Unicode;
သွက်သွက်လက်လက် လှုပ်ရှားသွားတဲ့ နုတ်ခမ်းအောက်က မှဲ့နက်ဆီမှာ အမှတ်မရှိတဲ့ နှလုံးက ခုန်ချက်တွေကြိမ်နှုန်းစိပ်လာပြန်ပြီ...
အမှတ်ရှိသင့်ပြီ.. ဒီလူက သူ့ကိုကစားနေတာ...
ဒီလို စိတ်လှုပ်ရှားအောင်လုပ်ပြီးရင် ပစ်ပစ်ခါခါလှည့်ထွက်သွားဦးမှာ...
အက်ဆစ်ပျော့လို စကားလုံးပျော့ပျော့နဲ့ သူ့ကို လောင်းချပြီး နာကျင်အောင်လုပ်ဦးမှာ...
ပြီးရင် မသိသလိုအမူအရာနဲ့ အပြစ်ကင်းသလို ထပ်ပြီးဟန်ဆောင်ဦးမှာ...
"ဒီနေရာမှာရှိမှန်းဘယ်လိုသိပြီး ရောက်လာတာလဲ.."
"ရှင်းယီပြောတာ.."
ဒီကောင်ကတော့...
စိတ်ထဲကနေ ကြိတ်ပြီးမေတ္တာပို့လိုက်မိတယ်...
"ကျွန်တော် တစ်ယောက်တည်းနေချင်တယ်..."
"ရုပ်တရက်ကြီး ဘာဖြစ်သွားတာလဲ... မင်းကိုယ့်ကို ပြောစရာရှိနေတယ်မလား..."
ဒီလူဟာ သူ့စိတ်အခြေအနေကို တကယ်ပဲမသိတာလား..
တမင်ပဲ မသိသလိုနေနေပြန်တာလား...
"အကို့အတွက် .... ကျွန်တော်က ဘာလဲ.."
သူ့ အကို့ကို သေချာအကဲခတ်ကြည့်တယ်
အမူအရာက ပြောရမဲ့စကားကိုထိန်းပြီး ထပ်ပြီးတွက်ချက်နေပုံပဲ...
"ရပြီ.. မပြောနဲ့တော့.."
သူ့အကြည့်ကို ကွင်းပြင်ဘက်ကိုလှည့်လိုက်တယ်။
ဘယ်စကားလုံးက သူ့ကို အချိုသပ်လို့ရဦးမလဲဆိုတာကိုပဲ စဉ်းစားနေတာနေမှာ..
ကြားရတဲ့စကားက အဲ့တာတွေပဲ အက်ကြောင်းထပ်နေဦးမှာပဲ...
အလုပ်သဘောအရတို့... တာဝန်တွေလို့...
"စောနက နေ့လည်စာလည်း ကောင်းကောင်းမစားဘူးလေ.. ကိုယ် စိတ်ပူလို့..."
"စိတ်ပူတယ်??"
သူ ပြန်လှည့်ကြည့်လိုက်ပြီး
"ဘာအတွက်စိတ်ပူတာလဲ...
နေမကောင်းဖြစ်ပြီး စာမလုပ်နိုင်မှာစိတ်ပူတာလား... ကျွန်တော့အမှတ်တွေကျသွားရင် အကို ဂုဏ်သိက္ခာကျဆင်းမှာ စိတ်ပူတာလား... အကိုတာဝန်ယူထားတဲ့ကျွန်တော်က ရလဒ်တွေမကောင်းမှာ စိတ်ပူတာလား..."
ဒီစကားအဆုံးမှာ အကိုမျက်ခုံးတွေ တွန့်ချိုးသွားတယ်။
အလိုမကျဘူးပေါ့လေ...
"ဘာလို့ ဒီလိုဂျစ်ကန်ကန်တွေပြောနေတာလဲ ရိပေါ်... အဲ့လိုခနဲ့သလိုမျိုးပြောတဲ့ပုံစံက ဘယ်ကတက်လာတာလဲ.."
ဘယ်ကတက်ရမှာလဲ...
သူ့မျက်စိရှေ့မှာရှိနေတဲ့ ဒီ ဆရာတစ်ယောက်လုံးကပဲ ပြခဲ့တာပဲကို...
"ဒါ အကိုပြောနေကျစကားပဲလေ... မေ့သွားတာလား..."
အကိုက သူ့ကို အတန်ကြာအောင်စိုက်ကြည့်နေတယ်..
ပြီးနောက် ထိုင်ခုံကိုကျောမှီချလိုက်ပြီး
"မင်း... ကိုယ့်အပေါ် ဘာမကျေနပ်တာရှိနေလဲ.... ပြောကြည့်ပါဦး..."
ဒီလို အလေးအနက်မရှိ ခပ်အေးအေး လုပ်နေတဲ့ အကို့အမူအရာတွေကို သူသီးမခံနိုင်တော့ဘူး...
အကိုဟာ သူ့စိတ်ကို သိပ်ပြီးအနိုင်ယူလွန်းတယ်။
"အကို ကျွန်တော့်ဘက်ကို ကြည့်ရော ကြည့်ပေးဖူးရဲ့လား... တစ်ရက်တစ်ရက် ကျွန်တော်ဘယ်လိုနေထိုင်ပြီး ဘယ်လိုဖြတ်သန်းနေတယ်ဆိုတာတွေကို.... မြင်ကြည့်ဖူးလား..."
သူ့ကိုကြည့်နေတဲ့ အကို့မျက်လုံးတွေက မေးခွန်းတွေနဲ့ ညိုမှောင်လာတယ်။
"ကိုယ်မင်းအကြောင်းတွေ အကုန်သိနေတာပဲလေ... မင်းဘာကြိုက်တက်ပြီး ဘာတွေဝါသနာပါလဲ၊ မင်းရဲ့ပုံစံ ဘယ်လိုအကျင့်စရိုက်ရှိတယ်၊ မင်းရဲ့နေထိုင်ပုံတွေအကုန်သိထားတယ်လေ... မင်းကိုသိလာတဲ့တစ်လျောက်လုံး ကိုယ်ကြည့်နေခဲ့တာပဲမဟုတ်ဘူးလား..."
အကိုဟာ လူတော်တစ်ယောက်ဖြစ်ပေမဲ့ သူ့ကို နားလည်ခြင်းမှာတော့ သိပ်ညံ့ပါတယ်။
"မဟုတ်ဘူး... အဲ့တာတွေကိုပြောတာမဟုတ်ဘူး... ကျွန်တော်ဝမ်းနည်းတာတွေ ပျော်တာတွေ... အကို့စိတ်အခြေအနေပေါ်မူတည်ပြီး ဖြစ်တက်တဲ့ ကျွန်တော့ရဲ့ ခံစားချက်တွေ... အကို့ကိုကြည့်ပြီး ဘဝကိုတည်ဆောက်နေတဲ့ ကျွန်တော့်ရဲ့ တည်ရှိမှုကိုပြောတာ...."
"..ဘယ်လို...."
"အကို သတိထားမိရဲ့လား..."
အကို ခေါင်းခါလာတယ်။
"မဟုတ်သေးဘူးလေ ရိပေါ်... ကိုယ့်ပုံစံကိုမူတည်ပြီး မင်းလိုက်ပြုမူဖို့ မလိုဘူးလေ... ဒါက မှားနေပြီ... မင်းကိုယ်မင်း ပိုခက်ခဲအောင်လုပ်နေတာ... မင်းပုံစံနဲ့မင်း နေလို့ရတယ်လေ... ကိုယ့်ကိုကြည့်ပြီး မင်းကိုယ်မင်းတည်ဆောက်ရအောင် မင်းက ရုပ်သေးရုပ်မှမဟုတ်ပဲ...."
မျက်လုံးတွေက အလေးအနက်ဖြစ်လာတယ်။
အကို့ပုံစံကို သူသိတယ်။
သူ့ကို ထူးထူးဆန်းဆန်းလူလို တွေးနေပြီ။
"အဲ့လိုလား...."
သူအကို့ကို သေချာစိုက်ကြည့်ပစ်တယ်..
အရင်တုန်းက ဘယ်တုန်းကမှမကြည့်ဖူးတဲ့အကြည့်...
ရဲရဲတင်းတင်းနဲ့ သိမ်းပိုက်ပစ်ချင်တဲ့အကြည့်...
"ကျွန်တော်နေချင်တဲ့အတိုင်း နေပစ်ရင် အကိုစိတ်တိုင်းကျမှာသေချာလို့လား..."
"ဝမ်ရိပေါ်... မင်းဘာမဟုတ်တာတွေ စဉ်းစားနေတာလဲ.."
အကို့မျက်နှာက ပိုပြီးတင်းမာလာတယ်။
ဒီမျက်နှာကိုလေ... ကြိုက်လိုက်တာ အရမ်းပဲ...
"ကျွန်တော်နေချင်တဲ့ပုံစံလေ... ရှိသေးတယ်... ဒီလိုမျိုး.."
အကို့ကိုဂုတ်ကနေ အားနဲ့လှမ်းဆွဲလိုက်ပြီး နုတ်ခမ်းတွေကို ဖိကပ်ကာ အတင်းနမ်းပစ်လိုက်တယ်...
"အင့်... "
"ရိ.. ပေါ်.. မဟုတ်..."
