(9.2)
'' ငါမင်းကို လုံးဝ နားကို မလည် တော့ဘူးရယ်။ မင်း က လူဖမ်းဖို့ ဒီ လို ညစာ စားပွဲ ကို ကျင်းပ ပေးတာ ပဲ မဟုတ်လား ။ မင်းရဲ့ အလုပ်ကိစ္စ တွေပြီးတာ နဲ့ ဘာကြောင့် လာပြီးတော့ အခြေအနေ ကို လာမကြည့် ရတာ လဲ? ''
ခေါင်းထဲမှာ ဦးနှောက်ဆဲလ် လေး တစ်ခုပဲ ပါတဲ့ ထောင်ထျန်း တစ်ကောင် ဖြစ်တဲ့ ဟော်လင်း လို ကောင်မျိုး က ချစ်ရသူ အနီးနားမှာ ရှိလေလေ ပိုပြီးတော့ စိတ်ကို ထိန်းချုပ် ထားရ ပြီး မွန်းကြပ် လာ လေလေ ပဲ ဆိုတဲ့ အဓိပ္ပယ်ကို မသိ ရှာဘူးလေ။
သူက နန်ဟွေးကို ချစ်လွန်းအား ကြီးလို့ အမြဲလိုလို ချုပ်ချယ်ထား ချင်နေတာ ဖြစ်တဲ့ အတွက်ကြောင့် သူက နန်ဟွေး ရဲ့ အရှေ့ကို သွားရမှာ တွန့်ဆုတ် နေတာ ပဲ ဖြစ်လေတယ်။
ပြီးတော့ နန်ဟွေး ရဲ့ စိတ်နေ သဘောထား ကိုလည်း သူ သိ သလောက် အခြေခံ ရရင် သူသာ အတင်းဖိအား ပေးလိုက် မိပါက တစ်ဖက်က ယုန်လေး က ပိုလို့တောင် အဝေးကို မြန်မြန် ပြေးသွား မှာပဲ ဖြစ်လေတယ်။
အဲ့ကျ ရင် သူတော့ သေပြီပဲ။
သူဆိုတဲ့ ကျင်းထန် က ဘယ်တော့ မှ သူ့ခြေထောက် ပေါ်ကို ပြန်ပြီး ကျ လာမယ့် ကျောက်တုံး ကို မသလို ပြဿနာ ရပ်မျိုးကို လုပ်မယ့်သူ မဟုတ် ပါပေ။
အချိန်အတော် ကြာတဲ့ အထိ စောင့်ဆိုင်း ရတဲ့ အတောအတွင်း မှာ ကျင်းထန် က အတော်များများ ကို ဆုံးရှုံးခဲ့ ရတယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်ရှည် သည်းခံနိုင်စွမ်း ကိုတော့ ဘယ်တုံး ကမှ မပျောက်ခဲ့ပါပေ။ သူက လုံလောက် တာထက် ပိုပြီး တော့ စိတ်ရှည် ပါတယ်။
သူက သူ့ရဲ့ ယုန်လေး ကို အဝေးကနေ စောင့်ကြည့် နေပြီးတော့ ကိုယ်ပိုင် အစီအစဉ် တွေ သေချာလေး ချ ပြီးတော့ မှ တစ်လှမ်းချင်း ပဲ သူ့ယုန်လေး အရှေ့ကို ခိုင်မြဲ စွာ လျောက်လှမ်း ပြီးတော့ ဖမ်းဆုပ် ထားမှာ သာ ဖြစ်လေတယ်။
ဟော်လင်း က သဘောပေါက် နိုင်စွမ်း နှေးတဲ့ သူ တစ်ယောက် ဖြစ်ပေမယ့် ကျင်းထန် က အဲ့ အကြောင်း အရာကို ဆက်ပြီး မပြော ချင်တော့ တာ ကို အာရုံခံ မိလိုက် လေတယ်။ ဒါကြောင့် သူက လက်ကို ဝေ့ယမ်းကာ သူ့ရဲ့ တုံးတုံးအအ ပုံစံ ကို ပြန်ပြောင်း ပြီး ခေါင်းစဥ်ကို ပြောင်းလိုက် လေတယ်။
