ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိ...

By yyuzanawin

112K 12K 236

စစ်ဟွိုင်ရှီး သည် နောက်ဆုံးသောနေ့ရက်များတွင် ဖုတ်ကောင်များကို တိုက်ခိုက်ရန် ငြီးငွေ့နေသောကြောင့် သူဖတ်ရန် ဝတ္... More

Description
1🍷
2🍷
3🍷
4🍷
5🍷
6🍷
8🍷
9🍷
10🍷
11🍷
12🍷
13🍷
14🍷
15🍷
16🍷
17🍷
18🍷
19🍷
20🍷
21🍷
22🍷
23🍷
24🍷
25🍷
26🍷
27🍷
28🍷
Hello
29🍷
30🍷
31🍷
အဖြေမှန် 😍
32🍷
33🍷
34🍷
35🍷
36🍷
37🍷
38🍷
39🍷
40🍷
41🍷
42🍷
43🍷
44🍷
45🍷
46🍷
47
48
49..
50
51
52
53
54
55
56
57
58
59
ကဆုန်လပြည့်နေ ပရိုမို့လေး...

7🍷

2.2K 304 2
By yyuzanawin

စစ်ဟွိုင်ရှီး ဖုန်းစခရင်ပေါ်ရှိ နာမည်ကို ကြည့်ကာ ခလုတ်ကို နှိပ်လိုက်သည်။

"ဟဲလို"

ဖုန်းတစ်ဖတ်က ကျယ်လောင်သော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာပြီး ...

"အစ်ကိုစစ် ညီမတောင်းပန်ပါတယ်..ညီမ အစ်ကို့ရဲ့ စကားကို နားထောင်ပြီး ဒီကုမ္ပဏီနဲ့ လက်မှတ်မထိုးခဲ့သင့်ဘူး"

Si Huaixi ချက်ချင်းထရပ်ကာ မျက်မှောင်ကြုတ်လျှက်

"စုန်းရှောင်မေ  မင်းဘာဖြစ်နေတာလဲ"

"တောင်းပန်ပါတယ်--တောင်းပန်ပါတယ်.."

တစ်ဖတ်ကအဆက်မပြတ် ငိုကြွေးနေတော့ စစ်ဟွိုင်ရှီးလည်း စိတ်ဆိုးသွားကာ စုန်းရှောင်မေရဲ့ စိတ်ခံစားချက်က အလွန်ဆိုးဝါးနေသလို ခံစားနေရတယ်။

"မင်းအခုဘယ်မှာလဲ.."

"တောင်းပန်ပါတယ် - မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို မြင်ခဲ့ရတယ် အဲ့ဒီဝက်လိုသူဌေးက အစ်ကို့ရဲ့ဝိုင်ကို ဆေးခတ်ခဲ့တယ်၊ ဒါပေမယ့် ညီမမပြောရဲဘူး ညီမကို ခွင့်လွှတ်နိုင်မလား"

ဒီဆေးကြောင့် မူလပိုင်ရှင် သေဆုံးသွားတာကို တွေးရင်း စစ်ဟွိုင်ရှီးရဲ့ မျက်လုံးတွေက အေးစက်လာသည်။ မူလပိုင်ရှင်အတွက် ဒီလူတွေကို ဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူး၊ မူလပိုင်ရှင်ကို သေတဲ့အထိ အဆင့်ဆင့် တွန်းပို့ခဲ့တဲ့သူတွေပဲ စုန်းရှောင်မေလည်း အပါအဝင်ပဲ..

"အစ်ကို ညီမကို ခွင့်မလွှတ်ချင်ဘူးလားဟင်  မနေ့ညက အစ်ကိုလွတ်မြောက်ခဲ့တယ်၊ ဒါပေမယ့် ဒီနေ့ လီကျုံးက ညီမကို အဲဒီဆူဖြိုးတဲ့ဝက်သေကောင်ဆီ အတင်းထိုးကျွေးလိုက်တယ်၊ ဒီကောင်က တဏှာရူးတစ်ယောက်ဆိုတာ အစ်ကိုသိမှာပါ တချို့လူတွေလည်း ရှိနေတယ် ပြီးတော့ သီးသန့် ဗီဒီယိုတွေတောင် ရိုက်ကြတယ် ညီမအပြင်တောင်မထွက်ရဲတော့ဘူး..ညီမသေလိမ့်မယ်"

"ဒါဆို ရဲကိုဖုန်းဆက်ပေါ့"

Si Huaixi က အေးစက်စွာပြောသည်။

  "ညီမ ရဲကိုခေါ်လို့မရဘူး  လီကျုံးက အရက်သောက်ပြီး ညီမရဲ့ ညစ်ညမ်းဓာတ်ပုံတွေ ဖြန့်ခဲ့မယ်ဆိုရင် ညီမမိဘတွေ မျက်နှာပျက်သွားလိမ့်မယ်၊ လူတိုင်းက ညီမကိုညစ်ပတ်တဲ့ မိန်းကလေးလို့ ထင်ကြလိမ့်မယ်.."

