Unicode
ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်
အပိုင်း ၄၃
ဒါကိုတွေးပြီး လျိုယွမ်က သူ့လက်ကိုင်ဖုန်း ထုတ်ကာ သမုဒ္ဒရာတစ်ဖက်ခြမ်းက လူတစ်ယောက်ဆီ မက်ဆေ့ချ်ပို့လိုက်သည်။
(အစ်ကို၊ အခြေအနေမကောင်းဘူး၊ ဝူထုန်မှာ ချစ်သူရှိနေပုံရတယ်)
မကြာခင်မှာပဲ reply တစ်ခုရောက်လာခဲ့သည်။
(သူမရဲ့ပတ်ဝန်းကျင်မှာ နီးစပ်တဲ့ယောကျ်ား လူမရှိဘူးလို့ မင်းပြောခဲ့တာမဟုတ်ဘူးလား)
(ကျွန်တော် မမြင်ခဲ့ရပေမယ့် အခုလေးတင်ပဲ အဲဒီမိန်းကလေး လီမင်က ဝူထုန်နဲ့ ဗီဒီယိုပြောနေတုန်း ယောက်ျားတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရပြီး ခရီးသွားရင်း ချစ်မိသွားကြတယ်လို့ သံသယရှိတယ်လို့ပြောတယ်)
(မဟုတ်ဘူး၊ ဝူထုန်က လူတစ်ယောက်ကို လွယ်လွယ်နဲ့ ချစ်မိမယ့်သူ မဟုတ်ဘူး)
(စိတ်မပူပါနဲ့၊ ဒီတစ်ခါ အဲ့တာက အတုဖြစ်ရင်တောင် အစ်ကိုပြန်မလာနဲ့တော့။ ဝူထုန် တစ်ယောက်ယောက်နဲ့ အနှေးနဲ့ အမြန် ထွက်ပြေးသွားလိမ့်မယ်)
(မကြာခင်ပေါ့ )
"မင်း စိတ်ကြီးမဝင်သင့်ဘူး" လျိုယွမ်က အော်ဟစ်ပြီး သူ့ဖုန်းကို လွှင့်ပစ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ မက်ဆေ့ခ်ျ ပို့ပေးခဲ့သည်။ တုံ့ပြန်သည်ဖြစ်စေ မတုံ့ပြန်သည်ဖြစ်စေ သူ့အပေါ်တွင် မူတည်သည်။
လေယာဉ်က မြို့တော် N လေဆိပ်ဆီ ရောက်တဲ့အခါ ဟိုတယ်မှ လာကြိုသည့်ကားက လေဆိပ်ဂိတ်ပေါက်တွင် ရပ်ထားပြီဖြစ်သည်။ သူတို့နှစ်ယောက် ကားထဲ ဝင်ပြီးနောက် ဝူထုန်က ပင်ပန်းနေတဲ့ ချင်ကောကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "ရှင်စောစောတုန်းက လေယာဉ်ပေါ်မှာ မအိပ်ခဲ့ဘူး"
"မကြာခင် မှောင်တော့မယ်၊ အရမ်းအိပ်နေရင် ညဘက် အိပ်မပျော်မှာကို ကြောက်လို့၊ ပြီးတော့ ကိုယ်က အိပ်ယာပေါ် လဲလိုက်တာနဲ့ အိပ်ပျော်သွားတဲ့ လူထဲ မပါဘူး" လို့ချင်ကော နောက်ပြောင်လိုက်သည်။
"မဟုတ်ဘူး...ကျွန်မက အဲ့လိုမဟုတ်ဘူး၊ ကျွန်မရဲ့အသားအရေအတွက် အိပ်ချိန်ပိုလိုလို့ " လို့ ဝူထုန် ငြင်းခဲ့သည်။
"မင်းရဲ့အသားအရေက အရမ်းကောင်းနေပြီ။ ဒါကို ဆင်ခြေအနေနဲ့ မသုံးနဲ့"
ချင်ကောက ရည်ရွယ်ချက်ရှိရှိပြောခဲ့တာ မဟုတ်တာကို သူမ သိပေမယ့် ချီးကျူးခံလိုက်ရတဲ့ ဝူထုန်တစ်ယောက်ကတော့ အရမ်းပျော်နေသေးသည်။ အဲ့ဒါကို တွေးပြီးတဲ့ နောက် သူမ ချင်ကောကို စောစောက ပြောခဲ့တဲ့ စကားနောက်ကို လိုက်ဖို့ မစီစဉ်တော့ပေ။
"စကားမစပ် ကျွန်မတို့ ဟိုရောက်ရင် ဖေးဖေးကို ဖုန်းဆက်ဖို့ မမေ့နဲ့ဦးနော်" ဝူထုန် သတိပေးလိုက်သည်။
"မလိုပါဘူး၊ သူက စကားမပြောဘူး။ ပြီးတော့ တစ်ချိန်လုံး ခေါင်းငုံ့ပြီး ဉာဏ်စမ်းရုပ်ဆက်တွေနဲ့ ကစားနေတာ "ချင်ကော က "ဒါ့အပြင်၊ ရက်အနည်းငယ်ကြာရင် ကိုယ်တို့ပြန်ကြမှာပဲဟာ"
