ယုန်လေး က သားပေါက်လေးကို ပျို...

By Kyiphyuswe

31.6K 4.1K 61

ယုန်လေး က သားပေါက် လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး! (BL translation) Little rabbit, he can't afford to ra... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2.2)
အပိုင်း (2.3)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (3.3)
အပိုင်း (4.1)
အပိုင်း (4.2)
အပိုင်း (4.3)
အပိုင်း (5.1)
အပိုင်း (5.2)
အပိုင်း (5.3)
အပိုင်း (6.1)
အပိုင်း (6.2)
အပိုင်း (6.3)
အပိုင်း (7.1)
အပိုင်း (7.2)
အပိုင်း (7.3)
အပိုင်း (8.1)
အပိုင်း (8.2)
အပိုင်း (8.3)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (10.1)
အပိုင်း ( 10.2)
အပိုင်း (11.1)
အပိုင်း (11.2)
အပိုင်း (12.2)
အပိုင်း (13.1)
အပိုင်း (13.2)
အပိုင်း (14.1)
အပိုင်း (14. 2)
အပိုင်း (15.1)
အပိုင်း (15.2)
အပိုင်း (16.1)
အပိုင်း (16. 2)

အပိုင်း (12.1)

460 58 0
By Kyiphyuswe

(12.1) ငွေရှာ ပြီးတော့ ကလေး ပျိုးထောင် ရမယ်။

'' အခု ရဲ့ အရင် ကတည်း က တောင်မှ အလုပ် တစ်ခု ရှာဖို့ဆိုတာ က လွယ်ကူတာ မဟုတ်ဘူး လို့ ငါ မင်းကို မပြောခဲ့ ဘူးလား။ ပြီးတော့ မင်းက ဒီနေရာကို အခုမှ ရောက်တာ လေ။ ဒီနေရာ ရဲ့ ပစ္စည်းတွေ အတော်များများ နဲ့ မှ မရင်းနှီး သေးတာ ''

ဝမ်ဟန် က ဆိုဖာ ပေါ်မှာ လှဲနေ ပြီးတော့ သူ့ကို အပြုံးလေး နဲ့ ကြညိ့နေ ခဲ့တယ်။

နန်ဟွေး ရဲ့ နားရွက်တွေက နီမြန်း သွား ပြီးတော့ ဖက်ခေါင်းအုံးလေး ကို မြှောက်ကာ သူ့ရဲ့ ခေါင်းကို အဲ့ထဲ နှစ်မြုပ်ထား လိုက်တော့ လေတယ်။

အမှန် ကိုပဲ ဝမ်ဟန် က သူ့ကို သတိပေး ခဲ့တာ ဖြစ် ပေမယ့် သူက အလျင်စလို လုပ်ခဲ့တာ ပဲ ဖြစ်လေတယ်။

'' မင်း ခဏလောက် အချိန်ယူ ပြီးတော့ သင်စရာ ရှိတာ လေးတွေ သင်ပါအုံး။ ငါလည်း ဒီနေရာကို စလာတုံး က အဲ့လို ပဲ လုပ်ခဲ့ ရတာ ''

ထို အချိန် အတော အတွင်းမှာ ပဲ ဝမ်ဟန် က နန်ဟွေးကို အကြောင်းအရာ တွေ အများကြီး အား မပြီးပြတ် သေးတဲ့ အထိ သင်ကြား နေလေရဲ့။ ဥပမာ စမတ်ဖုန်း နဲ့ ကွန်ပြူတာ သုံးနည်း အခြေခံတွေ လိုမျိုးပေါ့ ။ ပြီးတော့ ကျန်တဲ့ ရက်တွေ မှာတော့ အဓိက ကျတဲ့ ထို ဘေးပတ်ဝန်းကျင် က  နေရာ တွေကိုလ​ည်း ဝမ်ဟန် က ခေါ်သွား ပေးသေးတယ်လေ။ ဒါကြောင့် အခုချိန်မှာ နန်ဟွေး တစ်ယောက် ထဲ အပြင်ထွက် ရင်တောင် စိုးရိမ် စရာ မလိုတော့ ပါပေ။

