ရေသူထီးလေးဖြစ်လာပြီးနောက်ပြုစ...

By Ocean_Myth

17.4K 2.3K 106

ကမ္ဘာပျက်ကပ်ကာလမှာ ရေကိုထိန်းချုပ်နိုင်သည့် စွမ်းရည် ပိုင်ဆိုင်ထားခဲ့သည့် အန်းကျင်း ဟာ ကြယ်တာရာခေတ်ကို ဝိဉာဉ်... More

မိတ်ဆက်
အပိုင်း - ( 1 ) Unicode
အပိုင်း - ( 1 ) Zawgyi
အပိုင်း - ( 2 ) Unicode
အပိုင်း - ( 2 ) Zawgyi
အပိုင်း - ( 3 ) Unicode
အပိုင်း - ( 4 ) Unicode
အပိုင်း - ( 4 ) Zawgyi
အပိုင်း - ( 5 ) Unicode
အပိုင်း - ( 5 ) Zawgyi
အပိုင်း ( 6 ) - Unicode
အပိုင်း ( 6 ) - Zawgyi
အပိုင်း - ( 7 ) Unicode
အပိုင်း - ( 7 ) Zawgyi
အပိုင်း (8) - Unicode
အပိုင်း (8) - Zawgyi
အပိုင်း - (9) Unicode
အပိုင်း - (9) Zawgyi

အပိုင်း - ( 3 ) Zawgyi

444 22 1
By Ocean_Myth

အခန်း (၃) - သူယူမယ်

    ( Ocean - ဒီ Novel လေးက slowburn ပုံစံပါဗျ။ဗြုန်းစားကြီး ချစ်သွားကြမှာမျိုးမဟုတ်ပဲ MC ရော ML ရောက တစ်ယောက်အပေါ်တစ်ယောက် သတိအပြည့်နဲ့ဆက်ဆံကြပြီးမှ တဖြည်းဖြည်း Charater development ဖြစ်လာတာမျိုးပါ။ Slowromance မကြိုက်တဲ့သူတွေက စိတ်မရှည်ဖြစ်နေကြမှာစိုးလို့။ဒါပေမဲ့ မပူပါနဲ့။ ရည်းစားကတော်ရုံမဖြစ်ကြပေမယ့် ခွေးစာတွေ နေရာအနှံ့ပြန့်ကျဲနေလို့ အမီလိုက်ကောက်ရမှာပါ။စကားပြောတာ များသွားပြီ။Enjoy ပါဗျ။ )

  ဘာနီက အန်းကျင်းပုံတွေရိုက်လို့ပြီးသွားတော့ အခန်းထဲက ထွက်သွားသည်။

     ဆရာဝန်က ဒူးထောက်လိုက်ပြီး ငါးတွေထည့်ထားသည့် ပုံးထဲက ခပ်ရှည်ရှည် ငါးပြားတစ်ကောင်ကိုထုတ်ပြီး အန်းကျင်းဆီ လှမ်းပေးလိုက်၏။ " ဒါက အရမ်းအရသာရှိတာ ၊ မင်းကြိုက်လား ? "

    အန်းကျင်းက သူပြောတာကို နားမလည်သော်လည်း သူပြောချင်တာကို သဘောပေါက်သည်။ဒါကြောင့် သူပြုံးပြလိုက်ပြီး ငါးကို လှမ်းယူလိုက်၏။သူက လက်သည်းတွေကို ဓားအဖြစ်အသုံးပြုပြီးငါးကို ဘယ်လက်ထဲမှာကိုင်ကာ ညာလက်ဖြင့် လှီးဖြတ်လိုက်သည်။အသားလွှာလေးတစ်ခုစားပြီးနောက် သူရပ်လိုက်ကာ ဆက်မစားတော့ပေ။

     ငါးကအရသာရှိပြီးသားပင်။နောက်ပြီးထူးခြားချက်အနေဖြင့် ငါးပေါ်က အနက်ရောင်အစက်လေးတွေကြောင့်လားတော့မသိ နည်းနည်း ခါးသက်သက် ညှီသလိုလို အရသာလေးရနေ၏။ထိုငါးပြားကိုစားလိုက်ပြီးနောက် သူ့ရဲ့ ရေစွမ်းအင်ကို တိတ်တိတ်လေးသုံးကြည့်လိုက်ရာ ခန္ဓာကိုယ်ထဲမှာ အပြောင်းအလဲတစ်ချို့ဖြစ်သွားတာကို သတိပြုမိလိုက်သည်။ဆရာဝန်က ငါးပြားကို စားပြပြီးပြီဆိုပေမယ့်လည်း ဒီငါးပြားက ဆရာဝန်ပေးထားတဲ့ဟာပဲမို့ သူနည်းနည်းတော့ စိတ်ပူနေမိသေးသည်။

    ကမ္ဘာမပျက်ခင်အချိန်တုန်းက အခွင့်ထူးခံလူတန်းစားဘဝနဲ့နေခဲ့တာမို့ နုံတုံတုံ အတတနှင့် အတွေ့အကြုံမရှိ အပြစ်ကင်းသော သူတစ်ယောက်ဖြစ်ခဲ့၏။ ကမ္ဘာပျက်ကပ်လည်းပြီးရော သူဟာ အရမ်းကို သတိရှိရှိနဲ့ မနေသွားတတ်ခင်မှာ ဆုံးရှုံးမှုတွေ အများကြီးကို ခံစားခဲ့ရသည်။သူ့ရေစွမ်းအင်ဟာလည်း အားနည်းလွန်းလို့ ပထမအဆင့်တောင်မရောက်ပေ။ဒါကြောင့် သူက မရဲတရဲ အသားတစ်လွှာလောက် စမ်းစားကြည့်တာမျိုးလောက်သာ လုပ်ရဲ၏။

