Unicode;
ရက်သတ္တပတ်တစ်ခုစာရက်စွဲဟာ အကို့ကို ဒီနေရာနဲ့ရင်းနှီးကျွမ်းဝင်ဖို့ လုံလောက်တဲ့အချိန်ပဲထင်ရဲ့..
အကို အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့တယ်ဆိုတာလည်း သံသယဖြစ်စရာမရှိ...
တစ်တန်းလုံးဟာ အကိုရဲ့အရည်အချင်းကိုယုံကြည်လာပြီးနောက် ဆရာဆိုတဲ့အခေါ်အဝေါ်ကို တွင်တွင်ကျယ်ကျယ် လက်ခံလာခဲ့ပြီ။
အချိန်တွေ ဘယ်လိုကြပ်ပြီး ဘာလုပ်စရာတွေများပြားနေလဲ သူသေချာမသိပေမဲ့ ဒီပြည့်ကျပ်နေတဲ့ အကို့အချိန်တွေကြားမှာ သူ့အတွက်အချိန်လေး ပိုလျှံဖို့ မျော်လင့်ရင်း သူဟာ ညနေပိုင်းတွေမှာအကို့ကိုမျော်နေခဲ့ပါတယ်...
ဒါပေမဲ့ တစ်ပါတ်ကျော်တဲ့ကြာအထိ ရောက်မလာခဲ့...
အကို့ကိုစက်ဘီးငှားပေးလိုက်ပြီး နောက်နေ့မနက်မှာ သူ့ခြံဝန်းနံရံမှာ မှီလျှက်သားလေးရှိနေတဲ့စက်ဘီးဟာ မနက်အစောကြီး အိမ်ပြန်ရောက်လာခဲ့ပုံပဲ...
အဲ့ဒီနေ့ကတည်းကစလို့ အကို့ကိုတွေ့ဆုံခွင့်ဟာ ကျောင်းကယာယီဆရာအနေနဲ့သာ...
"ဒီမှာဒါက ဒီလိုအသံထွက်ရတာ..... Whistle.. ဝင်စတယ် မဟုတ်ဘူး ဝစ်စယ်လ်.."
"ဝင်စယ်.."
"ဝစ်စယ်လ်..."
"ဝစ်စ... အား.. တခြားဘာသာလုပ်လို့မရဘူးလား.. ငါအဂ်လိပ်ကို တကယ်မကြိုက်ဘူး.. "
"ရဲရဲပြောလေ.. တခြားဘာသာတွေက ရသေးတယ်... နင်အဂ်လိပ်စာပဲ အရမ်းအားနည်းနေတာ... vocabulary လောက်တော့ရရမှာပေါ့"
"အာ... ခက်တယ်လို့.."
"ရအောင်ပြော.. ဒါလေးတောင်မရရင် နင်ဘယ်လိုလုပ် နိုင်ငံကိုယ်စားပြု ကစားသမားဖြစ်မှာလဲ.."
"ဟ ဘောလုံးကန်တာ အဂ်လိပ်စာနဲ့ ဘာဆိုင်လို့လဲ... စာမေးပွဲအောင်ရင် ရပြီပေါ့လို့..."
"ဘာလို့မဆိုင်ရမှာလဲ...နင်ဒါတွေမပီရင် လေ့ကျင့်ဖို့မသွားရဘူး.. "
ဒီနေ့အတန်းချိန်က ဝင်မဲ့ဆရာမရှိပဲအားလပ်နေတာမို့ အတန်းခေါင်းဆောင်ကပဲ ကိုယ်စား ကြည့်ပေးနေရတဲ့အနေအထားဖြစ်နေတယ်။
လျန်ချိုးဟွာနဲ့ရှင်းယီကတော့ ခင်သွားတဲ့နောက်ပိုင်း တစ်ကျက်ကျက်ရယ်...
သူကတော့ ဘယ်နေရာမှဝင်မပါတဲ့ ဘေးလူ..
"ဝမ်ရိပေါ်တောင်ရတယ်.. နင်ကဘာလို့မရနိုင်တာ.."
ရှင်းယီကိုစာရှင်းပြရင်း ရှုံ့မဲ့နေတဲ့လျန်ချိုးဟွာက အနေအေးပေမဲ့ တစ်ခါတစ်လေ အုပ်ထိန်းသူလိုပဲ..
အတန်းခေါင်းဆောင်ရာထူးဟာ သူမနဲ့ကိုက်ညီတယ်..
တစ်ချို့ကျောင်းသားတွေ မနာလို့ဖြစ်ပြီး လျောက်ပြောကြပေမဲ့ သူမကိုမငြင်းကြတာတော့အမှန်...
လျန်ချိုးဟွာဆီမှာ တော်တဲ့အချက်တွေများပါတယ်...
သူမကို သူခင်ပါတယ်....
"ဆရာရှောင်းက ငါ့ကိုကူညီပေးဖို့ပြောထားတာ.. ဒီလပတ်မှာလည်း နင်အမှတ်တက်မလာဘူးဆိုရင် နောက်ဆုံးစာမေးပွဲအောင်ဖို့မလွယ်ဘူးတဲ့.. ဘယ်လောက်ပဲအားကစားမှတ်ပေါင်းပေါင်း လိုက်နိုင်မှာမဟုတ်ဘူး... သေချာအာရုံစိုက်ဖို့လိုနေပြီတဲ့ ဒါကြောင့် .. "
အကို့ရဲ့နာမ်စားကိုကြားတာနဲ့သူ့မှာ နားစွင့်မိပြီးသား...
"ဘာလဲ.. သူက ငါ့နာမည်တပ်ပြီးတော့ကိုပြောတာလား.."
"နင်တို့တွေက သူ့ကိုအရေးမှမစိုက်ပဲ လုပ်ချင်တာလုပ်နေတဲ့အချိန်မှာ သူက နင်တို့တစ်ယောက်ချင်းစီကို လေ့လာနေတာ.."
ရှင်းယီက လျန်ချိုးဟွာကို မျက်စောင်းနဲ့ကြည့်ပြီး..
"တစ်တန်းလုံးအကြောင်းရော ဆရာတွေအကြောင်းရော အကုန်လုံး နင်ပဲသေချာသိတာလေ.. နင့်လက်ချက်ပဲမလား အကုန်နင်ပဲပြောပြတာမလား.."
"ဆရာကမေးတာကို ဖြေပေးရမှာပေါ့.. ပြီးတော့ဆရာရှောင်းက ငတုံးမဟုတ်ဘူး.. ကြည့်တာနဲ့သိတယ် "
သူမကတော့ ဂရုမစိုက်..
လေယူလေသိမ်းက စိတ်အေးလက်အေးပါပဲ...
"အကိုက.. အဲ ဆရာရှောင်းက ဘာအကြောင်းတွေမေးတာလဲ... သူ အလုပ်တော်တော်များနေလို့လား.. ဒီနေ့အတန်းချိန်လည်း မဝင်ဘူး..."
တစ်လျောက်လုံးဘာစကားမှဝင်မပြောပဲ ငြိမ်နေတဲ့သူက အခုမှအသံထွက်လာတော့ လျန်ချိုးဟွာရဲ့ခြေဆုံးခေါင်းဆုံးအကြည့်ကို ရင်ဆိုင်ရပါတယ်။
"ဝမ်ရေခဲက အခုတော့ အသက်ဝင်လာပြီပဲ..."
"..."
"သူနဲ့နင် ရင်းနှီးတယ်မလား... ဘာလို့ မရင်းနှီးသလိုနေနေကြတာလဲ.. သိချင်တာကို ဘာလို့ကိုယ်တိုင်မမေးတာလဲ..."
"ငါတို့မှ မဆုံဖြစ်ဘဲ.."
"နင်စကားတောင်သွားမပြောဘူးလား.."
သူခေါင်းခါပြလိုက်တယ်...
အိမ်အတူပြန်ဖြစ်တဲ့ရက်က အကိုပြောတယ်။
ဒီမှာကောင်းကောင်းလုပ်နိုင်ရင် ပညာသင်ဆုအတွက် ထောက်ခံချက်ရမှာတဲ့...
တော်တော်ကြိုးစားရမှာပဲတဲ့..
အကို့အကြောင်းကို သူသိနေတာမို့ အလိုက်တသိနေပေးဖြစ်တာပါ...
ဒီမှာရှိနေတဲ့တစ်လကို အဆင်ပြေပြီး ရလဒ်ကောင်းနဲ့ ဖြတ်ကျော်သွားစေချင်တာမို့ သူ မနှောက်ယှက်တော့ပါဘူး...
