α€”α€„α€Ία€žα€¬α€›α€Ύα€­α€›α€„α€Ί

By Louvis-74

24.3K 1.6K 84

Tom&LesπŸ³οΈβ€πŸŒˆ More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 20

Part 19

1K 77 4
By Louvis-74

လှမြတ်အိပ်နေရင်း..ဗိုက်ထဲမှာနာသလိုလိုရှိလာတာကြောင့် ဘေးမှာအိပ်နေသည့် လှမြတ်၏အစ်မကို နှိုးရလေသည်..

"အာ့...မမ..မမ.."

"ဟင်...ညီမလေးဘာဖြစ်လို့လဲ"

"ညီမလေး...ဗိုက်နာနေလို့..မွေးချင်ပြီလားမသိဘူး.မမ"

"နေအုံး...ကြည့်ရအောင်" ဟု ပြောကာ..မမတစ်ယောက်ကြည့်လိုက်တော့

"ဟင်..ဟုတ်တယ်.ရေမွှာပေါက်တော့မယ်...ခဏလေး..မမအခန်းအပြင်ထွက်ပြီး..အိမ်သားတွေကိုအော်နှိုးလိုက်အုံးမယ်"

"အာ.မမ..မောင့်ကိုအခုသွားခေါ်ပေး"
ကိုယ်ဗိုက်နာနေသည့်အချိန် ကိုယ့်ချစ်တဲ့သူကိုတော့အနားမှာရှိစေချင်တာ..သဘာဝပဲမဟုတ်လား..

ခေတ်အိပ်နေရင်း...ခေတ်၏မရီးဖြစ်သူ၏အသံကြောင့်လန့်နိုးလာခဲ့သည်...အိမ်ထဲမှာအားလုံးကိုအော်နှိုးနေခြင်းဖြစ်သည်...ခေတ်အိပ်ချင်မူးတူးနှင့်ထသွားတော့

"ညီမလေးဗိုက်နာနေတယ်...ဆေးရုံသွားဖို့အဆင်သင့်လုပ်ထားတဲ့ပစ္စည်းတွေ..ကားထဲကိုအဆင်သင့်သွားထည့်ထားကြ" ဟု အိမ်အကူတွေကိုပြောသံကြားတော့..ခေတ် တီချယ့်အခန်းသို့အမြန်ပြေးဝင်သွားပြီး..ဗိုက်နာလို့အော်နေသည့်တီချယ့်ကို

"သဲငယ်..ခဏလေးသည်းခံထားနော်..မောင်တို့ဆေးရုံသွားကြမယ်"

"နာတယ်...မောင်...ဆေးရုံအမြန်သွားရအောင်...အာ့ ပြောရင်းဆိုရင်းပိုနာလာပြီ" ဟု ပြောပြီး..ခေတ်ရဲ့ဆံပင်ကိုဆွဲကာ..အော်ငြီးနေသည့်တီချယ့်ကြောင့်

"သဲငယ်..မောင့်ဆံပင်ကိုမဆွဲနဲ့လေ....ဆေးရုံသွားရအောင်"

လှမြတ်ကို ပွေ့ချီပြီးအိမ်အောက်ထပ်သို့ဆင်းလာသည့်တိုင်ဆံပင်ကိုဆွဲထားခြင်းကြောင့် နာပေမယ့်လည်း..ကိုယ့်မိန်းမလည်းဗိုက်နာနေတာဟုတွေးကာ...အားတင်းထားရသည်

အိမ်အောက်ရောက်တော့ တီချယ့်မေမေနှင့်အန်တီလေးတို့..တီချယ့်ကိုပွေ့ချီလာသည့်..ခေတ်ဆီသို့ရောက်လာပြီး..

"ကားထဲမှာ..ဆေးရုံတက်ဖို့လိုအပ်တဲ့ပစ္စည်းတွေထည့်ပြီးပြီ...အိမ်ကdriverကိုပဲကားမောင်းခိုင်းလိုက်..လာ..သွားရအောင်"

အန်တီလေးနှင့်တီချယ့်အမေရော..အစ်မရော..ဆေးရုံသို့ခေတ်တို့နဲ့အတူလိုက်လာပြီး..လမ်းမှာ..တီချယ့်မေမေက အင်္ဂုလိမာလသုတ်ရွတ်နေသည်...

