Dearest : Baby Yujinnie

By 99_paradise_834

8.9K 1.1K 177

Do you like sweet candy? Then, read this! Kim Gyuvin ♡̷̷̷ Han Yujin GyuJin<3 More

1 : ဘယ်သူပါလဲဗျ?
2 : မင်းကကိုယ့်ရဲ့ Destiny
3 : စီနီယာကထူးခြားတယ်
4 : စီနီယာမချစ်တော့မှာကြောက်တယ်
5 : Babyကပြောတယ် အင်းတဲ့
7 : စီနီယာ့နှလုံးသားလေးကျွန်တော်
8 : ချစ်ရင်ကိုကိုလို့ခေါ်ပေးမလား

6 : 24/7ချစ်ရတဲ့မင်း

957 135 15
By 99_paradise_834

' အင်း ' ! ' အင်း ' ! ' အင်း ' ! ' အင်း ' !!!!¡!!¡!!!!!

သူအခု ယူဂျင်းနီးဆီက
အဖြေပြန်ရလိုက်တာလား !!!!?????

"" ယူ..ယူဂျင်းနီး ... ဒါ.. ဒါဆိုရင်...
ယူဂျင်းနီးကလည်း.. ကိုယ့်...ကိုယ့်ကို
ချစ်တယ်ပေါ့နော်? ""

"" အွန်း ""

ယူဂျင်းဘက်က ထပ်ပြီး ခေါင်းညိမ့်ပြရင်း ဖြေလာတာတောင် ဂယူဗင်းမှာမယုံနိုင်သေးဘဲ ကြောင်ကြည့်နေမိတာ မျက်လုံးအပြူးသားပင်။


Babyက ငါ့ကို ချစ်တယ်!!!???
ယူဂျင်းနီးက ငါ့ကို ချစ်တယ်??????

ခဏနေတော့ ' ဖြောင်း ' ခနဲ ထွက်ပေါ်လာတဲ့
အသံကြီးကြောင့် ယူဂျင်းတောင် လန့်သွားရသည်။

"" အ! နာသားပဲ ""

တကယ်တော့ အိပ်မက်ဖြစ်နေမှာစိုးတဲ့အတွက် ဂယူဗင်း သူ့ပါးသူရိုက်ချလိုက်ခြင်းသာ။

"" စီနီယာ ရူးသွားပြီလား
ဘာလို့ကိုယ့်ပါးကိုယ်ပြန်ရိုက်နေရတာလဲ ""

"" ဟင့်အင်း ကိုယ်မရူးပါဘူး
ဒါက အိပ်မက်ဖြစ်နေမှာကိုယ်ကြောက်လို့ပါ ""

"" အိပ်မက်မဟုတ်ပါဘူး ""

ယူဂျင်းစကားအဆုံး ဂယူဗင်း မျက်နှာ ဖိုးလမင်းကြီးလိုဝင်းပသွားကာ ယူဂျင်းကိုယ်လေးအား ရင်ခွင်ထဲဆွဲထည့်လိုက်တော့သည်။

"" ကိုယ့်ကိုလက်ခံပေးလို့
ကျေးဇူးတင်ပါတယ် Baby...
တကယ်ကျေးဇူးတင်ပါတယ်
ပြီးတော့ အများကြီးချစ်တယ် ""

"" ဟုတ် ""

အဲ့လိုနဲ့ ဂယူဗင်း ယူဂျင်းကို 77ကြိမ်မြောက် ချစ်ခွင့်ပန်ခဲ့တဲ့နေ့တွင် သူ့ဘဝမှာ အကြားချင်ဆုံး အဖြေစကားလေးကိုကြားလိုက်ရပြီး၊ အလိုချင်ဆုံးဆန္ဒလေးကပြည့်ဝသွားခဲ့သည်။

နောက်ဆုံးတော့
သူ့ကြိုးစားမှုတွေကအရာထင်ခဲ့ပြီပဲဖြစ်သည်။

____________________🐶🐰

"" Babyက ငါ့ကို ချစ်တယ်တဲ့
အွန်းဆိုပြီးခေါင်းလေးညိမ့်ပြတဲ့ပုံစံလေးကို
ငါအခုထိမျက်လုံးထဲကမထွက်သေးဘူး...
တအားချစ်စရာကောင်းတာပဲကွာ ""

မနေ့ကလည်း တစ်ညလုံး kakaoမှာ message တွေဆက်တိုက်ပို့ပြီး ပွမ်ခဲ့တဲ့အပြင် အခု ကျောင်းမှာတွေ့တော့လည်း အဲ့ဒီအကြောင်းတွေကိုပဲ ပြောမဆုံးဖြစ်နေတဲ့ဂယူဗင်းကြောင့် ရစ်ခီ့မှာ နားဂွမ်းဆို့ထားချင်စိတ်ပေါက်လာတော့သည်။

"" အခုဆို Babyက ငါ့ရည်းစားလေးဖြစ်နေပြီ
ယူဂျင်းနီးက ငါ့ရည်းစားတဲ့ကွာ ... ဟောဒီ ONE universityတစ်ခုလုံးမှာ ချစ်ဖို့အကောင်းဆုံးကလေးလေး ဟန်ယူဂျင်းက ငါ့ရည်းစားလေးဖြစ်နေပြီကွ ရစ်ခီရ မင်းဝမ်းမသာဘူးလား ""

ဂယူဗင်း သူ့စိတ်ကူးနဲ့သူ အရှေ့ကိုကြည့်ကာ ပြောနေရင်းနဲ့မှ ရစ်ခီ့ဘက်ကို ဖြတ်ခနဲ လှည့်ကြည့်လိုက်မိရာ... လောကကြီးကိုစိတ်ကုန်ခမ်းနေတဲ့ မျက်နှာသေမျိုးနဲ့ သူ့ကိုစိုက်ကြည့်နေတဲ့ ရစ်ခီ့မျက်နှာကိုမြင်လိုက်ရတော့သည်။

