ယုန်လေး က သားပေါက်လေးကို ပျို...

By Kyiphyuswe

31.1K 4.1K 61

ယုန်လေး က သားပေါက် လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး! (BL translation) Little rabbit, he can't afford to ra... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2.2)
အပိုင်း (2.3)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (3.3)
အပိုင်း (4.1)
အပိုင်း (4.2)
အပိုင်း (4.3)
အပိုင်း (5.1)
အပိုင်း (5.2)
အပိုင်း (5.3)
အပိုင်း (6.1)
အပိုင်း (6.2)
အပိုင်း (6.3)
အပိုင်း (7.1)
အပိုင်း (7.2)
အပိုင်း (7.3)
အပိုင်း (8.1)
အပိုင်း (8.2)
အပိုင်း (8.3)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (10.1)
အပိုင်း ( 10.2)
အပိုင်း (11.1)
အပိုင်း (11.2)
အပိုင်း (12.1)
အပိုင်း (13.1)
အပိုင်း (13.2)
အပိုင်း (14.1)
အပိုင်း (14. 2)
အပိုင်း (15.1)
အပိုင်း (15.2)
အပိုင်း (16.1)
အပိုင်း (16. 2)

အပိုင်း (12.2)

371 53 1
By Kyiphyuswe

(12.2)

တိရိစ္ဆာန် ငယ်လေး တွေမှာ သူတို့ ကိုယ်ပိုင် ချမှတ်ထားတဲ့ စံနှုန်း သက်မှတ်ချက် တွေဆိုတာ မျိုး မရှိပေမယ့် လည်း လူသား ပုံစံ ကို ပြောင်းလဲ ပြီးတာနဲ့ လူသား တွေရဲ့ အခြေခံ စံနှုန်း တွေကို တဖြေးဖြေး နဲ့ လိုက်နာ သင်ကြား ရမှာ ပဲ ဖြစ်လေတယ်။

အခုချိန်မှာတော့ အထက်ပါ အကြောင်းအရာ တွေ အကုန်လုံးကို ဘေးနားဆီ ဖယ်ထား ရမှာ ပဲ ဖြစ်လေတယ်။

နန်ဟွေး အတွက် စိတ်အရှုပ်ထွေးဆုံး အရာကတော့ အဲ့နေတုံး က ကျင်းထန် စီကနေ ယူလာ ခဲ့တဲ့ ဝတ်ပြီးသား ရှပ်အင်္ကျီ နဲ့ ပတ်သက်ပြီး တော့ ဘာလုပ် ရမယ်မှန်း မသိ ပါပေ။

ဦးခေါင်းခွံ အထိကို ထုံကျင်အောင် သာယာ မှုကြီး က အခုချိန်ထိ သူ့ရဲ့ မှတ်ဉာဏ်တွေ ထဲမှာ ကျန်ရှိနေ ဆဲ ဖြစ်လေတယ်။ အဲ့အကြောင်းကို သူတွေးနေ သမျှ ကာလ ပတ်လုံး သူ့ရဲ့ မျက်နှာ က ပူလောင် နေ​ဆဲ ဖြစ်လေတယ်။

သူ့ရဲ့ အရေပြား တစ်လက်မ စီ တိုင်းက ထိုနေ့က ဖြစ်ပျက်ခဲ့ သမျှ တွေကို ပြန်မှတ်မိ နိုင်အောင် ကူညီ ပေးနေ ကြလေတယ်။ ကျင်းထန် ရဲ့ အသက်ရှု သံတွေက လေးလံ နေပြီး သူ့ရဲ့ လက်ချောင်း ထိပ်တွေက နှုတ်ခမ်းထောင့် စွန်း၊ လည်ပင်းနဲ့ ညှပ်ရိုးတွေ အထိ ဘယ်လို ထိတွေ့ နမ်းရှိုက်ခဲ့တယ် ဆိုတာမျိုး ကိုပေါ့လေ။

