ယုန်လေး က သားပေါက်လေးကို ပျို...

By Kyiphyuswe

31.5K 4.1K 61

ယုန်လေး က သားပေါက် လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး! (BL translation) Little rabbit, he can't afford to ra... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2.2)
အပိုင်း (2.3)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (3.3)
အပိုင်း (4.1)
အပိုင်း (4.2)
အပိုင်း (4.3)
အပိုင်း (5.1)
အပိုင်း (5.2)
အပိုင်း (5.3)
အပိုင်း (6.1)
အပိုင်း (6.2)
အပိုင်း (6.3)
အပိုင်း (7.1)
အပိုင်း (7.2)
အပိုင်း (7.3)
အပိုင်း (8.1)
အပိုင်း (8.2)
အပိုင်း (8.3)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (10.1)
အပိုင်း ( 10.2)
အပိုင်း (11.1)
အပိုင်း (12.1)
အပိုင်း (12.2)
အပိုင်း (13.1)
အပိုင်း (13.2)
အပိုင်း (14.1)
အပိုင်း (14. 2)
အပိုင်း (15.1)
အပိုင်း (15.2)
အပိုင်း (16.1)
အပိုင်း (16. 2)

အပိုင်း (11.2)

351 58 1
By Kyiphyuswe

(11.2)

နန်ဟွေး က ဝမ်ဟန် ရဲ့ လက်မောင်း ကို ကိုင်ထား ရာ ကနေ လွတ်ပေး လိုက်ပြီးတော့ ဝမ်ဟန် ရဲ့ ဖုန်းကို  လက်ညိုးညွှန် ပြလိုက် လေတယ်။

'' အခုလေးတင် ငါတို့ တွေ့လိုက် ရတဲ့ လူက လေ မနေ့ က ငါ့ကို တိုက်ခိုက် ခဲ့တဲ့ လူပဲ........ ''

နွေးထွေးပြီး အေးစက် မှု က တစ်ပါတည်း ချဥ်းနှင်း ရောယှက် နေလေတယ်။

'' မြေခွေးလေး အဲ့ လူက လေ ဝံပုလွေ မျိုးနွယ်စု က လူပဲ ''

နန်ဟွေး က သူ့ရဲ့ လက်တွေကို တင်းကြပ်စွာ ဆုပ်ထား တာကြောင့် လက်ချောင်း လေးတွေ တောင် ​ဖြူစွက် လာပြီပဲ ဖြစ်လေတယ်။

လူသားတွေ ကြားထဲ မှာ ဝင်ရောက် ပြီး ရောနှောနေထိုင်တဲ့ လူသား မဟုတ်တဲ့ သူတွေက သူတို့ ထင်ထား တာ ထက်တောင် များနေမယ် ဆိုတာ ကို သူတို့ တစ်ခါမှ မတွေးခဲ့ ကြ ဘူးပေ။

ဝမ်ဟန် က ယန်ဖန် လို လူသား မဟုတ်တဲ့ သူကိုတောင် မှ အလွယ်လေး အမှောက် သိပ်လိုက် နိုင်တဲ့ ဟော်လင်း အကြောင်းကို တွေးမိ သွားလေတယ်။

အဲ့ လူ ကရော လူသား မဟုတ် လောက်ဘူး ထင်တယ်?

ဒါဆိုရင် ကျင်းထန် ကရော.........။

သူက သူ့ရဲ့ ခေါင်းကို ခါလိုက်တယ်။ သူက အခုတလော အရမ်းတွေ သံသများ ပြီးတော့ အတွေးတွေ အရမ်း လွန်နေ မိတယ် လို့ပဲ ထင်မိ လေတယ်။

ဒါပေမယ့် ယန်ဖန် ရဲ့ ကား မတော်တဆ မှု က အရမ်းကို တိုက်ဆိုင် လွန်းမနေ ဘူးလား။ အဲ့တာကို မပြောနဲ့ အုံးစို့။ ကိုယ်ခန္ဓာ ကြံခိုင်မှု အားကောင်း ပါတယ်ဆိုတဲ့ ဝံပုလွေ လူသား တွေက ဒီလောက် လေး ကားမတော်တဆ ဖြစ်မှုကြောင့် အပြင်းအထန် ထိခိုက် ဒဏ်ရာ ရသွားသတဲ့လား။

အဲ့တာ က အတော်လေး ကို အထင်သေး ဖို့ ကောင်းတယ်နော်။ ပြီးတော့ နန်ဟွေးကို တိုက်ခိုက်ခဲ့ ပြီး နောက်တစ်ရက် မှာတင် ဖြစ်သွားတာ လေ။

