Empress with No Virtue
Chapter 16
Translator – Utopia
စက်တင်ဘာလ ၁၉ရက်နေ့ ရာသီဥတု သာယာတဲ့ နေ့တစ်နေ့ပဲ ဖြစ်တယ်။
မနက်ခင်း မိုးသောက်ချိန်မှာ ဧကရာဇ်နဲ့ မှူးမတ်တွေ ပေယန်ကို စထွက်ခွာကြတယ်။ မြို့တော်မှာနေတဲ့ ပြည်သူတွေကတော့ အထူးတဆန်း ကြည့်စရာတစ်ခု ရသွားတယ်။ ယဲ့ကျန်းကျန်း၊ ရှန်ကိုယ်လုပ်တော်၊ ရှီးဖေး၊ ဝမ်ကျဲယွီ၊ ဝမ်ကျောင်းရိတို့လည်း လိုက်ပါလာကြတယ်။ ယဲ့ကျန်းကျန်းကလွဲရင် ကျန်တဲ့ မိန်းကလေးတွေ အကုန်လုံးက မြင်းပဲ စီးတတ်ကြတယ်။ လေးကြိုးတောင် ဆွဲနိုင်ကြတာ မဟုတ်ဘူး။ သူတို့က ဒီအတိုင်း ပွဲကို ကြည့်ဖို့သက်သက်ပဲ ဖြစ်တယ်။
ဧကရာဇ်ရဲ့ ဇနီး ကြီးကြီး ငယ်ငယ် အကုန်လုံး ရထားလုံး ကိုယ်စီ ရှိကြတယ်။ အဲ့အထဲကမှ အကြီးဆုံးနဲ့ အခမ်းနားဆုံး ရထားလုံးကတော့ ယဲ့ကျန်းကျန်းရဲ့ ရထားလုံးပဲ ဖြစ်တယ်။ ယဲ့ကျန်းကျန်း လိုက်ကာကို မ လိုက်တယ်။ စိတ်ထဲ သာမန်ပြည်သူတွေ နိစ္စဓူဝ ဘယ်လိုနေထိုင်ကြလဲဆိုတာ မြင်ရတော့မယ်လို့ တွေးလိုက်ပေမဲ့ တကယ်တမ်းကျ သူတို့ကို ဦးညွှတ်ပြီး အလေးပြုနေကြတဲ့ ဆံပင်နက်နက်နဲ့ ခေါင်းတွေကိုသာ မြင်ရတယ်။
လုလီ မြင်းစီးပြီး ဖြတ်သွားရင်း အနောက်ကို လှည့်ကြည့်လိုက်တဲ့အခါ သူ့မျက်လုံးနဲ့ ယဲ့ကျန်းကျန်းမျက်လုံး အကြည့်ချင်းဆုံသွားတယ်။ သူ မြန်မြန်ပဲ တခြားကို အကြည့်လွှဲလိုက်တယ်။ သူ့မျက်နှာကို ဘေးတိုက်သာ မြင်ရတော့တယ်။ လုလီက သူမကို ခပ်ရေးရေး ပြုံးပြလိုက်ပြီး ထွက်ခွာသွားတယ်။
ထွက်သွားတဲ့ သူ့ကို ကြည့်ရင်း ယဲ့ကျန်းကျန်း စိတ်ထဲ မကောင်းဖြစ်သွားတယ်။ သူမက အခုဆို ဧကရီမိဖုရားခေါင် ဖြစ်နေပြီ။ သူက သူမရဲ့ ငယ်သားပဲ။ သူတို့နှစ်ယောက်ကြား အများဆုံး ရင်းရင်းနှီးနှီး ဆက်ဆံနိုင်တဲ့ အတိုင်းအတာဆိုလို့ အဝေးကနေ ပြုံးပြရုံသာ ရှိတယ်။ ဒါတောင် တော်တော် လွန်နေပြီလို့ ပြောလို့ရတယ်။ အရင်ကဆို သူတို့နှစ်ယောက်က စာသင်လည်း အတူတူ၊ သိုင်းလေ့ကျင့်တဲ့အခါမှာလည်း အတူတူ ရှိခဲ့ကြတယ်။ အခုတော့ အရင်လို ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။
ခရီးမှာ လိုက်ပါလာတဲ့ အခြွေအရံတွေထဲ အခုထိ ငါ မအိုသေးတာကို ပြချင်တဲ့အတွက် ရထားလုံး မစီးဘဲ မြင်းတက်ခွနေကြတဲ့ အမတ်အိုကြီးတွေလည်း ပါနေတာကြောင့်မလို့ ခရီးက မြန်မြန် မသွားနိုင်ဘဲ ပေယန်ကို နေ့လယ်ကျမှ ရောက်တော့တယ်။
အဲ့မှာ ကြိုစီစဉ်ထားတဲ့ ပွဲအခမ်းအနားက ရှိနေတယ်။ အရှင်မင်းကြီး အမိန့်ပေးထားတဲ့အတိုင်း ဟင်းပွဲတွေကို တစ်ပွဲပြီး တစ်ပွဲ ထုတ်လာပြတယ်။ အရှင်မင်းကြီးနဲ့ မှူးမတ်တွေ အမဲလိုက်မထွက်ခင် အရင်ဆုံး နေ့လယ်စာ သုံးဆောင်ဖို့ လိုအပ်တယ်။ ယဲ့ရှိုးမင်က ရာထူးအကြီးဆုံး အမတ်ဆိုတော့ သူက အမတ်တွေရဲ့ ထိပ်ဆုံးမှာ ထိုင်ရတယ်။ ဒီလိုဆိုတော့ ယဲ့ကျန်းကျန်းအနေနဲ့ သူမအဖိုးကို ကောင်းကောင်း မြင်နိုင်ပြီ ဖြစ်တယ်။ လူအုပ်ကြီးထဲ လိုက်ရှာကြည့်ရင်း သူမရဲ့အဖေကိုတော့ တွေ့ရပေမဲ့ အစ်ကိုတွေကိုတော့ ဘယ်ရောက်နေလဲ ရှာလို့ မတွေ့ဘူးဖြစ်နေတယ်။
လှမ်းကြည့်ရုံလေးပဲ ဆိုပေမဲ့ သူမအနေနဲ့ အတော်လေး ပျော်ရွှင်နေမိတယ်။ သူမ ကျီဝူကျိုးနောက်ကို လိုက်လာခဲ့တာက အမဲလိုက်ဖို့ မဟုတ်ဘဲ သူမရဲ့မိသားစုတွေကို တွေ့ချင်လို့ပဲ ဖြစ်တယ်။ နန်းတော်ထဲကို ဝင်ခဲ့တဲ့အချိန်ကစလို့ သူမ မိသားစုကို ဘယ်လောက်တောင် လွမ်းရလဲ သူမမိသားစုက သူမကို ဘယ်လောက်ချစ်ကြလဲဆိုတာ သဘောပေါက်လာတယ်။ အမေနဲ့ အဖွားကို ထပ်တွေ့ခွင့်ရပါတော့မလား မသေချာဘူး။
အစားအသောက်တွေ စားရင်း အတော်လေး သောက်ပြုပြီးသွားတဲ့အချိန်မှာတော့ အမဲလိုက်ပွဲ စတင်ပြီဖြစ်တယ်။ ကျီဝူကျိုးကတော့ အမဲလိုက်တဲ့ အုပ်စုထဲ ဝင်မပူးပေါင်းသေးဘဲ စင်ပေါ်ကနေ မြင်းတွေကိုယ်စီနဲ့ လူငယ်တစ်စုကို လှမ်းကြည့်နေတယ်။ သူတို့အားလုံးက မှူးမတ်တွေရဲ့ သားတွေ ဖြစ်ကြပြီး သူတို့မိသားစုတွေရဲ့ အနာဂတ်ပဲ ဖြစ်တယ်။ ဒီလိုပွဲမျိုးတွေမှာ တစ်ယောက်ကို တစ်ယောက် အနိုင်ယူဖို့ ယှဉ်ပြိုင်နေကြတယ်။
စစ်သားအချို့က ခရာကို မှုတ်ပြီး အမဲလိုက်ပွဲကို စတင်လိုက်တယ်။ မြင်းတွေက တောထဲကို ဦးတည်ဝင်သွားကြပြီး ဖုန်တလုံးလုံးသာ ချန်ရစ်ခဲ့တယ်။ ရှန်ကိုယ်လုပ်တော်နဲ့တကွ ကျန်တဲ့သူတွေ အကုန်လုံး ထိတ်လန့်သွားကြတယ်။ နူးညံ့တဲ့ မိန်းကလေးတွေအနေနဲ့ သူတို့တွေ ဒီလိုပွဲမျိုးကို အရင်က တစ်ခါမှ မမြင်ဖူးကြချေ။
ကျီဝူကျိုးက ရှန်ကိုယ်လုပ်တော်ကို စင်ပေါ်ကနေ အောက်ကို ချီလာပေးတယ်။ ဖုန့်ရိုးတျယ်က မြင်းနှစ်ကောင်ကို ကြိုပြင်ပေးထားပြီး သူတို့နှစ်ယောက်ကို စောင့်ဆိုင်းနေတယ်။ အနီရောင် သန်သန်မာမာ မြင်းက ကျီဝူကျိုးအတွက်ဖြစ်ပြီး အဖြူရောင်မြင်းကတော့ ရှန်ကိုယ်လုပ်တော်အတွက် ဖြစ်တယ်။ သူမက ကောင်းကင်ပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားတော့ မြင်းပေါ်မှာ တွဲတွေ့ရတဲ့အခါ နတ်သမီးတစ်ပါးလိုပဲ သူမက လှပနေတယ်။
ကျီဝူကျိုး သူမ အလှကို ကြည့်ရင်း တခဏလောက် ငေးမောသွားတယ်။ ယောင်္ကျားလေးတွေကတော့ .... ဘယ်တော့မှ ဒီမိန်းကလေးကို လှလွန်းနေတယ်ဆိုပြီး တွေးမှာ မဟုတ်ပေ။
သူ လှမ်းကြည့်နေတာကြောင့် ရှန်ကိုယ်လုပ်တော်လည်း ရှက်လာပြီး
“ အရှင်မင်းကြီး ဘာလို့ မြင်းမစီးသေးတာလဲ ”
ကျီဝူကျိုး လွှားကနဲ မြင်းကို တက်စီးလိုက်တယ်။ သူတို့နှစ်ယောက်မှာ တစ်ယောက်က မြင်းအနီရောင် တစ်ယောက်က မြင်းအဖြူရောင်နဲ့ နှစ်ယောက်ကို အတူတွဲတွေ့ရတဲ့အခါ တကယ်ကို မျက်စိပသာဒ ဖြစ်တယ်။
ယဲ့ကျန်းကျန်းလည်း သူတို့ကို လှမ်းကြည့်နေမိတယ်။ တိတိကျကျ ပြောရရင် သူမခေါင်းပေါ်က ပန်းကို လှမ်းကြည့်နေတာ။ မြင်းစီးရမှာဆိုတော့ ရှန်ကိုယ်လုပ်တော်က ရိုးရိုးရှင်းရှင်း ဆံပင်စုထုံးတဲ့ အဆင်တန်ဆာကိုပဲ သုံးထားပြီး အဆုံးနားမှာ အဝါရောင် ပန်းပွင့်လေးကို ပန်ထားတယ်။ အဲ့ဒီပန်းကို “ လင်းလင်ရှန်း ” ဒါမှမဟုတ် “ ရှင်းထို့ရှန်း ” လို့ ခေါ်တယ်။ အဲ့တာကို ခေါင်းမှာ ပန်ထားတဲ့အခါ ချွေးနံ့တွေကို ဖယ်ရှားပေးနိုင်တယ်။ ဆိုတော့ ဒီလိုပွဲမျိုးနဲ့ အလိုက်ဖက်ဆုံးပဲ။ ဒါ့အပြင် လိုလိုမယ်မယ် ကျီဝူကျိုး မြင်းစီးရတာ ပင်ပန်းတဲ့အခါ သူမနဲ့ ကိုယ်လက်နှီးနှောချင်တယ်ဆိုရင်လည်းပေါ့ ...