တီချယ်ကတော့ ခေတ်ရဲ့ဆံပင်ကိုဆွဲထားတာမလွှတ်သေးပေ..ခေါင်းတွေလည်းကျိန်းနေပြီ...

"သဲငယ်..မောင့်ဆံပင်တွေကျွတ်ကုန်ပြီလားမသိဘူး..ခေါင်းတွေလည်းကျိန်းနေပြီ..ဆံပင်မဆွဲနဲ့တော့နော်"

"အာ့..နာတယ်...ကျွန်မအခုလိုနာနေရတာ.ရှင့်ကြောင့်...ရှင့်ကိုလည်းနာအောင်ဆွဲထားမှာ" ဟု ဗိုက်နာနေရင်းနဲ့တောင် ခေတ်ကိုရန်ပြန်တွေ့နေသည့်သူကြောင့်..ခေတ်တို့အားလုံးရယ်မိကြသည်..

"ဟား...ဟုတ်ပါပြီဗျာ...ရတယ် ဆွဲဆွဲ..ကျေနပ်ရင်ပြီးတာပဲ"

အန်တီလေးနဲ့တီချယ့်မေမေတို့နှစ်ယောက်ကတော့...မနိုင်ဘူးဆိုသည့်အကြည့်ဖြင့်..ကြည့်နေကြသည်...

ဆေးရုံသို့ရောက်တော့....အန်တီလေးဖုန်းကြိုဆက်ထားသည်ဖြစ်သောကြောင့်...ခွဲခန်းအဆင်သင့်ဖြစ်နေပြီး...ဆရာဝန်တွေသူနာပြုတွေလည်း..အဆင်သင့်စောင့်နေကြသည်..

ခွဲခန်းသို့မဝင်ခင် Trolleyပေါ်က တီချယ့်လက်ကိုကိုင်ကာနဖူးကို တစ်ချက်နမ်းလိုက်ပြီး

"မောင်အပြင်ကစောင့်နေမယ်နော်..သဲငယ်"

"ဟဲ့...နင်တို့တွေ.ဒါဆေးရုံနော်..ဘေးမှာလည်းငါတို့ရှိတာ..သတိထားကြအုံး"

ခေတ်တို့နှစ်ယောက်ကိုကြည့်ပြီးအော်နေသည့်...မရီးဖြစ်သူကြောင့်..ရှက်ရှက်နှင့်လည်ပင်းကိုပွတ်ကာရယ်နေမိသည်..

"လူနာကို..ခွဲခန်းထဲခေါ်သွားပါတော့မယ်" ဟုWorker၏ အသံကြားသည်နှင့်

"သမီးလေး...မေမေတို့အပြင်ကစောင့်နေမယ်နော်..ဘာမှမကြောက်နဲ့သိလား" တီချယ့်မေမေ၏ စကားသံအဆုံး.တီချယ့်ကိုခွဲခန်းထဲသို့..ခေါ်သွားလေသည်..

ခွဲခန်းအပြင်ကနေ..တီချယ့်ကိုစိတ်မချသဖြင့်..ခေတ်မှာ ထိုင်လိုက်.ထလိုက်..နှင့်ဂနာမငြိမ်ဖြစ်နေမိသည်...

"ဟဲ့..ထိုင်နေ..နင့်မိန်းမဘာမှမဖြစ်ဘူး...စိတ်မချရင် ငါပါခွဲခန်းထဲလိုက်ဝင်မှာပေါ့...စိတ်ချရလို့ငါလိုက်မဝင်တာ..နင့်ကြည့်ရတာ..မျက်စိနောက်တယ်"

ဆူနေသည့်တီချယ့်အစ်မကြောင့် ငြိမ်ငြိမ်လေးပြန်ထိုင်နေရသည်...အန်တီလေးနှင့်တီချယ့်မေမေမှာ ထိုင်ပြီးဘုရားစာရွတ်နေကြသည်

ခွဲခန်းထဲကထွက်လာသည့်.သူနာပြုဆရာမလေးက

"ဒေါက်တာ...ဒေါက်တာ့ညီမမွေးပြီးပါပြီ...ယောက်ျားလေးမွေးပါတယ်..မိခင်ရောကလေးပါကျန်းမာပါတယ်" ဟု တီချယ့်အစ်မကို လာပြောသည့်အခါမှ ခေတ်မှာစိတ်ချမ်းသာသွားသည်..

