A chance to change the past (...
By Maihsu-97
131K 7.5K 234
ဟမ်!!.. ငါ​​သေသွားပြီမဟုတ်ဘူးလား... ဘယ်လို​ဖြစ်ပြီးဒီအိမ်ကိုပြန်ရောက်နေတာလည်း!! ဘုရားသခင်က ဝမ်ရိပေါ်ဆိုတဲ့လူမ... More
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25 (Final)
Part-7
5.6K 333 2
By Maihsu-97
  "ဒါဘာဖြစ်နေကြတာလည်း"
အနောက်ပါးဆီကထွက်လာတဲ့ ရိပေါ်၏အသံကြောင့်ရှင်းရှင်းကရှောင်းကျန့်ဆုပ်ကိုင်ထားသည့်လက်ကိုရုန်းကာ ရိပေါ်ဆီကိုပြေးသွားလေတော့သည်။
ထို့နောက်ရိပေါ်ရဲ့လက်မောင်းကိုဖက်ရင်း သနားစရာအသံလုပ်ကာ.....
"..ကိုကို...ရှောင်းကျန့်ရှင်းရှင်းကို နာအောင်လုပ်တယ်...ဟင့်! ရှင်းရှင်း ရဲ့လက်အရမ်းနာတာဘဲကိုကိုရယ် ဟင့်.."
"ကိုကို ရှင်းရှင်းကိုလေ...ဟင့်! ရှောင်းကျန့်က..."
"မင်းပါးစပ်ကိုခဏပိတ်ထားစမ်း ရှင်းရှင်း!!"
ရိပေါ်ပြောလိုက်တဲ့စကားကြောင့်ရှင်းရှင်းတစ်ယောက်အံ့သြသွားတာအမှန်ပင် ကိုကိုကသူမကိုဘယ်တုန်းကအော်ခဲ့ဖူးလို့လည်း ရှောင်းကျန့်ဆိုတဲ့အခြောက်ကောင်အတွက်ကိုကိုကရှင်းရှင်းကိုအော်သည်တဲ့လား...ကိုကိုဘာ​တွေဖြစ်နေတာလည်း...
"ရှောင်းကျန့်ဘယ်လိုဖြစ်တာလည်း ကျွန်တော့်ကိုပြော"
"ဟို...ဟို...ဘာ... ဘာမှတော့မဟုတ်ပါဘူးရိပေါ်..ငါနဲ့ရှင်းရှင်းနားလည်မူလွဲသွားရုံပါ.."
"ကိုကိုရှင်းရှင်းကိုလေ အဲ့ကောင်ရှောင်းကျန့်က.."
"မင်းပါးစပ်ကိုပိတ်ထားလို့ ငါပြောနေတယ်နော်ရှင်းရှင်း!!
ငါမင်းကိုမေးနေတာမဟုတ်ဘူး ပြီးတော့မင်းမှာယဥ်ကျေးမူမရှိဘူးလား ရှောင်းကျန့်က မင်းထက်အသက်အများကြီး ကြီးတယ် အဲ့တာကိုမင်းကအဲ့ကောင်လို့ပြောရ​​လောက်​တဲ့အထိ မင်းမှာရှိတဲ့ယဥ်ကျေးမူအဲ့​လောက်ခေါင်းပါးမယ်လို့ငါမထင်ထားဘူး"
"​ဗြဲ..အီးဟီးး ဟင့်!!..ဟီး.."
ရုတ်တရက်ရိပေါ်လက်ထဲမှာချီထားတဲ့သားက ထငိုလေသည်။ ကြည့်ရတာကလေးကရိပေါ်၏အသံကြောင့်နှင့်ပတ်ဝန်းကျင်အခြေအနေကြောင့် လန့်သွားဟန်ရှိသည်။
သားငိုသံကြားတာနှင့် ရှောင်းကျန့်ကသားဆီသွားလိုက်ကာ ရိပေါ်လက်ထဲကသားကိုလက်လွဲယူပြီးချော့မြူလေတော့သည်။
"သား..မငိုနဲ့နော်သားနော် ပါပါးရှိတယ်ဘာမှမဖြစ်ဘူး..မငိုနဲ့သား..တိတ် တိတ်.."
"ဟီးး ဟီးး ဟင့်!.."
အိမ်...အိမ်ပြန်ချင်တယ်..ပါပါး...ဟီးး...
"အင်း..အင်း..သားလေးပါပါးတို့ပြန်မယ်နော် သားလေး.."
ရှောင်းကျန့်ကသားကိုပြောပြီးတာနဲ့တပြိုင်နက်ရိပေါ်ဖက်လှည့်ကာ.....
"ရိပေါ် ငါတို့ပြန်နှင့်တော့မယ်.."
