Falling In Love With My Husba...

By Hinnery

987K 36.6K 1.6K

Season 1 သာမာန် လူလတ်တန်းစား မိသားစုက တက်ကြွကာ အလုပ်ကြိုးစားသော ခပ်ချောချော လူဆိုးကောင်လေး နေမင်းတာရာ မျိူးရိ... More

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇ ⚠️
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း 12
အခန်း 13
အခန်း 14
အခန်း 15
အခန်း 16
အခန်း 17 ⚠️
အခန်း 18
အခန်း 19
အခန်း 20
အခန်း 21
အခန်း 22
အခန်း 23
အခန်း 24⚠️
အခန်း 25
အခန်း 26
အခန်း 27
အခန်း 28
အခန်း 29
အခန်း 30
အခန်း 31
အခန်း 32
အခန်း 33
အခန်း 34
အခန်း 35
အခန်း 36
အခန်း 37
အခန်း 38
အခန်း 39
အခန်း 40
အခန်း 41
အခန်း 42
အခန်း 43
အခန်း 44
အခန်း 45
အခန်း 46⚠️
အခန်း 47
အခန်း 49
အခန်း 50
အခန်း 51⚠️
အခန်း 53
အခန်း 52
ဇာတ်သိမ်းပိုင်း
special episode
Season 2
အမည်ချိန်းခြင်း⚠️

အခန်း 48

18.4K 659 42
By Hinnery

"တိုက်ကား စီးကြမယ် ပါးပါး"

Sunလေးက သူ့ ဒယ်ဒီနဲ့ပါးပါး လက်ကို တစ်ဖက် တစ်ယောက်စီ တွဲကိုင်ထားရင်းမှ အော်သည်။တိုက် ကားကွင်းနားရပ်နေသည့် လူအချိူ့ရဲ့ အကြည့်တွေက ချမ်းတို့ထံကျရောက်လာသည်။အများစုက ကလေးမိဘတွေ ဖြစ်ပုံပေါ်ကာ အသက်အစိတ်သုံးဆယ် ဝန်းကျင်တွေဖြစ်သည်။

"လိင်တူ စုံတွဲဟဲ့"

"ဝါးးးဟုတ်သား..နှစ်ယောက်စလုံးက အမိုက်စားပဲ"

"ကလေးလေးကလည်း ချစ်စရာလေး"

"ဒါနဲ့ ဘယ်သူက ကလေးမွေးတာလဲ"

"ကလေးမွေးနိုင်တာလား...မွေးစားထားတာလား"

"မွေးစားထားတာ ထင်တယ်"

ချမ်းတို့ကို ကွက်ကြည့် ကွက်ကြည့် လုပ်ရင်း တီးတိုးဝေဖန်သံတွေ ထွက်ပေါ်လာသည်။သူ့တို့အတွက် လိင်တူစုံတွဲတွေက အထူးအဆန်း ဝေဖန်စရာဖြစ်နေသည်။ကလေးလေး ပါ ပါနေတော့ ပိုဆိုးရောပင်။စိတ်ဝင်စားမှုတွေက ဟိုထိပ်ဆုံးအထိ မြင့်တက်ကုန်သည်။သို့သော် နေ က ဂရုတောင် မစိုက်ပေ။

"ဒယ်ဒီ့သားက စီး ချင်ရင် စီးမှာပေါ့...သားနဲ့ ဒယ်ဒီတစ်စီး စီးမယ်...ပါးပါးက တစ်စီး..စီး...ဟင်...ဘေဘီ"

နေ ဒူးထောက်ထိုင်လိုက်ရင်း သား ကိုစကားပြောပြီး ချမ်း ဘက်လှည့်ကြည့်လိုက်တော့ လှစ်ခနဲ ပျောက်သွားသူကြောင့် မျက်လုံးပြူးသွားရသည်။

"ဘေဘီ!"

ချမ်း က ဘောင်းဘီ အိတ်ထဲ လက်နှစ်ဖက်ထိုးထည့်ကာ အေးဆေးရပ်နေပြီး ခုနက အတင်းတုတ် တီတိုးဝေဖန်နေကြသည့် ဝတ်ကောင်းစားလှ အမျိူးသမီးတစ်သိုက်နဲ့ မျက်နှာချင်းဆိုင် နေသည်။နူးညံ့လှပသည့် အရပ်ရှည်ရှည်ကောင်လေးက ထိပ်တိုက်ရင်ဆိုင်တွေ့လာတော့ ထိုအမျိူးသမီးတစ်သိုက် ပါးစပ်ပိတ်ကာ မျက်နှာတွေ ဟိုလွှဲဒီလွှဲဖြစ်ကုန်သည်။

ချမ်းက မျက်နှာတည်လေးဖြင့်....

"သားက ကျွန်တော်ကိုယ်တိုင် ဗိုက်ခွဲပြီးမွေးထားတာ...ကျွန်တော်တို့ သားအရင်း "

"ရှင်...အဲ..ဟို..ဟုတ်ကဲ့..ဂုဏ်..ဂုဏ်ယူပါတယ်"

ချမ်း ပြောသည်ကို ရှေ့ဆုံးတွင်ရပ်နေသည့် အမျိူးသမီးတစ်ယောက်က ထစ်ထစ်အအ ပြန်ဖြေရှာသည်။

"ဘေဘီ...ဘာလုပ်နေတာလဲကွာ"

နေက သား လက်ဆွဲကာ ချမ်း နား ရောက်လာသည်။‌

"ဒီမှာ..သား..အကြောင်း..အရမ်း စိတ်ဝင်စားနေကြလို့ ပြောပြနေတာလေ"

ချမ်းက မကျေမနပ်လေသံဖြင့် ပြန်ပြောသည်။နေရင်း ထိုင်ရင်း သူများအကြောင်းအရမ်းစိတ်ဝင်စားနေကြတာတော့ မဟုတ်သေးပါဘူး။သား က ဘေးနားရပ်နေသည့် လူနဲ့ ချွတ်စွတ်တူနေတာတောင် မွေးစားသားလုပ်နေကြသေးသည်။

"စိတ်လျှော့ပါ ဘေဘီရာ..လာ..မောင် တို့ တိုက်ကားစီးကြမယ်"

နေ ချမ်းလက်လေးကိုပြန်ဆွဲခေါ်လာရသည်။ချမ်း မျက်နှာစူပုပ်ပုပ်လေးဖြင့် နေ ဆွဲခေါ်ရာနောက် ပါလာသည်။

"ပါးပါး ဘာတေစိတ်တိုနေတာယဲ"

နေ့ လက်တစ်ဖက်ကိုဆွဲကိုင်ထားသည့် sunလေးက သူ့ပါးပါးမျက်နှာကို မော့ကာမြင်အောင်ကြည့်ရင်း မေးသည်။

"ပါးပါးက တိုက်ကားမစီးရလို့တဲ့"

နေက ကြားထဲက ဝင်ဖြေသည်။

"ဟာဂျာ ...ပါးပါးကလည်း..စိတ်မတိုနဲ့..ခု စီးမယ်....."

Sunလေးက ပြောပြီး သူ့ဒယ်ဒီနဲ့ပါးပါး လက်ကိုဆွဲကာ တိုက်ကားကွင်းထဲ သို့ခေါ်သွားတော့သည်။နေနဲ့ sunလေးက တစ်စီး၊ချမ်းက တစ်စီး စီးကြသည်။တိုက်ကားစီးသည့် လူတွေ တော်တော်များကာ စည်ကားနေသည်။

"ယေးးပါးပါးကို တိုက်မယ်"

Sunလေးက နေ့ ရင်ခွင်ထဲ ထိုင်နေရင်းမှ ပျော်ရွင်စွာအော်သည်။နေ က သူ့သားစကားကိုနားထောင်ကာ ချမ်း စီးနေသည့် ကားလေးကို ဝင်တိုက်သည်။

"‌မင်းတို့ သား အဖ ငါ့ကို အနိုင်ကျင့်နေတယ်ပေါ့!!"

ချမ်း ကစိတ်ဆိုးဟန်ဖြင့် ပြောနေသော်လည်း မျက်နှာကတော့ ပြုံးရွှင်နေပေသည်။သုံးယောက်လုံး အသက်ဝင်စွာ ပျော်ရွှင်ရယ်မောနေကြသည်။ရှိသည့် မိသားစုသုံးယောက်‌ ခုမှ စုံစုံလင် လင်ပြန်ဆုံရသည်မဟုတ်လား။တိုက်ကား စီးပြီး ပြန်လာတော့ sunလေးကို သူ့ဒယ်ဒီ ပွေ့ချီခေါ်လာသည်။

"ဒယ်ဒီ..ice cream စားမယ်"

ရှေ့နားတွေ့ရသည့် ပန်းရောင်ရေခဲမုန့်ဆိုင်လေးကိုတွေ့သည်နဲ့ sunလေးက လက်ညှိုးထိုး ပြောသည်။

"ဟုတ်ပြီဗျာ..သား စား ချင်ရင် စားမှာပေါ့"

"မစားရဘူး!..သား"

ချမ်း စကားကြောင့် နေ့ ခြေလှမ်းတွေ ရပ်တန့်သလို sunလေးလည်း မျက်နှာငယ်လေးနဲ့ဖြစ်သည်။

"‌သား..ချောင်းဆိုးချင်နေတာ...ရေခဲမုန့် စားလို့မဖြစ်ဘူး"

"ပါးပါး..သား..ပိစိလေးပဲ စားမယ်လေ..အိမ်ပြန်‌ရောက်ရင် ဆေးလည်းသောက်မယ်"

"မစားရဘူး...sunလေး"