ရုပ်တရက်မို့ ပါလာတာဖြစ်ပေမဲ့ အကိုရုန်းတဲ့အခါ သူအားကုန်ဖိချုပ်ထားရတယ်။
ဒါပေမဲ့ အကိုက သူ့ထက်အားသန်တယ်...
လွတ်ထွက်သွားတဲ့ သူက တွန်းချခံရခြင်းနဲ့အတူ နောက်ကိုလှန်ကျသွားတယ်...
အကိုက နုတ်ခမ်းကို လက်နဲ့ဖိပွတ်လို့
"ဝမ်ရိပေါ်.. မင်းဘယ်လိုတောင် ရဲတင်းရတာလဲ.. ငါမင်းကို ဒီလိုသင်ထားခဲ့လို့လား .. မင်းဒီလိုရိုင်းပြလို့ရမယ်လို့ ငါသွန်သင်ခဲ့ဖူးလား.. မင်းဘာတွေလုပ်လိုက်တာလဲ.."
ချိုမြမှုမရှိတဲ့ နုတ်ခမ်းဆီက ခံစားချက်တွေက ထုံထိုင်းထိုင်းရယ်...
သူ့မျက်နှာထက် မဲ့ပြုံးတစ်ခုဖြစ်တည်တယ်..
"အကိုပဲ နေချင်သလိုနေဆို... ဒါက ကျွန်တော်နေချင်တဲ့ပုံစံပဲလေ... ကျွန်တော် အကို့အပေါ် ခံစားချက်ရှိနေတာ အကိုသိနေတာပဲ မဟုတ်ဘူးလား..."
"ဝမ်ရိပေါ်... ငါမင်းကိုတကယ်စိတ်ပူလို့ လာခဲ့တာ.. မင်းဆီက ဒီလိုစော်ကားခံရဖို့မဟုတ်ဘူး... ငါမင်းကို အမြဲတမ်းကောင်းစေတဲ့ အရာတွေကိုပဲ စဉ်းစားပေးခဲ့တာ..."
"တော်စမ်းပါ ရှောင်းကျန့်ရ ... ဘာစိတ်ပူတာလဲ... ဘယ်သူ့အတွက်ကောင်းစေဖို့လဲ.. ကျွန်တော့်ကို တကယ်စိတ်ပူတယ်ဆိုရင် ခင်ဗျားပြောရမှာ ဒီစကားတွေမဟုတ်ဘူး... ကျွန်တော် ဒါတွေမကြားချင်ဘူး.."
"မင်းငါ့အပေါ်ခံစားချက်ထားလို့မရဘူးလေ... မင်းသိရဲ့သားနဲ့... မင်းလိုချင်တာကို ငါပေးလို့မရဘူး..."
အကိုက ဒီလိုလူမျိုး...
သူ့ဘက်ကဂရုတစိုက် ရှိပေးတဲ့အခါ အကြိမ်ကြိမ် လျစ်လျူရှုနေပြီး သူတစ်ယောက်တည်းရှိနေဖို့ ကြိုးစားတဲ့အချိန်ကျတော့ ဒီလိုမျိုးရောက်ရောက်လာပြီး အာရုံစိုက်ပြတယ်။
သူ့ကိုမျိုးစုံအောင်ထိုးဆွပြီးရင် ဒီလို ရင်ကို တိတိပပခွဲတာပဲ...
"ဒါဆိုလည်း ဒီအတိုင်းပဲထားလိုက်ပါတော့လား... ဘာလို့ လိုက်လာနေသေးတာလဲ... ဘာတွေလာစိတ်ပူပြနေသေးတာလဲ...
ဘယ်လိုဖြစ်ဖြစ် ကျွန်တော့ကို ငြင်းဆန်နေဦးမှာပဲကို ဘာလို့လာကောင်းပြနေသေးတာလဲ...
ဒီလို ကောင်းပြတာကို ကျွန်တော့်ဘက်က မခံစားနိုင်တော့ပဲ မျော်လင့်ချက်ထပ်ဖြစ်ပြီး ထပ်အစပျိုးမိရင် ကျွန်တော်ပဲ ထပ်နာကျင်ရဦးမှာပဲ..."
"ကိုယ် မင်းအတွက် ကောင်းမဲ့အရာတွေပဲ ရွေးချယ်ခဲ့တာလေ... မင်းတောင်းဆိုတဲ့အတိုင်း နေပေးနေတာပဲလေ... ကိုယ်တို့ဆက်ဆံရေး ကောင်းတယ်ပဲ တွေးထားခဲ့တာ... ကိုယ်က မင်းကိုဘယ်လိုနာကျင်အောင်တွေ လုပ်မိနေလို့လဲ..."
အကို့စကားလုံးတွေက သူ့ကိုနာကျင်စေမဲ့မြားဆိုရင် အကို့ရဲ့ အပြုအမူတိုင်းက သူ့ကိုပစ်ခွင်းတဲ့လေးညို့...
"ဒါဆို ခင်ဗျားပြောကြည့်လေ... ခင်ဗျားအတွက် ကျွန်တော်က ဘယ်နေရာများအရေးပါလဲလို့...
စာသင်တဲ့ စက်ရုပ်လို သင်ခန်းစာတွေပို့ချတာကလွဲပြီး ကျွန်တော့အတွေးတွေ စိတ်ကူးတွေကို ခင်ဗျားဘယ်တုန်းကများ ကောင်းကောင်းနားထောင်ပေးဖူးလဲ...
ကျွန်တော်ဘက်မှာရှိတယ်လို့ ခင်ဗျားခဏခဏပြောတက်ပေမဲ့ တကယ်တမ်းမှာ ခင်ဗျား ဘယ်တုန်းက ကျွန်တော့်ဘက်ရှိဖူးလို့လဲ...
ကျွန်တော်နဲ့ပတ်သတ်သမျှ အလုပ်သဘောအရ တာဝန်အရဆိုတဲ့အတွေးကလွဲပြီး ရှိဖူးလား.."
"...."
စက္ကန်အနည်းငယ်အချိန်ပေးပေမဲ့ အကို့ဆီက တုံ့ပြန်သံထွက်မလာခဲ့တာမို့ ဒါကိုမငြင်းဘူးလို့ ယူဆတယ်။
"ကတိပေးပြီး ခဏခဏ ကတိပျက်တာလည်း ခင်ဗျားပဲ...
လာခဲ့မယ် ရှိနေမယ်ဆိုပြီး အဝေးကြီးကိုထွက်သွားဖို့ပြင်နေတာလဲ ခင်ဗျားပဲလေ..
ဒါတွေအပေါ် ခင်ဗျားဘက်က ကျွန်တော့ကို တရေးတယူပြောပြခဲ့တာရှိလား...
အကြောင်းပြချက်တစ်ခုတောင် ပေးခဲ့လို့လား...
ကျွန်တော့်ကို စိတ်ပူတယ်ဆိုတာကလဲ ခင်ဗျားရဲ့ဂုဏ်သိက္ခာအတွက်ချည်းပဲ ရှောင်းကျန့်...
ဘယ်မှာလဲ ကျွန်တော့်အပေါ်ခင်ဗျားရဲ့ စိတ်ရင်း..
ကျွန်တော်ကသာ ခင်ဗျားကိုပဲကြည့်နေပေမဲ့ ခင်ဗျားက အချိန်မရွေးထွက်သွားဖို့အသင့်ဖြစ်နေတဲ့သူလေ... မဟုတ်ဘူးလား.."
အကိုက သူ့ကို တွေတွေကြီးကြည့်လို့လာတယ်။
"ပြောလေ.. စကားတက်တဲ့ခင်ဗျားပါးစပ်က အကြောင်းပြချက်တွေပေးဦးလေ... မဟုတ်ပါဘူးဆိုပြီး ထပ်လိမ်ဦးလေ..."
ထပ်ပေးဦး... အကြောင်းပြချက်တွေ...
ပြောလိုက်လေ... အထင်မှားနေတာလို့...
ထွက်သွားဖို့လုပ်နေတာ မဟုတ်ပါဘူးလို့...
"ကိုယ်တောင်းပန်ပါတယ်.."
ဘာရယ်...
"ဘာကိုတောင်းပန်တာလဲ... ဘာကိုလဲ..."
သူ ထူပူစွာ အကို့ကော်လံစကိုလှမ်းဆွဲပြီး အော်မိတယ်။
"အင်း... ကိုယ် နှစ်ကုန်အထိ ဒီမှာမနေဖြစ်လောက်တော့ဘူး... စကော်လာရှစ်မအောင်ရင်တောင် ဒီမြို့မှာမနေတော့ဘူး..."
သူ့လက်တွေလျော့ရဲပြီး ပြုတ်ကျသွားတယ်။
ရှိသမျှအားတွေ ကုန်ဆုံးသွားသလိုမျိုး...
"ဒီအတွက်ကျွန်တော့ကို အသိတောင်မပေးဘူးမဟုတ်ဘူးလား...
ခင်ဗျားနည်းနည်းတောင် ကျွန်တော့ခံစားချက်ကို ထည့်မစဉ်းစားပေးဘူး မလား...
အဆုံးထိ ကျွန်တော်မသိသေးရင် ဘာကိစ္စမှမရှိသလိုနေပြီး ရုပ်တရက်ပျောက်သွားဖို့ တွေးနေတာလား..."
