Dear Ko Ko ( Complete)

By sunray9597

32.1K 2.1K 1.6K

မောင်သာ ကိုကို ကို သစ္စာဖောက်ခဲ့ရင်..ကိုကို နာကျင်အောင်လုပ်မိခဲ့ရင်..မောင့်တစ်ဘဝလုံး အထီးကျန်ဆန်ပြီး နာကျင်မှ... More

Dear Ko Ko (Intro )
Part -1
Part -2
Part -3
Part -4 ⚠️
Part -5
Part -6
Part -7
Part -8
Part-9
Part -10
Part -11
Part -12
Part -13
Part -14
Part -15
Part -16
Part -17
Part -18
Part -19
Part -20
Part -21
Part -22
Part -23
Part -24
Part -25
Part -26
Part -27
Part -29
Part -30
Part -31
Part -32
Part -33
Part 34
Part -35 ( Final-1)
Part -36 ( Final -2 ) Main Final
Dear Ko Ko's Reasons Of Creation

Part -28

754 49 41
By sunray9597

# Unicode #

ထယ်ယောင်းအလုပ်တွေပြီးသွားလို့ ခါတိုင်းလိုကိုကို့အတွက် ဆေးတစ်ခွက်ဖျော်ပြီးရေခွက်ယူကာ အခန်းထဲဝင်လာလိုက်သည်။သူဝသ်လာတော့ ကိုကိုက ဆိုဖာပေါ်မှာ ငူငူငိုင်ငိုင်နဲ့ထိုင်နေပြီး အတွေးလွန်နေပုံရ၏။ကိုကိုဘေးက မှာဝင်ထိုင်လိုက်ပြီး ဆေးခွက်နဲ့ရေခွက်ကို စားပွဲပေါ်တင်လိုက်ပြီး ကိုကိုရဲ့ ပခုံးလေးကို ကိုင်လိုင်တော့ လန့်ပြီး ကိုယ်လေးတစ်ချက်တုန်သွားတဲ့ ကိုကို...ပြီးမှ သူ့ကိုမော့ကြည့်လာ၏။

" ဆေးသောက်ရအောင် ကိုကို.."

ထယ်ယောင်းပြောတဲ့စကားကို နားလည်တဲ့ကိုကိုက စားပွဲပေါ်က ဆေးခွက်ကိုကြည့်ပြီး..မျက်ရည်တွေဝဲကာ ခေါင်းခါပြလာသည်။အဲ့ဒါက ဘာအဓိပ္ပာယ်လဲ...ခါတိုင်းဆို သူတိုက်တိုင်း မငြီးမငြူဘဲ သောက်တတ်တဲ့ ကိုကိုက အခုတော့ ငြင်းဆန်နေပြီ..

*~.ငါ..မသောက်ချင်ဘူး မောင်..ငါ..အဲ့ဆေးက ဘာလဲဆိုတာ သိတယ်..ငါမသောက်ပါရစေနဲ့မောင်ရယ်..ငါတကယ်မသောက်ချင်လို့ပါ.~*

ကိုကိုရေးပြတဲ့ စာကိုဖတ်ပြီး ထယ်ယောင်းအံ့ဩသွားသည်။ဒါဆို ကိုကိုက အမှန်တိုင်းသိသွားပြီပေါ့..ကိုကို့ကိုကြည့်လိုက်တော့ မျက်ရည်ဝဲနေတဲ့ မျက်ဝန်းလေးတွေနဲ့သူ့ကို တောင်းပန်သလိုကြည့်နေ၏။

ဒါပေမဲ့ သူရော ကိုကိုရော မနာကျင်ဖို့က ဆေးတိုက်မှရမည်။မဟုတ်ရင်....

" မရဘူး ကိုကိုသောက်ရမယ်! "

ထယ်ယောင်းပြောတော့ ခေါင်းခါပြီး ငြင်းဆန်လာတဲ့ ကိုကို..

*~.ငါ မသောက်ချင်ဘူး မောင် ရဲ့ ငါတို့ ရင်သွေးလေးတွေယူရအုံးမယ်လေ..ငါ ကလေးယူချင်သေးတယ် မောင်..ငါ့ကို မတိုက်ပါနဲ့နော်.~*

စာရေးပြီး ငိုမဲ့မဲ့ လေးဖြစ်နေတဲ့ ကိုကိုက သူ့လက်ထဲ စာအုပ်လေးကို တုန်တုန်ချိချိလေးထည့်လာ၏။သူ ကိုကို့ရဲ့ဆန္ဒကို လိုက်လျောချင်ပေမဲ့။ ဟွန်းဂျယ်ရဲ့ စကားတွေနား‌ထဲဝင်လာသည်။

«« မင်း ရဲ့ င အက မွေးရာပါ..ကုလို့မရဘူး..ကလေးတွေကလည်း သူလိုမျိုး မျိုးရိုးလိုက်ပြီး င အတွေ ဖြစ်လာမှာ... »» ငအတွေဖြစ်လာမှာ »»

သူကြောက်တယ်..ကလေးတွေအကုန်လုံးကသာ..ကိုကိုလိုဖြစ်လာမယ်ဆိုရင် ဟွန်းဂျယ်ပြောသလို သူ့ရဲ့ မျိုးဆက်တစ်ခုလုံး လူညွှန့်တုံးလိမ့်မယ်..သူလက်မခံရဲဘူး..နားလည်ပေးပါ ကိုကို..မောင် ကိုကို့ကို ချစ်ပေမဲ့..

"ကလေးထပ်မယူဘူး ကိုကို! ကိုကိုသိသွားလည်း ဆက်သောက်ရမယ်.."

ထယ်ယောင်းက ကိုကို့ရဲ့ မျက်ဝန်းတွေကို စိုက်ကြည့်ပြီးပြောလိုက်တော့ ကိုကို့ရဲ့ မျက်ဝန်းတွေက ထိတ်လန့်သွားသည်။ကိုကို့က သူ့လက်ထဲက စာအုပ်ကို ဆွဲယူပြီး တစ်ခုခုကိုရေးနေ၏။

*~.ငါမသောက်ချင်ဘူးလို့ ပြောနေတယ်လေမောင်ရဲ့..မင်းဘာကြောင့်ငါ့ကို နားမလည်နိုင်တာလဲ..အဲ့ဆေးတွေကြောင့် ငါတို့ရဲ့ ရင်သွေးလေး ဆုံးရှုံးခဲ့ရပြီးပြီ..
ငါ ဘယ်လိုစိတ်မျိုးနဲ့ အဲ့ဆေးကိုသောက်ရမှာလဲ..မောင် ငါတောင်းပန်ပါတယ်..ဆေးမတိုက်ပါနဲ့နော်..ငါတို့ကလေး~.~*

ဂျောင်ဂုစာကိုဆုံးအောင်တောင်မရေးရသေးဘူး စာအုပ်နဲ့ ဘောပင်ကိုလက်ထဲက လူယူသွားတဲ့ မောင်...

* ငါ့ကို စာရေးပြီး ပြောပြခွင့်တောင်မပေးတော့ပါလား..ငါ ဘာတွေများမှားခဲ့လို့လဲမောင်ရဲ့...*

သူ့လက်ထဲက စာအုပ်နဲ့ဘောပင်ကို ယူပြီး စာရေးနေတဲ့ကိုကို ဆီက ထယ်ယောင်း စာအုပ်ကို ပြန်ယူလိုက်သည်။သူသာ ကိုကို့ရဲ့ ဖြောင်းဖျစာကိုမြင်ရင် ဆေးမတိုက်မိဘဲနေမိမှာအမှန်.. ကိုယ့်စိတ်ကိုယ်သိနေတာကြောင့်..ကိုကို့ကို စာရေးခွင့်မပေးတော့ပေ..မောင် အတ္တကြီးပါရစေ ကိုကို...

" ကိုကိုဆေးသောက်မှ ဖြစ်မယ် ဆေးသောက်ရအောင်နော် ကိုကို~"

ထယ်ယောင်း အသံငြိမ်ငြိမ်လေးနဲ့ ပြောလိုက်တော့ ဆေးခွက်ကို တစ်ချက်သာကြည့်ပြီး ခေါင်းခါပြတဲ့ ကိုကို..

" ကိုကို! မောင်ပြောနေတယ် ဆေးသောက်ရမယ်လို့..ခေါင်းမမာစမ်းပါနဲ့ ကိုကိုရာ..ကလေးယူလို့မဖြစ်ဘူး..မောင့်ရဲ့ မျိုးဆက်တွေကို ကိုကို့လို ဆွံ့အနားမကြားတွေဖြစ်စေချင်နေတာလား..နူးနူးလေးနဲ့တင်လုံလောက်ပြီလေ.."

ထယ်ယောင်းက စကားကိုရပ်ပြီး အိပ်ပျော်နေတဲ့ သမီးငယ်ကို ကြည့်လိုက်၏။နားထဲမှာလည်း ဆရာဝန်ပြောတဲ့စကားနဲ့ ဟွန်းဂျယ်ပြောတဲ့စကားတွေ ပဲ့တင်ထပ်ကြားယောင်နေပြီး ကိုကိုဆေးသောက်မှရမယ်ဆိုတဲ့ အတွေးကြီးသာကြီးစိုးလာသည်။

«« မင်း ရဲ့ င အက မွေးရာပါ..ကုလို့မရဘူး..ကလေးတွေကလည်း သူလိုမျိုး မျိုးရိုးလိုက်ပြီး င အတွေ ဖြစ်လာမှာ... »»

«« ကံနဲ့ဘဲဆိုင်တယ်..ကလေးက မိခင်နဲ့တူပြီး deaf-mute ဖြစ်နိုင်သလို..ဖခင်နဲ့တူပြီး သာမာန်ကလေးလည်းဖြစ်နိုင်တယ်....»»

ဂျောင်ဂုကတော့ မျက်နှာထားတင်းမာနေပြီး ခက်ထန်နေတဲ့ မောင့်မျက်နှာကိုကြည့်ပြီး အံ့ဩနေမိသည်။မောင်ကြည့်တဲ့နေရာကို ကြည့်လိုက်တော့ သမီးဖြစ်နေတာကြောင့် မကြားရပေမဲ့ သူဆက်စပ်စဉ်းစားမိသည်။အိမ်ထောင်သက်နှစ်နှစ်ကျော်အတွင်း မျက်နှာထားတင်းဖို့နေနေသာသာ မျက်နှာတစ်ချက်မှ မပျက်ဘူးတဲ့ မောင်က အခု..ဆေးမသောက်လို့ သူ့ကို အော်နေတာလား...ကလေးယူဖို့ကြိုးစားလို့ ဆူနေဝာာလား..

