# Unicode #
ကိုကို အရေးပေါ်ခန်းထဲရောက်နေတယ်လို့ မာမီက ဖုန်းဆက်သဖြင့် ထယ်ယောင်း အစည်းအဝေးကို အတွင်းရေးမှုးဟန်နဲ့ ထားခဲ့ပြီး ဆေးရုံကို ပြေးလာခဲ့လိုက်၏။
ဆေးရုံရောက်တော့ အရေးပေါ်ခန်းရှေ့မှာ ဒယ်ဒီ မာမီနဲ့ ဒေါ်ကြီးဂျူးတို့စောင့်နေကြသည်။
" မာ..မာမီ..ကိုကို...ဘယ်လိုဖြစ်တာလဲ..သားကိုပြောပါအုံး.."
ရောက်ရာက်ချင်း အမောမဖြေနိုင်သေးဘဲ ထယ်ယောင်း မေးလိုက်မိသည်။သူ ကိုကို့ကို အရမ်းစိတ်ပူနေမိ၏။
" ဂျောင်ဂုလေး သွေးတွေဆင်းပြီး သတိမေ့သွားတာ ထယ်ယောင်း..သားအိမ်များတစ်ခုခုဖြစ်လို့လားမသိဘူး.."
မာမီ့စကားကြောင့် ထယ်ယောင်း မျက်လုံးပြူးသွားသည်။
* ငါ..ငါတိုက်နေတဲ့ ဆေးကြောင့်လား.. ဟန်ပြောတော့ ဘေးထွက်ဆိုးကျိုးမရှိဘူးဆို..ပြီးတော့ သူ့အစ်ကိုရဲ့ မိန်းမကလည်း သုံးနေတာဘဲ.. ကိုကိုကျမှ ဘာဖြစ်လို့လဲ *
ထယ်ယောင်း အတွေးတွေယောက်ယပ်ခတ်ကာ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေမိသည်။
" သွေးတွေက အများကြီးဆင်းနေတာ ထယ်လေး ဒေါ်ကြီး စိတ်ထင် ကိုယ်ဝန်ပျက်ကျတာများလား... "
" ဗျာ! "
ဒေါ်ကြီးဂျုးစကားကြောင့် သူ့ရဲ့ခေါင်းပေါ်မိုးကြိုးပစ်ကျသလိုခံစားလိုက်ရသည်။
* ကိုကိုသာ တကယ် ကိုယ်ဝန်ပျက်ကျတာဆိုရင်..ငါက..ငါက..! အာ~..မဟုတ်လောက်ပါဘူး.. ကိုယ်ဝန်ပျက်ကျတာမဖြစ်နိုင်ဘူး..*
ထယ်ယောင်း စိတ်ထဲကနေ အသည်းအသန်ငြင်းဆန်နေမိ၏။စိုးရိမ်စိတ်ကြောင့်ရော.. ဘာဖြစ်လို့ဖြစ်မှန်းမသိတဲ့အခြေနေကြောင့်ရော ထယ်ယောင်း ဇောချွေးတွေပျံလာသည်။
" ချပ်! "
အရေးပေါ်အခန်းတံခါးပွင့်လာဝောာ့..ထယ်ယောင်းတို့ တံခါးနားဆီသွားလိုက်ကြသည်။ သတိမရသေးကိုကို့ကို ကုတင်ပေါ်တင်ထားပြီး သူနာပြု နှစ်ယောက်က တွန်းလာ၏။ နောက်ကနေ ဒေါက်တာ တစ်ယောက်လည်းလိုက်လာသည်။ သူတို့ကိုမြင်တော့ ဆရာဝန်က တစ်ချက်ကြည့်ပြီး ..
" လူနာကို ကြပ်မတ်ဆောင်ထဲမှာ ထားထားလိုက်ပါ..သတိလည်လာမှ အခြေနေပြန်စစ်ကြမယ်.."
ဆရာဝန်ကပြောတော့ သူနာပြုနှစ်ယောက် ခေါင်းငြိမ့်ကာ..
" လူနာကို စောင့်ကြည့်ဖို့ မိသားစုဝင်တွေလိုက်လာခဲ့ပါနော်.."
ထယ်ယောင်းတို့လည်း ခေါင်းငြိမ့်ပြီး..နောက်ကနေလိုက်ဖို့ပြင်လိုက်တော့..
" လူနာ့ရဲ့ အမျိုးသား... ခဏနေပေးခဲ့ပါနော်..လူနာအကြောင်းပြောပြချင်လို့..*
ဆရာဝန်ကပြောတော့ ထယ်ယောင်းလည်း ကျန်နေခဲ့လိုက်၏။ကျန်တဲ့လူတွေက ကိုကို့ကို စောင့်ကြည့်ဖို့လိုက်သွားကြသည်။
~
~
~
" လူနာက Miscarriage (ကိုယ်ဝန်ပျက်ကျခြင်း ) ဖြစ်တာ "
" ဗျာ! "
ဒေါက်တာ့စကားကြောင့် ထယ်ယောင်း တုန်လှုပ်သွားသည်။
" ဒါပေမဲ့ သွေးရိုးသားရိုး ပျက်ကျတာမဟုတ်ဘဲ Abortion ( ကိုယ်ဝန်ဖျက်ချခြင်း) လက္ခဏာတွေတွေ့တယ်.."
" ဒေါက်တာ ပြောချင်တာက~.. "
" ဒီလိုပါ.. လူနာက သာမန် သားလျောကျတာမဟုတ်ဘဲ.. ကိုယ်ဝန်ရှိနေစဥ်မှာ တားဆေးသောက်လိုက်လို့ ပျက်ကျသွားတာပါ.. "
" တ .. တကယ်လား ဒေါက်တာ.."
" ဟုတ်ပါတယ်.. အခုလည်း ဆေးရုံ ကို အချိန်မှီရောက်လို့ လူနာရဲ့ အသက်ကိုကယ်နိုင်တာ..သန္ဓေသားကတော့မရှိတော့ဘူး ကိုယ်ဝန်က သုံးပတ်ဘဲရှိသေးတာမို့ သွေးခဲလေးအဖြစ်ဘဲရှိနေတုန်း တားဆေးကြောင့် အဖက်မတင်ခဲ့ဘူး... ပြီးတော့ လူနာကို အစစအရာရာဂရုစိုက်ပေးပါ... ကိုယ်ဝန်ပျက်ကျတာက ကလေးမွေးဖွားတာထက် နှစ်ဆနာကျင်ရတယ်.. အဲ့ကြားထဲ အားငယ်စိတ်တွေဝင်ရင် စိတ်ကျရောဂါပါရနိုင်တယ်..သေချာလေးဂရုစိုက်ပေးပါ..အခုတော့ ခင်ပွန်းကို သွားတွေ့လို့ရပါပြီ.."
ဆရာဝန်ထွက်သွားတော့ ထယ်ယောင်း နားနေခန်းထဲမှာဘဲကျန်ခဲ့သည်။ဘယ်သူမှမရှိမှ မျက်ရည်တွေကို ကျခွင့်ပေးလိုက်သည်။
" ငါ့ကြောင့်... ငါကြောင့်..ငါတို့ရင်သွေးလေး ဆုံးရှုံးရတာ..ဒယ်ဒီ မင်းရှိနေမှန်းမသိခဲ့လို့ပါ ကလေးရယ်..ဒယ်ဒီ တကယ်မသိခဲ့လို့ပါ..ဒယ်ဒီ့အမှားကြောင့် ကလေးလေး ပျက်စီးသွားရတာ..ဒယ်ဒီ့ကို ခွင့်မလွှတ်ပါနဲ့ ကလေးရယ်..ဒယ်ဒီတောင်းပန်ပါတယ်.."
ထယ်ယောင်းက ကိုယ့်ရင်သွေးကို ကိုယ်ပြန်သတ်မိပြီဆိုတဲ့စိတ်ကြီးနဲ့ အရမ်းဝမ်းနည်းလာသည်။
" အားး ငါကွာ... ထယ်ယောင်း မင်းကြောင့်ကွ.. မင်းကြောင့် မင်းကလေးသေရတာ မင်းကလေးကို မင်းသတ်တာကွ!! "
"ဒုန်း! ဒုန်း! "
ကြမ်းပြင်ကို လက်သီးနဲ့ နှစ်ချက်ဆင့်ထိုးကာ သည်းသည်းထန်ထန်ငိုကြွေးနေမိသည်။အသားနာတာထက် ရင်ဘတ်ထဲက ပိုနာ၏။
အချိန်ကြာတဲ့အထိငိုပြီးမှ မျက်ရည်များကိုသုတ်ကာ နားနေခန်းထဲကနေထွက်လာခဲ့လိုပ်သည်။သူကိုပို့ကို နှစ်သိမ့်ပေးရအုံးမှာ. ဝမ်းနည်းမနေအောင် ထွေးပွေ့ပေးရအုံးမှာ..ငိုထားလို့နီရဲနေတဲ့ မျက်လုံးတွေပျောက်အောင့် သန်စင်ခန်းထဲ အရင်ဝင်ကာ ဘေစင်ကရေနဲ့ မျက်နှာသစ်လိုက်သည်။မျက်နှာသစ်ပြီးတော့ မှန်မှာပေါ်နေတဲ့ သူ့ရဲ့ ပုံရိပ်ကိုစူးစိုက်ကြည့်လိုက်၏။
*မောင် တို့ရဲ့သွေးသားလေး ပျက်ကျသွားခဲ့လို့ ဝမ်းနည်းရပေမဲ့.. မောင် ဆက်ပြီးလုပ်ရမဲ့အရာကိုတော့ လုပ်ခွင့်ပြုပါကိုကို..*
~
~
~
ထယ်ယောင်း ကြပ်မတ်ဆောင်ထဲရောက်တော့ ကုတင်ပေါ်မှာ သတိမေ့နေတဲ့ကိုကို မျက်နှာလေးက ဖြူဖျော့နေပြီး သွေးမရှိတဲ့မတိုင်းပင် ..
