A chance to change the past (...

By Maihsu-97

111K 6.8K 233

ဟမ်!!.. ငါ​​သေသွားပြီမဟုတ်ဘူးလား... ဘယ်လို​ဖြစ်ပြီးဒီအိမ်ကိုပြန်ရောက်နေတာလည်း!! ဘုရားသခင်က ဝမ်ရိပေါ်ဆိုတဲ့လူမ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25 (Final)

Part-10

4.1K 264 7
By Maihsu-97

" ကျွန်တော် ပြန်ရောက်ပါပြီ ရှောင်းကျန့်"

အိမ်ရှေ့တံခါးကနေဝင်လာကတည်းက သူပြန်ရောက်ကြောင်းအသိပေးနေတဲ့ ရိပေါ်ရဲ့အသံကိုရှောင်းကျန့်ကြားပင်မဲ့ မကြားချင်ယောင်သာဆောင်လိုက်မိသည်။
ဒီရက်အနည်းငယ်အတွင်း သူမေတ္တာတွေစစ်မှန်လို့ ရိပေါ်ဘက်က မေတ္တာတွေရောင်ပြန်လာပြီထင်ခဲ့တာ တကယ်တော့ သူ့ရဲ့ရူးမိုက်မိခဲ့သည်ဘဲ ရိပေါ်နဲ့ရှင်းရှင်းကငယ်ချစ်တွေမဟုတ်လား....သူတို့ဆက်ဆံ​ရေးကလည်းအတိုင်းအတာတစ်ခုထိရောက်နေပြီဆိုတော့ လွယ်လွယ်နဲ့ဘယ်ပြတ်နိုင်ကြပါ့မလည်း....

"ရှောင်းကျန့်ခင်ဗျားဘယ်မှာလည်း "

ရိပေါ်ကသူခေါ်တာကိုပြန်မထူးလို့တူသည်...အိမ်ရှေ့ခန်းကနေဘဲနောက်တစ်ခါ ရှောင်းကျန့်ကိုထပ်ရှာလေသည်။

ဒီတစ်ကြိမ်တော့ ရှောင်းကျန့်ပြန်ထူးလိုက်သည်။

"ရိပေါ် ငါမီးဖိုချောင်ထဲမှာ"

ရိပေါ်ကလည်း ရှောင်းကျန့်ရဲ့ထူးသံကိုကြားကြားချင်းဘဲ မီးဖိုခန်းထဲဝင်လာလေသည်။

အင့်!
ရိပေါ်ကမီးဖိုထဲဝင်ဝင်ချင်းရှောင်းကျန့်ရဲ့ခါးကိုတင်းနေအောင်ဖက်လိုက်တော့ ရုတ်တရက်မို့ ရှောင်းကျန့်အသံပိစိလေးတောင်ထွက်သွားရလေသည်။

"အရမ်းလွမ်းနေရတာ ကျွန်တော့်အမျိုးသားလေးကို"
ကျွန်တော်ခေါ်နေတာဘာလို့မထူးတာလည်း...

ရှောင်းကျန့်လည်းရိပေါ်ရဲ့အပြုအမူကြောင့် ဝမ်းနည်းလာသလို မခံချင်စိတ်လေးလည်းတပြိုင်နက်ပေါ်လာရလေသည်။
ရှောင်းကျန့်ရဲ့အမြင်မှာရိပေါ်က ​ရှောင်းကျန့်နှင့်သားလေးအရှေ့မှာကျကောင်းပြပြီး နောက်ကွယ်ကျ ရှင်းရှင်းမကင်းရာမကင်းကြောင်းဖြစ်နေလေသည်။

"ဟောဗျာ..ကျွန်တော်မေးနေတယ်လေရှောင်းကျန့် ဘာလို့ပြန်မဖြေတာလည်း"

"မဟုတ်ပါဘူး ရိပေါ်ရဲ့ မင်းရေမိုးချိုးပြီးနားချင်နားနေလေ ခဏနေငါလည်းသားကို မားတို့အိမ်ကသွားကြိုလိုက်အုံးမယ်"

"မလိုဘူးရှောင်းကျန့် ခုနကမားကျွန်တော့်ကိုဖုန်းဆက်လာတယ် သားကဒီညလည်းမားတို့ဆီမှာအိပ်မယ်တဲ့ ကလေးကမားတို့ကိုမတွေ့တာကြာ​တော့လွမ်းလို့ထင်တယ် ထပ်နေအုံးမယ်ပြောနေတယ်ဒီည "

