🐺Unicode🐍
လေပြည်လေညင်းတို့ ညှင်းသွဲ့သွဲ့တိုက်ခတ်နေသည်။ မြို့တော်နှင့် အလှမ်းဝေးသည့် လူသူအရောက်အပေါက်နည်းရာ ကုန်းမြင့်လေးထက်ရှိ မိုးမခပင်အောက် သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့်အတူ နောက်လိုက်ဖြစ်ဟန်တူသည့်လူတစ်ယောက်တို့မှာ အတူပူးတွဲကာ မြှုပ်နှံထားသည့် မြေပုံမို့မို့လေးရှေ့ တိတ်တဆိတ်ပင် မတ်တပ်ရပ်နေကြသည်။ ဝတ်ဆင်ထားသည့် ဝတ်စုံနှင့် ပုံပန်းသဏ္ဌာန်အား ကြည့်ရုံမျှဖြင့် ထိုလူ၏နောက်ခံအဆင့်အတန်းအား လွယ်လင့်တကူ ခန့်မှန်းနိုင်သလို တည်တင်းသော မျက်နှာထား၊ အချိုးအစားကျနလှသော ကိုယ်နေဟန်ထားတို့ကြောင့် အထက်တန်းလွှာမှ မျိုးရိုးမြင့်တစ်ဦးဖြစ်ကြောင်းလည်း လွယ်လွင့်တကူ သိနိုင်ပေလိမ့်မည်။ ခါးထိရှည်လျားသည့် ဆံနွယ်တို့ကို သပ်သပ်ရပ်ရပ်ဖြင့် ခပ်မြင့်မြင့်မြှောက်စည်းထားသည့် ထိုအကြင်သူ၏ မျက်နှာမှာ ဘေးလူပင်အလိုလိုရှိန်သွားရလောက်အောင် တည်တင်းနေသော်ငြား မျက်ဝန်းအစုံမှာတော့ မှိုင်းညှို့၍နေသည်။ တိုက်ခတ်သွားသည့် လေပြည်လေညင်းတို့နှင့်အတူ ထိုသူ၏ စိတ်အစုံမှာလည်း နေရာအနှံ့ လွတ်လွတ်လပ်လပ် ပြန့်လွင့်နေသည့်အလား။
မိုးသားတိမ်လိပ်တို့ တဖြည်းဖြည်းမြင့်တက်လာချိန် တိုက်ခတ်လာသည့် လေပြည်လေညင်းထဲ မိုးနံ့ငွေ့ငွေ့ကိုပါ ရှူရှိုက်လိုက်မိသည့်နောက် တိတ်ဆိတ်သည့် ပတ်ဝန်းကျင်ထဲ ထိုသူ၏ သက်ပြင်းချသံက မတိုးမကျယ် ထွက်ပေါ်လာ၏။ ထို့နောက် လက်ထဲ ပွေ့ပိုက်ထားသည့် လာဗင်ဒါပန်းစည်းအား မြေပုံမို့မို့လေးနှစ်ခုကြား အသာချပြီး
"ဒီပွဲမှာလည်း မင်းပဲနိုင်ပါတယ်။ မင်းက အားလုံးကို အနိုင်ပိုင်းသွားခဲ့တာပဲ။"
ပြန်လည်ဖြေကြားခြင်း အလျင်းမရှိသည့် မြေပုံနှစ်ခုအား ကြည့်ရင်း ထိုသူ၏အတွေးအစုံမှာ တစ်ဖန်ပြန်လည် လွင့်ပြန့်သွားရပြန်၏။ မြေပုံပေါ် တင်ကျန်နေသော သစ်ရွက်ခြောက်များအား အသာဖယ်ရှားပေးရင်း သက်ပြင်းတို့ ထပ်မံချမိသည့်အခါ မလှမ်းမကမ်းတွင် မတ်တပ်ရပ်နေသော နောက်လိုက်ဖြစ်သူက ပုံမှန်အသံနေအသံထားဖြင့် သတိလှမ်းပေးလာ၏။
"မြို့တော်ဝန်။ သွားရမယ့် အချိန် ရောက်ပါပြီ။"
