Unicode
ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်
အပိုင်း ၄၇
ကားက နောက်ဆုံးလမ်းကို လှည့်ပြီး အိမ်တံခါးဝမှာ ရပ်ခဲ့သည်။ ချင်ကောက နောက်ခုံဆီသွားကာ အိပ်ပျော်နေပြီဖြစ်တဲ့ ဖေးဖေးကို ချီသွားခဲ့သည်။ ဝူထုန်က ဖေးဖေး အခန်းဆီ အရင်သွားခဲ့ပြီး မီးဖွင့်ပြီးနောက် စောင်ကို ဖြန့်ကာ ချင်ကော ကလေးကို ဂရုတစိုက်ချပေးပြီးနောက် ဝူထုန််က စောင် ပြန်ခြုံပေးခဲ့သည်။
ချင်ကောက ဝူထုန်ရဲ့ နူးညံ့သိမ်မွေ့တဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြီး သူ့စိတ်ထဲ အနည်းငယ် ကသိကအောက်ဖြစ်လာသည်။ အကြောင်းအရာ တစ်ဝက်တစ်ပျက်မှာ ဝူထုန် ရုတ်တရက် တိတ်ဆိတ်သွားသည်။ ချင်ကောက ဝူထုန် ဘာတွေတွေးနေမှန်း မသိပေမယ့် ဒီခံစားချက်ကို သူ မကြိုက်ဘူး။
နှစ်ယောက်သား ဖေးဖေး အခန်းထဲက ထွက်တဲ့အခါ ချင်ကောက ဝူထုန့် လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမကို အတင်းဆွဲခေါ်သွားခဲ့သည်။
"ရှင်ဘာလုပ်နေတာလဲ" ဒီလူ ဘာကြောင့် ရုတ်တရက် ရူးနေတာလဲ?
"ကြောက်နေတာလား" ချင်ကော မေးလိုက်သည်။
"ဘာကိုကြောက်ရမှာလဲ" ဝူထုန် ပဟေဠိဖြစ်သွားသည်။
"ကိုယ် အဲ့လို မလုပ်ဘူး... မင်းကို ဘယ်တော့မှ နာကျင်အောင်မလုပ်ဘူး" ချင်ကောက ဝူထုန်ကို စိတ်အားထက်သန်စွာ ကြည့်ပြီး "ကိုယ် ကိုယ့်ကိုယ်ကို မထိန်းနိုင်ရင် ကိုယ် လက်ထပ်မှာ မဟုတ်ဘူး" လို့ပြောလိုက်သည်။
တစ်ယောက်နဲ့တစ်ယောက် ပိုအဆင်ပြေလာတာနဲ့အမျှ ဝူထုန်လည်း ဒီလူရဲ့ဒေါသကို တဖြည်းဖြည်းနားလည်လာခဲ့သည်။ သူပျော်နေချိန်မှာ သူဘာလုပ်ခဲ့တယ်ဆိုတာ အရေးမကြီးဘူး။ ဒေါသထွက်နိုင်တယ် ဒါမှဟုတ် သူမကို လျစ်လျူရှုလို့ရတယ်။ ဒါပေမယ့် ဒီလူက သူမကို ဒီလိုအမူအရာနဲ့ကြည့်လာတဲ့အချိန် သူ့ဆံပင်တွေကို သူမ ထိလိုက်မိသည်။
ပြတ်ပြတ်သားသား ရိုင်းရိုင်းပျပျ ချော့ချင်သည်။ "ကျွန်မသိပါတယ် ရှင့်ကို ယုံတယ်" ဝူထုန် တခဏမျှ တုံ့ဆိုင်းသွားပြီး ရှေ့ကို ကိုင်းကာ သူ့ နှုတ်ခမ်းထောင့်ကို ညင်သာစွာ နမ်းလိုက်သည်။
ထိုအမျိုးသားရဲ့ အသက်ရှုသံကို ခံစားလိုက်ရသဖြင့် ဆုပ်ကိုင်ထားတဲ့ လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ကာ "လေယာဉ်ပေါ်မှာ တစ်ရက်လုံး မစောင့်နိုင်ခဲ့ဘူး" လို့ ပြောလိုက်သည်။
