အခန်း - ၀ ။
အနောက်မှာ ရှိနေတဲ့ ကျောက်စရစ်ခဲတွေ
ကို ဖြုန်းတီးဖို့အတွက် ထိုင်ချလိုက်ပြီး ကျွန်မ
ရဲ့ အင်္ကျီလက်တွေကို ပင့်သိမ်းလိုက်တယ် ။
နေဝင်သွားပြီပဲ ။ ချန်းကျား တောင်ရဲ့
နေဝင်ချိန်က ပြည်နယ် ( ၆ ) ခုမှာ
အလှဆုံးအချိန်ပဲ ။ ဒီ ကြက်သွေးရောင်
နေဝင်ဆည်းဆာချိန်က ကျွန်မ ဘဝ မှာ
နောက်ဆုံးအနေနဲ့ မြင်တွေ့ ရတဲ့ မြင်ကွင်း
ပါလားလို့ တွေးလိုက်မိတယ် ။ ခဏကြာ
ရင် နန်ကျီ က ကျွန်မ ကို လာခေါ်တော့
မယ် ၊ ဒီလက ယင်ဓါတ်ပြည့်ဝတဲ့ လဖြစ်
တာကြောင့် ကျွန်မတို့တွေ ချန်းကျား
တောင်ထိပ်ကို သွားကြမှာဖြစ်တယ် ။
နန်ကျီ က ကျွန်မ နက်နက်ရှိုင်းရှိုင်းချစ်
ရတဲ့ လူတစ်ယောက်ပါ ။ တစ်ချိန်တုန်း
က နတ်ဘုရား တစ်ပါးဖြစ်ခဲ့ပြီး အခုချိန်မှာ
တော့ နတ်ဆိုး တစ်ပါးပေါ့ ။ နှစ် ၁၀၀၀၀
လောက် အိပ်မောကျသွားခဲ့ပြီး ကျွန်မ က
သူ့ ကို နှိုးပေးတဲ့ လူဖြစ်လာခဲ့တယ် ။ ကျွန်မ
က ချန်းကျား ဂိုဏ်းရဲ့ မျိုးဆက် ၃၉၇ ဆက်
မြောက် တပည့်တစ်ယောက်ပါ ၊ ကျွန်မ
တာဝန်က နတ်ဆိုးတွေကို သုတ်သင်ဖယ်ရှား
ဖို့ဖြစ်ပေမဲ့ .... သူ့ကို နှိုးပေးခဲ့ပြီးနောက်မှာ
တော့ သူ့ ကို ကျွန်မ ချစ်မိ သွားခဲ့တယ် ။
သူက အနက်ရောင် ဝတ်ရတာ သဘောကျတယ် ၊
သူ့ ရဲ့ အေးစက်တဲ့ လက်ချောင်းတွေက
ကျွန်မ ရဲ့ မျက်လုံးတွေကို ထိတွေ့ရတာလည်း
သဘောကျတယ် ။ သူ ကျွန်မ လက်ကို
ဆွဲပြီး သူ့ အနောက်မှာ မတ်တပ်ရပ်ပြီး
ကာကွယ်ပေးတဲ့အချိန် ကျွန်မ ကို ညင်ညင်
သာသာလေး ပြုံးပြရတာကိုလည်း သဘောကျ
တယ် ။
ဒါတွေအားလုံးက ဘာကြောင့်လဲဆိုတော့
ကျွန်မ က သူ ချစ်တဲ့ အမျိုးသမီး နဲ့ ရုပ်ချင်း
တူညီနေတာကြောင့်လေ ။
ဒီနေ့ညက လပြည့်ညပဲ ။ ယင်ဓါတ်
က လကို လွှမ်းခြုံနေလိမ့်မယ် ၊ ဒါက
ဝိဉာဥ်ကို ပြန်ခေါ်ယူဖို့အတွက်တော့ အကောင်းဆုံး
အချိန်ပေါ့ ။
တစ်ချိန်တုန်းကတော့ ချန်းကျား တောင်ပေါ်
မှာ ကျွန်မ ဆရာ ၊ စီနီယာ အစ်ကို/ အစ်မ
တွေ နဲ့ ဂျူနီယာလေးတွေရှိခဲ့တယ် ။ အခုချိန်
မှာတော့ ကျွန်မ က သူတို့တွေရဲ့ ခန္ဓါကိုယ်
ကို ဖြတ်နင်းလျှောက်သွားရပြီး ကျွန်မ လက်မှာ
လည်း သွေးတွေ နဲ့ ပေကျံနေပြီ ။ တစ်လှမ်းပြီး
တစ်လှမ်း ကျွန်မ တောင်ထိပ်စီကို တက်လာ
ခဲ့တယ် ။ မကြာခင်မှာပဲ ကျွန်မလည်း သူတို့
အနောက်ကို လိုက်သွားရတော့မယ်လေ ၊
ကျွန်မ ချစ်ရတဲ့လူ က မကြာခင်အချိန်လေး
မှာပဲ ကျွန်မ သွေးတွေကို ထုတ်ပစ် ၊ ဝိဉာဥ်
ကို ဖြတ်တောက်ပြီး ဒီခန္ဓါကိုယ်ကနေ ကျွန်မ
ကို နှင်ထုတ်တော့မှာပဲ ။
ဘာကြောင့်လဲဆိုတော့ ကျွန်မ က သူ ချစ်
တဲ့ အမျိုးသမီး နဲ့ ရုပ်ချင်းတူနေလို့တဲ့လေ ။
အဲ့ဒီ့အမျိုးသမီး နာမည်က ချန်းရှီး ။ ကျွန်မ
က သူမ လို တုံးအ , ပြီး ရမ်းကားတတ်တဲ့
အကျင့်ရှိတယ်လို့ ပြောတယ် ၊ သူမ လိုမျိုး
ပြသနာရှာတတ်တာတွေ ၊ ငိုတတ်တာတွေ