တစ်စုံ တစ်ယောက် က နန်ဟွေး အတွက် ဒေါသ တွေ အကုန်လုံးကို အဲ့ကောင် အပေါ်မှာ ပုံချ ဖြေရှင်း ပေးလိုက် တာနဲ့ အတော်လေး.....ဆင်တူ နေတယ် မဟုတ်ဘူး လား။

ဒါပေမယ့် ပြန်လက်စား ချေပေးတဲ့ လူက ကျင်းထန် သာဆို ရင် ဘာကြောင့် သူက အခုလို လုပ်ပေး ရတာ လဲ?

အခုချိန်မှာတော့ သူ့ရဲ့ ရှုပ်ထွေးနေတဲ့ အတွေးတွေကို ဖိနှိပ်ထား ရုံပဲ ဝမ်ဟန် တက်နိုင် လေတယ်။ နန်ဟွေး က အခုချိန်မှာ မတော်တဆ မှု ကြောင့် ခံစား ထားရတာလေ။ ပြီးတော့ အခုချိန် က အဲ့အကြောင်း ဆွေးနွေးဖို့ အချိန်ကောင်း တစ်ခု မဟုတ်ခဲ့ ဘူးလေ။

ဒါကြောင့် သူက စိတ်အေးတဲ့ ပုံ ဟန်ဆောင်ပြီးတော့ တစ်ဖက်လူ ရဲ့ မျက်နှာ လေးကို ဖြစ်ညှစ် ကာ ပြောလိုက် လေတယ်။

'' မကြောက်လန့် နေစမ်းပါနဲ့။ အဲ့တာ က မကောင်းတာ လုပ်လို့ မကောင်းတာ ပြန်ဖြစ် သွားတာ လေ။ ဒါကြောင့် မင်း ပိုပြီးတော့ အနည်းငယ် စိတ်အေး လက်အေး နေလို့ ရတာ ပေါ့။ ဟုတ်ပြီလား? ''

နန်ဟွေး က ခေါင်းငြိမ့် ပြလိုက်တယ်။

ဒီကား မတော်တဆ မှုနဲ့ နှိုင်းယှဥ် ရင် သူ့မှာ ပိုပြီးတော့ ရှုပ်ထွေးစရာ ကိစ္စ တစ်ခု ရှိနေ သေးတယ်လေ။

သူ မေ့လဲ မသွားခင် အချိန်လေး အတွင်းမှာ ပဲ ပြင်းထန် ပြီး နွေးထွေး သန်မာတဲ့ အားတစ်ခု က သူ့ကိုယ်ထဲ ကနေ ပေါက်ကွဲ ထွက်လာတာ ကို သူခံစား မိလိုက် လေတယ်။

သူက အဲ့တာကို ရင်းနှီး ကျွမ်းဝင် နေပေမယ့် ဘယ်နေရာမှာ တွေ့ခဲ့ တာ လဲ ဆိုတာ ကို သူပြန်မမှတ်မိ တော့ ဘူး ဖြစ်နေ လေတယ်။

_________

ဒီနေရာ က ကိစ္စ တွေ ဖြေရှင်းလို့ ပြီးသွားတဲ့ နောက် ကျင်းထန် က သူ အလုပ်ခရီး သွားနေ ရတဲ့ မြို့ နေရာဆီကို အမြန်လေး ပြန်လာ ခဲ့လေတယ်။

အတွင်းရေးမှုး ကျင်း က အဲ့နေရာ ရဲ့ အခြေအနေ ကို တစ်ခဏ ပဲ ယာယီ တည်ငြိမ်အောင် ထိန်းထား နိုင်လေတယ်။ ကျန်တာ တွေကို သူ့ဘာသာ သူပဲ ဖြေရှင်း စီမံ ရမှာ ပဲ ဖြစ်လေတယ်။

'' ဟေး ငါ မင်း အတွက် အဲ့ကိစ္စ ကို ကိုင်တွယ် ပေးပြီးပြီနော်။ မင်း အဲ့ဒီ ကျားထုံ အင်တာ တိန်းမန့် နဲ့ ပတ်သက်ပြီး တော့ ဘယ်လို လုပ်မယ် လို့ တွေးထားလဲ? အဲ့နေရာမှာ ပိုင်ရှင်က ရုတ်တရက်ကြီး ပျောက်ကွယ် သွားလို့ ဟာကွက်တွေ ပေါ်လာတော့ မှာလေ ''