" ပင်ပန်းနေပြီ စောစောအိပ်ရအောင်"
"အတူတူသွားရအောင်" ချင်ကောက တခဏချင်း ပျော်ရွှင်လာပြီး ဝူထုန်ရဲ့ အာမေဋိတ်သံကြားမှ သူမကို အိပ်ယာပေါ် သယ်ဆောင်သွားခဲ့သည်။
နောက်တစ်နေ့မနက်၌
ချင်ကောက Rubik's cube နဲ့ ကစားနေတဲ့ ဖေးဖေးရဲ့ နောက်ဘက်တွင် ရှိနေကာ ခြံထဲတွင် ဒိုက်ထိုးနေသည်။ သားအဖနှစ်ယောက်က သူတို့ဖာသာ သူတို့ လုပ်ချင်နေတာကို လုပ်ကြပြီး အရမ်းလိုက်ဖက်ညီပုံရသည်။
"မနက်စာစားကြမယ် လာခဲ့တော့ " ဝူထုန်က ဆန်ပြုတ်ကို ရိုးရိုးရှင်းရှင်း ပြုတ်ထားပြီး ခြံတံခါးဝတွင် မုန့်ပေါင်းနှင့် ဆားရည်စိမ်အနည်းငယ်ဝယ်ခဲ့သည်။ မနက်စာက အဆင်သင့်ဖြစ်နေပြီ။
ဝူထုန် စကားပြောပြီးခါနီးတွင် ဖေးဖေးက နာခံစွာဖြင့် ခုန်ဆင်းခဲ့သည်။ ချင်ကောက ချွေးတွေရွှဲနေကာ မတ်တပ်ထရပ်ပြီး ဖေးဖေးကိုဦးဆောင်ကာ အခန်းထဲ ခေါ်သွားခဲ့သည်။
ချွေးအလွန်ထွက်နေတဲ့ လူကိုမြင်လိုက်ရတော့ ဝူထုန် ရေချိုးခန်းထဲ သွားကာ ပုဝါတစ်ထည်ကိုယူပြီး ချွေးတွေ သုတ်ပေးရင်း ညည်းခဲ့သည်။ “ဘာလို့ ချွေးမသုတ်တာလဲ အအေးပတ်သွားလိမ့်မယ်”
ချင်ကောက ပြုံးပြီး "လူတိုင်းက မိန်းမယူတာ ကောင်းတယ်လို့ ထင်ကြတာ မဆန်းတော့ဘူး "
"ရှင့်ဘာသာ သုတ်တော့ " ဝူထုန်က ထိုလူရဲ့ မျက်လုံးထဲက ပူလောင်မှုကို မခံနိုင်တော့ပေ။ အခုမှ မနက်အစောကြီးပဲ ရှိသေးတာကို။
"မလုပ်နိုင်ဘူး၊ မင်းပဲ သုတ်ပေး။ စကားမစပ် ကိုယ့်ရဲ့ ရင်ဘတ်ကြွက်သားတွေကို ထိလို့ရတာပေါ့ " ချင်ကောက ရှေ့ကိုကိုင်းကာ ပြုံးပြခဲ့သည်။
"ရှင်....." ဝူထုန်က ခေါင်းငုံ့ပြီး ဆန်ပြုတ်သောက်နေတဲ့ ဖေးဖေးကို ငုံ့ကြည့်ပြီး စိတ်ဆိုးစွာပြောလိုက်သည်။ "အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့။ ဖေးဖေးကို မကောင်းတာတွေ သင်ပေးမိမယ် သတိထားနေ "
"သူဘာသိမှာလဲ" ချင်ကောက အဲ့ဒါကို မထီမဲ့မြင်ပြုခဲ့သည်။
ဖေးဖေးက တိတ်တဆိတ် ခေါင်းမော့ပြီး တစ်ယောက်ကိုတစ်ယောက်ရွဲ့နေကြတဲ့ လူနှစ်ယောက်ကို ကြည့်လိုက်သည်။ သူကြားနေရတယ်ဆိုတာကို သက်သေပြဖို့ စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းငုံ့လိုက်ပြန်သည်။