ရှန်ကိုယ်လုပ်တော်က တကယ်ကို ထောင့်စေ့အောင် တွေးတတ်တယ်ဆိုတာတော့ လက်ခံရမှာပဲ။
ဒါပေမဲ့ သူ တစ်ချက် လွတ်သွားတာက ဝါဝါတောက်တောက် ဝတ်ထားတဲ့ ကျီဝူကျိုးဘေးမှာ ပျားတူ တစ်ကောင် ရှိနေတယ်။
ဒါ့ကြောင်မို့လည်း သူမ ရှန်ကိုယ်လုပ်ရဲ့ခေါင်းကို လှမ်းကြည့်နေတာ။ ဒီပန်းက မူးယစ်နေတဲ့ ပျားတူကို ဆွဲဆောင်နေသလို ဖြစ်နေပြီး သူမခေါင်းတစ်ဝိုက်မှာ တဝီဝီ ဝဲပျံနေရင်း ပန်းရှေ့တည့်တည့် ပျံဖို့ လုပ်နေတယ်။
တကယ်လို့ ပျားတူအစား လိပ်ပြာတစ်ကောင်သာဆိုရင် ဒီမြင်ကွင်းက သိပ်ကို လှပသွားမှာ။
ရှန်ကိုယ်လုပ်တော်တစ်ယောက် တစ်ခုခု တဝီဝီ လုပ်နေတဲ့အသံကြားလို့ လှည့်ကြည့်လိုက်တဲ့အခါ — အမလေး !
သူမရဲ့ သဘာဝအတိုင်း ကျက်သရေရှိတဲ့ နတ်သမီးလေးက အော်ဟစ်လိုက်ရင်း သူမလက်တွေက ဘေးကို ယမ်းရင်း ပုတ်ခါနေတယ်။ ကျီဝူကျိုးလည်း သူမ လုပ်တာကို ကြည့်ပြီး အံ့အားသင့်သွားတယ်။ လန့်ဖြန့်နေတဲ့ ရှန်ကိုယ်လုပ်တော်ကို စိတ်ငြိမ်အောင် လုပ်ရင်း ဘာလို့ သူမ ရုတ်တရက်ကြီး ထဖြစ်ရတာလဲဆိုတာကို တွေးနေမိတယ်။ ဘာတွေဖြစ်လို့ဖြစ်နေမှန်း သူ မသိသေးဘူး။
ရုတ်တရက် လျင်မြန်တဲ့ အရာတစ်ခုက ရွှတ်ခနဲ ရှန်ကိုယ်လုပ်တော်ဆီ တည့်တည့်ရောက်လာတယ်။ ကျီဝူကျိုးက သူမနားကနေ တော်တော် လှမ်းနေတာဆိုတော့ သူမကို မတားလိုက်နိုင်ဘူး။ သူ သေချာကြည့်နိုင်တဲ့အခါကျ ရှန်ကိုယ်လုပ်တော်က လန့်လွန်းလို့ ကြက်သေသေနေပြီ။
သူမ ဆံပင်တွေကလည်း ရှုပ်ပွနေပြီး အဝါရောင်ပန်းလေးကလည်း ဘယ်ရောက်သွားလဲ မသိတော့ဘူး။ ခေါင်းပေါ်မှာ ဆံပင်စုထုံးတဲ့ အဆင်တန်ဆာ တစ်ခုပဲ ရှိတော့တယ်။ အဲ့ဒီအပေါ်မှာ မြှားတစ်ချောင်းရှိနေပြီး အဲ့မြှားက ဆံပင်စုထုံးတဲ့ အဆင်တန်ဆာကို ဖြတ်ဝင်သွားပြီး ပျားတူကို သွားစိုက်နေတယ်။ ပျားတူကောင်ကတော့ ဆူးတံနဲ့ ကင်ဖို့ အသီခံထားရသလို ဆိုးဆိုးရွားရွား သေနေပြီ။
ရှန်ကိုယ်လုပ်တော်ကတော့ မျက်ရည်တွေ ဝဲပြီး ငိုတော့မတတ် မျက်နှာလေးနဲ့ ကျီဝူကျိုးကို လှမ်းကြည့်နေရုံပဲ တတ်နိုင်တယ်။
ယဲ့ကျန်းကျန်းက ခပ်အေးအေးပဲ သူမမြင်းကို စီးပြီး ဖြတ်လျှောက်ရင်း
“ ကျေးဇူးတင်စရာ မလိုပါဘူး ”
ယဲ့ကျန်းကျန်းက အနီရောင်ဝတ်စုံနဲ့ မြင်းဖြူကို စီးထားတယ်။ ဟုတ်တာပေါ့ သူမရဲ့ မြင်းက ရှန်ကိုယ်လုပ်တော်ရဲ့ မြင်းထက် ကြီးတယ်။
အဲ့အခါကျမှ ရှန်ကိုယ်လုပ်တော်လည်း သတိပြန်ကပ်တော့တယ်။
“ ကျေးဇူးတင်ပါတယ် ... မယ်မယ် ”
ကျီဝူကျိုး ယဲ့ကျန်းကျန်းကို ကြည့်လိုက်ပြီး
“ မင်း မြှားပုန်းကို ဖွက်သယ်လာတာလား ”
“ ဟား ... ဟား ... အဲ့ဒါက ... ”
ဝင်ကူညီပေးမိတဲ့အတွက် ယဲ့ကျန်းကျန်း နောင်တရနေမိပြီး။ မြှားပုန်းက လက်နက်ပုန်းတစ်မျိုးပဲ။ ကိုယ်ရံတော်တွေက လွဲလို့ ဧကရာဇ်နဲ့ တစ်နေရာထဲမှာ အတူရှိတဲ့သူတွေကို သယ်ခွင့်မပြုထားဘူး။ မဟုတ်ရင် အဲ့လူက ပုန်ကန်ဖို့ ကြံရွယ်နေတယ်ဆိုပြီး သတ်မှတ်ခံရလိမ့်မယ်။ အရှင်မင်းကြီးရဲ့ အသက် လုံခြုံရေးကသာ အရေးအကြီးဆုံးလို့ ဘယ်သူ လုပ်ထားတာလဲ။
ကျီဝူကျိုးရဲ့ အကြည့်အောက်မှာပဲ ယဲ့ကျန်းကျန်း မလုပ်ချင် လုပ်ချင်နဲ့ မြှားကို မြေပြင်ပေါ် ပစ်ချလိုက်ရတယ်။
ဒါတောင် ဒေါသက ထွက်ရဲသေးတယ်ပေါ့ ! ကျီဝူကျိုး နှုတ်ခမ်းဖျားက ကော့တက်သွားတယ်။
ယဲ့ကျန်းကျန်းက မြင်းဇက်ကို ဆွဲကာ တောထဲကို ဝင်သွားတယ်။ သူမနောက်ကနေ စစ်သားအချို့လည်း လိုက်ပါသွားပြီး အလျင်အမြန်ပဲ ကျီဝူကျိုး မျက်စိရှေ့ကနေ ပျောက်ကွယ်သွားကြတယ်။
ကျီဝူကျိုးရဲ့ အကြည့်က ရှန်းကိုယ်လုပ်တော်ဆီ ပြန်ရောက်တယ်။ သူ့မျက်နှာထက်မှာ စိတ်မရှည်တဲ့ အမူအရာက ရှိနေတယ်။ ယောင်္ကျားလေးတွေအနေနဲ့ ပုံမှန်ဆို မိန်းကလေးတွေနဲ့ ချစ်ကြည်နူးချင်ကြပေမဲ့ အချိန်အခါဆိုတာကလည်း ရှိသေးတယ်လေ။ အခု သူ မြင်းစီးပြီး အမဲလိုက် ထွက်မလို့လေ။ ယောက်ျားလေးတွေ လုပ်တဲ့ ကျားကျားယားယား အလုပ်ကို လုပ်မလို့။ မိန်းကလေးတွေနားမှာပဲ ဖက်တွယ်ပြီး ပျော်ပါးနေဖို့ မဟုတ်ဘူး။
ရှန်ကိုယ်လုပ်တော်ကလည်း အလိုက်တသိနဲ့
“ အရှင်မင်းကြီး ကျွန်တော်မျိုးမ အစောနက ထိတ်လန့်သွားတော့ နေလို့ သိပ်မကောင်းဘူး ဖြစ်နေတာမို့ ပြန်နားချင်ပါတယ်။ အဲ့တာကြောင့်မို့ ကျွန်တော်မျိုးမ အရှင်မင်းကြီးကို အဖော်ပြုပေးနိုင်တော့မယ် မထင်ဘူး”
ကျီဝူကျိုးက ခေါင်းငြိမ့်လိုက်ပြီး