" သားထယ်..လာ!.. ဒေါက်တာက ဘာဖြစ်တာလို့ပြောလဲ "
ချယ်ယောင်းက အခန်းတံခါးဝမှာရပ်ပြီး ကိုကို့ကို ကြည့်နေတဲ့ သူ့ကိုမြင်တော့ အနားကိုလာခိုင်းပြီး မေးလာ၏။
ထယ်ယောင်း ကိုကို့ရဲ့ မျက်နှာလေးကို တသ်ချက်ငေးကြည့်ပြီးမှ
" ကိုယ်ဝန်!...ကိုယ်ဝန်ပျက်ကျတာ မာမီ "
" ဘယ်လို! "
" ဘာ! "
" ဘုရားရေ! "
ထယ်ယောင်းစကားကြောင့် ချယ်ယောင်း ထယ်မင်နဲ့ ဂျူးတို့ အံ့အားသင့်သွားသည်။ သူတို့ထင်သလို တကယ်ကြီး ကိုယ်ဝန်ပျက်ကျတာလား!
" သားရယ်.. ဂျောင်ဂုလေးသိရင် စိတ်မကောင်းဖြစ်နေတော့မှာဘဲ "
ချယ်ယောင်းက ကုတင်ပေါ်မှာ သတိမရသေးတဲ့ ဂျောင်ဂုကို ဂရုဏာ သက်စွာကြည့်ပြီးပြောလိုက်သည်။
" သားထယ်.. သားနူးနူးလေး ကိစ္စနဲ့ပတ်သတ်ပြီး သားကြောက်သွားမှန်း ဒယ်ဒီသိပေမဲ့ ဘာဘဲလုပ်လုပ် ဂျောင်ဂုလေးရဲ့ သဘောထားကို လစ်လျုမရှုနဲ့ ဒယ်ဒီပြောတာ နားလည်လား.. *
ဒယ်ဒီ့ စကားတွေကြောင့် ထယ်ယောင်းတွေတွေလေး စဉ်းစားနေမိ၏ ။ပြီးမှ ခေါင်းငြိမ့်ပြလိုက်သည်။ထယ်မင် သဘောပေါက်သင့်သလောက်ပေါက်တာမို့ သားကိုသွယ်ဝိုက်ပြီးငတိပေးလိုက်သည် ။ ချယ်ယောင်းတို့ကတော့ ဘာမှနားမလည်သဖြင့် စကားဝိုင်းထဲဝင်မပါ..
နေ့လည်ထဲကနေ အခု ညနေငါးနာရီရှိနေပြီ..ကိုကိုက အခုထိသတိမရသေး...
" ဒယ်ဒီ!.. မာမီ.. ဒေါ်ကြီးဂျုး ပြန်ရင်ပြန်ပါတော့လား အိမ်မှာ သမီးလေးနဲ့ အိမ်အကူတွေဘဲရှိနေတာမလား..ဒီနေ့တော့ ကျွန်တော်ဘဲ ဆေးရုံစောင့်လိုက်မယ်"
ထယ်ယောင်းကပြောတော့လည်း သူတို့ငြင်းမတော့ပေ ညနေဘက်ရောက်ပြီမို့ နူးနူးလေးနိုးလောက်ပြီ...
"ဒါဆို ဒယ်ဒီတို့ပြန်ပြီ.. အိမ်ရောက်မှ သားအတွက်အဝတ်စားနဲ့ညစာကို ဒရိုင်ဘာနဲ့ လာပေးခိုင်းမယ်..."
"ဟုတ်ကဲ့ ဒယ်ဒီ..ဂရုစိုက်ပြန်ကြပါ..."
ဒယ်ဒီတို့ပြန်သွားတော့မှာ ကုတင်ဘေးကခုံမှာဝင်ထိုင်ပြီး ကိုကို့ရဲ့ လက်ကလေးကို ဆုပ်ကိုင်ကာ ပါးပြင်မှာကပ်ထားလိုက်၏။
"မောင် တောင်းပန်ပါတယ် ကိုကို..မောင့်ကြောင့် ရင်သွေးလေးလည်းဆုံးရှုံးခဲ့သလို ကိုကိုလည်းဘဲ အသက်အန္တရာယ်နဲ့ကြုံရတယ်.."
ထယ်ယောင်း နဖူးပေါ်ဝဲကျနေတဲ့ ဆံနွယ်လေးတွေကို လက်တစ်ဖက်ဖြင့်သပ်တင်ပေးလိုက်ပြီး မျက်နှာနုနုလေးကို စိုက်ကြည့်လိုက်သည်။
" ဆေးရုံကဆင်းရင်တော့ မောင်ကိုကို့ကို ဆေး ဆက်တိုက်ပါရစေ..မောင်တို့ရင်သွေးလေးဆုံးရှုံးခဲ့ရတာတောင် အမှတ်မရှိဆက်တိုက်ဖို့ လုပ်တာမဟုတ်ဘူး ကိုကို.. မောင်တို့ နောက်ထပ်ကလေးမရအောက် ထပ်ပြီးတားဆီးတာ"
" မောင်..မောင် အဆက်သင့်ဖြစ်မှ ရင်သွေးလေးယူကြမယ် ကိုကို အဲ့ အချိန်က ကြာကောင်းလည်းကြာလိမ့်မယ်. ဒါမှမဟုတ် ရောက်ချင်မှလည်းရောက်လိမ့်မယ်...မောင် တစ်ကိုယ်ကောင်းဆန်ပါရစေ ကိုကို.."
~
~
~
အဖြူရောင်ဒုဓလီ ပန်းခင်းကြီးထဲ ဂျောင်ဂုရောက်နေသည်။မျက်စိတစ်ဆုံး ဒုဓလီပန်းတွေဖြင့် ပြည့်နေပြီး မြင်ကွင်းတိုင်းက လှပနေ၏။
" လှလိုက်တာ~...ဟမ်!."
ဂျောင်ဂု အသံထွက်သွားတာရော သူကိုယ်တိုင်ကပါ ကြားနေရတာကြောင့် အံဩပြီး လည်ပင်းလေးကို ကိုင်လိုက်မိသည်။
"ငါ..ငါစကားပြောလို့ရသွားတာလား..ငါ..ငါ့အသံတွေကိုရောပြန် ကြားနေရတာလား!.. တ ...တကယ်ကြီးလား .."
ဂျောင်ဂု ပျော်လွန်းလို့ မျက်ရည်တွေတောင်ဝဲမိသည်။
" မောင်..မောင်ကိုပြောပြရမယ်..မောင်!.."
ဂျောင်ဂု ဘေးပတ်လည်ကိုလှည့်ကြည့်ပြီး မောင့်ကိုရှာနေမိသည်။
" ငါ..ငါဘယ်နေရာကိုရောက်နေတာလဲ..ဒါဘယ်နေရာကြီးလဲ!.. မောင်ရော!. မောင်ကဘယ်မှာလဲ..မောင်!! "
ဂျောင်ဂု ဒုဓလီပန်းခင်းထဲပြေးဝင်ပြီး မောင့်ကိုရှာနေမိ၏။
" မောင်!.. မောင်!... မောင်!! မင်း ဘယ်မှာလဲ..မောင်~..ဟမ်!."
ဂျောင်ဂု မောင့်ကိုရှာနေတုန်း ငိုသံသဲ့သဲ့လေးကြားလိုက်တာကြောင့် နေရာမှာ ရပ်ပြီးနားစိုက်ထောင်လိုက်သည်။
" ဟင့်!.. ဟင့်! အင့်!.. ကြောက်ရယ်!.. မီးမီး ကြောက်ရယ်!.. ဟင့်!. ကြောက်ရယ်!.."
သေချာနားထောင်လိုက်မှ တအင့်အင့်ရှိုက်သံတိုးတိုးလေးနဲ့ ငိုသံပိစိလေးကိုကြားရသည်။သေချာပေါက်ကလေးလေးအသံ။ ထိုကလေးလေးအသံက ထူးထူးခြားခြား သူ့ရင်ဘတ်တွေကို အောင့်တက်ပြီး နာကျင်စေသည်။သူကိုယ်တိုင်တောင် သတိမထားမိဘဲ..မျက်ရည်တွေကျလာ၏။
ခြေလှမ်းတွေက ငိုသံလေးကြားရာဘက်ကို ဦးတည်ပြီး လျှောက်လာမိသည်။တဖြေးဖြေး နီကပ်လာတဲ့ ငိုသံတိုးတိုးလေးက သူ့နှလုံးသားကို စုတ်ဖြဲနေသယောင်..
