အေဒင် ဥယျာဉ်ကြီးထဲ
မြွေတစ်ကောင်ဟာ သူ့တာဝန်ဖြစ်တဲ့
အာဒံကိုပန်းသီးစားဖို့မြူဆွယ်နေသည်
အဲ့ဒါကိုမြင်တဲ့ တမန်တော်လေးကလည်း
မစားဖို့တောင်းဆိုနေလျက်
အေဒင်ရဲ့ တံတိုင်းကြီးပေါ်တွင် အဖြူရောင်ဆွတ်ဆွတ်တောင်ပံတွေနဲ့တကိုယ်လံုးအဖြူေရာင်တို့ဖြင့်
တမန်တော်တစ်ပါးဟာ အေဒင်ဥယျဉ်ကနေထွက်ခွာသွားတဲ့ သေမျိုးနှစ်ယောက်ကို ကြည့်နေသည်
ထိုအချိန်မှာ တကိုယ်လုံးဆိုးယုတ်မှုတွေ
လွှမ်းခြုံထားတဲ့ မြွေကြီးဟာ တမန်တော်ရဲ့ နံဘေးသို့ ရောက်ရှိလာတယ်
ချက်ချင်းဆိုသလို မြွေအဖြစ်ကနေ အနီရောင်ဆံပင် မှောင်မိုက်နေတဲ့ တောင်ပံ့တွေနဲ့ အနက်ရောင်တမန်တော် အဖြစ်ပြောင်းလဲသွားတယ်
အနက်ရောင်တမန်တော်ကစပြောလိုက်တယ်
"ဟေး မင်းရဲ့ ဘုရားသခင်ချီးမြင့်ထားတဲ့ ဓါးရော"
"ဟမ် ဓါး "
"အေးလေ ဟိုမီးတောက်နေတဲ့ဓါးလေ"
"အိုး အဲ့တာကလေ အမ် အာ"
"မင်းသူတို့ကိုပေးလိုက်တာလား"
"အမ် ဒီလိုကွာ အေဝက ဗိုက်ကြီးနဲ့ကွာ အပြင်လောကကြီးကလည်း အန္တာရာယ်များလို့ ဒါနဲ့ ဟီး"
"အရမ်းကိုမွန်မြတ်နေတာဘဲ"
"ဒါနဲ့ မင်းနာမည်က"
"ခရိုင်လီ ပါ"
"ငါက အယ်ဇီရာဘဲလ် ပါ ဘုရားသခင်ရဲ့ တမန်တော်ပေါ့"
"အင်းသိသာပါတယ်"
ထိုအချိန် မိုးရေများကျဆင်းလာ၍
အယ်ဇီရာဘဲလ်က ခရိုင်လီအပေါ်
တောင်ပံဖြင့်အုပ်မိုးပေးလိုက်သည်
ခရိုလီလဲ တောင်ပံထဲသို့ တိုးဝင်လာသည်