"အော် ဟုတ်လား"

"ဟုတ်တယ်ရှောင်းကျန့် ပိုမကောင်းဘူးလား ဒီညသားမရှိတော့ ကျွန်တော့်အမျိုးသားလေးကိုကျွန်တော်ကတစ်ဝကြီးဖက်အိပ်လို့ရတာပေါ့ "
ပြောပြီးရိပေါ်က ရှောင်းကျန့်ရဲ့ခါးကိုပိုတိုးဖက်လိုက်လေသည်။

ရှောင်းကျန့်မနက်ကအထိကို ရိပေါ်ရဲ့ဒီလိုမျိုးတီတီတာတာပြောနေတာလေးတွေ အ​ပြုအမူ​လေး​တွေကို ရင်ခုန်သဘောကျနေပင်မဲ့ ရှင်းရှင်းပို့လိုက်တဲ့ဓာတ်ပုံတွေရယ် ဆက်သွယ်လာတဲ့ဖုန်းရယ်ကြောင့် ဒီစကားတွေဟာ ရိပေါ်ရဲ့ရင်ထဲကစကားတွေမဟုတ်ဘူးလို့ထင်မိတော့ ခံစားရတာကသူကိုယ်တိုင်ဘဲဖြစ်လေသည်။

"ရိပေါ် ခဏလွှတ်ပေးပါအုံး ငါလုပ်စရာလေးတွေရှိသေးလို့"

"ဘာလုပ်မလို့လည်း ခနနေပါအုံး ခနလောက်ဖက်ထားချင်သေးလို့"

"လွှတ်​ပေးပါအုံး ရိပေါ်"
ရှောင်းကျန့်ကပြောလည်းပြောကာ မသိမတာလည်းစရုန်းလေသည်။

"ကျစ်!! "
ခင်ဗျားဘာဖြစ်နေတာလည်း ရှောင်းကျန့်

"ဘာမှမဖြစ်ပါဘူး ရိပေါ် ငါအပြင်မှာလုပ်စရာရှိသေးလို့သွားလုပ်လိုက်အုံးမယ်နော်"
ပြောပြီးတာနဲ့ ရှောင်းကျန့်ကရိပေါ်ဖက်ထားတာကိုအတင်းရုန်းထွက်လိုက်ကာ မီးဖိုခန်းထဲကအမြန်ထွက်သွားလေတော့သည်။

ကျစ်!
ရိပေါ်တစ်ယောက် ကျစ်သပ်လိုက်မိသည်။
ရှောင်းကျန့်ကဘာဖြစ်လို့ဖြစ်နေမှန်းမသိ မနက်ကအထိတောင် သူတို့အဆင်ပြေနေကြသေးတာဘဲ အခုမှဘာထဖြစ်လည်းရိပေါ်လည်းစဥ်းစားမရတော့ပေ.....
-
-
-
-
-
-
-
..........................

လူရှင်းသော စားသောက်ဆိုင်တစ်ဆိုင်၏စားပွဲဝိုင်းတစ်ခုတွင်ထိုင်နေကြသောအမျိုးသမီးနှစ်ယောက်....
သူတိူ့ကြည့်ရတာ တစ်ခုခုသောအကြောင်းအရာကိုပြောနေကြဟန်တူလေသည်။

"ဘယ်လိုလည်းရှင်းရှင်း နင့်အစီအစဥ်အောင်မြင်ရဲ့လား"

ရှင်းရှင်းကကြယ်စင်ရဲ့အမေးကို သောက်လက်စဝိုင်ခွက်ထဲကဝိုင်ကိုတစ်ငုံသောက်လိုက်ကာ ပြန်ဖြေလေသည်။
"ဟားးဟားးဟားး ကြယ်စင်ရယ်မေးတက်တယ် နင့်သူငယ်ချင်းငါကြံစည်ရင်ဘယ်တုန်းကမအောင်မြင်လို့လဲ"