"ဟင့်!.. ဟင့်!.. မီးမီး ကြောက်ရယ်.. ဟင့်!.. ကြောက်ရယ်!.. ဟင့်!.! "
သူ့ကိုကျောပေးပြီး ဒုဓလီပန်းခင်းကို မျက်နှာမူပြီး ဒူးပေါ် မျက်နှာမှောက်ကာ ငိုနေတဲ့ သုံးလေးနှစ်အရွယ် ကလေးမလေးတစ်ယောက်..ကျောပြင်သေးသေးလေး လှုပ်ခတ်တဲ့အထိငိုနေတဲ့ ကလေးမလေးပုံစံက အရမ်းဝမ်းနည်းနေပုံရသည်။
* ဘာကြောင့် ဒီလောက်တောင် ငိုနေရလည်း ကလေးလေးရယ် *
အနားသို့သွားပြီး ကလေးမလေးရဲ့ပခုံးကို ပုတ်လိုက်တော့ ငိုနေရင်း သူ့ကိုမော့ကြည့်လာတဲ့ ကလေးလေးကြောင့် အံ့ဩလွန်းပြီး သူနောက်ကို တစ်လှမ်းဆုတ်လိုက်မိသည်။
" ဟင်! "
မောင့်နဲ့တူတဲ့ မျက်ဝန်းညိုတွေမှာ မျက်ရည်တွေပြည့်နေပြီး ထူထူပြည့်ပြည့် အသည်းပုံနှုတ်ခမ်းလေးက တဆက်ဆက်တုန်ယင်နေ၏။မောင်နဲ့ချွတ်စွန်တူလွန်းတာကြောင့် အံ့အားသင့်နေမိသည်။
သူ့ကိုမြင်တော့ ကလေးမလေးက မတ်တပ်ရပ်လာပြီး အငိုမျက်လုံးလေးတွေဖြင့်ကြည့်နေသည်။နက်မှောင်နေတဲ့ ဆံနွယ်ကောက်ကောက်လေးတွေကို အဖြူရောင် မွေးပွခေါင်းစီးကြိုးလေးနှစ်ခုဖြင့် ခွဲစည်းထားပြီး.. မီးခိုးရောင် ဂါဝန်ဖားဖားလေးနဲ့ အသားရည်ကလည်း အနည်းငယ် ညိုကာ မျက်ရစ်တစ်ဖက်ဘဲ ရှိတာတောင် ချစ်စရာကောင်းနေတဲ့ ကလေးမလေးပင်.. မောင်နဲ့တူတဲ့ကလေးမလေးကိုကြည့်ပြီး ဂျောင်ဂု ကိုယ့်ပါးစပ်ကို ကိုယ်လက်ဖြင့်အုပ်ထားမိသည်။
တဖြေးဖြေးမျက်ဝန်းညိုတွေထဲက မျက်ရည်တွေစိမ့်ကျလာပြီး...ရှိုက်သံလေးတွေထွက်လာ၏။
" ဟင့်! ဟင့်! ဘာကြောင်လဲ! မီးမီးမှာ ဘာအပြစ်ရှိရို့ရဲး..! ဟင့်! "
ကလေးမလေးက မပီတပီစကားသံလေးတွေဖြင့်ငိုပြီး ပြောလာသည်။သူလည်း ကလေးမလေးနဲ့ထပ်တူငိုနေမိ၏။
" သ..သမီး! "
သူ့ရဲ့နှလုံးသားက ဒါက သူနဲ့မောင့်ရဲ့သွေးလို့ပြောနေတာကြောင့် နှုတ်ဖျားကနေ တုန်တုန်ယင်ယင်နဲ့ခေါ်လိုက်မိသည်။
" သမီး! သမီးလား! "
ရှေ့တစ်လှမ်းတိုးပြီး မေးလိုက်တော့ သမီးလေးက နောက်ကို တစ်လှမ်းဆုတ်သွား၏။
" ဟင့်! မီးမီးက ဘာလုပ်ရို့..မီးမီးကို ဟင့်!. တစ်ယောက်တည်း ထားခဲ့တာလဲ!. ဟင့်! အမှောင်တည်းမှာ မီးမီးတစ်ယောက်ရဲး.. အရမ်းကြောက်..ဟင့်! ကြောက်နေခဲ့တာ! "
သမီးလေးက ရှိုက်သံလေးတွေနဲ့ပြောကာ ငိုနေတာကြောင့် ဂျောင်ဂု ရင်ထဲမှာ နာကျင်ရသည်။
" ပါး..ပါးပါးမထားခဲ့ပါဘူး! ပါးပါးနဲ့ လိုက်ခဲ့နော်.. လာ သမီးငယ် .. လာ! "
ဂျောင်ဂုက အနားကို တိုးသထက်တိုးပြီး ခေါ်လိုက်တော့ ခေါင်းခါပြတဲ့ သမီးလေး..
" ဟင့်!. မရ! အင့်! မရတော့ဘူး! မီးမီး ပြန်လိုက်ရို့မရတော့ဘူး! ဟင့်! ပါးပါးက အမှောင်တည်းမှာ ထားခဲ့တာ! ဟင့်! သူတို့က မလိုက်ရတော့ဘူးတဲ့ ! ဟင့်! "
သမီးလေးက လက်နှစ်ဖက်ဖြင့် မျက်လုံးလေးတွေကို ပွတ်ကာ ရှိုက်ကြီးတငင်ငိုလာ၏။
ဂျောင်ဂု သမီးလေးပြောတဲ့ စကားတွေကို လုံးဝနားမလည်..
" ဘာ.. ဘာတွေပြောနေတာလဲ သမီး! ပါးပါးနားမလည်ဘူးကလေး! "
" ပါး..ပါး..နာတယ်...ဟင့်! မီးမီး အရမ်းနာခဲ့တာ..ပြီး..ပြီးတော့ .ပူလည်းပူတယ်..ဟင့်.. အရမ်းပူတာ..မီးမီး..အရမ်းနာပြီးပူနေခဲ့တာ..ပါးပါးနာတာထက်တောင် အရမ်းနာခဲ့တာ..! ဟင့် "
ဂျောင်ဂု သမီးရှေ့ဒူးထောက်ထိုင်ချပြီး သမီးငယ်နဲ့သူက တစ်တန်းတည်းဖြစ်သွား၏။
" ပါးပါး နာတာထက်! ဟုတ်လား! ကလေး! "
ဂျောင်ဂု တုန်ယင်နေတဲ့အသံနဲ့မေးလိုက်တော့ သမီးက ခေါင်းငြိမ့်ပြသည်။မျက်ဝန်းထံကမျက်ရည်တွေက အတားအဆီးမရှိ စီးကျလာပြီး မျက်ဆံလေးတွေလှုပ်ရှားကာ တုန်လှုပ်နေမိသည်။
*သမီးငယ်က ဘာကြောင့် အဲ့လိုပြောတာလဲ!*
" ဟင့်!.. ဟုတ်ရယ်! သူ့ကြောင့် မီးမီးနာနာဖြစ်ရတာ! မီးမီးက.. မလိမ္မာလို့လား.. မီးမီးကို ပါးပါးတို့က မလိုချင်လို့လား! ဟင့်! "
ကလေးလေးက ငိုရာကနေ အသံတွေကျယ်လာကာ သူ့ကို အော်ပြောလာ၏။
" မ.. မဟုတ်ဘူး! မဟုတ်ဘူး သမီး! ပါး.. ပါးပါး .. လိုချင်ပါတယ် ရူးမတတ် သမီးကို လိုချင်ခဲ့တာ.. ပါးပါး အသုံးမချခဲ့တာပါ..သမီး..ရယ်.. "
ဂျောင်ဂု သမီး ရဲ့ ပုခုံးလေးနှစ်ဖက်ကို ဆုပ်ကိုင်ကာ ငိုနေရင်း ပလုံးပထွေးသံနဲ့ပြောမိသည် ။
" ဟင့်! ပါးပါးက မီးမီးက ထားခဲ့ရာ! မီးမီးလေ အရမ်းနာနေခဲ့တာ... မီးမီး ဟင့်! "
" မ.. မပြောပါနဲ့တော့ သမီးရယ်.. ပါးပါးရင်နာလို့ပါ.. ကလေးရယ်.."
ဂျောင်ဂု သမီးရဲ့စကားသံတွေကို ဆက်နားထောင်ဖို့ အင်အားမရှိတော့ပေ..
ချက်ချင်း မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီး သမီးငယ်ရဲ့ လက်ဖဝါးသေးသေးလေးတွေကို ဆုပ်ကိုင်လိုက်၏။
" ပါး.. ပါးပါးနဲ့ အတူတူပြန်ကြမယ်.. သမီး ဒယ်ဒီနဲ့ မမဆီကို..ပြန်ကျရအောင်နော်..လာ သမီး~.."