နန်ဟွေး က သူ့ရဲ့ ဗိုက်လေး ကို စိုးရိမ် ပူပန်စွာ နဲ့ ပွတ်လိုက် လေတယ်။ သူက အချိန်တွေ ကြာလာလေလေ သူ့မှာ ရှိတဲ့ အချိန်တွေက ကုန်သွား လေလေ ပဲလေ။ ပြီးတော့ သူ့ရဲ့ ကလေးလေး က ဗိုက်ထဲမှာ ထင်ရှားလာတဲ့ အချိန်ရောက် ရင် သူက မှိုခင်း တစ်ခင်းတောင် စိုက်ပြီး ချင်နေတာ ပဲ ဖြစ်လေတယ်။

နန်ဟွေး က ရက်ပေါင်း များစွာ သက်ပြင်း ချ ပြီးတဲ့နောက် ဖုန်းစိမ်း တစ်ခု ကနေ ရုတ်တရက် ကြီး ခေါ်ဆိုမှု တစ်ခု ဝင်လာ ခဲ့လေတယ်။

နန်ဟွေး က အဲ့ဖုန်းခေါ်ဆို မှုကို မဖြေပြီးခင်  အထိ မိနစ် အတော်ကြာ ကြောင်အ နေခဲ့ လေတယ်။ နောက်တော့ ဆိုဖာပေါ် ကို ထိုင်လျက်လေး ပြိုလဲ ပြုတ်ကျ သွားတော့ လေတယ်။

သူနဲ့ မျက်နှာချင်း ဆိုင်မှာ ထိုင်နေတဲ့ ဝမ်ဟန် ခမျာ အဲ့တာ ကို တွေ့တော့ အတော်လေး ကို တုန်လှုပ် သွားတော့ လေတယ်။

'' မင်း ဂရုစိုက်မှ ပေါ့ကွ ''

'' မြေခွေးလေး ငါတော့ အလုပ်ရ ပြီ ထင်တာ ပဲ ''

နန်ဟွေး က ဖုန်းကို ကြောင်အ စွာ ကိုင်ထား လေတယ်။

အခုလေးတင် ပါးစပ်ထဲ ထည့်ဖို့ လက်ထဲမှာ ကိုင်ထားတဲ့ ဝမ်ဟန် ခမျာ ချက်ချင်း ပဲ ရပ်တန့် သွားတော့ လေတယ်။

'' တကယ်ကြီးလား ဘာ အလုပ် တဲ့လဲ? ''

တကယ်လို့ အဲ့တာ က စနောက်ပြီးတော့ လှည့်ဖျား တဲ့ အလုပ်ခေါ်မှု ဖြစ်နေ ရင်တောင်မှ ဝမ်ဟန် က အံ့သြ မှာ မဟုတ် ပါပေ။ ဘာလို့လဲ ဆိုတော့ အကြည့် တစ်ချက် နဲ့တင် နန်ဟွေး ရဲ့ ပုံလေး က လိမ်ရ လွယ်တယ်လေ။

'' အဲ့အမျိုးသမီး ပြောတာ ကတော့ အသေးစိတ် သိရ အောင်လို့ ငါ့ဆီကို မက်ဆေ့ချ် ပို့လိုက် မယ်တဲ့လေ ''

နန်ဟွေး က အဲ့တာ ကို ပြောပြီးရုံပဲ ရှိနေ သေးတယ် ဖုန်းက အသံ တစ်ချက် ထွက်လာ ပြီးတော့ အသိပေးချက် တစ်ခု ရောက်လာ ခဲ့လေတယ်။

ဝမ်ဟန် ကလည်း အဲ့ဘက်ကို ငုံ့ကိုင်းကာ အတူတူ ကြည့်လိုက် တော့ လေတယ်။

'' ယိဟွား အင်တာ တိန်းမန့်လား? ''

