ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိ...

Por yyuzanawin

113K 12K 236

စစ်ဟွိုင်ရှီး သည် နောက်ဆုံးသောနေ့ရက်များတွင် ဖုတ်ကောင်များကို တိုက်ခိုက်ရန် ငြီးငွေ့နေသောကြောင့် သူဖတ်ရန် ဝတ္... Más

Description
1🍷
2🍷
3🍷
4🍷
6🍷
7🍷
8🍷
9🍷
10🍷
11🍷
12🍷
13🍷
14🍷
15🍷
16🍷
17🍷
18🍷
19🍷
20🍷
21🍷
22🍷
23🍷
24🍷
25🍷
26🍷
27🍷
28🍷
Hello
29🍷
30🍷
31🍷
အဖြေမှန် 😍
32🍷
33🍷
34🍷
35🍷
36🍷
37🍷
38🍷
39🍷
40🍷
41🍷
42🍷
43🍷
44🍷
45🍷
46🍷
47
48
49..
50
51
52
53
54
55
56
57
58
59

5🍷

2.7K 324 1
Por yyuzanawin

"အစ်ကိုဖေး တပ်ထဲမှာ ဘယ်လိုနေလဲဟင်"

"ဘာလို့ ဒီလိုမေးတာလဲ"

" စစ်တပ်ထဲ တခါမှ မရောက်ဖူးဘူးလို့ပါ အစ်ကိုဖေး mechaလေယာဉ်မှူး ဖြစ်ဖူးတယ် ဆိုတော့ အဲ့ဒါကို ဘယ်လိုတွေမောင်းကြလဲ သိချင်လာလို့.."

စစ် ဟွိုင်ရှီးက ပျော့ပျောင်းတဲ့ ခေါင်းအုံးကို ပွေ့ဖက်လိုက်ပြီး ဖေးကျောက်ကျိုးကို စူးစမ်းလိုတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်

ဖေးကျောက်ကျိုး က သူ့နှုတ်ခမ်းတွေကို ဖွဖွရယ်ရင်း တခဏတာ တုံ့ဆိုင်းသွားပေမယ့်..

" ရပါတယ်.. mecha pilot တွေက ပြင်ပကမ္ဘာက ထင်ထားသလောက် ဆွဲဆောင်မှု မရှိသလို သူက အင်အားအကြီးဆုံးနဲ့ အပြင်းထန်ဆုံး ရန်သူကို တိုက်ခိုက်ရတာမို့ Mecha လေယာဉ်မှူးရဲ့အဆင့်က ဘယ်တော့မှ မနိမ့်ဘူး ဒါကြောင့် အင်ပါယာရဲ့ mecha ပိုင်းလော့အနေနဲ့ သေဆုံးရတာက နောင်တရစရာ မရှိတဲ့အထိပေါ့.."

"အစ်ကိုဖေး ငါပြောမယ့်စကားက စပ်စုသလိုဖြစ်ပေမယ့် အစ်ကိုဘာကြောင့် တပ်က ထွက်ခဲ့တာလဲဆိုတာ ပြောပြလို့ရမလား"

ဖေးကျောက်ကျိုးရဲ့ မျက်လုံးများသည် နာကျင်ခြင်းများဖြင့် တောက်ပလာပြီးချက်ချင်း အေးစက်သွားကာ

"မင်း ဒါတွေ သိစရာ မလိုဘူး"

အစ်ကိုဖေးက ဒီမေးခွန်းကို မဖြေချင်တာ အရမ်းသိသာတယ်.. ဒါက လျှို့ဝှက်ချက် မဟုတ်ရင် အစ်ကိုဖေး ရဲ့ တုံ့ပြန်မှုက ဒီလောက် ပြင်းထန်မှာ မဟုတ်ဘူး..

စစ်ဟွိုင်ရှီး မျက်မှောင်ကြုတ်လိုက်မိသည်။ ဖေးကျောက်ကျိုး ကို အနာဂတ်တွင် ဘာဖြစ်မည်ကို ပြောပြလိုက်ရင် သူ့ကိုအရူးလို့တွေးသွားလိမ့်မယ် ပြီးတော့သူတို့သိတာ ၂၄နာရီတောင်မရှိသေးဘူးလေ..

စစ်ဟွိုင်ရှီးဟာ သက်ပြင်းအသာချကာ

"အစ်ကိုဖေး ငါအရမ်းစကားများသွားလား.."

ဖေးကျောက်ကျိုးက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ဖြေချလိုက်သည်..

"အင်း.."

####

အခန်း 704၊ Interstellar ဟိုတယ်

ဖေးကျောက်ကျိုးသည် အဖြူရောင်ရေချိုးဝတ်စုံကို ဝတ်ဆင်ထားကာ သူ့ရဲ့ ပယင်းရွှေရောင် မျက်လုံးများကို အမှောင်အလွှာဖြင့် ဖုံးလွှမ်းထားပြီး လက်ထဲတွင် စီးကရက်ကို မသောက်ပဲကိုင်ထားတာကြောင့် မီးပွားများ လောင်ကျွမ်းသွား သောအခါ ပြာများ မြေပြင်ပေါ်သို့ ကျသွားလေသည်..

လျှောက်လမ်းတစ်​လျှောက် လမ်းလျှောက်လာရင်း စစ်ဟွိုင်ရှီးကို အပေါ်စီးကနေမြင်နေရတယ်

သူ့ရဲ့ဂလင်းပျက်စီးမူက လျှို့ဝှက်ချက်ဖြစ်ပြီး ပြင်ပကမ္ဘာက ဘယ်သူမှမသိပေ.. နောက်ခံမရှိသော စစ်ဟွိုင်ရှီးအတွက် ကောင်းသောကိစ္စမဟုတ်လား

ထို့အပြင် ဖေးကျောက်ကျိုး သည် စစ်ဟွိုင်ရှီး ရဲ့အထောက်အထားနှင့် ပတ်သက်ပြီး သံသယဝင်လာခဲ့သည်.. သူ့အနားချည်းကပ်ပြီး သူလျို့လုပ်ဖို့ကြံစည်တဲ့လူတွေလဲ တစ်ခါမကကြုံဖူးပြီးပြီ..
ဒါပေမယ့် သူတို့အားလုံးကို ဖေးကျောက်ကျိုး က တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်ခဲ့သည် ဒါကို မသိတဲ့လူမရှိ..ဒါပေ့မယ် ဒီကောင်လေးကတော့..

#####

"မောနင်း.."

ကျိူးဝမ်ကျင်းဟာ Interstellar Hotel ၏ ဧည့်ခန်းတွင် ထိုင်ကာ

"ဥက္ကဌဖေး ..ကောင်တာကအမျိုးသမီးကိုမေးပြီးပြီ မင်းအခုထိမနိုးသေးဘူးဆိုပြီး..မင်းရဲ့ပုံစံကတမျိုးပါလား..."

‌ ဖေးကျောက်ကျိုး က သူ့သူငယ်ချင်းရဲ့ ရွဲ့စောင်းတဲ့ လေသံကို ကြားပြီး အေးစက် စွာ ရယ်မောရင်း..

‌ "မင်း ငါ့ပုံစံကို ဂရုစိုက်ရတဲ့အထိ တော်တော်အားနေတာပဲ..ဘယ်လိုလဲ အလုပ်တွေ ပေးရမလား"

ကျိုးဝမ်ကျင်းဟာ ချက်ချင်းပင် ခြေထောက်များကို ဖြောင့်တန်းကာ မျက်ခုံးပင့်လျှက်...

"ဒါက ငါတို့ရဲ့ ကုမ္ပဏီနှစ်ပတ်လည် အစည်းအဝေးမှာ မင်းကြောင့်သာမဟုတ်ရင်ငါအစောကြီးနားနေရမှာလေ သူ့တို့ကမင်းကြောင့်လာတာသိရဲ့သားနဲ့ အခန်းကိုလစ်ပြေးသွားတာဘယ်သူလဲ..ပြီးတော့ မင်းဟာ မီချာလေသူရဲကောင်း မဟုတ်တော့ရင်တောင် ခေတ်မီတဲ့လူတစ်ယောက်ဖြစ်ပြီး နေ့တိုင်း ခြောက်နာရီမှာ အိပ်ရာကထ.. နေ့တိုင်း ခုနစ်နာရီမှာ Gymဆော့ နှစ်အတော်ကြာအောင် မရပ်မနား လုပ်လာပြီး အခုမှဘာလို့ နောက်ကျနေရတာလဲ..."

ကျိုးဝမ်ကျင်း က ယုတ်မာစွာ ပြုံးလိုက်ကာ.

"မနေ့ညက တစ်ယောက်ယောက်နဲ့ နွေဦးလေပြေလေး ဖြစ်သွားလို့များလား.."

ဖေးကျောက်ကျိုး ရဲ့ မျက်လုံးများတွေက ခက်တန်သွားပြီး သူ့ရှေ့ကလူကို စိုက်ကြည့်နေလိုက်တယ်..

