ချစ်ရပါသော သဲငယ်❤

Od MaythuKyawzaw2

20.2K 829 81

နာတယ် ရင်ထဲထိနာတယ် ဘယ်ကစလို့ဘယ်လိုမှားလဲမသိပေမဲ့ ငါမင်းကိုလက်ခံဖို့မဖြစ်နိုင်ဘူး အဲ့တာကြောင့်ငါနဲ့ဝေးဝေးနေပါ... Více

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
Hello Kha😊

အပိုင်း ၁၃

506 26 4
Od MaythuKyawzaw2


နာကျင်စရာ အတိတ်သို့ အလည်တစ်ခေါက်...

    တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေတဲ့ ခံစားချက်နဲ့အတူ သူမျက်လုံးကိုဖွင့်ကြည့်လိုက်တော့.....စူးခနဲဖြစ်သွားစေတဲ့ အလင်းရောင်ကြောင့် လန့်ပြီးပြန်မှိတ်လိုက်မိပြန်တယ်....အဆင်ပြေသွားမှ သူဖြည်းဖြည်းချင်း ပြန်ဖွင့်မိတော့
မျက်နှာကျက်အဖြူရောင်နဲ့အတူ ပိုးသတ်ဆေးနံ့လေးကိုခံစားမိတော့တယ်....သူဆေးရုံရောက်နေတာလား.....ဘာတွေဖြစ်ကုန်တာလဲ....

"ငယ်ငယ်....သားနိုးလာပြီးလား
မောင်ရေ ဆရာဝန်သွားခေါ်ပါအူး..."

မားက သူနိုးလာတာကိုဝမ်းသာအားရနဲ့ပြောပြီး ပါပါးကိုဆရာဝန်သွားခေါ်ခိုင်းတယ်....

"နေ.....နေ...ပါး
သားပဲသွားခေါ်လိုက်မယ်
ငယ်ငယ် အရမ်းမလှုပ်ရှားနဲ့နော် ငါပြန်လာခဲ့မယ်"

အလောတကြီးနဲ့ သူ့ပြည့်ထွက်သွားပြီးမှ

"မား.....ငယ် ရေသောက်ချင်တယ်"

"အင်း....မားခပ်ထားပေးတယ်
ဖြည်းဖြည်းလေးသောက်နောျ ငယ်ငယ်"

မားပေးတဲ့ရေခွက်ကိုယူဖို့ ခန္ဓာကိုယ်ရွေ့ပြီး မတ်မတ်ထိုင်ဖို့ကြိုးစားလိုက်တော့ သူ့တစ်ကိုယ်လုံး နပန်ကျင်းလို့ ကိုင်ပေါက်ခံရသလိုနာကျင်သွားရသည်....ခံစားမိတဲ့နာကျင်မှုကြောင့် မျက်ရည်ပါအလိုလိုကျလာရတော့သည်...

"ငယ်.....နိုးလာချင်းချင်းမငိုနဲ့လေ
သားပိုပင်ပန်းမှာပေါ့ တိတ်နော်....ဆရာဝန်လာရင်သက်သာသွားမှာပါ...."

မားက ဘေးကနေစကားပြောပေး လိုအပ်တာတွေလုပ်ပေးနေပေမဲ့ ပါပါးက ခုတင်ခြေရင်းလေးကပဲ မကြည့်ဝံ့သလိုငေးပြီး မျက်ရည်ဝဲတာမြင်ရတော့ သူပိုဝမ်းနည်းရတော့သည်....
သူမေ့နေတာကြာပြီလား.....မဟာ့မွေးနေ့ညကိုပဲသတိရပြီး ကျန်တာသူမသိတော့
ကိုယ်ခန္ဓာနာကျင်မှုပဲခံစားရတယ်....
မဟာရော......သူဆေးရုံတက်နေတာကို
လာမကြည့်ဘူးလား...သူ့ပရောဂကြောင့်ဖြစ်တဲ့ကိစ္စလေ......သူအိမ်ခနပြန်သွားတာလား...ဒါမှမဟုတ်.....သူလက်မခံနိုင်တာလား သူတို့ဒီလိုဖြစ်သွားတာကိုလေ....

ဆရာဝန် သူနာပြုနဲ့အတူ သူ့ပြည့်ပါပြန်ရောက်လာခဲ့သည်...စစ်ဆေးစရာတွေ သေချာကြည့်ပြီးတာနဲ့ ဒေါက်တာက

"အခြေနေကတော့ကောင်းပါတယ်
ရက်ကြာသွားတာမို့ ကိုယ်လှုပ်ရှားမှုလေးနေတာပါ...အကိုက်ခဲပျောက်ဆေးထိုးပေးခဲ့မယ်
လူနာကို အစာပျော့နဲ့ရေကလွဲ ကျန်တာမကျွေးပါနဲ့အူး....အလေးသွားရခက်နေမှာမို့ပါ
လမ်းကြောင်းဒဏ်ရာ သေချာကျက်မှဆေးရုံကဆင်းနိုင်ပါ့မယ်...."

ဒေါက်တာပြောတဲ့စကားကို သူသေချာနားမလည်....ဘယ်လမ်းကြောင်းကအဆင်မပြေတာလဲ.....

"နေသာရဲ့လားငယ်
ဆေးထိုးထားတာမို့ ခနနေသက်သာသွားလိမ့်မယ်"

ဒီချိန်သူ့ကိုစကားပြောပေးနေတာက မား...
သူ့ပြည့်နဲ့ပါပါးက ဘာတခုမှဝင်မပြောပဲ ခပ်တွေတွေသာ သူ့ကိုငေးကြည့်နေကြသည်

"ပါပါး ငယ့်ကိုဖက်ထားပေးပါ
ပါးဖက်ထားပေးရင် ငယ်ပိုသက်သာလိမ့်မယ်"

လက်ကလေးဆန့်ကာ ခေါ်မိတော့
ဝေ့သီနေတဲ့မျက်ရည်စကိုသုတ်ကာ ပါးရောမားပါ သူ့ကိုဖက်ထားပေးကြတော့သည်

မေ့နေတာက၃ရက်
ကိုယ်ပေါ်ကဒဏ်ရာတွေက ညိုမဲနေတဲ့ဖက်ကိုရောက်နေတဲ့အပြင် လူကပိုသေးပြီးဖြူဖတ်ဖြူလျော်နဲ့မို့ ခပ်ဖွဖွလေးသာဖက်ထားပေးကြတော့သည်.....မားတို့ဖယ်သွားချိန်မှာတော့..

"သူ့ပြည့်.....ဒီတိုင်းကြည့်နေတော့မှာလား
ငါ့ကိုလာဖက်ပါအူး"

သဲနုငယ်စကားအဆုံး ငယ်ငယ်ရယ်ဆိုပြီး သူ့ပြည့်က ငိုကာလာဖက်လေတော့သည်
သူလည်းငိုချင်တယ်.....ဘာမှနားမလည်တဲ့အခြေနေမှာ ဘာဖြစ်နေမှန်းမသိတဲ့တစုံတယောက်ကိုမမြင်ရတော့ ပိုဝမ်းနည်းရသည်
ဒီလောက်ဆို လက်မခံနိုင်လို့ မလာတာပဲဖြစ်မှာပါ......သူသိနှင့်နေပါပြီ

"မား.....ငယ် ဒီရောက်နေတာကြာပြီလား"

" သုံးရက်ရှိပြီသားငယ်
မားတို့ ခုမှပဲစိတ်ချရတော့တယ်
ငယ့်ကို ဘလောက်စိတ်ပူခဲ့ရလဲလို့."

"ငယ်တောင်းပန်ပါတယ် မား.."

"မင်းကဘာလို့တောင်းပန်နေရတာလဲငယ်ငယ်
မှားတဲ့သူကပဲ တောင်းပန်ရမှာ...."

ဒေါသတကြီးနဲ့ပြောနေတဲ့သူ့ပြည့်ကို သူမျက်ရည်များကြားက ဝိုးတဝါးသာမြင်ရသည်
ငါမှားတာပေါ့....အားအကုန်သုံးပြီးရုန်းရင်ရနိုင်ပေမဲ့.....ငါ့ရဲ့လောဘသေးသေးလေးကို လွှတ်ပေးလိုက်မိတာ မှားတာပေါ့ သူ့ပြည့်ရယ်..

သူငြိမ်ငြိမ်လေးသာထိုင်ပြီး တစုံတယောက်ကိုမျော်နေမိသည်...သူထုတ်မမေးရဲ....ထုတ်မေးလိုက်မိလို့ သူတွေးထားသလိုမဖြစ်ခဲ့ရင်ဆိုတဲ့
အတွေးကြောင့် သူငြိမ်ငြိမ်လေးသာထိုင်နေမိတော့သည်

"မား....မဟာတို့အိမ်ကလာတယ်"

သူ့ပြည့်စကားကြောင့် သူမျော်လင့်ချက်သေးသေးလေးကိုဆွဲကာ လှမ်းကြည့်မိတော့
ရှေ့ဆုံးကဝင်လာတဲ့အန်ကယ်တစ်ယောက်ကိုအရင်မြင်ရသည်.....အရပ်အမောင်း ရုပ်ရည်ကအစ
မဟာနဲ့ဆင်တူလွန်းတယ်...အဖေတူသားလေးပဲ
အန်ကယ့်နောက်က တီတီတစ်ယောက်လိုက်ပါလာသည်...ပြီးမှ သူတို့ထက်အနည်းငယ်ကြီးပုံရတဲ့ အစ်ကိုတစ်ယောက်....သူဆက်ကြည့်နေမိသေးပေမဲ့ မျော်လင့်ထားသူပါမလာ.....

ဒေါ်စောသူဇာစိုးတို့မှာ ဆေးရုံက ကောင်ငယ်လေးနိုးလာပြီလို့ သတင်းကြားကြားချင်း အမြန်ဆုံးလာခဲ့ရတာ....အခန်းထဲရောက်တော့ ဆေးရုံဝတ်စုံလေးနဲ့ကုတင်ထက်က ကလေးငယ်က သူတို့ကိုငေးကြည့်နေတယ်
ဖြူစင်လိုက်တာ....ချစ်စရာကောင်းလိုက်တာ
မျက်လုံးလေးကပိုလှတယ်....အရင်လာတုန်းက အိပ်နေတာရယ်ကြောင့် ခုလိုမျိုးလေးမမြင်ခဲ့ရဘူး....တစ်ခုခုကိုမျော်လင့်နေလို့ တလက်လက်ဖြစ်နေတဲ့မျက်လုံးလေးက သားကြီးရဲ့နောက်ကိုကြည့်ပြီး ပြန်အရောင်ကျသွားသလိုလို....
သားငယ်ကိုများမျော်နေတာလား...
အိမ်ကသားတော်မောင်ကို လိုက်ခဲ့လို့ခေါ်ပေမဲ့
ခေါင်းမာလွန်းတဲ့သားနဲ့ မင်းလိုက်ခဲ့ တာဝန်ယူမဲ့အကြောင်းပြောပြီးတောင်းပန်
ဆိုတဲ့ အဖေရဲ့တိုက်ပွဲခေါ်သံကြောင့် လိုက်မလာ....နောက်မှသူသက်သက်သွားတွေ့လိုက််မယ်ဆိုပြီးသာ အကြောင်းပြချက်ပေးလာတော့သည်

ရည်ရည်မွန်မွန်ရှိပုံပေါ်တဲ့ အန်တီက သူ့ဘေးကိုလာကာ ခုတင်ခြေရင်းလေးတွင်အသာလေးဝင်ထိုင်လေသည် ပြီးမှ သူ့လက်ကလေးတွေကိုဖွဖွလေးကိုင်ပြီး အားနာသလိုလို တောင်းပန်နေသလိုလို....သူ့စိတ်တွေတကယ်ရှုပ်ထွေးရသည်
မေ့နေတုန်အဖြစ်အပျက်တွေမသိခဲ့တော့ ခုအခြေနေကို ဘယ်လိုနားမလည်
သူ့လက်ကလေကိုကိုင်ပြီး သူ့မျက်နှာကိုကြည့်နေတဲ့ အန်တီ ကမဟာနဲ့သိပ်မတူပဲ ပါလာတဲ့အကိုနဲ့သာဆင်တူပါသည်....ခတ်မှီတဲ့အမျိုးသမီးဖြစ်ပုံရပေမဲ့ မြန်မာဝတ်စုံနဲ့မို့ ကျက်သရေပိုရှိသည်
မားကလှတာမှန်ပေမဲ ဒီအန်တီကကျော့ရှင်းနေတာ......ပြီးတော့
နွေးထွေးနေတဲ့ အန်တီ့လက်တွေကို သူပိုသဘောကျရသည်...