"ကဲ..ကြားလား..လွင်ဘုန်းခေတ်..သွားတော့အခန်းထဲကသွားစောင့်နေ...ပြီးရင်ငါတို့လာခဲ့မယ်"

"ဟုတ်ကဲ့ပါ...အစ်မ"
မရီးဖြစ်သူကိုပြောပြီး..ဆေးရုံရှိVVIPလူနာခန်းထဲကနေသွားထိုင်စောင့်နေလိုက်သည်..

အခန်းတံခါးဖွင့်သံကြားလို့ကြည့်လိုက်တော့....Trolleyပေါ်မှာတီချယ်ပါလာပြီး..အနှီးထုပ်လေးနှင့်သားလေးကိုတော့ တီချယ့်မေမေကပွေ့ချီထားသည်..အရင်ဆုံးတီချယ့်ကိုTrolleyပေါ်ကနေကုတင်ပေါ်သို့တင်ပေးပြီး..ယောက္ခမဖြစ်သူဆီက သားလေးကိုပျော်ရွှင်စွာပွေ့ချီလိုက်ပြီး..

"သားလေး...ကြည့်ပါအုံး..ငါ့သားလေးကချစ်ဖို့ကောင်းလိုက်တာ...သဲငယ်ကိုကျေးဇူးတင်တယ်နော်...မောင့်ကိုချစ်စရာကောင်းတဲ့သားလေးမွေးပေးလို့" ဟု ပြောရင်း.ခေတ်ပျော်နေသည်ကိုပြုံးကာကြည့်နေသည့်တီချယ့်နဖူးကို နမ်းလိုက်လေသည်..

"မောင်..သားလေးကိုပေးအုံး...နို့တိုက်ရအုံးမယ်"

"ဟုတ်ပါပြီဗျ"

သားလေးကိုချီကာ..တီချယ့်ကုတင်ပေါ်သို့တင်ပေးလိုက်ပြီး...ခေတ်နှင့်တီချယ်တို့နှစ်ယောက်..သားလေးကိုကြည့်နေသည်ကို..အန်တီလေးက ဖုန်းနှင့်ဓာတ်ပုံခိုးရိုက်လေသည်..

"မောင်..အပြင်ခဏထွက်နေ...သားလေးကိုနို့တိုက်မလို့"

"သားလေးကိုနို့တိုက်တာပဲ...တိုက်ပေါ့..မောင်ကဘာလို့အပြင်ထွက်နေရမှာလဲ"

"မရဘူး..အပြင်ထွက်နေ..."
ခေတ်ရှေ့မှာ ကလေးကိုနို့တိုက်ရမှာရှက်နေသည့်..တီချယ့်ကို နောက်ချင်လာတာကြောင့်...ကျန်တဲ့သူတွေမကြားအောင်..တီချယ်နှင့်သားလေးအနားသို့ကပ်၍

"သားရေ..မင်းမေမေက အရမ်းရှက်တတ်တာကွ...လူကြားထဲမှာနို့ဆာလို့အော်မငိုမိစေနဲ့ မင်းအမေရှက်သွားလိမ့်မယ်" ဟု ပြောပြီးအခန်းအပြင်သို့ထွက်လာခဲ့သည်..

အခန်းအပြင်မှာ လူနာစောင့်ပုံစံမပေါက်သည့်လူသုံးဦးသည်..ခေတ်တ်ို့အခန်းရှေ့သို့ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်ကို ခေတ်သတိထားမိသည်...