ကျိုးဝမ်ကျင်းသည် သူ့သူငယ်ချင်းရဲ့ စရိုက်ကို သိထားတာကြောင့် တစ်ကိုယ်လုံးတုန်လှုပ်သွားကာ..

"ငါက ဒီအတိုင်း မင်းနောက်ကျနေပြီး အဝတ်တောင်ဖြစ်သလိုဝတ်လာလို့ ဘယ် Omega က ဒီလောက်အစွမ်းထက်လဲ သိချင်သွားတာ.."

ဖေးကျောက်ကျိုးက သူ့နဖူးကို ကိုင်ထားရင်း သက်ပြင်းချလိုက်တယ်။

" Omega မဟုတ်ဘူး"

ကျိုးဝမ်ကျင်း က ပိုအံ့သြသွားကာ..

"ဘယ် Beta က မင်းရဲ့အပင်ဟောင်းက နှစ်တစ်ထောင်မပွင့်သေးတဲ့ အပင်ကြီးကို ပြုစုစောင့်ရှောက်နိုင်တဲ့ အစွမ်းသတ္တိ ရှိလို့လဲ အခန်းထဲမှာ အလှလေး ရှိနေတုန်းပဲလား။ ငါ့ကို ပြောပြဦး။"

"မရှိဘူး"

လျစ်လျူရှုကာ ငြင်းဆန်ခဲ့ပြီး စစ်ဟွိုင်ရှီး ထွက်သွားတာကိုပဲ ဝမ်းသာမိလိုက်တယ်၊ မဟုတ်ပါက ကျိုးဝမ်ကျင်းကဲ့သို့ အတင်းအဖျင်းစကားတွေနဲ့စပ်စုတာတွေက လုံးဝ မျက်နှာပျက်ရလိမ့်မည်။

"တွန်တို့လိုက်တာ"

ကျိုးဝမ်ကျင်းကတော့ ပိုပြီး ပိုချင်လာမိသည်

###

မနေ့ညက ဖေးကျောက်ကျိုး ဝတ်ထားတဲ့ ဝတ်စုံက တစ်စုံတစ်ယောက်ကြောင့်ပျက်စီးသွားတဲ့အတွက် အပြင်မှာ ဝတ်လို့တဲ့မရတဲ့ဟာကိုသာ ထုတ်ဝတ်လာခဲ့ရတယ်.. သူ့နေ့စဉ်ဘဝတာဝန်ယူရတဲ့ Assistant Jin ကတော့ ဒီနေ့ အလုပ်ကိစ္စနဲ့ ခရီးထွက်နေတယ်။ မနေ့က ကျိုးဝမ်ကျင်းက သူ့ကုမ္ပဏီရဲ့ နှစ်ပတ်လည်အစည်းအဝေးတက်ဖို့ အတင်းတောင်းဆိုလို့သာ သူ့ပြိုင်ကားနဲ့ တိုက်ရိုက်လာခဲ့တာ။ အပိုအဝတ်အစားလဲ မယူလာဘူး။ ဒါကြောင့် ဖေးကျောက်ကျိုး က ဟိုတယ်ရဲ့ ဝန်ဆောင်မှုဝန်ထမ်းကို အဝတ်အစား အသစ် ယူလာပေးဖို့ တောင်းဆိုခဲ့တာပဲ​။ အခန်းထဲမှာ စောင့်နေတုန်း ဖေးကျောက်ကျိုးရဲ့ အမူအရာက မကောင်းလှပေ..

စစ်ဟွိုင်ရှီးက သူ့တင်ပါးကို တစ်ညလုံးထိန်းချုပ်လို့မရတဲ့ ခွေးကောင်လို ရိုက်နေခဲ့ပြီး သူကကွန်ဒုံးမသုံးတာကြောင့် လမ်းလျှောက်လာရင်းနဲ့ သူ့ခန္ဓာကိုယ်ထဲမှာ ကျန်ခဲ့တဲ့ အရာတွေကတဖြည်းဖြည်း ထွက်ကျလာတယ်။

မှုန်မှိုင်းနေသော မျက်နှာဖြင့် ဖေးကျောက်ကျိုး သည် ရေချိုးရန် ရေချိုးခန်းသို့ အမြန်သွားကာ ထိုအရာများကို လက်နဲ့ကထော်ထုတ်ကာ သန့်ရှင်းလိုက်ရတယ်..

မှန်ထဲမှာ ကိုယ့်ကိုယ်ကို ကြည့်လိုက်တော့..

ရင်ဘက်နှစ်ဖက်လုံးက နီရဲနေပြီး ဖေးကျောက်ကျိုးသည် စစ်ဟွိုင်ရှီးက နို့မဖြတ်ရသေးသော ခွေးတစ်ကောင်လားဟု တွေးမိလိုက်သည်။ မဟုတ်ရင် သူဘာလို့ တစ်ညလုံး စို့နေရတာလဲ၊ အဆုံးမှာ မစို့နိုင်တော့ဘဲ ဒေါသကို ဖြေဖျောက်ဖို့ အကိုက်ခံရလိုက်ရပြန်တယ်

ဖေးကျောက်ကျိုးဟာ ပိုပြီး ဒေါသထွက်လာသည်။ သူ့ခန္ဓာကိုယ်ကအစိတ်စိတ်အမွှာမွှာ အကိုက်ခံရပြီး ညှပ်ရိုး၊ လည်ပင်းနဲ့ ပါးတွေရဲ့ အရေပြားပေါ်မှာ သွားတွေ အမှတ်အသားတွေ ရှိနေခဲ့ပြီး မမြင်ရတဲ့ နေရာတွေမှာတောင် ရှိနေမှာအသေအချာပဲ

ဖေးကျောက်ကျိုးသည် စစ်ဟွိုင်ရှီးကိုသင်ခန်းစာတစ်ခုသင်ပေးရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့တယ်..ဒါပေမယ့် ဖေးကျောက်ကျိုးက ဒါကို မလုပ်နိုင်ခဲ့ဘူး မနေ့ညက မတော်တဆမှုတစ်ခုပဲ။ စစ်ဟွိုင်ရှီးရဲ့ လှပပြီး လိမ္မာရေးခြားရှိသော မျက်နှာကြောင့် သူ့ သွေးဆောင်ခံရတာပဲ..

စစ်ဟွိုင်ရှီးရဲ့ လှပသန့်စင်သော ရေတပ်အပြာရောင် မျက်လုံးများနှင့် နူးညံ့ပြီး ချောမောသော ပါးပြင်များကို တွေးကြည့်ရာ ဒါက သူ့အား လုံခြုံပြီး နွေးထွေးစေကာ ကောင်းသည့် ခံစားချက်ကို တစ်ချိန်လုံး ခံစားရစေခဲ့တယ်။

ဖေးကျောက်ကျိုးက သူ့အလှည့်စားခံလိုက်ရတယ်လို့ ခံစားလိုက်ရပေ့မယ့် ဒီကောင်ကလေးက ဘယ်လောက်ကောင်းလိုက်လဲ။ ဟမ်..

သူက ကလေးမျှသာဖြစ်ပြီး အစပိုင်းတွင် သူ့ဘယ်လိုလုပ်ရမည်ကိုပင် မသိခဲ့ဘဲ နောက်ပိုင်းတွင် တစ်နေရာမှ သင်ယူခဲ့သော လှည့်ကွက်များကို အသုံးချကာ ငိုယို တောင်းပန်လျှက် ရပ်တန့်ဖို့​တောင် ငြင်းဆန်ခဲ့သည်။

ဖေးကျောက်ကျိုးဟာ ရေချိုးပုဝါကို ဝတ်လိုက်ကာ ရေချိုးခန်းတံခါးမှ ထွက်လာသည်နှင့် တပြိုင်နက် သူ့ရဲ့လည်ပင်းနောက်ဘက်ရှိ ဂလင်းကို အံ့ဩစွာဖြင့် ထိလိုက်မိသည်။

သူ့ရဲ့ ဂလင်းကိုကာကွယ်တဲ့စတစ်ကာက ညက စုတ်ပြဲသွားကာ စစ်ဟွိုင်ရှီရဲ့ သွားတွေနဲ့ ကိုက်ခံခဲ့ရသည်။ ယေဘူယျအားဖြင့် ပြောရလျှင် pheromoneသည် ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ နာကျင်မှုက လွင့်ထွက်​လာရမှာလေ..