"နေသာရဲ့လား သားငယ်လေး
အရင်ဆုံးကျန်းမာအောင်နေနော် ကျန်တဲ့ကိစ္စတွေက အန်တီတို့လူကြီးတွေစီစဥ်ပေးမယ်
သားငယ်လေးက ကျန်းမာရေးသာဂရုစိုက်ပြီးစိတ်ချလက်ချနေနော်...."

အန်တီ့စကားကို ဟုတ် ဟုသာပြန်ဖြေလိုက်ပေမဲ့
သူနားလည်လိုက်ပြီ.....မဟာကလက်မခံဘူးပဲ
အင်းလေ....သူ့ပြည့်က မဟာဆေးမိသွားတယ်လို့ပြောထားတော့ သူလည်းဘယ်လက်ခံနိုင်ပ့မလဲ....မိန်းကလေးတွေကိုသဘောကျပြီး
မိန်းမပဲယူချင်တဲ့လူက သေချာပေါက်လက်မခံနိုင်ဘူးပေါ့....သူမေ့နေတုန်း မဟာ့မိဘတွေလာပြောပြတဲ့စကားတွေကို မားကပြန်ပြောပြတော့
သူခနတာစိတ်ယိုင်ခဲ့မိတယ်....မဟာနဲ့သာတစ်သက်လုံးတူတူနေရရင် ဆိုတဲ့အတွေးနဲ့ သူဝမ်းသာခဲ့မိတယ်....ခုဆေးရုံကိုလာတောင်မကြည့်ဘူးဆိုတော့ သူ့ဖက်ကသဘောထားကို ဖော်ပြလိုက်တာပဲ.....မဟာကလေ ဒူးဖက်ပြီးတောင်းပန်ဆိုရင်တောင် တောင်းပန်အူးမယ်
သဲနုငယ်ကိုတော့ လက်ထပ်မှာမဟုတ်ဘူး....

ဒီနေ့ သဲနုငယ်ဆေးရုံဆင်းရက်....
သူတကယ်အိမ်ပဲပြန်ချင်နေပြီ တနေကုန်နေရတဲ့ဆေးရုံခန်းက ဘလောက်ပဲVIP Roomဆိုဆို
သူငြီးစီစီ ဖြစ်လာခဲ့ပြီ....မားကိုအတင်းဂျီတိုက်ပြီး
ပါပါးကိုလိမ်လိမ်မာမာနေပ့မယ် အိမ်မှာပိုဂရုစိုက်ပ့မယ်ဆိုတဲ့ကတိတွေကြောင့် သူဆေးရုံကဒီနေ့ဆင်းခွင့်ရသည်....မနိုးလာခင်၃ရက်နဲ့ နိုးပြီး၅ရက် ပေါင်း၈ရက်ကြာခဲ့ပေမဲ့
တစ်ယောက်သောသူကတော့ တခါမှမရောက်လာ.....
နေနိုင်လွန်းတာလား...ဒါမှမဟုတ် သူ့ကိုဥပက္ခာပြုလိုက်တာလားဆိုတဲ့အတွေးနဲ့ ဆေးရုံမှာနေရတာ ပိုပူလောင်တယ်
ငါကြောက်လာပြီ ငါရဲ့ဝဋ်ကြွေးလှလှလေးရယ်..

အိမ်ပြန်ရောက်တော့ ပိုဂရုစိုက်ပေးတဲ့ ပါးနဲ့မားရယ် တနေကုန်လာနေပေးတဲ့သူ့ပြည့်ရယ်ကြောင့် ဆေးရုံမှာလိုသူ့စိတ်သိပ်မမွန်းကြပ်....
ကျောင်းလျောက်လွှာသွားတင်ရမှာ အလုပ်ရှုပ်နေတာနဲ့ မေ့မေ့ပျောက်ပျောက်ရှိနေတာဆိုပိုမှန်လိမ့်မယ်....သူ့စိတ်ကလည်း ငါအဲ့ကောင်ဆီမှာပြိုလဲနေလို့မရဘူး...ငါ့ဘဝအတွက် ငါအမြဲဖြစ်ချင်ခဲ့တဲ့ ဆေးကျောင်းကပိုအရေးကြီးတယ်လို့ခေါင်းထဲရိုက်သွင်းထားလို့လည်းပါနေလိမ့်မည်

တစ်ဖက်တွင်လည်း
မဟာတစ်ယောက်မှာ UKသွားဖို့ တိတ်တိတ်လေးပြင်ဆင်နေတော့သည်...ဒီမှာသာနေရင် ဖေကြီးကသေချာပေါက် သဲနုငယ်နဲ့ပေးစားလိမ့််မယ်
မြန်မာနိုင်ငံမှာတရားဝင်ခွင့်မပြုထားလို့ တရားဝင်မဖြစ်ပေမဲ့ တစ်ယောက်စကားတစ်ရာနားမို့ သူဘယ်လိုမှဒီကိစ္စကိုလက်မခံ
ဝန်ခံတယ်....သူသဲနုငယ်ပေါ်ယိမ်းယိုင်ခဲ့မိတယ်
ဒါပေမဲ့...တစ်ဘဝလုံးဖြတ်သန်းဖို့ထိတော့ သူမရူးမိုက်....သူ့စိတ်ထဲအတော်ရှုပ်ရပေသည်
နေ့စဥ်ရက်ဆက်လည်း ဖေကြီးနဲ့သူကမတည့်
သူ့ကိုမြင်ရင် အတင်းတာဝန်ယူခိုင်းနေတာနဲ့ နေ့တိုင်းစကားများနေရတော့ မေကြီးနဲ့ကိုကိုကြီးက ကြားထဲမှာစိတ်ညစ်နေပြီ
သူတစ်ခုခုကြံမှရတော့မယ်ဆိုပြီး UKကဦးလေးကိုပြောတော့ လာခဲ့ဖို့ခေါ်တာနဲ့ ခုလိုဘယ်သူမှမသိအောင် ပြင်ဆင်နေရခြင်းသာ.....
မသွားခင်တော့ မေကြီးနဲ့ ကိုကိုကြီးစိတ်ချမ်းသာအောင် အလိုက်ထိုက်လေးနေပေးနေသော်လည်း
တကယ်ပြသနာရှာတာကဖေကြီး ထမင်းစာဝိုင်းမှာ အေးဆေးထမင်းစားနေတာကို

"Sundayကျသဲနုငယ်နဲ့ လက်မှတ်ထိုးဖို့စီစဥ်ထားတယ်.....ရှေ့နေက ဒီမှာမင်္ဂလာဆောင်လို့မရပေမဲ့ လက်မှတ်ကအဆင်ပြေတယ်ပြောလို့
ပြီးတော့မှ တရားဝင်ခွင့်ပြုထားတဲ့နေရာမှာ မင်္ဂလာပွဲလုပ်မယ်...သူများသားဆိုပေမဲ့ ပစ်စလက်ခတ်လုပ်လို့မရဘူး....."

ဖေကြီးစကားအဆုံးမှာ ဝါးလက်စထမင်းကိုမြိုချလိုက်သည်...စကားအဆုံးထိနားထောင်နေတာ ပျော်လွန်းလို့တော့မဟုတ်..ဦးထိပ်တန်းမဟာက အရိပ်အကဲသိပ်ကြည့်တတ်လွန်းသည်....သူ့စကားအဆုံးထိပြောလို့ရအောင် သူထမင်းလုတ်ခပ်ကြီးကြီးကိုပါးစပ်ထဲသွင်းမှလာပြောတာ
ပက်ခနဲ ပြန်ပြောချင်ပေမဲ့ ချက်ထားတာသူ့အကြိုက်တွေနဲ့မို့ ခပ်ကြီးကြီးထမင်းလုတ်ကသူ့ပါးစပ်ထဲအပြည့် အသံတောင်ထွက်မရ
သူဥာဏ်ကောင်းတယ်ဆိုတာ ဖေကြီးခြေဖျားကိုမမှီ.......

"ဖေကြီးယူမှာလား ကျနော်ယူရမှာလား"

သူ့စကားကနဲနဲရိုင်းသွားပေမဲ့ မတတ်နိုင်....
ဦးထိပ်တန်းမဟာက ချည်ပြီးတာတုတ်ပြီးလုပ်နေတာ.....မဟာစေစားရာကို သားအဖချင်းဆိုပြီး
ခပ်ပါးပါးပုတ်လို့တော့မရ
ဦးထိပ်တန်းမဟာရဲ့သား မဟာစေစားရာကလည်း ဇနဲ့ဆိုတာထုတ်ပြရသေးတယ်..
သူ့စကားကြောင့် ဖေကြီးမှာထမင်းပင်ဆက်မစားနိုင်ပဲ မျက်လုံးများနီရဲလာသည်ထိဒေါသထွက်သွားပုံ...

"မင်းမိုက်ရိုင်းလှချည်လား
ငါမွေးထားတာ ဒီလိုအဆင့်တန်းမရှိတဲ့ကောင်လား..."

"အကို.....အေးဆေးပြောပါလားနော်
သားငယ်လည်း ရုတ်တရက်မို့နေမှာပါ
စိတ်ထိန်းပါအူးအကိုရယ်..."

"မတားနဲ့အစော
ချစ်လွန်းတော့အလိုလိုက်ထားတာ ခုလိုမိုက်ရိုက်နေဖို့မဟုတ်ဘူး....သဲနုငယ်နေရာမှာ မင်းကိုကိုကြီးသာဆို တစ်ဖက်လူကဒီလိုငြင်းရင် မင်းခံနိုင်ပ့မလား.."

"ဖေကြီး!!!!!!!......"

ဒီတခါတော့ သူတကယ်အော်လိုက်မိတာ....

"အေး..မင်းနာတယ်မလား
ကိုယ်ချင်းစာလေ....မင်းအကိုနဲ့သူက ရုပ်ရည်ပုံစံသိပ်မကွာဘူးနော်....မင်းကိုယ်ချင်းစာ
ငါလုပ်ထားတာဖျက်ဖို့ကြိုးစားရင် အမွှေပြတ်ပဲ
မနက်ဖန် သဲနုငယ်ကိုခေါ်ပြီး မင်းမေကြီးဆိုင်မှာလက်စွပ်သွားရွေး.....တစ်ဖက်မိသားစုနဲ့ငါပြောထားပြီးပြီ....."

"သူလက်ခံလား....သားနဲ့လက်ထပ်မဲ့ကိစ္စကိုလေ"

"မင်းလို အရိုင်းအစိုင်းကောင်မှတ်နေတာလား"

ခပ်ရွဲ့ရွဲ့ဖြေပြီး ဖေကြီးကထထွက်သွားတာကြောင့် မေကြီးပါနောက်ကလိုက်သွားရသည်
ဒေါသထွက်ရင် သွေးတိုးတတ်တဲ့သူက
ဖြေဆေးဖြစ်တဲ့ သူ့အစောကို မျက်စပစ်ပြီးခေါ်သွားတာကို မမြင်ဟန်ဆောင်ပေးလိုက်ရသည်
ပိုနေတာကဖေကြီး......သူ့ကိုတော့ လှုပ်မရအောင်ချည်ထားပြီးတော...

"ညီညီ.....ဘာလို့အဲ့လောက်ငြင်းဆန်နေရတာလဲ
ကိုကိုကြီး သဘောအရဆို ညီညီမှားထားတာမလား တာဝန်ယူသင့်တာပေါ့ ဆေးရုံပေါ်မှာ ကောင်လေးကို မြင်တုန်းကဆို ကို့ရင်ထဲတောင် တော်တော်လေးမချိတယ်...စုတ်ပြတ်သတ်နေတယ်ပြောရမှာတောင် သနားတယ် လူကသေးသေးလေးနဲ့ ရစရာကိုမရှိဘူး ညီညီဒီလောက်ကြမ်းတမ်းထားပြီး တာဝန်မယူတာတော့မဖြစ်သင့်ဘူး..."

