ေဂ်ာင္ဂုေလးကိုၾကည့္ရတာ တစ္ခုခုလုပ္ေတာ့မဲ့ပုံစံနဲ႕ ခ်ယ္ ..ဟင့္ ..ခ်ယ္သိေနတယ္ "
ထယ္မင္ ဇနီးသည္ရဲ႕ ကိုယ္လုံးေလးကို တင္းေနေအာင္ဖတ္လိုက္ၿပီး ႏွစ္သိမ့္လိုက္၏။
" ခ်ယ္ရာ ခ်ယ္ အစိုးရိမ္လြန္ေနတာပါကြာ..ကေလးေမြးၿပီးရင္ အားလုံးအဆင္ေျပသြားမွာပါ.."
ထယ္မင္လည္း အပူလုံးႂကြေနေပမဲ့ အေကာင္းဖက္ကေတြးၿပီးေျပာလိုက္သည္။ျပႆနာေတြၿပီးဆုံးဖို႔ေမွ်ာ္လင့္ရမွာဘဲ...ဘယ္သူ႕ကိုမွ ထိခိုက္နာက်င္မႈမရွိေစဘဲေပါ့..
~
~
~
ဒီေန႕ ညဦးပိုင္း ႏူးႏူးေလးကို သိပ္ၿပီး သူမအိပ္ေသးဘဲ စာထိုင္ေရးေနမိသည္။အိပ္ေပ်ာ္ေနတဲ့ သမီးေလးကိုၾကည့္ကာ ႏွလုံးသားက နာနာက်င္က်င္ငိုေနမိ၏။အျပင္ဘက္က ႐ြာေနတဲ့ မိုးေတြနဲ႕အၿပိဳင္သူ႕လည္း ငိုေနမိသည္။
မနက္က်ရင္ ကေလးေမြးဖို႔ ေဆး႐ုံတက္ရေတာ့မွာေလ..ညေနပိုင္းခြဲစိတ္မွာမလို႔ သူ႕ရဲ႕ရွင္သန္ရက္က မနက္ျဖန္တစ္ရက္သာ...
စာအုပ္ထဲမွာ စာေရးၿပီးေတာ့ အံဆြဲထဲထည့္ၿပီးသိမ္းလိုက္၏။နာရီကိုၾကည့္လိုက္ေတာ့ မနက္တစ္နာရီ...အၿငိဳးနဲ႕႐ြာေနတဲ့မိုးေတြကလည္း လုံးဝမဆဲေသး..တစ္ခ်က္တစ္ခ်က္လွ်ပ္စီးေတြဝင့္လာတတ္တာမို႔ သူ႕ရဲ႕မ်က္ႏွာနဲ႕ သမီးေလးရဲ႕မ်က္ႏွာမွာ အလင္းေရာင္ေတြလာထင္ေနတတ္သည္။
အိပ္ေနတဲ့ သမီးေလးကို ရင္ခြင္ထဲထည့္ၿပီး သူငိုမိ၏။
* ဒီတစ္ရက္ေလးပါဘဲ သမီးရယ္..ဒီတစ္ရက္ေလးဘဲ သမီးအနားမွာ ပါးပါးရွိေနမွာ..ပါးပါးမရွိေတာ့ရင္ သမီးေလးက ေကာင္းေကာင္းမြန္မြန္ ေနရမယ္ေနာ္ ေမြးလာမဲ့ ကေလးေလးကိုလည္း ဂ႐ုစိုက္ေပးရမယ္..ၿပီးေတာ့ ေပ်ာ္႐ႊင္ၿပီးက်န္းမာတဲ့ ကေလးေလးအေနနဲ႕ႀကီးျပင္းလာရမယ္ေနာ္*
* ေတာင္းပန္ပါတယ္ သမီးရယ္ သမီးရဲ႕ အ႐ြယ္ေရာက္တဲ့အခ်ိန္ထိ ပါးပါးအတူေနမေပးနိုင္လို႔..ဒါေပမဲ့ ပါးပါးက သမီးကို အရမ္းခ်စ္တယ္ေနာ္ ပါးပါးသမီးေလး..*
သမီးရဲ႕ နဖူးႏုႏုေလးကို နမ္းရွိုက္လိုက္ၿပီး ပင့္သက္ရွိုက္လိုက္မိသည္။