မောင့်ကိုတစ်လှည့် အိပ်ပျော်နေတဲ့ သမီးငယ်ကို တစ်လှည့်ကြည့်ရင်း သူ့ရင်ဘတ်ထဲက တအားနာလာသည်။‌

* လက်စသတ်တော့ မောင်က ငါ့..ငါ့အပြစ်လို့ သတ်မှတ်ခဲ့တာလား..မင်းပြောတော့ ငါ့ရဲ့ဖြစ်တည်မှုတိုင်းကို မြတ်နိုးတယ်ဆို..*

ထယ်ယောင်း သမီးကို ကြည့်ရင်းနဲ့ဘဲ ကိုကို့ကို စကားဆက်ပြောလိုက်၏။

" ကိုကိုက ဘာတွေကို ထပ်ပြီးမျှော်လင့်နေတာလဲ ကိုကိုထင်သလို ဖြစ်မလာခဲ့ရင် ကိုကိုနဲ့ မောင်ဘဲ ခံစားရမှာ ပြီးတော့ လူ့အသိုင်းအဝိုင်းမှာလည်း မောင်တို့ရဲ့ ကလေးတွေက ကဲ့ရဲ့ရှုတ်ချခံရပြီး အပယ်ခံဘဝရောက်ရမှာ..အဲ့ဒါတွေ ကိုကိုမသိဘူးလား..ကိုကို ကိုယ်တိုင်လည်း ခံစားခဲ့ရတာဘဲ ကိုကိုကိုယ်ချင်းမစာဘူးလား ကိုယ့်ရင်သွေးကို အဲ့လို ဘဝမျိုးပေးရဲလားကိုကို~"

ထယ်ယောင်း ငိုချင်သည်ကိုထိန်းပြီး ပြောနေသလို ဂျောင်ဂုလည်း ထယ်ယောင်းရဲ့ မျက်နှာကိုကြည့်ပြီး..အံ့အားသင့်မှုတွေနဲ့ မျက်ရည်ဝဲနေမိသည်။အမှန်တိုင်းပြောရရင် သူငိုဖို့ကို သတိမရတော့တာ...

* ငါ ထင်တာ ငါကို့ မင်းက နားလည်လိမ့်မယ်လို့လေ..မင်း ငါ့ကို တကယ်နားမလည်ခဲ့ဘူးလား မောင် *

ထယ်ယောင်း ကိုကို့ကို ကြည့်လိုက်တော့ သူ့ကို မယုံကြည်နိုင်တဲ့အကြည့်တွေနဲ့ ကြည့်နေပြီး မျက်ဝန်းဝိုင်းကြီးတွေမှာ မျက်ရည်စတွေခိုတွဲနေသည်။တဆက်ဆက်တုန်ယင်နေတဲ့ နှုတ်ခမ်းပါးလေးက တစ်ခုခုကိုပြောချင်နေသယောင် ...

" ကိုကို ဒီဆေးလေးသောက်ပြီး မောင်တို့အိပ်ကြမယ်..မငိုနဲ့တော့နော်.."

မျက်ရည်တွေစီးမကျလာခင် သူ့ရဲ့ လက်နဲ့ ဖွဖွလေးသုတ်ပြီး ပြောလိုက်တော့ ပါးစပ်ကလေးဟကာ တအံတဩကြည့်လာပြန်၏။

ဆေးခွက်ကို ယူပြီး ကိုကို့အနားတိုးသွားလိုက်တော့ နောက်ကို ဆုတ်ပြီး ပါးစပ်ကို လက်ဖြင့်ပိတ်ထားတဲ့ ကိုကို...

" ဆေးသောက်ရအောင် ကိုကို..ပါးစပ်ကို အုပ်မထားနဲ့! "

*~............~*

သူရဲ့ လက်တစ်ဖက်နဲ့ ပါးစပ်ကို အုပ်ထားတဲ့ လက်ကို ဖယ်လိုက်တော့ တုန်ယင်နေတဲ့ ခန္ဓာကိုယ်လေးနဲ့ နောက်ကို တဖြေးဖြေးဆုတ်သွားသည်။ မျက်ရည်ဥတွေလည်း ပါးပေါ်တလိမ့်လိမ့်ဆင်းလာပြီး နှာခေါင်းလုံးလေးနီမြန်းလာပြီး ငိုနေတဲ့ကိုကို မျက်ဝန်းတွေကလည်း ဆေးမတိုက်ဖို့ အသနားခံနေ၏။အခုချိန်မှာ သူ့နားထဲကြားယောင်နေတဲ့ စကားသံတွေကြောင့် ကိုကို့ရဲ့ မျက်ရည်တွေကို လစ်လျူရှုလိုက်မိသည်။

မောင့်လုပ်ရက်မမှားဘူး ကိုကို...မောင်လည်း ကိုကို့လိုဘဲ ခံစားရတာဘဲ ကိုယ်တိုင် ကိုယ်ရင်သွေးတွေကို တားဆီးနေတဲ့ဆေးတိုက်နေရတဲ့ မောင့်ခံစားချက်ကိုငဲ့ပါအုံး...မောင်တိုက်တဲ့ဆေးကြောင့် ရင်သွေးလေးပျက်ကျသွားတယ်ဆိုတဲ့ အသိကြောင့်လည်း မောင် ညတိုင်းအိပ်မပျော်ခဲ့သလို အဲ့ အရိပ်မဲကြီးကလည်း မောင့်ကို ခြောက်လန့်နေတယ်..ဒါပေမဲ့ မောင်တို့ ကလေးတွေကို ဒုက္ခမပေးသင့်ဘူးမလား...

" ဆေးသောက်မယ် ကိုကို! "

ထယ်ယောင်းက နောက်ကို တဖြေးဖြေးဆုတ်သွားတဲ့ ကိုကို့ရဲ့ လက်ကို ဆွဲပြီး‌ပြောလိုက်တော့ နေရာမှာရပ်သွားတဲ့ ကိုကို ..အငိုတော့မရပ်သေး..

* ဟင့်အင်..ငါ‌မသောက်ချင်ဘူး..ငါ့ကို မတိုက်ပါနဲ့ မောင်ရယ်..အဲ့ဆေးကြောင့် သမီးငယ်လေးကို ဆုံးရှုံးခဲ့ရတာ..ငါမသောက်ပါရစေနဲ့ ပြီး..ပြီးတော့ အဲ့ဆေးက ငါတို့ကလေးလေးတွေ လူ့လောကထဲမရောက်အောင် အချိန်ပြည့်တားနေခဲ့တာ..ငါမသောက်ချင်ဘူး..ငါ့ကို မတိုက်ပါနဲ့.! *

မောင့်ရဲ့ လက်ထဲကနေရုန်းပြီး မျက်ရည်များစွာဖြင့် မောင့်ကို အသနားခံနေမိသည်။သူ့မျက်ရည်တွေကို မကြိုက်တဲ့ မောင်က သူ့ကို နာကျင်အောင် မလုပ်လောက်ပါဘူး...

ဒါပေမဲ့ ရုန်းနေတဲ့လက်တွေကို တင်းအောင်ဆုပ်ကိုင်ထားပြီး ‌ရှေ့ဆက်တိုးလာတဲ့ မောင့်ရဲ့ အပြုမှူက သူ့ရဲ့ထင်မြင်ချက်တွေမှားနေတယ်လို့ ပြောနေသယောင်..

*ငါ ပြောနေတယ်!..ငါ့..ငါ့မျက်လုံးကို ကြည့်ပြီး ငါ့ရဲ့စိတ်ကို နားလည်ပေးပါ!..ငါပြောချင်တဲ့စကားလုံးတွေက ငါ့မျက်လုံးထဲမှာ အပြည့်ဘဲမောင်ရဲ့ ... မင်းဘဲ ငါ့မျက်လုံးက စကားလေးတွေနားလည်အောင်လုပ်မယ်ဆို.!..ငါတောင်းပန်ပါတယ် မသောက်ချင်ဘူး..*



မောင်က လက်နှစ်ဖက်ကို စုချုပ်ထားတာကြောင့် သူနောက်ဆုတ်လို့မရပေ..မောင်နားလည်အောင် မျက်လုံး‌ဖြင့် စကားပြောကာ အသနားခံနေမိသည်။

ကိုကို သူ့ရှေ့မှာ သည်းသည်းထန်ထန်ငိုကာ ကိုယ်လေးတုန်ယင်နေပြီး မျက်လုံးလေးတွေက အသနားခံနေပေမဲ့ ထယ်ယောင်း ရှေ့ဆက်တိုးဖို့ ဆုံးဖြတ်လိုက်သည်။ ကိုကိုစိတ်စိုးလည်း ပြီးမှ ပြန်‌ချော့မည်။

ကိုကို ရဲ့ခန္ဓာကိုယ်နဲ့ ပိုနီးသွားအောင် အနားကို တိုးလိုက်ပြီး ဆေးခွက်ကို ပေးလိုက်တော့ ခေါင်းခါပြီးငြင်းဆန်မြဲ‌ငြင်းဆန်နေတဲ့ ကိုကို..

* မသောက်ချင်ဘူး...မောင် ငါမုန်းမိတော့မယ်နော် ငါမသောက်ပါရစေနဲ့ *

သူပြောနေပေမဲ့ လက်တွေ့မှာ ဘာစကားလုံးမှ ထွက်မလာ...ထွက်လာတာဆိုလို့ မျက်ရည်တွေသာရှိသည်။သူ့မျက်ရည်တွေကို မကြိုက်တဲ့မောင်က အခု သူငိုယိုပြီး တောင်းပန်နေတာတောင် လက်မခံ..မောင် ပြောင်းလဲသွားတာလား..

" ကိုကိုရာ မဆိုးစမ်းပါနဲ့ ဆေးသောက်ရအောင် ပြီးရင်အိပ်ကျမယ် ညဉ့်နက်နေပြီ.."

