မျောလွင့်နေသောပြာမှုန်များ

Par PrettiOcean

30.4K 3.8K 97

This is not my own story English Title- Flying ash Author - 余酲 Translator- IQ Team Plus

Part-1
Part-2
Part-3.1
Part-3.2
Part-4.1
Part-4.2
Part-5.1
Chapter-5.2
Part-6.1
Part-6.2
Part-7.1
Part-7.2
Part-8.1
Part-8.2
Part-9.1
Part-9.2
Part-10.1
Part-10.2
Part-11.1
Part-11.2
Part-12.1
Part-12.2
Part-13.1
Part-13.2
Part-14.1
Part-14.2
Part-15.1
Part-15.2
Part-16
Part-17.1
Part-17.2
Part-18.1
Part-18.2
Part-19.1
Part-19.2
Part-20.1
Part-20.2
Part-21.1
Part-21.2
Part-22
Part-23
Part-24.1
Part-24.2
Part-25.1
Part-25.2
Part-26.2
Part-27.1
Part-27.2
Part-28.1
Part-28.2
Part-29.1
Part-29.2
Part-30
Part-31
Part-32.1
Part-32.2
Part-33.1
Part-33.2
Part-34.1
Part-34.2
Part-35.1
Part-35.2
Part-36.1
Part-36.2
Part-37.1

Part-26.1

270 42 0
Par PrettiOcean

Chapter-26.1

ထိုညတွင် ရှောင်ဟွေ့ရှားက Weibo ပေါ်၌ ဓာတ်ပုံတစ်ပုံ တင်ခဲ့သည်။ ၎င်းမှာ ဒိုရေမွန်ပုံသဏ္ဌာန် ရနံ့ပါသည့် ဖယောင်းတိုင်ပုံ ဖြစ်၏။ ၎င်းကို မီးမထွန်းညှိထားပေ။  ဖယောင်းတိုင်၏ မီးစာပေါ်တွင် ကာတွန်းပုံမီးတောက်တစ်ခု ရှိပြီး စကားလုံးများလည်း ရေးထားသည်။ ငါ့ညီမလေး ပေးတာလေ… အရမ်းလှလို့ မီးတောင် မထွန်းရက်ဘူး…။

ဒိုရာဟမ်ဟမ်က ပထမဦးဆုံး စာပြန်လာ၏။ မီးထွန်းကြည့်လိုက်… အဲ့ဒီအလှလေးတွေ မီးလင်းလာလိမ့်မယ်…။

ယီဟွေ့မှာ မယုံကြည်နိုင်အောင် ဖြစ်နေသည်။ တကယ်လား…(ဒိုရေမွန် အံ့အားသင့်သွားသည့်ပုံ)

ဒိုရာဟမ်ဟမ် “စမ်းကြည့်လိုက်လေ…”

ယီဟွေ့က ချက်ချင်းဆိုသလိုပင် သူ့ဖုန်းကို ချကာ မီးထွန်းရန် တစ်ခုခုကို ထရှာလိုက်သည်။

ဤအိမ်တွင် မည်သူမှ ဆေးလိပ်မသောက်သလို ချက်ပြုတ်ရာတွင်လည်း ထင်းမီး မသုံးကြသဖြင့် မီးခြစ် မရှိပေ။ သူက ဖယောင်းတိုင်ကို မီးထွန်းရန် ဘေးအိမ်မှာ အန်တီချိုး၏ အိမ်ဆီသို့ ယူသွားလေသည်။

မီးထွန်းညှိပြီးနောက် သူက လေမတိုက်စေရန် လက်ဖြင့် ကာ၍ ယူလာပြီး ၎င်းကို စားပွဲပေါ်တွင် ဂရုတစိုက် တင်ထားကာ ငုံ့ကြည့်လိုက်သည်။ တောက်ပနေသော ဖယောင်းတိုင်မီးထဲတွင် ဝါးပုစဉ်းများ၊ (၁) မှတ်ဉာဏ်ပေါင်မုန့်နှင့် တံခါးတစ်ချပ်… စသည်ဖြင့် ဒိုရေမွန်၏ ပတ်ဝန်းကျင်ရှိ အရာအားလုံး ဖြည်းဖြည်းချင်း လှည့်ပတ်နေသည်။ လတ်ဆတ်သော ရနံ့က လေထဲတွင် ပြည့်နှက်နေ၏။ သူက အိပ်မက်ဆန်သော ထိုမြင်ကွင်းထဲတွင် နစ်မြုပ်ကာ ထိုင်ခုံတစ်လုံး ယူ၍ စားပွဲတွင် ထိုင်လိုက်ပြီး သူ့မျက်နှာကို လက်ဖြင့် ထောက်၍ ၁၀ မိနစ်ကျော် ကြာအောင် သဘောကျစွာ ကြည့်နေမိသည်။

သူက ဖုန်းကို ပြန်ကိုင်လိုက်သောအခါ Weibo တွင် မက်ဆေ့ချ်များ တစ်သီတစ်တန်းကြီး ပို့ထားသဖြင့် အံ့ဩသွားရသည်။ အနီးကပ်ကြည့်လိုက်သောအခါ ထိုမက်ဆေ့ချ်များ အားလုံးမှာ ဒိုရာဟမ်ဟမ်ဆီမှ ဖြစ်သည်။

မင်းသာဘာမင်း မီးမညှိနဲ့… မင်းမိသားစုကို အကူအညီ တောင်းလိုက်…။

ပြီးတော့ မီးခြစ်ဆံ မသုံးနဲ့၊ မင်းလက်ကို မီးမလောင်မိအောင် ဂရုစိုက်…။

မီးထွန်းပြီးသွားရင် မီးခြစ်ကို ဘေးကင်းတဲ့နေရာမှာ ပြန်ထားဖို့ မမေ့နဲ့ ပြီးတော့ လောင်နေတဲ့ မီးတောက်ကို မထိနဲ့…။

မီးထွန်းပြီးပြီလား…။

မင်း မီးခြစ်ရှာမတွေ့ဘူးဆိုရင် မီးမထွန်းနဲ့တော့…။

မီးထွန်းလိုက်ပြီလား…။

မင်း ပြန်လာပြီလား…။

မီးမထွန်းနဲ့ဦး…။

မင်း ဘယ်ရောက်သွားတာလဲ…။

ဘယ်ကို ထွက်သွားတာလဲ…။

ငြိမ်ငြိမ်နေ… မီးတောက်ကို မထိနဲ့…။

….

ယီဟွေ့မှာ အံ့အားသင့်သွားလေသည်။ ဒိုရာဟမ်ဟမ်ကို အခုချက်ချင်း စာမပြန်မိပါက သူ့အိမ်တံခါးကိုပင် လာခေါက်တော့မည်ဟု ခံစားလိုက်ရ၏။ သူ စောင့်ဆိုင်းရင် စိတ်ပူနေမည်ကို စိုးရိမ်သဖြင့် သူက ကမန်းကတမ်း စာပြန်ရိုက်လိုက်သည်။

ငါ ပြန်လာပြီ…၊ ငါတို့အိမ်မှာ မီးခြစ်မရှိလို့ အိမ်နီးနားချင်းတွေဆီ သွားငှားနေရတာ…။

ဒိုရာဟမ်ဟမ် - မင်း ဒဏ်ရာတော့ မရသွားဘူးမလား…။

ယီဟွေ့က ပြန်ဖြေသည်၊ မရပါဘူး…(ဒိုရေမွန် ပြုံးနေပုံ)

ဒိုရာဟမ်ဟမ် - နောက်ဆို ဒီလိုကိစ္စတွေကို ကိုယ့်ဘာသာကိုယ် မလုပ်နဲ့ အရမ်းအန္တရာယ် များလွန်းတယ်။

ယီဟွေ့မှာ မည်သည့်နေရာတွင် အန္တရာယ်ရှိသည်ကို မစဉ်းစားတတ်သဖြင့် ခေါင်းခါပြီး ပြန်ပြောလိုက်သည်။ အန္တရာယ်မရှိပါဘူး… ဒီတိုင်း မီးထွန်းတာလေးပဲကို…။