အခုချိန်ထိ တောင်မှ သူက တစ်ခါတစ်လေ ဆို ထို ရှပ်အင်္ကျီ ကို အနံ့ခံ ကြည့်လေ့ ရှိတယ်လေ။ အဲ့ပေါ်မှာ ကျင်းထန် ရဲ့ အငွေ့အသက် တွေကို ဖျော့တော့ စွာနဲ့ ခံစား ရမိဆဲ ဖြစ်လေတယ်။ ပြီးတော့ မထိန်းနိုင်ပဲ ရှုရှိုက်မိရင်း တွေးမိပြန်ပါ လေရော။

အခုတော့ သူခံစား နေရတဲ့ ခံစားချက် တွေက အပြစ်ရှိစိတ် နည်းနည်း ရယ်၊ သံသယ ၊ အ​ကြောက်တရား နဲ့ ကျင်းထန်ဆီ မပြောပြ နိုင်လောက်တဲ့ လိုအင်တွေပဲ ဖြစ်လေတယ်။

ပြီးတော့...... ရှင်းပြ လို့ မရနိုင်တဲ့ မျှော်လင့် စောင့်စား မှုတွေ ကိုရောပေါ့လေ။

တိရိစ္ဆာန် ငယ်လေး တွေရဲ့ ခံစားချက်လေး တွေ အမြဲတမ်း ရိုးရှင်း လေတယ်။ ဒါမှမဟုတ် ခံစားချက် တွေက တစ်ခုပဲ ရှိတက် ကြတယ်လေ။

နန်ဟွေး က ဒီလောက် များပြား ရှုပ်ထွေး တဲ့ ခံစားချက် တွေကို မကိုင်တွယ် နိုင်ပါပေ။ ဒါကြောင့် သူက အဲ့ခံစားချက် တွေကို သူ့ရဲ့ နှလုံးသား ထောင့် တစ်နေရာမှာ ထိန်းသိမ်း ထားကာ အဲ့တာ တွေကို လျစ်လျု ရှုထား သလို ဟန်ဆောင် နေခဲ့ လေတယ်။

ဒါပေမယ့် အဲ့ အ​ကြောင်း ကို တွေးနေ သမျှတော့ နန်ဟွေး ခမျာ အတော်​လေး ကို ခေါင်းကိုက် ရ ​နေဆဲ ဖြစ်တယ်။ ပြီးတော့ သူ့ရဲ့ ယုန်နားရွက်ကို အရူး တစ်ယောက် လို ဖြစ်ညှစ် ပစ်ချင်စိတ် တွေ ပေါ် လာ လေလေ ပဲ ဖြစ်လေတယ်။

အတို ​​ပြောရရင် နှစ်ယောက် လုံးက သွားဖို့ ဆုံးဖြတ် ကြ ပြီးတော့ သူတို့ သဘော တူပြီးတဲ့နောက် အတူတူ သွား ကြည့်မှာ ပဲ ဖြစ်လေတယ်။

....................

နောက်တစ်နေ့ မှာတော့ ဝမ်ဟန် က နန်ဟွေး အတွက် အဖြူရောင် ရှပ်အင်္ကျီ နဲ့ အပြာရောင် ဂျင်းဘောင်းဘီ တို့ကို ရွေးပေးထား လေတယ်။ အဲ့တာ လေး က တက်ကြွ တဲ့ ပုံပေါ် စေကာ အခုမှ ပညာ သင်ပြီး ကာစ လန်းဆန်းတဲ့ ကောလိပ် ကျောင်းသား လေးနဲ့ တူစေလေတယ်။ ပြီးတော့ အဲ့တာ က သူ့ရဲ့ နိုင်ငံသား စီစစ်ရေး ကဒ်ပြား ပေါ်က အသက် နဲ့လည်း ကိုက်ညီ စေတယ်လေ။