"ကိုယ့်မှာရှေ့ဆက်ရမဲ့ ရည်မှန်းချက်တွေရှိတယ်...
ဒါက အခွင့်အရေးတစ်ခုပဲ...
ထွက်သွားဖို့စိတ်ကူးတာက ကိုယ်ကတိမတည်တာဆိုရင် မင်းကိုအသိမပေးခဲ့တာက ကိုယ့်ရဲ့ အာရုံမစိုက်မိတဲ့ အမှားပါ.... ကိုယ်မှားပါတယ်.."
စောစောက တင်းမာနေတဲ့အကို့မျက်နှာဟာ အခုတော့ အားလျော့လို့...
သူ ဒါကို မကြိုက်ဘူးလေ..
သူမျော်လင့်တာ အကြောင်းပြချက်တစ်ကြောင်းလေးတင်...
လိမ်ပါဦးလား... ဒါကမသေချာလို့ အသိမပေးသေးတာဆိုပြီး...
ပြောပါဦးလား... သူ့ကိုမခေါ်ပြောဖြစ်တာတွေက
ကျောင်းအလုပ်တွေ အရမ်းများနေလို့ အချိန်မရလို့ ဆိုပြီး...
"ကြည့်ပါလား... စကားထဲမှာတင် ကျွန်တော်က ဘယ်လောက်အရာမရောက်သလဲဆိုတာ မြင်သာနေတာပဲ...
အင်းလေ.. ကျွန်တော့်လိုလူတစ်ယောက်ကို တကူးတကထည့်တွေးစရာဘယ်လိုပါ့မလဲ..."
အကို့ဆီက သက်ပြင်းချသံထွက်ပေါ်လာတယ်။
"မင်းက ငယ်သေးတယ်... အချိန်ကြာလာရင် ဒါကို နားလည်လာပြီး အဲ့ဒီအချိန် ကိုယ့်ကိုလည်း မေ့သွားမှာ..."
အကိုမျက်အိမ်တွေ နီရဲလို့လာတယ်....
"ကျွန်တော်ခင်ဗျားကို အမြဲတမ်း သဘောကျခဲ့တာ... စတွေ့ကတည်းက... ခင်ဗျားကျွန်တော့ကို မြင်လာဖို့အတွက် ရတဲ့နည်းနဲ့ဆွဲပြီး ခင်ဗျားစိတ်တိုင်းကျ နေထိုင်ခဲ့တာ..."
သူဆွဲထားသမျှဟာ မြင်နေရရုံသာဖြစ်ပြီး တဖြေးဖြေးဝေးကွာလာပြီဆိုတာ သိလိုက်တယ်။
ပင်ပန်း နာကျင်နေရမှာကို သိခဲ့ရင်အစောကတည်းက အတင်းလိုက်မဆွဲခဲ့ပါဘူး...
တစ်ချိန်တုန်းက အထက်တန်းအဆောင်ဘက်ပြေးပြေးချောင်းကြည့်ခဲ့တဲ့ အလယ်တန်းကျောင်းသားလို ပုံစံမျိုးပဲ နေထိုင်ခဲ့ပါတယ်...
သူ့ကိုစာပြပေးဖို့ အကြောင်းပြချက်နဲ့ ပထမဆုံးအကြိမ်ဆွဲမိလိုက်ကတည်းက မှားနေခဲ့တာ..
အဲ့ဒီကတည်းက ဒီလိုရှည်ကြာတဲ့ တစ်ဝဲလည်လည်သံသရာကို စတင်မိခဲ့တာ....
"ဟုတ်တယ်... ခင်ဗျားပြောသလိုပဲ.. ဒါက ကျွန်တော့ကိုယ်ကျွန်တော် ခက်ခဲအောင်လုပ်နေတာ...
ကျွန်တော့အတွက် တကယ်ကောင်းမဲ့အရာကို အခုသိသွားပြီ... အဲ့တာက ခင်ဗျားဆီက ရုန်းထွက်လိုက်ခြင်းပဲ... ကျွန်တော့်စိတ်ထဲက ခင်ဗျားကိုဆွဲထုတ်ပြီး ကျွန်တော်လည်း ကျွန်တော့်လမ်းရှာသင့်ပြီ..."
သူမတ်တပ်ထရပ်လိုက်တယ်။
အကိုက မော့ကြည့်လာတယ်။
"အချိန်ကြာတဲ့အထိ မစောင့်တော့ပါဘူး... ခင်ဗျားကိုချက်ချင်းမေ့ပစ်မှာ... ပြီးတော့ ကျွန်တော့ကိုစာလာသင်ပေးစရာ မလိုတော့ဘူး... ထပ်ဆွဲထားမှာမဟုတ်တော့လို့ စိတ်အေးလက်အေးနဲ့ အခွင့်အရေးကိုအရယူပြီးထွက်သွားလိုက်ပါ... "
အကို့ကို တစ်ချက်လှည့်ကြည့်လိုက်မိတဲ့အခိုက် ဝမ်းနည်းစိတ်က ထိုးတက်လာတယ်။
"အဲ့လိုတော့... မဟုတ်သေးဘူးလေ ရိပေါ်... ကိုယ်ဒီမှာရှိနေသေးသလောက်တော့ အတက်နိုင်ဆုံး မင်းဆီလာပြီး.... "
"မလိုတော့ဘူး... ဒီနေ့ကစ ခင်ဗျားက ကျွန်တော့်ဆရာမဟုတ်တော့ဘူး... ကျွန်တော့်ကို ဘာမှ ထပ်သွန်သင်နေဖို့မလိုဘူး... ခင်ဗျားကထားခဲ့တာမဟုတ်ဘူး... ကျွန်တော်ကမှ ခင်ဗျားကို ထားခဲ့တာ.. "
ပြီးတာနဲ့ သူ ထွက်လာလိုက်တယ်။
"ဝမ်ရိပေါ်.."
အကိုက လှမ်းအော်နေတာကို လှည့်မကြည့်ဖို့ ကိုယ့်ကိုယ်ကို သတ်ိပေးနေရတယ်။
ဘောလုံးကွင်းက ပွဲကြည့်ခုံတန်းတွေမို့ ကွေ့ပတ်ပြီးထွက်နေရတာဖြစ်တယ်..
ထောင့်ချိုးတစ်ခုနားအရောက်မှာ တစ်ခုကိုသတိရသွားတယ်။
အဲ့ဒီနေရာက ခုံတန်းတွေခြားနေပေမဲ့ သူနဲ့အကို့အကွာအဝေးက စကားပြောဖို့အတွက် လုံလောက်တယ်။
သူအကို့ကို တစ်ချက်ကြည့်လိုက်ပြီး...
"အဲ့တာ ကျွန်တော့်ရဲ့ First kiss ......
နုတ်ဆက်လက်ဆောင်လို့ သဘောထားလိုက်ပေါ့..."
အကို့တုံ့ပြန်ချက်ကို သူမသိချင်တော့ဘူး...
အမြန်ပြေးထွက်လာလိုက်တယ်။
အဲ့ဒီနောက် မနားတမ်းပြေးနေမိတယ်...
သူ့နောက်ဘက်မှာ ရေစက်အချို့က လွင့်ပျံလို့ကျကျန်ခဲ့တယ်။
တစ်စက်ပြီးတစ်စက်...
ဒါရေစက်မဟုတ်ဘူး... သူ့မျက်ရည်စက်တွေ...
ဒီနေ့ နေသာနေတာပဲကို.....
နေရောင်အောက်မှာမျက်ရည်ကျရတာ မလိုက်ဖက်လိုက်တာ...
သို့ပေမဲ့ ရပ်တန့်လို့မရ...
-----------------------------
"ဝမ်ရိပေါ် ဘာဆေးများမှားစားထားတာလဲ.."
"ဝမ်ရိပေါ်ရောဟုတ်ရဲ့လား.."
တစ်တန်းလုံးနီးပါးရဲ့အကြည့်တွေက သူ့ဆီရောက်နေကြတယ်။
တိုးတိုးကြိတ်ကြိတ်အသံတွေကြားနေရတယ်။
ဒါပေမဲ့ သူ အာရုံမစိုက်အားဘူး...
သူ့လက်က ခဲတံကိုင်လို့ အဆက်မပြတ်လှုပ်ရှားနေတယ်။
သူ့စားပွဲပေါ်မှာ သင်ခန်းစာ စာအုပ်တွေ သင်ရိုးစာအုပ်တွေက အစီအရီပြည့်နေတယ်။
လျန်ချိုးဟွာနဲ့ရှင်းယီက သူ့ရှေ့တည့်တည့်မှာထိုင်လို့ သူ့ကိုကြည့်နေတယ်။
"ဘာလဲ လူကိုမမြင်ဖူးလို့လား.."
"ဘယ်လိုဖြစ်တာပါလိမ့်... ဝမ်ရိပေါ်က ဒီလိုစာကြိုးစားနေတယ်တဲ့လား..."
လျန်ချိုးဟွာရဲ့အပြောကို ရှင်းယီက ခေါင်းငြိမ့်လို့ထောက်ခံတယ်။
"နင်ငါ့ကို ဒီလိုထိုင်ကြည့်နေမဲ့အစား စာသွားလုပ်နေသင့်တယ် အတန်းခေါင်းဆောင်.. ငါနင့်နေရာကို လုတော့မှာ.."
