Unicode ;
board ပေါ်မှာ တစ်ထောက်ထောက်နဲ့ စာရေးနေတဲ့အကို့ရဲ့လက်တွေက မြေဖြူမှုန့်တွေနဲ့ပေကျံနေပြီ...
ရင်းနှီးပြီးသား အကို့ရဲ့လေယူလေသိမ်းနဲ့နည်းစနစ်တွေက သူ့ကို လိုက်နားထောင်စေဖို့ အသားကျပြီးသား...
"ဟေး... ဝမ်ရိပေါ်... ဒီအတန်းပြီးရင် အင်တာနက်ဆိုင်သွားကြမလို့ မင်းလိုက်မလား..."
ထပ်ပြီး ရှောင်ဟွေ့ပဲ..
သူမျက်နှာတင်းတင်းနဲ့ လှည့်ကြည့်လိုက်တယ်။
"ဆရာစာသင်နေတယ်လေ..."
"ဘာဖြစ်လဲ တကယ့်ဆရာလည်းမဟုတ်ပဲနဲ့ သူကဘာလုပ်နိုင်မှာမို့လဲ.."
သူမျက်ခုံးတွေတွန့်ချိုးသွားတယ်...
"မင်းစကားပြောဆင်ခြင်... သူက တကယ့်ဆရာမဟုတ်လည်း ဆရာလုပ်ပိုင်ခွင့်အပြည့်ရှိတယ်.. ပြီးတော့..."
"ပြီးတော့ဘာဖြစ်လဲ.."
ရှောင်းကျန့်က မလေးမစားခံယူသင့်တဲ့သူမဟုတ်ဘူး...
"သူအရည်အချင်းနဲ့သူ ရောက်လာတာပဲ.. မလေးမစားမလုပ်နဲ့.."
"ငါတို့မကြိုက်ဘူး မကောင်းဘူးလို့ ကျောင်းအုပ်ကိုစုပြောလိုက်ရင် ဘာတက်နိုင်မှာလဲ.. တကယ်လည်း သူ့မှာ လက်မှတ်ရှိလို့လား... ဘာအရည်အချင်းလဲ.. ဆရာနားကပ်ပြီး မျက်နှာသာရနေတာကိုများ... ကျောင်းလာပြီး ကျောင်းသူတွေရှေ့ ဟန်လုပ်နေသေး.."
သူ့လက်သီးတွေတင်းကျပ်သွားတယ်။
"ချန်ရှောင်ဟွေ့... မင်းဘာစကားပြောတာလဲ.."
"လေသံက ဘာဖြစ်နေတာလဲ... စိတ်တိုနေတာလား... ဒီဆရာနဲ့မင်း ဘာများပတ်သတ်လို့လဲ.."
ဘာပတ်သတ်လို့လဲ...
စာရေးနေတဲ့အကို့ဆီ အကြည့်ရောက်သွားတယ်...
အေးချမ်းလွန်းတဲ့လူ...
တင်းကျပ်နေတဲ့ လက်သီးတွေပြေလျော့သွားတယ်...
သူ့ကြောင့် အကို့ကို သိက္ခာမကျစေချင်ပါ...
"ဘာမှ မပတ်သတ်ဘူး.."
"အဲ့တာကို ထူးထူးဆန်းဆန်း ဘာဖြစ်နေတာလဲ...
ဒီလောက်ငယ်တဲ့သူကို ဆရာလို ဘယ်လိုမြင်ရမှာလဲ... ငါကတော့ ခံစားလို့ကိုမရဘူး... ဘယ်သူမှလည်း စိတ်တိုင်းကျတာမဟုတ်ဘူး "
ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်မိတယ်..
တကယ်ပဲ အကို့စာသင်တာကို အာရုံစိုက်နေတဲ့သူ သိပ်မရှိ....
အားလုံးက လုပ်ချင်တာလုပ်နေကြတယ်...
မိန်းကလေးတွေကလည်း စာလိုက်မကြည့်ပဲ လူကိုပဲကြည့်နေကြတာပဲ...
မကျေနပ်မိပေမဲ့ အပြစ်ပြောလို့တော့မရ..
အကို ကိုက ကြည့်ကောင်းလွန်းတာကို...
ကျောင်းသားတွေအနေနဲ့ဆို မနာလိုဖြစ်ချင်စရာပဲ...
"ကဲ ... ဒီ ပုစ္ဆာလေး ကြည့်ရအောင်... ရှေ့ပိုင်းမှာ ကျောင်းသူတွေပဲ ဖတ်လာတာဆိုတော့ ဒီတစ်ခါ ကျောင်းသားထဲက တစ်ယောက်လောက် မေးခွန်းဖတ်ပြလို့ရမလား..."
တစ်ခန်းလုံး တိတ်ဆိတ်လို့...
"နောက်ခုံက ဟိုတစ်ယောက်... ချန်ရှောင်ဟွေ့လား... ဖတ်ပြလို့ရမလား..."
ရှောင်ဟွေ့က မထ... အရေးမစိုက်...
"...."
သူဒေါသထွက်ချင်လာတယ်...
ရင်ထဲ ထပ်ပြီးတင်းကျပ်လာတယ်...
"ဒါဆိုရင် နောက်ကတစ်ယောက်ရော... "
ဘယ်သူမှ မလှုပ်...
စာလေးတစ်ပိုဒ်ဖတ်ပြပေးရမှာဘာဖြစ်နေကြတာလဲ...
စာအုပ်ကိုင်ထားတဲ့ အကို့လက်ချောင်းတွေ ကွေးကုတ်သွားတာ သတိထားမိလိုက်တယ်...
"ဆရာ ဒါဖြင့် ကျမပဲ...."
လျန်ချိုးဟွာ ထဖို့အပြင်မှာပဲ သူထရပ်လိုက်တယ်..
အကိုအပါအဝင် တစ်တန်းလုံးအကြည့်တွေ သူ့ဆီရောက်လာရဲ့...
အကိုနဲ့အကြည့်ချင်းဆုံမိတဲ့အခိုက် တုန်တက်သွားတဲ့ ရင်တွေကလှုပ်ရှားလာတယ်....
စာအုပ်ကိုကြည့်လို့ မေးခွန်းကိုစဖတ်လိုက်တယ်...
တုန်နေတဲ့ရင်ကြောင့် အသံထွက်တောင်မမှန်တော့.. ထစ်အ ထစ်အနဲ့တော့ အဆုံးသတ်သွားပါတယ်...
ဘေးကရယ်သံသဲ့သဲ့တွေကို ကြားရတယ်..
မျက်နှာရှုံ့မဲ့လို့ အားမရစွာအကို့ကိုကြည့်မိတော့ သူ့ကို ပြုံးပြလာပြီး ခေါင်းအသာညိမ့်တယ်..
"ကျေးဇူးပါ ... ဝမ်ရိပေါ်.."
"...."
လှုပ်ရှားနေတဲ့ရင်က မငြိမ်ပဲပိုခုန်လာရဲ့...
ပြန်ထိုင်ရင်း မသိမသာပြုံးမိလိုက်တယ်...
အနည်းဆုံးတော့ သူ အကို့ကိုကူညီပေးနိုင်လိုက်သားပဲ...
ဆက်ပြီး စာသင်ချိန်ကတော့ ဖြောင့်ဖြောင့်ဖြူးဖြူးပြီးဆုံးသွားပါတယ်...
နွေရာသီရောက်တော့မဲ့ ညနေခင်းက လေပြေနုတစ်သုန်သုန်တိုက်လို့..
ကျောင်းပြတင်းပေါက်ကလိုက်ကာတွေ လွင့်နေတုန်းပဲ...
ဒီတစ်လောသူ့အကြည့်တွေ ပြတင်းပေါက်အပြင်ကိုသိပ်မရောက်ဖြစ်ဘူး...
အတန်းနုတ်ဆက်ပြီး အကိုတစ်ယောက်အပြင်ထွက်သွားတဲ့အထိ မျက်စိတစ်ဆုံး သူလိုက်ကြည့်မိနေခဲ့တယ်...
"ဝိုး... ဝမ်ရိပေါ်... ထူးဆန်းလိုက်တာ... အမြဲစာသင်ချိန်နားမထောင်တဲ့ကောင်က စာတောင်ထဖတ်ပြလိုက်သေးတယ်... ငါအမြင်များမှားတာလားလို့..."
