Mine

By shinelay691

85.6K 3.3K 309

Becky .မမရဲ့ မျက်လုံးတွေက အရမ်းတောက်ပပီး အရမ်းလှနေတော့ Babe မမရဲ့ အဲ့အကြည့်တွေမှာ အကြိမ်ကြိမ်ကျရူံးနေရတော့မှ... More

မျက်ဝန်းတစ်စုံ
မေ့မရတဲ့ မျက်ဝန်းတစ်စုံ
တိုက်ဆိုင်မူ့လား ကံကြမ္မာလား
📲📲📲
အိမ်နီးနားချင်း
Part 6
Baby❤❤
Part 8
#Freenbecky အတွက်ရင်တွင်းခံစားချက်ပါ ရေးနေတဲ့Ficနဲ့မဆိုင်ပါ
part 10
part 11
💔💔
part 12
❤❤❤
part 13
Part 14
Part 15
Part 16
Part 17
part 18
Part 19
Part 20
Part 21
part 22
Part 23🚨
Part24
Part 25
Part26
part27
Part28
part 29
Part 30
Part 31
Part 32
Part 33
Part 33
Part 34 👀 Final
Extra. 1
Extra.2

part 9

2K 72 3
By shinelay691

Freen တို့ နှစ်ယောက် အောက်ထပ်ဆင်းလာပီး
Baby ကို အန်တီrose နဲ့မိတ်ဆက်မပေးရသေးတာကို သတိရပီး
မီးဖိုခန်းထဲဝင်လာလိုက်တယ်

အန်တီRose
အန်တီ Rose နဲ့ ပါလာတဲ့ တစ်ယောက်နာမည်က ဘယ်လိုခေါ်လည်း
မငယ်လို့ ခေါ်တယ် သမီး သူက အန်တီRose နဲ့ဆွေမျိုးမကင်းဘူး
နောက်ပီး သူက နားသိပ်မကောင်းဘူး
သူ့ကိုပြောစရာရှိရင် နဲနဲလေးအသံမြင့်ပီးပြောမှရတယ်
ဟုတ်
အော်ဒါနဲ့ အန်တီRose
Baby နာမည်က Becky
ဒီရက်ပိုင်း baby က ဒီအိမ်မှာပဲနေမှာ
အန်တီRose ညစာအတွက် ချက်နေတာလား
ဟုတ်တယ်သမီး
သမီးစားချင်တာရှိရင်ပြောလေ
ရတယ်အန်တီRose အဆင်ပြေတာချက်
သမီးBecky လေးရော်ဘာစားချင်လည်း ပြောနော်စားချင်တာရှိရင်
ဟုတ် အန်တီ ရတယ် Becky က ဘာဖြစ်ဖြစ်စားတယ် ဟုဆိုတော့
Freen က baby မျက်နာကို ငုံ့ကြည့်ပီး
သေချာလားဟုမေးတော့
bec က လျှာထုတ်ပီး ပြောင်ပြနေတယ်
တကယ်က ဘယ်သူ ဘာရီးချက်ထားချက်ထား သူမလေး ကောင်းကောင်းမစားတတ်ပါ
ထမင်းကို နဲနဲလေးပဲ စားပီး
သရေစာတွေပဲ ရှောက်စားတာက များတယ်
ဘယ်လောက်ဆူဆူလည်းမရ
နောက်ဆုံးပြောမရလို့ လွတ်ပေးထားရတာ။