"မလိုဘူး ရှောင်းကျန့်ကျွန်တော်တို့တူတူပြန်မယ် "
"မဟုတ်ဘူးရိပေါ် ငါနဲ့သားအရင်ပြန်လိုက်မယ် မင်းရှင်းရှင်းနဲ့စကား​သေချာပြောလိုက်ပါအုံး ငါတို့သားအဖပြန်နှင့်တော့မယ်"
ရိပေါ်ကိုပြောပြီးတာနှင့်ရှောင်းကျန့်က လှည့်မကြည့်တော့ဘဲသားကိုချီကာထွက်သွားလေတော့သည်။
ရိပေါ်လည်း​နောက်ကလိုက်မသွားဖြစ်တော့....ဘယ်လိုဘဲဖြစ်ဖြစ် သူဒီနေ့ရှင်းရှင်းနဲ့အပြတ်ဖြတ်ရမည်...ရှင်းရှင်းကြောင့် သူအများကြီးစိတ်ရူပ်ခဲ့ရပြီးပြီ သူဆက်ပြီးစိတ်ရူပ်မခံနိုင်တော့ပါ....
"ရှင်းရှင်း ကိုယ်တို့တစ်နေရာရာမှာစကားသွားပြောရအောင် "
"အင်းကိုကို သွားရအောင်"
ဒီလိုနှင့်ရိပေါ်လည်းမှာထားပြီးထိတောင်မထိလိုက်ရတဲ့အစားအသောက်ဖိုးတွေကိုရှင်းလိုက်ပြီး ဆိုင်ထဲကနေစပ်စုသလိုကြည့်နေကြတဲ့လူတွေရဲ့မျက်လုံးတွေကိုလျစ်လျုရူ့လိုက်ပြီး ဆိုင်ပြင်ကိုထွက်လာလေတော့သည်။
ရိပေါ်နှင့်ရှင်းရှင်းတို့ထွက်လာပြီး လူရှင်း​ပြီးအရိပ်ရတဲ့သစ်ပင်ကြီးတစ်ပင်ရဲ့ခုံတန်းလျားလေး​အောက်မှာထိုင်​ပြီး စကားပြောကြတော့သည်။
"ရှင်းရှင်း ကိုယ်တို့လမ်းခွဲရအောင်"
ကိုကို!!!!
ဘာလို့လည်း ဘာလို့လမ်းခွဲမှာလည်း ရှင်းရှင်းတို့တွဲလာတာကြာနေပြီ အခုမှဘာလို့လည်း......
"ကိုယ်သေချာစဥ်းစားပြီးပြီ ကိုယ်တို့လမ်းခွဲရအောင်"
"ဟင့်အင်း...ရှင်းရှင်းဘက်ကလမ်းခွဲမပေးနိုင်ဘူး"
ရှင်းရှင်းကခေါင်းကိုအသွင်သွင်ခါကာ ငြင်းလေသည်။
"အဲ့တာရှင်းရှင်းဘက်ကပါ ကိုယ့်ဘက်ကပြီးပြီ နောက်တစ်ခါကိုယ်တို့မပက်သက်ကြရအောင်"
ပြောပြီးရိပေါ်နောက်ကိုမကြည့်ဘဲ ထွက်လာဖို့ပြင်တော့သည်။
"ကိုကိုသေချာပြီနော်....ရှင်းရှင်းကိုထားခဲ့မာသေချာပြီပေါ့..."
ရှင်းရှင်းကကျောခိုင်းသွားတဲ့ ရိပေါ်ရဲ့နောက်ကနေလှမ်းအော်လေသည်။
".....အင်း....."
ရိပေါ်လည်းပြန်လှည့်မကြည့်​တော့ဘဲ ​​ပြန်ဖြေလိုက်​ပြီး ရှေ့ဆက်လျှောက်သွားလေတော့သည်။
နောက်မှာကျန်ခဲ့တဲ့ရှင်းရှင်းတစ်ယောက်ကတော့ စိတ်ထဲမှာ​ရှောင်းကျန့်အပေါ် မုန်းတီးချင်းတွေ မနာလိုချင်းတွေနှင့်ပြည့်နှက်နေကာ အမုန်း​ကြီးမုန်း​နေမိလေသည်...အဲ့ဒီအခြောက်ကောင်ရှောင်းကျန့်က သူမထက်ဘာတွေသာလို့လည်း.......
"ကိုကိုကရှင်းရှင်းဆိုတဲ့ မိန်းမကိုလွယ်လွယ်နဲ့ဖြတ်လို့ရတဲ့မိန်းမမျိုးလို့ထင်လိုက်တာကို...ကိုကိုရှင်းရှင်းအကြောင်းသေချာမသိသေးပါဘူး...ပြီးတော့ရှောင်းကျန့်ရော......
