Unicode
ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်
အပိုင်း ၅၀
အစက ကားထဲမှာ ထိုင်နေတဲ့ လီမင်က သူမရဲ့ အသည်းလေးကို ရိုက်ဖို့ ပြေးထွက်လာတာကို ရုတ်တရက် မြင်လိုက်ရပြီး ချက်ခြင်းပဲ ခရီးသည်ထိုင်ခုံကနေ ထိတ်လန့်တကြား ပြေးထွက်လာကာ ဘေးနားက လုံခြုံရေးကို "လုံခြုံရေး၊ ရဲကိုခေါ်" လို့ လှမ်းအော်ရင်း ဝူထုန်က ချင်ကော ရဲ့ လက်မောင်းကို လှမ်းကိုင်ထားတဲ့အချိန် သူမက လျိုယွမ်ရဲ့ရှေ့မှာကာပေးလုနီးပါးပဲ။
"ရဲကို မခေါ်နဲ့။" ဝူထုန်က ရဲခေါ်ခါနီး လုံခြုံရေးအစောင့်ကို အမြန်တားလိုက်ပြီး ချင်ကောကို ဒေါသတကြီးနဲ့ပြောလိုက်သည်။ "ရှင်ဘာလုပ်နေတာလဲ မြန်မြန်လွှတ်လိုက်တော့လေ "
"ရှေ့ကဖယ် " အခု ဒီကောင်လေးက ပို၍ပို၍ စိတ်မသက်မသာ ဖြစ်နေတာကို ချင်ကော မြင်လိုက်ရသည်၊ သူက အရမ်းအားနည်းတဲ့အတွက် သူ့လက်ကိုတောင် မရွှေ့နိုင်တော့ဘဲ အခုချိန်မှာတော့ သူ့ကို ကာကွယ်ပေးနေတဲ့ အမျိုးသမီးနှစ်ယောက်ရှိနေသည်။ တစ်ယောက်ရဲ့ နောက်မှာ နောက်တစ်ယောက်ရှိနေသည်။
" မဖယ်ပေးဘူး။ ရှင့်မှာ အရည်အချင်းရှိရင် လုပ်လိုက်လေ။ ရှင့်လို ယောက်ျားရင့်မာကြီးက မိန်းမတစ်ယောက်ကို ရိုက်ရဲလားဆိုတာ ကြည့်ရအောင်" လီမင်က မျက်လုံးကျယ်ကျယ်ဖွင့်ထားတဲ့ ချင်ကောကို အော်လိုက်သည်။
"ယောက်ျားတစ်ယောက်ကို မိန်းမနှစ်ယောက်က အကာအကွယ်ပေးနေရတာ မရှက်ဘူးလား " ချင်ကောက လျိုယွမ်ကို မထီမဲ့မြင်ပြုခဲ့သည်။
"ငါ..."
"ငါ့ချစ်သူကို ကာကွယ်ပေးတာ ဘာဖြစ်လဲ မသာရဲ့ "လီမင်က သူမအသည်းလေး မထီမဲ့မြင်ပြုခံရတာကို မမြင်ချင်တာကြောင့် လျိုယွမ် ရှေ့မှာ အော်ပြောလိုက်သည်။ သူမစကားကြောင့် သူတို့သုံးယောက် လန့်သွားကြသည်။
ဝူထုန်က သူမကို နင်နှစ်ပေါင်းများစွာ လျှို့ဝှက်ထားတဲ့ လျှို့ဝှက်ချက်ကို ကမ္ဘာကြီးကို ဖွင့်ပြလိုက်ပြီဆိုတာကို တကယ်ပဲ ပြောပြချင်နေပြီ။
ရုန်းကန်နေရဆဲဖြစ်သည့် လျိုယွမ်က လီမင့်မျက်နှာကို ကြည့်ပြီး ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
"မင်းရဲ့ရည်းစားဆိုတာ ငါ့ကို ဘာလို့စောစောက မပြောတာလဲ" ချင်ကော လျိုယွမ် လက်ကို လွှတ်ပေးလိုက်ပြီး ပြုံးလိုက်သည်။