"" အာ.. မင်းက ဝမ်းမသာဘူးကိုး ""


"" အင်း ဝမ်းမသာတဲ့အပြင် မင်းကိုပါထထိုးချင်နေပြီမလို့ ပါးစပ်လေးပိတ်ထားလိုက်ရင်ကောင်းမယ်ကွာ ""

ရစ်ခီ့စကားအဆုံး ဂယူဗင်း သူ့ပါးစပ်လေးသူအုပ်လိုက်ရင်း ရစ်ခီ့ဘေးကနေ ခပ်ဝေးဝေးကို ဖင်ရွှေ့သွားပါ၏။

သို့ရာတွင် နောက်ဆုံးတော့နားအေးသွားပြီပဲဟု ကောက်ချက်ချကာ ရစ်ခီ သက်ပြင်းချလိုက်တဲ့ အချိန်မှာပဲ... ရုတ်တရက် သူ့မျက်နှာနားကပ်လာတဲ့ ဂယူဗင်းရဲ့ အံ့ဩတကြီးမျက်နှာကြီးအား ဘွားခနဲ မြင်လိုက်ရကာ အလန့်တကြား နံရံဘက်ပြေးကပ်မိသည်။

"" f**k လန့်လိုက်တာကွာ ""

"" ဘာလို့အဲ့လောက်လန့်သွားတာလဲ .. ငါရည်းစားရတာကိုလည်းမင်းကဝမ်းမသာဘူး.. ငါမင်းအနားကပ်တော့လည်းအခုလိုမျိုးခပ်ဝေးဝေးကိုရှောင်လိုက်ပုံထောက်ရင်... မဟုတ်မှလွဲရော... မင်းငါ့ကိုသဘောကျနေတာလား ရစ်ခီရှန် မှန်မှန်လိမ်လိုက်စမ်းပါ ""

ဂယူဗင်းစကားကြောင့် ရစ်ခီ့မှာ
ပြောစရာစကားပျောက်ရှသွားရသလို
တဆက်တည်းမှာပဲ....

"" ရားး ဂင်ဂယူဗင်း!! ""

ရုတ်တရက်မြောက်တက်လာတဲ့ ရစ်ခီ့လက်သီးအား ဂယူဗင်းအလျင်အမြန်လှမ်းထိန်းလိုက်ရသည်။

""stop! stop! ရစ်ခီ stop! ငါက စ,တာပါကွာ ""

"" အေး နောက်တစ်ခါထပ်စရင် တကယ်ထိုးပြီ ""

"" နှုတ်ခမ်းနဲ့လား ""

"" ‌မင်း!! အေး.. ဒီနေ့မင်း သေဖို့သာပြင် ""

ရစ်ခီက ပြောပြောဆိုဆိုနဲ့ အင်္ကျီလက်တွေပါ ခေါက်တင်လာပြီမလို့ ဂယူဗင်း ကြောက်လန့်ကာ ထပြေးဖို့ပြင်ရသည်။

"" ရစ်ခီ သူငယ်ချင်းလေး လွန်မယ် ""

"" ပြန်လာခဲ့စမ်း ဂင်ဂယူဗင်း မင်း မပြေးနဲ့ ""

အဲ့လို‌ကနေ ဂယူဗင်းကပြေး ရစ်ခီကလိုက်ဖမ်းနဲ့ နှစ်ယောက်သားရုန်းရင်းဆန်ခတ်ဖြစ်ကြရင်း အတန်းထဲဝင်လာတဲ့ဆရာ့ကိုဝင်တိုက်မိကာ အတိုက်ခံလိုက်ရတဲ့ဆရာမှာတော့ မျက်မှန်ကျွတ်ထွက်သွားရုံသာမက နောက်ပြန်ပါလဲကျသွားပြီး ခါးနာသွားတော့သည်။

အဲ့ဒီ အဖြစ်အပျက်ရဲ့ အကျိုးဆက်အနေနဲ့
ရစ်ခီနဲ့ဂယူဗင်းတို့ ဆရာ့ရဲ့မျက်မှန်ဖိုးနဲ့ဆေးဖိုးကိုပါတာဝန်ယူလိုက်ရတဲ့အပြင် တစ်ပတ်တိတိ အဲ့ဆရာရဲ့အချိန်ရောက်တိုင်း အတန်းထဲကနှင်ထုတ်ခံခဲ့ရလေသည်။

___________________🐕🐈

"" Baby ဒီပိတ်ရက်အားတယ်မလား ""

ဂယူဗင်း မေးလိုက်တော့
ယူဂျင်းက သူဝယ်တိုက်ထားတဲ့
chocolate milkလေးကို တစ်ငုံစုပ်လိုက်ပြီးမှ
တွေးစစနဲ့ဖြေလာပါသည်။

"" အွန်း အားတယ်လေ
ဘာလို့လဲ စီနီယာ ""

"" ကိုယ်တို့အပြင်သွားရင်ကောင်းမလားလို့
Babyဘယ်သွားချင်လဲ? သွားချင်တဲ့နေရာရှိရင် ဘယ်နေရာဖြစ်ဖြစ်ပြောနော် ကိုယ်လိုက်ပို့ပေးမယ် ""

"" ကျွန်တော်.... ""

ယူဂျင်းက တော်တော်နဲ့ဖြေမလာဘဲ
သူ့ကိုပဲ အကြာကြီးစိုက်ကြည့်နေတာကြောင့်
ဂယူဗင်း ထပ်မေးလိုက်၏။

"" အွန်း Babyပြော.. ဘယ်သွားချင်လဲ ""

ထိုအခါ ယူဂျင်းက မျက်လွှာလေးချကာ
တိုးတိုးလေးပြန်ဖြေလေသည်။

"" ကျွန်တော် မသိဘူး ""

ယူဂျင်းစကားအဆုံး ဂယူဗင်း စိတ်ထဲ
တစ်ခုခုက မူမမှန်တာကို ရိပ်မိလိုက်သည်။

သူထင်တဲ့အတိုင်းပါပဲ...