"ဒါဆို အောင်မြင်တယ်ပေါ့"
ကြယ်စင်ဆိုသည့်အမျိုးသမီးက​ပြန်မေးလေသည်။

"သေချာပေါက်ဘဲ အခုဆိုရှောင်းကျန့်က ငါနဲ့ကိုကို ကိုတစ်မျိုးထင်နေမှာလေ...အဲ့ဒီမျိုးမစစ်ကောင်ကသူ့နေရာမှသူမသိဘဲ ကိုကိုကလည်း ငါ့ကိုလွယ်လွယ်လေးလို့လျှော့တွက်ထားပုံရတယ်..ရှင်းရှင်းဆိုတဲ့မိန်းမအကြောင်းမသိသေး​ကြဘူးနဲ့တူပါတယ်"

"ရှင်းရှင်းရေ နင်ကတော့ တကယ်နင်ပါဘဲ"
ဒါပင်မဲ့ ငါစဥ်းစားမိတာက ရှောင်းကျန့်နဲ့နင့်ကိုကိုဆက်ဆံရေးကအရင်ကထက်ပိုကောင်းလာတယ်ဆိုတော့ နင်မွှေထားတဲ့ပုံတွေဘာ​တွေကို ရှောင်းကျန့်ကနင့်ကိုကို ကိုသွားပြန်မပြလောက်ဘူးလား

"ဟမ့်!! နင်ထင်လားကြယ်စင် အဲ့ဒီအခြောက်ကောင်ကဘာမှလုပ်ရဲမှာမဟုတ်ဘူး သူ့ကအရင်ကတည်းကအဲ့လိုဘဲ ပြီးတော့ငါလည်းနဲနဲပြောထားတယ်သူ့ကို"

"ဘာပြောထားတာလည်းရှင်းရှင်း ငါ့ကိုပြောပြအုံး"

ရှင်းရှင်းကချက်ခြင်းမပြောသေးဘဲ လက်ထဲကသောက်လက်စဝိုင်ကိုကုန်အောင်အရင်သောက်ကာ စားပွဲပေါ်ချလိုက်လေသည်။
ပြီးမှသူတို့ဖုန်းပြောခဲ့တဲ့အကြောင်းကိုပြန်ပြောပြလေသည်။
ဒီလိုဟ......
-
-
-
-
-
-
"ကိုကိုနဲ့ငါ့ပုံတွေလှမလှရဲ့လား ရှောင်းကျန့်"

"ဟင်!!!.. ရှင်း....ရှင်းရှင်းလား"

"ဟုတ်တယ်လေ ရှောင်းကျန့်ရဲ့ ဘာတွေတုန်လူပ်နေတာလည်း"
နင့်ကိုငါပြောစရာရှိလို့ ဖုန်းဆက်လိုက်တာ...
ကိုကိုနဲ့ငါ့အကြောင်းနင်သိနေတာဘဲလေ ဟုတ်တယ်ဟုတ်....
နင်အဲ့ဒီပုံတွေမြင်ပြီးပြီဆိုတော့ ကိုကိုနဲ့ငါနဲ့ဆက်ဆံရေးက ဘယ်အတိုင်းအတာထိရောက်နေမယ်ဆိုတာနင်ရိပ်မိမယ်လို့ငါထင်ပါတယ်..နင်ကတုံးပင်မဲ့အဲ့လောက်တော့တုံးမှာမဟုတ်လောက်ပါဘူး ဟုတ်တယ်မလား"

"ရှင်းရှင်းသွယ်ဝိုက်နေစရာမလိုပါဘူး ပြောစရာရှိရင်ကျွန်တော်ကိုတိုက်ရိုက်ပြောလို့ရပါတယ်"

"ဟားးဟားးဟားး ကောင်းပြီလေ ကျွန်မဒဲ့ဘဲပြောမယ် ကိုကိုနဲ့ကျွန်မကအခုထိတစ်ယောက်နဲ့တစ်ယောက်ချစ်နေကြတုန်းဘဲ... ရှင့်ကိုလည်းကိုကိုက အခုလိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးတယ်ဆိုတာက ကြားထဲမှာကလေးရှိနေလို့ ကိုကိုကကလေးကိုအားနာနေတယ်..သူ့ကလေးလည်းဖြစ်တော့ချစ်ရင်လည်းချစ်မှာပေါ့ အခုလိုပြောပြတယ်ဆိုတာကလည်း ရှင့်ကို ကိုကိုကချစ်နေတယ်ဆိုပြီးရှင်အထင်လွဲမှာစိုးလို့ကျွန်မကစေတနာနဲ့​ပြောပြပေးတာ..အခုကျွန်မပြောလို့ရှင်သိပြီဆိုရင် ကိုကိုနဲ့တက်နိုင်သမျှဝေးဝေးမှာနေပေါ့ ကိုကိုကကျွန်မကိုအကုန်ပြန်ပြောပြလို့ကျွန်မလည်းသိရတာ သိပြီဆိုဝေးဝေးကရှောင်တော့နော်..."

