General Xiao Is Ruining Me

By Unika66

98.2K 5.8K 178

Zhanyi(ZSWW) S D - 6.7.2023 ED - 28.8.2023 More

Intro
Part-1
Part-2(Z)
Part-2(U)
🚨Noti🚨
Part-3(Z)
Part-3 (U)
Part-4
Part-5
Birthday Plan
Part 6
Part 7
Special
Part 8
Part-9
Part-10
Part 11
5.8.2023
Part-12
MY.New.Fic!!!
Part 13
Part-14
Part-15
Part-16
Noti
Part-18
Part 19
MY Acc
Final

Part 17

3.2K 239 15
By Unika66

Uni

"ရှောင်း"

ဝမ်ရိပေါ်သည် ရှောင်းကျန့်ရဲ့ စစ်ယူနီဖောင်းက ကြယ်သီးတွေကို
တပ်ပေးနေရင်း တိုးတိုးလေးခေါ်လာ၏

"ဘာလို့လဲဝမ်"

"ဘာမှမဟုတ်ပါဘူး ကျွန်တော့်စိတ်ထဲ နည်းနည်းတစ်မျိုးဖြစ်နေလို့"

"ဒါဆို ကိုယ်လွှတ်တော်ကိုမသွားတော့ဘူးလေ"

"မဟုတ်တာ ဘာလို့​ရှောင်းက ညီလာခံကိုမသွားရမှာလဲ
ညီလာခံဆိုတာ နိုင်ငံတော်ရဲ့အရေးကြီးတဲ့ ပင်မထောက်တိုင်ကြီးလေ"

ရုတ်တရက်ရှောင်ကျန့်ရဲ့လက်တွေဟာ ကြယ်သီးတပ်ပေးနေတဲ့
ဝမ်ရိပေါ်ရဲ့ခါးကို ဖက်တွယ်လိုက်ကာ ကောင်လေးနားကိုတိုးကပ်လိုက်၏

"ကိုယ်က နိုင်ငံတော်ရဲ့ ပင်မထောက်တိုင်ကြီး မဖြစ်ချင်ဘူး ဝမ်ရဲ့ ပင်မထောက်တိုင်ကြီးပဲ ဖြစ်ချင်တာ"

"ရှောင်းနော်"

​ရှောင်းကျန့်ကပြုံးစစနဲ့ ဝမ်ရိ​ပေါ်ရဲ့ပါး​ဖောင်း​ဖောင်း​လေးနှစ်ဖက်ကို အိဝင်သွား​အောင်နမ်းလိုက်၏

"​ဝမ့်ပါး​လေး​တွေက နူးညံ့မွေး​နေတာပဲကွာ"

ပြုံးရီနေတဲ့ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ရဲ့ ရုတ်တရက်
တိုက်ခိုက်ခြင်းကိုခံလိုက်ရသောကြောင်​ကျောက်ရုပ်သဖွယ် အသွင်ပြောင်းသွား၏ ဝမ်က သူ့နှုတ်ခမ်းကို ချိုချဉ်တစ်ခုလိုပြုမူနေတယ်

အချိန်အတော်အတန်ကြာမှာ ဝမ်ရိပေါ်ကရှောင်ကျန့်ကို
လွတ်​ပေးကာ မေးခွန်းတစ်ခုကိုမေး၏

"ပါး နဲ့ နှုတ်ခမ်း ဘယ်ဟာက ပိုနူးညံ့လဲ ရှောင်း"

"မေးခွန်းသတ်ပြီ ဝမ်ရာ ဒီလိုလုပ်ပါလား ကိုယ်တစ်ခါပြန်နမ်းကြည့်မယ်လေ"

"လူလည်ကြီး"

ကြယ်သီးတပ်ပြီးသွားတော့ ဝမ်ရိ​ပေါ်ဟာ ရှောင်ကျန့်ရဲ့စစ်ဝတ်စုံ အသာခါလိုက်၏ သူ့အမျိုးသားက စစ်ဝတ်စုံနဲ့ တကယ်ပင်
ကြည့်ကောင်းသည်

"ပြီးသွားပြီ ညီလာခံကိုသွားပြီ မြန်မြန်ပြန်လာခဲ့နော် ယောက်ျား"