ဝမ်ဟန် ခမျာ အာလူးကြော် စားပြီး သီးတော့ မလို ဖြစ်သွား လေတယ်။

''မင်းရဲ့ကိုယ်ရေး အကျဥ်းကို သူတို့စီ စာရင်း ပေးသွင်း ခဲ့သေးလား? ''

'' ကိုယ်ရေး အကျဥ်း ဆိုတာ က ဘာလဲ? ''

နန်ဟွေး က ဝမ်ဟန် ကို ကြောင်အစွာ ကြည့်ပြီးတော့ မေးလာခဲ့ လေတယ်။

ဝမ်ဟန် က သူ့ရဲ့ ခေါင်းကို ပုတ်လိုက်တယ်။ သူက တကယ်တုံးတာ ပဲ။ နန်ဟွေးကို ဒီလို မျိုးတွေတောင် အခုထိ မသင်ရ သေးဘူးလေ။

အဆုံးမှာတော့ နန်ဟွေး တစ်ယောက် အလုပ်မရှာ နိုင်သေးတဲ့ အကြောင်း အရင်း က အခုထိ ကိုယ်ရေး အကျဥ်း အသေးစိတ် မတင်ပြ နိုင်သေးလို့ ပါပဲ။ ပြီးတော့ ကိုယ်ရေး အကျဥ်းထဲမှာ ဖြည့်ဖို့ တက်မြောက်မှု တွေ အတွက် ကလည်း အချိန် မလောက်တော့ တာ ​ကြောင့် ဝမ်ဟန် က နန်ဟွေးကို အလုပ်သေးသေးလေး တွေ ရှာပေး နေခဲ့တာ ပဲ ဖြစ်လေတယ်။

ဝမ်ဟန် က ပို့လာတဲ့ စာကို သေချာလေး ဂရုတစိုက် ကြည့်ရင်း နဲ့ မျက်မှောင်ကြုတ် ထားခဲ့လေတယ်။

အဲ့တာ က လိမ်လည် လှည့်ဖျား မှု တစ်ခု နဲ့ လုံးဝ ကို မတူ ပေမယ့်လည်း သူတို့က နန်ဟွေးကို ဘယ်လို လုပ်ပြီးတော့ ရှာတွေ့ သွားရတာလဲ?

'' ဘာလို့ သူမက မင်းကို ရှာတာ လဲ ဆိုတာ ကို ဖုန်းထဲမှာ တုံးက သူမ ပြောပြ သွား သေးလား? ''

နန်ဟွေး က အစောက ဖုန်းခေါ်မှု အကြောင်းကို ပြန်တွေး ကြည့်မိ လိုက်လေတယ်။

'' အဲ့တာ က ကြည့်ရတာ တော့ ငါက သင့်တော် တယ်လို့ တစ်စုံတစ်ယောက် က မှတ်ချက် ပေးလိုက်တယ် တဲ့လေ။ ပြီးတော့ ငါ့ကို ကြိုးစား ကြည့်ပါတဲ့''

အဲ့တာ က ကြည့်ရတာ တော့ အကျိုးစင့် အကြောင်းသင့် အ​ခြေ အနေ ပဲ။ ဒီလိုမျိုး အကောင်ကြီးကြီး အမြီး ရှည်ရှည် ရှိတဲ့ ကုမ္ပဏီ ကြီးမှာ လုပ်ဆောင် စရာ ကဏ္ဍ တွေက လည်း အများကြီး ရှိသလို အဆက်အသွယ် တွေလည်း ပေါတယ်လေ။ အရင်တုန်း က နန်ဟွေး သွားလျောက် ခဲ့တဲ့ အလုပ်တွေ ကနေ ကိုယ်ရေး အကျဥ်းကို ရတာ ဖြစ်နိုင်တယ်။ အဲ့တာ က မဖြစ်နိုင်တာမှ မဟုတ်ပဲလေ။