ဒိုရာဟမ်ဟမ် - မင်းက ပန်းချီဆရာ တစ်ယောက်ဆိုတော့ မင်းရဲ့လက်တွေက တခြားအရာတွေထက်ပိုပြီး အရေးကြီးတယ်လေ…။

ယီဟွေ့မှာ တစ်ခဏမျှ အံ့ဩသွား၏။

တစ်ဖက်က ပြဿနာအသေးစားလေးကို ပုံကြီးချဲ့လိုက်သည်ဟု ခံစားမိသော်လည်း ဤကဲ့သို့ ဂရုစိုက်ပေးမှုကြောင့် ရင်ထဲ ထိသွားဆဲပင်။ အခုလို စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ်… ငါ နောက်ကျရင် ဂရုစိုက်ပါ့မယ်… (အသည်းပုံ)

ယခုတစ်ကြိမ်တွင်မူ ကျန်းမိသားစုခြံဝင်း၏ အပြင်ဘက်တွင် ပြေးနေသည့် ကျိုးကျင်ဟမ့်မှာ လက်တစ်ဖက်ဖြင့် နံရံကို ထောက်ထားပြီး မောဟိုက်နေ၏။

ဤအခိုက်အတန့်တွင် သူက လက်မြှောက်ပြီး တံခါးကိုပင် ခေါက်လုမတတ် ဖြစ်နေသည်။ သို့ရာတွင် မက်ဆေ့ချ်တစ်စောင် ပြန်စာ ရောက်လာပြီးနောက် သူက အနည်းငယ် စိတ်ငြိမ်သွားသည်။

ရှောင်ဟွေ့ရှားက ယခုအခါ ဗွီဒီယိုလေးများကို တင်နိုင်ပြီဖြစ်၍ ဖယောင်းတိုင်မီးကို မည်သို့ ညှိပြီး မီးထွန်းရသည့်နည်းလမ်းကို တင်လိုက်လေသည်။ ကျိုးကျင်ဟမ့်၏ စူးရှသော မျက်လုံးများက မတော်တဆ ရိုက်ကူးမိထားသော လက်ကို ကြည့်လိုက်မိသည်။

ဖြူစင်သန့်ရှင်းပြီး မီးလောင်ဒဏ်ရာ မရှိသော လက်ဖျံကြောင့် ကျိုးကျင်ဟမ့်မှာ တစ်ခဏမျှ ကြောင်အမ်းအမ်း ဖြစ်သွားပြီး သူ့အတွေးများမှာ လမ်းလွဲကာ တစ်နေရာဆီသို့ ဦးတည်သွားလေသည်။

သို့သော် တစ်ခဏအကြာတွင် တူညီသော ဝါသနာ၊ တူညီသော ပုံဆွဲသည့်စတိုင်၊ စာပို့သည့်အခါ သုံးသည့် တစ်ထေရာတည်း တူညီသော စာလုံးပေါင်း သတ်ပုံများကဲ့သို့ မလွဲချော်နိုင်သည့် အသေးစိတ် အချက်အလက်များက ပို၍ အလေးသာသွားပြန်သည်။

သူက မတူညီသော အချက်များကို တမင်တကာဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ လျစ်လျူရှုထားလိုက်သည်။ သူက အခြားသူများပြောသည့် အကြောင်းတရားများနှင့် အကျိုးဆက်များကို အရေးမစိုက်ဘဲ တူညီမှုများကို ခေါင်းမာစွာ ဆုပ်ကိုင်ထားရင်း ၎င်းတို့ကို အဆုံးမရှိ ချဲ့ထွင်ခဲ့သည်။ ၎င်းက ခိုင်မာစွာ ရပ်တည်မှုတစ်ခု ရနိုင်ရန်အတွက် သူ့ကိုယ်သူ ဆွဲဆောင်နိုင်ရန် လုံလောက်ပေသည်။

ဤလူမှာ ယီဟွေ့ ဖြစ်ပြီး သူက အရူးမဟုတ်ပေ။

သူ၏ သတိရှိခြင်းမှာလည်း အတူတူပင် ဖြစ်သည်။ ဗွီဒီယိုထဲတွင် လက်ကို ရှေ့သို့ ဆန့်ထုတ်ပြီး လည်နေသော ဆွဲသီးလေးကို ထိရန် မူလက ရည်ရွယ်ထားသော်လည်း အလယ်ရှိ မီးတောက်က ရုတ်တရက် မြင့်တက်လာသောကြောင့် လက်ကို အမြန် နောက်ပြန်ဆုတ်ပြီး ကင်မရာကို ဆွဲခွာပစ်လိုက်လေသည်။ ထို့နောက် “ကြောက်လိုက်တာ သေမလိုပဲ…” ဟု အနည်းငယ် မောဟိုက်နေသော အသံဖြင့် မှတ်တမ်းတင်ထားသည့် ဗွီဒီယိုလေး တစ်ခု နောက်မှ တက်လာသည်။

ဤသည်မှာ ထိတ်လန့်သွားသည့်အချိန် ယီဟွေ့၏ တုံ့ပြန်မှု အမှန်ပင် ဖြစ်သည်။ ကျိုးကျင်ဟမ့်က နှစ်ခြိုက်စွာ ပြုံးလိုက်သော်လည်း တစ်ချိန်တည်းမှာပင် ဝမ်းနည်းစွာ တွေးလိုက်မိသည်။ သူက မီးအပူလောင်မည်ကို သိသိသာသာ ကြောက်ရွံ့နေခဲ့သော်လည်း ထိုစဉ် သူ့ရှေ့တွင် ဤကဲ့သို့ ဆိုးရွားသော ကိစ္စများ ကြုံခဲ့ရသည့်အခါ အဘယ်ကြောင့် တစ်ကြိမ်တစ်ခါမှ ရှောင်တိမ်းပြီး နာကျင်စွာ ငိုကြွေးခြင်း မပြုခဲ့ရပါသနည်း။

ရနံ့မွှေးသော ဖယောင်းတိုင်မှာ အမှန်တကယ်ပင် စိတ်တည်ငြိမ်စေသော အာနိသင် ရှိသည်။ ထိုညက ယီဟွေ့ ကောင်းစွာ အိပ်စက်ခဲ့ရ၏။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည့်အခါ အိပ်မက်မက်ရန် ပို၍ လွယ်ကူပေသည်။ သူက စိတ်ကို အလွန် ပုံသွင်းရလွယ်ကူ၏။ ထို့ကြောင့် သူက ပန်းကန်လုံးတစ်လုံးကို ကောက်ယူလိုက်ပြီး ရေနွေး လောင်းချလိုက်ရာ ပန်းကန်လုံးမှာ သူ့လက်ထဲတွင် ကွဲသွားပြီး ရေနွေးများက သူ့လက်ဖျံတစ်ခုလုံး အပူလောင်သွားသည်ကို အိပ်မက်မက်ခဲ့လေသည်။

အိပ်မက်ထဲရှိ အပူလောင်သည့် ဝေဒနာက အိပ်မက်အပြင်ဘက်ထိ လိုက်ပါလာခဲ့သည်။ အိပ်ရာနိုးလာပြီးနောက် မိနစ်အနည်းငယ် ကြာသည်အထိ ယီဟွေ့က သူ့လက်ကို ကြည့်ရင်း အိပ်ရာပေါ်တွင် ထိုင်နေဆဲပင်။ သူ၏ ယခင်ဘဝတွင် ထိုလက်မှာ မီးလောင်ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသဖြင့် အကျည်းတန်နေခဲ့ပြီး ယခုဘဝတွင်မူ ၎င်းမှာ သန့်ရှင်း၍ အပြစ်ကင်းလှပေသည်။ မည်သို့ပင်ဆိုစေကာမူ နှစ်ဘဝလုံးတွင် သူ့လက်များမှာ ပန်းချီဆရာ တစ်ယောက်၏ လက်ဖြစ်သည်။