“ ကောင်းပြီလေ မင်း အရင်ပြန်နှင့်လိုက်။ ဖုန့်ရိုးတျန် တော်ဝင်သမားတော်ကို ခေါ်ပြီး ရှန်ကိုယ်လုပ်တော်ကို ဂရုစိုက်ခိုင်းလိုက် ”
အဲ့ဒီနောက်မှာတော့ အမဲလိုက်ဖို့ ထွက်သွားတော့တယ်။
ရှန်ကိုယ်လုပ်တော်ကတော့ သူ ထွက်သွားတာကို လှမ်းကြည့်နေတယ်။ မြင်တော့ မမြင်နိုင်ပေမဲ့ သူမ မျက်နှာက စိတ်ပျက်သွားတဲ့ ပုံပဲ။
ပေယန်ရဲ့ အမဲလိုက်နယ်မြေက တောအုပ်တစ်ခုတင် မကဘူး။ သစ်သားတွေကို သုံးပြီး လမ်းကြောင်းအမျိုးမျိုး ခွဲထားတဲ့ ကြီးမားတဲ့ ဧရိယာကြီးတစ်ခု ဖြစ်တယ်။ အမဲလိုက်ကွင်းက သိပ်ကြီးမားတဲ့အတွက် တောအုပ်ထဲကို ဝင်လာတဲ့ အမဲလိုက်သမားတွေ အကုန်လုံး လမ်းကြောင်းကွဲသွားပြီး သားကောင် တစ်ကောင်တည်းကို နှစ်ယောက်အတူတူ အမဲလိုက်နေမိတဲ့ကိစ္စမျိုးကို ရှောင်ရှားနိုင်မှာပဲ ဖြစ်တယ်။
ဒါ့အပြင် တိရိစ္ဆာန်တွေကလည်း ယုန်တွေ သမင်တွေဆိုတော့ ဖမ်းရလွယ်တယ်။ လူတွေက မွေးထားတဲ့အကောင်တွေဆိုတော့ တုံးအ ကြပြီး လူတွေ့လို့တောင် ပြေးရကောင်းမှန်း မသိဘူး။ အဲ့အတိုင်းပဲ နေရာမှာ ရပ်နေကြတယ်။
ဒါပေမဲ့ တောင်တွေနားမှာတော့ ဝံပုလွေတို့ ခွေးရိုင်းတို့လို့ နည်းနည်းပို ရိုင်းတဲ့ တိရိစ္ဆာန်တွေ ရှိတယ်။ ယုန်တွေ အများကြီး ဖမ်းမိတာထက်စာရင် ဝံပုလွေ ဖမ်းမိတာကမှ ပိုကောင်းသေးတယ်လို့ တွေးကြတဲ့ တချို့ သတ္တိကောင်းတဲ့သူတွေကတော့ တောင်အနားကို တိုးပြီး အမဲလိုက်ကြတယ်။
ယဲ့ကျန်းကျန်းလည်း တောင်နားကို ရောက်လာတယ်။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိနဲ့တော့ မဟုတ်ဘူး။ သူမ လမ်းပျောက်သွားတာ။
သူမ စီးလာတဲ့ မြင်းက ဧကရီမိဖုရားခေါင်တစ်ပါးနဲ့ လိုက်ဖက်အောင်ကို အတော်ကောင်းတယ် ပြောရမယ်။ ယဲ့ကျန်းကျန်း မြင်းမစီးရတာလည်း ကြာပြီဆိုတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ စီးလာလိုက်တာ ကိုယ်ရံတော်တွေနဲ့ လူကွဲသွားတယ်။
မြက်ခင်းလွင်ပြင် နှစ်ခုနဲ့ တောအုပ်လမ်း သုံးခုကို ဖြတ်ပြီးသွားတဲ့အချိန်မှာတော့ သစ်ပင်တွေက ပိုထူထပ်လာပြီး လူတွေ စိုက်ထားတာနဲ့ မတူတော့ဘူး။ အုပ်မှိုင်းနေတဲ့ တောအုပ်က နေရောင် မဝင်နိုင်အောင် ကာဆီးထားပြီး ယဲ့ကျန်းကျန်း နည်းနည်း ချမ်းစိမ့်စိမ့် ဖြစ်လာတယ်။
သူမ ဟိုဟို ဒီဒီ ပတ်ကြည့်ပေးမယ့် ဘာတိရိစ္ဆာန်မှ မတွေ့ရဘူး။ သစ်ပင်ပေါ်မှာတောင် ငှက်တစ်ကောင်မှ မရှိဘူး။ ပတ်ဝန်းကျင်က လေထုက လှုပ်ရှားနေပုံပေါ်ပြီး သိမ်မွေ့တဲ့ မြင်းက စပြီး ရှူးရှူးရှားရှား ဖြစ်လာတယ်။
ယဲ့ကျန်းကျန်း ဇက်ကြိုးကိုဆွဲကာ မြင်းကို ငြိမ်အောင် လုပ်လိုက်တယ်။ သူ သိပ်တော့ လှုပ်လှုပ်ယမ်းယမ်း မလုပ်တော့ဘူး။ ဟိုဟိုဒီဒီ လှည့်ကြည့်လိုက်တဲ့အချိန် အဝါရောင် ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်။
“ အာ ဝူး ......! ”
ခပ်လေးလေးဆိုပေမဲ့ ကြောက်စရာကောင်းတဲ့ ဟိန်းသံတစ်ခုက ထွက်ပေါ်လာတယ်။ မသိရင် မြေကြီးတွေပါ တုန်လာသလိုပဲ။ အဲ့ကျမှ ဘာလို့ ဒီမှာ တိရိစ္ဆာန်တွေ မရှိရတာလဲ ယဲ့ကျန်းကျန်း သဘောပေါက်သွားတယ်။ အဲ့အသံက တိရိစ္ဆာန်တွေကို ထွက်ပြေးအောင် လုပ်လိုက်တာကိုး
ဒါက ကျားရဲ့ ပိုင်နက်ပဲ !
သူမအောက်က မြင်းက လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး စပြေးဖို့ လုပ်တော့တယ်။ ဒီလိုမြင်းမျိုးက စီးတဲ့သူကို ပြုတ်ကျပြီး သေစေနိုင်တယ်။ ယဲ့ကျန်းကျန်းလည်း များများစားစား တွေးနေဖို့ အချိန် မရှိဘဲ သူမရဲ့ ကျာပွတ်ကို သုံးကာ သစ်ကိုင်းတစ်ခုကို ပတ်လိုက်ပြီး မြင်းပေါ်က ခုန်ဆင်းလိုက်တယ်။
ပြေးထွက်သွားတဲ့ မြင်းက ကျားကို သွားသတိပေးသလို ဖြစ်ပြီး ကျားက သူမကို ခပ်မြန်မြန်ပဲ ရှာတွေ့သွားတယ်။
ယဲ့ကျန်းကျန်း : “…..”
မြင်းပေါ်ကနေ နည်းနည်း နောက်ကျပြီးမှ ဆင်းလိုက်ရမှာ။ အခုက သူမ သေချာ မစဉ်းစားမိဘဲ လုပ်တာ မြန်သွားတယ်။
ကျားနဲ့ အကြည့်ချင်း ဖလှယ်ရတာက တကယ်ကို စိတ်ဖိစီးစေတယ်။ သူမလက်တွေက ချွေးစေးတွေ ထွက်နေပြီ။ အသက်ပြင်းပြင်း ရှူလိုက်ရင်း သူမကိုယ်သူမ စိတ်ငြိမ်အောင် လုပ်လိုက်တယ်။ သူမ ခန္ဓာကိုယ်မှာ ရှိတဲ့ လက်နက်တွေကို စိတ်ထဲက ရေကြည့်လိုက်တယ်။ လေးနဲ့မြှား၊ ဓား၊ ကျာပွတ်၊ သေနတ် ဒါတွေနဲ့ဆို သူမ ပို အခွင့်အရေးရှိလောက်မလား ??