ထယ်ယောင်းက ပြောလိုက်တော့ သူ့လက်ထဲက ကိုကိုက ရုန်းပြီး ထွက်ပြေးဖို့ လုပ်လိုက်၏။အမြန်ပင် ကိုယ်နှစ်ခုကို ပူးကပ်ပြီး ကိုကို့ကို ထယ်ယောင်းရဲ့ ရင်ခွင်ထဲမှာ လက်တစ်ဖက်ဖြင့်ချုပ်လိုက်ပြီး ဆေးခွက်ကို ကိုင်ထားတဲ့လက်နဲ့ ကိုကို့ပါးစပ်နားတေ့ကာ တိုက်ဖို့ပြင်လိုက်သည်။

အသနားခံနေတဲ့ မျက်ဝန်းလေးတွေကြောင့် သူဆက်မလုပ်နိုင်တော့ဘဲ လွှတ်ပေးဖို့ကြံရွယ်နေတဲ့ ပြေလုပြေချင်လက်တွေက ဦးနှောက်ထဲရောက်လာတဲ့စကားလုတွေကြောင့် ပိုပြီး လက်တွေက တင်းကျပ်သွားပြီး ချုပ်ထားကာ ပါးစပ်ထဲ အတင်းထည့်ပြီး တိုက်နေမိ၏။

«« မင်း ရဲ့ င အက မွေးရာပါ..ကုလို့မရဘူး..ကလေးတွေကလည်း သူလိုမျိုး မျိုးရိုးလိုက်ပြီး င အတွေ ဖြစ်လာမှာ... »»

«« ကံနဲ့ဘဲဆိုင်တယ်..ကလေးက မိခင်နဲ့တူပြီး deaf-mute ဖြစ်နိုင်သလို..ဖခင်နဲ့တူပြီး သာမာန်ကလေးလည်းဖြစ်နိုင်တယ်»»

ရင်ခွင်ထဲက ကိုကိုက ရုန်းကန်နေပေမဲ့ အားချင်းမမျှတာကြောင့် ရုန်းလို့မရပေ..တွေးထုတ်ဖို့ကြံနေတာကြောင့် အမြန်ပင် ပါးစပ်ကို ပိတ်ထားပြီး မျိုးကျအောင်လုပ်လိုက်သည်။ဖိတ်စင်တဝက်ပေမဲ့ ကို့ကို့ပါးစပ်ထဲဆေးဝင်အောင် ထယ်ယောင်းတိုက်နေမိသည်။

* တောင်းပန်ပါတယ် ကိုကို..ပြီးမှ မောင့်ကိုစိတ်ကောက်နော် မောင် ချော့ပါ့မယ် ပြီးရင် မိသားစုတွေအရင်လိုပျော်ပျော်နေကြမယ် ကိုကိုလည်း ညတိုင်းဆေးသောက်ရမယ်..မောင်ဘာကြောင့် ကိုကို့ကို ဆေးတိုက်တာလဲဆိုတာ သေချာရှင်းပြပါ့မယ်..*

ထယ်ယောင်းလည်း ထွေးထုတ်ဖို့ကြံနေတဲ့ ကိုကို့ရဲ့ ပါးစပ်ကို လက်ဖြင့် ပိတ်ထားပြီး စိတ်ထဲကနေ တောင်းပန်နေမိသည်။

* ဟင့်အင်.. မသောက်ချင်ဘူး..လွှတ်!..လွှတ်ပေးပါ..ငါမသောက်ချင်ဘူး..မောင်!..လွှတ်ပေးပါ..*

ဆေးတွေကို အတင်းပါးစပ်ထဲ ချုပ်ပြီး တိုက်လာတာကြောင့် ရုန်းကန်ပြီး ငြင်းဆန်နေပေမဲ့ သူ့ထက် အားသန်လှတဲ့ မောင့်ကြောင့် သူ့ရဲ့ ရုန်းကန်မှု တွေက အရာမဝင်...ပါးစပ်ထဲဝင်ရောက်လာတဲ့ ခါးသက်သက်အရသာကို ထွေးထုတ်ဖို့ကြံခဲ့ပေမဲ့ အတင်းပိတ်ထားခံရတဲ့ပါးစပ်ကြောင် နာနာကျင်ကျင်နဲ့ဘဲ မျိုချလိုက်ရ၏။လည်ချောင်းတစ်လျှောက်ပူဆင်းသွားတဲ့ ခံစားချက်နဲ့အတူ ရင်ဘတ်‌ထဲက နာကျင်သည့်ခံစားချက်ပါ ဖြစ်ပေါ်လာသည်။သူ့ရဲ့ဝမ်းဗိုက်ထဲဆင်းသွားတဲ့ဆေးတွေက အဆိပ်ဆိုရင်တောင် သူပျော်မိမှာအမှန်..အခုတော့ အပြစ်မရှိတဲ့ကလေးတွေကို သေစေနိုင်တဲ့ဆေး!

* မောင်...မင်း..မင်း..ငါ့အပေါ်လုပ်ရက်လိုက်တာ..မင်း..ရက်စက်တယ်..*

ကလေးပျက်ကျစေတဲ့ဆေးဆိုတဲ့ အသိကြောင့် အိပ်မက်ထဲက ငိုယိုပြီး နာ‌နေကြောင်းပြောပြနေတဲ့ သမီးငယ်ကို သတိရသွား၏။ဒီဆေးကြောင့် သူ့ကလေးနာကျင်ခဲ့ရတာ..ဘာအပြစ်မှ မရှိဘဲ ပျက်ဆီးခဲ့ရတာ အဲ့ဆေးကြောင့်..မင်းက သမီးငယ်ရဲက နာနာကျင်ကျင်ငိုနေတဲ့ အသံကိုမကြားရတော့ မသိပေမဲ့ ငါက ငါ့ရှေ့မှာ ငိုယိုပြီး ကြောက်တယ်လို့ပြောနေခဲ့တာကို တွေ့ ခဲ့ရတာ..

မင်းကြောင့် ငါ့သမီးလေးက ငါသူ့ကို မလိုချင်လို့လို့ အထင်မှားသွားတာ..ငါ..မုန်းတယ်..မင်းကြောင့် ငါ့ရင်သွေးပျက်ဆီးသွားခဲ့ရတာ ငါမုန်းတယ်...

ကိုကိုဆေးတွေမျိုချပစ်လိုက်မှ ထယ်ယောင်းလွှတ်ပေးလိုက်တော့ ကိုကိုကနောက်ကို နှစ်လှမ်းလောက်ဆုတ်ပြီး သူ့ကို နာကျည်းသည့်အကြည့်တွေနဲ့ကြည့်လာ၏။ခုနကလို တောင်းပန်ဖျော့လျော့နေတဲ့ မျက်ဝန်းတွေအစား နီရဲပြီး ခပ်ထန်နေတဲ့ မျက်ဝန်းတွေ အစားဝင်ရောက်လာသည်။တဆက်ဆက်တုန်ယင်နေတဲ့ နှုတ်ခမ်းပါး ‌တစ်ခုခုကို ပြောထွက်ဝောာ့မလို

အဲ့ဒီတော့မှ သူကိုကို့ကို အကြမ်းဖက်သလိုဖြစ်သွားမှန်း သိသွားသည်။ပါးစပ်ကို ပိတ်ထားတာကြောင့် ပါးပြင်မှ လက်ရာတွေက ထင်းနေပြီး နှုတ်ခမ်းတွေက ရောင်နေသည်။နုနယ်တဲ့အသားမို့ သိသိသာသာမြင်ရသည်။အတင်းချုပ်ထားတဲ့အရှိန်ကြောင့် ညဝတ်အင်္ကျီလက်မောင်းတိုလေးအောက်င တစွန်းတစ်စပေါ်နေတဲ့ သူ့ရဲ့ လက်ချောင်းရာ တွေ...

* ငါ..ငါ ကိုကို့ဆန္ဒမပါဘဲ အတင်းတိုက်လိုက်မိပြီ..ငါဘာတွေ လုပ်လိုက်မိတာလဲ..*

ခုနက ဟွန်းဂျယ်နဲ့ ဒေါက်တာနဲ့စကားတွေကို နားထဲ ကြားနေရတာကြောင့် အသိစိတ်လွှတ်ချင်စလိုဖြစ်နေတဲ့သူက အခုမှ သူ့ရဲ့ လုပ်ရက်တွေကို ဆင်ခြင်မိသွားသည်။

" မောင်...မောင် တောင်းပန်ပါတယ်..ကိုကို..မောင်..မောင် စိတ်လွတ်~.."

ထယ်ယောင်းက ပြောနေရင်း ကိုကို့ရဲ့ လက်ကို သွားကိုင်လိုက်တော့ ပုတ်ချခံလိုက်ရသည်။သူ့မျက်လုံးတွေကို စိုက်ကြည့်နေတဲ့ မျက်ဝန်းနက်တွေက တင်းမာနေပြီး နာကျည်းသည့်အရိပ်အယောင်တွေပါဝင်နေသည်။

* ဟင့်အင်...ကိုကို သူ့ကို စိတ်မနာလောက်ပါဘူး..စိတ်စိုးနေလို့နေမှာ..*

" ကိုကို..မောင်ကလေ..ကိုကို့ကို ချစ်လို့~.."

" ဘုန်း! "

" အာ့! "

ပြောနေရင်း ရင်ခွင်ထဲဖက်ဖို့ လုပ်လိုက်တော့ တွန်းထုတ်မှုကို ခံလိုက်ရသည်။အားပြင်းပြင်းနဲ့ အတွန်းခံလိုက်ရတာကြောင့် စားပွဲစောင်းနဲ့ နဖူးရိုက်မိကာ သွေးတွေထွက်လာ၏။နာရကောင်းမှန်းမသိဘဲ ကိုကို့ကို ကြည့်လိုက်တော့အံကိုကြိတ်ပြီး မျက်သားနီနီတွေနဲ့ စိုက်ကြည့်နေတဲ့ ကိုကို..

ထယ်ယောင်းကို နာကျည်းစွာတစ်ချက်စိုက်ကြည့်ပြီး သမီးလေးအိပ်နေတဲ့ ကုတင်ဘက်လျှောက်သွားကာ အိပ်ပျော်နေတဲ့ သမီးငယ်ကို ပွေ့ချီပြီး အခန်းထဲက ထွက်သွားတာကြောင့် ထယ်ယောင်း ကြမ်းပြင်ပေါ်ကနေ ကုန်းရုန်းထပြီး ခေါ်လိုက်မိသည်။

" ကိုကို! ကိုကို! ကိုကို! "

နောက်ကနေလိုက်ပြီး ခေါ်နေပေမဲ့ လုံးဝရပ်တန့်မသွားတဲ့ ကိုကို..အပေါ်ထပ်က ဆူညံသံတွေကြောင့် အောက်ထပ်က အလုပ်သမားတွေနဲ့ ဂျူးလည်း စိတ်ပူနေမိသည်။သူတို့နဲ့ မဆိုင်ပေမဲ့ တစ်ခါမှ ရန်ဖြစ်ခြင်းမရှိဘဲ ချစ်ချစ်ခင်ခင်နေကြတဲ့ ထယ်ယောင်းတို့က အခုလို ရန်ဖြစ်နေကြတော့ စိတ်ထဲမကောင်းပေ..