ကလေးရဲ့ လက်ကလေးကိုတွဲခေါ်ပြီး နေရာကထကာ ထွက်သွားဖို့လုပ်လိုက်တော့ လက်ထဲက ရုန်းသွားသည်။
" ဟမ်! ဘာ.. ဘာဖြစ်လို့လဲ ကလေး.. ပါးပါးနဲ့ အိမ်ပြန်ကြမယ်လေ~ "
" ဟင့်! သူ .သူတို့က.. မီးမီးကို လိုက်ခွင့်မပေးတော့ဘူး ! ဟင့်.. လိုက်လို့မရဘူး ပါးပါး ဟင့်! "
သမီးရဲ့စကားကြောင့် ဂျောင်ဂုတစ်ဖန်မျက်ရည်တွေကျလာသည်။ဘယ်အရာက သမီးကို သူနဲ့ပြန်လိုက်လို့မရအောင် တားထားတာလဲ..
" ဟမ်! ဟမ်! ဘယ်လို! "
" ဟင့်! ဟုတ်ရယ်လို့! ပြန်လိုက်လို့ရတော့ဘူး! ပါး..ပါးဘဲပြန်ပါ! ပြီးတော့လေ.. မမနဲ့ ဒယ်ဒီ့ကိုပြောပေးနော်! မီးမီးက သူတို့ကို အရမ်းချစ်တယ်လို့.. ပါးပါးကိုလည်း ချစ်တယ်! ဟင့်.. ဒယ်ဒီ့ကိုလည်း ချစ်တယ်.. ဒီလိုတွေဖြစ်ခဲ့ပေမဲ့ မမုန်းဘဲချစ်တယ်.. မီးမီးကချစ်သလောက် ဟင့်.. ဒယ်ဒီနဲ့ ပါးပါးက ဟင့်!. မချစ်ဘူးးး "
" မဟုတ်ဘူး ! သမီးကို အရမ်းချစ်တာ..ပါးပါးအသက်နဲ့ထပ်တူချစ်တာလို့.. ဒယ်ဒီကလည်း သမီးကိုချစ်ပါတယ် ပြန်လိုက်ခဲ့ပါနော် သမီး "
လက်ဖဝါးလေးကို ကျစ်ကျစ်ပါအောင်ပြန်ဆုပ်ပြီးပြောတော့ မျက်ရည်တွေနဲ့ ခေါင်းခါပြနေတဲ့ သမီး..
" မ..မရတော့ဘူး.. မီးမီးလိုက်လို့မရတော့ဘူး.. ပါးပါးပြန်ပါတော့! ပါးပါးအခုပြန်မှဖြစ်မယ်.. သူတို့ သမီးကို ခေါ်နေပြီ! "
" ဟင့်အင်!.. မပြန်ဘူး!. သမီးကိုထားပြီး ပါးပါး မပြန်ဘူး! မပြန်ဘူးလို့!.. ပါးပါးတောင်းပန်ပါတယ် ပါးပါးနဲ့ပြန်လိုက်ခဲ့ပါ..ဟင့်!! "
ဂျောင်ဂု သမီးရဲ့ ကိုယ်လုံးလေးကို ရင်ခွင်ထဲထည့်ပြီး ပြန်လိုက်ဖို့ပြောနေမိသည်။ရင်ခွင်ထဲက သမီးကလည်း ရှိုက်သံလေးတွေထွက်တဲ့အထိငိုနေ၏။သမီးလေးရဲ့ကိုယ်လုံးက အေးစက်လာသည်။
" မီးမီး! မီးမီး တို့ခွဲဖို့အချိန်ရောက်ပြီ... "
သမီးက ရင်ခွင်ထဲကနေရုန်းကာ ပြောတော့ ဂျောင်ဂုအတင်းပြန်ပြီးဖက်ထားလိုက်၏။သူမလွှတ်ဘူး! သူလွှတ်ရင် သမီးလေးထွက်သွားမှာ!
" မရဘူး! သမီးကိုထားပြီး မသွားဖူး!! "
" မီးမီးက ပြန်လိုက်လို့မရဘူး ပါးပါး..မီးမီးတို့က တစ်လမ်းစီဖြစ်သွားပြီ.. မီးမီးသွားတော့မယ် ! ချစ်တယ် ပါးပါးးး "
ရင်ခွက်ထဲကနေ အငွေ့လေးတွေအဖြစ်ပျောက်ကွယ်သွားတဲ့သမီးငယ်ကို ဂျောင်ဂု အတင်းလိုက်ဖမ်းထားလည်းမရ.. နောက်ဆုံးတော့ အငွေ့အဖြစ်ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။
" သမီး! သမီး!! ပြန်လာခဲ့ပါ.. ပါးပါးတို့ဆီပြန်လာခဲ့ပါ! ဟင့်.. ပြန်လာခဲ့ပါ.. ဟင့် ! "
ဂျောင်ဂု မြေကြီးပေါက်ဒူးထောက်ပြီး နာနာကျင်ကျင်ငိုကြွေးနေမိ၏။တဖြေးဖြေး ဂျောင်ဂုရဲ့ အကြည့်တွေက ခက်ထန်လာပြီး မျက်လုံးတွေကနီရဲလာသည်။
" တောက်စ်! ငါနဲ့ ငါ့သမီးကို ခွဲတဲ့သူကို တစ်သက်မကြေဘူး! မုန်းတယ်!! မုန်းတယ်.. နောက်ဆုံးအချိန်ထိမုန်းတယ်!.. ဘဝဆက်တိုင်းမုန်းနေမယ်!! "
မည်သူမှန်းမသိပေမဲ့ ကိုယ့်ရင်သွေးကို ထိခိုက်စေတဲ့သူကို သူသေတဲ့အထိမုန်း၏!!
~
~
{ ရှင်းလင်းချက် - Miscarriage ဆိုတာ ဘာပရောဂမှမပါဘဲ မိခင်ရဲ့ သားအိမ်ကအားနည်းခြင်း၊သန္ဓေသားကောင်းစွာမကြီးထွားခြင်း ၊ သားအိမ်ခေါင်းမလုံခြင်းတို့ကြောင့် ကိုယ်ဝန်ကို ထိန်းသိမ်းထားနိုင်စွမ်းမရှိဘဲ အလိုအလျောက်ကိုယ်ဝန်ပျက်ကျခြင်းကိုပြောတာပါ...
Abortion ဆိုတာ ခေတ်မှီနည်းပညာတွေ ၊ ဆေးဝါးတွေ ၊ တိုင်းရင်းဆေးနဲ့ ဆေးအပူတွေကို မိန်းမကိုယ်ကနေတဆင့် သားအိမ်ထဲထည့်ခြင်း ၊ သောက်သုံးခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိသုံးပြီး ကိုယ်ဝန်ဖျက်ချခြင်းကိုပြောတာပါ..}
ပျက်ကျတာနဲ့ ဖျက်ချတာက မတူပါဘူးနော် Google မှာ အသေးစိတ်ရှာကြည့်လို့ရပါတယ်...
ထယ်ယောင်းက ကိုယ်ဝန်ရှိမှန်းမသိဘဲ တားဆေးကိုတိုက်လိုက်တော့ ကလေးကို ထိခိုက်ပြီး ပျက်ကျသွားတာပါ.. တားဆေးတွေက ကိုယ်ဝန်သည်တွေအတွက်တော့ ကလေးပျက်ကျစေနိုင်ပြီး သားအိမ်ကိုပြင်းပြင်းထန်ထန်ထိခိုက်နိုင်ပါတယ်..
ပြီးတော့ သဲကြားဖူးတာက ကလေးမွေးတာနဲ့ ကလေးပျက်ကျတာဆိုရင် ကလေးပျက်ကျတာက ပိုပြီးနာကျင်ရပါတယ်တဲ့ အသက်န္တရာယ်တောင်ထိခိုက်နိုင်ပါတယ်..
~
~
~
Good night ပါသဲငယ်လေးတို့😘💜💜💜💜💜💜💜
Thanks for votes, feedback and comment.
I Love my readers forever ❤️
I PURPLE YOUR 💜
______________________________________
# Zawgyi #
ကိုကို အေရးေပၚခန္းထဲေရာက္ေနတယ္လို႔ မာမီက ဖုန္းဆက္သျဖင့္ ထယ္ေယာင္း အစည္းအေဝးကို အတြင္းေရးမႈးဟန္နဲ႕ ထားခဲ့ၿပီး ေဆး႐ုံကို ေျပးလာခဲ့လိုက္၏။
ေဆး႐ုံေရာက္ေတာ့ အေရးေပၚခန္းေရွ႕မွာ ဒယ္ဒီ မာမီနဲ႕ ေဒၚႀကီးဂ်ဴးတို႔ေစာင့္ေနၾကသည္။
" မာ..မာမီ..ကိုကို...ဘယ္လိုျဖစ္တာလဲ..သားကိုေျပာပါအုံး.."
ေရာက္ရာက္ခ်င္း အေမာမေျဖနိုင္ေသးဘဲ ထယ္ေယာင္း ေမးလိုက္မိသည္။သူ ကိုကို႔ကို အရမ္းစိတ္ပူေနမိ၏။
" ေဂ်ာင္ဂုေလး ေသြးေတြဆင္းၿပီး သတိေမ့သြားတာ ထယ္ေယာင္း..သားအိမ္မ်ားတစ္ခုခုျဖစ္လို႔လားမသိဘူး.."