အမှန်အတိုင်း ပြောရရင် ယဲ့ကျန်းကျန်း အမဲလိုက်ထွက်ရတာကို ပျော်တယ်ဆိုပေမဲ့ သူမ ဖမ်းဖူးတာဆိုလို့ အစောနက ရှန်ကိုယ်လုပ်တော်ခေါင်းက ပျားတူကောင်ပဲ ရှိတယ်။ ဒါ့ကြောင့်မို့ တောဘုရင်ဖြစ်တဲ့ ကျားလို ကောင်မျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ သူမ ဘယ်လောက် သတ္တိရှိတယ်ပြောပြော ကြောက်လာမိတယ်။
ငါ ... ပြေးရင်ကော ??
ကျားထက် မြန်အောင် ပြေးနိုင်လို့လား ....
..... သစ်ပင်ပေါ် ပြေးတက်ရင်ကော ??
ကျားကပါ သစ်ပင်ပေါ် လိုက်တက်လာပြီး သူမဖင်ကို ကိုက်သွားရင် ဘယ်လိုလုပ်မလဲ ....
ခဏလောက် တွေးပြီးတဲ့ နောက်မှာတော့ ယဲ့ကျန်းကျန်း အမဲလိုက်သမား လုပ်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ အရင်ဆုံး သေနတ်ကို ထုတ်လိုက်ပြီး သူမ ခြေထောက်တွေကိုလည်း အသင့်အနေအထားမှာ ထားလိုက်တယ်။ ထို့နောက် မြှားကို ထုတ်ပြီး ရွယ်လိုက်တယ် —
အရှေ့နန်းတော်မှာ သူမ လေ့ကျင့်တုန်းက သိပ်တော်နေတယ်ပေမဲ့ အဲ့တာက ပစ်မှတ်အသေလေ။ ကုန်းကုန်းလေးတွေက ကြောက်လွန်းလို့ သေးထွက်ကျရင်တောင်မှ လှုပ်ဝံ့မှာ မဟုတ်ချေ။ ဒါပေမဲ့ အခုကတော့ အခြေအနေချင်း မတူတော့ဘူး။ သူမရဲ့ ပြိုင်ဘက်က ကျားတစ်ကောင်ပဲ။ တစ်နေရာထဲမှာပဲ ရပ်နေပြီး မြှားဝင်လာမှာကို စောင့်နေမှာ မဟုတ်တဲ့ အရှောင်အတိမ်း ကောင်းတဲ့ ကျားတစ်ကောင် ဖြစ်တယ်။
မြှားက လွဲသွားတယ်။ သူမရဲ့ မြှားပစ်စွမ်းရည်က ဆိုးတာ မဟုတ်ဘူး။ ကျားကိုက ကံကောင်းလွန်းနေတာ။
နောက်တစ်ခါ ဟိန်းလိုက်ပြီး ယဲ့ကျန်းကျန်းဆီကို ပြေးဝင်လာတယ်။
အဲ့တာက တဖြေးဖြေး နီးသထက် နီးလာတယ်။ မြားကို ဆက်သုံးလို့ မရတော့ဘူး။ ယဲ့ကျန်းကျန်း လွှင့်ပစ်လိုက်ပြီး သေနတ်ကို ယူကာ ကျားကို ချိန်ပြီး ပစ်လိုက်တယ်။
ဒီတစ်ခါလည်း ကျားက ရှောင်လိုက်နိုင်ပေမဲ့ အပြည့်အဝတော့ မဟုတ်ဘူး။ ရှေ့ခြေထောက်ကို သေနတ်ထိသွားတယ်။
ဒါပေမဲ့လည်း အပစ်ခံထားရတာတောင်မှ ကျားက ယဲ့ကျန်းကျန်းနောက်ကို လိုက်နေတုန်းပဲ။ သူ့ဒဏ်ရာကိုတောင် တစ်ချက် မလျက်ဘူး။ သေနတ်ကို ချိန်တာ ကောင်းပေမယ်လည်း ကျားကို တစ်ချက်တည်း အသေ ပပစ်နိုင်လောက်အောင်ထိတော့ ပစ်ခတ်အားက မကောင်းဘူး။
ယဲ့ကျန်းကျန်း သေနတ်ကို ပြန်ဖြည့်ချင်ပေမဲ့ ကျားက သူမကို အဲ့လိုလုပ်ချိန်မပေးဘဲ ဆွဲလှဲချလိုက်တယ်။
သူမ အလျင်အမြန်ပဲ ဘေးဘက်ကို လှိမ့်ချလိုက်ပြီး ရှောင်လိုက်တယ်။ ဒါပေမဲ့ အသက်တောင် ရှူချိန် မရသေးခင်မှာပဲ ကျားက ကြီးမားရှည်လျားတဲ့ သူ့အမြီးနဲ့ သူမကို ရိုက်ချလိုက်တယ်။ ကျားက ဒီလောက် ကောက်ကျစ်စဉ်းလဲလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။ သူမ ရှောင်နိုင်ခဲ့ပေမဲ့ ခြေထောက်ကတော့ ထိသွားတယ်။ သူမ အရိုးတွေပါ ကျိုးကုန်တယ်။
ကျားက ယဲ့ကျန်းကျန်းကို မျက်နှာချင်းဆိုင်လိုက်ပြီး မကြာခင် တိုက်ခိုက်တော့မယ့်ဟန် ပြင်နေပြီ။ သူ ခုန်အုပ်လိုက်တာနဲ့ သူမကတော့ သေပြီပဲ။
ယဲ့ကျန်းကျန်းက ခြေထောက်လည်း ကျိုးသွားတာကြောင့် ဘယ်မှာမှ ပုန်းလို့ မရတော့ဘူး။ သူမခါးနား စမ်းကြည့်လိုက်တော့ ကျာပွတ်တော့ ရှိသေးတယ်။ ဒါပေမဲ့ အဲ့တာက အသုံးမဝင်တော့ဘူး။ သူမမှာ ဓားရှိသေးတယ်မလား ... ဒါပေမဲ့ ဘယ်မှာလဲ ??
အစောနက သူမ ကျားကို ရှောင်လိုက်တဲ့အချိန် ဓားက ပြုတ်ကျသွားပြီ။
.... ကောင်းကင်ဘုံက ငါ့ကို သေစေချင်တာပဲ !