ထို့နောက် သူက လျိုယွမ့် ပုခုံးကို ပုတ်လိုက်ကာ နားလည်မှုလွဲခြင်း၊ အထင်လွဲခြင်းတို့ကို ထပ်ခါတလဲလဲပြောပြီး စိတ်ကောင်းနှလုံးကောင်းဖြင့် ဝူထုန်ဆီ ပြန်သွားချိန် ဇနီးသည် မျက်နှာ မည်းမှောင်နေတာကို သတိပြုမိကာ သူ အပြစ်ရှိသလို ခံစားလိုက်ရသည်။
"ရှင်ဘာလို့ ဒီကို ရောက်နေတာလဲ" လို့ဝူထုန် မေးလိုက်သည်။
"မင်း အလုပ်ဆင်းရင် မင်းကိုလာကြိုဖို့ ကိုယ်လာခဲ့တာ" လို့ချင်ကော တုံ့ပြန်ခဲ့သည်။
ဝူထုန် မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ "ကျွန်မ အလုပ်ကို လာကြိုတာဆိုတော့ ဖေးဖေး ကကော"
"ကားထဲမှာ" ချင်ကော ကားဆီညွှန်ပြလိုက်သည်။
"ရှင် သူ့ကို ကားထဲမှာ တစ်ယောက်တည်းထားခဲ့တာလား" ဝူထုန် လမ်းဘေးမှာ ရပ်ထားတဲ့ ဂျစ်ကားကို ကြည့်လိုက်ရာ ချင်ကောက ဖေးဖေးကို တစ်ယောက်တည်း ကားထဲ တကယ် ထားခဲ့တာကို သူမ မယုံကြည်နိုင်ခဲ့ပေ။
"ကိုယ်... ကိုယ် အခုပြန်လိုက်ပါ့မယ်" ချင်ကောက အစကကားတံခါးကို လော့ခ်ချထားတယ်လို့ ပြောချင်ပေမယ့် သူ့ဇနီးမျက်နှာက ကြောက်စရာကောင်းလွန်းနေသဖြင့် နာခံမှုဖြင့်သာ သူ ပြန်သွားမှရမည်။
လီမင်နဲ့ လျိုယွမ်တို့သည် ဝူထုန်က စကားအနည်းငယ်ဖြင့် ကြောက်စရာကောင်းတဲ့လူကို ဆူပူကြိမ်းမောင်းနေတာ မြင်လိုက်တဲ့အခါ ဝူထုန်ကို ချက်ချင်း ပဟေဠိမျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
"ကျွန်မ တကယ်တောင်းပန်ပါတယ် စီနီယာ အဆင်ကောပြေရဲ့လား" ဝူထုန် လျိုယွမ်ကို အမြန်တောင်းပန်လိုက်သည်။
"အဆင်ပြေပါတယ်။ ဒါပေမယ့်...အဲဒီလူကို မင်း သိတာလား" လို့ လျိုယွမ် မေးလိုက်သည်။
လီမင် ရုတ်တရက် အကြံတစ်ခုရပြီး ခန့်မှန်းခဲ့သည်။ "သူက နင့်ရဲ့ယောကျ်ားဖြစ်နိုင်လား "
ဝူထုန် တစ်ဖက်လူရဲ့ မယုံနိုင်စရာ မျက်လုံးတွေကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"သူက တကယ်ပဲ နင့်ယောကျ်ားလား " လီမင် သူမရဲ့ခန့်မှန်းချက်ကို မယုံနိုင်သေးပေ။
"သူ စောနက နားလည်မှုလွဲသွားတာမလို့ပါ။ သူ့အစား ကျွန်မ တောင်းပန်ပါတယ်" ဝူထုန်က ထပ်တောင်းပန်ခဲ့သည်
"သူက ကောလဟာလတွေနဲ့ မတူဘူးလို့ နင်ငါ့ကို ပြောခဲ့တာမဟုတ်ဘူးလား" လီမင် ဟောက်လိုက်သည်။
"နေပါဦး... ဘာ ယောကျ်ားလဲ။ ဘယ်သူ့ ယောကျ်ားလဲ " လျိုယွမ် အဲ့တာကို အချိန်အတော်ကြာ နားထောင်ပြီးနောက် နားမလည်နိုင်တာကြောင့် မေးဖို့ မတတ်နိုင်ခဲ့ပေ။