ထို့နောက်အခန်းထဲသို့ပြန်ဝင်လာကာ..အန်တီလေးအား..တိုးတိုးတိတ်တိတ်ခေါ်ကာ အကျိုးအကြောင်းပြောပြပြီးမနန္ဒာဆီသို့ဖုန်းခေါ်လိုက်သည်..

"ဟဲလို..CEO"

"ဟုတ်ကဲ့ မနန္ဒာ...အခုချက်ချင်းလူစုပြီး...ကျွန်တော့်အမျိုးသမီးကလေးမီးဖွားတဲ့ဆေးရုံကိုလာခဲ့ပါ...အပြင်မှာ ကြွက်သုံးကောင်ရောက်နေလို့"

"ဟုတ်ကဲ့ပါ..CEO...CEOလည်း...ကင်မရာနဲ့GPSပါတဲ့..ရင်ထိုးလေးကိုတပ်ထားပါ....ကျွန်မတို့တစ်နာရီအတွင်းရောက်အောင်လာခဲ့ပါ့မယ်"

"ကျေးဇူးပါ မနန္ဒာ"
ခေတ်အရင်ရက်တွေကတည်းကကိုယ်နှင့်မကွာဆောင်ထားသည့် ကင်မရာနှင့်GPSပာသည့်ရင်ထိုးလေးကို..ဒီနေ့ညလည်းယူဖို့သတိရလာလို့တော်သေးသည်..

မနန္ဒာနှင့်ဖုန်းပြောပြီး ထိုင်ခုံတစ်ခုံကိုတီချယ့်ကုတင်ဘေးနားသို့ ဆွဲထိုင်ကာ နို့စို့ရင်းအိပ်ပျော်သွားသည့်သားလေးကိုတီချယ်နှင့်အတူကြည့်၍..

"မောင့်ကို ချစ်စရာကောင်းတဲ့သားလေး မွေးပေးလို့ကျေးဇူးတင်ပါတယ် သဲငယ်"

"မလိုပါဘူး.မောင်ရယ်..မောင်နဲ့အတူတူမိသားစု ဘဝတည်ထောင်ချင်ခဲ့တာ..မောင်၉တန်းကျောင်းသားအရွယ်ကတည်းကပါ...မောင့်ကို ကျောင်းမှာပြန်ပြီးတွေ့ရတဲ့နေ့ကတည်းက မောင်နဲ့အတူတူနေရဖို့စိတ်ကူးယဥ်ခဲ့ရတာပါ"

လှမြတ်အနေနဲ့မောင့်ကို သေချာသိရအောင်လို့ မောင်တို့ကျောင်းစတက်တဲ့နေ့ကတည်းက..လသာ(၂)က ပြောင်းလာတဲ့တစ်ယောက်မတ်တပ်ရပ်ဆိုပြီး..မောင့်ကိုသေချာကြည့်ခဲ့ရသည်...ငယ်ငယ်ကတွေ့ခဲ့ဖူးသည့်အတိုင်းဆံပင်ကိုဘေးခွဲလေးနှင့်ရယ်လိုက်ရင်...ချစ်ဖို့ကောင်းတာကလည်း..အခုချိန်အထိဖြစ်သည်...

"သဲငယ်က မောင့်ကို အဲ့ကတည်းကကြွေနေတာပေါ့..ဟုတ်လား..ပြောပါအုံး"

"ဟာ..မောင်နော်..သားလေးအိပ်နေတယ်..စကားမများနဲ့"

"ချစ်တယ်..." တီချယ့်ကိုကြည့်၍ပြောလိုက်ရာ

"ဘယ်သူ့ကိုလဲ..မောင်"
တီချယ့်ထံက မေးသောမေးခွန်းကို

"သားလေးကို ချစ်တာ" ဟု နောက်လိုက်ရာ

"သွား..အနားကိုမလာခဲ့နဲ့ ..သွား" စိတ်ဆိုးကာမောင်းထုတ်နေသည့်တီချယ့်ကို ချစ်မဝစွာဖြင့်နမ်းလိုက်သည့်အခါ...အနောက်က အန်တီလေးနှင့်တီချယ့်အမေတို့နှစ်ယောက်မှာ

"ဟေ့...ဒါဆေးရုံနော်...အခုမှသွေးနုသားနုပဲရှိသေးတဲ့သူကို အဲ့လိုမလုပ်ရဘူးလေ...နင်တို့နှစ်ယောက်တော့..ငါတို့မပြောချင်တော့ဘူး..ကလေးလည်းအိပ်နေတာကို..ချစ်ချင်ရင် ကလေး၄၅ရက်ပြည့်မှချစ်ကြဟေ့" ဟု တားနေသည့်သူနှစ်ယောက်ကြောင့် ခေတ်တို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း..ရယ်နေမိကြသည်...