ကိုကိုနှင့်ရှောင်းကျန့်ကသူမကိုဗီလိန်ဇာတ်သွင်းပေးတော့လည်း ရှင်းရှင်းဆိုတဲ့မိန်းမက ဒီဇာတ်ထဲမှာဗီလိန်မကြီးလုပ်ပြရအုန်းမာပေါ့......
ရှင်းရှင်းစိတ်ထဲမှာမကျေမနပ်တွေးလိုက်ပြီး မျက်နှာထက်မှာလည်းမဲ့ပြုံးတစ်ချက်ပြုံးကာ  သူမလည်းထိုနေရာကနေထွက်သွားတော့သည်။
ရိပေါ်ရှင်းရှင်းနဲ့ကိစ္စဖြတ်ပြီးတာနဲ့ အိမ်ကိုဘဲတန်းတန်းမှတ်မှတ်ပြန်လာခဲ့သည်။
အိမ်ရောက်ပြီး အိမ်တံခါးဝကိုဖြတ်လျှောက်လိုက်တဲ့အချိန် အရင်လိုသားလေးရဲ့ဆော့ကစားသံလေးတွေမကြားရဘဲ တိတ်ဆိတ်လို့နေပေသည်။
ရိပေါ်လည်း သူ့အခန်းထဲအရင်ဝင်ကာ အကျီလဲစရာရှိတာလဲပြီး သားလေးအခန်းထဲဝင်ကြည့်မိတော့ သားလေးကအေးချမ်းစွာအိပ်လို့နေလေသည်။ ကြည့်ရတာကလေးက စားသောက်ဆိုင်မှာဖြစ်ခဲ့တာတွေကြောင့်လန့်သွားဟန်တူသည်။ ရိပေါ်လည်းသားအနားသွားလိုက်ပြီး သားရဲ့​ခေါင်းလေးကိုပွတ်ပေးလိုက်ပြီး...နှဖူးလေးကိုဖွဖွနမ်းလိုက်ကာ..........
"ဒယ်ဒီ သားကိုမွေးကတည်းက အခုချိန်ထိတစ်ခါမှသားကိုမနမ်းဖူးဘူးနော်...ဒါပထမဆုံးနမ်းဖူးချင်းဘဲ....ဒယ်ဒီကမကောင်းဘူးနော်ဟုတ်တယ်မလား...ဒယ်ဒီကိုမုန်းတော့မမုန်းလိုက်ပါနဲ့ကွာ...ဒယ်ဒီအခုကစပြီး သားကိုရော သားပါပါးကိုရော ချစ်ပေးပါ့မယ်လို့ဒယ်ဒီဂတိပေးတယ်..နော်သားနော်.....သားကိုဒယ်ဒီအရမ်းချစ်တယ်..."
ပြောပြီးရိပေါ်က သားရဲ့နှဖူးလေးကိုနောက်တစ်ကြိမ်ထပ်နမ်းလိုက်ပြီး အခန်းပြင်ကိုထွက်လာလေတော့သည်။
ရိပေါ်အခုချိန်ထိရှောင်းကျန့်နှင့်မတွေ့ရသေး..သားအခန်းထဲကထွက်လာပြီးဧည့်ခန်းထဲမှာလည်းရှောင်းကျန့်ကရှိမနေပေ....
ဒီလိုနဲ့ရိပေါ်လည်း မီးဖိုခန်းဖက်ကိုဝင်သွားလိုက်တော့ မီးဖိုထဲမှာအလုပ်ရူပ်နေတဲ့ရှောင်းကျန့်ကိုတွေ့ရလေသည်။
"....ရှောင်းကျန့်...."
အနောက်ပါးဆီကထွက်လာတဲ့ရိပေါ်ရဲ့သြရှရှခေါ်သံကြောင့် ကြက်သွန်လှီးနေတဲ့ ရှောင်းကျန့်ရဲ့လက်တို့ ရပ်တန့်သွားခဲ့ရသည်။
"ပြန်..ပြန်ရောက်ပြီလားရိပေါ်"
ရှောင်းကျန့်နောက်ကိုလှည့်မကြည့်ဘဲ ပြန်ဖြေလိုက်မိသည်။
"....အင့်!!.."
ရိပေါ်က နောက်ကျောဖက်ကနေရုတ်တရက်​ရောက်လာပြီး ရှောင်းကျန့်ခါးကိုတင်းနေအောင်ဖက်ထားလိုက်ကာ ရှောင်းကျန့်ရဲ့ပုခုံးပေါ်ကိုခေါင်းမှီထားလေသည်။
ပြီးတော့ သူ့ရဲ့ဆွဲ​ဆောင်မူရှိတဲ့အသံသြရှရှဖြင့်...........
