#Unicode #
" သမီးက ဘယ်သွားရမှာမို့ အစောကြီး နိုးနေတာလဲ ဒယ်ဒီ.."
မနက်စာစာဝိုင်းမှာ အဖြူရောင် ရှပ်အင်္ကျီလေးနဲ့ ဂျင်းပြာရောင် စကပ်လေးဝတ်ထားတဲ့သမီးကို ကြည့်ပြီး ထယ်ယောင်း မေးလိုက်မိသည်။သမီးကတော့ မနေ့က သူနဲ့ အိပ်ပျော်သွားပေမဲ့ သူနိုးတော့ မရှိတော့တာကြောင့် မျက်နှာတောင်မသစ်နိုင်ဘဲ အပြေးအလွှားရှာမိတာ။ အခု မနက်စာစားနေတာတွေ့မှ သက်ပြင်းချနိုင်၏။
" ဪ..သားကို မပြောရသေးဘူးဘဲ..မြေးလေးက ကျောင်းတက်နေပြီလေ.."
"ဗျာ! "
မာမီ့စကားကြောင့် ထယ်ယောင်း အတော် အံ့ဩသွား၏။
" ဟုတ်တယ် သား..ဂျောင်ဂုလေးက မြေးလေးကို ကျောင်းထားပေးဖို့ပြောတာနဲ့ မာမီတို့လည်း ကိုယ်ပိုင်ကျောင်းမသန်စွမ်းကျောင်း မှာ သွားပြီး မူကြိုအပ်ပေးထားတာ မြေးလေးတောင် အခု ဆွံ့အနားမကြားဘာသာစကားနည်းနည်းပြောတတ်နေပြီ..
မာမီ့ စကားကြောင့် မနက်စာ ပေါင်မုန့်ယိုသုတ်လေးကို စားနေတဲ့ သမီးငယ်ကို ကြည့်လိုက်မိ၏။ကိုကိုက သမီးအတွက် တော်တော်လေး စဉ်းစားပေးခဲ့တာဘဲ...သူလည်း ဆွံ့အနားမကြား ဘာသာ သင်ကြားရမည်။ သမီးလေးနဲ့ဆက်သွယ်လို့ရအောင်...
" ဒါဆို သားရေသွားချိုးလိုက်အုံးမယ် .. ပြီးရင် သမီးလေးကို သားဘဲ ကျောင်းလိုက်ပို့လိုက်မယ်နော်...ဒါနဲ့ ကိုကိုရော မနက်စာလာမစားဘူးလား.."
" ခဏနေကျရင် ဆင်းလာမယ်ထင်တယ်.."
" ဟုတ်လား~...ဒေါ်ကြီးဂျုး.."
ထယ်ယောင်း မာမီ့စကားကြောင့် ဒေါ်ကြီးကို လှမ်းခေါ်လိုက်တော့ မီးဖိုခန်းထဲကနေ ထမင်းစားခန်းထဲ ကူးလားတဲ့ ဒေါ်ကြီး...
" ကိုကိုဆင်းလာရင် ကိုကို့အတွက် မနက်စာဘာစီစီဉ်ထားလဲ.."
" အာ! ဂျောင်ဂုလေးအတွက်...ပေါင်မုန့်နဲ့ နွားနို့ စီစဉ်ထားတယ်.."
" အင်း..ကောင်းပါတယ် ဒါနဲ့ မနေ့ကရော ဘာစီစဉ်ပေးလဲ.."
" မနေ့ကလည်း နွားနို့နဲ့ ပေါင်မုန့်ဘဲလေ..သားထယ်.."
" ဟမ်! နှစ်ရက်ဆက်တိုက်ဆိုရင် ကိုကို စားချင်မှာမဟုတ်ဘူး.."
" ဒေါ်ကြီး သိပါတယ် ဒါပေမဲ့ ဂျောင်ဂုလေးက ဘာစားချင်တယ် သာညာမပြောတော့ ဒေါ်ကြီးတို့လည်း ခန္ဓာကိုယ်အတွက် အားရှိတဲ့ဟာလေးတွေဘဲ ကျွေးနေတာ.."
ဟုတ်တယ်လေ ဂျောင်ဂုလေးက နူးနူးလေး ကိုယ်ဝန်တုန်းကလို ဘယ်ဟာစားချင်တယ် မစားချင်ဘူး မပြောဘဲ စိတ်ပါမှ လုပ်ပေးတဲ့ အစားအသောက်တွေကို ကုန်အောင်စားတာ...တစ်ခါတစ်လေဆို တို့တိတို့နန့်နဲ့ နည်းနည်းသာစားပြီး ထသွားတတ်သည်။အဲ့လို အခါမျိုးဆို သူတို့ဘယ်လိုလုပ်ရမှန်းမသိ..ပေါင်မုန့်နဲ့နွားနို့ဆိုရင်တော့ အကုန်လုံးမကုန်တောင် တစ်ဝက်လောက်စားသွားတတ်တာကြောင့် သူတို့လုပ်ကျွေးဖြစ်၏။
" ဟူးးး ဒါဆို အိမ်မှာ ဝက်သုံးထပ်သားရှိတယ်မလား..."
" ရှိတယ် သားထယ်.."
" ဟုတ်ပြီး ကျွန်တော့်ကို ဝက်သုံးထပ်သားကင်ဖို့နဲ့ ခရုဆန်ပြုတ်လေးပြုတ်ဖို့ ပြင်ပေးထားနော် ကျွန်တော် ရေချိုးပြီး ဆင်းလာခဲ့မယ်.."
ထယ်ယောင်းက ပြောပြီး အပေါ်ထပ်ပြေးတက်သွားကာ ရေကပျာကယာချိုးလိုက်သည်။ပြီးမှ ကိုကိုဆင်းလာရင် စားလို့ရအောင် ချက်လိုက်၏။အားလုံးပြင်ဆင်ပြီးဝောာ့ အပေါ်ထပ်ကနေ ဗိုက်ပူပူလေးကိုင်ကာဆင်းလာတဲ့ ကိုကို့ကိုတွေ့တာကြောင့် ထယ်ယောင်း အပြေးသွားပြီးခေါ်လိုက်သည်။
"ဖြေးဖြေး! ကိုကို~ ဖြေးဖြေး! .."
ထယ်ယောင်းက လှေကား အပေါ်ထပ်နားမှာရှိနေတဲ့ ကိုကိုဆီသွားကာ လက်မောင်းလေးကို ကိုင်ပြီးပြောလိုက်တော့ ကိုကိုက သူ့ကို တစ်ချက်သာမော့ကြည့်ပြီး သူကိုင်ထားတဲ့ လက်ကို ရုန်းလိုက်၏။လှေကားအတက်အဆင်းနားမှာမို့ ကိုကိုတစ်ခုခုဖြစ်သွားမှာဆိုးပြီး ထယ်ယောင်းလွှတ်ပေးလိုက်သည်။
" မောင် ကိုင်တာမကြိုက်ရင် မကိုင်တော့ဘူးနော် ."
ထယ်ယောင်း ငိုချင်နေတာကို ထိန်းပြီး ပြောလိုက်သည်။သူ့မှာ ကိုကို့အသားတောင် ထိခွင့်မရှိတော့ပါလား...
* မောင့်အမှားတွေပါ ကိုကို..မောင့်အမှားပါ...*
လှေကားလက်ရန်းတစ်ဖက်ကို ထိန်းကိုင်ပြီး ဆင်းဖို့ကြံနေတဲ့ ကိုကို့ကြောင့် ထယ်ယောင်း ဒေါ်ကြီးဂျုးကို လှမ်းခေါ်လိုက်ရ၏။
" ဒေါ်ကြီးရေ..ကိုကို့ကို လာတွဲပေးပါအုံး "
" ဟုတ်ပြီ သားထယ် "
ဒေါ်ကြီးဂျုးလာပြီး တွဲမှ အတွဲခံပြီး လှေကားပေါ်ကဆင်းလိုက်သည်။အနောက်ကနေ ထယ်ယောင်းက မျက်ရည်ဝဲနေတဲ့ မျက်ဝန်းညိုတွေနဲ့ ရှေ့က ဂျောင်ဂုရဲ့ကျောပြင်လေးကိုငေးပြီး ပါလာတာကို သူတို့လှည့်ကြည့်မိရင် တွေ့မှာအမှန်...
ထယ်ယောင်း စိတ်ထဲဝမ်းနည်းမှုတွေသာ ကြီးစိုးနေသည်။သူ့နှလုံးသားက ကိုကိုနဲ့ ပတ်သတ်ရင် အသေးအဖွဲလေးက အစ အထိမနခံနိုင်ပေ...ဒီလှေကားး အင်းးးး ဒီလှေကားကိုလေ..နူးနူးလေး ကိုယ်ဝန်နဲ့ တုန်းက မရေတွက်နိုင်အောင် သူပွေ့ချီပေးပြီးဆင်းနေကြ...သူ့ရင်ခွင်မှာ ခေါင်းလေးမှီပြီး သူ့လည်ပင်းကို ဖက်သိုင်းထားတဲ့ ကိုကိုရဲ့ ပုံရိပ်ယောင်တွေကို မြင်ယောင်လာလေ အရင်ချိန်ကို ပြန်တမ်းတပြီးငိုချင်လေ..
