"အိမ်ပြန်ကြရအောင်နော်... "
မင်းညီလာမောင်သည် နူးညံ့ပျော့ပြောင်းစွာဖြင့် ပြောသော်လဲ ပျိုးကတော့ ဘာတုန့်ပြန်စကားတစ်ခွန်းကိုမှပြန်မပြောဘဲ တွန့်ကျေပြီး ဘေးမှာ ဖြစ်သလို ပုံကျနေတဲ့အဝတ်အစားတွေကိုသာပြန်ကောက်ဝတ်နေ၏။
မင်းညီလာသည်လဲ သူ့ရဲ့ Jacketကိုဝတ်ရင်း ပျိုးကို တစ်ချက်ကြည့်သည်။
"မောင်ပြောတာကြားရဲ့လား "
"ငါ့ကားငါမောင်းပြီး ပြန်နိုင်တယ် မင်းပြန်ပို့စရာမလိုဘူး"
"ပြန်ပို့မယ်လို့ မောင်ပြောတာမဟုတ်ဘူး အတူတူအိမ်ပြန်မှာ... မောင်က မင်းနဲ့အတူတူနေတဲ့ မင်းယောကျ်ား"
သူ့ဟာသူ ယောကျ်ားပြောပြော၊ လင်ပြောပြော ပျိုး စိတ်ဝင်စားချင်စိတ်မရှိပါ။ဒါကြောင့်ပင် ပျိုး ကားတံခါးကိုဖွင့်ကာ သူ့ကားပေါ်ကဆင်းလိုက်သည်။
"!အာ့"
ဘယ်လိုနာကျင်ပုံမျိုးလဲ အောက်ပိုင်း တစ်နေရာက စပ်ဖျဉ်းနာကျင် နေသည်။ပျိုး မျက်နှာရှုံ့မဲ့သွားမိသည်အထိ။
ပျိုး ဖြစ်သွားတဲ့ ပုံစံကို နောက်ကျောဘက်မှသာမြင်ရပေမယ့် အခြေအနေကိုသိထားနှင့်သူမို့ မင်းညီလာ တစ်ဖက်က ကားတံခါးကို ခပ်မြန်မြန် ဖွင့် ဆင်းကာ သူ့ဆီကိုသွားသည်။
"ပြောပါတယ် အတူတူပြန်ပါ့မယ်ဆို"
မင်းညီလာ က အားမလိုအားမရ ပြောတော့ ပျိုးကို မျက်နှာကိုတစ်ဖက်သို့လွှဲလိုက်သည်။
မင်းညီလာမောင် ပျိုးလက်မောင်းကို ခပ်ဖွဖွဆုပ်ကိုင်လိုက်ပြီး
"မောင် ပြောနေတယ်လေကွာနော်... လာပါ ကားပေါ်တက်"
မင်းညီလာကသာ လိုက်ပြောနေပေမယ့် ပျိုးဆီကတော့ ဘာတုန့်ပြန်မှုမှမလာတာကြောင့်...