    ဒီလိုမှသာအကယ်၍ ဒီငါးထဲမှာ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်မည့်အရာတွေပါနေမယ်ဆိုလျှင်တောင်သူ့ရေစွမ်းအင်နှင့် အချိန်မီသန့်စင်နိုင်ပေမည်။သိပ်မကြာခင်တွင် သူ့ကိုယ်ထဲ၌ ဆံချည်မျှင်ထက်တောင်သေးသော အနက်ရောင် အမျှင်လေးတစ်ခုကို တွေ့လိုက်ရသည်။ဒီအနက်ရောင်စွမ်းရည်က သေချာပေါက်ကို ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိနေ၏ !

     အနက်ရောင်အမျှင်က ကိုယ်ထဲတွင် သွေးနှင့်အတူစီးဆင်းနေပြီး မျက်စိတစ်မှိတ်အတွင်းမှာ နှလုံးအတွင်းပိုင်း၌ ကပ်တွယ်သွားတော့သည်။

    အန်းကျင်းလန့်သွားပြီး ဝိဉာဉ်စွမ်းအင်ကို အမြန်စုစည်းကာ ရေစီးကြောင်းသေးသေးလေးတစ်ခု ဖန်တီးလိုက်၏။သူက ထိုအနက်ရောင်အမျှင်ကို သန့်စင်မလို့လုပ်နေတုန်း နှလုံးအိမ်အတွင်းနံရံထဲတွင် ပင်လယ်ပြာရောင် အလင်းလေးတစ်ခုပေါ်လာတာကို တွေ့လိုက်ရသည်။

    ရုတ်တရတ် ထိုအလင်းလေးက လွင့်စင်ပျောက်ကွယ်သွားတာအနက်ရောင်အမျှင်ပါ ပျောက်သွားတော့၏။

    အန်းကျင်းတောင့်ခဲသွားကာ သေချာပြန်စစ်ကြည့်လိုက်ပြီး  သူ့ကိုယ်ထဲတွင် အန္တရာယ်ဖြစ်စေတာမျိုး ဘာမှမရှိတော့ဘူးဆိုတာ သိလိုက်ရသည်။သူက ဝိဉာဉ်စွမ်းအင်ကို ပြန်ရုတ်သိမ်းကာ သူ့စွမ်းအင်ပင်လယ်ကို စစ်ဆေးကြည့်လိုက်၏။

     ရေစွမ်းအင်ပိုင်ရှင်တွေရဲ့ စွမ်းအင်ပင်လယ်ဟာ ရေလိုပြာလဲ့နေသော ဝိဉာဉ်စွမ်းအင်ပိုးမျှင်လေးတွေ ပါတတ်သည်။အကယ်၍ စွမ်းအင်သာပြည့်နေမယ်ဆိုလျှင် စွမ်းအင်ပိုးမျှင်လေးတွေက လင်းလက်ကာ အလွန်လှပပေ၏။အန်းကျင်းက သူ့စွမ်းအင်ပင်လယ်ထဲမှ ပိုးမျှင်အချို့ဟာ ရောင်စိုပြေခြင်းမရှိတော့ပဲ မှိန်ဖျော့သွားတာကို တွေ့လိုက်ရတော့ အံ့အားသင့်သွားသည်။

     သူခုနက မသုံးလိုက်ရသည့် ရေစွမ်းအင်စီးကြောင်းရဲ့ စွမ်းအင်တွေကအပြည့်အဝ ပြန်လည်ဖြည့်တင်းသွားတာကြောင့် ဘာစွမ်းအင်မှကို မသုံးဖြစ်လိုက်သလိုပင်။

   အခုလေးတင် သူ့ခန္ဓာကိုယ်ကို သူ စစ်ဆေးကြည့်ဖို့ ဝိဉာဉ်စွမ်းအင်ကို သုံးခဲ့ပြီး သုံးလိုက်တာကလည်း နည်းနည်းလေးမို့ သူ့စွမ်းအင်ပင်လယ်က ခုလိုဖြစ်မနေသင့်ပေ။သူ့ခုဏတုန်းကတွေ့လိုက်ရသည့် သူ့စွမ်းအင်ပိုးမျှင်နှင့် တစ်ထပ်တည်းတူသော အလင်းလေးကို သတိရလိုက်၏။

    ဒါက သူ့စွမ်းအင်တွေဟာ ငါးထဲမှာပါတဲ့ မသန့်စင်မှုတွေကို သူ့ဘာသာ တက်တက်ကြွကြွနဲ့ ဖယ်ရှားပစ်နေတယ်ဆိုတဲ့သဘောလား...?သူ့အကြည့်တွေက ငါးပေါ်ရှိ အနက်ရောင်အစက်လေးတွေဆီရောက်သွားကာဆရာဝန်နှင့် ပါမောက္ခကျင်းတို့ကို လှမ်းကြည့်လိုက်သည်။