နောင်တက နောင်မှရပြီးတမ်းတရမှန်းသူသိချိန်က နောက်ကျနေပြီလေ...ထိန်းမထားနိုင်တဲ့ စိတ်အစုံက ထမင်းစားခန်းထဲတောင်မဝင်နိုင်ဘဲ လှေကားရင်းမှာ ထိုင်ကာ ငိုချလိုက်မိသည်။
* မောင်တို့ အရင်လို ပြန်မဖြစ်နိုင်တော့ဘူးလား ကိုကို...မောင် မှားမှန်းသိပါတယ် .. မောင့်ကြောင့် ရင်သွေးလေးဆုံးရှုံးရတာလည်း သိပါတယ် အဲ့ အမှားကပြင်လို့မရမှန်းသိပေမဲ့ မောင့်ကို အရင်လိုပြန်လက်ခံပေးပါ ကိုကို...မောင်တို့ အရင်လို ပြန်မဖြစ်နိုင်တော့ဘူးလား..*
* မောင်သာ ဇွဲမလျော့ဘဲ ကြိုးစားရင် ကိုကိုနဲ့ ပြန်အဆင်ပြေလောက်မှာပါ..ဟုတ်တယ် ထယ်ယောင်း မင်းကြိုစားရမယ်...ဒီလောက်လေးနဲ့ လက်မလျော့သင့်ဘူး ကိုကိုက စိတ်အမှတ်ကြီးတတ်သူဆိုပေမဲ့ မင်းသူ့အပေါ်ထားတဲ့ အချစ်ကပိုများတာမို့ မင်းရဲ့ အချစ်တွေနဲ့ ကိုကို့ကို အရင်လိုပြန်ဖြစ်အောင လုပ်ရမယ်..*
ငိုနေရာကနေထကာ မျက်ရည်တွေကို သုတ်ပြီး အားပြန်တင်းလိုက်သည်။သူကိုကို့ကို ချစ်တာ အသက်ထက်ပိုပြီး ချစ်တာ....မောင့်အချစ်ကို မောင်ယုံတယ် ကိုကို..
ထမင်းစားခန်းထဲမဝင်ဘဲ အပေါက်ကနေ သူချက်ပေးထားတဲ့ ဆန်ပြုတ်နဲ့ ဝက်သုံးထပ်သားကင်ကို အားပါးတရစားနေတဲ့ ကိုကိုကြောင့် ပြုံးလိုက်မိသည်။သမီးငယ်ကလည်း သူ့ပါးပါးကို ကြည့်ပြီး ပြုံးပြုံးလေးဖြစ်နေ၏။
~
~
~
*~.ကိုကို ဆေးရုံသွားရင် မောင်လိုက်ပို့မယ်လေ.~*
မနက်ဖြန်ဆေးရုံသွားရမဲ့ ရက်ချိန်းမို့ ထယ်ယောင်းက လိုက်ပို့မယ်ဆိုပြီး စာရေးပြတော့ ခေါင်းခါပြီး မလိုကြောင်း ပြောလာတဲ့ ကိုကို...ကိုယ်ဝန်က ခုနှစ်လတည်းဝင်နေပြီမို့ ထယ်ယောင်းက တစ်ယောက်တည်းဆေးရုံသွားမှာကို လက်မခံချင်တော့ပေ...မာမီ့ကိုလည်း မခေါ်ဘဲ ဒရိုင်ဘာနဲ့သာ သွားတတ်တဲ့ ကိုကို...သူကိုဆို အခုထိအနားအကပ်မခံသေး...
ဆေးရုံသွားတိုင်း နောက်ကကားတစ်စီးနဲ့ ကိုကိုမသိအောင် လိုက်ချောင်းခဲ့ပေမဲ့ သားဖွားမီးယပ်ခန်းက အသံလုံတာမလို့ ထယ်ယောင်းမှာ ဘာစကားမှမကြားရ ဒေါက်တာ့ကို ဖုန်းဆက်မေးတော့လည်း အခြေနေကောင်းပါတယ် သူ့ကို စိတ်ချမ်းသာအောင်ထားပါဆိုတဲ့ စကားလုံးတွေက လွှဲပြီးဘာမှမပြော...
*~.ကိုကို..မောင့်ကို စိတ်ဆိုးမပြေသေးဘူးလား..မောင်တောင်းပန်ပါတယ် အရင်လို မောင်တို့မိသားစုလေးပျော်ပျော်ရွှင်ရွှင် ပြန်နေကြမယ်လေ.~*
သူစာကိုတော့ အရေးတယူလုပ်ပြီးဖတ်ပေးသေးတာမို့ ကျေးဇူးတင်မိသည်။ဒါပေမဲ့ ဖတ်ပြီးတာနဲ့ မသိချင်ယောင်ဆောင်နေတဲ့ ကိုကို...
ထယ်ယောင်း အဝေးကိုငေးနေတဲ့ ကိုကို့ရဲ့ မျက်နှာလေးကို ငေးစိုက်ကြည့်နေမိသည်။ ပိန်သွားတဲ့ကိုယ်လုံးလေးက သေးကွေးလာပြီး...ပါးဖောင်းဖောင်းလေးတွေတောင် ပျောက်ချင်သလိုပင်..နှုတ်ခမ်းလေးတွေကလည်း အရင်လို ပန်းသွေးမကြွတော့ဘဲ ဖြူဖြူဖျော့ဖျော့လေးသာ...မျက်နှာလေးကလည်း မလန်းဆန်းဘဲ ငေးငိုင်နေတတ်တဲ့ ကိုကို...
ကိုကိုရဲ့ ဒီလိုပုံစံက သူ့ကို ရင်တွေနာစေသည်။သူကိုယ်တိုင် အာဟာရရှိတဲ့ အစာတွေကို ကိုယ်တိုင်လုပ်ပေးပြီးကျွေးသော်လည်း အစားကောင်းကောင်းမစားနိုင်တော့တဲ့ ကိုကို..တစ်ခါတစ်လေ မိုးရွာတာကို ငေးကြည့်နေတတ်သည်။အခုက မိုးဦးထဲရောက်နေတော့ တစ်ပတ်တစ်ခါလောက်တော့ မိုးရွာ၏။မိုးရွာတာကို ငေးနေတဲ့ ကိုကိုက အရင်က သူတို့မိုးရွာထဲဆော့ကစားတာကို ပြန်ပြီး မြင်ယောင်နေမလား။အဲ့အချိန်တွေတုန်းက ကိုကို့ရဲ့မျက်နှာမှာ ပြုံးရိပ်တွေဘဲရှိနေတာ...မောင်က အရမ်းဆိုးတဲ့ လူဘဲနော် ကိုကို..ကိုကို့ကို ပျော်ရွှင်အောင်ထားပေးပါ့မယ်လို့ပြောပြီး မောင့်ကြောင့် ကိုကို့ရဲ့ ပျော်ရွှင်မှုတွေ ပျောက်သုဉ်းရတယ်...မောင်က အသုံးမကျတဲ့ လူဘဲ ကိုကို..
*~.ကိုကို..မောင့်ကို အရင်လို ဂရုစိုက်ခွင့်ပြန်ပေးပါနော်..မောင်ကို အခွင့်ရေးလေးပေးပါ..မောင်ကို အဲ့လို လစ်လျူမရှုပါနဲ့ ကိုကိုရယ်...ကိုကို မကျေနပ်ဘူးဆို မောင့်ကို အပြစ်ပေးပါနော်..ကိုကိုပေးတဲ့ အပြစ်ကိုမောင်ခံယူမှာမို့ ကိုကိုက မောင့်ကို ခွင့်လွှတ်ပေးပါ.~*
ထယ်ယောင်း စာကို ဖတ်ပြီး ကိုကိုက ငေးမြဲသာငေးနေသည်။သူရှိချိန်တိုင်း တခြားတစ်ဖက်သို့ လည်ပင်းလိမ်မတက်ဆောင်းထားတတ်တဲ့ကိုကိုက သူ့ကို မမြင်တွေ့လိုမှန်းသိသာသည်။ ချစ်ရသူရဲ့ဥပေက္ခာ ပြုတာကို ရနေတဲ့သူကတော့ နှလုံးအစုံက ကွဲကြေသလိုခံစားရ၏။ကိုကို့ရဲ့ သူစိမ်းဆန်မှုတွေက သူ့အတွက်တော့ ငရဲမီးထက် ပူလောင်မှုကို ပေးစွမ်းနိုင်သည်။ဒီတော့ ကိုကိုပေးတဲ့ အပြစ်ကို ခံယူပြီး ကျေအေးအောင်လုပ်မိချင်တာ ဆန္ဒအမှန်...
" ကိုကို~.."
မချိတင်ကဲသံနဲ့ခေါ်လိုက်မိပေမဲ့ မကြားရတဲ့ ကိုကိုက လုံးဝလှည့်ကြည့်မလာ...သူ့ဘက်က စပြီး စာတွေရေးပြ စကားတွေပြောနေပေမဲ့ ကိုကိုကတော့ ခေါင်းငြိမ့်ခေါင်းခါကလွှဲပြီး အရယ်အပြုံးဆိုတာမရှိတော့...