"မောင့်ကို အခုတစ်ခုခုလုပ်ချင်နေရင် လုပ်လိုက် မောင်တကယ်စိတ်မဆိုးဘူး ဟုတ်ပြီလား"
ပျိုး သူ့ကို ခပ်စူးစူးပြန်ကြည့်သည်။
"မင်းကိုငါ ဘာမလုပ်ဘူးမင်းညီလာမောင် မင်းဖြစ်ချင်တာ မင်းလုပ်ချင်တာကို မင်းဆန္ဒအတိုင်းလုပ်ပြီးပြီပဲ မဟုတ်လား"
ပြီးတော့ သူ့လက်ကိုဖယ်ချပစ်သည်။
"ငါ့ကို ဘာမှညှာတာသလို လာမလုပ်နဲ့"
မင်းညီလာ! ကျစ်! ခနဲ စုပ်တစ်ချက်သပ်လိုက်သည်။ပျိုးဥယျာဉ်က ခေါင်းမာတဲ့နေရာ အတုမရှိ ။သူ့အခြေအနေကိုသိလို့ အတူတူပြန်ပါ့မယ်ပြောလဲမရ။
ပျိုးကတော့ သူ့ကိုလျစ်လျူရှုကာ ထိန်းလျှောက်ပြီး ကားဆီကိုသာပြန်လာခဲ့သည်။
ကွတစ်တစ်နဲ့ လျှောက်သွားတဲ့တစ်ယောက်ကို မင်းညီလာမောင် နောက်မှ ကားကိုမှီကာ ကြည့်ရင်း ငိုရမလား ရယ်ရမလားတောင်မသိ။
တော်တော် ခေါင်းမာတဲ့လူ။အခုမရမက ဇွတ်လိုက်ခေါ်ရင်လဲ လူကို လူယုတ်မာဇာတ်က သွင်းအုံးမှာ။
ပျိုး ကားထဲပြန်ဝင်ထိုင်ပြီးတာနဲ့ နောင်နောင့်ဆီကို ဖုန်းခေါ်ရသည်။ဆေးရုံတက်နေသော CEO ကိုခန့်မင်းရဲ့ အတွင်းရေးမှူးဆီကိုရော နောင်နောင်တစ်ယောက်ထဲသွားဖြစ်ပါ့မလား။
တကယ် အဲ့ဒီတံခါးချပ်ကို အခန် မှားပြီးမဖွင့်မိခဲ့သင့်ဘူး။အခုတော့ဆေးရုံလာရတဲ့ ဦးတည်ချက်တွေလဲ လွဲမှားကုန်ရသည်။အဲ့ဒါသူ့ကြောင့်... သူ့တစ်ယောက်ထဲကြောင့်။
______။
"ဒါဆို... ခုက မင်းနောင်တရနေတာ အဲ့လိုလား"
သတ္တိက အမြည်းကို ဝါးရင်း မကြည်မလင်ဖြစ်နေတဲ့ မင်းညီလာ ကိုကြည့်ရင်းမေးသည်။မင်းညီလာကတော့ ဘရန်ဒီခွက်ကိုသာ မော့ပြီးရင်းမော့နေ၏။
ခွန်းဆက်နဲ့ မင်းထက်ကလဲ မင်းညီလာကို ရယ်ကျဲကျဲ ကြည့်သည်။ဂေးဝိဇ္ဇာကြီးက အိမ်ထောင်ကျပြီးတဲ့လေးလ ကျော်မှ တစ်ခါလေး နေရပြီး အဲ့တစ်ခါမှာတင် ပြသနာကတတ်နေတော့ ရယ်စရာဖြစ်နေသည်။
အဟွန်း...ကိုယ်တွေကသာ ရယ်စရာပါ ကိုယ့်ကောင်ရုပ်ကတော့ ခုနှစ်ရက်မချရသေးတဲ့ မသာထက်တောင်ဆိုးနေသေး။
မင်းညီလာကတော့ ခွက်ကိုင်ထားတဲ့လက်ဖြင့်သာ သူ့ကိုယ်သူ လက်ညှိုးထိုးပြပြီး နှုတ်ခမ်းခပ်မဲ့မဲ့ မျက်လုံး ခပ်စင်းစင်းဖြင့် ...
"ငါကဘယ်သူလဲ...မင်းညီလာမောင်လေ နောင်တရမယ်ထင်လို့လား "
သတ္တိက ခေါင်းကိုဖြည်းညှင်းစွာ ရမ်းသည်။ပြီးတော့ ဘရန်ဒီခွက်ကို အနည်းငယ်သောက်သည်။ဒီကောင် အကြောင်းမသိရင်ခက်မယ်။
မင်းထက်က မင်းညီလာရဲ့ ပခုံးတစ်ဖက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ပြီး...
"မင်းမှားတယ် ညီလာ...ကိုဥယျာဉ်က Gay မဟုတ်တော့ သူယောကျ်ားတစ်ယောက်နဲ့အဲ့လိုနေလိုက်ရတာကို ဘယ်လိုမှ အိုခေသေးမှာမဟုတ်ဘူး မင်းစိတ်ရှည်သင့်တာ"
ထိုအခါ တွင်မှ ဝိုင်းမှာထူးထူးဆန်းဆန်းငြိမ်နေတဲ့ခွန်းဆက်က သောက်နေတဲ့ခွက်ကိုချလိုက်ပြီး ...