ချမ်းက မျက်နှာထားတစ်စက်မှ မလျော့ပေ။ရေခဲမုန့်တွေ စားပြီး သား တစ်ညလုံးချောင်းဆိုးနေမှာ သူစိုးရိမ်သည်။Sunလေး မျက်နှာက ငိုချတော့ မလို မဲ့မဲ့လေးဖြစ်လာသည်။သူ ရေခဲမုန့် တအားစားချင်နေသည်။Sunလေးက သူ့ဒယ်ဒီကို အကူအညီတောင်းသလို မျက်နှာငယ်လေးဖြင့် မော့ကြည့်သည်။

"ဦနေမင်းတာရာ...ချမ်း မသိပဲ သားကိုရေခဲမုန့် ကျွေးဖို့မစဉ်းစားနဲ့နော်"

ချမ်း ကနေ့ကို မျက်စောင်းလေးရွယ်ကြည့်ကာ ဦးအောင် တားမြစ်သည်။

"‌မကျွေးပါဘူးကွာ....သား..လိမ်မာရမယ်လေ...သားနဲ့ မတည့်လို့ ပါးပါးမကျွေးတာ..စိတ်ကို ထိန်းထား မစားချင်ရဘူး....ဒယ်ဒီ ဆိုင်ကယ် ဝယ်ပေးမယ်"

"ဒယ်ဒီ...တကယ်နော်..ဆိုင်ကယ်ဝယ်ပေးရင် သား..စားတော့ဘူး"

ဆိုင်ကယ်ဟု အသံကြားသည်နဲ့ Sunလေး မျက်လုံးလေးတွေ လက်ခနဲဖြစ်ကာ သူ့ကို ပွေ့ထားသည့် နေ့ လည်ပင်း လက်တိုတိုလေးတွေဖြင့် ပျော်ရွှင်စွာ ပွေ့ဖက်သည်။ပါးပါးက ဆို သူ့ကို ဆိုင်ကယ်ဝယ်ပေးဖို့ တစ်ခါမှမပြောဖူးဘူး မဟုတ်လား။ဒယ်ဒီ အကောင်းဆုံးပဲ။

"သားက ပေါက်စလေး ရှိသေးတယ်မောင်ရယ်...ဆိုင်ကယ်ကြီး ဝယ်ပြီး..ဘာလုပ်မှာလဲ..ဂျောင် ထိုး ထားမလို့လား"

"သား..7နှစ်ဆို ဆိုင်ကယ် ဆီးမှာ ပါးပါး"

sunလေးက သူ့ဒယ်ဒီ ကိုယ်ပေါ်မှ ချမ်းကို လက်ချောင်းရဲရဲလေး ခုနစ်ချောင်းထောင်ပြကာ တက်ကြွစွာ အော်ပြောသေးသည်။ချမ်း သားကိုကြည့်ပြီး ရယ်မိတော့သည်။ဒီကလေးလေး သူ့ဒယ်ဒီအတိုင်းပဲ။

"ဘေဘီကလည်း မောင်နဲ့အတူတူ စီးလို့ရတယ်လေ"

"မောင် စီးနေကျ ဆိုင်ကယ်ကို အတူစီးကြပေါ့...ဒါပေမဲ့..ချမ်း မသိပဲ မစီးရဘူး"

"ဟုတ်ပါပြီ ဗျ ...ဘေဘီ အမိန့်တော်အတိုင်းပါ"

"ခစ်..ခစ်...ဒယ်ဒီလည်း သားလိုပဲ ပါးပါးကိုကြောက်ရရယ်"

Sunလေးက သူ့ပါးပါးနဲ့ဒယ်ဒီ စကားပြောနေသည်ကို ကြည့်ပြီး ဘာတွေ သဘောကျနေသည်မသိ။တခစ်ခစ်ရယ်ရင်း မှတ်ချက်ချသည်။

"ဒယ်ဒီက ကြောက်တာ မဟုတ်ဘူး..သား.ရ...ချစ်တာ..ချစ်တာ"

"သားလည်း ပါးပါး ကိုချစ်တယ်"

"ဟုတ်လား..ဒါပေမဲ့ ဒယ်ဒီက ပိုချစ်တာပါကွာ"

"ဟင့်အင်း...သားက ပိုချစ်တာ"

သား အဖနှစ်ယောက် အချစ်ပြိုင်ရင်းပင် ရပ်ထားရာ ကား နားရောက်လာကြသည်။

"မောင်...ကား မောင်း လိုက်မယ်"

"အင်း"

နေ က driverနေရာ‌တွင် နေရာ ယူကာ Sunလေးက သူ့ဒယ်ဒီ ဘေး lover seatတွင် ထိုင်သည်။ချမ်း ကတစ်ယောက်တည်း ကား နောက်ခန်းမှာ ဖြစ်သည်။Sunလေးတို့ များ ပါးပါးကို ချစ်တယ်ဆိုပြီး သူ့ ဒယ်ဒီ ဘေးက မခွာပေ။နေ က ကားကိုးဖြည်းဖြည်းချင်း စထွက်သည်။

"ညကျ မောင့်ကို ဘေဘီလိုချင်တဲ့ အိမ်ဒီဇိုင်းပုံစံ ပို့ပေးအုံး"

"ဟင်"

ကားမောင်းနေရင်းရုတ်တရက်ပြော လာသည့် နေ စကားကြောင့် ချမ်း ဟင်ခနဲဖြစ်သည်။နေ က နောက်ကြည့်မှန်မှ တစ်ဆင့် ချမ်း မျက်နှာလေးကို ကြည့်လာရင်း ...

"ဘာတွေ အံ့ဩ နေတာတုန်း...မောင် တို့ မိသားစု နေမယ့် အိမ်လေ...အခုထိ မောင်တို့အတူတူနေ ဖို့မစဉ်းစားသေးဘူးလား"

Sunလေးက ကစားရတာပင်ပန်းသွားသည် ထင်သည်။ကား ထိုင်ခုံကိုမှီကာ ခေါင်းလေး ငိုက်စိုက်ကျနေပြီဖြစ်သည်။

"မဟုတ်ပါဘူး..ရုတ်တရက်ဆိုတော့ အံ့ဩလို့..ဒါပေမဲ့..မာမီက......."

"မာမီတွေ ဘာတွေ မသိဘူးနော်...ဘေဘီ မောင် ထပ်ပြီးခွဲမနေနိုင်တော့ဘူး...မောင် အခု သားနဲ့ဘေဘီ့ကို အိမ်ပြန်မပို့ပဲ တစ်ခါတည်း ခိုးပြေးသွားရမှာလားပြော"

"မင်းနော်..ပေါက်ကရတွေ"

"ဘာ ပေါက်ကရလဲကွာ...ဘေဘီရော မောင်နဲ့ သားနဲ့ တစ်အိမ်တည်း အတူတူမနေချင်ဘူးလား"

မေးတတ်တယ်။ဘယ်သူက မနေချင်ပဲ နေပါ့မလဲ။ချမ်း စိတ်ထဲက ချက်ချင်းထဖြေသည်။

"ဟုတ်ပါပြီ...ကား ကို ဂရုစိုက်မောင်း...ည ကျ ပို့လိုက်မယ်"

"အိုကေ...မောင် တစ်လအတွင်း ပြီးအောင် ဆောက်ခိုင်းလိုက်မယ်...လောလောဆယ် ဘေဘီတို့ ‌မောင် နေတဲ့အိမ်မှာ မောင်နဲ့အတူလာနေလို့ရတယ်"

"အင်း"

ချမ်း ခေါင်းငြိမ့်လိုက်ပေမဲ့ သိပ်တော့မသေချာသေး။ချမ်း ဆန်ဒအရဆို မောင်နဲ့အတူတူ ချက်ချင်းသွားနေဖြစ်မှာဆိုပေမဲ့ မာမီ ရှိသေးသည်လေ။သူ ဒီလို ချက်ချင်း ထလုပ်လိုက်ရင် မာမီ ဘယ်လိုကျန်နေခဲ့မလဲ။ချမ်း အတွေးနဲ့အတူ စိတ်မောစွာ သက်ပျင်းသာ ချမိသည်။နေက ကားမောင်းနေရင်းမှ မှန်မှတစ်ဆင့် ချမ်း မျက်နှာလေးကို အကဲခတ်ကြည့်သည်။

"‌မောင် ဘေဘီ့မာမီနဲ့အဆင်ပြေအောင် ညှိနှိုင်းမှာ မလို့ ဘေဘီ တအားစိတ်ပူမနေနဲ့"

နေ့ စကားကြောင့် ချမ်း က ပြုံးသည်။မောင်က သူ့အရိပ်လိုကြည့်ကာ ဂရုတစိုက်ရှိလွန်းလှသည်။

"ကျေးဇူးပါ မောင်"

ကားလေးက အဆောက်အဦး ကြီးရှေ့ထိုးရပ်သွားသည်။ကားရပ်ပြီးသည်နဲ့ နေက
ချမ်း စကားကြောင့် ကားနောက်ခန်းတွင် ထိုင်နေသည့် ချမ်း မျက်နှာလေးကို လှည့်ကြည့်လာသည်။

"ဘာတွေ ကျေးဇူးတင်နေတာတုန်း ဘေဘီရဲ့"

"ဒီအတိုင်းပဲ"