''ငါ အဲ့တာ ကို စိတ်မဝင် စားဘူး။ မင်း အဲ့တာ တွေကို ကိုယ့်ဘာသာ ကိုယ် ကိုင်တွယ် လိုက် ''

''ကျွတ်စ် မင်း ကတော့လေ။ မင်း ရဲ့ ယုန်လေး က လွဲ ပြီးတော့ ဘာကို မှ စိတ်မဝင်စား ဘူးပဲ''

''ဒါပဲ ဆိုရင် ငါတော့ ဖုန်းချ ပြီ ''

''ငါပြောမယ်။ တကယ်လို့ မင်းရဲ့ ယုန်​လေး ရှေ့မှာ ထွက်ဖို့ တွန့်ဆုတ် နေပြီးတော့ အဝေးကနေ လူတွေကို မောင်းထုတ် ပြီး ခြောက်လန့် နေမယ့် အစား ကောင်လေး ကို မင်း  မြင်နိုင်တဲ့ လုံခြုံမှု ရှိမယ့် တစ်နေရာ မှာ ဖွက်ပြီး ကောင်းကောင်း ပျိုးထောင် လိုက်ပေါ့ ကွ ''

အချိန် အတော်ကြာတဲ့ အထိ ထိုနေရ မှာ ပြန်စာ ရောက်မလာ ပါပေ။

ဟော်လင်း က သူတော့ သေပြီ ပဲလို့ ထပ်တွေး မိတဲ့ အချိန်မှာ ကျင်းထန် က ရုတ်တရက်ကြီး ထပြော လာခဲ့ လေတယ်။

'' မင်းပြော တာ က အဓိပ္ပါယ် ရှိတယ် ''

''မင်းရဲ့ ကုပ္မဏီမှာ ဝင်ငွေ နည်းပါး ပျက်လက် နေတာ မျိုးတွေ ရှိလား? ''

ဟော်လင်း: ??

'' ငါက မင်းကို ကူညီပေးပြီး သူ့ကို ပျိုးထောင် ခိုင်းချင် နေတာတော့ မဟုတ်ပါဘူး နော်။ မင်း ဟုတ်တယ် မလား? ''

သေစမ်း! ကလေးထိန်း တစ်ခါ ဖြစ်ပေး ရတာ တကယ်ကို မလုံလောက်ဘူး ပဲ။ ငါက ဆက်ပြီးတော့ ကလေးထိန်း လုပ်ပေး ရအုံး မှာလားဟ ။

''  သူက ငါ့ကို အရင်တုံး က တွေ့ဘူးတယ် ကွ။ ဒါကြောင့် သေချာပေါက် ငါ့ရဲ့ ကိုယ်ရေး အချက်အလက် ကို သိမှာပဲ။ မင်းက အရမ်းကို ကွဲ ပြားတယ်။ မင်းက စင်နောက်ကွယ် က လူလေ။ မင်းက တစ်နှစ်တောင် တစ်ခါ မျက်နှာ ထွက်ပြတယ် ဆိုတာ က ရှားတာ ကို။ ပြီးတော့ အင်တာ နက်ပေါ်မှာ မင်းရဲ့ အကြောင်းကို ရှာ လို့ က လည်း ခက်ခဲတယ်လေ။ ဒါကြောင့် မင်းရဲ့ ကုပ္မဏီ က အသင့်တော် ဆုံးပဲလေ။ ငါကလည်း သိပ်ပြီး စိုးရိမ် ပူပန် နေစရာ မလိုတော့ တာ လည်း ပါတာ ပေါ့ကွာ။ ''

'' အမှန်တကယ် က စကားရဲ့ နောက်ပိုင်း တွေ ကမှ မင်းပြောချင်တဲ့ အဓိက အကြောင်းအရာတွေ မဟုတ်လား? ''

ဟော်လင်း ခမျာ အံကြိတ် ရ လွန်းလို့ နာတောင် နာနေ ပြီပဲ ဖြစ်လေတယ်။

'' နောက်ဆုံး တစ်ခေါက် က ငါ မင်းကို ပြောထားတဲ့ ပရောဂျက်ကို လည်း ငါ နှစ်ဆ မဲ ပေး ပေးမယ် ကွာ ''

ကျင်းထန် က ဘာမှ သွယ်ဝိုက် မနေတော့ ပဲ တိုက်ရိုက်သာ တည့်တိုး ညှိုနှိုင်း လိုက်လေတယ်။

''သေလိုက်စမ်းကွာ။ ငါ သဘောတူတယ်ကွ! ''