"ဟေး မင်းထက်...မင်းကိုယ်ချင်းမစာ အဲ့လိုတော့မပြောနဲ့လေကွာ ဒီကောင်လို ကျားရိုင်းကြီးက ရှေ့မှာအမဲသားတွဲ တန်းလန်းကိုတွေ့နေသားနဲ့ အနံ့ပဲရှူနေရတာ သူလဲဘယ်အိုခေပါ့မလဲ"
သတ္တိကတော့ ခွန်းဆက်စကားကိုထောက်ခံသလို ခေါင်း ညိတ်သည်။သူပြောတာလဲ ဟုတ်တာပဲလေ မင်းညီလာလိုကျားက သူလက်ထပ်ထားတဲ့ကိုဥယျာဥ်လိုလူကို မထိရက်မကိုင်ရက်နဲ့ ဒီတိုင်းလွှတ်ထားတယ်ဆိုတာ အစကကိုယ်တွေတောင်မယုံဘူး။အဲ့ကတည်းက ဒီကောင် အဲဲ့ဒီအစ်ကိုအပေါ်ဘယ်လိုသဘောထားလဲ သိနေတာ။
"ဒါနဲ့ ငါ့ကောင် ကောင်းလား"
"စိမ့်တယ်"
မင်းညီလာက ခပ်ရွဲ့ရွဲ့ပြောပစ်တော့ မင်းထက်က ခပ်သာသာ ပြုံးရုံပြုံးပေမယ့် ဟိုနှစ်ယောက်ကတော့ အသံထွက်အောင်ရယ်သည်။
ရယ်လဲ ရယ်ပါစေတော့ မတတ်နိုင်တော့ဘူး။မင်္ဂလာဦးညကလဲ ခုတင်ပေါ်တောင်အတက်မခံလို့ Shower အောက်မှာ သတိလစ်တဲ့ထိနေပြီး
ဖျားတယ်၊လေးလလောက်ထိလဲ သူကြည်ဖြူဖို့စောင့်ပေးတယ် ဒါကိုတောင်မှ တဏှာရူးပါဆိုပြီး အစွပ်စွဲကခံရသေးတာ။တကယ်ပါ... စိတ်ရှိတိုင်းတွေ လုပ်ပစ်ရင်လဲ အဲ့လူ အရိုးတခြား အသားတခြားတွေက ဖြစ်တော့မယ်။
ခွန်းဆက်က သောက်လက်စ ဘရန်ဒီခွက်ကို လက်မှာကိုင်ရင်း မင်းညီလာကိုကြည့်ကာ တွေးစစ ပုံစံဖြင့်...
"ဟိုကောင်လေး ကိစ္စကိုရော မင်းဘယ်လိုရှင်းပြမှာလဲ"
"ဘယ်လိုမှတော့ မရှင်းသေးဘူး သူလဲငါ့ကိုထုတ်မေးမှာမဟုတ်ဘူးထင်တယ်...သူ Accident ဖြစ်တဲ့ လူက လင်း ဆိုတာမသိဘူး
ဒါပေမယ့် ငါလင်းဆီကိုတော့မသွားတော့ဖို့ ဆုံးဖြတ်လိုက်ပြီ"
ပြီးတော့ မင်းညီလာ စကားဝိုင်းမှာ နားထောင်သမားသက်သက် အခြေအနေသာရှိတဲ့မင်းထက်ကိုခေါင်းငဲ့ကြည့်၏။
"မင်း အကူအညီလိုတယ် မင်းထက်"
မင်းထက်က တော့ အလွယ်တကူပင်သဘောပေါက်ပါသည်။
ဟန်ချက်မညီတဲ့ ကိုယ့်သူငယ်ချင်းရဲ့ အိမ်ထောင်ရေးထဲ ဟိုလူက ဆားဝင်ဖြူးလိုက် ဒီလူက ငံပြာရည် ဝင်ထည့်လိုက်ဖြစ်နေတဲ့အခြေအနေတွေကို ကိုယ်တွေကပဲ တတ်နိုင်တဲ့ဘက်က ပါရမီဖြည့်ရမယ်မဟုတ်လား။
_______။
ကန်ရေပြင်ကို ခပ်ကြမ်းကြမ်းဖျက်တိုက်လာတဲ့ လေထုကြမ်းကြမ်းထက် ပို၍ ကြမ်းတမ်းပြင်းရှသော ပျိုးဥယျာဥ်ရဲ့ အနမ်းကြမ်းကြမ်း တို့ကြောင့် ချောမဒီ ခပ်ကြောင်ကြောင် ဖြစ်နေမိတာအမှန်ပါ။ကို နဲ့တွဲလာတဲ့ တောက်လျှောက်မှာ အခုလို အပြုအမူမျိုး ကို ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးပေ။
အခုမှ ရုပ်တရက်ချက်ချင်းကြီး တွေ့ဖို့လာတယ်။တွေ့တွေ့ချင်းလဲ ဘာစကားမှ မပြောဘဲ...