ယိဟွား ရဲ့ လုပ်ငန်းနေရာ အဆောက် အအုံ က အလုပ်အရှုပ်ဆုံး မြို့လယ်ခေါင်မှာ ရှိနေ ပေမယ့်လည်း ဝမ်ဟန် ရဲ့ အိမ်လေး ကလည်း အစ ကတည်းက  မြို့လယ် ထဲမှာ ရှိနေတာ ဖြစ်တာ ကြောင့် မြေအောက် ရထားနဲ့ သွားလိုက်ရုံ တင် တိုက်ရိုက် ရောက်နိုင်တာ ပဲ ဖြစ်လေတယ်။

နန်ဟွေး အတွက် မြေအောက် ရထား စီးရတာ ပထမဆုံး အကြိမ် ဖြစ်တဲ့ အပြင် ဘတ်စ် ကား စီးတုံး က အတွေ့အကြုံနဲ့ ခံစားချက် အတော်လေး ကွာခြား နေခဲ့ လေတယ်။

မြေအောက် ရထား မှာ ထိုင်စရာ ဘေးနှစ်တန်း ရှိပြီးတော့ မောင်းနှင်မှု လုပ်ငန်းစဥ် ကလည်း ခရီးတို ပြေးဆွဲတဲ့ ဘတ်စ် ကားတွေ ထက် ပိုပြီးတော့ ချောမွေ့လေတယ်။

မြေအောက် လှိုဏ်ခေါင်း တွေ ထဲနေ ဖြတ်သွားတဲ့ အချိန်ဆို ရင် အလင်းရောင်က ချက်ချင်းပဲ မှိုန်ကျ သွားလေတယ်။ ထိုနေရာ ပြေးလမ်းရဲ့ ဘေးမှာလည်း ကြော်ငြာဘုတ် တွေ ရှိပြီး အလင်းရောင် ပြန်ဟပ် နေခဲ့လေတယ်။

ကြီးမားတဲ့ ကုပ္မဏီ ကြီးတွေမှာ အရင်ဆုံး ချိန်းဆို မှုတွေ လုပ်ရတဲ့ လုပ်ငန်းစဥ် မျိုး ရှိတဲ့ အတွက်ကြောင့် ဝမ်ဟန် က နန်ဟွေးကို အရင်ဆုံး ဧည့်ကြို ကောင်တာ စီ ခေါ်သွားကာ သူတို့ရဲ့ လာရင်း ရည်ရွယ်ချက် ကို ပြောပြ လိုက်လေတယ်။

ပြီးတော့ တစ်ချိန်တည်း မှာပဲ သူတို့ကို ဆက်သွယ် ခဲ့တဲ့ လူ ရဲ့ အမည်နဲ့ ဆက်သွယ်ရတဲ့  သတင်းအချက် အလက် ကိုလည်း တစ်ခါတည်း ချပြ ခဲ့လေတယ်။

မကြာခင်မှာ ပဲ ဧည့်ကြို ကောင်တာ က ချိန်းဆို ထားမှု မှတ်တမ်း ကို ရှာတွေ့ သွားကာ သူတို့ကို အရင်ဆုံး ဘယ်ဘက် က ဓာတ်လှေကား ကို စီးပြီးတော့ ငါးလွှာ ကို သွားရမှာ ဖြစ်ကြောင်း အပြုံးလေး နဲ့ ပြောခဲ့ လေတယ်။ ပြီးတော့ အဲ့ကို ရောက်ရင် နောက်တစ်ဆင့် ဘာဆက် လုပ်ရ မလဲ ဆိုတာကို တစ်ယောက် ယောက် က ပြောမှာ ပါတဲ့လေ။

သူတို့ကို လာပြီးတော့ နှုတ်ဆက်တဲ့ သူက ကလေးမျက်နှာ ရှိတဲ့ အမျိုးသမီး လေး တစ်ယောက် ဖြစ်ပြီးတော့ သူမ က နန်ဟွေး နဲ့ ဝမ်ဟန် တို့ထက်တောင် ငယ်​နေ သေးတယ် လို့ ထင်ရ လေတယ်။