ဖေးကျောက်ကျိုးသည် သူ့ရဲ့လည်ပင်းနောက်ဘက်ရှိ ဂလင်းကို အကြိမ်အနည်းငယ် ထိလိုက်တော့ ယားယံသလို ခံစားရရုံသာမကဘဲ လန်းဆန်းပြီး သက်တောင့်သက်သာဖြစ်စေတဲ့ ငရုတ်ကောင်းဆီလိမ်းတာနဲ့ခပ်ဆင်ဆင်တူပါ တယ်။ အရင်တုန်းကတော့ ဆရာဝန်က အထူးဖော်စပ်ထားတဲ့ ပြုပြင်ထားတဲ့ လိမ်းဆေးကတောင် အခုလောက် အဆင်မပြေဘူး။

မနက်ခင်းမှာ နာကျင်ကိုက်ခဲမှုတွေမရှိတဲ့အပြင် စိတ်ကလည်း အရင်ကထက် ပို သက်သာလာပါတယ်။ မနက်အိပ်ရာနိုးရင် ခေါင်းကိုက်လေ့ရှိပေ့မယ့် မနက်ကတော့ဘာမှမဖြစ်..

ဖေးကျောက်ကျိုးဟာ ပိုလို့တောင် အံ့ဩသွားရတယ်။

တံခါးခေါက်သံက ကမန်းကတန်း ထွက်ပေါ်လာတော့ မသိစိတ်မှ မျက်မှောင်ကြုတ်လိုက်သည်။ ဝတ်စုံတွေ လာပို့ရန် လာရောက်သော ဟိုတယ်ရဲ့ ဝန်ဆောင်မှု ဝန်ထမ်းများ ဖြစ်ရမယ်။

ဒါပေမယ့် တံခါးဖွင့်လိုက်တာနဲ့ သူ့သူငယ်ချင်း ကျိုးဝမ်ကျင်း ရဲ့ မျက်နှာကို မြင်လိုက်ရတယ်။ ချက်ချင်းပင် မထီမဲ့မြင်ပြုသော အကြည့်ကို ပြလိုက်သည်။ ကျိုးဝမ်ကျင်းကလည်း သူ့သူငယ်ချင်းရဲ့ ကိုယ်လုံးတီး လာဖွင့်တာကိုမြင်ပြီး ဒေါသတကြီးနဲ့

"မင်းက ဘယ်လိုတောင် သောက်ရှက်မရှိတာတုန်း ငါ မင်းကို ဝတ်စုံတစ်ထည်ယူလာပေးတဲ့အထိတောင်မစောင့်နိုင်ဘူးလား.."

ဒေါသထွက်သလိုလုပ်ရင်းအခန်းကို ချောင်းကြည့်လိုက်ကာ ဖေးကျောက်ကျိုး နဲ့အိပ်ခဲ့တဲ့ အလှလေး ကို မြင်ချင်မိတယ်

"..........."

ဖေးကျောက်ကျိုးသည် ကျိိုးဝမ်ကျင်း ကိုကြည့်လိုက်ရင်း မျက်လုံးတွေနဲ့ လှောင်ရယ်နေလိုက်တယ်..

ကျိုးဝမ်ကျင်းကို ခိုးကြောင်ခိုးဝှက်ကြည့်ဖို့ ခွင့်မပြုတော့ပဲ တံခါးကို ပွင့်ပွင့်လင်း လင်း ဖွင့်ချလိုက်ကာ..

" မင်းဘာလို့အထဲ ဝင်မကြည့်တာလဲ။"

ကျိုးဝမ်ကျင်းရဲ့ မျက်လုံးများက တောက်ပလာကာ

"မင်းက ဝင်ခိုင်းနေမှတော့လည်း..အဟမ်း.."

ဒါပေ့မယ့်..သူရှာမတွေ့ခဲ့ဘူး..
ဟုတ်ပါတယ်၊ သူရှာမတွေ့ဘူး။ ကျိုးဝမ်ကျင်း သည် ဟိုတယ်ခန်း အတွင်းအပြင်ကို လှမ်းကြည့်လိုက်သည်။ သူက လှိုင်ကာတွေကိုတောင် လှန်ကြည့်ပေမယ့် ဖေးကျောက်ကျိုး ကွယ်ဝှက်ထားတဲ့ အလှလေးကို ရှာမတွေ့သေးဘူး။

ကျိုးဝမ်ကျင်းဟာ ပြင်းပြင်းထန်ထန် ရှုံ့ချပြီး အလှတရား လေးကို ထုတ်​ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဖေးကျောက်ကျိုးက သူ့ကို အလွန်လှောင်ပြောင်သော လှောင်ပြောင်မှုသာ ပြန် ပေးခဲ့သည်။

ကျိုးဝမ်ကျင်းသည် Interstellar Hotel မှ တုံ့ဆိုင်းစွာ ထွက်ခွာသွားခဲ့ပြီး ဖေးကျောက်ကျိုးက ဆက်လက် လှောင်ပြောင်နေတော့ သူရဲ့ အနီရောင် ပြိုင်ကားကြီးကိုသာမောင်းထွက်သွားဖို့ပြင်လိုက်သည်.. ဖေးကျောက်ကျိုးကလည်းတုန့်ဆိုင်မနေပဲ ကားပေါ်တက်ကြလာသည်..

ကျိုးဝမ်ကျင်းကတော့ ကားဒရိုင်ဘာခုံတွင်ထိုင်ရင်း အလွန်ဆူညံနေကာ ပါးစပ်ကမရပ်။

"မင်းကိုကြည့်စမ်း၊ ဦးလေးတစ်ယောက်လိုထိုင်ပြီး ကားမောင်းဖို့ကိုစောင့်နေတယ် မင်းဘာလို့ ခေါင်းမာနေတာလဲမသိဘူး အဲ့ဒါက Beta အလှလေး ပဲမဟုတ်လား တင်းတင်းကြပ်ကြပ် ဖုံးကွယ်ထားရတာတော့ သူငယ်ချင်းတစ်ယောက်အနေနဲ့ မင်းကို ငါတားမှာမဟုတ်ဘူး။ ဒါပေ့မယ့် ငါက မင်းညီကိုလေ..ငါ့ခယ်မကိုမြင်ချင်တာအပြစ်လား.."

ဖေးကျောက်ကျိုးသည် ကျိုးဝမ်ကျင်း ကို ဘေးတိုက်ကြည့်ကာ

"ခယ်မ?"

ကျိုးဝမ်ကျင်းမှာ အပြစ်ရှိသလိုခံစားလိုက်ရပြီး ဖေးကျောက်ကျိုးသည် ကဏ္ဍပေါင်းစုံတွင် သူ့ထက်သာ၍ သန်မာနေသော်လည်း သူ့ ထက် နှစ်အနည်းငယ်ငယ်သောကြောင့် ခယ်မလို့ခေါ်တာ ရတာပဲလေ..

ကျိုးဝမ်ကျင်း က သူ့အား ခေါင်းမာမာဖြင့် ဆက်ပြောတော့မည်ကို မြင်လိုက်ရတော့ ဖေးကျောက်ကျိုးက သူ့လက်ကို ဝှေ့ယမ်းပြီး..

"ကောင်းပြီ၊ မောင်းလိုက်တော့.."

ဟု စိတ်မရှည်စွာ ပြောလေသည်။

ကျိုးဝမ်ကျင်းက အောင်နိုင်သူတစ်ယောက်လိုပြုံးကာ ကားမောင်းထွက်ရန်ပြင်လိုက်သည်
ထိုအချိန်တွင် ကားပြတင်းပေါက်မှအလျင်အမြန် ဖြတ်သွားသော လူတစ်ယောက်ကဖေးကျောက်ကျိုးရဲ့ မျက်လုံးများကို ရုတ်တရက် ဖမ်းစားလိုက်သည်၊

စစ်ဟွိုင်ရှီး၏ နူးညံ့သိမ်မွေ့သော မျက်နှာသည် လူအုပ်ထဲတွင် တောက်ပနေပြီး လှပသော ပင်လယ်ပြာရောင် မျက်လုံးများက တစ်စုံတစ်ခုကို စိတ်အားထက်သန်စွာ ရှာဖွေ နေသည်ကို ကြည့်နေမိသည်။ ကားပြတင်းပေါက်တစ်ဖက်မှာ ဖေးကျောက်ကျိုးဟာ ဆေးဝါးမျိုးစုံပါဝင်ပုံရတဲ့အဖြူရောင်အိတ်ကိုကိုင်ဆောင်ထားတဲ့ စစ်ဟွိုင်ရှီးဆီကို လူအုပ်ကြားထဲ အမြန်ပြေးသွားခဲ့တယ်။

ရုတ်တရက် အကြံတစ်ခုရလာသည်။
စစ်ဟွိုင်ရှီးက သူ့ကိုရှာနေတာလို့ သူခံစားလိုက်ရတယ်။

ဒါကြောင့် ချက်ချင်းဆိုသလိုပင် သွားနေတာကိုရပ်ကာ ကြည့်လိုက်တော့ တဖတ်လူက ခေါင်းငုံကာ စာရိုက်နေလေသည်..