ပြောပြီးတာနဲ့ဝမ်ရိပေါ်က ရှောင်ကျန်ရဲ့ပါးလေးကိုနမ်းလိုက်၏

ရှောင်ကျန့်သည် တည်တင်းမျက်နှာဖြင့်ဆို၏

"ကိုယ်ညီလာခံကိုမသွားချင်တော့ဘူး မင်းနဲ့အတူတူအခန်းထဲပဲ သွားချင်တော့တယ်"

"ခင်ဗျားမသွားရင် ကျွန်တော်ဒီနေ့ အခန်းတံခါးကို ​လော့ချထားရလိမ့်မယ် ဗိုလ်ချုပ်"

ရှောင်းကျန့်သည် ဝမ်ရိပေါ်ရဲ့ ပါးဖောင်းဖောင်းလေးတွေက ိုလက်ကလေးနဲ့အသာဆွဲရင်း နူးညံ့စွာဆို၏

"ဟုတ်ပါပြီကွာ ကိုယ်သွားပါ့မယ် ဒါပေမဲ့ ပြန်လာရင်တော့ မင်းအဆင်သင့်ဖြစ်တာကိုပဲမြင်ချင်တယ်​နော် "

"ရှောင်း​နော်"

"စတာပါကွာ ကိုယ်သွားပြီနော် တစ်ခုခုခိုင်းစရာရှိရင် ယွီပင်းတို့ကိုခေါ်လိုက်"

ရှောင်းကျန့်သည် ဝမ်ရိပေါ်ရဲ့ ပါးလေးကိုတစ်ချက်နမ်းရှုံ့ကာဓာတ်လှေကားထဲသို့ဝင်သွားသည်

ရှောင်ကျန့်ထွက်သွားတာနဲ့ ဝမ်ရိပေါ်ကရေမိုးချိုးလိုက်ပြီး
Shopping Mall သို့သွားကာ သူလိုချင်တဲ့ပစ္စည်းတွေကို
ဝယ်တော့၏ လိုရမယ်ရ ရှောင်ကျန့်တပ်က သူ့နဲ့သိတဲ့ အချို့တပ်သားလေးတွေအတွက်လဲဝယ်ခဲ့သည်

**********
"ပစ္စည်းတွေကများလှချည်လား ဗိုလ်ချုပ်ကတော် တစ်ဆိုင်လုံးများမလာတာလား"

"မဟုတ်ပါဘူး ခင်ဗျားတို့တွေအတွက်ရောဝယ်လိုက်လို့များသွားတာ"

ယွီပင်းမှာမယုံနိုင် သူတို့ဗိုလ်ချုပ်ကတော်က သူတို့အတွက်ဝယ်လာပေးတာလား

"​ရှောင်းက​ပြောတယ် ခင်ဗျားတို့က နဲနဲ​သောက်စားတက်တယ်တဲ့ အဲ့တာ​ကြောင့်ကျွန်​တော် သောက်စရာအချို့နဲ့ အသားတွေဝယ်ခဲ့​သေးတယ် "

ဝမ်ရိပေါ်က ကားနောက်ခန်းထဲမှာရှိတဲ့ အိတ်ကြီး အိတ်ငယ်မျိုးစုံကို စစ်သားအချို့ထံပေးလိုက်၏

"အဲ့လောက်ထိမလိုပါဘူးဗျ"

ယွီးပင်းပြောလိုက်တော့ဝမ်ရိပေါ်ကပြုံး၏

"ဘာလို့မလိုရမှာလဲ ခင်ဗျားတို့တပ်ဖွဲ့က ရှောင်းရဲ့ညာလက်ရုံးပဲ
အဲ့တော့ကျွန်တော်ပေးသင့်တာပေါ့ နောက်ပြီး မနက်ဖြန်ကျရင် ကျွန်တော်နဲ့ရှောင်းလက်ထပ်တာ ၁လပြည့်ပြီလေ"