"ဖေးဖေးက စကားမပြောပေမယ့် ကျွန်မတို့က သူ့ကို ပိုပြီးစကားပြောလေလေ သူက ကျွန်မတို့အပေါ် ပွင့်ပွင့်လင်းလင်းပြောလာလေပဲ။ ရှင် သူ့ကို ဖုန်းမခေါ်ရင် ရှင်က သူ့ကိုမလိုချင်ဘူးလို့ သူထင်သွားလိမ့်မယ်" ဝူထုန် ပြောလိုက်သည်။
"ဟင့်အင်း "ချင်ကော ခေါင်းခါပြီး ငြင်းခဲ့သည်။ " တခြားကလေးတွေအကြောင်းတော့ကိုယ် မသိဘူး။ ကိုယ့်ရဲ့ ဖေးဖေးက အရမ်းထက်မြက်တဲ့သူမို့ သူ့မှာ ဒီလို တုံးအတဲ့ အကြံမျိုး ရှိမှာမဟုတ်ဘူး"
"ရှင့်ရဲ့ တွေးခေါ်ပုံက ပုံမှန်လို့ထင်လား။ ဒါမှမဟုတ် ကျွန်မရဲ့အတွေးကပဲ ပုံမှန်မဟုတ်တာလား" ဝူထုန်က မေးလိုက်သည်။
"ဒါပေါ့ မင်း မဟုတ်ဘူး " ချင်ကောက "ဒါပေမယ့် ဖေးဖေးက ကိုယ့်လိုပဲ နေမကောင်းဘူး"
"........." ဝူထုန် ဒေါသအရမ်းထွက်ပြီး စကားမပြောချင်တော့ဘူး။ မျှော်လင့်ထားသည့်အတိုင်း သူမ ချင်ကော လိုလူနဲ့ စကားမပြောနိုင်ခဲ့ပေ။
ဒါပေမယ့် ပေါင်းသင်းဆက်ဆံသည့်ကာလတွင် ဝူထုန်က ချင်ကော ကြောင့် ဒေါသဖြစ်ခြင်း၏ တစ်စိတ်တစ်ပိုင်းသေနေသော စိတ်ကို အမြန်ပြင်ဆင်နိုင်ခဲ့သည်။ ဟိုတယ် ရောက်တဲ့အခါ နှစ်ယောက်သား ရိုးရိုးရှင်းရှင်း ညစာစားခဲ့ကြသည်။ နောက်ဆုံးတွင် ချင်ကောက ဝူထုန့် တောင်းဆိုချက်အရ ဖေးဖေးကို ခဏဖုန်းခေါ်ခဲ့ပြီး ဖေးဖေးက အချိန်ပြည့် ခေါင်းငုံ့ကာ ဉာဏ်စမ်းရုပ်ဆက်ဆော့ရင်း ပြီးဆုံးသွားခဲ့သည်။
ရေချိုးပြီးတဲ့အခါ ဝူထုန်က ကုတင်ပေါ်မှာ လှဲနေတဲ့ ချင်ကောကိုမြင်ပြီး ဟိုတယ်ရဲ့ ပရိုမိုးရှင်းအယ်လ်ဘမ်ကို လှမ်းကြည့်ကာ လျှောက်လှမ်းသွားရင်း စကားပြောလိုက်သည်။ "စောစောအိပ်တော့။ ရှင့်ရဲ့ အမည်းရောင် စက်ဝိုင်းတွေ ထွက်လာတာကို မြင်နေရပြီ"
ချင်ကောက သူ့ဖုန်းကို ချလိုက်သည်။ ဝူထုန်က သူမ ညဝတ်ဂါဝန်ကို ၀တ်ဆင်ထားပြီး ကုတင်ပေါ်တွင် လဲလျောင်းနေသည်ကို သူတွေ့လိုက်ရသည်။ သူ့ဘေးက နှင်းလို့ဖြူဖွေးဖွေး အသွင်အပြင်က သူ့မျက်လုံးတွေကို မိန်းမောသွားစေကာ သူမကို လှည့်ကြည့်ပြီး ဖက်ထားဖို့ မတတ်နိုင်ခဲ့ပေ။
ဝူထုန် တခဏအတွင်း တောင့်တင်းလာခဲ့သည်။ "ရှင်... ရှင် မအိပ်သေးဘူးလား"
ချင်ကောက ဝူထုန်ရဲ့ တောင့်တင်းမှုကို သတိပြုမိပြီး သူ့ရင်ထဲတွင် ခါးသက်သွားခဲ့သည်။ အရင်အကြိမ်တုန်းက သူ့မိန်းမက ကြောက်ရွံ့နေပုံရသော်လည်းခန္ဓာကိုယ်၏ တုံ့ပြန်မှုက အရိုးသားဆုံးဖြစ်သည်။
"ဟုတ်တယ် ဒါပေမယ့် မင်းကို မနမ်းရဘဲနဲ့ ကိုယ်အိပ်လို့မရဘူး" ချင်ကော ခေါင်းငုံ့ပြီး ပြုံးလိုက်သည်။
ဒါက အနမ်းတစ်ခုသာဖြစ်လို့ ဝူထုန် ချက်ခြင်းပဲ စိတ်အေးလက်အေး ဖြစ်သွားသည်။
ဝူထုန်ရဲ့ စိတ်ပြေလျော့သွားမှုကို ခံစားရင်း ချင်ကော ခေါင်းငုံ့ကာ နမ်းခဲ့သည်။ အနမ်းက ခါတိုင်းလို ဝူထုန့် နှုတ်ခမ်းပေါ် ကျရောက်မသွားဘဲ အင်္ကျီ လျော့ရဲနေသော လည်တိုင်မှ ဇနီးသည်ရဲ့ ပြည့်ပြည့်ဖောင်းဖောင်း ရင်သားကို ဖွဖွလေး နမ်းလိုက်သည်။