ဖေးကျောက်ကျိုးလည်း သူ့ဖုန်းကို ငုံ့ကြည့်လိုက်သည်။

စစ်ဟွိုင်ရှီးက

"အစ်ကိုဖေး မင်း ဘယ်ရောက်နေတာလဲ၊ ရောင်ရမ်းမှု သက်သာစေတဲ့ ဆေးတွေဝယ်ပြီး ပြန်လာခဲ့ပေမယ့် ကောင်တာက အမျိုးသမီးက အစ်ကိုထွက်သွားပြီလို့ ပြောခဲ့တယ်"

ထိုဆေးများကို မည်သည့်နေရာတွင် အသုံးပြုမည်ကို တွေးတောရင်း ဖေးကျောက်ကျိုး၏ မျက်လုံးများတွင် အရှက်နှင့် ဒေါသအရိပ်အမြွက် ထွက်ပေါ်လာသော်လည်း လက်ဖြင့် စာရိုက်လိုက်သောအခါတွင် သူ၏ နှုတ်ခမ်းထောင့်များသည် ကွေးညွှတ်သွားခဲ့သည်။

"ဟုတ်တယ်.. သူငယ်ချင်းတစ်ယောက်က ငါ့ကို လာခေါ်တယ်လေ"

စစ်ဟွိုင်ရှီးက သူ့ခေါင်းကို ကုတ်လိုက်ကာ

"ဒါဆို အစ်ကိုဖေး မင်း အဝေးကြီးရောက်နေပြီလား။ ငါပြေးပြီး မင်းဆီ လာလို့ရတယ် သိလား.."

ဖေးကျောက်ကျိုး၏ လက်တွေက တုန်တုန်ယင်ယင်ဖြစ်ပြီး ချစ်စဖွယ် ကောင်းသောလူကြောင့် သူ၏နှလုံးသားများ နွေးထွေးသွားရသည်..

ပြတင်းပေါက်တစ်ဖက်တွင်ဖေးကျောက်ကျိုး သည် လမ်းမပေါ်တွင် တစ်ယောက်တည်း ရပ်နေပြီး တောက်ပနေသော ဆက်သွယ်ရေးကိရိယာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကာ မှိုတက်နေသော ရေပြာမျက်လုံးများဖြင့် ဖန်သားပြင်ကို စိုက်ကြည့်နေသည်ကို မြင်တွေ့ခဲ့ရသည်။

ဖေးကျောက်ကျိုး၏ အမူအရာမှာ အနည်းငယ် အေးစက်နေသေးသော်လည်း သူ့မျက်လုံးများက အပြုံးရိပ် လွှမ်းနေသည်။

သွယ်လျသောလက်ချောင်းများက ဆက်သွယ်ရေးစက်၏ မျက်နှာပြင်ပေါ် တွင် ဖိထားသော်လည်း အကြောင်းပြန်ခြင်းမရှိပေ။

တစ်ဖက်လူက မက်ဆေ့ခ်ျပို့နေတုန်းပဲ။

"အစ်ကိုဖေး"

"ဒီမှာရှိသေးလား?"

"အစ်ကို သွားပြီ ဆိုရင်တော့ လိပ်စာကို ငါ့ဆီ ပို့ပေးပါလား ၊ ငါ မင်းဆီ ပို့ ပေးမယ်လေ"

ဖေးကျောက်ကျိုးဟာ ကားသော့ကို လှည့်လိုက်ပြီး လေချွန်သံဖြင့် ဘေးကို တစ် ချက်ကြည့်လိုက်သည်။ ကျိုးဝမ်ကျင်းသည်လည်း ပြတင်းပေါက်မှ ဆယ်မီတာကျော် အကွာတွင် ရပ်နေသော စစ်ဟွိုင်ရှီးကို ကြည့်လိုက်သည်။

အကယ်၍ ကျိုးဝမ်ကျင်း သည် စစ်ဟွိုင်ရှီး အကြောင်းနှင့် စစ်ဟွိုင်ရှီး ယူဆောင်ခဲ့သော ရောင်ရမ်းမှုနှင့် နာကျင်မှု သော သက်သာစေသော ဆေးအိတ်ကို ​မြင်လိုက်ပါက..🤣🤣

ဖေးကျောက်ကျိုးသည် စက္ကန့်ဝက်လောက် စဉ်းစားပြီး ချက်ချင်း စာတိုတစ်စောင်ပို့လိုက်သည်။

"ဟင့်အင်း ငါသွားပြီ၊ မင်း ဆေးပေးစရာ မလိုဘူး ကျေးဇူးတင်ပါတယ်"

"ကောင်းပါပြီ အစ်ကိုဖေး လမ်းမှာ သတိထားပါ။"

ကားဆီအသာပြန်လှည့်လာတော့ကျိုးဝမ်ကျင်း သည် ဖေးကျောက်ကျိုးကို တစ်ချက်ကြည့်လိုက်ပြီး

"မင်းဖုန်းကိုင်ထားတာ တွေ့ရတာ ရှားပါတယ်။ အဲ့ကလေးက ဘယ်သူလဲ..ဘာလို့သူ့ဆီမသွားတာလဲ.."

ဖေးကျောက်ကျိုး သည် လျစ်လျူရှုသလိုဟန်ဆောင်ကာ ဖုန်းကို သိမ်းလိုက်ပြီး ..

"ဘာမှမဟုတ်ပါဘူး"

ကျိုးဝမ်ကျင်း က နှုတ်ခမ်းစူရင်း..

" မင်းမပြောချင်ရင်လည်း ထားလိုက်ပါတော့.. လျှို့ဝှက်ထားတဲ့ Beta အလှလေးနဲ့ ထပ်ပြီး စကားစမြည်ပြောနေတာမလား.."

"ပါးစပ်ပိတ်ပြီး မင်းကားကိုမောင်း။"

ကားက မောင်းထွက်သွားတယ်...

ဖေးကျောက်ကျိုးသည် တဖတ်ကိုကြည့်လိုက်တော့ အနည်းငယ်စိုးရိမ်သွားရသည်။ စစ်ဟွိုင်ရှီး၏ရုပ်သွင်က တဖြည်းဖြည်း မှိန်ဖျော့နေပြီလေ.. နောက်ကြည့်မှန်ကိုကြည့်လိုက်သော်လည်း သူအခုထိ ငြိမ်နေသေးသည်။ ကြည်လင်ပြီး လိမ္မာရေးခြားရှိသော ပင်လယ်ပြာမျက်လုံး များကို ဆုံးရှုံးသွားရသလိုခံစားလိုက်ရတော့ ဖေးကျောက်ကျိုးက သူ့စိတ်ကို မထိန်းနိုင်ဘဲ ရုတ်တရက်..

"ဖျော်ဖြေရေးနယ်ပယ်က ဘယ်လိုလဲ"

လို့ မေးလိုက်မိသည်..

ကျိုးဝမ်ကျင်းက ဝမ်းသာအားရနဲ့

"မင်း ဖျော်ဖြေရေးနယ်ပယ်ကိုစိတ်မဝင်စားဘူး မဟုတ်လား၊ ဘာလို့ ရုတ်တရက်စိတ်ဝင်စားလာတာလဲ၊ရင်းနှီးမြုပ်နှံဖို့လား..ဥက္ကဌဖေးရေ.. မင်းကို စောင့်မျှော်နေတဲ့ IP script ကြီး တွေ အများကြီး ကျန်ပါသေးတယ်။"

"ကောင်းပြီ။"

Zawgyi

"အစ္ကိုေဖး တပ္ထဲမွာ ဘယ္လိုေနလဲဟင္"

"ဘာလို႔ ဒီလိုေမးတာလဲ"

" စစ္တပ္ထဲ တခါမွ မေရာက္ဖူးဘူးလို႔ပါ အစ္ကိုေဖး mechaေလယာဥ္မႉး ျဖစ္ဖူးတယ္ ဆိုေတာ့ အဲ့ဒါကို ဘယ္လိုေတြေမာင္းၾကလဲ သိခ်င္လာလို႔.."

စစ္ ဟြိုင္ရွီးက ေပ်ာ့ေပ်ာင္းတဲ့ ေခါင္းအုံးကို ေပြ႕ဖက္လိုက္ၿပီး ေဖးေက်ာက္က်ိဳးကို စူးစမ္းလိုတဲ့ မ်က္လုံးေတြနဲ႕ ၾကည့္လိုက္တယ္

ေဖးေက်ာက္က်ိဳး က သူ႕ႏႈတ္ခမ္းေတြကို ဖြဖြရယ္ရင္း တခဏတာ တုံ႕ဆိုင္းသြားေပမယ့္..

" ရပါတယ္.. mecha pilot ေတြက ျပင္ပကမၻာက ထင္ထားသေလာက္ ဆြဲေဆာင္မႈ မရွိသလို သူက အင္အားအႀကီးဆုံးနဲ႕ အျပင္းထန္ဆုံး ရန္သူကို တိုက္ခိုက္ရတာမို႔ Mecha ေလယာဥ္မႉးရဲ႕အဆင့္က ဘယ္ေတာ့မွ မနိမ့္ဘူး ဒါေၾကာင့္ အင္ပါယာရဲ႕ mecha ပိုင္းေလာ့အေနနဲ႕ ေသဆုံးရတာက ေနာင္တရစရာ မရွိတဲ့အထိေပါ့.."