"ဟာကွာ"
ချောရဲ့ မျက်နှာကို ထိန်းကိုင်ထားသော လက်နှစ်ဖက်ကိုလွှတ်လိုက်ပြီး ချော နှုတ်ခမ်းဖူးဖူးတစ်စုံဆီမှာ ထိတွေ့ထားတဲ့နမ်းရှိုက်နေသော ပျိုးနှုတ်ခမ်းတို့ကိုလဲ တစ်ပြိုင်ထဲ ဖယ်ခွာလိုက်သည်။ပြီးတော့. ...
!ဘုန်း ဘုန်း ဘုန်း!
ချောကို ဖိကပ်ထားတဲ့ ကားBodyဆီကို ခြေထောက်ဖြင့် ပြင်းထန်စွာ ကန်ပစ်လိုက်သည်။
ချောကတော့ ပျိုး လုပ်နေသမျှတွေကိုနားမလည်စွာ ကြည့်နေရင်း...
"ကို...ကို ဘာဖြစ်နေလဲ ဘာဖြစ်နေတာလဲ"
ပျိုး စိတ်အလိုမကျမှုတွေကြောင့် အသက်ရှူသံတွေဟာ ပုံမှန်မဟုတ်နေဘဲ ပြင်းထန်နေ၏။
တကယ်ပဲ ချောနဲ့ဖလှယ်ရတဲ့ အနမ်းကိုတောင် ဟိုတဏှာရူးဆီက အနမ်းလောက် ခံစားလို့မရတော့ခြင်းကို ပျိုး ကိုယ့်ကိုယ်ကိုယ် ခံပြင်းလွန်းလှသည်။
အရင်က ချောဆီက အနမ်းဖွဖွလေးတစ်ပွင့်၊မျက်ဝန်းအကြည့်လေးတစ်ချက် ၊အသက်ရှူသံလေငွေ့ငွေ့လေးတစ်ချက်ကိုတောင် ရင်ခုန်ခဲ့ရဖူးသည့် ပျိုးက အခုဘယ်လိုမှပင် ခံစားမှုရှိမလာတော့....
တကယ်ပဲ... တကယ်ပဲ ပျိုးကိုယ်တိုင်က အဲ့ဒီကောင်ကို... တောက်!
"တော်ပါတော့...တော်ပါတော့ ကို ရယ်၊ကို ဘာတွေဖြစ်နေတာလဲ ဟင်"
ပျိုး ထိတ်လန့်သလို၊အံ့သြသလို ဖြစ်နေတဲ့ ဂါဝန်ရှည် မိုးပြာရောင်လေးကိုကြွရွစွာဝတ်ဆင်ထားသော မိန်းကလေးရဲ့ မျက်ဝန်းလဲ့လဲ့ကလေးတွေကို စိုက်ကြည့်လိုက်သည်။ချောက တကယ့်ကို အပစ်ကင်းတဲ့ မိန်းကလေးပါ။
"ချော!"