အကိုက သူ့ကို အတန်းထဲကကျောင်းသားတစ်ယောက်လိုပဲ ပြောဆိုဆက်ဆံတာဆိုတော့ ကျောင်းမှာ ဆရာနဲ့ကျောင်းသားလို ခေါ်ပြောနုတ်ဆက်တာကလွဲ ရင်းနှီးသလိုမနေတာက အကိုဖြစ်စေချင်တဲ့အရာပဲဖြစ်မှာပါ...
"ဟုတ်တော့လည်း ဟုတ်ပါတယ်... ဆရာရှောင်းက ဒီမှာ အချိန်ပိုင်းဝင်ပြီးရင် သူ့ကျောင်းကိုပြေးပြီး အချိန်ပိုအတန်းသွားတက်ရသေးတယ်.. ပြီးရင် ညနေပိုင်းအလုပ်လည်းရှိသေးတယ်ပြောတယ်.. သူ့မှာလုပ်စရာတွေအများကြီးပဲ..."
သူမစကားကိုနားထောင်ပြီး သူရင်မောမိတယ်။
"အရမ်းအပင်ပန်းခံနေတာပဲ.."
"နေပါဦး အတန်းခေါင်းဆောင်... ဆရာရှောင်းက နင့်ကို ဒါတွေပြောပြတဲ့အထိကို နင်တို့နှစ်ယောက်ကရင်းနှီးနေပြီလား... ဝမ်ရိပေါ်နဲ့ ဆရာရှောင်းကရော အသိတွေလား... ဘယ်ကတည်းကလဲ... ဘာလို့ငါပဲမသိရတာလဲ..."
ခပ်တိုးတိုးမှုတ်ထုတ်လိုက်မိတဲ့လေပူတစ်ချို့...
အကိုနဲ့လျန်ချိုးဟွာရဲ့ ဆက်ဆံရေးဟာ အတော်လေးရင်းနှီးမှုမြန်ဆန်တယ်...
အကိုက ကျောင်းမှာ သူ့ကိုနုတ်ဆက်ရုံ ပြုံးပြရုံ မေးခွန်းတချို့မေးရုံလောက်ပဲရှိပေမဲ့ လျန်ချိုးဟွာနဲ့ကျတော့ ပြောစရာများပုံပဲ...
သူတို့နှစ်ဦးကို အတူတွေ့နေရတာဟာ နေ့စဥ်လို..
ညနေကျောင်းဆင်းချိန်... နေ့ခင်းအတန်းနားချိန်.. ဒါမှမဟုတ် ရုံးခန်းကို စာအုပ်တွေသွားထပ်ပေးရတဲ့အချိန်တွေ...
ပြီးတော့... တခြား အားလပ်ချိန်တွေအပြင် အတန်းချိန်မှာလဲ အချိတ်အဆက်မိနေသေးတယ်။
အကိုက သူမကို အလေးထားပြီး ပြောဆိုဆက်ဆံတာကို သတိထားမိတယ်။
"ငါ အကို့ကိုသိခဲ့တာ ကြာပါပြီ..."
ဒီထက်ပိုပြီး ခေါင်းစဥ်မတပ်တက်တော့ဘူး..
သူတို့က လျန်ချိုးဟွာပြောသလို ရင်းနှီးတာလား..
ဒီအတိုင်းသိရုံသိတဲ့ဆက်ဆံရေးလား..
Guide နဲ့ အထက်တန်းကျောင်းသားရဲ့အလုပ်သဘောအရ သိကျွမ်းမှုလား..
ဒါမှမဟုတ် ကျောင်းကဆရာနဲ့ ကျောင်းသား ဆိုတဲ့ပတ်သတ်မှုပဲလား...
ဝေခွဲမရတော့ဘူးပဲ... ဘာက မှားနေခဲ့တာလဲ..
.
.
နေ့လည်စာဆောင်တစ်ခုလုံး နေရာမရှိလောက်အောင်လူတွေပြည့်နေတာမို့ သူအတော်စိတ်ညစ်သွားတယ်။
ဒါရှင်းယီဆိုတဲ့ကောင်ကြောင့်..
သူ့ကိုစောင့်နေရလို့ ဆယ်မိနစ်နောက်ကျတာ..
"အိုး... ဒီနေ့ဟင်းက မဆိုးဘူးပဲ... ဗီတာမင်ပြည့်ဝတဲ့သီးစုံကြော်နဲ့ အသားဟင်း... ပြီးတော့ ပဲနို့တစ်ဗူး... ရော့.. ဒါ မင်းအတွက်.."
မျက်နှာပြန်လာလုပ်နေတဲ့ရှင်းယီက သူ့အတွက် အစားအသောက် အရင်ယူပေးတယ်။
"မင်းက နေရာလွတ်အရင်ရှာထိုင်နှင့်လိုက်.. ငါ့အတွက် သွားယူလိုက်ဦးမယ်"
နေ့လည်စာဗန်းကိုကိုင်ပြီး နေရာပတ်ရှာရတာကို သူတော်တော်မကြိုက်တာမို့ မျက်လုံးကိုအလုပ်ပေးပြီး တစ်ခန်းလုံးကို အရင်ခြုံကြည့်လိုက်တယ်။
သီးသန့်လွတ်နေတဲ့ခုံဆိုတာ မရှိတော့..
သူစိမ်းနဲ့မထိုင်ချင်ပေမဲ့ မတက်နိုင်..
သူတို့နှစ်ဦးထိုင်လို့ရမဲ့နေရာကိုသာ ရှာရတော့တယ်..
တစ်ခုံချင်းစီပတ်ကြည့်ရင်း ထောင့်ဆုံးကခုံတစ်ခုမှာ သူ့အကြည့်တွေရပ်သွားတယ်။
ခုံလွတ်တော့ မဟုတ်ဘူး...
အဲ့ဒီခုံမှာ အကိုရှိနေတယ်.... လျန်ချိုးဟွာနဲ့ အတူတူ...
ဆက်လှမ်းမဲ့ခြေလှမ်းတွေပါ တန့်သွားတယ်။
နှစ်ယောက်က နေ့လည်စာတောင်အတူစားကြတာလား...
မျက်နှာချင်းဆိုင်ထိုင်နေပြီး စကားတွေလည်းပြောနေကြတယ်။
ကျောင်းကိစ္စလား ကိုယ်ရေးကိုယ်တာလား မသိပေမဲ့ အရင်ရက်တွေလိုပဲ ပြောစရာစကားတွေများနေသေးပုံပဲ...
လျန်ချိုးဟွာ တစ်ခုခုပြောလိုက်တဲ့ စကားပေါ်မှာ
ရုပ်တရက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်တဲ့အကို...
ဘာတွေများ သဘောကျစရာဖြစ်နေတာများလဲ..
သူသိပ်သဘောကျရတဲ့ အကိုအထက်တန်းတုန်းကလို ပေါ့ပေါ့ပါးပါးပုံစံလေးလိုပါပဲလား...
ပါးစပ်လှုပ်တာကြည့်ရုံနဲ့ စကားကိုနုတ်သွက်လျာသွက်ပြောနေတယ်ဆိုတာ မြင်သာတယ်။
ဒီပုံစံကို မမြင်ရတာတောင် ဘယ်လောက်ကြာနေပြီလဲ...
လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ သူ့နဲ့အကို ဒီလိုထိုင်ပြီး စကားတွေပြောဖူးတယ်။
သူအလယ်တန်း အကိုကအထက်တန်းကျောင်းသားကာလတုန်းက...
သူမကြိုက်တဲ့ဟင်းတွေ စားပေးပြီး သူ့ကိုမုန့်အမြဲပေးခဲ့တဲ့အကို...
ဒီလိုမျိုး မကြာခဏရယ်မောတက်တဲ့အကို...
ဒီပုံစံကို ပြန်မြင်ရမယ်လို့တောင်မတွေးခဲ့ဘူး..
ကျောင်းဝတ်စုံနဲ့မဟုတ်တော့တဲ့အကိုက အရမ်းလူကြီးဆန်နေပြီ...
ရုပ်တရက် သိမ်ငယ်စိတ်ဝင်လာတယ်...
အခြေအနေတွေက ပြောင်းလဲသွားပြီ..
အကိုနဲ့အတူရယ်မောနေတာ သူမှမဟုတ်ပဲ...
မတူတော့ဘူး.. တကယ့်ကိုမတူဘူး..
အကိုက သူ့ရှေ့မှာဆိုရင် လိုအပ်တဲ့စကားပဲ ထိန်းပြောတက်ပြီး အစဥ်သဖြင့်အေးစက်နေတဲ့သူလေ..