နောက်လိုက်ဖြစ်သူ၏ စကားအဆုံး မြို့တော်ဝန်ဆိုသူ ထိုလူသားမှာ နေရာတွင်ပင် မတ်တပ်ထရပ်လာရင်း နောက်လိုက်ဘက် လှည့်ကာ လက်နှစ်ဖက် နောက်ပစ်ပြီး အသာပြုံးလာ၏။ ထိုလူ၏ မျက်နှာထက် အင်မတန်မှ မြင်ရခဲလှသည့် ဟန်ဆောင်မှု အလျင်းမပါသော နူးညံ့လှသည့် အပြုံးတစ်ခုပင်။
"အင်း။ ငရဲနဲ့တူတဲ့ နေရာကို ထပ်သွားရတော့မှာပဲ။"
မြို့တော်ဝန်၏စကားအဆုံး နောက်လိုက်ဖြစ်သူက အကြည့်လွှဲရင်း ခေါင်းအသာငုံ့သွား၏။ နှာတစ်ချက်မှုတ်ရင်း အသာရယ်လိုက်ပြီးနောက် မြေပုံရှိရာထံ သမင်လည်ပြန်လှည့်ကြည့်လိုက်ပြီး
"အင်း။ အကောင်းဆုံးပြိုင်ဘက်ကြီးက ပေးခဲ့တဲ့ တာဝန်ကြီးတစ်ခုဆိုတော့လည်း ပြီးဆုံးအောင် ဆောင်ရွက်ရမှာ ငါ့တာဝန်ပဲပေါ့။"
ထိုသူ၏ စကားအဆုံး နောက်လိုက်ဖြစ်သူက သူ၏သခင်ဖြစ်သူ မြို့တော်ဝန်ထံတစ်လှည့် မြေပုံနှစ်ခုအားတစ်လှည့် ဇဝေဇဝါဖြစ်စွာ ကြည့်လာ၏။ မြို့တော်ဝန်လည်း မေးခွန်းထုတ်ချင်နေဟန်ရှိသော နောက်လိုက်၏ ပုခုံးအား အသာဖျစ်ညှစ်ရင်း ထိုနေရာမှ တစ်လှမ်းချင်း ထွက်ခွာသွားတော့၏။
ကုန်းမြင့်လေးထက်ရှိ မိုးမခပင်အောက် မလှုပ်မယှက်တည်ရှိနေသည့် မြေပုံမို့မို့နှစ်ခုနှင့်အတူ လေယူရာယိမ်းနွဲ့နေသည့် မိုးမခပင်ကြီးတို့မှာလည်း အလည်လာသူ ဧည့်သည်အား အသံတိတ်နှုတ်ဆက်နေကြသည့်အလား။ တဖြည်းဖြည်းနှင့် မိုးရနံ့တို့ သိပ်သည်းလာသည့် လေထုကြား လာဗင်ဒါ ပန်းရနံ့တို့ တစ်ချက်တစ်ချက် လွင့်ပြန့်လာသလို ထိုကုန်းမြင့်လေးပေါ်မှ လှမ်းကြည့်လိုက်ရုံနှင့် မြင်ရနိုင်သည့် ကြီးမားကျယ်ပြန့်လှသော တောအုပ်ကြီးမှာလည်း ရွာချလာတော့မည့် အကြင်မိုးအား ကြိုဆိုနေကြဟန် လေယူရာ ယိမ်းနွဲ့ရင်း မိုးရနံ့နှင့် လာဗင်ဒါပန်းရနံ့တို့အား လေပြည်နှင့်အတူ ပတ်ဝန်းကျင်အနှံ့ သယ်ဆောင်ပေးနေကြသည့်အလား။ နာမည်၊ ကဗ္ဗည်း မည်သည့်အရာမျှ ရေးထိုးထားခြင်းမရှိသည့် ထိုမြေပုံမို့မို့လေးထဲ လဲလျောင်းနေကြသည့် အကြင်သူနှစ်ဦးမှာတော့ ငရဲနှင့်တူသည့် ထိုလောကကြီးအား အပြီးပိုင်စွန့်ခွာရင်း ဖြစ်ပျက်နေသမျှ အရာအားလုံး လျစ်လျူရှုကာ ငြိမ်းချမ်းစွာပင် ထာဝရအိပ်စက်အနားယူလျက်။ လာရောက်နှုတ်ဆက်သွားသူ ဧည့်သည်တော်ကြီးမှာတော့ ကြီးမားလှသော တာဝန်ကြီးတစ်ခုအား လွှဲပြောင်းလက်ခံရင်း။ အောင်မြင်၏၊ မအောင်မြင်၏ ဆိုသည်မှာကား မည်သူမျှ ခန့်မှန်း၍မရနိုင်သော အဖြေရှာရခက်သည့် ပုဒ်စာတစ်ပုဒ်အလား။ အရာအားလုံးမှာ ကံကြမ္မာအပေါ်တွင်သာ အလုံးစုံ မူတည်ပေတော့မည်။