"ရှောင်းကျန့် ကျွန်တော်တို့သေချာစကားပြောရအောင်"
"အင်း...ရိ...ရိပေါ်"
ရှောင်းကျန့်အခုချိန်ထိပစ္စုပန်ကိုမယုံနိုင်သေး ရိ..ရိပေါ်ကသူကိုလာဖက်ပြီး စကားသေချာပြောကြရအောင်တဲ့....သူအိမ်မက်များမက်နေတာလား...
"ရိ..ရိပေါ် စကားပြောမယ်ဆို..ဖက်..ဖက်ထားတာလွှတ်ပေးပါအုံး..."
"...အင်း..."
ဒီလိုနှင့်ရိပေါ်လည်းဖက်ထားတာကိုလွှတ်ပေးလိုက်ပြီး ရှောင်းကျန့်ပုခုံးကိုကိုင်ကာ သူနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်လုပ်လိုက်လေသည်။
"အပြင်မှာ သွားပြောရအောင်ရှောင်းကျန့်"
"အင်း ရိပေါ် "
ဒီလိုနှင့်ရိပေါ်နှင့်ရှောင်းကျန့်တို့လည်းမီးဖိုခန်းကနေထွက်လာကြပြီး အိမ်ရှေ့ဧည့်ခန်းထဲမှာလာထိုင်ကြလေသည်။
"ရိပေါ်...ဘာပြောမလို့.........."
"ကျွန်တော်ရှင်းရှင်းနဲ့လမ်းခွဲလိုက်ပြီရှောင်းကျန့်"
"ဟင်"
"ဟုတ်တယ်ရှောင်းကျန့် ဒီတစ်ခါတော့ကျွန်တော်သူနဲ့မပက်သက်တော့ဘူး"
"ဘယ်လိုဖြစ်တာလည်းရိပေါ် ငါနဲ့ပြသာနာဖြစ်လို့ရှင်းရှင်းမင်းကိုစိတ်ဆိုးသွားတာလား..ဒါဆိုငါသူကိုရှင်းပြ........"
"..ကျစ်!!"
ကျွန်တော်ကခင်ဗျားယော်ကျားနော်..ခင်ဗျားယောကျာ်းကိုတခြားမိန်းမဆီထိုးပေးဖို့ကြံစည်နေတာလား...ခင်ဗျားကြံစည်နေလည်းအလကားဘဲရှောင်းကျန့်.....
"ကျွန်တော်အခုကစပြီး ခင်ဗျားကို လိုက်တော့မာ"
"............"
"အဲ့တာ​ကြောင့်ရှောင်းကျန့် ခင်ဗျားဘာမှထပ်မတွေးတော့နဲ့...အခုကစပြီးခင်ဗျားခေါင်းထဲမှာ ကျွန်တော်နဲ့သားလေးကိုချစ်ပေးဖို့ဘဲ​တွေးထား.."
"............."
TBC.....
(နောက်တစ်ပိုင်းချိုချိုလေးလာပါမယ်ညော်😚💗)
(တိုသွားတာ​လေး​တော့နားလည်ပေးပါ) ခရီးသွားနေတာမလို့အားတဲ့အချိန်လေးရေးတင်ပေးလိုက်လို့ပါ....💗
ဖတ်ပေးကြတဲ့တစ်ယောက်စီတိုင်းကျေးဇူးအများကြီးတင်ပါတယ်💗
************************************
Zawgyi........
"ဒါဘာဖြစ်နေကြတာလည်း"
"ဟီးး ဟင့်!!..ဟီး.."
"ဟီးး ဟီးး ဟင့်!.."
ကိုကို!!!!
".....အင်း....."
"....ရှောင်းကျန့်...."
"....အင့်!!.."
"အင်း...ရိ...ရိပေါ်"
"...အင်း..."
"အင်း ရိပေါ် "
"ရိပေါ်...ဘာပြောမလို့.........."
"ဟင်"
"..ကျစ်!!"
"............"
"............."
TBC.....
************************************
Continue Reading
You'll Also Like
131K 2.3K 48
Alexis Piastri is Oscar Piastri's older sister. After feeling unfulfilled with her life, Alexis decides to drop everything to take a gap year and joi...
85.8K 2.4K 38
Francesca Astor came to Love Island to find her soulmate, and once she sets her eyes on him, she's never letting go. Rob Rausch x Fem!oc #1 robertrau...
1.4M 32.2K 60
In which Daniel Ricciardo accidentally adds a stranger into his F1 group chat instead of Carlos Sainz.
187K 8.5K 106
In the vast and perilous world of One Piece, where the seas are teeming with pirates, marines, and untold mysteries, a young man is given a second ch...