သူမနဲ့စကားပြောနေချိန်မှာတော့ နွေးထွေးတဲ့ပုံစံနဲ့ ရယ်ပြုံးနေတာပဲလား...
သူမနဲ့ဆိုရင် ပေါ့ပါးနေတဲ့အပြုအမူတွေဟာ သူ့နဲ့အတူရှိချိန်နဲ့ မတူညီတာကို အထင်အရှားမြင်နေရတာရယ်...
အကို့ကို ဒီလိုရွှင်ပြနေအောင် သူမလုပ်နိုင်ဘူး...
"ဟက်.."
ရယ်စရာပဲ...
တခြားနေရာပဲထိုင်တာကောင်းပါတယ်။
"ဝမ်ရိပေါ်.."
တစ်ဖက်ကိုအလှည့် လျန်ချိုးဟွာက သူ့ကိုလှမ်းအော်တယ်။
"ဘာရပ်လုပ်နေတာလဲ.. ဒီကိုလာလေ.."
ပြန်လှည့်ကြည့်မိတော့ အကိုကလည်း သူ့ကိုကြည့်နေတယ်။
"ဟ ဝမ်ရိပေါ်.. ငါမင်းကိုခုံအရင်ရှာခိုင်းတာလေ.. အခုထိရပ်နေတုန်းလား... အတန်းခေါင်းဆောင်ရှိနေလို့တော်သေး.."
ရှင်းယီက တစ်တွတ်တွတ်ပြောကာ သူ့ကိုဖြတ်ကျော်လို့ လျန်ချိုးဟွာဘေး သွားထိုင်တယ်။
သက်ပြင်းခပ်တိုးတိုးချကာ အဲ့ဒီနေရာကိုပဲသွားထိုင်တော့ နေရာလွတ်က အကို့ဘေးပဲရှိတော့တယ်။
အကိုက ကိုယ်ပိုင်ထမင်းဗူးနဲ့ရယ်..
ထမင်းတွေက မလျော့သေးဘူး...
ဘာမှသေချာမစားရသေးသလိုပဲ...
"နင်တို့ကိုစောင့်ရင်းငါတို့ဖြေးဖြေးချင်းစားနေတာ.. ဘာလို့ဒီလောက်ကြာနေတာလဲ.."
"ဟိုကျန်းဆရာကြီးပေါ့ ငါ့ကိုခေါ်ဆူနေတာ... ငါလည်းကြိုးစားနေတာပဲကို.."
"အားကစားဆရာလား.."
"ဘယ်သူရှိမှာလဲ.."
စောစောက စကားအများကြီးပြောနေတဲ့အကိုက သူမဟုတ်တော့သလိုပဲ..
တိတ်ဆိတ်နေလိုက်တာ...
"ဝမ်ရိပေါ်ရဲ့ ... အသီးအရွက်နဲ့အသား မျှတအောင်စားမှ အာဟာရမျှတပြီး အားဖြစ်မှာပေါ့... ဖြူဖတ်နေတဲ့နင့်မျက်နှာလည်းပြန်ကြည့်ဦး"
ဟင်းခွက်ထဲက ဘေးဖယ်ထုတ်နေတဲ့ မုန်လာဥနီတွေကို သူမက ပြန်ထည့်တယ်။
"ကြိုက်မှမကြိုက်တာ.."
"မကြိုက်လည်းစား ခန္ဓာကိုယ်အတွက်ကောင်းတယ်.. "
သူမပြန်ထည့်နေတဲ့ မုန်လာဥတွေကို သူက ပြန်ထုတ်တယ်။
"ငါ့ကိုလွတ်ထားပေးလို့မရဘူးလား.."
"မရဘူး"
"ဝမ်ရိပေါ်.. ကလေးမဆန်စမ်းနဲ့.."
"နင်ကလည်း ငါ့အမေလိုလာမလုပ်နဲ့လေ"
"ထုတ်လိုက်ထည့်လိုက်နဲ့ သံသရာလည်နေတာပဲ.. နင်တို့နှစ်ယောက် ဘယ်အချိန်မှထမင်းစားမှာလဲ.."
ထိုအခိုက် သူ့ခွက်ထဲက မုန်လာဥကို လှမ်းယူလိုက်တဲ့ တူတစ်စုံ...
"...."
"...."
"...."
သုံးယောက်သား လှုပ်ရှားနေတဲ့လက်တွေရပ်သွားပြီး အကြည့်တွေ အကို့ဆီရောက်သွားတယ်။
အကိုက မုန်လာဥကို စိတ်အေးလက်အေးအရသာခံနေရဲ့...
"ကောင်းသားပဲ.."
သူ့မျက်လုံးသူတောင်မယုံနိုင်...
အကိုက သူ့ဘက်ကိုလှည့်ကြည့်လာပြီး..
"အာဟာရမျှတအောင်စားရမယ်လေ ရိပေါ်ရဲ့... အရသာက မဆိုးပါဘူး... "
ထို့အတူ သူ့ထမင်းပေါ် မုန်လာဥတစ်ဖတ်ရောက်လာတယ်..
"စားကြည့်ပါဦး"
"..."
အကို့စကားကို မလွန်ဆန်နိုင်စွာနဲ့ ထမင်းသေးသေးတစ်လုတ်စားလိုက်ပြီး မုန်လာဥကို ပါးစပ်ထဲထည့်ကြည့်လိုက်တယ်...
ဝါးရင်း ဝါးရင်း...
ဘာလို့အရသာရှိနေရတာလဲ...
"စားကောင်းတယ်မလား.."
သူပြန်မဖြေနိုင်...
သူ့ထမင်းပေါ် အသားလုံးတစ်ခု ထပ်ရောက်လာတယ်။
အကို့ထမင်းဗူးထဲက...
လှည့်ကြည့်မိတော့ အကိုက ထမင်းဆက်စားနေလေရဲ့...
အသားလုံးကိုကြည့်ရင်း ဒါက အစစ်အမှန်ဖြစ်နေတာဟုတ်ရဲ့လားလို့ တွေးရတယ်။
ဒီအသားလုံးက အရမ်းအရသာရှိတာပဲ..
"ဝါး... အရမ်းတော်တာပဲ ဆရာရှောင်း... ဝမ်ရိပေါ်က ကျွန်တော်တို့ဘယ်လိုပြောပြော နားမထောင်ဘူး.. အရမ်းဂျစ်ကန်ကန်နဲ့... အခုဆရာရှောင်းနဲ့မှပဲ ငြိမ်တော့တယ်"
ရှင်းယီက လက်မတစ်ထောင်ထောင်နဲ့စကားပြောတော့ အကိုက သူ့ကိုကြည့်တယ်။
"ဟုတ်လား... ဝမ်ရိပေါ်က ဒီလိုကြည့်ရတာတော့ လိမ္မာမဲ့ပုံပါ.."
"ဘယ်ကသာလိမ္မာရမှာလည်း... ဒီမှာသူ့ကိုနိုင်အောင်ထိန်းနိုင်တဲ့သူတောင် မရှိဘူး... အရင်က အတန်းထဲမှာဆို.. "
အကို့စကားအသွားအလာကိုသူသိတယ်။
ရှင်းယီ.. တော်တော်စကားများတဲ့ကောင်..
မျက်လုံးလှန်ပြီး စိုက်ကြည့်လိုက်တော့ အသံတိတ်သွားရဲ့..
"စားကောင်းတယ်.. အများကြီးစား.."
"ဆရာရှောင်းက ဒီလိုလည်း ဂရုစိုက်ပေးတက်တာပဲ... ချိုးဟွာကတော့ ဆရာရှောင်းနဲ့ သိကျွမ်းရတာ ကံကောင်းတာပဲ..."
"အဲ့လိုလည်းမဟုတ်ပါဘူး... ချိုးဟွာလို လူတော်နဲ့ဆုံရတာ ကျွန်တော်ကသာ ကံကောင်းတာပါ... ဒီလိုလူဆီက အကူအညီတွေသာမရရင် ဒီလိုအချိန်တိုအတွင်း ဘယ်အဆင်ပြေနိုင်ပါ့မလဲ "
"ဒီတစ်လပြီးသွားရင် ဘာဆက်လုပ်ဖို့ရှိလဲ..."
"ဒီမှာ အဆင်ပြေပြေပြီးသွားပြီး ထောက်ခံချက်ရလို့ ကျွန်တော်လျောက်ထားတဲ့ စကော်လာရှစ်အောင်ရင် ဆွစ်ဇာလန်ဘက်မှာ ပညာဆက်သင်ဖြစ်မယ်ထင်တယ်..."
တူကိုင်ထားတဲ့ သူ့လက်တွေလေထဲတန့်သွားတယ်..
ဘာရယ်...