ဝူထုန်က ရှက်ကိုးရှက်ကန်းနဲ့ ထိုလူကို တွန်းထုတ်လိုက်ပြီး သူမဘာသာသူမ မနက်စာစားဖို့ ထိုင်လိုက်ကာ မနက်စောစော သွေးပူနေတဲ့ ယောက်ျားကို အာရုံစိုက်ဖို့ အစီအစဉ်မရှိတော့ပေ။
ချင်ကော သူ့တစ်ကိုယ်လုံးက ချွေးတွေကို အားရပါးရ သုတ်လိုက်ပြီး ဝူထုန်ဘေးတွင် ရဲရဲတင်းတင်း ထိုင်ကာ မုန့်ပေါင်းကို ဗြောင်ကျကျ စားကာ "ငါ့မိန်းမရဲ့ မနက်စာက အရသာရှိလိုက်တာ" လို့ ချီးမွမ်းလိုက်သည်။
"မုန့်ပေါင်းတွေက ဝယ်ထားတာ" လို့ ဝူထုန် တိတ်ဆိတ်စွာပြောလိုက်သည်။
"ဒါကြောင့်မို့ အရမ်းအရသာရှိနေတာကိုး မဆန်းတော့ဘူး။ ဘာပဲဖြစ်ဖြစ် ငါ့မိန်းမ ဝယ်လာတဲ့ဟာပဲ" သူစကားပြောပြီး နောက်တစ်ခုကို ပါးစပ်ထဲ ထည့်လိုက်သည်။
ဝူထုန် ပြောစရာ စကားမဲ့သွားပြီး မျက်ဖြူလှန်ပြလိုက်သည်။
မနက်စာစားပြီးတဲ့ ဝူထုန်က သမားရိုးကျဆန်တဲ့ အ၀တ်အစားတွေလဲပြီး ချင်ကောရဲ့တောင်းဆိုမှုကို ပယ်ချကာ အပြင်ထွက်ခဲ့သည်။ ချင်ကောက ဧည့်ခန်းထဲ ထိုင်ကာ Rubik's Cube ကစားနေသည့် ဖေးဖေးကို လှမ်းကြည့်လိုက်ပြီး "မင်းအမေ ဘာလို့အလုပ်လုပ်ဖို့သွားတာလဲ "လို့ပြောလိုက်သည်။
ထုံးစံအတိုင်း ဖေးဖေးက သူ့ရူးနေတဲ့အဖေကို အာရုံမစိုက်ချင်ပေ။
"ထားလိုက်ပါ၊ အိမ်ပြန်အိပ်ရအောင်" ချင်ကောက အခန်းထဲပြန်သွားကာ တံခါးကို လော့ခ်ချလိုက်ပြီး "မင်းအပြင်ထွက်ချင်ရင် အဖေ့ကို လှုပ်နှိုးလိုက်" လို့ပြောလိုက်သည်။
ဝူထုန် အိမ်မှ ထွက်သွားပြီးနောက် ချင်ကောက ဦးစွာ အိပ်စက်ရန် စီစဉ်ခဲ့သည်။ မြို့တော် N က အချိန်ကိုရေတွက်ရလျဖျင် ချင်ကော သုံးရက်တိုင်တိုင် ကောင်းကောင်းမအိပ်ခဲ့ရပေ။ တခြားသူတွေနဲ့ ယှဉ်ရင် ချင်ကောက ဖေးဖေးနဲ့ အတူရှိစဉ်မှာ ပိုပြီး စိတ်အေးလက်အေး ရှိပြီး သူ အိပ်ပျော်သွားချိန် သူ့ဘေးမှာ ထားနိုင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်က ဖေးဖေးမို့လို့ပဲ။
မနက်ခင်းမှာ တရေးအိပ်ပြီး နေ့လည်ခင်းမှာ ဒေါက်တာလီနဲ့ချိန်းထားကာ ညနေမှာ အလုပ်သွားနေတဲ့ သူ့မိန်းမကို သွားကြိုမည်။
== == ==
ဝူထုန် ရုံးခန်းထဲ ဝင်ပြီးချင်းမှာပဲ လီမင်က တားဆီးခဲ့သည်။ လီမင်က ဝူထုန့ကို သူမလက်ဖြင့် ဆိုဖာပေါ် ဖိချလိုက်ကာ "ငါ့ကို ရိုးရိုးသားသားပြော "