"ဟာ....ကိုကိုကြီးကတော့ သားဖက်ရှိသင့်တယ်လေဗျာ....သူ့ကိုသားမှမချစ်တာ...ပြီးတော့ ဘယ်လိုလုပ် ယောက်ျားတစ်ယောက်နဲ့ တသက်လုံးတူတူနေရမှာလဲ..."

"ခက်တယ်ညီညီ....သံယောဇဥ်မရှိတာလည်းမဟုတ်ပဲ"

"သူ့ပုံစံလေးနဲ့ သူ့ဆွဲဆောင်မှုကြောင့် သာယာဖူးတာမှန်တယ် ဒါမဲ့သူကယောက်ျားလေးလေ ကိုကိုကြီး....သားက..."

"သားက မိန်းမပဲယူမှာလို့ပြောချင်တာလား..
နောင်တက နောက်မှရတာနော် ညီညီ
နောင်တကမချိုဘူး"

သူ့စကားမဆုံးခင်ဖြတ်ပြောလာတဲ့ ကိုကိုကြီးစကားမှာ ဒေါသသံတွေပါနေတယ်
ကိုကိုကြီးက သူ့ဖက်ပဲရှိနေရမှာလေ ဒါတော့ လက်မခံနိုင်ဘူး...ကိုကိုကြီးလည်းထသွားပေမဲ့သူကတော့ထမင်းစားဝိုင်းမှာ ငူငူငိုင်ငိုင်ကြီးကျန်ခဲ့ရသည်...တအိမ်လုံးဘာဖြစ်နေကြတာလဲ

နောက်တစ်နေ့ မနက်တွက် သူစိတ်မပါပေမဲ့
သဲနုငယ်ကိုသွားခေါ်ရတော့တယ် ဖေကြီးစကားမှသူမလွန်ဆန်နိုင်တာ လွန်ဆန်ဖို့အင်အားလည်းမရှိဘူးရယ် ခုဆိုဘာလုပ်လုပ် ဖေကြီးကသူ့ကိုမျက်စောင်းတခဲခဲ မေကြီးကတော့ချော့မော့ပြောပေမဲ့ ကိုကိုကြီးက သူ့ညီဟာတာဝန်မဲ့တဲ့သူလားဆိုတဲ့ မေးခွန်းမေးပြီး စကားတောင်မပြော
သူ့ကိစ္စတွေမြန်မြန်ပြီးမှဖြစ်မှာပါလေ....

အိမ်ရှေ့ရောက်လို့ ဟွန်း၂ချက်တီးလိုက်တော့ ခြံစောင့်ဦးလေးကြီးကလာဖွင့်ပေးတယ်
ဧည့်ခန်းထဲမှာ ရှိတယ်ဝင်သွားလှည့်ဆိုတော့
သူမျက်နှာနဲနဲပူပေမဲ့ ရှောင်လွဲလို့မရတာကြောင့်
ဝင်လာခဲ့ရတော့သည်....

"လာလေ.....သားလေး
ငယ်ငယ်က အခန်းထဲမှာ တီတီသွားခေါ်ပေးမယ်"

"ဝင်ထိုင်လေ မဟာ.."

တီတီက ပြုံးပြပြောပေမဲ့
သဲနုငယ်အဖေက ခပ်တည်တည်နဲ့သတင်းစာသာထိုင်ဖတ်နေတယ် အင်းလေ..သားဖြစ်သူကို အနိုင်ကျင့်ထားတဲ့လူတစ်ယောက်ကို ဘယ်သူကကြည်ကြည်ဖြူဖြူ ဆက်ဆံပေးမှာလဲ
သူဝင်ထိုင်တော့ မျက်လုံးပင့်ကြည့်လာသည်
သူပြုံးပြလိုက်ပေမဲ့ ပြန်ပြုံးမပြလာပဲ...

"မကြာစေနဲ့မဟာ လက်စွပ်ရွေးပြီးချက်ချင်းပြန်ပို့ပေးပါ...ငယ်ငယ်က ခုမှထူထူထောင်ထောင်ဖြစ်လာတုန်းရှိသေးတယ်.."

"ဟုတ် ဦးဦး
မေကြီးဆိုင်တင်ပါပဲ.....မကြာစေရပါဘူး"

သူလည်းခပ်ပြတ်ပြတ်ဖြေမိလိုက်တယ်
တကယ်ဆို ဒီလိုသွားလာဖို့က သူစိတ်မပါ
အိမ်ကအတင်းစေခိုင်းလို့လာရကြောင်း သဲနုငယ်ကိုလည်းမျက်နှာပူမိလို့ အကြာကြီးမခေါ်ထားကြောင်းပြန်ပြောလိုက်ချင်ပေမဲ့ လက်တွေ့မှာစကားလုံးတွေကထွက်ကျမလာ....
အိမ်အတွင်းထဲက အရိပ်ငယ်လေးတစ်ခုကိုမြင်လိုက်ရတော့ သူလှမ်းကြည့်မိသည်
ကော်ဖီရောင် ဟူဒီအပါးလေးကို ကာကီရောင်ဘောင်းဘီရှည်နဲ့တွဲဝတ်ထားသည်
ပုံမှန်ထက်ပိုနွမ်းဖျော့နေပေမဲ့ လှတာလေးကတော့မလျော့သွား...တမျိုးလေးတောင်ဆန်းပြားနေသေးသည်

ကားပေါ်ရောက်တဲ့ထိသူရောကိုယ်ပါ စကားမပြောဖြစ်....ဝင်ထိုင်လိုက်တာနဲ့ ပခုံးလေးကျုံ့သွားတာ မြင်မိတော့ အဲကွန်းကိုလျော့ပေးလိုက်ရသည်...ပြီးမှ သူလှည့်ကြည့်မိပေမဲ့ သဲနုငယ်ကတော့ ပြတင်းအပြင်ဖက်ကို ခပ်တွေတွေလေးလှမ်းကြည့်နေသည်....နုတ်ခမ်းထောင့်မှာ သူလုပ်ထားတဲ့အနာက သိပ်မကျက်သေး
သက်ပြင်းတစ်ခုချမိကာ အားနာရပေမဲ့ သူလည်းတကယ်စိတ်ရှုပ်ရတဲ့အခိုက်အတန့်

"နေသာရဲ့လား အေးသေးလား...."

သူ့အမေးကို ခေါင်းလေးခါပြီးတော့ပဲတုန့်ပြန်မှုပေးသည်....ကျနေတဲ့ဆံပင်တွေကို သပ်တင်ပေးဖို့လက်လှမ်းမိတော့...ခေါင်းလေးစောင်းကာ သူ့လက်ကိုရှောင်သွားသည်....အင်း....ကြောက်နေတာ​ေနမှာပါ....အရင်လို့ထိတွေ့လို့မရအောင်ထိ သူရမ်းကားမိလို့ ကြောက်နေတာနေမှာ...
ဒါမှမဟုတ် သူ့ကိုမုန်းသွားတာလား....
မဆီမဆိုင် အဲ့အတွေးကြောင့် ဘရိတ်ကိုဆောင့်နင်းလိုက်မိသည်....
၂ယောက်လုံးရှေ့ကိုယိမ်းသွားပေမဲ့ သူ့လက်ကမရည်ရွယ်ပါပဲ သဲနုငယ်ကိုလေးရှေ့ ဆန့်တန်းလျက်.....

"Sorry....ငါအတွေးလွန်သွားလို့"

သူဖြေရှင်းချက်ပေးပေမဲ့ အကြည့်တချက်သာပြန်ရလိုက်သည်...သူ့ကိုလုံးဝစကားမပြောဘူးပဲ

"အပြန်ကျ ကော်ဖီဝင်သောက်မလား
ငါစကားနဲနဲပြောချင်လို့"

"ပါးက ချက်ချင်းပြန်လာဖို့မှာထားတယ်.."

"ခနပါပဲ....မကြာဘူး
ခုမှငါတို့တွေ့ရသေးတာပဲမလား ဦးဦးဆူရင်ငါပြောပေးမယ်..."

"ပါးကမဆူဘူး"

"အေး...ငါ့ဖေကြီးကတော့ နေ့တိုင်းဆူတယ်"

သူတကယ်စိတ်ပေါက်လာပြီ
ခနပါပဲဆိုတာကို မရဘူးလုပ်နေသေးတယ်
စေ့စပ်လက်စွပ်တောင်သွားကြည့်နေတာသူနဲ့
အဲ့တာကို ဘာတွေစိတ်မချဖြစ်နေတာလဲလူကြီးတွေက....မသိရင် ဒီကောင့်ကိုမြင်တိုင်းရမ်းကားနေမဲ့သူထင်နေကြတာလား.....စိတ်လျော့...မဟာ စိတ်လျော့...မင်းရည်ရွယ်ချက်အောင်မြင်ဖို့လိုတယ်.....

မေကြီးဆိုင်ကိုရောက်လို့ကားပါကင်ထိုးပြီးတာနဲ့
သဲနုငယ်က အောက်ဆင်းနေပြီးပြီ....
မြန်လိုက်တာ......ဘေးကနေခပ်ခွာခွာလျောက်ရင်း ဟိုငေးဒီငေးလုပ်နေတာရယ်ကြောင့်
သူ့မှာ ရှေ့ရောက်သွားလိုက် လှည့်ကြည့်ပြီးပြန်စောင့်လိုက်နဲ့ခရီးကမတွင်
ဆိုင်ရှေ့ခေါင်းလောင်းလေးကို တောင်ခနဲ့တီးပြီးဝင်လိုက်တော့ မေကြီးကသူတို့ဆီခပ်သွက်သွက်လျောက်လာတယ်....အပြုံးတစ်ခုပေးကာ လှမ်းပြောမည်အပြု မေကြီးပြုံးပြနေသူက သူမဟုတ်
ဘေးက အကောင်ပေါက်စကို......
အေး.....တမိသားစုလုံးသာဝိုင်းချစ်လိုက်ကြတော့.....

"သားငယ်လေး....နေကောင်းတယ်မလား
မေကြီးက စောင့်နေတာ
လာ....မေကြီးရုံးခန်းသွားမယ်....လက်စွပ်အကောင်းဆုံးတွေရွေးထားတယ် ကြိုက်တာကြည့်လှည့်"

ဘေးကမဟာက တကယ့်ကိုယ်ပျောက်လူသား
သဲနုငယ်လက်ကလေးဆွဲကာ ရုံးခန်းထဲမေကြီးကဝင်သွားသည်....သူလည်းစိတ်ပေါက်ပေါက်နဲ့အဲ့နေကာတင်ရပ်နေတုန်း...

"သားငယ်.....ဘာရပ်လုပ်နေတာလဲ
တူတူလာရွေးလေ...

အဲ့တာက မေကြီးနောက်တစ်ယောက်.....
လေသံကိုကမတူ အရမ်းခွဲခြားတာပဲ

အခန်းက အေးစိမ့်နေတာကြောင့် မနေနိုင်တဲ့သူကပဲ အဲကွန်းသွားလျော့လိုက်ရသည်
လက်စွပ်ဗန်းက၂ခုပေမဲ့ ပုံစံတွေကတော်တော်စုံသည်....၂ယောက်လုံးက ယောက်ျားလေးမို့ သူကတော့ရိုးရှင်းတာလေးပဲရွေးလိုက်သည်
ဝတ်ဖြစ် မဝတ်ဖြစ်မသေချာပေမဲ့ပေါ့....