စစ်ဟွိုင်ရှီး တိတ်ဆိတ်စွာပဲ နားထောင်နေခဲ့တယ်..

"ညီမ ကျောင်းကသူငယ်ချင်းတွေကိုလည်း ဖျော်ဖြေရေးနယ်ပယ်မှာ ကြယ်ပွင့်ဖြစ်တော့မယ်လို့ ကြွားခဲ့တာ အခုဒီအခြေအနေကို သိသွားကြရင်  သူတို့ရယ်တာကို ခံရတာထက် ညီမသေရတာ ပိုသဘောကျတယ်.."

စစ်ဟွိုင်ရှီးလည်း မျက်ခုံးကို အသာကုတ်တာ..

"ဒါဆို မင်းဘာလိုချင်လို့ ငါ့ဆီဖုန်းဆက်ရတာလဲ..ဘာလိုလဲ.."

စုန်းရှောင်မေသည် Jinyao Entertainment Company ရဲ့ ခေါင်မိုးပေါ်ရှိ လက်ရန်းတွင် ရပ်နေခဲ့ပြီး သူမအောက်တွင် စုဝေးနေသည့် ရဲများကို ကြည့်လိုက်ရာ သူမသည် စိတ်လှုပ်ရှားတဲ့ ခံစားချက်အပြင် ဝမ်းနည်းပူဆွေးခြင်းကိုလည်း ခံစားခဲ့ရသည်။ စုန်းရှောင်မေသည် သူမရဲ့မျက်လုံးများတွင် မျက်ရည်များနှင့်အတူ ဖုန်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ..

"အစ်ကိုစစ် ညီမကိုကူညီပါနော်.."

အခုအချိန်တွင် စစ်ဟွိုင်ရှီးသည် တီဗီကိုဖွင့်လိုက် ရာ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုတွင် အမျိုးသမီးတစ်ဦးသည်အဆောက်အအုံမှ ခုန်ချရန် ကြံဟည်နေသော သတင်းကို တွေ့လိုက်ရသည်။ တိုက်ရိုက် ဗီဒီယိုတွင် လေထဲတွင် လွင့်ပျံနေသော စကတ်ဝတ်ထားသော မိန်းကလေးမှာ စုန်းရှောင်မေ ဖြစ်နေသည်။

"အစ်ကိုရဲ့ ဝိုင်ထဲမှာ အဲ့အဆီများနေတဲ့ Boss Chenက ဆေးထည့်ပေ့မယ်နောက်ပိုင်းမှာ အဲ့ယုတ်မာတဲ့လီကျုံးက အစ်ကို့ရဲ့ ဝိုင်ထဲကို ဆေးထပ်ထည့်နေတာ ညီမတွေ့လိုက်ရတယ်.."

စစ်ဟွိုင်ရှီးသည် ခဏလောက် မျက်တောင်ခဏခဏဖျတ်လိုက်သည်။  မူလပိုင်ရှင်က ဆေးအလွန်အကျွံသောက်ခြင်းကြောင့် နှလုံးသွေးကြောပိတ်သေဆုံးသွားသည်မှာ အံ့ဩစရာမရှိတော့.. Boss Chenက စကားမပြောလောက်အောင် မူးယစ်နေတဲ့ ကြယ်ပွင့်လေးတစ်ပွင့်ကိုပဲ လိုချင်ခဲ့တာ.. ရည်ရွယ်ချက်မှာ လူတစ်ဦးကို သတ်မည့်အစား အတူကစားရန်သာဖြစ်ပြီး ထိုကဲ့သို့သောပြင်းထန်သောဆေးများကို လုံးဝထည့်ထားမည်မဟုတ်ပေ။ မမျှော်လင့်ဘဲ မူလပိုင်ရှင်ကို အမှန်တကယ် သတ်ခဲ့သူမှာ ယုတ်ညံ့ပြီး ရက်စက်ကြမ်းကြုတ်သော လီကျုံးဖြစ်နေတာပဲ...

"အစ်ကိုစစ် သူတို့ကို လက်စားချေဖို့ ကူညီပေးပါ.. အစ်ကို အဲဒီလူ လီကျုံးကို မုန်းတယ် မဟုတ်လား.. ညီမသေပြီးရင် အစ်ကိုက လီကျုံး နဲ့ တခြားလူတွေအားလုံးကို ညီမအတွက် ထောင်ထဲထည့်ပြီး အရှက်ကွဲစေအောင် လုပ်ပေးပါ.."