မာမီ့စကားေၾကာင့္ ထယ္ေယာင္း မ်က္လုံးျပဴးသြားသည္။
* ငါ..ငါတိုက္ေနတဲ့ ေဆးေၾကာင့္လား.. ဟန္ေျပာေတာ့ ေဘးထြက္ဆိုးက်ိဳးမရွိဘူးဆို..ၿပီးေတာ့ သူ႕အစ္ကိုရဲ႕ မိန္းမကလည္း သုံးေနတာဘဲ.. ကိုကိုက်မွ ဘာျဖစ္လို႔လဲ *
ထယ္ေယာင္း အေတြးေတြေယာက္ယပ္ခတ္ကာ ေျခမကိုင္မိလက္မကိုင္မိျဖစ္ေနမိသည္။
" ေသြးေတြက အမ်ားႀကီးဆင္းေနတာ ထယ္ေလး ေဒၚႀကီး စိတ္ထင္ ကိုယ္ဝန္ပ်က္က်တာမ်ားလား... "
" ဗ်ာ! "
ေဒၚႀကီးဂ်ဳးစကားေၾကာင့္ သူ႕ရဲ႕ေခါင္းေပၚမိုးႀကိဳးပစ္က်သလိုခံစားလိုက္ရသည္။
* ကိုကိုသာ တကယ္ ကိုယ္ဝန္ပ်က္က်တာဆိုရင္..ငါက..ငါက..! အာ~..မဟုတ္ေလာက္ပါဘူး.. ကိုယ္ဝန္ပ်က္က်တာမျဖစ္နိုင္ဘူး..*
ထယ္ေယာင္း စိတ္ထဲကေန အသည္းအသန္ျငင္းဆန္ေနမိ၏။စိုးရိမ္စိတ္ေၾကာင့္ေရာ.. ဘာျဖစ္လို႔ျဖစ္မွန္းမသိတဲ့အေျခေနေၾကာင့္ေရာ ထယ္ေယာင္း ေဇာေခြၽးေတြပ်ံလာသည္။
" ခ်ပ္! "
အေရးေပၚအခန္းတံခါးပြင့္လာေဝာာ့..ထယ္ေယာင္းတို႔ တံခါးနားဆီသြားလိုက္ၾကသည္။ သတိမရေသးကိုကို႔ကို ကုတင္ေပၚတင္ထားၿပီး သူနာျပဳ ႏွစ္ေယာက္က တြန္းလာ၏။ ေနာက္ကေန ေဒါက္တာ တစ္ေယာက္လည္းလိုက္လာသည္။ သူတို႔ကိုျမင္ေတာ့ ဆရာဝန္က တစ္ခ်က္ၾကည့္ၿပီး ..
" လူနာကို ၾကပ္မတ္ေဆာင္ထဲမွာ ထားထားလိုက္ပါ..သတိလည္လာမွ အေျခေနျပန္စစ္ၾကမယ္.."
ဆရာဝန္ကေျပာေတာ့ သူနာျပဳႏွစ္ေယာက္ ေခါင္းၿငိမ့္ကာ..
" လူနာကို ေစာင့္ၾကည့္ဖို႔ မိသားစုဝင္ေတြလိုက္လာခဲ့ပါေနာ္.."
ထယ္ေယာင္းတို႔လည္း ေခါင္းၿငိမ့္ၿပီး..ေနာက္ကေနလိုက္ဖို႔ျပင္လိုက္ေတာ့..
" လူနာ့ရဲ႕ အမ်ိဳးသား... ခဏေနေပးခဲ့ပါေနာ္..လူနာအေၾကာင္းေျပာျပခ်င္လို႔..*
ဆရာဝန္ကေျပာေတာ့ ထယ္ေယာင္းလည္း က်န္ေနခဲ့လိုက္၏။က်န္တဲ့လူေတြက ကိုကို႔ကို ေစာင့္ၾကည့္ဖို႔လိုက္သြားၾကသည္။
~
~
~
" လူနာက Miscarriage (ကိုယ္ဝန္ပ်က္က်ျခင္း ) ျဖစ္တာ "
" ဗ်ာ! "
ေဒါက္တာ့စကားေၾကာင့္ ထယ္ေယာင္း တုန္လႈပ္သြားသည္။
" ဒါေပမဲ့ ေသြးရိုးသားရိုး ပ်က္က်တာမဟုတ္ဘဲ Abortion ( ကိုယ္ဝန္ဖ်က္ခ်ျခင္း) လကၡဏာေတြေတြ႕တယ္.."
" ေဒါက္တာ ေျပာခ်င္တာက~.. "
" ဒီလိုပါ.. လူနာက သာမန္ သားေလ်ာက်တာမဟုတ္ဘဲ.. ကိုယ္ဝန္ရွိေနစဥ္မွာ တားေဆးေသာက္လိုက္လို႔ ပ်က္က်သြားတာပါ.. "
" တ .. တကယ္လား ေဒါက္တာ.."
" ဟုတ္ပါတယ္.. အခုလည္း ေဆး႐ုံ ကို အခ်ိန္မွီေရာက္လို႔ လူနာရဲ႕ အသက္ကိုကယ္နိုင္တာ..သႏၶေသားကေတာ့မရွိေတာ့ဘူး ကိုယ္ဝန္က သုံးပတ္ဘဲရွိေသးတာမို႔ ေသြးခဲေလးအျဖစ္ဘဲရွိေနတုန္း တားေဆးေၾကာင့္ အဖက္မတင္ခဲ့ဘူး... ၿပီးေတာ့ လူနာကို အစစအရာရာဂ႐ုစိုက္ေပးပါ... ကိုယ္ဝန္ပ်က္က်တာက ကေလးေမြးဖြားတာထက္ ႏွစ္ဆနာက်င္ရတယ္.. အဲ့ၾကားထဲ အားငယ္စိတ္ေတြဝင္ရင္ စိတ္က်ေရာဂါပါရနိုင္တယ္..ေသခ်ာေလးဂ႐ုစိုက္ေပးပါ..အခုေတာ့ ခင္ပြန္းကို သြားေတြ႕လို႔ရပါၿပီ.."
ဆရာဝန္ထြက္သြားေတာ့ ထယ္ေယာင္း နားေနခန္းထဲမွာဘဲက်န္ခဲ့သည္။ဘယ္သူမွမရွိမွ မ်က္ရည္ေတြကို က်ခြင့္ေပးလိုက္သည္။
" ငါ့ေၾကာင့္... ငါေၾကာင့္..ငါတို႔ရင္ေသြးေလး ဆုံးရႈံးရတာ..ဒယ္ဒီ မင္းရွိေနမွန္းမသိခဲ့လို႔ပါ ကေလးရယ္..ဒယ္ဒီ တကယ္မသိခဲ့လို႔ပါ..ဒယ္ဒီ့အမွားေၾကာင့္ ကေလးေလး ပ်က္စီးသြားရတာ..ဒယ္ဒီ့ကို ခြင့္မလႊတ္ပါနဲ႕ ကေလးရယ္..ဒယ္ဒီေတာင္းပန္ပါတယ္.."
ထယ္ေယာင္းက ကိုယ့္ရင္ေသြးကို ကိုယ္ျပန္သတ္မိၿပီဆိုတဲ့စိတ္ႀကီးနဲ႕ အရမ္းဝမ္းနည္းလာသည္။
" အားး ငါကြာ... ထယ္ေယာင္း မင္းေၾကာင့္ကြ.. မင္းေၾကာင့္ မင္းကေလးေသရတာ မင္းကေလးကို မင္းသတ္တာကြ!! "
"ဒုန္း! ဒုန္း! "
ၾကမ္းျပင္ကို လက္သီးနဲ႕ ႏွစ္ခ်က္ဆင့္ထိုးကာ သည္းသည္းထန္ထန္ငိုေႂကြးေနမိသည္။အသားနာတာထက္ ရင္ဘတ္ထဲက ပိုနာ၏။
အခ်ိန္ၾကာတဲ့အထိငိုၿပီးမွ မ်က္ရည္မ်ားကိုသုတ္ကာ နားေနခန္းထဲကေနထြက္လာခဲ့လိုပ္သည္။သူကိုပို႔ကို ႏွစ္သိမ့္ေပးရအုံးမွာ. ဝမ္းနည္းမေနေအာင္ ေထြးေပြ႕ေပးရအုံးမွာ..ငိုထားလို႔နီရဲေနတဲ့ မ်က္လုံးေတြေပ်ာက္ေအာင့္ သန္စင္ခန္းထဲ အရင္ဝင္ကာ ေဘစင္ကေရနဲ႕ မ်က္ႏွာသစ္လိုက္သည္။မ်က္ႏွာသစ္ၿပီးေတာ့ မွန္မွာေပၚေနတဲ့ သူ႕ရဲ႕ ပုံရိပ္ကိုစူးစိုက္ၾကည့္လိုက္၏။
*ေမာင္ တို႔ရဲ႕ေသြးသားေလး ပ်က္က်သြားခဲ့လို႔ ဝမ္းနည္းရေပမဲ့.. ေမာင္ ဆက္ၿပီးလုပ္ရမဲ့အရာကိုေတာ့ လုပ္ခြင့္ျပဳပါကိုကို..*
~
~
~
ထယ္ေယာင္း ၾကပ္မတ္ေဆာင္ထဲေရာက္ေတာ့ ကုတင္ေပၚမွာ သတိေမ့ေနတဲ့ကိုကို မ်က္ႏွာေလးက ျဖဴေဖ်ာ့ေနၿပီး ေသြးမရွိတဲ့မတိုင္းပင္ ..