'' ကောင်းပြီလေ ။ ငါက မင်းအကြောင်း တွေကို ဂရုစိုက် ဖို့ ထပ်ပြီး အာရုံ အနောက် ခံမနေတော့ ဘူး။ ရှေးခတ် အချိန်တုံး က ကြင်ယာတော် ရဲ့ အလိုကို လိုက်ပြီး ဆော့ကစား တက်တဲ့ ဘုရင် ယုကျိုးလိုပဲ ။ အဲ့ ဘုရင် က သူ့ကြင်ယာတော် ကို ချစ်လွန်းလို့ ရွှေတွေ အများကြီး အကုန်ခံ သူမ ပျော်အောင် လူတွေကို အသုံးတော် ခံခိုင်းတယ် တဲ့လေ။ မစ္စတာ ကျင်း က နောက်ထပ် ဘုရင် ယုကျိုး တစ်ယောက် ဖြစ်ချင် နေမှတော့ လည်း ဒီကောင်ကြီး က ငယ်သား အဖြစ်နဲ့ ပြုံးပြုံး ကြီး တာဝန်ထမ်းတော် မူပါ့မယ် ''
ကျင်းထန် က နှာရှုံ့ ပြီးတော့ ပြောလိုက်တယ်။
'' ငါက အဲ့ ဘုရင် ယုကျိုး လောက် တုံးအ နေတဲ့ပုံ ပေါ်နေ လို့လား? ပြီးတော့ မင်း အခုပြောတာ ကို ဆက်ပြော ကြစို့။ မင်း က ကိုယ့်ကိုယ် ကို ငါ့ရဲ့ ငယ်သား အဖြစ် နေရာ ဝင်ယူလိုက်တာ ပေါ့။ အဲ့တာ ဆိုရင် လည်း ကိုယ့်နေရာ ကို သိသင့်တယ် မိန်းမစိုးရဲ့ ''
ဟော်လင်း ဟာ ပေါက်ကရ ပြောတက်တဲ့ နေရာမှာ ဆရာ တစ်ဆူ ဖြစ်ပေမယ့် အခုတော့ ကျင်းထန်နဲ့ ပြိုင် ပြောတဲ့ အခါမှာ သူက အမှိုက်တစ်စ ဖြစ်တဲ့ အထိ ရိုက်ချ ခံရ ပြီးတော့ ရှုံးနိမ့် သွား ရဆဲပဲလေ။
ဟော်လင်း က အတွေးတွေ ပြန်သိမ်း ပြီးတော့ မျက်နှာပြင် ပေါ်ကို သာမန်ကာ လျှံကာ ဝေ့ကြည့် လိုက်လေတယ်။
ပြီးတော့ ရုတ်တရက်ကြီး ထ ရပ်လိုက် မိလေတယ်။ ဒီလောက် အမြန် လှုပ်ရှား မိတဲ့ အတွက်ကြောင့် သူ့ရဲ့ သွား အချင်းချင်း တောင် ရိုက်မိလုနီးပါး ဖြစ်သွား တော့လေတယ်။
သူက သူ့မျက်နှာ ကို အမြန်ပဲ အုပ်လိုက် ပြီးတော့ ကျင်းထန် စီ ကို မက်ဆေ့ချ် လှမ်းပို့ လိုက်လေတယ်။
[ယုန်ငယ်လေး က တကယ်ပဲ ဒီနေရာမှာ ရှိနေတယ်ကွ]
[ ငါသိပြီ]
ကျင်းထန် ဆီကနေ စာ အမြန် ပြန်ရောက် လာတဲ့ အတွက်ကြောင့် ဟော်လင်း တစ်ယောက် တစ်စက္ကန့် အံ့သြ သွားလေတယ်။
အဲ့ ကောင်ကြီး က အရင်ကဆို သူ့ကို ဘာလော့ခ်ထားတာ မဟုတ်ဘူး လား ။
ဟုတ်တယ် မလား?