     ဒီနှစ်ယောက်လုံးရဲ့ ဝိဉာဉ်စွမ်းအင်တွေက အားမနည်းပေ။ကမ္ဘာပျက်ကပ်တုန်းက စံသတ်မှတ်ချက်နှင့်ဆို ဒုတိယအဆင့်လောက်ပင်ရှိ၏။နှစ်ယောက်လုံးရဲ့ စွမ်းအင်ပင်လယ်က မီးခိုးရောင်ဖျော့ပြီး ဘာဓာတ်သဘာဝမှတော့မရှိပေ။

    ကမ္ဘာပျက်ကပ်မှာဆို ဒီလိုပုံစံ စွမ်းရည်ရှိသူများက အများဆုံးပင်။သူတို့ရဲ့ စွမ်းရည်သန္ဓပြောင်းလဲမှုတွေကလည်း ခန္ဓာကိုယ်အစိတ်အပိုင်းအမျိုးမျိုးကနေ အခြေတည်တာမျိုး။ ဥပမာ - အာရုံငါးပါးတို့...ခန္ဓာကိုယ်စွမ်းအင်တို့...စသည်ဖြင့်ပေါ့...

    သို့သော် နည်းနည်းတော့ ထူးဆန်းနေသလိုပင်။ဒီလူနှစ်ယောက်လုံးရဲ့ စွမ်းအင်ပိုးမျှင်တွေက မီးခိုးရောင်အဖျော့တွေချည်းမဟုတ်ပဲ အနားစွန်းတွေမှာ ပိုရင့်တဲ့ မီးခိုးရောင်နဲ့ အနက်ရောင်ဖြစ်နေတဲ့ အပိုင်းတွေလည်းရှိသေးသည်။

     ပါမောက္ခကျင်းရဲ့ စွမ်းအင်ပင်လယ်ဆို ဆရာဝန်ထက်တောင် အရောင်ရင့်သေး၏။

    ကမ္ဘာပျက်ကပ်တုန်းက စွမ်းရည်အသုံးပြုသူတွေဆိုလျှင် စွမ်းအင်သုံးလိုက်ရင်တောင် စွမ်းအင်ပိုးမျှင်က အရောင်မှိန်သွားရုံပဲဖြစ်ပြီး အနက်ရောင်ကြီးတော့ ဖြစ်မသွားတတ်ပေ။

    အစက အန်းကျင်းထင်တာကတော့ သူ့တို့ စွမ်းအင်ပင်လယ်တွေက ဒဏ်ဖြစ်ထားတယ်လို့ပေါ့။ဒါပေမဲ့ ခုကြည့်ရသလောက်ကတော့ သူတို့က အေးအေးသက်သာပဲရှိနေပြီး နှိပ်စက်ခံထားရပုံလည်း မပေါ်ပေ။စွမ်းအင်ပင်လယ်ဒဏ်ရာရထားတာဆိုလျှင် အလွန်အမင်း နာကျင်လွန်းတာကြောင့် တည်တည်ငြိမ်ငြိမ်နေဖို့ဆိုတာမဖြစ်နိုင်။

    အန်းကျင်းက ခဏလောက်တွေးကြည့်လိုက်ပြီး ငါးအသွားလွာတစ်ခုထပ်ဖြတ်ကာ ဆရာဝန်ကို လှမ်းပေးလိုက်သည်။

    ဆရာဝန်က ဒီတစ်ခါတော့ မတောင့်ခဲသွားတော့ပဲ အကြည့်တွေက ရင်ထဲထိသွားသလိုဖြစ်နေပြီး စိတ်ထဲမှ အော်ဟစ်နေတော့၏။ရေသူထီးလေးက အရမ်းလိမ္မာလွန်းတယ် ၊ အရမ်းနှစ်သက်စရာကောင်းလွန်းတယ်လို့ !သူ့လေသံက ညှင်သာလွန်းလို့ ရေကိုတောင် ညှပ်လို့ရမတတ်ပင်။ " တော်ပါပြီ ၊ မင်းပဲစားလိုက်နော် "

    အန်းကျင်းက လက်ကိုမြှောက်လိုက်တာကြောင့် ငါးပြားက ဆရာဝန်ပါးစပ်နားပင်ထိလုမတတ်ဖြစ်သွားသည်။

    ဆရာဝန်က ပျော်နေသော်လည်း မတတ်နိုင်ပဲ ဖြစ်နေ၏။ဒါပေမယ့် အန်းကျင်းက အတင်းတိုက်တွန်းနေမှတော့လည်း ရေသူထီးလေးရဲ့ ကြင်နာမှုကို မငြင်းရက်တော့ပဲ ငါးပြားကို ယူစားလိုက်တော့သည်။

    အန်းကျင်းက ဆရာဝန်ခေါင်းပေါ်က စွမ်းအင်ပင်လယ်ကို စိုက်ကြည့်နေ၏။ဆရာဝန်က ငါးပြားကိုမြိုချပြီးသည်နှင့်  မီးခိုးရောင်စွမ်းအင်မျှင် တစ်စုလောက်က အလျှင်အမြန်ပဲ အနက်ရောင်ပြောင်းသွားတော့သည်။

      အတော်လေးဖျော့သည့် မီးခိုးရောင်အမျှင်တွေကျတော့ အနက်ရောင်တွေနှင့် ကပ်သွားတဲ့အခါ မီးခိုးရောင် လုံးလုံးဖြစ်သွားတော့၏။