ဟော်လင်း က ဒေါသ တကြီးနဲ့ ဖုန်းကို ချ လိုက်လေတယ်။

သိသိသာသာ ကြီးကိုပဲ သူက ကြက်အိုကြီး ရဲ့ အမွှေးကို နှုတ်နေ ရတဲ့ သူ ဖြစ်ပေမယ့် ခံစားလို့ က လုံးဝ ကို ကောင်းနေ ဘူးနော်။

သူက မွန်းကြပ် ပြီးတော့ သေတော့ မလိုပဲ ။

_____________

နန်ဟွေး တစ်ယောက် ဆေးရုံ ပေါ်မှာ ရက်အနည်းငယ် လောက် ပျင်းရိစွာ လှဲပြီးတဲ့နောက် မှာတော့ ​ဆေး ရုံ ကနေ ဆင်းခွင့် ရသွား ပြီပဲ ဖြစ်လေတယ်။ ခုန်းယင် ကတော့ နန်ဟွေးကို ဆေးရုံ ဆီလာပြီးတော့ ပုံမှန် အတိုင်း ကိုယ်ခန္ဓာ စစ်ဆေးမှု ကိုလုပ်ဖို့ သတိရဖို့ရာ တိုက်တွန်း ခဲ့လေတယ်။

အဲ့အချိန် ကျရင် ကလေးလေး ရဲ့ အခြေအနေ တွေကိုပါ တစ်ပါတည်း စစ်ဆေး မှာ ဖြစ်ပြီးတော့ ကလေး မီးဖွား ပြီးရင် ဘယ်လို တွေ လုပ်ရမလဲ ဆိုတာ တွေကို သင်ကြား ပေးသွားမှာ ပဲ ဖြစ်လေတယ်။

ပြီးတော့ ဆရာဝန်ရဲ့ အကြံပေးချက် အတိုင်း နန်ဟွေး က အိမ်မှာ ပဲ တစ်ပတ် တိတိ နာနာခံခံလေး အနားယူ နားနေ ခဲ့ လေတယ်။ ပြီး​တော့ ဘယ်နေရာ ကိုမှ မသွားခဲ့ ပါပေ။ ဒါကြောင့် သူ့ရဲ့ ကိုယ်ပေါ်မှာ မှိုတွေ ပေါက်နေ ပြီလို့ ကို နန်ဟွေး ခံစား ရ လေတယ်။

ခုန်းယင် နဲ့ ဝမ်မို တို့က အသိအကျွမ်း ဟောင်းတွေ ဖြစ်ပြီးတော့ လေးစား သမှုနဲ့ အတူ သူမက နန်ဟွေး အတွက် ကုန်ကျ စရိတ်တွေကို ခင်မင် ရင်းနှီးစွာနဲ့ ပေးချေ ခဲ့ပေမယ့်လည်း အကုန်လုံးကို ပေးချေ ပေးဖို့ရာ မဖြစ်နိုင်တဲ့ အတွက်ကြောင့် ပြန်ပြီး ပေးရမယ့် ငွေတွေ က များလေတယ်။

နန်ဟွေး က သူ့ခေါင်းပေါ် က မှိုလေး ကို ခူးကာ အခု ချိန်က ငွေရှာ ရမယ့် နည်းလမ်း တစ်ခုကို စတင် စဥ်းစား ရတော့မယ့် အချိန်ပဲလို့ တွေးမိ လေတယ်။ ပြီးတော့ ဝမ်မို ကူညီပြီး လုပ်ဆောင်ပေး ထားတဲ့ နိုင်ငံသား စီစစ်ရေး ကဒ်​ပြား ကလည်း လွန်ခဲ့တဲ့ ရက်ပေါင်း များစွာ က အိမ်ကို ရောက်နေ ပြီပဲ ဖြစ်လေတယ်။

နန်ဟွေး ရဲ့ လူသား ပုံစံ ပြောင်းလဲ တဲ့ ကိုယ် အပေါ်ကို မူတည် ပြီးတော့ ID ကဒ် ထဲမှာ သူ့ရဲ့ အသက်ကို ၂၀ လို့ ရေးထား ခဲ့လေတယ်။ ပြီးတော့ သူ့ရဲ့ မွေးနေ့ ကိုလည်း သူ လူပုံပြောင်းပြီး တောင်ပေါ် က နေ ဆင်းလာတဲ့ နေ့ကို ထည့်သွင်းထားတာ ပဲဖြစ်လေတယ်။