လည်း တူတယ်တဲ့ ။ ကျွန်မပြုံးလိုက်ရင်
သူမ နဲ့ ပိုတူတယ်လို့လည်းပြောတယ် ၊ ကျွန်မ
ပြုံးလိုက်တဲ့ အချိန်တိုင်း ကျွန်မ ပါးပြင်မှာ
ပါးချိုင့်လေး နှစ်ခု ချိုင့်ဝင်နေတတ်တယ် ။
ဒါပေမဲ့ သူမ နာမည်က ချန်းရှီး ဖြစ်ပြီး
တော့ ကျွန်မ နာမည်ကတော့ လင်းရှီး ။
နာမည်တွေက တူညီနေပေမဲ့ မျိုးရိုးနာမည်
ကတော့ ကွဲပြားတယ် ။
ကျွန်မ က သူမ ရဲ့ နာမည် နဲ့ ခန္ဓါကိုယ်ကို
ခိုးယူထားတယ်လို့ သူပြောတယ် ၊ ကျွန်မ
ဝိဉာဥ်က ထွက်သွားမှသာ သူမ ပြန်လာလို့
ရမှာတဲ့ ။
လွန်ခဲ့တဲ့ နှစ် ၁၀၀၀ , သူမ သူ့ ကို ကယ်တင်
လိုက်ချိန်တုန်းက သူမ ရဲ့ ဝိဉာဥ်က ကွဲထွက်
သွားခဲ့ပြီး ပျောက်ကွယ်လုနီးပါးဖြစ်သွားရတယ် ။
သူမ ရဲ့ မသေမျိုး အစိတ်အပိုင်း သုံးခုအတွက်
အရှေ့ပင်လယ်ရဲ့ ဖိအားတွေအောက်မှာ နှစ်
၁၀၀၀၀ ကြာအောင် အိပ်စက်ခဲ့တယ် ။
နှစ် ၁၀၀၀၀ အကြာမှာတော့ ကျွန်မ က သူ
ကို နှိုးလိုက်မိတယ် ၊ ဒါက ကျွန်မ ဆရာ က
ကျွန်မ ရဲ့ သေမျိုးအင်္ဂါ ခုနှစ်ပါးထဲက လေးပါး
ကို ကွဲထွက်စေခဲ့လို့တော့ မပြောခဲ့ဘူး ။ ဒီညမှာ
တော့ သူက ကျွန်မ ရဲ့ ကျန်ရှိနေသေးတဲ့
အင်္ဂါ သုံးပါး ကို ပျောက်ကွယ်စေချင်
နေတာဖြစ်တယ် ။
အဲ့ဒီ့နောက်မှာတော့ မိုးကောင်းကင် နဲ့ မြေကြီး ၊
အပြာရောင် ကောင်းကင် နဲ့ ငရဲပြည်မှာပါ
လင်းရှီး ဆိုသူက ရှိတော့မှာ မဟုတ်ဘူး ။
ချန်းကျား တောင်ထိပ်ပေါ်မှာ ကျွန်မ ရပ်လိုက်
တယ် ။ လေတွေကတော့ ကြမ်းတမ်းစွာ
ပဲ တိုက်ခတ်နေတယ် ။
နေ့ နဲ့ ည အချိန်ရဲ့ အပြောင်းအလဲကို ခန့်မှန်း
ရင်း ကျွန်မ အရှေ့က သူ့ ရဲ့ အငွေ့ အသက်
လေး ကို ခံစားလိုက်ရတယ် ။
သူ့ ရဲ့ အနက်ရောင် အင်္ကျီလက်ရှည်တွေ နဲ့
လေထဲမှာ လွင့်နေတဲ့ အနက်ရောင် ဆံပင်တွေ
ကို လှမ်းမြင်နေရတယ် ။ သူက တဖြည်းဖြည်း
နဲ့ ကျွန်မ အနားကို ရောက်လာခဲ့တယ် ၊ ဒါပေမဲ့
သူ့ မျက်ဝန်းတွေထဲက အေးစက်မှုတွေကိုတော့
ကျွန်မ မမြင်နိုင်ခဲ့ဘူး ။
သေမျိုးအင်္ဂါ လေးပါး ပြန့်ကျဲသွားပြီးနောက်
မှာတော့ ကျွန်မ ခန္ဓါကိုယ်က အားနည်း
လာခဲ့တယ် ။ ကျွန်မ မျက်လုံးတွေက အလင်း
ရောင် အနည်းငယ်ကိုပဲ တွေ့ မြင်နိုင်တော့တယ် ၊
ဥပမာ နေဝင်ချိန်ရဲ့ ကြက်သွေးရောင် နဲ့ သူ့
မျက်လုံးတွေထဲက အေးစက်နေတဲ့ ငွေရောင်
အလင်းတွေပေါ့ ။
ကျွန်မ ရဲ့ ခန္ဓါကိုယ်တင် မဟုတ်ဘူး စိတ်တွေ
ပါ ဝေဝါးလာခဲ့တယ် ။ ဆရာက ကျွန်မ
သူ့ ( နန်ကျီ ) ကို ချစ်မိသွားမှာကို ကြောက်မှန်း
ကျွန်မ သိပါတယ် ၊ ဒါကြောင့်ပဲ ကျွန်မ ရဲ့
သေမျိုးအင်္ဂါ လေးပါးကို ပြန့်ကျဲစေခဲ့တာ ။
ဒါပေမဲ့ ကျွန်မ သူ့ ကို ချစ်နေဆဲပါပဲ ။ ကျွန်မ
ရဲ့ ဝေဝါးတိမ်မြှုပ်နေတဲ့ အမှတ်တရတွေ ၊
နေရာတိုင်း မှာ သူ့ ပုံရိပ်တွေချည်းပဲ ။
တကယ်တော့ သူ့ အပြင် အခြားလူတစ်
ယောက်ရဲ့ ပုံရိပ်လည်း ရှိပါသေးတယ် ၊
အဲ့ဒီ့လူကတော့ ချန်းရှီး ။