"ဘာရယ်"
"နင့်နေရာကို ငါလုတော့မှာလို့.. ဒါကြောင့် နင့်နေရာကိုကာကွယ်ဖို့ စာလုပ်သင့်တယ်"
သူမမျက်နှာဟာ မချိုမချဥ်နဲ့ မျက်လုံးကပြူးကျယ်နေတယ်။
"မယုံဘူးလား"
ထိုအခိုက် သူ့နဖူးနဲ့ ခေါင်းပေါ်ရောက်လာတဲ့ရှင်းယီရဲ့လက်...
"ဘာလုပ်တာလဲ.."
"မင်းနေမကောင်းဘူးလား.. ခေါင်းထိထားတာလား... ဒါမှမဟုတ်... မင်းဝမ်ရိပေါ်အစစ်မဟုတ်ဘူးမလား... ဝမ်ရိပေါ်ဟန်ဆောင်ထားတဲ့ ဂြိုလ်သားထင်တယ်... ဝမ်ရိပေါ်အစစ်ကို ဘယ်နားဖွက်ထားလဲ.."
သူခေါင်းအမြန်ရှောင်လိုက်ပြီး
"ကြောင်တောင်တောင်နဲ့ ဘာတွေပြောနေတာလဲ.. ငါက ငါပဲကို ဘာဖြစ်ရမှာလဲ.."
"မင်းကမင်းဆိုရင် ဘာလို့ မင်းနဲ့မတူတာတွေလုပ်နေတာလဲလို့"
"ကျောင်းသားက စာကြိုးစားတာ ထူးဆန်းလို့လား
"
"မင်းဖြစ်နေလို့ကို တော်တော်ထူးဆန်းနေတာ.."
ရှင်းယီမျက်နှာဟာ တကယ်ဝေခွဲမရဖြစ်နေတဲ့ပုံ..
မဟုတ်မှ.... တကယ်ကြီး ဂြိုလ်သားလို့တွေးနေတာလား...
သူမတ်တပ်ထရပ်လိုက်ပြီ ရှင်းယီပုခုံးနှစ်ဖက်ကိုကိုင်လိုက်တာ
"ဇာတ်ကားလျော့ကြည့်... ဂိမ်းဆော့တာလည်းလျော့ ပြီး စာစလုပ်တော့... ငါတို့ ပြောင်းလဲသင့်တဲ့အချိန်ရောက်နေပြီ..."
"ဝမ်ရိပေါ်... တကယ်ဝမ်ရိပေါ်မဟုတ်ဘူးထင်တယ်"
"ကျစ်.."
စိတ်တွေတောင်ရှုပ်လာတယ်။
သူက သူ့လမ်းသူရှာဖို့ ပြန်စတင်မလို့ပါဆို... တကယ်ပါပဲ..
"နင် မျက်လုံးတွေလဲ မို့နေတယ်.. တကယ် အဆင်ပြေရဲ့လား"
လျန်ချိုးဟွာကို သူပြန်ကြည့်လိုက်တယ်။
"အဆင်မပြေစရာ ဘာရှိလို့လဲ... မျက်လုံးက ငါညလုံးပေါက် စာကြည့်ထားလို့.."
ခေါင်းတွေကိုက်လိုက်တာ...
နည်းနည်းလန်းဆန်းလောက်မဲ့တစ်ခုခု သောက်ရရင်ကောင်းမယ်..
ဒီအတွေးနဲ့အတူ စာသင်ခန်းအပြင်ကိုထွက်တော့..
မတွေ့ချင်တဲ့သူက အတန်းဝင်ဖို့ စာသင်ခန်းအနားကို ရောက်နေပြီဖြစ်တယ်။
သူ မနုတ်ဆက်ချင်...
ဒီအတိုင်း ရပ်နေမိတော့ အဲ့ဒီလူက သူ့ကိုသေချာကြည့်နေတယ်။
"အဆင်ပြေရဲ့လား..."
"ဘာကိုလဲ.."
"မနေ့က.."
"မနေ့က ဘာဖြစ်ခဲ့လို့လဲ.."
"..."
ဂျစ်ကန်ကန်လုပ်နေတဲ့ သူ့စကားကို မတုံ့ပြန်တော့ပဲ သက်ပြင်းတစ်ချက်ချလာတယ်။
"ဒါဆိုရင် အခုက ဘယ်သွားမှာလဲ.. အတန်းစတော့မှာ"
သူစဥ်းစားတယ်... ဒီလူကို ယဥ်ကျေးဖို့အတွေးရှိမနေလို့...
"သေးသွားပေါက်မလို့.."
အဲ့ဒီအခါ မျက်မှောင်ကြုတ်သွားပြန်တဲ့ အဲ့ဒီလူ..
"ဝမ်ရိပေါ်... မင်းအသုံးအနှုန်းက.."
"လာသင်ပြနေရအောင် ဆရာရှောင်းနဲ့ကျွန်တော် ဘာဆိုင်လို့လဲ..."
မျက်နှာဆီက အံ့သြသွားမှုဟာ အတိုင်းသား...
"ဘာ..."
"ဒီမှာ ဆရာဆိုတာကလည်း တစ်လပဲလေ... လကုန်ရင် ထွက်သွားမှာပဲမဟုတ်ဘူးလား... အမြဲတမ်း ဆရာဖြစ်နေသလိုလေသံတွေ မလုပ်စမ်းပါနဲ့.."
"ဝမ်ရိပေါ်.."
"ထွက်ကျတော့မလားမသိလို့ သွားခွင့်ပြုပါဦး.."
ပြောပြီးတာနဲ့ သူအရှေ့ဆက်ထွက်သွားလိုက်တယ်။
အဲ့ဒီလူရဲ့ ဆန့်ကျင်ဘက်...
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် မနေနိုင်စွာပြန်လှည့်ကြည့်မိတယ်... နေရာမှာမရှိတော့...
အတန်းထဲဝင်သွားပြီပဲ..
ဟုတ်တယ်။
သူနဲ့အကိုက အခုကစ တစ်ယောက်တစ်လမ်းစီဖြစ်သွားပြီ...
ဒါပေမဲ့ သူ့ဆီမှာ လက်လျော့ဖို့ စိတ်ကူးလုံးဝမရှိဘူး...
အသစ်ကပြန်စချင်တယ်။
တော်တဲ့သူကိုမှကြိုက်တာမလား...
တော်တဲ့သူကိုမှ အရေးလုပ်ပြီးစကားခေါ်ပြောတာမလား...
ကြည့်ထား...ထိပ်ဆုံးရောက်အောင်လုပ်ပြီး သူသောက်ရမ်းအရေးပါအောင် လုပ်နိုင်တယ်ဆိုတာကို သက်သေပြမယ်။
ဆွစ်ဇာလန်ရဲ့ တက္ကသိုလ်ကို သူလည်းတက်နိုင်တယ်ဆိုတာကို ပြမယ်။
တစ်နေ့ သူ့ကို တလေးတနက် စတင်ခေါ်ပြောမဲ့သူက ရှောင်းကျန့်ပဲ ဖြစ်စေရမယ်။
အကို့လူက ဘာလို့သူ မဖြစ်နိုင်ရမှာလဲ..
-------------------------
မနေ့ကတည်းက တင်မို့ဟာကို ထပ်ပြီးနောက်ကျသွားပါတယ်။
တစ်ပါတ်ကိုနှစ်ပိုင်းတော့ အတက်နိုင်ဆုံး Upပေးပါမယ်နော်
-------------------------
Zawgyi;
သြက္သြက္လက္လက္ လႈပ္ရွားသြားတဲ့ ႏုတ္ခမ္းေအာက္က မွဲ႕နက္ဆီမွာ အမွတ္မရွိတဲ့ ႏွလုံးက ခုန္ခ်က္ေတြႀကိမ္ႏႈန္းစိပ္လာျပန္ၿပီ...
အမွတ္ရွိသင့္ၿပီ.. ဒီလူက သူ႕ကိုကစားေနတာ...
ဒီလို စိတ္လႈပ္ရွားေအာင္လုပ္ၿပီးရင္ ပစ္ပစ္ခါခါလွည့္ထြက္သြားဦးမွာ...
အက္ဆစ္ေပ်ာ့လို စကားလုံးေပ်ာ့ေပ်ာ့နဲ႕ သူ႕ကို ေလာင္းခ်ၿပီး နာက်င္ေအာင္လုပ္ဦးမွာ...
ၿပီးရင္ မသိသလိုအမူအရာနဲ႕ အျပစ္ကင္းသလို ထပ္ၿပီးဟန္ေဆာင္ဦးမွာ...
"ဒီေနရာမွာရွိမွန္းဘယ္လိုသိၿပီး ေရာက္လာတာလဲ.."
"ရွင္းယီေျပာတာ.."
ဒီေကာင္ကေတာ့...
စိတ္ထဲကေန ႀကိတ္ၿပီးေမတၱာပို႔လိုက္မိတယ္...
"ကြၽန္ေတာ္ တစ္ေယာက္တည္းေနခ်င္တယ္..."
"႐ုပ္တရက္ႀကီး ဘာျဖစ္သြားတာလဲ... မင္းကိုယ့္ကို ေျပာစရာရွိေနတယ္မလား..."