ဝမ်ဟန် က အခုထိ စိတ်မချ နိုင်ဆဲ ဖြစ်တဲ့ အတွက်ကြောင့် ယိဟွား အင်တာ တိန်းမန့် အကြောင်းကို အင်တာ နက်ပေါ်မှာ သေချာလေး ဂရုတစိုက် ရှာဖွေ ကြည့်လေတယ်။ အရင်တုံး က ဝမ်ဟန်  ရဲ့ အမြင်ထဲမှာတော့ ဒါက ကြီးမားတဲ့ ကုမ္ပဏီ ကြီးတွေ ထဲက တစ်ခု ပေါ့လေ။

အခုတော့ သူက ယိဟွား အင်တာ တိန်းမန့် အကြောင်းကို အသေအချာ ရှာဖွေ ပြီးတဲ့နောက် ယိဟွား အင်တာ တိန်းမန့် ရဲ့ အခြေခံ သတင်း အချက် အလက် တစ်ချို့ကို ဘာပြဿနာ မှ မရှိပဲနဲ့ အကြမ်းဖျင်း ရလာခဲ့ လေတယ်။ ဒါပေမယ့် ကျင်းထန် ရဲ့ ပါဝင် ပတ်သက် မှု အကြောင်း ကို ရှာမတွေ့ ခဲ့ပေ။

ပြီးတော့ အဲ့နေ့က လိုက်လာတဲ့ လူ ရဲ့ အရိပ်အယောင် ကိုတောင်မှ မတွေ့ခဲ့ချေ။ ဒါပေမယ့် ယိဟွား လို အကြီးစား ကုမ္ပဏီ က ကျင်းထန် ရဲ့ ရှီးထန်း ကုမ္ပဏီ နဲ့ ပူးပေါင်း  ဆက်နွယ် လုပ်ကိုင်မှု တစ်ချို့တော့ ရှိလေတယ်။

ဒါပေမယ့် ရှီးထန်း ကိုယ်တိုင် ကလည်း အကောင်ကြီးတဲ့ ကုမ္ပဏီ တစ်ခု ဖြစ်တာ ကြောင့် ကုမ္ပဏီ ကြီးတွေ ကြားထဲမှာ စီးပွားရေး အရ ဆက်ဆံ ရေးတွေ ရှိကြတာ ပဲလေ။

အပွင့်လင်း ဆုံးပြောရရင် အခု အလုပ်ဟာ နန်ဟွေးနဲ့ အတော်လေး ကို သင့်တော် တယ်လို့ ပြောလို့ ရတယ်။

နန်ဟွေးကို တစ်ခါမှ မကြားဘူးတဲ့ အဝတ်အစား ဘရန်း တစ်ခု အတွက် ပိုမိုရှင်း မော်ဒယ် အဖြစ် ဓာတ်ပုံ ရိုက်ခံ ရမှာလေ။ အဲ့ ဘရန်း နာမည် က ယိဟွား ရဲ့ ပိုင်ဆိုင်မှု ထဲမှာ ဘယ်လို ပါဝင် လာသလဲ ဆိုတာ ကို သူလည်း မသိပေမယ့် အင်တာ တိန်းမန့် ကုပ္မဏီ တစ်ခု ဖြစ်တဲ့ အလျောက် ထူးဆန်းတဲ့ ကိစ္စ တစ်ချို့တွေ လုပ်တာ က အံ့သြစရာ တော့ သိပ်မရှိတော့ ပါပေ။

ပြီးတော့ ဒီအလုပ် ကလည်း ရေတို အလုပ် တစ်ခု ဖြစ်ကာ နန်ဟွေး တစ်ယောက် ရိုက်ကူးရေး ပြီးသွားတာနဲ့ သူက အိမ်မှာ ပဲ နေပြီးတော့ ကလေးလေး ဖွံ့ဖြိုးလာတာ ကို စောင့်ဆိုင်း နေလို့ ရတယ်လေ။