ဟော်လင်း က အေးဆေးတဲ့ လေသံနဲ့ စာပြန်ထားတာ ကို ကြည့် ပြီးတော့ ယုတ်မာတဲ့ အပြုံးကြီး ပြုံးရင်း နဲ့ စာပြန် လိုက်လေတယ်။
[ ငါ အဲ့ ယုန်လေး ရဲ့ ဓာတ်ပုံလေးတွေ ကို တိတ်တိတ်လေး ခိုးပြီးတော့ မင်းအတွက် ရိုက်ပေး ရမလား? မစ္စတာ ကျင်း တစ်ယောက် နေ့တိုင်းပဲ သူ့ရဲ့ အချစ်နာ ကျစွာ စိုးရိမ်မှု ကြီး ကို ဖြေလျော့ စေဖို့ အတွက်လေ ]
ထို ဟာကို ပို့ပြီး တဲ့နောက် တစ်ဖက် က အချိန် အတော်ကြာတဲ့ အထိ တိတ်ဆိတ် သွားလေတယ်။
ဟော်လင်း က စိတ်ရှည် မှုတွေ ပျောက်ဆုံး သွားပြီးတော့ စကားပြောခန်း ရဲ့ အပြင်ကို ထွက်လိုက်တဲ့ အချိန်မှာ ပဲ ကျင်းထန် ရဲ့ စာက ပေါ်လာလေတယ်။
[ အမ်း]
ဘယ်လို တောင်လဲ။ ဒီ သောက်ဘုန်းကြီးအို ကတော့ အရမ်း ပျင်းဖို့ ကောင်းတာ ပဲ ။
ဟော်လင်း က မထိန်းနိုင်ပဲ စိတ်ထဲ ကနေ ပြီးတော့ ကျိန်ဆဲ လိုက် မိလေတယ်။
အစောက အကြောင်းကို ကျင်းထန် က အခုချိန်ထိ ဝေခွဲ မရ တွေးနေတာ တော့ မဟုတ်လောက် နိုင်ဘူး မလား ?
ဟော်လင်း က လှုံ့ဆော် ပြီး လှောင်ပြောင်တဲ့ စာမျိုး ရိုက်ပြီး ပို့တော့မယ့် အချိန်ကျမှ ကျင်းထန် စီ ကနေ စာကြောင်း တစ်ကြောင်း က ပေါ်လာ လေတယ်။
[ အဲ့ဓာတ်ပုံတွေကို ငါ့ဆီ ပို့ပြီးရင် မင်းထဲမှာ ဖျက်ပြစ်ဖို့ မမေ့နဲ့ အုံး]
ဟော်လင်း ခမျာ ဒေါသ ထွက်လွန်းလို့ ထခုန် ပြီးတော့ ဖုန်းရဲ့ မျက်နှာပြင်ကို ထုရိုက်ပစ် လုနီးပါး ဖြစ်သွား လေတယ်။
ယုန်တွေ တောင် အသိုက်နား က မြက်တွေကို မစားရ မှန်း သိသေးတာ ပဲ။ သူလည်း သူ့သူငယ်ချင်း မိန်းမ ကို ခိုးမယ့် ပုံပေါက်နေ လို့လား။ ဒီသောက် လူအိုကြီး ကတော့ အနီးကပ်ဆုံး သူ ကိုတောင် မှ ဆန့်ကျင်ပြီး သူ့ဟာလေး ကို စောင့်ကြပ် နေသေးတယ်။ တကယ်ကို ယုတ်မာ ပက်စက် တာပဲ။
စိတ်ကို အတော်လေး တည်ငြိမ်အောင် ထားပြီးတဲ့ နောက် ကျင်းထန် ရဲ့ နှာဘူးကျစွာ ပိုင်ဆိုင်မှု ပြင်းထန် တဲ့ စိတ်ကြီးကို ဟော်လင်း ပြန်တွေး မိပြီးတော့ သူ့တစ်ကိုယ်လုံး က ကြက်သီး မွှေးညှင်းတွေ ထလာခဲ့ လေတယ်။