" ကိုကို! ကိုကို! ဘယ်သွားမလို့လဲ ပြန်လာခဲ့ပါ...မောင်မှားပါတယ်ကွာ..မောင်တောင်းပန်ပါတယ် ပြန်လာခဲ့ပါ.."

အသည်းအသန်နောက်ကနေ ပြေးလိုက်ပြီး တားပေမဲ့ ကိုကိုက ဧည့်သည်ထားတဲ့ အခန်းပိုထဲ သမီးကို ချီပြီးဝင်သွားကာ တံခါးကို လော့ခ်ျထားလိုက်၏။

" ကိုကို! ~ ဒုန်း! မောင့်ကို တံခါး ဖွင့်ပေးပါကွာ..မောင် မှားမှန်းသိပါပြီ..ကိုကို! မောင် တောင်းပန်ပါတယ် မေယင် အသိစိတ်လွှတ်သွားလို့ပါ..ကိုကို!!! တံခါးဖွင့်ပေးပါ.. ဒုန်း! "

တံခါးကို တဒုန်းဒုန်းရိုက်ပြီး ပြောနေပေမဲ့ မကြားနိုင်တဲ့ ကိုကိုက လုံးဝဖွင့်မလာပေ....

" ဒုန်း! ဒုန်း! ကိုကိုမကျေနပ်ရင် မောင့်ကို ရိုက်ပါ ကိုကိုရယ် မောင် တောင်းပန်ပါတယ်..အခုလို မလုပ်ပါနဲ့ ကိုကို!"

ထယ်ယောင်း တံခါးရှေ့မှာ ထုရိုက်ရင်း ငိုနေမိသည်။ပွင့်မလာတဲ့ တံခါးချပ်တွေကြောင့် သူ ငိုနေရင်းသာ တောင်းပန်နေမိ၏။

* မောင် မှားသွားတယ် ကိုကိုရယ်..မောင် အတင်းအကျပ် မလုပ်လိုက်သင့်ဘူး..*

~

~

~

ဂျောင်ဂု သူ့ကို အတော်လေး စိတ်နာသည်။သူစကားမပြောနိုင်တာကို အခွင့်ကောင်းယူပြီးသူ့ကို့ ချုပ်နှောင်ပြီး ဆေးအတင်းတိုက်တဲ့ ထယ်ယောင်းကို အရမ်းမုန်း၏။ရေမသောက်ရသေးလို့ ခါးသက်နေတဲ့ အရသာထက် ယုံကြည်မှုကို ချိုးဖျက်ခံလိုက်ရလို့ ခံပြင်းမိတာကပိုသည်။

* မင်း ပြောတော့ ငါ့ရဲ့ မျက်ဝန်းက စကားတွေကို နားလည်အောင်လုပ်မယ်ဆို..
ဒါလား မင်းနာလည်ခဲ့တာ... မင်းရဲ့အတ္တတစ်ခုတည်းအတွက်နဲ့ ငါ့ကို ဘာမှ အသိမပေးဘဲ မင်းလုပ်ခဲ့တဲ့လုပ်ရက်ကြောင့် ငါ့ရဲ့ရင်သွေးဆုံးရှုံးခဲ့ရတာ...မင်းကတစ်ကိုယ်ကောင်းသမား..*

* ငါက စကားမပြောတတ်လို့ ဘာမှမကြားနိုင်လို့..မင်းက ငါ့ခံစားချက်တွေကို အလေးမထားတာလား..မှန်ပါတယ် ငါက " အ" နေတာ နားကန်းနေတာ..ဒါပေမဲ့ ငါလည်း လူတစ်ယောက်ဘဲလေ..ငါမှာလည်း ခံစားချက်တွေရှိပါတယ် တခြားသူသိအောင် ဘယ်လိုဖွင့်ပြရမှန်း မသိပေမဲ့ ငါ့မှာလည်း ခံစားချက်တွေနဲ့ပါ.... ငါမပြောပြတတ်လို့ မသိနိုင်တိုင်း ငါက ခံစားချက်မရှိတဲ့လူ ဖြစ်ရောလား..*

* မင်း ငါ့ကို လုံးဝအလေးမထားခဲ့ဘူး...ငါကတော့ မင်းကို အရာရာပုံအောပြီး ယုံကြည့်နေခဲ့တာ မင်းကတော့ ငါ့ယုံကြည်မှုတွေကို ရိုက်ချိုးပစ်တယ်..မင်းလည်း ကြောက်တတ်သလို ငါလည်း ကြောက်တတ်တာဘဲ..ဒါပေမဲ့ ငါမွေးတဲ့ကလေးတိုင်းက ငါနဲ့တူမယ်လို့ ငါမထင်ဘူးလေ..မင်းက ငါ့ကို အခွင့်ရေးတောင်မပေးဘဲ မင်းရဲ့ ကြောက်စိတ်နဲ့ အတ္တကိုကြည့်ပြီး ငါ့..ငါ့ကို တားဆေးတွေတိုက်တယ်..*

* ငါ..ငါအရမ်းတုံးအခဲ့တယ်..ကိုယ့်ရင်သွေးတွေကို သတ်နေမှန်းမသိဘဲ မင်းကို ယုံစားပြီး သောက်မိခဲ့တဲ့ငါကိုယ်ငါလည်း အရမ်းမုန်းတယ် .ငါသာ အဲ့ဆေးကို မသောက်ခဲ့ရင် ငါ့ကလေးလေး အခု ငါ့ဗိုက်ထဲမှာရှိနေအုံမှာ..မင်းက ဝမ်းနဲ့ လွယ်ပြီး မမွေးခဲ့ရလို့ တားဆေးတိုက်ရဲပေမဲ့ ငါကတော့ ကိုယ့်ဝမ်းနဲ့လွယ်ပြီး မွေးရတာမလို့ ငါအရမ်းတန်ဖိုးထားခဲ့တာ တစ်လျှောက်လုံး ငါအသုံးမကျလို့ ပျက်စီးသွားရတယ်ဆိုပြီး မင်းကို အား‌နာနေခဲ့တာ..တကယ်တော့ မင်းကမှ တရားခံအစစ်..*

ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ သမီးလေးကိုကြည့်ပြီး ဂျောင်ဂု အရမ်းငိုနေမိသည်။

* ငါ..ငါအခု အရမ်းနာကျင်နေရပြီ...အစတည်းက ငါပြောသားဘဲ ငါကို လက်ထက်ဖို့ ငြင်းဆန်သင့်တယ်လို့..အခုတော့ အနာကျင်ရဆုံးသူက ငါဖြစ်နေပြီ..ရင်သွေးဆုံးရှုံးကလို့နာကျင်တာရယ် ကိုယ့်အသက်ထက်ပိုပြီးချစ်ရတဲ့ ယောကျာ်းက ကိုယ့်ကို နားမလည်နိုင်လို့နာကျင်တာရယ်..အဆိုးဆုံးက ကိုယ့်ယောကျာ်းက ကိုယ့်သွေးသားကို သေစေခဲ့တယ်ဆိုတာဘဲ...ငါဘယ်လို ခံနိုင်ရည်တွေရှိတော့မှာလဲ...*

" မင်းက လူလိမ်!!! ငါ့ကို လိမ်တယ်...ငါမင်းကို မုန်းတယ် ငါချစ်တဲ့ မောင်က ငါ့ရဲ့ ဒုတိယ ကလေးနဲ့ အတူ သေဆုံးသွားပြီ..ငါ့ရဲ့ အချစ်တွေက ငါ့ရဲ့ရင်သွေးကို သတ်ခဲ့မှန်း သိတဲ့အချိန်ကစပြီး ပျောက်ကွယ်သွားပြီ..အခုတော့ ငါ့မှာမင်းကို အရမ်းမုန်းတဲ့စိတ်ဘဲရှိတော့တယ် ..အရမ်းချစ်ခဲ့သလောက် အရမ်းမုန်းတယ်!! ကင်မ်ထယ်ယောင်း! *

~

~

~

တစ်ရက်ခြားတစ်ခါအပ်ပေးမယ်နော်..သန်ဘက်ခါမှ ပြန်တွေ့မယ် surprise တစ်ခုလည်းရှိပါတယ်...🤭

Good night ပါသဲငယ်လေးတို့ 😘💜💜💜💜💜💜💜

Thanks for votes , feedback and comment.

I Love my readers forever ❤️

I PURPLE YOUR 💜




______________________________________







# Zawgyi #

ထယ္ေယာင္းအလုပ္ေတြၿပီးသြားလို႔ ခါတိုင္းလိုကိုကို႔အတြက္ ေဆးတစ္ခြက္ေဖ်ာ္ၿပီးေရခြက္ယူကာ အခန္းထဲဝင္လာလိုက္သည္။သူဝသ္လာေတာ့ ကိုကိုက ဆိုဖာေပၚမွာ ငူငူငိုင္ငိုင္နဲ႕ထိုင္ေနၿပီး အေတြးလြန္ေနပုံရ၏။ကိုကိုေဘးက မွာဝင္ထိုင္လိုက္ၿပီး ေဆးခြက္နဲ႕ေရခြက္ကို စားပြဲေပၚတင္လိုက္ၿပီး ကိုကိုရဲ႕ ပခုံးေလးကို ကိုင္လိုင္ေတာ့ လန႔္ၿပီး ကိုယ္ေလးတစ္ခ်က္တုန္သြားတဲ့ ကိုကို...ၿပီးမွ သူ႕ကိုေမာ့ၾကည့္လာ၏။

" ေဆးေသာက္ရေအာင္ ကိုကို.."

ထယ္ေယာင္းေျပာတဲ့စကားကို နားလည္တဲ့ကိုကိုက စားပြဲေပၚက ေဆးခြက္ကိုၾကည့္ၿပီး..မ်က္ရည္ေတြဝဲကာ ေခါင္းခါျပလာသည္။အဲ့ဒါက ဘာအဓိပၸာယ္လဲ...ခါတိုင္းဆို သူတိုက္တိုင္း မၿငီးမျငဴဘဲ ေသာက္တတ္တဲ့ ကိုကိုက အခုေတာ့ ျငင္းဆန္ေနၿပီ..