စုန်းရှောင်မေက ဒေါသတကြီးနဲ့ ဖုန်းထဲကနေ အော်ပြောလိုက်ပြီး စစ်ဟွိုင်ရှီးကတော့ သူမရင်ထဲက တုန်လှုပ်ချောက်ချားတဲ့ အတွေးတွေကို စိတ်သက်သာသွားအောင် ပြောနေလိုက်တယ်..

"ငါလက်စားချေမှာပါ.. ဒါပေမယ့် ငါ့အတွက်ပဲ"

"ဘာကို ပြောချင်တာလဲ.."

သူမကို အနောက်ကနေ ခုန်မချရန် စိတ်အေးအေးထားဖို့ ဖြားယောင်းသွေးဆောင်တဲ့ ရဲတစ်ယောက်က သူ့မနောက်လို့ ရောက်လာနေပြီ..

"အသက်ရှင်အောင်နေပြီး ကိုယ်တိုင်အတွက် လက်စားချေလိုက်"

စုန်းရှောင်မေက မျက်လုံးကိုကိုပိတ်လိုက်ပြီး ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ..

"ဒါပေမယ့် ညီမမလုပ်နိုင်ဘူး..."

သူမ မလုပ်နိုင်ခဲ့ရင် သူမ အခုရောက်နေတဲ့နေရာက အကောင်းဆုံးအဖြေပဲ...

စုန်းရှောင်မေ  မျက်လုံးများကိုမှိတ်ထားပြီးအစွန်းရှိ လက်ရန်းပေါ်တွင် ခြေထောက်တစ်ဖတ်ကို ရှေ့ဆက်တိုးလိုက်တော့  ဆူညံသောအသံများက..တခဏအတွင်း ပေါ်လာခဲ့တယ်..

စိမ်းလန်းပြီး ပေါ့ပေါ့ပါးပါးအချိန်ကာလသို့ ပြန်ရောက်သွားသလိုမျိုး၊ သူမရဲ့ နားထဲမှာ ဆူညံနေသော အသံများက ထူးထူးခြားခြား တိတ်ဆိတ်သွားကာ၊ သူမရဲ့ အတန်းဖော်တွေနဲ့ ရယ်မောပျော်ရွှင်မှုတွေ၊

ဒီလိုဖြစ်လာရင် သူမဟာ ကျောင်းဆက်တက်တော့မှာ သေချာပြီး ဖျော်ဖြေရေးနယ်ပယ်ကြီးထဲဘယ်တော့မှ မဝင်ဖြစ်တော့ဘူး ခြေထောက်ကို မြှောက်ပြီး လေထဲသို့ တစ်ဝက်တစ်ပျက် လှမ်းလိုက်တယ်..

စုန်းရှောင်မေရဲ့ဖုန်းထဲက အေးစက်ပြီး ဆွဲဆောင်သလိူဖြစ်နေသော အမျိုးသားအသံတစ်ခု ထွက်ပေါ်လာသည်။

".အနောက်ကို ပြန်လှည့်လိုက်..."

စုန်းရှောင်မေသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး တစ်စုံတစ်ခုက သူမကို ထိန်းချုပ်ထားသလိုမျိုး မျက်လုံးများက အသက်မဲ့သွားကာ လေထဲကို လှမ်းတက်သွားသော သူမရဲ့ ခြေထောက်များလည်း ရုတ်တရတ် ရပ်သွားခဲ့သည်။

"မင်းခြေထောက်တွေကို မြေကြီးပေါ်ပြန်ချလိုက်..."

သူမရုပ်တရက်ပဲ အသိဝင်လာခဲ့ကာ..

သူ့မနောက်က ရဲတွေက...

“မင်းမှာ ပြောစရာရှိရင် ပြောလို့ရတယ် သတ်သေစရာမလိုပါဘူး.. မင်းက ဘွဲ့မရသေးတဲ့ ကောလိပ်ကျောင်းသူတစ်ယောက်ပဲ ရှိသေး တယ်၊ တောက်ပတဲ့ အနာဂတ်က မင်းကိုစောင့်နေတယ်.. မင်းမိဘတွေ မကြာခင် ရောက်လာတော့မယ်.. သူတို့ မင်းကို အရမ်း စိတ်ပူနေတာ..."

စုန်းရှောင်မေဟာ ရုပ်သေးရုပ်လိုဖြစ်နေတာကနေ  ရှိုက်ကြီးတငင်ငိုချလိုက်ပြီး အနောက်ကိုလှည့်ကာ ကြမ်းပြင်ပေါ်ကို ခုန်လိုက်ကာ  ရဲတွေဘက်သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်တယ်..