______/______

ညဘက် Freen က Laptop တစ်လုံးနဲ့ အလုပ်ရူပ်နေရင်း Baby အသံမကြားတာမို့
ဘယ်များရောက်နေလည်း ရှာမလို့ အထ ဖုန်းမြည်လာလို့ ကြည့်လိုက်တော့ baby မာမီ ဖြစ်နေတာမို့
Freen ဖုန်းကိုင်လိုက်တယ်
📱📱📱
ဟုတ်ကဲ့ပြောပါ အန်တီ
Bec Mom........သမီးရေ အန်တီ အလုပ်ကိစ္စနဲ့အရေးပေါ်ခရီးထွက်လာလိုက်ရလို့ သမီးညီမလေးကို သမီးနားမှာ ခနနေဖို့ ညနေက Bec ကိုတော့ ပြောထားတယ် သမီးကို ခွင့်မတောင်းရသေးလို့ ဟုဆိုတော့
အာ အန်တီရယ် ရပါတယ် အဲ့တာ တကူးတက ပြောစရာမလိုပါဘူး
အန်တီ စိတ်ချလက်ချသွားပါ ရတယ်
Bec Mom.....အေးပါ သမီးရယ် ကျေးဇူးပါ
ဒါနဲ့ Bec ရော် အိပ်ပီလား
မအိပ်သေးဘူး အန်တီ အောက်ထပ်ခနဆင်းသွားတယ်
အေးအေး နေပါ့စေ သူနဲ့က ညနေက ပြောပီးပီး
အဲ့တာဆို အန်တီဖုန်းချတော့မယ် သမီး
Goodnight
ဟုတ် Goodnight အန်တီ.

Freen ဖုန်းပိတ်ပီး Baby ကို အော်ခေါ်ကြည့်တယ် အပေါ်မှာ မရှိတာနဲ့ အောက်ထပ်ဆင်းလာတော့ ဧည့်ခန်းမှာလည်းမရှိ
အန်တီRose Baby ကိုတွေ့မိလားဆိုတော့
ခုနကတော့ မငယ်ကို ဘယ်လိုက်ခဲ့ဖို့ ခေါ်နေတာလည်းမသိဘူး တွေ့လိုက်တယ် နှစ်ယောက်ထွက်သွားတာ
Freen စိတ်ပူသွားတယ် baby က ညဘက်ထွက်တဲ့အကျင့်မှ မရှိတာ လမ်းတွေလည်း ဘာမှသိတာမဟုတ်
ဘယ်များသွားတာလည်း
အန်တီRose တခုခု ဝယ်မယ်လို့ ပြောသံကြားလား
မကြားဘူးသမီး

Freen စိတ်ပိုပူသွားပီး အမြန်ထွက်ခဲ့လိုက်တယ်
ခြံတံခါးဖွင့်ပီး ထွက်မလို့ လုပ်တော့
Baby နဲ့ မငယ်က သူမတို့ခြံဘက်နေ လာနေတာ တွေ့လိုက်မှ
Freen အသက်ရူလို့ ရသွားတယ်
Bec က မမ ရပ်နေတာတွေ့တာမို့ မမ ဘယ်သွားမလို့လည်းဆိုတော့
အော် ဘယ်သွားရမှာတုန်း ခင်ဗျားလေး မပြောမဆိုနဲ့ ပျောက်သွားလို့
စိတ်ပူသွားတာလေ ခင်ဗျားလေးကို ရှာမလို့ထွက်လာတာ ဆိုတော့
သူမ ဇက်က​လေးပုပီး bec က အိမ်ဘက်မှာ ဂစ်တာကျန်ခဲ့တာ သွားယူချင်လို့ မငယ်ကို အဖော်ခေါ်သွားတယ်လေ