ထိုစကားကြောင့် စစ်သားအချို့သည် သူကိုဂုဏ်ပြုစကားပြောကြ၏ ထိုနောက် အထုတ်ကြီးအထုတ်ငယ်ကို ကိုင်ကာဓာတ်လှေကား ပေါ်တက်ကြသည် ဝမ်ရိပေါ်သည် ကားကိုတစ်ချက်စစ်ကာ ယွီပင်းနဲ့စစ်သားအချို့ရှိနေတဲ့ဓာတ်လှေကား ဆီကိုသွားလိုက်၏

ထိုအချိန် YAMAHA ဆိုင်ကယ်နက်တစ်စီးသည် သူ့ထံသို့အရှိန်ပြင်းစွာမောင်းနှင်လာ၏

*ဒိုင်း*

သေနတ်သံသည် စစ်တပ်အိမ်ယာ၏ မြေအောက်ကားပါကင် တစ်ခုလုံးကိုလွမ်းခြုံသွား၏

"ဗိုလ်ချုပ်ကတော်"

ယွီပင်းနဲ့သူ့အဖွဲ့သားမျာသည် စိုးရိမ်ထိတ်လန့်စွာအော်မိလိုက်သည်
အခုပဲသူတို့နဲ့စကားပြောနေတဲ့ဗိုလ်ချုပ်ကတော်သည်
အခုတော့မြေပြင်ပေါ်ကိုလဲကျလျက်ရှိသည် ဘယ်ဘက်ပုခုံးပေါ်မှာ
သွေးများသည် မြင်မ​ကောင်း​အောင် စိုရွဲလျက်

"စုန်ယန် ဗိုလ်ချုပ်ကိုချက်ချင်းအကြောင်းကြားလိုက် လီချန် လုပ်ကြံသူတွေနောက်လိုက် ကျန်တဲ့သူတွေ ဗိုလ်ချုပ်ကတော်ကို​ဆေးရုံပို့ဖို့ပြင်"

ယွီပင်းသည်ထိတ်လန့်စိတ်ကိုထိန်းချုပ်ကာ အမိန့်ပေးလိုက်၏
ထို့နောက် သူသည် ဝမ်ရိပေါ်ရှိရာနေရာသို့ အလျင်အမြန်ပြေးလာလိုက်၏

"​ရှောင်း..."

ဝမ်ရိပေါ်ဟာမြေပြင်လဲလျောင်းနေရင်းတိုးတိုးလေးရေရွတ်လိုက်တယ်
သူ့ကိုကယ်ဖို့ ယွီပင်းနဲ့ အခြားစစ်သားတွေ အပြေးရောက်လာသည်ကိုတွေ့မြင်နေရပေမဲ့
သူမျှော်လင့်နေသည်က ဒီလိုအချိန်မှာ သူ့အမျိုးသားဒုဗိုလ်ချုပ် ရှောင်းကျန့်ရောက်လာဖို့သာ

"ဗိုလ်ချုပ်ကတော်....ဗိုလ်ချုပ်ကတော်အဆင်ပြေရဲ့လား"

ယွီပင်းဟာရိပေါ်ရဲ့ပုခုံးပေါ်ကသေနတ်ဒဏ်ရာကိုသူ့စစ်အကျႌနဲ့ပတ်ပေးထားတယ်

"ရှောင်း...ရှောင်း"

ရိပေါ်ဟာယွီပင်းလက်မောင်းကိုအားကိုးတကြီးဆွဲရင်း
ဒုဗိုလ်ချုပ်နာမည်ကိုသာရေရွတ်နေတယ်
ယွီပင်းဟာ ဝမ်ရိပေါ်ရဲ့ကြောက်စိတ်ကိုပျောက်အောင်
သူ့လက်​မောင်းထက် ဝမ်ရိပေါ်ရဲ့လက်ကိုအုပ်ကိုင်ရင်း

"ခဏလေးပဲ...ခဏလေးပဲစောင့်ပါ....ဗိုလ်ချုပ်ကတော်
ကျွန်တော်တို့ ဒုဗိုလ်ချုပ်ကိုအကြောင်းကြားပြီးပါပြီ...သိပ်မကြာခင်...ဗိုလ်ချု ပ်ရောက်လာတော့မှာပါ"