*******
အချိန်သည်ကား..မနက်၈နာရီထိုးပြီဖြစ်သည်..ညကလည်း..တစ်ညလုံးမအိပ်ရသေးခြင်းကြောင့် လူလည်းငိုက်နေပြီဖြစ်သည်...သားလေးကိုနို့တိုက်ရင်းနဲ့တီချယ်လည်း..အိပ်ပျော်နေပြီဖြစ်သည်..လူကြီးတွေကတော့ အိမ်ခဏပြန်သွားကြပြီး..ခေတ်နဲ့တီချယ်သာ..သားလေးအနားမှာရှိသည်..

မနန္ဒာဆီကဖုန်းလာသောကြောင့်

"ဟဲလို"

"ဟဲလို..မနန္ဒာ"

"ကျွန်မတို့ရောက်နေပြီ..CEO.."

"ဟုတ်ကဲ့..ကျွန်တော်အခုထွက်လာခဲ့မယ်" ဟု ပြောကာဖုန်းချလိုက်ပြီး...အိပ်နေသည့်တီချယ့်ကိုမနှိုးတော့ပဲ......ဆေးရုံအောက်ထပ်ရှိကားပါကင်သို့ဆင်းလာခဲ့သည်..

လွင်ဘုန်းခေတ် တစ်ယောက်အခန်းအပြင်သို့..ထွက်လာသည်နှင့် ဆေးရုံဝန်ထမ်းဝတ်စုံနှင့်ဆေးရုံဝန်ထမ်းအယောင်ဆောင်ထားသော လူတစ်ဦးသည်.အိပ်ပျော်နေသည့်လှမြတ်တို့ရှိရာအခန်းသို့..ဝင်လာပြီး..ကလေးကိုကောက်ချီခိုးယူကာ အခန်းအပြင်သို့ထွက်လာသည်..

ထိုအချိန်တွင် လှမြတ်၏အစ်မနှင့်အစ်ကိုဖြစ်သူတို့ရောက်လာပြီး..အခန်းအပြင်သို့ကလေးခိုးကာထွက်လာသည့်သူနှင့်တိုးလေရာ

"ရှင်..ဘာလုပ်တာလဲ..အခုချက်ချင်းကလေးပြန်ပေးစမ်း...ကလေးသူခိုးဗျို့" ဟု အော်လေရာ..ကလေးကိုပိုက်ပြီးထွက်ပြေးလေသည်...

လှမြတ်၏အစ်ကိုဖြစ်သူမှာ ထိုလူနောက်ကိုပြေးလိုက်၍...လိုက်ဖမ်းနေလေသည်...

အပြင်မှာဆူညံသံတွေကြား၍..လှမြတ်နိုးလာကာ..သားလေးကိုကြည့်တော့ အနားမှာမရှိတော့ပေ...

မမဝင်လာသည်နှင့် "မမ..မမ..သားလေးနဲ့.မောင်ရော..ဘယ်မှာလဲ" ဟု အလန့်တကြားမေးနေသည့်..ညီမဖြစ်သူကိုကြည့်ကာ

"ခဏလေး..မမ လွင်ဘုန်းခေတ်ကိုဖုန်းဆက်လိုက်အုံးမယ်"
ညီမဖြစ်သူကိုပြန်ပြောပြီး..လွင်ဘုန်းခေတ်ကို ဖုန်းခေါ်လိုက်ရာ

"ဟဲလို အစ်မ"