*~.ငါ..မေသာက္ခ်င္ဘူး ေမာင္..ငါ..အဲ့ေဆးက ဘာလဲဆိုတာ သိတယ္..ငါမေသာက္ပါရေစနဲ႕ေမာင္ရယ္..ငါတကယ္မေသာက္ခ်င္လို႔ပါ.~*

ကိုကိုေရးျပတဲ့ စာကိုဖတ္ၿပီး ထယ္ေယာင္းအံ့ဩသြားသည္။ဒါဆို ကိုကိုက အမွန္တိုင္းသိသြားၿပီေပါ့..ကိုကို႔ကိုၾကည့္လိုက္ေတာ့ မ်က္ရည္ဝဲေနတဲ့ မ်က္ဝန္းေလးေတြနဲ႕သူ႕ကို ေတာင္းပန္သလိုၾကည့္ေန၏။

ဒါေပမဲ့ သူေရာ ကိုကိုေရာ မနာက်င္ဖို႔က ေဆးတိုက္မွရမည္။မဟုတ္ရင္....

" မရဘူး ကိုကိုေသာက္ရမယ္! "

ထယ္ေယာင္းေျပာေတာ့ ေခါင္းခါၿပီး ျငင္းဆန္လာတဲ့ ကိုကို..

*~.ငါ မေသာက္ခ်င္ဘူး ေမာင္ ရဲ႕ ငါတို႔ ရင္ေသြးေလးေတြယူရအုံးမယ္ေလ..ငါ ကေလးယူခ်င္ေသးတယ္ ေမာင္..ငါ့ကို မတိုက္ပါနဲ႕ေနာ္.~*

စာေရးၿပီး ငိုမဲ့မဲ့ ေလးျဖစ္ေနတဲ့ ကိုကိုက သူ႕လက္ထဲ စာအုပ္ေလးကို တုန္တုန္ခ်ိခ်ိေလးထည့္လာ၏။သူ ကိုကို႔ရဲ႕ဆႏၵကို လိုက္ေလ်ာခ်င္ေပမဲ့။ ဟြန္းဂ်ယ္ရဲ႕ စကားေတြနား‌ထဲဝင္လာသည္။

«« မင္း ရဲ႕ င အက ေမြးရာပါ..ကုလို႔မရဘူး..ကေလးေတြကလည္း သူလိုမ်ိဳး မ်ိဳးရိုးလိုက္ၿပီး င အေတြ ျဖစ္လာမွာ... »» ငအေတြျဖစ္လာမွာ »»

သူေၾကာက္တယ္..ကေလးေတြအကုန္လုံးကသာ..ကိုကိုလိုျဖစ္လာမယ္ဆိုရင္ ဟြန္းဂ်ယ္ေျပာသလို သူ႕ရဲ႕ မ်ိဳးဆက္တစ္ခုလုံး လူၫႊန႔္တုံးလိမ့္မယ္..သူလက္မခံရဲဘူး..နားလည္ေပးပါ ကိုကို..ေမာင္ ကိုကို႔ကို ခ်စ္ေပမဲ့..

"ကေလးထပ္မယူဘူး ကိုကို! ကိုကိုသိသြားလည္း ဆက္ေသာက္ရမယ္.."

ထယ္ေယာင္းက ကိုကို႔ရဲ႕ မ်က္ဝန္းေတြကို စိုက္ၾကည့္ၿပီးေျပာလိုက္ေတာ့ ကိုကို႔ရဲ႕ မ်က္ဝန္းေတြက ထိတ္လန႔္သြားသည္။ကိုကို႔က သူ႕လက္ထဲက စာအုပ္ကို ဆြဲယူၿပီး တစ္ခုခုကိုေရးေန၏။

*~.ငါမေသာက္ခ်င္ဘူးလို႔ ေျပာေနတယ္ေလေမာင္ရဲ႕..မင္းဘာေၾကာင့္ငါ့ကို နားမလည္နိုင္တာလဲ..အဲ့ေဆးေတြေၾကာင့္ ငါတို႔ရဲ႕ ရင္ေသြးေလး ဆုံးရႈံးခဲ့ရၿပီးၿပီ..
ငါ ဘယ္လိုစိတ္မ်ိဳးနဲ႕ အဲ့ေဆးကိုေသာက္ရမွာလဲ..ေမာင္ ငါေတာင္းပန္ပါတယ္..ေဆးမတိုက္ပါနဲ႕ေနာ္..ငါတို႔ကေလး~.~*

ေဂ်ာင္ဂုစာကိုဆုံးေအာင္ေတာင္မေရးရေသးဘူး စာအုပ္နဲ႕ ေဘာပင္ကိုလက္ထဲက လူယူသြားတဲ့ ေမာင္...

* ငါ့ကို စာေရးၿပီး ေျပာျပခြင့္ေတာင္မေပးေတာ့ပါလား..ငါ ဘာေတြမ်ားမွားခဲ့လို႔လဲေမာင္ရဲ႕...*

သူ႕လက္ထဲက စာအုပ္နဲ႕ေဘာပင္ကို ယူၿပီး စာေရးေနတဲ့ကိုကို ဆီက ထယ္ေယာင္း စာအုပ္ကို ျပန္ယူလိုက္သည္။သူသာ ကိုကို႔ရဲ႕ ေျဖာင္းဖ်စာကိုျမင္ရင္ ေဆးမတိုက္မိဘဲေနမိမွာအမွန္.. ကိုယ့္စိတ္ကိုယ္သိေနတာေၾကာင့္..ကိုကို႔ကို စာေရးခြင့္မေပးေတာ့ေပ..ေမာင္ အတၱႀကီးပါရေစ ကိုကို...

" ကိုကိုေဆးေသာက္မွ ျဖစ္မယ္ ေဆးေသာက္ရေအာင္ေနာ္ ကိုကို~"

ထယ္ေယာင္း အသံၿငိမ္ၿငိမ္ေလးနဲ႕ ေျပာလိုက္ေတာ့ ေဆးခြက္ကို တစ္ခ်က္သာၾကည့္ၿပီး ေခါင္းခါျပတဲ့ ကိုကို..

" ကိုကို! ေမာင္ေျပာေနတယ္ ေဆးေသာက္ရမယ္လို႔..ေခါင္းမမာစမ္းပါနဲ႕ ကိုကိုရာ..ကေလးယူလို႔မျဖစ္ဘူး..ေမာင့္ရဲ႕ မ်ိဳးဆက္ေတြကို ကိုကို႔လို ဆြံ႕အနားမၾကားေတြျဖစ္ေစခ်င္ေနတာလား..ႏူးႏူးေလးနဲ႕တင္လုံေလာက္ၿပီေလ.."

ထယ္ေယာင္းက စကားကိုရပ္ၿပီး အိပ္ေပ်ာ္ေနတဲ့ သမီးငယ္ကို ၾကည့္လိုက္၏။နားထဲမွာလည္း ဆရာဝန္ေျပာတဲ့စကားနဲ႕ ဟြန္းဂ်ယ္ေျပာတဲ့စကားေတြ ပဲ့တင္ထပ္ၾကားေယာင္ေနၿပီး ကိုကိုေဆးေသာက္မွရမယ္ဆိုတဲ့ အေတြးႀကီးသာႀကီးစိုးလာသည္။

«« မင္း ရဲ႕ င အက ေမြးရာပါ..ကုလို႔မရဘူး..ကေလးေတြကလည္း သူလိုမ်ိဳး မ်ိဳးရိုးလိုက္ၿပီး င အေတြ ျဖစ္လာမွာ... »»

«« ကံနဲ႕ဘဲဆိုင္တယ္..ကေလးက မိခင္နဲ႕တူၿပီး deaf-mute ျဖစ္နိုင္သလို..ဖခင္နဲ႕တူၿပီး သာမာန္ကေလးလည္းျဖစ္နိုင္တယ္....»»

ေဂ်ာင္ဂုကေတာ့ မ်က္ႏွာထားတင္းမာေနၿပီး ခက္ထန္ေနတဲ့ ေမာင့္မ်က္ႏွာကိုၾကည့္ၿပီး အံ့ဩေနမိသည္။ေမာင္ၾကည့္တဲ့ေနရာကို ၾကည့္လိုက္ေတာ့ သမီးျဖစ္ေနတာေၾကာင့္ မၾကားရေပမဲ့ သူဆက္စပ္စဥ္းစားမိသည္။အိမ္ေထာင္သက္ႏွစ္ႏွစ္ေက်ာ္အတြင္း မ်က္ႏွာထားတင္းဖို႔ေနေနသာသာ မ်က္ႏွာတစ္ခ်က္မွ မပ်က္ဘူးတဲ့ ေမာင္က အခု..ေဆးမေသာက္လို႔ သူ႕ကို ေအာ္ေနတာလား...ကေလးယူဖို႔ႀကိဳးစားလို႔ ဆူေနဝာာလား..

ေမာင့္ကိုတစ္လွည့္ အိပ္ေပ်ာ္ေနတဲ့ သမီးငယ္ကို တစ္လွည့္ၾကည့္ရင္း သူ႕ရင္ဘတ္ထဲက တအားနာလာသည္။‌

* လက္စသတ္ေတာ့ ေမာင္က ငါ့..ငါ့အျပစ္လို႔ သတ္မွတ္ခဲ့တာလား..မင္းေျပာေတာ့ ငါ့ရဲ႕ျဖစ္တည္မႈတိုင္းကို ျမတ္နိုးတယ္ဆို..*

ထယ္ေယာင္း သမီးကို ၾကည့္ရင္းနဲ႕ဘဲ ကိုကို႔ကို စကားဆက္ေျပာလိုက္၏။

" ကိုကိုက ဘာေတြကို ထပ္ၿပီးေမွ်ာ္လင့္ေနတာလဲ ကိုကိုထင္သလို ျဖစ္မလာခဲ့ရင္ ကိုကိုနဲ႕ ေမာင္ဘဲ ခံစားရမွာ ၿပီးေတာ့ လူ႕အသိုင္းအဝိုင္းမွာလည္း ေမာင္တို႔ရဲ႕ ကေလးေတြက ကဲ့ရဲ႕ရႈတ္ခ်ခံရၿပီး အပယ္ခံဘဝေရာက္ရမွာ..အဲ့ဒါေတြ ကိုကိုမသိဘူးလား..ကိုကို ကိုယ္တိုင္လည္း ခံစားခဲ့ရတာဘဲ ကိုကိုကိုယ္ခ်င္းမစာဘူးလား ကိုယ့္ရင္ေသြးကို အဲ့လို ဘဝမ်ိဳးေပးရဲလားကိုကို~"

ထယ္ေယာင္း ငိုခ်င္သည္ကိုထိန္းၿပီး ေျပာေနသလို ေဂ်ာင္ဂုလည္း ထယ္ေယာင္းရဲ႕ မ်က္ႏွာကိုၾကည့္ၿပီး..အံ့အားသင့္မႈေတြနဲ႕ မ်က္ရည္ဝဲေနမိသည္။အမွန္တိုင္းေျပာရရင္ သူငိုဖို႔ကို သတိမရေတာ့တာ...