အဲ့တာ က တကယ်ကို အထိန်းအမှတ် အဖြစ် သတ်မှတ်လို့ ရတဲ့ နေ့ပါပဲလေ။

တိုက်ခိုက် လိုစိတ် အပြည့်နဲ့ နန်ဟွေးဟာ ဝမ်ဟန် နဲ့ အတူ အလုပ် တစ်ခု ရှာမယ့် အကြောင်း ကို ဆွေးနွေး ပြီးတော့ ချက်ချင်းပဲ  အလုပ်လုပ် ဖို့ အလျင်စလို နေခဲ့လေတယ်။

ဒါပေမယ့် သက်ရှိလူသား တွေရဲ့ အလေးအနက် လိုအပ်တဲ့ ကိစ္စ အဝဝ ကြောင့် ချက်ချင်းပဲ ရိုက်ချ ဖိနှိပ်ခံလိုက် ရလိမ့်မယ် လို့ နန်ဟွေး တစ်ခါမှ မမျှော်လင့်ထား ပါပေ။

ဘွဲ့လက်မှတ် မလိုအပ်တဲ့ အလုပ်တွေ မှာတောင်မှ လူတွေ အများကြီး က အဲ့အလုပ် ကို ရဖို့ အတွက် ပြိုင်ဆိုင် နေကြ ရတာ ပဲ ဖြစ်လေတယ်။

နန်ဟွေး မှာ က ဘွဲ့လက်မှတ် လည်း မရှိသေး သလို လုပ်ငန်း အတွေ့အကြုံ ကလည်း ဘာတစ်ခု မှ ရှိမနေ ပေ။ ငယ်ရွယ် ပြီးတော့ လှပ နေရုံက လွဲလို့ သူ့မှာ ဘာ မှ မရှိပါချေ။

ကြည့်ကောင်းတဲ့ ရုပ်ရည် က အစ ပိုင်းမှာတော့ သူ့ကို အခွင့်အရေး တစ်ချို့ ပေးနိုင်တယ်။ ဒါပေမယ့် စကား တစ်ချို့လည်း ပြောပြီးရော တစ်ဖက် က လူဟာ နန်ဟွေး က တစ်ခြား အလုပ်လာလျောက်တဲ့ လူတွေ နဲ့ ယှဥ်ပြိုင်နိုင်စရာ ဘာမှ ရှိမနေတာ ကို တွေ့လိုက် ရ လေတယ်။ ပြီးတော့ အခြေခံ ကျစွာနဲ့ပဲ မျက်နှာ ကြီး မဲကာ သူ့ကို ပြန်လွှတ် လိုက်ကြတာ ချည်းပဲ ဖြစ်လေတယ်။

နန်ဟွေး က အစစ်အမှန် ရဲ့ ရိုက်ချက် ကို ခံရ ပြီးတော့ အစိတ်အပိုင်းလေး တွေ အဖြစ် ကွဲထွက်လုနီး ပါး ဖြစ်နေ လေတယ်။ ပြီးတော့ တက်ကြွနေတဲ့ စိတ်ဝိဉာဥ်လေး ကနေ စိတ်ဓာတ်ကျ သွားဖို့ က တစ်ပတ်တောင် မကြာလိုက် ပါပေ။

''အလုပ် တစ်ခု ရှာ ရတာ က တကယ်ကို ခက်ခဲတာ ပဲ ''

နန်ဟွေး က ဆိုဖာ ပေါ်မှာ ငါးဆားနယ် တစ်ကောင် အဖြစ် ကြောင်အ ငေးမှိုင်နေ လေတယ်။ ပြီးတော့ ပထမ ဆုံး အကြိမ်အနေနဲ့ လူသား လောက ရဲ့ လိမ်လည်လှည့်ဖျား မှုတွေကို သေချာ ကြီး ရှင်းလင်းစွာ နားလည် သွားပြီ ပဲ ဖြစ်လေတယ်။

ဘာသာပြန်သူ မှာ ပြောစရာ ရှိပါတယ်။

နန်ဟွေး: ငါ့မှာ ဘာမှ မရှိပေမယ့် မျက်နှာ​လေးပဲ ရှိတယ်။ jpg;

............ . ....     . . .....................

Continue Reading

You'll Also Like

477K 16K 16
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
242K 27.5K 78
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
405K 13.1K 17
My priority /property/privacy
33.4K 2.6K 13
page - Hikari Moon Bl rebirth novel ဇာတ်လမ်းအကျဥ်းချုပ်က အပိုင်းထဲမှာရှိပါတယ်နော်။ ဖတ်ကြည့်ကြည့်ပါရှင့်။