"အစ္ကိုေဖး ငါေျပာမယ့္စကားက စပ္စုသလိုျဖစ္ေပမယ့္ အစ္ကိုဘာေၾကာင့္ တပ္က ထြက္ခဲ့တာလဲဆိုတာ ေျပာျပလို႔ရမလား"

ေဖးေက်ာက္က်ိဳးရဲ႕ မ်က္လုံးမ်ားသည္ နာက်င္ျခင္းမ်ားျဖင့္ ေတာက္ပလာၿပီးခ်က္ခ်င္း ေအးစက္သြားကာ

"မင္း ဒါေတြ သိစရာ မလိုဘူး"

အစ္ကိုေဖးက ဒီေမးခြန္းကို မေျဖခ်င္တာ အရမ္းသိသာတယ္.. ဒါက လွ်ို႔ဝွက္ခ်က္ မဟုတ္ရင္ အစ္ကိုေဖး ရဲ႕ တုံ႕ျပန္မႈက ဒီေလာက္ ျပင္းထန္မွာ မဟုတ္ဘူး..

စစ္ဟြိုင္ရွီး မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ ေဖးေက်ာက္က်ိဳး ကို အနာဂတ္တြင္ ဘာျဖစ္မည္ကို ေျပာျပလိုက္ရင္ သူ႕ကိုအ႐ူးလို႔ေတြးသြားလိမ့္မယ္ ၿပီးေတာ့သူတို႔သိတာ ၂၄နာရီေတာင္မရွိေသးဘူးေလ..

စစ္ဟြိုင္ရွီးဟာ သက္ျပင္းအသာခ်ကာ

"အစ္ကိုေဖး ငါအရမ္းစကားမ်ားသြားလား.."

ေဖးေက်ာက္က်ိဳးက သူ႕ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေအးစက္စြာ ေျဖခ်လိဳက္သည္..

"အင္း.."

####

အခန္း 704၊ Interstellar ဟိုတယ္

ေဖးေက်ာက္က်ိဳးသည္ အျဖဴေရာင္ေရခ်ိဳးဝတ္စုံကို ဝတ္ဆင္ထားကာ သူ႕ရဲ႕ ပယင္းေ႐ႊေရာင္ မ်က္လုံးမ်ားကို အေမွာင္အလႊာျဖင့္ ဖုံးလႊမ္းထားၿပီး လက္ထဲတြင္ စီးကရက္ကို မေသာက္ပဲကိုင္ထားတာေၾကာင့္ မီးပြားမ်ား ေလာင္ကြၽမ္းသြား ေသာအခါ ျပာမ်ား ေျမျပင္ေပၚသို႔ က်သြားေလသည္..

ေလွ်ာက္လမ္းတစ္ေလွ်ာက္ လမ္းေလွ်ာက္လာရင္း စစ္ဟြိုင္ရွီးကို အေပၚစီးကေနျမင္ေနရတယ္

သူ႕ရဲ႕ဂလင္းပ်က္စီးမူက လွ်ို႔ဝွက္ခ်က္ျဖစ္ၿပီး ျပင္ပကမၻာက ဘယ္သူမွမသိေပ.. ေနာက္ခံမရွိေသာ စစ္ဟြိုင္ရွီးအတြက္ ေကာင္းေသာကိစၥမဟုတ္လား

ထို႔အျပင္ ေဖးေက်ာက္က်ိဳး သည္ စစ္ဟြိုင္ရွီး ရဲ႕အေထာက္အထားႏွင့္ ပတ္သက္ၿပီး သံသယဝင္လာခဲ့သည္.. သူ႕အနားခ်ည္းကပ္ၿပီး သူလ်ိဳ႕လုပ္ဖို႔ႀကံစည္တဲ့လူေတြလဲ တစ္ခါမကႀကဳံဖူးၿပီးၿပီ..
ဒါေပမယ့္ သူတို႔အားလုံးကို ေဖးေက်ာက္က်ိဳး က တစ္ေယာက္ၿပီးတစ္ေယာက္ သတ္ပစ္ခဲ့သည္ ဒါကို မသိတဲ့လူမရွိ..ဒါေပ့မယ္ ဒီေကာင္ေလးကေတာ့..

#####

"ေမာနင္း.."

က်ိဴးဝမ္က်င္းဟာ Interstellar Hotel ၏ ဧည့္ခန္းတြင္ ထိုင္ကာ

"ဥကၠဌေဖး ..ေကာင္တာကအမ်ိဳးသမီးကိုေမးၿပီးၿပီ မင္းအခုထိမနိုးေသးဘူးဆိုၿပီး..မင္းရဲ႕ပုံစံကတမ်ိဳးပါလား..."

ေဖးေက်ာက္က်ိဳး က သူ႕သူငယ္ခ်င္းရဲ႕ ႐ြဲ႕ေစာင္းတဲ့ ေလသံကို ၾကားၿပီး ေအးစက္ စြာ ရယ္ေမာရင္း..

"မင္း ငါ့ပုံစံကို ဂ႐ုစိုက္ရတဲ့အထိ ေတာ္ေတာ္အားေနတာပဲ..ဘယ္လိုလဲ အလုပ္ေတြ ေပးရမလား"

က်ိဳးဝမ္က်င္းဟာ ခ်က္ခ်င္းပင္ ေျခေထာက္မ်ားကို ေျဖာင့္တန္းကာ မ်က္ခုံးပင့္လွ်က္...

"ဒါက ငါတို႔ရဲ႕ ကုမၸဏီႏွစ္ပတ္လည္ အစည္းအေဝးမွာ မင္းေၾကာင့္သာမဟုတ္ရင္ငါအေစာႀကီးနားေနရမွာေလ သူ႕တို႔ကမင္းေၾကာင့္လာတာသိရဲ႕သားနဲ႕ အခန္းကိုလစ္ေျပးသြားတာဘယ္သူလဲ..ၿပီးေတာ့ မင္းဟာ မီခ်ာေလသူရဲေကာင္း မဟုတ္ေတာ့ရင္ေတာင္ ေခတ္မီတဲ့လူတစ္ေယာက္ျဖစ္ၿပီး ေန႕တိုင္း ေျခာက္နာရီမွာ အိပ္ရာကထ.. ေန႕တိုင္း ခုနစ္နာရီမွာ Gymေဆာ့ ႏွစ္အေတာ္ၾကာေအာင္ မရပ္မနား လုပ္လာၿပီး အခုမွဘာလို႔ ေနာက္က်ေနရတာလဲ..."

က်ိဳးဝမ္က်င္း က ယုတ္မာစြာ ၿပဳံးလိုက္ကာ.

"မေန႕ညက တစ္ေယာက္ေယာက္နဲ႕ ႏြေဦးေလေျပေလး ျဖစ္သြားလို႔မ်ားလား.."

ေဖးေက်ာက္က်ိဳး ရဲ႕ မ်က္လုံးမ်ားေတြက ခက္တန္သြားၿပီး သူ႕ေရွ႕ကလူကို စိုက္ၾကည့္ေနလိုက္တယ္..

က်ိဳးဝမ္က်င္းသည္ သူ႕သူငယ္ခ်င္းရဲ႕ စရိုက္ကို သိထားတာေၾကာင့္ တစ္ကိုယ္လုံးတုန္လႈပ္သြားကာ..

"ငါက ဒီအတိုင္း မင္းေနာက္က်ေနၿပီး အဝတ္ေတာင္ျဖစ္သလိုဝတ္လာလို႔ ဘယ္ Omega က ဒီေလာက္အစြမ္းထက္လဲ သိခ်င္သြားတာ.."

ေဖးေက်ာက္က်ိဳးက သူ႕နဖူးကို ကိုင္ထားရင္း သက္ျပင္းခ်လိဳက္တယ္။

" Omega မဟုတ္ဘူး"

က်ိဳးဝမ္က်င္း က ပိုအံ့ၾသသြားကာ..