* သမီးရယ္ ပါးပါးမ်က္ေတာင္မခတ္ခ်င္ဘူး ..သမီးရဲ႕ ပုံရိပ္ေလးေပ်ာက္သြားမွာဆိုးလို႔ .. ပါးပါးေလ အစက ဒီေန႕ေရာက္ရင္ အလြယ္တကူခြဲနိုင္မယ္လို႔ထင္ေပမဲ့ အခုေတာ့ ကမၻာပ်က္သလို ခံစားရတယ္...ဟင့္!..ပါးပါး သမီးကို မခြဲနိူင္မွန္းသိလာရတယ္.. ပါးပါးကို မေမ့လိုက္ပါနဲ႕ေနာ္ သမီး..ပါးပါးရဲ႕အသည္းေလး..*
* သမီးသိလား သမီးေမြးတုန္းကေလ ပါးပါးအရမ္းေပ်ာ္ခဲ့တာ ခ်စ္စရာေကာင္းလြန္းလို႔လက္ထဲက မခ်ခ်င္ေလာက္ေအာင္ ျဖစ္ခဲ့တာ..ပါးပါးသမီးေလးကေလ မ်က္လုံးဝိုင္းဝိုင္းေလးေတြနဲ႕ ေလွ်ာက္ၾကည့္ေနတာ ပါးပါးဆို အရမ္းအသည္းယားခဲ့တာ...ငိုလည္းမငိုဘူး..ပါးပါးရဲ႕ နို႔ကိုေလ ႏႈတ္ခမ္းပိစိေလးနဲ႕တႁပြတ္စ္ႁပြတ္စ္စို႔ေနတာ..လက္ေသးေလးတေတြကို ကားယားကားယားနဲ႕ ေလထဲမွာေဝွ႕ရမ္းၿပီးေဆာ့ေနတာေလ..အရမ္းခ်စ္ဖို႔ေကာင္းတာဘဲ ..အႏွီးထုပ္ေလးနဲ႕ သမီးေလးက အခုေတာ့ ပါးပါးေရွ႕မွာ သုံးႏွစ္အ႐ြယ္ ကေလးေလးျဖစ္ေနၿပီေနာ္..*
အခ်ိန္ကုန္တာ ျမန္လိုက္တာ သမီးရယ္ ..ေရွ႕ေလွ်ာက္ သမီးရဲ႕ ႀကီးျပင္းမႈမွာ ပါးပါးမပါနိုင္ေတာ့ဘူး.. ပါးပါးသမီးေလးက လိမ္လိမ္မာမာေနေနာ္...
သမီးငယ္ရဲ႕ နဖူးျပင္ကိုငုံးနမ္းလိုက္ကာ ေခါင္းေလးကို အသာေလးပြတ္သပ္ေပးလိုက္သည္။တစ္ညလုံး သမီးကို ရင္ခြင္ထဲထည့္ၿပီး မအိပ္စက္ဘဲၾကည့္ေနမိ၏။သူ႕သမီးငယ္ရဲ႕ ႐ုပ္အသြင္ကို တဝႀကီးၾကည့္ခ်င္မိသည္။ေနာက္ဆို အခြင့္ေရး မရွိေတာ့ဘူးေလ...ေနာင္ဘဝဆိုတာရွိခဲ့ရင္ ဒီလိုအျဖစ္မ်ိဳးေတြနဲ႕မႀကဳံပါရေစနဲ႕လို႔ ဆုေတာင္းမိ၏။
~
~
~
*~.ကိုကို ေဆး႐ုံသြားရေအာင္ေလ.~*
အ႐ုပ္ေလးေတြနဲ႕ ဧည့္ခန္းထဲမွာေဆာ့ေနတဲ့ သမီးကို ေငးၾကည့္ေနတဲ့ ကိုကို႔ရဲ႕ ပခုံးေလးကို ထိကာ စာအုပ္ျပလိုက္ေတာ့ ေခါင္းၿငိမ့္ျပၿပီး ေျဖးေျဖးေလးထေနတာေၾကာင့္ ထယ္ေယာင္း လက္ေမာင္းေလးကေန အသာကိုင္ကာထူေပးလိုက္၏။အခုေနာက္ပိုင္း ကိုကိုက သူ႕ကို အရင္ကေလာက္ ပစ္ပစ္ခါခါမဟုတ္ေတာ့ဘဲ သူတြဲေပးတာကိုလက္ခံသလို သူစကားေျပာရင္လည္း တုံ႕ျပန္လာတတ္သည္။မ်က္ႏွာေလးညွိုးေနသည္ကလႊဲလို႔ေပါ့...