မနက်စာစားနေသည့်အချိန်အတွင်း ယီဟွေ့မှာ မီးဖိုချောင်ထဲမှ ရေနွေးအိုးဆူသံကြောင့် ထိတ်လန့်သွားရသည်။ သူကိုင်ထားသည့် တူနှစ်ချောင်းမှာ တုန်ယင်နေပြီး သူ ညှပ်ယူထားသော ဖက်ထုပ်ကြော်မှာ စားပွဲပေါ်သို့ ပြုတ်ကျသွား၏။ ကျန်းယီမန့်က နောက်ပြောင်လိုက်သည်။

“ကျွတ်စ်… အစ်ကိုက မစားချင်လို့ ဒီလို အကွက်တွေ ထုတ်သုံးနေတာလား… ညီမလေး ပညာရလိုက်ပါပြီ…”

စားပွဲမှာ မညစ်ပတ်နေပါ။ ထို့ကြောင့် ယီဟွေ့က ဖက်ထုပ်ကို ကောက်ယူကာ ပန်းကန်လုံးထဲသို့ ပြန်ထည့်လိုက်ပြီး အသံတိုးတိုးဖြင့် လေးနက်စွာ ပြောလိုက်သည်။

“မင်း ဒီအကျင့်တွေ ငါ့ဆီက သင်ခွင့် မပြုနိုင်ဘူး…”

ယီဟွေ့မှာ အလွန်ပိန်နေသဖြင့် ကျန်းရွှယ်မေ့မှာ သူမ၏ သားဖြစ်သူ လုံလောက်စွာ အစားအသောက် မစားရမည်ကို အမြဲ စိုးရိမ်နေခဲ့သည်။ တစ်နေ့လျှင် ထမင်းသုံးနပ်အပြင် အသင့်စား အစားအသောက် အချို့ကို အိမ်တွင် မကြာခဏ ပြင်ဆင်ပေးလေ့ရှိသည်။

လတ်တလောတွင် ယီဟွေ့၏ အကြိုက်ပြောင်းလဲမှုကြောင့် ပေါင်မုန့်နှင့် ဘီစကွတ်များအစား အချိုမုန့်များဖြင့် အစားထိုးပေးခဲ့ရသည်။ သကြားလုံးများနှင့် အသီးကြော်များကိုမူ အချိန်ကြာမြင့်စွာ သိမ်းဆည်းထား၍ မရနိုင်ပေ။ တစ်မျိုးစီကို ကတ်တီတစ်ဝက်စီ ဝယ်ယူခဲ့သော်လည်း ယီဟွေ့က အကုန်လုံး ကုန်အောင် မစားနိုင်ပါ။ ဤမနက်တွင် ကျန်းရွှယ်မေ့က အိပ်ရာအောက်တွင် ရှာဖွေကြည့်လိုက်ရာ မကုန်သေးသော မုန့်များ ထည့်ထားသည့် အိတ်အချို့ကို ရှာတွေ့ခဲ့ပြီး အချို့မှာ မှိုတက်နေပြီ ဖြစ်သည်။

“အစ်ကိုကြီးက ဟမ်းစတားလား… ဆောင်းတွင်းအတွက် စားစရာတွေ စုထားတာလား…”

ကျန်းယီမန့်မှာ အားရပါးရ ရယ်ရင်း ဟန်ချက်ပျက်လုနီးပါးပင် ဖြစ်သွားပြီး သူမက စိတ်ကျေနပ်လောက်အောင် ရယ်မောပြီးနောက် အမှန်အတိုင်း ပြောလိုက်သည်။

“ဒါပေမဲ့ အကုန်မစားနိုင်ရင် ညီမလေးကိုလည်း လိုက်မရှာနဲ့နော်… ညီမလေး ဝိတ်ချနေတာ…”

ဤအကြောင်းပြချက်ကြောင့် ယီဟွေ့မှာ ကျန်းရွှယ်မေ့အတွက် စိတ်မကောင်းဖြစ်နေပြီး သူ၏ အစာချေစနစ်ကို အရှိန်မြှင့်ရန်နှင့် ပို၍ များများစားနိုင်ရန် ကြိုးစားသည့်အနေဖြင့် နေ့ခင်းဘက် သူတစ်ယောက်တည်း ရှိနေချိန်တွင် ခြံဝင်းထဲ၌ အကြိမ်ပေါင်းများစွာ ပတ်ပြေးနေခဲ့သည်။

ထန်ဝမ်းရှီက သူ့စိတ်ဖိစီးမှုအကြောင်း ဖုန်းထဲတွင် ကြားသိရပြီးနောက် သူ့ခန္ဓာကိုယ်ကို ကြံ့ခိုင်စေနိုင်ရုံသာမက စွမ်းအင်များ အများအပြား လောင်ကျွမ်းစေနိုင်ရန်အတွက် ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင် ပစ်သကဲ့သို့ အိမ်တွင် ဒိုက်ထိုးရန် အကြံပေးခဲ့သည်။

ဤသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ယီဟွေ့ ခံစားရ၏။ သူက ခြံဝင်းထဲရှိ ကျောက်သားကြမ်းပြင်ကို လှဲကျင်းသုတ်သင်ပြီးနောက် သူ့လက်များကို လှိမ့်လိုက်သည်။

ဤခန္ဓာကိုယ်မှာ ယခင်ကသူ့ခန္ဓာကိုယ်ထက် များစွာ ပို၍ အားနည်းနေလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။ နှစ်ကြိမ်ခန့် ဒိုက်ထိုးပြီးနောက် နောက်တစ်ကြိမ် ထပ်လုပ်ရန် မထိန်းထားနိုင်တော့ပေ။

ယီဟွေ့က ရှက်သွားသောကြောင့် ထသွားရင်း အိမ်ထဲသို့ ချော်လဲသွားသော်လည်း ကံကောင်းထောက်မစွာဖြင့် မည်သူမှ သူ့ကို မမြင်လိုက်သည့်အတွက် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်သည်။

ထိုနေ့ မွန်းလွဲပိုင်းတွင် ကျန်းယီမန့်မှာ နောက်ဆုံးအတန်းချိန်၌ နာရီဝက်ခန့် နောက်ကျနေခဲ့သည်။ သူမက ယနေ့အတွက် ထိုလူ့ကို မတွေ့ရတော့ဟု တွေးရင်း ခေါင်းငိုက်စိုက်ကျကာ အားမရှိသော ခြေလှမ်းများဖြင့် ကျောင်းထဲမှ ထွက်လာခဲ့သည်။ သူမ လမ်းတစ်ဝက်အရောက်တွင် သူမတို့အိမ်အနီးရှိ လမ်းတစ်ဖက်တွင် ရပ်နေသော အရပ်ရှည်ရှည် လူတစ်ယောက်ကို တွေ့လိုက်ရသဖြင့် အလွန် စိတ်လှုပ်ရှားသွားပြီး အော်ဟစ်ကာ ငိုမိမတတ် ဖြစ်သွားလေသည်။

နှစ်ဦးသား အိမ်အနောက်ဘက်ရှိ သီးသန့်နေရာသို့ လျှို့ဝှက်အေးဂျင့်များကဲ့သို့ ပုံမှန်အတိုင်း လျှောက်သွားကြ၏။

ယနေ့ ကျိုးကျင်ဟမ့်က နှာခေါင်းစည်း မဝတ်ဆင်ထားပေ။ သူ၏ မီးခိုးရောင်လေကာအင်္ကျီက သေးသွယ်သော ခါးနှင့် ရှည်လျားသော ခြေတံများကို ပို၍ ပေါ်လွင်စေပြီး ကျန်းယီမန့်မှာ အံ့ဩဘနန်း ဖြစ်လုနီးပါးပုံစံပင် ဖြစ်နေသည်။

သူ့လက်ထဲတွင် ကိုင်ထားသည့် အိတ်ကြီးတစ်လုံးကသာ သူ၏ ခန့်ညားသော ဝတ်စုံနှင့် မအပ်စပ်လှပေ။

“ယောဂဖျာ…” ကျိုးကျင်ဟမ့်က ရှင်းပြလိုက်သည်။

“နောက်ပိုင်း သူ အားကစားလုပ်ချင်ရင် ဒီဖျာပေါ်မှာ လုပ်လို့ ရအောင်…”