* ငါ ထင္တာ ငါကို႔ မင္းက နားလည္လိမ့္မယ္လို႔ေလ..မင္း ငါ့ကို တကယ္နားမလည္ခဲ့ဘူးလား ေမာင္ *

ထယ္ေယာင္း ကိုကို႔ကို ၾကည့္လိုက္ေတာ့ သူ႕ကို မယုံၾကည္နိုင္တဲ့အၾကည့္ေတြနဲ႕ ၾကည့္ေနၿပီး မ်က္ဝန္းဝိုင္းႀကီးေတြမွာ မ်က္ရည္စေတြခိုတြဲေနသည္။တဆက္ဆက္တုန္ယင္ေနတဲ့ ႏႈတ္ခမ္းပါးေလးက တစ္ခုခုကိုေျပာခ်င္ေနသေယာင္ ...

" ကိုကို ဒီေဆးေလးေသာက္ၿပီး ေမာင္တို႔အိပ္ၾကမယ္..မငိုနဲ႕ေတာ့ေနာ္.."

မ်က္ရည္ေတြစီးမက်လာခင္ သူ႕ရဲ႕ လက္နဲ႕ ဖြဖြေလးသုတ္ၿပီး ေျပာလိုက္ေတာ့ ပါးစပ္ကေလးဟကာ တအံတဩၾကည့္လာျပန္၏။

ေဆးခြက္ကို ယူၿပီး ကိုကို႔အနားတိုးသြားလိုက္ေတာ့ ေနာက္ကို ဆုတ္ၿပီး ပါးစပ္ကို လက္ျဖင့္ပိတ္ထားတဲ့ ကိုကို...

" ေဆးေသာက္ရေအာင္ ကိုကို..ပါးစပ္ကို အုပ္မထားနဲ႕! "

*~............~*

သူရဲ႕ လက္တစ္ဖက္နဲ႕ ပါးစပ္ကို အုပ္ထားတဲ့ လက္ကို ဖယ္လိုက္ေတာ့ တုန္ယင္ေနတဲ့ ခႏၶာကိုယ္ေလးနဲ႕ ေနာက္ကို တေျဖးေျဖးဆုတ္သြားသည္။ မ်က္ရည္ဥေတြလည္း ပါးေပၚတလိမ့္လိမ့္ဆင္းလာၿပီး ႏွာေခါင္းလုံးေလးနီျမန္းလာၿပီး ငိုေနတဲ့ကိုကို မ်က္ဝန္းေတြကလည္း ေဆးမတိုက္ဖို႔ အသနားခံေန၏။အခုခ်ိန္မွာ သူ႕နားထဲၾကားေယာင္ေနတဲ့ စကားသံေတြေၾကာင့္ ကိုကို႔ရဲ႕ မ်က္ရည္ေတြကို လစ္လ်ဴရႈလိုက္မိသည္။

ေမာင့္လုပ္ရက္မမွားဘူး ကိုကို...ေမာင္လည္း ကိုကို႔လိုဘဲ ခံစားရတာဘဲ ကိုယ္တိုင္ ကိုယ္ရင္ေသြးေတြကို တားဆီးေနတဲ့ေဆးတိုက္ေနရတဲ့ ေမာင့္ခံစားခ်က္ကိုငဲ့ပါအုံး...ေမာင္တိုက္တဲ့ေဆးေၾကာင့္ ရင္ေသြးေလးပ်က္က်သြားတယ္ဆိုတဲ့ အသိေၾကာင့္လည္း ေမာင္ ညတိုင္းအိပ္မေပ်ာ္ခဲ့သလို အဲ့ အရိပ္မဲႀကီးကလည္း ေမာင့္ကို ေျခာက္လန႔္ေနတယ္..ဒါေပမဲ့ ေမာင္တို႔ ကေလးေတြကို ဒုကၡမေပးသင့္ဘူးမလား...

" ေဆးေသာက္မယ္ ကိုကို! "

ထယ္ေယာင္းက ေနာက္ကို တေျဖးေျဖးဆုတ္သြားတဲ့ ကိုကို႔ရဲ႕ လက္ကို ဆြဲၿပီး‌ေျပာလိုက္ေတာ့ ေနရာမွာရပ္သြားတဲ့ ကိုကို ..အငိုေတာ့မရပ္ေသး..

* ဟင့္အင္..ငါ‌မေသာက္ခ်င္ဘူး..ငါ့ကို မတိုက္ပါနဲ႕ ေမာင္ရယ္..အဲ့ေဆးေၾကာင့္ သမီးငယ္ေလးကို ဆုံးရႈံးခဲ့ရတာ..ငါမေသာက္ပါရေစနဲ႕ ၿပီး..ၿပီးေတာ့ အဲ့ေဆးက ငါတို႔ကေလးေလးေတြ လူ႕ေလာကထဲမေရာက္ေအာင္ အခ်ိန္ျပည့္တားေနခဲ့တာ..ငါမေသာက္ခ်င္ဘူး..ငါ့ကို မတိုက္ပါနဲ႕.! *

ေမာင့္ရဲ႕ လက္ထဲကေန႐ုန္းၿပီး မ်က္ရည္မ်ားစြာျဖင့္ ေမာင့္ကို အသနားခံေနမိသည္။သူ႕မ်က္ရည္ေတြကို မႀကိဳက္တဲ့ ေမာင္က သူ႕ကို နာက်င္ေအာင္ မလုပ္ေလာက္ပါဘူး...

ဒါေပမဲ့ ႐ုန္းေနတဲ့လက္ေတြကို တင္းေအာင္ဆုပ္ကိုင္ထားၿပီး ‌ေရွ႕ဆက္တိုးလာတဲ့ ေမာင့္ရဲ႕ အျပဳမႉက သူ႕ရဲ႕ထင္ျမင္ခ်က္ေတြမွားေနတယ္လို႔ ေျပာေနသေယာင္..

*ငါ ေျပာေနတယ္!..ငါ့..ငါ့မ်က္လုံးကို ၾကည့္ၿပီး ငါ့ရဲ႕စိတ္ကို နားလည္ေပးပါ!..ငါေျပာခ်င္တဲ့စကားလုံးေတြက ငါ့မ်က္လုံးထဲမွာ အျပည့္ဘဲေမာင္ရဲ႕ ... မင္းဘဲ ငါ့မ်က္လုံးက စကားေလးေတြနားလည္ေအာင္လုပ္မယ္ဆို.!..ငါေတာင္းပန္ပါတယ္ မေသာက္ခ်င္ဘူး..*





ေမာင္က လက္ႏွစ္ဖက္ကို စုခ်ဳပ္ထားတာေၾကာင့္ သူေနာက္ဆုတ္လို႔မရေပ..ေမာင္နားလည္ေအာင္ မ်က္လုံး‌ျဖင့္ စကားေျပာကာ အသနားခံေနမိသည္။

ကိုကို သူ႕ေရွ႕မွာ သည္းသည္းထန္ထန္ငိုကာ ကိုယ္ေလးတုန္ယင္ေနၿပီး မ်က္လုံးေလးေတြက အသနားခံေနေပမဲ့ ထယ္ေယာင္း ေရွ႕ဆက္တိုးဖို႔ ဆုံးျဖတ္လိုက္သည္။ ကိုကိုစိတ္စိုးလည္း ၿပီးမွ ျပန္‌ေခ်ာ့မည္။

ကိုကို ရဲ႕ခႏၶာကိုယ္နဲ႕ ပိုနီးသြားေအာင္ အနားကို တိုးလိုက္ၿပီး ေဆးခြက္ကို ေပးလိုက္ေတာ့ ေခါင္းခါၿပီးျငင္းဆန္ၿမဲ‌ျငင္းဆန္ေနတဲ့ ကိုကို..


* မေသာက္ခ်င္ဘူး...ေမာင္ ငါမုန္းမိေတာ့မယ္ေနာ္ ငါမေသာက္ပါရေစနဲ႕ *

သူေျပာေနေပမဲ့ လက္ေတြ႕မွာ ဘာစကားလုံးမွ ထြက္မလာ...ထြက္လာတာဆိုလို႔ မ်က္ရည္ေတြသာရွိသည္။သူ႕မ်က္ရည္ေတြကို မႀကိဳက္တဲ့ေမာင္က အခု သူငိုယိုၿပီး ေတာင္းပန္ေနတာေတာင္ လက္မခံ..ေမာင္ ေျပာင္းလဲသြားတာလား..

" ကိုကိုရာ မဆိုးစမ္းပါနဲ႕ ေဆးေသာက္ရေအာင္ ၿပီးရင္အိပ္က်မယ္ ညဉ့္နက္ေနၿပီ.."

ထယ္ေယာင္းက ေျပာလိုက္ေတာ့ သူ႕လက္ထဲက ကိုကိုက ႐ုန္းၿပီး ထြက္ေျပးဖို႔ လုပ္လိုက္၏။အျမန္ပင္ ကိုယ္ႏွစ္ခုကို ပူးကပ္ၿပီး ကိုကို႔ကို ထယ္ေယာင္းရဲ႕ ရင္ခြင္ထဲမွာ လက္တစ္ဖက္ျဖင့္ခ်ဳပ္လိုက္ၿပီး ေဆးခြက္ကို ကိုင္ထားတဲ့လက္နဲ႕ ကိုကို႔ပါးစပ္နားေတ့ကာ တိုက္ဖို႔ျပင္လိုက္သည္။

အသနားခံေနတဲ့ မ်က္ဝန္းေလးေတြေၾကာင့္ သူဆက္မလုပ္နိုင္ေတာ့ဘဲ လႊတ္ေပးဖို႔ႀကံ႐ြယ္ေနတဲ့ ေျပလုေျပခ်င္လက္ေတြက ဦးႏွောက္ထဲေရာက္လာတဲ့စကားလုေတြေၾကာင့္ ပိုၿပီး လက္ေတြက တင္းက်ပ္သြားၿပီး ခ်ဳပ္ထားကာ ပါးစပ္ထဲ အတင္းထည့္ၿပီး တိုက္ေနမိ၏။

«« မင္း ရဲ႕ င အက ေမြးရာပါ..ကုလို႔မရဘူး..ကေလးေတြကလည္း သူလိုမ်ိဳး မ်ိဳးရိုးလိုက္ၿပီး င အေတြ ျဖစ္လာမွာ... »»