ယွီပင်းစကားကြောင့်ရိပေါ်စိတ်သက်သာရာရသွားသလိုပဲ
စကားအဆုံးမှာရိပေါ်ခေါင်းငြိမ့်လိုက်ရင်း ခဏအကြာမှာတော့သတိလစ်မေ့မျောသွားတယ်

"ဗိုလ်ချုပ်ကတော်....ဗိုလ်ချုပ်ကတော်သတိထားပါဦး"

**************
Buzzz....Buzzzzz

ညီလာခံတက်နေရင်း ရှောင်ကျန့်ဖုန်းက တုန်ခါလာသည်
ဗိုလ်ချုပ်ရှောင်းရဲ့ ဖုန်းက ဒီလိုအချိန်မျိုးမှာ လာတယ်ဆိုတာ ခပ်ရှားရှားရယ် သမ္မတသည် သူဘေးကရှောင်ကျန့်ဖုန်းမှာ​ပေါ်​နေသည့် နာမည်ကိုမြင်လိုက်ရသည် တပ်ကြပ်စုန့်ရန်

"ကိုင်လိုက်"

သမ္မတရဲ့ခွင့်ပြုချက်ရတာနဲ့​ရှောင်ကျန့်သည်ဖုန်းကိုင်လိုက်၏

"ပြော စုန်ယန်"

"ဗိုလ်ချုပ်.....စစ်တပ်အိမ်ယာမှာဗိုလ်ချုပ်ကတော်လုပ်ကြံခံလိုက်ရတယ်"

စုန့်ယန်၏စကား​ကြောင့်ရှောင်ကျန့်သည်စိုးရိမ်ထိတ်လန့်၍ မတ်တပ်ထလိုက်မိ၏

"ဘယ်လိုဖြစ်ရတာလဲ ဘယ်လိုလုပ်စစ်တပ်အိမ်ယာမှာ ငါ့အမျိုးသားကလုပ်ကြံခံရတာလဲ"

ရှောင်ကျန့်သည် ကျယ်လောင်စွာအော်ဟစ်လာတော့ သမ္မတနဲ့လျိုဟိုက်ခွမ်းမှာ မတ်တပ်ပင်ထရပ်လိုက်မိသည်

ဖုန်းပြောပြီးတဲ့နောက်မှာ စားပွဲ​ပေါ်ကိုပြင်းထန်တဲ့ ရိုက်ချက်တစ်ခုကျ​ရောက်လာသည်

ဒုံး စားပွဲပေါ်ခုံသည် ရှောင်ကျန့်ရဲ့လက်ချက်ကြောင့် အက်ရာထင်သွား၏
သို့သော်လဲသမ္မတက ထင်ရာစိုင်းနေတဲ့ ရှောင်ကျန့်ကို ိုဘာမှမပြောပဲလုပ်ခွင့်ပြုထားသည်

ရှောင်ကျန်သည် ညီလာခံအတွင်းရှိ လူများကိုတစ်ချက်ဝေ့ကြည့်ရင်းပြောလာသည်

"ဘယ်သူ့လက်ချက်လဲ"

စစ်တပ်အကြီးအကဲများသည်ရှောင်ကျန့်ကိုမကြည့်ရဲချေ

"ကျွန်တော်မေးနေတယ်လေ ဘယ်သူလက်ချက်လဲလို့"

"ရှောင်ကျန့် စိတ်ထိန်း!"

သူငယ်ချင်းဖြစ်သူဟိုက်ခွမ်းကတားလာသောရှောင်ကျန့်ကခနဲ့စွာပြုံးရသည်

"အဟက်!စိတ်ထိန်းရမယ်ဟုတ်လား အခု ငါ့အမျိုးသားက စစ်တပ်အိမ်ယာအတွင်းမှာ လုပ်ကြံခံလိုက်ရတာကွ ငါ့ပိုင်နက်အတွင်းမှာ သေနတ်နဲ့အပစ်ခံလိုက်ရတာ ဒါကိုမင်းကစိတ်ထိန်းဖို့ပြောရဲသေးလား"