ဝူထုန့် ခန္ဓာကိုယ်ကို ဓာတ်လိုက်သွားသလိုမျိုး တွန့်သွားကာ တစ်ကိုယ်လုံး ထုံကျင်နေခဲ့သည်။
ချင်ကောလည်း အနည်းငယ် စိတ်လှုပ်ရှားနေပြီး နီရဲသော မျက်လုံးများဖြင့် ခေါင်းကို မော့ကာ ဝူထုန့်ကို တောင့်တစွာ ကြည့်နေခဲ့သည်။
ထိုလူရဲ့ ရင်းနှီးနေတဲ့ အမူအရာကို မြင်လိုက်ရတော့ ဝူထုန့် မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။ ထိုနေ့ညရဲ့ ကြောက်စရာကောင်းသော အတွေ့အကြုံက တစ်ဖန်ပြန်ပေါ်လာပြီး သူမ ခန္ဓာကိုယ်က အထိန်းအကွပ်မရှိ တုန်ယင်လာသည်။
သူ့ရင်ခွင်ထဲက လူရဲ့ တုန်ယင်မှုကို ခံစားလိုက်ရတော့ ချင်ကောက သူ့မျက်လုံးတွေက တပ်မက်မှုကို အနည်းငယ်ထိန်းပြီး ဝူထုန့် အပေါ်ကနေဆင်းဖို့ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြွလိုက်သည်။
"ချင်ကော " ဝူထုန် ရုတ်တရက် ထချင်နေသည့်လူကို လှမ်းဆွဲလိုက်ပြီး ဆုံးဖြန်ချက်ချလိုက်သည်။ "ကျွန်မ အဆင်ပြေပါတယ်"
ထိုညက အတွေ့အကြုံက အလွန်ဆိုးရွားခဲ့ပေမယ့် ချင်ကောရဲ့ ထိန်းချုပ်မှု ဆုံးရှုံးခြင်းကြောင့် ဖြစ်ပေါ်လာကြောင်း ဝူထုန် ကောင်းကောင်းသိသည်။ ထိုအချိန်နောက်ပိုင်းမှာ ချင်ကောက သူမကို မကြာခဏ အခွင့်ကောင်းယူခဲ့ပေမယ့် နမ်းတာကလွဲပြီး အခြားမည်သည့် အပိုလုပ်ဆောင်မှုမျိုးကိုမျှ မလုပ်ဘဲ ခဲယဉ်းစွာ ပြုမူခဲ့သည်။ သူမ သူ့ကို ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ အိပ်ဖို့ အကြောင်းပြချက်များစွာ ပေးခဲ့ပေမယ့် ချင်ကောက နာခံစွာဖြင့် ထွက်သွားခဲ့သည်။
ချင်ကောက သူမကို မထိခိုက်စေချင်ကြောင်း သူမ သိပေမယ့် သူ့ကိုယ်သူ မထိန်းနိုင်တော့မှာကို သူမ ကြောက်သည်။ လင်မယားနှစ်ယောက်ဖြစ်နေပြီးသားဆိုတော့ အတူတူနေဖို့ဆိုတာ မလွဲမသွေပဲ။ ဝူထုန်က ကြောက်ရွံ့နေသေးပေမယ့် သူမက နေမကောင်းသောခင်ပွန်းရှိလျှင် ဤအခြေအနေတွင် ရဲရင့်ရမယ်လို့ သူမ နားလည်သည်။
"ကိုယ် မင်းကို နမ်းရုံပဲနမ်းတာ " ချင်ကောက ဝူထုန် ရဲ့လက်ကို ဖယ်ဖို့ ကြိုးစားခဲ့သည်။
"ရှင်..." ဝူထုန် ရှက်သွေးဖြာပြီးပြောလိုက်သည်။ "ကျွန်မ သဘောတူတယ်" ဝူထုန့် စကားကြောင့် ထိုလူက နှိုးဆွခံလိုက်ရပြီး သူ့တောင့်တင်းသော ခန္ဓာကိုယ်က ပိုမတ်သွားခဲ့သည်။ ဝူထုန် ထိတ်လန့်သွားပြီး သူမ မထိန်းနိုင်ဘဲ အော်လိုက်သည်။ ချင်ကောက ဝူထုန့် ရင်ခွင် သူ့မျက်နှာကို မြှုပ်ထားပြီး သူ့ပြင်းပြသောထွက်သက်ဝင်သက်က ဝူထုန် ရင်ဘတ်ပေါ် ပျံ့နှံ့လာကာ သူမကို ယားယံလာစေသည်။