    အန်းကျင်း နှလုံးက ဆောင့်ခုန်သွားသည်။ငါးပြားပေါ်က အနက်ရောင်အစက်တွေက စွမ်းအင်ပင်လယ်ကို ပြင်းပြင်းထန်ထန် ပျက်စီးစေတာပဲ ! အဲ့ဒါထက် အနက်ရောင်အစက်က သယ်လာတဲ့ အပျက်အစီးတွေကို ဝိဉာဉ်စွမ်းအင်က ခုခံနေရတာမျိုး။ဒါပေမဲ့ အဲ့လိုသာ ကြာကြာဖြစ်နေမယ်ဆိုရင် ဝိဉာဉ်စွမ်းအင်က သေချာပေါက်ကို လျော့သွားမှာပဲ။

      တကယ်လို့ ကုန်သွားတဲ့စွမ်းအင်တွေကိုပြန်ဖြည့်ဖို့ ဇွန်ဘီအမြုတေတွေ မရှိဘူးဆိုရင်ပေါ့လေ။

    ဒါပေမဲ့ သူအခု တွေ့ရသည့် သူတွေအကုန်လုံးကတော့ ကျန်းမာနေပုံရတာကြောင့် ဒီကမ္ဘာကြီးက ဇွန်ဘီတွေမရှိဖို့များသည်။

    အန်းကျင်းက သူ့လက်ထဲရှိငါးပြားကို တိတ်ဆိတ်စွာ အောက်ပြန်ချထားလိုက်ပြီး တခြားအစားအစာတွေက မသန့်စင်မှုတွေမပါပါစေနဲ့လို့ပဲ တိတ်တဆိတ် ဆုတောင်းနေမိတော့၏။

     " ဆက်မစားတော့ဘူးလား ? " ဆရာဝန်က အံ့သြသွားသည်။

    အန်းကျင်းက သူဘာပြောနေမှန်းမသိတာကြောင့် သူ့စိတ်ထဲ စိတ်မချနိုင်စွာဖြင့် ထိုနှစ်ယောက်ကိုကြည့်ကာ နောက်ဆုတ်လိုက်၏။သူတို့ကရော ငါးထဲမှာ အန္တရာယ်ရှိတဲ့ပစ္စည်းတွေရှိတာ သိပြီးသားလား ?

     ပါမောက္ခကျင်းကတော့ ရေသူထီးလေးက သူ့အစာကို လိုလိုလားလား ပေးပစ်လိုက်တာကြောင့် ထိတ်လန့်သွားရာမှ ခုမှ ပြန်သတိလည်လာသည်။သူကစိတ်လှုပ်ရှားမှုကိုမဖုံးကွယ်နိုင်ပဲ ဆရာဝန်ရဲ့ ပုခုံးကိုပုတ်လိုက်၏။ " သူက အရမ်းဉာဏ်ကောင်းတယ်လို့ မင်းရောထင်လား ? "
     ဆရာဝန်က ခုချိန်မှာ ရေသူထီးလေးအပေါ် မီတာတစ်သောင်းလောက်ရှိတဲ့ အကောင်းမြင်စိတ်တွေနဲ့ပြည့်နေတာကြောင့် သဘောတူစွာ ခေါင်းကို အကြိမ်ကြိမ်ညိတ်ရင်း အလုပ်ရှုပ်နေတော့သည်။ " ဒါပေါ့ ဒါပေါ့ ဒါပေါ့ ! ဉာဏ်ကောင်းပြီး ချစ်ဖို့ကောင်းတယ် " သူက သက်ပြင်းချလိုက်၏။ " ဘယ်လိုလုပ်ပြီးများ ဒီလောက်တောင် ချစ်ဖို့ကောင်းတဲ့ ရေသူထီးလေးမျိုး ရှိနေရတာလဲ ? ငါချမ်းသာချင်လိုက်တာ... "

     ပါမောက္ခကျင်းက ရေသူထီးလေးကို မျက်လုံးများ တောက်ပလျက်ငေးကြည့်နေသည်။ဒီအခန်းထဲ စဝင်လိုက်ချိန်ကတည်းက ဒီရေသူထီးလေးဟာ တခြားရေသူတွေနဲ့ မတူဘူးဆိုတာ သူခံစားမိနေ၏။အဆင့်မြင့် ရေသူထီးတွေက အဆင့်မြင့်ဉာဏ်ရည်ရှိနေနိုင်တာများလား...?

     အန်းကျင်းဟာ သူတို့အကြည့်တွေကြောင့် ဉီးရေပြားတွေပင် ယားလာသည်။အမုန်းတရားတွေဘာတွေ မခံစားမိဘူးဆိုပေမယ့်လည်း ခုလိုမြင်ကွင်းမျိုးကို အသားမကျသေးပေ။သူကအမြီးကိုခတ်ပြီး ရေအောက်ငုပ်သွားလိုက်၏။

    ဆရာဝန်က သူ့ရဲ့ မွဲတေမှုအပေါ် နာကျင်ခံစားနေတာရပ်ပြီး အချိန်ကို ကြည့်လိုက်သည်။ငါးနာရီတောင် ထိုးလုပြီမို့ ရေသူထီးလေးကို ပြပွဲခန်းမဆီခေါ်သွားပေးရဉီးမည်။သူက သိပ်တောင်မစားရသေးသော ငါးပုံးကိုကြည့်ကာ ထရပ်လိုက်ပြီး အန်းကျင်းကို ပြုံးပြလိုက်၏။ " မစားဖြစ်သေးရင်လည်းရပါတယ်...ဗိုက်မဆာသေးတာနေမယ် "