«« ကံနဲ႕ဘဲဆိုင္တယ္..ကေလးက မိခင္နဲ႕တူၿပီး deaf-mute ျဖစ္နိုင္သလို..ဖခင္နဲ႕တူၿပီး သာမာန္ကေလးလည္းျဖစ္နိုင္တယ္»»

ရင္ခြင္ထဲက ကိုကိုက ႐ုန္းကန္ေနေပမဲ့ အားခ်င္းမမွ်တာေၾကာင့္ ႐ုန္းလို႔မရေပ..ေတြးထုတ္ဖို႔ႀကံေနတာေၾကာင့္ အျမန္ပင္ ပါးစပ္ကို ပိတ္ထားၿပီး မ်ိဳးက်ေအာင္လုပ္လိုက္သည္။ဖိတ္စင္တဝက္ေပမဲ့ ကို႔ကို႔ပါးစပ္ထဲေဆးဝင္ေအာင္ ထယ္ေယာင္းတိုက္ေနမိသည္။

* ေတာင္းပန္ပါတယ္ ကိုကို..ၿပီးမွ ေမာင့္ကိုစိတ္ေကာက္ေနာ္ ေမာင္ ေခ်ာ့ပါ့မယ္ ၿပီးရင္ မိသားစုေတြအရင္လိုေပ်ာ္ေပ်ာ္ေနၾကမယ္ ကိုကိုလည္း ညတိုင္းေဆးေသာက္ရမယ္..ေမာင္ဘာေၾကာင့္ ကိုကို႔ကို ေဆးတိုက္တာလဲဆိုတာ ေသခ်ာရွင္းျပပါ့မယ္..*

ထယ္ေယာင္းလည္း ေထြးထုတ္ဖို႔ႀကံေနတဲ့ ကိုကို႔ရဲ႕ ပါးစပ္ကို လက္ျဖင့္ ပိတ္ထားၿပီး စိတ္ထဲကေန ေတာင္းပန္ေနမိသည္။

* ဟင့္အင္.. မေသာက္ခ်င္ဘူး..လႊတ္!..လႊတ္ေပးပါ..ငါမေသာက္ခ်င္ဘူး..ေမာင္!..လႊတ္ေပးပါ..*

ေဆးေတြကို အတင္းပါးစပ္ထဲ ခ်ဳပ္ၿပီး တိုက္လာတာေၾကာင့္ ႐ုန္းကန္ၿပီး ျငင္းဆန္ေနေပမဲ့ သူ႕ထက္ အားသန္လွတဲ့ ေမာင့္ေၾကာင့္ သူ႕ရဲ႕ ႐ုန္းကန္မႈ ေတြက အရာမဝင္...ပါးစပ္ထဲဝင္ေရာက္လာတဲ့ ခါးသက္သက္အရသာကို ေထြးထုတ္ဖို႔ႀကံခဲ့ေပမဲ့ အတင္းပိတ္ထားခံရတဲ့ပါးစပ္ေၾကာင္ နာနာက်င္က်င္နဲ႕ဘဲ မ်ိဳခ်လိဳက္ရ၏။လည္ေခ်ာင္းတစ္ေလွ်ာက္ပူဆင္းသြားတဲ့ ခံစားခ်က္နဲ႕အတူ ရင္ဘတ္‌ထဲက နာက်င္သည့္ခံစားခ်က္ပါ ျဖစ္ေပၚလာသည္။သူ႕ရဲ႕ဝမ္းဗိုက္ထဲဆင္းသြားတဲ့ေဆးေတြက အဆိပ္ဆိုရင္ေတာင္ သူေပ်ာ္မိမွာအမွန္..အခုေတာ့ အျပစ္မရွိတဲ့ကေလးေတြကို ေသေစနိုင္တဲ့ေဆး!

* ေမာင္...မင္း..မင္း..ငါ့အေပၚလုပ္ရက္လိုက္တာ..မင္း..ရက္စက္တယ္..*

ကေလးပ်က္က်ေစတဲ့ေဆးဆိုတဲ့ အသိေၾကာင့္ အိပ္မက္ထဲက ငိုယိုၿပီး နာ‌ေနေၾကာင္းေျပာျပေနတဲ့ သမီးငယ္ကို သတိရသြား၏။ဒီေဆးေၾကာင့္ သူ႕ကေလးနာက်င္ခဲ့ရတာ..ဘာအျပစ္မွ မရွိဘဲ ပ်က္ဆီးခဲ့ရတာ အဲ့ေဆးေၾကာင့္..မင္းက သမီးငယ္ရဲက နာနာက်င္က်င္ငိုေနတဲ့ အသံကိုမၾကားရေတာ့ မသိေပမဲ့ ငါက ငါ့ေရွ႕မွာ ငိုယိုၿပီး ေၾကာက္တယ္လို႔ေျပာေနခဲ့တာကို ေတြ႕ ခဲ့ရတာ..

မင္းေၾကာင့္ ငါ့သမီးေလးက ငါသူ႕ကို မလိုခ်င္လို႔လို႔ အထင္မွားသြားတာ..ငါ..မုန္းတယ္..မင္းေၾကာင့္ ငါ့ရင္ေသြးပ်က္ဆီးသြားခဲ့ရတာ ငါမုန္းတယ္...

ကိုကိုေဆးေတြမ်ိဳခ်ပစ္လိုက္မွ ထယ္ေယာင္းလႊတ္ေပးလိုက္ေတာ့ ကိုကိုကေနာက္ကို ႏွစ္လွမ္းေလာက္ဆုတ္ၿပီး သူ႕ကို နာက်ည္းသည့္အၾကည့္ေတြနဲ႕ၾကည့္လာ၏။ခုနကလို ေတာင္းပန္ေဖ်ာ့ေလ်ာ့ေနတဲ့ မ်က္ဝန္းေတြအစား နီရဲၿပီး ခပ္ထန္ေနတဲ့ မ်က္ဝန္းေတြ အစားဝင္ေရာက္လာသည္။တဆက္ဆက္တုန္ယင္ေနတဲ့ ႏႈတ္ခမ္းပါး ‌တစ္ခုခုကို ေျပာထြက္ေဝာာ့မလို

အဲ့ဒီေတာ့မွ သူကိုကို႔ကို အၾကမ္းဖက္သလိုျဖစ္သြားမွန္း သိသြားသည္။ပါးစပ္ကို ပိတ္ထားတာေၾကာင့္ ပါးျပင္မွ လက္ရာေတြက ထင္းေနၿပီး ႏႈတ္ခမ္းေတြက ေရာင္ေနသည္။ႏုနယ္တဲ့အသားမို႔ သိသိသာသာျမင္ရသည္။အတင္းခ်ဳပ္ထားတဲ့အရွိန္ေၾကာင့္ ညဝတ္အကၤ်ီလက္ေမာင္းတိုေလးေအာက္င တစြန္းတစ္စေပၚေနတဲ့ သူ႕ရဲ႕ လက္ေခ်ာင္းရာ ေတြ...

* ငါ..ငါ ကိုကို႔ဆႏၵမပါဘဲ အတင္းတိုက္လိုက္မိၿပီ..ငါဘာေတြ လုပ္လိုက္မိတာလဲ..*

ခုနက ဟြန္းဂ်ယ္နဲ႕ ေဒါက္တာနဲ႕စကားေတြကို နားထဲ ၾကားေနရတာေၾကာင့္ အသိစိတ္လႊတ္ခ်င္စလိုျဖစ္ေနတဲ့သူက အခုမွ သူ႕ရဲ႕ လုပ္ရက္ေတြကို ဆင္ျခင္မိသြားသည္။

" ေမာင္...ေမာင္ ေတာင္းပန္ပါတယ္..ကိုကို..ေမာင္..ေမာင္ စိတ္လြတ္~.."

ထယ္ေယာင္းက ေျပာေနရင္း ကိုကို႔ရဲ႕ လက္ကို သြားကိုင္လိုက္ေတာ့ ပုတ္ခ်ခံလိုက္ရသည္။သူ႕မ်က္လုံးေတြကို စိုက္ၾကည့္ေနတဲ့ မ်က္ဝန္းနက္ေတြက တင္းမာေနၿပီး နာက်ည္းသည့္အရိပ္အေယာင္ေတြပါဝင္ေနသည္။

* ဟင့္အင္...ကိုကို သူ႕ကို စိတ္မနာေလာက္ပါဘူး..စိတ္စိုးေနလို႔ေနမွာ..*

" ကိုကို..ေမာင္ကေလ..ကိုကို႔ကို ခ်စ္လို႔~.."

" ဘုန္း! "

" အာ့! "

ေျပာေနရင္း ရင္ခြင္ထဲဖက္ဖို႔ လုပ္လိုက္ေတာ့ တြန္းထုတ္မႈကို ခံလိုက္ရသည္။အားျပင္းျပင္းနဲ႕ အတြန္းခံလိုက္ရတာေၾကာင့္ စားပြဲေစာင္းနဲ႕ နဖူးရိုက္မိကာ ေသြးေတြထြက္လာ၏။နာရေကာင္းမွန္းမသိဘဲ ကိုကို႔ကို ၾကည့္လိုက္ေတာ့အံကိုႀကိတ္ၿပီး မ်က္သားနီနီေတြနဲ႕ စိုက္ၾကည့္ေနတဲ့ ကိုကို..

ထယ္ေယာင္းကို နာက်ည္းစြာတစ္ခ်က္စိုက္ၾကည့္ၿပီး သမီးေလးအိပ္ေနတဲ့ ကုတင္ဘက္ေလွ်ာက္သြားကာ အိပ္ေပ်ာ္ေနတဲ့ သမီးငယ္ကို ေပြ႕ခ်ီၿပီး အခန္းထဲက ထြက္သြားတာေၾကာင့္ ထယ္ေယာင္း ၾကမ္းျပင္ေပၚကေန ကုန္း႐ုန္းထၿပီး ေခၚလိုက္မိသည္။

" ကိုကို! ကိုကို! ကိုကို! "

ေနာက္ကေနလိုက္ၿပီး ေခၚေနေပမဲ့ လုံးဝရပ္တန႔္မသြားတဲ့ ကိုကို..အေပၚထပ္က ဆူညံသံေတြေၾကာင့္ ေအာက္ထပ္က အလုပ္သမားေတြနဲ႕ ဂ်ဴးလည္း စိတ္ပူေနမိသည္။သူတို႔နဲ႕ မဆိုင္ေပမဲ့ တစ္ခါမွ ရန္ျဖစ္ျခင္းမရွိဘဲ ခ်စ္ခ်စ္ခင္ခင္ေနၾကတဲ့ ထယ္ေယာင္းတို႔က အခုလို ရန္ျဖစ္ေနၾကေတာ့ စိတ္ထဲမေကာင္းေပ..