"နင် မနက်အစောကြီး ဘာလုပ်နေတာလဲ"
"နင့်မှာ ဘာရှင်းပြစရာရှိသေးလဲ..." လီမင်က ဒေါသအရမ်းထွက်ပြီး သူမတစ်ကိုယ်လုံး ဝူထုန် ရဲ့ ခန္ဓာကိုယ်ပေါ်ကို ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ ဝူထုန်က သူမရဲ့ ဆယ်စင်တီမီတာမြင့်တဲ့ ဒေါက်ဖိနပ် နဲ့တက်နင်းခံရမှာ တကယ် ကြောက်တာကြောင့် သူမ အချစ်ဆုံးသူငယ်ချင်းရဲ့ ပခုံးကိုပင့်တင့်ဖို့ လျင်မြန်စွာ လက်လှမ်းလိုက်သည်။ သူမကိုင်ထားရင် ကိစ္စမရှိဘူး၊ လီမင် ချက်ချင်းဆိုသလို ပေါက်ကွဲသွားပြီး ဝူထုန်ရဲ့ ညာလက်က လက်စွပ်ကို လက်ညှိုးထိုးပြပြီး အော်ဟစ်လိုက်သည်။
"နင် လက်ထပ်ပြီးပြီလား "
ဝူထုန်က သူမ နားရွက်တွေကို ပေါ့ပေါ့ပါးပါး ဖုံးအုပ်လိုက်သည်။ လီမင်က သူမကို ဘယ်လို လွယ်လွယ်ကူကူ လွှတ်လိုက်နိုင်မလဲ။ ဝူထုန်ရဲ့ ညာလက်ကို ဆွဲယူပြီး လက်စွပ်ကို လက်ညှိုးထိုးကာ "ဘာဖြစ်သွားတာလဲ" ဟု မေးလိုက်သည်။
"ငါ လက်ထပ်ပြီးပြီ "ဝူထုန် ခဏလောက် စဉ်းစားပြီး ရိုးရိုးသားသား ဝန်ခံခဲ့သည်။
"တကယ် လက်ထပ်ပြီးပြီလား "
ဝူထုန် ဒါကို မခံနိုင်တော့ဘဲ အသံရဲ့ အရင်းအမြစ်ကို ပိတ်ဆို့လိုက်သည်။ "စိတ်အေးအေးထား၊ ငါ့ရဲ့ ရှင်းပြချက်ကို နားထောင်ပေး "
••••••••••
Zawgyi
ငါ့ခင္ပြန္းကို ေန႔တိုင္း အလိုလိုက္ေနရတယ္
အပိုင္း ၄၇
ကားက ေနာက္ဆုံးလမ္းကို လွည့္ၿပီး အိမ္တံခါးဝမွာ ရပ္ခဲ့သည္။ ခ်င္ေကာက ေနာက္ခုံဆီသြားကာ အိပ္ေပ်ာ္ေနၿပီျဖစ္တဲ့ ေဖးေဖးကို ခ်ီသြားခဲ့သည္။ ဝူထုန္က ေဖးေဖး အခန္းဆီ အရင္သြားခဲ့ၿပီး မီးဖြင့္ၿပီးေနာက္ ေစာင္ကို ျဖန္႔ကာ ခ်င္ေကာ ကေလးကို ဂ႐ုတစိုက္ခ်ေပးၿပီးေနာက္ ဝူထုန္္က ေစာင္ ျပန္ျခဳံေပးခဲ့သည္။
ခ်င္ေကာက ဝူထုန္ရဲ႕ ႏူးညံ့သိမ္ေမြ႕တဲ့ လႈပ္႐ွားမႈေတြကို ၾကည့္ၿပီး သူ႕စိတ္ထဲ အနည္းငယ္ ကသိကေအာက္ျဖစ္လာသည္။ အေၾကာင္းအရာ တစ္ဝက္တစ္ပ်က္မွာ ဝူထုန္ ႐ုတ္တရက္ တိတ္ဆိတ္သြားသည္။ ခ်င္ေကာက ဝူထုန္ ဘာေတြေတြးေနမွန္း မသိေပမယ့္ ဒီခံစားခ်က္ကို သူ မႀကိဳက္ဘူး။
ႏွစ္ေယာက္သား ေဖးေဖး အခန္းထဲက ထြက္တဲ့အခါ ခ်င္ေကာက ဝူထုန္႔ လက္ကို ဆုပ္ကိုင္လိုက္ၿပီး သူမကို အတင္းဆြဲေခၚသြားခဲ့သည္။
"႐ွင္ဘာလုပ္ေနတာလဲ" ဒီလူ ဘာေၾကာင့္ ႐ုတ္တရက္ ႐ူးေနတာလဲ?