သူ့ဆီရောက်လာတဲ့ ရှင်းယီက စကားနာထိုးတယ်။
"တစ်တန်းလုံး အရေးမစိုက်ဖြစ်နေလို့ပါကွာ"
"မင်းလည်း အဲ့လိုအရေးမစိုက်တဲ့ကောင်ပဲလေ... အရင်က ဆရာနာမည်ခေါ်ရင်တောင် သေချာထူးလို့လား"
"လျောက်တွေးမနေနဲ့ စာမေးပွဲနီးနေပြီ.. စာလုပ်သင့်နေပြီမို့... ကိုယ့်ဘာသာကိုယ် သွားစရာရှိတာပဲသွားစမ်းပါ...."
ပြောပြီးလွယ်အိပ်ကောက်ကိုင်ကာ ထွက်လာလိုက်တယ်။
"အယ် ဘာဖြစ်နေတာ.."
မသိဘူး..
အကို အခုတစ်လော ကျောင်းချိန်တွေဝင်ပေးနေရတာမို့ အချိန်အရမ်းကျပ်နေတဲ့ပုံပဲ..
ပြီးခဲ့တဲ့တစ်ပါတ်လုံး စာသင်ဖို့မလာခဲ့ဘူး...
မားဆီကို ဖုန်းဆက်ပြီးအချိန်ညှိနေတာ သူကြားလိုက်တယ်...
စဥ်းစားကြည့်တော့မှ သူ အခုတစ်လော အကိုနဲ့ကောင်းကောင်းမတွေ့ဖြစ်ဘူးပဲ...
ကျောင်းမှာလည်း မျက်နှာမြင်ရရုံတင်...
အကို့နားလည်းမသွားဖြစ်..
သွားဖြစ်ရင်လည်း အလုပ်အရမ်းရှုပ်ပြီး ပြေးလွားနေတဲ့ ဆရာပေါက်စကိုသာမြင်ရတာမို့...
သူ အနှောက်အယှက်မပေးလိုတာကြောင့်...
လှေကားဘက် ကော်ရစ်တာအကွေ့မှာ ရုံးခန်းဘက်ခြမ်းကနေထွက်လာတဲ့ အကိုနဲ့လျန်ချိုးဟွာကို ထိပ်တိုက်တွေ့တယ်...
"..."
သူတို့နှစ်ယောက်က ဆက်ဆံရေးကောင်းတဲ့ပုံပဲ...
လှမ်းလျောက်ရင်းစကားပြောနေတဲ့အကိုက ခေါင်းတစ်ငြိမ့်ငြိမ့်..
လျန်ချိုးဟွာကလည်း ပြုံးလို့...
သူက ထုထည်တစ်ခုခြားနေသလိုပါလား...
ငေးကြည့်နေရုံကလွဲမတက်နိုင်တဲ့ မသက်ဆိုင်ခြင်းတွေလား....
"ဝမ်ရိပေါ်.."
သူ့ကိုမြင်တာနဲ့ လှမ်းခေါ်လာတဲ့အတန်းခေါင်းဆောင်...
"ငါကနင်ပြန်သွားပြီမှတ်နေတာ.."
"အင်း.. အခုပဲပြန်တော့မလို့.."
အကို့ကိုတော့ ဒီအတိုင်း ခေါင်းငြိမ့်ပြီးနုတ်ဆက်လိုက်တယ်။
"အတော်ပဲ... ဒီမှာ ဆရာရှောင်းက သယ်ပြန်ရမဲ့ပစ္စည်းတွေများနေတာ.. တစ်ယောက်တည်းဖြစ်နေလို့... နင်ကူပေးပါလား..."
"အာ..."
"ရပါတယ်... ကျွန်တော့်ဘာသာသယ်ပြန်လို့ရပါတယ်... ဒီလောက်ကူညီထားတာပဲ ကျေးဇူးတင်စရာကောင်းနေပါပြီ.."
"ချိုးဟွာရဲ့ တာဝန်ပါပဲ ဆရာရှောင်းရဲ့... ဒါတွေက လုပ်နေကျပါ.."
ပုံမှန်အတိုင်း ဆရာ့ကိုကူနေကျ ကျောင်းကိစ္စတွေပဲထင်ပါရဲ့...
"ငါဘာလုပ်ပေးရမှာလဲ.."
"ဒါတွေ ဆရာရှောင်းအိမ်ကို ကူသယ်ပေးရမှာ.."
သူမလက်ညိုးညွန်ရာကြည့်မိတော့ လှေကားရင်းမှာ စာအုပ်တစ်ထပ်နဲ့ ပစ္စည်းတစ်ချို့..
သေချာပေါက် တစ်ယောက်တည်းသယ်ဖို့မလွယ်ဘူးပေါ့...
"ချိုးဟွာ လိုက်မကူနိုင်တော့တာ အားနာပါတယ်"
"အာ..ရပါတယ်.... ကျေးဇူးလည်းတင်ပါတယ်... ဒီအတိုင်းတောင်အားနာနေပြီ.. "
"တကယ် အားနာစရာမလိုပါဘူးဆို..."
မျက်ဖြူစိုက်ချင်လာပြီ..
ဒီနှစ်ယောက် အချိုသပ်လို့ပြီးဦးမှာလား...
"ကျွန်တော့်မှာစက်ဘီးပါတယ်... ခြင်းထဲတစ်ချို့ထည့်ပြီး ပုံးတွေက နောက်မှာချည်ပြီးတင်လို့ရတယ်.."
ချိုးဟွာက သူ့ပုခုံးကိုပုတ်လို့
"အမလေး ကယ်တင်ရှင်လေး.. နင်က လိုအပ်တိုင်းရောက်လာပေးတဲ့ နတ်သားလေး"
"ပြန်စရာရှိ ပြန်စမ်းပါ"
"အိုကေ.. သိုင်းကျူး... ပြန်လိုက်ပါဦးမယ် ဆရာရှောင်း..."
ရယ်မောရင်းလှည့်ပြန်သွားတဲ့ လျန်ချိုးဟွာက အရင်နဲ့မတူတော့တာအမှန်...
ပေါ့ပါးတဲ့ပုံစံနဲ့ ခဏခဏရယ်ပြီး စကားလည်းများလာတယ်...
သူ့အကြည့်တွေအကို့ဆီရောက်သွားတယ်။
အကိုနဲ့များသက်ဆိုင်နေမလား...
"ဒါဆို ကိုယ်တို့ပြန်ကြမလား.."
သူ့ကိုကြည့်ရင်းပြောလာတဲ့အကိုက အရင်လိုလေသံပြန်ဖြစ်သွားတာပဲ..
"ဟုတ်.."
ရင်ထဲက မဆိုစလောက်အနွေးဓာတ်ကလေးက တစ်သိမ့်သိမ့်....
.
.
သူ့စက်ဘီးပေါ်မှာအကို့ရဲ့ပစ္စည်းတွေနဲ့ပြည့်နေတယ်။
စက်ဘီးကိုတော့ အကိုပဲတွန်းရင်း လမ်းလျောက်နေရဲ့..
သူကတော့ အကို့ဘေးကနေ တိတ်တိတ်ဆိတ်ဆိတ်လမ်းလျောက်လို့ပေါ့...
သစ်ပင်တွေတစ်ဖက်တစ်ချက်နဲ့ ဒီလျောက်လမ်းက ယာဥ်အသွားအလာသိပ်မရှိလို့ အေးချမ်းပြီးတိတ်ဆိတ်ပါတယ်
"ဒီနေ့အတွက် ကျေးဇူးပါပဲ ရိပေါ်..."
အကို့ကိုလှည့်ကြည့်မိတော့ အကိုက ရှေ့ကိုသာကြည့်ရင်း ဆက်လျောက်နေတယ်..
ဒါကြောင့် သူကလည်းရှေ့ကိုပဲပြန်ကြည့်နေလိုက်ပြီး
"ကျွန်တော်လည်း အတန်းထဲကကျောင်းသားပဲလေ... အထွေအထူးမဟုတ်ပါဘူး.."
"သူတို့ပြောတဲ့စကားတွေအကုန် ကိုယ်ပြန်ကြားပါတယ်... မင်းက ကိုယ့်ဘက်ကနေ ကာကွယ်ပေးတာရောပဲ..."
"သူတို့က မဟုတ်တာပြောနေတာကို... အကိုစိတ်ထဲမထားပါနဲ့..."