ဝူထုန် ပြန်ဖြေခါနီးမှာ ချင်ကောက ဖေးဖေးကို သူ့ပုခုံးပေါ်တင်ပြီး နောက်ထပ်လျှောက်လာခဲ့သည်။ ဝူထုန်က ချင်ကော လာတာကိုစောင့်နေပြီး သူ့ကိုမိတ်ဆက်ပေးလိုက်သည်။ "ဒါက ကျွန်မယောကျ်ား ချင်ကော၊ ဒါ ကျွန်မရဲ့သူငယ်ချင်း လီမင်၊ ဒါက ကျွန်မရဲ့ စီနီယာလည်းဖြစ်တယ် သူဌေးလည်းဖြစ်တဲ့ လျိုယွမ် "
"ဟီးဟီးဟီး..." ချင်ကောက သူတို့နှစ်ယောက်ကို အပြုံးလေးနဲ့ပြောလိုက်သည်။ "ညီလေး ၊ အစ်ကို တကယ်စိတ်မကောင်းပါဘူး၊ ခုနက ထိခိုက်အောင်လုပ်ချင်လို့မဟုတ်ဘူး။ အထင်လွဲသွားတာပါ။ အစ်ကို့ဇနီးကို နှောင့်ယှက်နေတယ်လို့ ထင်လိုက်တာ ဟီးဟီး"ချင်ကောရဲ့ မိန်းမလို့ပြောသံကိုကြားလိုက်ရတော့ ဝူထုန်ရဲ့နားထဲမှာ ဟီးဟီးဆိုတဲ့အသံက ပျောက်သွားခဲ့သည်။
"မဟုတ်ဘူး... မင်း... ဘယ်တုန်းက....." လျိုယွမ်က ဝူထုန် ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့ပြီး သူမဘေးက ချင်ကောကို ကြည့်လိုက်သည်။ အချိန်အတော်ကြာ အပြန်ပြန်အလှန်လှန်ကြည့်ပြီးနောက် သူကြားလိုက်သမျှကို မယုံနိုင်ဖြစ်သွားကာ စိတ်လှုပ်ရှားစွာ ရွှေ့သွားခဲ့သည်။ အဲ့တာက အလွန်ကြီးမားလွန်းတယ်။ ချင်ကော ဖိချလိုက်တဲ့ပုခုံးက တော်တော်ကိုနာနေတာ။
"စီနီယာ အဆင်ပြေရဲ့လား" လီမင် ချက်ချင်း စိတ်ပူကာ မေးလိုက်သည်။
"ငါ့မှာ သန်မာတဲ့လက်ရှိပါတယ်။ နည်းနည်းပဲဒဏ်ရာဖြစ်သွားတာနေမယ်။ ငါနောက်မှ ဆေးလိမ်းလိုက်မယ် "
"မနက်ဖြန် တစ်ပုလင်း ပေးမယ်လေ " ချင်ကောက သူ့ရှေ့ကလူက ဘယ်လောက် နူးညံ့ပြီး အားပျော့လဲဆိုတာ မကြည့်နိုင်တော့ပေ။
"စကားမပြောနဲ့" ဝူထုန် ချင်ကောကို အသံတိုးတိုးဖြင့် ထရိန်နင်ပေးပြီးသွားသဖြင့် လီမင်ကို "မင်မင်၊ နင်စီနီယာကို အရင်ပြန်ပို့ပေးလိုက်ပါလား"
"အင်း ဟုတ်ပြီ" လီမင် သဘာဝအတိုင်း သဘောတူလိုက်သည်။
"စီနီယာ၊ ကျွန်မ စိတ်မကောင်းပါဘူး၊ အမှားပြင်ဖို့အတွက် နောက်နေ့ ညစာစားလိုက်ကျွေးမယ်လေ "လို့ ဝူထုန် ပြောလိုက်သည်။
"ရပါတယ်"လျိုယွမ် ပြုံးကာ နောက်ဆုံး လီမင့် တောင်းဆိုမှုကြောင့် ကားပေါ် တက်သွားသော်လည်း သူထွက်ခွာသွားတဲ့အခါ သူ့မျက်လုံးတွေက ချင်ကောဆီ လှည့်သွားခဲ့သည်။
သူတို့နှစ်ယောက် ကားမောင်းထွက်သွားပြီးနောက် ဝူထုန် လှည့်ပြီး ချင်ကောကို တစ်ခုခုပြောဖို့ ကြံလိုက်သော်လည်း ချင်ကော ပုခုံးပေါ်မှ ဖေးဖေးကို တစ်ချက်ကြည့်လိုက်ပြီး ဒေါသကို ချက်ချင်း မျိုသိပ်ခဲ့သည်။ ကလေးရှေ့မှာ စကားများရန်မဖြစ်ချင်ပေ။