“အဲ့ဒါက…” ကျန်းယီမန့်က တုံ့ဆိုင်းနေ၏။

“ညီမရဲ့အစ်ကိုက အိမ်မှာ တစ်နေကုန် ထိုင်နေတာပဲ… အားကစားလည်း မလုပ်ဘူး…”

ကျိုးကျင်ဟမ့်က သူ့စိတ်ထဲတွင် တစ်ခုခုကို တွေးမိသဖြင့် အနည်းငယ် ပြုံးလိုက်ပြီး ပြောသည်။

“သူ လုပ်မှာပါ…”

ကျန်းယီမန့်၏ ဦးနှောက်မှာ အခြေခံအားဖြင့် သူမ၏ အိုင်ဒေါလ်ရှေ့တွင် ယောက်ယက်ခတ်နေသည်။ သူမ၏ အိုင်ဒေါလ်က သူမ၏အစ်ကို အားကစားလုပ်လိမ့်မည်ဟု ပြောသည့်အတွက် သူမက ချက်ချင်းပင် ယောဂဖျာကို ယူလိုက်ပြီး သူမ၏လက်ထဲတွင် ကိုင်ထားပေးလိုက်သည်။

“အစ်ကို ဒီဟာကို ဘယ်မှာဝယ်ခဲ့တာလဲ… ညီမလေးတို့မြို့မှာ ဒီလိုမျိုးတွေ မရှိဘူးလို့ ထင်တာပဲ ဟုတ်တယ်မလား…”

“နေ့ခင်းတုန်းက ငါ မြို့ထဲသွားခဲ့တာ…” ကျိုးကျင်ဟမ့်က ပြောသည်။

“ဪ… အဲ့ဒီလိုလား…” ဤရက်ပိုင်းအတွင်း အနည်းငယ် ဆက်သွယ်ပြောဆိုပြီးနောက် ကျန်းယီမန့်မှာ ပထမဆုံးအကြိမ်ကလောက် စိုးရိမ်စိတ် မဖြစ်တော့ဘဲ ရံဖန်ရံခါတွင် သာမန်စကားပြောဆိုခြင်းမျိုးပင် ပြုလုပ်နိုင်သည်။

“ဒါဆို အစ်ကိုဟမ့်… ရုပ်ရှင်ရိုက်ကွင်းကို မသွားရင်ရော အဆင်ပြေပါ့မလား…”

ကျန်းယီမန့်က လက်ဆောင်များကို ပို့ပေးသည့်နေရာတွင် ကူညီပေးသည့်အတွက် ကျိုးကျင်ဟမ့်က ဤကလေးမလေးအပေါ်တွင် အလွန် စိတ်ရှည်လှသည်။ သူက မည်သည့်မေးခွန်းကိုမဆို ဖြေပေးလေ့ရှိ၏။

“ငါ ခွင့်ယူလာတာပါ… အဆင်ပြေပါတယ်…”

ကျန်းယီမန့်က သေချာအောင် မေးလိုက်၏။ “ညီမလေးရဲ့အစ်ကိုကြီးအတွက်လား…”

ကျိုးကျင်ဟမ့်က မဆိုင်းမတွပင် ပြန်ဖြေသည်။

“အင်း…”

ကျန်းယီမန့်၏ အကြည့်က အောက်ဘက်သို့ ရောက်သွားပြီး သူမက အမြဲလိုလို မြင်နေသည့်အခါ မေးနေကျအတိုင်း မေးလိုက်သည်။ “အစ်ကို့ရဲ့လက်က နာနေတုန်းပဲလား…”

ကျိုးကျင်ဟမ့်က ပတ်တီးစည်းထားသော သူ့လက်ကို လှုပ်လိုက်ပြီး အမှန်အတိုင်း ပြောလိုက်သည်။

“နည်းနည်းတော့ နာနေတုန်းပဲ ဒါပေမဲ့ ပြင်းပြင်းထန်ထန်ကြီးတော့ မဟုတ်တော့ပါဘူး…”

“ညီမလေးတို့မိသားစုမှာ တင်းမာရောင်ရမ်းနေတာကို ပျောက်အောင်ကုပေးတဲ့ ဆေးတွေ ရှိတယ်… စပရေးနဲ့ ကပ်ခွာတွေပဲ… ညီမလေး ယူလာပေးမယ်…”

ကျန်းယီမန့်က လှည့်ထွက်သွားတော့မည်ဟန် ပြုသော်လည်း သူမကို ကျိုးကျင်ဟမ့်က လှမ်းတားလိုက်သည်။

“ဟင့်အင်း… သူ့ကို သွားမနှောက်ယှက်နေပါနဲ့…”

အချို့သော အကြောင်းပြချက်များကြောင့် တစ်ကြိမ်တစ်ခါမှ ရည်းစားမထားခဲ့ဖူးသော ကျန်းယီမန့်မှာ ဤစကားလုံးအချို့ထံမှ သူမ၏အစ်ကိုအတွက် ကျိုးကျင်ဟမ့်၏ စိုးရိမ်ပူပန်မှုကို အမြဲလိုလို ကြားနေရသည်။

သို့တိုင် သူမက ဤကိစ္စကို အပြည့်အဝ နားမလည်နိုင်သေးပေ။ ကမ္ဘာကြီးမှာ အလွန်ပင် မှော်ဆန်လွန်းသည်ဟု ခံစားရသဖြင့် သူမက ခဏရပ်ပြီး မေးလိုက်သည်။ “ဒါနဲ့ အစ်ကိုနဲ့ ညီမလေးရဲ့အစ်ကိုကြီး ဘယ်တုန်းက တွေ့ခဲ့ကြတာလဲ…”

“လွန်ခဲ့တဲ့ ၅ နှစ်က…” ကျိုးကျင်ဟမ့်က ပြန်ဖြေသည်။

ကျန်းယီမန့်က သူမ၏ လက်ချောင်းများကို ရေတွက်ပြီး သက်ပြင်းရှိုက်လိုက်၏။ သူက ချစ်နေရသည့်အလုပ်ဖြင့် အမြဲလိုလို အလုပ်ရှုပ်နေသည်ဟု အမြဲလိုလို ပြောခဲ့ဖူးသည်။ အသက် ၁၇ နှစ်တည်းက သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မည်သို့ခင်မင်ရင်းနှီးခဲ့ပါသနည်း။

အံ့အားသင့်နေသော မိန်းကလေးမှာ လက်မလျှော့သေးဘဲ ချစ်ခြင်းတရားကို ဝိုးတဝါး တောင့်တသည့်အနေဖြင့် မျှော်လင့်တကြီး မေးလိုက်လေသည်။

“ဒါဆို အစ်ကိုတို့က လက်ထပ်ကြမှာလား…”

နောက်ဆုံးတွင် ကျိုးကျင်ဟမ့်က ထပ်မံ၍ ပြုံးလိုက်၏။

“သူ အစ်ကို့ကို ခွင့်လွှတ်တဲ့အချိန်ကျရင် သေချာပေါက် လက်ထပ်မှာပေါ့…”

Xxxxxx

Chapter-26.1

ထိုညတြင္ ေရွာင္ေဟြ႕ရွားက Weibo ေပၚ၌ ဓာတ္ပုံတစ္ပုံ တင္ခဲ့သည္။ ၎မွာ ဒိုေရမြန္ပုံသဏၭာန္ ရနံ႕ပါသည့္ ဖေယာင္းတိုင္ပုံ ျဖစ္၏။ ၎ကို မီးမထြန္းညွိထားေပ။  ဖေယာင္းတိုင္၏ မီးစာေပၚတြင္ ကာတြန္းပုံမီးေတာက္တစ္ခု ရွိၿပီး စကားလုံးမ်ားလည္း ေရးထားသည္။ ငါ့ညီမေလး ေပးတာေလ အရမ္းလွလို႔ မီးေတာင္ မထြန္းရက္ဘူး။

ဒိုရာဟမ္ဟမ္က ပထမဦးဆုံး စာျပန္လာ၏။ မီးထြန္းၾကည့္လိုက္ အဲ့ဒီအလွေလးေတြ မီးလင္းလာလိမ့္မယ္။

ယီေဟြ႕မွာ မယုံၾကည္နိုင္ေအာင္ ျဖစ္ေနသည္။ တကယ္လား(ဒိုေရမြန္ အံ့အားသင့္သြားသည့္ပုံ)