"ေၾကာက္ေနတာလား" ခ်င္ေကာ ေမးလိုက္သည္။
"ဘာကိုေၾကာက္ရမွာလဲ" ဝူထုန္ ပေဟဠိျဖစ္သြားသည္။
"ကိုယ္ အဲ့လို မလုပ္ဘူး... မင္းကို ဘယ္ေတာ့မွ နာက်င္ေအာင္မလုပ္ဘူး" ခ်င္ေကာက ဝူထုန္ကို စိတ္အားထက္သန္စြာ ၾကည့္ၿပီး "ကိုယ္ ကိုယ့္ကိုယ္ကို မထိန္းႏိုင္ရင္ ကိုယ္ လက္ထပ္မွာ မဟုတ္ဘူး" လို႔ေျပာလိုက္သည္။
တစ္ေယာက္နဲ႔တစ္ေယာက္ ပိုအဆင္ေျပလာတာနဲ႔အမွ် ဝူထုန္လည္း ဒီလူရဲ႕ေဒါသကို တျဖည္းျဖည္းနားလည္လာခဲ့သည္။ သူေပ်ာ္ေနခ်ိန္မွာ သူဘာလုပ္ခဲ့တယ္ဆိုတာ အေရးမႀကီးဘူး။ ေဒါသထြက္ႏိုင္တယ္ ဒါမွဟုတ္ သူမကို လ်စ္လ်ဴ႐ႈလို႔ရတယ္။ ဒါေပမယ့္ ဒီလူက သူမကို ဒီလိုအမူအရာနဲ႔ၾကည့္လာတဲ့အခ်ိန္ သူ႕ဆံပင္ေတြကို သူမ ထိလိုက္မိသည္။
ျပတ္ျပတ္သားသား ႐ိုင္း႐ိုင္းပ်ပ် ေခ်ာ့ခ်င္သည္။ "ကြၽန္မသိပါတယ္ ႐ွင့္ကို ယုံတယ္" ဝူထုန္ တခဏမွ် တုံ႔ဆိုင္းသြားၿပီး ေ႐ွ႕ကို ကိုင္းကာ သူ႕ ႏႈတ္ခမ္းေထာင့္ကို ညင္သာစြာ နမ္းလိုက္သည္။
ထိုအမ်ိဳးသားရဲ႕ အသက္႐ႈသံကို ခံစားလိုက္ရသျဖင့္ ဆုပ္ကိုင္ထားတဲ့ လက္ေကာက္ဝတ္ကို လႈပ္ခါလိုက္ကာ "ေလယာဥ္ေပၚမွာ တစ္ရက္လုံး မေစာင့္ႏိုင္ခဲ့ဘူး" လို႔ ေျပာလိုက္သည္။
" ပင္ပန္းေနၿပီ ေစာေစာအိပ္ရေအာင္"
"အတူတူသြားရေအာင္" ခ်င္ေကာက တခဏခ်င္း ေပ်ာ္႐ႊင္လာၿပီး ဝူထုန္ရဲ႕ အာေမဋိတ္သံၾကားမွ သူမကို အိပ္ယာေပၚ သယ္ေဆာင္သြားခဲ့သည္။
ေနာက္တစ္ေန႔မနက္၌
ခ်င္ေကာက Rubik's cube နဲ႔ ကစားေနတဲ့ ေဖးေဖးရဲ႕ ေနာက္ဘက္တြင္ ႐ွိေနကာ ျခံထဲတြင္ ဒိုက္ထိုးေနသည္။ သားအဖႏွစ္ေယာက္က သူတို႔ဖာသာ သူတို႔ လုပ္ခ်င္ေနတာကို လုပ္ၾကၿပီး အရမ္းလိုက္ဖက္ညီပုံရသည္။