ချမ်းက နေ့နဲ့ မျက်လုံးချင်းဆုံအောင်ကြည့်ကာ ပြုံးပြုံးလေးပြန်ဖြေသည်။မောင်ဘက်က အလျှော့မပေးဘဲ ချမ်း လို မာနကြီးနဲ့ နေခဲ့မည်ဆိုလျှင် ချမ်း တို့ ပြန်လည်ပေါင်းစပ်ဖို့ဆိုတာ ရှိလာနိုင်မည်မဟုတ်ပေ။ချမ်းကို အမြဲ‌အလျှော့ပေးတတ်သည့် မောင့်ကို ချမ်း တကယ်ကျေးဇူးတင်ရပါသည်။နေက ချမ်းနဲ့ မျက်လုံးချင်းဆုံ ကြည့်နေရာမှ ရုတ်တရက် ကားပေါ်မှ ဆင်းသွားသည်။နေ ကားပေါ်မှ ဆင်းလာတာမြင်သည်နဲ့ မှန်တံခါးဘေးနား အသင့်ရပ်နေကြသည့် security guardနှစ်ယောက်က တံခါးဖွင့်ပေးဖို့ပြင်ကြသည်။သို့ပေမဲ့ နေ က ရှေ့ခန်းမှဆင်းပြီး ချမ်း ရှိရာ ‌ကား နောက်ခန်းသို့ ရောက်လာတာဖြစ်သည်။

သူတို့ ဘောစ် အထဲဝင်လာတော့မည် မှတ်ပြီး တံခါးဆွဲဖွင့်ပေးဖို့ စောင့်နေကြသည့် လုံခြုံရေး နှစ်ယောက် အူကြောင်ကြောင်ဖြစ်သွားရသလို ကား နောက်ခန်းထဲ ရောက်လာသည့် နေ့ကိုကြည့်ပြီး ချမ်း လည်း မျက်လုံးလေးဝိုင်းသည်။

"ဘာ..ဘာဖြစ်လို့လဲ..‌.မောင်"

ချမ်း ကို အုပ်မိုးလာသည့် နေ့ ကိုယ်လုံးကြီးကြောင့် ချမ်း မျက်လုံးလေးဝိုင်းလျက် ထိတ်ထိတ်လန့်လန့်ဆိုသည်။‌နေ က ချမ်း ပုံစံလေးကိုကြည့်ပြီး ပြုံးသည်။

"နမ်း ချင်လို့"

"မင်းနော်...မရဘူး ..ဖယ် သား ရှိတယ်"

ချမ်းက နေ့ရင်ဘတ်ကြီးကို တွန်းဖယ်ရင်းဆိုပေမဲ့ နေ က ချမ်း ကိုအုပ်မိုးထားရာမှ တုတ်တုတ်မျှမလှုပ်ပေ။

"တိုးတိုးလေ ဘေဘီရဲ့ သားနိုးသွားမယ်"

"မင်း!"

နေက ပြောရင်း ချမ်း တစ်ကိုယ်လုံးကို ပွေ့ပိုက်ကာ သူ့ပေါင်ပေါ်ထိုင်စေသည်။နေက ချမ်းကိုပေါင်ပေါ်ပွေ့တင်ထားရင်းမှ လက်အစုံက ချမ်း ကိုယ်လုံးလေးကို တင်းတင်းပွေ့ဖက်ထားသေးသည်။

"ဘေဘီ့က မောင့်ကို မြှူဆွယ်နေတာကို"

နေ့ စကားကြောင့် ချမ်း မျက်လုံးလေးပြူးသည်။သူ ဘာများမြှူဆွယ်လိုက်မိလို့လဲ။

"ဘာမြှူဆွယ်လို့လဲ...မောင်နော်..ဖယ်..လွှတ်တော့ လမ်းမကြီးမှာ"

"ဟင့်အင်း...ကားထဲမှာ ဘယ်သူမှမမြင်ပါဘူး...နော်...ဘေဘီ..မောင် အားဖြည့်ဖို့ လိုနေတယ် ဘေဘီ့ကို နမ်းရမှဖြစ်မယ်"

The Sun ရဲ့ စည်းကမ်းတင်းကြပ် ပြတ်သားလှပါသည်ဆိုသည့် CEOကြီး သူ့မိန်းမကို ချွဲနေသည့် မြင်ကွင်းကို ဝန်ထမ်းတွေ မြင်ရင်တော့ သွေးထ အန်ကြမည်အမှန်ပင်။အသည်းအသန် ဖြစ်နေသည့် မောင့်ကြောင့် ချမ်း ငြင်းဆိုရန်ခက်ကာ ရှေ့ခန်းက သား အခြေအနေလှမ်းကြည့်မိသည်။သားက သူ့ဒယ်ဒီလျှောချပေးထားသည့် ထိုင်ခုံပေါ် စိတ်ချ လက်ချ အိပ်နေပေသည်။

"ခဏပဲနော်"

"အိုကေပါဗျာ"

မောင့်ရဲ့တက်တက်ကြွကြွ အသံကြားပြီးသည်နဲ့ ချမ်း မြန်မြန်နမ်းပြီရင် အေးရောတွေးကာ မောင့် လည်ပင်းကို ပြန်လည်ပွေ့ဖက်လိုက်ပြီး မောင့် နှုတ်ခမ်း အစုံကို မျက်လုံးလေးမှိတ်ကာ အရင် ထိကပ်နမ်းရှိုက်လိုက်သည်။ချမ်း အပြုအမှုလေးကြောင့် နေ က နှုတ်ခမ်းချင်းထိကပ်နေရင်းမှ သဘောကျစွာပြုံးသည်။ပြီးသည်နဲ့ ချမ်း ခါးလေးကိုတင်းတင်းတိုးဖက်ရင်း ချမ်း နှုတ်ခမ်းလွှာလေးကို စတင်စုပ်ယူနမ်းရှိုက်တော့သည်။အိစက် စိုအိနေသည့် နှုတ်ခမ်း‌လွှာလေး တစ်စုံက နေ့အတွက် သောက်လေ သောက်လေ ငတ်မပြေသည့် ပင်လယ်ရေလို ပင်။ဘယ်တော့မှ နမ်း မဝပေ။

"ပြွတ်စ်.!"

"ဟင့်!"

အသက်ရှုသံပြင်းပြင်းတွေနဲ့နမ်းစုပ်သံအချိူ့က ကားထဲပေါ်ထွက်လာသည်။နေက ချမ်း ခေါင်းလေးကို ထိန်းကိုင်ပြီး ချမ်း နှုတ်ခမ်းလွှာလေးတွေကို ပြင်းပြင်းရှရှစုပ်ယူသည်။ချမ်း ကိုယ်တိုင် မောင့်အနမ်းတွေ အောက် နစ်မြောသွားရကာ ပြန်လည်တုံ့ပြန်နမ်းရှိုက်မိသည်။နှစ်ယောက်သား တက်ညီလက်ညီ အနမ်းတွေ ဝေနေစဉ်..

"ပါးပါး"

"အင့်!"

"ဒုန်း"

ရုတ်တရက် သား ရဲ့ခေါ်သံကြောင့် ချမ်း လန့်သွားကာ နေ့ကိုယ်ကြီးကို အားဖြင့်တွန်းဖယ်ပစ်သည်မို့ နေ နောက်လန်ကျကာ ကား တံခါးနဲ့ နောက်စေ့ ဒုန်းခနဲ ဆောင့်မိသည်။အီစလံ ဝေသွားကာ နေ့ မျက်နှာက ရှုံ့မဲ့မဲ့။ချမ်း အထိတ်တလန့် သား ရှိရာဘက်လှည့်ကြည့်မိသည်။သားက အိပ်ပျော်နေဆဲပင်။အိပ်နေရာမှ ယောင်ခေါ်တာဖြစ်သည်။

"sorry..sorry မောင် နာ သွားလား"

ချမ်းက အနမ်းဒဏ်ကြောင့် နှုတ်ခမ်းလေးတွေ ရဲတွတ်နေကာ ‌‌ဆံပင်တွေကလည်း အနည်းငယ်ပွယောင်းနေသည်။မျက်နှာကြီး ရှုံ့မဲ့နေသည့် နေ့ နားပြန်ကပ်လာကာ ဆွဲထူရင်း မေးသည်။

"အရမ်းနာ သွားလား..ဟင်..မောင်"

ချမ်းက နေ့ နောက်စေ့နေရာကို ပွတ်သပ်ပေးရင်း စိုးရိမ်စွာဆိုသည်။

"သား..နိုးသွားတာလား"

"ဟင့်အင်း..မနိုးဘူး..မောင် ...ယောင်ခေါ်တာ"

"အဲဒါဆို..မောင်တို့...ပြန်စ...."

"တော်ပြီ...သွားတော့..ချမ်းတို့လည်းပြန်တော့မယ်"

"ဘေဘီကလည်း..ခဏလေး...."

"ဟင့်အင်း...မရဘူးနော်..မောင်...ဆင်းတော့"

ချမ်းက နေ့ကို ဇွတ်အတင်းပင် ကားပေါ်က နှင်ချတော့သည်။ချမ်းကို မလွန်ဆန်နိုင်သည်မို့ နေ ချမ်း သဘောအတိုင်း ကားပေါ်မှ ဆင်းလိုက်ရသည်။ချမ်းက နေ အောက်ရောက်ပြီးသည်နဲ့ မောင်းသူနေရာ ဝင်ထိုင်ကာ ကားမောင်းထွက်သွားလေတော့သည်။နေ ဘာမှမပြောနိုင် ကျန်ခဲ့ရသည်။

"ဘောစ်...ပြန်ရောက်လာပါပြီလား ခင်ဗျ"

"အဟမ်း...ရောက်ပြီ"

လုံခြုံရေး နှစ်ယောက်က နေ ဝင်လာ‌တာမြင်တော့ အလိုက်တသိ တံခါးဖွင့်ပေးပြီး ဦးညွတ်ကာ နှုတ်ဆက်စကားဆိုသည်။နေ အနည်းငယ် တွန့်နေသည့် ကုတ်ကိုသပ်ရပ်အောင်ပြုပြင်ပြီး ပြန်လည်ခေါင်းငြိမ့်ပြလိုက်သည်။

"ဟေ့ကောင်...ငါတို့ဘောစ့် ကားပေါ်က နှင်ချခံလိုက်ရတာလား"

"အေးကွ...."