ပျိုး ချော ကိုယ်လေးကို ရင်ခွင်ထဲ ဆွဲဖက်ပစ်လိုက်၏။ကိုယ့်မရေရာတဲ့ ခံစားချက်ကို ခွဲခြားနိုင်ဖို့ အသုံးချခံလို ဖြစ်ခဲ့ရတဲ့ မိန်းကလေး။
ပျိုးဥယျာဥ် ဆိုတဲ့ ကိုယ်က ကောင်ကတော်တော် မကောင်းတဲ့ကောင်ပဲ။
ချောက ပျိုးရဲ့ ကိုယ်ကိုဖယ်ခွာလိုက်သည်။
"ကို ဘာဖြစ်နေတာလဲ ချောကိုပြောစမ်းပါ"
"ကို...ကို! ကျစ် ! ဟာကွာ"
ကားBody ထပ်ပြီးထိုးကျိတ်မယ့် ပျိုးရဲ့ လက်သီးအရှိန်ပြင်းပြင်းကိုတော့ ချော အားကုန်သုံးကာ ဖမ်းဆွဲ ဟန့်တားလိုက်သည်။မျက်ဝန်းအိမ်မှာလဲ မျက်ရည်ကြည်တို့က ရစ်ဝဲလာခဲ့သည်။
ကို့ ရဲ့ အခုလိုပုံစံကို မြင်ရတာချောအတွက်ပထမဆုံးပေမယ့် ချော ကို ဘာဖြစ်နေလဲဆိုတာ ခန့်မှန်းမိပါသည်။တွေဝေမှု တစ်ခုရဲ့အဖြေကိုရှာတွေ့ပြီးမှ လက်မခံနိုင်ဖြစ်နေတာ။ချောသိတာပေါ့ ကိုရယ်။
ဟိုလူကို အစက နယ်ရုပ်လေးတစ်ရုပ်သာသာထင်ထားခဲ့ပေမယ့် ခုကတော့ ကိုယ့်ကိုအလဲထိုးမယ့် ဘုရင်တစ်ပါးဖြစ်နေခဲ့ပြီလား။
"ချောကြောင့် ဆိုရင်တော့ ကို ကိုယ့်ကိုယ်ကိုယ်နာကျင်အောင်မလုပ်ပါနဲ့တော့ ကိုရယ် ...ဟင့်!"
"ချော... ချောကို ကို တောင်းပန်ပါတယ် "
"ဘာအတွက်လဲကို ဟမ်!...ဘာအတွက်တောင်းပန်တာလဲ ချောကိုပြောပါ"
"ကိုက...မင်းနဲ့မတန်တော့တဲ့လူပါ "
ပျိုး ချောပါးပြင်ပေါ်က မျက်ရည်တွေကို မမြင်ချင်တော့တာမို့ ခါးထောက်လျက် ကျောခိုင်းလိုက်သည်။
"ကို...အဲဲ့ဒီမတန်တော့ဘူးဆိုတာ ဘာလဲ "
ချော ကို့ ရှေ့မှာ မျက်နှာချင်းလိုက်ဆိုင်လျက်မေး၏။
"ကို...ချောကိုပေးထားတဲ့ကတိကိုပဲဖျက်ပါစေ ကို တောင်းပန်ပါတယ်"
ကို မဖြေချင်တဲ့စကားနဲ့ ချောမကြားရဲတဲ့အဖြေက တစ်ထပ်တည်းဖြစ်နေမှာပါ။ဒါကို နှစ်ယောက်လုံးသိပါလျက်...