နန်ဟွေး ရဲ့ မျှော်လင့် စောင့်စား နေတဲ့ မျက်နှာလေး ကို တွေ့လိုက် ရတော့ ဝမ်ဟန် ခမျာ သူ့ရဲ့ စိတ်အား ထက်သန်မှု တွေကို မပျက်စီး စေချင်တဲ့ အတွက်ကြောင့် ဝမ်ဟန် က အပြုံးလေး နဲ့ ပြောလိုက်လေတယ်။

'' သန်ဘက်ခါ ကျရင် ငါ့ရဲ့ အလှည့်ကို ပြောင်းလိုက် မယ်။ ပြီးရင် ငါမင်း ကို ခေါ်ပြီး အတူ သွားကြည့် ကြမယ်နော်။ ဒါပေမယ့် ငါ သတိပေးထား စရာ တစ်ချို့ ရှိသေးတယ်။ အဲ့ကုမ္ပဏီ က ကျင်းထန် နဲ့ စီးပွားရေး အရ ဆက်ဆံရေး တစ်ချို့ ရှိတယ်။ ဒါကြောင့် သူနဲ့ ဝင်တိုးမိဖို့  တွေ့ဖို့ ဖြစ်နိုင်ချေ က အတော်လေး များတယ်နော် ''

နန်ဟွေး က သူစိုးရိမ်စိတ် များတဲ့ အခါ လက်ဖျောက်တီး တက်တဲ့ အကျင့် ရှိလေတယ်။ အခုလည်း ထိုဟာကို ကြားတော့ သူ မတက်နိုင် ပဲ လက်ဖျောက် ထပ်တီး မိလေတယ်။

အလေးအနက် ပြောရရင် အခုလက်ရှိမှာ က ကျင်းထန် အပေါ် ရှိတဲ့ သူ့ရဲ့ ခံစားချက် က အတော်လေး ကို ရှုပ်ထွေး ပွေလီ တယ်လို့ ပြောလို့ ရလေတယ်။

သူတို့ အတူ အိပ်ခဲ့တာ ဆိုတာ မှန်ပေမယ့် သူ့စီ ကို အရင်ဆုံး  ခုန်ဝင် ခဲ့တဲ့ လူက သူပဲလေ။ အဲ့ညမှာ ဖြစ်ပျက်ခဲ့တဲ့ မှတ်ဉာဏ် တွေ အကုန်လုံး ကို နန်ဟွေး က မှတ်မိတာ တော့မဟုတ်ပေ။

အဲ့အချိန်မှာ သူက မူးဝေ နေတယ် လို့သာ သူ အကျဥ်းချုပ် ကာ တွေးနိုင် ခဲ့လေတယ်။

အဲ့အချိန် တုံး က ကျင်းထန် က တကယ်ကြီး  သူ့ကို ကူညီပေးခဲ့တယ်လေ။ အဆုံးမှာတော့ မိတ်လိုက်ကာလ ဝင်လာတာ ကို ပြက်ပျယ်အောင် မလုပ်နိုင် ရင် တိရိစ္ဆန် ငယ်လေး တွေ အတွက် အရမ်းကို အန္တရာယ် များတယ်လေ။

ဒါပေမယ့် မြေ​ခွေးလေး ပြောတာ ကတော့ သူက လူသား တွေကို အရမ်းကြီး ကြင်နာ စွာ တွေးနေတာ ပဲလို့လေ။ အဲ့လို အခြေအနေ မျိုးမှာ ဘယ်လို လူကမှ သူ့ကို အဝေးဆီ တွန်းလွတ်နိုင်မှာ မဟုတ်ပါ ဘူးတဲ့လေ။ ပြီးတော့ မိတ်လိုက်ကာ လ ကို ဖိနှိပ်ပေးတဲ့ ဆေးတွေကို အနာဂတ်မှာ  ကိုယ်နဲ့ မကွာ ဆောင်သွား ဖို့လည်း ပြောခဲ့ တယ်လေ။