ချင်ကောက သူ့ဆန္ဒကို ထိန်းချုပ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ကာ ဝူထုန့်ဘေးမှာ သူ့ လက်နှစ်ဖက် ထားခဲ့ပြီး အဖြူရောင်အိပ်ယာခင်းက ဆွဲခံလိုက်ရတာကြောင့် ပုံပျက်သွားခဲ့သည်။ မဟုတ်ဘူး၊ မဟုတ်သေးဘူး။ ချင်ကော ဝူထုန့် အဝတ်အစားများကို ချက်ခြင်း ဆုတ်ဖြဲကာ သူမကိုအတင်းအဓ္ဓမနဲ့ ထိပါးပြီး ဖျက်ဆီးပစ်ချင်လာသည်။ ဆန္ဒနှင့် အကြောင်းပြချက်က သူ့စိတ်ထဲ တလှည့်စီဖြစ်နေပြီး ချင်ကော သူ့ခေါင်းကို မထိန်းနိုင်ဘဲ မော့လိုက်သည်။
"ချင်... ချင်ကော" ထိုလူ နီရဲနေတဲ့ မျက်လုံးတွေကို မြင်လိုက်ရတော့ ဝူထုန့် အသံသည် အထိန်းအကွပ်မရှိ တုန်ယင်သွားသည်။
ချင်ကော မျက်လုံးများကိုမှိတ်ထားပြီး နောက်ဆုံးတွင် ဂူထုန်ကို ရက်စက်စွာ ထားခဲ့ပြီး ရေချိုးခန်းထဲ အမြန်ပြေးသွားကာ မကြာခင် အထဲက ရေကျသံများထွက်ပေါ်လာခဲ့သည်။
ကုတင်ပေါ်တွင် လဲလျောင်းနေသော ဝူထုန်မှာ သက်ပြင်းတစ်ချက်ချကာ ရေချိုးခန်းဆီ စိတ်ပူပန်ပြီး ကျေးဇူးတင်သောမျက်လုံးများဖြင့် ကြည့်နေသည်။
ချင်ကောက ရေအေးဖြင့် အကြာကြီး ချိုးခဲ့ကာ သူ ထွက်လာတဲ့အခါ ဝူထုန်က အိပ်ပျော်နေပြီဖြစ်သည်။ ချင်ကောက သူ့အပေါ်ပိုင်းဗလာဖြင့် ကုတင်ဘေးတွင် ရပ်ကာ အိပ်နေတဲ့ သူ့ဇနီးကို ကြည့်ခဲ့သည်။
သူ့ဇနီးက ငြိမ်သက်စွာ အိပ်ပျော်နေချိန် ချင်ကောက သူမနား ချဉ်းကပ်ရဲခြင်းမရှိပေ။ စောစောက သူ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီး သူ့မကို မော့ကြည့်လိုက်တော့ ဝူထုန်ရဲ့ကြောက်နေတဲ့ ပုံသဏ္ဌာန်က သူ့ကို နိုးထစေခဲ့သည်။
ဒေါက်တာ လီယွင်ကျင့် ပြောခဲ့သည့်စကားကို ချင်ကော သတိရမိသည်။ အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်မှာ အချိန်အကြာကြီးနေခဲ့ရတာကြောင့် လုံခြုံတယ်လို့ မခံစားရဘဲ အခြားသူတွေ ချဉ်းကပ်တာကို မခံမရပ်နိုင်ဖြစ်ရကြောင်း ပြောခဲ့သည်။ သူ့ဘေးမှာ တစ်စုံတစ်ယောက်ရှိနေရင် သူ့ရဲ့အခြားဘက်တစ်ခြမ်းလိုပဲ သူ့သဘာဝအတိုင်း လက်ခံလိမ့်မည်။
ဒါဆို ငါ့မှာ တခြားဘက်တစ်ခြမ်းရှိတော့ ငါက သူမနဲ့ ဘယ်လိုနီးစပ်မလဲ။
ချင်ကော တစ်ယောက်တည်း လှည့်ကြည့်ကာ အပြင်ဘက် ဧည့်ခန်းဆီ လျှောက်သွားခဲ့သည်။
နေ့ခင်းဘက် လေယာဉ်ပေါ်မှာ အရမ်းအိပ်ခဲ့တာကြောင့် ဖြစ်နိုင်သည်။ ဝူထုန်က နံနက်စောစောမှာ ရုတ်တရက် နိုးလာပြီး အိပ်ယာရဲ့ကျန်တစ်ဝက်မှာ ဘာမှမရှိကြောင်း သတိပြုမိခဲ့သည်။ ဝူထုန် ခဏမျှ ပဟေဠိဖြစ်သွားကာ ဖြည်းညှင်းစွာ အိပ်ရာထပြီး အိပ်ခန်းတံခါးကို ဂရုတစိုက်ဖွင့်လိုက်သည်။
ဆိုဖာပေါ်တွင် ကွေးနေသော အမျိုးသားရဲ့ သွယ်လျသောပုံရိပ်ကို မြင်လိုက်ရတဲ့အခါ ဝူထုန် ရုတ်တရက် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရပေမယ့် နောက်ဆုံး၌ သူမ ဘာမှမသိသလို ဟန်ဆောင်ကာ တံခါးကို ပြန်ပိတ်လိုက်သည်။