အဲ့တာဆိုလည်း Baby ရယ် မမကို ပြောသွားပါ့လား
မပြောသွားတော့ မမ စိတ်ပူသွားတာပေါ့
Bec က ကလေးမှမဟုတ်တာ မမ က ဘာလို့ စိတ်ပူနေရတာ
အဲ့ကလေးမဟုတ်လို့ စိတ်ပူတာပေါ့
စိတ်ပူတာမကြိုက်လည်း နောက်မပူဘူးကွာ
Bec ကနေ Bec ပြောချင်လည်းပြော မပြောချင်လည်းနေ သဘောပဲဟု ဆိုပီး
သူမ စိတ်ကောက်ပီး လည့်ထွက်လာတော့
Bec အမြန်ပြေးလိုက်လာပီး သူမ ပုခုံးကို ဖက်ပီး လိုက်ချော့နေတယ်
Freen သူမလက်ကို ဖယ်ချပီး အိမ်ပေါ်တတ်လာလိုက်တယ်
Bec မငယ်ကို တံခါးသေချာပိတ်ဖို့မှာပီး
အိမ်ပေါ်အမြန်ပြေးတတ်လာပီး အခန်းထဲဝင်လိုက်တော့
မမက မရှိ ရေချိုးခန်းထဲက ရေသံကြားနေရတော့
ရေချိုးနေပီထင်တယ်
Bec ရေချိုးခန်းနားကနေ ရပ်စောင့်နေလိုက်တယ်
မမ စိတ်ဆိုးသွားတာမို့ bec စိတ်မကောင်းဖြစ်နေမိတာ

မမ ရေချိုးခန်းကထွက်လာတော့
အပေါက်နားရပ်နေတဲ့သူမကို တစ်ချက်ကြည့်ပီး လည့်ထွက်သွားတယ်
bec မမနောက်က ကပ်လိုက်လာပီး မမ အဝတ်ထုတ်နေတော့လည်း လိုက်ကူထုတ်ပေး မမ က သူမလက်ကို ဖယ်ချ
မမက bec အခန်းထဲရှိနေတော့ အဝတ်လည်းဖို့ရှက်လို့ထင်တယ်
ရေချိုးခန်းထဲ ပြန်ဝင်လည်းတယ်
မမ ပြန်ထွက်လာတော့ Bec က Hair dryar လေးနဲ့ စောင့်နေပီး မမ ကို ဇွတ်ဆွဲခေါ်လာပီး ဆံပင်လေမူတ်ပေးတော့
ငြိမ်ငြိမ်လေး တော့နေတယ် မျက်နာကတော့ ဆူပုပ်ထားတယ်
ဆံပင်တွေခြောက်လောက်ပီဆိုမှ Bec dryar ကို ပိတ်လိုက်ပီး
ဘေးနားချပီး မမ အရှေ့မှာ ဒူးလေးထောက်ပီး ထိုင်ချလိုက်ပီး မမ လက်နှစ်ဖက်ကို ကိုင်ပီး တောင်းပန်လိုက်တယ်
Bec စကားပြောရိုင်းသွားမိရင် တောင်းပန်ပါတယ်နော် မမ ကို နောက်ဆို စိတ်ပူရအောင်လည်းမလုပ်တော့ဘူး
နော် မမ
Bec ကို စိတ်ကောက်ပြေပါတော့နော်
မမ စကားမပြောရင် Bec တကယ်မနေတတ်လို့ပါ
မျက်နာငယ်လေးနဲ့ ပြောနေပုံ​လေးက အသည်းယားစရာလေးမို့ သူမ
Baby နားခေါင်းလေးဖွဖွလေး ညစ်ပီး
အင်း စိတ်မကောက်တော့ဘူး ထတော့ ဆိုပီး သူမကို ဆွဲထူပေးပီး ဘေးမှာ ထိုင်ခိုင်းလိုက်တော့
Bec က သူမခါးကိုလာဖတ်တယ်

မမ
omm ပြော baby
တကယ်တော့​လေ လူကြီးတွေ စိတ်​ကောက်ရင် ချော့ရတာက ခလေးတွေ စိတ်ကောက်ရင် ချော့ရတာထက် ပိုခတ်တယ်ရော်