" သားထယ္..လာ!.. ေဒါက္တာက ဘာျဖစ္တာလို႔ေျပာလဲ "
ခ်ယ္ေယာင္းက အခန္းတံခါးဝမွာရပ္ၿပီး ကိုကို႔ကို ၾကည့္ေနတဲ့ သူ႕ကိုျမင္ေတာ့ အနားကိုလာခိုင္းၿပီး ေမးလာ၏။
ထယ္ေယာင္း ကိုကို႔ရဲ႕ မ်က္ႏွာေလးကို တသ္ခ်က္ေငးၾကည့္ၿပီးမွ
" ကိုယ္ဝန္!...ကိုယ္ဝန္ပ်က္က်တာ မာမီ "
" ဘယ္လို! "
" ဘာ! "
" ဘုရားေရ! "
ထယ္ေယာင္းစကားေၾကာင့္ ခ်ယ္ေယာင္း ထယ္မင္နဲ႕ ဂ်ဴးတို႔ အံ့အားသင့္သြားသည္။ သူတို႔ထင္သလို တကယ္ႀကီး ကိုယ္ဝန္ပ်က္က်တာလား!
" သားရယ္.. ေဂ်ာင္ဂုေလးသိရင္ စိတ္မေကာင္းျဖစ္ေနေတာ့မွာဘဲ "
ခ်ယ္ေယာင္းက ကုတင္ေပၚမွာ သတိမရေသးတဲ့ ေဂ်ာင္ဂုကို ဂ႐ုဏာ သက္စြာၾကည့္ၿပီးေျပာလိုက္သည္။
" သားထယ္.. သားႏူးႏူးေလး ကိစၥနဲ႕ပတ္သတ္ၿပီး သားေၾကာက္သြားမွန္း ဒယ္ဒီသိေပမဲ့ ဘာဘဲလုပ္လုပ္ ေဂ်ာင္ဂုေလးရဲ႕ သေဘာထားကို လစ္လ်ဳမရႈနဲ႕ ဒယ္ဒီေျပာတာ နားလည္လား.. *
ဒယ္ဒီ့ စကားေတြေၾကာင့္ ထယ္ေယာင္းေတြေတြေလး စဥ္းစားေနမိ၏ ။ၿပီးမွ ေခါင္းၿငိမ့္ျပလိုက္သည္။ထယ္မင္ သေဘာေပါက္သင့္သေလာက္ေပါက္တာမို႔ သားကိုသြယ္ဝိုက္ၿပီးငတိေပးလိုက္သည္ ။ ခ်ယ္ေယာင္းတို႔ကေတာ့ ဘာမွနားမလည္သျဖင့္ စကားဝိုင္းထဲဝင္မပါ..
ေန႕လည္ထဲကေန အခု ညေနငါးနာရီရွိေနၿပီ..ကိုကိုက အခုထိသတိမရေသး...
" ဒယ္ဒီ!.. မာမီ.. ေဒၚႀကီးဂ်ဳး ျပန္ရင္ျပန္ပါေတာ့လား အိမ္မွာ သမီးေလးနဲ႕ အိမ္အကူေတြဘဲရွိေနတာမလား..ဒီေန႕ေတာ့ ကြၽန္ေတာ္ဘဲ ေဆး႐ုံေစာင့္လိုက္မယ္"
ထယ္ေယာင္းကေျပာေတာ့လည္း သူတို႔ျငင္းမေတာ့ေပ ညေနဘက္ေရာက္ၿပီမို႔ ႏူးႏူးေလးနိုးေလာက္ၿပီ...
"ဒါဆို ဒယ္ဒီတို႔ျပန္ၿပီ.. အိမ္ေရာက္မွ သားအတြက္အဝတ္စားနဲ႕ညစာကို ဒရိုင္ဘာနဲ႕ လာေပးခိုင္းမယ္..."
"ဟုတ္ကဲ့ ဒယ္ဒီ..ဂ႐ုစိုက္ျပန္ၾကပါ..."
ဒယ္ဒီတို႔ျပန္သြားေတာ့မွာ ကုတင္ေဘးကခုံမွာဝင္ထိုင္ၿပီး ကိုကို႔ရဲ႕ လက္ကေလးကို ဆုပ္ကိုင္ကာ ပါးျပင္မွာကပ္ထားလိုက္၏။
"ေမာင္ ေတာင္းပန္ပါတယ္ ကိုကို..ေမာင့္ေၾကာင့္ ရင္ေသြးေလးလည္းဆုံးရႈံးခဲ့သလို ကိုကိုလည္းဘဲ အသက္အႏၱရာယ္နဲ႕ႀကဳံရတယ္.."
ထယ္ေယာင္း နဖူးေပၚဝဲက်ေနတဲ့ ဆံႏြယ္ေလးေတြကို လက္တစ္ဖက္ျဖင့္သပ္တင္ေပးလိုက္ၿပီး မ်က္ႏွာႏုႏုေလးကို စိုက္ၾကည့္လိုက္သည္။
" ေဆး႐ုံကဆင္းရင္ေတာ့ ေမာင္ကိုကို႔ကို ေဆး ဆက္တိုက္ပါရေစ..ေမာင္တို႔ရင္ေသြးေလးဆုံးရႈံးခဲ့ရတာေတာင္ အမွတ္မရွိဆက္တိုက္ဖို႔ လုပ္တာမဟုတ္ဘူး ကိုကို.. ေမာင္တို႔ ေနာက္ထပ္ကေလးမရေအာက္ ထပ္ၿပီးတားဆီးတာ"
" ေမာင္..ေမာင္ အဆက္သင့္ျဖစ္မွ ရင္ေသြးေလးယူၾကမယ္ ကိုကို အဲ့ အခ်ိန္က ၾကာေကာင္းလည္းၾကာလိမ့္မယ္. ဒါမွမဟုတ္ ေရာက္ခ်င္မွလည္းေရာက္လိမ့္မယ္...ေမာင္ တစ္ကိုယ္ေကာင္းဆန္ပါရေစ ကိုကို.."
~
~
~
အျဖဴေရာင္ဒုဓလီ ပန္းခင္းႀကီးထဲ ေဂ်ာင္ဂုေရာက္ေနသည္။မ်က္စိတစ္ဆုံး ဒုဓလီပန္းေတြျဖင့္ ျပည့္ေနၿပီး ျမင္ကြင္းတိုင္းက လွပေန၏။
" လွလိုက္တာ~...ဟမ္!."
ေဂ်ာင္ဂု အသံထြက္သြားတာေရာ သူကိုယ္တိုင္ကပါ ၾကားေနရတာေၾကာင့္ အံဩၿပီး လည္ပင္းေလးကို ကိုင္လိုက္မိသည္။
"ငါ..ငါစကားေျပာလို႔ရသြားတာလား..ငါ..ငါ့အသံေတြကိုေရာျပန္ ၾကားေနရတာလား!.. တ ...တကယ္ႀကီးလား .."
ေဂ်ာင္ဂု ေပ်ာ္လြန္းလို႔ မ်က္ရည္ေတြေတာင္ဝဲမိသည္။
" ေမာင္..ေမာင္ကိုေျပာျပရမယ္..ေမာင္!.."
ေဂ်ာင္ဂု ေဘးပတ္လည္ကိုလွည့္ၾကည့္ၿပီး ေမာင့္ကိုရွာေနမိသည္။
" ငါ..ငါဘယ္ေနရာကိုေရာက္ေနတာလဲ..ဒါဘယ္ေနရာႀကီးလဲ!.. ေမာင္ေရာ!. ေမာင္ကဘယ္မွာလဲ..ေမာင္!! "
ေဂ်ာင္ဂု ဒုဓလီပန္းခင္းထဲေျပးဝင္ၿပီး ေမာင့္ကိုရွာေနမိ၏။
" ေမာင္!.. ေမာင္!... ေမာင္!! မင္း ဘယ္မွာလဲ..ေမာင္~..ဟမ္!."
ေဂ်ာင္ဂု ေမာင့္ကိုရွာေနတုန္း ငိုသံသဲ့သဲ့ေလးၾကားလိုက္တာေၾကာင့္ ေနရာမွာ ရပ္ၿပီးနားစိုက္ေထာင္လိုက္သည္။
" ဟင့္!.. ဟင့္! အင့္!.. ေၾကာက္ရယ္!.. မီးမီး ေၾကာက္ရယ္!.. ဟင့္!. ေၾကာက္ရယ္!.."
ေသခ်ာနားေထာင္လိုက္မွ တအင့္အင့္ရွိုက္သံတိုးတိုးေလးနဲ႕ ငိုသံပိစိေလးကိုၾကားရသည္။ေသခ်ာေပါက္ကေလးေလးအသံ။ ထိုကေလးေလးအသံက ထူးထူးျခားျခား သူ႕ရင္ဘတ္ေတြကို ေအာင့္တက္ၿပီး နာက်င္ေစသည္။သူကိုယ္တိုင္ေတာင္ သတိမထားမိဘဲ..မ်က္ရည္ေတြက်လာ၏။
ေျခလွမ္းေတြက ငိုသံေလးၾကားရာဘက္ကို ဦးတည္ၿပီး ေလွ်ာက္လာမိသည္။တေျဖးေျဖး နီကပ္လာတဲ့ ငိုသံတိုးတိုးေလးက သူ႕ႏွလုံးသားကို စုတ္ၿဖဲေနသေယာင္..