ထပ်နိုးထလာတဲ့ ချင်ကောက အခန်းထဲ ပထမဆုံးနေရောင်ခြည်ဝင်ရောက်လာချိန်အထိ အိပ်ပျော်သွားခဲ့ပြီး ဝူထုန်ကို ထပြေးဖို့ တည်ငြိမ်စွာ တိုက်တွန်းခဲ့သည်။
နေ့တိုင်း တိုးတက်လာဖို့ မျှော်လင့်တယ်။
••••••••
Zawgyi
ငါ့ခင္ပြန္းကို ေန႔တိုင္း အလိုလိုက္ေနရတယ္
အပိုင္း ၄၃
ဒါကိုေတြးၿပီး လ်ိဳယြမ္က သူ႕လက္ကိုင္ဖုန္း ထုတ္ကာ သမုဒၵရာတစ္ဖက္ျခမ္းက လူတစ္ေယာက္ဆီ မက္ေဆ့ခ်္ပို႔လိုက္သည္။
(အစ္ကို၊ အေျခအေနမေကာင္းဘူး၊ ဝူထုန္မွာ ခ်စ္သူ႐ွိေနပုံရတယ္)
မၾကာခင္မွာပဲ reply တစ္ခုေရာက္လာခဲ့သည္။
(သူမရဲ႕ပတ္ဝန္းက်င္မွာ နီးစပ္တဲ့ေယာက်္ား လူမ႐ွိဘူးလို႔ မင္းေျပာခဲ့တာမဟုတ္ဘူးလား)
(ကြၽန္ေတာ္ မျမင္ခဲ့ရေပမယ့္ အခုေလးတင္ပဲ အဲဒီမိန္းကေလး လီမင္က ဝူထုန္နဲ႔ ဗီဒီယိုေျပာေနတုန္း ေယာက်္ားတစ္ေယာက္ရဲ႕ အသံကို ၾကားလိုက္ရၿပီး ခရီးသြားရင္း ခ်စ္မိသြားၾကတယ္လို႔ သံသယ႐ွိတယ္လို႔ေျပာတယ္)
(မဟုတ္ဘူး၊ ဝူထုန္က လူတစ္ေယာက္ကို လြယ္လြယ္နဲ႔ ခ်စ္မိမယ့္သူ မဟုတ္ဘူး)
(စိတ္မပူပါနဲ႔၊ ဒီတစ္ခါ အဲ့တာက အတုျဖစ္ရင္ေတာင္ အစ္ကိုျပန္မလာနဲ႔ေတာ့။ ဝူထုန္ တစ္ေယာက္ေယာက္နဲ႔ အေႏွးနဲ႔ အျမန္ ထြက္ေျပးသြားလိမ့္မယ္)
(မၾကာခင္ေပါ့ )
"မင္း စိတ္ႀကီးမဝင္သင့္ဘူး" လ်ိဳယြမ္က ေအာ္ဟစ္ၿပီး သူ႕ဖုန္းကို လႊင့္ပစ္လိုက္သည္။ ဘယ္လိုပဲျဖစ္ျဖစ္ သူ မက္ေဆ့ခ်္ ပို႔ေပးခဲ့သည္။ တုံ႔ျပန္သည္ျဖစ္ေစ မတုံ႔ျပန္သည္ျဖစ္ေစ သူ႕အေပၚတြင္ မူတည္သည္။
ေလယာဥ္က ၿမိဳ႕ေတာ္ N ေလဆိပ္ဆီ ေရာက္တဲ့အခါ ဟိုတယ္မွ လာႀကိဳသည့္ကားက ေလဆိပ္ဂိတ္ေပါက္တြင္ ရပ္ထားၿပီျဖစ္သည္။ သူတို႔ႏွစ္ေယာက္ ကားထဲ ဝင္ၿပီးေနာက္ ဝူထုန္က ပင္ပန္းေနတဲ့ ခ်င္ေကာကို တစ္ခ်က္ၾကည့္ၿပီး ေျပာလိုက္သည္။ "႐ွင္ေစာေစာတုန္းက ေလယာဥ္ေပၚမွာ မအိပ္ခဲ့ဘူး"
"မၾကာခင္ ေမွာင္ေတာ့မယ္၊ အရမ္းအိပ္ေနရင္ ညဘက္ အိပ္မေပ်ာ္မွာကို ေၾကာက္လို႔၊ ၿပီးေတာ့ ကိုယ္က အိပ္ယာေပၚ လဲလိုက္တာနဲ႔ အိပ္ေပ်ာ္သြားတဲ့ လူထဲ မပါဘူး" လို႔ခ်င္ေကာ ေနာက္ေျပာင္လိုက္သည္။
"မဟုတ္ဘူး...ကြၽန္မက အဲ့လိုမဟုတ္ဘူး၊ ကြၽန္မရဲ႕အသားအေရအတြက္ အိပ္ခ်ိန္ပိုလိုလို႔ " လို႔ ဝူထုန္ ျငင္းခဲ့သည္။
"မင္းရဲ႕အသားအေရက အရမ္းေကာင္းေနၿပီ။ ဒါကို ဆင္ေျခအေနနဲ႔ မသုံးနဲ႔"
ခ်င္ေကာက ရည္႐ြယ္ခ်က္႐ွိ႐ွိေျပာခဲ့တာ မဟုတ္တာကို သူမ သိေပမယ့္ ခ်ီးက်ဴးခံလိုက္ရတဲ့ ဝူထုန္တစ္ေယာက္ကေတာ့ အရမ္းေပ်ာ္ေနေသးသည္။ အဲ့ဒါကို ေတြးၿပီးတဲ့ ေနာက္ သူမ ခ်င္ေကာကို ေစာေစာက ေျပာခဲ့တဲ့ စကားေနာက္ကို လိုက္ဖို႔ မစီစဥ္ေတာ့ေပ။
"စကားမစပ္ ကြၽန္မတို႔ ဟိုေရာက္ရင္ ေဖးေဖးကို ဖုန္းဆက္ဖို႔ မေမ့နဲ႔ဦးေနာ္" ဝူထုန္ သတိေပးလိုက္သည္။
"မလိုပါဘူး၊ သူက စကားမေျပာဘူး။ ၿပီးေတာ့ တစ္ခ်ိန္လုံး ေခါင္းငုံ႔ၿပီး ဉာဏ္စမ္း႐ုပ္ဆက္ေတြနဲ႔ ကစားေနတာ "ခ်င္ေကာ က "ဒါ့အျပင္၊ ရက္အနည္းငယ္ၾကာရင္ ကိုယ္တို႔ျပန္ၾကမွာပဲဟာ"