နေ ထွက်သွားပြီးသည်နဲ့ ထိုလုံခြုံရေးနှစ်ယောက် တအံတဩပြောဆိုကျန်နေခဲ့ကြပေသည်။




<<<<<<>>>>>>>



"ချမ်းကို တခြားတစ်ယောက်နဲ့  စေ့စပ်ပေးသည်အထိ ကျွန်တော် ငြိမ်ခံမယ်လို့ ထင်နေတာလား အန်တီ"

နေ က ရှေ့က ကော်ဖီခွက်ကို တစ်ကျိူက်‌ယူသောက်ပြီးမှ အပြုံးလေးနဲ့ ပြောရင်း ခွက်ကို အသာပြန်ချသည်။‌နေက အေးဆေးဆိုပေမဲ့ ဒေါ်မေမီမျက်နှာက ကြောက်စရာကောင်း အောင်တင်းမာနေသည်။နေ့ရဲ့ဖိတ်ခေါ်ချက်အရ ဒေါ်မေမီ ဒီဆိုင်သို့ရောက်လာရခြင်းဖြစ်သည်။

"မငြိမ်ခံတော့ မင်းက ဘာလုပ်ချင်သေးလို့လဲ..နေမင်းတာရာ...ငါ့သားက မင်းနဲ့ ဘာမှမဆိုင်တော့ဘူး"

"အဟက်...မဆိုင်တော့ဘူးလား...ခင်ဗျားတို့ လုပ်ခဲ့တဲ့ ကွာရှင်းစာချူပ်အတုတွေ၊ကျုပ်ပို့ခဲ့ပါတယ်ဆိုတဲ့ စာ အတုက အခုချိန်ထိ အကျူံးဝင်အုံးမယ်လို့ ထင်နေတာလား....ထပ်ပြီး ခင်ဗျား လုပ်သမျှ ဒီကောင်က ငြိမ်ခံအုံးမယ်လို့ ထင်နေတာလား ဒေါ်မေမီ"

နေ က အေးစက်စက်ရယ်ရင်းဆိုသည်။နေ့ ပုံစံကိုကြည့်ရင်း ဒေါ်မေမီ စိတ်တိုစွာဖြင့် လက်သီးဆုပ်သည်။

"မင်း...ရိုင်းစိုင်းလိုက်တာ...လူကြီးကို လေးစားကောင်းရမှန်း မသိဘူးလား"

"လေးစားခံချင်ရင် လေးစားခံထိုက်အောင် နေ ဖို့လိုတယ်ဆိုတာ ကျွန်တော့်ယောက်ခမကြီး မေ့နေတယ် ထင်တယ်....ကိုယ့်သားတစ်ယောက်လုံးရဲ့ မိသားစုကိုပြိုကွဲအောင် လုပ်ရက်တဲ့ ခင်ဗျားက လေးစားခံထိုက်လို့လား"

"မင်း!!"

နေ ပြောသမျှမှန်နေသည်မို့ ဒေါ်မေမီ မျက်လုံးပြူးကာ နေ့ကို လက်ညှိုးထိုးရင်းဘာပြန်ပြောရမှန်းလည်းမသိပေ။ဒီကောင်လေး အရင်ကနဲ့ မတူပဲအများကြီးပြောင်းလဲလာသည်။The Sunကို ဒီကောင်လေးပိုင်ဆိုင်သွားတော့လည်း ဘာလုပ်မှာလဲ။အမိ မျိူးရိုးက ဟိုးအဆင့်နိမ့်ထဲက။

"အန်တီ ကျွန်တော့်နဲ့ ချမ်းကို သဘောမတူတဲ့ အကြောင်းရင်း..ကျွန်တော် သိတယ်ထင်တယ်..ဘာလို့လဲ...ကျွန်တော့်အမေက အန်တီတို့လို မျိူးရိုးကြီး မျိူးရိုးကောင်းထဲက မဟုတ်လို့လား"

နေက မျက်ခုံးတစ်ချက်ပင့်ကာ ဒေါ်မေမီကို မျက်လုံးချင်းဆုံအောင်ကြည့်ပြီး ခပ်တည်တည်ပင် မေးသည်။"ဘေဘီ့ မာမီနဲ့ပြေလည်အောင် ညှိုနှိုင်းပါ့မယ်"ဆိုတဲ့ စကားက သူ ချမ်း စိတ်မပူအောင် ပြောခဲ့ရုံသက်သက်ပင်။ဒေါ်မေမီလို လူစားက သူ ခေါင်းငုံ့ငြိမ့်ခံ ခွင့်လွှတ်သည်းခံနေရုံနဲ့ရမည်မဟုတ်ပေ။

"မင်း သိရင်ပြီးတာပဲ...ငါတို့ မျိူးဆက်က မျိူးရိုးကြီးထဲကပင် ဖြစ်ရမယ်...မင်းလိုချင်ရင် မင်း သားကိုမင်းပြန်ခေါ်လေ...ငါ့သားကိုတော့ မင်းပြန်ရမယ်ထင်မနေနဲ့"

"ဟား..ခင်ဗျားတကယ် အသည်းနှလုံး မရှိတဲ့ မိန်းမ ပဲ...ဒေါ်မေမီ ခင်ဗျား ကိုယ်ချင်းစာတရားရော ရှိရဲ့လား.....တောက်!"

နေ ကပြောရင်း သည်းမခံနိုင်အောင် ဒေါသထွက်လာသလို တောက်ခေါက်ပြီး ထိုင်နေရာမှ ထရပ်သည်။အံ့ဩစရာကောင်းလိုက်တာ။‌ဒေါ်မေမီက သူ့မြေးအရင်းကို ‌နည်းနည်းလေးတောင် သံယောဇဉ်မရှိဘူးတဲ့လား။

"ချမ်းကိုရော...သားကိုရော ကျွန်တော် ချက်ချင်းပြန်ခေါ်မှာမို့ ခင်ဗျား စိတ်ပူမနေနဲ့"

နေ က ထိုမျှပြောပြီး ‌‌ထွက်သွားလေသည်။ဒေါ်မေမီ တစ်ယောက်တည်း ကျန်နေခဲ့လေသည်။‌အသက် ခြောက်ဆယ်နီးပါးရှိပြီဆိုပေမဲ့ ဒေါ်မေမီက ခန်ဓာကိုယ်သွယ်သွယ်လျလျ‌နဲ့ ကျန်းမာနုပျိူတုန်းဖြစ်သည်။နေ ကာ မျက်မှန်အောက်က ဒေါ်မေမီ မျက်ဝန်းတွေ အနည်းငယ် တုန်လှုပ်ခြောက်ခြားလျက်ရှိသည်။သူမ စကားအဖြစ်ထိုသို့ပြောလိုက်မိပေမဲ့ သူမမြေးလေးကို သူမ အသက်တမျှ ချစ်မြတ်နိုးပါသည်။ချမ်းလေးနဲ့မြေးလေးသာ သူမကိုစွန့်ခွာပြီး အဲဒီကောင်လေးနောက် လိုက်သွားကြလျှင် သူမ ရင်ကျိူးရလိမ့်မည်။ချမ်းလေးသာ သူမ သူတို့နှစ်ယောက်ကိုခွဲဖို့ ထိုသို့လုပ်ခဲ့သည်မှန်းသိလျှင် သူမကိုနာကြည်းသွားမည်လား။သူမ အတ်တ၊မာန်မာနတွေ အရမ်းများကြီးမိခဲ့သည်လား။ဒေါ်မေမီ သူမ လုပ်ခဲ့တဲ့လုပ်ရပ်တွေ အတွက် ပထမဆုံး အကြိမ် နောင်တရသလို ခံစားမိသည်။





<<<<<<<>>>>>>>>



"တိုက္ကား စီးၾကမယ္ ပါးပါး"

Sunေလးက သူ႔ ဒယ္ဒီနဲ႔ပါးပါး လက္ကို တစ္ဖက္ တစ္ေယာက္စီ တြဲကိုင္ထားရင္းမွ ေအာ္သည္။တိုက္ ကားကြင္းနားရပ္ေနသည့္ လူအခ်ိဴ႕ရဲ႕ အၾကည့္ေတြက ခ်မ္းတို႔ထံက်ေရာက္လာသည္။အမ်ားစုက ကေလးမိဘေတြ ျဖစ္ပုံေပၚကာ အသက္အစိတ္သုံးဆယ္ ဝန္းက်င္ေတြျဖစ္သည္။

"လိင္တူ စုံတြဲဟဲ့"

"ဝါးးးဟုတ္သား..ႏွစ္ေယာက္စလုံးက အမိုက္စားပဲ"

"ကေလးေလးကလည္း ခ်စ္စရာေလး"

"ဒါနဲ႔ ဘယ္သူက ကေလးေမြးတာလဲ"

"ကေလးေမြးႏိုင္တာလား...ေမြးစားထားတာလား"

"ေမြးစားထားတာ ထင္တယ္"

ခ်မ္းတို႔ကို ကြက္ၾကည့္ ကြက္ၾကည့္ လုပ္ရင္း တီးတိုးေဝဖန္သံေတြ ထြက္ေပၚလာသည္။သူ႔တို႔အတြက္ လိင္တူစုံတြဲေတြက အထူးအဆန္း ေဝဖန္စရာျဖစ္ေနသည္။ကေလးေလး ပါ ပါေနေတာ့ ပိုဆိုးေရာပင္။စိတ္ဝင္စားမႈေတြက ဟိုထိပ္ဆုံးအထိ ျမင့္တက္ကုန္သည္။သို႔ေသာ္ ေန က ဂ႐ုေတာင္ မစိုက္ေပ။

"ဒယ္ဒီ့သားက စီး ခ်င္ရင္ စီးမွာေပါ့...သားနဲ႔ ဒယ္ဒီတစ္စီး စီးမယ္...ပါးပါးက တစ္စီး..စီး...ဟင္...ေဘဘီ"

ေန ဒူးေထာက္ထိုင္လိုက္ရင္း သား ကိုစကားေျပာၿပီး ခ်မ္း ဘက္လွည့္ၾကည့္လိုက္ေတာ့ လွစ္ခနဲ ေပ်ာက္သြားသူေၾကာင့္ မ်က္လုံးျပဴးသြားရသည္။

"ေဘဘီ!"