"မနက္စာစားၾကမယ္ လာခဲ့ေတာ့ " ဝူထုန္က ဆန္ျပဳတ္ကို ႐ိုး႐ိုး႐ွင္း႐ွင္း ျပဳတ္ထားၿပီး ျခံတံခါးဝတြင္ မုန္႔ေပါင္းႏွင့္ ဆားရည္စိမ္အနည္းငယ္ဝယ္ခဲ့သည္။ မနက္စာက အဆင္သင့္ျဖစ္ေနၿပီ။
ဝူထုန္ စကားေျပာၿပီးခါနီးတြင္ ေဖးေဖးက နာခံစြာျဖင့္ ခုန္ဆင္းခဲ့သည္။ ခ်င္ေကာက ေခြၽးေတြ႐ႊဲေနကာ မတ္တပ္ထရပ္ၿပီး ေဖးေဖးကိုဦးေဆာင္ကာ အခန္းထဲ ေခၚသြားခဲ့သည္။
ေခြၽးအလြန္ထြက္ေနတဲ့ လူကိုျမင္လိုက္ရေတာ့ ဝူထုန္ ေရခ်ိဳးခန္းထဲ သြားကာ ပုဝါတစ္ထည္ကိုယူၿပီး ေခြၽးေတြ သုတ္ေပးရင္း ညည္းခဲ့သည္။ “ဘာလို႔ ေခြၽးမသုတ္တာလဲ အေအးပတ္သြားလိမ့္မယ္”
ခ်င္ေကာက ျပဳံးၿပီး "လူတိုင္းက မိန္းမယူတာ ေကာင္းတယ္လို႔ ထင္ၾကတာ မဆန္းေတာ့ဘူး "
"႐ွင့္ဘာသာ သုတ္ေတာ့ " ဝူထုန္က ထိုလူရဲ႕ မ်က္လုံးထဲက ပူေလာင္မႈကို မခံႏိုင္ေတာ့ေပ။ အခုမွ မနက္အေစာႀကီးပဲ ႐ွိေသးတာကို။
"မလုပ္ႏိုင္ဘူး၊ မင္းပဲ သုတ္ေပး။ စကားမစပ္ ကိုယ့္ရဲ႕ ရင္ဘတ္ႂကြက္သားေတြကို ထိလို႔ရတာေပါ့ " ခ်င္ေကာက ေ႐ွ႕ကိုကိုင္းကာ ျပဳံးျပခဲ့သည္။
"႐ွင္....." ဝူထုန္က ေခါင္းငုံ႔ၿပီး ဆန္ျပဳတ္ေသာက္ေနတဲ့ ေဖးေဖးကို ငုံ႔ၾကည့္ၿပီး စိတ္ဆိုးစြာေျပာလိုက္သည္။ "အဓိပၸါယ္မ႐ွိတာေတြ မေျပာနဲ႔။ ေဖးေဖးကို မေကာင္းတာေတြ သင္ေပးမိမယ္ သတိထားေန "
"သူဘာသိမွာလဲ" ခ်င္ေကာက အဲ့ဒါကို မထီမဲ့ျမင္ျပဳခဲ့သည္။
ေဖးေဖးက တိတ္တဆိတ္ ေခါင္းေမာ့ၿပီး တစ္ေယာက္ကိုတစ္ေယာက္႐ြဲ႕ေနၾကတဲ့ လူႏွစ္ေယာက္ကို ၾကည့္လိုက္သည္။ သူၾကားေနရတယ္ဆိုတာကို သက္ေသျပဖို႔ စကားတစ္ခြန္းမွ မေျပာဘဲ ေခါင္းငုံ႔လိုက္ျပန္သည္။