စက္ကန့်ပိုင်းအတွင်းမှာတင်
ယူဂျင်းမျက်နှာလေးက
တဖြည်းဖြည်းနဲ့ ညှိုးလာသည်လေ။

ထို့ကြောင့် ဂယူဗင်းလည်း
မျက်စိမျက်နှာပျက်ကာ
ပျာပျာသလဲမေးမိသည်။

"" ဘာလို့လဲ ယူဂျင်းနီး..
ကိစ္စတစ်ခုခုရှိလို့လား... ဘာကိစ္စလဲဟင်
ကိုယ့်ကိုပြောပြပေးလို့ရမလား ""

"" တကယ်တော့ ကျွန်တော် ငယ်ငယ်က ကစားကွင်းသွားရင်း ဖေဖေတို့နဲ့လူကွဲသွားဖူးတယ် အဲ့အချိန်ကစပြီး ကျောင်းသွားတာကလွဲလို့အရေးကြီးကိစ္စမရှိရင် ကျွန်တော် အိမ်ထဲကအိမ်ပြင်မထွက်ဖြစ်တော့တာပဲ.. အဲ့ဒါကြောင့် စီနီယာနဲ့အတူတူ ဘယ်နေရာတွေကိုသွားသင့်လဲဆိုတာ ကျွန်တော်တကယ်မသိဘူး ""

ခေါင်းလေးငုံ့ထားရင်း တစ်ခွန်းချင်းပြောပြလာတဲ့ ယူဂျင်းကိုကြည့်ကာ ဂယူဗင်းရင်ထဲဆို့နင့်လာရသည်။

တဆက်တည်းမှာပဲ သူ ဒီကောင်လေးကို သူ့ရဲ့အဆုံးမရှိတဲ့အချစ်တွေကိုပေးရင်း တစ်ဘဝလုံးစောင့်ရှောက်ပေးသွားဖို့အတွက်.. ကိုယ့်ကိုယ်ကိုယ်ကတိပေးမိသည်။

တကယ်တော့ သူအခု ယူဂျင်းကိုဖက်ထားပေးချင်လွန်းလို့ ရူးတော့မှာဆိုပေမဲ့ သူတို့အခုရောက်နေတာ ကျောင်း canteen ဖြစ်နေလေတော့ ဆန္ဒကိုထိန်းချုပ်လိုက်ပါရင်း chocolate milk ဘူးလေးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတဲ့ ယူဂျင်းရဲ့လက်ကလေးကိုသာကိုင်ထားပေးလိုက်တော့သည်။

"" မသိလည်းကိစ္စမရှိပါဘူး Babyရယ်..
ကိုယ်ခေါ်သွားပေးမှာပေါ့ ... ဒါနဲ့ ‌Baby ကစားကွင်းသွားခဲ့တာ ဘယ်အရွယ်လောက်လဲ မှတ်မိလား ""

"" ၆နှစ်သားလောက်ကပါ.. အဲ့တုန်းက ကျွန်တော် အဲ့လောက်ကျယ်တဲ့ကစားကွင်းကြီးကို ပထမဆုံးရောက်ဖူးတာလည်းဟုတ်သလို နောက်ဆုံးရောက်ခဲ့တာဆိုလည်းဟုတ်တယ် ""

တွေးစစလေးနဲ့ပြောလာတဲ့ ယူဂျင်းကိုကြည့်ကာ ဂယူဗင်းမှာစိတ်မကောင်းဖြစ်ရသည်။

အဲ့ဒီ ထူးဆန်းတဲ့ရောဂါကြောင့်
ယူဂျင်းဘဝက ငယ်ငယ်လေးကတည်းက
အများကြီးပင်ပန်းခက်ခဲခဲ့ရမှာပဲ...။

"" နောက်ဆုံးတော့ဘယ်ဟုတ်ပါ့မလဲ... ""

သူပြောလိုက်တော့
ယူဂျင်းက နားမလည်တဲ့ ပုံစံလေးနဲ့
‌မျက်လုံးလေးဝိုင်းပြီးမော့ကြည့်လာပါသည်။

"" ကိုယ်နဲ့အတူတူထပ်သွားကြမယ်လေ
ဘယ်လိုလဲ... အဲ့နေ့တစ်နေကုန်လျှောက်လည်ကြတာပေါ့ ""

ထိုအခါမှ ယူဂျင်းမျက်လုံးလေးတွေ
အရောင်လက်လာခဲ့ကာ
တက်တက်ကြွကြွဖြေလာတော့၏။

"" အွန်းအွန်း.. သွားကြမယ်လေ စီနီယာ
ဒီအပတ်ပိတ်ရက်နော်? ""

"" ဟုတ်တယ် ဒီအပတ်ပိတ်ရက် ""

"" စနေလား တနင်္ဂနွေလား ""

"" Babyဘယ်‌နေ့သွားချင်လဲ ""

"" တနင်္ဂ‌နွေဆိုအိမ်မှာပဲနားချင်လို့
စနေနေ့ပဲသွားကြမယ်ရအောင် ""