ကျွန်မ သူမ ကို အရှေ့ပင်လယ် အောက်ခြေ
မှာ တွေ့ မြင်ဖူးတယ် ။
" နန်ကျီ ..... "
ကျွန်မ သူ့ နာမည်ကို တိုးတိုးလေး ခေါ်လိုက်
ပေမဲ့ ကျွန်မ အသံရဲ့ တုန်ယင် နေမှုကို
တော့ မထိန်းချုပ်နိုင်ခဲ့ဘူး ။
သူ့ အငွေ့ အသက်တွေက ပြန့်လွင့်လာတယ် ။
လေထုထဲမှာ အမျိုးအမည်မသိရတဲ့ ခံစားချက်
တွေက ဖုံးကွယ်နေတယ် ၊ ကျွန်မ နှလုံးခုန်သံ
တွေ မြန်နေမိတယ် ။ သူ နဲ့ စတွေ့တည်းက
သူ့ ရဲ့ ခံစားချက်တွေ သိသိသာသာပြောင်းလဲ
လာတာမျိုး ကျွန်မ မတွေ့ မမြင်ခဲ့ဘူး ။
သူ ... ကျွန်မ ကိုရော လွမ်းဆွတ် သတိရနေ
ပါ့မလား ? ။
" ငဲ့ညှာပေးဖို့အတွက် အသနားခံ
ချင်လို့လား ? "
နန်ကျီ ရဲ့ ပေါ့ပေါ့ပါးပါး အသံက သူ နဲ့
ကျွန်မ စတွေ့တုန်းက အချိန်လို ' မင်း
ဘယ်သူလဲ ' ဆိုတဲ့ လျစ်လျူရှုပြီး အေးစက်
တဲ့ စကားသံလိုပဲ ကျွန်မ နားထဲ ဝင်ရောက်
လာတယ် ။
" ဒီနေ့က မင်း သေရမဲ့ နေ့ပဲ "
အဲ့ဒီ့အချက်ကို ကျွန်မ လက်ခံထားတာကြာ
ပြီဆိုပေမဲ့ သူကတော့ သိပ်ပြီး စိတ်ဝင်စား
မှုမရှိပါဘူး ။
ကျွန်မ အပြုံးတွေ ပျောက်ကွယ်သွားတယ် ။
အရှေ့ပင်လယ် အောက်ခြေ မှာ ချန်းရှီး
ကို တွေ့ ခဲ့ကြောင်းပြောပြချင်ခဲ့တာ ၊ ချန်းရှီး
က သူ့ ကို မမှတ်မိတော့ပါဘူးဆိုတာကို
ပြောပြချင်ခဲ့တာ ။
အခုနေစဥ်းစားလိုက်တော့လည်း ကျွန်မ သူ့ကို
အဲ့ဒီ့အကြောင်း ပြောပြလိုက်တော့ရော ဘာများ ကွဲပြားသွားမှာလဲ ?
သူမ က သူ့ ကို မေ့သွားခဲ့ရင်တောင် သူကတော့
ချစ်နေတုန်းပဲ ။ သူ့ ကို ကျွန်မ နှလုံးသား
ရဲ့ အောက်ခြေမှာ တံဆိပ်ကပ်ထားရင်တောင်
သူကတော့ ကျွန်မ ကို ဘယ်တော့မှ ချစ်လာ
မှာ မဟုတ်ဘူး ။
ယားယံမှုတစ်ခုကို ကျွန်မ ရဲ့ နဖူးပေါ်ကနေ
ခံစားရလိုက်တယ် ။ သွေးနံ့က ကျွန်မ ရဲ့
နှာခေါင်းထဲကို တိုးဝင်လာခဲ့တယ် ၊ သွေး
တွေ ပြည့်နေတဲ့ မြေပြင်ကို ကျွန်မ မြင်လိုက်
ရတယ် ။ ကျွန်မ ကြည့်လိုက်တော့ ချန်းကျား
တောင်ပေါ်က ခြောက်သွေ့ နေတဲ့ သစ်ပင်တွေ
က ပြန်လည် အသက်ဝင်လာတာကို မှုန်ဝါးဝါး
မြင်တွေ့ လိုက်ရတယ် ၊ သူတို့တွေ ကြီးထွားလာ
ပြီပဲ ။ ပန်းပွင့်တွေက အပြည့်အဝကို ဖူးပွင့်
နေပုံက လရောင်အောက်မှာ ရယ်မောနေကြ
သလိုပဲ ။
နဖူးပေါ်က သွေးတွေကျလာတာကို တားစီး
လို့ မရဘူးဆိုတာ ကျွန်မ နားလည်တယ် ။
နတ်ဆိုးတွေအားလုံးက ချန်းကျား တောင်မှာ
စုဝေးနေခဲ့တယ် ။ သွေးတွေကို သုတ်နေ
စဥ်မှာပဲ ကျွန်မ ရဲ့ သေမျိုးအင်္ဂါ နဲ့ မသေမျိုးအင်္ဂါ
တွေက စုတ်ပြဲသွားပြီဖြစ်တယ် ။ ကျွန်မ သွေးတွေ
မခန်းမခြောက်ချင်း ၊ ဝိဉာဥ်စွမ်းအားတွေ
ကုန်ဆုံးသွားတဲ့ အထိ ၊ ပြာဖြစ်သွားတဲ့ အချိန်ထိ
ပေါ့ ။
အနက်ရောင် အငွေ့အသက်စွမ်းအင်က
အပေါ်ကနေ အောက်ခြေအထိ ဖိအားပေးပြီး
နောက်မှာတော့ အားလုံးကို ပျံ့ နှံ့သွားခဲ့တယ် ။
နတ်ဘုရား ပုံသဏ္ဍာန်က ပျက်သွားပြီဖြစ်တယ် ။