"မိန်းမ......." ချင်ကော ချော့မော့ကာ အော်လိုက်သည်။ "ဖေးဖေးက ဗိုက်ဆာနေပြီတဲ့ " ၅ပေ ၁၁လက်မ ရှည်တဲ့ အမျိုးသားက ကလေးတစ်ယောက်လို ပြုမူပြီး သူ့မျက်လုံးများက တကယ်ကို အသနားခံနေသည်။ ဝူထုန် သူမနဖူးကို ရိုက်ကာ ကူကယ်ရာမဲ့ စွာဖြင့်"ဖေးဖေးကို ကျွန်မချီလိုက်မယ် ။ ကျွန်မကို ပစ္စည်းတွေကူကောက်ပေး။ ပြီးရင် စားဖို့ နေရာရှာရအောင်" လို့ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ မာမား (ဘုရင်မကို လျှောက်တဲ့အခါမှာ သုံးတဲ့အသံထွက်) " ချင်ကော အာရုံစိုက်ပြီး ဖေးဖေးကို ဝူထုန်ရဲ့ ရင်ခွင်ထဲ ပေးလိုက်သည်။
ဝူထုန် ထိုလူကို စိတ်ဆိုးပြီး လှည့်ကြည့်ကာ ဖေးဖေးကို ချီလိုက်သည့်အခိုက်တွင် သူမ ပါးစပ်ထောင့်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူ့အမေရဲ့ပခုံးကနေတစ်ဆင့် ဖေးဖေးက ခွေးကြီးတစ်ကောင်လို မြေကြီးပေါ်မှာဆောင့်ကြောင့်ထိုင်ပြီး ပစ္စည်းတွေကောက်နေတဲ့ သူ့မိုက်မဲတဲ့ဖခင်ကို တွေ့လိုက်ရသည်။
===
လျိုယွမ် နေထိုင်သည့် ရပ်ကွက်။
လျိုယွမ် ကားပေါ်မှ ဆင်းပြီး လှည့်ကြည့်လိုက်ရာ လီမင့် အကြည့်ကို တွေ့လိုက်ရသည်။ အခုလေးတင် ဖြစ်ပျက်ခဲ့တာတွေကို သတိရသွားတော့ သူ ရုတ်တရက် စိတ်မသက်မသာ ဖြစ်သွားပြီး "ဟို... ဟို... ငါ့ကို ပြန်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်"
"ရပါတယ်" လီမင် ရှေ့ကိုကိုင်းပြီးပြောလိုက်သည်။ "ကျွန်မ ရှင့်ကိုအပေါ်လိုက်ပို့ပေးမယ်လေ။ ပြီးရင် ဆေးရည် ကူလိမ်းပေးမယ်လေ "
"မလိုပါဘူး" လျိုယွမ် အဲဒါကို စဉ်းတောင်မစဥ်းစားဘဲ ပြောလိုက်သည်။
ပထမတော့ ပြုံးနေဆဲဖြစ်တဲ့ လီမင်က သူမ အသည်းလေးဆီမှ ပွင့်ပွင့်လင်းလင်း ငြင်းဆိုသံ ကြားလိုက်တဲ့အခါ ချက်ချင်း မျက်နှာကဖြူဖျော့သွားခဲ့သည်။ အသက်ပြင်းပြင်းရှူလိုက်ပြီး "ကောင်းပါပြီ ဒါဆို ကျွန်မအရင်ပြန်နှင့်တော့မယ် " လို့ပြောလိုက်သည်။
စကားပြောပြီးနောက်လှည့်ထွက်သွားခဲ့သည်။
"ခဏလေး "
သူမအသည်းလေးရဲ့ ခေါ်သံကိုကြားတော့ လီမင် တစ်ဖက်လူက စိတ်ပြောင်းသွားတယ်လို့ထင်ပြီး စိတ်လှုပ်ရှားစွာ လှည့်ကြည့်လိုက်သည်။