ဝူထုန္က ႐ွက္ကိုး႐ွက္ကန္းနဲ႔ ထိုလူကို တြန္းထုတ္လိုက္ၿပီး သူမဘာသာသူမ မနက္စာစားဖို႔ ထိုင္လိုက္ကာ မနက္ေစာေစာ ေသြးပူေနတဲ့ ေယာက်္ားကို အာ႐ုံစိုက္ဖို႔ အစီအစဥ္မ႐ွိေတာ့ေပ။
ခ်င္ေကာ သူ႕တစ္ကိုယ္လုံးက ေခြၽးေတြကို အားရပါးရ သုတ္လိုက္ၿပီး ဝူထုန္ေဘးတြင္ ရဲရဲတင္းတင္း ထိုင္ကာ မုန္႔ေပါင္းကို ေျဗာင္က်က် စားကာ "ငါ့မိန္းမရဲ႕ မနက္စာက အရသာ႐ွိလိုက္တာ" လို႔ ခ်ီးမြမ္းလိုက္သည္။
"မုန္႔ေပါင္းေတြက ဝယ္ထားတာ" လို႔ ဝူထုန္ တိတ္ဆိတ္စြာေျပာလိုက္သည္။
"ဒါေၾကာင့္မို႔ အရမ္းအရသာ႐ွိေနတာကိုး မဆန္းေတာ့ဘူး။ ဘာပဲျဖစ္ျဖစ္ ငါ့မိန္းမ ဝယ္လာတဲ့ဟာပဲ" သူစကားေျပာၿပီး ေနာက္တစ္ခုကို ပါးစပ္ထဲ ထည့္လိုက္သည္။
ဝူထုန္ ေျပာစရာ စကားမဲ့သြားၿပီး မ်က္ျဖဴလွန္ျပလိုက္သည္။
မနက္စာစားၿပီးတဲ့ ဝူထုန္က သမား႐ိုးက်ဆန္တဲ့ အ၀တ္အစားေတြလဲၿပီး ခ်င္ေကာရဲ႕ေတာင္းဆိုမႈကို ပယ္ခ်ကာ အျပင္ထြက္ခဲ့သည္။ ခ်င္ေကာက ဧည့္ခန္းထဲ ထိုင္ကာ Rubik's Cube ကစားေနသည့္ ေဖးေဖးကို လွမ္းၾကည့္လိုက္ၿပီး "မင္းအေမ ဘာလို႔အလုပ္လုပ္ဖို႔သြားတာလဲ "လို႔ေျပာလိုက္သည္။
ထုံးစံအတိုင္း ေဖးေဖးက သူ႕႐ူးေနတဲ့အေဖကို အာ႐ုံမစိုက္ခ်င္ေပ။
"ထားလိုက္ပါ၊ အိမ္ျပန္အိပ္ရေအာင္" ခ်င္ေကာက အခန္းထဲျပန္သြားကာ တံခါးကို ေလာ့ခ္ခ်လိုက္ၿပီး "မင္းအျပင္ထြက္ခ်င္ရင္ အေဖ့ကို လႈပ္ႏိႈးလိုက္" လို႔ေျပာလိုက္သည္။
ဝူထုန္ အိမ္မွ ထြက္သြားၿပီးေနာက္ ခ်င္ေကာက ဦးစြာ အိပ္စက္ရန္ စီစဥ္ခဲ့သည္။ ၿမိဳ႕ေတာ္ N က အခ်ိန္ကိုေရတြက္ရလ်ဖ်င္ ခ်င္ေကာ သုံးရက္တိုင္တိုင္ ေကာင္းေကာင္းမအိပ္ခဲ့ရေပ။ တျခားသူေတြနဲ႔ ယွဥ္ရင္ ခ်င္ေကာက ေဖးေဖးနဲ႔ အတူ႐ွိစဥ္မွာ ပိုၿပီး စိတ္ေအးလက္ေအး ႐ွိၿပီး သူ အိပ္ေပ်ာ္သြားခ်ိန္ သူ႕ေဘးမွာ ထားႏိုင္တဲ့ တစ္ဦးတည္းေသာ ပုဂၢိဳလ္က ေဖးေဖးမို႔လို႔ပဲ။