ကျွန်မရဲ့ ဝိဉာဥ်က အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး
နေရာအနှံ့ ပြန့်ကျဲသွားတာ တွေ့ လိုက်ရတယ် ။
အဲ့ဒီထဲမှာ ကျွန်မ က စာအုပ်တစ်အုပ်ကို
ယူသွားပြီး မှော်ပညာကို ကို့ရို့ကားယား
သင်ပေးနေတယ် ။ နောက်တစ်ခုမှာ
တော့ စီနီယာအစ်မကြီး ရဲ့ ဓါးသွားအောက်
ကနေ သူ က ကျွန်မ ကို ကယ်ပေးခဲ့တယ် ၊
နောက်ထပ်တစ်ခုမှာတော့ ကျွန်မ က သူ့
ကို ချန်းကျားတောင် မှာ ကစားဖို့ ခေါ်သွားခဲ့တယ် ၊
နောက်ထပ်တစ်ပိုင်းမှာတော့ သူ က ကျွန်မ
ကို ကျောပေါ်တင်ပြီး အရှေ့ပင်လယ်ကို
ဖြတ်သွားခဲ့တယ် ။ အပိုင်းအစတွေ
အားလုံးထဲမှာ ကျွန်မ နဲ့ သူ့ ရဲ့ ပုံရိပ်တွေ
ချည်းပဲ ။
ကျွန်မ ရဲ့ မျက်လုံးထဲမှာတော့ သူက နန်ကျီ
ဖြစ်နေပေမဲ့ သူ့ မျက်လုံးထဲမှာတော့
ကျွန်မ က လင်းရှီး ဟုတ်မနေခဲ့ဘူး ။
ဘာကြောင့်လဲဆိုတော့ ကျွန်မ က သူ ချစ်
တဲ့ အမျိုးသမီး နဲ့ ရုပ်ချင်းတူနေတဲ့သူ
တစ်ယောက်ထက် မပိုဘူး ။
သူ ချစ်တဲ့ မိန်းမက လင်းရှီး လို့ခေါ်တဲ့သူ
မဟုတ်ဘဲ ချန်းရှီး လို့ ခေါ်တဲ့သူပါ ။
အစိတ်အပိုင်းတွေက ရုတ်တရက် ကြယ်အမှုန့်
တွေအဖြစ်ပြောင်းလဲသွားပြီး ပျောက်ကွယ်သွား
ခဲ့တယ် ။
ကျွန်မ မျက်လုံးတွေက နာကျင်ပြီး စိုစွတ်နေ
ခဲ့တယ် ။ လက်ကျန်သွေးတစ်စက်က
ဆားရည်ငန်တဲ့ မျက်ရည်အဖြစ်ပြောင်းလဲ
သွားပြီး စီးကျလာတယ် ။ အဲ့ဒီ့နောက်မှာ
တော့ ကျွန်မ အသိစိတ်တွေက တဖြည်းဖြည်း
အမှောင်ထုကြီးထဲ ကျဆင်းသွားတော့တယ် ။
အဲ့ဒါက နာကျင်ရလွန်းလို့ ကျွန်မ ကျယ်လောင်
စွာ အော်ဟစ်မိချင်တယ် ၊ ဒါပေမဲ့လည်း
ကျွန်မ လည်ချောင်းက မျိုသိပ်ထားသလို
ဘာ အသံမှ ထွက်ပေါ်မလာခဲ့ဘူး ။
အဲ့ဒီ့အချိန်ခဏလေးမှာ ရင်းနှီးတဲ့ အသံလေး
တစ်ခုထဲကနေ ' ရှီး ' ဆိုတဲ့ စကားလုံး
တစ်လုံး ထွက်ပေါ်လာခဲ့တယ် ။
ချန်းရှီး လား ? လင်းရှီး လား ?
လင်းရှီး က လင်းရှီး ပဲ ။ လင်းရှီး က
ချန်းရှီး မဟုတ်ဘူး ။
အစကနေ အဆုံးထိ ကျွန်မက သုံးဘဝ ,လုံးလုံး
သူ့ အရိုးထဲထိ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့တဲ့
အဲ့ဒီ့ အမျိုးသမီး မဟုတ်ခဲ့ဘူး ။ သူ လိုချင်
ခဲ့တဲ့သူက ဘယ်တုန်းကမှ ကျွန်မ မဟုတ်ခဲ့ဘူး ။
ဝိဉာဥ်ရဲ့ နောက်ဆုံး အပိုင်းက လွင့်ပြယ်သွား
ပြီဖြစ်တယ် ။ ကျွန်မ အသိစိတ်က တဖြည်းဖြည်း
နဲ့ ဝေးကွာသွားချိန်မှာတော့ အသံ တစ်သံက
မေးလာခဲ့တယ် ။
နင် ..... သူ့ကို တွေ့ ချင်သေးလား ?
ဟင့်အင်း ။ ဘဝဆက်တိုင်း ....ဆက်တိုင်း
ဘယ်သောအခါမှ ထပ်ပြီးတော့ မတွေ့ ဆုံချင်
တော့ဘူး ။
- To be continued
••••••• ဘာသာပြန်သူ၏ အမှာစကား ••••••••
အမလေးနော် , ပထမဆုံး အခန်းမှာတင်
လောင်ရပြီး ငိုရတယ် ။ လင်းရှီးလေး သနား
ပါတယ် 😢😢 ။
•••••••••••••••••• ••••••••••••••••• •••••••
27.5.2023
11:30 pm