အဲ့လူအိုကြီး က အဲ့တာ ကို အချိန် အတော် ကြာတဲ့ အထိ ထိန်းသိမ်း ထားမိတာ ကြောင့် အခုတော့ ကျိုးပျက် သွားရှာ ပြီ ဆိုတာ လုံးဝကို သေချာ သွားပါပြီ ။
ဒီလောက် အထက်စီးဆန် ပြီး ဗိုလ်ကျ တက်တဲ့ ကောင်မျိုး အပေါ် အနိုင်ကျင့်နိုင် အထက်စီး ပိုဆန်ရဲတဲ့ လက်တွဲဖော် ရတာ က အတော်လေး လိုက်တယ် လို့ ပြောလို့ ရတယ်။
ဘာပဲ ဖြစ်ဖြစ်ပါ သူက ပြောထားတဲ့ အတိုင်း ဓာတ်ပုံတွေ ရိုက်ပို့ ပေးရအုံးမယ်လေ။
ဟော်လင်း က မျက်နှာ ပြင်ကို ကြည့်လိုက် တယ်။ ကြည့်ပြီးတဲ့ နောက် သူ့မျက်မှောင် တွေက ကြုတ်သွား တော့ လေတယ်။
အဲ့ ယုန်ငယ်လေး က ဘယ်နေရာဆီကို ရောက်သွား ရတာလဲ?
လွန်ခဲ့တဲ့ မိနစ် အနည်းငယ် တုံး က ပွဲကျင်းပရာ ဟောခန်း ထဲမှာ နန်ဟွေး က ဝမ်ဟန် ရဲ့ ဘေးကို အသာလေး လျောက် လာပြီးတော့ လက်အနားစကို တိတ်တိတ်လေး ဆွဲလိုက် လေတယ်။
ဝမ်ဟန် က သူနဲ့ စကား ပြောနေတဲ့ လူကို တစ်ခဏ နှုတ်ဆက် လိုက် ပြီးတော့ နန်ဟွေးကို အသံ တိုးတိုး နဲ့ မေးလာ ခဲ့လေတယ်။
'' ဘာ မှား နေလို့လဲ? ''
''မြေခွေးလေး ငါ အစောက ရေတွေ အများကြီး သောက်မိ သွားတယ်။ အဲ့တာ လေ အခု ငါ အိမ်သာသွား ချင်လာလို့''
'' ငါမင်း ကို အဲ့နေရာ ဆီ ခေါ်သွား ပေးမယ်''
'' မလို ပါဘူး ''
နန်ဟွေး က ဝမ်ဟန် ရဲ့ အနောက်က လူကို ကြည့်လိုက် လေတယ် ။
'' မင်း က တစ်ယောက် ယောက် နဲ့ စကား ပြောနေတာ မဟုတ်ဘူး လား။ အိပ်သာ က ဘယ်နားမှာ ရှိတာ လဲ ဆိုတာ ကိုပဲ ငါ့ကို ပြောလိုက်ပါ ''
သူက အရာရာတိုင်း မှာ ဝမ်ဟန် ကို လိုက် ပြီးတော့ ချည်နှောင်မထား ချင်ပါပေ။ သူက လူသား တွေရဲ့ လောက မှာ အခြေချဖို့ ဆုံးဖြတ် လိုက် ပြီး ကတည်း က တက်နိုင် သမျှ သူ့ကိုယ်သူ အားကိုးတက်တဲ့ အကျင့်ကို လေ့ကျင့် ရမှာ ပဲ ဖြစ်လေတယ် ။