"ဟဲလို..လွင်ဘုန်းခေတ် နင်ဘယ်မှာလဲ..နင့်သားလေးကို ဆေးရုံဝန်ထမ်းဝတ်စုံနဲ့တစ်ယောက်ခိုးသွားတယ်" ဟု တီချယ့်အသ်မဆီက စကားကိုကြားတော့

"ဟမ်...အဲဒါဆို အဲ့လူအခုဆေးရုံထဲမှာပဲ ရှိအုံးမယ်..ကျွန်တော်တို့လိုက်ရှာလိုက်မယ်"
ဖုန်းကိုချက်ချင်းချကာ..မနန္ဒာတို့ကို

"ကျွန်တော့်သားလေးကို ဆေးရုံဝန်ထမ်းဝတ်စုံနဲ့လူ ခိုးသွားလို့တဲ့ အခုလိုက်ရှာပေးကြပါ..ဆေးရုံထဲမှာပဲရှိအုံးမယ်..လူစုခွဲရှာကြပါ..ဆေးရုံထဲကနေဘယ်သူ့ကိုမှအပြင်ပေးမထွက်ပါနဲ့" ဟု ပြောကာ..အပေါ်တက်တပ်သည့်ဓာတ်လှေကားနှင့်တက်ကာသွေးနုသားနုတီချယ့်ဆီသို့အရင်ဆုံးပြေးရသည်..

မမဖုန်းဆက်နေသည့်အကြောင်းကိုကြားတော့

"မမ...သားလေးရောလို့မေးနေတာ..ဘာလို့မောင့်ကိုဖုန်းဆက်နေတာလဲ"

"မမပြောတာကိုစိတ်အေးအေးနဲ့သေချာ နားထောင်နော်..ညီမလေးရဲ့သားလေးကို ခိုးသွားလို့ အဲ့လူနောက်ကနေ ညီမလေးရဲ့ကိုကိုလိုက်ဖမ်းနေတယ်"

မမ၏စကားကိုကြားတော့ လှမြတ်မှာဘာလုပ်ရမှန်းမသိပေ...သားလေးကိုပြန်ရှာတွေ့မှဖြစ်မည်..သားလေးသည်လှမြတ်နဲ့မောင်ရဲ့ကြားကသံယောဇဥ်ကြိုးလေးဖြစ်သည်..

"မောင်ရော.မောင်.ဘယ်မှာလဲ"

တီချယ့်အခန်းသို့ခေတ်အမြန်ပြေးသွားပြီး..တံခါးဖွင့်လိုက်တော့ ကုတင်ပေါ်မှာငုတ်တုပ်လေးထိုင်ကာ..ငိုနေသည့်တီချယ့်ဆီသို့ပြေးသွားပြီး..တီချယ့်ကိုဖက်လိုက်ကာ

"သဲငယ်..မငိုနဲ့နော်..သားလေး..ဘာမှမဖြစ်စေရဘူး...မောင်ကတိပေးတယ်...မောင်ရအောင်ပြန်ခေါ်ခဲ့မယ်"

"မောင်...သားလေးကိုတွေ့အောင်သွားရှာပေးပါနော်'' ဟု ငိုကာပြောနေသည့်တီချယ့်ကိုဖက်ထားတာ ခွာလိုက်ပြီး

"မောင်..သားလေးကိုရအောင်ရှာခဲ့ပါ့မယ်..မတွေ့မချင်းမောင်ပြန်မလာဘူး...သဲငယ်စိတ်အေးအေးထားပါ..မောင်သွားတော့မယ်'' ဟု နှုတ်ဆက်ကာ..ထိုကလေးသူခိုးကိုခိုင်းတဲ့လူလို့ထင်ရသည့်..နေရာသို့ထွက်လာခဲ့သည်

Continue Reading

You'll Also Like

463K 11.5K 30
In a district where danger lurks around every corner, Isaac North tries to live a normal life, but quickly finds himself entangled in a perilous roma...
10.2M 641K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
5.6M 229K 68
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
124K 16.3K 35
#Book-3 Last book of Hidden Marriage Series. πŸ”₯❀️ This book is the continuation of the first and second book "Hidden Marriage - Amazing Husband." If...