#EndlessKeir
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
Hello my readers...
ဖြစ်နိုင်ရင်တော့ အရင်ပုံစံ အရင် fic ကိုပဲ ပုံစံတူ ပြန်ရေးချင်ပေမယ့် အခြေအနေအရ အသစ်ပဲ ရေးလိုက်ပါတယ်။ စာဖတ်သူတို့အနေနဲ့ ခဏခဏဖတ်ပြီး မငြီးငွေ့သွားရအောင် အတတ်နိုင်ဆုံး ကြိုးစားသွားပါ့မယ်။ fic နာမည်ကိုလည်း အရင် Hellishness အစား အတိုကောက် HN လို့ ပြောင်းလိုက်ပါတယ်။ တခြားနာမည် ပြောင်းဖို့ စဥ်းစားမိပေမယ့် ဒီ fic နဲ့ လိုက်ဖက်တာ ဒီနာမည်ပဲ ရှိတယ်လို့ ခံစားမိလို့ နောက်ပြီး Hellishness ကလည်း သာသာ့အတွက် နာမည်စီးပြီး ပြဿနာတစ်ခုပြီးတစ်ခု တက်သလို ခံစားနေရလို့ အရင်နာမည်ကို မသုံးဖြစ်တော့ပါဘူးနော်။ Story cover မှာ Netherworld လို့လည်း ရေးထားပါတယ်။ အဲဒီ့နာမည်လေးလည်း သုံးချင်လို့ပါ။ ဆိုတော့ ဘယ်လိုခေါ်ခေါ် ရပါတယ်။ စာဖတ်သူ ဒါဒါလေးတို့ စိတ်ကြိုက်ပေါ့နော်။
ဆိုတော့ သာသာ့ရဲ့ fic အသစ်လေးကနေ ကြိုဆိုလိုက်ပါတယ်။ fic ခေါင်းစဥ်အရ ငရဲခန်းဆိုတဲ့အတိုင်းပဲ ရက်စက်ကြမ်းကြုတ်တဲ့ အခန်းတွေ ပါဝင်လာနိုင်တာမို့ အသည်းနုတဲ့သူတွေ မဖတ်ဖို့အတွက် မေတ္တာရပ်ခံပါတယ်။ ရင်နင့်စေလောက်မယ့် ခံစားချက်မျိုး ပေးစွမ်းနိုင်တဲ့အထိ သာသာ ရေးသားနိုင်လား မသိပေမယ့် နှလုံးရောဂါ အခံရှိတဲ့သူတွေအနေနဲ့လည်း လုံးဝ (လုံးဝ) မဖတ်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။18+ warning တွေလည်း ပါမှာမို့ mature on ထားပါတယ်။ ဒါကတော့ read as your own risk ပါပဲ။
ဆိုတော့ သာသာ့ရဲ့ ငရဲခန်းလေးကနေ ကြိုဆိုလိုက်ပါတယ်။ update ကတော့ သာသာကိုယ်တိုင်လည်း မအားတဲ့ကြားက ရေးရတာမို့ မှန်ဖို့အတွက် သိပ်ပြီး မမျှော်လင့်ပါနဲ့နော်။ fic ပြီးသွားမှ ဖတ်ချင်တယ်ဆိုလည်း ရပါတယ်။ complete ဖြစ်သွားတဲ့အခါ သာသာ့ wall ထဲမှာရော fb acc မှာပါ တင်ပေးမှာမို့ အေးဆေးစောင့်ဖတ်လည်း ရပါတယ်နော်။
စာလည်း ရှည်သွားပြီဆိုတော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်။
See you next part...