"မင်းကို ပြန်မောင်းပို့ပေးမယ်။ အဲ့တာက ပိုအဆင်ပြေတယ် " လို့ လျိုယွမ်က ပြောလိုက်သည်။
•••••••••
Zawgyi
ငါ့ခင္ပြန္းကို ေန႔တိုင္း အလိုလိုက္ေနရတယ္
အပိုင္း ၅၀
အစက ကားထဲမွာ ထိုင္ေနတဲ့ လီမင္က သူမရဲ႕ အသည္းေလးကို ႐ိုက္ဖို႔ ေျပးထြက္လာတာကို ႐ုတ္တရက္ ျမင္လိုက္ရၿပီး ခ်က္ျခင္းပဲ ခရီးသည္ထိုင္ခုံကေန ထိတ္လန္႔တၾကား ေျပးထြက္လာကာ ေဘးနားက လုံျခဳံေရးကို "လုံျခဳံေရး၊ ရဲကိုေခၚ" လို႔ လွမ္းေအာ္ရင္း ဝူထုန္က ခ်င္ေကာ ရဲ႕ လက္ေမာင္းကို လွမ္းကိုင္ထားတဲ့အခ်ိန္ သူမက လ်ိဳယြမ္ရဲ႕ေ႐ွ႕မွာကာေပးလုနီးပါးပဲ။
"ရဲကို မေခၚနဲ႔။" ဝူထုန္က ရဲေခၚခါနီး လုံျခဳံေရးအေစာင့္ကို အျမန္တားလိုက္ၿပီး ခ်င္ေကာကို ေဒါသတႀကီးနဲ႔ေျပာလိုက္သည္။ "႐ွင္ဘာလုပ္ေနတာလဲ ျမန္ျမန္လႊတ္လိုက္ေတာ့ေလ "
"ေ႐ွ႕ကဖယ္ " အခု ဒီေကာင္ေလးက ပို၍ပို၍ စိတ္မသက္မသာ ျဖစ္ေနတာကို ခ်င္ေကာ ျမင္လိုက္ရသည္၊ သူက အရမ္းအားနည္းတဲ့အတြက္ သူ႕လက္ကိုေတာင္ မေ႐ႊ႕ႏိုင္ေတာ့ဘဲ အခုခ်ိန္မွာေတာ့ သူ႕ကို ကာကြယ္ေပးေနတဲ့ အမ်ိဳးသမီးႏွစ္ေယာက္႐ွိေနသည္။ တစ္ေယာက္ရဲ႕ ေနာက္မွာ ေနာက္တစ္ေယာက္႐ွိေနသည္။
" မဖယ္ေပးဘူး။ ႐ွင့္မွာ အရည္အခ်င္း႐ွိရင္ လုပ္လိုက္ေလ။ ႐ွင့္လို ေယာက်္ားရင့္မာႀကီးက မိန္းမတစ္ေယာက္ကို ႐ိုက္ရဲလားဆိုတာ ၾကည့္ရေအာင္" လီမင္က မ်က္လုံးက်ယ္က်ယ္ဖြင့္ထားတဲ့ ခ်င္ေကာကို ေအာ္လိုက္သည္။
"ေယာက်္ားတစ္ေယာက္ကို မိန္းမႏွစ္ေယာက္က အကာအကြယ္ေပးေနရတာ မ႐ွက္ဘူးလား " ခ်င္ေကာက လ်ိဳယြမ္ကို မထီမဲ့ျမင္ျပဳခဲ့သည္။
"ငါ..."
"ငါ့ခ်စ္သူကို ကာကြယ္ေပးတာ ဘာျဖစ္လဲ မသာရဲ႕ "လီမင္က သူမအသည္းေလး မထီမဲ့ျမင္ျပဳခံရတာကို မျမင္ခ်င္တာေၾကာင့္ လ်ိဳယြမ္ ေ႐ွ႕မွာ ေအာ္ေျပာလိုက္သည္။ သူမစကားေၾကာင့္ သူတို႔သုံးေယာက္ လန္႔သြားၾကသည္။
ဝူထုန္က သူမကို နင္ႏွစ္ေပါင္းမ်ားစြာ လွ်ိဳ႕ဝွက္ထားတဲ့ လွ်ိဳ႕ဝွက္ခ်က္ကို ကမ႓ာႀကီးကို ဖြင့္ျပလိုက္ၿပီဆိုတာကို တကယ္ပဲ ေျပာျပခ်င္ေနၿပီ။
႐ုန္းကန္ေနရဆဲျဖစ္သည့္ လ်ိဳယြမ္က လီမင့္မ်က္ႏွာကို ၾကည့္ၿပီး ႐ုတ္တရက္ ရပ္တန္႔သြားခဲ့သည္။
"မင္းရဲ႕ရည္းစားဆိုတာ ငါ့ကို ဘာလို႔ေစာေစာက မေျပာတာလဲ" ခ်င္ေကာ လ်ိဳယြမ္ လက္ကို လႊတ္ေပးလိုက္ၿပီး ျပဳံးလိုက္သည္။