"ဒါလေးဘယ်လိုသဘောရလဲ"

မေးပြန်တော့သည် ခေါင်းတစ်ချက်သာညိတ်၏
အားမလိုအားမရဖြင့်

"မင်းကလည်း နဲနဲပါးပါးရွေးလေ
ငါကြီးပဲ ရွေးနေရတာ "

"ရတယ် ခုကိုင်ထားတာအဆင်ပြေတယ်"

"ပြီးရော.....မေကြီး ဒါလေးပဲယူတော့မယ်
သူ့လက်စွပ်တော့ နဲနဲပြန်ကျဥ်းရမလားပဲ"

"ရတယ်...ရတယ်
မေကြီး ညနေအပြီးပြင်ထားဖို့မှာလိုက်မယ်
သားငယ်လေးရော....ကြိုက်ရဲ့လား"

"ဟုတ်...တီတီ"

သဲနုငယ်က တကယ်သဘောကျပါသည်
မဟာရွေးတာမို့လားမသိ ပိုလှနေသလိုလို
စကားတွေကထုတ်ပြောမို့မရဲပေမဲ့
မဟာ ကိုပြောစရာတွေသူ့မှာလည်းရှိတယ်
သိပ်မရွေးပဲ လက်လှမ်းမီရာ ကိုင်လိုက်ပုံရပေမဲ့
တကွင်းလုံး ပတ်ပတ်လည်စိန်ပွင့်သေးသေးလေးတွေမြှပ်ထားတဲ့လက်စွပ်က အမြင်မှာဆန်းလှသည် တန်ဖိုးလည်းနည်းမည်မထင်...

လက်စွပ်ရွေးပြီးတာနဲ့ မဟာက ချက်ချင်းပြန်ဖို့လုပ်တော့သည်...တီတီ့ကိုအားနာပေမဲ့ သူတကယ်ပြန်ချင်နေပွီ...
အပြန်လမ်းကလည်း အလာတုန်းကလို စကားမပြောဖြစ်...မဟာက လမ်းတစ်ဝက်လောက်က ပန်းခြံဘေးမှာရှိတဲ့ ကော်ဖီဆိုင်ရှေ့ကားရပ်ကာ

"ငါ ပါကင်သွားရှာလိုက်မယ်
အရင်ဝင်နှင့်မလား တူတူလိုက်မလား.."

"ဝင်သွားနှင့်မယ်"

သူဆိုင်ထဲအရင်ဝင်ကာ လူရှင်းတဲ့ခုံမှာဝင်ထိုင်လိုက်တော့ ဝိတ်တာလေးရောက်လာပြီးMenuလာချပေးသည်....သိပ်မစားချင်သေးတဲ့စိတ်ကြောင့် ကော်ဖီပူပူလေး၂ခွက်မှာကာ သူအပေါက်ဝကိုထိုင်ငေးကြည့်နေလိုက်သည်
တံခါးဖွင့်ပြီးဝင်လာတဲ့သူက မဟာ..
အပေါ်ကရှပ်အဖြူကို ကြယ်သီး၂လုံးဖွင့်ဝတ်ပြီး ဂျင်းဘောင်းဘီကျပ်ကျပ်ဝတ်ထားတဲ့သူက အရပ်ကလည်းသူ့ထက်ခေါင်းတလုံးစာပိုမြင့်တာမို့ Modelနဲ့တူတာအမှန် ဘေးဘီဝေ့ကြည့်ကာ သူ့ကိုမြင်တော့ သူ့ဆီတန်းလျောက်လာသောမဟာ့ကို တချို့ဝိုင်းတွေကအကြည့်မလွဲ ကြည့်နေကြသည်....

"မှာထားပြီးပြီလား
ငါမှာပေးရမလား.."

"ငါမှာထားလိုက်ပြီ မင်းအတွက်ပါကော်ဖီမှာလိုက်တယ်...အကြာကြီးတော့မနေချင်ဘူး"

"အေးပါ.....ငါလည်းခနနေပြန်ပို့မှာပါ"

ကားသော့ ဖုန်း ပိုက်ဆံအိတ်တွေကို ခုံပေါ်ခပ်ပြင်းပြင်းလေးပစ်တင်ကာ မျက်ခုံးကုပ်ပြီးပြောတော့ သူ့မှာထိတ်ခနဲ့.....

"ကြောက်နေတာလား...ငါ့ကို
အဲ့တုန်းကပုံမှန်စိတ်မဟုတ်လို့ပါ...
ခုလိုဖြစ်သွားတာ ငါစိတ်မကောင်းပါဘူး
ငါမင်းကိုတောင်းပန်ပါတယ်
ဒါပေမဲ့ ငါလက်ထပ်ဖို့က....."

ကော်ဖီလာချပေးတဲ့ ဝိတ်တာကောင်လေးကြောင့် မဟာ့စကားက အဆုံးထိပြောခွင့်မရလိုက်...
ဒီစကားပြောလာဖို့ကိုလည်း သူကြိုတင်မှန်းဆထားပြီးသားပါ...လက်လည်းလက်ခံပြီးသား
လူကြီးတွေပြောပြီးသားမို့ဒီနေ့သူလိုက်လာခဲ့တာ
မဟာသာ လက်မခံရင် သူလည်းငြင်းပေးရမှာပေါ့...

"အဲ့တော့....."

သူစကားပြန်စရန် လမ်းကြောင်းပေးလိုက်သည်

"စေ့စပ်တာကိုအရင်လုပ်ပြီး မင်္ဂလာဆောင်ကိုနောက်နဲနဲဆုတ်ပေးဖို့ အကူညီတောင်းချင်တာ
လူကြီးတွေက ငါ့ကိုအမြင်မကြည်တာမို့ ငါပြောရင်ကန့်လန့်တွေဖြစ်ကုန်မှာ
အဲ့တာကြောင့် အကူညီတောင်းတာ အဆင်ပြေမယ်မလား"

"တကယ်ဆိုကွာ အဲ့နေ့က ငါလည်းပုံမှန်စိတ်မဟုတ်ဘူး တကယ်ပူလောင်နေတာ တစ်ကိုယ်လုံး...ငါဆေးမိသွားလို့ပါ...
ပုံမှန်ဆို ငါဘယ်လိုလုပ်မင်းအပေါ်ရမ်းကားမိမှာလဲ
ပြီးတော့မင်းလည်းကံဆိုးသွားတာပြောရမယ် တိုက်တိုက်ဆိုင်ဆိုင်မင်းရောက်လာတယ် ပြီးတော့ ဝတ်ထားတာက ပိုးနဲ့လည်းအရောင်တူနေတော့...."

ဆက်မပြောပေမဲ့ သဲနုငယ်နားလည်လိုက်ပြီ
ဆိုလိုရင်းက လာခဲ့တဲ့သူကအမှား
အကျီအရောင်တူနေတာမို့ သူမှန်းမသိဘူး
ပိုးချိုဇင်ပဲထင်ထားတာ.....ဟား.....ပြသနာပဲ
ပိုးချိုဇင်ဆိုမငြင်းပဲ သူမို့လိုလက်မထပ်ချင်တဲ့သဘော.....ဘဝကြီးကလည်း နစ်ပြီးရင်းနစ်
သိက္ခာကျလိုက်တာ..

မဟာမှာ ပြောလို့သာပြောလိုက်ရတာ စိတ်ထဲတော့ အဆင်ပြေပါစေလို့ဘုရားပေါင်းစုံလှည့်ပြီးဆုတောင်းနေရတော့သည်...ကန့်လန့်တိုက်နေတာထက် အလိုက်သင့်လေးနေပြီး သူ့မှာတဖက်ကလုပ်စရာရှိတာကို မြန်မြန်လုပ်ရမယ်
အဓိကသူအောင်မြင်ဖို့ပဲ....

"အင်း....ငါပြောကြည့်ပေးမယ်
ငါလည်းပဲ အဆင်ပြေမနေပါဘူး...ပြီးတော့ လက်ထပ်ဖို့က မင်းရောငါရောက တူတူပဲကို"

Ok မဟာ့စိတ်ထဲလက်ဖျောက်တီးလိုက်မိသည်
သဲနုငယ်လည်းစိတ်မပါဘူးဆိုတဲ့သဘော
အကုန်အဆင်ပြေခါနီးပြီ
သူ့မှာပျော်လွန်းလို့ ကော်ဖီတောင်မသောက်နိုင်ပဲ သဲနုငယ်ကိုပြန်ပို့လိုက်တော့သည်

သဲနုငယ်မှာ အပြင်ဘက်ကိုငေးကာ အေးဆေးဖြစ်နေတဲ့ပုံပေါက်ပေမဲ့ ရင်ထဲတော့မီးတောက်နေသည်....မဟာက လက်မထပ်ချင်ဘူး
ငါနောက်ဆုတ်ဖို့ပြောပေးမယ်ဆိုတော့ သူ့အပျော်ကိုထိန်းချုပ်နေပေမဲ့ သေချာမြင်လိုက်ရသေးသည်....အင်း....ဟုတ်တယ်
ငါ့အချစ်ဦးက ငါ့ကိုမချစ်ဘူး....
ငါ့အပေါ်မှားခဲ့တာကြောင့် စေ့စပ်မှာကိုသူလက်ခံတာ....လက်မှတ်ထိုးပေးမယ်ပြောပေမဲ့ သူငါ့ကိုမလိုချင်ဘူး....
သူတကယ်ငါ့ကိုမလိုချင်ဘူး.....

လေ့တစ်ချက်အဝှေ့မှာ စိန်ပွင့်သေးသေးလေးလို့ တောက်ပနေတဲ့မျက်ရည်တစ်စက်က တစ်ယောက်သောသူရဲ့ပါးပြင်ပေါ် ဖြတ်သန်းလေတော့သည်...ကားမောင်းနေကာ အပျော်တွေတစ်ဆို့နေတဲ့ ကောင်လေးကမသိလိုက်ပေမဲ့ တစ်ဖက်လူရဲ့ရင်ထဲမှာနေလို မီးလို.....

ရင်တွေပူလိုက်တာ မဟာရယ်
မင်းစိတ်ကိုပိုသိလိုက်ရတော့ ငါကပိုပူလောင်ရတယ်...ငြင်းရင်လည်းအပြတ်ငြင်းပါလား
ခုက ငါ့ကိုမင်းဆိုတဲ့နွံ့ထဲက ရုန်းထွက်ခွင့်လည်းမပေး နေခွင့်လည်းမပေးတော့....ငါက...ငါက
ဘယ်လိုမျိုးရှေ့ဆက်ရမလဲ.......

Note..မင်္ဂလာပါ ဂီဂီပါယောရောဘွန်းတို့
စောင့်နေတဲ့သူတွေရှိကြလားဟင် အများကြီးရေးပေးမယ်ဆိုပေမဲ့ ကျန်းမာရေးနဲ့အလုပ်ရှုပ်နေတာမို့ ဒီနားတင်ရပ်လိုက်ပါ့မယ်
နောက်တစ်ပိုင်းနဲ့အတူ မြန်မြန်လေး လာခဲ့ပါ့မယ်

နာက်င္စရာ အတိတ္သို႔ အလည္တစ္ေခါက္...

    တစ္ကိုယ္လုံးနာက်င္ကိုက္ခဲေနတဲ့ ခံစားခ်က္နဲ႕အတူ သူမ်က္လုံးကိုဖြင့္ၾကည့္လိုက္ေတာ့.....စူးခနဲျဖစ္သြားေစတဲ့ အလင္းေရာင္ေၾကာင့္ လန့္ၿပီးျပန္မွိတ္လိုက္မိျပန္တယ္....အဆင္ေျပသြားမွ သူျဖည္းျဖည္းခ်င္း ျပန္ဖြင့္မိေတာ့
မ်က္ႏွာက်က္အျဖဴေရာင္နဲ႕အတူ ပိုးသတ္ေဆးနံ႕ေလးကိုခံစားမိေတာ့တယ္....သူေဆး႐ုံေရာက္ေနတာလား.....ဘာေတြျဖစ္ကုန္တာလဲ....

"ငယ္ငယ္....သားနိုးလာၿပီးလား
ေမာင္ေရ ဆရာဝန္သြားေခၚပါအူး..."

မားက သူနိုးလာတာကိုဝမ္းသာအားရနဲ႕ေျပာၿပီး ပါပါးကိုဆရာဝန္သြားေခၚခိုင္းတယ္....