    သူက ရေကန်ကို တစ်ပတ်ပတ်၍ အန်းကျင်းအနေအထားကို လေ့လာပြီး တာမင်နယ်ကို ဖွင့်ကာ ခလုတ်နှိပ်လိုက်သည်။

    " ကလစ် " ခပ်တိုးတိုးအသံတွေက အန်းကျင်း ပတ်ပတ်လည်တွင် တပြိုင်တည်း ထွက်လာ၏။

    မျက်တောင်တစ်ခတ်အတွင်းမှာ ဖောက်ထွင်းမြင်နေရသော သတ္တုပြား လေးပြားက ရေအောက်ထဲမှ ထွက်လာကာ သူ့ကို အလည်မှာထားပြီး လေးထောင့်သဏ္ဍာန်ပိတ်သွားသည်။

    အန်းကျင်းက အံ့သြစွာနှင့် သူ့မျက်လုံးတွေ ပင့်တက်သွား၏။သူငုံ့ကြည့်လိုက်ပြီး သတ္တုပြား လေးပြားနှင့် သူ့ရဲ့ ရေကန်ကြမ်းပြင်ဟာ ရေထဲမှ ကမ်းပေါ်တက်ဖို့ လုပ်ထားသည့် ကွန်တိန်နာ တစ်ခုမှန်း သဘောပေါက်သွားတော့သည်။

    အချိန်တိုအတွင်း ကွန်တိန်နာက ကမ်းပေါ်ရောက်သွားကာ ဆရာဝန်က ဘေးကလျှောက်လာပြီး အန်းကျင်းကို ပြုံးပြလာ၏။ထို့နောက် ကွန်တိန်နာကို အပြင်ဘက်ဆီ တွန်းထုတ်သွားတော့သည်။

     အန်းကျင်း မသက်မသာ ခံစားလာရ၏။သူတို့ဘယ်သွားနေတာလဲ... ?

    ဆရာဝန်ကသူ့ကိုတွန်းပေးနေပြီး အခြားအခန်းရောက်သွားဖို့ သိပ်မကြာလိုက်ပေ။လမ်းမှာသူက အရပ်ရှည်ရှည်နဲ့ လုံခြုံရေးအစောင့်တွေအများကြီးတွေခဲ့ပြီး စိတ်အားတက်ကြွနေသည့် အကြည့်တွေအများကြီးကိုလည်း လက်ခံခဲ့ရသည်။သူ့မသက်မသာဖြစ်မှုက ပိုလို့တောင် နက်ရှိုင်းလာ၏။ရေသူတွေဆိုတာ ဒီကမ္ဘာကြီးပေါ်မှာ ဘယ်လိုဖြစ်တည်မှုမျိုးတွေများလဲ...?

    အခုအခါမှာတော့ သူဟာ ရိုးရိုး အိမ်မွေးတိရိစ္ဆာန် (pet) တစ်ကောင်ဖြစ်ပါစေလို့သာ ဆုတောင်းမိတော့သည်။( နောက်ပိုင်းတွေမှာ အိမ်မွေးတိရိစ္ဆာန်ကို pet လို့ပဲ သုံးပါတော့မယ်ဗျ ) သူကလက်ကိုတင်းတင်းပိုက်ကာ စိတ်ငြိမ်အောင်ထိန်းပြီး ပတ်ဝန်းကျင်ကို လေ့လာလိုက်၏။

    ဒီအခန်းကလည်း အရင်အခန်းလိုပါပင်။အခန်းရဲ့နေရာအများစုကို ရေကန်က နေရာယူထားသည်။ဆရာဝန်က ကွန်တိန်နာကို ရေကန်အစပ်ဆီတွန်းသွားကာ ခလုတ်တစ်ခုနှိပ်လိုက်တော့ ကွန်တိန်နာရဲ့ ရှေ့ဆုံးက သတ္တုပြားတစ်ချပ်က ပွင့်သွား၏။ကွန်တိန်နာက အဖုံးဖွင့်လိုက်သလိုဖြစ်သွားကာ အထဲမှရေတွေက ရေကန်ထဲ တစ်ဟုန်ထိုးစီးဆင်းသွားသည်။

    အန်းကျင်းက မထင်မှတ်ပဲ ရေအားနှင့်အတူ ရေကန်ထဲ မျောပါသွားတာကြောင့် လှည့်ပတ်ကြည့်လိုက်၏။သူက ဗွမ်းကနဲပြုတ်ကျသွားကာ လန့်သွားသည်။သူက ရေထဲမှ ခက်ခက်ခဲခဲ ပြန်တက်လာပြီး ဆရာဝန်ကိုကြည့်လိုက်၏။

    ဆရာဝန်က ထိုထိတ်လန့်နေသည့် မျက်ဝန်းလေးတွေကိုမြင်တော့ စိတ်ပူစွာနှင့် ပါမောက္ခကျင်းကို လှမ်းကြည့်လိုက်သည်။