သင်တန်းသားရဲတစ်ဦးက စုန်းရှောင်မေကို မျက်နှာသုတ်ပုဝါဖြင့် ချက်ချင်းထုပ်ပိုးလိုက်ပြီး ရဲတပ်သားအားလုံးက သတ်သေရန်ကြိုးပမ်းခဲ့သော မိန်းကလေးကို နားချနိုင်ခဲ့သည်ထင်ပြီး ပျော်ရွင်နေကြလေသည်။

TV ရှေ့မှာထိုင်နေတဲ့ စစ်ဟွိုင်ရှီးက တင်းကြပ်နေအောင် မျက်မှောင်ကြုတ်ပြီး သူ့မျက်နှာက အံ့ဩစရာကောင်းလောက်အောင် ဖြူဖျော့နေသည်။ အေးစက်နေတဲ့ ချွေးတွေက သူ့နဖူးပေါ်ရော ဆံပင်တွေပါ စိုရွှဲနေပြီး သူ့ နှုတ်ခမ်းတွေက ပိုဖြူလာတယ်..

စုန်းရှောင်မေကို တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကယ်တင်ခံရတာ သေချာမှ စစ်ဟွိုင်ရှီးသည် သူရဲ့စိတ်ထိန်းချုပ်မှုကို ရပ်တန့်လိုက်ပြီး ခုံပေါ်တွင် အားပျော့စွာ မှီကာ တောက်ပနေသော ပင်လယ်ပြာမျက်လုံးများက နွမ်းလျနေသော မြစ်ကြမ်းပြင်ကဲ့သို့ ပင်ပန်းနွမ်းနယ်နေခဲ့သည်။

ဒီခန္ဓာကိုယ်က စစ်ဟွိုင်ရှီးရဲ့ အရင်ဘဝအဆင့်ကိုမရောက်သေးသော်လည်း သူရဲ့စိတ်စွမ်းအားကို အမြန်အသုံးပြုကာ စုန်းရှောင်မေရဲ့ စိတ်ကို ဖုန်းကနေ အဝေးထိန်းစနစ်ဖြင့်ပင် ထိန်းချုပ်ခဲ့သည်။

လူသားတစ်ဦးကို ထိန်းချုပ်ခြင်းက ဉာဏ်မရှိသောဖုတ်ကောင်ကိုထိန်းချုပ်ခြင်းထက် များစွာခက်ခဲတယ်။ ကံကောင်းထောက်မစွာဖြင့်နောက်ဆုံးတွင် ကယ်ဆယ်နိုင်ခဲ့ပြီး မူလပိုင်ရှင်ရဲ့ သေဆုံးမှု အမှန်တရားကိုတောင် သိခဲ့ရတယ်..

စစ်ဟွိုင်ရှီးရဲ့ ရင်ဘတ်က တင်းကြပ်လာကာလဲကျသွားသော်လည်း သတိရှိနေခဲ့သေးသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော သွေးယိုစီးမှုတစ်ခုဖြစ်နေသော်လည်း ဒါက ထိုက်တန်ပါတယ်။

ကျဉ်းမြောင်းသော မျက်လုံးများနှင့် အမျိုးသားတစ်ဦး၏ ပုံရိပ်ကို သတိရလာသည်။
မူလပိုင်ရှင်ကို သတ်ခဲ့တဲ့ မန်နေဂျာ လီကျုံး..

စစ်ဟွိုင်ရှီရဲ့ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။





ဖုန်းဘေဖိုးလေးရအောင် paid gp ဖွဲ့ချင်လိုက်တာ..


Zawgyi



စစ္ဟြိုင္ရွီး ဖုန္းစခရင္ေပၚရွိ နာမည္ကို ၾကည့္ကာ ခလုတ္ကို ႏွိပ္လိုက္သည္။

"ဟဲလို"

ဖုန္းတစ္ဖတ္က က်ယ္ေလာင္ေသာ အမ်ိဳးသမီးအသံတစ္ခု ထြက္ေပၚလာၿပီး ...

"အစ္ကိုစစ္ ညီမေတာင္းပန္ပါတယ္..ညီမ အစ္ကို႔ရဲ႕ စကားကို နားေထာင္ၿပီး ဒီကုမၸဏီနဲ႕ လက္မွတ္မထိုးခဲ့သင့္ဘူး"

Si Huaixi ခ်က္ခ်င္းထရပ္ကာ မ်က္ေမွာင္ၾကဳတ္လွ်က္

"စုန္းေရွာင္ေမ  မင္းဘာျဖစ္ေနတာလဲ"

"ေတာင္းပန္ပါတယ္--ေတာင္းပန္ပါတယ္.."