Love you all my readers.
#EndlessKeir
🐺Zawgyi🐍
ေလျပည္ေလညင္းတို႔ ညႇင္းသြဲ႕သြဲ႕တိုက္ခတ္ေနသည္။ ၿမိဳ႕ေတာ္ႏွင့္ အလွမ္းေဝးသည့္ လူသူအေရာက္အေပါက္နည္းရာ ကုန္းျမင့္ေလးထက္ရွိ မိုးမခပင္ေအာက္ သပ္သပ္ရပ္ရပ္ ဝတ္စားဆင္ယင္ထားသည့္ သက္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသားတစ္ဦးႏွင့္အတူ ေနာက္လိုက္ျဖစ္ဟန္တူသည့္လူတစ္ေယာက္တို႔မွာ အတူပူးတြဲကာ ျမႇဳပ္ႏွံထားသည့္ ေျမပုံမို႔မို႔ေလးေရွ႕ တိတ္တဆိတ္ပင္ မတ္တပ္ရပ္ေနၾကသည္။ ဝတ္ဆင္ထားသည့္ ဝတ္စုံႏွင့္ ပုံပန္းသဏၭာန္အား ၾကည့္႐ုံမွ်ျဖင့္ ထိုလူ၏ေနာက္ခံအဆင့္အတန္းအား လြယ္လင့္တကူ ခန႔္မွန္းႏိုင္သလို တည္တင္းေသာ မ်က္ႏွာထား၊ အခ်ိဳးအစားက်နလွေသာ ကိုယ္ေနဟန္ထားတို႔ေၾကာင့္ အထက္တန္းလႊာမွ မ်ိဳး႐ိုးျမင့္တစ္ဦးျဖစ္ေၾကာင္းလည္း လြယ္လြင့္တကူ သိႏိုင္ေပလိမ့္မည္။ ခါးထိရွည္လ်ားသည့္ ဆံႏြယ္တို႔ကို သပ္သပ္ရပ္ရပ္ျဖင့္ ခပ္ျမင့္ျမင့္ေျမႇာက္စည္းထားသည့္ ထိုအၾကင္သူ၏ မ်က္ႏွာမွာ ေဘးလူပင္အလိုလိုရွိန္သြားရေလာက္ေအာင္ တည္တင္းေနေသာ္ျငား မ်က္ဝန္းအစုံမွာေတာ့ မႈိင္းညႇိဳ႕၍ေနသည္။ တိုက္ခတ္သြားသည့္ ေလျပည္ေလညင္းတို႔ႏွင့္အတူ ထိုသူ၏ စိတ္အစုံမွာလည္း ေနရာအႏွံ႔ လြတ္လြတ္လပ္လပ္ ျပန႔္လြင့္ေနသည့္အလား။
မိုးသားတိမ္လိပ္တို႔ တျဖည္းျဖည္းျမင့္တက္လာခ်ိန္ တိုက္ခတ္လာသည့္ ေလျပည္ေလညင္းထဲ မိုးနံ႔ေငြ႕ေငြ႕ကိုပါ ရွဴရႈိက္လိုက္မိသည့္ေနာက္ တိတ္ဆိတ္သည့္ ပတ္ဝန္းက်င္ထဲ ထိုသူ၏ သက္ျပင္းခ်သံက မတိုးမက်ယ္ ထြက္ေပၚလာ၏။ ထို႔ေနာက္ လက္ထဲ ေပြ႕ပိုက္ထားသည့္ လာဗင္ဒါပန္းစည္းအား ေျမပုံမို႔မို႔ေလးႏွစ္ခုၾကား အသာခ်ၿပီး