ရှောင်ကျန့်စကားကြောင့် လျိုဟိုက်ခွမ်းမှာ ပါးစပ်ပိတ်လိုက်ရသည်
​စစ်တပ်အိမ်ယာထဲထိဝင်ပြီး ဗိုလ်ချုပ်​ရှောင်းရဲ့ အသဲအသက်​လေးကို လုပ်ကြံရဲတယ်ဆိုမှ​တော့ ​အဲ့ဒီကိစ္စရဲ့နောက်ကွယ်မှာ အကောင်ကြီးကြီးတစ်​ယောက် ရှိ​နေတာ​သေချာသည် ရှောင်ကျန့်သည် နောက်ဆုံးတစ်ခေါက် ညီလာခံအတွင်းက လူများကိုတစ်ချက် ကြည့်လိုက်ကာ

"သမ္မတရှီ ကျွန်တော်တရားခံကိုမိရင် ညှာမှာမဟုတ်ဘူးနော်"

ဆိုတဲ့စကားကို​ပြောကာ အခန်းထဲကထွက်သွားတော့သည်

အခန်းထဲရှိစစ်တပ်အရာရှိ​တွေက​တော့ အသက်တောင်မရူရဲတော့ပေ

**************
​ရှောင်ကျန့်ဆေးရုံရောက်တော့ ဝမ်ရိ​ပေါ်သည် ခွဲစိတ်ခန်းကထွက်လာပြီ သူနာပြုသည် ​ဗိုလ်ချုပ်​ရှောင်းလက်ထဲကို ​သွေးစွန်း​နေတဲ့ ရှပ်အကျႌတစ်ထည်ကို​ပေးလာသည်

"ရှင့်အမ​ျိုးသား​လေးရဲ့ အဝတ်​တွေပါ ဗိုလ်ချုပ်"

​ရှောင်ကျန့်လက်တစ်ဖက်သည် အနီ​ရောင်း​ပြောင်းလုနီးပါးဖြစ်​နေတဲ့ အဝတ်အစား​တွေကိုစုတ်ကိုင်ရင်း နောက်တစ်ဖက်ကတော့ ကုတင်ပေါ်ကဖြူဖျော့နေတဲ့ ရိပေါ်ရဲ့မျက်နှာလေးကိုထိကိုင်ရင်း ​သူနာပြုကို​မေးလာသည်

"သူအဆင်​ပြေရဲ့လား"

သူနာပြုကခေါင်းငြိမ့်လိုက်သည်

"စိုးရိမ်စရာမရှိ​တော့ပါဘူး ​ဒါ​ပေမဲ့ သွေးအများကြီးဆုံးရှုံးထား​တော့ အား​တော့နည်း​နေဦးမယ်"

"​ကျေးဇူးပါပဲ"

သူနာပြုကမလို​ကြောင်း​ပြောရင်းအခန်းထဲကထွက်သွားသည်

"ဘယ်လိုဖြစ်ရတာလဲ"

​ရှောင်ကျန့်ကသူ့​နောက်ဖက်ကယွီပင်းကကိုကြည့်ရင်း​မေးလာသည်
ယွီပင်းကဖြစ်​ကြောင်းကုန်စင်​ပြောပြပြီး​သောအခါ
ရှောင်ကျန့်ဟာဆေးရုံနရံကို၃ချက်လောက်ဆင့်ထိုးလိုက်တယ်

"ဗိုလ်ချုပ်"

"ရှောင်းကျန့်"