"မဟုတ်သေးပါဘူး ကိုရယ်...ကို ချောကိုချစ်နေသေးတယ်မဟုတ်လားဟင်"
ရေနစ်နေတဲ့ ချော အတွက်ကောက်ရိုးလေးတစ်မျှင်ပဲဖြစ်ဖြစ် ကူကယ်ရာရချင်ပါသေးသည်။ထိုကောက်ရိုးမျှင်လေးဟာ ကို့ဆီက 'ချစ်ပါသေးတယ်' ဆိုတဲ့စကား။
ဒါပေမယ့် ချော မဖမ်းဆုပ်မိတဲ့ကောက်ရိုးမျှင်လေးဟာ ထပ်မံလွတ်ထွက်သွားခဲ့ပါပြီ။
ချစ်သူဆီ လှမ်းတဲ့ ခြေလှမ်းတွေဟာ ရင်တဖိုဖိုဆိုပါလျှင် ချစ်သူနဲ့ ဝေးကွာရတော့မယ့်ခြေလှမ်းတွေကိုရော ချော ဘယ်လိုအမည်တပ်ရပါ့မလဲ။
အဲ့ဒီခေါင်းစဥ်မဲ့တဲ့ခြေလှမ်းကို ဒီနေ့ ချော တကယ်လှမ်းခဲ့ရပါသည်။
နောက်ဆုတ်ပေးပါ ၊ ဝေးဝေးနေပေးပါ ဆိုသည့်စကားမျိုး တစ်ခွန်းမှ ချောကိုလာမပြောခဲ့သည့်လူက ချောကို ကိုနဲ့အဝေးဆုံး တွန်းထုတ်နိုင်ခဲ့သည်။
ကို့ ကိုမုန်းတယ်။
_____။
မင်းညီလာ အိမ်ပြန်ရောက်တော့ ညဆယ်နာရီခွဲတိတိ။တစ်ယောက်ကတော့ အိပ်ရာပေါ်မှာ ငြိမ်သက်နေသည်။အိပ် မအိပ်ကတော့မသေချာ။မအိပ်ရင်တောင် ကိုယ့်ကို စကားပြန်ပြောချင်မယ့်လူမှမဟုတ်တာ မအိပ်လဲ အိိပ်ချင်ယောင်ဆောင်နေမှာပေါ့။
ရေချိုးခန်း အရင်ဝင်ပြီး ရေချိုးသန့်စင်ကာ ဘောင်းဘီခပ်ပွပွအရှည်နဲ့ Over Size တီရှပ်တစ်ထည်ကို လွတ်လွတ်လပ်လပ် ဝတ်ကာ အိပ်ရာပေါ်တက်လိုက်သည်။
အိပ်ရာတစ်ခြမ်း အိခနဲ ဖြစ်သွားတာမို့ သူတက်လာတာကို ပျိုးသိသည်။ ပျိုး ထထိုင်ကာ သူ့ဘက်သို့ လှည့်ပြီး...
"ငါမင်းနဲ့ အတူတူ မအိပ်နိုင်တော့ဘူး
မင်းညီလာမောင်"
ပျိုးအတွက် သူ့လိုအကောင်နဲ့ အတူတူတစ်အိပ်ရာထဲမှာအိပ်ဖို့ဆိုတာ ဘယ်လိုမှကိုမဖြစ်နိုင်။ရေချိုးခန်းမက လို့ သူ့ဟာသူရေကူးကန်ထဲပဲသွားအိပ်အိပ် ။
မင်းညီလာ နှုတ်ခမ်းခပ်မဲ့မဲ့ဖြင့် မချိပြုံးပြီး ပျိုးကိုကြည့်သည်။တကယ် အိပ်ချင်ယောင်ဆောင်နေတာပဲ။
"ဘာဖြစ်လို့လဲ မောင်ကမင်းယောကျ်ား၊မင်းလင်
အခုဆို ဒီမှာ... "
မင်းညီလာက ပြောပြောဆိုဆိုနှင့်အလယ်မှာခြားထားတဲ့ ဖက်ခေါင်းအုံးကို ဘေးဖယ်ပစ်လိုက်သည်။
"ဒီဖက်ခေါင်းအုံးလဲ မလိုတော့ဘူး"
ပျိုး သူ့ကို မကျေမနပ်ဖြင့် ခပ်စူးစူးကြည့်လိုက်သည်။
"ရတယ် မင်းဒီမှာအိပ်ချင်သပဆိုရင် အိပ် ၊ငါကတော့ မင်းလို တဏှာ..."