အကိုက နိုင်ငံခြားထွက်သွားမလို့လား...
သူ... ဘာမှမသိပါလား...
အကို့ကိုအလန်တကြားကြည့်မိတော့ အကိုက သူ့ဘက်ကို တစ်ချက်စွေကြည့်တယ်။
"စကော်လာရှစ်အောင်မှပါ... မအောင်ရင်တော့.. အရင်အတိုင်းပဲဆက်သွားဖြစ်မှာပါ..."
အကိုက သူ့ကိုထားခဲ့ဖို့ တွေးထားတာပဲ...
"သေချာပေါက်အောင်မှာပါ... ချိုးဟွာသိတယ်... ကျောင်းကို ဒီလိုအစားထိုးဝင်ပေးနိုင်ဖို့ဆိုတာတောင် တော်ရုံလူမရနိုင်ဘူးလေ..."
"ကျေးဇူးပါ.."
"အဲ့တာကြောင့် ထင်ပါတယ်... ကျွန်တော်တို့ ဆရာက ဆရာရှောင်းလို တက္ကသိုလ်ကျောင်းသားကို အစားထိုးဆရာအနေနဲ့ ထောက်ခံပေးပြီး နေရာပေးတယ်ဆိုတာ တော်ရုံအရည်အချင်းမဟုတ်လို့ဆိုတာ..."
"ဟဲ့...စကားပြောဆင်ခြင်.."
"အ.. ငါပြောတာ မဟုတ်လို့လား.."
"ဟုတ်တော့ဟုတ်တယ်လေ... အားနာစရာကောင်းအောင် နင်ကဘယ်လိုတွေပြောနေတာ.."
"ငါပြောတဲ့ အဓိပ္ပါယ်က ဆရာရှောင်းကို တော်တယ်လို့ပြောတာလေ.."
အကို့အပြုံးက ခပ်အေးအေးပါပဲ...
"ရပါတယ်... တကယ်လဲ မျက်နှာသာရတာဥစ္စာ... ကျွန်တော် ဘယ်လိုမှမနေပါဘူး.."
"ကြည့်... ငါပြောသားပဲ... "
"နင်တော်တော့.."
အဲ့ဒီနောက် အမူအရာမပျက် ထမင်းဆက်စားနေတဲ့အကို...
သွေးအေးလိုက်တာ...
"ပြောစရာရှိလို့လား ရိပေါ်.."
ရှေ့ကနှစ်ယောက်က တိတ်ဆိတ်သွားပြီး သူတို့ကိုကြည့်လာတယ်။
သူခေါင်းခါပြလိုက်ပြီး
"ကျွန်တော် ဗိုက်ဝပြီ"
"..."
"ဟယ်.. နင်နည်းနည်းပဲစားသေးတယ်လေ.."
"အေးလေ.. တစ်ဝက်တောင်မကျိုးသေးတာကို.."
သူမတ်တပ်ထရပ်လိုက်ရင်း
"ငါ နေလို့သိပ်မကောင်းချင်လို့ အတန်းထဲအရင်ပြန်နှင့်မယ်... နင်တို့ဖြေးဖြေးစားပြီးမှ လိုက်လာခဲ့.."
"ရုပ်တရက်ကြီး ဘယ်လိုနေမကောင်းတာ.."
"စိတ်မပူနဲ့.. ထွေထွေထူးထူးမဟုတ်ဘူး.."
သူငယ်ချင်းနှစ်ယောက်ကိုပဲနုတ်ဆက်ပြီး အကို့ကိုတောင်မကြည့်တော့ပဲ ထွက်လာခဲ့လိုက်တယ်။
ကျောင်းတက်ချိန်က အချိန်တော်တော်လိုသေးတယ်။
အတန်းထဲပြန်သွားမယ်ပြောခဲ့ပေမဲ့ မပြန်ချင်သေးတာမို့ ကျောင်းဘောလုံးကွင်းဘက်ကိုခြေလှမ်းလှည့်လိုက်တယ်။
အကိုက ကတိမတည်လိုက်တာ...
တစ်ပါတ်အတွင်းလာမယ်ပြောပြီးမလာဘူး...
သူ့ကို ဒီသင်နှစ်အပြီးထိ တာဝန်ယူမယ်ပြောထားပြီး အခုတော့ နိုင်ငံခြားထွက်သွားဖို့တောင်ပြင်နေတယ်တဲ့...
ပြီးတော့ သူ့ကို နည်းနည်းလေးတောင်အသိမပေးဘူး...
ဘောလုံးကွင်းဘက်မှာ ဒီလိုချိန်ဆို လူရှင်းတယ်။
ညနေကျောင်းဆင်းချိန်လောက်မှ အားကစားကျောင်းသားတွေရှိနေတက်တာ...
ဒီနေရာကို သူလည်းသိပ်မလာဖြစ်ဘူး...
အထီးကျန်ဖို့ကောင်းတာမို့...
အများအပြားသောခုံတွေက လူခြေတိတ်ဆိတ်လို့...
ခုံတစ်ခုံမှာဝင်ထိုင်လိုက်ပြီး အိပ်ကပ်ထဲက နားကြပ်ကိုတပ်လိုက်တယ်။
နားထဲသီချင်းသံခပ်တိုးတိုးပျံ့လွင့်လာတယ်။
~~In my dreams you're with me
We'll be everything I want us to be
And from there, who knows?
Maybe this will be the night that we kiss for the first time
Or is that just me and my imagination?~~
တကယ်ပဲ အရာအားလုံးက သူကပဲစိတ်ကူးယဥ်နေတာ...
ဒီလူကတော့ ထားခဲ့ဖို့အဆင်သင့်ဖြစ်နေပြီးပြီ...
သူက သူ့ကိုမလိုချင်တဲ့သူကိုမှ အရူးအမူးဖြစ်နေတာ...
စိတ်ပျက်စရာပဲ...
ထိုအခိုက်.. သူ့ဘေးနားတစ်ယောက်ယောက်လာထိုင်တဲ့အထိအတွေ့...
သူလှည့်ကြည့်လိုက်တယ်..
"အရင်ထသွားလို့ စိတ်ပူသွားတာလေ.. နေမကောင်းဘူးဆိုပြီး ဒီမှာ တစ်ယောက်တည်း ဘာထိုင်လုပ်နေတာလဲ..."
သွက်သွက်လက်လက် လှုပ်ရှားသွားတဲ့ နုတ်ခမ်းအောက်က မှဲ့နက်ကလေး...
တကယ်ဆို သူ အရေထူသင့်နေပြီကို...
Song Recommend: shawn mendes - imagination
-------------------------------------------
ရေးရင်းနဲ့ ဒီတစ်ပိုင်းလည်း အရှည်ကြီးဖြစ်သွားပြန်ပြီ။
တင်ချင်ဇောကြီးနေတာမို့ စာလုံးပေါင်းတွေသေချာမစစ်ရသေးဘူး..
အမှားပါရင် ပြင်ဖတ်ပေးပါလို့😗
-------------------------------------------
Zawgyi;
ရက္သတၱပတ္တစ္ခုစာရက္စြဲဟာ အကို႔ကို ဒီေနရာနဲ႕ရင္းႏွီးကြၽမ္းဝင္ဖို႔ လုံေလာက္တဲ့အခ်ိန္ပဲထင္ရဲ႕..
အကို အားသြန္ခြန္စိုက္ႀကိဳးပမ္းခဲ့တယ္ဆိုတာလည္း သံသယျဖစ္စရာမရွိ...
တစ္တန္းလုံးဟာ အကိုရဲ႕အရည္အခ်င္းကိုယုံၾကည္လာၿပီးေနာက္ ဆရာဆိုတဲ့အေခၚအေဝၚကို တြင္တြင္က်ယ္က်ယ္ လက္ခံလာခဲ့ၿပီ။
အခ်ိန္ေတြ ဘယ္လိုၾကပ္ၿပီး ဘာလုပ္စရာေတြမ်ားျပားေနလဲ သူေသခ်ာမသိေပမဲ့ ဒီျပည့္က်ပ္ေနတဲ့ အကို႔အခ်ိန္ေတြၾကားမွာ သူ႕အတြက္အခ်ိန္ေလး ပိုလွ်ံဖို႔ ေမ်ာ္လင့္ရင္း သူဟာ ညေနပိုင္းေတြမွာအကို႔ကိုေမ်ာ္ေနခဲ့ပါတယ္...
ဒါေပမဲ့ တစ္ပါတ္ေက်ာ္တဲ့ၾကာအထိ ေရာက္မလာခဲ့...