"ဟင့္!.. ဟင့္!.. မီးမီး ေၾကာက္ရယ္.. ဟင့္!.. ေၾကာက္ရယ္!.. ဟင့္!.! "
သူ႕ကိုေက်ာေပးၿပီး ဒုဓလီပန္းခင္းကို မ်က္ႏွာမူၿပီး ဒူးေပၚ မ်က္ႏွာေမွာက္ကာ ငိုေနတဲ့ သုံးေလးႏွစ္အ႐ြယ္ ကေလးမေလးတစ္ေယာက္..ေက်ာျပင္ေသးေသးေလး လႈပ္ခတ္တဲ့အထိငိုေနတဲ့ ကေလးမေလးပုံစံက အရမ္းဝမ္းနည္းေနပုံရသည္။
* ဘာေၾကာင့္ ဒီေလာက္ေတာင္ ငိုေနရလည္း ကေလးေလးရယ္ *
အနားသို႔သြားၿပီး ကေလးမေလးရဲ႕ပခုံးကို ပုတ္လိုက္ေတာ့ ငိုေနရင္း သူ႕ကိုေမာ့ၾကည့္လာတဲ့ ကေလးေလးေၾကာင့္ အံ့ဩလြန္းၿပီး သူေနာက္ကို တစ္လွမ္းဆုတ္လိုက္မိသည္။
" ဟင္! "
ေမာင့္နဲ႕တူတဲ့ မ်က္ဝန္းညိုေတြမွာ မ်က္ရည္ေတြျပည့္ေနၿပီး ထူထူျပည့္ျပည့္ အသည္းပုံႏႈတ္ခမ္းေလးက တဆက္ဆက္တုန္ယင္ေန၏။ေမာင္နဲ႕ခြၽတ္စြန္တူလြန္းတာေၾကာင့္ အံ့အားသင့္ေနမိသည္။
သူ႕ကိုျမင္ေတာ့ ကေလးမေလးက မတ္တပ္ရပ္လာၿပီး အငိုမ်က္လုံးေလးေတြျဖင့္ၾကည့္ေနသည္။နက္ေမွာင္ေနတဲ့ ဆံႏြယ္ေကာက္ေကာက္ေလးေတြကို အျဖဴေရာင္ ေမြးပြေခါင္းစီးႀကိဳးေလးႏွစ္ခုျဖင့္ ခြဲစည္းထားၿပီး.. မီးခိုးေရာင္ ဂါဝန္ဖားဖားေလးနဲ႕ အသားရည္ကလည္း အနည္းငယ္ ညိုကာ မ်က္ရစ္တစ္ဖက္ဘဲ ရွိတာေတာင္ ခ်စ္စရာေကာင္းေနတဲ့ ကေလးမေလးပင္.. ေမာင္နဲ႕တူတဲ့ကေလးမေလးကိုၾကည့္ၿပီး ေဂ်ာင္ဂု ကိုယ့္ပါးစပ္ကို ကိုယ္လက္ျဖင့္အုပ္ထားမိသည္။
တေျဖးေျဖးမ်က္ဝန္းညိုေတြထဲက မ်က္ရည္ေတြစိမ့္က်လာၿပီး...ရွိုက္သံေလးေတြထြက္လာ၏။
" ဟင့္! ဟင့္! ဘာေၾကာင္လဲ! မီးမီးမွာ ဘာအျပစ္ရွိရို႔ရဲး..! ဟင့္! "
ကေလးမေလးက မပီတပီစကားသံေလးေတြျဖင့္ငိုၿပီး ေျပာလာသည္။သူလည္း ကေလးမေလးနဲ႕ထပ္တူငိုေနမိ၏။
" သ..သမီး! "
သူ႕ရဲ႕ႏွလုံးသားက ဒါက သူနဲ႕ေမာင့္ရဲ႕ေသြးလို႔ေျပာေနတာေၾကာင့္ ႏႈတ္ဖ်ားကေန တုန္တုန္ယင္ယင္နဲ႕ေခၚလိုက္မိသည္။
" သမီး! သမီးလား! "
ေရွ႕တစ္လွမ္းတိုးၿပီး ေမးလိုက္ေတာ့ သမီးေလးက ေနာက္ကို တစ္လွမ္းဆုတ္သြား၏။
" ဟင့္! မီးမီးက ဘာလုပ္ရို႔..မီးမီးကို ဟင့္!. တစ္ေယာက္တည္း ထားခဲ့တာလဲ!. ဟင့္! အေမွာင္တည္းမွာ မီးမီးတစ္ေယာက္ရဲး.. အရမ္းေၾကာက္..ဟင့္! ေၾကာက္ေနခဲ့တာ! "
သမီးေလးက ရွိုက္သံေလးေတြနဲ႕ေျပာကာ ငိုေနတာေၾကာင့္ ေဂ်ာင္ဂု ရင္ထဲမွာ နာက်င္ရသည္။
" ပါး..ပါးပါးမထားခဲ့ပါဘူး! ပါးပါးနဲ႕ လိုက္ခဲ့ေနာ္.. လာ သမီးငယ္ .. လာ! "
ေဂ်ာင္ဂုက အနားကို တိုးသထက္တိုးၿပီး ေခၚလိုက္ေတာ့ ေခါင္းခါျပတဲ့ သမီးေလး..
" ဟင့္!. မရ! အင့္! မရေတာ့ဘူး! မီးမီး ျပန္လိုက္ရို႔မရေတာ့ဘူး! ဟင့္! ပါးပါးက အေမွာင္တည္းမွာ ထားခဲ့တာ! ဟင့္! သူတို႔က မလိုက္ရေတာ့ဘူးတဲ့ ! ဟင့္! "
သမီးေလးက လက္ႏွစ္ဖက္ျဖင့္ မ်က္လုံးေလးေတြကို ပြတ္ကာ ရွိုက္ႀကီးတငင္ငိုလာ၏။
ေဂ်ာင္ဂု သမီးေလးေျပာတဲ့ စကားေတြကို လုံးဝနားမလည္..
" ဘာ.. ဘာေတြေျပာေနတာလဲ သမီး! ပါးပါးနားမလည္ဘူးကေလး! "
" ပါး..ပါး..နာတယ္...ဟင့္! မီးမီး အရမ္းနာခဲ့တာ..ၿပီး..ၿပီးေတာ့ .ပူလည္းပူတယ္..ဟင့္.. အရမ္းပူတာ..မီးမီး..အရမ္းနာၿပီးပူေနခဲ့တာ..ပါးပါးနာတာထက္ေတာင္ အရမ္းနာခဲ့တာ..! ဟင့္ "
ေဂ်ာင္ဂု သမီးေရွ႕ဒူးေထာက္ထိုင္ခ်ၿပီး သမီးငယ္နဲ႕သူက တစ္တန္းတည္းျဖစ္သြား၏။
" ပါးပါး နာတာထက္! ဟုတ္လား! ကေလး! "
ေဂ်ာင္ဂု တုန္ယင္ေနတဲ့အသံနဲ႕ေမးလိုက္ေတာ့ သမီးက ေခါင္းၿငိမ့္ျပသည္။မ်က္ဝန္းထံကမ်က္ရည္ေတြက အတားအဆီးမရွိ စီးက်လာၿပီး မ်က္ဆံေလးေတြလႈပ္ရွားကာ တုန္လႈပ္ေနမိသည္။
*သမီးငယ္က ဘာေၾကာင့္ အဲ့လိုေျပာတာလဲ!*
" ဟင့္!.. ဟုတ္ရယ္! သူ႕ေၾကာင့္ မီးမီးနာနာျဖစ္ရတာ! မီးမီးက.. မလိမၼာလို႔လား.. မီးမီးကို ပါးပါးတို႔က မလိုခ်င္လို႔လား! ဟင့္! "
ကေလးေလးက ငိုရာကေန အသံေတြက်ယ္လာကာ သူ႕ကို ေအာ္ေျပာလာ၏။
" မ.. မဟုတ္ဘူး! မဟုတ္ဘူး သမီး! ပါး.. ပါးပါး .. လိုခ်င္ပါတယ္ ႐ူးမတတ္ သမီးကို လိုခ်င္ခဲ့တာ.. ပါးပါး အသုံးမခ်ခဲ့တာပါ..သမီး..ရယ္.. "
ေဂ်ာင္ဂု သမီး ရဲ႕ ပုခုံးေလးႏွစ္ဖက္ကို ဆုပ္ကိုင္ကာ ငိုေနရင္း ပလုံးပေထြးသံနဲ႕ေျပာမိသည္ ။
" ဟင့္! ပါးပါးက မီးမီးက ထားခဲ့ရာ! မီးမီးေလ အရမ္းနာေနခဲ့တာ... မီးမီး ဟင့္! "
" မ.. မေျပာပါနဲ႕ေတာ့ သမီးရယ္.. ပါးပါးရင္နာလို႔ပါ.. ကေလးရယ္.."
ေဂ်ာင္ဂု သမီးရဲ႕စကားသံေတြကို ဆက္နားေထာင္ဖို႔ အင္အားမရွိေတာ့ေပ..