"ရှင်းရှင်း ဘာကိုဆိုလိုချင်လည်းကျွန်တော်သိပါပြီ"

"သိရင်ကောင်းတာပေါ့ ရှောင်းကျန့်ရဲ့ အဲ့ဒါဆိုဒါဘဲနော် ခဏနေကိုကိုနဲ့ဖုန်းပြောဖို့ချိန်းထားလို့လေ...ကိုကိုကလွမ်းလို့တဲ့ ဒါဘဲနော်...."

".......တီ......."

.......................

"ငါအဲ့တာပြောပြီးတာနဲ့ အနိုင်ပိုင်း​ပြီးဖုန်းကိုတန်းချလိုက်တာလေ"

"ဟားးဟားး ရှင်းရှင်းရယ် နင်က​မွှေတဲ့​နေရာမှာတကယ့်ကိုဆရာမကြီးဘဲ

"ငါ့ကိုအတ္တကြီးတယ်ပြောပြော ငါကတော့အခုလိုဆက်လုပ်သွားမှာ သူတို့ကငါ့ကိုလျှော့တွက်တာကို...ရှင်းရှင်းဆိုတဲ့မိန်းမအကြောင်းသိအောင်ပြရအုံးမှာပေါ့ "

"အေးပါဟယ် လာပါဆက်သောက်ကြမယ်"

"အေးပါ သောက်ကြမယ်"

"....Cheers....."
-
-
-
-
-
-
-
........................................................................

" အိပ်တော့မလို့လား ရှောင်းကျန့်"
အခန်းထဲသွားဖို့ခြေလှမ်းပြင်နေတဲ့ ရှောင်းကျန့်ကိုရိပေါ်မေးလိုက်မိသည်။

"အင်း ဟုတ်တယ်ရိပေါ်ငါခေါင်းနဲနဲကိုက်ချင်နေလို့ စောစောအိပ်တော့မယ်"

ရှောင်းကျန့်​ပြောပြီးပြီးချင်းဘဲ ရိပေါ်ကချက်ချင်းအနားရောက်လာကာ နဖူးပေါ်လက်တင်ကာမေးလေတော့သည်။
"ခင်ဗျားနေမကောင်းဘူးလား ရှောင်းကျန့်"

"ကောင်းပါတယ် ရိပေါ်ရဲ့ ဒီအတိုင်းခေါင်းနဲနဲကိုက်နေလို့ပါ"

"အင်းပါ ဆေးသောက်အုံး ပြီးမှအိပ်"
တော်ပါပြီဗျာ စိတ်မချပါဘူး ကျွန်တော်ကိုယ်တိုင်လိုက်တိုက်မယ်....
ရိပေါ်ကပြောပြောဆိုဆိုနဲ့ ရှောင်းကျန့်လက်ကိုဆွဲကိုင်ကာ အခန်းထဲဝင်ဖို့လုပ်လေတော့သည်။

"ရ ရပါတယ်ရိပေါ် ငါဘာသာငါသောက်လိမ့်မယ်"

"လာပါဗျာ...."

ရိ​ပေါ်ကရှောင်းကျန့်ကို အခန်းထဲအတင်း​ခေါ်သွား​ပြီးရောက်တော့လည်း ရှောင်းကျန့်ကိုကုတင်ပေါ်မှာထိုင်စေကာ သူကဆေးရှာပုံတော်ဖွင့်လေတော့သည်။

"မင်း ဆေးဘယ်မှာထားလည်းသိကောသိရဲ့လား ရိပေါ်"

"သိပါတယ် ကိုယ့်အိမ်ကဆေးဘယ်နေရာမှာထားလည်းဆိုတာကျွန်တော်သိတာပေါ့"

သိတယ်လို့သာပြောနေပင်မဲ့ ရိပေါ်ရှာနေတာ တခန်းလုံးနီးပါးရှိ​တော့မည်ဖြစ်သည်။

"ရိပေါ်....ဆေးက ဗီဒိုအံဆွဲဒုတိယထပ်မှာ"