ခ်မ္း က ေဘာင္းဘီ အိတ္ထဲ လက္ႏွစ္ဖက္ထိုးထည့္ကာ ေအးေဆးရပ္ေနၿပီး ခုနက အတင္းတုတ္ တီတိုးေဝဖန္ေနၾကသည့္ ဝတ္ေကာင္းစားလွ အမ်ိဴးသမီးတစ္သိုက္နဲ႔ မ်က္ႏွာခ်င္းဆိုင္ ေနသည္။ႏူးညံ့လွပသည့္ အရပ္ရွည္ရွည္ေကာင္ေလးက ထိပ္တိုက္ရင္ဆိုင္ေတြ႕လာေတာ့ ထိုအမ်ိဴးသမီးတစ္သိုက္ ပါးစပ္ပိတ္ကာ မ်က္ႏွာေတြ ဟိုလႊဲဒီလႊဲျဖစ္ကုန္သည္။

ခ်မ္းက မ်က္ႏွာတည္ေလးျဖင့္....

"သားက ကြၽန္ေတာ္ကိုယ္တိုင္ ဗိုက္ခြဲၿပီးေမြးထားတာ...ကြၽန္ေတာ္တို႔ သားအရင္း "

"ရွင္...အဲ..ဟို..ဟုတ္ကဲ့..ဂုဏ္..ဂုဏ္ယူပါတယ္"

ခ်မ္း ေျပာသည္ကို ေရွ႕ဆုံးတြင္ရပ္ေနသည့္ အမ်ိဴးသမီးတစ္ေယာက္က ထစ္ထစ္အအ ျပန္ေျဖရွာသည္။

"ေဘဘီ...ဘာလုပ္ေနတာလဲကြာ"

ေနက သား လက္ဆြဲကာ ခ်မ္း နား ေရာက္လာသည္။‌

"ဒီမွာ..သား..အေၾကာင္း..အရမ္း စိတ္ဝင္စားေနၾကလို႔ ေျပာျပေနတာေလ"

ခ်မ္းက မေက်မနပ္ေလသံျဖင့္ ျပန္ေျပာသည္။ေနရင္း ထိုင္ရင္း သူမ်ားအေၾကာင္းအရမ္းစိတ္ဝင္စားေနၾကတာေတာ့ မဟုတ္ေသးပါဘူး။သား က ေဘးနားရပ္ေနသည့္ လူနဲ႔ ခြၽတ္စြတ္တူေနတာေတာင္ ေမြးစားသားလုပ္ေနၾကေသးသည္။

"စိတ္ေလွ်ာ့ပါ ေဘဘီရာ..လာ..ေမာင္ တို႔ တိုက္ကားစီးၾကမယ္"

ေန ခ်မ္းလက္ေလးကိုျပန္ဆြဲေခၚလာရသည္။ခ်မ္း မ်က္ႏွာစူပုပ္ပုပ္ေလးျဖင့္ ေန ဆြဲေခၚရာေနာက္ ပါလာသည္။

"ပါးပါး ဘာေတစိတ္တိုေနတာယဲ"

ေန႔ လက္တစ္ဖက္ကိုဆြဲကိုင္ထားသည့္ sunေလးက သူ႔ပါးပါးမ်က္ႏွာကို ေမာ့ကာျမင္ေအာင္ၾကည့္ရင္း ေမးသည္။

"ပါးပါးက တိုက္ကားမစီးရလို႔တဲ့"

ေနက ၾကားထဲက ဝင္ေျဖသည္။

"ဟာဂ်ာ ...ပါးပါးကလည္း..စိတ္မတိုနဲ႔..ခု စီးမယ္....."

Sunေလးက ေျပာၿပီး သူ႔ဒယ္ဒီနဲ႔ပါးပါး လက္ကိုဆြဲကာ တိုက္ကားကြင္းထဲ သို႔ေခၚသြားေတာ့သည္။ေနနဲ႔ sunေလးက တစ္စီး၊ခ်မ္းက တစ္စီး စီးၾကသည္။တိုက္ကားစီးသည့္ လူေတြ ေတာ္ေတာ္မ်ားကာ စည္ကားေနသည္။

"ေယးးပါးပါးကို တိုက္မယ္"

Sunေလးက ေန႔ ရင္ခြင္ထဲ ထိုင္ေနရင္းမွ ေပ်ာ္႐ြင္စြာေအာ္သည္။ေန က သူ႔သားစကားကိုနားေထာင္ကာ ခ်မ္း စီးေနသည့္ ကားေလးကို ဝင္တိုက္သည္။

"‌မင္းတို႔ သား အဖ ငါ့ကို အႏိုင္က်င့္ေနတယ္ေပါ့!!"

ခ်မ္း ကစိတ္ဆိုးဟန္ျဖင့္ ေျပာေနေသာ္လည္း မ်က္ႏွာကေတာ့ ၿပဳံး႐ႊင္ေနေပသည္။သုံးေယာက္လုံး အသက္ဝင္စြာ ေပ်ာ္႐ႊင္ရယ္ေမာေနၾကသည္။ရွိသည့္ မိသားစုသုံးေယာက္‌ ခုမွ စုံစုံလင္ လင္ျပန္ဆုံရသည္မဟုတ္လား။တိုက္ကား စီးၿပီး ျပန္လာေတာ့ sunေလးကို သူ႔ဒယ္ဒီ ေပြ႕ခ်ီေခၚလာသည္။

"ဒယ္ဒီ..ice cream စားမယ္"

ေရွ႕နားေတြ႕ရသည့္ ပန္းေရာင္ေရခဲမုန႔္ဆိုင္ေလးကိုေတြ႕သည္နဲ႔ sunေလးက လက္ညႇိဳးထိုး ေျပာသည္။

"ဟုတ္ၿပီဗ်ာ..သား စား ခ်င္ရင္ စားမွာေပါ့"

"မစားရဘူး!..သား"

ခ်မ္း စကားေၾကာင့္ ေန႔ ေျခလွမ္းေတြ ရပ္တန႔္သလို sunေလးလည္း မ်က္ႏွာငယ္ေလးနဲ႔ျဖစ္သည္။

"‌သား..ေခ်ာင္းဆိုးခ်င္ေနတာ...ေရခဲမုန႔္ စားလို႔မျဖစ္ဘူး"

"ပါးပါး..သား..ပိစိေလးပဲ စားမယ္ေလ..အိမ္ျပန္‌ေရာက္ရင္ ေဆးလည္းေသာက္မယ္"

"မစားရဘူး...sunေလး"

ခ်မ္းက မ်က္ႏွာထားတစ္စက္မွ မေလ်ာ့ေပ။ေရခဲမုန႔္ေတြ စားၿပီး သား တစ္ညလုံးေခ်ာင္းဆိုးေနမွာ သူစိုးရိမ္သည္။Sunေလး မ်က္ႏွာက ငိုခ်ေတာ့ မလို မဲ့မဲ့ေလးျဖစ္လာသည္။သူ ေရခဲမုန႔္ တအားစားခ်င္ေနသည္။Sunေလးက သူ႔ဒယ္ဒီကို အကူအညီေတာင္းသလို မ်က္ႏွာငယ္ေလးျဖင့္ ေမာ့ၾကည့္သည္။

"ဦေနမင္းတာရာ...ခ်မ္း မသိပဲ သားကိုေရခဲမုန႔္ ေကြၽးဖို႔မစဥ္းစားနဲ႔ေနာ္"

ခ်မ္း ကေန႔ကို မ်က္ေစာင္းေလး႐ြယ္ၾကည့္ကာ ဦးေအာင္ တားျမစ္သည္။

"‌မေကြၽးပါဘူးကြာ....သား..လိမ္မာရမယ္ေလ...သားနဲ႔ မတည့္လို႔ ပါးပါးမေကြၽးတာ..စိတ္ကို ထိန္းထား မစားခ်င္ရဘူး....ဒယ္ဒီ ဆိုင္ကယ္ ဝယ္ေပးမယ္"

"ဒယ္ဒီ...တကယ္ေနာ္..ဆိုင္ကယ္ဝယ္ေပးရင္ သား..စားေတာ့ဘူး"

ဆိုင္ကယ္ဟု အသံၾကားသည္နဲ႔ Sunေလး မ်က္လုံးေလးေတြ လက္ခနဲျဖစ္ကာ သူ႔ကို ေပြ႕ထားသည့္ ေန႔ လည္ပင္း လက္တိုတိုေလးေတြျဖင့္ ေပ်ာ္႐ႊင္စြာ ေပြ႕ဖက္သည္။ပါးပါးက ဆို သူ႔ကို ဆိုင္ကယ္ဝယ္ေပးဖို႔ တစ္ခါမွမေျပာဖူးဘူး မဟုတ္လား။ဒယ္ဒီ အေကာင္းဆုံးပဲ။

"သားက ေပါက္စေလး ရွိေသးတယ္ေမာင္ရယ္...ဆိုင္ကယ္ႀကီး ဝယ္ၿပီး..ဘာလုပ္မွာလဲ..ေဂ်ာင္ ထိုး ထားမလို႔လား"