ခ်က္ခ်င္း မ်က္ရည္ေတြကို သုတ္ပစ္လိုက္ၿပီး သမီးငယ္ရဲ႕ လက္ဖဝါးေသးေသးေလးေတြကို ဆုပ္ကိုင္လိုက္၏။
" ပါး.. ပါးပါးနဲ႕ အတူတူျပန္ၾကမယ္.. သမီး ဒယ္ဒီနဲ႕ မမဆီကို..ျပန္က်ရေအာင္ေနာ္..လာ သမီး~.."
ကေလးရဲ႕ လက္ကေလးကိုတြဲေခၚၿပီး ေနရာကထကာ ထြက္သြားဖို႔လုပ္လိုက္ေတာ့ လက္ထဲက ႐ုန္းသြားသည္။
" ဟမ္! ဘာ.. ဘာျဖစ္လို႔လဲ ကေလး.. ပါးပါးနဲ႕ အိမ္ျပန္ၾကမယ္ေလ~ "
" ဟင့္! သူ .သူတို႔က.. မီးမီးကို လိုက္ခြင့္မေပးေတာ့ဘူး ! ဟင့္.. လိုက္လို႔မရဘူး ပါးပါး ဟင့္! "
သမီးရဲ႕စကားေၾကာင့္ ေဂ်ာင္ဂုတစ္ဖန္မ်က္ရည္ေတြက်လာသည္။ဘယ္အရာက သမီးကို သူနဲ႕ျပန္လိုက္လို႔မရေအာင္ တားထားတာလဲ..
" ဟမ္! ဟမ္! ဘယ္လို! "
" ဟင့္! ဟုတ္ရယ္လို႔! ျပန္လိုက္လို႔ရေတာ့ဘူး! ပါး..ပါးဘဲျပန္ပါ! ၿပီးေတာ့ေလ.. မမနဲ႕ ဒယ္ဒီ့ကိုေျပာေပးေနာ္! မီးမီးက သူတို႔ကို အရမ္းခ်စ္တယ္လို႔.. ပါးပါးကိုလည္း ခ်စ္တယ္! ဟင့္.. ဒယ္ဒီ့ကိုလည္း ခ်စ္တယ္.. ဒီလိုေတြျဖစ္ခဲ့ေပမဲ့ မမုန္းဘဲခ်စ္တယ္.. မီးမီးကခ်စ္သေလာက္ ဟင့္.. ဒယ္ဒီနဲ႕ ပါးပါးက ဟင့္!. မခ်စ္ဘူးးး "
" မဟုတ္ဘူး ! သမီးကို အရမ္းခ်စ္တာ..ပါးပါးအသက္နဲ႕ထပ္တူခ်စ္တာလို႔.. ဒယ္ဒီကလည္း သမီးကိုခ်စ္ပါတယ္ ျပန္လိုက္ခဲ့ပါေနာ္ သမီး "
လက္ဖဝါးေလးကို က်စ္က်စ္ပါေအာင္ျပန္ဆုပ္ၿပီးေျပာေတာ့ မ်က္ရည္ေတြနဲ႕ ေခါင္းခါျပေနတဲ့ သမီး..
" မ..မရေတာ့ဘူး.. မီးမီးလိုက္လို႔မရေတာ့ဘူး.. ပါးပါးျပန္ပါေတာ့! ပါးပါးအခုျပန္မွျဖစ္မယ္.. သူတို႔ သမီးကို ေခၚေနၿပီ! "
" ဟင့္အင္!.. မျပန္ဘူး!. သမီးကိုထားၿပီး ပါးပါး မျပန္ဘူး! မျပန္ဘူးလို႔!.. ပါးပါးေတာင္းပန္ပါတယ္ ပါးပါးနဲ႕ျပန္လိုက္ခဲ့ပါ..ဟင့္!! "
ေဂ်ာင္ဂု သမီးရဲ႕ ကိုယ္လုံးေလးကို ရင္ခြင္ထဲထည့္ၿပီး ျပန္လိုက္ဖို႔ေျပာေနမိသည္။ရင္ခြင္ထဲက သမီးကလည္း ရွိုက္သံေလးေတြထြက္တဲ့အထိငိုေန၏။သမီးေလးရဲ႕ကိုယ္လုံးက ေအးစက္လာသည္။
" မီးမီး! မီးမီး တို႔ခြဲဖို႔အခ်ိန္ေရာက္ၿပီ... "
သမီးက ရင္ခြင္ထဲကေန႐ုန္းကာ ေျပာေတာ့ ေဂ်ာင္ဂုအတင္းျပန္ၿပီးဖက္ထားလိုက္၏။သူမလႊတ္ဘူး! သူလႊတ္ရင္ သမီးေလးထြက္သြားမွာ!
" မရဘူး! သမီးကိုထားၿပီး မသြားဖူး!! "
" မီးမီးက ျပန္လိုက္လို႔မရဘူး ပါးပါး..မီးမီးတို႔က တစ္လမ္းစီျဖစ္သြားၿပီ.. မီးမီးသြားေတာ့မယ္ ! ခ်စ္တယ္ ပါးပါးးး "
ရင္ခြက္ထဲကေန အေငြ႕ေလးေတြအျဖစ္ေပ်ာက္ကြယ္သြားတဲ့သမီးငယ္ကို ေဂ်ာင္ဂု အတင္းလိုက္ဖမ္းထားလည္းမရ.. ေနာက္ဆုံးေတာ့ အေငြ႕အျဖစ္ေျပာင္းလဲသြားၿပီး ေပ်ာက္ကြယ္သြားသည္။
" သမီး! သမီး!! ျပန္လာခဲ့ပါ.. ပါးပါးတို႔ဆီျပန္လာခဲ့ပါ! ဟင့္.. ျပန္လာခဲ့ပါ.. ဟင့္ ! "
ေဂ်ာင္ဂု ေျမႀကီးေပါက္ဒူးေထာက္ၿပီး နာနာက်င္က်င္ငိုေႂကြးေနမိ၏။တေျဖးေျဖး ေဂ်ာင္ဂုရဲ႕ အၾကည့္ေတြက ခက္ထန္လာၿပီး မ်က္လုံးေတြကနီရဲလာသည္။
" ေတာက္စ္! ငါနဲ႕ ငါ့သမီးကို ခြဲတဲ့သူကို တစ္သက္မေၾကဘူး! မုန္းတယ္!! မုန္းတယ္.. ေနာက္ဆုံးအခ်ိန္ထိမုန္းတယ္!.. ဘဝဆက္တိုင္းမုန္းေနမယ္!! "
မည္သူမွန္းမသိေပမဲ့ ကိုယ့္ရင္ေသြးကို ထိခိုက္ေစတဲ့သူကို သူေသတဲ့အထိမုန္း၏!!
~
~
{ ရွင္းလင္းခ်က္ - Miscarriage ဆိုတာ ဘာပေရာဂမွမပါဘဲ မိခင္ရဲ႕ သားအိမ္ကအားနည္းျခင္း၊သႏၶေသားေကာင္းစြာမႀကီးထြားျခင္း ၊ သားအိမ္ေခါင္းမလုံျခင္းတို႔ေၾကာင့္ ကိုယ္ဝန္ကို ထိန္းသိမ္းထားနိုင္စြမ္းမရွိဘဲ အလိုအေလ်ာက္ကိုယ္ဝန္ပ်က္က်ျခင္းကိုေျပာတာပါ...
Abortion ဆိုတာ ေခတ္မွီနည္းပညာေတြ ၊ ေဆးဝါးေတြ ၊ တိုင္းရင္းေဆးနဲ႕ ေဆးအပူေတြကို မိန္းမကိုယ္ကေနတဆင့္ သားအိမ္ထဲထည့္ျခင္း ၊ ေသာက္သုံးျခင္းတို႔ကို ရည္႐ြယ္ခ်က္ရွိရွိသုံးၿပီး ကိုယ္ဝန္ဖ်က္ခ်ျခင္းကိုေျပာတာပါ..}
ပ်က္က်တာနဲ႕ ဖ်က္ခ်တာက မတူပါဘူးေနာ္ Google မွာ အေသးစိတ္ရွာၾကည့္လို႔ရပါတယ္...
ထယ္ေယာင္းက ကိုယ္ဝန္ရွိမွန္းမသိဘဲ တားေဆးကိုတိုက္လိုက္ေတာ့ ကေလးကို ထိခိုက္ၿပီး ပ်က္က်သြားတာပါ.. တားေဆးေတြက ကိုယ္ဝန္သည္ေတြအတြက္ေတာ့ ကေလးပ်က္က်ေစနိုင္ၿပီး သားအိမ္ကိုျပင္းျပင္းထန္ထန္ထိခိုက္နိုင္ပါတယ္..
ၿပီးေတာ့ သဲၾကားဖူးတာက ကေလးေမြးတာနဲ႕ ကေလးပ်က္က်တာဆိုရင္ ကေလးပ်က္က်တာက ပိုၿပီးနာက်င္ရပါတယ္တဲ့ အသက္ႏၱရာယ္ေတာင္ထိခိုက္နိုင္ပါတယ္..
~
~
~
Good night ပါသဲငယ္ေလးတို႔😘💜💜💜💜💜💜💜
Thanks for votes, feedback and comment.
I Love my readers forever ❤️
I PURPLE YOUR 💜