ဒါပေမယ့် တစ်ဖက်က မိန်းကလေး က အသံထွက် လိုက်တာ နဲ့ ချက်ချင်း ပဲ နန်ဟွေး က မှတ်မိ သွားပါတော့တယ်။ ဒီ အမျိုးသမီး က အဲ့နေ့တုံး က ဖုန်းခေါ်ဆို ခဲ့တဲ့ အမျိုးသမီး ဆိုတာ ကိုပေါ့လေ။

'' မင်းက နန်ဟွေး ဟုတ်တယ် မလား?မင်းက ငါ့ကို မှတ်မိ သေးရဲ့လား?  ငါ့ကို ရှုလီ လို့ ခေါ်လို့ ရပါတယ်''

ရှုလီ က နန်ဟွေး နဲ့ ဝမ်ဟန် တို့ကို လက်ဆွဲ နှုတ်ဆက် ပြီးတော့ ယဥ်ကျေးစွာနဲ့ ပြောလိုက် လေတယ်။

'' ငါတို့ အဲ့မှာ ထိုင်ပြီးတော့ ပြောကြ တာ ပေါ့ ''

ရှုလီ က သူတို့ သုံးယောက် အတွက် ကော်ဖီ တစ်ခွက် စီ ဖျော်ပေးပြီးတော့ လိုချင်တဲ့ အချက်ကို တိုက်ရိုက် သွားလိုက် လေတယ်။

'' ဒီဘရန်း က ဘေးပေါက် စီးပွားရေး ဘရန်း တစ်ခု ဖြစ်ပေမယ့် လည်း အဲ့တာ တွေက ဖန် အုပ်စု ကြား ထဲမှာတော့ အတော်လေး လူကြိုက်များ နေဆဲ ပါပဲ။ ပြီးတော့ အဲ့တာ က ပိုပြီးတော့ ကိုယ်ရေးကိုယ်တာ ဆန်တယ်လေ။ ဒါကြောင့် ဒီအချိန်မှာ ကုပ္မဏီ က အဲ့ဘရန်း နဲ့ လက်တွဲ ကြည့်ဖို့ ရွေးချယ် ခဲ့တာပဲ ''

ရှုလီ က အဝတ်အစား တစ်ချို့ ရဲ့ နမူနာ ဓာတ်ပုံတွေကို လက်ကမ်း ပေးပြီးတော့ နန်ဟွေး နဲ့ ဝမ်ဟန် တို့ကို ပြသ ပေးလာ ခဲ့လေတယ်။ အဲ့တာ တွေက တကယ်ကြီး စတိုင် ရှိပြီးတော့ ငယ်ရွယ်မှု တွေပြည့်ဝ နေတယ်လေ။

ကောင်းမွန်တဲ့ အမြင်ရှိတဲ့ လူငယ်တွေ အတွက်ကတော့ ဒီလို ပုံစံမျိုးတွေကို ကြိုက်မယ် ဆိုတာက အသေအချာ ပဲ ဖြစ်လေတယ်။

နန်ဟွေး က ဒီပုံတွေကို အရမ်းကို နှစ်သက် ပြီးတော့ မျက်ဝန်းကြီးတွေ နဲ့ ကြည့်နေကာ တောက်ပ စွာ ပြုံးထားတာ ကို ဘေးနား ကနေ ဝမ်ဟန် က စောင့်ကြည့် နေခဲ့ လေတယ်။ ပြီးတော့ ခပ်ဖျော့ဖျော့ ပြောလိုက် တယ်။

'' ဟယ်လို ၊ ဘာလို့ ကျွန်တော် ရဲ့ သူငယ်ချင်း ကိုမှ ရွေးရတာ လဲဆိုတာ ကို မေးချင် လို့ပါ ။ ဘာလို့ မေးရတာလဲ ဆိုတော့ သူ့ကို တစ်ချက် ကြည့်ရုံ နဲ့တင် အတွေ့အကြုံ သုည ပဲ ရှိသေးတဲ့ နူဘီလေး မှန်း သိသာ နေတယ်လေ ''