"ဒီပြဲမွာလည္း မင္းပဲႏိုင္ပါတယ္။ မင္းက အားလုံးကို အႏိုင္ပိုင္းသြားခဲ့တာပဲ။"
ျပန္လည္ေျဖၾကားျခင္း အလ်င္းမရွိသည့္ ေျမပုံႏွစ္ခုအား ၾကည့္ရင္း ထိုသူ၏အေတြးအစုံမွာ တစ္ဖန္ျပန္လည္ လြင့္ျပန႔္သြားရျပန္၏။ ေျမပုံေပၚ တင္က်န္ေနေသာ သစ္႐ြက္ေျခာက္မ်ားအား အသာဖယ္ရွားေပးရင္း သက္ျပင္းတို႔ ထပ္မံခ်မိသည့္အခါ မလွမ္းမကမ္းတြင္ မတ္တပ္ရပ္ေနေသာ ေနာက္လိုက္ျဖစ္သူက ပုံမွန္အသံေနအသံထားျဖင့္ သတိလွမ္းေပးလာ၏။
"ၿမိဳ႕ေတာ္ဝန္။ သြားရမယ့္ အခ်ိန္ ေရာက္ပါၿပီ။"
ေနာက္လိုက္ျဖစ္သူ၏ စကားအဆုံး ၿမိဳ႕ေတာ္ဝန္ဆိုသူ ထိုလူသားမွာ ေနရာတြင္ပင္ မတ္တပ္ထရပ္လာရင္း ေနာက္လိုက္ဘက္ လွည့္ကာ လက္ႏွစ္ဖက္ ေနာက္ပစ္ၿပီး အသာၿပဳံးလာ၏။ ထိုလူ၏ မ်က္ႏွာထက္ အင္မတန္မွ ျမင္ရခဲလွသည့္ ဟန္ေဆာင္မႈ အလ်င္းမပါေသာ ႏူးညံ့လွသည့္ အၿပဳံးတစ္ခုပင္။
"အင္း။ ငရဲနဲ႔တူတဲ့ ေနရာကို ထပ္သြားရေတာ့မွာပဲ။"
ၿမိဳ႕ေတာ္ဝန္၏စကားအဆုံး ေနာက္လိုက္ျဖစ္သူက အၾကည့္လႊဲရင္း ေခါင္းအသာငုံ႔သြား၏။ ႏွာတစ္ခ်က္မႈတ္ရင္း အသာရယ္လိုက္ၿပီးေနာက္ ေျမပုံရွိရာထံ သမင္လည္ျပန္လွည့္ၾကည့္လိုက္ၿပီး
"အင္း။ အေကာင္းဆုံးၿပိဳင္ဘက္ႀကီးက ေပးခဲ့တဲ့ တာဝန္ႀကီးတစ္ခုဆိုေတာ့လည္း ၿပီးဆုံးေအာင္ ေဆာင္႐ြက္ရမွာ ငါ့တာဝန္ပဲေပါ့။"
ထိုသူ၏ စကားအဆုံး ေနာက္လိုက္ျဖစ္သူက သူ၏သခင္ျဖစ္သူ ၿမိဳ႕ေတာ္ဝန္ထံတစ္လွည့္ ေျမပုံႏွစ္ခုအားတစ္လွည့္ ဇေဝဇဝါျဖစ္စြာ ၾကည့္လာ၏။ ၿမိဳ႕ေတာ္ဝန္လည္း ေမးခြန္းထုတ္ခ်င္ေနဟန္ရွိေသာ ေနာက္လိုက္၏ ပုခုံးအား အသာဖ်စ္ညႇစ္ရင္း ထိုေနရာမွ တစ္လွမ္းခ်င္း ထြက္ခြာသြားေတာ့၏။