သူမက မျက်လုံးထောင့်ကပ်ကြည့်ပီး
အဲ့တော့ ရှင်လေးက အခု မချော့ချင်ဘူးပေါ့ အဲ့လိုလား
မဟုတ်ပါဘူး
တကယ်က လူကြီးတွေ မြန်မြန်စိတ်ကောက်ပြေအောင်
ချော့တဲ့နည်း bec က သိတယ်
မချော့ရဲလို့
အံမယ် အဲ့တာ ရွှီးတာ
မဖြစ်နိုင်ဘူး
မမက မယုံဘူးပေါ့
omm မယုံဘူး
Bec မမ ရဲ့စကားလည်းဆုံးရော် မမ ကို အတင်းဖက်ထားပီး ပါးကို နစ်ဝင်သွားအောင် နမ်းပစ်လိုက်တယ်
Freen မှာ bec ရဲ့ အနမ်းကြောင့် မျက်လုံးတောင်ပြူးသွားရတယ်
Bec က နမ်းပီး သဘောတကျရီနေတာမို့
Freen လည်း သူမဆံပင်လေးတွေကို ဆွဲဖွလိုက်တယ်
င Bec ကတော့ မမကို လူလည်ကျပီး နမ်းလိုက်ရလို့ အပျော်ကြီးပျော်နေတော့တယ် 🤣🤣🤣

Freen မှာတော့ ရင်တွေ တော်တော်ခုန်သွားတယ်

ညအိပ်တော့လည်း Bec က တကယ်အိပ်မပျော်သေးပဲ အိပ်ချင်ယောင်ဆောင်ပီး
မမ ကို အတင်း ခွပီး ဖတ်ထားပီး အိပ်ပစ်လိုက်တယ်

Freen တယောက်တညလုံးတော်တော်နဲ့ အိပ်မပျော်
Baby က သူမရင်ခွင်ထဲ အတင်းတိုးနေတာမို့
ရင်တွေကခုန် ထိန်းချုပ်ရခက်လိုက်တာ Baby ရယ်
ဒီပုံစံအတိုင်းဆို မမ ဆက်ပီးထိန်းထားနိုင်ပါ့မလား
ဟူးးးးးသက်ပျင်းမော်သာချမိတော့တယ်.