"ဒါတွေရင်ဆိုင်ရမယ်ဆိုတာ ကိုယ်ကြိုမှန်းဆထားပြီးသားပါ... ကိုယ်နားလည်ပါတယ်..."
ယုံပါတယ်.. အကိုက ဘယ်လောက်တောင်သန်မာလိုက်သလဲ...
"အကိုက တော်ပြီးသားပါ.."
"ကိုယ်စမ်းသပ်ကြည့်ချင်လို့ စာဖတ်ခိုင်းလိုက်တာ... တကယ်ပဲ မင်းက ကိုယ့်ကိုကူညီပေးတာပဲ..."
သူ့အကြည့်တွေအကို့ဆီပြန်ရောက်သွားတယ်။
ဘာကိုစမ်းသပ်တာလဲ...
"အဲ့ဒီနေရာမှာ မင်းတစ်ယောက်ကတော့ ကိုယ့်ကိုစိတ်ရင်းနဲ့ ဆက်ဆံပေးတယ်လေ.."
သူ့ကို လှည့်ကြည့်လာတဲ့အကို့ရဲ့အကြည့်ဟာ ပြုံးယောင်သမ်းနေသလိုပဲ...
"ကျွန်တော့်ကိုတော့ စိတ်ချထားလို့ရပါတယ်"
ထိုအခိုက် သုတ်ကနဲတိုက်ခတ်သွားတဲ့လေဟာ သေချာဖြီးသင်ထားတဲ့အကိုရဲ့ဆံပင်တွေကို ထိုးဖွသွားလေရဲ့...
နဖူးပေါ်ဝဲကျလာတဲ့ဆံနွယ်တွေက အကို့မျက်ဝန်းတွေလိုပဲ နက်မှောင်လို့...
ဝင်ခါနီးနေရောင်နီနီက တစ်ရိပ်ရိပ်ထင်ဟပ်တဲ့အခါ ဒီလူက လင်းလက်နေသလိုပဲ...
"..."
ချောမောလွန်းလိုက်တာ...
"အင်း..."
ဆံပင်တွေခါထုတ်နေတဲ့အကို...
လေတိုက်တာကြောင့် ဆံပင်တွေပွပြီး မျက်နှာပေါ်ကျလာတာကြောင့်ထင်ရဲ့...
သူခါထုတ်ပေမဲ့ မရဘူး.. ပြန်ကျလာပြီး မျက်လုံးကိုအုပ်သွားပြန်တယ်...
ဒီဆံပင်ကိုသပ်တင်ဖို့ အကို့လက်ကစက်ဘီးကို အားပြုနေရတာကြောင့် မအားဘူးရယ်...
သူကြည့်မနေနိုင်တော့...
အကို့နားကပ်လိုက်ရင်း...
"ကျွန်တော်လုပ်ပေးမယ်.."
အကို့ခြေလှမ်းတွေရပ်သွားပြီး "အင်း"လို့ တုံ့ပြန်လာတယ်..
အကို့ဆံနွယ်တွေကိုထိစပ်သွားတဲ့ သူ့လက်ချောင်းတွေ...
အကို့ဆံပင်တွေက တကယ်ကိုပျော့ပြောင်းတာပဲ...
အသာအယာသပ်တင်ပေးတော့ အလိုက်သင့်လေးပုံကျသွားရဲ့...
ဂရုတစိုက် အသေအချာလေး...
တစ်စချင်းစီ ....
"ဝမ်ရိပေါ်.."
နားထဲပျံ့လာတဲ့ အကို့အသံခပ်တိုးတိုးမှာ သူ့အကြည့်တွေက အကို့မျက်နှာဆီ...
"...."
နက်မှောင်မှောက်မျက်ဝန်းတွေ...
ခပ်စိပ်စိပ်မျက်တောင်နဲ့ မျက်နှာပေါ်ကမှဲ့တွေရယ်...
ပြီးတော့... နုတ်ခမ်းအောက်က မှဲ့နက်ကလေး...
ဘယ်လိုတောင်ကြည့်ကောင်းလိုက်သလဲ...
အကိုက သူ့ထက်အရပ်ရှည်တာမို့ သူက အနည်းငယ်မော့ကြည့်နေရတယ်...
အကိုက နည်းနည်းငုံ့ပေးထားတာမျိုး...
"ရပါပြီ... ဒီလောက်ဆို..."
"အာ... ဟုတ်..အကို..."
အသိဝင်လာတဲ့အခိုက် လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ဘေးကိုပြန်ခွာလိုက်ရတယ်...
ရင်ဘတ်ထဲက အဲ့ဒီ အစိပ်အပိုင်းက ပြုတ်ထွက်တော့မလိုပဲ...
လွယ်အိတ်ကြိုးကို အတင်းဆုပ်ကိုင်လို့ ရှေ့ကနေ လမ်းဆက်လျောက်တယ်။
လှည့်မကြည့်နဲ့... အိမ်အမြန်ရောက်ဖို့လိုတယ်...
အကို့ရပ်ကွက်က သူတို့ရပ်ကွက်ရဲ့အကျော်မှာ... အရမ်းမဝေးပေမဲ့ အကို့ရပ်ကွက်က လူခြေထူထပ်ပြီး လမ်းတွေကျဥ်းတာမို့ ဂရုတစိုက်လျောက်ရတယ်။
ခပ်စိပ်စိပ် အထပ်မြင့်အဆောက်အအုံတွေနဲ့ လမ်းပေါ်မှာ လမ်းဘေးဆိုင်တွေလည်းများပြီး လူရှုပ်တယ်။
"ဒီဘက်ကနေလျောက် ရိပေါ်..."
အကိုက လမ်းမဘက်ခြမ်းမှာလျောက်ပြီး သူ့ကိုနံရံဘက်ကနေလျောက်စေတယ်...
"ဒီအချိန်က လူအရမ်းရှုပ်တယ်... မတိုက်မိစေနဲ့... မင်းကိုဆွဲဖို့ကိုယ်လက်မအားဘူး.."
မျက်မှောင်ကြုတ်လို့ ခြေလှမ်းကျဲကြီးတွေလျောက်နေတဲ့အကို့နောက်ကို သူ့မှာ အတင်းလိုက်နေရတယ်။
အကိုလည်း လူရှုပ်တာမကြိုက်တဲ့ပုံပဲ..
သူ့ခြေလှမ်းက အကို့ကိုမမှီ...
ခြေလှမ်းအနည်းငယ် ကျန်ခဲ့တယ်..
တစ်နေရာရောက်တော့ အကိုက ရပ်လိုက်ပြီး သူ့ကိုစောင့်ရှာပါတယ်။
"မောနေပြီလား.."
"ရပါတယ်.."
တကယ်တော့ သူမောနေပြီ...
ဒီလောက်အများကြီးလမ်းလျောက်ရတာ သူ့အတွက်ပုံမှန်မဟုတ်...
"ကိုယ့်ကြောင့် မင်းကို ခက်ခဲစေပြီ... အပြန်ကျရင် ကိုယ်အိမ်အထိပြန်ပို့ပေးပါ့မယ်"
"ရပါတယ်... ဘာမှမဖြစ်ဘူး.."
အကိုက စက်ဘီးကို ကိုယ်မှာမှီကာ ကိုင်ထားတဲ့လက်ကိုခဏလွတ်ပြီး သူ့လက်ကိုလှမ်းဆွဲလာတယ်...
ပြီးတော့ ရှပ်အကျီစကို ကိုင်စေတယ်...
"ကိုယ့်ကိုဆွဲထား.."
အကို့ရှပ်အကျီစကိုဆုပ်ကိုင်ထားမိတဲ့သူ့လက်တွေကို စိုက်ကြည့်နေမိတယ်။
အကိုသူ့ကို ဘယ်လိုမြင်နေတာလဲ...
"ကျွန်တော်ကလေးမဟုတ်ပါဘူး... အကို့အိမ်ကိုလည်းသိပါတယ်... အိမ်လည်းပြန်တက်ပါတယ်.."
"သိတယ်လေ.."
"အဲ့တာကို.."
"ကိုယ့်စကားနားထောင်.. ဟုတ်ပြီလား..."
"..."
သူ့ကိုငုံ့ကြည့်ပြီးပြောနေပုံက ကလေးထိန်းနေသလိုပဲ...
ဒါပေမဲ့ သူမငြင်းဖြစ်တော့ဘူး..