ဒီလူဟာ သူ႕စိတ္အေျခအေနကို တကယ္ပဲမသိတာလား..
တမင္ပဲ မသိသလိုေနေနျပန္တာလား...
"အကို႔အတြက္ .... ကြၽန္ေတာ္က ဘာလဲ.."
သူ႕ အကို႔ကို ေသခ်ာအကဲခတ္ၾကည့္တယ္
အမူအရာက ေျပာရမဲ့စကားကိုထိန္းၿပီး ထပ္ၿပီးတြက္ခ်က္ေနပုံပဲ...
"ရၿပီ.. မေျပာနဲ႕ေတာ့.."
သူ႕အၾကည့္ကို ကြင္းျပင္ဘက္ကိုလွည့္လိုက္တယ္။
ဘယ္စကားလုံးက သူ႕ကို အခ်ိဳသပ္လို႔ရဦးမလဲဆိုတာကိုပဲ စဥ္းစားေနတာေနမွာ..
ၾကားရတဲ့စကားက အဲ့တာေတြပဲ အက္ေၾကာင္းထပ္ေနဦးမွာပဲ...
အလုပ္သေဘာအရတို႔... တာဝန္ေတြလို႔...
"ေစာနက ေန႕လည္စာလည္း ေကာင္းေကာင္းမစားဘူးေလ.. ကိုယ္ စိတ္ပူလို႔..."
"စိတ္ပူတယ္??"
သူ ျပန္လွည့္ၾကည့္လိုက္ၿပီး
"ဘာအတြက္စိတ္ပူတာလဲ...
ေနမေကာင္းျဖစ္ၿပီး စာမလုပ္နိုင္မွာစိတ္ပူတာလား... ကြၽန္ေတာ့အမွတ္ေတြက်သြားရင္ အကို ဂုဏ္သိကၡာက်ဆင္းမွာ စိတ္ပူတာလား... အကိုတာဝန္ယူထားတဲ့ကြၽန္ေတာ္က ရလဒ္ေတြမေကာင္းမွာ စိတ္ပူတာလား..."
ဒီစကားအဆုံးမွာ အကိုမ်က္ခုံးေတြ တြန႔္ခ်ိဳးသြားတယ္။
အလိုမက်ဘဴးေပါ့ေလ...
"ဘာလို႔ ဒီလိုဂ်စ္ကန္ကန္ေတြေျပာေနတာလဲ ရိေပၚ... အဲ့လိုခနဲ႕သလိုမ်ိဳးေျပာတဲ့ပုံစံက ဘယ္ကတက္လာတာလဲ.."
ဘယ္ကတက္ရမွာလဲ...
သူ႕မ်က္စိေရွ႕မွာရွိေနတဲ့ ဒီ ဆရာတစ္ေယာက္လုံးကပဲ ျပခဲ့တာပဲကို...
"ဒါ အကိုေျပာေနက်စကားပဲေလ... ေမ့သြားတာလား..."
အကိုက သူ႕ကို အတန္ၾကာေအာင္စိုက္ၾကည့္ေနတယ္..
ၿပီးေနာက္ ထိုင္ခုံကိုေက်ာမွီခ်လိဳက္ၿပီး
"မင္း... ကိုယ့္အေပၚ ဘာမေက်နပ္တာရွိေနလဲ.... ေျပာၾကည့္ပါဦး..."
ဒီလို အေလးအနက္မရွိ ခပ္ေအးေအး လုပ္ေနတဲ့ အကို႔အမူအရာေတြကို သူသီးမခံနိုင္ေတာ့ဘူး...
အကိုဟာ သူ႕စိတ္ကို သိပ္ၿပီးအနိုင္ယူလြန္းတယ္။
"အကို ကြၽန္ေတာ့္ဘက္ကို ၾကည့္ေရာ ၾကည့္ေပးဖူးရဲ႕လား... တစ္ရက္တစ္ရက္ ကြၽန္ေတာ္ဘယ္လိုေနထိုင္ၿပီး ဘယ္လိုျဖတ္သန္းေနတယ္ဆိုတာေတြကို.... ျမင္ၾကည့္ဖူးလား..."
သူ႕ကိုၾကည့္ေနတဲ့ အကို႔မ်က္လုံးေတြက ေမးခြန္းေတြနဲ႕ ညိုေမွာင္လာတယ္။
"ကိုယ္မင္းအေၾကာင္းေတြ အကုန္သိေနတာပဲေလ... မင္းဘာႀကိဳက္တက္ၿပီး ဘာေတြဝါသနာပါလဲ၊ မင္းရဲ႕ပုံစံ ဘယ္လိုအက်င့္စရိုက္ရွိတယ္၊ မင္းရဲ႕ေနထိုင္ပုံေတြအကုန္သိထားတယ္ေလ... မင္းကိုသိလာတဲ့တစ္ေလ်ာက္လုံး ကိုယ္ၾကည့္ေနခဲ့တာပဲမဟုတ္ဘူးလား..."
အကိုဟာ လူေတာ္တစ္ေယာက္ျဖစ္ေပမဲ့ သူ႕ကို နားလည္ျခင္းမွာေတာ့ သိပ္ညံ့ပါတယ္။
"မဟုတ္ဘူး... အဲ့တာေတြကိုေျပာတာမဟုတ္ဘူး... ကြၽန္ေတာ္ဝမ္းနည္းတာေတြ ေပ်ာ္တာေတြ... အကို႔စိတ္အေျခအေနေပၚမူတည္ၿပီး ျဖစ္တက္တဲ့ ကြၽန္ေတာ့ရဲ႕ ခံစားခ်က္ေတြ... အကို႔ကိုၾကည့္ၿပီး ဘဝကိုတည္ေဆာက္ေနတဲ့ ကြၽန္ေတာ့္ရဲ႕ တည္ရွိမႈကိုေျပာတာ...."
"..ဘယ္လို...."
"အကို သတိထားမိရဲ႕လား..."
အကို ေခါင္းခါလာတယ္။
"မဟုတ္ေသးဘူးေလ ရိေပၚ... ကိုယ့္ပုံစံကိုမူတည္ၿပီး မင္းလိုက္ျပဳမူဖို႔ မလိုဘူးေလ... ဒါက မွားေနၿပီ... မင္းကိုယ္မင္း ပိုခက္ခဲေအာင္လုပ္ေနတာ... မင္းပုံစံနဲ႕မင္း ေနလို႔ရတယ္ေလ... ကိုယ့္ကိုၾကည့္ၿပီး မင္းကိုယ္မင္းတည္ေဆာက္ရေအာင္ မင္းက ႐ုပ္ေသး႐ုပ္မွမဟုတ္ပဲ...."
မ်က္လုံးေတြက အေလးအနက္ျဖစ္လာတယ္။
အကို႔ပုံစံကို သူသိတယ္။
သူ႕ကို ထူးထူးဆန္းဆန္းလူလို ေတြးေနၿပီ။
"အဲ့လိုလား...."
သူအကို႔ကို ေသခ်ာစိုက္ၾကည့္ပစ္တယ္..
အရင္တုန္းက ဘယ္တုန္းကမွမၾကည့္ဖူးတဲ့အၾကည့္...
ရဲရဲတင္းတင္းနဲ႕ သိမ္းပိုက္ပစ္ခ်င္တဲ့အၾကည့္...
"ကြၽန္ေတာ္ေနခ်င္တဲ့အတိုင္း ေနပစ္ရင္ အကိုစိတ္တိုင္းက်မွာေသခ်ာလို႔လား..."
"ဝမ္ရိေပၚ... မင္းဘာမဟုတ္တာေတြ စဥ္းစားေနတာလဲ.."
အကို႔မ်က္ႏွာက ပိုၿပီးတင္းမာလာတယ္။
ဒီမ်က္ႏွာကိုေလ... ႀကိဳက္လိုက္တာ အရမ္းပဲ...
"ကြၽန္ေတာ္ေနခ်င္တဲ့ပုံစံေလ... ရွိေသးတယ္... ဒီလိုမ်ိဳး.."
အကို႔ကိုဂုတ္ကေန အားနဲ႕လွမ္းဆြဲလိုက္ၿပီး ႏုတ္ခမ္းေတြကို ဖိကပ္ကာ အတင္းနမ္းပစ္လိုက္တယ္...
"အင့္... "
"ရိ.. ေပၚ.. မဟုတ္..."
႐ုပ္တရက္မို႔ ပါလာတာျဖစ္ေပမဲ့ အကို႐ုန္းတဲ့အခါ သူအားကုန္ဖိခ်ဳပ္ထားရတယ္။
ဒါေပမဲ့ အကိုက သူ႕ထက္အားသန္တယ္...
လြတ္ထြက္သြားတဲ့ သူက တြန္းခ်ခံရျခင္းနဲ႕အတူ ေနာက္ကိုလွန္က်သြားတယ္...
အကိုက ႏုတ္ခမ္းကို လက္နဲ႕ဖိပြတ္လို႔
"ဝမ္ရိေပၚ.. မင္းဘယ္လိုေတာင္ ရဲတင္းရတာလဲ.. ငါမင္းကို ဒီလိုသင္ထားခဲ့လို႔လား .. မင္းဒီလိုရိုင္းျပလို႔ရမယ္လို႔ ငါသြန္သင္ခဲ့ဖူးလား.. မင္းဘာေတြလုပ္လိုက္တာလဲ.."