အခုလည္း မတ္တပ္ရပ္ႀကီးနဲ႕ ႏူးႏူးေလးကို ေငြ႕ရည္ဖြဲ႕ေနတဲ့ အၾကည့္ေတြနဲ႕ၾကည့္ေနသည္။ကိုကို႔ရဲ႕ မ်က္ဝန္းေတြမွာ မ်က္ရည္ေတြခိုတြဲေနတာသူျမင္ရ၏။ဘာေၾကာင့္မွန္းမသိေပမဲ့ သမီးေလးကို အနားကေန ေတာ္႐ုံမခြာဘဲ ရွိေနတန္သလို သမီးကိုလည္း မ်က္စိေအာက္က အေပ်ာက္မခံေပ...
ဒီေန႕ ကိုကိုခြဲေမြးရမဲ့ ရက္မို႔ အားလုံးေဆး႐ုံသြားဖို႔ျပင္ဆင္ၿပီးၾကၿပီ ..သူတို႔ရင္ေသြးေလး လူ႕ေလာကထဲေရာက္လာမဲ့ေန႕မို႔ေပ်ာ္႐ႊင္ရမဲ့အစား ထယ္ေယာင္းစိတ္ေတြေလးေနမိသည္။တစ္ခုခုကို အႀကီးအက်ယ္ဆုံးရႈံးရေတာ့မဲ့ခံစားခ်က္ႀကီးနဲ႕ တစ္စို႔စို႔ႀကီးျဖစ္ေန၏။ကိုကို႔ရဲ႕ ျဖဴေဖ်ာ့ေဖ်ာ့ ပုံသ႑ာန္ေလးကိုျမင္တိုင္း ရင္ထဲမွာ ေအာင့္သက္သက္နဲ႕ နာက်င္မိသည္။
" သမီးေလးကို ေမာင္တို႔နဲ႕ အတူေခၚလာမွာ ကိုကို.."
ထယ္ေယာင္းက ကိုကို႔နဲ႕အၾကည့္ခ်င္းဆုံၿပီး ေျပာလိုက္ေတာ့ မ်က္ရည္ေတြဝဲခိုေနတဲ့ မ်က္ေတာင္ထူထူေကာ့ေကာ့ႀကီးေတြကို ႏွစ္ခ်က္ဆင့္ခတ္လိုက္ၿပီး မ်က္ရည္ေတြသိမ္းလိုက္တာေတြ႕လိုက္ရသည္။
ထို႔ေနာက္မွာေတာ့ ဒယ္ဒီက သမီးကိုခ်ီၿပီး အရင္ကားထဲဝင္ထိုင္သျဖင့္ ထယ္ေယာင္းက ကိုကို႔ကိုတြဲကာ ကားထဲဝင္လိုက္၏။ကားထဲသူတို႔ေရာက္တာနဲ႕ ဒရိုင္ဘာႀကီးက ေျဖးေျဖးခ်င္းေမာင္းထြက္သြားသည္။အျပင္ဘပ္က ရာသီဥတုက မွိုင္းအုံ႕ေနတာေၾကာင့္ ဒီေန႕ မိုး႐ြာမွာက်ိန္းေသး၏။မွိုင္းအုံ႕အုံ႕ရာသီဥတုနဲ႕အတူ ကားထဲက ေလထုကလည္း ဆိတ္ၿငိမ္ကာ လႊမ္းေဆြးေဆြး အေငြ႕သက္ေတြၿခံရံေနတညေၾကာင့္ အားလုံးတိတ္ဆိတ္ေနၾကသည္။
ေဂ်ာင္ဂု ကားေရွ႕ခန္းက ဒယ္ဒီ့ေပၚမွာထိုင္ေနတဲ့ သမီးကိုၾကည့္ၿပီး ၿပဳံးလိုက္မိသည္။
* ပါးပါးနဲ႕ ထပ္မေတြ႕ရေတာ့ရင္ သမီးမငိုရဘူးေနာ္..*
ထယ္ေယာင္း ျဖစ္နိုင္ရင္ ဒီေန႕ကိုကို႔ကို ေဆး႐ုံ မသြားေစခ်င္ေပ..ခံစားခ်က္ႀကီးကမေကာင္းတာေၾကာင့္ လူကငိုခ်င္ေနသလိုလိုပင္ သူ႕ေဘးက ကိုကို႔ကိုၾကည့္ေတာ့လည္း ႏြမ္းေနတဲ့ပန္းပြင့္ေလး မၾကာခင္ေႂကြေတာ့မည့္ပုံ...ဒါေပမဲ့ လွရက္တုန္းပင္...သူဒီလူသားကို လက္မလႊတ္ရေလာက္ပါဘူး...ဒီေန႕ၿပီးရင္ အဆင္ေျပသြားမွာပါ..
~
~
~
ေဆး႐ုံေရာက္ေတာ့ ကိုကိုေဆး႐ုံတက္ဖို႔အခန္းျပင္ဆင္ၿပီးတာေၾကာင့္တစ္ခါတည္း တန္းၿပီးသြားလိုက္သည္။ခြဲစိတ္ခ်ိန္က ညေနသုံးနာရီျဖစ္တာေၾကာင့္ ေရာက္ေရာက္ခ်င္း က်န္းမာေရးအေျခေနတစ္ခ်က္စစ္ကာ လိုအပ္တဲ့ေဆးေတြသြင္းထားရ၏။ဒယ္ဒီနဲ႕ မာမီက ဆရာဝန္ေတြနဲ႕ စကားေျပာေနၿပီး သမီးေလးက ကိုကို႔ေဘးမွာ ၿငိမ္ၿငိမ္ေလးထိုင္ကာ ကိုကို႔ကို မ်က္ဝန္းဝိုင္းဝိုင္းေလးေတြနဲ႕ၾကည့္ေနသည္။ထယ္ေယာင္းကေတာ့ ခပ္ေဝးေဝးမွာဘဲ ကိုကိုအေျခေနကိုၾကည့္ကာလိုအပ္တာေတြလုပ္ေပးေနလိုက္၏။
အားေဆးသြင္းထားရတဲ့လက္ကို ခပ္ဖြဖြေလးကိုင္လာတဲ့ သမီး...ေဂ်ာင္ဂု ေဆးအပ္မရွိတဲ့ေနာက္လက္တစ္ဖက္နဲ႕သမီးရဲ႕ ပါးျပင္ေလးကို အုပ္မိုးကိုင္ကာ ၿပဳံးျပလိုက္၏။သမီးကေတာ့ သူၿပဳံးလို႔ ႏႈတ္ခမ္းေလးေတြေကာ့တက္ၿပီး ယုန္သြားေလးေတြေပၚေအာင္ ျပန္ၿပဳံးျပလာသည္။သမီးနဲ႕ သူဆို ေယာက်ာ္းေလးနဲ႕ မိန္းကေလးဆိုတဲ့ အရာသာ ကြာတာ မ်က္ႏွာကအစ အသားရည္အဆုံး ခြၽတ္စြပ္ပင္...
* ငါမရွိလည္း ငါနဲ႕တူတဲ့သမီးေလးရွိေနေတာ့ မင္းေျဖသာမွာပါ ေမာင္..*
သမီးရွိေနတာမို႔ ဝဲတက္လာတဲ့မ်က္ရည္ေတြကို အျမန္ျပန္သိမ္းလိုက္ရသည္။သူ႕ရဲ႕မ်က္ရည္ေတြကို သမီးကို မျမင္ေစခ်င္ဘူး..ေနာက္ဆုံးအခ်ိန္ထိ သမီးကို သူ႕ရဲ႕အၿပဳံးေတြကိုသာျမင္ေစခ်င္တာ...
ကိုကို႔ကို သမီးေလးက အေဖာ္ျပဳေပးေနတာေၾကာင့္ ထယ္ေယာင္း ကိုကို႔အတြက္ ေရႏြေးႏြေးေလး က်န္ခဲ့တာသတိရတာေၾကာင့္ ေဆး႐ုံကန္တင္းမွာဝယ္ဖို႔ထြက္လာလိုက္သည္။
ေဆး႐ုံကန္တင္းမေရာက္ခင္ ဒယ္ဒီ နဲ႕ မာမီတို႔ ဆရာဝန္ႏွစ္ေယာက္နဲ႕ စကားေျပာေနတာေတြ႕တာေၾကာင့္ ေျခလွမ္းေတြက ေဆး႐ုံကန္တင္းမဟုတ္ဘဲ ဒယ္ဒီ့တို႔ဆီလွမ္းလိုက္၏။
" ေဒါက္တာ...ေဂ်ာင္ဂုေလး အေျခေနေကာင္းတယ္မလား...ေမြးဖြားရာမွာ အခက္ခဲမရွိနိုင္ဘူးမလားး "
ခ်ယ္ေယာင္းက ေမွ်ာ္လင့္ခ်က္ အျပည့္ပါတဲ့မ်က္ဝန္းေတြနဲ႕ေမးလာတာေၾကာင့္ ဆရာဝန္ႏွစ္ေယာက္ သက္ျပင္းခ်လိဳက္သည္ ။လူနာက သူ႕အေျခေနကို မိသားစုေတြကို ေပးမသိဖို႔ေျပာထားတယ္မလား...ဒါေပမဲ့ အခုသိလည္း သူတို႔လူနာကို ဂ႐ုစိုက္ဖို႔ နာရီပိုင္းေလာက္ အခြင့္ေရး ရမွာပါ... ေလာကႀကီးက မထြက္ခြာခင္ သူတို႔လူနာကို မိသားစုရဲ႕ ႏြေးေထြးတဲ့အေငြ႕သက္ရေစခ်င္၏။
" ဟူး...ဆရာက ဘယ္လို ဆုံးျဖတ္ထားလဲ မသိေပမဲ့ ကြၽန္ေတာ္ကေတာ့ အမွန္တိုင္းေျပာျပခ်င္တယ္.."
သားဖြားေဒါက္တာက ေနာက္ေဒါက္တာတစ္ေယာက္ကို ေျပာလိုက္တာေၾကာင့္ ထယ္ေယာင္းရဲ႕ေျခလွမ္းေတြရပ္ကာ ေထာင့္ခ်ိဳးနဲ႕ကြယ္ကာ ျပန္ပုန္းၿပီးနားေထာင္ေနလိုက္သည္။
" ကြၽန္ေတာ္ သေဘာတူတယ္ ေနာက္ဆုံးအခ်ိန္ေလးမွာ စိတ္ခ်မ္းသာေစခ်င္တယ္..သူက ဘယ္သူ႕ကိုမွ အသိမေပးဘဲထြက္ခြာခ်င္တာေလ..အဲ့လိုထြက္ခြာတာက အနာက်င္ရဆုံးဘဲ.."
ေဒါက္တာႏွစ္ေယာက္ရဲ႕စကားေၾကာင့္ ထယ္ေယာင္း၊ခ်ယ္ေယာင္းနဲ႕ထယ္မင္တို႔ နားမလည္ၾကေပ
" ေဒါက္တာတို႔ ဘာေတြေျပာေနတာလဲဟင္.."
ခ်ယ္ေယာင္းက ေမးလိုက္ေတာ့ သူတို႔ရဲ႕မ်က္ႏွာကို ၾကည့္လာတဲ့ ဆရာဝန္ႏွစ္ေယာက္..
" ဒီက အစ္မတို႔ကို ကြၽန္ေတာ္တို႔ေျပာဖူးပါတယ္ ေဂ်ာင္ဂုက ႏွလုံးေရာဂါေၾကာင့္ ကိုယ္ဝန္ေဆာင္ရင္ အသက္အႏၱရာယ္စိုးရိမ္ရတယ္လို႔ေလ.."
သားဖြားဆရာက ေျပာေတာ့ ခ်ယ္တို႔ၿငိမ္ၿပီးနားေထာင္ကာ ေခါင္းၿငိမ့္လိုက္၏။ေထာင့္အကြယ္ကထယ္ေယာင္းကေတာ့ ၾကားလိုက္ရတဲ့စကားေၾကာင့္ ဒူးေတြေခြလုမတက္ျဖစ္လာသည္။
* ကို..ကိုကို႔မွာ ႏွလုံးေရာဂါရွိေနတာလား!..*
မယုံၾကည္နိုင္ျခင္းေတြနဲ႕ ထယ္ေယာင္းတုန္လႉပ္မိသည္။
" အခု သူ႕ႏွလုံးက ပ်က္စီးေနၿပီ..ကေလးေမြးရင္ သူ႕အသက္ဒါမွမဟုတ္ ရင္ေသြးအသက္ဆုံးရႈံးရမွာ...ဒါေၾကာင့္ ကြၽန္ေတာ္တို႔ လူနာ့ရဲ႕ဆႏၵကိုေမးေတာ့ သူက ကေလးကို ကယ္ေပးဖို႔ေ႐ြးခ်ယ္လိုက္တယ္...ဒါေၾကာင့္..ဒီေန႕ က သူ႕ရဲ႕ေနာက္ဆုံးေနျဖစ္နိုင္တယ္..အဲ့ဒါေၾကာင့္ သူစိတ္ခ်မ္းသာေအာင္ထားေပးပါ..ၿပီးေတာ့ သူက ဒီကိစၥေတြကို ခင္ဗ်ားတို႔ကို မသိေစခ်င္တာေၾကာင့္..မသိခ်သ္ေယာင္ေဆာင္ၿပီး သူစိတ္ခ်မ္းသာေအာင္လုပ္ေပးလိုက္ပါ..ဒါက ကြၽန္ေတယ္တို႔ဘက္က ေျပာျပေပးနိုင္တာအကုန္ဘဲ.."
ေျပာၿပီးတာနဲ႕ ေဒါက္တာႏွစ္ေယာက္က ထြက္ခြာသြားၿပီး သူတို႔ကေနရာမွာ ေက်ာက္႐ုပ္ေတြလိုက်န္ခဲ့၏။
" အစ္..အစ္ကို! ခ်ယ္..ခ်ယ္ၾကားခဲ့တာေတြက အမွန္မဟုတ္ဘူးမလား..ခ်ယ့္နားမေကာင္းေတာ့ဘူးထင္တယ္ အစ္ကို..ေျပာပါအုံး..ခုနက ေဒါက္တာေတြ ဘာမွမေျပာသြားဖူးမလား..အစ္ကို..! အစ္ကိုလို႔..ဟင့္!.."