နောက်ပြီးတော့ ဒီ ကူညီပေး ခဲ့တာ ဆိုတာ ကြီးကို မေ့လိုက်တော့ တဲ့လေ။

ဒါ့ထက် ပိုပြီးတော့ နန်ဟွေး သံသယ ရှိတာ က တော့ ကျင်းထန် ရဲ့ ကိုယ်ပေါ်မှ ထူးဆန်းတဲ့ ရနံ့ တစ်ခု က သူ့ကို မိတ်လိုက် ကာလ ထဲကို ရောက်သွား စေခဲ့တဲ့ တရားခံပဲလို့ ပေါ့။

သူက သူ့ရဲ့ အတွေး သံသယ ကို မြေခွေးလေး အား ပြောပြ ပြီးတဲ့နောက် ဝမ်ဟန် က တိရိစ္ဆာန် ငယ်လေး တွေကို မိတ်လိုက် ကာလ ရောက်စေတဲ့ ထိုကဲ့သို့ ထူးခြားဆန်းကြယ် လှပါသော မွှေးရနံ့ ကို မကြားဘူး ဘူးလ်ို့ ပြောခဲ့တယ်လေ။ ပြီးတော့ တကယ်လို့ ရှိခဲ့ရင် တောင်မှ လူတွေကို မိုင် တစ်ထောင် လောက်ကနေ ငြင်းပယ် နေတဲ့ ကျင်းထန် လို လူက ဘယ်လိုလုပ် အဲ့လို ရေမွှေး မျိုးကို သူ့ရဲ့ ကိုယ်ပေါ်မှာ စွတ်ထား လိမ့်မလဲ?

သူ့လို လူမျိုး က ဆွဲဆောင် ညို့ငင်မှု ရအောင်လို့ သူ့ကိုယ်သူ ထူးခြားတဲ့ ရေမွှေး ဖြန်းနေ စရာ လိုသေးလို့လား ။

မြေခွေလေး က အဲ့လို ပြောလာ ပြီဆို ကတည်း က နန်ဟွေး က အကြွင်းမဲ့ ယုံကြည် လိုက်တော့ လေတယ်။

သူ့အမှား မဟုတ်ဘူး လို့ အကြောင်းရှာနေပေမယ့် ကျရှုံး ခဲ့ရတဲ့  နန်ဟွေး ခမျာ ကျင်းထန် အပေါ် ရိုက်ခဲ့တဲ့ ပြင်းထန်တဲ့ ရိုက်ချက် ကို လုပ်မိ ခဲ့တဲ့ အတွက် အပြစ်ရှိစိတ် က ပျောက်မသွား ပဲ ပိုလို့တောင် တိုးပွားလာ ခဲ့ လေတယ်။

မြေခွေးလေး က နန်ဟွေး ရဲ့ အကြံဉာဏ်တွေ အကုန်လုံး ကို သဘောမတူ ခဲ့ပါပေ။ တစ်ခြားလူ တွေက အကျိုးအမြတ် ယူတဲ့ အန္တရာယ် က ဘာကို ဆိုလိုတာ လဲ ဆိုတာကို နန်ဟွေး သဘောပေါက်အောင် ဝမ်ဟန် က သေချာလေး ရှင်းပြ ခဲ့လေတယ်။

လူသား ကမ္ဘာ ရဲ့ အခြေခံ စံနှုန်း သတ်မှတ်မှု အမြင်ဘက် ကနေ ကြည့်မယ် ဆိုရင် ကျင်းထန် ကို သူပါးချ မိတာ ကို အပြစ်ရှိစိတ် ဖြစ်ဖို့ က လုံးဝ ကို မလိုအပ် ပါပေ။ သူက စိတ်မကောင်း ဖြစ်ပေမယ့် သူက နှစ်ကြိမ် လောက်တောင် ထပ်ရိုက် သင့်တယ်လေ။

........... . ..............................

Continue Reading

You'll Also Like

477K 16K 16
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
172K 24.5K 108
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...
405K 13.2K 17
My priority /property/privacy