"" ဟုတ်ပြီ ဒါဆို စနေနေ့ confirmပြီနော် ""

"" confirm ""

____________________🐶

ဒီနေ့က သောကြာနေ့။
တစ်နည်းအားဖြင့် သူ ယူဂျင်းနဲ့ချစ်သူဖြစ်ခဲ့တာ ဆယ်ရက်တိတိပြည့်တဲ့နေ့။

ချစ်သူမဖြစ်ခင်ကတော့ အမြဲလိုလို ယူဂျင်းအိမ်မှာကပ်နေခဲ့ပေမဲ့ ချစ်သူဖြစ်ပြီးသွားတဲ့နောက်ပိုင်းမှာတော့ ဂယူဗင်း ကိုယ့်အိမ်မှာကိုယ်နေဖြစ်တော့သည်။

ဘာလို့ဆို ... ယူဂျင်းနီးက
အရမ်းချစ်ဖို့ကောင်းလို့။

ဟုတ်တယ်လေ... စဉ်းစားကြည့်...

အချိန်တိုင်း ချစ်ဖို့ကောင်းနေတဲ့ ယူဂျင်းနီးကိုမြင်ရတိုင်း သူကဖက်နမ်းချင်စိတ်တွေပေါက်လာရော။

အဲ့တော့ 24/7 ချစ်ဖို့ကောင်းနေတဲ့ ယူဂျင်းနီးရယ်၊ယူဂျင်းနီးကို 24/7 ဖက်နမ်းချင်နေတဲ့ သူရယ်... အချိန်ပြည့်အတူတူရှိနေလို့မရတာကို သဘောပေါက်လိုက်ပြီး ယူဂျင်းနီးအပေါ်မှာ အခွင့်အရေးယူတာမျိုးမဖြစ်ရအောင် ဆင်ခြင်လိုက်တာပဲဖြစ်သည်။

ဂယူဗင်းတစ်ယောက် ယူဂျင်းအကြောင်းတွေးရင်း အိပ်ရာပေါ်လူးလှိမ့်နေရာက သတိပေးချက်တစ်ခုကခေါင်းထဲရောက်လာခဲ့သည်။

*အခုကဒီလိုစိတ်ကူးယဉ်နေရမယ့်အချိန်လား မနက်ဖြန်အတွက်အဝတ်အစားမရွေးရသေးဘူးနော် အသိစိတ်ကပ်ပါဦး*

"" အာ ဟုတ်သားပဲ!!! မနက်ဖြန် စနေနေ့!!
အဝတ်အစား အဝတ်အစား အဝတ်အစား ""

ဂယူဗင်း ကုတင်ပေါ်က ကုန်းရုန်းထကာ
ဗီရိုထဲက အဆင်ပြေမယ်ထင်တဲ့ ဝတ်စုံသုံးစုံကို ဆွဲထုတ်လိုက်ပြီး တစ်စုံချင်းစီကို ဓာတ်ပုံရိုက်ပြီးတာနဲ့ ရစ်ခီ့ဆီလှမ်းပို့လိုက်သည်။

ယူဂျင်းနီးရဲ့ချစ်သူကောင်လေး sent 3 photos.

- မနက်ဖြန် Babyနဲ့ သွားဒိတ်မလို့လေ
first dateလို့‌ပြောရမလား အရမ်းရင်ခုန်တာပဲကွာ မင်းလိုရည်းစားမထားဖူးတဲ့ FAကောင်ကတော့ ဒီလိုဖီလင်မျိုးဘယ်ခံစားဖူးပါ့မလဲ ㅋㅋㅋ -

- ဪ အဲ့ဒါနဲ့ အဓိကပြောချင်တဲ့ အကြောင်းအရာကိုမရောက်တော့ဘူး.. ㅎㅎ အပေါ်က သုံးစုံထဲက တစ်စုံရွေးပေးစမ်းပါကွာ မနက်ဖြန်ဘာဝတ်ရမှန်းမသိလို့ -

သူပို့ပြီး 5မိနစ်လောက်ကြာတော့
ရစ်ခီ့ဘက်ကစာပြန်လာခဲ့သည်။

- အလယ်ကတစ်စုံကလွဲလို့...
ကျန်တဲ့နှစ်စုံထဲကအဆင်ပြေတာဝတ် -

ဖြစ်ချင်တော့ သူ့စိတ်ထဲ အကြိုက်အတွေ့ဆုံးဖြစ်နေတဲ့ ဝတ်စုံကိုမှ ရစ်ခီကပယ်ချပစ်လိုက်သည်။

ထို့ကြောင့် ဂယူဗင်း
စက္ကန့်ပိုင်းအတွင်းမှာပဲ စာပြန်လိုက်ပါ၏။

- ok အလယ်ကဟာပဲဝတ်သွားလိုက်မယ် -

စာပြန်ပြီး ခဏအကြာမှာပဲ
middle finger emojiနဲ့အတူ 'f**k you'လို့ဆဲထားတဲ့ voice message တစ်ခုပါရောက်လာခဲ့သည်။

ဂယူဗင်း တခွိခွိရယ်ရင်း ဖုန်းကို
ကုတင်ပေါ်ပစ်တင်လိုက်ကာ
သူဖွထားတဲ့ ဗီရိုကိုပြန်ရှင်းနေတုန်း....

message notiသံလေးကြားလိုက်ရတာကြောင့်
လုပ်လက်စကိုခဏရပ်ကာ ဖုန်းဖွင့်ကြည့်လိုက်တော့ ... ထင်ထားသလို ရစ်ခီ့ဆီကမဟုတ်ဘဲ Babyဆီကဖြစ်နေခဲ့သည်။

Baby🐰 sent a photo.