"ဘယ္ Beta က မင္းရဲ႕အပင္ေဟာင္းက ႏွစ္တစ္ေထာင္မပြင့္ေသးတဲ့ အပင္ႀကီးကို ျပဳစုေစာင့္ေရွာက္နိုင္တဲ့ အစြမ္းသတၱိ ရွိလို႔လဲ အခန္းထဲမွာ အလွေလး ရွိေနတုန္းပဲလား။ ငါ့ကို ေျပာျပဦး။"

"မရွိဘူး"

လ်စ္လ်ဴရႈကာ ျငင္းဆန္ခဲ့ၿပီး စစ္ဟြိုင္ရွီး ထြက္သြားတာကိုပဲ ဝမ္းသာမိလိုက္တယ္၊ မဟုတ္ပါက က်ိဳးဝမ္က်င္းကဲ့သို႔ အတင္းအဖ်င္းစကားေတြနဲ႕စပ္စုတာေတြက လုံးဝ မ်က္ႏွာပ်က္ရလိမ့္မည္။

"တြန္တို႔လိုက္တာ"

က်ိဳးဝမ္က်င္းကေတာ့ ပိုၿပီး ပိုခ်င္လာမိသည္

###

မေန႕ညက ေဖးေက်ာက္က်ိဳး ဝတ္ထားတဲ့ ဝတ္စုံက တစ္စုံတစ္ေယာက္ေၾကာင့္ပ်က္စီးသြားတဲ့အတြက္ အျပင္မွာ ဝတ္လို႔တဲ့မရတဲ့ဟာကိုသာ ထုတ္ဝတ္လာခဲ့ရတယ္.. သူ႕ေန႕စဥ္ဘဝတာဝန္ယူရတဲ့ Assistant Jin ကေတာ့ ဒီေန႕ အလုပ္ကိစၥနဲ႕ ခရီးထြက္ေနတယ္။ မေန႕က က်ိဳးဝမ္က်င္းက သူ႕ကုမၸဏီရဲ႕ ႏွစ္ပတ္လည္အစည္းအေဝးတက္ဖို႔ အတင္းေတာင္းဆိုလို႔သာ သူ႕ၿပိဳင္ကားနဲ႕ တိုက္ရိုက္လာခဲ့တာ။ အပိုအဝတ္အစားလဲ မယူလာဘူး။ ဒါေၾကာင့္ ေဖးေက်ာက္က်ိဳး က ဟိုတယ္ရဲ႕ ဝန္ေဆာင္မႈဝန္ထမ္းကို အဝတ္အစား အသစ္ ယူလာေပးဖို႔ ေတာင္းဆိုခဲ့တာပဲ။ အခန္းထဲမွာ ေစာင့္ေနတုန္း ေဖးေက်ာက္က်ိဳးရဲ႕ အမူအရာက မေကာင္းလွေပ..

စစ္ဟြိုင္ရွီးက သူ႕တင္ပါးကို တစ္ညလုံးထိန္းခ်ဳပ္လို႔မရတဲ့ ေခြးေကာင္လို ရိုက္ေနခဲ့ၿပီး သူကကြန္ဒုံးမသုံးတာေၾကာင့္ လမ္းေလွ်ာက္လာရင္းနဲ႕ သူ႕ခႏၶာကိုယ္ထဲမွာ က်န္ခဲ့တဲ့ အရာေတြကတျဖည္းျဖည္း ထြက္က်လာတယ္။

မႈန္မွိုင္းေနေသာ မ်က္ႏွာျဖင့္ ေဖးေက်ာက္က်ိဳး သည္ ေရခ်ိဳးရန္ ေရခ်ိဳးခန္းသို႔ အျမန္သြားကာ ထိုအရာမ်ားကို လက္နဲ႕ကေထာ္ထုတ္ကာ သန့္ရွင္းလိုက္ရတယ္..

မွန္ထဲမွာ ကိုယ့္ကိုယ္ကို ၾကည့္လိုက္ေတာ့..

ရင္ဘက္ႏွစ္ဖက္လုံးက နီရဲေနၿပီး ေဖးေက်ာက္က်ိဳးသည္ စစ္ဟြိုင္ရွီးက နို႔မျဖတ္ရေသးေသာ ေခြးတစ္ေကာင္လားဟု ေတြးမိလိုက္သည္။ မဟုတ္ရင္ သူဘာလို႔ တစ္ညလုံး စို႔ေနရတာလဲ၊ အဆုံးမွာ မစို႔နိုင္ေတာ့ဘဲ ေဒါသကို ေျဖေဖ်ာက္ဖို႔ အကိုက္ခံရလိုက္ရျပန္တယ္

ေဖးေက်ာက္က်ိဳးဟာ ပိုၿပီး ေဒါသထြက္လာသည္။ သူ႕ခႏၶာကိုယ္ကအစိတ္စိတ္အမႊာမႊာ အကိုက္ခံရၿပီး ညွပ္ရိုး၊ လည္ပင္းနဲ႕ ပါးေတြရဲ႕ အေရျပားေပၚမွာ သြားေတြ အမွတ္အသားေတြ ရွိေနခဲ့ၿပီး မျမင္ရတဲ့ ေနရာေတြမွာေတာင္ ရွိေနမွာအေသအခ်ာပဲ

ေဖးေက်ာက္က်ိဳးသည္ စစ္ဟြိုင္ရွီးကိုသင္ခန္းစာတစ္ခုသင္ေပးရန္ အႀကိမ္ေပါင္းမ်ားစြာ ႀကိဳးစားခဲ့တယ္..ဒါေပမယ့္ ေဖးေက်ာက္က်ိဳးက ဒါကို မလုပ္နိုင္ခဲ့ဘူး မေန႕ညက မေတာ္တဆမႈတစ္ခုပဲ။ စစ္ဟြိုင္ရွီးရဲ႕ လွပၿပီး လိမၼာေရးျခားရွိေသာ မ်က္ႏွာေၾကာင့္ သူ႕ ေသြးေဆာင္ခံရတာပဲ..

စစ္ဟြိုင္ရွီးရဲ႕ လွပသန႔္စင္ေသာ ေရတပ္အျပာေရာင္ မ်က္လုံးမ်ားႏွင့္ ႏူးညံ့ၿပီး ေခ်ာေမာေသာ ပါးျပင္မ်ားကို ေတြးၾကည့္ရာ ဒါက သူ႕အား လုံၿခဳံၿပီး ႏြေးေထြးေစကာ ေကာင္းသည့္ ခံစားခ်က္ကို တစ္ခ်ိန္လုံး ခံစားရေစခဲ့တယ္။

ေဖးေက်ာက္က်ိဳးက သူ႕အလွည့္စားခံလိုက္ရတယ္လို႔ ခံစားလိုက္ရေပ့မယ့္ ဒီေကာင္ကေလးက ဘယ္ေလာက္ေကာင္းလိုက္လဲ။ ဟမ္..

သူက ကေလးမွ်သာျဖစ္ၿပီး အစပိုင္းတြင္ သူ႕ဘယ္လိုလုပ္ရမည္ကိုပင္ မသိခဲ့ဘဲ ေနာက္ပိုင္းတြင္ တစ္ေနရာမွ သင္ယူခဲ့ေသာ လွည့္ကြက္မ်ားကို အသုံးခ်ကာ ငိုယို ေတာင္းပန္လွ်က္ ရပ္တန႔္ဖို႔ေတာင္ ျငင္းဆန္ခဲ့သည္။

ေဖးေက်ာက္က်ိဳးဟာ ေရခ်ိဳးပုဝါကို ဝတ္လိုက္ကာ ေရခ်ိဳးခန္းတံခါးမွ ထြက္လာသည္ႏွင့္ တၿပိဳင္နက္ သူ႕ရဲ႕လည္ပင္းေနာက္ဘက္ရွိ ဂလင္းကို အံ့ဩစြာျဖင့္ ထိလိုက္မိသည္။

သူ႕ရဲ႕ ဂလင္းကိုကာကြယ္တဲ့စတစ္ကာက ညက စုတ္ၿပဲသြားကာ စစ္ဟြိုင္ရွီရဲ႕ သြားေတြနဲ႕ ကိုက္ခံခဲ့ရသည္။ ေယဘူယ်အားျဖင့္ ေျပာရလွ်င္ pheromoneသည္ ထိန္းခ်ဳပ္နိုင္စြမ္းမရွိေတာ့ဘဲ နာက်င္မႈက လြင့္ထြက္လာရမွာေလ..

ေဖးေက်ာက္က်ိဳးသည္ သူ႕ရဲ႕လည္ပင္းေနာက္ဘက္ရွိ ဂလင္းကို အႀကိမ္အနည္းငယ္ ထိလိုက္ေတာ့ ယားယံသလို ခံစားရ႐ုံသာမကဘဲ လန္းဆန္းၿပီး သက္ေတာင့္သက္သာျဖစ္ေစတဲ့ င႐ုတ္ေကာင္းဆီလိမ္းတာနဲ႕ခပ္ဆင္ဆင္တူပါ တယ္။ အရင္တုန္းကေတာ့ ဆရာဝန္က အထူးေဖာ္စပ္ထားတဲ့ ျပဳျပင္ထားတဲ့ လိမ္းေဆးကေတာင္ အခုေလာက္ အဆင္မေျပဘူး။

မနက္ခင္းမွာ နာက်င္ကိုက္ခဲမႈေတြမရွိတဲ့အျပင္ စိတ္ကလည္း အရင္ကထက္ ပို သက္သာလာပါတယ္။ မနက္အိပ္ရာနိုးရင္ ေခါင္းကိုက္ေလ့ရွိေပ့မယ့္ မနက္ကေတာ့ဘာမွမျဖစ္..