"အဲ့တာကိုများ စောစောထဲကမပြောဘူး"

"မင်းသိတယ်ဆိုလို့လေ"

ဟင်း!
ရိပေါ်ကသက်ပြင်းတစ်ချက်ချပြီး ဆေးကိုအံဆွဲထဲကထုတ်လိုက်ကာရှောင်းကျန့်ကိုတိုက်ဖို့ပြင်တော့သည်။

"ရော့ဆေး သောက်လိုက်ရှောင်းကျန့်"

"အင်း ငါရေသွားခပ်လိုက်အုံးမယ်"

"နေနေ ကျွန်တော်ဘဲသွားခပ်ပေးမယ် ခင်ဗျားဒီမှာဘဲထိုင်စောင့်နေ"
ရိပေါ်ကပြောပြီးတာနဲ့ ရေခပ်ဖို့အခန်းပြင်ထွက်သွားလေတော့သည်။

ခဏနေတော့ရိပေါ်တစ်ယောက် ရေခွက်ကြီးကိုင်ကာအခန်းထဲပြန်ဝင်လာလေတော့သည်။

"ရော့ ရေရပြီရှောင်းကျန့်"

"အင်း ကျေးဇူးနော်ရိပေါ်"

ရှောင်းကျန့်ဆေးသောက်လိုက်ပြီး ရေခွက်ကိုရိပေါ်လက်ထဲဘဲပြန်ထည့်ပေးလိုက်ကာ အိပ်ဖို့ပြင်တော့သည် တကယ်လည်းသူဒီနေ့နေလို့သိပ်မကောင်းပါ....

ရိပေါ်လည်းအိပ်ဖို့ပြင်နေသည့်ရှောင်းကျန့်ကို စောင်သေချာခြုံပေးလိုက်ပြီး ရေခွက်ပြန်ထားဖို့မီးဖိုခန်းထဲဝင်လာလေတော့သည်။

ရိပေါ်ရေခွက်ကိုထားလိုက်ပြီး မီးဖိုထဲကထွက်မည်အလုပ်.......
အမှိုက်ပုံနားမှာထွက်ကျနေတဲ့အမှိုက်တစ်စွန်းတစ....

"ရှောင်းကျန့်ကတော့ကွာ အမှိုက်ကိုသေချာမပြစ်ဘူး"
ပြောပြောဆိုဆိုနဲ့ ရိပေါ်ကအမှိုက်ပုံနားမှာကျနေတဲ့ အမှိုက်တွေကိုသိမ်းပေးဖို့ အမှိုက်ပုံဆီသို့အရောက် လုံးချေထားတဲ့စက္ကူစလိုပုံစံမျိုးကိုမြင်လိုက်ရလေသည်။
ရိပေါ်လည်း ဘာမှန်းသိအောင်ဖြန့်ကြည့်လိုက်တော့........

ဟင်!!!!!!
ဓာတ်ပုံ...
ဒီ..ဒီဓာတ်ပုံတွေကအရင်တုန်းကရှင်းရှင်းနဲ့ချစ်သူဘဝတုန်းကရိုက်ထားတဲ့ပုံတွေဘဲ...ဒီပုံတွေကဘယ်လိုလုပ်....!!!

ရိပေါ်လည်းဦးနှောက်ကိုခနအလုပ်ပေးလိုက်ပြီး စဥ်းစားသုံးသပ်ကြည့်တော့ ဒီနေ့မနက်ကအထိတောင်ရှောင်းကျန့်ကသူကိုကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံနေသေးတာဘဲ ညနေသူပြန်လာတဲ့နောက်ပိုင်းမှဒီလိုပုံစံဖြစ်သွားတာဆိုတော့ သေချာသလောက်ရှိနေပါပြီ ဒါဟာဟိုမိန်းမယုတ်ရဲ့ယုတ်မာချက်ဘဲဆိုတာ....

ရိပေါ်ကအစကတော့အေးအေးလူလူဘဲလမ်းခွဲပြီး ကိုယ့်ဘဝနဲ့ကိုယ်နေဖို့လုပ်ထားပင်မဲ့ အဲ့ဒီမိန်းမကဒီလိုလမ်းမျိုးနဲ့သွားချင်တော့လည်း ရိပေါ်ကပြန်ပြီးလုပ်ပြရတော့မှာပေါ့...