ဘယ်တုန်းကမှ messageစမပို့တတ်တဲ့သူက
အခုတော့ messageတွေဘာတွေစ,ပို့လို့ပါလား...

ကြည့်ရတာ Babyလည်းသူ့လိုပဲ
မနက်ဖြန်တွေ့ရဖို့ကိုရင်ခုန်နေတာဖြစ်မည်။

ဂယူဗင်း သူ့အတွေးနဲ့သူ
သွားအအေးပတ်မတတ်ပြုံးဖြီးရင်း
conversationထဲဝင်လိုက်ရာ...

- ကျွန်တော်တို့လမ်းခွဲရအောင် ဂင်ဂယူဗင်းရှီ
ဒီအတောအတွင်းပျော်ခဲ့ရပါတယ်
ကျေးဇူးပါ👋🏻⛈️ -

ထင်မထားတဲ့ စာကိုလက်ခံရရှိလိုက်တာ
ကြောင့် ဂယူဗင်း မူလပထမပြုံးဖြီးနေတဲ့
မျက်နှာနဲ့ပဲ တောင့်ခဲသွားရသည်။

တဆက်တည်းမှာပဲ ထိုစာတိုလေးသုံးကြောင်းအားအခေါက်ခေါက်အခါခါဖတ်ရင်း သူ့ခေါင်းထဲ ဦးနှောက်မရှိတော့သလို ခံစားလိုက်ရသည်။

ယူဂျင်းနီး အခု သူ့ကို ဘာပြောလိုက်တာ???
လမ်းခွဲရအောင်????????
လမ်းခွဲရအောင်ဆိုတာဘာစကားကြီးလဲ????
ဘာအဓိပ္ပာယ်များလဲ?????
အဲ့စကားရဲ့အဓိပ္ပာယ်ကိုသိတဲ့လူရောရှိရဲ့လား??? သူကတော့ဒီစကားကိုအခုမှကြားဖူးတာပါ။

အဲ့လိုနဲ့ ၁၅မိနစ်နီးပါး ကြာသွားတော့မှ
ဂယူဗင်း လက်ရှိအခြေအနေကိုသဘောပေါက်သွားကာ အိမ်အောက်ထပ်ကိုပြေးဆင်းလာခဲ့သည်။

လျှပ်စီးအလျင်နဲ့တဟုန်ထိုးပြေးဆင်းလာခဲ့တာဖြစ်လို့ အောက်ထပ်မှာ TVထိုင်ကြည့်နေတဲ့ သူ့အဖေနဲ့အမေတောင်အိမ်အပြင်ပြေးထွက်သွားတာကိုသတိထားမိလိုက်မည်မဟုတ်ပေ။

"" ယောက်ျား ခုနက ဒီဘက်နားကနေ လေဖြတ်တိုက်သွားတာလား ""

"" အေး ဟုတ်မှာပေါ့ ""

"" တံခါးတွေဒီလောက်ပိတ်ထားတာတောင်
လေကဘယ်နေရာကနေတိုးဝင်လာတာလဲမသိဘူးနော် ထူးဆန်းတယ် ""

"" မင်းချမ်းနေပြီမလား သွား.. ပွစိပွစိပြောမနေဘဲ အနွေးထည်သွားဝတ်ချေ ""

_____________________🐶

"" ကိုယ်ပါ ယူဂျင်းနီး တံခါးဖွင့်ပေးပါ ""

အဆိုးထဲကအကောင်းလို့ပြောရမလား...။
တော်တော်နဲ့တံခါးလာဖွင့်ပေးမှာမဟုတ်ဘူးလို့ ထင်ထားခဲ့ပေမဲ့ ... ယူဂျင်းကသူ့ကို တစ်ခါပဲ တံခါးခေါက်ခွင့်ပေးခဲ့သည်။

"" ဘာကိစ္စရှိလို့လဲဗျ
ကျွန်တော်တို့ကလမ်းခွဲလိုက်ပြီလေ ""

အေးဆေးတည်ငြိမ်စွာနဲ့ပြုံးပြုံးလေး
ပြောလာတဲ့ ယူဂျင်းကြောင့်
ဂယူဗင်းပိုပြီးထိတ်လန့်လာတော့သည်။

"" ကိုယ့်ကိုအဲ့လိုမခြောက်ပါနဲ့ Babyရယ်..
ကိုယ်တောင်းပန်ပါတယ် ... ကိုယ် Babyအပေါ်မှာဘာအမှားလုပ်မိလို့လဲဟင်.. ""

ဂယူဗင်းက ငိုတော့မလို အသံနဲ့ ပြောလာခဲ့တာကြောင့် ယူဂျင်းမျက်နှာထားလည်း တစ်မျိုးပြောင်းသွားခဲ့ကာ အထစ်ထစ်အငေါ့ငေါ့နဲ့ပြောလာပါ၏။

"" စီ..စီနီယာ.... ငို...ငိုတော့မလို့လား ""

"" မင်းပဲကိုယ်နဲ့လမ်းခွဲမယ်ဆို.. ""

ဂယူဗင်းမျက်နှာပေါ်က မျက်ရည်စီးကြောင်းကို မြင်လိုက်ရတာနဲ့တပြိုင်နက် ယူဂျင်းလည်း ထိတ်ပျာသွားရကာ ချက်ချင်းဆိုသလို ဂယူဗင်းရင်ခွင်ထဲတိုးဝင်လိုက်ပါရင်း အလျင်အမြန်ပြောလိုက်မိသည်။