ခ်ိဳျမမႈမရွိတဲ့ ႏုတ္ခမ္းဆီက ခံစားခ်က္ေတြက ထုံထိုင္းထိုင္းရယ္...
သူ႕မ်က္ႏွာထက္ မဲ့ၿပဳံးတစ္ခုျဖစ္တည္တယ္..
"အကိုပဲ ေနခ်င္သလိုေနဆို... ဒါက ကြၽန္ေတာ္ေနခ်င္တဲ့ပုံစံပဲေလ... ကြၽန္ေတာ္ အကို႔အေပၚ ခံစားခ်က္ရွိေနတာ အကိုသိေနတာပဲ မဟုတ္ဘူးလား..."
"ဝမ္ရိေပၚ... ငါမင္းကိုတကယ္စိတ္ပူလို႔ လာခဲ့တာ.. မင္းဆီက ဒီလိုေစာ္ကားခံရဖို႔မဟုတ္ဘူး... ငါမင္းကို အၿမဲတမ္းေကာင္းေစတဲ့ အရာေတြကိုပဲ စဥ္းစားေပးခဲ့တာ..."
"ေတာ္စမ္းပါ ေရွာင္းက်န႔္ရ ... ဘာစိတ္ပူတာလဲ... ဘယ္သူ႕အတြက္ေကာင္းေစဖို႔လဲ.. ကြၽန္ေတာ့္ကို တကယ္စိတ္ပူတယ္ဆိုရင္ ခင္ဗ်ားေျပာရမွာ ဒီစကားေတြမဟုတ္ဘူး... ကြၽန္ေတာ္ ဒါေတြမၾကားခ်င္ဘူး.."
"မင္းငါ့အေပၚခံစားခ်က္ထားလို႔မရဘူးေလ... မင္းသိရဲ႕သားနဲ႕... မင္းလိုခ်င္တာကို ငါေပးလို႔မရဘူး..."
အကိုက ဒီလိုလူမ်ိဳး...
သူ႕ဘက္ကဂ႐ုတစိုက္ ရွိေပးတဲ့အခါ အႀကိမ္ႀကိမ္ လ်စ္လ်ဴရႈေနၿပီး သူတစ္ေယာက္တည္းရွိေနဖို႔ ႀကိဳးစားတဲ့အခ်ိန္က်ေတာ့ ဒီလိုမ်ိဳးေရာက္ေရာက္လာၿပီး အာ႐ုံစိုက္ျပတယ္။
သူ႕ကိုမ်ိဳးစုံေအာင္ထိုးဆြၿပီးရင္ ဒီလို ရင္ကို တိတိပပခြဲတာပဲ...
"ဒါဆိုလည္း ဒီအတိုင္းပဲထားလိုက္ပါေတာ့လား... ဘာလို႔ လိုက္လာေနေသးတာလဲ... ဘာေတြလာစိတ္ပူျပေနေသးတာလဲ...
ဘယ္လိုျဖစ္ျဖစ္ ကြၽန္ေတာ့ကို ျငင္းဆန္ေနဦးမွာပဲကို ဘာလို႔လာေကာင္းျပေနေသးတာလဲ...
ဒီလို ေကာင္းျပတာကို ကြၽန္ေတာ့္ဘက္က မခံစားနိုင္ေတာ့ပဲ ေမ်ာ္လင့္ခ်က္ထပ္ျဖစ္ၿပီး ထပ္အစပ်ိဳးမိရင္ ကြၽန္ေတာ္ပဲ ထပ္နာက်င္ရဦးမွာပဲ..."
"ကိုယ္ မင္းအတြက္ ေကာင္းမဲ့အရာေတြပဲ ေ႐ြးခ်ယ္ခဲ့တာေလ... မင္းေတာင္းဆိုတဲ့အတိုင္း ေနေပးေနတာပဲေလ... ကိုယ္တို႔ဆက္ဆံေရး ေကာင္းတယ္ပဲ ေတြးထားခဲ့တာ... ကိုယ္က မင္းကိုဘယ္လိုနာက်င္ေအာင္ေတြ လုပ္မိေနလို႔လဲ..."
အကို႔စကားလုံးေတြက သူ႕ကိုနာက်င္ေစမဲ့ျမားဆိုရင္ အကို႔ရဲ႕ အျပဳအမူတိုင္းက သူ႕ကိုပစ္ခြင္းတဲ့ေလးညို႔...
"ဒါဆို ခင္ဗ်ားေျပာၾကည့္ေလ... ခင္ဗ်ားအတြက္ ကြၽန္ေတာ္က ဘယ္ေနရာမ်ားအေရးပါလဲလို႔...
စာသင္တဲ့ စက္႐ုပ္လို သင္ခန္းစာေတြပို႔ခ်တာကလြဲၿပီး ကြၽန္ေတာ့အေတြးေတြ စိတ္ကူးေတြကို ခင္ဗ်ားဘယ္တုန္းကမ်ား ေကာင္းေကာင္းနားေထာင္ေပးဖူးလဲ...
ကြၽန္ေတာ္ဘက္မွာရွိတယ္လို႔ ခင္ဗ်ားခဏခဏေျပာတက္ေပမဲ့ တကယ္တမ္းမွာ ခင္ဗ်ား ဘယ္တုန္းက ကြၽန္ေတာ့္ဘက္ရွိဖူးလို႔လဲ...
ကြၽန္ေတာ္နဲ႕ပတ္သတ္သမွ် အလုပ္သေဘာအရ တာဝန္အရဆိုတဲ့အေတြးကလြဲၿပီး ရွိဖူးလား.."
"...."
စကၠန္အနည္းငယ္အခ်ိန္ေပးေပမဲ့ အကို႔ဆီက တုံ႕ျပန္သံထြက္မလာခဲ့တာမို႔ ဒါကိုမျငင္းဘူးလို႔ ယူဆတယ္။
"ကတိေပးၿပီး ခဏခဏ ကတိပ်က္တာလည္း ခင္ဗ်ားပဲ...
လာခဲ့မယ္ ရွိေနမယ္ဆိုၿပီး အေဝးႀကီးကိုထြက္သြားဖို႔ျပင္ေနတာလဲ ခင္ဗ်ားပဲေလ..
ဒါေတြအေပၚ ခင္ဗ်ားဘက္က ကြၽန္ေတာ့ကို တေရးတယူေျပာျပခဲ့တာရွိလား...
အေၾကာင္းျပခ်က္တစ္ခုေတာင္ ေပးခဲ့လို႔လား...
ကြၽန္ေတာ့္ကို စိတ္ပူတယ္ဆိုတာကလဲ ခင္ဗ်ားရဲ႕ဂုဏ္သိကၡာအတြက္ခ်ည္းပဲ ေရွာင္းက်န႔္...
ဘယ္မွာလဲ ကြၽန္ေတာ့္အေပၚခင္ဗ်ားရဲ႕ စိတ္ရင္း..
ကြၽန္ေတာ္ကသာ ခင္ဗ်ားကိုပဲၾကည့္ေနေပမဲ့ ခင္ဗ်ားက အခ်ိန္မေ႐ြးထြက္သြားဖို႔အသင့္ျဖစ္ေနတဲ့သူေလ... မဟုတ္ဘူးလား.."
အကိုက သူ႕ကို ေတြေတြႀကီးၾကည့္လို႔လာတယ္။
"ေျပာေလ.. စကားတက္တဲ့ခင္ဗ်ားပါးစပ္က အေၾကာင္းျပခ်က္ေတြေပးဦးေလ... မဟုတ္ပါဘူးဆိုၿပီး ထပ္လိမ္ဦးေလ..."
ထပ္ေပးဦး... အေၾကာင္းျပခ်က္ေတြ...
ေျပာလိုက္ေလ... အထင္မွားေနတာလို႔...
ထြက္သြားဖို႔လုပ္ေနတာ မဟုတ္ပါဘူးလို႔...
"ကိုယ္ေတာင္းပန္ပါတယ္.."
ဘာရယ္...
"ဘာကိုေတာင္းပန္တာလဲ... ဘာကိုလဲ..."
သူ ထူပူစြာ အကို႔ေကာ္လံစကိုလွမ္းဆြဲၿပီး ေအာ္မိတယ္။
"အင္း... ကိုယ္ ႏွစ္ကုန္အထိ ဒီမွာမေနျဖစ္ေလာက္ေတာ့ဘူး... စေကာ္လာရွစ္မေအာင္ရင္ေတာင္ ဒီၿမိဳ႕မွာမေနေတာ့ဘူး..."
သူ႕လက္ေတြေလ်ာ့ရဲၿပီး ျပဳတ္က်သြားတယ္။
ရွိသမွ်အားေတြ ကုန္ဆုံးသြားသလိုမ်ိဳး...
"ဒီအတြက္ကြၽန္ေတာ့ကို အသိေတာင္မေပးဘူးမဟုတ္ဘူးလား...
ခင္ဗ်ားနည္းနည္းေတာင္ ကြၽန္ေတာ့ခံစားခ်က္ကို ထည့္မစဥ္းစားေပးဘူး မလား...