မနက္ခင္းမွာ တေရးအိပ္ၿပီး ေန႔လည္ခင္းမွာ ေဒါက္တာလီနဲ႔ခ်ိန္းထားကာ ညေနမွာ အလုပ္သြားေနတဲ့ သူ႕မိန္းမကို သြားႀကိဳမည္။
== == ==
ဝူထုန္ ႐ုံးခန္းထဲ ဝင္ၿပီးခ်င္းမွာပဲ လီမင္က တားဆီးခဲ့သည္။ လီမင္က ဝူထုန႔ကို သူမလက္ျဖင့္ ဆိုဖာေပၚ ဖိခ်လိုက္ကာ "ငါ့ကို ႐ိုး႐ိုးသားသားေျပာ "
"နင္ မနက္အေစာႀကီး ဘာလုပ္ေနတာလဲ"
"နင့္မွာ ဘာ႐ွင္းျပစရာ႐ွိေသးလဲ..." လီမင္က ေဒါသအရမ္းထြက္ၿပီး သူမတစ္ကိုယ္လုံး ဝူထုန္ ရဲ႕ ခႏၶာကိုယ္ေပၚကို ျပဳတ္က်လုနီးပါး ျဖစ္သြားသည္။ ဝူထုန္က သူမရဲ႕ ဆယ္စင္တီမီတာျမင့္တဲ့ ေဒါက္ဖိနပ္ နဲ႔တက္နင္းခံရမွာ တကယ္ ေၾကာက္တာေၾကာင့္ သူမ အခ်စ္ဆုံးသူငယ္ခ်င္းရဲ႕ ပခုံးကိုပင့္တင့္ဖို႔ လ်င္ျမန္စြာ လက္လွမ္းလိုက္သည္။ သူမကိုင္ထားရင္ ကိစၥမ႐ွိဘူး၊ လီမင္ ခ်က္ခ်င္းဆိုသလို ေပါက္ကြဲသြားၿပီး ဝူထုန္ရဲ႕ ညာလက္က လက္စြပ္ကို လက္ညိႇဳးထိုးျပၿပီး ေအာ္ဟစ္လိုက္သည္။
"နင္ လက္ထပ္ၿပီးၿပီလား "
ဝူထုန္က သူမ နား႐ြက္ေတြကို ေပါ့ေပါ့ပါးပါး ဖုံးအုပ္လိုက္သည္။ လီမင္က သူမကို ဘယ္လို လြယ္လြယ္ကူကူ လႊတ္လိုက္ႏိုင္မလဲ။ ဝူထုန္ရဲ႕ ညာလက္ကို ဆြဲယူၿပီး လက္စြပ္ကို လက္ညိႇဳးထိုးကာ "ဘာျဖစ္သြားတာလဲ" ဟု ေမးလိုက္သည္။
"ငါ လက္ထပ္ၿပီးၿပီ "ဝူထုန္ ခဏေလာက္ စဥ္းစားၿပီး ႐ိုး႐ိုးသားသား ဝန္ခံခဲ့သည္။
"တကယ္ လက္ထပ္ၿပီးၿပီလား "
ဝူထုန္ ဒါကို မခံႏိုင္ေတာ့ဘဲ အသံရဲ႕ အရင္းအျမစ္ကို ပိတ္ဆို႔လိုက္သည္။ "စိတ္ေအးေအးထား၊ ငါ့ရဲ႕ ႐ွင္းျပခ်က္ကို နားေထာင္ေပး "
#7.8.2023