သမီးလေးကိုလည်း သူပြန်ရောက်တည်းက သူနဲ့ အတူအိပ်စေတဲ့ ကိုကို..ပြီးတော့ အရင်ကလောက် သမီးနားကိုလည်း မကပ်တော့ပေ...သမီးကိုသိသိသာသာရှောင်လာသလို အရင်တုန်းကလောက် သမီးအပေါ်မှာ ဂရုမစိုက်တော့ပေ..ကျုကိုရဲ့အပြုမှုတွေကြောင့် ထယ်ယောင်း ဇဝေဇဝါဖြစ်မိ၏။တစ်ခါတစ်လေ ခြံထဲမှာ လိပ်ပြာလေးတွေကို ပြေးဖမ်းပြီးဆော့နေတဲ့ သမီးငယ်ကို ပြုံးပြီး ကြည့်တတ်တဲ့ ကိုကို ဒါပေမဲ့ အဲ့ဒီအပြုံးမှာ နာကျင်နေတဲ့ ဟန်တွေပါနေ၏။မျက်ရည်တွေ ဝဲပြီး သမီးငယ်ကို လွမ်းလွမ်းဆွေးဆွေးကြည့်နေတဲ့ ကိုကို့ရဲ့ ပုံစံက ထွေးပိုက်ချင်ပေမဲ့ မထွေးပိုက်ရဲတဲ့လူနဲ့တောင်တူသေး၏။
* ဘယ်အရာတွေက ကိုကို့ကို သမီးလေးကိုမချစ်ရဲအောင် တားဆီးနေတာလဲ ကိုကိုရယ်..ကိုကို့ရဲ့ အပြုမှုတွေကြောင့် ကိုကို့ကို ချစ်တဲ့ သမီးလေးက ညတိုင်း သူ့ပါးပါးအကြောင်း လက်ဟန်ခြေဟန်လေးတွေနဲ့ မေးပြီးငိုနေတာကို ကိုကိုသိလား..မောင့်ကို မုန်းတာနဲ့ သမီးလေးကိုတော့ မပစ်ပယ်ပါနဲ့ ကိုကိုရယ်...*
ထယ်ယောင်း အိပ်ရာဝင်တိုင်း ငိုနေတတ်တဲ့ သမီးအကြောင်းတွေးမိချိန်မှာတော့ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာသည်။သူလည်း ဆွံ့အနားမကြားဘာသာစကားသင်ထားတာမို့ သမီးလေးနဲ့ အလွယ်တကူပြောဆိုနိုင်တာမို့ သမီးလေးရဲ့ စိတ်အစုံကို နားလည်လာ၏။အရွယ်နဲ့ မလိုက်အောင် သိတတ်တဲ့ သမီးငယ်က သူ့ပါးပါးက ဗိုက်ထဲက ကလေးလေးတွေကို ဂရုစိုက်နေရတာကြောင့် သူ့ကို ပစ်ထားသလိုဖြစ်နေတာတဲ့ မွေးလာရင်အတူတူချစ်ပေးမှာဆိုပြီး ပြောပြလာသည်။သုံးနှစ်အရွယ်ကလေးအသိဉာဏ်နဲ့မလိုက်တွေးခေါ်တတ်ပုံလေးက ချစ်စရာလေးပင်...
မျက်ရည်တွေကို ခိုးသုတ်ပြီး အခုထိ သူ့ကို ဘာမှပြန်ပြီး စာရေးပြမလာသေးတဲ့ ကိုကိုကြောင့် ထယ်ယောင်း ကိုကိုရှေ့ဒူးထောက်ထိုင်နေရာကနေ ထကာ ထွက်သွားလိုက်၏။
* ကိုကိုစိတ်ချမ်းသာအောင် မောင် အဝေးကနေဘဲ စောင့်ရှောက်ပေးပါ့မယ်.. *
ထယ်ယောင်း ထွက်သွားမှာ အပြင်ကိုငေးနေတဲ့ ဂျောင်ဂုရဲ့ မျက်ဝန်းတွေထဲက မျက်ရည်တွေက အတားအဆီးမရှိ ဆင်းသက်လာသည်။
* အပြစ်!..ဟုတ်တယ်..ငါမင်းကို အပြစ်ပေးမှာ..ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး..ဆက်ဆက်အပြစ်ပေးမှာမလို့ မင်းက အချိန်ကျလာရင်ငါပေးတဲ့ အပြစ်ကို လက်ခံရမယ်.. *
မျက်ရည်တွေ ကြားကနာနာကျင်ကျင် ပြုံးလိုက်မိသည်။
* ငါမင်းကို ချစ်ရတဲ့သူတစ်ယောက်ကို ဆုံးရှုံးရတဲ့ ခံစားချက်က ဘယ်လိုမှန်းသိအောင် ပြပေးမှာမလို့ ခံနိုင်ရည်ရှိအောင် လုပ်ထားပါ..*
ပါးပေါ်က မျက်ရည်တွေကို သုတ်လိုက်ပြီး ပြီးတဲ့ အပတ်က ဆေးရုံသွားတာကို ပြန်မြင်ယောင်လာသည်။
~
~
~
လွန်ခဲ့သော တစ်ပတ်ခန့် ,
ဆေးရုံရက်ချန်းမို့ ဒရိုင်ဘာကို ခေါ်ပြီး ဒေါက်တာ့ဆီသွားလိုက်သည်။ဆေးရုံရောက်တော့ ဒရိုင်ဘာကို ကားနားစောင့်ခိုင်းထားပြီး တစ်ယောက်တည်း ဆေးရုံထဲဝင်သွားလိုက်၏။
တစ်ပတ်တစ်ခါလာနေကြမို့ ရောက်တာနဲ့ ဒေါက်တာ့ကို တန်းပြီးတွေ့ခွင့်ရသည်။ဒေါက်တာအခန်းထဲ ရောက်တော့ သူ့ကို ပြုံးပြလာကြတဲ့ သားဖွားမီးယပ် ဒေါက်တာနဲ့ နှလုံးအထူးကု ပင်...တကယ်ဆို တခြားဆီမို့ အတူတူကုပေးလို့မရဘူးဆိုပေမဲ့ သူ့ရဲ့ တောင်းဆိုမှုကြောင့် သားဖွားမီးယပ်ခန်းမှာပင် နှလုံးပစ္စည်းတွေယူလာပြီး ကုသပေးတာပင်...
ဘာကြောင့်လဲဆို သူဆေးရုံသွားတိုင်း ထိုလူက နောက်ကနေလိုက် ချောင်းနေမှန်းသိတာကြောင့် သူဒီလို တစ်ခန်းထဲ အတူကုပေးဖို့ တောင်းဆိုလိုက်တာပင်...သူ့အခြေနေကို သိတာကြောင့် ဒေါက်တာတွေကို မိသားစုတွေတွေကို သူအဆင်ပြေကြောင်းပြောဖို့ အကူညီတောင်းထားရသည်။
*~. ကင်မ်ဂျောင်ဂု..နှလုံးဆေးတွေ ပုံမှန်သောက်ဖြစ်လားး .~*
နှလုံးအထူးကုက ပြောတာကြောင့် ဂျောင်ဂုပြန်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
*~.ဆေးသောက်နေတာတောင် မင်းရဲ့ နှလုံးက တော်တော်ဆိုးနေပြီး..ဒီပုံစံအတိုင်းဆို.. ကလေးမွေးရင် ဒဏ်မခံနိုင်လောက်ဘူး မင်းရဲ့ နှလုံးက အတော် ပျက်ဆီးနေတဲ့ အဆင့်ရောက်နေပြီ ဆေးကလည်း မင်းရောဂါကို ဆက်ပြီးမထိန်းထားနိုင်တော့ဘူး ဆေးကလူကိုနိုင်နေပြီ...မပြောသင့်မှန်းသိပေမဲ့ ကလေးမွေးချိန်ကျရင် မင်းနဲ့ကလေး တစ်ယောက်ယောက် အသက်ဆုံးနိုင်တယ် .~*
ဒေါက်တာ့စာကြောင့် ဂျောင်ဂု မတုန်လှုပ်မိ..ဒီလို အခြေနေကိုသူတွေးပြီးသားလေ..အဲ့ကြောင့်ဘဲ သမီးလေး သူ့ကို အရမ်းကြီးခင်တွယ်နေရင် ခံစားနေရမှာဆိုးလို့ ဟိုလူနဲ့နေခိုင်းပြီး တမင်ရှောင်နေမိတာ...
*~.နှလုံးအထူးကုပြောတာ မှန်တယ် ဂျောင်ဂု ဒေါက်တာလည်း ဂျောင်ဂု ကလေးမွေးရာမှာ ပြဿနာရှိမှာစိုးရိမ်မိတယ်..သန္ဓေသားက ကောင်းကောင်းမွန်မွန်ကြီးထွားပေမဲ့ မွေးဖွားရခက်ခဲတာကြောင့် သူအတွက်လည်း စိုးရိမ်ရတယ်...အကောင်းဆုံးကတော့ အမျိုးသားနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ချက်တွေ ကြိုချထားရင်ကောင်းမယ်.~*
ဒေါက်တာ့ရဲ့ စာအဆုံးမှာ ဂျောင်ဂု ယဲ့ယဲ့လေးပြုံးလိုက်မိသည်။ဘာမှ ဆုံးဖြတ်စရာမလိုပါဘူး ..သူ ဒီကိုယ်ဝန်ကို စလွယ်တည်းက ဆုံးဖြတ်ချက်ခိုင်ခိုင်မှာမှာချထားပြီးသား..