ဆက်ပြီးလှမ်းဖြစ်တဲ့ခြေလှမ်းတွေက စက်ဘီးတစ်စီးရယ်... ခြေလှမ်းနှစ်စုံရယ်.. ရှပ်အကျီကိုကိုင်ဆွဲထားတဲ့ လက်တစ်ဖက်ရယ်...
လူရှုပ်တဲ့ လမ်းကျဥ်းလေးရယ်...
.
.
တကယ်တော့ သူက အချစ်ခံရတဲ့ကောင်လေးပါ....
အကို့ဆီကလွဲရင်ပေါ့လေ...
ခပ်တည်တည်နေပြီး သဘောမကောင်းတာတောင် လူကြီးတွေက ချစ်ကြတယ်သူ့ကို..
အကို့ရဲ့မားမားက သူ့ကို တွေ့တော့ အရမ်းပျော်နေပြီး ထမင်းလည်းကျွေးလိုက်တယ်။
သူစားချင်တဲ့အသီးလည်းကျွေးတယ်။
ဒီနေ့လည်း အိမ်ပြန်နောက်ကျပြန်ပြီပဲ..
အပြန်လမ်းကတော့ သက်သာတယ်...
အကိုက စက်ဘီနင်းပြီး သူကနောက်ကလိုက်ထိုင်စီးလာတယ်...
သူ့လိုကောင်လေးကိုတင်စီးရတဲ့အကိုကတော့ အတော်မောမှာပဲ...
ဒါပေမဲ့ အကိုက အားရှိသားပဲ...
နောက်ပိုင်း သူအသက်ကြီးလာပြီး အားပိုရှိလာတဲ့အခါ.. အရပ်ပိုရှည်လာတဲ့အခါ အကို့ကိုပြန်တင်စီးမယ်လို့ တွေးတယ်..
လေတဖြူးဖြူးနဲ့ ညပိုင်းကျတော့ နည်းနည်းအေးချင်တယ်...
စက်ဘီးစီးရင်း သူ့အကြည့်က အကို့ခါးဆီကိုသာ မကြာခဏ ရောက်နေတယ်။
အကိုရှပ်အကျီစကိုပဲ ဆွဲကိုင်ထားမိတဲ့လက်တွေကို တကယ်ပဲပြန်မလွတ်ချင်ဘူးရယ်..
ဘယ်လိုလုပ်ရမလဲ...
ဒီလို အကျီစလေးက တကယ်တမ်းမှာလုံခြုံမှုမရှိဘူးဆိုတာသိနေပေမဲ့ လုံခြုံနေသလိုခံစားနေရတဲ့ ခံစားချက်ဟာ အကို့ကိုသဘောကျရတဲ့ စိတ်ပဲထင်ပါရဲ့...
"အိမ်ရောက်ပြီ.."
အချိန်ကုန်တာဟာ ဘယ်လိုတောင်မြန်လိုက်သလဲ..
စက်ဘီးပေါ်ကဆင်းလိုက်တော့ အကိုက သူ့ဆီစက်ဘီးထိုးပေးလာတယ်။
"ဒီနေ့အတွက် ကျေးဇူးပဲ..."
"တန်းပြန်တော့မို့လား.."
"နောက်ကျနေပြီ"
နာရီကြည့်တော့တကယ်နောက်ကျနေပြီ..
ဒါကို အကိုကတစ်ယောက်တည်း လမ်းလျောက်ပြန်မို့လား...
အကိုမျက်နှာတစ်ခုလုံးက နွမ်းနယ်လို့နေတယ်။
ပင်ပန်းမှာပဲ...
"စက်ဘီးယူသွား.."
အကို့ကို စက်ဘီးပြန်ထိုးပေးလိုက်တယ်။
"ရတယ်.. ကိုယ်က ဒီအချိန်ပြန်နေကျပဲ.."
"ပင်ပန်းနေပြီမဟုတ်လား.."
"ရတယ်.. ကိုယ်ဒီအတိုင်း..."
"ဒါဆို အိမ်မှာပဲအိပ်မလား"
အကိုက သူ့ကို ကြည့်ပြီးတစ်ချက်ပြုံးတယ်။
"ဟုတ်ပါပြီ စက်ဘီးယူသွားပါ့မယ်.."
သူ့ရင်ထဲ မတင်မကျ...
"အကို လာဦးမှာမလား..."
"လာဦးမှာပေါ့ ဘာဖြစ်လို့လဲ.."
"ဘယ်ချိန်လာမှာလဲ.."
"ဒီတစ်ပါတ်ထဲ ကိုယ်အချိန်ညှိပြီး လာပေးမယ်လေ.."
ဒီလူက ဘယ်လောက်ထိအပင်ပန်းခံဦးမလို့လဲ..
သူက အကို့ကိုပိုပင်ပန်းတာမျိုးမဖြစ်စေချင်..
"ကျောင်းမှာသင်တာတွေလည်း ကျွန်တော်ရပါတယ်.. ပြန်မသင်ပေးလည်း ရတယ်.. အကိုဒီကိုလာတဲ့အခါ နားလို့ရပါတယ်"
သူ့နဖူးပေါ်ကောက်လာတဲ့ လက်တောက်တစ်ချက်..
မနာပါဘူး..ဖွဖွလေး..
"ဘာလဲ.. အပျင်းထူနေတာမလား.. ဒီရက်တွေမှာ စာရောလုပ်ရဲ့လား.."
"လုပ်ပါတယ်..အကိုကလည်း.."
"ကိုယ်က ဘယ်လိုလုပ်ပြီးနားလို့ရမှာလဲ.. မင်းမိဘတွေနားက အခကြေးယူထားတယ်မဟုတ်လား... ဒါကိုယ့်အလုပ်ပဲလေ.."
အလုပ်လား..
"ဒါဆို ကျွန်တော်တို့ရင်းနှီးမှုက အလုပ်သက်သက်ပဲလား.."
စဥ်းစားသွားပုံရတဲ့အကိုက ချက်ချင်းမဖြေ..
"အင်း... မင်းက ပညာလိုတယ်..ကိုယ်က ငွေလိုတယ်လေ... မင်းကိုတော့ ကိုယ်ခင်ပါတယ်.."
"ကျွန်တော်ကတော့.."
"အထဲဝင်တော့... နောက်ကျနေပြီ... ကိုယ်ပြန်ရတော့မယ်.."
"အကို.."
"စကားနားထောင်. ရိပေါ်... စက်ဘီးကို မနက်ကျကိုယ်ဝင်ပေးလိုက်မယ်"
လှည့်ထွက်သွားတဲ့ အကိုက နွေးထွေးသလိုရှိပေမဲ့ အေးစက်နေတုန်းပဲ...
လေးလံနာကျင်လာတဲ့ခန္ဓာကိုယ်က ဆေးသောက်ဖို့လိုလာပြန်ပြီပဲ...
---------------------------------------
Zawgyi ;
board ေပၚမွာ တစ္ေထာက္ေထာက္နဲ႕ စာေရးေနတဲ့အကို႔ရဲ႕လက္ေတြက ေျမျဖဴမႈန့္ေတြနဲ႕ေပက်ံေနၿပီ...
ရင္းႏွီးၿပီးသား အကို႔ရဲ႕ေလယူေလသိမ္းနဲ႕နည္းစနစ္ေတြက သူ႕ကို လိုက္နားေထာင္ေစဖို႔ အသားက်ၿပီးသား...
"ေဟး... ဝမ္ရိေပၚ... ဒီအတန္းၿပီးရင္ အင္တာနက္ဆိုင္သြားၾကမလို႔ မင္းလိုက္မလား..."
ထပ္ၿပီး ေရွာင္ေဟြ႕ပဲ..
သူမ်က္ႏွာတင္းတင္းနဲ႕ လွည့္ၾကည့္လိုက္တယ္။
"ဆရာစာသင္ေနတယ္ေလ..."
"ဘာျဖစ္လဲ တကယ့္ဆရာလည္းမဟုတ္ပဲနဲ႕ သူကဘာလုပ္နိုင္မွာမို႔လဲ.."
သူမ်က္ခုံးေတြတြန့္ခ်ိဳးသြားတယ္...
"မင္းစကားေျပာဆင္ျခင္... သူက တကယ့္ဆရာမဟုတ္လည္း ဆရာလုပ္ပိုင္ခြင့္အျပည့္ရွိတယ္.. ၿပီးေတာ့..."