   ဆရာဝန်က ပါမောက္ခကျင်းဒီကိုလာရသည့် ရည်ရွယ်ချက်မှာ တာဝန်ယူခိုင်းဖို့လို့ပဲ ထင်နေတာကြောင့် " သူကကြောက်နေပြီး အရင်ကထက်လည်း သတ္တိနည်းသွားပုံရတယ် " ဟုပြောချင်နေသည့် စကားလုံးများကို ပြန်မြိုချကာ ဒီကိစ္စကို ရှည်အောင်ဆက်မလုပ်တော့ပေ။သူက ရေသူထီးကို စိတ်သက်သာရာရအောင် နွေးထွေးစွာပြောလိုက်၏။ " မကြောက်ပါနဲ့ ၊ မင်းဒီည သခင် ရလိမ့်မယ် ၊ သူမင်းကို ကောင်းကောင်းဆက်ဆံမှာပါ။ "

    အန်းကျင်းက သူပြောတာ နားမလည်ပေမယ့် သူက အန္တရာယ်ပေးဖို့မဟုတ်ဘူးဆိုတာ ခံစားရတာကြောင့် အနည်းငယ် စိတ်သက်သာရာရသွားသည်။

      လုံခြုံရေးအစောင့်တစ်ယောက်က ဝင်လာပြီးပြောလာ၏။ " လူကြီးမင်းတို့ ၊ ကျွန်တော်တို့ရဲ့ ဧည့်သည်တွေ မကြာခင်ရောက်လာတော့မှာမို့ ကျေးဇူးပြုပြီး ပြခန်းထဲက ထွက်ခွာပေးပါခင်ဗျာ "

     ဆရာဝန်နှင့် ပါမောက္ခကျင်းတို့နှစ်ယောက်လုံး ရေသူထီးလေးကို ကြည့်လိုက်ပြီး မထွက်ခွာခင် သူတို့အကြည့်တွေက ရေသူထီးလေးအပေါ်မှာသာ တရစ်ရစ်ဝဲနေသည်။

    အန်းကျင်းက ပိတ်သွားသောတံခါးကို အမူအရာမဲ့စွာ ငေးကြည့်နေပြီးဘာဖြစ်နေမှန်းမသိတာကြောင့် သူက စိတ်ရှုပ်ထွေးနေလေ၏။

    သူဟာ ဒီက လူသားဘာသာစကားကို သင်ကိုသင်ရမည်ဟု နောက်တစ်ကြိမ် စိတ်ဆုံးဖြတ်လိုက်သည် !သူက ထိုနေရာမှာသာ ခဏလောက် နေမိနေကာ ခပ်မြန်မြန်ပဲ စိတ်ကိုပြန်စုစည်းလိုက်ပြီး ရေကန်ထဲ လှည့်ပတ်ကူးကာ အခန်းနှင့် အခန်းထဲရှိပစ္စည်းတွေကို လိုက်ကြည့်လိုက်၏။သူက နံရံပေါ်ရှိ ပြကွက်တစ်ခုကို ခေါင်းလေးစောင်းကာ လေ့လာနေမိသည်။

     " ကလစ် " အခန်းထဲတွင် ရုတ်တရတ် အသံခပ်တိုးတိုးလေးတစ်ခုပေါ်လာ၏။သူက နံရံနှင့် ကပ်မနေသော တစ်ခုတည်းလွတ်နေသည့် ကန်ဘေးကို ချက်ချင်းလှမ်းကြည့်လိုက်သည်။

      ကြီးမားလှသော ဖောက်ထွင်းမြင်နေရသည့် နံရံကြီးတစ်ခု ထွက်ပေါ်လာကာ အခြား နံရံသုံးခုနှင့်အတူ ရေကန်ကို ဝန်းရံပိတ်ကာသွား၏။အန်းကျင်း မျက်မှောင်ကြုံ့လိုက်သည်။ခုလိုကြီး ပိတ်လှောင်ခံထားရသည့် ခံစားချက်က သူ့ကို စိတ်မသက်မသာဖြစ်စေ၏။သူရေကန်အစွန်းကို ကူးသွားလိုက်ကာ ဖောက်ထွင်းမြင်နေရသည့် နံရံကို ခေါက်ကြည့်လိုက်တော့ မှန်လိုမဟုတ်ပဲ အသံခပ်အုပ်အုပ်ထွက်လာသည်။သူလက်သည်းနှင့် ခပ်ပြင်းပြင်းကုတ်ကြည့်လိုက်တော့ ခပ်ပါးပါး အစင်းရာလေးသာ ဖြစ်သွား၏။

    " ကလစ် " အန်းကျင်းက ထိုအသံနှင့် ရင်းနှီးနေပြီမို့ တံခါးစီ ချက်ချင်းလှည့်ကြည့်လိုက်သည်။အခန်းတံခါးက ဘေးနှစ်ဖက်လုံးကနေ လျှောတိုက်ပွင့်သွားပြီး လူသုံးယောက် ဝင်လာကြ၏။

     အရှေ့ဆုံးမှာရှိသည့်သူက အနက်ရောင်ရှပ်နှင့် အနက်ရောင်ဘောင်းဘီဝတ်ထားသည့် အရပ်ရှည်ရှည်လူတစ်ယောက်ဖြစ်သည်။ဆံပင်တိုတိုရှိပြီး ပထမတစ်ချက်ကြည့်လိုက်လျှင် ရုပ်ရည်က သာမန်သာဖြစ်၏။သို့သော် သူ့မျက်ဝန်းညိုညိုတွေက နက်ရှိုင်းလွန်းလှကာ သူ့တည်ရှိမှုက ပြင်းထန်လွန်းလှသည်။သူ့နောက်က လူနှစ်ယောက်က ထိုသူကို လေးစားသမှုရှိသော အမူအရာနှင့် တစ်စုံတစ်ခုပြောလိုက်၏။ပြောနေရင်း အန်းကျင်းရှိရာ ရေထဲကို ညွှန်ပြလိုက်သေးသည်။