Becky ကတော့ ညက မမရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာမို့
မနက်ကို ​စောစောနိုးလာတယ်
Bec နိုးတော့ မမက မနိုးသေးပါ
Bec အသာလေး ထလာပီး ရေချိုးခန်းဝင်ခဲ့တယ်
ရေချိုးပီးထွက်လာမှ အဝတ်စားတွေ မယူလာမိတာသတိရပီး
မမ ဘောင်းဘီ တစ်ထည်နဲ့ တီရှပ်တစ်ထည်ပဲ ယူဝတ်ထားလိုက်တယ်
Bec အဝတ်လည်းပီးတဲ့ထိ မမ မနိုးသေး နာရီကြည့်တော့ ၉ နာရီတောင်ထိုးတော့မယ်
ခါတိုင်း မမ အဲ့လောက်ထိ မအိပ်တတ်တာမို့
နေများမကောင်းလို့လားဆိုပီး Bec မမ နဖူးလေးကို အသာစမ်းကြည့်လိုက်တယ်
ဖျားတော့မဖျားပါဘူး
Bec ရဲ့ လက်က အေးနေလို့ထင်တယ် မမ နိုးသွားတယ်
Bec မမ ဘေးဝင်ထိုင်ပီး မမ နေမကောင်းလို့လား အရမ်းတွေ အိပ်နေတာ ဒီနေ့
ဟင်း ဘယ်နှစ်နာရီ ရှိပီလည်း Baby
၉ နာရီထိုးတော့မယ် မမ
မမ တော်တော် အိပ်ပျော်သွားတာပဲ
နေကောင်းပါတယ် ညက ညနက်မှ မမ အိပ်ပျော်တာ
အာ့ကြောင့် မနက်မထနိုင်တော့တာ
တော်သေးတယ် ဒီနေ့ ရုံးကလည်းပိတ်လို့
မမ
Bec အဝတ်မပါလာလို့ မမ အဝတ်တွေ ခနယူဝတ်ထားတယ်
omm မမ အဝတ်တွေက baby နဲ့ တော်တော်ပွနေတာပဲ
ပွမှာပေါ့ မမက bec ထက်အရပ်ပိုရှည်တာကိုး
omm. baby က ဂျပုလေး 😂😂
မမအပြောကြောင့် bec က နုတ်ခမ်းဆူပီး bbec က မပုပါဘူးမမကသာ လောရှည် ဆိုပီး ပြန်စနေတယ်
ကဲ မမ အိပ်ပုပ်လုပ်မနေနဲ့ ထတော့
အားးမထချင်သေးဘူး
ထတော့ မမ bec ဗိုက်ဆာပီ မမ ကိုစောင့်နေတာ
အာ့ဆို ဆွဲထူ (freen လူလည်ကျပီ)🤣🤣
Baby က လက်လှမ်းပေးတော့ သူမက လက်ကိုဆွဲပီး မထပဲ Bec ကို ပြန်ဆွဲလိုက်တာမို့
Bec မှာ မမ ရင်ခွင်ထဲ ရောက်သွားရတယ်
Freen က Bec ကို ဖတ်ထားပီး လွတ်မပေးပဲ
ကြောင်လေးတကောင်လို ချွဲပီး ပြန်အိပ်ချင်ကြောင်းပြောနေတာမို့ Bec မနေနိုင်တော့
အရမ်းတွေ အသည်းယားလာတာမို့
မမ နခမ်းလေးကို ဖမ်းကိုက်ပစ်လိုက်တယ်
ရုတ်တရတ်မို့ freen ကြောင်သွားပီး
အားးBaby ဘာလို့ကိုက်တာလည်း
အရမ်းအသည်းယားအောင် လာချွဲနေလို့လေ
Freen ရင်တွေ ဝုန်းဒိုင်းကျဲ ခုန်နေတယ်
Bec က မမ ရင်ခွင်ထဲကနေ ခေါင်းလေးမော့ပီး
မမ လို့ခေါ်တော့
Freen ငုံ့ကြည့်လာတယ်
Becky မမ မျက်နာကို လေးလေးနက်နက်ကြည့်ပီး