ခ်ယ္ေယာင္းက ထယ္မင္ရဲ႕ လက္ေမာင္းကို ဆြဲလႈပ္ကာ ငိုၿပီးေမူေနသလို ထယ္မင္ကလည္း ေရွ႕ကိုၾကည့္ကာ ေတြေတြႀကီးမ်က္ရည္က်ေနသည္။
" အစ္ကိုလို႔..ဟင့္! ခ်ယ္..ခ်ယ္တို႔..သားေလးကို ဘယ္လိုေျပာၾကမလဲ..သား သာဒီအေၾကာင္းသိရင္ ေသမတတ္ခံစားရမွာ..အစ္ကိုရဲ႕..ဟင့္! ဘာလို႔..ေဂ်ာင္ဂုေလးမွ ဒီလိုျဖစ္ရတာလဲ..ဟင့္! ဘာလို႔ အိုမင္းေနတဲ့ခ်ယ္တို႔ကိုမွ ေသခြင့္မေပးဘဲ ေဂ်ာင္ဂုေလးမွလည္း!... ဟင့္! ေဂ်ာင္ဂုေလးအစား ခ်ယ္သာေသေပးလိုက္ခ်င္တယ္ အစ္ကိုရယ္..."
ကင္မ္ေမာင္ႏွံႏွစ္ေယာက္လုံး ငိုေနသလို..ေထာင္အကြယ္က ထယ္ေယာင္းမွာလည္း ၾကမ္းျပင္ေပၚဒူးေထာက္ၿပီး လဲက်သြား၏။
* ဒီ..ဒီေန႕က ကို .ကိုကို႔ရဲ႕ ေနာက္ဆုံးေန႕...ဟင့္အင္! မဟုတ္ဘူး...ကိုကိုက ေမာင့္ကို ခြဲသြားလို႔မရဘူး..ေမာင္က ကိုကို႔ကို အရမ္းခ်စ္တာ..ထြက္သြားခြင့္မေပးဘူး..ဟုတ္တယ္...ေမာင္ထြက္သြားခြင့္မေပးဘူး..ေမာင္က အတၱႀကီးတယ္ ကိုကို..ကိုကိုလုံးဝ ေမာင့္အနားကေနထြက္သြားခြင့္မရွိဘူး..*
ထယ္ေယာင္း တုန္ယင္ေနတဲ့ေျခေထာက္ေတြကို အားျပဳၿပီးရပ္ကာ စိတ္ထဲကေန အားတင္းၿပီး မတ္တပ္ရပ္လိုက္သည္။သူတစ္ခုခုေတာ့လုပ္မွရမည္။သူ႕အတြက္ ကိုကိုကအေရးႀကီးဆုံးဘဲ ကိုကို႔ရဲ႕အခ်စ္ေတြျပန္မရနိုင္ရင္ေတာင္ ကိုကို႔ကိုေတာ့အေဝးကို ထြက္သြားခြင့္မေပးဘူး..
~
~
~
အခန္းထဲေရာက္ေတာ့ ကိုကိုကအိပ္ေပ်ာ္ေနၿပီး သမီးေလးကလည္း ကိုကို႔ေဘးမွာ ဝင္ၿပီးအိပ္ေပ်ာ္ေနသည္။ကိုကို႔ရဲ႕ နဖူးေလးကို ငုံနမ္းၿပီး ထယ္ေယာင္း ကိုကို႔ရဲ႕မ်က္ႏွာေလးကို စိုက္ၾကည့္လိုက္၏။
* ဒါေၾကာင့္လားကိုကို..ဒါ့ေၾကာင့္..ေမာင့္ကို အသိမေပးတာလား..ဒါ့ေၾကာင့္ ကိုကို႔ရဲ႕အျပဳမႈေတြက ထူးဆန္းေနတာလား..ဒီေရာဂါေၾကာင့္ ကိုကို႔ရဲ႕ ခႏၶာကိုယ္ေလးက ပိန္က်သြားတာလား..ဟမ္!...ကိုကို...ကိုကိုအရမ္းရက္စက္တယ္သိလား..ေမာင့္ကို အဲ့ေလာက္ေတာင္မုန္းေနတာလား..ကိုကို႔က အရာအားလုံးကိုထားၿပီး ထြက္သြားခ်င္ေလာက္ေအာင္ ေမာင့္ကို မုန္းေနတာလား..! *