ယွီပင်းနဲ့ဟိုက်ခွမ်းဟာရှောင်ကျန့်ကိုတားပေမဲ့
အခါနှောင်းသွားတယ် ဒုဗိုလ်ချုပ်ရှောင်းရဲ့ညာဘက်လက်မှာ
သွေးချင်းချင်းနီလို့ ရှောင်ကျန့်ဟာနရံကိုမှီရင်းငိုကြွေးတယ်
သူအပြစ်....သူ့အပြစ်တွေချည်းပဲ....သူပေါ့လျော့ခဲ့လို့...ရိပေါ်အခုလိုဖြစ်ရတာ....သူလုံခြုံ ရေးကိုဂရုမစိုက်ခဲ့လို့.....
ရိပေါ်ကသူ့ပိုင်နက်နယ်မြေအတွင်းမှာပဲထိခိုက်ရတာ....
အဲ့ဒါတောင်မှဘာလို့ဒီကလေးကအပြစ်တစ်ချက်မဆိုဘဲ
အန္တရယ်နဲ့ကြုံ တွေ့ချိန်မှာတောင် သူကို့မစောင်ရှောက်နိုင်တဲ့
အမျိုးသားနာမည်ကိုခေါ်နေရသလဲ အသုံးမကျတဲ့သူကို တ နေရတာလဲ
အကယ်၍ ကျည်ဆံသာရိပေါ်ရဲ့ပုခုံးကိုမဟုတ်ဘဲ ရင်ဘတ်ကိုသာမှန်ခဲ့မယ်ဆိုရင် သူဘယ်လိုဆက်နေရမလဲ
ရိပေါ်သာတစ်ခုခုဖြစ်သွားရင်သူကို့ကိုယ်ကိုခွင့်လွတ်နိုင်မှာမဟုတ်ဘူး

ထိုအချိန်ယွီပင်းရဲ့ဖုန်းသံမြည်လာတယ်
ရှောင်ကျန့်ကယွီပင်းဖက်ကိုကြည့်လာတယ်

"ဘယ်သူ့ဖုန်းလဲ"

"တရားခံနောက်ကိုလိုက်သွားတဲ့စစ်သားတွေရဲ့ဖုန်းပါ ဗိုလ်ချုပ်"

"ကောင်းပြီကိုင်လိုက်"

ယွီပင်းဟာဖုန်းကိုကိုင်ပြီးSpeakerဖွင်လိုက်တယ်

"ဗိုလ်ချုပ်ကတော်ကို လုပ်ကြံတဲ့တရားခံတွေကိုဖမ်းမိပါပြီ"

ဖုန်းထဲကအသံကြောင့်ရှောင်ကျန့်ရဲ့မျက်နှာမှာခက်ထန်မူ့တွေအပြည့်

"သူ့တို့ကို​မြေအောက်ခန်းထဲမှာချုပ်ထားလိုက် ရိပေါ်သတိရလာရင်ငါကိုယ်တိုင်စီရင်မယ်"

"ကောင်းပါပြီ ဗိုလ်ချုပ်"

ရှောင်ကျန့်ရဲ့အမိန့်ကို ယွီပင်း က တဖက်ကစစ်သားတွေစီကို
ကြောင်းပြန်လိုက်သည်

"ရှောင်း...."

မပီမသရေရွတ်သံလေးကြောင့်ရှောင်ကျန့်ရဲ့ကျောဟာမတ်ခနဲ
ယွီပင်းနဲ့ဟိုက်ခွမ်းလဲကုတင်ပေါ်ကကောင်လေးကိုကြည့်လိုက်တယ်
ကြည့်ရတာရိပေါ်သတိရလာတဲ့ပုံပဲ

ရှောင်ကျန့်ဟာချက်ချင်းလူနာကုတင်နားသို့ပြေးသွားလိုက်တယ်

"ရှောင်း...."

"အင်း....ကိုရှိတယ်"

အဖြေဟာတိုတောင်းပေမဲ့ ရိပေါ်အတွက်လုံလောက်တယ်
သို့သော်အခု ရှောင်းရဲ့ပုံစံကနည်းနည်းအဆင်မပြေသလိုပဲ
အမြဲတမ်းစစ်ယူနီဖောင်းကိုသေချာဝတ်တက်တဲ့ရှောင်းက
အခုကြယ်သီးအပြည့်တပ်မထားဘူး ပွယောင်းနေတဲ့ဆံပင်တွေနဲ့
အနည်းငယ်နီရဲနေတဲ့မျက်ဝန်းက ရှောင်း စိတ်ညစ်နေတယ်ဆိုတာသိသာနေတယ်
ဝမ်ရိပေါ်ဟာရုတ်တရက်ဆိုသလို ရှောင်းရဲ့ညာဘက်လက်ကလေးကိုဆုပ်ကိုင်လိုက်တယ်

"ဘာဖြစ်တာလဲ"