ထို႔ေနာက္ သူက လ်ိဳယြမ့္ ပုခုံးကို ပုတ္လိုက္ကာ နားလည္မႈလြဲျခင္း၊ အထင္လြဲျခင္းတို႔ကို ထပ္ခါတလဲလဲေျပာၿပီး စိတ္ေကာင္းႏွလုံးေကာင္းျဖင့္ ဝူထုန္ဆီ ျပန္သြားခ်ိန္ ဇနီးသည္ မ်က္ႏွာ မည္းေမွာင္ေနတာကို သတိျပဳမိကာ သူ အျပစ္႐ွိသလို ခံစားလိုက္ရသည္။
"႐ွင္ဘာလို႔ ဒီကို ေရာက္ေနတာလဲ" လို႔ဝူထုန္ ေမးလိုက္သည္။
"မင္း အလုပ္ဆင္းရင္ မင္းကိုလာႀကိဳဖို႔ ကိုယ္လာခဲ့တာ" လို႔ခ်င္ေကာ တုံ႔ျပန္ခဲ့သည္။
ဝူထုန္ မ်က္ေမွာင္ၾကဳတ္ၿပီး ေမးလိုက္သည္။ "ကြၽန္မ အလုပ္ကို လာႀကိဳတာဆိုေတာ့ ေဖးေဖး ကေကာ"
"ကားထဲမွာ" ခ်င္ေကာ ကားဆီၫႊန္ျပလိုက္သည္။
"႐ွင္ သူ႕ကို ကားထဲမွာ တစ္ေယာက္တည္းထားခဲ့တာလား" ဝူထုန္ လမ္းေဘးမွာ ရပ္ထားတဲ့ ဂ်စ္ကားကို ၾကည့္လိုက္ရာ ခ်င္ေကာက ေဖးေဖးကို တစ္ေယာက္တည္း ကားထဲ တကယ္ ထားခဲ့တာကို သူမ မယုံၾကည္ႏိုင္ခဲ့ေပ။
"ကိုယ္... ကိုယ္ အခုျပန္လိုက္ပါ့မယ္" ခ်င္ေကာက အစကကားတံခါးကို ေလာ့ခ္ခ်ထားတယ္လို႔ ေျပာခ်င္ေပမယ့္ သူ႕ဇနီးမ်က္ႏွာက ေၾကာက္စရာေကာင္းလြန္းေနသျဖင့္ နာခံမႈျဖင့္သာ သူ ျပန္သြားမွရမည္။
လီမင္နဲ႔ လ်ိဳယြမ္တို႔သည္ ဝူထုန္က စကားအနည္းငယ္ျဖင့္ ေၾကာက္စရာေကာင္းတဲ့လူကို ဆူပူႀကိမ္းေမာင္းေနတာ ျမင္လိုက္တဲ့အခါ ဝူထုန္ကို ခ်က္ခ်င္း ပေဟဠိမ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္ၾကသည္။
"ကြၽန္မ တကယ္ေတာင္းပန္ပါတယ္ စီနီယာ အဆင္ေကာေျပရဲ႕လား" ဝူထုန္ လ်ိဳယြမ္ကို အျမန္ေတာင္းပန္လိုက္သည္။
"အဆင္ေျပပါတယ္။ ဒါေပမယ့္...အဲဒီလူကို မင္း သိတာလား" လို႔ လ်ိဳယြမ္ ေမးလိုက္သည္။
လီမင္ ႐ုတ္တရက္ အၾကံတစ္ခုရၿပီး ခန္႔မွန္းခဲ့သည္။ "သူက နင့္ရဲ႕ေယာက်္ားျဖစ္ႏိုင္လား "
ဝူထုန္ တစ္ဖက္လူရဲ႕ မယုံႏိုင္စရာ မ်က္လုံးေတြကို ၾကည့္ၿပီး ေခါင္းညိတ္ျပလိုက္သည္။
"သူက တကယ္ပဲ နင့္ေယာက်္ားလား " လီမင္ သူမရဲ႕ခန္႔မွန္းခ်က္ကို မယုံႏိုင္ေသးေပ။
"သူ ေစာနက နားလည္မႈလြဲသြားတာမလို႔ပါ။ သူ႕အစား ကြၽန္မ ေတာင္းပန္ပါတယ္" ဝူထုန္က ထပ္ေတာင္းပန္ခဲ့သည္
"သူက ေကာလဟာလေတြနဲ႔ မတူဘူးလို႔ နင္ငါ့ကို ေျပာခဲ့တာမဟုတ္ဘူးလား" လီမင္ ေဟာက္လိုက္သည္။
"ေနပါဦး... ဘာ ေယာက်္ားလဲ။ ဘယ္သူ႕ ေယာက်္ားလဲ " လ်ိဳယြမ္ အဲ့တာကို အခ်ိန္အေတာ္ၾကာ နားေထာင္ၿပီးေနာက္ နားမလည္ႏိုင္တာေၾကာင့္ ေမးဖို႔ မတတ္ႏိုင္ခဲ့ေပ။