"ေန.....ေန...ပါး
သားပဲသြားေခၚလိုက္မယ္
ငယ္ငယ္ အရမ္းမလႈပ္ရွားနဲ႕ေနာ္ ငါျပန္လာခဲ့မယ္"

အေလာတႀကီးနဲ႕ သူ႕ျပည့္ထြက္သြားၿပီးမွ

"မား.....ငယ္ ေရေသာက္ခ်င္တယ္"

"အင္း....မားခပ္ထားေပးတယ္
ျဖည္းျဖည္းေလးေသာက္ေနာ် ငယ္ငယ္"

မားေပးတဲ့ေရခြက္ကိုယူဖို႔ ခႏၶာကိုယ္ေ႐ြ႕ၿပီး မတ္မတ္ထိုင္ဖို႔ႀကိဳးစားလိုက္ေတာ့ သူ႕တစ္ကိုယ္လုံး နပန္က်င္းလို႔ ကိုင္ေပါက္ခံရသလိုနာက်င္သြားရသည္....ခံစားမိတဲ့နာက်င္မႈေၾကာင့္ မ်က္ရည္ပါအလိုလိုက်လာရေတာ့သည္...

"ငယ္.....နိုးလာခ်င္းခ်င္းမငိုနဲ႕ေလ
သားပိုပင္ပန္းမွာေပါ့ တိတ္ေနာ္....ဆရာဝန္လာရင္သက္သာသြားမွာပါ...."

မားက ေဘးကေနစကားေျပာေပး လိုအပ္တာေတြလုပ္ေပးေနေပမဲ့ ပါပါးက ခုတင္ေျခရင္းေလးကပဲ မၾကည့္ဝံ့သလိုေငးၿပီး မ်က္ရည္ဝဲတာျမင္ရေတာ့ သူပိုဝမ္းနည္းရေတာ့သည္....
သူေမ့ေနတာၾကာၿပီလား.....မဟာ့ေမြးေန႕ညကိုပဲသတိရၿပီး က်န္တာသူမသိေတာ့
ကိုယ္ခႏၶာနာက်င္မႈပဲခံစားရတယ္....
မဟာေရာ......သူေဆး႐ုံတက္ေနတာကို
လာမၾကည့္ဘူးလား...သူ႕ပေရာဂေၾကာင့္ျဖစ္တဲ့ကိစၥေလ......သူအိမ္ခနျပန္သြားတာလား...ဒါမွမဟုတ္.....သူလက္မခံနိုင္တာလား သူတို႔ဒီလိုျဖစ္သြားတာကိုေလ....

ဆရာဝန္ သူနာျပဳနဲ႕အတူ သူ႕ျပည့္ပါျပန္ေရာက္လာခဲ့သည္...စစ္ေဆးစရာေတြ ေသခ်ာၾကည့္ၿပီးတာနဲ႕ ေဒါက္တာက

"အေျခေနကေတာ့ေကာင္းပါတယ္
ရက္ၾကာသြားတာမို႔ ကိုယ္လႈပ္ရွားမႈေလးေနတာပါ...အကိုက္ခဲေပ်ာက္ေဆးထိုးေပးခဲ့မယ္
လူနာကို အစာေပ်ာ့နဲ႕ေရကလြဲ က်န္တာမေကြၽးပါနဲ႕အူး....အေလးသြားရခက္ေနမွာမို႔ပါ
လမ္းေၾကာင္းဒဏ္ရာ ေသခ်ာက်က္မွေဆး႐ုံကဆင္းနိုင္ပါ့မယ္...."

ေဒါက္တာေျပာတဲ့စကားကို သူေသခ်ာနားမလည္....ဘယ္လမ္းေၾကာင္းကအဆင္မေျပတာလဲ.....

"ေနသာရဲ႕လားငယ္
ေဆးထိုးထားတာမို႔ ခနေနသက္သာသြားလိမ့္မယ္"

ဒီခ်ိန္သူ႕ကိုစကားေျပာေပးေနတာက မား...
သူ႕ျပည့္နဲ႕ပါပါးက ဘာတခုမွဝင္မေျပာပဲ ခပ္ေတြေတြသာ သူ႕ကိုေငးၾကည့္ေနၾကသည္

"ပါပါး ငယ့္ကိုဖက္ထားေပးပါ
ပါးဖက္ထားေပးရင္ ငယ္ပိုသက္သာလိမ့္မယ္"

လက္ကေလးဆန့္ကာ ေခၚမိေတာ့
ေဝ့သီေနတဲ့မ်က္ရည္စကိုသုတ္ကာ ပါးေရာမားပါ သူ႕ကိုဖက္ထားေပးၾကေတာ့သည္

ေမ့ေနတာက၃ရက္
ကိုယ္ေပၚကဒဏ္ရာေတြက ညိုမဲေနတဲ့ဖက္ကိုေရာက္ေနတဲ့အျပင္ လူကပိုေသးၿပီးျဖဴဖတ္ျဖဴေလ်ာ္နဲ႕မို႔ ခပ္ဖြဖြေလးသာဖက္ထားေပးၾကေတာ့သည္.....မားတို႔ဖယ္သြားခ်ိန္မွာေတာ့..

"သူ႕ျပည့္.....ဒီတိုင္းၾကည့္ေနေတာ့မွာလား
ငါ့ကိုလာဖက္ပါအူး"

သဲႏုငယ္စကားအဆုံး ငယ္ငယ္ရယ္ဆိုၿပီး သူ႕ျပည့္က ငိုကာလာဖက္ေလေတာ့သည္
သူလည္းငိုခ်င္တယ္.....ဘာမွနားမလည္တဲ့အေျခေနမွာ ဘာျဖစ္ေနမွန္းမသိတဲ့တစုံတေယာက္ကိုမျမင္ရေတာ့ ပိုဝမ္းနည္းရသည္
ဒီေလာက္ဆို လက္မခံနိုင္လို႔ မလာတာပဲျဖစ္မွာပါ......သူသိႏွင့္ေနပါၿပီ

"မား.....ငယ္ ဒီေရာက္ေနတာၾကာၿပီလား"

" သုံးရက္ရွိၿပီသားငယ္
မားတို႔ ခုမွပဲစိတ္ခ်ရေတာ့တယ္
ငယ့္ကို ဘေလာက္စိတ္ပူခဲ့ရလဲလို႔."

"ငယ္ေတာင္းပန္ပါတယ္ မား.."

"မင္းကဘာလို႔ေတာင္းပန္ေနရတာလဲငယ္ငယ္
မွားတဲ့သူကပဲ ေတာင္းပန္ရမွာ...."

ေဒါသတႀကီးနဲ႕ေျပာေနတဲ့သူ႕ျပည့္ကို သူမ်က္ရည္မ်ားၾကားက ဝိုးတဝါးသာျမင္ရသည္
ငါမွားတာေပါ့....အားအကုန္သုံးၿပီး႐ုန္းရင္ရနိုင္ေပမဲ့.....ငါ့ရဲ႕ေလာဘေသးေသးေလးကို လႊတ္ေပးလိုက္မိတာ မွားတာေပါ့ သူ႕ျပည့္ရယ္..

သူၿငိမ္ၿငိမ္ေလးသာထိုင္ၿပီး တစုံတေယာက္ကိုေမ်ာ္ေနမိသည္...သူထုတ္မေမးရဲ....ထုတ္ေမးလိုက္မိလို႔ သူေတြးထားသလိုမျဖစ္ခဲ့ရင္ဆိုတဲ့
အေတြးေၾကာင့္ သူၿငိမ္ၿငိမ္ေလးသာထိုင္ေနမိေတာ့သည္

"မား....မဟာတို႔အိမ္ကလာတယ္"

သူ႕ျပည့္စကားေၾကာင့္ သူေမ်ာ္လင့္ခ်က္ေသးေသးေလးကိုဆြဲကာ လွမ္းၾကည့္မိေတာ့
ေရွ႕ဆုံးကဝင္လာတဲ့အန္ကယ္တစ္ေယာက္ကိုအရင္ျမင္ရသည္.....အရပ္အေမာင္း ႐ုပ္ရည္ကအစ
မဟာနဲ႕ဆင္တူလြန္းတယ္...အေဖတူသားေလးပဲ
အန္ကယ့္ေနာက္က တီတီတစ္ေယာက္လိုက္ပါလာသည္...ၿပီးမွ သူတို႔ထက္အနည္းငယ္ႀကီးပုံရတဲ့ အစ္ကိုတစ္ေယာက္....သူဆက္ၾကည့္ေနမိေသးေပမဲ့ ေမ်ာ္လင့္ထားသူပါမလာ.....

ေဒၚေစာသူဇာစိုးတို႔မွာ ေဆး႐ုံက ေကာင္ငယ္ေလးနိုးလာၿပီလို႔ သတင္းၾကားၾကားခ်င္း အျမန္ဆုံးလာခဲ့ရတာ....အခန္းထဲေရာက္ေတာ့ ေဆး႐ုံဝတ္စုံေလးနဲ႕ကုတင္ထက္က ကေလးငယ္က သူတို႔ကိုေငးၾကည့္ေနတယ္
ျဖဴစင္လိုက္တာ....ခ်စ္စရာေကာင္းလိုက္တာ
မ်က္လုံးေလးကပိုလွတယ္....အရင္လာတုန္းက အိပ္ေနတာရယ္ေၾကာင့္ ခုလိုမ်ိဳးေလးမျမင္ခဲ့ရဘူး....တစ္ခုခုကိုေမ်ာ္လင့္ေနလို႔ တလက္လက္ျဖစ္ေနတဲ့မ်က္လုံးေလးက သားႀကီးရဲ႕ေနာက္ကိုၾကည့္ၿပီး ျပန္အေရာင္က်သြားသလိုလို....
သားငယ္ကိုမ်ားေမ်ာ္ေနတာလား...
အိမ္ကသားေတာ္ေမာင္ကို လိုက္ခဲ့လို႔ေခၚေပမဲ့
ေခါင္းမာလြန္းတဲ့သားနဲ႕ မင္းလိုက္ခဲ့ တာဝန္ယူမဲ့အေၾကာင္းေျပာၿပီးေတာင္းပန္
ဆိုတဲ့ အေဖရဲ႕တိုက္ပြဲေခၚသံေၾကာင့္ လိုက္မလာ....ေနာက္မွသူသက္သက္သြားေတြ႕လိုက္္မယ္ဆိုၿပီးသာ အေၾကာင္းျပခ်က္ေပးလာေတာ့သည္

ရည္ရည္မြန္မြန္ရွိပုံေပၚတဲ့ အန္တီက သူ႕ေဘးကိုလာကာ ခုတင္ေျခရင္းေလးတြင္အသာေလးဝင္ထိုင္ေလသည္ ၿပီးမွ သူ႕လက္ကေလးေတြကိုဖြဖြေလးကိုင္ၿပီး အားနာသလိုလို ေတာင္းပန္ေနသလိုလို....သူ႕စိတ္ေတြတကယ္ရႈပ္ေထြးရသည္
ေမ့ေနတုန္အျဖစ္အပ်က္ေတြမသိခဲ့ေတာ့ ခုအေျခေနကို ဘယ္လိုနားမလည္
သူ႕လက္ကေလကိုကိုင္ၿပီး သူ႕မ်က္ႏွာကိုၾကည့္ေနတဲ့ အန္တီ ကမဟာနဲ႕သိပ္မတူပဲ ပါလာတဲ့အကိုနဲ႕သာဆင္တူပါသည္....ခတ္မွီတဲ့အမ်ိဳးသမီးျဖစ္ပုံရေပမဲ့ ျမန္မာဝတ္စုံနဲ႕မို႔ က်က္သေရပိုရွိသည္
မားကလွတာမွန္ေပမဲ ဒီအန္တီကေက်ာ့ရွင္းေနတာ......ၿပီးေတာ့
ႏြေးေထြးေနတဲ့ အန္တီ့လက္ေတြကို သူပိုသေဘာက်ရသည္...

"ေနသာရဲ႕လား သားငယ္ေလး
အရင္ဆုံးက်န္းမာေအာင္ေနေနာ္ က်န္တဲ့ကိစၥေတြက အန္တီတို႔လူႀကီးေတြစီစဥ္ေပးမယ္
သားငယ္ေလးက က်န္းမာေရးသာဂ႐ုစိုက္ၿပီးစိတ္ခ်လက္ခ်ေနေနာ္...."