*~.ဒေါက်တာတို့ ဘာကို ပြောမှန်း ကျွန်တော် နားလည်ပါတယ်..ဆုံးဖြတ်ချက်လည်း ချပြီးပါပြီ..ဘာတွေဘဲ ဖြစ်လာဖြစ်လာ ကျွန်တော့် အသက်ထက် ကလေးရဲ့ အသက်ကို ဦးစားပေးကယ်ပေးပါ..ကျွန်တော်တောင်းဆိုတာပါ.~*
သူရေးပေးတဲ့ စာကြောင့် ဆရာဝန်နှစ်ယောက်လုံးက သူ့ကို ဂရုနာသက်သလိုကြည့်လာ၏။
" ဆုံးဖြတ်ချက်မပြင်တော့ဘူးလား ဂျောင်ဂု.."
သူခေါင်းငြိမ့်ပြလိုက်တော့ ဒေါက်တာတွေလည်း မတားဆီးတော့ပေ..သူတို့က လူနာရဲ့ ဆန္ဒအတိုင်းလုပ်ပေးရမှာ တာဝန်လေ...
*~.ပြီးတော့ ကျွန်တော့်ရဲ့ ကျန်းမာရေးအကြောင်းကို ဒေါက်တာတို့ကလွှဲပြီး ကျန်တဲ့သူကို ပေးမသိစေချင်ဘူး ကျွန်တော် အကူညီတောင်းတာမို့ ကျွန်တော် ဘာမှမဖြစ်မချင်း ဘယ်သူ့ကိုမှ အသိမပေးလိုက်ပါနဲ့နော်..တောင်းဆိုတာပါ.~*
သူရေးပြတဲ့စာကြောင့် ဆရာဝန်နှစ်ယောက်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်သက်ပြင်းချလိုက်ပြီး ခေါင်းငြိမ့်ပြလာ၏။အသက်ရှင်ဖို့ မလိုတော့တဲ့ လူတစ်ဦးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရတာလောက် မွန်မြတ်တာမရှိဘူးလေ..။ဒေါက်တာတွေကိုကြည့်ပြီး သူကျေကျေနပ်နပ် ပြုံးလိုက်မိသည်။သူ့ဆုံးဖြတ်ချက်ကြောင့် ဝမ်းနည်းမိမှာမဟုတ်လို့ နောင်တဆိုတာမရှိ..
~
~
~
လွန်ခဲ့တဲ့တစ်ပတ်က အကြောင်းရာတွေကို သူစဉ်းစားပြီတာနဲ့ ငိုလာမိပြန်သည်။သူ့အတွက် အချိန်မကျန်တော့တာသိ၏။သမီးလေးကိုလည်း မခံစားစေချင်တာကြောင့် အဝေးမှာနေမိသည်။သူနဲ့ အနေမနီးရင် သမီးက သူ့ကြောင့် အရမ်းကြီးခံစားရမှာမဟုတ်ဘူးလေ... ထွေးပွေ့ချင်တာပေါ့..အနားမှာထားပြီးအိပ်ချင်တာပေါ့..ပါးဖောင်းဖောင်းလေးတွေကို အားပါးတရမွေးကြူချင်တာပေါ့ဒါပေမဲ့ ကိုယ်က ထားခဲ့ရမဲ့သူလေ ဂရုစိုက်ပြလိုက်လို့ သမီးက ကျန်ရစ်ခဲ့ချိန်မှာ အရမ်းနာကျင်ရမှာ..သူကရော..သူလည်းဘဲ သမီးကို ခွဲနိုင်မှာမဟုတ်လို့ကြိုပြီး သံယောဇဉ်ထိန်းထားရုံပါ..
သမီးအနားမှာရှိနေချိန်တိုင်း သမီးကိုခွဲခွာသွားရရင်ဆိုတဲ့ အတွေးကြီးကြောင့် ပါးပါး ထိတ်လန့်လာတယ်... သမီးကရော ပါးပါးလုပ်ရက်တွေမှန်တယ်လို့ထင်လား...
ဒါပေမဲ့ အခုတော့ ပါးပါး ပြင်မှရတော့မယ်ထင်တယ် ပါးပါးရဲ့ လက်ကျန်အချိန်မှာ သမီးလေးကို အပြည့်အဝမေတ္တာတွေ ပါးပါးပေးခဲ့ပါ့မယ်..ဒါမှ ငါ့သမီးလေးအရွယ်ရောက်လာရင် ပါးပါးကိုမေ့ရင်တောင် ပါးပါးရဲ့ မေတ္တာတွေကို ခံစားရဖူးတဲ့ အသိလေးတော့ ဝင်မိမှာ....ပါးပါးထွက်ခွာသွားရရင်တောင် သမီးလေးကို အရမ်းချစ်တဲ့ဖခင်တစ်ယောက်အနေနဲ့ဘဲ ထွက်ခွာသွားပါ့မယ်...ကျန်ရှိတဲ့ အချိန်မှာ သမီးတစ်ဘဝလုံးလုံလောက်မဲ့ မေတ္တာမျိုး ပါးပါးပေးခဲ့ပါ့မယ်..သမီးရယ်...
မျက်ရည်များစွာက ပါးပြင်ကနေတဆင့် ဗိုက်ပေါ်ကျသွားတော့ ကလေးလေးက ကန်လာသည်။
* ကလေးလေး...ကလေး လူ့လောကထဲရောက်တဲ့ အချိန်မှာ ပါးပါးမရှိတော့ရင် ကလေးက ပါးပါးကိုခွင့်လွှတ်ပေးနော်...ပါးပါးတောင်းပန်ပါတယ် ကလေးအတွက် မတရားမှန်းသိပေမဲ့ ပါးပါးလုပ်မှရမှာမလို့ ပါးပါးအသက်ထက် ကလေးရဲ့ အသက်က ပိုအရေးပါတာမို့ ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းလာနော် *
ခဏလေးပါဘဲ ဒီအချိန် နှစ်လဆိုတဲ့ ခဏလေးအတွင်းမှာ ပါးပါးကလေးနဲ့ အတူနေပေးပါ့မယ် သမီးကိုရော သေချာဂရုစိုက်ပေးပါ့မယ်...ဒါက ပါးပါးလုပ်နိုင်တဲ့ အရာတစ်ခုဘဲ ကလေးတို့ ....တကယ်တမ်း ကလေးတို့အပေါ်ရက်စက်တာ ဘယ်သူလဲလို့မေးရင် ကံတရားကို လွှဲမချဘဲ ပါးပါးလို့သာ ရဲရဲဝံ့ဝံ့ပြောလိုက်ပါကွယ် ပါးပါး နားလည်ပါတယ်...ကလေးတွေကို ရက်စက်သူက ပါးပါးကိုယ်တိုင်ဖြစ်နေလို့လေ..ပါးပါး ကလေးတို့ ဒယ်ဒီကို အပြစ်ပေးတာက ကလေးတို့အပေါ်ရက်စက်တယ်ဆိုတာ သိပေမဲ့ ပါးပါးပေးပါရစေ...
~
~
~
Good night ပါသဲငယ်လေးတို့ 😘💜💜💜💜💜💜💜
Thanks for votes, feedback and comment
I Love my readers forever ❤️
I PURPLE YOUR 💜
______________________________________
#Zawgyi #
" သမီးက ဘယ္သြားရမွာမို႔ အေစာႀကီး နိုးေနတာလဲ ဒယ္ဒီ.."
မနက္စာစာဝိုင္းမွာ အျဖဴေရာင္ ရွပ္အကၤ်ီေလးနဲ႕ ဂ်င္းျပာေရာင္ စကပ္ေလးဝတ္ထားတဲ့သမီးကို ၾကည့္ၿပီး ထယ္ေယာင္း ေမးလိုက္မိသည္။သမီးကေတာ့ မေန႕က သူနဲ႕ အိပ္ေပ်ာ္သြားေပမဲ့ သူနိုးေတာ့ မရွိေတာ့တာေၾကာင့္ မ်က္ႏွာေတာင္မသစ္နိုင္ဘဲ အေျပးအလႊားရွာမိတာ။ အခု မနက္စာစားေနတာေတြ႕မွ သက္ျပင္းခ်နိဳင္၏။
" ဪ..သားကို မေျပာရေသးဘူးဘဲ..ေျမးေလးက ေက်ာင္းတက္ေနၿပီေလ.."
"ဗ်ာ! "
မာမီ့စကားေၾကာင့္ ထယ္ေယာင္း အေတာ္ အံ့ဩသြား၏။
" ဟုတ္တယ္ သား..ေဂ်ာင္ဂုေလးက ေျမးေလးကို ေက်ာင္းထားေပးဖို႔ေျပာတာနဲ႕ မာမီတို႔လည္း ကိုယ္ပိုင္ေက်ာင္းမသန္စြမ္းေက်ာင္း မွာ သြားၿပီး မူႀကိဳအပ္ေပးထားတာ ေျမးေလးေတာင္ အခု ဆြံ႕အနားမၾကားဘာသာစကားနည္းနည္းေျပာတတ္ေနၿပီ..