words - 5389
☆☆☆
အခန္း - ၀ ။
အေနာက္မွာ ရွိေနတဲ့ ေက်ာက္စရစ္ခဲေတြ
ကို ျဖဳန္းတီးဖို႔အတြက္ ထိုင္ခ်လိုက္ၿပီး ကြၽန္မ
ရဲ႕ အက်ႌလက္ေတြကို ပင့္သိမ္းလိုက္တယ္ ။
ေနဝင္သြားၿပီပဲ ။ ခ်န္းက်ား ေတာင္ရဲ႕
ေနဝင္ခ်ိန္က ျပည္နယ္ ( ၆ ) ခုမွာ
အလွဆုံးအခ်ိန္ပဲ ။ ဒီ ၾကက္ေသြးေရာင္
ေနဝင္ဆည္းဆာခ်ိန္က ကြၽန္မ ဘဝ မွာ
ေနာက္ဆုံးအေနနဲ႔ ျမင္ေတြ႕ ရတဲ့ ျမင္ကြင္း
ပါလားလို႔ ေတြးလိုက္မိတယ္ ။ ခဏၾကာ
ရင္ နန္က်ီ က ကြၽန္မ ကို လာေခၚေတာ့
မယ္ ၊ ဒီလက ယင္ဓါတ္ျပည့္ဝတဲ့ လျဖစ္
တာေၾကာင့္ ကြၽန္မတို႔ေတြ ခ်န္းက်ား
ေတာင္ထိပ္ကို သြားၾကမွာျဖစ္တယ္ ။
နန္က်ီ က ကြၽန္မ နက္နက္ရႈိင္းရႈိင္းခ်စ္
ရတဲ့ လူတစ္ေယာက္ပါ ။ တစ္ခ်ိန္တုန္း
က နတ္ဘုရား တစ္ပါးျဖစ္ခဲ့ၿပီး အခုခ်ိန္မွာ
ေတာ့ နတ္ဆိုး တစ္ပါးေပါ့ ။ ႏွစ္ ၁၀၀၀၀
ေလာက္ အိပ္ေမာက်သြားခဲ့ၿပီး ကြၽန္မ က
သူ႔ ကို ႏႈိးေပးတဲ့ လူျဖစ္လာခဲ့တယ္ ။ ကြၽန္မ
က ခ်န္းက်ား ဂိုဏ္းရဲ႕ မ်ိဳးဆက္ ၃၉၇ ဆက္
ေျမာက္ တပည့္တစ္ေယာက္ပါ ၊ ကြၽန္မ
တာဝန္က နတ္ဆိုးေတြကို သုတ္သင္ဖယ္ရွား
ဖို႔ျဖစ္ေပမဲ့ .... သူ႔ကို ႏႈိးေပးခဲ့ၿပီးေနာက္မွာ
ေတာ့ သူ႔ ကို ကြၽန္မ ခ်စ္မိ သြားခဲ့တယ္ ။
သူက အနက္ေရာင္ ဝတ္ရတာ သေဘာက်တယ္ ၊
သူ႔ ရဲ႕ ေအးစက္တဲ့ လက္ေခ်ာင္းေတြက
ကြၽန္မ ရဲ႕ မ်က္လုံးေတြကို ထိေတြ႕ရတာလည္း
သေဘာက်တယ္ ။ သူ ကြၽန္မ လက္ကို
ဆြဲၿပီး သူ႔ အေနာက္မွာ မတ္တပ္ရပ္ၿပီး
ကာကြယ္ေပးတဲ့အခ်ိန္ ကြၽန္မ ကို ညင္ညင္
သာသာေလး ၿပဳံးျပရတာကိုလည္း သေဘာက်
တယ္ ။
ဒါေတြအားလုံးက ဘာေၾကာင့္လဲဆိုေတာ့
ကြၽန္မ က သူ ခ်စ္တဲ့ အမ်ိဳးသမီး နဲ႔ ႐ုပ္ခ်င္း
တူညီေနတာေၾကာင့္ေလ ။
ဒီေန႔ညက လျပည့္ညပဲ ။ ယင္ဓါတ္
က လကို လႊမ္းၿခဳံေနလိမ့္မယ္ ၊ ဒါက
ဝိဉာဥ္ကို ျပန္ေခၚယူဖို႔အတြက္ေတာ့ အေကာင္းဆုံး
အခ်ိန္ေပါ့ ။
တစ္ခ်ိန္တုန္းကေတာ့ ခ်န္းက်ား ေတာင္ေပၚ
မွာ ကြၽန္မ ဆရာ ၊ စီနီယာ အစ္ကို/ အစ္မ
ေတြ နဲ႔ ဂ်ဴနီယာေလးေတြရွိခဲ့တယ္ ။ အခုခ်ိန္
မွာေတာ့ ကြၽန္မ က သူတို႔ေတြရဲ႕ ခႏၶါကိုယ္
ကို ျဖတ္နင္းေလွ်ာက္သြားရၿပီး ကြၽန္မ လက္မွာ
လည္း ေသြးေတြ နဲ႔ ေပက်ံေနၿပီ ။ တစ္လွမ္းၿပီး
တစ္လွမ္း ကြၽန္မ ေတာင္ထိပ္စီကို တက္လာ
ခဲ့တယ္ ။ မၾကာခင္မွာပဲ ကြၽန္မလည္း သူတို႔
အေနာက္ကို လိုက္သြားရေတာ့မယ္ေလ ၊
ကြၽန္မ ခ်စ္ရတဲ့လူ က မၾကာခင္အခ်ိန္ေလး
မွာပဲ ကြၽန္မ ေသြးေတြကို ထုတ္ပစ္ ၊ ဝိဉာဥ္
ကို ျဖတ္ေတာက္ၿပီး ဒီခႏၶါကိုယ္ကေန ကြၽန္မ
ကို ႏွင္ထုတ္ေတာ့မွာပဲ ။
ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္မ က သူ ခ်စ္
တဲ့ အမ်ိဳးသမီး နဲ႔ ႐ုပ္ခ်င္းတူေနလို႔တဲ့ေလ ။
အဲ့ဒီ့အမ်ိဳးသမီး နာမည္က ခ်န္းရွီး ။ ကြၽန္မ
က သူမ လို တုံးအ , ၿပီး ရမ္းကားတတ္တဲ့
အက်င့္ရွိတယ္လို႔ ေျပာတယ္ ၊ သူမ လိုမ်ိဳး