ေဖးေက်ာက္က်ိဳးဟာ ပိုလို႔ေတာင္ အံ့ဩသြားရတယ္။

တံခါးေခါက္သံက ကမန္းကတန္း ထြက္ေပၚလာေတာ့ မသိစိတ္မွ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ဝတ္စုံေတြ လာပို႔ရန္ လာေရာက္ေသာ ဟိုတယ္ရဲ႕ ဝန္ေဆာင္မႈ ဝန္ထမ္းမ်ား ျဖစ္ရမယ္။

ဒါေပမယ့္ တံခါးဖြင့္လိုက္တာနဲ႕ သူ႕သူငယ္ခ်င္း က်ိဳးဝမ္က်င္း ရဲ႕ မ်က္ႏွာကို ျမင္လိုက္ရတယ္။ ခ်က္ခ်င္းပင္ မထီမဲ့ျမင္ျပဳေသာ အၾကည့္ကို ျပလိုက္သည္။ က်ိဳးဝမ္က်င္းကလည္း သူ႕သူငယ္ခ်င္းရဲ႕ ကိုယ္လုံးတီး လာဖြင့္တာကိုျမင္ၿပီး ေဒါသတႀကီးနဲ႕

"မင္းက ဘယ္လိုေတာင္ ေသာက္ရွက္မရွိတာတုန္း ငါ မင္းကို ဝတ္စုံတစ္ထည္ယူလာေပးတဲ့အထိေတာင္မေစာင့္နိုင္ဘူးလား.."

ေဒါသထြက္သလိုလုပ္ရင္းအခန္းကို ေခ်ာင္းၾကည့္လိုက္ကာ ေဖးေက်ာက္က်ိဳး နဲ႕အိပ္ခဲ့တဲ့ အလွေလး ကို ျမင္ခ်င္မိတယ္

"..........."

ေဖးေက်ာက္က်ိဳးသည္ က်ိိုးဝမ္က်င္း ကိုၾကည့္လိုက္ရင္း မ်က္လုံးေတြနဲ႕ ေလွာင္ရယ္ေနလိုက္တယ္..

က်ိဳးဝမ္က်င္းကို ခိုးေၾကာင္ခိုးဝွက္ၾကည့္ဖို႔ ခြင့္မျပဳေတာ့ပဲ တံခါးကို ပြင့္ပြင့္လင္း လင္း ဖြင့္ခ်လိဳက္ကာ..

" မင္းဘာလို႔အထဲ ဝင္မၾကည့္တာလဲ။"

က်ိဳးဝမ္က်င္းရဲ႕ မ်က္လုံးမ်ားက ေတာက္ပလာကာ

"မင္းက ဝင္ခိုင္းေနမွေတာ့လည္း..အဟမ္း.."

ဒါေပ့မယ့္..သူရွာမေတြ႕ခဲ့ဘူး..
ဟုတ္ပါတယ္၊ သူရွာမေတြ႕ဘူး။ က်ိဳးဝမ္က်င္း သည္ ဟိုတယ္ခန္း အတြင္းအျပင္ကို လွမ္းၾကည့္လိုက္သည္။ သူက လွိုင္ကာေတြကိုေတာင္ လွန္ၾကည့္ေပမယ့္ ေဖးေက်ာက္က်ိဳး ကြယ္ဝွက္ထားတဲ့ အလွေလးကို ရွာမေတြ႕ေသးဘူး။

က်ိဳးဝမ္က်င္းဟာ ျပင္းျပင္းထန္ထန္ ရႈံ႕ခ်ၿပီး အလွတရား ေလးကို ထုတ္ေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။

ေဖးေက်ာက္က်ိဳးက သူ႕ကို အလြန္ေလွာင္ေျပာင္ေသာ ေလွာင္ေျပာင္မႈသာ ျပန္ ေပးခဲ့သည္။

က်ိဳးဝမ္က်င္းသည္ Interstellar Hotel မွ တုံ႕ဆိုင္းစြာ ထြက္ခြာသြားခဲ့ၿပီး ေဖးေက်ာက္က်ိဳးက ဆက္လက္ ေလွာင္ေျပာင္ေနေတာ့ သူရဲ႕ အနီေရာင္ ၿပိဳင္ကားႀကီးကိုသာေမာင္းထြက္သြားဖို႔ျပင္လိုက္သည္.. ေဖးေက်ာက္က်ိဳးကလည္းတုန့္ဆိုင္မေနပဲ ကားေပၚတက္ၾကလာသည္..

က်ိဳးဝမ္က်င္းကေတာ့ ကားဒရိုင္ဘာခုံတြင္ထိုင္ရင္း အလြန္ဆူညံေနကာ ပါးစပ္ကမရပ္။

"မင္းကိုၾကည့္စမ္း၊ ဦးေလးတစ္ေယာက္လိုထိုင္ၿပီး ကားေမာင္းဖို႔ကိုေစာင့္ေနတယ္ မင္းဘာလို႔ ေခါင္းမာေနတာလဲမသိဘူး အဲ့ဒါက Beta အလွေလး ပဲမဟုတ္လား တင္းတင္းၾကပ္ၾကပ္ ဖုံးကြယ္ထားရတာေတာ့ သူငယ္ခ်င္းတစ္ေယာက္အေနနဲ႕ မင္းကို ငါတားမွာမဟုတ္ဘူး။ ဒါေပ့မယ့္ ငါက မင္းညီကိုေလ..ငါ့ခယ္မကိုျမင္ခ်င္တာအျပစ္လား.."

ေဖးေက်ာက္က်ိဳးသည္ က်ိဳးဝမ္က်င္း ကို ေဘးတိုက္ၾကည့္ကာ

"ခယ္မ?"

က်ိဳးဝမ္က်င္းမွာ အျပစ္ရွိသလိုခံစားလိုက္ရၿပီး ေဖးေက်ာက္က်ိဳးသည္ က႑ေပါင္းစုံတြင္ သူ႕ထက္သာ၍ သန္မာေနေသာ္လည္း သူ႕ ထက္ ႏွစ္အနည္းငယ္ငယ္ေသာေၾကာင့္ ခယ္မလို႔ေခၚတာ ရတာပဲေလ..

က်ိဳးဝမ္က်င္း က သူ႕အား ေခါင္းမာမာျဖင့္ ဆက္ေျပာေတာ့မည္ကို ျမင္လိုက္ရေတာ့ ေဖးေက်ာက္က်ိဳးက သူ႕လက္ကို ေဝွ႕ယမ္းၿပီး..

"ေကာင္းၿပီ၊ ေမာင္းလိုက္ေတာ့.."

ဟု စိတ္မရွည္စြာ ေျပာေလသည္။

က်ိဳးဝမ္က်င္းက ေအာင္နိုင္သူတစ္ေယာက္လိုၿပဳံးကာ ကားေမာင္းထြက္ရန္ျပင္လိုက္သည္
ထိုအခ်ိန္တြင္ ကားျပတင္းေပါက္မွအလ်င္အျမန္ ျဖတ္သြားေသာ လူတစ္ေယာက္ကေဖးေက်ာက္က်ိဳးရဲ႕ မ်က္လုံးမ်ားကို ႐ုတ္တရက္ ဖမ္းစားလိုက္သည္၊

စစ္ဟြိုင္ရွီး၏ ႏူးညံ့သိမ္ေမြ႕ေသာ မ်က္ႏွာသည္ လူအုပ္ထဲတြင္ ေတာက္ပေနၿပီး လွပေသာ ပင္လယ္ျပာေရာင္ မ်က္လုံးမ်ားက တစ္စုံတစ္ခုကို စိတ္အားထက္သန္စြာ ရွာေဖြ ေနသည္ကို ၾကည့္ေနမိသည္။ ကားျပတင္းေပါက္တစ္ဖက္မွာ ေဖးေက်ာက္က်ိဳးဟာ ေဆးဝါးမ်ိဳးစုံပါဝင္ပုံရတဲ့အျဖဴေရာင္အိတ္ကိုကိုင္ေဆာင္ထားတဲ့ စစ္ဟြိုင္ရွီးဆီကို လူအုပ္ၾကားထဲ အျမန္ေျပးသြားခဲ့တယ္။

႐ုတ္တရက္ အႀကံတစ္ခုရလာသည္။
စစ္ဟြိုင္ရွီးက သူ႕ကိုရွာေနတာလို႔ သူခံစားလိုက္ရတယ္။

ဒါေၾကာင့္ ခ်က္ခ်င္းဆိုသလိုပင္ သြားေနတာကိုရပ္ကာ ၾကည့္လိုက္ေတာ့ တဖတ္လူက ေခါင္းငုံကာ စာရိုက္ေနေလသည္..