ကုန္းျမင့္ေလးထက္ရွိ မိုးမခပင္ေအာက္ မလႈပ္မယွက္တည္ရွိေနသည့္ ေျမပုံမို႔မို႔ႏွစ္ခုႏွင့္အတူ ေလယူရာယိမ္းႏြဲ႕ေနသည့္ မိုးမခပင္ႀကီးတို႔မွာလည္း အလည္လာသူ ဧည့္သည္အား အသံတိတ္ႏႈတ္ဆက္ေနၾကသည့္အလား။ တျဖည္းျဖည္းႏွင့္ မိုးရနံ႔တို႔ သိပ္သည္းလာသည့္ ေလထုၾကား လာဗင္ဒါ ပန္းရနံ႔တို႔ တစ္ခ်က္တစ္ခ်က္ လြင့္ျပန႔္လာသလို ထိုကုန္းျမင့္ေလးေပၚမွ လွမ္းၾကည့္လိုက္႐ုံႏွင့္ ျမင္ရႏိုင္သည့္ ႀကီးမားက်ယ္ျပန႔္လွေသာ ေတာအုပ္ႀကီးမွာလည္း ႐ြာခ်လာေတာ့မည့္ အၾကင္မိုးအား ႀကိဳဆိုေနၾကဟန္ ေလယူရာ ယိမ္းႏြဲ႕ရင္း မိုးရနံ႔ႏွင့္ လာဗင္ဒါပန္းရနံ႔တို႔အား ေလျပည္ႏွင့္အတူ ပတ္ဝန္းက်င္အႏွံ႔ သယ္ေဆာင္ေပးေနၾကသည့္အလား။ နာမည္၊ ကဗၺည္း မည္သည့္အရာမွ် ေရးထိုးထားျခင္းမရွိသည့္ ထိုေျမပုံမို႔မို႔ေလးထဲ လဲေလ်ာင္းေနၾကသည့္ အၾကင္သူႏွစ္ဦးမွာေတာ့ ငရဲႏွင့္တူသည့္ ထိုေလာကႀကီးအား အၿပီးပိုင္စြန႔္ခြာရင္း ျဖစ္ပ်က္ေနသမွ် အရာအားလုံး လ်စ္လ်ဴရႈကာ ၿငိမ္းခ်မ္းစြာပင္ ထာဝရအိပ္စက္အနားယူလ်က္။ လာေရာက္ႏႈတ္ဆက္သြားသူ ဧည့္သည္ေတာ္ႀကီးမွာေတာ့ ႀကီးမားလွေသာ တာဝန္ႀကီးတစ္ခုအား လႊဲေျပာင္းလက္ခံရင္း။ ေအာင္ျမင္၏၊ မေအာင္ျမင္၏ ဆိုသည္မွာကား မည္သူမွ် ခန႔္မွန္း၍မရႏိုင္ေသာ အေျဖရွာရခက္သည့္ ပုဒ္စာတစ္ပုဒ္အလား။ အရာအားလုံးမွာ ကံၾကမၼာအေပၚတြင္သာ အလုံးစုံ မူတည္ေပေတာ့မည္။
#EndlessKeir
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
Hello my readers...