   ထိုလူဝင်လာကတည်းက တည်ငြိမ်နေခဲ့သော အခန်းထဲမှလေထုမှာ ချက်ချင်းပြန့်ကြဲသွားပြီး ပြင်းထန်လှသော ဒေါသတရားက တစ်ခန်းလုံးကို လွှမ်းခြုံသွား၏။

    ထိုဒေါသတရာခံစားချက်က အလွန်အမင်းကို ပြင်းထန်လှပြီး အန်းကျင်းကို အလွန်မသက်မသာဖြစ်အောင် လုပ်နေသည်။သူနှုတ်ခမ်းကို တင်းတင်းစေ့ကာ အသက်ဖွဖွရှုလိုက်ပြီး ထိုလူသယ်ဆောင်လာသည့် မကောင်းသောခံစားချက်တွေမှ ထွက်ပေါ်လာသော မသက်မသာဖြစ်စေမှုတွေကို ခုခံလိုက်၏။သူ့မျက်လုံးတွေက ထိုလူရဲ့ခေါင်းပေါ်ကိုစိုက်ကြည့်နေကာ ထိတ်လန့်မှုတွေနှင့် ဖုံးလွှမ်းသွားသည်။

      ထိုလူရဲ့ စွမ်းအင်ပိုးမျှင်က များပြားကာ သိပ်သည်းလှသော်လည်း အားလုံးက နက်ရှိုင်းစွာ နက်မှောင်နေ၏။တစ်ချက်တစ်ချက် မီးပွားလေးတွေပေါ်လာတတ်သည်မှာ မီးလောင်လွယ်သည့်မြက်ခြောက်တွေ အလိုအလျောက်မီးထတောက်နေသလိုပင်။

    မီးပွားတစ်ခုကိုမြင်လိုက်ရတော့ အန်းကျင်းမျက်ခုံးတွေက မထိန်းချုပ်နိုင်အောင် တုန်လှုပ်သွားပြီး ကြည့်လိုက်ရုံနှင့်ပင် နာကျင်မှုကို ခံစားရပေသည်။သူကမနေနိုင်ပဲ ထိုလူရဲ့မျက်နှာကို ကြည့်မိတော့၏။

    ထိုလူရဲ့ အမူအရာက တည်ငြိမ်နေကာ မျက်မှောင်ပင်မကြုံ့ပေ။သူ့အမူအရာကိုကြည့်လျှင် စိတ်တောင်မကူးကြည့်နိုင်သော နာကျင်မှုကြီးကို ခံစားနေရလိမ့်မည်ဟု လုံးဝ မထင်ရနိုင်။ရုတ်တရတ် ထိုလူ့အကြည့်တွေက သူနှင့်ဆုံသွားကာ စေ့စပ်လှသော ထိုမျက်ဝန်းညိုတွေက သူ့ကို အကဲဖြတ်နေလေသည်။

     ရှင်းမပြနိုင်သောဖိအားက အန်းကျင်းပေါ် ကျရောက်လာကာသူ့နားရွက်လေးကိုဝန်းရံထားသော ဆူးတောင်လေးတွေ ပြန့်ကားသွားစေ၏။အလိုအလျောက်တုန့်ပြန်တတ်သော ဇီဝဖြစ်စဉ်က ခုခံကာကွယ်မှုကို ထုတ်ဖော်လိုက်ခြင်းပင်။

    နော်မန့်မျက်လုံးတွေက အံ့အားသင့်မှုတြွေပည့်နှက်သွားသည်။ဒီရေသူထီးက သူ့ကို ရင်ဆိုင်နေရတာတောင် တည်ငြိမ်လွန်းနေ၏။သူက ခပ်တိုးတိုးမေးလိုက်သည်။ " သူ့ရဲ့အသံကြိုးတွေမှာ တစ်ခုခုမှားနေတာမျိုးရှိလား ? "

    "မရှိပါဘူး " သူ့နောက်ကလူကဖြေလိုက်၏။ " သူကကျန်းမာပါတယ် ၊ ဆရာဝန်က သိပ်မကြာသေးခင်ကမှ သူ့ကို စစ်ဆေးပေးထားတာ ၊သူ့စစ်ဆေးချက်ရလဒ်တွေကို စစ်ကြည့်ချင်သေးလား ? "

     အနောက်ကလူက သူ့ရှေ့က ဧည့်သည်တော်ကို ကြည့်ရင်း တိတ်ဆိတ်စွာဖြေလိုက်သည်။ဒီလူက သာမန်မျက်နှာမျိုးရှိနေတာတောင် သူ့ရဲ့ သန်မာသောခွန်အားနှင့် အထက်စီးဆန်သော အရှိန်အဝါကို ဖုံးကွယ်မထားနိုင်ပေ။ သူက တကယ်လို့များ ဧည့်သည်က ကြည့်မယ်လို့ပြောလာခဲ့ရင် ခပ်မြန်မြန် ပြင်ဆင်ပေးနိုင်အောင် အသင့်ပြင်ထားလိုက်၏။