ျပသနာရွာတတ္တာေတြ ၊ ငိုတတ္တာေတြ
လည္း တူတယ္တဲ့ ။ ကြၽန္မၿပဳံးလိုက္ရင္
သူမ နဲ႔ ပိုတူတယ္လို႔လည္းေျပာတယ္ ၊ ကြၽန္မ
ၿပဳံးလိုက္တဲ့ အခ်ိန္တိုင္း ကြၽန္မ ပါးျပင္မွာ
ပါးခ်ိဳင့္ေလး ႏွစ္ခု ခ်ိဳင့္ဝင္ေနတတ္တယ္ ။
ဒါေပမဲ့ သူမ နာမည္က ခ်န္းရွီး ျဖစ္ၿပီး
ေတာ့ ကြၽန္မ နာမည္ကေတာ့ လင္းရွီး ။
နာမည္ေတြက တူညီေနေပမဲ့ မ်ိဳး႐ိုးနာမည္
ကေတာ့ ကြဲျပားတယ္ ။
ကြၽန္မ က သူမ ရဲ႕ နာမည္ နဲ႔ ခႏၶါကိုယ္ကို
ခိုးယူထားတယ္လို႔ သူေျပာတယ္ ၊ ကြၽန္မ
ဝိဉာဥ္က ထြက္သြားမွသာ သူမ ျပန္လာလို႔
ရမွာတဲ့ ။
လြန္ခဲ့တဲ့ ႏွစ္ ၁၀၀၀ , သူမ သူ႔ ကို ကယ္တင္
လိုက္ခ်ိန္တုန္းက သူမ ရဲ႕ ဝိဉာဥ္က ကြဲထြက္
သြားခဲ့ၿပီး ေပ်ာက္ကြယ္လုနီးပါးျဖစ္သြားရတယ္ ။
သူမ ရဲ႕ မေသမ်ိဳး အစိတ္အပိုင္း သုံးခုအတြက္
အေရွ႕ပင္လယ္ရဲ႕ ဖိအားေတြေအာက္မွာ ႏွစ္
၁၀၀၀၀ ၾကာေအာင္ အိပ္စက္ခဲ့တယ္ ။
ႏွစ္ ၁၀၀၀၀ အၾကာမွာေတာ့ ကြၽန္မ က သူ
ကို ႏႈိးလိုက္မိတယ္ ၊ ဒါက ကြၽန္မ ဆရာ က
ကြၽန္မ ရဲ႕ ေသမ်ိဳးအဂၤါ ခုႏွစ္ပါးထဲက ေလးပါး
ကို ကြဲထြက္ေစခဲ့လို႔ေတာ့ မေျပာခဲ့ဘူး ။ ဒီညမွာ
ေတာ့ သူက ကြၽန္မ ရဲ႕ က်န္ရွိေနေသးတဲ့
အဂၤါ သုံးပါး ကို ေပ်ာက္ကြယ္ေစခ်င္
ေနတာျဖစ္တယ္ ။
အဲ့ဒီ့ေနာက္မွာေတာ့ မိုးေကာင္းကင္ နဲ႔ ေျမႀကီး ၊
အျပာေရာင္ ေကာင္းကင္ နဲ႔ ငရဲျပည္မွာပါ
လင္းရွီး ဆိုသူက ရွိေတာ့မွာ မဟုတ္ဘူး ။
ခ်န္းက်ား ေတာင္ထိပ္ေပၚမွာ ကြၽန္မ ရပ္လိုက္
တယ္ ။ ေလေတြကေတာ့ ၾကမ္းတမ္းစြာ
ပဲ တိုက္ခတ္ေနတယ္ ။
ေန႔ နဲ႔ ည အခ်ိန္ရဲ႕ အေျပာင္းအလဲကို ခန္႔မွန္း
ရင္း ကြၽန္မ အေရွ႕က သူ႔ ရဲ႕ အေငြ႕ အသက္
ေလး ကို ခံစားလိုက္ရတယ္ ။
သူ႔ ရဲ႕ အနက္ေရာင္ အက်ႌလက္ရွည္ေတြ နဲ႔
ေလထဲမွာ လြင့္ေနတဲ့ အနက္ေရာင္ ဆံပင္ေတြ
ကို လွမ္းျမင္ေနရတယ္ ။ သူက တျဖည္းျဖည္း
နဲ႔ ကြၽန္မ အနားကို ေရာက္လာခဲ့တယ္ ၊ ဒါေပမဲ့
သူ႔ မ်က္ဝန္းေတြထဲက ေအးစက္မႈေတြကိုေတာ့
ကြၽန္မ မျမင္ႏိုင္ခဲ့ဘူး ။
ေသမ်ိဳးအဂၤါ ေလးပါး ျပန္႔က်ဲသြားၿပီးေနာက္
မွာေတာ့ ကြၽန္မ ခႏၶါကိုယ္က အားနည္း
လာခဲ့တယ္ ။ ကြၽန္မ မ်က္လုံးေတြက အလင္း
ေရာင္ အနည္းငယ္ကိုပဲ ေတြ႕ ျမင္ႏိုင္ေတာ့တယ္ ၊
ဥပမာ ေနဝင္ခ်ိန္ရဲ႕ ၾကက္ေသြးေရာင္ နဲ႔ သူ႔
မ်က္လုံးေတြထဲက ေအးစက္ေနတဲ့ ေငြေရာင္
အလင္းေတြေပါ့ ။
ကြၽန္မ ရဲ႕ ခႏၶါကိုယ္တင္ မဟုတ္ဘူး စိတ္ေတြ
ပါ ေဝဝါးလာခဲ့တယ္ ။ ဆရာက ကြၽန္မ
သူ႔ ( နန္က်ီ ) ကို ခ်စ္မိသြားမွာကို ေၾကာက္မွန္း
ကြၽန္မ သိပါတယ္ ၊ ဒါေၾကာင့္ပဲ ကြၽန္မ ရဲ႕
ေသမ်ိဳးအဂၤါ ေလးပါးကို ျပန္႔က်ဲေစခဲ့တာ ။
ဒါေပမဲ့ ကြၽန္မ သူ႔ ကို ခ်စ္ေနဆဲပါပဲ ။ ကြၽန္မ
ရဲ႕ ေဝဝါးတိမ္ျမႇဳပ္ေနတဲ့ အမွတ္တရေတြ ၊
ေနရာတိုင္း မွာ သူ႔ ပုံရိပ္ေတြခ်ည္းပဲ ။
တကယ္ေတာ့ သူ႔ အျပင္ အျခားလူတစ္
ေယာက္ရဲ႕ ပုံရိပ္လည္း ရွိပါေသးတယ္ ၊