အကို႔ကိုစက္ဘီးငွားေပးလိုက္ၿပီး ေနာက္ေန႕မနက္မွာ သူ႕ၿခံဝန္းနံရံမွာ မွီလွ်က္သားေလးရွိေနတဲ့စက္ဘီးဟာ မနက္အေစာႀကီး အိမ္ျပန္ေရာက္လာခဲ့ပုံပဲ...
အဲ့ဒီေန႕ကတည္းကစလို႔ အကို႔ကိုေတြ႕ဆုံခြင့္ဟာ ေက်ာင္းကယာယီဆရာအေနနဲ႕သာ...
"ဒီမွာဒါက ဒီလိုအသံထြက္ရတာ..... Whistle.. ဝင္စတယ္ မဟုတ္ဘူး ဝစ္စယ္လ္.."
"ဝင္စယ္.."
"ဝစ္စယ္လ္..."
"ဝစ္စ... အား.. တျခားဘာသာလုပ္လို႔မရဘူးလား.. ငါအဂ္လိပ္ကို တကယ္မႀကိဳက္ဘူး.. "
"ရဲရဲေျပာေလ.. တျခားဘာသာေတြက ရေသးတယ္... နင္အဂ္လိပ္စာပဲ အရမ္းအားနည္းေနတာ... vocabulary ေလာက္ေတာ့ရရမွာေပါ့"
"အာ... ခက္တယ္လို႔.."
"ရေအာင္ေျပာ.. ဒါေလးေတာင္မရရင္ နင္ဘယ္လိုလုပ္ နိုင္ငံကိုယ္စားျပဳ ကစားသမားျဖစ္မွာလဲ.."
"ဟ ေဘာလုံးကန္တာ အဂ္လိပ္စာနဲ႕ ဘာဆိုင္လို႔လဲ... စာေမးပြဲေအာင္ရင္ ရၿပီေပါ့လို႔..."
"ဘာလို႔မဆိုင္ရမွာလဲ...နင္ဒါေတြမပီရင္ ေလ့က်င့္ဖို႔မသြားရဘူး.. "
ဒီေန႕အတန္းခ်ိန္က ဝင္မဲ့ဆရာမရွိပဲအားလပ္ေနတာမို႔ အတန္းေခါင္းေဆာင္ကပဲ ကိုယ္စား ၾကည့္ေပးေနရတဲ့အေနအထားျဖစ္ေနတယ္။
လ်န္ခ်ိဳးဟြာနဲ႕ရွင္းယီကေတာ့ ခင္သြားတဲ့ေနာက္ပိုင္း တစ္က်က္က်က္ရယ္...
သူကေတာ့ ဘယ္ေနရာမွဝင္မပါတဲ့ ေဘးလူ..
"ဝမ္ရိေပၚေတာင္ရတယ္.. နင္ကဘာလို႔မရနိုင္တာ.."
ရွင္းယီကိုစာရွင္းျပရင္း ရႈံ႕မဲ့ေနတဲ့လ်န္ခ်ိဳးဟြာက အေနေအးေပမဲ့ တစ္ခါတစ္ေလ အုပ္ထိန္းသူလိုပဲ..
အတန္းေခါင္းေဆာင္ရာထူးဟာ သူမနဲ႕ကိုက္ညီတယ္..
တစ္ခ်ိဳ႕ေက်ာင္းသားေတြ မနာလို႔ျဖစ္ၿပီး ေလ်ာက္ေျပာၾကေပမဲ့ သူမကိုမျငင္းၾကတာေတာ့အမွန္...
လ်န္ခ်ိဳးဟြာဆီမွာ ေတာ္တဲ့အခ်က္ေတြမ်ားပါတယ္...
သူမကို သူခင္ပါတယ္....
"ဆရာေရွာင္းက ငါ့ကိုကူညီေပးဖို႔ေျပာထားတာ.. ဒီလပတ္မွာလည္း နင္အမွတ္တက္မလာဘူးဆိုရင္ ေနာက္ဆုံးစာေမးပြဲေအာင္ဖို႔မလြယ္ဘူးတဲ့.. ဘယ္ေလာက္ပဲအားကစားမွတ္ေပါင္းေပါင္း လိုက္နိုင္မွာမဟုတ္ဘူး... ေသခ်ာအာ႐ုံစိုက္ဖို႔လိုေနၿပီတဲ့ ဒါေၾကာင့္ .. "
အကို႔ရဲ႕နာမ္စားကိုၾကားတာနဲ႕သူ႕မွာ နားစြင့္မိၿပီးသား...
"ဘာလဲ.. သူက ငါ့နာမည္တပ္ၿပီးေတာ့ကိုေျပာတာလား.."
"နင္တို႔ေတြက သူ႕ကိုအေရးမွမစိုက္ပဲ လုပ္ခ်င္တာလုပ္ေနတဲ့အခ်ိန္မွာ သူက နင္တို႔တစ္ေယာက္ခ်င္းစီကို ေလ့လာေနတာ.."
ရွင္းယီက လ်န္ခ်ိဳးဟြာကို မ်က္ေစာင္းနဲ႕ၾကည့္ၿပီး..
"တစ္တန္းလုံးအေၾကာင္းေရာ ဆရာေတြအေၾကာင္းေရာ အကုန္လုံး နင္ပဲေသခ်ာသိတာေလ.. နင့္လက္ခ်က္ပဲမလား အကုန္နင္ပဲေျပာျပတာမလား.."
"ဆရာကေမးတာကို ေျဖေပးရမွာေပါ့.. ၿပီးေတာ့ဆရာေရွာင္းက ငတုံးမဟုတ္ဘူး.. ၾကည့္တာနဲ႕သိတယ္ "
သူမကေတာ့ ဂ႐ုမစိုက္..
ေလယူေလသိမ္းက စိတ္ေအးလက္ေအးပါပဲ...
"အကိုက.. အဲ ဆရာေရွာင္းက ဘာအေၾကာင္းေတြေမးတာလဲ... သူ အလုပ္ေတာ္ေတာ္မ်ားေနလို႔လား.. ဒီေန႕အတန္းခ်ိန္လည္း မဝင္ဘူး..."
တစ္ေလ်ာက္လုံးဘာစကားမွဝင္မေျပာပဲ ၿငိမ္ေနတဲ့သူက အခုမွအသံထြက္လာေတာ့ လ်န္ခ်ိဳးဟြာရဲ႕ေျခဆုံးေခါင္းဆုံးအၾကည့္ကို ရင္ဆိုင္ရပါတယ္။
"ဝမ္ေရခဲက အခုေတာ့ အသက္ဝင္လာၿပီပဲ..."
"..."
"သူနဲ႕နင္ ရင္းႏွီးတယ္မလား... ဘာလို႔ မရင္းႏွီးသလိုေနေနၾကတာလဲ.. သိခ်င္တာကို ဘာလို႔ကိုယ္တိုင္မေမးတာလဲ..."
"ငါတို႔မွ မဆုံျဖစ္ဘဲ.."
"နင္စကားေတာင္သြားမေျပာဘူးလား.."
သူေခါင္းခါျပလိုက္တယ္...
အိမ္အတူျပန္ျဖစ္တဲ့ရက္က အကိုေျပာတယ္။
ဒီမွာေကာင္းေကာင္းလုပ္နိုင္ရင္ ပညာသင္ဆုအတြက္ ေထာက္ခံခ်က္ရမွာတဲ့...
ေတာ္ေတာ္ႀကိဳးစားရမွာပဲတဲ့..
အကို႔အေၾကာင္းကို သူသိေနတာမို႔ အလိုက္တသိေနေပးျဖစ္တာပါ...
ဒီမွာရွိေနတဲ့တစ္လကို အဆင္ေျပၿပီး ရလဒ္ေကာင္းနဲ႕ ျဖတ္ေက်ာ္သြားေစခ်င္တာမို႔ သူ မေႏွာက္ယွက္ေတာ့ပါဘူး...
အကိုက သူ႕ကို အတန္းထဲကေက်ာင္းသားတစ္ေယာက္လိုပဲ ေျပာဆိုဆက္ဆံတာဆိုေတာ့ ေက်ာင္းမွာ ဆရာနဲ႕ေက်ာင္းသားလို ေခၚေျပာႏုတ္ဆက္တာကလြဲ ရင္းႏွီးသလိုမေနတာက အကိုျဖစ္ေစခ်င္တဲ့အရာပဲျဖစ္မွာပါ...
"ဟုတ္ေတာ့လည္း ဟုတ္ပါတယ္... ဆရာေရွာင္းက ဒီမွာ အခ်ိန္ပိုင္းဝင္ၿပီးရင္ သူ႕ေက်ာင္းကိုေျပးၿပီး အခ်ိန္ပိုအတန္းသြားတက္ရေသးတယ္.. ၿပီးရင္ ညေနပိုင္းအလုပ္လည္းရွိေသးတယ္ေျပာတယ္.. သူ႕မွာလုပ္စရာေတြအမ်ားႀကီးပဲ..."
သူမစကားကိုနားေထာင္ၿပီး သူရင္ေမာမိတယ္။
"အရမ္းအပင္ပန္းခံေနတာပဲ.."
"ေနပါဦး အတန္းေခါင္းေဆာင္... ဆရာေရွာင္းက နင့္ကို ဒါေတြေျပာျပတဲ့အထိကို နင္တို႔ႏွစ္ေယာက္ကရင္းႏွီးေနၿပီလား... ဝမ္ရိေပၚနဲ႕ ဆရာေရွာင္းကေရာ အသိေတြလား... ဘယ္ကတည္းကလဲ... ဘာလို႔ငါပဲမသိရတာလဲ..."
ခပ္တိုးတိုးမႈတ္ထုတ္လိုက္မိတဲ့ေလပူတစ္ခ်ိဳ႕...
အကိုနဲ႕လ်န္ခ်ိဳးဟြာရဲ႕ ဆက္ဆံေရးဟာ အေတာ္ေလးရင္းႏွီးမႈျမန္ဆန္တယ္...
အကိုက ေက်ာင္းမွာ သူ႕ကိုႏုတ္ဆက္႐ုံ ၿပဳံးျပ႐ုံ ေမးခြန္းတခ်ိဳ႕ေမး႐ုံေလာက္ပဲရွိေပမဲ့ လ်န္ခ်ိဳးဟြာနဲ႕က်ေတာ့ ေျပာစရာမ်ားပုံပဲ...
သူတို႔ႏွစ္ဦးကို အတူေတြ႕ေနရတာဟာ ေန႕စဥ္လို..
ညေနေက်ာင္းဆင္းခ်ိန္... ေန႕ခင္းအတန္းနားခ်ိန္.. ဒါမွမဟုတ္ ႐ုံးခန္းကို စာအုပ္ေတြသြားထပ္ေပးရတဲ့အခ်ိန္ေတြ...
ၿပီးေတာ့... တျခား အားလပ္ခ်ိန္ေတြအျပင္ အတန္းခ်ိန္မွာလဲ အခ်ိတ္အဆက္မိေနေသးတယ္။
အကိုက သူမကို အေလးထားၿပီး ေျပာဆိုဆက္ဆံတာကို သတိထားမိတယ္။
"ငါ အကို႔ကိုသိခဲ့တာ ၾကာပါၿပီ..."
ဒီထက္ပိုၿပီး ေခါင္းစဥ္မတပ္တက္ေတာ့ဘူး..
သူတို႔က လ်န္ခ်ိဳးဟြာေျပာသလို ရင္းႏွီးတာလား..
ဒီအတိုင္းသိ႐ုံသိတဲ့ဆက္ဆံေရးလား..
Guide နဲ႕ အထက္တန္းေက်ာင္းသားရဲ႕အလုပ္သေဘာအရ သိကြၽမ္းမႈလား..
ဒါမွမဟုတ္ ေက်ာင္းကဆရာနဲ႕ ေက်ာင္းသား ဆိုတဲ့ပတ္သတ္မႈပဲလား...
ေဝခြဲမရေတာ့ဘူးပဲ... ဘာက မွားေနခဲ့တာလဲ..
.
.
ေန႕လည္စာေဆာင္တစ္ခုလုံး ေနရာမရွိေလာက္ေအာင္လူေတြျပည့္ေနတာမို႔ သူအေတာ္စိတ္ညစ္သြားတယ္။
ဒါရွင္းယီဆိုတဲ့ေကာင္ေၾကာင့္..
သူ႕ကိုေစာင့္ေနရလို႔ ဆယ္မိနစ္ေနာက္က်တာ..
"အိုး... ဒီေန႕ဟင္းက မဆိုးဘူးပဲ... ဗီတာမင္ျပည့္ဝတဲ့သီးစုံေၾကာ္နဲ႕ အသားဟင္း... ၿပီးေတာ့ ပဲနို႔တစ္ဗူး... ေရာ့.. ဒါ မင္းအတြက္.."
မ်က္ႏွာျပန္လာလုပ္ေနတဲ့ရွင္းယီက သူ႕အတြက္ အစားအေသာက္ အရင္ယူေပးတယ္။
"မင္းက ေနရာလြတ္အရင္ရွာထိုင္ႏွင့္လိုက္.. ငါ့အတြက္ သြားယူလိုက္ဦးမယ္"
ေန႕လည္စာဗန္းကိုကိုင္ၿပီး ေနရာပတ္ရွာရတာကို သူေတာ္ေတာ္မႀကိဳက္တာမို႔ မ်က္လုံးကိုအလုပ္ေပးၿပီး တစ္ခန္းလုံးကို အရင္ၿခဳံၾကည့္လိုက္တယ္။
သီးသန့္လြတ္ေနတဲ့ခုံဆိုတာ မရွိေတာ့..
သူစိမ္းနဲ႕မထိုင္ခ်င္ေပမဲ့ မတက္နိုင္..
သူတို႔ႏွစ္ဦးထိုင္လို႔ရမဲ့ေနရာကိုသာ ရွာရေတာ့တယ္..
တစ္ခုံခ်င္းစီပတ္ၾကည့္ရင္း ေထာင့္ဆုံးကခုံတစ္ခုမွာ သူ႕အၾကည့္ေတြရပ္သြားတယ္။
ခုံလြတ္ေတာ့ မဟုတ္ဘူး...
အဲ့ဒီခုံမွာ အကိုရွိေနတယ္.... လ်န္ခ်ိဳးဟြာနဲ႕ အတူတူ...
ဆက္လွမ္းမဲ့ေျခလွမ္းေတြပါ တန့္သြားတယ္။
ႏွစ္ေယာက္က ေန႕လည္စာေတာင္အတူစားၾကတာလား...
မ်က္ႏွာခ်င္းဆိုင္ထိုင္ေနၿပီး စကားေတြလည္းေျပာေနၾကတယ္။
ေက်ာင္းကိစၥလား ကိုယ္ေရးကိုယ္တာလား မသိေပမဲ့ အရင္ရက္ေတြလိုပဲ ေျပာစရာစကားေတြမ်ားေနေသးပုံပဲ...
လ်န္ခ်ိဳးဟြာ တစ္ခုခုေျပာလိုက္တဲ့ စကားေပၚမွာ
႐ုပ္တရက္ ဟက္ဟက္ပက္ပက္ ရယ္ေမာလိုက္တဲ့အကို...
ဘာေတြမ်ား သေဘာက်စရာျဖစ္ေနတာမ်ားလဲ..
သူသိပ္သေဘာက်ရတဲ့ အကိုအထက္တန္းတုန္းကလို ေပါ့ေပါ့ပါးပါးပုံစံေလးလိုပါပဲလား...
ပါးစပ္လႈပ္တာၾကည့္႐ုံနဲ႕ စကားကိုႏုတ္သြက္လ်ာသြက္ေျပာေနတယ္ဆိုတာ ျမင္သာတယ္။
ဒီပုံစံကို မျမင္ရတာေတာင္ ဘယ္ေလာက္ၾကာေနၿပီလဲ...
လြန္ခဲ့တဲ့ႏွစ္ေတြတုန္းကေတာ့ သူ႕နဲ႕အကို ဒီလိုထိုင္ၿပီး စကားေတြေျပာဖူးတယ္။
သူအလယ္တန္း အကိုကအထက္တန္းေက်ာင္းသားကာလတုန္းက...
သူမႀကိဳက္တဲ့ဟင္းေတြ စားေပးၿပီး သူ႕ကိုမုန့္အၿမဲေပးခဲ့တဲ့အကို...
ဒီလိုမ်ိဳး မၾကာခဏရယ္ေမာတက္တဲ့အကို...
ဒီပုံစံကို ျပန္ျမင္ရမယ္လို႔ေတာင္မေတြးခဲ့ဘူး..
ေက်ာင္းဝတ္စုံနဲ႕မဟုတ္ေတာ့တဲ့အကိုက အရမ္းလူႀကီးဆန္ေနၿပီ...
႐ုပ္တရက္ သိမ္ငယ္စိတ္ဝင္လာတယ္...
အေျခအေနေတြက ေျပာင္းလဲသြားၿပီ..
အကိုနဲ႕အတူရယ္ေမာေနတာ သူမွမဟုတ္ပဲ...
မတူေတာ့ဘူး.. တကယ့္ကိုမတူဘူး..
အကိုက သူ႕ေရွ႕မွာဆိုရင္ လိုအပ္တဲ့စကားပဲ ထိန္းေျပာတက္ၿပီး အစဥ္သျဖင့္ေအးစက္ေနတဲ့သူေလ..
သူမနဲ႕စကားေျပာေနခ်ိန္မွာေတာ့ ေႏြးေထြးတဲ့ပုံစံနဲ႕ ရယ္ၿပဳံးေနတာပဲလား...
သူမနဲ႕ဆိုရင္ ေပါ့ပါးေနတဲ့အျပဳအမူေတြဟာ သူ႕နဲ႕အတူရွိခ်ိန္နဲ႕ မတူညီတာကို အထင္အရွားျမင္ေနရတာရယ္...
အကို႔ကို ဒီလို႐ႊင္ျပေနေအာင္ သူမလုပ္နိုင္ဘူး...
"ဟက္.."
ရယ္စရာပဲ...
တျခားေနရာပဲထိုင္တာေကာင္းပါတယ္။
"ဝမ္ရိေပၚ.."
တစ္ဖက္ကိုအလွည့္ လ်န္ခ်ိဳးဟြာက သူ႕ကိုလွမ္းေအာ္တယ္။
"ဘာရပ္လုပ္ေနတာလဲ.. ဒီကိုလာေလ.."
ျပန္လွည့္ၾကည့္မိေတာ့ အကိုကလည္း သူ႕ကိုၾကည့္ေနတယ္။
"ဟ ဝမ္ရိေပၚ.. ငါမင္းကိုခုံအရင္ရွာခိုင္းတာေလ.. အခုထိရပ္ေနတုန္းလား... အတန္းေခါင္းေဆာင္ရွိေနလို႔ေတာ္ေသး.."
ရွင္းယီက တစ္တြတ္တြတ္ေျပာကာ သူ႕ကိုျဖတ္ေက်ာ္လို႔ လ်န္ခ်ိဳးဟြာေဘး သြားထိုင္တယ္။
သက္ျပင္းခပ္တိုးတိုးခ်ကာ အဲ့ဒီေနရာကိုပဲသြားထိုင္ေတာ့ ေနရာလြတ္က အကို႔ေဘးပဲရွိေတာ့တယ္။
အကိုက ကိုယ္ပိုင္ထမင္းဗူးနဲ႕ရယ္..
ထမင္းေတြက မေလ်ာ့ေသးဘူး...
ဘာမွေသခ်ာမစားရေသးသလိုပဲ...
"နင္တို႔ကိုေစာင့္ရင္းငါတို႔ေျဖးေျဖးခ်င္းစားေနတာ.. ဘာလို႔ဒီေလာက္ၾကာေနတာလဲ.."
"ဟိုက်န္းဆရာႀကီးေပါ့ ငါ့ကိုေခၚဆူေနတာ... ငါလည္းႀကိဳးစားေနတာပဲကို.."
"အားကစားဆရာလား.."
"ဘယ္သူရွိမွာလဲ.."
ေစာေစာက စကားအမ်ားႀကီးေျပာေနတဲ့အကိုက သူမဟုတ္ေတာ့သလိုပဲ..
တိတ္ဆိတ္ေနလိုက္တာ...
"ဝမ္ရိေပၚရဲ႕ ... အသီးအ႐ြက္နဲ႕အသား မွ်တေအာင္စားမွ အာဟာရမွ်တၿပီး အားျဖစ္မွာေပါ့... ျဖဴဖတ္ေနတဲ့နင့္မ်က္ႏွာလည္းျပန္ၾကည့္ဦး"
ဟင္းခြက္ထဲက ေဘးဖယ္ထုတ္ေနတဲ့ မုန္လာဥနီေတြကို သူမက ျပန္ထည့္တယ္။
"ႀကိဳက္မွမႀကိဳက္တာ.."
"မႀကိဳက္လည္းစား ခႏၶာကိုယ္အတြက္ေကာင္းတယ္.. "
သူမျပန္ထည့္ေနတဲ့ မုန္လာဥေတြကို သူက ျပန္ထုတ္တယ္။
"ငါ့ကိုလြတ္ထားေပးလို႔မရဘူးလား.."
"မရဘူး"
"ဝမ္ရိေပၚ.. ကေလးမဆန္စမ္းနဲ႕.."
"နင္ကလည္း ငါ့အေမလိုလာမလုပ္နဲ႕ေလ"
"ထုတ္လိုက္ထည့္လိုက္နဲ႕ သံသရာလည္ေနတာပဲ.. နင္တို႔ႏွစ္ေယာက္ ဘယ္အခ်ိန္မွထမင္းစားမွာလဲ.."
ထိုအခိုက္ သူ႕ခြက္ထဲက မုန္လာဥကို လွမ္းယူလိုက္တဲ့ တူတစ္စုံ...
"...."
"...."
"...."
သုံးေယာက္သား လႈပ္ရွားေနတဲ့လက္ေတြရပ္သြားၿပီး အၾကည့္ေတြ အကို႔ဆီေရာက္သြားတယ္။
အကိုက မုန္လာဥကို စိတ္ေအးလက္ေအးအရသာခံေနရဲ႕...
"ေကာင္းသားပဲ.."
သူ႕မ်က္လုံးသူေတာင္မယုံနိုင္...
အကိုက သူ႕ဘက္ကိုလွည့္ၾကည့္လာၿပီး..
"အာဟာရမွ်တေအာင္စားရမယ္ေလ ရိေပၚရဲ႕... အရသာက မဆိုးပါဘူး... "
ထို႔အတူ သူ႕ထမင္းေပၚ မုန္လာဥတစ္ဖတ္ေရာက္လာတယ္..
"စားၾကည့္ပါဦး"
"..."
အကို႔စကားကို မလြန္ဆန္နိုင္စြာနဲ႕ ထမင္းေသးေသးတစ္လုတ္စားလိုက္ၿပီး မုန္လာဥကို ပါးစပ္ထဲထည့္ၾကည့္လိုက္တယ္...
ဝါးရင္း ဝါးရင္း... ဘာလို႔အရသာရွိေနရတာလဲ...
"စားေကာင္းတယ္မလား.."
သူျပန္မေျဖနိုင္...
သူ႕ထမင္းေပၚ အသားလုံးတစ္ခု ထပ္ေရာက္လာတယ္။
အကို႔ထမင္းဗူးထဲက...
လွည့္ၾကည့္မိေတာ့ အကိုက ထမင္းဆက္စားေနေလရဲ႕...
အသားလုံးကိုၾကည့္ရင္း ဒါက အစစ္အမွန္ျဖစ္ေနတာဟုတ္ရဲ႕လားလို႔ ေတြးရတယ္။
ဒီအသားလုံးက အရမ္းအရသာရွိတာပဲ..
"ဝါး... အရမ္းေတာ္တာပဲ ဆရာေရွာင္း... ဝမ္ရိေပၚက ကြၽန္ေတာ္တို႔ဘယ္လိုေျပာေျပာ နားမေထာင္ဘူး.. အရမ္းဂ်စ္ကန္ကန္နဲ႕... အခုဆရာေရွာင္းနဲ႕မွပဲ ၿငိမ္ေတာ့တယ္"
ရွင္းယီက လက္မတစ္ေထာင္ေထာင္နဲ႕စကားေျပာေတာ့ အကိုက သူ႕ကိုၾကည့္တယ္။
"ဟုတ္လား... ဝမ္ရိေပၚက ဒီလိုၾကည့္ရတာေတာ့ လိမၼာမဲ့ပုံပါ.."
"ဘယ္ကသာလိမၼာရမွာလည္း... ဒီမွာသူ႕ကိုနိုင္ေအာင္ထိန္းနိုင္တဲ့သူေတာင္ မရွိဘူး... အရင္က အတန္းထဲမွာဆို.. "
အကို႔စကားအသြားအလာကိုသူသိတယ္။
ရွင္းယီ.. ေတာ္ေတာ္စကားမ်ားတဲ့ေကာင္..
မ်က္လုံးလွန္ၿပီး စိုက္ၾကည့္လိုက္ေတာ့ အသံတိတ္သြားရဲ႕..
"စားေကာင္းတယ္.. အမ်ားႀကီးစား.."
"ဆရာေရွာင္းက ဒီလိုလည္း ဂ႐ုစိုက္ေပးတက္တာပဲ... ခ်ိဳးဟြာကေတာ့ ဆရာေရွာင္းနဲ႕ သိကြၽမ္းရတာ ကံေကာင္းတာပဲ..."
"အဲ့လိုလည္းမဟုတ္ပါဘူး... ခ်ိဳးဟြာလို လူေတာ္နဲ႕ဆုံရတာ ကြၽန္ေတာ္ကသာ ကံေကာင္းတာပါ... ဒီလိုလူဆီက အကူအညီေတြသာမရရင္ ဒီလိုအခ်ိန္တိုအတြင္း ဘယ္အဆင္ေျပနိုင္ပါ့မလဲ "
"ဒီတစ္လၿပီးသြားရင္ ဘာဆက္လုပ္ဖို႔ရွိလဲ..."
"ဒီမွာ အဆင္ေျပေျပၿပီးသြားၿပီး ေထာက္ခံခ်က္ရလို႔ ကြၽန္ေတာ္ေလ်ာက္ထားတဲ့ စေကာ္လာရွစ္ေအာင္ရင္ ဆြစ္ဇာလန္ဘက္မွာ ပညာဆက္သင္ျဖစ္မယ္ထင္တယ္..."
တူကိုင္ထားတဲ့ သူ႕လက္ေတြေလထဲတန့္သြားတယ္..
ဘာရယ္...
အကိုက နိုင္ငံျခားထြက္သြားမလို႔လား...
သူ... ဘာမွမသိပါလား...
အကို႔ကိုအလန္တၾကားၾကည့္မိေတာ့ အကိုက သူ႕ဘက္ကို တစ္ခ်က္ေစြၾကည့္တယ္။
"စေကာ္လာရွစ္ေအာင္မွပါ... မေအာင္ရင္ေတာ့.. အရင္အတိုင္းပဲဆက္သြားျဖစ္မွာပါ..."
အကိုက သူ႕ကိုထားခဲ့ဖို႔ ေတြးထားတာပဲ...
"ေသခ်ာေပါက္ေအာင္မွာပါ... ခ်ိဳးဟြာသိတယ္... ေက်ာင္းကို ဒီလိုအစားထိုးဝင္ေပးနိုင္ဖို႔ဆိုတာေတာင္ ေတာ္႐ုံလူမရနိုင္ဘူးေလ..."
"ေက်းဇူးပါ.."
"အဲ့တာေၾကာင့္ ထင္ပါတယ္... ကြၽန္ေတာ္တို႔ ဆရာက ဆရာေရွာင္းလို တကၠသိုလ္ေက်ာင္းသားကို အစားထိုးဆရာအေနနဲ႕ ေထာက္ခံေပးၿပီး ေနရာေပးတယ္ဆိုတာ ေတာ္႐ုံအရည္အခ်င္းမဟုတ္လို႔ဆိုတာ..."
"ဟဲ့...စကားေျပာဆင္ျခင္.."
"အ.. ငါေျပာတာ မဟုတ္လို႔လား.."
"ဟုတ္ေတာ့ဟုတ္တယ္ေလ... အားနာစရာေကာင္းေအာင္ နင္ကဘယ္လိုေတြေျပာေနတာ.."
"ငါေျပာတဲ့ အဓိပၸါယ္က ဆရာေရွာင္းကို ေတာ္တယ္လို႔ေျပာတာေလ.."
အကို႔အၿပဳံးက ခပ္ေအးေအးပါပဲ...
"ရပါတယ္... တကယ္လဲ မ်က္ႏွာသာရတာဥစၥာ... ကြၽန္ေတာ္ ဘယ္လိုမွမေနပါဘူး.."
"ၾကည့္... ငါေျပာသားပဲ... "
"နင္ေတာ္ေတာ့.."
အဲ့ဒီေနာက္ အမူအရာမပ်က္ ထမင္းဆက္စားေနတဲ့အကို...
ေသြးေအးလိုက္တာ...
"ေျပာစရာရွိလို႔လား ရိေပၚ.."
ေရွ႕ကႏွစ္ေယာက္က တိတ္ဆိတ္သြားၿပီး သူတို႔ကိုၾကည့္လာတယ္။
သူေခါင္းခါျပလိုက္ၿပီး
"ကြၽန္ေတာ္ ဗိုက္ဝၿပီ"
"..."
"ဟယ္.. နင္နည္းနည္းပဲစားေသးတယ္ေလ.."
"ေအးေလ.. တစ္ဝက္ေတာင္မက်ိဳးေသးတာကို.."
သူမတ္တပ္ထရပ္လိုက္ရင္း
"ငါ ေနလို႔သိပ္မေကာင္းခ်င္လို႔ အတန္းထဲအရင္ျပန္ႏွင့္မယ္... နင္တို႔ေျဖးေျဖးစားၿပီးမွ လိုက္လာခဲ့.."
"႐ုပ္တရက္ႀကီး ဘယ္လိုေနမေကာင္းတာ.."
"စိတ္မပူနဲ႕.. ေထြေထြထူးထူးမဟုတ္ဘူး.."
သူငယ္ခ်င္းႏွစ္ေယာက္ကိုပဲႏုတ္ဆက္ၿပီး အကို႔ကိုေတာင္မၾကည့္ေတာ့ပဲ ထြက္လာခဲ့လိုက္တယ္။
ေက်ာင္းတက္ခ်ိန္က အခ်ိန္ေတာ္ေတာ္လိုေသးတယ္။
အတန္းထဲျပန္သြားမယ္ေျပာခဲ့ေပမဲ့ မျပန္ခ်င္ေသးတာမို႔ ေက်ာင္းေဘာလုံးကြင္းဘက္ကိုေျခလွမ္းလွည့္လိုက္တယ္။
အကိုက ကတိမတည္လိုက္တာ...
တစ္ပါတ္အတြင္းလာမယ္ေျပာၿပီးမလာဘူး...
သူ႕ကို ဒီသင္ႏွစ္အၿပီးထိ တာဝန္ယူမယ္ေျပာထားၿပီး အခုေတာ့ နိုင္ငံျခားထြက္သြားဖို႔ေတာင္ျပင္ေနတယ္တဲ့...
ၿပီးေတာ့ သူ႕ကို နည္းနည္းေလးေတာင္အသိမေပးဘူး...
ေဘာလုံးကြင္းဘက္မွာ ဒီလိုခ်ိန္ဆို လူရွင္းတယ္။
ညေနေက်ာင္းဆင္းခ်ိန္ေလာက္မွ အားကစားေက်ာင္းသားေတြရွိေနတက္တာ...
ဒီေနရာကို သူလည္းသိပ္မလာျဖစ္ဘူး...
အထီးက်န္ဖို႔ေကာင္းတာမို႔...
အမ်ားအျပားေသာခုံေတြက လူေျခတိတ္ဆိတ္လို႔...
ခုံတစ္ခုံမွာဝင္ထိုင္လိုက္ၿပီး အိပ္ကပ္ထဲက နားၾကပ္ကိုတပ္လိုက္တယ္။
နားထဲသီခ်င္းသံခပ္တိုးတိုးပ်ံ့လြင့္လာတယ္။
~~In my dreams you're with me
We'll be everything I want us to be
And from there, who knows?
Maybe this will be the night that we kiss for the first time
Or is that just me and my imagination?~~
တကယ္ပဲ အရာအားလုံးက သူကပဲစိတ္ကူးယဥ္ေနတာ...
ဒီလူကေတာ့ ထားခဲ့ဖို႔အဆင္သင့္ျဖစ္ေနၿပီးၿပီ...
သူက သူ႕ကိုမလိုခ်င္တဲ့သူကိုမွ အ႐ူးအမူးျဖစ္ေနတာ...
စိတ္ပ်က္စရာပဲ...
ထိုအခိုက္.. သူ႕ေဘးနားတစ္ေယာက္ေယာက္လာထိုင္တဲ့အထိအေတြ႕...
သူလွည့္ၾကည့္လိုက္တယ္..
"အရင္ထသြားလို႔ စိတ္ပူသြားတာေလ.. ေနမေကာင္းဘူးဆိုၿပီး ဒီမွာ တစ္ေယာက္တည္း ဘာထိုင္လုပ္ေနတာလဲ..."
သြက္သြက္လက္လက္ လႈပ္ရွားသြားတဲ့ ႏုတ္ခမ္းေအာက္က မွဲ႕နက္ကေလး...
တကယ္ဆို သူ အေရထူသင့္ေနၿပီကို...
Song Recommend: shawn mendes - imagination
-------------------------------------------
ေရးရင္းနဲ႕ ဒီတစ္ပိုင္းလည္း အရွည္ႀကီးျဖစ္သြားျပန္ၿပီ။
တင္ခ်င္ေဇာႀကီးေနတာမို႔ စာလုံးေပါင္းေတြေသခ်ာမစစ္ရေသးဘူး..
အမွားပါရင္ ျပင္ဖတ္ေပးပါလို႔😗
-------------------------------------------