" ကိုကို! ကိုကို! ဘယ္သြားမလို႔လဲ ျပန္လာခဲ့ပါ...ေမာင္မွားပါတယ္ကြာ..ေမာင္ေတာင္းပန္ပါတယ္ ျပန္လာခဲ့ပါ.."

အသည္းအသန္ေနာက္ကေန ေျပးလိုက္ၿပီး တားေပမဲ့ ကိုကိုက ဧည့္သည္ထားတဲ့ အခန္းပိုထဲ သမီးကို ခ်ီၿပီးဝင္သြားကာ တံခါးကို ေလာ့ခ္်ထားလိုက္၏။

" ကိုကို! ~ ဒုန္း! ေမာင့္ကို တံခါး ဖြင့္ေပးပါကြာ..ေမာင္ မွားမွန္းသိပါၿပီ..ကိုကို! ေမာင္ ေတာင္းပန္ပါတယ္ ေမယင္ အသိစိတ္လႊတ္သြားလို႔ပါ..ကိုကို!!! တံခါးဖြင့္ေပးပါ.. ဒုန္း! "

တံခါးကို တဒုန္းဒုန္းရိုက္ၿပီး ေျပာေနေပမဲ့ မၾကားနိုင္တဲ့ ကိုကိုက လုံးဝဖြင့္မလာေပ....

" ဒုန္း! ဒုန္း! ကိုကိုမေက်နပ္ရင္ ေမာင့္ကို ရိုက္ပါ ကိုကိုရယ္ ေမာင္ ေတာင္းပန္ပါတယ္..အခုလို မလုပ္ပါနဲ႕ ကိုကို!"

ထယ္ေယာင္း တံခါးေရွ႕မွာ ထုရိုက္ရင္း ငိုေနမိသည္။ပြင့္မလာတဲ့ တံခါးခ်ပ္ေတြေၾကာင့္ သူ ငိုေနရင္းသာ ေတာင္းပန္ေနမိ၏။

* ေမာင္ မွားသြားတယ္ ကိုကိုရယ္..ေမာင္ အတင္းအက်ပ္ မလုပ္လိုက္သင့္ဘူး..*

~

~

~

ေဂ်ာင္ဂု သူ႕ကို အေတာ္ေလး စိတ္နာသည္။သူစကားမေျပာနိုင္တာကို အခြင့္ေကာင္းယူၿပီးသူ႕ကို႔ ခ်ဳပ္ႏွောင္ၿပီး ေဆးအတင္းတိုက္တဲ့ ထယ္ေယာင္းကို အရမ္းမုန္း၏။ေရမေသာက္ရေသးလို႔ ခါးသက္ေနတဲ့ အရသာထက္ ယုံၾကည္မႈကို ခ်ိဳးဖ်က္ခံလိုက္ရလို႔ ခံျပင္းမိတာကပိုသည္။

* မင္း ေျပာေတာ့ ငါ့ရဲ႕ မ်က္ဝန္းက စကားေတြကို နားလည္ေအာင္လုပ္မယ္ဆို..
ဒါလား မင္းနာလည္ခဲ့တာ... မင္းရဲ႕အတၱတစ္ခုတည္းအတြက္နဲ႕ ငါ့ကို ဘာမွ အသိမေပးဘဲ မင္းလုပ္ခဲ့တဲ့လုပ္ရက္ေၾကာင့္ ငါ့ရဲ႕ရင္ေသြးဆုံးရႈံးခဲ့ရတာ...မင္းကတစ္ကိုယ္ေကာင္းသမား..*

* ငါက စကားမေျပာတတ္လို႔ ဘာမွမၾကားနိုင္လို႔..မင္းက ငါ့ခံစားခ်က္ေတြကို အေလးမထားတာလား..မွန္ပါတယ္ ငါက " အ" ေနတာ နားကန္းေနတာ..ဒါေပမဲ့ ငါလည္း လူတစ္ေယာက္ဘဲေလ..ငါမွာလည္း ခံစားခ်က္ေတြရွိပါတယ္ တျခားသူသိေအာင္ ဘယ္လိုဖြင့္ျပရမွန္း မသိေပမဲ့ ငါ့မွာလည္း ခံစားခ်က္ေတြနဲ႕ပါ.... ငါမေျပာျပတတ္လို႔ မသိနိုင္တိုင္း ငါက ခံစားခ်က္မရွိတဲ့လူ ျဖစ္ေရာလား..*

* မင္း ငါ့ကို လုံးဝအေလးမထားခဲ့ဘူး...ငါကေတာ့ မင္းကို အရာရာပုံေအာၿပီး ယုံၾကည့္ေနခဲ့တာ မင္းကေတာ့ ငါ့ယုံၾကည္မႈေတြကို ရိုက္ခ်ိဳးပစ္တယ္..မင္းလည္း ေၾကာက္တတ္သလို ငါလည္း ေၾကာက္တတ္တာဘဲ..ဒါေပမဲ့ ငါေမြးတဲ့ကေလးတိုင္းက ငါနဲ႕တူမယ္လို႔ ငါမထင္ဘူးေလ..မင္းက ငါ့ကို အခြင့္ေရးေတာင္မေပးဘဲ မင္းရဲ႕ ေၾကာက္စိတ္နဲ႕ အတၱကိုၾကည့္ၿပီး ငါ့..ငါ့ကို တားေဆးေတြတိုက္တယ္..*

* ငါ..ငါအရမ္းတုံးအခဲ့တယ္..ကိုယ့္ရင္ေသြးေတြကို သတ္ေနမွန္းမသိဘဲ မင္းကို ယုံစားၿပီး ေသာက္မိခဲ့တဲ့ငါကိုယ္ငါလည္း အရမ္းမုန္းတယ္ .ငါသာ အဲ့ေဆးကို မေသာက္ခဲ့ရင္ ငါ့ကေလးေလး အခု ငါ့ဗိုက္ထဲမွာရွိေနအုံမွာ..မင္းက ဝမ္းနဲ႕ လြယ္ၿပီး မေမြးခဲ့ရလို႔ တားေဆးတိုက္ရဲေပမဲ့ ငါကေတာ့ ကိုယ့္ဝမ္းနဲ႕လြယ္ၿပီး ေမြးရတာမလို႔ ငါအရမ္းတန္ဖိုးထားခဲ့တာ တစ္ေလွ်ာက္လုံး ငါအသုံးမက်လိဳ႕ ပ်က္စီးသြားရတယ္ဆိုၿပီး မင္းကို အား‌နာေနခဲ့တာ..တကယ္ေတာ့ မင္းကမွ တရားခံအစစ္..*

ကုတင္ေပၚမွာ အိပ္ေပ်ာ္ေနတဲ့ သမီးေလးကိုၾကည့္ၿပီး ေဂ်ာင္ဂု အရမ္းငိုေနမိသည္။

* ငါ..ငါအခု အရမ္းနာက်င္ေနရၿပီ...အစတည္းက ငါေျပာသားဘဲ ငါကို လက္ထက္ဖို႔ ျငင္းဆန္သင့္တယ္လို႔..အခုေတာ့ အနာက်င္ရဆုံးသူက ငါျဖစ္ေနၿပီ..ရင္ေသြးဆုံးရႈံးကလို႔နာက်င္တာရယ္ ကိုယ့္အသက္ထက္ပိုၿပီးခ်စ္ရတဲ့ ေယာက်ာ္းက ကိုယ့္ကို နားမလည္နိုင္လို႔နာက်င္တာရယ္..အဆိုးဆုံးက ကိုယ့္ေယာက်ာ္းက ကိုယ့္ေသြးသားကို ေသေစခဲ့တယ္ဆိုတာဘဲ...ငါဘယ္လို ခံနိုင္ရည္ေတြရွိေတာ့မွာလဲ...*

" မင္းက လူလိမ္!!! ငါ့ကို လိမ္တယ္...ငါမင္းကို မုန္းတယ္ ငါခ်စ္တဲ့ ေမာင္က ငါ့ရဲ႕ ဒုတိယ ကေလးနဲ႕ အတူ ေသဆုံးသြားၿပီ..ငါ့ရဲ႕ အခ်စ္ေတြက ငါ့ရဲ႕ရင္ေသြးကို သတ္ခဲ့မွန္း သိတဲ့အခ်ိန္ကစၿပီး ေပ်ာက္ကြယ္သြားၿပီ..အခုေတာ့ ငါ့မွာမင္းကို အရမ္းမုန္းတဲ့စိတ္ဘဲရွိေတာ့တယ္ ..အရမ္းခ်စ္ခဲ့သေလာက္ အရမ္းမုန္းတယ္!! ကင္မ္ထယ္ေယာင္း! *

~

~

~

တစ္ရက္ျခားတစ္ခါအပ္ေပးမယ္ေနာ္..သန္ဘက္ခါမွ ျပန္ေတြ႕မယ္ surprise တစ္ခုလည္းရွိပါတယ္...🤭

Good night ပါသဲငယ္ေလးတို႔ 😘💜💜💜💜💜💜💜

Thanks for votes , feedback and comment.

I Love my readers forever ❤️

I PURPLE YOUR 💜

Continue Reading

You'll Also Like

48.4K 2.5K 24
မင်းကို ပထမ တစ်ခါဆုံးရှုံးပြီးသွားပြီ နောက်တစ်ခါတော့ ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ဘူး #Jungkook အင်းငါက မောင...
Gentle touch By K

General Fiction

49.6K 1.1K 32
It had been mere months after her eighteen birthday, when she was pulled from the safe haven of her life and forced into the fantasy the women had cr...
356K 21.8K 37
Let's see how different personalities mends with each other to form a beautifull bond together. Where the Eldest is calm and cold, Second is aggress...
590K 27.1K 42
Needs editing [ the destiny series #1] 𝑻𝒉𝒆 𝒇𝒂𝒕𝒆 𝒑𝒖𝒔𝒉𝒆𝒅 𝒕𝒉𝒆𝒎 𝒂𝒑𝒂𝒓𝒕 𝒃𝒖𝒕 𝒅𝒆𝒔𝒕𝒊𝒏𝒚 𝒂𝒈𝒂𝒊𝒏 𝒑𝒖𝒍𝒍𝒆𝒅 𝒕𝒉𝒆𝒎 𝒕𝒐𝒈...