"ၿပီးေတာ့ဘာျဖစ္လဲ.."
ေရွာင္းက်န့္က မေလးမစားခံယူသင့္တဲ့သူမဟုတ္ဘူး...
"သူအရည္အခ်င္းနဲ႕သူ ေရာက္လာတာပဲ.. မေလးမစားမလုပ္နဲ႕.."
"ငါတို႔မႀကိဳက္ဘူး မေကာင္းဘူးလို႔ ေက်ာင္းအုပ္ကိုစုေျပာလိုက္ရင္ ဘာတက္နိုင္မွာလဲ.. တကယ္လည္း သူ႕မွာ လက္မွတ္ရွိလို႔လား... ဘာအရည္အခ်င္းလဲ.. ဆရာနားကပ္ၿပီး မ်က္ႏွာသာရေနတာကိုမ်ား... ေက်ာင္းလာၿပီး ေက်ာင္းသူေတြေရွ႕ ဟန္လုပ္ေနေသး.."
သူ႕လက္သီးေတြတင္းက်ပ္သြားတယ္။
"ခ်န္ေရွာင္ေဟြ႕... မင္းဘာစကားေျပာတာလဲ.."
"ေလသံက ဘာျဖစ္ေနတာလဲ... စိတ္တိုေနတာလား... ဒီဆရာနဲ႕မင္း ဘာမ်ားပတ္သတ္လို႔လဲ.."
ဘာပတ္သတ္လို႔လဲ...
စာေရးေနတဲ့အကို႔ဆီ အၾကည့္ေရာက္သြားတယ္...
ေအးခ်မ္းလြန္းတဲ့လူ...
တင္းက်ပ္ေနတဲ့ လက္သီးေတြေျပေလ်ာ့သြားတယ္...
သူ႕ေၾကာင့္ အကို႔ကို သိကၡာမက်ေစခ်င္ပါ...
"ဘာမွ မပတ္သတ္ဘူး.."
"အဲ့တာကို ထူးထူးဆန္းဆန္း ဘာျဖစ္ေနတာလဲ...
ဒီေလာက္ငယ္တဲ့သူကို ဆရာလို ဘယ္လိုျမင္ရမွာလဲ... ငါကေတာ့ ခံစားလို႔ကိုမရဘူး... ဘယ္သူမွလည္း စိတ္တိုင္းက်တာမဟုတ္ဘူး "
ပတ္ဝန္းက်င္ကို ေဝ့ၾကည့္လိုက္မိတယ္..
တကယ္ပဲ အကို႔စာသင္တာကို အာ႐ုံစိုက္ေနတဲ့သူ သိပ္မရွိ....
အားလုံးက လုပ္ခ်င္တာလုပ္ေနၾကတယ္...
မိန္းကေလးေတြကလည္း စာလိုက္မၾကည့္ပဲ လူကိုပဲၾကည့္ေနၾကတာပဲ...
မေက်နပ္မိေပမဲ့ အျပစ္ေျပာလို႔ေတာ့မရ..
အကို ကိုက ၾကည့္ေကာင္းလြန္းတာကို...
ေက်ာင္းသားေတြအေနနဲ႕ဆို မနာလိုျဖစ္ခ်င္စရာပဲ...
"ကဲ ... ဒီ ပုစာၦေလး ၾကည့္ရေအာင္... ေရွ႕ပိုင္းမွာ ေက်ာင္းသူေတြပဲ ဖတ္လာတာဆိုေတာ့ ဒီတစ္ခါ ေက်ာင္းသားထဲက တစ္ေယာက္ေလာက္ ေမးခြန္းဖတ္ျပလို႔ရမလား..."
တစ္ခန္းလုံး တိတ္ဆိတ္လို႔...
"ေနာက္ခုံက ဟိုတစ္ေယာက္... ခ်န္ေရွာင္ေဟြ႕လား... ဖတ္ျပလို႔ရမလား..."
ေရွာင္ေဟြ႕က မထ... အေရးမစိုက္...
"...."
သူေဒါသထြက္ခ်င္လာတယ္...
ရင္ထဲ ထပ္ၿပီးတင္းက်ပ္လာတယ္...
"ဒါဆိုရင္ ေနာက္ကတစ္ေယာက္ေရာ... "
ဘယ္သူမွ မလႈပ္...
စာေလးတစ္ပိုဒ္ဖတ္ျပေပးရမွာဘာျဖစ္ေနၾကတာလဲ...
စာအုပ္ကိုင္ထားတဲ့ အကို႔လက္ေခ်ာင္းေတြ ေကြးကုတ္သြားတာ သတိထားမိလိုက္တယ္...
"ဆရာ ဒါျဖင့္ က်မပဲ...."
လ်န္ခ်ိဳးဟြာ ထဖို႔အျပင္မွာပဲ သူထရပ္လိုက္တယ္..
အကိုအပါအဝင္ တစ္တန္းလုံးအၾကည့္ေတြ သူ႕ဆီေရာက္လာရဲ႕...
အကိုနဲ႕အၾကည့္ခ်င္းဆုံမိတဲ့အခိုက္ တုန္တက္သြားတဲ့ ရင္ေတြကလႈပ္ရွားလာတယ္....
စာအုပ္ကိုၾကည့္လို႔ ေမးခြန္းကိုစဖတ္လိုက္တယ္...
တုန္ေနတဲ့ရင္ေၾကာင့္ အသံထြက္ေတာင္မမွန္ေတာ့.. ထစ္အ ထစ္အနဲ႕ေတာ့ အဆုံးသတ္သြားပါတယ္...
ေဘးကရယ္သံသဲ့သဲ့ေတြကို ၾကားရတယ္..
မ်က္ႏွာရႈံ႕မဲ့လို႔ အားမရစြာအကို႔ကိုၾကည့္မိေတာ့ သူ႕ကို ၿပဳံးျပလာၿပီး ေခါင္းအသာညိမ့္တယ္..
"ေက်းဇူးပါ ... ဝမ္ရိေပၚ.."
"...."
လႈပ္ရွားေနတဲ့ရင္က မၿငိမ္ပဲပိုခုန္လာရဲ႕...
ျပန္ထိုင္ရင္း မသိမသာၿပဳံးမိလိုက္တယ္...
အနည္းဆုံးေတာ့ သူ အကို႔ကိုကူညီေပးနိုင္လိုက္သားပဲ...
ဆက္ၿပီး စာသင္ခ်ိန္ကေတာ့ ေျဖာင့္ေျဖာင့္ျဖဴးျဖဴးၿပီးဆုံးသြားပါတယ္...
ေႏြရာသီေရာက္ေတာ့မဲ့ ညေနခင္းက ေလေျပႏုတစ္သုန္သုန္တိုက္လို႔..
ေက်ာင္းျပတင္းေပါက္ကလိုက္ကာေတြ လြင့္ေနတုန္းပဲ...
ဒီတစ္ေလာသူ႕အၾကည့္ေတြ ျပတင္းေပါက္အျပင္ကိုသိပ္မေရာက္ျဖစ္ဘူး...
အတန္းႏုတ္ဆက္ၿပီး အကိုတစ္ေယာက္အျပင္ထြက္သြားတဲ့အထိ မ်က္စိတစ္ဆုံး သူလိုက္ၾကည့္မိေနခဲ့တယ္...
"ဝိုး... ဝမ္ရိေပၚ... ထူးဆန္းလိုက္တာ... အၿမဲစာသင္ခ်ိန္နားမေထာင္တဲ့ေကာင္က စာေတာင္ထဖတ္ျပလိုက္ေသးတယ္... ငါအျမင္မ်ားမွားတာလားလို႔..."
သူ႕ဆီေရာက္လာတဲ့ ရွင္းယီက စကားနာထိုးတယ္။
"တစ္တန္းလုံး အေရးမစိုက္ျဖစ္ေနလို႔ပါကြာ"
"မင္းလည္း အဲ့လိုအေရးမစိုက္တဲ့ေကာင္ပဲေလ... အရင္က ဆရာနာမည္ေခၚရင္ေတာင္ ေသခ်ာထူးလို႔လား"
"ေလ်ာက္ေတြးမေနနဲ႕ စာေမးပြဲနီးေနၿပီ.. စာလုပ္သင့္ေနၿပီမို႔... ကိုယ့္ဘာသာကိုယ္ သြားစရာရွိတာပဲသြားစမ္းပါ...."