"ေဖးေဖးက စကားမေျပာေပမယ့္ ကြၽန္မတို႔က သူ႕ကို ပိုၿပီးစကားေျပာေလေလ သူက ကြၽန္မတို႔အေပၚ ပြင့္ပြင့္လင္းလင္းေျပာလာေလပဲ။ ႐ွင္ သူ႕ကို ဖုန္းမေခၚရင္ ႐ွင္က သူ႕ကိုမလိုခ်င္ဘူးလို႔ သူထင္သြားလိမ့္မယ္" ဝူထုန္ ေျပာလိုက္သည္။
"ဟင့္အင္း "ခ်င္ေကာ ေခါင္းခါၿပီး ျငင္းခဲ့သည္။ " တျခားကေလးေတြအေၾကာင္းေတာ့ကိုယ္ မသိဘူး။ ကိုယ့္ရဲ႕ ေဖးေဖးက အရမ္းထက္ျမက္တဲ့သူမို႔ သူ႕မွာ ဒီလို တုံးအတဲ့ အၾကံမ်ိဳး ႐ွိမွာမဟုတ္ဘူး"
"႐ွင့္ရဲ႕ ေတြးေခၚပုံက ပုံမွန္လို႔ထင္လား။ ဒါမွမဟုတ္ ကြၽန္မရဲ႕အေတြးကပဲ ပုံမွန္မဟုတ္တာလား" ဝူထုန္က ေမးလိုက္သည္။
"ဒါေပါ့ မင္း မဟုတ္ဘူး " ခ်င္ေကာက "ဒါေပမယ့္ ေဖးေဖးက ကိုယ့္လိုပဲ ေနမေကာင္းဘူး"
"........." ဝူထုန္ ေဒါသအရမ္းထြက္ၿပီး စကားမေျပာခ်င္ေတာ့ဘူး။ ေမွ်ာ္လင့္ထားသည့္အတိုင္း သူမ ခ်င္ေကာ လိုလူနဲ႔ စကားမေျပာႏိုင္ခဲ့ေပ။
ဒါေပမယ့္ ေပါင္းသင္းဆက္ဆံသည့္ကာလတြင္ ဝူထုန္က ခ်င္ေကာ ေၾကာင့္ ေဒါသျဖစ္ျခင္း၏ တစ္စိတ္တစ္ပိုင္းေသေနေသာ စိတ္ကို အျမန္ျပင္ဆင္ႏိုင္ခဲ့သည္။ ဟိုတယ္ ေရာက္တဲ့အခါ ႏွစ္ေယာက္သား ႐ိုး႐ိုး႐ွင္း႐ွင္း ညစာစားခဲ့ၾကသည္။ ေနာက္ဆုံးတြင္ ခ်င္ေကာက ဝူထုန္႔ ေတာင္းဆိုခ်က္အရ ေဖးေဖးကို ခဏဖုန္းေခၚခဲ့ၿပီး ေဖးေဖးက အခ်ိန္ျပည့္ ေခါင္းငုံ႔ကာ ဉာဏ္စမ္း႐ုပ္ဆက္ေဆာ့ရင္း ၿပီးဆုံးသြားခဲ့သည္။
ေရခ်ိဳးၿပီးတဲ့အခါ ဝူထုန္က ကုတင္ေပၚမွာ လွဲေနတဲ့ ခ်င္ေကာကိုျမင္ၿပီး ဟိုတယ္ရဲ႕ ပ႐ိုမိုး႐ွင္းအယ္လ္ဘမ္ကို လွမ္းၾကည့္ကာ ေလွ်ာက္လွမ္းသြားရင္း စကားေျပာလိုက္သည္။ "ေစာေစာအိပ္ေတာ့။ ႐ွင့္ရဲ႕ အမည္းေရာင္ စက္ဝိုင္းေတြ ထြက္လာတာကို ျမင္ေနရၿပီ"
ခ်င္ေကာက သူ႕ဖုန္းကို ခ်လိုက္သည္။ ဝူထုန္က သူမ ညဝတ္ဂါဝန္ကို ၀တ္ဆင္ထားၿပီး ကုတင္ေပၚတြင္ လဲေလ်ာင္းေနသည္ကို သူေတြ႕လိုက္ရသည္။ သူ႕ေဘးက ႏွင္းလို႔ျဖဴေဖြးေဖြး အသြင္အျပင္က သူ႕မ်က္လုံးေတြကို မိန္းေမာသြားေစကာ သူမကို လွည့္ၾကည့္ၿပီး ဖက္ထားဖို႔ မတတ္ႏိုင္ခဲ့ေပ။
ဝူထုန္ တခဏအတြင္း ေတာင့္တင္းလာခဲ့သည္။ "႐ွင္... ႐ွင္ မအိပ္ေသးဘူးလား"
ခ်င္ေကာက ဝူထုန္ရဲ႕ ေတာင့္တင္းမႈကို သတိျပဳမိၿပီး သူ႕ရင္ထဲတြင္ ခါးသက္သြားခဲ့သည္။ အရင္အႀကိမ္တုန္းက သူ႕မိန္းမက ေၾကာက္႐ြံ႕ေနပုံရေသာ္လည္းခႏၶာကိုယ္၏ တုံ႔ျပန္မႈက အ႐ိုးသားဆုံးျဖစ္သည္။
"ဟုတ္တယ္ ဒါေပမယ့္ မင္းကို မနမ္းရဘဲနဲ႔ ကိုယ္အိပ္လို႔မရဘူး" ခ်င္ေကာ ေခါင္းငုံ႔ၿပီး ျပဳံးလိုက္သည္။
ဒါက အနမ္းတစ္ခုသာျဖစ္လို႔ ဝူထုန္ ခ်က္ျခင္းပဲ စိတ္ေအးလက္ေအး ျဖစ္သြားသည္။