ဒိုရာဟမ္ဟမ္ စမ္းၾကည့္လိုက္ေလ

ယီေဟြ႕က ခ်က္ခ်င္းဆိုသလိုပင္ သူ႕ဖုန္းကို ခ်ကာ မီးထြန္းရန္ တစ္ခုခုကို ထရွာလိုက္သည္။

ဤအိမ္တြင္ မည္သူမွ ေဆးလိပ္မေသာက္သလို ခ်က္ျပဳတ္ရာတြင္လည္း ထင္းမီး မသုံးၾကသျဖင့္ မီးျခစ္ မရွိေပ။ သူက ဖေယာင္းတိုင္ကို မီးထြန္းရန္ ေဘးအိမ္မွာ အန္တီခ်ိဳး၏ အိမ္ဆီသို႔ ယူသြားေလသည္။

မီးထြန္းညွိၿပီးေနာက္ သူက ေလမတိုက္ေစရန္ လက္ျဖင့္ ကာ၍ ယူလာၿပီး ၎ကို စားပြဲေပၚတြင္ ဂ႐ုတစိုက္ တင္ထားကာ ငုံ႕ၾကည့္လိုက္သည္။ ေတာက္ပေနေသာ ဖေယာင္းတိုင္မီးထဲတြင္ ဝါးပုစဥ္းမ်ား၊ (၁) မွတ္ဉာဏ္ေပါင္မုန႔္ႏွင့္ တံခါးတစ္ခ်ပ္ စသည္ျဖင့္ ဒိုေရမြန္၏ ပတ္ဝန္းက်င္ရွိ အရာအားလုံး ျဖည္းျဖည္းခ်င္း လွည့္ပတ္ေနသည္။ လတ္ဆတ္ေသာ ရနံ႕က ေလထဲတြင္ ျပည့္ႏွက္ေန၏။ သူက အိပ္မက္ဆန္ေသာ ထိုျမင္ကြင္းထဲတြင္ နစ္ျမဳပ္ကာ ထိုင္ခုံတစ္လုံး ယူ၍ စားပြဲတြင္ ထိုင္လိုက္ၿပီး သူ႕မ်က္ႏွာကို လက္ျဖင့္ ေထာက္၍ ၁၀ မိနစ္ေက်ာ္ ၾကာေအာင္ သေဘာက်စြာ ၾကည့္ေနမိသည္။

သူက ဖုန္းကို ျပန္ကိုင္လိုက္ေသာအခါ Weibo တြင္ မက္ေဆ့ခ်္မ်ား တစ္သီတစ္တန္းႀကီး ပို႔ထားသျဖင့္ အံ့ဩသြားရသည္။ အနီးကပ္ၾကည့္လိုက္ေသာအခါ ထိုမက္ေဆ့ခ်္မ်ား အားလုံးမွာ ဒိုရာဟမ္ဟမ္ဆီမွ ျဖစ္သည္။

မင္းသာဘာမင္း မီးမညွိနဲ႕ မင္းမိသားစုကို အကူအညီ ေတာင္းလိုက္။

ၿပီးေတာ့ မီးျခစ္ဆံ မသုံးနဲ႕၊ မင္းလက္ကို မီးမေလာင္မိေအာင္ ဂ႐ုစိုက္။

မီးထြန္းၿပီးသြားရင္ မီးျခစ္ကို ေဘးကင္းတဲ့ေနရာမွာ ျပန္ထားဖို႔ မေမ့နဲ႕ ၿပီးေတာ့ ေလာင္ေနတဲ့ မီးေတာက္ကို မထိနဲ႕။

မီးထြန္းၿပီးၿပီလား။

မင္း မီးျခစ္ရွာမေတြ႕ဘူးဆိုရင္ မီးမထြန္းနဲ႕ေတာ့။

မီးထြန္းလိုက္ၿပီလား။

မင္း ျပန္လာၿပီလား။

မီးမထြန္းနဲ႕ဦး။

မင္း ဘယ္ေရာက္သြားတာလဲ။

ဘယ္ကို ထြက္သြားတာလဲ။

ၿငိမ္ၿငိမ္ေန မီးေတာက္ကို မထိနဲ႕။

.

ယီေဟြ႕မွာ အံ့အားသင့္သြားေလသည္။ ဒိုရာဟမ္ဟမ္ကို အခုခ်က္ခ်င္း စာမျပန္မိပါက သူ႕အိမ္တံခါးကိုပင္ လာေခါက္ေတာ့မည္ဟု ခံစားလိုက္ရ၏။ သူ ေစာင့္ဆိုင္းရင္ စိတ္ပူေနမည္ကို စိုးရိမ္သျဖင့္ သူက ကမန္းကတမ္း စာျပန္ရိုက္လိုက္သည္။

ငါ ျပန္လာၿပီ၊ ငါတို႔အိမ္မွာ မီးျခစ္မရွိလို႔ အိမ္နီးနားခ်င္းေတြဆီ သြားငွားေနရတာ။

ဒိုရာဟမ္ဟမ္ - မင္း ဒဏ္ရာေတာ့ မရသြားဘူးမလား။

ယီေဟြ႕က ျပန္ေျဖသည္၊ မရပါဘူး(ဒိုေရမြန္ ၿပဳံးေနပုံ)

ဒိုရာဟမ္ဟမ္ - ေနာက္ဆို ဒီလိုကိစၥေတြကို ကိုယ့္ဘာသာကိုယ္ မလုပ္နဲ႕ အရမ္းအႏၱရာယ္ မ်ားလြန္းတယ္။

ယီေဟြ႕မွာ မည္သည့္ေနရာတြင္ အႏၱရာယ္ရွိသည္ကို မစဥ္းစားတတ္သျဖင့္ ေခါင္းခါၿပီး ျပန္ေျပာလိုက္သည္။ အႏၱရာယ္မရွိပါဘူး ဒီတိုင္း မီးထြန္းတာေလးပဲကို။

ဒိုရာဟမ္ဟမ္ - မင္းက ပန္းခ်ီဆရာ တစ္ေယာက္ဆိုေတာ့ မင္းရဲ႕လက္ေတြက တျခားအရာေတြထက္ပိုၿပီး အေရးႀကီးတယ္ေလ။

ယီေဟြ႕မွာ တစ္ခဏမွ် အံ့ဩသြား၏။

တစ္ဖက္က ျပႆနာအေသးစားေလးကို ပုံႀကီးခ်ဲ့လိုက္သည္ဟု ခံစားမိေသာ္လည္း ဤကဲ့သို႔ ဂ႐ုစိုက္ေပးမႈေၾကာင့္ ရင္ထဲ ထိသြားဆဲပင္။ အခုလို စိုးရိမ္ေပးလို႔ ေက်းဇူးတင္ပါတယ္ ငါ ေနာက္က်ရင္ ဂ႐ုစိုက္ပါ့မယ္ (အသည္းပုံ)

ယခုတစ္ႀကိမ္တြင္မူ က်န္းမိသားစုၿခံဝင္း၏ အျပင္ဘက္တြင္ ေျပးေနသည့္ က်ိဳးက်င္ဟမ့္မွာ လက္တစ္ဖက္ျဖင့္ နံရံကို ေထာက္ထားၿပီး ေမာဟိုက္ေန၏။

ဤအခိုက္အတန႔္တြင္ သူက လက္ျမႇောက္ၿပီး တံခါးကိုပင္ ေခါက္လုမတတ္ ျဖစ္ေနသည္။ သို႔ရာတြင္ မက္ေဆ့ခ်္တစ္ေစာင္ ျပန္စာ ေရာက္လာၿပီးေနာက္ သူက အနည္းငယ္ စိတ္ၿငိမ္သြားသည္။

ေရွာင္ေဟြ႕ရွားက ယခုအခါ ဗြီဒီယိုေလးမ်ားကို တင္နိုင္ၿပီျဖစ္၍ ဖေယာင္းတိုင္မီးကို မည္သို႔ ညွိၿပီး မီးထြန္းရသည့္နည္းလမ္းကို တင္လိုက္ေလသည္။ က်ိဳးက်င္ဟမ့္၏ စူးရွေသာ မ်က္လုံးမ်ားက မေတာ္တဆ ရိုက္ကူးမိထားေသာ လက္ကို ၾကည့္လိုက္မိသည္။