ေျပာၿပီးလြယ္အိပ္ေကာက္ကိုင္ကာ ထြက္လာလိုက္တယ္။
"အယ္ ဘာျဖစ္ေနတာ.."
မသိဘူး..
အကို အခုတစ္ေလာ ေက်ာင္းခ်ိန္ေတြဝင္ေပးေနရတာမို႔ အခ်ိန္အရမ္းက်ပ္ေနတဲ့ပုံပဲ..
ၿပီးခဲ့တဲ့တစ္ပါတ္လုံး စာသင္ဖို႔မလာခဲ့ဘူး...
မားဆီကို ဖုန္းဆက္ၿပီးအခ်ိန္ညွိေနတာ သူၾကားလိုက္တယ္...
စဥ္းစားၾကည့္ေတာ့မွ သူ အခုတစ္ေလာ အကိုနဲ႕ေကာင္းေကာင္းမေတြ႕ျဖစ္ဘူးပဲ...
ေက်ာင္းမွာလည္း မ်က္ႏွာျမင္ရ႐ုံတင္...
အကို႔နားလည္းမသြားျဖစ္..
သြားျဖစ္ရင္လည္း အလုပ္အရမ္းရႈပ္ၿပီး ေျပးလြားေနတဲ့ ဆရာေပါက္စကိုသာျမင္ရတာမို႔...
သူ အေႏွာက္အယွက္မေပးလိုတာေၾကာင့္...
ေလွကားဘက္ ေကာ္ရစ္တာအေကြ႕မွာ ႐ုံးခန္းဘက္ျခမ္းကေနထြက္လာတဲ့ အကိုနဲ႕လ်န္ခ်ိဳးဟြာကို ထိပ္တိုက္ေတြ႕တယ္...
"..."
သူတို႔ႏွစ္ေယာက္က ဆက္ဆံေရးေကာင္းတဲ့ပုံပဲ...
လွမ္းေလ်ာက္ရင္းစကားေျပာေနတဲ့အကိုက ေခါင္းတစ္ၿငိမ့္ၿငိမ့္..
လ်န္ခ်ိဳးဟြာကလည္း ၿပဳံးလို႔...
သူက ထုထည္တစ္ခုျခားေနသလိုပါလား...
ေငးၾကည့္ေန႐ုံကလြဲမတက္နိုင္တဲ့ မသက္ဆိုင္ျခင္းေတြလား....
"ဝမ္ရိေပၚ.."
သူ႕ကိုျမင္တာနဲ႕ လွမ္းေခၚလာတဲ့အတန္းေခါင္းေဆာင္...
"ငါကနင္ျပန္သြားၿပီမွတ္ေနတာ.."
"အင္း.. အခုပဲျပန္ေတာ့မလို႔.."
အကို႔ကိုေတာ့ ဒီအတိုင္း ေခါင္းၿငိမ့္ၿပီးႏုတ္ဆက္လိုက္တယ္။
"အေတာ္ပဲ... ဒီမွာ ဆရာေရွာင္းက သယ္ျပန္ရမဲ့ပစၥည္းေတြမ်ားေနတာ.. တစ္ေယာက္တည္းျဖစ္ေနလို႔... နင္ကူေပးပါလား..."
"အာ..."
"ရပါတယ္... ကြၽန္ေတာ့္ဘာသာသယ္ျပန္လို႔ရပါတယ္... ဒီေလာက္ကူညီထားတာပဲ ေက်းဇူးတင္စရာေကာင္းေနပါၿပီ.."
"ခ်ိဳးဟြာရဲ႕ တာဝန္ပါပဲ ဆရာေရွာင္းရဲ႕... ဒါေတြက လုပ္ေနက်ပါ.."
ပုံမွန္အတိုင္း ဆရာ့ကိုကူေနက် ေက်ာင္းကိစၥေတြပဲထင္ပါရဲ႕...
"ငါဘာလုပ္ေပးရမွာလဲ.."
"ဒါေတြ ဆရာေရွာင္းအိမ္ကို ကူသယ္ေပးရမွာ.."
သူမလက္ညိုးၫြန္ရာၾကည့္မိေတာ့ ေလွကားရင္းမွာ စာအုပ္တစ္ထပ္နဲ႕ ပစၥည္းတစ္ခ်ိဳ႕..
ေသခ်ာေပါက္ တစ္ေယာက္တည္းသယ္ဖို႔မလြယ္ဘူးေပါ့...
"ခ်ိဳးဟြာ လိုက္မကူနိုင္ေတာ့တာ အားနာပါတယ္"
"အာ..ရပါတယ္.... ေက်းဇူးလည္းတင္ပါတယ္... ဒီအတိုင္းေတာင္အားနာေနၿပီ.. "
"တကယ္ အားနာစရာမလိုပါဘူးဆို..."
မ်က္ျဖဴစိုက္ခ်င္လာၿပီ..
ဒီႏွစ္ေယာက္ အခ်ိဳသပ္လို႔ၿပီးဦးမွာလား...
"ကြၽန္ေတာ့္မွာစက္ဘီးပါတယ္... ျခင္းထဲတစ္ခ်ိဳ႕ထည့္ၿပီး ပုံးေတြက ေနာက္မွာခ်ည္ၿပီးတင္လို႔ရတယ္.."
ခ်ိဳးဟြာက သူ႕ပုခုံးကိုပုတ္လို႔
"အမေလး ကယ္တင္ရွင္ေလး.. နင္က လိုအပ္တိုင္းေရာက္လာေပးတဲ့ နတ္သားေလး"
"ျပန္စရာရွိ ျပန္စမ္းပါ"
"အိုေက.. သိုင္းက်ဴး... ျပန္လိုက္ပါဦးမယ္ ဆရာေရွာင္း..."
ရယ္ေမာရင္းလွည့္ျပန္သြားတဲ့ လ်န္ခ်ိဳးဟြာက အရင္နဲ႕မတူေတာ့တာအမွန္...
ေပါ့ပါးတဲ့ပုံစံနဲ႕ ခဏခဏရယ္ၿပီး စကားလည္းမ်ားလာတယ္...
သူ႕အၾကည့္ေတြအကို႔ဆီေရာက္သြားတယ္။
အကိုနဲ႕မ်ားသက္ဆိုင္ေနမလား...
"ဒါဆို ကိုယ္တို႔ျပန္ၾကမလား.."
သူ႕ကိုၾကည့္ရင္းေျပာလာတဲ့အကိုက အရင္လိုေလသံျပန္ျဖစ္သြားတာပဲ..
"ဟုတ္.."
ရင္ထဲက မဆိုစေလာက္အေႏြးဓာတ္ကေလးက တစ္သိမ့္သိမ့္....
.
.
သူ႕စက္ဘီးေပၚမွာအကို႔ရဲ႕ပစၥည္းေတြနဲ႕ျပည့္ေနတယ္။
စက္ဘီးကိုေတာ့ အကိုပဲတြန္းရင္း လမ္းေလ်ာက္ေနရဲ႕..
သူကေတာ့ အကို႔ေဘးကေန တိတ္တိတ္ဆိတ္ဆိတ္လမ္းေလ်ာက္လို႔ေပါ့...
သစ္ပင္ေတြတစ္ဖက္တစ္ခ်က္နဲ႕ ဒီေလ်ာက္လမ္းက ယာဥ္အသြားအလာသိပ္မရွိလို႔ ေအးခ်မ္းၿပီးတိတ္ဆိတ္ပါတယ္
"ဒီေန႕အတြက္ ေက်းဇူးပါပဲ ရိေပၚ..."
အကို႔ကိုလွည့္ၾကည့္မိေတာ့ အကိုက ေရွ႕ကိုသာၾကည့္ရင္း ဆက္ေလ်ာက္ေနတယ္..
ဒါေၾကာင့္ သူကလည္းေရွ႕ကိုပဲျပန္ၾကည့္ေနလိုက္ၿပီး
"ကြၽန္ေတာ္လည္း အတန္းထဲကေက်ာင္းသားပဲေလ... အေထြအထူးမဟုတ္ပါဘူး.."
"သူတို႔ေျပာတဲ့စကားေတြအကုန္ ကိုယ္ျပန္ၾကားပါတယ္... မင္းက ကိုယ့္ဘက္ကေန ကာကြယ္ေပးတာေရာပဲ..."