သွေးချင်းချင်းနီနေတဲ့လက်ကလေးကိုကြည့်ရင်းပြောနေတဲ့ဝမ်ရိပေါ်ဟာ
ရုတ်တရက်သူမျက်ဝန်းတစ်စုံကိုကြည့်လာတယ်
ရှောင်ကျန့်ဟာအဖြေခက်နေတဲ့ပုံ သို့သော် ခဏအကြာမှာပဲဝမ်ရိပေါ်ဟာအခြေအနေတွေအားလုံးကိုရိပ်မိသွားတယ်

"ကျွန်တော့်ကြောင့်လား"

ရှောင်ကျန့်ဟာငိုနေတဲ့ကောင်လေးကိုဖက်ရင်းခေါင်းလေးကိုလဲပွတ်သပ်ရင်း

"မဟုတ်ပါဘူးကွာ ဝမ့်ကြောင့်မဟုတ်ပါဘူး ဒီအတိုင်းကိုမင်းကိုမကာကွယ်နိုင်လို့ ကို့ကိုယ်ကို ဆုံးမလိုက်ရုံပါ"

"အဲ့တာကဘာလို့ခင်ဗျားကြောင့်ဖြစ်ရမှာလဲကျွန်တော့်ဘာသာသတိမထားလို့ဖြစ်တာပါ"

"မဟုတ်တာ ကိုယ်ပေါ့လျော့မိသွားလို့ ဝမ်ထိခိုက်ရတာပါကွာ"

Zaw

"ရှောင်း"


"ဘာလို့လဲဝမ်"






"ရှောင်းနော်"







"လူလည်ကြီး"

ကြည့်ကောင်းသည်








"ရှောင်း​နော်"




**********










*ဒိုင်း*


"ဗိုလ်ချုပ်ကတော်"




"​ရှောင်း..."



ယွီပင်းဟာရိပေါ်ရဲ့ပုခုံးပေါ်ကသေနတ်ဒဏ်ရာကိုသူ့စစ်အင်္ကျီနဲ့ပတ်ပေးထားတယ်

"ရှောင်း...ရှောင်း"





**************
Buzzz....Buzzzzz


"ကိုင်လိုက်"


"ပြော စုန်ယန်"






သို့သော်လဲသမ္မတက ထင်ရာစိုင်းနေတဲ့ ရှောင်ကျန့်ကိုဘာမှမပြောပဲလုပ်ခွင့်ပြုထားသည်


"ဘယ်သူ့လက်ချက်လဲ"










**************
ရှောင်ကျန့်ဆေးရုံရောက်တော့ ဝမ်ရိ​ပေါ်သည် ခွဲစိတ်ခန်းကထွက်လာပြီ သူနာပြုသည် ​ဗိုလ်ချုပ်​ရှောင်းလက်ထဲကို ​သွေးစွန်း​နေတဲ့ ရှပ်အင်္ကျီတစ်ထည်ကို​ပေးလာသည်



"သူအဆင်​ပြေရဲ့လား"



"​ကျေးဇူးပါပဲ"


"ဘယ်လိုဖြစ်ရတာလဲ"


"ဗိုလ်ချုပ်"

"ရှောင်းကျန့်"



"ဘယ်သူ့ဖုန်းလဲ"


"ကောင်းပြီကိုင်လိုက်"






ကြောင်းပြန်လိုက်သည်

"ရှောင်း...."



"ရှောင်း...."

"အင်း....ကိုရှိတယ်"


"ဘာဖြစ်တာလဲ"







Continue Reading

You'll Also Like

14.3K 918 18
Yizhan ficပါ ညီမရေးတဲ့ဒုတ‌ယမြောက် ficပေါ့ အားပေးပါအုန်းနော် Date of writing_2.4.2022 end Date_16.7.2022
3.5K 244 80
vivan mills the daughter of regina met snow white back in the enchanted forest but can snow help vivan see the light?
46.2K 2.9K 25
Love isn't easy. Everyone knows that. And love most definitely does not last long. But will these two young rebel hearts prove that saying wrong. Or...
15.2K 358 23
It all starts off with a partygoer and Partypooper becoming friends, and when the fun war starts, they separate. J (Partypooper) lives through the t...