ျဖဴစင္သန႔္ရွင္းၿပီး မီးေလာင္ဒဏ္ရာ မရွိေသာ လက္ဖ်ံေၾကာင့္ က်ိဳးက်င္ဟမ့္မွာ တစ္ခဏမွ် ေၾကာင္အမ္းအမ္း ျဖစ္သြားၿပီး သူ႕အေတြးမ်ားမွာ လမ္းလြဲကာ တစ္ေနရာဆီသို႔ ဦးတည္သြားေလသည္။

သို႔ေသာ္ တစ္ခဏအၾကာတြင္ တူညီေသာ ဝါသနာ၊ တူညီေသာ ပုံဆြဲသည့္စတိုင္၊ စာပို႔သည့္အခါ သုံးသည့္ တစ္ေထရာတည္း တူညီေသာ စာလုံးေပါင္း သတ္ပုံမ်ားကဲ့သို႔ မလြဲေခ်ာ္နိုင္သည့္ အေသးစိတ္ အခ်က္အလက္မ်ားက ပို၍ အေလးသာသြားျပန္သည္။

သူက မတူညီေသာ အခ်က္မ်ားကို တမင္တကာျဖစ္ေစ၊ မရည္႐ြယ္ဘဲျဖစ္ေစ လ်စ္လ်ဴရႈထားလိုက္သည္။ သူက အျခားသူမ်ားေျပာသည့္ အေၾကာင္းတရားမ်ားႏွင့္ အက်ိဳးဆက္မ်ားကို အေရးမစိုက္ဘဲ တူညီမႈမ်ားကို ေခါင္းမာစြာ ဆုပ္ကိုင္ထားရင္း ၎တို႔ကို အဆုံးမရွိ ခ်ဲ့ထြင္ခဲ့သည္။ ၎က ခိုင္မာစြာ ရပ္တည္မႈတစ္ခု ရနိုင္ရန္အတြက္ သူ႕ကိုယ္သူ ဆြဲေဆာင္နိုင္ရန္ လုံေလာက္ေပသည္။

ဤလူမွာ ယီေဟြ႕ ျဖစ္ၿပီး သူက အ႐ူးမဟုတ္ေပ။

သူ၏ သတိရွိျခင္းမွာလည္း အတူတူပင္ ျဖစ္သည္။ ဗြီဒီယိုထဲတြင္ လက္ကို ေရွ႕သို႔ ဆန႔္ထုတ္ၿပီး လည္ေနေသာ ဆြဲသီးေလးကို ထိရန္ မူလက ရည္႐ြယ္ထားေသာ္လည္း အလယ္ရွိ မီးေတာက္က ႐ုတ္တရက္ ျမင့္တက္လာေသာေၾကာင့္ လက္ကို အျမန္ ေနာက္ျပန္ဆုတ္ၿပီး ကင္မရာကို ဆြဲခြာပစ္လိုက္ေလသည္။ ထို႔ေနာက္ ေၾကာက္လိုက္တာ ေသမလိုပဲ ဟု အနည္းငယ္ ေမာဟိုက္ေနေသာ အသံျဖင့္ မွတ္တမ္းတင္ထားသည့္ ဗြီဒီယိုေလး တစ္ခု ေနာက္မွ တက္လာသည္။

ဤသည္မွာ ထိတ္လန႔္သြားသည့္အခ်ိန္ ယီေဟြ႕၏ တုံ႕ျပန္မႈ အမွန္ပင္ ျဖစ္သည္။ က်ိဳးက်င္ဟမ့္က ႏွစ္ၿခိဳက္စြာ ၿပဳံးလိုက္ေသာ္လည္း တစ္ခ်ိန္တည္းမွာပင္ ဝမ္းနည္းစြာ ေတြးလိုက္မိသည္။ သူက မီးအပူေလာင္မည္ကို သိသိသာသာ ေၾကာက္႐ြံ႕ေနခဲ့ေသာ္လည္း ထိုစဥ္ သူ႕ေရွ႕တြင္ ဤကဲ့သို႔ ဆိုး႐ြားေသာ ကိစၥမ်ား ႀကဳံခဲ့ရသည့္အခါ အဘယ္ေၾကာင့္ တစ္ႀကိမ္တစ္ခါမွ ေရွာင္တိမ္းၿပီး နာက်င္စြာ ငိုေႂကြးျခင္း မျပဳခဲ့ရပါသနည္း။

ရနံ႕ေမႊးေသာ ဖေယာင္းတိုင္မွာ အမွန္တကယ္ပင္ စိတ္တည္ၿငိမ္ေစေသာ အာနိသင္ ရွိသည္။ ထိုညက ယီေဟြ႕ ေကာင္းစြာ အိပ္စက္ခဲ့ရ၏။

ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားသည့္အခါ အိပ္မက္မက္ရန္ ပို၍ လြယ္ကူေပသည္။ သူက စိတ္ကို အလြန္ ပုံသြင္းရလြယ္ကူ၏။ ထို႔ေၾကာင့္ သူက ပန္းကန္လုံးတစ္လုံးကို ေကာက္ယူလိုက္ၿပီး ေရႏြေး ေလာင္းခ်လိဳက္ရာ ပန္းကန္လုံးမွာ သူ႕လက္ထဲတြင္ ကြဲသြားၿပီး ေရႏြေးမ်ားက သူ႕လက္ဖ်ံတစ္ခုလုံး အပူေလာင္သြားသည္ကို အိပ္မက္မက္ခဲ့ေလသည္။

အိပ္မက္ထဲရွိ အပူေလာင္သည့္ ေဝဒနာက အိပ္မက္အျပင္ဘက္ထိ လိုက္ပါလာခဲ့သည္။ အိပ္ရာနိုးလာၿပီးေနာက္ မိနစ္အနည္းငယ္ ၾကာသည္အထိ ယီေဟြ႕က သူ႕လက္ကို ၾကည့္ရင္း အိပ္ရာေပၚတြင္ ထိုင္ေနဆဲပင္။ သူ၏ ယခင္ဘဝတြင္ ထိုလက္မွာ မီးေလာင္ဒဏ္ရာမ်ားျဖင့္ ဖုံးလႊမ္းေနသျဖင့္ အက်ည္းတန္ေနခဲ့ၿပီး ယခုဘဝတြင္မူ ၎မွာ သန႔္ရွင္း၍ အျပစ္ကင္းလွေပသည္။ မည္သို႔ပင္ဆိုေစကာမူ ႏွစ္ဘဝလုံးတြင္ သူ႕လက္မ်ားမွာ ပန္းခ်ီဆရာ တစ္ေယာက္၏ လက္ျဖစ္သည္။

မနက္စာစားေနသည့္အခ်ိန္အတြင္း ယီေဟြ႕မွာ မီးဖိုေခ်ာင္ထဲမွ ေရႏြေးအိုးဆူသံေၾကာင့္ ထိတ္လန႔္သြားရသည္။ သူကိုင္ထားသည့္ တူႏွစ္ေခ်ာင္းမွာ တုန္ယင္ေနၿပီး သူ ညွပ္ယူထားေသာ ဖက္ထုပ္ေၾကာ္မွာ စားပြဲေပၚသို႔ ျပဳတ္က်သြား၏။ က်န္းယီမန႔္က ေနာက္ေျပာင္လိုက္သည္။

ကြၽတ္စ္ အစ္ကိုက မစားခ်င္လို႔ ဒီလို အကြက္ေတြ ထုတ္သုံးေနတာလား ညီမေလး ပညာရလိုက္ပါၿပီ

စားပြဲမွာ မညစ္ပတ္ေနပါ။ ထို႔ေၾကာင့္ ယီေဟြ႕က ဖက္ထုပ္ကို ေကာက္ယူကာ ပန္းကန္လုံးထဲသို႔ ျပန္ထည့္လိုက္ၿပီး အသံတိုးတိုးျဖင့္ ေလးနက္စြာ ေျပာလိုက္သည္။