"သား..7ႏွစ္ဆို ဆိုင္ကယ္ ဆီးမွာ ပါးပါး"

sunေလးက သူ႔ဒယ္ဒီ ကိုယ္ေပၚမွ ခ်မ္းကို လက္ေခ်ာင္းရဲရဲေလး ခုနစ္ေခ်ာင္းေထာင္ျပကာ တက္ႂကြစြာ ေအာ္ေျပာေသးသည္။ခ်မ္း သားကိုၾကည့္ၿပီး ရယ္မိေတာ့သည္။ဒီကေလးေလး သူ႔ဒယ္ဒီအတိုင္းပဲ။

"ေဘဘီကလည္း ေမာင္နဲ႔အတူတူ စီးလို႔ရတယ္ေလ"

"ေမာင္ စီးေနက် ဆိုင္ကယ္ကို အတူစီးၾကေပါ့...ဒါေပမဲ့..ခ်မ္း မသိပဲ မစီးရဘူး"

"ဟုတ္ပါၿပီ ဗ် ...ေဘဘီ အမိန႔္ေတာ္အတိုင္းပါ"

"ခစ္..ခစ္...ဒယ္ဒီလည္း သားလိုပဲ ပါးပါးကိုေၾကာက္ရရယ္"

Sunေလးက သူ႔ပါးပါးနဲ႔ဒယ္ဒီ စကားေျပာေနသည္ကို ၾကည့္ၿပီး ဘာေတြ သေဘာက်ေနသည္မသိ။တခစ္ခစ္ရယ္ရင္း မွတ္ခ်က္ခ်သည္။

"ဒယ္ဒီက ေၾကာက္တာ မဟုတ္ဘူး..သား.ရ...ခ်စ္တာ..ခ်စ္တာ"

"သားလည္း ပါးပါး ကိုခ်စ္တယ္"

"ဟုတ္လား..ဒါေပမဲ့ ဒယ္ဒီက ပိုခ်စ္တာပါကြာ"

"ဟင့္အင္း...သားက ပိုခ်စ္တာ"

သား အဖႏွစ္ေယာက္ အခ်စ္ၿပိဳင္ရင္းပင္ ရပ္ထားရာ ကား နားေရာက္လာၾကသည္။

"ေမာင္...ကား ေမာင္း လိုက္မယ္"

"အင္း"

ေန က driverေနရာ‌တြင္ ေနရာ ယူကာ Sunေလးက သူ႔ဒယ္ဒီ ေဘး lover seatတြင္ ထိုင္သည္။ခ်မ္း ကတစ္ေယာက္တည္း ကား ေနာက္ခန္းမွာ ျဖစ္သည္။Sunေလးတို႔ မ်ား ပါးပါးကို ခ်စ္တယ္ဆိုၿပီး သူ႔ ဒယ္ဒီ ေဘးက မခြာေပ။ေန က ကားကိုးျဖည္းျဖည္းခ်င္း စထြက္သည္။

"ညက် ေမာင့္ကို ေဘဘီလိုခ်င္တဲ့ အိမ္ဒီဇိုင္းပုံစံ ပို႔ေပးအုံး"

"ဟင္"

ကားေမာင္းေနရင္း႐ုတ္တရက္ေျပာ လာသည့္ ေန စကားေၾကာင့္ ခ်မ္း ဟင္ခနဲျဖစ္သည္။ေန က ေနာက္ၾကည့္မွန္မွ တစ္ဆင့္ ခ်မ္း မ်က္ႏွာေလးကို ၾကည့္လာရင္း ...

"ဘာေတြ အံ့ဩ ေနတာတုန္း...ေမာင္ တို႔ မိသားစု ေနမယ့္ အိမ္ေလ...အခုထိ ေမာင္တို႔အတူတူေန ဖို႔မစဥ္းစားေသးဘူးလား"

Sunေလးက ကစားရတာပင္ပန္းသြားသည္ ထင္သည္။ကား ထိုင္ခုံကိုမွီကာ ေခါင္းေလး ငိုက္စိုက္က်ေနၿပီျဖစ္သည္။

"မဟုတ္ပါဘူး..႐ုတ္တရက္ဆိုေတာ့ အံ့ဩလို႔..ဒါေပမဲ့..မာမီက......."

"မာမီေတြ ဘာေတြ မသိဘူးေနာ္...ေဘဘီ ေမာင္ ထပ္ၿပီးခြဲမေနႏိုင္ေတာ့ဘူး...ေမာင္ အခု သားနဲ႔ေဘဘီ့ကို အိမ္ျပန္မပို႔ပဲ တစ္ခါတည္း ခိုးေျပးသြားရမွာလားေျပာ"

"မင္းေနာ္..ေပါက္ကရေတြ"

"ဘာ ေပါက္ကရလဲကြာ...ေဘဘီေရာ ေမာင္နဲ႔ သားနဲ႔ တစ္အိမ္တည္း အတူတူမေနခ်င္ဘူးလား"

ေမးတတ္တယ္။ဘယ္သူက မေနခ်င္ပဲ ေနပါ့မလဲ။ခ်မ္း စိတ္ထဲက ခ်က္ခ်င္းထေျဖသည္။

"ဟုတ္ပါၿပီ...ကား ကို ဂ႐ုစိုက္ေမာင္း...ည က် ပို႔လိုက္မယ္"

"အိုေက...ေမာင္ တစ္လအတြင္း ၿပီးေအာင္ ေဆာက္ခိုင္းလိုက္မယ္...ေလာေလာဆယ္ ေဘဘီတို႔ ‌ေမာင္ ေနတဲ့အိမ္မွာ ေမာင္နဲ႔အတူလာေနလို႔ရတယ္"

"အင္း"

ခ်မ္း ေခါင္းၿငိမ့္လိုက္ေပမဲ့ သိပ္ေတာ့မေသခ်ာေသး။ခ်မ္း ဆန္ဒအရဆို ေမာင္နဲ႔အတူတူ ခ်က္ခ်င္းသြားေနျဖစ္မွာဆိုေပမဲ့ မာမီ ရွိေသးသည္ေလ။သူ ဒီလို ခ်က္ခ်င္း ထလုပ္လိုက္ရင္ မာမီ ဘယ္လိုက်န္ေနခဲ့မလဲ။ခ်မ္း အေတြးနဲ႔အတူ စိတ္ေမာစြာ သက္ပ်င္းသာ ခ်မိသည္။ေနက ကားေမာင္းေနရင္းမွ မွန္မွတစ္ဆင့္ ခ်မ္း မ်က္ႏွာေလးကို အကဲခတ္ၾကည့္သည္။

"‌ေမာင္ ေဘဘီ့မာမီနဲ႔အဆင္ေျပေအာင္ ညႇႏႈိင္းမွာ မလို႔ ေဘဘီ တအားစိတ္ပူမေနနဲ႔"

ေန႔ စကားေၾကာင့္ ခ်မ္း က ၿပဳံးသည္။ေမာင္က သူ႔အရိပ္လိုၾကည့္ကာ ဂ႐ုတစိုက္ရွိလြန္းလွသည္။

"ေက်းဇူးပါ ေမာင္"

ကားေလးက အေဆာက္အဦး ႀကီးေရွ႕ထိုးရပ္သြားသည္။ကားရပ္ၿပီးသည္နဲ႔ ေနက
ခ်မ္း စကားေၾကာင့္ ကားေနာက္ခန္းတြင္ ထိုင္ေနသည့္ ခ်မ္း မ်က္ႏွာေလးကို လွည့္ၾကည့္လာသည္။

"ဘာေတြ ေက်းဇူးတင္ေနတာတုန္း ေဘဘီရဲ႕"

"ဒီအတိုင္းပဲ"

ခ်မ္းက ေန႔နဲ႔ မ်က္လုံးခ်င္းဆုံေအာင္ၾကည့္ကာ ၿပဳံးၿပဳံးေလးျပန္ေျဖသည္။ေမာင္ဘက္က အေလွ်ာ့မေပးဘဲ ခ်မ္း လို မာနႀကီးနဲ႔ ေနခဲ့မည္ဆိုလွ်င္ ခ်မ္း တို႔ ျပန္လည္ေပါင္းစပ္ဖို႔ဆိုတာ ရွိလာႏိုင္မည္မဟုတ္ေပ။ခ်မ္းကို အၿမဲ‌အေလွ်ာ့ေပးတတ္သည့္ ေမာင့္ကို ခ်မ္း တကယ္ေက်းဇူးတင္ရပါသည္။ေနက ခ်မ္းနဲ႔ မ်က္လုံးခ်င္းဆုံ ၾကည့္ေနရာမွ ႐ုတ္တရက္ ကားေပၚမွ ဆင္းသြားသည္။ေန ကားေပၚမွ ဆင္းလာတာျမင္သည္နဲ႔ မွန္တံခါးေဘးနား အသင့္ရပ္ေနၾကသည့္ security guardႏွစ္ေယာက္က တံခါးဖြင့္ေပးဖို႔ျပင္ၾကသည္။သို႔ေပမဲ့ ေန က ေရွ႕ခန္းမွဆင္းၿပီး ခ်မ္း ရွိရာ ‌ကား ေနာက္ခန္းသို႔ ေရာက္လာတာျဖစ္သည္။

သူတို႔ ေဘာစ္ အထဲဝင္လာေတာ့မည္ မွတ္ၿပီး တံခါးဆြဲဖြင့္ေပးဖို႔ ေစာင့္ေနၾကသည့္ လုံၿခဳံေရး ႏွစ္ေယာက္ အူေၾကာင္ေၾကာင္ျဖစ္သြားရသလို ကား ေနာက္ခန္းထဲ ေရာက္လာသည့္ ေန႔ကိုၾကည့္ၿပီး ခ်မ္း လည္း မ်က္လုံးေလးဝိုင္းသည္။

"ဘာ..ဘာျဖစ္လို႔လဲ..‌.ေမာင္"

ခ်မ္း ကို အုပ္မိုးလာသည့္ ေန႔ ကိုယ္လုံးႀကီးေၾကာင့္ ခ်မ္း မ်က္လုံးေလးဝိုင္းလ်က္ ထိတ္ထိတ္လန႔္လန႔္ဆိုသည္။‌ေန က ခ်မ္း ပုံစံေလးကိုၾကည့္ၿပီး ၿပဳံးသည္။

"နမ္း ခ်င္လို႔"

"မင္းေနာ္...မရဘူး ..ဖယ္ သား ရွိတယ္"

ခ်မ္းက ေန႔ရင္ဘတ္ႀကီးကို တြန္းဖယ္ရင္းဆိုေပမဲ့ ေန က ခ်မ္း ကိုအုပ္မိုးထားရာမွ တုတ္တုတ္မွ်မလႈပ္ေပ။

"တိုးတိုးေလ ေဘဘီရဲ႕ သားႏိုးသြားမယ္"

"မင္း!"