* ကိုကိုရာ...ေမာင့္ကိုေလ..တျခားအျပစ္ေပးလို႔ရတယ္ ဒါေပမဲ့ အဲ့လိုႀကီးေမာင့္ကို ထားခဲ့လို႔မရဘူး...ေမာင့္အမွားေတြကို သိေပမဲ့ ကိုကို႔ကိုခ်စ္လြန္းလို႔ျဖစ္သြားတာပါ..ေမာင့္ရင္ေသြးေတြကို ခ်စ္လြန္းလို႔လုပ္မိတာပါ..ကိုကိုကို ေမာင့္အနားကထြက္ခြာေစဖို႔မရည္႐ြယ္ပါဘူး..ေမာင္ေတာင္းပန္ပါတယ္..*
ထယ္ေယာင္း အံကိုႀကိတ္ကာ ေအးေအးခ်မ္းခ်မ္းအိပ္ေပ်ာ္သူရဲ႕မ်က္ႏွာေလးကိုၾကည့္ၿပီး ကိုေနမိသည္။ျပႆနာေတြကို သူသာမလုပ္ခဲ့ရင္ သူ႕မိသားစုေလး အခုခ်ိန္မွာေပ်ာ္႐ႊင္ေနမွာ...
* ေမာင္ေၾကာင့္ ကိုကို ႏွလုံးေရာဂါျဖစ္ရတာ ေမာင္က မေကာင္းတဲ့အေကာင္ဘဲ..ေမာင္ကေလ ကိုကို႔ကို အရမ္းခ်စ္တယ္ ဂ႐ုစိုက္ပါ့မယ္ေျပာၿပီး ေမာင္ကိုယ္တိုင္က ကိုကို႔ကို နာက်င္ေစခဲ့တာ..ကိုကိုရယ္ .ေမာင္က ေသသင့္တဲ့ေကာင္ပါ..*
* အခုေန ေမာင္ တစ္ခုခုလုပ္လိုက္မယ္ဆိုရင္ ကိုကို စိတ္မဆိုးနဲ႕ေနာ္..ေမာင္က ကိုကို႔ကိုခ်စ္လို႔ ကိုကို႔ကိုအဆုံးရႈံးမခံနိုင္လို႔လုပ္မွာ..*
လက္ဖဝါးေလးကို ဖြဖြေလးနမ္းလိုက္ၿပီး အခန္းထဲက ထြက္သြားတဲ့ထယ္ေယာင္း...သူသာေနာက္ကိုလွည့္ၾကည့္ျဖစ္ရင္ မ်က္လုံးေထာင့္ကေန မ်က္ရည္ေတြစီးက်ေနတဲ့ ေဂ်ာင္ဂုကိုေတြ႕မွာအမွန္...
~
~
~
ေနာက္ထပ္ႏွစ္ပိုင္းဆို ၿပီးၿပီး သဲလည္းေရးရင္းေရးရင္ တစ္ပိုင္းကို စာလုံးေရ သုံးေထာင့္ႏွစ္ရာေက်ာ္မို႔ျဖတ္ရင္း ျဖတ္ရင္း ႏွစ္ပိုင္းျဖစ္သြားတာ Final -2ေလးက စာလုံးေရ ေလးေထာင့္ ႏွစ္ရာေက်ာ္ရွိပါတယ္ တစ္ခါတည္း အပ္ေပးခ်င္တာမို႔ မနက္တည္းက type ေနတာ အခုထိမၿပီးေသးဘူး လက္ဆစ္ေတြလည္းေညာင္းလာၿပီ ခဏေနရင္ ထက္အပ္ေပးမယ္ေနာ္ ❤️❤️❤️
Thanks for votes, feedback and comment.
I Love my readers forever ❤️
I PURPLE YOUR 💜