( နူဘီ = အသစ်လေး 😁)

တစ်ဖက်က အရောင်းမြင့်တင်ရေး ဓာတ်ပုံ မော်ဒယ် အဖြစ် ငှားယမ်းတာ ဟာ ယိဟွားလို အဆင့်ရှိတဲ့ ကုမ္ပဏီ ကြီး ဖြစ်နေတယ်လေ။ ဒါက အချိုအချောင် ဘရန်းလေး ဖြစ်ပေမယ့် လူတွေ အများကြီး က ရွေးချယ် ခံရဖို့ စောင့်ဆိုင်း နေတာ ဖြစ်သင့်တယ်လေ။

ရှုလီ က ကော်ဖီ တစ်ငုံ သောက်လိုက် ပြီးတော့ အပြုံးလေး နဲ့ ဖြေလိုက် လေတယ်။

''လူကြီးမင်းရယ် တစ်ချို့ အချိန်တွေမှာ အတွေ့အကြုံ ထက် ပိုအရေး ပါတဲ့ အရာတွေ အများကြီး  ရှိပါတယ် ''

အဲ့တာ က ဘာ အတွက်ကြောင့် လဲ ဆိုတာကိုတော့ ရှုလီ က ရှင်းလင်းစွာ မပြောခဲ့ ပါပေ။

ထို စကားဝိုင်း တစ်ခုလုံး က အရမ်းကို သဟဇာတ ညီစွာနဲ့ ပြီးဆုံး သွားပြီးတော့ အပြီးမှာလည်း ရှုလီ က ဒီအလုပ်ရဲ့ လစာ က ဘယ်လောက် ရမလဲ ဆိုတာကို နန်ဟွေးအား တိုက်ရိုက် ပြောပြခဲ့လေတယ်။ အဲ့တာ က အရမ်းကို နားလည် ပေးတဲ့ ပုံပေါ်ကာ သူမက နန်ဟွေးကို ဒီအလုပ် လက်ခံဖို့ အတွက် စဥ်စား ပေးဖို့ မျှော်လင့် နေခဲ့ လေတယ်။

သူက တစ်ခုခု ကို သေချာလေး စဥ်းစားဖို့ မလိုအပ် ဘူး ဆိုရင် နေရာမှာတင် ခေါင်းငြိမ့် ပြီးတော့ ချက်ချင်း သဘောတူ လိုက်မိမှာ ပဲ ဖြစ်လေတယ်။

ရှုလီ က နန်ဟွေးရဲ့ စိတ်အား ထက်သန်မှုတွေကို တွေ့တော့ သူမရဲ့ နှုတ်ခမ်းလေး က ပြုံးနေကာ ထို နမူနာ ဓာတ်ပုံတွေကို ဖိုင်ထဲ ပြန်ထည့် လိုက် လေတယ်။

'' တကယ်လို့ မင်း စိတ်ဝင်စား တယ်ဆိုရင် ဒီအပတ် မှာ ကုမ္ပဏီ ကို လာပြီးတော့ ဓာတ်ပုံ တစ်တွဲလောက် ရိုက်ပြီး ကြိုးစား ကြည့်လေ။ တကယ်လို့ ပရောဂျက် အဖွဲ့က ပြဿနာ မရှိဘူးလို့ ပြောရင် ဒါက လုံးဝ ကို ပြေလည် သွားပြီပေါ့''

သူ့ကို ဒရမ် အသေးလေး လို စိတ်လှုပ်ရှား အောင် တုန်ခါ ရိုက်ခတ် နိုင်မယ့် ဒရမ် တုတ်ချောင်းလေး တွေကို ယာယီ အားဖြင့် ဘေးကို ထားရမှာ ပဲဖြစ်လေတယ်။