     " မလိုဘူး " ဟု နော်မန်က ပြောလိုက်သည်။

    လေလံတင်မည့် ပစ္စည်း၏ အရည်အသွေးကို လုံးဝ ထုတ်ဖော်ပြသထားဖို့လိုအပ်တာကြောင့်  ရေသူလေလံပွဲ လုပ်ငန်းစဉ်က အလွန်တင်းကြပ်၏။ဒါကြောင့် သူက ဧည့်ကြိုလိမ်မှာကို စိတ်ပူစမလိုပေ။သူက ရေသူထီးသေးသေးလေးကို တစ်ချက်လှမ်းကြည့်ပြီး နောက်လှည့်ကာ ပြန်ထွက်လာလိုက်သည်။

    ပြပွဲခန်းမထဲက ထွက်လာတာနှင့် နော်မန်က လေလံပွဲအတွက် တိုက်ရိုက်စာရင်းသွင်းလိုက်ပြီး စရံငွေကြိုသွင်းကာ ဒီည ၈ နာရီမှာကျင်းပမည့် လေလံပွဲအတွက် လေလံနံပါတ်ကို ရလိုက်၏။

    ဒါက ရေသူလေလံပွဲတွေအတွက် ပုံမှန် လုပ်ငန်းစဉ်ပင်ဖြစ်သည်။ပစ္စည်းကို အရင်ကြည့်မယ် ၊အကယ်၍ သူတို့က တွေ့ရတာကို မကြိုက်ဘူး ဒါမှမဟုတ် စိတ်ကျေနပ်မှုမရှိဘူးဆိုလျှင် သူတို့ရဲ့ အချိန်တွေကို ဆက်ပြီး ဖြုန်းစရာမလိုပေ။

    " လူကြီးမင်းခင်ဗျာ " ဧည့်ကြိုက တလေးတစားပြောလာ၏။ " ဒီည လေလံတင်ဖို့အတွက် အလယ်အလတ်အဆင့် ရေသူထီးတစ်ကောင်ရှိပါသေးတယ် တစ်ချက်လောက်ကြည့်ချင်မလားဗျ ? "

    အစကတည်းက နော်မန်က သွားဖို့စိတ်ကူးထားပြီးသားပင်။ " သွားပြီး တစ်ချက်လောက် ကြည့်ကြတာပေါ့ "

    တစ်ရောင်တည်းရေသူထီးလေးရဲ့ တုန့်ပြန်ချက်က သူ့ကို သံသယဖြစ်စေသည်။ဒီတော့ ထိုတစ်ရောင်တည်းရေသူထီးလေးက သူကိုက ငြိမ်တာလား ဒါမှမဟုတ် လေလံအိမ်ကပဲ အခု တစ်ခဏတာလောက်ပဲ သိမ်မွေ့တယ်ထင်ရအောင် နည်းလမ်းတစ်ခုခုသုံးထားတာလား သိချင်မိ၏။

    ဧည့်ကြိုက နော်မန့်ကို ကတိုက်ကရိုက် လမ်းပြကာအလယ်အလတ်ရေသူထီးရှိသော ပြခန်းဆီ ခေါ်သွားပေးလိုက်သည်။

     နော်မန်ဝင်သွားတာနှင့် ရေမျက်နှာပြင်ပေါ်တွင်မျောနေသော အနီရောင်အမြီးနှင်ရေသူထီးကချက်ချင်းပင် မနှစ်မြို့စရာစွမ်းအင်ကို ခံစားမိလိုက်၏။ရေသူထီးကလည်ချောင်းထဲကနေ ခပ်နိမ့်နိမ့် မာန်ဖီသံကိုပြုလုပ်ကာလက်တွေကို လက်သည်းသဏ္ဍာန်ကွေးလိုက်ပြီး နော်မန့်ဆီဝှေ့ယမ်းပြလိုက်သည်။သူ့အစွယ်တွေကိုလည်း ထုတ်ပြထားသေး၏။သူ့အမြီးက ရေမျက်နှာပြင်ပေါ်ကိုရိုက်ကာ တစ်ကိုယ်လုံးလေပေါ်မြောက်တက်ပြီး ဖောက်ထွင်းမြင်ရသော နံရံပေါ် ခုန်တက်လာသည်။သူက နော်မန့်ကို အန္တရာယ်ရှိစွာ ခြိမ်းခြောက်လိုက်၏။ " ခြေနှစ်ချောင်းသားရဲ စောက်ရူးကောင် ! မင်းငါ့ကို လာဆွနေတာပေါ့လေ ? " သူက နံရံကို ရိုက်ပစ်လိုက်သည်။" ငါ့ကို အပြင်ပေးထွက်စမ်း ! ငါဘာကောင်လည်း မင်းကိုပြလိုက်မယ် ! "

    လူတွေက ရေသူစကားကို နားမလည်နိုင်တာကြောင့် လူတွေရဲ့နားထဲတွင် ထိုမာန်ဖီသံက မှော်ဆန်တဲ့အသံလိုမျိုးပင်။

   ဒီလိုရင်းနှီးနေတဲ့ မြင်ကွင်းကို မြင်လိုက်ရသော နော်မန့်ခြေလှမ်းများသည် တုန့်ဆိုင်းခြင်းမရှိ ပြန်လှည့်ကာ ထွက်သွားတော့၏။

    သူ ဟိုတစ်ရောင်တည်း ရေသူထီးလေးကိုပဲ လိုချင်တယ် !

   
     
   
   

   
   
   
    
    
    

Continue Reading

You'll Also Like

224K 26K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
627K 70.3K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
1.1M 61.9K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...