"သူတို႔က မဟုတ္တာေျပာေနတာကို... အကိုစိတ္ထဲမထားပါနဲ႕..."
"ဒါေတြရင္ဆိုင္ရမယ္ဆိုတာ ကိုယ္ႀကိဳမွန္းဆထားၿပီးသားပါ... ကိုယ္နားလည္ပါတယ္..."
ယုံပါတယ္.. အကိုက ဘယ္ေလာက္ေတာင္သန္မာလိုက္သလဲ...
"အကိုက ေတာ္ၿပီးသားပါ.."
"ကိုယ္စမ္းသပ္ၾကည့္ခ်င္လို႔ စာဖတ္ခိုင္းလိုက္တာ... တကယ္ပဲ မင္းက ကိုယ့္ကိုကူညီေပးတာပဲ..."
သူ႕အၾကည့္ေတြအကို႔ဆီျပန္ေရာက္သြားတယ္။
ဘာကိုစမ္းသပ္တာလဲ...
"အဲ့ဒီေနရာမွာ မင္းတစ္ေယာက္ကေတာ့ ကိုယ့္ကိုစိတ္ရင္းနဲ႕ ဆက္ဆံေပးတယ္ေလ.."
သူ႕ကို လွည့္ၾကည့္လာတဲ့အကို႔ရဲ႕အၾကည့္ဟာ ၿပဳံးေယာင္သမ္းေနသလိုပဲ...
"ကြၽန္ေတာ့္ကိုေတာ့ စိတ္ခ်ထားလို႔ရပါတယ္"
ထိုအခိုက္ သုတ္ကနဲတိုက္ခတ္သြားတဲ့ေလဟာ ေသခ်ာၿဖီးသင္ထားတဲ့အကိုရဲ႕ဆံပင္ေတြကို ထိုးဖြသြားေလရဲ႕...
နဖူးေပၚဝဲက်လာတဲ့ဆံႏြယ္ေတြက အကို႔မ်က္ဝန္းေတြလိုပဲ နက္ေမွာင္လို႔...
ဝင္ခါနီးေနေရာင္နီနီက တစ္ရိပ္ရိပ္ထင္ဟပ္တဲ့အခါ ဒီလူက လင္းလက္ေနသလိုပဲ...
"..."
ေခ်ာေမာလြန္းလိုက္တာ...
"အင္း..."
ဆံပင္ေတြခါထုတ္ေနတဲ့အကို...
ေလတိုက္တာေၾကာင့္ ဆံပင္ေတြပြၿပီး မ်က္ႏွာေပၚက်လာတာေၾကာင့္ထင္ရဲ႕...
သူခါထုတ္ေပမဲ့ မရဘူး.. ျပန္က်လာၿပီး မ်က္လုံးကိုအုပ္သြားျပန္တယ္...
ဒီဆံပင္ကိုသပ္တင္ဖို႔ အကို႔လက္ကစက္ဘီးကို အားျပဳေနရတာေၾကာင့္ မအားဘူးရယ္...
သူၾကည့္မေနနိုင္ေတာ့...
အကို႔နားကပ္လိုက္ရင္း...
"ကြၽန္ေတာ္လုပ္ေပးမယ္.."
အကို႔ေျခလွမ္းေတြရပ္သြားၿပီး "အင္း"လို႔ တုံ႕ျပန္လာတယ္..
အကို႔ဆံႏြယ္ေတြကိုထိစပ္သြားတဲ့ သူ႕လက္ေခ်ာင္းေတြ...
အကို႔ဆံပင္ေတြက တကယ္ကိုေပ်ာ့ေျပာင္းတာပဲ...
အသာအယာသပ္တင္ေပးေတာ့ အလိုက္သင့္ေလးပုံက်သြားရဲ႕...
ဂ႐ုတစိုက္ အေသအခ်ာေလး...
တစ္စခ်င္းစီ ....
"ဝမ္ရိေပၚ.."
နားထဲပ်ံ့လာတဲ့ အကို႔အသံခပ္တိုးတိုးမွာ သူ႕အၾကည့္ေတြက အကို႔မ်က္ႏွာဆီ...
"...."
နက္ေမွာင္ေမွာက္မ်က္ဝန္းေတြ...
ခပ္စိပ္စိပ္မ်က္ေတာင္နဲ႕ မ်က္ႏွာေပၚကမွဲ႕ေတြရယ္...
ၿပီးေတာ့... ႏုတ္ခမ္းေအာက္က မွဲ႕နက္ကေလး...
ဘယ္လိုေတာင္ၾကည့္ေကာင္းလိုက္သလဲ...
အကိုက သူ႕ထက္အရပ္ရွည္တာမို႔ သူက အနည္းငယ္ေမာ့ၾကည့္ေနရတယ္...
အကိုက နည္းနည္းငုံ႕ေပးထားတာမ်ိဳး...
"ရပါၿပီ... ဒီေလာက္ဆို..."
"အာ... ဟုတ္..အကို..."
အသိဝင္လာတဲ့အခိုက္ လက္ကို ျပန္႐ုတ္သိမ္းလိုက္ၿပီး ေဘးကိုျပန္ခြာလိုက္ရတယ္...
ရင္ဘတ္ထဲက အဲ့ဒီ အစိပ္အပိုင္းက ျပဳတ္ထြက္ေတာ့မလိုပဲ...
လြယ္အိတ္ႀကိဳးကို အတင္းဆုပ္ကိုင္လို႔ ေရွ႕ကေန လမ္းဆက္ေလ်ာက္တယ္။
လွည့္မၾကည့္နဲ႕... အိမ္အျမန္ေရာက္ဖို႔လိုတယ္...
အကို႔ရပ္ကြက္က သူတို႔ရပ္ကြက္ရဲ႕အေက်ာ္မွာ... အရမ္းမေဝးေပမဲ့ အကို႔ရပ္ကြက္က လူေျခထူထပ္ၿပီး လမ္းေတြက်ဥ္းတာမို႔ ဂ႐ုတစိုက္ေလ်ာက္ရတယ္။
ခပ္စိပ္စိပ္ အထပ္ျမင့္အေဆာက္အအုံေတြနဲ႕ လမ္းေပၚမွာ လမ္းေဘးဆိုင္ေတြလည္းမ်ားၿပီး လူရႈပ္တယ္။
"ဒီဘက္ကေနေလ်ာက္ ရိေပၚ..."
အကိုက လမ္းမဘက္ျခမ္းမွာေလ်ာက္ၿပီး သူ႕ကိုနံရံဘက္ကေနေလ်ာက္ေစတယ္...
"ဒီအခ်ိန္က လူအရမ္းရႈပ္တယ္... မတိုက္မိေစနဲ႕... မင္းကိုဆြဲဖို႔ကိုယ္လက္မအားဘူး.."
မ်က္ေမွာင္ၾကဳတ္လို႔ ေျခလွမ္းက်ဲႀကီးေတြေလ်ာက္ေနတဲ့အကို႔ေနာက္ကို သူ႕မွာ အတင္းလိုက္ေနရတယ္။
အကိုလည္း လူရႈပ္တာမႀကိဳက္တဲ့ပုံပဲ..
သူ႕ေျခလွမ္းက အကို႔ကိုမမွီ...
ေျခလွမ္းအနည္းငယ္ က်န္ခဲ့တယ္..
တစ္ေနရာေရာက္ေတာ့ အကိုက ရပ္လိုက္ၿပီး သူ႕ကိုေစာင့္ရွာပါတယ္။
"ေမာေနၿပီလား.."
"ရပါတယ္.."
တကယ္ေတာ့ သူေမာေနၿပီ...
ဒီေလာက္အမ်ားႀကီးလမ္းေလ်ာက္ရတာ သူ႕အတြက္ပုံမွန္မဟုတ္...
"ကိုယ့္ေၾကာင့္ မင္းကို ခက္ခဲေစၿပီ... အျပန္က်ရင္ ကိုယ္အိမ္အထိျပန္ပို႔ေပးပါ့မယ္"
"ရပါတယ္... ဘာမွမျဖစ္ဘူး.."
အကိုက စက္ဘီးကို ကိုယ္မွာမွီကာ ကိုင္ထားတဲ့လက္ကိုခဏလြတ္ၿပီး သူ႕လက္ကိုလွမ္းဆြဲလာတယ္...
ၿပီးေတာ့ ရွပ္အက်ီစကို ကိုင္ေစတယ္...