မာမီ့ စကားေၾကာင့္ မနက္စာ ေပါင္မုန႔္ယိုသုတ္ေလးကို စားေနတဲ့ သမီးငယ္ကို ၾကည့္လိုက္မိ၏။ကိုကိုက သမီးအတြက္ ေတာ္ေတာ္ေလး စဥ္းစားေပးခဲ့တာဘဲ...သူလည္း ဆြံ႕အနားမၾကား ဘာသာ သင္ၾကားရမည္။ သမီးေလးနဲ႕ဆက္သြယ္လို႔ရေအာင္...
" ဒါဆို သားေရသြားခ်ိဳးလိုက္အုံးမယ္ .. ၿပီးရင္ သမီးေလးကို သားဘဲ ေက်ာင္းလိုက္ပို႔လိုက္မယ္ေနာ္...ဒါနဲ႕ ကိုကိုေရာ မနက္စာလာမစားဘူးလား.."
" ခဏေနက်ရင္ ဆင္းလာမယ္ထင္တယ္.."
" ဟုတ္လား~...ေဒၚႀကီးဂ်ဳး.."
ထယ္ေယာင္း မာမီ့စကားေၾကာင့္ ေဒၚႀကီးကို လွမ္းေခၚလိုက္ေတာ့ မီးဖိုခန္းထဲကေန ထမင္းစားခန္းထဲ ကူးလားတဲ့ ေဒၚႀကီး...
" ကိုကိုဆင္းလာရင္ ကိုကို႔အတြက္ မနက္စာဘာစီစီဥ္ထားလဲ.."
" အာ! ေဂ်ာင္ဂုေလးအတြက္...ေပါင္မုန႔္နဲ႕ ႏြားနို႔ စီစဥ္ထားတယ္.."
" အင္း..ေကာင္းပါတယ္ ဒါနဲ႕ မေန႕ကေရာ ဘာစီစဥ္ေပးလဲ.."
" မေန႕ကလည္း ႏြားနို႔နဲ႕ ေပါင္မုန႔္ဘဲေလ..သားထယ္.."
" ဟမ္! ႏွစ္ရက္ဆက္တိုက္ဆိုရင္ ကိုကို စားခ်င္မွာမဟုတ္ဘူး.."
" ေဒၚႀကီး သိပါတယ္ ဒါေပမဲ့ ေဂ်ာင္ဂုေလးက ဘာစားခ်င္တယ္ သာညာမေျပာေတာ့ ေဒၚႀကီးတို႔လည္း ခႏၶာကိုယ္အတြက္ အားရွိတဲ့ဟာေလးေတြဘဲ ေကြၽးေနတာ.."
ဟုတ္တယ္ေလ ေဂ်ာင္ဂုေလးက ႏူးႏူးေလး ကိုယ္ဝန္တုန္းကလို ဘယ္ဟာစားခ်င္တယ္ မစားခ်င္ဘူး မေျပာဘဲ စိတ္ပါမွ လုပ္ေပးတဲ့ အစားအေသာက္ေတြကို ကုန္ေအာင္စားတာ...တစ္ခါတစ္ေလဆို တို႔တိတို႔နန႔္နဲ႕ နည္းနည္းသာစားၿပီး ထသြားတတ္သည္။အဲ့လို အခါမ်ိဳးဆို သူတို႔ဘယ္လိုလုပ္ရမွန္းမသိ..ေပါင္မုန႔္နဲ႕ႏြားနို႔ဆိုရင္ေတာ့ အကုန္လုံးမကုန္ေတာင္ တစ္ဝက္ေလာက္စားသြားတတ္တာေၾကာင့္ သူတို႔လုပ္ေကြၽးျဖစ္၏။
" ဟူးးး ဒါဆို အိမ္မွာ ဝက္သုံးထပ္သားရွိတယ္မလား..."
" ရွိတယ္ သားထယ္.."
" ဟုတ္ၿပီး ကြၽန္ေတာ့္ကို ဝက္သုံးထပ္သားကင္ဖို႔နဲ႕ ခ႐ုဆန္ျပဳတ္ေလးျပဳတ္ဖို႔ ျပင္ေပးထားေနာ္ ကြၽန္ေတာ္ ေရခ်ိဳးၿပီး ဆင္းလာခဲ့မယ္.."
ထယ္ေယာင္းက ေျပာၿပီး အေပၚထပ္ေျပးတက္သြားကာ ေရကပ်ာကယာခ်ိဳးလိုက္သည္။ၿပီးမွ ကိုကိုဆင္းလာရင္ စားလို႔ရေအာင္ ခ်က္လိုက္၏။အားလုံးျပင္ဆင္ၿပီးေဝာာ့ အေပၚထပ္ကေန ဗိုက္ပူပူေလးကိုင္ကာဆင္းလာတဲ့ ကိုကို႔ကိုေတြ႕တာေၾကာင့္ ထယ္ေယာင္း အေျပးသြားၿပီးေခၚလိုက္သည္။
"ေျဖးေျဖး! ကိုကို~ ေျဖးေျဖး! .."
ထယ္ေယာင္းက ေလွကား အေပၚထပ္နားမွာရွိေနတဲ့ ကိုကိုဆီသြားကာ လက္ေမာင္းေလးကို ကိုင္ၿပီးေျပာလိုက္ေတာ့ ကိုကိုက သူ႕ကို တစ္ခ်က္သာေမာ့ၾကည့္ၿပီး သူကိုင္ထားတဲ့ လက္ကို ႐ုန္းလိုက္၏။ေလွကားအတက္အဆင္းနားမွာမို႔ ကိုကိုတစ္ခုခုျဖစ္သြားမွာဆိုးၿပီး ထယ္ေယာင္းလႊတ္ေပးလိုက္သည္။
" ေမာင္ ကိုင္တာမႀကိဳက္ရင္ မကိုင္ေတာ့ဘူးေနာ္ ."
ထယ္ေယာင္း ငိုခ်င္ေနတာကို ထိန္းၿပီး ေျပာလိုက္သည္။သူ႕မွာ ကိုကို႔အသားေတာင္ ထိခြင့္မရွိေတာ့ပါလား...
* ေမာင့္အမွားေတြပါ ကိုကို..ေမာင့္အမွားပါ...*
ေလွကားလက္ရန္းတစ္ဖက္ကို ထိန္းကိုင္ၿပီး ဆင္းဖို႔ႀကံေနတဲ့ ကိုကို႔ေၾကာင့္ ထယ္ေယာင္း ေဒၚႀကီးဂ်ဳးကို လွမ္းေခၚလိုက္ရ၏။
" ေဒၚႀကီးေရ..ကိုကို႔ကို လာတြဲေပးပါအုံး "
" ဟုတ္ၿပီ သားထယ္ "
ေဒၚႀကီးဂ်ဳးလာၿပီး တြဲမွ အတြဲခံၿပီး ေလွကားေပၚကဆင္းလိုက္သည္။အေနာက္ကေန ထယ္ေယာင္းက မ်က္ရည္ဝဲေနတဲ့ မ်က္ဝန္းညိုေတြနဲ႕ ေရွ႕က ေဂ်ာင္ဂုရဲ႕ေက်ာျပင္ေလးကိုေငးၿပီး ပါလာတာကို သူတို႔လွည့္ၾကည့္မိရင္ ေတြ႕မွာအမွန္...
ထယ္ေယာင္း စိတ္ထဲဝမ္းနည္းမႈေတြသာ ႀကီးစိုးေနသည္။သူ႕ႏွလုံးသားက ကိုကိုနဲ႕ ပတ္သတ္ရင္ အေသးအဖြဲေလးက အစ အထိမနခံနိုင္ေပ...ဒီေလွကားး အင္းးးး ဒီေလွကားကိုေလ..ႏူးႏူးေလး ကိုယ္ဝန္နဲ႕ တုန္းက မေရတြက္နိုင္ေအာင္ သူေပြ႕ခ်ီေပးၿပီးဆင္းေနၾက...သူ႕ရင္ခြင္မွာ ေခါင္းေလးမွီၿပီး သူ႕လည္ပင္းကို ဖက္သိုင္းထားတဲ့ ကိုကိုရဲ႕ ပုံရိပ္ေယာင္ေတြကို ျမင္ေယာင္လာေလ အရင္ခ်ိန္ကို ျပန္တမ္းတၿပီးငိုခ်င္ေလ..