အန္တီ့စကားကို ဟုတ္ ဟုသာျပန္ေျဖလိုက္ေပမဲ့
သူနားလည္လိုက္ၿပီ.....မဟာကလက္မခံဘူးပဲ
အင္းေလ....သူ႕ျပည့္က မဟာေဆးမိသြားတယ္လို႔ေျပာထားေတာ့ သူလည္းဘယ္လက္ခံနိုင္ပ့မလဲ....မိန္းကေလးေတြကိုသေဘာက်ၿပီး
မိန္းမပဲယူခ်င္တဲ့လူက ေသခ်ာေပါက္လက္မခံနိုင္ဘူးေပါ့....သူေမ့ေနတုန္း မဟာ့မိဘေတြလာေျပာျပတဲ့စကားေတြကို မားကျပန္ေျပာျပေတာ့
သူခနတာစိတ္ယိုင္ခဲ့မိတယ္....မဟာနဲ႕သာတစ္သက္လုံးတူတူေနရရင္ ဆိုတဲ့အေတြးနဲ႕ သူဝမ္းသာခဲ့မိတယ္....ခုေဆး႐ုံကိုလာေတာင္မၾကည့္ဘူးဆိုေတာ့ သူ႕ဖက္ကသေဘာထားကို ေဖာ္ျပလိုက္တာပဲ.....မဟာကေလ ဒူးဖက္ၿပီးေတာင္းပန္ဆိုရင္ေတာင္ ေတာင္းပန္အူးမယ္
သဲႏုငယ္ကိုေတာ့ လက္ထပ္မွာမဟုတ္ဘူး....

ဒီေန႕ သဲႏုငယ္ေဆး႐ုံဆင္းရက္....
သူတကယ္အိမ္ပဲျပန္ခ်င္ေနၿပီ တေနကုန္ေနရတဲ့ေဆး႐ုံခန္းက ဘေလာက္ပဲVIP Roomဆိုဆို
သူၿငီးစီစီ ျဖစ္လာခဲ့ၿပီ....မားကိုအတင္းဂ်ီတိုက္ၿပီး
ပါပါးကိုလိမ္လိမ္မာမာေနပ့မယ္ အိမ္မွာပိုဂ႐ုစိုက္ပ့မယ္ဆိုတဲ့ကတိေတြေၾကာင့္ သူေဆး႐ုံကဒီေန႕ဆင္းခြင့္ရသည္....မနိုးလာခင္၃ရက္နဲ႕ နိုးၿပီး၅ရက္ ေပါင္း၈ရက္ၾကာခဲ့ေပမဲ့
တစ္ေယာက္ေသာသူကေတာ့ တခါမွမေရာက္လာ.....
ေနနိုင္လြန္းတာလား...ဒါမွမဟုတ္ သူ႕ကိုဥပကၡာျပဳလိုက္တာလားဆိုတဲ့အေတြးနဲ႕ ေဆး႐ုံမွာေနရတာ ပိုပူေလာင္တယ္
ငါေၾကာက္လာၿပီ ငါရဲ႕ဝဋ္ေႂကြးလွလွေလးရယ္..

အိမ္ျပန္ေရာက္ေတာ့ ပိုဂ႐ုစိုက္ေပးတဲ့ ပါးနဲ႕မားရယ္ တေနကုန္လာေနေပးတဲ့သူ႕ျပည့္ရယ္ေၾကာင့္ ေဆး႐ုံမွာလိုသူ႕စိတ္သိပ္မမြန္းၾကပ္....
ေက်ာင္းေလ်ာက္လႊာသြားတင္ရမွာ အလုပ္ရႈပ္ေနတာနဲ႕ ေမ့ေမ့ေပ်ာက္ေပ်ာက္ရွိေနတာဆိုပိုမွန္လိမ့္မယ္....သူ႕စိတ္ကလည္း ငါအဲ့ေကာင္ဆီမွာၿပိဳလဲေနလို႔မရဘူး...ငါ့ဘဝအတြက္ ငါအၿမဲျဖစ္ခ်င္ခဲ့တဲ့ ေဆးေက်ာင္းကပိုအေရးႀကီးတယ္လို႔ေခါင္းထဲရိုက္သြင္းထားလို႔လည္းပါေနလိမ့္မည္

တစ္ဖက္တြင္လည္း
မဟာတစ္ေယာက္မွာ UKသြားဖို႔ တိတ္တိတ္ေလးျပင္ဆင္ေနေတာ့သည္...ဒီမွာသာေနရင္ ေဖႀကီးကေသခ်ာေပါက္ သဲႏုငယ္နဲ႕ေပးစားလိမ့္္မယ္
ျမန္မာနိုင္ငံမွာတရားဝင္ခြင့္မျပဳထားလို႔ တရားဝင္မျဖစ္ေပမဲ့ တစ္ေယာက္စကားတစ္ရာနားမို႔ သူဘယ္လိုမွဒီကိစၥကိုလက္မခံ
ဝန္ခံတယ္....သူသဲႏုငယ္ေပၚယိမ္းယိုင္ခဲ့မိတယ္
ဒါေပမဲ့...တစ္ဘဝလုံးျဖတ္သန္းဖို႔ထိေတာ့ သူမ႐ူးမိုက္....သူ႕စိတ္ထဲအေတာ္ရႈပ္ရေပသည္
ေန႕စဥ္ရက္ဆက္လည္း ေဖႀကီးနဲ႕သူကမတည့္
သူ႕ကိုျမင္ရင္ အတင္းတာဝန္ယူခိုင္းေနတာနဲ႕ ေန႕တိုင္းစကားမ်ားေနရေတာ့ ေမႀကီးနဲ႕ကိုကိုႀကီးက ၾကားထဲမွာစိတ္ညစ္ေနၿပီ
သူတစ္ခုခုႀကံမွရေတာ့မယ္ဆိုၿပီး UKကဦးေလးကိုေျပာေတာ့ လာခဲ့ဖို႔ေခၚတာနဲ႕ ခုလိုဘယ္သူမွမသိေအာင္ ျပင္ဆင္ေနရျခင္းသာ.....
မသြားခင္ေတာ့ ေမႀကီးနဲ႕ ကိုကိုႀကီးစိတ္ခ်မ္းသာေအာင္ အလိုက္ထိုက္ေလးေနေပးေနေသာ္လည္း
တကယ္ျပသနာရွာတာကေဖႀကီး ထမင္းစာဝိုင္းမွာ ေအးေဆးထမင္းစားေနတာကို

"Sundayက်သဲႏုငယ္နဲ႕ လက္မွတ္ထိုးဖို႔စီစဥ္ထားတယ္.....ေရွ႕ေနက ဒီမွာမဂၤလာေဆာင္လို႔မရေပမဲ့ လက္မွတ္ကအဆင္ေျပတယ္ေျပာလို႔
ၿပီးေတာ့မွ တရားဝင္ခြင့္ျပဳထားတဲ့ေနရာမွာ မဂၤလာပြဲလုပ္မယ္...သူမ်ားသားဆိုေပမဲ့ ပစ္စလက္ခတ္လုပ္လို႔မရဘူး....."

ေဖႀကီးစကားအဆုံးမွာ ဝါးလက္စထမင္းကိုၿမိဳခ်လိဳက္သည္...စကားအဆုံးထိနားေထာင္ေနတာ ေပ်ာ္လြန္းလို႔ေတာ့မဟုတ္..ဦးထိပ္တန္းမဟာက အရိပ္အကဲသိပ္ၾကည့္တတ္လြန္းသည္....သူ႕စကားအဆုံးထိေျပာလို႔ရေအာင္ သူထမင္းလုတ္ခပ္ႀကီးႀကီးကိုပါးစပ္ထဲသြင္းမွလာေျပာတာ
ပက္ခနဲ ျပန္ေျပာခ်င္ေပမဲ့ ခ်က္ထားတာသူ႕အႀကိဳက္ေတြနဲ႕မို႔ ခပ္ႀကီးႀကီးထမင္းလုတ္ကသူ႕ပါးစပ္ထဲအျပည့္ အသံေတာင္ထြက္မရ
သူဥာဏ္ေကာင္းတယ္ဆိုတာ ေဖႀကီးေျခဖ်ားကိုမမွီ.......

"ေဖႀကီးယူမွာလား က်ေနာ္ယူရမွာလား"

သူ႕စကားကနဲနဲရိုင္းသြားေပမဲ့ မတတ္နိုင္....
ဦးထိပ္တန္းမဟာက ခ်ည္ၿပီးတာတုတ္ၿပီးလုပ္ေနတာ.....မဟာေစစားရာကို သားအဖခ်င္းဆိုၿပီး
ခပ္ပါးပါးပုတ္လို႔ေတာ့မရ
ဦးထိပ္တန္းမဟာရဲ႕သား မဟာေစစားရာကလည္း ဇနဲ႕ဆိုတာထုတ္ျပရေသးတယ္..
သူ႕စကားေၾကာင့္ ေဖႀကီးမွာထမင္းပင္ဆက္မစားနိုင္ပဲ မ်က္လုံးမ်ားနီရဲလာသည္ထိေဒါသထြက္သြားပုံ...

"မင္းမိုက္ရိုင္းလွခ်ည္လား
ငါေမြးထားတာ ဒီလိုအဆင့္တန္းမရွိတဲ့ေကာင္လား..."

"အကို.....ေအးေဆးေျပာပါလားေနာ္
သားငယ္လည္း ႐ုတ္တရက္မို႔ေနမွာပါ
စိတ္ထိန္းပါအူးအကိုရယ္..."

"မတားနဲ႕အေစာ
ခ်စ္လြန္းေတာ့အလိုလိုက္ထားတာ ခုလိုမိုက္ရိုက္ေနဖို႔မဟုတ္ဘူး....သဲႏုငယ္ေနရာမွာ မင္းကိုကိုႀကီးသာဆို တစ္ဖက္လူကဒီလိုျငင္းရင္ မင္းခံနိုင္ပ့မလား.."

"ေဖႀကီး!!!!!!!......"

ဒီတခါေတာ့ သူတကယ္ေအာ္လိုက္မိတာ....

"ေအး..မင္းနာတယ္မလား
ကိုယ္ခ်င္းစာေလ....မင္းအကိုနဲ႕သူက ႐ုပ္ရည္ပုံစံသိပ္မကြာဘူးေနာ္....မင္းကိုယ္ခ်င္းစာ
ငါလုပ္ထားတာဖ်က္ဖို႔ႀကိဳးစားရင္ အေမႊျပတ္ပဲ
မနက္ဖန္ သဲႏုငယ္ကိုေခၚၿပီး မင္းေမႀကီးဆိုင္မွာလက္စြပ္သြားေ႐ြး.....တစ္ဖက္မိသားစုနဲ႕ငါေျပာထားၿပီးၿပီ....."

"သူလက္ခံလား....သားနဲ႕လက္ထပ္မဲ့ကိစၥကိုေလ"

"မင္းလို အရိုင္းအစိုင္းေကာင္မွတ္ေနတာလား"

ခပ္႐ြဲ႕႐ြဲ႕ေျဖၿပီး ေဖႀကီးကထထြက္သြားတာေၾကာင့္ ေမႀကီးပါေနာက္ကလိုက္သြားရသည္
ေဒါသထြက္ရင္ ေသြးတိုးတတ္တဲ့သူက
ေျဖေဆးျဖစ္တဲ့ သူ႕အေစာကို မ်က္စပစ္ၿပီးေခၚသြားတာကို မျမင္ဟန္ေဆာင္ေပးလိုက္ရသည္
ပိုေနတာကေဖႀကီး......သူ႕ကိုေတာ့ လႈပ္မရေအာင္ခ်ည္ထားၿပီးေတာ...

"ညီညီ.....ဘာလို႔အဲ့ေလာက္ျငင္းဆန္ေနရတာလဲ
ကိုကိုႀကီး သေဘာအရဆို ညီညီမွားထားတာမလား တာဝန္ယူသင့္တာေပါ့ ေဆး႐ုံေပၚမွာ ေကာင္ေလးကို ျမင္တုန္းကဆို ကို႔ရင္ထဲေတာင္ ေတာ္ေတာ္ေလးမခ်ိတယ္...စုတ္ျပတ္သတ္ေနတယ္ေျပာရမွာေတာင္ သနားတယ္ လူကေသးေသးေလးနဲ႕ ရစရာကိုမရွိဘူး ညီညီဒီေလာက္ၾကမ္းတမ္းထားၿပီး တာဝန္မယူတာေတာ့မျဖစ္သင့္ဘူး..."