ပြောပြီးမှ ပျိုးပါးစပ်ကိုဘရိတ်အုပ်ပြီး အဲ့ဒီစကားကို မနည်းအရှိန်ထိန်းလိုက်ရသည်။
မင်းညီလာက ဆက်ပြောဆိုသည့်အထာဖြင့် မေးဆက်ပြသည်။ပျိုးဥယျာဥ်တို့က အဲ့ဒီစကားကို သိပ်ပြီးတော့ ခံတွင်းတွေ့နေတာထင်တယ်။ဟွန်း...ဒီကကောင်ကလဲ ကြိုက်တယ်။ပြောစမ်းပါအဲ့စကား.... ဘယ်လိုကိုင်တွယ်ပြမလဲဆိုတာသိစေရမယ် ပျိုးဥယျာဥ်က နုလို့ရတဲ့လူမှမဟုတ်ဘဲ။
ပျိုး သူ့ကိုဘာမှ မပြောတော့ဘဲ စာကြည့်ခန်းမှာသွားအိပ်ရန် ဆုံးဖြတ်ကာ ခုတင်ပေါ်ကဆင်းကာ အခန်းတံခါးကို ရောက်တော့ ခြေထောက်မှ ကြမ်းပြင်နဲ့ လွတ်သွားပြီး ခန္ဓာကိုယ်လဲ လေဟာနယ်ထဲရောက်ကာ မြောက်တက်သွားသည်။
"မင်းဘာလုပ်တာလဲ မင်းညီလာမောင် ချပေးငါ့ကို"
ပျိုး ခြေထောက်တွေကို ယက်ကန်ယက်ကန်လုပ်ပြီး လက်ကလဲ ကျောက်တံတိုင်းလိုမာကျောနေတဲ့ သူ့ ရင်ဘတ်ကို စိတ်ရှိတိုင်းထုလိုက်ပစ်သည်။
သူကတော့ ဖြုံတောင်မဖြုံပါ။
မင်းညီလာမောင် အငြိမ်မနေဘဲ ရင်ခွင်ထဲမှာ ဖျက်ဖျက်လူးနေတဲ့ သူ့ကို ပွေ့ချီလာပြီး မွေ့ရာပေါ်မှာ ပစ်ချလိုက်တော့ ပက်လက်ကလေးကျဘုတ်ခနဲ ပစ်သွားသည်။
ပြီးတော့မင်းညီလာ စည်းနှောင်မထားတဲ့ ဆံပင်တွေကို နောက်သို့ လက်ဖြင့် ထိုးဖွ သပ်တင်လိုက်ပြီး...
"ဘယ်ကိုမှလဲ သွားအိပ်စရာမလိုဘူး၊မောင်လဲဘယ်ကိုမှ သွားမအိပ်ဘူး ဒီအိပ်ရာပေါ်မှာပဲ အတူတူအိပ်ရမှာ အဲ့တာကိုမှတ်ထား"
ပျိုး သူ့ကို စူးစူးဝါးဝါးကြည့်ပြီး...
"ငါမင်းလိုကောင်နဲ့ အိပ်စရာအကြောင်းမရှိဘူး "
"ဘာဖြစ်နေလို့လဲ "
"ဘာဖြစ်နေလို့မှ မဟုတ်ဘူး မင်းဖြစ်နေလို့ကိုမအိပ်ချင်တာကွာ"
ပြောပြီး ပျိုး ခုတင်ပေါ်ကဆင်းတော့ ...
!ဝုန်း!
ဒီတစ်ခါတော့ ပျိုးရောသူပါ အိပ်ရာပေါ်မှာလုံးထွေးလျက်သား ကျသွားသည်။ပျိုးကို သိုင်းဖက်ထားတဲ့ သူ့လက်မောင်တွေကို တွန်းဖယ်ပေမယ့်မရပါ။
"ကွတ်ကီး...မင်းငါ့ကိုလွှတ်နော်"
"မောင် လွှတ်ပေးရင်မင်းကထွက်သွားမှာပေါ့"
မင်းညီလာမောင် ကိုယ့်ရင်ခွင်ထဲမှာ လူးလူးလွန့်လွန့် နှင့် အသည်းအသန်ရုန်းဖယ်နေတဲ့ ကိုယ်လေးကို မြဲမြံစွာ ဖက်ထားမိသည်။ ဒီလူကိုဘယ်နည်းနဲ့မှ လွှတ်ပေးဖို့အစီအစဥ်မရှိပါဘူး။
"လွှတ်လို့ ငါပြောနေတယ် ငါ့ဒေါသတွေကိုလာမစွနဲ့ မင်းတစ်စစီဖြစ်သွားမယ်နော်"
အံကြီးကြိတ်ကာ ပြောလိုက်တဲ့စကားကြောင့် မင်းညီလာ ဟက်ခနဲ ရယ်ချမိလိုက်ချင်ပါသည်။အရင်ဆုံး ဖက်ထားတာလေးကိုပဲ လွတ်အောင်ရုန်းပါအုံး ပျိုးဥယျာဥ်ရယ်။ လူကဖြင့် ရုန်းရလို့မောနေပြီး ကိုယ်ခုနေလွှတ်ပေးရင်တောင် မနည်းအမောပြန်ဖြေရအုံးမယ့်လူက ကိုယ့်ကိုတောင် တစ်စစီလုပ်အုံးမတဲ့။တကယ့်ဟာ။
"အဲ့တာဆို ဒီမှာပဲ မောင်နဲ့အတူတူအိပ်မယ်လို့ပြော"
"မအိပ်ဘူး လုံးဝမအိပ်ဘူး"
"မအိပ်ရင် မလွှတ်ဘူး"
"မင်းညီလာမောင်!"