"" လမ်းမခွဲဘူး... ကျွန်တော်စီနီယာနဲ့လမ်းမခွဲတော့ဘူး... အဲ့ဒါကြောင့် စီနီယာမငိုပါနဲ့နော် ""

ထိုအခါ ဂယူဗင်းက သူ့ကိုပြန်ဖက်လာပါရင်း သူ့ပခုံးပေါ်မေးလေးတင်ကာ ခပ်ချွဲချွဲလေးမေးလာလေသည်။

"" တကယ်ပြောတာလား ယူဂျင်းနီး ""

"" အွန်း တကယ်ပြောတာ ""

"" ဒါဆိုဘာလို့
ကိုယ်နဲ့လမ်းခွဲမယ်လို့ပြောခဲ့ရတာလဲ ""

"" အဲ့ဒါက.....
စီနီယာ ကျွန်တော့်ကို မချစ်တော့ဘူးထင်လို့ ""

ယူဂျင်းစကားအဆုံး... ဂယူဗင်း ယူဂျင်းပခုံးပေါ်မှီပြီးချွဲနေရာက... ချက်ချင်း မတ်မတ်ပြန်ရပ်လိုက်သည်။ ပြီးမှ ယူဂျင်း ပခုံးနှစ်ဖက်အား အသာဆုပ်ကိုင်ကာ ချော့မေးလိုက်တော့သည်။

"" ဘာလို့အဲ့လိုမျိုးထင်ရတာလဲ ယူဂျင်းနီးရဲ့
ကိုယ့်မှာတစ်နေ့တစ်နေ့မင်းကိုချစ်လို့တောင်မဝတာကို ဘာလို့အဲ့လိုထင်ရတာလဲ ""

"" ကျွန်တော်တစ်ပတ်လုံးလုံး
စောင့်ကြည့်ပြီးသွားပြီ ""

"" အင်း... စောင့်ကြည့်ပြီးသွားတော့? ""

"" စီနီယာ ကျွန်တော့်ကိုအရင်လိုမျိုး ချစ်တယ်လို့မပြောတော့ဘူး ... အဲ့ဒါကျွန်တော့်ကိုမချစ်တော့လို့ပဲလေ ဟုတ်တယ်မလား ""

မျက်မှောင်လေးကျုံ့ပြီး ရန်တွေ့သလိုပြောလာတဲ့ ယူဂျင်းကြောင့် ဂယူဗင်းမှာရယ်ရအခက်၊ငိုရအခက်ပင်။

လက်စသတ်တော့ ယူဂျင်းရုတ်တရက်ကြီးလမ်းခွဲချင်ရတာက သူ့ဘက်က အဖြေမရခင်တုန်းကလိုမျိုး နေ့တိုင်းချစ်တယ်လို့မပြောတော့တာကြောင့်ကိုး။

ဒီကလေးလေးကို
အသည်းယားလွန်းလို့ရူးတော့မှာပဲ...

"" သေချာပေါက် မဟုတ်ဘူးပေါ့ ယူဂျင်းနီးရယ် ချစ်တယ်လို့မပြောတော့တာနဲ့ပဲ ကိုယ်ကမင်းကိုမချစ်တော့ဘူးလို့ သတ်မှတ်လို့မရဘူးလေ ... ကိုယ့်အကြည့်တွေ၊ အပြောတွေ၊ အမူအရာတွေ၊ အပြုအမူတွေကနေတဆင့်လည်းကိုယ်မင်းကိုချစ်တယ်ဆိုတာ ခံစားလို့ရနေတာပဲမလား?... ပြီးတော့ ကိုယ်မင်းကိုချစ်တာက အချိန်တိုင်း၊နာရီတိုင်း၊မိနစ်တိုင်း၊စက္ကန့်တိုင်း၊ အသက်ရှူနေတဲ့အချိန်တိုင်းချစ်တာလေ ယူဂျင်းနီးရဲ့.. ""

ထိုအခါမှ ယူဂျင်း တွေဝေသွားဟန်ဖြင့်
တခဏမျှတိတ်ဆိတ်သွားတော့သည်။

သူမှားသွားမှန်းသိသွားလို့ထင့်။
မျက်လွှာလေးချရင်းခေါင်းလေးငုံ့သွားတာ
တော်တော်နဲ့ပြန်မော့မလာတော့ပေ။

ထို့ကြောင့် ဂယူဗင်းကပဲ
တိတ်ဆိတ်သွားတဲ့လေထုကိုဖြိုခွင်းကာ....

"" အင်းလေ... ယူဂျင်းနီးဘက်ကကြည့်ရင်လည်း ကိုယ်က ' ချစ်တယ် 'လို့နေ့တိုင်းပြောနေကျကနေ ရုတ်တရက်မပြောတော့တာဆိုတော့ အထင်လွဲကောင်းလွဲနိုင်တာပေါ့... ကိုယ်နားလည်ပါတယ်.. တကယ်တော့ ကိုယ်မှားသွားတာ... ချစ်သူတွေဖြစ်သွားလည်း ချစ်တယ်လို့နေ့တိုင်းပြောနေရမှာကို...
ဟုတ်တယ် ကိုယ်မှားသွားတာ ယူဂျင်းနီးမှန်တယ် ""

ထိုအခါမှ ယူဂျင်းလည်း ခေါင်းပြန်မော့လာကာ အသံတိုးတိုးလေးနဲ့ကန့်ကွက်လာပါ၏။

"" မဟုတ်ပါဘူး
ကျွန်တော်လည်းမှားသွားတာပါ ""

"" ဟုတ်လား? ဒါပေမဲ့...ယူဂျင်းနီးကမှားရင်တောင်မှားပုံမှားနည်းကမှန်ပါတယ် ""

"" တောင်းပန်ပါတယ်စီနီယာ ""