အဆုံးထိ ကြၽန္ေတာ္မသိေသးရင္ ဘာကိစၥမွမရွိသလိုေနၿပီး ႐ုပ္တရက္ေပ်ာက္သြားဖို႔ ေတြးေနတာလား..."
"ကိုယ့္မွာေရွ႕ဆက္ရမဲ့ ရည္မွန္းခ်က္ေတြရွိတယ္...
ဒါက အခြင့္အေရးတစ္ခုပဲ...
ထြက္သြားဖို႔စိတ္ကူးတာက ကိုယ္ကတိမတည္တာဆိုရင္ မင္းကိုအသိမေပးခဲ့တာက ကိုယ့္ရဲ႕ အာ႐ုံမစိုက္မိတဲ့ အမွားပါ.... ကိုယ္မွားပါတယ္.."
ေစာေစာက တင္းမာေနတဲ့အကို႔မ်က္ႏွာဟာ အခုေတာ့ အားေလ်ာ့လို႔...
သူ ဒါကို မႀကိဳက္ဘူးေလ..
သူေမ်ာ္လင့္တာ အေၾကာင္းျပခ်က္တစ္ေၾကာင္းေလးတင္...
လိမ္ပါဦးလား... ဒါကမေသခ်ာလို႔ အသိမေပးေသးတာဆိုၿပီး...
ေျပာပါဦးလား... သူ႕ကိုမေခၚေျပာျဖစ္တာေတြက
ေက်ာင္းအလုပ္ေတြ အရမ္းမ်ားေနလို႔ အခ်ိန္မရလို႔ ဆိုၿပီး...
"ၾကည့္ပါလား... စကားထဲမွာတင္ ကြၽန္ေတာ္က ဘယ္ေလာက္အရာမေရာက္သလဲဆိုတာ ျမင္သာေနတာပဲ...
အင္းေလ.. ကြၽန္ေတာ့္လိုလူတစ္ေယာက္ကို တကူးတကထည့္ေတြးစရာဘယ္လိုပါ့မလဲ..."
အကို႔ဆီက သက္ျပင္းခ်သံထြက္ေပၚလာတယ္။
"မင္းက ငယ္ေသးတယ္... အခ်ိန္ၾကာလာရင္ ဒါကို နားလည္လာၿပီး အဲ့ဒီအခ်ိန္ ကိုယ့္ကိုလည္း ေမ့သြားမွာ..."
အကိုမ်က္အိမ္ေတြ နီရဲလို႔လာတယ္....
"ကြၽန္ေတာ္ခင္ဗ်ားကို အၿမဲတမ္း သေဘာက်ခဲ့တာ... စေတြ႕ကတည္းက... ခင္ဗ်ားကြၽန္ေတာ့ကို ျမင္လာဖို႔အတြက္ ရတဲ့နည္းနဲ႕ဆြဲၿပီး ခင္ဗ်ားစိတ္တိုင္းက် ေနထိုင္ခဲ့တာ..."
သူဆြဲထားသမွ်ဟာ ျမင္ေနရ႐ုံသာျဖစ္ၿပီး တေျဖးေျဖးေဝးကြာလာၿပီဆိုတာ သိလိုက္တယ္။
ပင္ပန္း နာက်င္ေနရမွာကို သိခဲ့ရင္အေစာကတည္းက အတင္းလိုက္မဆြဲခဲ့ပါဘူး...
တစ္ခ်ိန္တုန္းက အထက္တန္းအေဆာင္ဘက္ေျပးေျပးေခ်ာင္းၾကည့္ခဲ့တဲ့ အလယ္တန္းေက်ာင္းသားလို ပုံစံမ်ိဳးပဲ ေနထိုင္ခဲ့ပါတယ္...
သူ႕ကိုစာျပေပးဖို႔ အေၾကာင္းျပခ်က္နဲ႕ ပထမဆုံးအႀကိမ္ဆြဲမိလိုက္ကတည္းက မွားေနခဲ့တာ..
အဲ့ဒီကတည္းက ဒီလိုရွည္ၾကာတဲ့ တစ္ဝဲလည္လည္သံသရာကို စတင္မိခဲ့တာ....
"ဟုတ္တယ္... ခင္ဗ်ားေျပာသလိုပဲ.. ဒါက ကြၽန္ေတာ့ကိုယ္ကြၽန္ေတာ္ ခက္ခဲေအာင္လုပ္ေနတာ...
ကြၽန္ေတာ့အတြက္ တကယ္ေကာင္းမဲ့အရာကို အခုသိသြားၿပီ... အဲ့တာက ခင္ဗ်ားဆီက ႐ုန္းထြက္လိုက္ျခင္းပဲ... ကြၽန္ေတာ့္စိတ္ထဲက ခင္ဗ်ားကိုဆြဲထုတ္ၿပီး ကြၽန္ေတာ္လည္း ကြၽန္ေတာ့္လမ္းရွာသင့္ၿပီ..."
သူမတ္တပ္ထရပ္လိုက္တယ္။
အကိုက ေမာ့ၾကည့္လာတယ္။
"အခ်ိန္ၾကာတဲ့အထိ မေစာင့္ေတာ့ပါဘူး... ခင္ဗ်ားကိုခ်က္ခ်င္းေမ့ပစ္မွာ... ၿပီးေတာ့ ကြၽန္ေတာ့ကိုစာလာသင္ေပးစရာ မလိုေတာ့ဘူး... ထပ္ဆြဲထားမွာမဟုတ္ေတာ့လို႔ စိတ္ေအးလက္ေအးနဲ႕ အခြင့္အေရးကိုအရယူၿပီးထြက္သြားလိုက္ပါ... "
အကို႔ကို တစ္ခ်က္လွည့္ၾကည့္လိုက္မိတဲ့အခိုက္ ဝမ္းနည္းစိတ္က ထိုးတက္လာတယ္။
"အဲ့လိုေတာ့... မဟုတ္ေသးဘူးေလ ရိေပၚ... ကိုယ္ဒီမွာရွိေနေသးသေလာက္ေတာ့ အတက္နိုင္ဆုံး မင္းဆီလာၿပီး.... "
"မလိုေတာ့ဘူး... ဒီေန႕ကစ ခင္ဗ်ားက ကြၽန္ေတာ့္ဆရာမဟုတ္ေတာ့ဘူး... ကြၽန္ေတာ့္ကို ဘာမွ ထပ္သြန္သင္ေနဖို႔မလိုဘူး... ခင္ဗ်ားကထားခဲ့တာမဟုတ္ဘူး... ကြၽန္ေတာ္ကမွ ခင္ဗ်ားကို ထားခဲ့တာ.. "
ၿပီးတာနဲ႕ သူ ထြက္လာလိုက္တယ္။
"ဝမ္ရိေပၚ.."
အကိုက လွမ္းေအာ္ေနတာကို လွည့္မၾကည့္ဖို႔ ကိုယ့္ကိုယ္ကို သတ္ိေပးေနရတယ္။
ေဘာလုံးကြင္းက ပြဲၾကည့္ခုံတန္းေတြမို႔ ေကြ႕ပတ္ၿပီးထြက္ေနရတာျဖစ္တယ္..
ေထာင့္ခ်ိဳးတစ္ခုနားအေရာက္မွာ တစ္ခုကိုသတိရသြားတယ္။
အဲ့ဒီေနရာက ခုံတန္းေတြျခားေနေပမဲ့ သူနဲ႕အကို႔အကြာအေဝးက စကားေျပာဖို႔အတြက္ လုံေလာက္တယ္။
သူအကို႔ကို တစ္ခ်က္ၾကည့္လိုက္ၿပီး...
"အဲ့တာ ကြၽန္ေတာ့္ရဲ႕ First kiss ......
ႏုတ္ဆက္လက္ေဆာင္လို႔ သေဘာထားလိုက္ေပါ့..."
အကို႔တုံ႕ျပန္ခ်က္ကို သူမသိခ်င္ေတာ့ဘူး...
အျမန္ေျပးထြက္လာလိုက္တယ္။
အဲ့ဒီေနာက္ မနားတမ္းေျပးေနမိတယ္...
သူ႕ေနာက္ဘက္မွာ ေရစက္အခ်ိဳ႕က လြင့္ပ်ံလို႔က်က်န္ခဲ့တယ္။
တစ္စက္ၿပီးတစ္စက္...
ဒါေရစက္မဟုတ္ဘူး... သူ႕မ်က္ရည္စက္ေတြ...
ဒီေန႕ ေနသာေနတာပဲကို.....
ေနေရာင္ေအာက္မွာမ်က္ရည္က်ရတာ မလိုက္ဖက္လိုက္တာ...
သို႔ေပမဲ့ ရပ္တန့္လို႔မရ...
-----------------------------
"ဝမ္ရိေပၚ ဘာေဆးမ်ားမွားစားထားတာလဲ.."
"ဝမ္ရိေပၚေရာဟုတ္ရဲ႕လား.."
တစ္တန္းလုံးနီးပါးရဲ႕အၾကည့္ေတြက သူ႕ဆီေရာက္ေနၾကတယ္။
တိုးတိုးႀကိတ္ႀကိတ္အသံေတြၾကားေနရတယ္။
ဒါေပမဲ့ သူ အာ႐ုံမစိုက္အားဘူး...