"ဗျာ"
ထိုအခိုက်အတန့်မှာ ပျိုး ဆက်မရုန်းနိုင်တော့တာလား၊မရုန်းချင်တော့တာကြောင့်လားပဲလား မသိ ပျိုး ငြိမ်သက်သွားမိပါသည်။
'ဗျာ'တဲ့ ဘယ်တုန်းကမှ သူ့ဆီက မကြားခဲ့ဖူးတဲ့ထူးသံကလေးက ပျိုးဥယျာဥ်ဆိုတဲ့ အမျိုးသားရဲ့ရင်ကို သိမ့်သိမ့်ကလေး လှိုက်ခုန်မိသွားတာတော့အမှန်ပါ။
အို...မဖြစ်ဘူး ဒီကောင်က မာယာသိပ်များတဲ့ကောင် နေ့လယ်ကပဲ တခြားကောင်လေးနဲ့တွေ့ခဲ့ရသေးတာမဟုတ်လား ၊ ကိုယ့်တစ်ယောက်တည်းအတွက်မဟုတ်တဲ့ သူ့ရဲ့နူးညံ့မှုတွေအောက်မှာတော့ မကျရှုံးလိုက်နဲ့။
"ငါ့ကို အရင်လွှတ် "
"ဟင့်အင်း!...အရင်အိပ်မယ်ပြော"
"ကွတ်ကီး"
"ဗျာ့...လို့"
"ကဲ...အိပ်မယ် ငါဒီမှာပဲအိပ်မယ် မင်းဖယ်တော့"
!ရွှတ်!
မင်းညီလာမောင် ကိုယ့်နှာခေါင်းချွန်ချွန်နဲ့ အနီးနားမှာ ရှိနေတဲ့ ပါးပြင်လေးကို ဖိကပ်နမ်းရှိုက်ပစ်သည်။ပါးပြင်လေးက ကလေးသေသေးလေးတွေရဲ့ အသားလေးလိုကို နူးညံ့နေသည်။
"မင်းဘာလုပ်တာလဲ အယုတ်တမာ"
"မွှေးမွှေးပေးတာ"
သူ့စကားကြောင့် ပျိုး ပါးပြင်လေးတွေ အရောင်ရင့်တက်သွားရသည်။'မွှေးမွှေးပေးတာ'ဆိုတော့လူကိုကလေး လို့ထင်နေလား။
ပျိုးတော့ သူ့နွံထဲက လွတ်ဖို့ လမ်းစ ရှာရမည်မထင်တော့ပါ။တစ်နှစ်ပြည့်ရင်ကွာမယ်ဆိုတဲ့ အတွေးနဲ့ကတိစကားတွေလဲ အစအနပင်ရှာမရတော့သည်အထိ။
"လူယုတ်မာ"
ထိုစကားကိုမင်းညီလာ က ခပ်ဖွဖွလေးသာပြုံး၏။
မင်းကိုအပြီးပိုင်သာ ရမယ်ဆို မောင်က လူယုတ်မာ ဖြစ်ရလဲ ပျော်ပျော်ကြီးကိုအဖြစ်ခံလိုက်အုံးမှာ။
____။
Part-21...
Ts🖤