ဝူထုန္ ျပန္ေျဖခါနီးမွာ ခ်င္ေကာက ေဖးေဖးကို သူ႕ပုခုံးေပၚတင္ၿပီး ေနာက္ထပ္ေလွ်ာက္လာခဲ့သည္။ ဝူထုန္က ခ်င္ေကာ လာတာကိုေစာင့္ေနၿပီး သူ႕ကိုမိတ္ဆက္ေပးလိုက္သည္။ "ဒါက ကြၽန္မေယာက်္ား ခ်င္ေကာ၊ ဒါ ကြၽန္မရဲ႕သူငယ္ခ်င္း လီမင္၊ ဒါက ကြၽန္မရဲ႕ စီနီယာလည္းျဖစ္တယ္ သူေဌးလည္းျဖစ္တဲ့ လ်ိဳယြမ္ "
"ဟီးဟီးဟီး..." ခ်င္ေကာက သူတို႔ႏွစ္ေယာက္ကို အျပဳံးေလးနဲ႔ေျပာလိုက္သည္။ "ညီေလး ၊ အစ္ကို တကယ္စိတ္မေကာင္းပါဘူး၊ ခုနက ထိခိုက္ေအာင္လုပ္ခ်င္လို႔မဟုတ္ဘူး။ အထင္လြဲသြားတာပါ။ အစ္ကို႔ဇနီးကို ေႏွာင့္ယွက္ေနတယ္လို႔ ထင္လိုက္တာ ဟီးဟီး"ခ်င္ေကာရဲ႕ မိန္းမလို႔ေျပာသံကိုၾကားလိုက္ရေတာ့ ဝူထုန္ရဲ႕နားထဲမွာ ဟီးဟီးဆိုတဲ့အသံက ေပ်ာက္သြားခဲ့သည္။
"မဟုတ္ဘူး... မင္း... ဘယ္တုန္းက....." လ်ိဳယြမ္က ဝူထုန္ ကို မယုံၾကည္ႏိုင္စြာ ၾကည့္ေနခဲ့ၿပီး သူမေဘးက ခ်င္ေကာကို ၾကည့္လိုက္သည္။ အခ်ိန္အေတာ္ၾကာ အျပန္ျပန္အလွန္လွန္ၾကည့္ၿပီးေနာက္ သူၾကားလိုက္သမွ်ကို မယုံႏိုင္ျဖစ္သြားကာ စိတ္လႈပ္႐ွားစြာ ေ႐ႊ႕သြားခဲ့သည္။ အဲ့တာက အလြန္ႀကီးမားလြန္းတယ္။ ခ်င္ေကာ ဖိခ်လိုက္တဲ့ပုခုံးက ေတာ္ေတာ္ကိုနာေနတာ။
"စီနီယာ အဆင္ေျပရဲ႕လား" လီမင္ ခ်က္ခ်င္း စိတ္ပူကာ ေမးလိုက္သည္။
"ငါ့မွာ သန္မာတဲ့လက္႐ွိပါတယ္။ နည္းနည္းပဲဒဏ္ရာျဖစ္သြားတာေနမယ္။ ငါေနာက္မွ ေဆးလိမ္းလိုက္မယ္ "
"မနက္ျဖန္ တစ္ပုလင္း ေပးမယ္ေလ " ခ်င္ေကာက သူ႕ေ႐ွ႕ကလူက ဘယ္ေလာက္ ႏူးညံ့ၿပီး အားေပ်ာ့လဲဆိုတာ မၾကည့္ႏိုင္ေတာ့ေပ။
"စကားမေျပာနဲ႔" ဝူထုန္ ခ်င္ေကာကို အသံတိုးတိုးျဖင့္ ထရိန္နင္ေပးၿပီးသြားသျဖင့္ လီမင္ကို "မင္မင္၊ နင္စီနီယာကို အရင္ျပန္ပို႔ေပးလိုက္ပါလား"
"အင္း ဟုတ္ၿပီ" လီမင္ သဘာဝအတိုင္း သေဘာတူလိုက္သည္။
"စီနီယာ၊ ကြၽန္မ စိတ္မေကာင္းပါဘူး၊ အမွားျပင္ဖို႔အတြက္ ေနာက္ေန႔ ညစာစားလိုက္ေကြၽးမယ္ေလ "လို႔ ဝူထုန္ ေျပာလိုက္သည္။
"ရပါတယ္"လ်ိဳယြမ္ ျပဳံးကာ ေနာက္ဆုံး လီမင့္ ေတာင္းဆိုမႈေၾကာင့္ ကားေပၚ တက္သြားေသာ္လည္း သူထြက္ခြာသြားတဲ့အခါ သူ႕မ်က္လုံးေတြက ခ်င္ေကာဆီ လွည့္သြားခဲ့သည္။
သူတို႔ႏွစ္ေယာက္ ကားေမာင္းထြက္သြားၿပီးေနာက္ ဝူထုန္ လွည့္ၿပီး ခ်င္ေကာကို တစ္ခုခုေျပာဖို႔ ၾကံလိုက္ေသာ္လည္း ခ်င္ေကာ ပုခုံးေပၚမွ ေဖးေဖးကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေဒါသကို ခ်က္ခ်င္း မ်ိဳသိပ္ခဲ့သည္။ ကေလးေ႐ွ႕မွာ စကားမ်ားရန္မျဖစ္ခ်င္ေပ။