"ဟာ....ကိုကိုႀကီးကေတာ့ သားဖက္ရွိသင့္တယ္ေလဗ်ာ....သူ႕ကိုသားမွမခ်စ္တာ...ၿပီးေတာ့ ဘယ္လိုလုပ္ ေယာက္်ားတစ္ေယာက္နဲ႕ တသက္လုံးတူတူေနရမွာလဲ..."

"ခက္တယ္ညီညီ....သံေယာဇဥ္မရွိတာလည္းမဟုတ္ပဲ"

"သူ႕ပုံစံေလးနဲ႕ သူ႕ဆြဲေဆာင္မႈေၾကာင့္ သာယာဖူးတာမွန္တယ္ ဒါမဲ့သူကေယာက္်ားေလးေလ ကိုကိုႀကီး....သားက..."

"သားက မိန္းမပဲယူမွာလို႔ေျပာခ်င္တာလား..
ေနာင္တက ေနာက္မွရတာေနာ္ ညီညီ
ေနာင္တကမခ်ိဳဘူး"

သူ႕စကားမဆုံးခင္ျဖတ္ေျပာလာတဲ့ ကိုကိုႀကီးစကားမွာ ေဒါသသံေတြပါေနတယ္
ကိုကိုႀကီးက သူ႕ဖက္ပဲရွိေနရမွာေလ ဒါေတာ့ လက္မခံနိုင္ဘူး...ကိုကိုႀကီးလည္းထသြားေပမဲ့သူကေတာ့ထမင္းစားဝိုင္းမွာ ငူငူငိုင္ငိုင္ႀကီးက်န္ခဲ့ရသည္...တအိမ္လုံးဘာျဖစ္ေနၾကတာလဲ

ေနာက္တစ္ေန႕ မနက္တြက္ သူစိတ္မပါေပမဲ့
သဲႏုငယ္ကိုသြားေခၚရေတာ့တယ္ ေဖႀကီးစကားမွသူမလြန္ဆန္နိုင္တာ လြန္ဆန္ဖို႔အင္အားလည္းမရွိဘူးရယ္ ခုဆိုဘာလုပ္လုပ္ ေဖႀကီးကသူ႕ကိုမ်က္ေစာင္းတခဲခဲ ေမႀကီးကေတာ့ေခ်ာ့ေမာ့ေျပာေပမဲ့ ကိုကိုႀကီးက သူ႕ညီဟာတာဝန္မဲ့တဲ့သူလာစဆိုတဲ့ ေမးခြန္းေမးၿပီး စကားေတာင္မေျပာ
သူ႕ကိစၥေတြျမန္ျမန္ၿပီးမွျဖစ္မွာပါေလ....

အိမ္ေရွ႕ေရာက္လို႔ ဟြန္း၂ခ်က္တီးလိုက္ေတာ့ ၿခံေစာင့္ဦးေလးႀကီးကလာဖြင့္ေပးတယ္
ဧည့္ခန္းထဲမွာ ရွိတယ္ဝင္သြားလွည့္ဆိုေတာ့
သူမ်က္ႏွာနဲနဲပူေပမဲ့ ေရွာင္လြဲလို႔မရတာေၾကာင့္
ဝင္လာခဲ့ရေတာ့သည္....

"လာေလ.....သားေလး
ငယ္ငယ္က အခန္းထဲမွာ တီတီသြားေခၚေပးမယ္"

"ဝင္ထိုင္ေလ မဟာ.."

တီတီက ၿပဳံးျပေျပာေပမဲ့
သဲႏုငယ္အေဖက ခပ္တည္တည္နဲ႕သတင္းစာသာထိုင္ဖတ္ေနတယ္ အင္းေလ..သားျဖစ္သူကို အနိုင္က်င့္ထားတဲ့လူတစ္ေယာက္ကို ဘယ္သူကၾကည္ၾကည္ျဖဴျဖဴ ဆက္ဆံေပးမွာလဲ
သူဝင္ထိုင္ေတာ့ မ်က္လုံးပင့္ၾကည့္လာသည္
သူၿပဳံးျပလိုက္ေပမဲ့ ျပန္ၿပဳံးမျပလာပဲ...

"မၾကာေစနဲ႕မဟာ လက္စြပ္ေ႐ြးၿပီးခ်က္ခ်င္းျပန္ပို႔ေပးပါ...ငယ္ငယ္က ခုမွထူထူေထာင္ေထာင္ျဖစ္လာတုန္းရွိေသးတယ္.."

"ဟုတ္ ဦးဦး
ေမႀကီးဆိုင္တင္ပါပဲ.....မၾကာေစရပါဘူး"

သူလည္းခပ္ျပတ္ျပတ္ေျဖမိလိုက္တယ္
တကယ္ဆို ဒီလိုသြားလာဖို႔က သူစိတ္မပါ
အိမ္ကအတင္းေစခိုင္းလို႔လာရေၾကာင္း သဲႏုငယ္ကိုလည္းမ်က္ႏွာပူမိလို႔ အၾကာႀကီးမေခၚထားေၾကာင္းျပန္ေျပာလိုက္ခ်င္ေပမဲ့ လက္ေတြ႕မွာစကားလုံးေတွကထွက်မကျလာ.....
အိမ္အတြင္းထဲက အရိပ္ငယ္ေလးတစ္ခုကိုျမင္လိုက္ရေတာ့ သူလွမ္းၾကည့္မိသည္
ေကာ္ဖီေရာင္ ဟူဒီအပါးေလးကို ကာကီေရာင္ေဘာင္းဘီရွည္နဲ႕တြဲဝတ္ထားသည္
ပုံမွန္ထက္ပိုႏြမ္းေဖ်ာ့ေနေပမဲ့ လွတာေလးကေတာ့မေလ်ာ့သြား...တမ်ိဳးေလးေတာင္ဆန္းျပားေနေသးသည္

ကားေပၚေရာက္တဲ့ထိသူေရာကိုယ္ပါ စကားမေျပာျဖစ္....ဝင္ထိုင္လိုက္တာနဲ႕ ပခုံးေလးက်ဳံ႕သြားတာ ျမင္မိေတာ့ အဲကြန္းကိုေလ်ာ့ေပးလိုက္ရသည္...ၿပီးမွ သူလွည့္ၾကည့္မိေပမဲ့ သဲႏုငယ္ကေတာ့ ျပတင္းအျပင္ဖက္ကို ခပ္ေတြေတြေလးလွမ္းၾကည့္ေနသည္....ႏုတ္ခမ္းေထာင့္မွာ သူလုပ္ထားတဲ့အနာက သိပ္မက်က္ေသး
သက္ျပင္းတစ္ခုခ်မိကာ အားနာရေပမဲ့ သူလည္းတကယ္စိတ္ရႈပ္ရတဲ့အခိုက္အတန့္

"ေနသာရဲ႕လား ေအးေသးလား...."

သူ႕အေမးကို ေခါင္းေလးခါၿပီးေတာ့ပဲတုန့္ျပန္မႈေပးသည္....က်ေနတဲ့ဆံပင္ေတြကို သပ္တင္ေပးဖို႔လက္လွမ္းမိေတာ့...ေခါင္းေလးေစာင္းကာ သူ႕လက္ကိုေရွာင္သြားသည္....အင္း....ေၾကာက္ေနတာနေမှာပါ....အရင္လို႔ထိေတြ႕လို႔မရေအာင္ထိ သူရမ္းကားမိလို႔ ေၾကာက္ေနတာေနမွာ...
ဒါမွမဟုတ္ သူ႕ကိုမုန္းသြားတာလား....
မဆီမဆိုင္ အဲ့အေတြးေၾကာင့္ ဘရိတ္ကိုေဆာင့္နင္းလိုက္မိသည္....
၂ေယာက္လုံးေရွ႕ကိုယိမ္းသြားေပမဲ့ သူ႕လက္ကမရည္႐ြယ္ပါပဲ သဲႏုငယ္ကိုေလးေရွ႕ ဆန့္တန္းလ်က္.....

"Sorry....ငါအေတြးလြန္သြားလို႔"

သူေျဖရွင္းခ်က္ေပးေပမဲ့ အၾကည့္တခ်က္သာျပန္ရလိုက္သည္...သူ႕ကိုလုံးဝစကားမေျပာဘူးပဲ

"အျပန္က် ေကာ္ဖီဝင္ေသာက္မလား
ငါစကားနဲနဲေျပာခ်င္လို႔"

"ပါးက ခ်က္ခ်င္းျပန္လာဖို႔မွာထားတယ္.."

"ခနပါပဲ....မၾကာဘူး
ခုမွငါတို႔ေတြ႕ရေသးတာပဲမလား ဦးဦးဆူရင္ငါေျပာေပးမယ္..."

"ပါးကမဆူဘူး"

"ေအး...ငါ့ေဖႀကီးကေတာ့ ေန႕တိုင္းဆူတယ္"

သူတကယ္စိတ္ေပါက္လာၿပီ
ခနပါပဲဆိုတာကို မရဘူးလုပ္ေနေသးတယ္
ေစ့စပ္လက္စြပ္ေတာင္သြားၾကည့္ေနတာသူနဲ႕
အဲ့တာကို ဘာေတြစိတ္မခ်ျဖစ္ေနတာလဲလူႀကီးေတြက....မသိရင္ ဒီေကာင့္ကိုျမင္တိုင္းရမ္းကားေနမဲ့သူထင္ေနၾကတာလား.....စိတ္ေလ်ာ့...မဟာ စိတ္ေလ်ာ့...မင္းရည္႐ြယ္ခ်က္ေအာင္ျမင္ဖို႔လိုတယ္.....

ေမႀကီးဆိုင္ကိုေရာက္လို႔ကားပါကင္ထိုးၿပီးတာနဲ႕
သဲႏုငယ္က ေအာက္ဆင္းေနၿပီးၿပီ....
ျမန္လိုက္တာ......ေဘးကေနခပ္ခြာခြာေလ်ာက္ရင္း ဟိုေငးဒီေငးလုပ္ေနတာရယ္ေၾကာင့္
သူ႕မွာ ေရွ႕ေရာက္သြားလိုက္ လွည့္ၾကည့္ၿပီးျပန္ေစာင့္လိုက္နဲ႕ခရီးကမတြင္
ဆိုင္ေရွ႕ေခါင္းေလာင္းေလးကို ေတာင္ခနဲ႕တီးၿပီးဝင္လိုက္ေတာ့ ေမႀကီးကသူတို႔ဆီခပ္သြက္သြက္ေလ်ာက္လာတယ္....အၿပဳံးတစ္ခုေပးကာ လွမ္းေျပာမည္အျပဳ ေမႀကီးၿပဳံးျပေနသူက သူမဟုတ္
ေဘးက အေကာင္ေပါက္စကို......
ေအး.....တမိသားစုလုံးသာဝိုင္းခ်စ္လိုက္ၾကေတာ့.....

"သားငယ္ေလး....ေနေကာင္းတယ္မလား
ေမႀကီးက ေစာင့္ေနတာ
လာ....ေမႀကီး႐ုံးခန္းသြားမယ္....လက္စြပ္အေကာင္းဆုံးေတြေ႐ြးထားတယ္ ႀကိဳက္တာၾကည့္လွည့္"

ေဘးကမဟာက တကယ့္ကိုယ္ေပ်ာက္လူသား
သဲႏုငယ္လက္ကေလးဆြဲကာ ႐ုံးခန္းထဲေမႀကီးကဝင္သြားသည္....သူလည္းစိတ္ေပါက္ေပါက္နဲ႕အဲ့ေနကာတင္ရပ္ေနတုန္း...

"သားငယ္.....ဘာရပ္လုပ္ေနတာလဲ
တူတူလာေ႐ြးေလ..."

အဲ့တာက ေမႀကီးေနာက္တစ္ေယာက္.....

အခန္းက ေအးစိမ့္ေနတာေၾကာင့္ မေနနိုင္တဲ့သူကပဲ အဲကြန္းသြားေလ်ာ့လိုက္ရသည္
လက္စြပ္ဗန္းက၂ခုေပမဲ့ ပုံစံေတြကေတာ္ေတာ္စုံသည္....၂ေယာက္လုံးက ေယာက္်ားေလးမို႔ သူကေတာ့ရိုးရွင္းတာေလးပဲေ႐ြးလိုက္သည္
ဝတ္ျဖစ္ မဝတ္ျဖစ္မေသခ်ာေပမဲ့ေပါ့....