ေနာင္တက ေနာင္မွရၿပီးတမ္းတရမွန္းသူသိခ်ိန္က ေနာက္က်ေနၿပီေလ...ထိန္းမထားနိုင္တဲ့ စိတ္အစုံက ထမင္းစားခန္းထဲေတာင္မဝင္နိုင္ဘဲ ေလွကားရင္းမွာ ထိုင္ကာ ငိုခ်လိဳက္မိသည္။
* ေမာင္တို႔ အရင္လို ျပန္မျဖစ္နိုင္ေတာ့ဘူးလား ကိုကို...ေမာင္ မွားမွန္းသိပါတယ္ .. ေမာင့္ေၾကာင့္ ရင္ေသြးေလးဆုံးရႈံးရတာလည္း သိပါတယ္ အဲ့ အမွားကျပင္လို႔မရမွန္းသိေပမဲ့ ေမာင့္ကို အရင္လိုျပန္လက္ခံေပးပါ ကိုကို...ေမာင္တို႔ အရင္လို ျပန္မျဖစ္နိုင္ေတာ့ဘူးလား..*
* ေမာင္သာ ဇြဲမေလ်ာ့ဘဲ ႀကိဳးစားရင္ ကိုကိုနဲ႕ ျပန္အဆင္ေျပေလာက္မွာပါ..ဟုတ္တယ္ ထယ္ေယာင္း မင္းႀကိဳစားရမယ္...ဒီေလာက္ေလးနဲ႕ လက္မေလ်ာ့သင့္ဘူး ကိုကိုက စိတ္အမွတ္ႀကီးတတ္သူဆိုေပမဲ့ မင္းသူ႕အေပၚထားတဲ့ အခ်စ္ကပိုမ်ားတာမို႔ မင္းရဲ႕ အခ်စ္ေတြနဲ႕ ကိုကို႔ကို အရင္လိုျပန္ျဖစ္ေအာင လုပ္ရမယ္..*
ငိုေနရာကေနထကာ မ်က္ရည္ေတြကို သုတ္ၿပီး အားျပန္တင္းလိုက္သည္။သူကိုကို႔ကို ခ်စ္တာ အသက္ထက္ပိုၿပီး ခ်စ္တာ....ေမာင့္အခ်စ္ကို ေမာင္ယုံတယ္ ကိုကို..
ထမင္းစားခန္းထဲမဝင္ဘဲ အေပါက္ကေန သူခ်က္ေပးထားတဲ့ ဆန္ျပဳတ္နဲ႕ ဝက္သုံးထပ္သားကင္ကို အားပါးတရစားေနတဲ့ ကိုကိုေၾကာင့္ ၿပဳံးလိုက္မိသည္။သမီးငယ္ကလည္း သူ႕ပါးပါးကို ၾကည့္ၿပီး ၿပဳံးၿပဳံးေလးျဖစ္ေန၏။
~
~
~
*~.ကိုကို ေဆး႐ုံသြားရင္ ေမာင္လိုက္ပို႔မယ္ေလ.~*
မနက္ျဖန္ေဆး႐ုံသြားရမဲ့ ရက္ခ်ိန္းမို႔ ထယ္ေယာင္းက လိုက္ပို႔မယ္ဆိုၿပီး စာေရးျပေတာ့ ေခါင္းခါၿပီး မလိုေၾကာင္း ေျပာလာတဲ့ ကိုကို...ကိုယ္ဝန္က ခုႏွစ္လတည္းဝင္ေနၿပီမို႔ ထယ္ေယာင္းက တစ္ေယာက္တည္းေဆး႐ုံသြားမွာကို လက္မခံခ်င္ေတာ့ေပ...မာမီ့ကိုလည္း မေခၚဘဲ ဒရိုင္ဘာနဲ႕သာ သြားတတ္တဲ့ ကိုကို...သူကိုဆို အခုထိအနားအကပ္မခံေသး...
ေဆး႐ုံသြားတိုင္း ေနာက္ကကားတစ္စီးနဲ႕ ကိုကိုမသိေအာင္ လိုက္ေခ်ာင္းခဲ့ေပမဲ့ သားဖြားမီးယပ္ခန္းက အသံလုံတာမလို႔ ထယ္ေယာင္းမွာ ဘာစကားမွမၾကားရ ေဒါက္တာ့ကို ဖုန္းဆက္ေမးေတာ့လည္း အေျခေနေကာင္းပါတယ္ သူ႕ကို စိတ္ခ်မ္းသာေအာင္ထားပါဆိုတဲ့ စကားလုံးေတြက လႊဲၿပီးဘာမွမေျပာ...
*~.ကိုကို..ေမာင့္ကို စိတ္ဆိုးမေျပေသးဘူးလား..ေမာင္ေတာင္းပန္ပါတယ္ အရင္လို ေမာင္တို႔မိသားစုေလးေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျပန္ေနၾကမယ္ေလ.~*
သူစာကိုေတာ့ အေရးတယူလုပ္ၿပီးဖတ္ေပးေသးတာမို႔ ေက်းဇူးတင္မိသည္။ဒါေပမဲ့ ဖတ္ၿပီးတာနဲ႕ မသိခ်င္ေယာင္ေဆာင္ေနတဲ့ ကိုကို...
ထယ္ေယာင္း အေဝးကိုေငးေနတဲ့ ကိုကို႔ရဲ႕ မ်က္ႏွာေလးကို ေငးစိုက္ၾကည့္ေနမိသည္။ ပိန္သြားတဲ့ကိုယ္လုံးေလးက ေသးေကြးလာၿပီး...ပါးေဖာင္းေဖာင္းေလးေတြေတာင္ ေပ်ာက္ခ်င္သလိုပင္..ႏႈတ္ခမ္းေလးေတြကလည္း အရင္လို ပန္းေသြးမႂကြေတာ့ဘဲ ျဖဴျဖဴေဖ်ာ့ေဖ်ာ့ေလးသာ...မ်က္ႏွာေလးကလည္း မလန္းဆန္းဘဲ ေငးငိုင္ေနတတ္တဲ့ ကိုကို...
ကိုကိုရဲ႕ ဒီလိုပုံစံက သူ႕ကို ရင္ေတြနာေစသည္။သူကိုယ္တိုင္ အာဟာရရွိတဲ့ အစာေတြကို ကိုယ္တိုင္လုပ္ေပးၿပီးေကြၽးေသာ္လည္း အစားေကာင္းေကာင္းမစားနိုင္ေတာ့တဲ့ ကိုကို..တစ္ခါတစ္ေလ မိုး႐ြာတာကို ေငးၾကည့္ေနတတ္သည္။အခုက မိုးဦးထဲေရာက္ေနေတာ့ တစ္ပတ္တစ္ခါေလာက္ေတာ့ မိုး႐ြာ၏။မိုး႐ြာတာကို ေငးေနတဲ့ ကိုကိုက အရင္က သူတို႔မိုး႐ြာထဲေဆာ့ကစားတာကို ျပန္ၿပီး ျမင္ေယာင္ေနမလား။အဲ့အခ်ိန္ေတြတုန္းက ကိုကို႔ရဲ႕မ်က္ႏွာမွာ ၿပဳံးရိပ္ေတြဘဲရွိေနတာ...ေမာင္က အရမ္းဆိုးတဲ့ လူဘဲေနာ္ ကိုကို..ကိုကို႔ကို ေပ်ာ္႐ႊင္ေအာင္ထားေပးပါ့မယ္လို႔ေျပာၿပီး ေမာင့္ေၾကာင့္ ကိုကို႔ရဲ႕ ေပ်ာ္႐ႊင္မႈေတြ ေပ်ာက္သုဥ္းရတယ္...ေမာင္က အသုံးမက်တဲ့ လူဘဲ ကိုကို..
*~.ကိုကို..ေမာင့္ကို အရင္လို ဂ႐ုစိုက္ခြင့္ျပန္ေပးပါေနာ္..ေမာင္ကို အခြင့္ေရးေလးေပးပါ..ေမာင္ကို အဲ့လို လစ္လ်ဴမရႈပါနဲ႕ ကိုကိုရယ္...ကိုကို မေက်နပ္ဘူးဆို ေမာင့္ကို အျပစ္ေပးပါေနာ္..ကိုကိုေပးတဲ့ အျပစ္ကိုေမာင္ခံယူမွာမို႔ ကိုကိုက ေမာင့္ကို ခြင့္လႊတ္ေပးပါ.~*
ထယ္ေယာင္း စာကို ဖတ္ၿပီး ကိုကိုက ေငးၿမဲသာေငးေနသည္။သူရွိခ်ိန္တိုင္း တျခားတစ္ဖက္သို႔ လည္ပင္းလိမ္မတက္ေဆာင္းထားတတ္တဲ့ကိုကိုက သူ႕ကို မျမင္ေတြ႕လိုမွန္းသိသာသည္။ ခ်စ္ရသူရဲ႕ဥေပကၡာ ျပဳတာကို ရေနတဲ့သူကေတာ့ ႏွလုံးအစုံက ကြဲေၾကသလိုခံစားရ၏။ကိုကို႔ရဲ႕ သူစိမ္းဆန္မႈေတြက သူ႕အတြက္ေတာ့ ငရဲမီးထက္ ပူေလာင္မႈကို ေပးစြမ္းနိုင္သည္။ဒီေတာ့ ကိုကိုေပးတဲ့ အျပစ္ကို ခံယူၿပီး ေက်ေအးေအာင္လုပ္မိခ်င္တာ ဆႏၵအမွန္...
" ကိုကို~.."
မခ်ိတင္ကဲသံနဲ႕ေခၚလိုက္မိေပမဲ့ မၾကားရတဲ့ ကိုကိုက လုံးဝလွည့္ၾကည့္မလာ...သူ႕ဘက္က စၿပီး စာေတြေရးျပ စကားေတြေျပာေနေပမဲ့ ကိုကိုကေတာ့ ေခါင္းၿငိမ့္ေခါင္းခါကလႊဲၿပီး အရယ္အၿပဳံးဆိုတာမရွိေတာ့...