ေနက ေျပာရင္း ခ်မ္း တစ္ကိုယ္လုံးကို ေပြ႕ပိုက္ကာ သူ႔ေပါင္ေပၚထိုင္ေစသည္။ေနက ခ်မ္းကိုေပါင္ေပၚေပြ႕တင္ထားရင္းမွ လက္အစုံက ခ်မ္း ကိုယ္လုံးေလးကို တင္းတင္းေပြ႕ဖက္ထားေသးသည္။

"ေဘဘီ့က ေမာင့္ကို ျမႇဴဆြယ္ေနတာကို"

ေန႔ စကားေၾကာင့္ ခ်မ္း မ်က္လုံးေလးျပဴးသည္။သူ ဘာမ်ားျမႇဴဆြယ္လိုက္မိလို႔လဲ။

"ဘာျမႇဴဆြယ္လို႔လဲ...ေမာင္ေနာ္..ဖယ္..လႊတ္ေတာ့ လမ္းမႀကီးမွာ"

"ဟင့္အင္း...ကားထဲမွာ ဘယ္သူမွမျမင္ပါဘူး...ေနာ္...ေဘဘီ..ေမာင္ အားျဖည့္ဖို႔ လိုေနတယ္ ေဘဘီ့ကို နမ္းရမွျဖစ္မယ္"

The Sun ရဲ႕ စည္းကမ္းတင္းၾကပ္ ျပတ္သားလွပါသည္ဆိုသည့္ CEOႀကီး သူ႔မိန္းမကို ခြၽဲေနသည့္ ျမင္ကြင္းကို ဝန္ထမ္းေတြ ျမင္ရင္ေတာ့ ေသြးထ အန္ၾကမည္အမွန္ပင္။အသည္းအသန္ ျဖစ္ေနသည့္ ေမာင့္ေၾကာင့္ ခ်မ္း ျငင္းဆိုရန္ခက္ကာ ေရွ႕ခန္းက သား အေျခအေနလွမ္းၾကည့္မိသည္။သားက သူ႔ဒယ္ဒီေလွ်ာခ်ေပးထားသည့္ ထိုင္ခုံေပၚ စိတ္ခ် လက္ခ် အိပ္ေနေပသည္။

"ခဏပဲေနာ္"

"အိုေကပါဗ်ာ"

ေမာင့္ရဲ႕တက္တက္ႂကြႂကြ အသံၾကားၿပီးသည္နဲ႔ ခ်မ္း ျမန္ျမန္နမ္းၿပီရင္ ေအးေရာေတြးကာ ေမာင့္ လည္ပင္းကို ျပန္လည္ေပြ႕ဖက္လိုက္ၿပီး ေမာင့္ ႏႈတ္ခမ္း အစုံကို မ်က္လုံးေလးမွိတ္ကာ အရင္ ထိကပ္နမ္းရႈိက္လိုက္သည္။ခ်မ္း အျပဳအမႈေလးေၾကာင့္ ေန က ႏႈတ္ခမ္းခ်င္းထိကပ္ေနရင္းမွ သေဘာက်စြာၿပဳံးသည္။ၿပီးသည္နဲ႔ ခ်မ္း ခါးေလးကိုတင္းတင္းတိုးဖက္ရင္း ခ်မ္း ႏႈတ္ခမ္းလႊာေလးကို စတင္စုပ္ယူနမ္းရႈိက္ေတာ့သည္။အိစက္ စိုအိေနသည့္ ႏႈတ္ခမ္း‌လႊာေလး တစ္စုံက ေန႔အတြက္ ေသာက္ေလ ေသာက္ေလ ငတ္မေျပသည့္ ပင္လယ္ေရလို ပင္။ဘယ္ေတာ့မွ နမ္း မဝေပ။

"ႁပြတ္စ္.!"

"ဟင့္!"

အသက္ရႈသံျပင္းျပင္းေတြနဲ႔နမ္းစုပ္သံအခ်ိဴ႕က ကားထဲေပၚထြက္လာသည္။ေနက ခ်မ္း ေခါင္းေလးကို ထိန္းကိုင္ၿပီး ခ်မ္း ႏႈတ္ခမ္းလႊာေလးေတြကို ျပင္းျပင္းရွရွစုပ္ယူသည္။ခ်မ္း ကိုယ္တိုင္ ေမာင့္အနမ္းေတြ ေအာက္ နစ္ေျမာသြားရကာ ျပန္လည္တုံ႔ျပန္နမ္းရႈိက္မိသည္။ႏွစ္ေယာက္သား တက္ညီလက္ညီ အနမ္းေတြ ေဝေနစဥ္..

"ပါးပါး"

"အင့္!"

"ဒုန္း"

႐ုတ္တရက္ သား ရဲ႕ေခၚသံေၾကာင့္ ခ်မ္း လန႔္သြားကာ ေန႔ကိုယ္ႀကီးကို အားျဖင့္တြန္းဖယ္ပစ္သည္မို႔ ေန ေနာက္လန္က်ကာ ကား တံခါးနဲ႔ ေနာက္ေစ့ ဒုန္းခနဲ ေဆာင့္မိသည္။အီစလံ ေဝသြားကာ ေန႔ မ်က္ႏွာက ရႈံ႕မဲ့မဲ့။ခ်မ္း အထိတ္တလန႔္ သား ရွိရာဘက္လွည့္ၾကည့္မိသည္။သားက အိပ္ေပ်ာ္ေနဆဲပင္။အိပ္ေနရာမွ ေယာင္ေခၚတာျဖစ္သည္။

"sorry..sorry ေမာင္ နာ သြားလား"

ခ်မ္းက အနမ္းဒဏ္ေၾကာင့္ ႏႈတ္ခမ္းေလးေတြ ရဲတြတ္ေနကာ ‌‌ဆံပင္ေတြကလည္း အနည္းငယ္ပြေယာင္းေနသည္။မ်က္ႏွာႀကီး ရႈံ႕မဲ့ေနသည့္ ေန႔ နားျပန္ကပ္လာကာ ဆြဲထူရင္း ေမးသည္။

"အရမ္းနာ သြားလား..ဟင္..ေမာင္"

ခ်မ္းက ေန႔ ေနာက္ေစ့ေနရာကို ပြတ္သပ္ေပးရင္း စိုးရိမ္စြာဆိုသည္။

"သား..ႏိုးသြားတာလား"

"ဟင့္အင္း..မႏိုးဘူး..ေမာင္ ...ေယာင္ေခၚတာ"

"အဲဒါဆို..ေမာင္တို႔...ျပန္စ...."

"ေတာ္ၿပီ...သြားေတာ့..ခ်မ္းတို႔လည္းျပန္ေတာ့မယ္"

"ေဘဘီကလည္း..ခဏေလး...."

"ဟင့္အင္း...မရဘူးေနာ္..ေမာင္...ဆင္းေတာ့"

ခ်မ္းက ေန႔ကို ဇြတ္အတင္းပင္ ကားေပၚက ႏွင္ခ်ေတာ့သည္။ခ်မ္းကို မလြန္ဆန္ႏိုင္သည္မို႔ ေန ခ်မ္း သေဘာအတိုင္း ကားေပၚမွ ဆင္းလိုက္ရသည္။ခ်မ္းက ေန ေအာက္ေရာက္ၿပီးသည္နဲ႔ ေမာင္းသူေနရာ ဝင္ထိုင္ကာ ကားေမာင္းထြက္သြားေလေတာ့သည္။ေန ဘာမွမေျပာႏိုင္ က်န္ခဲ့ရသည္။

"ေဘာစ္...ျပန္ေရာက္လာပါၿပီလား ခင္ဗ်"

"အဟမ္း...ေရာက္ၿပီ"

လုံၿခဳံေရး ႏွစ္ေယာက္က ေန ဝင္လာ‌တာျမင္ေတာ့ အလိုက္တသိ တံခါးဖြင့္ေပးၿပီး ဦးၫြတ္ကာ ႏႈတ္ဆက္စကားဆိုသည္။ေန အနည္းငယ္ တြန႔္ေနသည့္ ကုတ္ကိုသပ္ရပ္ေအာင္ျပဳျပင္ၿပီး ျပန္လည္ေခါင္းၿငိမ့္ျပလိုက္သည္။

"ေဟ့ေကာင္...ငါတို႔ေဘာစ့္ ကားေပၚက ႏွင္ခ်ခံလိုက္ရတာလား"

"ေအးကြ...."