မင္း ဒီအက်င့္ေတြ ငါ့ဆီက သင္ခြင့္ မျပဳနိုင္ဘူး

ယီေဟြ႕မွာ အလြန္ပိန္ေနသျဖင့္ က်န္း႐ႊယ္ေမ့မွာ သူမ၏ သားျဖစ္သူ လုံေလာက္စြာ အစားအေသာက္ မစားရမည္ကို အၿမဲ စိုးရိမ္ေနခဲ့သည္။ တစ္ေန႕လွ်င္ ထမင္းသုံးနပ္အျပင္ အသင့္စား အစားအေသာက္ အခ်ိဳ႕ကို အိမ္တြင္ မၾကာခဏ ျပင္ဆင္ေပးေလ့ရွိသည္။

လတ္တေလာတြင္ ယီေဟြ႕၏ အႀကိဳက္ေျပာင္းလဲမႈေၾကာင့္ ေပါင္မုန႔္ႏွင့္ ဘီစကြတ္မ်ားအစား အခ်ိဳမုန႔္မ်ားျဖင့္ အစားထိုးေပးခဲ့ရသည္။ သၾကားလုံးမ်ားႏွင့္ အသီးေၾကာ္မ်ားကိုမူ အခ်ိန္ၾကာျမင့္စြာ သိမ္းဆည္းထား၍ မရနိုင္ေပ။ တစ္မ်ိဳးစီကို ကတ္တီတစ္ဝက္စီ ဝယ္ယူခဲ့ေသာ္လည္း ယီေဟြ႕က အကုန္လုံး ကုန္ေအာင္ မစားနိုင္ပါ။ ဤမနက္တြင္ က်န္း႐ႊယ္ေမ့က အိပ္ရာေအာက္တြင္ ရွာေဖြၾကည့္လိုက္ရာ မကုန္ေသးေသာ မုန႔္မ်ား ထည့္ထားသည့္ အိတ္အခ်ိဳ႕ကို ရွာေတြ႕ခဲ့ၿပီး အခ်ိဳ႕မွာ မွိုတက္ေနၿပီ ျဖစ္သည္။

အစ္ကိုႀကီးက ဟမ္းစတားလား ေဆာင္းတြင္းအတြက္ စားစရာေတြ စုထားတာလား

က်န္းယီမန႔္မွာ အားရပါးရ ရယ္ရင္း ဟန္ခ်က္ပ်က္လုနီးပါးပင္ ျဖစ္သြားၿပီး သူမက စိတ္ေက်နပ္ေလာက္ေအာင္ ရယ္ေမာၿပီးေနာက္ အမွန္အတိုင္း ေျပာလိုက္သည္။

ဒါေပမဲ့ အကုန္မစားနိုင္ရင္ ညီမေလးကိုလည္း လိုက္မရွာနဲ႕ေနာ္ ညီမေလး ဝိတ္ခ်ေနတာ

ဤအေၾကာင္းျပခ်က္ေၾကာင့္ ယီေဟြ႕မွာ က်န္း႐ႊယ္ေမ့အတြက္ စိတ္မေကာင္းျဖစ္ေနၿပီး သူ၏ အစာေခ်စနစ္ကို အရွိန္ျမႇင့္ရန္ႏွင့္ ပို၍ မ်ားမ်ားစားနိုင္ရန္ ႀကိဳးစားသည့္အေနျဖင့္ ေန႕ခင္းဘက္ သူတစ္ေယာက္တည္း ရွိေနခ်ိန္တြင္ ၿခံဝင္းထဲ၌ အႀကိမ္ေပါင္းမ်ားစြာ ပတ္ေျပးေနခဲ့သည္။

ထန္ဝမ္းရွီက သူ႕စိတ္ဖိစီးမႈအေၾကာင္း ဖုန္းထဲတြင္ ၾကားသိရၿပီးေနာက္ သူ႕ခႏၶာကိုယ္ကို ႀကံ့ခိုင္ေစနိုင္႐ုံသာမက စြမ္းအင္မ်ား အမ်ားအျပား ေလာင္ကြၽမ္းေစနိုင္ရန္အတြက္ ခဲတစ္လုံးတည္းျဖင့္ ငွက္ႏွစ္ေကာင္ ပစ္သကဲ့သို႔ အိမ္တြင္ ဒိုက္ထိုးရန္ အႀကံေပးခဲ့သည္။

ဤသည္မွာ အဓိပၸာယ္ရွိသည္ဟု ယီေဟြ႕ ခံစားရ၏။ သူက ၿခံဝင္းထဲရွိ ေက်ာက္သားၾကမ္းျပင္ကို လွဲက်င္းသုတ္သင္ၿပီးေနာက္ သူ႕လက္မ်ားကို လွိမ့္လိုက္သည္။

ဤခႏၶာကိုယ္မွာ ယခင္ကသူ႕ခႏၶာကိုယ္ထက္ မ်ားစြာ ပို၍ အားနည္းေနလိမ့္မည္ဟု မည္သူက ထင္ပါမည္နည္း။ ႏွစ္ႀကိမ္ခန႔္ ဒိုက္ထိုးၿပီးေနာက္ ေနာက္တစ္ႀကိမ္ ထပ္လုပ္ရန္ မထိန္းထားနိုင္ေတာ့ေပ။

ယီေဟြ႕က ရွက္သြားေသာေၾကာင့္ ထသြားရင္း အိမ္ထဲသို႔ ေခ်ာ္လဲသြားေသာ္လည္း ကံေကာင္းေထာက္မစြာျဖင့္ မည္သူမွ သူ႕ကို မျမင္လိုက္သည့္အတြက္ စိတ္သက္သာရာ ရသြားၿပီး သက္ျပင္းခ်လိဳက္သည္။

ထိုေန႕ မြန္းလြဲပိုင္းတြင္ က်န္းယီမန႔္မွာ ေနာက္ဆုံးအတန္းခ်ိန္၌ နာရီဝက္ခန႔္ ေနာက္က်ေနခဲ့သည္။ သူမက ယေန႕အတြက္ ထိုလူ႕ကို မေတြ႕ရေတာ့ဟု ေတြးရင္း ေခါင္းငိုက္စိုက္က်ကာ အားမရွိေသာ ေျခလွမ္းမ်ားျဖင့္ ေက်ာင္းထဲမွ ထြက္လာခဲ့သည္။ သူမ လမ္းတစ္ဝက္အေရာက္တြင္ သူမတို႔အိမ္အနီးရွိ လမ္းတစ္ဖက္တြင္ ရပ္ေနေသာ အရပ္ရွည္ရွည္ လူတစ္ေယာက္ကို ေတြ႕လိုက္ရသျဖင့္ အလြန္ စိတ္လႈပ္ရွားသြားၿပီး ေအာ္ဟစ္ကာ ငိုမိမတတ္ ျဖစ္သြားေလသည္။

ႏွစ္ဦးသား အိမ္အေနာက္ဘက္ရွိ သီးသန႔္ေနရာသို႔ လွ်ို႔ဝွက္ေအးဂ်င့္မ်ားကဲ့သို႔ ပုံမွန္အတိုင္း ေလွ်ာက္သြားၾက၏။

ယေန႕ က်ိဳးက်င္ဟမ့္က ႏွာေခါင္းစည္း မဝတ္ဆင္ထားေပ။ သူ၏ မီးခိုးေရာင္ေလကာအကၤ်ီက ေသးသြယ္ေသာ ခါးႏွင့္ ရွည္လ်ားေသာ ေျခတံမ်ားကို ပို၍ ေပၚလြင္ေစၿပီး က်န္းယီမန႔္မွာ အံ့ဩဘနန္း ျဖစ္လုနီးပါးပုံစံပင္ ျဖစ္ေနသည္။

သူ႕လက္ထဲတြင္ ကိုင္ထားသည့္ အိတ္ႀကီးတစ္လုံးကသာ သူ၏ ခန႔္ညားေသာ ဝတ္စုံႏွင့္ မအပ္စပ္လွေပ။