သမီးေလးကိုလည္း သူျပန္ေရာက္တည္းက သူနဲ႕ အတူအိပ္ေစတဲ့ ကိုကို..ၿပီးေတာ့ အရင္ကေလာက္ သမီးနားကိုလည္း မကပ္ေတာ့ေပ...သမီးကိုသိသိသာသာေရွာင္လာသလို အရင္တုန္းကေလာက္ သမီးအေပၚမွာ ဂ႐ုမစိုက္ေတာ့ေပ..က်ဳကိုရဲ႕အျပဳမႈေတြေၾကာင့္ ထယ္ေယာင္း ဇေဝဇဝါျဖစ္မိ၏။တစ္ခါတစ္ေလ ၿခံထဲမွာ လိပ္ျပာေလးေတြကို ေျပးဖမ္းၿပီးေဆာ့ေနတဲ့ သမီးငယ္ကို ၿပဳံးၿပီး ၾကည့္တတ္တဲ့ ကိုကို ဒါေပမဲ့ အဲ့ဒီအၿပဳံးမွာ နာက်င္ေနတဲ့ ဟန္ေတြပါေန၏။မ်က္ရည္ေတြ ဝဲၿပီး သမီးငယ္ကို လြမ္းလြမ္းေဆြးေဆြးၾကည့္ေနတဲ့ ကိုကို႔ရဲ႕ ပုံစံက ေထြးပိုက္ခ်င္ေပမဲ့ မေထြးပိုက္ရဲတဲ့လူနဲ႕ေတာင္တူေသး၏။
* ဘယ္အရာေတြက ကိုကို႔ကို သမီးေလးကိုမခ်စ္ရဲေအာင္ တားဆီးေနတာလဲ ကိုကိုရယ္..ကိုကို႔ရဲ႕ အျပဳမႈေတြေၾကာင့္ ကိုကို႔ကို ခ်စ္တဲ့ သမီးေလးက ညတိုင္း သူ႕ပါးပါးအေၾကာင္း လက္ဟန္ေျခဟန္ေလးေတြနဲ႕ ေမးၿပီးငိုေနတာကို ကိုကိုသိလား..ေမာင့္ကို မုန္းတာနဲ႕ သမီးေလးကိုေတာ့ မပစ္ပယ္ပါနဲ႕ ကိုကိုရယ္...*
ထယ္ေယာင္း အိပ္ရာဝင္တိုင္း ငိုေနတတ္တဲ့ သမီးအေၾကာင္းေတြးမိခ်ိန္မွာေတာ့ မ်က္ရည္ေတြ ပိုးပိုးေပါက္ေပါက္ က်လာသည္။သူလည္း ဆြံ႕အနားမၾကားဘာသာစကားသင္ထားတာမို႔ သမီးေလးနဲ႕ အလြယ္တကူေျပာဆိုနိုင္တာမို႔ သမီးေလးရဲ႕ စိတ္အစုံကို နားလည္လာ၏။အ႐ြယ္နဲ႕ မလိုက္ေအာင္ သိတတ္တဲ့ သမီးငယ္က သူ႕ပါးပါးက ဗိုက္ထဲက ကေလးေလးေတြကို ဂ႐ုစိုက္ေနရတာေၾကာင့္ သူ႕ကို ပစ္ထားသလိုျဖစ္ေနတာတဲ့ ေမြးလာရင္အတူတူခ်စ္ေပးမွာဆိုၿပီး ေျပာျပလာသည္။သုံးႏွစ္အ႐ြယ္ကေလးအသိဉာဏ္နဲ႕မလိုက္ေတြးေခၚတတ္ပုံေလးက ခ်စ္စရာေလးပင္...
မ်က္ရည္ေတြကို ခိုးသုတ္ၿပီး အခုထိ သူ႕ကို ဘာမွျပန္ၿပီး စာေရးျပမလာေသးတဲ့ ကိုကိုေၾကာင့္ ထယ္ေယာင္း ကိုကိုေရွ႕ဒူးေထာက္ထိုင္ေနရာကေန ထကာ ထြက္သြားလိုက္၏။
* ကိုကိုစိတ္ခ်မ္းသာေအာင္ ေမာင္ အေဝးကေနဘဲ ေစာင့္ေရွာက္ေပးပါ့မယ္.. *
ထယ္ေယာင္း ထြက္သြားမွာ အျပင္ကိုေငးေနတဲ့ ေဂ်ာင္ဂုရဲ႕ မ်က္ဝန္းေတြထဲက မ်က္ရည္ေတြက အတားအဆီးမရွိ ဆင္းသက္လာသည္။
* အျပစ္!..ဟုတ္တယ္..ငါမင္းကို အျပစ္ေပးမွာ..ဒါေပမဲ့ အခုေတာ့ မဟုတ္ေသးဘူး..ဆက္ဆက္အျပစ္ေပးမွာမလို႔ မင္းက အခ်ိန္က်လာရင္ငါေပးတဲ့ အျပစ္ကို လက္ခံရမယ္.. *
မ်က္ရည္ေတြ ၾကားကနာနာက်င္က်င္ ၿပဳံးလိုက္မိသည္။
* ငါမင္းကို ခ်စ္ရတဲ့သူတစ္ေယာက္ကို ဆုံးရႈံးရတဲ့ ခံစားခ်က္က ဘယ္လိုမွန္းသိေအာင္ ျပေပးမွာမလို႔ ခံနိုင္ရည္ရွိေအာင္ လုပ္ထားပါ..*
ပါးေပၚက မ်က္ရည္ေတြကို သုတ္လိုက္ၿပီး ၿပီးတဲ့ အပတ္က ေဆး႐ုံသြားတာကို ျပန္ျမင္ေယာင္လာသည္။
~
~
~
လြန္ခဲ့ေသာ တစ္ပတ္ခန႔္ ,
ေဆး႐ုံရက္ခ်န္းမို႔ ဒရိုင္ဘာကို ေခၚၿပီး ေဒါက္တာ့ဆီသြားလိုက္သည္။ေဆး႐ုံေရာက္ေတာ့ ဒရိုင္ဘာကို ကားနားေစာင့္ခိုင္းထားၿပီး တစ္ေယာက္တည္း ေဆး႐ုံထဲဝင္သြားလိုက္၏။
တစ္ပတ္တစ္ခါလာေနၾကမို႔ ေရာက္တာနဲ႕ ေဒါက္တာ့ကို တန္းၿပီးေတြ႕ခြင့္ရသည္။ေဒါက္တာအခန္းထဲ ေရာက္ေတာ့ သူ႕ကို ၿပဳံးျပလာၾကတဲ့ သားဖြားမီးယပ္ ေဒါက္တာနဲ႕ ႏွလုံးအထူးကု ပင္...တကယ္ဆို တျခားဆီမို႔ အတူတူကုေပးလို႔မရဘူးဆိုေပမဲ့ သူ႕ရဲ႕ ေတာင္းဆိုမႈေၾကာင့္ သားဖြားမီးယပ္ခန္းမွာပင္ ႏွလုံးပစၥည္းေတြယူလာၿပီး ကုသေပးတာပင္...
ဘာေၾကာင့္လဲဆို သူေဆး႐ုံသြားတိုင္း ထိုလူက ေနာက္ကေနလိုက္ ေခ်ာင္းေနမွန္းသိတာေၾကာင့္ သူဒီလို တစ္ခန္းထဲ အတူကုေပးဖို႔ ေတာင္းဆိုလိုက္တာပင္...သူ႕အေျခေနကို သိတာေၾကာင့္ ေဒါက္တာေတြကို မိသားစုေတြေတြကို သူအဆင္ေျပေၾကာင္းေျပာဖို႔ အကူညီေတာင္းထားရသည္။
*~. ကင္မ္ေဂ်ာင္ဂု..ႏွလုံးေဆးေတြ ပုံမွန္ေသာက္ျဖစ္လားး .~*
ႏွလုံးအထူးကုက ေျပာတာေၾကာင့္ ေဂ်ာင္ဂုျပန္ၿပီး ေခါင္းၿငိမ့္ျပလိုက္သည္။
*~.ေဆးေသာက္ေနတာေတာင္ မင္းရဲ႕ ႏွလုံးက ေတာ္ေတာ္ဆိုးေနၿပီး..ဒီပုံစံအတိုင္းဆို.. ကေလးေမြးရင္ ဒဏ္မခံနိုင္ေလာက္ဘူး မင္းရဲ႕ ႏွလုံးက အေတာ္ ပ်က္ဆီးေနတဲ့ အဆင့္ေရာက္ေနၿပီ ေဆးကလည္း မင္းေရာဂါကို ဆက္ၿပီးမထိန္းထားနိုင္ေတာ့ဘူး ေဆးကလူကိုနိုင္ေနၿပီ...မေျပာသင့္မွန္းသိေပမဲ့ ကေလးေမြးခ်ိန္က်ရင္ မင္းနဲ႕ကေလး တစ္ေယာက္ေယာက္ အသက္ဆုံးနိုင္တယ္ .~*
ေဒါက္တာ့စာေၾကာင့္ ေဂ်ာင္ဂု မတုန္လႈပ္မိ..ဒီလို အေျခေနကိုသူေတြးၿပီးသားေလ..အဲ့ေၾကာင့္ဘဲ သမီးေလး သူ႕ကို အရမ္းႀကီးခင္တြယ္ေနရင္ ခံစားေနရမွာဆိုးလို႔ ဟိုလူနဲ႕ေနခိုင္းၿပီး တမင္ေရွာင္ေနမိတာ...