"မိန္းမ......." ခ်င္ေကာ ေခ်ာ့ေမာ့ကာ ေအာ္လိုက္သည္။ "ေဖးေဖးက ဗိုက္ဆာေနၿပီတဲ့ " ၅ေပ ၁၁လက္မ ႐ွည္တဲ့ အမ်ိဳးသားက ကေလးတစ္ေယာက္လို ျပဳမူၿပီး သူ႕မ်က္လုံးမ်ားက တကယ္ကို အသနားခံေနသည္။ ဝူထုန္ သူမနဖူးကို ႐ိုက္ကာ ကူကယ္ရာမဲ့ စြာျဖင့္"ေဖးေဖးကို ကြၽန္မခ်ီလိုက္မယ္ ။ ကြၽန္မကို ပစၥည္းေတြကူေကာက္ေပး။ ၿပီးရင္ စားဖို႔ ေနရာ႐ွာရေအာင္" လို႔ေျပာလိုက္သည္။
"ဟုတ္ကဲ့ပါ မာမား (ဘုရင္မကို ေလွ်ာက္တဲ့အခါမွာ သုံးတဲ့အသံထြက္) " ခ်င္ေကာ အာ႐ုံစိုက္ၿပီး ေဖးေဖးကို ဝူထုန္ရဲ႕ ရင္ခြင္ထဲ ေပးလိုက္သည္။
ဝူထုန္ ထိုလူကို စိတ္ဆိုးၿပီး လွည့္ၾကည့္ကာ ေဖးေဖးကို ခ်ီလိုက္သည့္အခိုက္တြင္ သူမ ပါးစပ္ေထာင့္၌ အျပဳံးတစ္ခု ေပၚလာခဲ့သည္။ သူ႕အေမရဲ႕ပခုံးကေနတစ္ဆင့္ ေဖးေဖးက ေခြးႀကီးတစ္ေကာင္လို ေျမႀကီးေပၚမွာေဆာင့္ေၾကာင့္ထိုင္ၿပီး ပစၥည္းေတြေကာက္ေနတဲ့ သူ႕မိုက္မဲတဲ့ဖခင္ကို ေတြ႕လိုက္ရသည္။
===
လ်ိဳယြမ္ ေနထိုင္သည့္ ရပ္ကြက္။
လ်ိဳယြမ္ ကားေပၚမွ ဆင္းၿပီး လွည့္ၾကည့္လိုက္ရာ လီမင့္ အၾကည့္ကို ေတြ႕လိုက္ရသည္။ အခုေလးတင္ ျဖစ္ပ်က္ခဲ့တာေတြကို သတိရသြားေတာ့ သူ ႐ုတ္တရက္ စိတ္မသက္မသာ ျဖစ္သြားၿပီး "ဟို... ဟို... ငါ့ကို ျပန္ပို႔ေပးလို႔ ေက်းဇူးတင္ပါတယ္"
"ရပါတယ္" လီမင္ ေ႐ွ႕ကိုကိုင္းၿပီးေျပာလိုက္သည္။ "ကြၽန္မ ႐ွင့္ကိုအေပၚလိုက္ပို႔ေပးမယ္ေလ။ ၿပီးရင္ ေဆးရည္ ကူလိမ္းေပးမယ္ေလ "
"မလိုပါဘူး" လ်ိဳယြမ္ အဲဒါကို စဥ္းေတာင္မစဥ္းစားဘဲ ေျပာလိုက္သည္။
ပထမေတာ့ ျပဳံးေနဆဲျဖစ္တဲ့ လီမင္က သူမ အသည္းေလးဆီမွ ပြင့္ပြင့္လင္းလင္း ျငင္းဆိုသံ ၾကားလိုက္တဲ့အခါ ခ်က္ခ်င္း မ်က္ႏွာကျဖဴေဖ်ာ့သြားခဲ့သည္။ အသက္ျပင္းျပင္း႐ွဴလိုက္ၿပီး "ေကာင္းပါၿပီ ဒါဆို ကြၽန္မအရင္ျပန္ႏွင့္ေတာ့မယ္ " လို႔ေျပာလိုက္သည္။
စကားေျပာၿပီးေနာက္လွည့္ထြက္သြားခဲ့သည္။
"ခဏေလး "
သူမအသည္းေလးရဲ႕ ေခၚသံကိုၾကားေတာ့ လီမင္ တစ္ဖက္လူက စိတ္ေျပာင္းသြားတယ္လို႔ထင္ၿပီး စိတ္လႈပ္႐ွားစြာ လွည့္ၾကည့္လိုက္သည္။
"မင္းကို ျပန္ေမာင္းပို႔ေပးမယ္။ အဲ့တာက ပိုအဆင္ေျပတယ္ " လို႔ လ်ိဳယြမ္က ေျပာလိုက္သည္။
#13.8.2023