ဝူထုန္ရဲ႕ စိတ္ေျပေလ်ာ့သြားမႈကို ခံစားရင္း ခ်င္ေကာ ေခါင္းငုံ႔ကာ နမ္းခဲ့သည္။ အနမ္းက ခါတိုင္းလို ဝူထုန္႔ ႏႈတ္ခမ္းေပၚ က်ေရာက္မသြားဘဲ အက်ႌ ေလ်ာ့ရဲေနေသာ လည္တိုင္မွ ဇနီးသည္ရဲ႕ ျပည့္ျပည့္ေဖာင္းေဖာင္း ရင္သားကို ဖြဖြေလး နမ္းလိုက္သည္။
ဝူထုန္႔ ခႏၶာကိုယ္ကို ဓာတ္လိုက္သြားသလိုမ်ိဳး တြန္႔သြားကာ တစ္ကိုယ္လုံး ထုံက်င္ေနခဲ့သည္။
ခ်င္ေကာလည္း အနည္းငယ္ စိတ္လႈပ္႐ွားေနၿပီး နီရဲေသာ မ်က္လုံးမ်ားျဖင့္ ေခါင္းကို ေမာ့ကာ ဝူထုန္႔ကို ေတာင့္တစြာ ၾကည့္ေနခဲ့သည္။
ထိုလူရဲ႕ ရင္းႏွီးေနတဲ့ အမူအရာကို ျမင္လိုက္ရေတာ့ ဝူထုန္႔ မ်က္ႏွာက ခ်က္ခ်င္း ျဖဴေဖ်ာ့သြားသည္။ ထိုေန႔ညရဲ႕ ေၾကာက္စရာေကာင္းေသာ အေတြ႕အၾကဳံက တစ္ဖန္ျပန္ေပၚလာၿပီး သူမ ခႏၶာကိုယ္က အထိန္းအကြပ္မ႐ွိ တုန္ယင္လာသည္။
သူ႕ရင္ခြင္ထဲက လူရဲ႕ တုန္ယင္မႈကို ခံစားလိုက္ရေတာ့ ခ်င္ေကာက သူ႕မ်က္လုံးေတြက တပ္မက္မႈကို အနည္းငယ္ထိန္းၿပီး ဝူထုန္႔ အေပၚကေနဆင္းဖို႔ သူ႕ခႏၶာကိုယ္အေပၚပိုင္းကို ႂကြလိုက္သည္။
"ခ်င္ေကာ " ဝူထုန္ ႐ုတ္တရက္ ထခ်င္ေနသည့္လူကို လွမ္းဆြဲလိုက္ၿပီး ဆုံးျဖန္ခ်က္ခ်လိုက္သည္။ "ကြၽန္မ အဆင္ေျပပါတယ္"
ထိုညက အေတြ႕အၾကဳံက အလြန္ဆိုး႐ြားခဲ့ေပမယ့္ ခ်င္ေကာရဲ႕ ထိန္းခ်ဳပ္မႈ ဆုံး႐ႈံးျခင္းေၾကာင့္ ျဖစ္ေပၚလာေၾကာင္း ဝူထုန္ ေကာင္းေကာင္းသိသည္။ ထိုအခ်ိန္ေနာက္ပိုင္းမွာ ခ်င္ေကာက သူမကို မၾကာခဏ အခြင့္ေကာင္းယူခဲ့ေပမယ့္ နမ္းတာကလြဲၿပီး အျခားမည္သည့္ အပိုလုပ္ေဆာင္မႈမ်ိဳးကိုမွ် မလုပ္ဘဲ ခဲယဥ္းစြာ ျပဳမူခဲ့သည္။ သူမ သူ႕ကို ဧည့္ခန္းထဲက ဆိုဖာေပၚမွာ အိပ္ဖို႔ အေၾကာင္းျပခ်က္မ်ားစြာ ေပးခဲ့ေပမယ့္ ခ်င္ေကာက နာခံစြာျဖင့္ ထြက္သြားခဲ့သည္။
ခ်င္ေကာက သူမကို မထိခိုက္ေစခ်င္ေၾကာင္း သူမ သိေပမယ့္ သူ႕ကိုယ္သူ မထိန္းႏိုင္ေတာ့မွာကို သူမ ေၾကာက္သည္။ လင္မယားႏွစ္ေယာက္ျဖစ္ေနၿပီးသားဆိုေတာ့ အတူတူေနဖို႔ဆိုတာ မလြဲမေသြပဲ။ ဝူထုန္က ေၾကာက္႐ြံ႕ေနေသးေပမယ့္ သူမက ေနမေကာင္းေသာခင္ပြန္း႐ွိလွ်င္ ဤအေျခအေနတြင္ ရဲရင့္ရမယ္လို႔ သူမ နားလည္သည္။
"ကိုယ္ မင္းကို နမ္း႐ုံပဲနမ္းတာ " ခ်င္ေကာက ဝူထုန္ ရဲ႕လက္ကို ဖယ္ဖို႔ ႀကိဳးစားခဲ့သည္။
"႐ွင္..." ဝူထုန္ ႐ွက္ေသြးျဖာၿပီးေျပာလိုက္သည္။ "ကြၽန္မ သေဘာတူတယ္" ဝူထုန္႔ စကားေၾကာင့္ ထိုလူက ႏိႈးဆြခံလိုက္ရၿပီး သူ႕ေတာင့္တင္းေသာ ခႏၶာကိုယ္က ပိုမတ္သြားခဲ့သည္။ ဝူထုန္ ထိတ္လန္႔သြားၿပီး သူမ မထိန္းႏိုင္ဘဲ ေအာ္လိုက္သည္။ ခ်င္ေကာက ဝူထုန္႔ ရင္ခြင္ သူ႕မ်က္ႏွာကို ျမႇဳပ္ထားၿပီး သူ႕ျပင္းျပေသာထြက္သက္ဝင္သက္က ဝူထုန္ ရင္ဘတ္ေပၚ ပ်ံ႕ႏွံ႔လာကာ သူမကို ယားယံလာေစသည္။