*~.ႏွလုံးအထူးကုေျပာတာ မွန္တယ္ ေဂ်ာင္ဂု ေဒါက္တာလည္း ေဂ်ာင္ဂု ကေလးေမြးရာမွာ ျပႆနာရွိမွာစိုးရိမ္မိတယ္..သႏၶေသားက ေကာင္းေကာင္းမြန္မြန္ႀကီးထြားေပမဲ့ ေမြးဖြားရခက္ခဲတာေၾကာင့္ သူအတြက္လည္း စိုးရိမ္ရတယ္...အေကာင္းဆုံးကေတာ့ အမ်ိဳးသားနဲ႕ တိုင္ပင္ၿပီး ဆုံးျဖတ္ခ်က္ေတြ ႀကိဳခ်ထားရင္ေကာင္းမယ္.~*
ေဒါက္တာ့ရဲ႕ စာအဆုံးမွာ ေဂ်ာင္ဂု ယဲ့ယဲ့ေလးၿပဳံးလိုက္မိသည္။ဘာမွ ဆုံးျဖတ္စရာမလိုပါဘူး ..သူ ဒီကိုယ္ဝန္ကို စလြယ္တည္းက ဆုံးျဖတ္ခ်က္ခိုင္ခိုင္မွာမွာခ်ထားၿပီးသား..
*~.ေဒါက္တာတို႔ ဘာကို ေျပာမွန္း ကြၽန္ေတာ္ နားလည္ပါတယ္..ဆုံးျဖတ္ခ်က္လည္း ခ်ၿပီးပါၿပီ..ဘာေတြဘဲ ျဖစ္လာျဖစ္လာ ကြၽန္ေတာ့္ အသက္ထက္ ကေလးရဲ႕ အသက္ကို ဦးစားေပးကယ္ေပးပါ..ကြၽန္ေတာ္ေတာင္းဆိုတာပါ.~*
သူေရးေပးတဲ့ စာေၾကာင့္ ဆရာဝန္ႏွစ္ေယာက္လုံးက သူ႕ကို ဂ႐ုနာသက္သလိုၾကည့္လာ၏။
" ဆုံးျဖတ္ခ်က္မျပင္ေတာ့ဘူးလား ေဂ်ာင္ဂု.."
သူေခါင္းၿငိမ့္ျပလိုက္ေတာ့ ေဒါက္တာေတြလည္း မတားဆီးေတာ့ေပ..သူတို႔က လူနာရဲ႕ ဆႏၵအတိုင္းလုပ္ေပးရမွာ တာဝန္ေလ...
*~.ၿပီးေတာ့ ကြၽန္ေတာ့္ရဲ႕ က်န္းမာေရးအေၾကာင္းကို ေဒါက္တာတို႔ကလႊဲၿပီး က်န္တဲ့သူကို ေပးမသိေစခ်င္ဘူး ကြၽန္ေတာ္ အကူညီေတာင္းတာမို႔ ကြၽန္ေတာ္ ဘာမွမျဖစ္မခ်င္း ဘယ္သူ႕ကိုမွ အသိမေပးလိုက္ပါနဲ႕ေနာ္..ေတာင္းဆိုတာပါ.~*
သူေရးျပတဲ့စာေၾကာင့္ ဆရာဝန္ႏွစ္ေယာက္က တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္သက္ျပင္းခ်လိဳက္ၿပီး ေခါင္းၿငိမ့္ျပလာ၏။အသက္ရွင္ဖို႔ မလိုေတာ့တဲ့ လူတစ္ဦးရဲ႕ဆႏၵကိုျဖည့္ဆည္းေပးရတာေလာက္ မြန္ျမတ္တာမရွိဘူးေလ..။ေဒါက္တာေတြကိုၾကည့္ၿပီး သူေက်ေက်နပ္နပ္ ၿပဳံးလိုက္မိသည္။သူ႕ဆုံးျဖတ္ခ်က္ေၾကာင့္ ဝမ္းနည္းမိမွာမဟုတ္လို႔ ေနာင္တဆိုတာမရွိ..
~
~
~
လြန္ခဲ့တဲ့တစ္ပတ္က အေၾကာင္းရာေတြကို သူစဥ္းစားၿပီတာနဲ႕ ငိုလာမိျပန္သည္။သူ႕အတြက္ အခ်ိန္မက်န္ေတာ့တာသိ၏။သမီးေလးကိုလည္း မခံစားေစခ်င္တာေၾကာင့္ အေဝးမွာေနမိသည္။သူနဲ႕ အေနမနီးရင္ သမီးက သူ႕ေၾကာင့္ အရမ္းႀကီးခံစားရမွာမဟုတ္ဘူးေလ... ေထြးေပြ႕ခ်င္တာေပါ့..အနားမွာထားၿပီးအိပ္ခ်င္တာေပါ့..ပါးေဖာင္းေဖာင္းေလးေတြကို အားပါးတရေမြးၾကဴခ်င္တာေပါ့ဒါေပမဲ့ ကိုယ္က ထားခဲ့ရမဲ့သူေလ ဂ႐ုစိုက္ျပလိုက္လို႔ သမီးက က်န္ရစ္ခဲ့ခ်ိန္မွာ အရမ္းနာက်င္ရမွာ..သူကေရာ..သူလည္းဘဲ သမီးကို ခြဲနိုင္မွာမဟုတ္လို႔ႀကိဳၿပီး သံေယာဇဥ္ထိန္းထား႐ုံပါ..
သမီးအနားမွာရွိေနခ်ိန္တိုင္း သမီးကိုခြဲခြာသြားရရင္ဆိုတဲ့ အေတြးႀကီးေၾကာင့္ ပါးပါး ထိတ္လန႔္လာတယ္... သမီးကေရာ ပါးပါးလုပ္ရက္ေတြမွန္တယ္လို႔ထင္လား...
ဒါေပမဲ့ အခုေတာ့ ပါးပါး ျပင္မွရေတာ့မယ္ထင္တယ္ ပါးပါးရဲ႕ လက္က်န္အခ်ိန္မွာ သမီးေလးကို အျပည့္အဝေမတၱာေတြ ပါးပါးေပးခဲ့ပါ့မယ္..ဒါမွ ငါ့သမီးေလးအ႐ြယ္ေရာက္လာရင္ ပါးပါးကိုေမ့ရင္ေတာင္ ပါးပါးရဲ႕ ေမတၱာေတြကို ခံစားရဖူးတဲ့ အသိေလးေတာ့ ဝင္မိမွာ....ပါးပါးထြက္ခြာသြားရရင္ေတာင္ သမီးေလးကို အရမ္းခ်စ္တဲ့ဖခင္တစ္ေယာက္အေနနဲ႕ဘဲ ထြက္ခြာသြားပါ့မယ္...က်န္ရွိတဲ့ အခ်ိန္မွာ သမီးတစ္ဘဝလုံးလုံေလာက္မဲ့ ေမတၱာမ်ိဳး ပါးပါးေပးခဲ့ပါ့မယ္..သမီးရယ္...
မ်က္ရည္မ်ားစြာက ပါးျပင္ကေနတဆင့္ ဗိုက္ေပၚက်သြားေတာ့ ကေလးေလးက ကန္လာသည္။
* ကေလးေလး...ကေလး လူ႕ေလာကထဲေရာက္တဲ့ အခ်ိန္မွာ ပါးပါးမရွိေတာ့ရင္ ကေလးက ပါးပါးကိုခြင့္လႊတ္ေပးေနာ္...ပါးပါးေတာင္းပန္ပါတယ္ ကေလးအတြက္ မတရားမွန္းသိေပမဲ့ ပါးပါးလုပ္မွရမွာမလို႔ ပါးပါးအသက္ထက္ ကေလးရဲ႕ အသက္က ပိုအေရးပါတာမို႔ ေကာင္းေကာင္းမြန္မြန္နဲ႕ ႀကီးျပင္းလာေနာ္ *
ခဏေလးပါဘဲ ဒီအခ်ိန္ ႏွစ္လဆိုတဲ့ ခဏေလးအတြင္းမွာ ပါးပါးကေလးနဲ႕ အတူေနေပးပါ့မယ္ သမီးကိုေရာ ေသခ်ာဂ႐ုစိုက္ေပးပါ့မယ္...ဒါက ပါးပါးလုပ္နိုင္တဲ့ အရာတစ္ခုဘဲ ကေလးတို႔ ....တကယ္တမ္း ကေလးတို႔အေပၚရက္စက္တာ ဘယ္သူလဲလို႔ေမးရင္ ကံတရားကို လႊဲမခ်ဘဲ ပါးပါးလို႔သာ ရဲရဲဝံ့ဝံ့ေျပာလိုက္ပါကြယ္ ပါးပါး နားလည္ပါတယ္...ကေလးေတြကို ရက္စက္သူက ပါးပါးကိုယ္တိုင္ျဖစ္ေနလို႔ေလ..ပါးပါး ကေလးတို႔ ဒယ္ဒီကို အျပစ္ေပးတာက ကေလးတို႔အေပၚရက္စက္တယ္ဆိုတာ သိေပမဲ့ ပါးပါးေပးပါရေစ...
~
~
~
Good night ပါသဲငယ္ေလးတို႔ 😘💜💜💜💜💜💜💜
Thanks for votes, feedback and comment
I Love my readers forever ❤️
I PURPLE YOUR 💜