သေရတော့မယ်ဆိုတဲ့အသိက ယဲ့ကျန်းကျန်းစိတ်ထဲ ဝင်လာတာကြောင့် တစ်ကိုယ်လုံး အေးစက်သွားတယ်။ သူမ နှလုံးသားကလည်း ခုန်နေတာတောင် ရပ်သွားသလိုပဲ။
ကျားက ဟန်ပြင်ပြီး သူမကို ခုန်အုပ်ဖို့ လှမ်းလာနေပြီ။
ယဲ့ကျန်းကျန်း စိတ်ထဲ ဘာမှတွေးနေချိန်တောင် မရှိတော့ဘူး။ သူမ မျက်စိကို မှိတ်လိုက်တယ်။ စိတ်ထဲမှာတော့ ဗလာကျင်းနေခဲ့ပြီ။
Zawgyi
Empress with No Virtue
Chapter 16
Translator – Utopia
စက္တင္ဘာလ ၁၉ရက္ေန႕ ရာသီဥတု သာယာတဲ့ ေန႕တစ္ေန႕ပဲ ျဖစ္တယ္။
မနက္ခင္း မိုးေသာက္ခ်ိန္မွာ ဧကရာဇ္နဲ႕ မႉးမတ္ေတြ ေပယန္ကို စထြက္ခြာၾကတယ္။ ၿမိဳ႕ေတာ္မွာေနတဲ့ ျပည္သူေတြကေတာ့ အထူးတဆန္း ၾကည့္စရာတစ္ခု ရသြားတယ္။ ယဲ့က်န္းက်န္း၊ ရွန္ကိုယ္လုပ္ေတာ္၊ ရွီးေဖး၊ ဝမ္က်ဲယြီ၊ ဝမ္ေက်ာင္းရိတို႔လည္း လိုက္ပါလာၾကတယ္။ ယဲ့က်န္းက်န္းကလြဲရင္ က်န္တဲ့ မိန္းကေလးေတြ အကုန္လုံးက ျမင္းပဲ စီးတတ္ၾကတယ္။ ေလးႀကိဳးေတာင္ ဆြဲနိုင္ၾကတာ မဟုတ္ဘူး။ သူတို႔က ဒီအတိုင္း ပြဲကို ၾကည့္ဖို႔သက္သက္ပဲ ျဖစ္တယ္။
ဧကရာဇ္ရဲ႕ ဇနီး ႀကီးႀကီး ငယ္ငယ္ အကုန္လုံး ရထားလုံး ကိုယ္စီ ရွိၾကတယ္။ အဲ့အထဲကမွ အႀကီးဆုံးနဲ႕ အခမ္းနားဆုံး ရထားလုံးကေတာ့ ယဲ့က်န္းက်န္းရဲ႕ ရထားလုံးပဲ ျဖစ္တယ္။ ယဲ့က်န္းက်န္း လိုက္ကာကို မ လိုက္တယ္။ စိတ္ထဲ သာမန္ျပည္သူေတြ နိစၥဓူဝ ဘယ္လိုေနထိုင္ၾကလဲဆိုတာ ျမင္ရေတာ့မယ္လို႔ ေတြးလိုက္ေပမဲ့ တကယ္တမ္းက် သူတို႔ကို ဦးၫႊတ္ၿပီး အေလးျပဳေနၾကတဲ့ ဆံပင္နက္နက္နဲ႕ ေခါင္းေတြကိုသာ ျမင္ရတယ္။
လုလီ ျမင္းစီးၿပီး ျဖတ္သြားရင္း အေနာက္ကို လွည့္ၾကည့္လိုက္တဲ့အခါ သူ႕မ်က္လုံးနဲ႕ ယဲ့က်န္းက်န္းမ်က္လုံး အၾကည့္ခ်င္းဆုံသြားတယ္။ သူ ျမန္ျမန္ပဲ တျခားကို အၾကည့္လႊဲလိုက္တယ္။ သူ႕မ်က္ႏွာကို ေဘးတိုက္သာ ျမင္ရေတာ့တယ္။ လုလီက သူမကို ခပ္ေရးေရး ၿပဳံးျပလိုက္ၿပီး ထြက္ခြာသြားတယ္။
ထြက္သြားတဲ့ သူ႕ကို ၾကည့္ရင္း ယဲ့က်န္းက်န္း စိတ္ထဲ မေကာင္းျဖစ္သြားတယ္။ သူမက အခုဆို ဧကရီမိဖုရားေခါင္ ျဖစ္ေနၿပီ။ သူက သူမရဲ႕ ငယ္သားပဲ။ သူတို႔ႏွစ္ေယာက္ၾကား အမ်ားဆုံး ရင္းရင္းႏွီးႏွီး ဆက္ဆံနိုင္တဲ့ အတိုင္းအတာဆိုလို႔ အေဝးကေန ၿပဳံးျပ႐ုံသာ ရွိတယ္။ ဒါေတာင္ ေတာ္ေတာ္ လြန္ေနၿပီလို႔ ေျပာလို႔ရတယ္။ အရင္ကဆို သူတို႔ႏွစ္ေယာက္က စာသင္လည္း အတူတူ၊ သိုင္းေလ့က်င့္တဲ့အခါမွာလည္း အတူတူ ရွိခဲ့ၾကတယ္။ အခုေတာ့ အရင္လို ဘယ္လိုမွ မျဖစ္နိုင္ေတာ့ဘူး။
ခရီးမွာ လိုက္ပါလာတဲ့ အေႁခြအရံေတြထဲ အခုထိ ငါ မအိုေသးတာကို ျပခ်င္တဲ့အတြက္ ရထားလုံး မစီးဘဲ ျမင္းတက္ခြေနၾကတဲ့ အမတ္အိုႀကီးေတြလည္း ပါေနတာေၾကာင့္မလို႔ ခရီးက ျမန္ျမန္ မသြားနိုင္ဘဲ ေပယန္ကို ေန႕လယ္က်မွ ေရာက္ေတာ့တယ္။
အဲ့မွာ ႀကိဳစီစဥ္ထားတဲ့ ပြဲအခမ္းအနားက ရွိေနတယ္။ အရွင္မင္းႀကီး အမိန႔္ေပးထားတဲ့အတိုင္း ဟင္းပြဲေတြကို တစ္ပြဲၿပီး တစ္ပြဲ ထုတ္လာျပတယ္။ အရွင္မင္းႀကီးနဲ႕ မႉးမတ္ေတြ အမဲလိုက္မထြက္ခင္ အရင္ဆုံး ေန႕လယ္စာ သုံးေဆာင္ဖို႔ လိုအပ္တယ္။ ယဲ့ရွိုးမင္က ရာထူးအႀကီးဆုံး အမတ္ဆိုေတာ့ သူက အမတ္ေတြရဲ႕ ထိပ္ဆုံးမွာ ထိုင္ရတယ္။ ဒီလိုဆိုေတာ့ ယဲ့က်န္းက်န္းအေနနဲ႕ သူမအဖိုးကို ေကာင္းေကာင္း ျမင္နိုင္ၿပီ ျဖစ္တယ္။ လူအုပ္ႀကီးထဲ လိုက္ရွာၾကည့္ရင္း သူမရဲ႕အေဖကိုေတာ့ ေတြ႕ရေပမဲ့ အစ္ကိုေတြကိုေတာ့ ဘယ္ေရာက္ေနလဲ ရွာလို႔ မေတြ႕ဘူးျဖစ္ေနတယ္။
လွမ္းၾကည့္႐ုံေလးပဲ ဆိုေပမဲ့ သူမအေနနဲ႕ အေတာ္ေလး ေပ်ာ္႐ႊင္ေနမိတယ္။ သူမ က်ီဝူက်ိဳးေနာက္ကို လိုက္လာခဲ့တာက အမဲလိုက္ဖို႔ မဟုတ္ဘဲ သူမရဲ႕မိသားစုေတြကို ေတြ႕ခ်င္လို႔ပဲ ျဖစ္တယ္။ နန္းေတာ္ထဲကို ဝင္ခဲ့တဲ့အခ်ိန္ကစလို႔ သူမ မိသားစုကို ဘယ္ေလာက္ေတာင္ လြမ္းရလဲ သူမမိသားစုက သူမကို ဘယ္ေလာက္ခ်စ္ၾကလဲဆိုတာ သေဘာေပါက္လာတယ္။ အေမနဲ႕ အဖြားကို ထပ္ေတြ႕ခြင့္ရပါေတာ့မလား မေသခ်ာဘူး။
အစားအေသာက္ေတြ စားရင္း အေတာ္ေလး ေသာက္ျပဳၿပီးသြားတဲ့အခ်ိန္မွာေတာ့ အမဲလိုက္ပြဲ စတင္ၿပီျဖစ္တယ္။ က်ီဝူက်ိဳးကေတာ့ အမဲလိုက္တဲ့ အုပ္စုထဲ ဝင္မပူးေပါင္းေသးဘဲ စင္ေပၚကေန ျမင္းေတြကိုယ္စီနဲ႕ လူငယ္တစ္စုကို လွမ္းၾကည့္ေနတယ္။ သူတို႔အားလုံးက မႉးမတ္ေတြရဲ႕ သားေတြ ျဖစ္ၾကၿပီး သူတို႔မိသားစုေတြရဲ႕ အနာဂတ္ပဲ ျဖစ္တယ္။ ဒီလိုပြဲမ်ိဳးေတြမွာ တစ္ေယာက္ကို တစ္ေယာက္ အနိုင္ယူဖို႔ ယွဥ္ၿပိဳင္ေနၾကတယ္။
စစ္သားအခ်ိဳ႕က ခရာကို မႈတ္ၿပီး အမဲလိုက္ပြဲကို စတင္လိုက္တယ္။ ျမင္းေတြက ေတာထဲကို ဦးတည္ဝင္သြားၾကၿပီး ဖုန္တလုံးလုံးသာ ခ်န္ရစ္ခဲ့တယ္။ ရွန္ကိုယ္လုပ္ေတာ္နဲ႕တကြ က်န္တဲ့သူေတြ အကုန္လုံး ထိတ္လန႔္သြားၾကတယ္။ ႏူးညံ့တဲ့ မိန္းကေလးေတြအေနနဲ႕ သူတို႔ေတြ ဒီလိုပြဲမ်ိဳးကို အရင္က တစ္ခါမွ မျမင္ဖူးၾကေခ်။
က်ီဝူက်ိဳးက ရွန္ကိုယ္လုပ္ေတာ္ကို စင္ေပၚကေန ေအာက္ကို ခ်ီလာေပးတယ္။ ဖုန႔္ရိုးတ်ယ္က ျမင္းႏွစ္ေကာင္ကို ႀကိဳျပင္ေပးထားၿပီး သူတို႔ႏွစ္ေယာက္ကို ေစာင့္ဆိုင္းေနတယ္။ အနီေရာင္ သန္သန္မာမာ ျမင္းက က်ီဝူက်ိဳးအတြက္ျဖစ္ၿပီး အျဖဴေရာင္ျမင္းကေတာ့ ရွန္ကိုယ္လုပ္ေတာ္အတြက္ ျဖစ္တယ္။ သူမက ေကာင္းကင္ျပာေရာင္ ဝတ္စုံကို ဝတ္ဆင္ထားေတာ့ ျမင္းေပၚမွာ တြဲေတြ႕ရတဲ့အခါ နတ္သမီးတစ္ပါးလိုပဲ သူမက လွပေနတယ္။
က်ီဝူက်ိဳး သူမ အလွကို ၾကည့္ရင္း တခဏေလာက္ ေငးေမာသြားတယ္။ ေယာကၤ်ားေလးေတြကေတာ့ .... ဘယ္ေတာ့မွ ဒီမိန္းကေလးကို လွလြန္းေနတယ္ဆိုၿပီး ေတြးမွာ မဟုတ္ေပ။
သူ လွမ္းၾကည့္ေနတာေၾကာင့္ ရွန္ကိုယ္လုပ္ေတာ္လည္း ရွက္လာၿပီး
“ အရွင္မင္းႀကီး ဘာလို႔ ျမင္းမစီးေသးတာလဲ ”
က်ီဝူက်ိဳး လႊားကနဲ ျမင္းကို တက္စီးလိုက္တယ္။ သူတို႔ႏွစ္ေယာက္မွာ တစ္ေယာက္က ျမင္းအနီေရာင္ တစ္ေယာက္က ျမင္းအျဖဴေရာင္နဲ႕ ႏွစ္ေယာက္ကို အတူတြဲေတြ႕ရတဲ့အခါ တကယ္ကို မ်က္စိပသာဒ ျဖစ္တယ္။
ယဲ့က်န္းက်န္းလည္း သူတို႔ကို လွမ္းၾကည့္ေနမိတယ္။ တိတိက်က် ေျပာရရင္ သူမေခါင္းေပၚက ပန္းကို လွမ္းၾကည့္ေနတာ။ ျမင္းစီးရမွာဆိုေတာ့ ရွန္ကိုယ္လုပ္ေတာ္က ရိုးရိုးရွင္းရွင္း ဆံပင္စုထုံးတဲ့ အဆင္တန္ဆာကိုပဲ သုံးထားၿပီး အဆုံးနားမွာ အဝါေရာင္ ပန္းပြင့္ေလးကို ပန္ထားတယ္။ အဲ့ဒီပန္းကို “ လင္းလင္ရွန္း ” ဒါမွမဟုတ္ “ ရွင္းထို႔ရွန္း ” လို႔ ေခၚတယ္။ အဲ့တာကို ေခါင္းမွာ ပန္ထားတဲ့အခါ ေခြၽးနံ႕ေတြကို ဖယ္ရွားေပးနိုင္တယ္။ ဆိုေတာ့ ဒီလိုပြဲမ်ိဳးနဲ႕ အလိုက္ဖက္ဆုံးပဲ။ ဒါ့အျပင္ လိုလိုမယ္မယ္ က်ီဝူက်ိဳး ျမင္းစီးရတာ ပင္ပန္းတဲ့အခါ သူမနဲ႕ ကိုယ္လက္ႏွီးေႏွာခ်င္တယ္ဆိုရင္လည္းေပါ့ ...