ဝမ်ဟန် က တစ်ခဏ တွေးလိုက်တယ်။ အိမ်သာ က ဒီနေရာရဲ့ထောင့် နားနဲ့ စိပ်မဝေးတဲ့ အပြင် နန်ဟွေး တစ်ယောက် ထဲ သွားလို့ လဲ ဘာပြဿနာ မှ မရှိလာ နိုင်ဘူး လို့ ထင်မိတယ်။ ဒါကြောင့် သူက အိမ်သာ ရှိရာ ဘက်ဆီကို လက်ညှိိုးနဲ့ ညွှန်ပြ ပြီးတော့ ပြောပြ လိုက်တယ်။
နန်ဟွေး က ခေါင်းငြိမ့် ပြလိုက် ပြီးတော့ လှုပ်တိလှုပ်လဲ့ နဲ့ အိမ်သာဆီ အမြန်လေး သွားလိုက် လေတယ်။
ဒီလို အဆင့်အတန်း ရှိတဲ့ ဟော်တည် ရဲ့ အိမ်သာ တွေ တောင်မှ အထက်တန်း ကျကျ အလှဆင်ထား လေတယ်။ နန်ဟွေး က ဝင်ပြီးတဲ့နောက် ဘေစင် ကို မြင်တဲ့ အခါ သူ့ရဲ့ လက်နှစ်ဖက် ကို နှစ်ကြိမ်လောက် မပွတ် ပဲ မနေ နိုင်ပါပေ။ အဲ့ဟာတွေ တောင်မှ ပဲ အပေါ်ယံ အလွှာကို ရွှေအပါးချ ထားတာ ပဲ ဖြစ်လေတယ်။
ပြီးတော့ တစ်ချိန်ထည်း မှာပဲ အိမ်သာ တံခါးလက်ကိုင် ကလည်း အတူတူ ပဲ ဖြစ်တာ ကြောင့် ငြင်သာစွာ ပိတ်လိုက် လေတယ်။
နန်ဟွေး က လက်ဆေးဖို့ ဘေစင်ရှေ့ အရောက်မှာ ပဲ တံခါး က ပိတ်သွား ပြီးတော့ ' ပေါ့ပ် ' ဆိုတဲ့ အသံ က တိတ်ဆိတ်ပြီး ကျယ်ပြန့်တဲ့ နေရာမှာ ကြားလိုက် ရတော့လေတယ်။
နန်ဟွေး က သူ့ရဲ့ ခေါင်းကို လှည့်ကာ မသိလိုက် ပါပဲနဲ့ အသံလာရာ အရင်းအမြစ် ဆီကို ကြည့်လိုက် မိလေတယ်။
ကြည့်ရတာ အနည်းငယ် ရင်းနှီးနေတဲ့ ပုံပေါ်တဲ့ လူ တစ်ယောက် ဟာ တံခါးကို ပိတ် ရပ်ထား ပြီးတော့ သူ့ရဲ့ ရှည်လျားတဲ့ အရပ်ကြောင့် အလင်းရောင် အောက်မှာ ကိုယ်က အနည်းငယ် ပိုကြီး နေသယောင် ခံစား ရ လေတယ်။
မမျှော်လင့်ထား ပဲ ထိုလူ ဆီကနေ ပြီးတော့ ဖိနှိပ်ချုပ် ချယ်လိုတဲ့ အငွေ့အသက်တွေ ရတဲ့ အတွက် နန်ဟွေး က လုံးဝ ကို မသက်မသာ ဖြစ်သွား သလို ခံစားလိုက် ရတယ်။ သူက ခြေထောက်တွေကို မြှောက်ပြီး အပြင်ကို ထွက်ချင် ပေမယ့် တံခါး လက်ကိုင်ဘု က ထိုလူမှ ကိုယ်နဲ့ ကွယ်ထားတာ ကို တွေ့လိုက် ရလေတယ်။
'' တစိတ်လောက်ပါ ခမျာ ။ ကျွန်တော် အပြင်ကို ထွက်ချင်လို့ ခများ ဖယ်ပေးလို့ ရမလား ''
နန်ဟွေး က မသက်မသာ ဖြစ်သလို ခံစား နေရ ချိန်မှာ သည်းခံ ပြီးတော့ တက်နိုင်သမျှ ယဥ်ကျေးစွာ ပြောလိုက် လေတယ်။