အဲ့ဒီ့လူကေတာ့ ခ်န္းရွီး ။
ကြၽန္မ သူမ ကို အေရွ႕ပင္လယ္ ေအာက္ေျခ
မွာ ေတြ႕ ျမင္ဖူးတယ္ ။
" နန္က်ီ ..... "
ကြၽန္မ သူ႔ နာမည္ကို တိုးတိုးေလး ေခၚလိုက္
ေပမဲ့ ကြၽန္မ အသံရဲ႕ တုန္ယင္ ေနမႈကို
ေတာ့ မထိန္းခ်ဳပ္ႏိုင္ခဲ့ဘူး ။
သူ႔ အေငြ႕ အသက္ေတြက ျပန္႔လြင့္လာတယ္ ။
ေလထုထဲမွာ အမ်ိဳးအမည္မသိရတဲ့ ခံစားခ်က္
ေတြက ဖုံးကြယ္ေနတယ္ ၊ ကြၽန္မ ႏွလုံးခုန္သံ
ေတြ ျမန္ေနမိတယ္ ။ သူ နဲ႔ စေတြ႕တည္းက
သူ႔ ရဲ႕ ခံစားခ်က္ေတြ သိသိသာသာေျပာင္းလဲ
လာတာမ်ိဳး ကြၽန္မ မေတြ႕ မျမင္ခဲ့ဘူး ။
သူ ... ကြၽန္မ ကိုေရာ လြမ္းဆြတ္ သတိရေန
ပါ့မလား ? ။
" ငဲ့ညႇာေပးဖို႔အတြက္ အသနားခံ
ခ်င္လို႔လား ? "
နန္က်ီ ရဲ႕ ေပါ့ေပါ့ပါးပါး အသံက သူ နဲ႔
ကြၽန္မ စေတြ႕တုန္းက အခ်ိန္လို ' မင္း
ဘယ္သူလဲ ' ဆိုတဲ့ လ်စ္လ်ဴရႈၿပီး ေအးစက္
တဲ့ စကားသံလိုပဲ ကြၽန္မ နားထဲ ဝင္ေရာက္
လာတယ္ ။
" ဒီေန႔က မင္း ေသရမဲ့ ေန႔ပဲ "
အဲ့ဒီ့အခ်က္ကို ကြၽန္မ လက္ခံထားတာၾကာ
ၿပီဆိုေပမဲ့ သူကေတာ့ သိပ္ၿပီး စိတ္ဝင္စား
မႈမရွိပါဘူး ။
ကြၽန္မ အၿပဳံးေတြ ေပ်ာက္ကြယ္သြားတယ္ ။
အေရွ႕ပင္လယ္ ေအာက္ေျခ မွာ ခ်န္းရွီး
ကို ေတြ႕ ခဲ့ေၾကာင္းေျပာျပခ်င္ခဲ့တာ ၊ ခ်န္းရွီး
က သူ႔ ကို မမွတ္မိေတာ့ပါဘူးဆိုတာကို
ေျပာျပခ်င္ခဲ့တာ ။
အခုေနစဥ္းစားလိုက္ေတာ့လည္း ကြၽန္မ သူ႔ကို
အဲ့ဒီ့အေၾကာင္း ေျပာျပလိုက္ေတာ့ေရာ ဘာမ်ား ကြဲျပားသြားမွာလဲ ?
သူမ က သူ႔ ကို ေမ့သြားခဲ့ရင္ေတာင္ သူကေတာ့
ခ်စ္ေနတုန္းပဲ ။ သူ႔ ကို ကြၽန္မ ႏွလုံးသား
ရဲ႕ ေအာက္ေျခမွာ တံဆိပ္ကပ္ထားရင္ေတာင္
သူကေတာ့ ကြၽန္မ ကို ဘယ္ေတာ့မွ ခ်စ္လာ
မွာ မဟုတ္ဘူး ။
ယားယံမႈတစ္ခုကို ကြၽန္မ ရဲ႕ နဖူးေပၚကေန
ခံစားရလိုက္တယ္ ။ ေသြးနံ႔က ကြၽန္မ ရဲ႕
ႏွာေခါင္းထဲကို တိုးဝင္လာခဲ့တယ္ ၊ ေသြး
ေတြ ျပည့္ေနတဲ့ ေျမျပင္ကို ကြၽန္မ ျမင္လိုက္
ရတယ္ ။ ကြၽန္မ ၾကည့္လိုက္ေတာ့ ခ်န္းက်ား
ေတာင္ေပၚက ေျခာက္ေသြ႕ ေနတဲ့ သစ္ပင္ေတြ
က ျပန္လည္ အသက္ဝင္လာတာကို မႈန္ဝါးဝါး
ျမင္ေတြ႕ လိုက္ရတယ္ ၊ သူတို႔ေတြ ႀကီးထြားလာ
ၿပီပဲ ။ ပန္းပြင့္ေတြက အျပည့္အဝကို ဖူးပြင့္
ေနပုံက လေရာင္ေအာက္မွာ ရယ္ေမာေနၾက
သလိုပဲ ။
နဖူးေပၚက ေသြးေတြက်လာတာကို တားစီး
လို႔ မရဘူးဆိုတာ ကြၽန္မ နားလည္တယ္ ။
နတ္ဆိုးေတြအားလုံးက ခ်န္းက်ား ေတာင္မွာ
စုေဝးေနခဲ့တယ္ ။ ေသြးေတြကို သုတ္ေန
စဥ္မွာပဲ ကြၽန္မ ရဲ႕ ေသမ်ိဳးအဂၤါ နဲ႔ မေသမ်ိဳးအဂၤါ
ေတြက စုတ္ၿပဲသြားၿပီျဖစ္တယ္ ။ ကြၽန္မ ေသြးေတြ
မခန္းမေျခာက္ခ်င္း ၊ ဝိဉာဥ္စြမ္းအားေတြ
ကုန္ဆုံးသြားတဲ့ အထိ ၊ ျပာျဖစ္သြားတဲ့ အခ်ိန္ထိ
ေပါ့ ။
အနက္ေရာင္ အေငြ႕အသက္စြမ္းအင္က
အေပၚကေန ေအာက္ေျခအထိ ဖိအားေပးၿပီး
ေနာက္မွာေတာ့ အားလုံးကို ပ်ံ႕ ႏွံ႔သြားခဲ့တယ္ ။
နတ္ဘုရား ပုံသ႑ာန္က ပ်က္သြားၿပီျဖစ္တယ္ ။