ရွန္ကိုယ္လုပ္ေတာ္က တကယ္ကို ေထာင့္ေစ့ေအာင္ ေတြးတတ္တယ္ဆိုတာေတာ့ လက္ခံရမွာပဲ။
ဒါေပမဲ့ သူ တစ္ခ်က္ လြတ္သြားတာက ဝါဝါေတာက္ေတာက္ ဝတ္ထားတဲ့ က်ီဝူက်ိဳးေဘးမွာ ပ်ားတူ တစ္ေကာင္ ရွိေနတယ္။
ဒါ့ေၾကာင္မို႔လည္း သူမ ရွန္ကိုယ္လုပ္ရဲ႕ေခါင္းကို လွမ္းၾကည့္ေနတာ။ ဒီပန္းက မူးယစ္ေနတဲ့ ပ်ားတူကို ဆြဲေဆာင္ေနသလို ျဖစ္ေနၿပီး သူမေခါင္းတစ္ဝိုက္မွာ တဝီဝီ ဝဲပ်ံေနရင္း ပန္းေရွ႕တည့္တည့္ ပ်ံဖို႔ လုပ္ေနတယ္။
တကယ္လို႔ ပ်ားတူအစား လိပ္ျပာတစ္ေကာင္သာဆိုရင္ ဒီျမင္ကြင္းက သိပ္ကို လွပသြားမွာ။
ရွန္ကိုယ္လုပ္ေတာ္တစ္ေယာက္ တစ္ခုခု တဝီဝီ လုပ္ေနတဲ့အသံၾကားလို႔ လွည့္ၾကည့္လိုက္တဲ့အခါ — အမေလး !
သူမရဲ႕ သဘာဝအတိုင္း က်က္သေရရွိတဲ့ နတ္သမီးေလးက ေအာ္ဟစ္လိုက္ရင္း သူမလက္ေတြက ေဘးကို ယမ္းရင္း ပုတ္ခါေနတယ္။ က်ီဝူက်ိဳးလည္း သူမ လုပ္တာကို ၾကည့္ၿပီး အံ့အားသင့္သြားတယ္။ လန႔္ျဖန႔္ေနတဲ့ ရွန္ကိုယ္လုပ္ေတာ္ကို စိတ္ၿငိမ္ေအာင္ လုပ္ရင္း ဘာလို႔ သူမ ႐ုတ္တရက္ႀကီး ထျဖစ္ရတာလဲဆိုတာကို ေတြးေနမိတယ္။ ဘာေတြျဖစ္လို႔ျဖစ္ေနမွန္း သူ မသိေသးဘူး။
႐ုတ္တရက္ လ်င္ျမန္တဲ့ အရာတစ္ခုက ႐ႊတ္ခနဲ ရွန္ကိုယ္လုပ္ေတာ္ဆီ တည့္တည့္ေရာက္လာတယ္။ က်ီဝူက်ိဳးက သူမနားကေန ေတာ္ေတာ္ လွမ္းေနတာဆိုေတာ့ သူမကို မတားလိုက္နိုင္ဘူး။ သူ ေသခ်ာၾကည့္နိုင္တဲ့အခါက် ရွန္ကိုယ္လုပ္ေတာ္က လန႔္လြန္းလို႔ ၾကက္ေသေသေနၿပီ။
သူမ ဆံပင္ေတြကလည္း ရႈပ္ပြေနၿပီး အဝါေရာင္ပန္းေလးကလည္း ဘယ္ေရာက္သြားလဲ မသိေတာ့ဘူး။ ေခါင္းေပၚမွာ ဆံပင္စုထုံးတဲ့ အဆင္တန္ဆာ တစ္ခုပဲ ရွိေတာ့တယ္။ အဲ့ဒီအေပၚမွာ ျမႇားတစ္ေခ်ာင္းရွိေနၿပီး အဲ့ျမႇားက ဆံပင္စုထုံးတဲ့ အဆင္တန္ဆာကို ျဖတ္ဝင္သြားၿပီး ပ်ားတူကို သြားစိုက္ေနတယ္။ ပ်ားတူေကာင္ကေတာ့ ဆူးတံနဲ႕ ကင္ဖို႔ အသီခံထားရသလို ဆိုးဆိုး႐ြား႐ြား ေသေနၿပီ။
ရွန္ကိုယ္လုပ္ေတာ္ကေတာ့ မ်က္ရည္ေတြ ဝဲၿပီး ငိုေတာ့မတတ္ မ်က္ႏွာေလးနဲ႕ က်ီဝူက်ိဳးကို လွမ္းၾကည့္ေန႐ုံပဲ တတ္နိုင္တယ္။
ယဲ့က်န္းက်န္းက ခပ္ေအးေအးပဲ သူမျမင္းကို စီးၿပီး ျဖတ္ေလွ်ာက္ရင္း
“ ေက်းဇူးတင္စရာ မလိုပါဘူး ”
ယဲ့က်န္းက်န္းက အနီေရာင္ဝတ္စုံနဲ႕ ျမင္းျဖဴကို စီးထားတယ္။ ဟုတ္တာေပါ့ သူမရဲ႕ ျမင္းက ရွန္ကိုယ္လုပ္ေတာ္ရဲ႕ ျမင္းထက္ ႀကီးတယ္။
အဲ့အခါက်မွ ရွန္ကိုယ္လုပ္ေတာ္လည္း သတိျပန္ကပ္ေတာ့တယ္။
“ ေက်းဇူးတင္ပါတယ္ ... မယ္မယ္ ”
က်ီဝူက်ိဳး ယဲ့က်န္းက်န္းကို ၾကည့္လိုက္ၿပီး
“ မင္း ျမႇားပုန္းကို ဖြက္သယ္လာတာလား ”
“ ဟား ... ဟား ... အဲ့ဒါက ... ”
ဝင္ကူညီေပးမိတဲ့အတြက္ ယဲ့က်န္းက်န္း ေနာင္တရေနမိၿပီး။ ျမႇားပုန္းက လက္နက္ပုန္းတစ္မ်ိဳးပဲ။ ကိုယ္ရံေတာ္ေတြက လြဲလို႔ ဧကရာဇ္နဲ႕ တစ္ေနရာထဲမွာ အတူရွိတဲ့သူေတြကို သယ္ခြင့္မျပဳထားဘူး။ မဟုတ္ရင္ အဲ့လူက ပုန္ကန္ဖို႔ ႀကံ႐ြယ္ေနတယ္ဆိုၿပီး သတ္မွတ္ခံရလိမ့္မယ္။ အရွင္မင္းႀကီးရဲ႕ အသက္ လုံၿခဳံေရးကသာ အေရးအႀကီးဆုံးလို႔ ဘယ္သူ လုပ္ထားတာလဲ။
က်ီဝူက်ိဳးရဲ႕ အၾကည့္ေအာက္မွာပဲ ယဲ့က်န္းက်န္း မလုပ္ခ်င္ လုပ္ခ်င္နဲ႕ ျမႇားကို ေျမျပင္ေပၚ ပစ္ခ်လိဳက္ရတယ္။
ဒါေတာင္ ေဒါသက ထြက္ရဲေသးတယ္ေပါ့ ! က်ီဝူက်ိဳး ႏႈတ္ခမ္းဖ်ားက ေကာ့တက္သြားတယ္။
ယဲ့က်န္းက်န္းက ျမင္းဇက္ကို ဆြဲကာ ေတာထဲကို ဝင္သြားတယ္။ သူမေနာက္ကေန စစ္သားအခ်ိဳ႕လည္း လိုက္ပါသြားၿပီး အလ်င္အျမန္ပဲ က်ီဝူက်ိဳး မ်က္စိေရွ႕ကေန ေပ်ာက္ကြယ္သြားၾကတယ္။
က်ီဝူက်ိဳးရဲ႕ အၾကည့္က ရွန္းကိုယ္လုပ္ေတာ္ဆီ ျပန္ေရာက္တယ္။ သူ႕မ်က္ႏွာထက္မွာ စိတ္မရွည္တဲ့ အမူအရာက ရွိေနတယ္။ ေယာကၤ်ားေလးေတြအေနနဲ႕ ပုံမွန္ဆို မိန္းကေလးေတြနဲ႕ ခ်စ္ၾကည္ႏူးခ်င္ၾကေပမဲ့ အခ်ိန္အခါဆိုတာကလည္း ရွိေသးတယ္ေလ။ အခု သူ ျမင္းစီးၿပီး အမဲလိုက္ ထြက္မလို႔ေလ။ ေယာက္်ားေလးေတြ လုပ္တဲ့ က်ားက်ားယားယား အလုပ္ကို လုပ္မလို႔။ မိန္းကေလးေတြနားမွာပဲ ဖက္တြယ္ၿပီး ေပ်ာ္ပါးေနဖို႔ မဟုတ္ဘူး။