ခ်င္ေကာက သူ႕ဆႏၵကို ထိန္းခ်ဳပ္ဖို႔ အတတ္ႏိုင္ဆုံး ႀကိဳးစားခဲ့ကာ ဝူထုန္႔ေဘးမွာ သူ႕ လက္ႏွစ္ဖက္ ထားခဲ့ၿပီး အျဖဴေရာင္အိပ္ယာခင္းက ဆြဲခံလိုက္ရတာေၾကာင့္ ပုံပ်က္သြားခဲ့သည္။ မဟုတ္ဘူး၊ မဟုတ္ေသးဘူး။ ခ်င္ေကာ ဝူထုန္႔ အဝတ္အစားမ်ားကို ခ်က္ျခင္း ဆုတ္ၿဖဲကာ သူမကိုအတင္းအဓၶမနဲ႔ ထိပါးၿပီး ဖ်က္ဆီးပစ္ခ်င္လာသည္။ ဆႏၵႏွင့္ အေၾကာင္းျပခ်က္က သူ႕စိတ္ထဲ တလွည့္စီျဖစ္ေနၿပီး ခ်င္ေကာ သူ႕ေခါင္းကို မထိန္းႏိုင္ဘဲ ေမာ့လိုက္သည္။
"ခ်င္... ခ်င္ေကာ" ထိုလူ နီရဲေနတဲ့ မ်က္လုံးေတြကို ျမင္လိုက္ရေတာ့ ဝူထုန္႔ အသံသည္ အထိန္းအကြပ္မ႐ွိ တုန္ယင္သြားသည္။
ခ်င္ေကာ မ်က္လုံးမ်ားကိုမွိတ္ထားၿပီး ေနာက္ဆုံးတြင္ ဂူထုန္ကို ရက္စက္စြာ ထားခဲ့ၿပီး ေရခ်ိဳးခန္းထဲ အျမန္ေျပးသြားကာ မၾကာခင္ အထဲက ေရက်သံမ်ားထြက္ေပၚလာခဲ့သည္။
ကုတင္ေပၚတြင္ လဲေလ်ာင္းေနေသာ ဝူထုန္မွာ သက္ျပင္းတစ္ခ်က္ခ်ကာ ေရခ်ိဳးခန္းဆီ စိတ္ပူပန္ၿပီး ေက်းဇူးတင္ေသာမ်က္လုံးမ်ားျဖင့္ ၾကည့္ေနသည္။
ခ်င္ေကာက ေရေအးျဖင့္ အၾကာႀကီး ခ်ိဳးခဲ့ကာ သူ ထြက္လာတဲ့အခါ ဝူထုန္က အိပ္ေပ်ာ္ေနၿပီျဖစ္သည္။ ခ်င္ေကာက သူ႕အေပၚပိုင္းဗလာျဖင့္ ကုတင္ေဘးတြင္ ရပ္ကာ အိပ္ေနတဲ့ သူ႕ဇနီးကို ၾကည့္ခဲ့သည္။
သူ႕ဇနီးက ၿငိမ္သက္စြာ အိပ္ေပ်ာ္ေနခ်ိန္ ခ်င္ေကာက သူမနား ခ်ဥ္းကပ္ရဲျခင္းမ႐ွိေပ။ ေစာေစာက သူ ထိန္းမႏိုင္သိမ္းမရ ျဖစ္ေနၿပီး သူ႕မကို ေမာ့ၾကည့္လိုက္ေတာ့ ဝူထုန္ရဲ႕ေၾကာက္ေနတဲ့ ပုံသဏၭာန္က သူ႕ကို ႏိုးထေစခဲ့သည္။
ေဒါက္တာ လီယြင္က်င့္ ေျပာခဲ့သည့္စကားကို ခ်င္ေကာ သတိရမိသည္။ အႏၲရာယ္႐ွိတဲ့ ပတ္ဝန္းက်င္မွာ အခ်ိန္အၾကာႀကီးေနခဲ့ရတာေၾကာင့္ လုံျခဳံတယ္လို႔ မခံစားရဘဲ အျခားသူေတြ ခ်ဥ္းကပ္တာကို မခံမရပ္ႏိုင္ျဖစ္ရေၾကာင္း ေျပာခဲ့သည္။ သူ႕ေဘးမွာ တစ္စုံတစ္ေယာက္႐ွိေနရင္ သူ႕ရဲ႕အျခားဘက္တစ္ျခမ္းလိုပဲ သူ႕သဘာဝအတိုင္း လက္ခံလိမ့္မည္။
ဒါဆို ငါ့မွာ တျခားဘက္တစ္ျခမ္း႐ွိေတာ့ ငါက သူမနဲ႔ ဘယ္လိုနီးစပ္မလဲ။
ခ်င္ေကာ တစ္ေယာက္တည္း လွည့္ၾကည့္ကာ အျပင္ဘက္ ဧည့္ခန္းဆီ ေလွ်ာက္သြားခဲ့သည္။
ေန႔ခင္းဘက္ ေလယာဥ္ေပၚမွာ အရမ္းအိပ္ခဲ့တာေၾကာင့္ ျဖစ္ႏိုင္သည္။ ဝူထုန္က နံနက္ေစာေစာမွာ ႐ုတ္တရက္ ႏိုးလာၿပီး အိပ္ယာရဲ႕က်န္တစ္ဝက္မွာ ဘာမွမ႐ွိေၾကာင္း သတိျပဳမိခဲ့သည္။ ဝူထုန္ ခဏမွ် ပေဟဠိျဖစ္သြားကာ ျဖည္းညႇင္းစြာ အိပ္ရာထၿပီး အိပ္ခန္းတံခါးကို ဂ႐ုတစိုက္ဖြင့္လိုက္သည္။
ဆိုဖာေပၚတြင္ ေကြးေနေသာ အမ်ိဳးသားရဲ႕ သြယ္လ်ေသာပုံရိပ္ကို ျမင္လိုက္ရတဲ့အခါ ဝူထုန္ ႐ုတ္တရက္ အနည္းငယ္ စိတ္မသက္မသာ ခံစားလိုက္ရေပမယ့္ ေနာက္ဆုံး၌ သူမ ဘာမွမသိသလို ဟန္ေဆာင္ကာ တံခါးကို ျပန္ပိတ္လိုက္သည္။
ထပ္ႏိုးထလာတဲ့ ခ်င္ေကာက အခန္းထဲ ပထမဆုံးေနေရာင္ျခည္ဝင္ေရာက္လာခ်ိန္အထိ အိပ္ေပ်ာ္သြားခဲ့ၿပီး ဝူထုန္ကို ထေျပးဖို႔ တည္ၿငိမ္စြာ တိုက္တြန္းခဲ့သည္။
ေန႔တိုင္း တိုးတက္လာဖို႔ ေမွ်ာ္လင့္တယ္။
#28.7.2023