ကြၽန္မရဲ႕ ဝိဉာဥ္က အစိတ္စိတ္အမႊာမႊာျဖစ္သြားၿပီး
ေနရာအႏွံ႔ ျပန္႔က်ဲသြားတာ ေတြ႕ လိုက္ရတယ္ ။
အဲ့ဒီထဲမွာ ကြၽန္မ က စာအုပ္တစ္အုပ္ကို
ယူသြားၿပီး ေမွာ္ပညာကို ကို႔႐ို႕ကားယား
သင္ေပးေနတယ္ ။ ေနာက္တစ္ခုမွာ
ေတာ့ စီနီယာအစ္မႀကီး ရဲ႕ ဓါးသြားေအာက္
ကေန သူ က ကြၽန္မ ကို ကယ္ေပးခဲ့တယ္ ၊
ေနာက္ထပ္တစ္ခုမွာေတာ့ ကြၽန္မ က သူ႔
ကို ခ်န္းက်ားေတာင္ မွာ ကစားဖို႔ ေခၚသြားခဲ့တယ္ ၊
ေနာက္ထပ္တစ္ပိုင္းမွာေတာ့ သူ က ကြၽန္မ
ကို ေက်ာေပၚတင္ၿပီး အေရွ႕ပင္လယ္ကို
ျဖတ္သြားခဲ့တယ္ ။ အပိုင္းအစေတြ
အားလုံးထဲမွာ ကြၽန္မ နဲ႔ သူ႔ ရဲ႕ ပုံရိပ္ေတြ
ခ်ည္းပဲ ။
ကြၽန္မ ရဲ႕ မ်က္လုံးထဲမွာေတာ့ သူက နန္က်ီ
ျဖစ္ေနေပမဲ့ သူ႔ မ်က္လုံးထဲမွာေတာ့
ကြၽန္မ က လင္းရွီး ဟုတ္မေနခဲ့ဘူး ။
ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္မ က သူ ခ်စ္
တဲ့ အမ်ိဳးသမီး နဲ႔ ႐ုပ္ခ်င္းတူေနတဲ့သူ
တစ္ေယာက္ထက္ မပိုဘူး ။
သူ ခ်စ္တဲ့ မိန္းမက လင္းရွီး လို႔ေခၚတဲ့သူ
မဟုတ္ဘဲ ခ်န္းရွီး လို႔ ေခၚတဲ့သူပါ ။
အစိတ္အပိုင္းေတြက ႐ုတ္တရက္ ၾကယ္အမႈန္႔
ေတြအျဖစ္ေျပာင္းလဲသြားၿပီး ေပ်ာက္ကြယ္သြား
ခဲ့တယ္ ။
ကြၽန္မ မ်က္လုံးေတြက နာက်င္ၿပီး စိုစြတ္ေန
ခဲ့တယ္ ။ လက္က်န္ေသြးတစ္စက္က
ဆားရည္ငန္တဲ့ မ်က္ရည္အျဖစ္ေျပာင္းလဲ
သြားၿပီး စီးက်လာတယ္ ။ အဲ့ဒီ့ေနာက္မွာ
ေတာ့ ကြၽန္မ အသိစိတ္ေတြက တျဖည္းျဖည္း
အေမွာင္ထုႀကီးထဲ က်ဆင္းသြားေတာ့တယ္ ။
အဲ့ဒါက နာက်င္ရလြန္းလို႔ ကြၽန္မ က်ယ္ေလာင္
စြာ ေအာ္ဟစ္မိခ်င္တယ္ ၊ ဒါေပမဲ့လည္း
ကြၽန္မ လည္ေခ်ာင္းက မ်ိဳသိပ္ထားသလို
ဘာ အသံမွ ထြက္ေပၚမလာခဲ့ဘူး ။
အဲ့ဒီ့အခ်ိန္ခဏေလးမွာ ရင္းႏွီးတဲ့ အသံေလး
တစ္ခုထဲကေန ' ရွီး ' ဆိုတဲ့ စကားလုံး
တစ္လုံး ထြက္ေပၚလာခဲ့တယ္ ။
ခ်န္းရွီး လား ? လင္းရွီး လား ?
လင္းရွီး က လင္းရွီး ပဲ ။ လင္းရွီး က
ခ်န္းရွီး မဟုတ္ဘူး ။
အစကေန အဆုံးထိ ကြၽန္မက သုံးဘဝ ,လုံးလုံး
သူ႔ အ႐ိုးထဲထိ နက္နက္ရႈိင္းရႈိင္း အျမစ္တြယ္ေနခဲ့တဲ့အဲ့ဒီ့ အမ်ိဳးသမီး မဟုတ္ခဲ့ဘူး ။ သူ လိုခ်င္
ခဲ့တဲ့သူက ဘယ္တုန္းကမွ ကြၽန္မ မဟုတ္ခဲ့ဘူး ။
ဝိဉာဥ္ရဲ႕ ေနာက္ဆုံး အပိုင္းက လြင့္ျပယ္သြား
ၿပီျဖစ္တယ္ ။ ကြၽန္မ အသိစိတ္က တျဖည္းျဖည္း
နဲ႔ ေဝးကြာသြားခ်ိန္မွာေတာ့ အသံ တစ္သံက
ေမးလာခဲ့တယ္ ။
နင္ ..... သူ႔ကို ေတြ႕ ခ်င္ေသးလား ?
ဟင့္အင္း ။ ဘဝဆက္တိုင္း ....ဆက္တိုင္း
ဘယ္ေသာအခါမွ ထပ္ၿပီးေတာ့ မေတြ႕ ဆုံခ်င္
ေတာ့ဘူး ။
- To be continued
••••••• ဘာသာျပန္သူ၏ အမွာစကား ••••••••
အမေလးေနာ္ , ပထမဆုံး အခန္းမွာတင္
ေလာင္ရၿပီး ငိုရတယ္ ။ လင္းရွီးေလး သနား
ပါတယ္ 😢😢 ။
•••••••••••••••••• ••••••••••••••••• •••••••
27.5.2023
11:30 pm
words - 5389
☆☆☆