ရွန္ကိုယ္လုပ္ေတာ္ကလည္း အလိုက္တသိနဲ႕
“ အရွင္မင္းႀကီး ကြၽန္ေတာ္မ်ိဳးမ အေစာနက ထိတ္လန႔္သြားေတာ့ ေနလို႔ သိပ္မေကာင္းဘူး ျဖစ္ေနတာမို႔ ျပန္နားခ်င္ပါတယ္။ အဲ့တာေၾကာင့္မို႔ ကြၽန္ေတာ္မ်ိဳးမ အရွင္မင္းႀကီးကို အေဖာ္ျပဳေပးနိုင္ေတာ့မယ္ မထင္ဘူး”
က်ီဝူက်ိဳးက ေခါင္းၿငိမ့္လိုက္ၿပီး
“ ေကာင္းၿပီေလ မင္း အရင္ျပန္ႏွင့္လိုက္။ ဖုန႔္ရိုးတ်န္ ေတာ္ဝင္သမားေတာ္ကို ေခၚၿပီး ရွန္ကိုယ္လုပ္ေတာ္ကို ဂ႐ုစိုက္ခိုင္းလိုက္ ”
အဲ့ဒီေနာက္မွာေတာ့ အမဲလိုက္ဖို႔ ထြက္သြားေတာ့တယ္။
ရွန္ကိုယ္လုပ္ေတာ္ကေတာ့ သူ ထြက္သြားတာကို လွမ္းၾကည့္ေနတယ္။ ျမင္ေတာ့ မျမင္နိုင္ေပမဲ့ သူမ မ်က္ႏွာက စိတ္ပ်က္သြားတဲ့ ပုံပဲ။
ေပယန္ရဲ႕ အမဲလိုက္နယ္ေျမက ေတာအုပ္တစ္ခုတင္ မကဘူး။ သစ္သားေတြကို သုံးၿပီး လမ္းေၾကာင္းအမ်ိဳးမ်ိဳး ခြဲထားတဲ့ ႀကီးမားတဲ့ ဧရိယာႀကီးတစ္ခု ျဖစ္တယ္။ အမဲလိုက္ကြင္းက သိပ္ႀကီးမားတဲ့အတြက္ ေတာအုပ္ထဲကို ဝင္လာတဲ့ အမဲလိုက္သမားေတြ အကုန္လုံး လမ္းေၾကာင္းကြဲသြားၿပီး သားေကာင္ တစ္ေကာင္တည္းကို ႏွစ္ေယာက္အတူတူ အမဲလိုက္ေနမိတဲ့ကိစၥမ်ိဳးကို ေရွာင္ရွားနိုင္မွာပဲ ျဖစ္တယ္။
ဒါ့အျပင္ တိရိစာၦန္ေတြကလည္း ယုန္ေတြ သမင္ေတြဆိုေတာ့ ဖမ္းရလြယ္တယ္။ လူေတြက ေမြးထားတဲ့အေကာင္ေတြဆိုေတာ့ တုံးအ ၾကၿပီး လူေတြ႕လို႔ေတာင္ ေျပးရေကာင္းမွန္း မသိဘူး။ အဲ့အတိုင္းပဲ ေနရာမွာ ရပ္ေနၾကတယ္။
ဒါေပမဲ့ ေတာင္ေတြနားမွာေတာ့ ဝံပုေလြတို႔ ေခြးရိုင္းတို႔လို႔ နည္းနည္းပို ရိုင္းတဲ့ တိရိစာၦန္ေတြ ရွိတယ္။ ယုန္ေတြ အမ်ားႀကီး ဖမ္းမိတာထက္စာရင္ ဝံပုေလြ ဖမ္းမိတာကမွ ပိုေကာင္းေသးတယ္လို႔ ေတြးၾကတဲ့ တခ်ိဳ႕ သတၱိေကာင္းတဲ့သူေတြကေတာ့ ေတာင္အနားကို တိုးၿပီး အမဲလိုက္ၾကတယ္။
ယဲ့က်န္းက်န္းလည္း ေတာင္နားကို ေရာက္လာတယ္။ ဒါေပမဲ့ ရည္႐ြယ္ခ်က္ရွိရွိနဲ႕ေတာ့ မဟုတ္ဘူး။ သူမ လမ္းေပ်ာက္သြားတာ။
သူမ စီးလာတဲ့ ျမင္းက ဧကရီမိဖုရားေခါင္တစ္ပါးနဲ႕ လိုက္ဖက္ေအာင္ကို အေတာ္ေကာင္းတယ္ ေျပာရမယ္။ ယဲ့က်န္းက်န္း ျမင္းမစီးရတာလည္း ၾကာၿပီဆိုေတာ့ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ စီးလာလိုက္တာ ကိုယ္ရံေတာ္ေတြနဲ႕ လူကြဲသြားတယ္။
ျမက္ခင္းလြင္ျပင္ ႏွစ္ခုနဲ႕ ေတာအုပ္လမ္း သုံးခုကို ျဖတ္ၿပီးသြားတဲ့အခ်ိန္မွာေတာ့ သစ္ပင္ေတြက ပိုထူထပ္လာၿပီး လူေတြ စိုက္ထားတာနဲ႕ မတူေတာ့ဘူး။ အုပ္မွိုင္းေနတဲ့ ေတာအုပ္က ေနေရာင္ မဝင္နိုင္ေအာင္ ကာဆီးထားၿပီး ယဲ့က်န္းက်န္း နည္းနည္း ခ်မ္းစိမ့္စိမ့္ ျဖစ္လာတယ္။
သူမ ဟိုဟို ဒီဒီ ပတ္ၾကည့္ေပးမယ့္ ဘာတိရိစာၦန္မွ မေတြ႕ရဘူး။ သစ္ပင္ေပၚမွာေတာင္ ငွက္တစ္ေကာင္မွ မရွိဘူး။ ပတ္ဝန္းက်င္က ေလထုက လႈပ္ရွားေနပုံေပၚၿပီး သိမ္ေမြ႕တဲ့ ျမင္းက စၿပီး ရႉးရႉးရွားရွား ျဖစ္လာတယ္။
ယဲ့က်န္းက်န္း ဇက္ႀကိဳးကိုဆြဲကာ ျမင္းကို ၿငိမ္ေအာင္ လုပ္လိုက္တယ္။ သူ သိပ္ေတာ့ လႈပ္လႈပ္ယမ္းယမ္း မလုပ္ေတာ့ဘူး။ ဟိုဟိုဒီဒီ လွည့္ၾကည့္လိုက္တဲ့အခ်ိန္ အဝါေရာင္ ပုံရိပ္တစ္ခုကို ေတြ႕လိုက္ရတယ္။
“ အာ ဝူး ......! ”
ခပ္ေလးေလးဆိုေပမဲ့ ေၾကာက္စရာေကာင္းတဲ့ ဟိန္းသံတစ္ခုက ထြက္ေပၚလာတယ္။ မသိရင္ ေျမႀကီးေတြပါ တုန္လာသလိုပဲ။ အဲ့က်မွ ဘာလို႔ ဒီမွာ တိရိစာၦန္ေတြ မရွိရတာလဲ ယဲ့က်န္းက်န္း သေဘာေပါက္သြားတယ္။ အဲ့အသံက တိရိစာၦန္ေတြကို ထြက္ေျပးေအာင္ လုပ္လိုက္တာကိုး
ဒါက က်ားရဲ႕ ပိုင္နက္ပဲ !
သူမေအာက္က ျမင္းက လႈပ္လႈပ္ရွားရွား ျဖစ္လာၿပီး စေျပးဖို႔ လုပ္ေတာ့တယ္။ ဒီလိုျမင္းမ်ိဳးက စီးတဲ့သူကို ျပဳတ္က်ၿပီး ေသေစနိုင္တယ္။ ယဲ့က်န္းက်န္းလည္း မ်ားမ်ားစားစား ေတြးေနဖို႔ အခ်ိန္ မရွိဘဲ သူမရဲ႕ က်ာပြတ္ကို သုံးကာ သစ္ကိုင္းတစ္ခုကို ပတ္လိုက္ၿပီး ျမင္းေပၚက ခုန္ဆင္းလိုက္တယ္။
ေျပးထြက္သြားတဲ့ ျမင္းက က်ားကို သြားသတိေပးသလို ျဖစ္ၿပီး က်ားက သူမကို ခပ္ျမန္ျမန္ပဲ ရွာေတြ႕သြားတယ္။
ယဲ့က်န္းက်န္း : “…..”