ျဖစ္ႏိုင္ရင္ေတာ့ အရင္ပုံစံ အရင္ fic ကိုပဲ ပုံစံတူ ျပန္ေရးခ်င္ေပမယ့္ အေျခအေနအရ အသစ္ပဲ ေရးလိုက္ပါတယ္။ စာဖတ္သူတို႔အေနနဲ႔ ခဏခဏဖတ္ၿပီး မၿငီးေငြ႕သြားရေအာင္ အတတ္ႏိုင္ဆုံး ႀကိဳးစားသြားပါ့မယ္။ fic နာမည္ကိုလည္း အရင္ Hellishness အစား အတိုေကာက္ HN လို႔ ေျပာင္းလိုက္ပါတယ္။ တျခားနာမည္ ေျပာင္းဖို႔ စဥ္းစားမိေပမယ့္ ဒီ fic နဲ႔ လိုက္ဖက္တာ ဒီနာမည္ပဲ ရွိတယ္လို႔ ခံစားမိလို႔ ေနာက္ၿပီး Hellishness ကလည္း သာသာ့အတြက္ နာမည္စီးၿပီး ျပႆနာတစ္ခုၿပီးတစ္ခု တက္သလို ခံစားေနရလို႔ အရင္နာမည္ကို မသုံးျဖစ္ေတာ့ပါဘူးေနာ္။ Story cover မွာ Netherworld လို႔လည္း ေရးထားပါတယ္။ အဲဒီ့နာမည္ေလးလည္း သုံးခ်င္လို႔ပါ။ ဆိုေတာ့ ဘယ္လိုေခၚေခၚ ရပါတယ္။ စာဖတ္သူ ဒါဒါေလးတို႔ စိတ္ႀကိဳက္ေပါ့ေနာ္။
ဆိုေတာ့ သာသာ့ရဲ႕ fic အသစ္ေလးကေန ႀကိဳဆိုလိုက္ပါတယ္။ fic ေခါင္းစဥ္အရ ငရဲခန္းဆိုတဲ့အတိုင္းပဲ ရက္စက္ၾကမ္းၾကဳတ္တဲ့ အခန္းေတြ ပါဝင္လာႏိုင္တာမို႔ အသည္းႏုတဲ့သူေတြ မဖတ္ဖို႔အတြက္ ေမတၱာရပ္ခံပါတယ္။ ရင္နင့္ေစေလာက္မယ့္ ခံစားခ်က္မ်ိဳး ေပးစြမ္းႏိုင္တဲ့အထိ သာသာ ေရးသားႏိုင္လား မသိေပမယ့္ ႏွလုံးေရာဂါ အခံရွိတဲ့သူေတြအေနနဲ႔လည္း လုံးဝ (လုံးဝ) မဖတ္ၾကဖို႔ ေမတၱာရပ္ခံခ်င္ပါတယ္။18+ warning ေတြလည္း ပါမွာမို႔ mature on ထားပါတယ္။ ဒါကေတာ့ read as your own risk ပါပဲ။
ဆိုေတာ့ သာသာ့ရဲ႕ ငရဲခန္းေလးကေန ႀကိဳဆိုလိုက္ပါတယ္။ update ကေတာ့ သာသာကိုယ္တိုင္လည္း မအားတဲ့ၾကားက ေရးရတာမို႔ မွန္ဖို႔အတြက္ သိပ္ၿပီး မေမွ်ာ္လင့္ပါနဲ႔ေနာ္။ fic ၿပီးသြားမွ ဖတ္ခ်င္တယ္ဆိုလည္း ရပါတယ္။ complete ျဖစ္သြားတဲ့အခါ သာသာ့ wall ထဲမွာေရာ fb acc မွာပါ တင္ေပးမွာမို႔ ေအးေဆးေစာင့္ဖတ္လည္း ရပါတယ္ေနာ္။
စာလည္း ရွည္သြားၿပီဆိုေတာ့ ဒီေလာက္နဲ႔ပဲ ရပ္လိုက္ပါေတာ့မယ္။
See you next part...
Love you all my readers.
#EndlessKeir