ေဖးေက်ာက္က်ိဳးလည္း သူ႕ဖုန္းကို ငုံ႕ၾကည့္လိုက္သည္။

စစ္ဟြိုင္ရွီးက

"အစ္ကိုေဖး မင္း ဘယ္ေရာက္ေနတာလဲ၊ ေရာင္ရမ္းမႈ သက္သာေစတဲ့ ေဆးေတြဝယ္ၿပီး ျပန္လာခဲ့ေပမယ့္ ေကာင္တာက အမ်ိဳးသမီးက အစ္ကိုထြက္သြားၿပီလို႔ ေျပာခဲ့တယ္"

ထိုေဆးမ်ားကို မည္သည့္ေနရာတြင္ အသုံးျပဳမည္ကို ေတြးေတာရင္း ေဖးေက်ာက္က်ိဳး၏ မ်က္လုံးမ်ားတြင္ အရွက္ႏွင့္ ေဒါသအရိပ္အႁမြက္ ထြက္ေပၚလာေသာ္လည္း လက္ျဖင့္ စာရိုက္လိုက္ေသာအခါတြင္ သူ၏ ႏႈတ္ခမ္းေထာင့္မ်ားသည္ ေကြးၫႊတ္သြားခဲ့သည္။

"ဟုတ္တယ္.. သူငယ္ခ်င္းတစ္ေယာက္က ငါ့ကို လာေခၚတယ္ေလ"

စစ္ဟြိုင္ရွီးက သူ႕ေခါင္းကို ကုတ္လိုက္ကာ

"ဒါဆို အစ္ကိုေဖး မင္း အေဝးႀကီးေရာက္ေနၿပီလား။ ငါေျပးၿပီး မင္းဆီ လာလို႔ရတယ္ သိလား.."

ေဖးေက်ာက္က်ိဳး၏ လက္ေတြက တုန္တုန္ယင္ယင္ျဖစ္ၿပီး ခ်စ္စဖြယ္ ေကာင္းေသာလူေၾကာင့္ သူ၏ႏွလုံးသားမ်ား ႏြေးေထြးသြားရသည္..

ျပတင္းေပါက္တစ္ဖက္တြင္ေဖးေက်ာက္က်ိဳး သည္ လမ္းမေပၚတြင္ တစ္ေယာက္တည္း ရပ္ေနၿပီး ေတာက္ပေနေသာ ဆက္သြယ္ေရးကိရိယာကို လက္ႏွစ္ဖက္ျဖင့္ ဆုပ္ကိုင္ထားကာ မွိုတက္ေနေသာ ေရျပာမ်က္လုံးမ်ားျဖင့္ ဖန္သားျပင္ကို စိုက္ၾကည့္ေနသည္ကို ျမင္ေတြ႕ခဲ့ရသည္။

ေဖးေက်ာက္က်ိဳး၏ အမူအရာမွာ အနည္းငယ္ ေအးစက္ေနေသးေသာ္လည္း သူ႕မ်က္လုံးမ်ားက အၿပဳံးရိပ္ လႊမ္းေနသည္။

သြယ္လ်ေသာလက္ေခ်ာင္းမ်ားက ဆက္သြယ္ေရးစက္၏ မ်က္ႏွာျပင္ေပၚ တြင္ ဖိထားေသာ္လည္း အေၾကာင္းျပန္ျခင္းမရွိေပ။

တစ္ဖက္လူက မက္ေဆ့ခ္်ပိဳ႕ေနတုန္းပဲ။

"အစ္ကိုေဖး"

"ဒီမွာရွိေသးလား?"

"အစ္ကို သြားၿပီ ဆိုရင္ေတာ့ လိပ္စာကို ငါ့ဆီ ပို႔ေပးပါလား ၊ ငါ မင္းဆီ ပို႔ ေပးမယ္ေလ"

ေဖးေက်ာက္က်ိဳးဟာ ကားေသာ့ကို လွည့္လိုက္ၿပီး ေလခြၽန္သံျဖင့္ ေဘးကို တစ္ ခ်က္ၾကည့္လိုက္သည္။ က်ိဳးဝမ္က်င္းသည္လည္း ျပတင္းေပါက္မွ ဆယ္မီတာေက်ာ္ အကြာတြင္ ရပ္ေနေသာ စစ္ဟြိုင္ရွီးကို ၾကည့္လိုက္သည္။

အကယ္၍ က်ိဳးဝမ္က်င္း သည္ စစ္ဟြိုင္ရွီး အေၾကာင္းႏွင့္ စစ္ဟြိုင္ရွီး ယူေဆာင္ခဲ့ေသာ ေရာင္ရမ္းမႈႏွင့္ နာက်င္မႈ ေသာ သက္သာေစေသာ ေဆးအိတ္ကို ျမင္လိုက္ပါက..

ေဖးေက်ာက္က်ိဳးသည္ စကၠန႔္ဝက္ေလာက္ စဥ္းစားၿပီး ခ်က္ခ်င္း စာတိုတစ္ေစာင္ပို႔လိုက္သည္။

"ဟင့္အင္း ငါသြားၿပီ၊ မင္း ေဆးေပးစရာ မလိုဘူး ေက်းဇူးတင္ပါတယ္"

"ေကာင္းပါၿပီ အစ္ကိုေဖး လမ္းမွာ သတိထားပါ။"

ကားဆီအသာျပန္လွည့္လာေတာ့က်ိဳးဝမ္က်င္း သည္ ေဖးေက်ာက္က်ိဳးကို တစ္ခ်က္ၾကည့္လိုက္ၿပီး

"မင္းဖုန္းကိုင္ထားတာ ေတြ႕ရတာ ရွားပါတယ္။ အဲ့ကေလးက ဘယ္သူလဲ..ဘာလို႔သူ႕ဆီမသြားတာလဲ.."

ေဖးေက်ာက္က်ိဳး သည္ လ်စ္လ်ဴရႈသလိုဟန္ေဆာင္ကာ ဖုန္းကို သိမ္းလိုက္ၿပီး ..

"ဘာမွမဟုတ္ပါဘူး"

က်ိဳးဝမ္က်င္း က ႏႈတ္ခမ္းစူရင္း..

" မင္းမေျပာခ်င္ရင္လည္း ထားလိုက္ပါေတာ့.. လွ်ို႔ဝွက္ထားတဲ့ Beta အလွေလးနဲ႕ ထပ္ၿပီး စကားစျမည္ေျပာေနတာမလား.."

"ပါးစပ္ပိတ္ၿပီး မင္းကားကိုေမာင္း။"

ကားက ေမာင္းထြက္သြားတယ္...

ေဖးေက်ာက္က်ိဳးသည္ တဖတ္ကိုၾကည့္လိုက္ေတာ့ အနည္းငယ္စိုးရိမ္သြားရသည္။ စစ္ဟြိုင္ရွီး၏႐ုပ္သြင္က တျဖည္းျဖည္း မွိန္ေဖ်ာ့ေနၿပီေလ.. ေနာက္ၾကည့္မွန္ကိုၾကည့္လိုက္ေသာ္လည္း သူအခုထိ ၿငိမ္ေနေသးသည္။ ၾကည္လင္ၿပီး လိမၼာေရးျခားရွိေသာ ပင္လယ္ျပာမ်က္လုံး မ်ားကို ဆုံးရႈံးသြားရသလိုခံစားလိုက္ရေတာ့ ေဖးေက်ာက္က်ိဳးက သူ႕စိတ္ကို မထိန္းနိုင္ဘဲ ႐ုတ္တရက္..

"ေဖ်ာ္ေျဖေရးနယ္ပယ္က ဘယ္လိုလဲ"

လို႔ ေမးလိုက္မိသည္..

က်ိဳးဝမ္က်င္းက ဝမ္းသာအားရနဲ႕

"မင္း ေဖ်ာ္ေျဖေရးနယ္ပယ္ကိုစိတ္မဝင္စားဘူး မဟုတ္လား၊ ဘာလို႔ ႐ုတ္တရက္စိတ္ဝင္စားလာတာလဲ၊ရင္းႏွီးျမဳပ္ႏွံဖို႔လား..ဥကၠဌေဖးေရ.. မင္းကို ေစာင့္ေမွ်ာ္ေနတဲ့ IP script ႀကီး ေတြ အမ်ားႀကီး က်န္ပါေသးတယ္။"

"ေကာင္းၿပီ။"


Seguir leyendo

También te gustarán

24.2K 2.2K 27
တောခပ်ကျကျ 俗不可耐 作者:三更雨 Money boy bl type ဖြစ်တာကြောင့် စကားလုံးတွေ သိပ်မယဉ်ပါဘူး မီးနီနဲ့ ဇတ်လမ်းနဲ့ မျှချေပါ လက်မခံနိုင်သူများ လက်ရှောင်နိုင်ပါတယ...
3.2M 186K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
12.2K 1.7K 25
သူက အရမ်း ချွဲလွန်းတယ် ပိုင်ချန် book 2ပါရှင့်
1.8M 114K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...