"ကိုယ့္ကိုဆြဲထား.."
အကို႔ရွပ္အက်ီစကိုဆုပ္ကိုင္ထားမိတဲ့သူ႕လက္ေတြကို စိုက္ၾကည့္ေနမိတယ္။
အကိုသူ႕ကို ဘယ္လိုျမင္ေနတာလဲ...
"ကြၽန္ေတာ္ကေလးမဟုတ္ပါဘူး... အကို႔အိမ္ကိုလည္းသိပါတယ္... အိမ္လည္းျပန္တက္ပါတယ္.."
"သိတယ္ေလ.."
"အဲ့တာကို.."
"ကိုယ့္စကားနားေထာင္.. ဟုတ္ၿပီလား..."
"..."
သူ႕ကိုငုံ႕ၾကည့္ၿပီးေျပာေနပုံက ကေလးထိန္းေနသလိုပဲ...
ဒါေပမဲ့ သူမျငင္းျဖစ္ေတာ့ဘူး..
ဆက္ၿပီးလွမ္းျဖစ္တဲ့ေျခလွမ္းေတြက စက္ဘီးတစ္စီးရယ္... ေျခလွမ္းႏွစ္စုံရယ္.. ရွပ္အက်ီကိုကိုင္ဆြဲထားတဲ့ လက္တစ္ဖက္ရယ္...
လူရႈပ္တဲ့ လမ္းက်ဥ္းေလးရယ္...
.
.
တကယ္ေတာ့ သူက အခ်စ္ခံရတဲ့ေကာင္ေလးပါ....
အကို႔ဆီကလြဲရင္ေပါ့ေလ...
ခပ္တည္တည္ေနၿပီး သေဘာမေကာင္းတာေတာင္ လူႀကီးေတြက ခ်စ္ၾကတယ္သူ႕ကို..
အကို႔ရဲ႕မားမားက သူ႕ကို ေတြ႕ေတာ့ အရမ္းေပ်ာ္ေနၿပီး ထမင္းလည္းေကြၽးလိုက္တယ္။
သူစားခ်င္တဲ့အသီးလည္းေကြၽးတယ္။
ဒီေန႕လည္း အိမ္ျပန္ေနာက္က်ျပန္ၿပီပဲ..
အျပန္လမ္းကေတာ့ သက္သာတယ္...
အကိုက စက္ဘီနင္းၿပီး သူကေနာက္ကလိုက္ထိုင္စီးလာတယ္...
သူ႕လိုေကာင္ေလးကိုတင္စီးရတဲ့အကိုကေတာ့ အေတာ္ေမာမွာပဲ...
ဒါေပမဲ့ အကိုက အားရွိသားပဲ...
ေနာက္ပိုင္း သူအသက္ႀကီးလာၿပီး အားပိုရွိလာတဲ့အခါ.. အရပ္ပိုရွည္လာတဲ့အခါ အကို႔ကိုျပန္တင္စီးမယ္လို႔ ေတြးတယ္..
ေလတျဖဴးျဖဴးနဲ႕ ညပိုင္းက်ေတာ့ နည္းနည္းေအးခ်င္တယ္...
စက္ဘီးစီးရင္း သူ႕အၾကည့္က အကို႔ခါးဆီကိုသာ မၾကာခဏ ေရာက္ေနတယ္။
အကိုရွပ္အက်ီစကိုပဲ ဆြဲကိုင္ထားမိတဲ့လက္ေတြကို တကယ္ပဲျပန္မလြတ္ခ်င္ဘူးရယ္..
ဘယ္လိုလုပ္ရမလဲ...
ဒီလို အက်ီစေလးက တကယ္တမ္းမွာလုံၿခဳံမႈမရွိဘူးဆိုတာသိေနေပမဲ့ လုံၿခဳံေနသလိုခံစားေနရတဲ့ ခံစားခ်က္ဟာ အကို႔ကိုသေဘာက်ရတဲ့ စိတ္ပဲထင္ပါရဲ႕...
"အိမ္ေရာက္ၿပီ.."
အခ်ိန္ကုန္တာဟာ ဘယ္လိုေတာင္ျမန္လိုက္သလဲ..
စက္ဘီးေပၚကဆင္းလိုက္ေတာ့ အကိုက သူ႕ဆီစက္ဘီးထိုးေပးလာတယ္။
"ဒီေန႕အတြက္ ေက်းဇူးပဲ..."
"တန္းျပန္ေတာ့မို႔လား.."
"ေနာက္က်ေနၿပီ"
နာရီၾကည့္ေတာ့တကယ္ေနာက္က်ေနၿပီ..
ဒါကို အကိုကတစ္ေယာက္တည္း လမ္းေလ်ာက္ျပန္မို႔လား...
အကိုမ်က္ႏွာတစ္ခုလုံးက ႏြမ္းနယ္လို႔ေနတယ္။
ပင္ပန္းမွာပဲ...
"စက္ဘီးယူသြား.."
အကို႔ကို စက္ဘီးျပန္ထိုးေပးလိုက္တယ္။
"ရတယ္.. ကိုယ္က ဒီအခ်ိန္ျပန္ေနက်ပဲ.."
"ပင္ပန္းေနၿပီမဟုတ္လား.."
"ရတယ္.. ကိုယ္ဒီအတိုင္း..."
"ဒါဆို အိမ္မွာပဲအိပ္မလား"
အကိုက သူ႕ကို ၾကည့္ၿပီးတစ္ခ်က္ၿပဳံးတယ္။
"ဟုတ္ပါၿပီ စက္ဘီးယူသြားပါ့မယ္.."
သူ႕ရင္ထဲ မတင္မက်...
"အကို လာဦးမွာမလား..."
"လာဦးမွာေပါ့ ဘာျဖစ္လို႔လဲ.."
"ဘယ္ခ်ိန္လာမွာလဲ.."
"ဒီတစ္ပါတ္ထဲ ကိုယ္အခ်ိန္ညွိၿပီး လာေပးမယ္ေလ.."
ဒီလူက ဘယ္ေလာက္ထိအပင္ပန္းခံဦးမလို႔လဲ..
သူက အကို႔ကိုပိုပင္ပန္းတာမ်ိဳးမျဖစ္ေစခ်င္..
"ေက်ာင္းမွာသင္တာေတြလည္း ကြၽန္ေတာ္ရပါတယ္.. ျပန္မသင္ေပးလည္း ရတယ္.. အကိုဒီကိုလာတဲ့အခါ နားလို႔ရပါတယ္"
သူ႕နဖူးေပၚေကာက္လာတဲ့ လက္ေတာက္တစ္ခ်က္..
မနာပါဘူး..ဖြဖြေလး..
"ဘာလဲ.. အပ်င္းထူေနတာမလား.. ဒီရက္ေတြမွာ စာေရာလုပ္ရဲ႕လား.."
"လုပ္ပါတယ္..အကိုကလည္း.."
"ကိုယ္က ဘယ္လိုလုပ္ၿပီးနားလို႔ရမွာလဲ.. မင္းမိဘေတြနားက အခေၾကးယူထားတယ္မဟုတ္လား... ဒါကိုယ့္အလုပ္ပဲေလ.."
အလုပ္လား..
"ဒါဆို ကြၽန္ေတာ္တို႔ရင္းႏွီးမႈက အလုပ္သက္သက္ပဲလား.."
စဥ္းစားသြားပုံရတဲ့အကိုက ခ်က္ခ်င္းမေျဖ..
"အင္း... မင္းက ပညာလိုတယ္..ကိုယ္က ေငြလိုတယ္ေလ... မင္းကိုေတာ့ ကိုယ္ခင္ပါတယ္.."
"ကြၽန္ေတာ္ကေတာ့.."
"အထဲဝင္ေတာ့... ေနာက္က်ေနၿပီ... ကိုယ္ျပန္ရေတာ့မယ္.."
"အကို.."
"စကားနားေထာင္. ရိေပၚ... စက္ဘီးကို မနက္က်ကိဳယ္ဝင္ေပးလိုက္မယ္"
လွည့္ထြက္သြားတဲ့ အကိုက ေႏြးေထြးသလိုရွိေပမဲ့ ေအးစက္ေနတုန္းပဲ...
ေလးလံနာက်င္လာတဲ့ခႏၶာကိုယ္က ေဆးေသာက္ဖို႔လိုလာျပန္ၿပီပဲ...
---------------------------------------