ရိပေါ်စိတ်ထဲမှာကျိန်းလိုက်ပြီး တွေးမိလိုက်သည်က...
"အရင်ဘဝတုန်းကလည်းရှင်းရှင်းဆိုတဲ့မိန်းမက ငါ့မိသားစုဘဝကိုဖျက်စီးပစ်တဲ့မိန်းမ ဒီဘဝလည်းအလားတူပါဘဲ မတူတော့တာက ဒီဘဝတော့နင်ဘဝတစ်ခုလုံးကိုငါဖျက်စီးတော့မှာ ဒါကလည်းငါစတာမဟုတ်ဘူး နင်စလိုက်တာရှင်းရှင်း"

ရိပေါ်တွေးလိုက်ပြီး လက်ထဲကဖုန်းနှင့် ဖုန်းနံပါတ်တစ်ခုဆီသို့ခေါ်လိုက်လေသည်။

"ရှင်းရှင်းဆိုတဲ့မိန်းမအကြောင်းကို သူငယ်ငယ်က​နေအခုချိန်ထိဘာ​တွေ​နေလုပ်လည်းဆိုတာရယ်သူ့အားနည်းချက်အားသာချက်တွေ အကုန်သိအောင်စုံစမ်းပြီးငါ့ဆီပို့လိုက် "

ပြောစရာရှိတာပြောပြီးဖုန်းချလိုက်ကာသူ့မူပိုင်တစ်ခြမ်းစောင်းအ​ပြုံးဖြင့် ပြုံးလိုက်လေသည်......
ထို့နောက် မီးဖိုထဲကထွက်ကာ အခန်းထဲပြန်ဝင်ပြီး အိပ်ပျော်နေပြီဖြစ်တဲ့ရှောင်းကျန့်ဘေးနားကိုဝင်လှဲကာ ဖက်လိုက်ပြီး နှဖူးလေးကိုတစ်ချက်နမ်းကာ.....

"ဒီဘဝတော့ ကျွန်တော့်ကြောင့်ခင်ဗျားမနာကျင်စေရဘူး ရှောင်းကျန့်"

TBC......
ဖတ်ပေးကြတဲ့တစ်ယောက်စီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ရှင့်💗
ရာသီဥတုကလည်းပြောင်းလဲနေတော့ ကျန်းမာရေးလည်းအထူးဂရုစိုက်ကြပါနော်...

************************************

Zawgyi.........








အင့်!






"အော် ဟုတ်လား"


ရှောင်းကျန့်မနက်ကအထိကို ရိပေါ်ရဲ့ဒီလိုမျိုးတီတီတာတာပြောနေတာလေးတွေကို ရင်ခုန်သဘောကျနေပင်မဲ့ ရှင်းရှင်းပို့လိုက်တဲ့ဓာတ်ပုံတွေရယ် ဆက်သွယ်လာတဲ့ဖုန်းရယ်ကြောင့် ဒီစကားတွေဟာ ရိပေါ်ရဲ့ရင်ထဲကစကားတွေမဟုတ်ဘူးလို့ထင်မိတော့ ခံစားရတာကသူကိုယ်တိုင်ဘဲဖြစ်လေသည်။




"ကျစ်!! "


ကျစ်!




..........................

သူတို့ကြည့်ရတာ တစ်ခုခုသောအကြောင်းအရာကိုပြောနေကြဟန်တူလေသည်။








ဒီလိုဟ......
-
-
-
-
-
-







".......တီ......."

.......................





"အေးပါ သောက်ကြမယ်"

"....Cheers....."




........................................................................







"လာပါဗျာ...."







"မင်းသိတယ်ဆိုလို့လေ"

ဟင်း!











ဟင်!!!!!!
ဓာတ်ပုံ...








TBC......

************************************




















Continue Reading

You'll Also Like

282K 9.5K 107
She was a capitol elite. He was the youngest victor in history. Their friendship was frowned upon, but their love was forbidden. Extended Summary Ins...
167K 5.8K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
483K 14.6K 98
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
429K 25.9K 85
Y/N L/N is an enigma. Winner of the Ascension Project, a secret project designed by the JFU to forge the best forwards in the world. Someone who is...