ေန ထြက္သြားၿပီးသည္နဲ႔ ထိုလုံၿခဳံေရးႏွစ္ေယာက္ တအံတဩေျပာဆိုက်န္ေနခဲ့ၾကေပသည္။




<<<<<<>>>>>>>



"ခ်မ္းကို တျခားတစ္ေယာက္နဲ႔  ေစ့စပ္ေပးသည္အထိ ကြၽန္ေတာ္ ၿငိမ္ခံမယ္လို႔ ထင္ေနတာလား အန္တီ"

ေန က ေရွ႕က ေကာ္ဖီခြက္ကို တစ္က်ိဴက္‌ယူေသာက္ၿပီးမွ အၿပဳံးေလးနဲ႔ ေျပာရင္း ခြက္ကို အသာျပန္ခ်သည္။‌ေနက ေအးေဆးဆိုေပမဲ့ ေဒၚေမမီမ်က္ႏွာက ေၾကာက္စရာေကာင္း ေအာင္တင္းမာေနသည္။ေန႔ရဲ႕ဖိတ္ေခၚခ်က္အရ ေဒၚေမမီ ဒီဆိုင္သို႔ေရာက္လာရျခင္းျဖစ္သည္။

"မၿငိမ္ခံေတာ့ မင္းက ဘာလုပ္ခ်င္ေသးလို႔လဲ..ေနမင္းတာရာ...ငါ့သားက မင္းနဲ႔ ဘာမွမဆိုင္ေတာ့ဘူး"

"အဟက္...မဆိုင္ေတာ့ဘူးလား...ခင္ဗ်ားတို႔ လုပ္ခဲ့တဲ့ ကြာရွင္းစာခ်ဴပ္အတုေတြ၊က်ဳပ္ပို႔ခဲ့ပါတယ္ဆိုတဲ့ စာ အတုက အခုခ်ိန္ထိ အက်ဴံးဝင္အုံးမယ္လို႔ ထင္ေနတာလား....ထပ္ၿပီး ခင္ဗ်ား လုပ္သမွ် ဒီေကာင္က ၿငိမ္ခံအုံးမယ္လို႔ ထင္ေနတာလား ေဒၚေမမီ"

ေန က ေအးစက္စက္ရယ္ရင္းဆိုသည္။ေန႔ ပုံစံကိုၾကည့္ရင္း ေဒၚေမမီ စိတ္တိုစြာျဖင့္ လက္သီးဆုပ္သည္။

"မင္း...႐ိုင္းစိုင္းလိုက္တာ...လူႀကီးကို ေလးစားေကာင္းရမွန္း မသိဘူးလား"

"ေလးစားခံခ်င္ရင္ ေလးစားခံထိုက္ေအာင္ ေန ဖို႔လိုတယ္ဆိုတာ ကြၽန္ေတာ့္ေယာက္ခမႀကီး ေမ့ေနတယ္ ထင္တယ္....ကိုယ့္သားတစ္ေယာက္လုံးရဲ႕ မိသားစုကိုၿပိဳကြဲေအာင္ လုပ္ရက္တဲ့ ခင္ဗ်ားက ေလးစားခံထိုက္လို႔လား"

"မင္း!!"

ေန ေျပာသမွ်မွန္ေနသည္မို႔ ေဒၚေမမီ မ်က္လုံးျပဴးကာ ေန႔ကို လက္ညႇိဳးထိုးရင္းဘာျပန္ေျပာရမွန္းလည္းမသိေပ။ဒီေကာင္ေလး အရင္ကနဲ႔ မတူပဲအမ်ားႀကီးေျပာင္းလဲလာသည္။The Sunကို ဒီေကာင္ေလးပိုင္ဆိုင္သြားေတာ့လည္း ဘာလုပ္မွာလဲ။အမိ မ်ိဴး႐ိုးက ဟိုးအဆင့္နိမ့္ထဲက။

"အန္တီ ကြၽန္ေတာ့္နဲ႔ ခ်မ္းကို သေဘာမတူတဲ့ အေၾကာင္းရင္း..ကြၽန္ေတာ္ သိတယ္ထင္တယ္..ဘာလို႔လဲ...ကြၽန္ေတာ့္အေမက အန္တီတို႔လို မ်ိဴး႐ိုးႀကီး မ်ိဴး႐ိုးေကာင္းထဲက မဟုတ္လို႔လား"

ေနက မ်က္ခုံးတစ္ခ်က္ပင့္ကာ ေဒၚေမမီကို မ်က္လုံးခ်င္းဆုံေအာင္ၾကည့္ၿပီး ခပ္တည္တည္ပင္ ေမးသည္။"ေဘဘီ့ မာမီနဲ႔ေျပလည္ေအာင္ ညႇိဳႏႈိင္းပါ့မယ္"ဆိုတဲ့ စကားက သူ ခ်မ္း စိတ္မပူေအာင္ ေျပာခဲ့႐ုံသက္သက္ပင္။ေဒၚေမမီလို လူစားက သူ ေခါင္းငုံ႔ၿငိမ့္ခံ ခြင့္လႊတ္သည္းခံေန႐ုံနဲ႔ရမည္မဟုတ္ေပ။

"မင္း သိရင္ၿပီးတာပဲ...ငါတို႔ မ်ိဴးဆက္က မ်ိဴး႐ိုးႀကီးထဲကပင္ ျဖစ္ရမယ္...မင္းလိုခ်င္ရင္ မင္း သားကိုမင္းျပန္ေခၚေလ...ငါ့သားကိုေတာ့ မင္းျပန္ရမယ္ထင္မေနနဲ႔"

"ဟား..ခင္ဗ်ားတကယ္ အသည္းႏွလုံး မရွိတဲ့ မိန္းမ ပဲ...ေဒၚေမမီ ခင္ဗ်ား ကိုယ္ခ်င္းစာတရားေရာ ရွိရဲ႕လား.....ေတာက္!"

ေန ကေျပာရင္း သည္းမခံႏိုင္ေအာင္ ေဒါသထြက္လာသလို ေတာက္ေခါက္ၿပီး ထိုင္ေနရာမွ ထရပ္သည္။အံ့ဩစရာေကာင္းလိုက္တာ။‌ေဒၚေမမီက သူ႔ေျမးအရင္းကို ‌နည္းနည္းေလးေတာင္ သံေယာဇဥ္မရွိဘူးတဲ့လား။

"ခ်မ္းကိုေရာ...သားကိုေရာ ကြၽန္ေတာ္ ခ်က္ခ်င္းျပန္ေခၚမွာမို႔ ခင္ဗ်ား စိတ္ပူမေနနဲ႔"

ေန က ထိုမွ်ေျပာၿပီး ‌‌ထြက္သြားေလသည္။ေဒၚေမမီ တစ္ေယာက္တည္း က်န္ေနခဲ့ေလသည္။‌အသက္ ေျခာက္ဆယ္နီးပါးရွိၿပီဆိုေပမဲ့ ေဒၚေမမီက ခန္ဓာကိုယ္သြယ္သြယ္လ်လ်‌နဲ႔ က်န္းမာႏုပ်ိဴတုန္းျဖစ္သည္။ေန ကာ မ်က္မွန္ေအာက္က ေဒၚေမမီ မ်က္ဝန္းေတြ အနည္းငယ္ တုန္လႈပ္ေျခာက္ျခားလ်က္ရွိသည္။သူမ စကားအျဖစ္ထိုသို႔ေျပာလိုက္မိေပမဲ့ သူမေျမးေလးကို သူမ အသက္တမွ် ခ်စ္ျမတ္ႏိုးပါသည္။ခ်မ္းေလးနဲ႔ေျမးေလးသာ သူမကိုစြန႔္ခြာၿပီး အဲဒီေကာင္ေလးေနာက္ လိုက္သြားၾကလွ်င္ သူမ ရင္က်ိဴးရလိမ့္မည္။ခ်မ္းေလးသာ သူမ သူတို႔ႏွစ္ေယာက္ကိုခြဲဖို႔ ထိုသို႔လုပ္ခဲ့သည္မွန္းသိလွ်င္ သူမကိုနာၾကည္းသြားမည္လား။သူမ အတ္တ၊မာန္မာနေတြ အရမ္းမ်ားႀကီးမိခဲ့သည္လား။ေဒၚေမမီ သူမ လုပ္ခဲ့တဲ့လုပ္ရပ္ေတြ အတြက္ ပထမဆုံး အႀကိမ္ ေနာင္တရသလို ခံစားမိသည္။





<<<<<<<>>>>>>>>

Continue Reading

You'll Also Like

78.4K 3K 77
ကြိုက်မိတဲ့ Novel တွေ Webtoon တွေ review ရေးမယ်။ ခံစားချက်တွေ ကိုယ့်အမြင်တွေပါမယ် Spoiler တွေလည်းပါနိုင်တယ်။ ႀကိဳက္မိတဲ့ Novel ေတြ Webtoon ေတြ review...
1.2M 125K 63
"အချစ်ကလေးရဲ့ သိရဲ့လား။ ဟောဒီကမ္ဘာကြီးမှာလေ နှစ်ကိုယ့်တစ်စိတ် ထပ်တူကျသွားတဲ့ ချစ်ခြင်းမေတ္တာလောက် ကြီးကျယ်ခမ်းနားတာ ဘာမှမရှိဘူးတဲ့။" ^^ "အခ်စ္ကေလးရဲ႕...
40.8K 2.3K 14
[ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞 ] လူရှိုင်း x ရှေးရိုးစံ ကိုယ်စောင့်နတ်တောင် မသတီလို့ ကိုယ့်အနားမနေတာ ဒီကောင်လေးက သိပ်ကပ်တွယ်လွန်းတယ်။ (Z) လူရွိုင္း x ေရွးရိုးစံ...
18.8K 1.3K 44
The contents of this story are written only with the writer's thoughts and ideas, and do not want to hurt or insult any person or society. Started da...