သူ႕လက္က ခဲတံကိုင္လို႔ အဆက္မျပတ္လႈပ္ရွားေနတယ္။
သူ႕စားပြဲေပၚမွာ သင္ခန္းစာ စာအုပ္ေတြ သင္ရိုးစာအုပ္ေတြက အစီအရီျပည့္ေနတယ္။
လ်န္ခ်ိဳးဟြာနဲ႕ရွင္းယီက သူ႕ေရွ႕တည့္တည့္မွာထိုင္လို႔ သူ႕ကိုၾကည့္ေနတယ္။
"ဘာလဲ လူကိုမျမင္ဖူးလို႔လား.."
"ဘယ္လိုျဖစ္တာပါလိမ့္... ဝမ္ရိေပၚက ဒီလိုစာႀကိဳးစားေနတယ္တဲ့လား..."
လ်န္ခ်ိဳးဟြာရဲ႕အေျပာကို ရွင္းယီက ေခါင္းၿငိမ့္လို႔ေထာက္ခံတယ္။
"နင္ငါ့ကို ဒီလိုထိုင္ၾကည့္ေနမဲ့အစား စာသြားလုပ္ေနသင့္တယ္ အတန္းေခါင္းေဆာင္.. ငါနင့္ေနရာကို လုေတာ့မွာ.."
"ဘာရယ္"
"နင့္ေနရာကို ငါလုေတာ့မွာလို႔.. ဒါေၾကာင့္ နင့္ေနရာကိုကာကြယ္ဖို႔ စာလုပ္သင့္တယ္"
သူမမ်က္ႏွာဟာ မခ်ိဳမခ်ဥ္နဲ႕ မ်က္လုံးကျပဴးက်ယ္ေနတယ္။
"မယုံဘူးလား"
ထိုအခိုက္ သူ႕နဖူးနဲ႕ ေခါင္းေပၚေရာက္လာတဲ့ရွင္းယီရဲ႕လက္...
"ဘာလုပ္တာလဲ.."
"မင္းေနမေကာင္းဘူးလား.. ေခါင္းထိထားတာလား... ဒါမွမဟုတ္... မင္းဝမ္ရိေပၚအစစ္မဟုတ္ဘူးမလား... ဝမ္ရိေပၚဟန္ေဆာင္ထားတဲ့ ၿဂိဳလ္သားထင္တယ္... ဝမ္ရိေပၚအစစ္ကို ဘယ္နားဖြက္ထားလဲ.."
သူေခါင္းအျမန္ေရွာင္လိုက္ၿပီး
"ေၾကာင္ေတာင္ေတာင္နဲ႕ ဘာေတြေျပာေနတာလဲ.. ငါက ငါပဲကို ဘာျဖစ္ရမွာလဲ.."
"မင္းကမင္းဆိုရင္ ဘာလို႔ မင္းနဲ႕မတူတာေတြလုပ္ေနတာလဲလို႔"
"ေက်ာင္းသားက စာႀကိဳးစားတာ ထူးဆန္းလို႔လား
"
"မင္းျဖစ္ေနလို႔ကို ေတာ္ေတာ္ထူးဆန္းေနတာ.."
ရွင္းယီမ်က္ႏွာဟာ တကယ္ေဝခြဲမရျဖစ္ေနတဲ့ပုံ..
မဟုတ္မွ.... တကယ္ႀကီး ၿဂိဳလ္သားလို႔ေတြးေနတာလား...
သူမတ္တပ္ထရပ္လိုက္ၿပီ ရွင္းယီပုခုံးႏွစ္ဖက္ကိုကိုင္လိုက္တာ
"ဇာတ္ကားေလ်ာ့ၾကည့္... ဂိမ္းေဆာ့တာလည္းေလ်ာ့ ၿပီး စာစလုပ္ေတာ့... ငါတို႔ ေျပာင္းလဲသင့္တဲ့အခ်ိန္ေရာက္ေနၿပီ..."
"ဝမ္ရိေပၚ... တကယ္ဝမ္ရိေပၚမဟုတ္ဘူးထင္တယ္"
"က်စ္.."
စိတ္ေတြေတာင္ရႈပ္လာတယ္။
သူက သူ႕လမ္းသူရွာဖို႔ ျပန္စတင္မလို႔ပါဆို... တကယ္ပါပဲ..
"နင္ မ်က္လုံးေတြလဲ မို႔ေနတယ္.. တကယ္ အဆင္ေျပရဲ႕လား"
လ်န္ခ်ိဳးဟြာကို သူျပန္ၾကည့္လိုက္တယ္။
"အဆင္မေျပစရာ ဘာရွိလို႔လဲ... မ်က္လုံးက ငါညလုံးေပါက္ စာၾကည့္ထားလို႔.."
ေခါင္းေတြကိုက္လိုက္တာ...
နည္းနည္းလန္းဆန္းေလာက္မဲ့တစ္ခုခု ေသာက္ရရင္ေကာင္းမယ္..
ဒီအေတြးနဲ႕အတူ စာသင္ခန္းအျပင္ကိုထြက္ေတာ့..
မေတြ႕ခ်င္တဲ့သူက အတန္းဝင္ဖို႔ စာသင္ခန္းအနားကို ေရာက္ေနၿပီျဖစ္တယ္။
သူ မႏုတ္ဆက္ခ်င္...
ဒီအတိုင္း ရပ္ေနမိေတာ့ အဲ့ဒီလူက သူ႕ကိုေသခ်ာၾကည့္ေနတယ္။
"အဆင္ေျပရဲ႕လား..."
"ဘာကိုလဲ.."
"မေန႕က.."
"မေန႕က ဘာျဖစ္ခဲ့လို႔လဲ.."
"..."
ဂ်စ္ကန္ကန္လုပ္ေနတဲ့ သူ႕စကားကို မတုံ႕ျပန္ေတာ့ပဲ သက္ျပင္းတစ္ခ်က္ခ်လာတယ္။
"ဒါဆိုရင္ အခုက ဘယ္သြားမွာလဲ.. အတန္းစေတာ့မွာ"
သူစဥ္းစားတယ္... ဒီလူကို ယဥ္ေက်းဖို႔အေတြးရွိမေနလို႔...
"ေသးသြားေပါက္မလို႔.."
အဲ့ဒီအခါ မ်က္ေမွာင္ၾကဳတ္သြားျပန္တဲ့ အဲ့ဒီလူ..
"ဝမ္ရိေပၚ... မင္းအသုံးအႏႈန္းက.."
"လာသင္ျပေနရေအာင္ ဆရာေရွာင္းနဲ႕ကြၽန္ေတာ္ ဘာဆိုင္လို႔လဲ..."
မ်က္ႏွာဆီက အံ့ၾသသြားမႈဟာ အတိုင္းသား...
"ဘာ..."
"ဒီမွာ ဆရာဆိုတာကလည္း တစ္လပဲေလ... လကုန္ရင္ ထြက္သြားမွာပဲမဟုတ္ဘူးလား... အၿမဲတမ္း ဆရာျဖစ္ေနသလိုေလသံေတြ မလုပ္စမ္းပါနဲ႕.."
"ဝမ္ရိေပၚ.."
"ထြက္က်ေတာ့မလားမသိလို႔ သြားခြင့္ျပဳပါဦး.."
ေျပာၿပီးတာနဲ႕ သူအေရွ႕ဆက္ထြက္သြားလိုက္တယ္။
အဲ့ဒီလူရဲ႕ ဆန့္က်င္ဘက္...
ေျခလွမ္းအနည္းငယ္လွမ္းၿပီးေနာက္ မေနနိုင္စြာျပန္လွည့္ၾကည့္မိတယ္... ေနရာမွာမရွိေတာ့...
အတန္းထဲဝင္သြားၿပီပဲ..
ဟုတ္တယ္။
သူနဲ႕အကိုက အခုကစ တစ္ေယာက္တစ္လမ္းစီျဖစ္သြားၿပီ...
ဒါေပမဲ့ သူ႕ဆီမွာ လက္ေလ်ာ့ဖို႔ စိတ္ကူးလုံးဝမရွိဘူး...
အသစ္ကျပန္စခ်င္တယ္။
ေတာ္တဲ့သူကိုမွႀကိဳက္တာမလား...
ေတာ္တဲ့သူကိုမွ အေရးလုပ္ၿပီးစကားေခၚေျပာတာမလား...
ၾကည့္ထား...ထိပ္ဆုံးေရာက္ေအာင္လုပ္ၿပီး သူေသာက္ရမ္းအေရးပါေအာင္ လုပ္နိုင္တယ္ဆိုတာကို သက္ေသျပမယ္။
ဆြစ္ဇာလန္ရဲ႕ တကၠသိုလ္ကို သူလည္းတက္နိုင္တယ္ဆိုတာကို ျပမယ္။
တစ္ေန႕ သူ႕ကို တေလးတနက္ စတင္ေခၚေျပာမဲ့သူက ေရွာင္းက်န႔္ပဲ ျဖစ္ေစရမယ္။
အကို႔လူက ဘာလို႔သူ မျဖစ္နိုင္ရမွာလဲ..
-------------------------
မေန႕ကတည္းက တင္မို႔ဟာကို ထပ္ၿပီးေနာက္က်သြားပါတယ္။
တစ္ပါတ္ကိုႏွစ္ပိုင္းေတာ့ အတက္နိုင္ဆုံး Upေပးပါမယ္ေနာ္
-------------------------