တစ်ဖက် က လူက ဖယ်ပေးဖို့ ရည်ရွယ်ချက် မရှိတဲ့ အပြင် အရှေ့ကိုပါ တိုးလာ ပြီးတော့ သူ့အနားကို ကပ်လာ ခဲ့တယ်။ ပြီးတော့ နန်ဟွေး ခမျာ အနောက်ကို ခြေလှမ်း များစွာ ဆုတ်ရ လောက်တဲ့ အထိ ဖိအားပေး ခံလိုက် ရ လေတယ်။
'' သူငယ်ချင်း လေး ငါတို့တွေ ပြန်တွေ့ကြမိ လိမ့်မယ်လို့ ငါ တကယ်ကို မထင်ထား မိဘူး ကွာ ''
ယန်ဖန် က သူ့ရဲ့ သွေးထဲ ကနေ လှုံ့ဆော် မှု ခပ်ဖျော့ဖျော့ ကို ခံစားလိုက် ရပြီး သူ့ရဲ့ သွားစွယ်တွေကို လျက်လိုက်တယ်။
'' ကျွန်တော် ခများကို မသိဘူး ။ ကျွန်တော် ကို အပြင်ထွက်ခွင့်ပေးပါ ''
တစ်ဖက်လူ က ကြင်နာ တက်တဲ့ သူ မဟုတ်တာ ကို နန်ဟွေး အာရုံခံ မိ လေတယ်။
''ဒါက တကယ်ကို ဝမ်းနည်းစရာ ကောင်းတာပဲ။ ကိုယ်ကတော့ ဓာတ်လှေကား ထဲမှာ ဆုံပြီးနောက် မင်းက ကိုယ့် အပေါ် အမြင်တစ်ချို့ ရှိလိမ့်မယ်လို့ ထင်ထား ခဲ့တာ''
ယန်ဖန် က ဝမ်းနည်းချင်ယောင် ဆောင်လိုက် ပေမယ့် သူ့ရဲ့ မျက်လုံးထဲ မှာတော့ ဘာစိတ်ပျက်မှု မှ ရှိမနေ ပေ။
ဓာတ်လှေကား?
နန်ဟွေး က သူ မေ့လုနီးပါး ဖြစ်နေတဲ့ မှတ်ဉာဏ်တွေကို ပြန်ဖော်ကာ ထို မြင်ဘူးတဲ့ လူအကြောင်းကို တွေးကြည့် ပြီး သူ့ရဲ့ မျက်လုံး လေးတွေ က ပြူးကျယ် သွားလေတယ်။
ဟော်တည် ကို ပထမ ဆုံး အကြိမ်ရောက်တုံး က သူ ဒီလူ ကို မြင်ဘူးတာ ပဲ ဖြစ်တယ်။ အဲ့တုံးက ဒီလူ ကလည်း ဝတ်စုံ အပြည့် ဝတ်ထားတာ ပဲလေ။ အဲ့လူရဲ့ မျက်လုံးတွေက သူ့ကို မသက်မသာ ဖြစ်သလို ခံစား နေရတဲ့အတွက် ကြောင့် သူက အကြိမ်အနည်းငယ် လောက် ပိုကြည့် ခဲ့တာ ပဲ ဖြစ်လေတယ်။
''ကြည့်ရတာ ဒီကလေးလေး က မှတ်မိ သွားတယ် ထင်ပါ့။ ကိုယ်သိပ် ကို ဝမ်းသာ တာပဲ ကွာ ''
စကားပြော ရင်းရဲ့ ယန်ဖန် က အရှေ့ကို နှစ်လှမ်းလောက် တိုးလိုက် လေတယ်။
ဒီသာသာပြန်သူ မှာ ပြောစရာ ရှိတယ်။
မစ္စတာ ကျင်း: ဘယ်လို အဲ့ကောင်ကို အဆုံးသတ် ပေး ရမလဲ ဆိုတာ ငါတွေး ပါရစေ
........... ............. ........... ........... ......