ယူဂျင်းက ပြောပြောဆိုဆိုနဲ့ သူ့ရင်ခွင်ထဲတိုးဝင်လာတာကြောင့် ဂယူဗင်းလည်း ပြန်ဖက်ထားပေးလိုက်ကာ ခေါင်းလေးကိုဖွဖွလေးပွတ်ပေးရင်း ပြောလိုက်၏။

"" ရပါတယ် ယူဂျင်းနီးရဲ့ ကိစ္စမရှိပါဘူး.. ""

"" ဒါဆို ကျွန်တော့်ကိုစိတ်မဆိုးဘူးပေါ့နော်? ""

"" ဒါပေါ့ ကိုယ်ကဘာလို့စိတ်ဆိုးရမှာလဲ...
ဒါပေမဲ့ တစ်ခုတော့ရှိတယ်... လမ်းခွဲမယ်ဆိုတဲ့စကားကိုတော့ လွယ်လွယ်နဲ့ထပ်မပြောရင်ကောင်းမှာပဲ... ကိုယ်တောင်းဆိုတာပါ ""

"" အင်း စီနီယာမကြိုက်ရင်
ကျွန်တော်ထပ်မပြောတော့ဘူး ""

"" ချစ်တယ်နော် ယူဂျင်းနီး
ကိုယ်ဒီနေ့လည်းမင်းကိုချစ်တယ် ""

"" ကျွန်တော်ရောပဲ ""

____________________🐶🐰

စနေနေ့မှာတော့ သူတို့နှစ်ယောက် စီစဉ်ထားတဲ့အတိုင်း ကစားကွင်းကိုသွားဖြစ်ကြသည်။

အစပိုင်းတော့ ယူဂျင်းက နည်းနည်းကြောက်နေပုံရပေမဲ့ ဂယူဗင်းက ယူဂျင်းလက်ကိုမလွှတ်စတမ်း ဆုပ်ကိုင်ပေးထားတဲ့အပြင် ကော်နဲ့ကပ်ထားသလိုမျိုးအနားမှာပဲရှိနေပေးတာကြောင့် ယူဂျင်းလည်း တဖြည်းဖြည်းနဲ့ သက်တောင့်သက်သာဖြစ်လာခဲ့သည်။

အဲ့ဒါအပြင် ဂယူဗင်းက ယူဂျင်းအတွက်အဆင်ပြေအောင်ဆိုပြီး puppy ears headbandကိုအိမ်ကစထွက်ကတည်းကတပ်လာခဲ့ကာ ယူဂျင်းအတွက်လည်း bunny ears headband လေးကိုရှာဝယ်ပေးခဲ့သေးသည်။

"" Baby ဒီကိုကြည့် ဓာတ်ပုံရိုက်မယ် ""

"" ဟုတ် ""

ငယ်ငယ်လေးကတည်းက လိုင်စင်ဓာတ်ပုံမျိုးတွေကလွဲပြီး ဓာတ်ပုံရိုက်လေ့ရိုက်ထမရှိတဲ့ ယူဂျင်းအတွက်တော့ ဖုန်းနဲ့ selcaရိုက်ရတာက အသစ်အဆန်းလိုဖြစ်နေလေသည်။

ဘာposeမှလည်းမပေးတတ်ဘူးဖြစ်နေတာကြောင့် စစချင်းပုံတွေမှာတောင့်တောင့်ကြီးဖြစ်နေခဲ့ပေမဲ့.. နောက်ပိုင်းတော့ ဂယူဗင်းလုပ်တာကိုကြည့်ပြီး လိုက်လုပ်မိရာ....

"" 1,2,3 "" * အတူတူ ✌🏻 *

"" 1,2,3 "" * အတူတူ 😉 *

"" 1,2,3 "" * အတူတူ 🤟🏻 *

"" 1,2,3 "" * အတူတူ 🤔 *

"" 1,2,3 "" * အတူတူ 👌🏻*

အဲ့အထိအဆင်ပြေနေခဲ့ကြပေမဲ့ နောက်ဆုံးပုံအရောက်မှာတော့....ဂယူဗင်းက ယူဂျင်းဘက်လှည့်ပြီး * 😚 * ဒီလို poseလုပ်လိုက်တော့ ယူဂျင်းကလည်း ဂယူဗင်းကို copyနေတာမလို့ ဂယူဗင်းဘက်လှည့်ပြီးတစ်ထပ်တည်းလိုက်လုပ်မိရာ...

နှုတ်ခမ်းချင်းထိမိမလို ဖြစ်သွားတဲ့အချိန်မှာပဲ
ဂယူဗင်းလန့်သွားတာကြောင့်...

ရိုက်လိုက်မိတဲ့ဓာတ်ပုံက *😚😳* ဒီလိုဖြစ်သွားတော့သည်။

[ A.N :: 😚😳 နှစ်ခုမျက်နှာချင်းဆိုင်ထားတယ်လို့တွေးကြည့်လိုက်ကြပါ xD ]

____________________🐶🐰

မြင်းအရုပ်လေးတွေကစပြီး rollercoaster အဆုံး အကုန်ပတ်စီးပြီးသွားတဲ့နောက်မှာတော့ ဗိုက်ဆာလာတာကြောင့် မုန့်ဝယ်စားဖြစ်ကြရာ....