တစ္ဖတ္ကအဆက္မျပတ္ ငိုေႂကြးေနေတာ့ စစ္ဟြိုင္ရွီးလည္း စိတ္ဆိုးသြားကာ စုန္းေရွာင္ေမရဲ႕ စိတ္ခံစားခ်က္က အလြန္ဆိုးဝါးေနသလို ခံစားေနရတယ္။

"မင္းအခုဘယ္မွာလဲ.."

"ေတာင္းပန္ပါတယ္ - မေန႕ညက ျဖစ္ပ်က္ခဲ့သမွ်ကို ျမင္ခဲ့ရတယ္ အဲ့ဒီဝက္လိုသူေဌးက အစ္ကို႔ရဲ႕ဝိုင္ကို ေဆးခတ္ခဲ့တယ္၊ ဒါေပမယ့္ ညီမမေျပာရဲဘူး ညီမကို ခြင့္လႊတ္နိုင္မလား"

ဒီေဆးေၾကာင့္ မူလပိုင္ရွင္ ေသဆုံးသြားတာကို ေတြးရင္း စစ္ဟြိုင္ရွီးရဲ႕ မ်က္လုံးေတြက ေအးစက္လာသည္။ မူလပိုင္ရွင္အတြက္ ဒီလူေတြကို ဘယ္ေတာ့မွ ခြင့္မလႊတ္နိုင္ဘူး၊ မူလပိုင္ရွင္ကို ေသတဲ့အထိ အဆင့္ဆင့္ တြန္းပို႔ခဲ့တဲ့သူေတြပဲ စုန္းေရွာင္ေမလည္း အပါအဝင္ပဲ..

"အစ္ကို ညီမကို ခြင့္မလႊတ္ခ်င္ဘူးလားဟင္  မေန႕ညက အစ္ကိုလြတ္ေျမာက္ခဲ့တယ္၊ ဒါေပမယ့္ ဒီေန႕ လီက်ဳံးက ညီမကို အဲဒီဆူၿဖိဳးတဲ့ဝက္ေသေကာင္ဆီ အတင္းထိုးေကြၽးလိုက္တယ္၊ ဒီေကာင္က တဏွာ႐ူးတစ္ေယာက္ဆိုတာ အစ္ကိုသိမွာပါ တခ်ိဳ႕လူေတြလည္း ရွိေနတယ္ ၿပီးေတာ့ သီးသန႔္ ဗီဒီယိုေတြေတာင္ ရိုက္ၾကတယ္ ညီမအျပင္ေတာင္မထြက္ရဲေတာ့ဘူး..ညီမေသလိမ့္မယ္"

"ဒါဆို ရဲကိုဖုန္းဆက္ေပါ့"

Si Huaixi က ေအးစက္စြာေျပာသည္။

  "ညီမ ရဲကိုေခၚလို႔မရဘူး  လီက်ဳံးက အရက္ေသာက္ၿပီး ညီမရဲ႕ ညစ္ညမ္းဓာတ္ပုံေတြ ျဖန့္ခဲ့မယ္ဆိုရင္ ညီမမိဘေတြ မ်က္ႏွာပ်က္သြားလိမ့္မယ္၊ လူတိုင္းက ညီမကိုညစ္ပတ္တဲ့ မိန္းကေလးလို႔ ထင္ၾကလိမ့္မယ္.."

စစ္ဟြိုင္ရွီး တိတ္ဆိတ္စြာပဲ နားေထာင္ေနခဲ့တယ္..

"ညီမ ေက်ာင္းကသူငယ္ခ်င္းေတြကိုလည္း ေဖ်ာ္ေျဖေရးနယ္ပယ္မွာ ၾကယ္ပြင့္ျဖစ္ေတာ့မယ္လို႔ ႂကြားခဲ့တာ အခုဒီအေျခအေနကို သိသြားၾကရင္  သူတို႔ရယ္တာကို ခံရတာထက္ ညီမေသရတာ ပိုသေဘာက်တယ္.."

စစ္ဟြိုင္ရွီးလည္း မ်က္ခုံးကို အသာကုတ္တာ..

"ဒါဆို မင္းဘာလိုခ်င္လို႔ ငါ့ဆီဖုန္းဆက္ရတာလဲ..ဘာလိုလဲ.."

စုန္းေရွာင္ေမသည္ Jinyao Entertainment Company ရဲ႕ ေခါင္မိုးေပၚရွိ လက္ရန္းတြင္ ရပ္ေနခဲ့ၿပီး သူမေအာက္တြင္ စုေဝးေနသည့္ ရဲမ်ားကို ၾကည့္လိုက္ရာ သူမသည္ စိတ္လႈပ္ရွားတဲ့ ခံစားခ်က္အျပင္ ဝမ္းနည္းပူေဆြးျခင္းကိုလည္း ခံစားခဲ့ရသည္။ စုန္းေရွာင္ေမသည္ သူမရဲ႕မ်က္လုံးမ်ားတြင္ မ်က္ရည္မ်ားႏွင့္အတူ ဖုန္းကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ကာ..

"အစ္ကိုစစ္ ညီမကိုကူညီပါေနာ္.."

အခုအခ်ိန္တြင္ စစ္ဟြိုင္ရွီးသည္ တီဗီကိုဖြင့္လိုက္ ရာ ေဖ်ာ္ေျဖေရးကုမၸဏီတစ္ခုတြင္ အမ်ိဳးသမီးတစ္ဦးသည္အေဆာက္အအုံမွ ခုန္ခ်ရန္ ႀကံဟည္ေနေသာ သတင္းကို ေတြ႕လိုက္ရသည္။ တိုက္ရိုက္ ဗီဒီယိုတြင္ ေလထဲတြင္ လြင့္ပ်ံေနေသာ စကတ္ဝတ္ထားေသာ မိန္းကေလးမွာ စုန္းေရွာင္ေမ ျဖစ္ေနသည္။

"အစ္ကိုရဲ႕ ဝိုင္ထဲမွာ အဲ့အဆီမ်ားေနတဲ့ Boss Chenက ေဆးထည့္ေပ့မယ္ေနာက္ပိုင္းမွာ အဲ့ယုတ္မာတဲ့လီက်ဳံးက အစ္ကို႔ရဲ႕ ဝိုင္ထဲကို ေဆးထပ္ထည့္ေနတာ ညီမေတြ႕လိုက္ရတယ္.."

စစ္ဟြိုင္ရွီးသည္ ခဏေလာက္ မ်က္ေတာင္ခဏခဏဖ်တ္လိုက္သည္။  မူလပိုင္ရွင္က ေဆးအလြန္အကြၽံေသာက္ျခင္းေၾကာင့္ ႏွလုံးေသြးေၾကာပိတ္ေသဆုံးသြားသည္မွာ အံ့ဩစရာမရွိေတာ့.. Boss Chenက စကားမေျပာေလာက္ေအာင္ မူးယစ္ေနတဲ့ ၾကယ္ပြင့္ေလးတစ္ပြင့္ကိုပဲ လိုခ်င္ခဲ့တာ.. ရည္႐ြယ္ခ်က္မွာ လူတစ္ဦးကို သတ္မည့္အစား အတူကစားရန္သာျဖစ္ၿပီး ထိုကဲ့သို႔ေသာျပင္းထန္ေသာေဆးမ်ားကို လုံးဝထည့္ထားမည္မဟုတ္ေပ။ မေမွ်ာ္လင့္ဘဲ မူလပိုင္ရွင္ကို အမွန္တကယ္ သတ္ခဲ့သူမွာ ယုတ္ညံ့ၿပီး ရက္စက္ၾကမ္းၾကဳတ္ေသာ လီက်ဳံးျဖစ္ေနတာပဲ...

"အစ္ကိုစစ္ သူတို႔ကို လက္စားေခ်ဖိဳ႕ ကူညီေပးပါ.. အစ္ကို အဲဒီလူ လီက်ဳံးကို မုန္းတယ္ မဟုတ္လား.. ညီမေသၿပီးရင္ အစ္ကိုက လီက်ဳံး နဲ႕ တျခားလူေတြအားလုံးကို ညီမအတြက္ ေထာင္ထဲထည့္ၿပီး အရွက္ကြဲေစေအာင္ လုပ္ေပးပါ.."

စုန္းေရွာင္ေမက ေဒါသတႀကီးနဲ႕ ဖုန္းထဲကေန ေအာ္ေျပာလိုက္ၿပီး စစ္ဟြိုင္ရွီးကေတာ့ သူမရင္ထဲက တုန္လႈပ္ေခ်ာက္ခ်ားတဲ့ အေတြးေတြကို စိတ္သက္သာသြားေအာင္ ေျပာေနလိုက္တယ္..

"ငါလက္စားေခ်မွာပါ.. ဒါေပမယ့္ ငါ့အတြက္ပဲ"

"ဘာကို ေျပာခ်င္တာလဲ.."

သူမကို အေနာက္ကေန ခုန္မခ်ရန္ စိတ္ေအးေအးထားဖို႔ ျဖားေယာင္းေသြးေဆာင္တဲ့ ရဲတစ္ေယာက္က သူ႕မေနာက္လို႔ ေရာက္လာေနၿပီ..

"အသက္ရွင္ေအာင္ေနၿပီး ကိုယ္တိုင္အတြက္ လက္စားေခ်လိဳက္"

စုန္းေရွာင္ေမက မ်က္လုံးကိုကိုပိတ္လိုက္ၿပီး ပါးစပ္ကို က်ယ္က်ယ္ဖြင့္ကာ..

"ဒါေပမယ့္ ညီမမလုပ္နိုင္ဘူး..."

သူမ မလုပ္နိုင္ခဲ့ရင္ သူမ အခုေရာက္ေနတဲ့ေနရာက အေကာင္းဆုံးအေျဖပဲ...

စုန္းေရွာင္ေမ  မ်က္လုံးမ်ားကိုမွိတ္ထားၿပီးအစြန္းရွိ လက္ရန္းေပၚတြင္ ေျခေထာက္တစ္ဖတ္ကို ေရွ႕ဆက္တိုးလိုက္ေတာ့  ဆူညံေသာအသံမ်ားက..တခဏအတြင္း ေပၚလာခဲ့တယ္..

စိမ္းလန္းၿပီး ေပါ့ေပါ့ပါးပါးအခ်ိန္ကာလသို႔ ျပန္ေရာက္သြားသလိုမ်ိဳး၊ သူမရဲ႕ နားထဲမွာ ဆူညံေနေသာ အသံမ်ားက ထူးထူးျခားျခား တိတ္ဆိတ္သြားကာ၊ သူမရဲ႕ အတန္းေဖာ္ေတြနဲ႕ ရယ္ေမာေပ်ာ္႐ႊင္မႈေတြ၊

ဒီလိုျဖစ္လာရင္ သူမဟာ ေက်ာင္းဆက္တက္ေတာ့မွာ ေသခ်ာၿပီး ေဖ်ာ္ေျဖေရးနယ္ပယ္ႀကီးထဲဘယ္ေတာ့မွ မဝင္ျဖစ္ေတာ့ဘူး ေျခေထာက္ကို ျမႇောက္ၿပီး ေလထဲသို႔ တစ္ဝက္တစ္ပ်က္ လွမ္းလိုက္တယ္..

စုန္းေရွာင္ေမရဲ႕ဖုန္းထဲက ေအးစက္ၿပီး ဆြဲေဆာင္သလိူျဖစ္ေနေသာ အမ်ိဳးသားအသံတစ္ခု ထြက္ေပၚလာသည္။

".အေနာက္ကို ျပန္လွည့္လိုက္..."

စုန္းေရွာင္ေမသည္ ႐ုတ္တရက္ မ်က္လုံးပြင့္လာၿပီး တစ္စုံတစ္ခုက သူမကို ထိန္းခ်ဳပ္ထားသလိုမ်ိဳး မ်က္လုံးမ်ားက အသက္မဲ့သြားကာ ေလထဲကို လွမ္းတက္သြားေသာ သူမရဲ႕ ေျခေထာက္မ်ားလည္း ႐ုတ္တရတ္ ရပ္သြားခဲ့သည္။

"မင္းေျခေထာက္ေတြကို ေျမႀကီးေပၚျပန္ခ်လိဳက္..."

သူမ႐ုပ္တရက္ပဲ အသိဝင္လာခဲ့ကာ..

သူ႕မေနာက္က ရဲေတြက...

မင္းမွာ ေျပာစရာရွိရင္ ေျပာလို႔ရတယ္ သတ္ေသစရာမလိုပါဘူး.. မင္းက ဘြဲ႕မရေသးတဲ့ ေကာလိပ္ေက်ာင္းသူတစ္ေယာက္ပဲ ရွိေသး တယ္၊ ေတာက္ပတဲ့ အနာဂတ္က မင္းကိုေစာင့္ေနတယ္.. မင္းမိဘေတြ မၾကာခင္ ေရာက္လာေတာ့မယ္.. သူတို႔ မင္းကို အရမ္း စိတ္ပူေနတာ..."

စုန္းေရွာင္ေမဟာ ႐ုပ္ေသး႐ုပ္လိုျဖစ္ေနတာကေန  ရွိုက္ႀကီးတငင္ငိုခ်လိဳက္ၿပီး အေနာက္ကိုလွည့္ကာ ၾကမ္းျပင္ေပၚကို ခုန္လိုက္ကာ  ရဲေတြဘက္သို႔ ျဖည္းညွင္းစြာ ေလွ်ာက္သြားလိုက္တယ္..

သင္တန္းသားရဲတစ္ဦးက စုန္းေရွာင္ေမကို မ်က္ႏွာသုတ္ပုဝါျဖင့္ ခ်က္ခ်င္းထုပ္ပိုးလိုက္ၿပီး ရဲတပ္သားအားလုံးက သတ္ေသရန္ႀကိဳးပမ္းခဲ့ေသာ မိန္းကေလးကို နားခ်နိဳင္ခဲ့သည္ထင္ၿပီး ေပ်ာ္႐ြင္ေနၾကေလသည္။

TV ေရွ႕မွာထိုင္ေနတဲ့ စစ္ဟြိုင္ရွီးက တင္းၾကပ္ေနေအာင္ မ်က္ေမွာင္ၾကဳတ္ၿပီး သူ႕မ်က္ႏွာက အံ့ဩစရာေကာင္းေလာက္ေအာင္ ျဖဴေဖ်ာ့ေနသည္။ ေအးစက္ေနတဲ့ ေခြၽးေတြက သူ႕နဖူးေပၚေရာ ဆံပင္ေတြပါ စို႐ႊဲေနၿပီး သူ႕ ႏႈတ္ခမ္းေတြက ပိုျဖဴလာတယ္..

စုန္းေရွာင္ေမကို တိုက္ရိုက္ထုတ္လႊင့္မႈတြင္ ကယ္တင္ခံရတာ ေသခ်ာမွ စစ္ဟြိုင္ရွီးသည္ သူရဲ႕စိတ္ထိန္းခ်ဳပ္မႈကို ရပ္တန႔္လိုက္ၿပီး ခုံေပၚတြင္ အားေပ်ာ့စြာ မွီကာ ေတာက္ပေနေသာ ပင္လယ္ျပာမ်က္လုံးမ်ားက ႏြမ္းလ်ေနေသာ ျမစ္ၾကမ္းျပင္ကဲ့သို႔ ပင္ပန္းႏြမ္းနယ္ေနခဲ့သည္။

ဒီခႏၶာကိုယ္က စစ္ဟြိုင္ရွီးရဲ႕ အရင္ဘဝအဆင့္ကိုမေရာက္ေသးေသာ္လည္း သူရဲ႕စိတ္စြမ္းအားကို အျမန္အသုံးျပဳကာ စုန္းေရွာင္ေမရဲ႕ စိတ္ကို ဖုန္းကေန အေဝးထိန္းစနစ္ျဖင့္ပင္ ထိန္းခ်ဳပ္ခဲ့သည္။

လူသားတစ္ဦးကို ထိန္းခ်ဳပ္ျခင္းက ဉာဏ္မရွိေသာဖုတ္ေကာင္ကိုထိန္းခ်ဳပ္ျခင္းထက္ မ်ားစြာခက္ခဲတယ္။ ကံေကာင္းေထာက္မစြာျဖင့္ေနာက္ဆုံးတြင္ ကယ္ဆယ္နိုင္ခဲ့ၿပီး မူလပိုင္ရွင္ရဲ႕ ေသဆုံးမႈ အမွန္တရားကိုေတာင္ သိခဲ့ရတယ္..

စစ္ဟြိုင္ရွီးရဲ႕ ရင္ဘတ္က တင္းၾကပ္လာကာလဲက်သြားေသာ္လည္း သတိရွိေနခဲ့ေသးသည္။ သူ႕ခႏၶာကိုယ္ေပၚတြင္ ႀကီးမားေသာ ေသြးယိုစီးမႈတစ္ခုျဖစ္ေနေသာ္လည္း ဒါက ထိုက္တန္ပါတယ္။

က်ဥ္းေျမာင္းေသာ မ်က္လုံးမ်ားႏွင့္ အမ်ိဳးသားတစ္ဦး၏ ပုံရိပ္ကို သတိရလာသည္။
မူလပိုင္ရွင္ကို သတ္ခဲ့တဲ့ မန္ေနဂ်ာ လီက်ဳံး..

စစ္ဟြိုင္ရွီရဲ႕ မ်က္လုံးမ်ားတြင္ ေအးစက္ေသာ အလင္းေရာင္တစ္ခု လင္းလက္လာသည္။





ဖုန္းေဘဖိုးေလးရေအာင္ paid gp ဖြဲ႕ခ်င္လိုက္တာ..

Continue Reading

You'll Also Like

12.1K 1.7K 25
သူက အရမ်း ချွဲလွန်းတယ် ပိုင်ချန် book 2ပါရှင့်
1.6M 96.8K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
3.2M 186K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
24.2K 2.2K 27
တောခပ်ကျကျ 俗不可耐 作者:三更雨 Money boy bl type ဖြစ်တာကြောင့် စကားလုံးတွေ သိပ်မယဉ်ပါဘူး မီးနီနဲ့ ဇတ်လမ်းနဲ့ မျှချေပါ လက်မခံနိုင်သူများ လက်ရှောင်နိုင်ပါတယ...