အိမ်အပြန်လမ်းမှာ ဝမ်ဟန် က နန်ဟွေး ဘက်က အမြင်ကို မေးမြန်း ခဲ့လေတယ်။ တစ်ဖက်လူ ရဲ့ အဖြေက သူသွား လုပ်ချင်တယ် လို့ ဖြေလာမှာကို ဝမ်ဟန် မျှော်လင့်ထား ပြီးသား ဖြစ်ပေ မယ့်လို့ပေါ့လေ။

အိမ်မှာ ပဲ အမြဲတမ်း နေ နေရတာ က သူ့ကို မွန်းကြပ်စေတယ် တဲ့ တူပါတယ်။ ပြီးတော့ နန်ဟွေး ကလည်း အိမ်မှာ ပဲနေတာ အချိန်အတော် ကြာသွား ပြီဖြစ်လို့ အခု အခွင့်အရေး ကိုယူပြီး လူမှု ဆက်ဆံရေး နယ်ပယ်ကို သင်ကြား ပေးဖို့ ကူညီ သင့်တယ်လေ။

ယိဟွား ကလည်း ပုံမှန် ကုပ္မဏီ တစ်ခု ပဲလေ။ ပြီးတော့ စာချုပ် မှာလည်း ဘာမှ မှားယွင်းတာ မျိုးတွေ မရှိလောက်  ပါဘူး။

ဘယ်လိုပဲ ဖြစ်နေ ပါစေ သူနဲ့ အတူ အမြဲတမ်းပဲ ဖုန်းကို ကိုယ်နဲ့ မကွာ ဆောင်ထား ဖို့ ဝမ်ဟန်က သတိပေးခဲ့လေတယ်။ တကယ်လို့ ဓာတ်ပုံရိုက် နေချိန် ယူထားဖို့ အဆင်မပြေ ရင်တောင်မှ ပဲ သူ့ရဲ့ မြင်ကွင်းထဲမှာ ပဲ ထားသင့်ကြောင်း ပြောခဲ့တယ်။

ဒါမှသာ တစ်ခုခုဖြစ်ရင် ချက်ချင်း အသိလှမ်းပေး နိုင်မှာ တဲ့လေ။

နန်ဟွေး ကတော့ သူ့ရဲ့ ခေါင်းလေး ကို ကြက်သွန်ထု နေသလို မျိုး တဆက်ဆက် ငြိမ့်ပြ နေပြီးတော့ သူ့ရဲ့ လက်ကို မြှောက်ကာ ပြောထားတဲ့ အတိုင်း ဖြစ်အောင် လုပ်ပါ့မယ် လို့ ကျိန်​ဆို ပြနေ လေတယ်။

ဝမ်ဟန် က သူ့ရဲ့ ဆံပင်တွေကို အပြုံးလေး တစ်ခုနဲ့ ပွတ်သပ်ပေး လာခဲ့လေတယ်။

'' မင်းက ငွေရှာ နိုင်တော့ မှာလေ။ မင်း မပျော် ဘူးလား? ''

နန်ဟွေး က အခုမှသာ မပျော်တော့တာ ဖြစ်လေတယ်။ ပြန်လာတဲ့ လမ်းတစ်လျောက်မှာ တော့ သူက ပျော်လွန်းလို့ မရပ်မနား ရယ်ပြီး ပြီပဲ ဖြစ်လေတယ်။

ဘာသာပြန် သူမှာ ပြောစရာ ရှိတယ်။

လူတွေက အဝတ်အစား တွေ လောက်တောင် မကောင်းဘူး ( 😼 )

.....................................................

Continue Reading

You'll Also Like

240K 27.5K 78
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
1.3M 61.4K 29
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
5.9K 541 5
Title-兔耳魔尊他恃宠而骄 Author-笔墨不伺候 Original Status- 71 chapters(ongoing) |Myanmar Translation| Si Yin × Li Jin This is not mine. I'm just fun translator. A...