ေယာဂဖ်ာ က်ိဳးက်င္ဟမ့္က ရွင္းျပလိုက္သည္။

ေနာက္ပိုင္း သူ အားကစားလုပ္ခ်င္ရင္ ဒီဖ်ာေပၚမွာ လုပ္လို႔ ရေအာင္

အဲ့ဒါက က်န္းယီမန႔္က တုံ႕ဆိုင္းေန၏။

ညီမရဲ႕အစ္ကိုက အိမ္မွာ တစ္ေနကုန္ ထိုင္ေနတာပဲ အားကစားလည္း မလုပ္ဘူး

က်ိဳးက်င္ဟမ့္က သူ႕စိတ္ထဲတြင္ တစ္ခုခုကို ေတြးမိသျဖင့္ အနည္းငယ္ ၿပဳံးလိုက္ၿပီး ေျပာသည္။

သူ လုပ္မွာပါ

က်န္းယီမန႔္၏ ဦးႏွောက္မွာ အေျခခံအားျဖင့္ သူမ၏ အိုင္ေဒါလ္ေရွ႕တြင္ ေယာက္ယက္ခတ္ေနသည္။ သူမ၏ အိုင္ေဒါလ္က သူမ၏အစ္ကို အားကစားလုပ္လိမ့္မည္ဟု ေျပာသည့္အတြက္ သူမက ခ်က္ခ်င္းပင္ ေယာဂဖ်ာကို ယူလိုက္ၿပီး သူမ၏လက္ထဲတြင္ ကိုင္ထားေပးလိုက္သည္။

အစ္ကို ဒီဟာကို ဘယ္မွာဝယ္ခဲ့တာလဲ ညီမေလးတို႔ၿမိဳ႕မွာ ဒီလိုမ်ိဳးေတြ မရွိဘူးလို႔ ထင္တာပဲ ဟုတ္တယ္မလား

ေန႕ခင္းတုန္းက ငါ ၿမိဳ႕ထဲသြားခဲ့တာ က်ိဳးက်င္ဟမ့္က ေျပာသည္။

ဪ အဲ့ဒီလိုလား ဤရက္ပိုင္းအတြင္း အနည္းငယ္ ဆက္သြယ္ေျပာဆိုၿပီးေနာက္ က်န္းယီမန႔္မွာ ပထမဆုံးအႀကိမ္ကေလာက္ စိုးရိမ္စိတ္ မျဖစ္ေတာ့ဘဲ ရံဖန္ရံခါတြင္ သာမန္စကားေျပာဆိုျခင္းမ်ိဳးပင္ ျပဳလုပ္နိုင္သည္။

ဒါဆို အစ္ကိုဟမ့္ ႐ုပ္ရွင္ရိုက္ကြင္းကို မသြားရင္ေရာ အဆင္ေျပပါ့မလား

က်န္းယီမန႔္က လက္ေဆာင္မ်ားကို ပို႔ေပးသည့္ေနရာတြင္ ကူညီေပးသည့္အတြက္ က်ိဳးက်င္ဟမ့္က ဤကေလးမေလးအေပၚတြင္ အလြန္ စိတ္ရွည္လွသည္။ သူက မည္သည့္ေမးခြန္းကိုမဆို ေျဖေပးေလ့ရွိ၏။

ငါ ခြင့္ယူလာတာပါ အဆင္ေျပပါတယ္

က်န္းယီမန႔္က ေသခ်ာေအာင္ ေမးလိုက္၏။ ညီမေလးရဲ႕အစ္ကိုႀကီးအတြက္လား

က်ိဳးက်င္ဟမ့္က မဆိုင္းမတြပင္ ျပန္ေျဖသည္။

အင္း

က်န္းယီမန႔္၏ အၾကည့္က ေအာက္ဘက္သို႔ ေရာက္သြားၿပီး သူမက အၿမဲလိုလို ျမင္ေနသည့္အခါ ေမးေနက်အတိုင္း ေမးလိုက္သည္။ အစ္ကို႔ရဲ႕လက္က နာေနတုန္းပဲလား

က်ိဳးက်င္ဟမ့္က ပတ္တီးစည္းထားေသာ သူ႕လက္ကို လႈပ္လိုက္ၿပီး အမွန္အတိုင္း ေျပာလိုက္သည္။

နည္းနည္းေတာ့ နာေနတုန္းပဲ ဒါေပမဲ့ ျပင္းျပင္းထန္ထန္ႀကီးေတာ့ မဟုတ္ေတာ့ပါဘူး

ညီမေလးတို႔မိသားစုမွာ တင္းမာေရာင္ရမ္းေနတာကို ေပ်ာက္ေအာင္ကုေပးတဲ့ ေဆးေတြ ရွိတယ္ စပေရးနဲ႕ ကပ္ခြာေတြပဲ ညီမေလး ယူလာေပးမယ္

က်န္းယီမန႔္က လွည့္ထြက္သြားေတာ့မည္ဟန္ ျပဳေသာ္လည္း သူမကို က်ိဳးက်င္ဟမ့္က လွမ္းတားလိုက္သည္။

ဟင့္အင္း သူ႕ကို သြားမႏွောက္ယွက္ေနပါနဲ႕

အခ်ိဳ႕ေသာ အေၾကာင္းျပခ်က္မ်ားေၾကာင့္ တစ္ႀကိမ္တစ္ခါမွ ရည္းစားမထားခဲ့ဖူးေသာ က်န္းယီမန႔္မွာ ဤစကားလုံးအခ်ိဳ႕ထံမွ သူမ၏အစ္ကိုအတြက္ က်ိဳးက်င္ဟမ့္၏ စိုးရိမ္ပူပန္မႈကို အၿမဲလိုလို ၾကားေနရသည္။

သို႔တိုင္ သူမက ဤကိစၥကို အျပည့္အဝ နားမလည္နိုင္ေသးေပ။ ကမၻာႀကီးမွာ အလြန္ပင္ ေမွာ္ဆန္လြန္းသည္ဟု ခံစားရသျဖင့္ သူမက ခဏရပ္ၿပီး ေမးလိုက္သည္။ ဒါနဲ႕ အစ္ကိုနဲ႕ ညီမေလးရဲ႕အစ္ကိုႀကီး ဘယ္တုန္းက ေတြ႕ခဲ့ၾကတာလဲ

လြန္ခဲ့တဲ့ ၅ ႏွစ္က က်ိဳးက်င္ဟမ့္က ျပန္ေျဖသည္။

က်န္းယီမန႔္က သူမ၏ လက္ေခ်ာင္းမ်ားကို ေရတြက္ၿပီး သက္ျပင္းရွိုက္လိုက္၏။ သူက ခ်စ္ေနရသည့္အလုပ္ျဖင့္ အၿမဲလိုလို အလုပ္ရႈပ္ေနသည္ဟု အၿမဲလိုလို ေျပာခဲ့ဖူးသည္။ အသက္ ၁၇ ႏွစ္တည္းက သူတို႔ႏွစ္ေယာက္ တစ္ေယာက္ကို တစ္ေယာက္ မည္သို႔ခင္မင္ရင္းႏွီးခဲ့ပါသနည္း။

အံ့အားသင့္ေနေသာ မိန္းကေလးမွာ လက္မေလွ်ာ့ေသးဘဲ ခ်စ္ျခင္းတရားကို ဝိုးတဝါး ေတာင့္တသည့္အေနျဖင့္ ေမွ်ာ္လင့္တႀကီး ေမးလိုက္ေလသည္။

ဒါဆို အစ္ကိုတို႔က လက္ထပ္ၾကမွာလား

ေနာက္ဆုံးတြင္ က်ိဳးက်င္ဟမ့္က ထပ္မံ၍ ၿပဳံးလိုက္၏။

သူ အစ္ကို႔ကို ခြင့္လႊတ္တဲ့အခ်ိန္က်ရင္ ေသခ်ာေပါက္ လက္ထပ္မွာေပါ့

Xxxxxx

Continuer la Lecture

Vous Aimerez Aussi

2.3M 135K 45
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
198K 22.4K 59
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
1.9M 107K 89
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
284K 19.2K 20
"YOU ARE MINE TO KEEP OR TO KILL" ~~~ Kiaan and Izna are like completely two different poles. They both belong to two different RIVAL FAMILIES. It's...