❤Bec မမ ရဲ့ ချစ်သူ ဖြစ်ခွင့်ရချင်တယ် ❤
သူမရင်ထဲက လာတဲ့အသံနဲ့  တိုးတိုးလေးပြောလိုက်တဲ့
အဲ့ဒီစကားတစ်ခွန်းက Freen ရင်ခုန်သံ တွေ ဘယ်လောက်ဝုန်းဒိုင်းကျဲနေလည်းဆို မမ ရဲ့ရင်ခုန်သံကို မမရင်ခွင်ထဲ ရောက်နေတဲ့ bec က အတိုင်းသားကြားနေရတာမို့
မမ Bec ကို ချစ်တယ်မလား
မမ မချစ်ဖူးလို့လည်း ညာလို့မရဘူးနော် မမ ရင်ခုန်သံကို Bec ကြားနေရတယ် ဆိုတော့
မမ  အသံက မောဟိုက်နေတဲ့အသံနဲ့မေးလာတယ်
မမကို စဥ်းစားခွင့်တောင်မပေးတော့ဘူးပေါ့
ဟင့်အင်း မပေးဘူး
Bec ကို မမလည်း ချစ်နေတယ်ဆိုတာ Bec သိတယ်
Baby သိတယ်ဆိုတော့ အာ့ဆို မမ ပြောစရာ မလိုတော့ဘူးပေါ့ နော် 😁😁
ရားးးမမ အာ့လိုတော့ လူလည်မကျနဲ့လေ
မမ ဖွင့်ပြောတာလေးလည်း Baby ကြားချင်သေးတယ်လေ
ဟော် တစ်ချိန်လုံး Bec bec လုပ်နေတာ ခုမှ ပဲ Baby လို့ သုံးတော့တယ်
မမ
စကားမလွဲနဲ့ လုပ်ပါ အဖြေပြန်ပေးပါ
omm.
မမ Baby ကို ချစ်လားလို့
ommmm
အားးမမ ဖြေပါကွာ😔
omm ချစ်တယ်ကွာ အရမ်းချစ်တယ်
ဟော့ဒီက မမရဲ့ အူကြူးလေးကြောင်ပေါက်လေးကို
အရမ်းအရမ်းတွေ ချစ်တယ်
ရပီလား ကျေနပ်ပီလား
Baby က သူမကို ခပ်တင်းတင်းဖက်ထားပီး
မရသေးဘူး မကျေနပ်သေးဘူးဆိုတော့
အာ...ဘာကျန်သေးလို့လည်း
ဒါကျန်နေသေးလို့ ဟုဆိုပီး
မမ နခမ်းလေးကို အတင်းဖိကပ် နမ်းပစ်လိုက်တယ်
Freen ကလည်း Baby ကို အနမ်းတွေ ပြန်တုံ့ပြန်တော့
သူမတို့နှစ်ယောက် အသက်ရူကျပ်ပီးမွန်းကျပ်လာတော့မှပဲ အနမ်းတွေကို ရပ်လိုက်တယ်
Baby
ဟုတ်မမ ပြောလေ
​​မမတို့ ဘယ်တော့မှ မခွဲဘူးနော်
omm Babe လည်း မမနဲ့မခွဲနိုင်တော့ပါဘူး Babe မမကို အရမ်းချစ်တယ်
ဟိုးးလေယာဥ်ကွင်းမှာ စတွေ့ကတည်းက ဟော်ဒီ့ မျက်ဝန်းလေးကို ချစ်မိပီး
အပိုင်လိုချင်သွားခဲ့တာ ပြောရင်း မမ မျက်ဝန်းလေးကို နမ်းလိုက်သေးတယ်
အာ..ဒါဆို ဒီအကောင်ပေါက်လေးက လူသာသေးတာ အကြံတော်တော်ကြီးတာပဲ
မမအပြောကြောင့် Babe က သဘောကျပီးရီနေတယ်
ကဲ မမ အိပ်ပုပ် ထတော့ သွားလည်းမတိုက်ရသေးဘူး ညစ်ပတ်တယ် ထတော့
အဲ့ညစ်ပတ်တဲ့ သူကို သူပဲအတင်းတွေ လာနမ်းပီးနော်
အင်း babe က အဲ့ ညစ်ပတ်အိုးလေးကိုပဲ ချစ်နေရတာ အာ့ကြောင့် မရွံပါဘူး ဆိုပီး နောက်တခေါက် ထပ်လာနမ်းနေတာမို့
Freen ​ရေချိုးခန်းထဲ အမြန် ထပြေးလာရတော့တယ်
သူမက သဘောတွေကျပီး ရီပီးကျန်နေခဲ့တယ်

_____/______

Continue Reading

You'll Also Like

5.5K 304 29
ညိုမင်းမာန်+ချမ်းအေးသာ ပေါ့ပေါ့ပါးပါး လေးပါဘဲ စိတ်ကူးပေါက်ရာလျှောက်ရေးထားတော့လိုအပ်ချက်တွေလဲရှိနေပါသေးတယ် တဖြည်းဖြည်းချင်းပြင်ယူကြတာပေါ့
772K 64.7K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
2.6K 183 9
စိတ်မရှည်ခြင်း ဆိုတဲ့နယ်ပယ်ရပ်ဝန်းမှာ ဘုရင်တစ်ဆူ ဖြစ်ခဲ့တဲ့ငါက မင်းနဲ့ကျမှအလံဖြူပြလိုက်ရတာပါအချစ်ရယ်။
1.2M 107K 41
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...