ျမင္းေပၚကေန နည္းနည္း ေနာက္က်ၿပီးမွ ဆင္းလိုက္ရမွာ။ အခုက သူမ ေသခ်ာ မစဥ္းစားမိဘဲ လုပ္တာ ျမန္သြားတယ္။
က်ားနဲ႕ အၾကည့္ခ်င္း ဖလွယ္ရတာက တကယ္ကို စိတ္ဖိစီးေစတယ္။ သူမလက္ေတြက ေခြၽးေစးေတြ ထြက္ေနၿပီ။ အသက္ျပင္းျပင္း ရႉလိုက္ရင္း သူမကိုယ္သူမ စိတ္ၿငိမ္ေအာင္ လုပ္လိုက္တယ္။ သူမ ခႏၶာကိုယ္မွာ ရွိတဲ့ လက္နက္ေတြကို စိတ္ထဲက ေရၾကည့္လိုက္တယ္။ ေလးနဲ႕ျမႇား၊ ဓား၊ က်ာပြတ္၊ ေသနတ္ ဒါေတြနဲ႕ဆို သူမ ပို အခြင့္အေရးရွိေလာက္မလား ??
အမွန္အတိုင္း ေျပာရရင္ ယဲ့က်န္းက်န္း အမဲလိုက္ထြက္ရတာကို ေပ်ာ္တယ္ဆိုေပမဲ့ သူမ ဖမ္းဖူးတာဆိုလို႔ အေစာနက ရွန္ကိုယ္လုပ္ေတာ္ေခါင္းက ပ်ားတူေကာင္ပဲ ရွိတယ္။ ဒါ့ေၾကာင့္မို႔ ေတာဘုရင္ျဖစ္တဲ့ က်ားလို ေကာင္မ်ိဳးနဲ႕ ရင္ဆိုင္ရတဲ့အခါ သူမ ဘယ္ေလာက္ သတၱိရွိတယ္ေျပာေျပာ ေၾကာက္လာမိတယ္။
ငါ ... ေျပးရင္ေကာ ??
က်ားထက္ ျမန္ေအာင္ ေျပးနိုင္လို႔လား ....
..... သစ္ပင္ေပၚ ေျပးတက္ရင္ေကာ ??
က်ားကပါ သစ္ပင္ေပၚ လိုက္တက္လာၿပီး သူမဖင္ကို ကိုက္သြားရင္ ဘယ္လိုလုပ္မလဲ ....
ခဏေလာက္ ေတြးၿပီးတဲ့ ေနာက္မွာေတာ့ ယဲ့က်န္းက်န္း အမဲလိုက္သမား လုပ္ဖို႔ပဲ ဆုံးျဖတ္လိုက္တယ္။ အရင္ဆုံး ေသနတ္ကို ထုတ္လိုက္ၿပီး သူမ ေျခေထာက္ေတြကိုလည္း အသင့္အေနအထားမွာ ထားလိုက္တယ္။ ထို႔ေနာက္ ျမႇားကို ထုတ္ၿပီး ႐ြယ္လိုက္တယ္ —
အေရွ႕နန္းေတာ္မွာ သူမ ေလ့က်င့္တုန္းက သိပ္ေတာ္ေနတယ္ေပမဲ့ အဲ့တာက ပစ္မွတ္အေသေလ။ ကုန္းကုန္းေလးေတြက ေၾကာက္လြန္းလို႔ ေသးထြက္က်ရင္ေတာင္မွ လႈပ္ဝံ့မွာ မဟုတ္ေခ်။ ဒါေပမဲ့ အခုကေတာ့ အေျခအေနခ်င္း မတူေတာ့ဘူး။ သူမရဲ႕ ၿပိဳင္ဘက္က က်ားတစ္ေကာင္ပဲ။ တစ္ေနရာထဲမွာပဲ ရပ္ေနၿပီး ျမႇားဝင္လာမွာကို ေစာင့္ေနမွာ မဟုတ္တဲ့ အေရွာင္အတိမ္း ေကာင္းတဲ့ က်ားတစ္ေကာင္ ျဖစ္တယ္။
ျမႇားက လြဲသြားတယ္။ သူမရဲ႕ ျမႇားပစ္စြမ္းရည္က ဆိုးတာ မဟုတ္ဘူး။ က်ားကိုက ကံေကာင္းလြန္းေနတာ။
ေနာက္တစ္ခါ ဟိန္းလိုက္ၿပီး ယဲ့က်န္းက်န္းဆီကို ေျပးဝင္လာတယ္။
အဲ့တာက တေျဖးေျဖး နီးသထက္ နီးလာတယ္။ ျမားကို ဆက္သုံးလို႔ မရေတာ့ဘူး။ ယဲ့က်န္းက်န္း လႊင့္ပစ္လိုက္ၿပီး ေသနတ္ကို ယူကာ က်ားကို ခ်ိန္ၿပီး ပစ္လိုက္တယ္။
ဒီတစ္ခါလည္း က်ားက ေရွာင္လိုက္နိုင္ေပမဲ့ အျပည့္အဝေတာ့ မဟုတ္ဘူး။ ေရွ႕ေျခေထာက္ကို ေသနတ္ထိသြားတယ္။
ဒါေပမဲ့လည္း အပစ္ခံထားရတာေတာင္မွ က်ားက ယဲ့က်န္းက်န္းေနာက္ကို လိုက္ေနတုန္းပဲ။ သူ႕ဒဏ္ရာကိုေတာင္ တစ္ခ်က္ မလ်က္ဘူး။ ေသနတ္ကို ခ်ိန္တာ ေကာင္းေပမယ္လည္း က်ားကို တစ္ခ်က္တည္း အေသ ပပစ္နိုင္ေလာက္ေအာင္ထိေတာ့ ပစ္ခတ္အားက မေကာင္းဘူး။
ယဲ့က်န္းက်န္း ေသနတ္ကို ျပန္ျဖည့္ခ်င္ေပမဲ့ က်ားက သူမကို အဲ့လိုလုပ္ခ်ိန္မေပးဘဲ ဆြဲလွဲခ်လိဳက္တယ္။
သူမ အလ်င္အျမန္ပဲ ေဘးဘက္ကို လွိမ့္ခ်လိဳက္ၿပီး ေရွာင္လိုက္တယ္။ ဒါေပမဲ့ အသက္ေတာင္ ရႉခ်ိန္ မရေသးခင္မွာပဲ က်ားက ႀကီးမားရွည္လ်ားတဲ့ သူ႕အၿမီးနဲ႕ သူမကို ရိုက္ခ်လိဳက္တယ္။ က်ားက ဒီေလာက္ ေကာက္က်စ္စဥ္းလဲလိမ့္မယ္လို႔ သူမ မထင္ထားခဲ့ဘူး။ သူမ ေရွာင္နိုင္ခဲ့ေပမဲ့ ေျခေထာက္ကေတာ့ ထိသြားတယ္။ သူမ အရိုးေတြပါ က်ိဳးကုန္တယ္။
က်ားက ယဲ့က်န္းက်န္းကို မ်က္ႏွာခ်င္းဆိုင္လိုက္ၿပီး မၾကာခင္ တိုက္ခိုက္ေတာ့မယ့္ဟန္ ျပင္ေနၿပီ။ သူ ခုန္အုပ္လိုက္တာနဲ႕ သူမကေတာ့ ေသၿပီပဲ။
ယဲ့က်န္းက်န္းက ေျခေထာက္လည္း က်ိဳးသြားတာေၾကာင့္ ဘယ္မွာမွ ပုန္းလို႔ မရေတာ့ဘူး။ သူမခါးနား စမ္းၾကည့္လိုက္ေတာ့ က်ာပြတ္ေတာ့ ရွိေသးတယ္။ ဒါေပမဲ့ အဲ့တာက အသုံးမဝင္ေတာ့ဘူး။ သူမမွာ ဓားရွိေသးတယ္မလား ... ဒါေပမဲ့ ဘယ္မွာလဲ ??
အေစာနက သူမ က်ားကို ေရွာင္လိုက္တဲ့အခ်ိန္ ဓားက ျပဳတ္က်သြားၿပီ။
.... ေကာင္းကင္ဘုံက ငါ့ကို ေသေစခ်င္တာပဲ !
ေသရေတာ့မယ္ဆိုတဲ့အသိက ယဲ့က်န္းက်န္းစိတ္ထဲ ဝင္လာတာေၾကာင့္ တစ္ကိုယ္လုံး ေအးစက္သြားတယ္။ သူမ ႏွလုံးသားကလည္း ခုန္ေနတာေတာင္ ရပ္သြားသလိုပဲ။
က်ားက ဟန္ျပင္ၿပီး သူမကို ခုန္အုပ္ဖို႔ လွမ္းလာေနၿပီ။
ယဲ့က်န္းက်န္း စိတ္ထဲ ဘာမွေတြးေနခ်ိန္ေတာင္ မရွိေတာ့ဘူး။ သူမ မ်က္စိကို မွိတ္လိုက္တယ္။ စိတ္ထဲမွာေတာ့ ဗလာက်င္းေနခဲ့ၿပီ။