"ဒါေလးဘယ္လိုသေဘာရလဲ"

ေမးျပန္ေတာ့သည္ ေခါင္းတစ္ခ်က္သာညိတ္၏
အားမလိုအားမရျဖင့္

"မင္းကလည္း နဲနဲပါးပါးေ႐ြးေလ
ငါႀကီးပဲ ေ႐ြးေနရတာ "

"ရတယ္ ခုကိုင္ထားတာအဆင္ေျပတယ္"

"ၿပီးေရာ.....ေမႀကီး ဒါေလးပဲယူေတာ့မယ္
သူ႕လက္စြပ္ေတာ့ နဲနဲျပန္က်ဥ္းရမလားပဲ"

"ရတယ္...ရတယ္
ေမႀကီး ညေနအၿပီးျပင္ထားဖို႔မွာလိုက္မယ္
သားငယ္ေလးေရာ....ႀကိဳက္ရဲ႕လား"

"ဟုတ္...တီတီ"

သဲႏုငယ္က တကယ္သေဘာက်ပါသည္
မဟာေ႐ြးတာမို႔လားမသိ ပိုလွေနသလိုလို
စကားေတြကထုတ္ေျပာမို႔မရဲေပမဲ့
မဟာ ကိုေျပာစရာေတြသူ႕မွာလည္းရွိတယ္
သိပ္မေ႐ြးပဲ လက္လွမ္းမီရာ ကိုင္လိုက္ပုံရေပမဲ့
တကြင္းလုံး ပတ္ပတ္လည္စိန္ပြင့္ေသးေသးေလးေတြျမႇပ္ထားတဲ့လက္စြပ္က အျမင္မွာဆန္းလွသည္ တန္ဖိုးလည္းနည္းမည္မထင္...

လက္စြပ္ေ႐ြးၿပီးတာနဲ႕ မဟာက ခ်က္ခ်င္းျပန္ဖို႔လုပ္ေတာ့သည္...တီတီ့ကိုအားနာေပမဲ့ သူတကယ္ျပန္ခ်င္ေနပြီ...
အျပန္လမ္းကလည္း အလာတုန္းကလို စကားမေျပာျဖစ္...မဟာက လမ္းတစ္ဝက္ေလာက္က ပန္းၿခံေဘးမွာရွိတဲ့ ေကာ္ဖီဆိုင္ေရွ႕ကားရပ္ကာ

"ငါ ပါကင္သြားရွာလိုက္မယ္
အရင္ဝင္ႏွင့္မလား တူတူလိုက္မလား.."

"ဝင္သြားႏွင့္မယ္"

သူဆိုင္ထဲအရင္ဝင္ကာ လူရွင္းတဲ့ခုံမွာဝင္ထိုင္လိုက္ေတာ့ ဝိတ္တာေလးေရာက္လာၿပီးMenuလာခ်ေပးသည္....သိပ္မစားခ်င္ေသးတဲ့စိတ္ေၾကာင့္ ေကာ္ဖီပူပူေလး၂ခြက္မွာကာ သူအေပါက္ဝကိုထိုင္ေငးၾကည့္ေနလိုက္သည္
တံခါးဖြင့္ၿပီးဝင္လာတဲ့သူက မဟာ..
အေပၚကရွပ္အျဖဴကို ၾကယ္သီး၂လုံးဖြင့္ဝတ္ၿပီး ဂ်င္းေဘာင္းဘီက်ပ္က်ပ္ဝတ္ထားတဲ့သူက အရပ္ကလည္းသူ႕ထက္ေခါင္းတလုံးစာပိုျမင့္တာမို႔ Modelနဲ႕တူတာအမွန္ ေဘးဘီေဝ့ၾကည့္ကာ သူ႕ကိုျမင္ေတာ့ သူ႕ဆီတန္းေလ်ာက္လာေသာမဟာ့ကို တခ်ိဳ႕ဝိုင္းေတြကအၾကည့္မလြဲ ၾကည့္ေနၾကသည္....

"မွာထားၿပီးၿပီလား
ငါမွာေပးရမလား.."

"ငါမွာထားလိုက္ၿပီ မင္းအတြက္ပါေကာ္ဖီမွာလိုက္တယ္...အၾကာႀကီးေတာ့မေနခ်င္ဘူး"

"ေအးပါ.....ငါလည္းခနေနျပန္ပို႔မွာပါ"

ကားေသာ့ ဖုန္း ပိုက္ဆံအိတ္ေတြကို ခုံေပၚခပ္ျပင္းျပင္းေလးပစ္တင္ကာ မ်က္ခုံးကုပ္ၿပီးေျပာေတာ့ သူ႕မွာထိတ္ခနဲ႕.....

"ေၾကာက္ေနတာလား...ငါ့ကို
အဲ့တုန္းကပုံမွန္စိတ္မဟုတ္လို႔ပါ...
ခုလိုျဖစ္သြားတာ ငါစိတ္မေကာင္းပါဘူး
ငါမင္းကိုေတာင္းပန္ပါတယ္
ဒါေပမဲ့ ငါလက္ထပ္ဖို႔က....."

ေကာ္ဖီလာခ်ေပးတဲ့ ဝိတ္တာေကာင္ေလးေၾကာင့္ မဟာ့စကားက အဆုံးထိေျပာခြင့္မရလိုက္...
ဒီစကားေျပာလာဖို႔ကိုလည္း သူႀကိဳတင္မွန္းဆထားၿပီးသားပါ...လက္လည္းလက္ခံၿပီးသား
လူႀကီးေတြေျပာၿပီးသားမို႔ဒီေန႕သူလိုက္လာခဲ့တာ
မဟာသာ လက္မခံရင္ သူလည္းျငင္းေပးရမွာေပါ့...

"အဲ့ေတာ့....."

သူစကားျပန္စရန္ လမ္းေၾကာင္းေပးလိုက္သည္

"ေစ့စပ္တာကိုအရင္လုပ္ၿပီး မဂၤလာေဆာင္ကိုေနာက္နဲနဲဆုတ္ေပးဖို႔ အကူညီေတာင္းခ်င္တာ
လူႀကီးေတြက ငါ့ကိုအျမင္မၾကည္တာမို႔ ငါေျပာရင္ကန့္လန့္ေတြျဖစ္ကုန္မွာ
အဲ့တာေၾကာင့္ အကူညီေတာင္းတာ အဆင္ေျပမယ္မလား"

"တကယ္ဆိုကြာ အဲ့ေန႕က ငါလည္းပုံမွန္စိတ္မဟုတ္ဘူး တကယ္ပူေလာင္ေနတာ တစ္ကိုယ္လုံး...ငါေဆးမိသြားလို႔ပါ...
ပုံမွန္ဆို ငါဘယ္လိုလုပ္မင္းအေပၚရမ္းကားမိမွာလဲ
ၿပီးေတာ့မင္းလည္းကံဆိုးသြားတာေျပာရမယ္ တိုက္တိုက္ဆိုင္ဆိုင္မင္းေရာက္လာတယ္ ၿပီးေတာ့ ဝတ္ထားတာက ပိုးနဲ႕လည္းအေရာင္တူေနေတာ့...."

ဆက္မေျပာေပမဲ့ သဲႏုငယ္နားလည္လိုက္ၿပီ
ဆိုလိုရင္းက လာခဲ့တဲ့သူကအမွား
အက်ီအေရာင္တူေနတာမို႔ သူမွန္းမသိဘူး
ပိုးခ်ိဳဇင္ပဲထင္ထားတာ.....ဟား.....ျပသနာပဲ
ပိုးခ်ိဳဇင္ဆိုမျငင္းပဲ သူမို႔လိုလက္မထပ္ခ်င္တဲ့သေဘာ.....ဘဝႀကီးကလည္း နစ္ၿပီးရင္းနစ္
သိကၡာက်လိဳက္တာ..

မဟာမွာ ေျပာလို႔သာေျပာလိုက္ရတာ စိတ္ထဲေတာ့ အဆင္ေျပပါေစလို႔ဘုရားေပါင္းစုံလွည့္ၿပီးဆုေတာင္းေနရေတာ့သည္...ကန့္လန့္တိုက္ေနတာထက္ အလိုက္သင့္ေလးေနၿပီး သူ႕မွာတဖက္ကလုပ္စရာရွိတာကို ျမန္ျမန္လုပ္ရမယ္
အဓိကသူေအာင္ျမင္ဖို႔ပဲ....

"အင္း....ငါေျပာၾကည့္ေပးမယ္
ငါလည္းပဲ အဆင္ေျပမေနပါဘူး...ၿပီးေတာ့ လက္ထပ္ဖို႔က မင္းေရာငါေရာက တူတူပဲကို"

Ok မဟာ့စိတ္ထဲလက္ေဖ်ာက္တီးလိုက္မိသည္
သဲႏုငယ္လည္းစိတ္မပါဘူးဆိုတဲ့သေဘာ
အကုန္အဆင္ေျပခါနီးၿပီ
သူ႕မွာေပ်ာ္လြန္းလို႔ ေကာ္ဖီေတာင္မေသာက္နိုင္ပဲ သဲႏုငယ္ကိုျပန္ပို႔လိုက္ေတာ့သည္

သဲႏုငယ္မွာ အျပင္ဘက္ကိုေငးကာ ေအးေဆးျဖစ္ေနတဲ့ပုံေပါက္ေပမဲ့ ရင္ထဲေတာ့မီးေတာက္ေနသည္....မဟာက လက္မထပ္ခ်င္ဘူး
ငါေနာက္ဆုတ္ဖို႔ေျပာေပးမယ္ဆိုေတာ့ သူ႕အေပ်ာ္ကိုထိန္းခ်ဳပ္ေနေပမဲ့ ေသခ်ာျမင္လိုက္ရေသးသည္....အင္း....ဟုတ္တယ္
ငါ့အခ်စ္ဦးက ငါ့ကိုမခ်စ္ဘူး....
ငါ့အေပၚမွားခဲ့တာေၾကာင့္ ေစ့စပ္မွာကိုသူလက္ခံတာ....လက္မွတ္ထိုးေပးမယ္ေျပာေပမဲ့ သူငါ့ကိုမလိုခ်င္ဘူး....
သူတကယ္ငါ့ကိုမလိုခ်င္ဘူး.....

ေလ့တစ္ခ်က္အေဝွ႕မွာ စိန္ပြင့္ေသးေသးေလးလို႔ ေတာက္ပေနတဲ့မ်က္ရည္တစ္စက္က တစ္ေယာက္ေသာသူရဲ႕ပါးျပင္ေပၚ ျဖတ္သန္းေလေတာ့သည္...ကားေမာင္းေနကာ အေပ်ာ္ေတြတစ္ဆို႔ေနတဲ့ ေကာင္ေလးကမသိလိုက္ေပမဲ့ တစ္ဖက္လူရဲ႕ရင္ထဲမွာေနလို မီးလို.....

ရင္ေတြပူလိုက္တာ မဟာရယ္
မင္းစိတ္ကိုပိုသိလိုက္ရေတာ့ ငါကပိုပူေလာင္ရတယ္...ျငင္းရင္လည္းအျပတ္ျငင္းပါလား
ခုက ငါ့ကိုမင္းဆိုတဲ့ႏြံ႕ထဲက ႐ုန္းထြက္ခြင့္လည္းမေပး ေနခြင့္လည္းမေပးေတာ့....ငါက...ငါက
ဘယ္လိုမ်ိဳးေရွ႕ဆက္ရမလဲ.......

Note..မဂၤလာပါ ဂီဂီပါေယာေရာဘြန္းတို႔
ေစာင့္ေနတဲ့သူေတြရွိၾကလားဟင္ အမ်ားႀကီးေရးေပးမယ္ဆိုေပမဲ့ က်န္းမာေရးနဲ႕အလုပ္ရႈပ္ေနတာမို႔ ဒီနားတင္ရပ္လိုက္ပါ့မယ္
ေနာက္တစ္ပိုင္းနဲ႕အတူ ျမန္ျမန္ေလး လာခဲ့ပါ့မယ္

Pokračovat ve čtení

Mohlo by se ti líbit

2.4M 140K 46
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.3M 32.6K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
3.9M 162K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
333K 4.6K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...