"" ကိုယ့်ကိုနည်းနည်းကျွေးပါလား ""

"" စားလေ ""

သို့ရာတွင် ဂယူဗင်းက ထိုcorndogအား အကြီးကြီးကိုက်ချလိုက်သည်ဖြစ်ရာ...
ယူဂျင်းမှာအံ့သြလွန်းလို့ ပါးစပ်အဟောင်းသားပင်။

"" ပြောတော့ နည်းနည်းဆို.. ခုနကဒီဟာစားမလားမေးတော့လည်းမစားဘူးဆို ""

"" အရသာမရှိလောက်ဘူးထင်နေတာ
အခုစားကြည့်တော့ကောင်းသားပဲ ""

"" အဲ့ဒါဆိုလည်း ကိုယ့်ဘာသာဝယ်စားပါလား ဘာလို့သူများဟာကိုအကြီးကြီးစားလိုက်ရတာလဲ ""

ယူဂျင်းကပြောရင်းနဲ့ ငိုမဲ့မဲ့ဖြစ်လာတာကြောင့် ဂယူဗင်းမှာဝါးလက်စဟာတောင်မျိုမကျတော့ဘဲနင်ချင်သလိုလိုဖြစ်လာတော့သည်။

သို့ပေမဲ့ လက်ထဲကအအေးကိုမော့သောက်ရင်း မနင်အောင်မျှောချလိုက်ကာ ယူဂျင်းစိတ်ကျေနပ်အောင် ပြန်ချော့ဖို့ပြင်ရသည်။

"" sorryပါ အကြီးကြီးစားလိုက်မိလို့..
ကိုယ်အသစ်ပြန်သွားဝယ်ပေးပါ့မယ် ""

"" အဲ့ဒီကိုပြန်သွားရင်အဝေးကြီးမလား..
စီနီယာပင်ပန်းမှာပေါ့.. ရတယ် ထားလိုက်တော့ ""

သူ့ကိုမကျေနပ်ပေမဲ့လည်း သူပင်ပန်းမှာကိုစိုးရိမ်ပေးနေပြန်တဲ့ ယူဂျင်းကြောင့် ဂယူဗင်းရင်ထဲနွေးထွေးသွားရကာ မှုန်ကုပ်ကုပ်ရုပ်လေးနဲ့ယုန်ပေါက်လေးရဲ့မျက်နှာကိုဆွဲဖျစ်လိုက်တော့သည်။

"" အိုက်ဂူး.... ဘာလို့အဲ့လောက်ထိချစ်စရာကောင်းရတာလဲ... ငုံထားချင်လာပြီ တကယ် ""

သူ့စကားအဆုံး ယူဂျင်းက တစ်ဖက်ကိုတိုးသွားပြီး သူ့အား သံသယမျက်လုံးတွေနဲ့ကြည့်လာခဲ့ကာ..

"" ကျွန်တော့်မုန့်ယူစားရတာမဝလို့
ကျွန်တော့်ကိုပါစားတော့မလို့လား ""

ယူဂျင်းစကားကြောင့်
ဂယူဗင်းမှာ ခွီးခနဲထရယ်မိတော့သည်။

"" မဟုတ်ပါဘူး Babyရယ်..
ချစ်လွန်းလို့ ငုံထားချင်ရုံပါ မစားပါဘူး ""

"" အင့်.. စားဦးမလား ""

ယူဂျင်းကပြောပြောဆိုဆိုနဲ့
ခုနက corndogလေးကို
သူ့ရှေ့တိုးပေးလာတာကြောင့်
ဂယူဗင်းမငြင်းမိဘဲ ပါးစပ်ဟပေးမိသည်။

"" စားမယ် အာ.. ""

ဖြစ်ချင်တော့ သူပါးစပ်ဟလိုက်တာနဲ့တပြိုင်နက် ယူဂျင်းကလက်ကိုပြန်ရုပ်ပြီး
သူ့ပါးစပ်ထဲသူကောက်ထည့်လိုက်တာကြောင့် ဂယူဗင်းခမျာရယ်နေရုံသာတတ်နိုင်တော့သည်။

တကယ်ပါ..သူဒီနေ့တစ်နေ့လုံး သွားတိုက်ဆေးကြော်ငြာရိုက်နေရသလို ခံစားနေမိသည်။

အမှန်တော့ ဒီနေ့တစ်နေ့တည်းရယ်လည်းမဟုတ်ပါဘူး။ ယူဂျင်းနဲ့အတူတူရှိနေတဲ့အချိန်တိုင်း သူ့မှာ ပါးစပ်စိမရအောင်ပြုံးနေမိတာဖြစ်သည်။

ချစ်မိသွားတဲ့သူတိုင်း
ဒီလိုအဖြစ်မျိုးကြုံဖူးကြမည်ထင်ပါသည်။

မကြုံဖူးသေးတဲ့သူတွေကိုတော့
သူတကယ်သနားမိသည်။ ဥပမာ ရစ်ခီရှန်။

____________________________________

🐶To be continued🐰

A.N :: ဒီနေ့အပိုင်းမှာတော့ အထွေထွေကျန်းမာရေးမှူး ဆောင်းဟန်ဘင်းပါမလာခဲ့ပါဘူး 😔 ထည့်ရေးပေးမလို့ပဲ ရှည်နေပြီထင်တာနဲ့တစ်ပိုင်းဖြတ်လိုက်တာ

ဒါလေးက10ပိုင်းလောက်ပဲရှိမှာဆိုတော့
မကြာခင်နှုတ်ဆက်ရပြီနော် ಥ⁠_⁠ಥ




Continue Reading

You'll Also Like

954K 36.1K 86
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
Fake love By :)

Fanfiction

112K 2.6K 41
When your PR team tells you that we have to date a girl on the UCONN women basketball team and you can't say no to it... At first you don't think too...
329K 19K 72
Y/N L/N is an enigma. Winner of the Ascension Project, a secret project designed by the JFU to forge the best forwards in the world. Someone who is...
1.1M 49.1K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC