လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြို...

By Ophelia_2210585

11.1K 1.9K 87

#Author(s) -Bism #English Translator -IceCherry #Language -Korean #Associated Names -망나니는 살고 싶다 #Status in CO... More

Description!
ဇာတ်ကောင်မိတ်ဆက် ~
Part - {1}
Part - (2)
Part - {3}
Part - {4}
Part - {5}
Part - {6}
Part - {7}
Part - {8}
Part - {9}
Part - {10}
Part - {11}
Part - {12}
Part - {13}
Part - {14}
Part - {15}
Part - {16}
Part - {17}
Part - {18}
Part - {19}
Part - {20}
Part - {21}
Part - {22}
Part - {23}
Part - {24}
Part - {25}
Part - {26}
Part - {27}
Part - {28}
Part - {29}
Part - {30}
Part - {31}
Part - {32}
Part - {33}
Part - {34}
Part - {35}
Part - {36}
Part - {37}
Part - {38}
Part - {39}
Part - {40}
Part - {41}
Part - {42}
Part - {43}
Part - {44}
Part - {45}
Part - {46}
Part - {47}
Part - {48}
Part - {50}

Part - {49}

62 10 0
By Ophelia_2210585

တိတ်ဆိတ်နေမှုက ကျွန်တော်တို့ကို စိတ်မသက်မသာ ဖြစ်အောင် လုပ်နေခဲ့တော့ ဖုန်းဝင်ဝင်လာချင်းမှာပဲ ဂျန်အွန်ယောလ်က ချက်ချင်း ကိုင်လိုက်တယ်။

"ဟယ်လို? ဟုတ်ကဲ့ ကျွန်တော်ပါ... ဟုတ်ကဲ့? ဆေးရုံ?"

ကျွန်တော်တို့ကို ပြန်လှည့်ကြည့်လာတဲ့ ဂျန်အွန်ယောလ်မျက်နှာအမူအရာက အေးခဲနေခဲ့တယ်။ ဖုန်းပြောလို့ ပြီးတာနဲ့ ချက်ချင်းပဲ အိမ်ထဲကနေ ထွက်လာကြပြီး ကားဆီ သွားလိုက်ကြတယ်။ ကွတ်ကီးကိုလည်း ကျွန်တော်တို့နဲ့အတူ ခေါ်လာလိုက်ကြပြီး အကယ်၍ မခေါ်လာခဲ့ရင် တစ်ကောင်တည်း ကျန်ခဲ့တော့မှာလေ။

"ဘယ်ဆေးရုံလဲ?"

"ဆောင်း...ဆောင်းဝန်းကျန်းမာရေးစင်တာ။"

"ဒါဆို ကျွန်တော်တို့တွေ အခုချက်ချင်း ဆောင်းဝန်းကျန်းမာရေးစင်တာကို သွားမယ်။"

ကွတ်ကီးက ကျွန်တော့်ခြေထောက်နားမှာ တအီအီ လုပ်နေလျက်ရှိပြီး ကားထဲ ဝင်လိုက်တာနဲ့ ဒါရိုက်ဘာကို သွားမဲ့နေရာ ပြောပြလိုက်တယ်။ ကားက စတင်ရွေ့လျားသွားပြီး ဆောင်းဝန်းကျန်းမာရေးစင်တာရဲ့ ERကို အမြန်ရောက်သွားတယ်။
(T/N : ER - Emergency Room)

"အဖွား!"

"အိုး ရောက်လာပြီလား? အဲ့ဒီလောက် ကိစ္စကြီး မဟုတ်ပါဘူးကွယ်..."

သူ့အဖွားရှေ့မှာ ဂျန်အွန်ယောလ်က ငိုတော့မလို ဖြစ်လာပြီး ဆရာဝန်တွေကို သူတို့ ကြည့်ပေးနေတာက မလုံလောက်သေးသလိုမျိုး ကြည့်လိုက်တယ်။ အလွန်အမင်း ပင်ပန်းသွားတာမို့ ဖြစ်မယ်၊ သူ့အဖွားဘေးမှာ ပုံ့ပုံ့လေး ထိုင်ချလိုက်တယ်။

သူမကို ကြည့်နေရင်း သူမပုံစံက အခြေအနေကောင်းတဲ့ပုံ မရတာကို သတိထားလိုက်မိတော့ ဂျန်အွန်ယောလ် သူ့အဖွားနဲ့ စကားပြောနေတုန်း ကျွန်တော်က ဆရာဝန်နဲ့ ဆွေးနွေးလိုက်တယ်။

"ဘယ်လိုဖြစ်ရတာလဲ အဖွား?"

"အိုး လမ်းကြားထဲက ထွက်လာတော့ ကားမတော်တဆမှု သေးသေးလေး ဖြစ်သွားရုံပါ။ အဖွားရဲ့ အရိုးတွေက အားနည်းတော့ အဖွားခြေထောက် ခွေသွားတာလေ၊ အခုတော့ ဒီအရိုးတွေက ထိခိုက်လွယ်လာပြီ။"

"ဒါပေမဲ့ ကားက ဖြည်းဖြည်းလေးပဲ သွားနေတာဆိုတော့ အရိုးတွေလည်း မကျိုးသလို ခွဲစိတ်စရာလည်း မလိုပါဘူးကွယ်။"

"ဘယ်လိုပြောပြော ဒါက ယာဉ်မတော်တဆမှုပဲမလို့ ဆရာတို့တွေ တစ်ရက်၊ နှစ်ရက်လောက် စောင့်ကြည့်ဖို့ လိုသေးတယ်...။ မဒမ်၊ မဒမ်ပဲ ဇွဲကောင်းကောင်းနဲ့ ဆေးရုံဆင်းဖို့ လုပ်နေတာ*။"
(T/N : ဒီနားလေး နည်းနည်းပြင်ထားပါကြောင်း။)

"အဖွားအဆင်ပြေပါတယ်... အဖွားဆေးရုံတက်ဖို့ မလိုပါဘူး။ အဖွားတို့ အခု အိမ်ပြန်လို့ ရပြီ။"

"အဖွား!"

"ဒီမှာက ပိုက်ဆံကုန်စရာတွေချည်းပဲ... အဖွားမနက်ဖြန် အလုပ်သွားရအုန်းမှာကို သားသိရဲ့သားနဲ့ကွယ်။"

"ဒါပေမဲ့ အဖွားခြေထောက်တွေက!"

ဂျန်အွန်ယောလ်အဖွားက အလုပ်သွားရအုန်းမှာကို ပြောလိုက်တော့ ဂျန်အွန်ယောလ်နဲ့ သူမနဲ့ သူမခန္ဓာကိုယ်ဘာဖြစ်ထားလဲဆိုပြီး စတင် ငြင်းခုန်တော့တယ်။ ကျွန်တော် တိတ်တဆိတ်ပဲ ဖုန်းထုတ်လိုက်ပြီး Doraemon ခေါ် ဂီဟျွန်ဂျူးကို စာပို့လိုက်တယ်။ ကျွန်တော် စာပို့လိုက်ပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ ဌာနဆိုင်ရာမန်နေဂျာ(ဆရာဝန်)က အရေးပေါ်ခန်းဆီ ရောက်လာတယ်။

"ကျွန်တော် ရောက်ပါပြီ။"

"ကျေးဇူးပြုပြီး ဒီလူနာကို ဆောင်းဝန်းကိုယ်စား စောင့်ရှောက်ပေးပါအုန်း။"

"ကျွန်တော် အခုပဲ ဆေးရုံခန်းတစ်ခန်း အဆင်သင့် ပြင်လိုက်ပါမယ်" ဆရာဝန်က ပြန်ဖြေလိုက်တယ်။

"အာ… ဒါပေမဲ့ ငါက အခုထိ အဖွဲ့ဝင် မဖြစ်သေးဘူးလေ… ဒါကြောင့် ဒီလို လုပ်ဖို့ မလိုပါဘူး။” ဂျန်အွန်ယောလ်က သူ့အဖွားနဲ့ စကားပြောပြီးတာနဲ့ ချက်ချင်း ကျွန်တော့်ဆီ ပြေးလာတယ်။ သူ့အဖွားကလည်း ကျွန်တော် ပြောတာ ကြားပြီးပြီးချင်း ထိတ်လန့်သွားတယ်။

“အဖွားအဆင်ပြေတယ်! အဖွားတို့မှာ ပိုက်ဆံ မရှိတာကြောင့် အဖွားအဆင်ပြေတယ်လို့!”

“ဟယ်လို အဖွား။ ပိုက်ဆံကိစ္စ စိတ်မပူပါနဲ့။ ကျွန်တော်တို့ ကြည့်လုပ်လိုက်ပါ့မယ်။”

“သားက ဘယ်သူများလဲ?”

“ကျွန်တော်က ဂီယွန်းဂျယ်ပါ… ဂျန်အွန်ယောလ် သူငယ်ချင်း… ပြီးတော့ ကျွန်တော်က အဖွားရဲ့ ဆေးရုံစရိတ်အားလုံးကို တာဝန်ယူပေးမှာပါ။”

“ဟေ?”

“အရာအားလုံးက စာချုပ်ထဲမှာ ရေးထားပြီးသားမလို့ အဖွားဘာကိုမှ စိတ်ပူစရာ မလိုပါဘူး။”

ဘေးကနေ ကျွန်တော် ပြောတာ တိတ်တဆိတ် နားထောင်နေတဲ့ ဂျန်အွန်ယောလ်က အတွေးများနေရင်း လှည့်ကြည့်လာတယ်။ ကျွန်တော့်လူတွေကို လောဆော်လိုက်ပြီး သူ့အဖွားကို စစ်ဆေးကြည့်ဖို့ တွန်းအားပေးလိုက်တယ်။ စစ်ဆေးပြီးတဲ့အခါကျရင် သူမ နေရမဲ့ တစ်ယောက်ခန်းထဲကို ကျွန်တော်တို့ သွားလိုက်ကြပြီး စာချုပ်ကို ပြလိုက်တယ်။

“ဒီစာချုပ်က လုံခြုံရေးကြိုတင်ကာကွယ်မှုတွေ ပါဝင်တဲ့ တရားဝင်ချိတ်ဆက်တဲ့ စာချုပ်ပဲ။”

ကျွန်တော် အရင်က ပြောခဲ့ဖူးသလိုမျိုး၊ ဘဝတစ်သက်တာ စာချုပ်ဆိုတာမျိုးက ပါဝင်ချုပ်ဆိုတဲ့ မှော်စွမ်းအားရှင်တွေက ကျွန်တော့်ကို သစ္စာဖောက်လာမှာ ထိန်းချုပ်ထားဖို့ တီထွင်ထားတဲ့ ကြိုးတစ်ချောင်းလို စာချုပ်ပဲ။ ပါဝင်တဲ့ အချက်အလက်တွေက သူတို့တွေ ကျွန်တော့်ကို သစ္စာဖောက်တာကော၊ သတ်တာကော လုပ်လို့ မရတာပဲ ရှိတယ်။

တရားဝင်ချိတ်ဆက်ခြင်းစာချုပ်က သာမန်A4စာရွက်ပေါ်မှာ ရိုက်နှိပ်ထားပြီး အချက်အလက်အကြောင်းအရာ အရေအတွက်တစ်ခုစာပဲ ပါရှိတယ်။

“မင်းတွေ့တဲ့အတိုင်းပဲ၊ အဖွဲ့ဝင်တွေက ဆောင်းဝန်းကျန်းမာရေးဖောင်ဒေးရှင်းကနေ အခမဲ့ကုသခွင့်တွေ ရရှိတယ်။ မိသားစုဝင်တိုင်းလို့တော့ မပြောထားပေမဲ့ အသိုင်းအဝိုင်းငယ်လေးတွေ (မိသားစုဝင်နည်းတဲ့သူတွေ) အတွက်လို့တော့ ညွှန်းထားပါတယ်…။”

“ငါ ဒီမှာလုပ်ဖို့ စိတ်ကူးထားပြီးသားပဲ။”

ဂျန်အွန်ယောလ်က ဘောပင်တစ်ချောင်းယူလိုက်ပြီး ချက်ချင်းပဲ စာချုပ်မှာ လက်မှတ်ထိုးလိုက်တယ်။ အခြေအနေတွေက အရမ်းအလျင်စလို ဖြစ်နေခဲ့တော့ ကျွန်တော် စာချုပ်ကိစ္စ ပြောဖို့စီစဉ်ထားခဲ့တာတွေက အခွင့်အရေး မရလိုက်ဘူးလေ။

ဂျန်အွန်ယောလ်က စာချုပ်မှာ လက်မှတ်ထိုးထားလိုက်ရင်တောင် သူ့အဖွားက ငြင်းပယ်လိုက်ရင် အသုံးမဝင်ဘူး၊ ဘာလို့လဲဆိုရင် အုပ်ထိန်းသူရဲ့ ခွင့်ပြုချက် လိုအပ်တာမလို့လေ…။

‘ငါ ဘာမှ မပြောပြတာက စာချုပ်ထဲမှာ အရဲစွန့်ရတဲ့ အခိုက်အတန့်တွေ ပါဝင်နေတာမလို့ပဲ၊ ဒါပေမဲ့ မင်း ငါ့ကို သစ္စာမဖောက်သ၍ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး။’

“အဖွားကအခု ခြေထောက်တွေ ပြန်မကောင်းမချင်း ဆေးရုံမှာ နေရမှာဆိုတော့ အိမ်ပြန်ပြီး လိုတဲ့ပစ္စည်းတွေ သွားယူလိုက်ပါအုန်း။”

ရလာဒ်အနေနဲ့ ဂျောင်ရီဂျွန်းကပါ အလုပ်ပေးခံလိုက်ရတယ်။ အခြေအနေရဲ့ တွန်းအားပေးမှုကြောင့် အချိန်ပိုဆင်းပေးနေရတဲ့ ဒါရိုက်ဘာအပေါ် စိတ်မကောင်းဖြစ်လာပေမဲ့… အဲဒါကြောင့်ပဲ ဝန်ထမ်းတွေ အချိန်ပိုဆင်းပေးရတဲ့အပေါ် ပြန်ပြီး အလျော်ပေးသင့်တာ (အချိန်ပိုကြေး ပေးသင့်တာ)။

ကျွန်တော် တစ်ယောက်တည်း ကျန်ခဲ့ပြီး ကွတ်ကီးကို တိတ်တဆိတ် ချီပွေ့ထားရင်း ထိုင်ချလိုက်တယ်။ အခန်းကို ဝေ့ကြည့်လိုက်ရင်း ကွတ်ကီးကို မေးလိုက်တယ်။

“မင်းမှာ ထူးခြားတဲ့ စွမ်းရည်တွေ ဘာတွေများ ရှိလား?”

သူက မှော်ဝင်သားရဲဖြစ်တာမလို့ ကုသတဲ့ စွမ်းရည်လိုမျိုး တစ်ခုခု ဖြစ်ဖို့ မျှော်လင့်နေမိတယ်။ အဲဒါကြောင့် ကျွန်တော် မေးကြည့်လိုက်တော့ ကွတ်ကီးက ခေါင်းလေး စောင်းပြီး တုံ့ပြန်လာတယ်။

[ကျွန်တော် ဘာကိုပြောနေမှန်း မသိပါဘူး၊ ဂီယွန်းဂျယ်။]

“ဟင့်အင်း… ငါဆိုလိုတာက လူတစ်ယောက်ကို ကုသပေးတာတို့၊ မီးတွေ မှုတ်တာတို့၊ အူလိုက်တာနဲ့…”

[သခင်ပြောတာ ဒီလိုမျိုးကိုလား?]

အာ! ကွတ်ကီးရဲ့ ခန္ဓာကိုယ်က ရုတ်ချည်း အတော်လေးကြီးတဲ့ အရွယ်အစားအထိ ကြီးသွားတယ်။ ဒဏ္ဍာရီလာပိုကီမွန်လိုမျိုးပေါ့၊ အရှေ့နဲ့ အနောက်မှာ ရှိနေတဲ့ အမွှေးဖွားလေးတွေက ရှည်လျားသွားပြီး လှပတဲ့ ခန္ဓာကိုယ်ပုံစံမျိုး ပြောင်းသွားတယ်။

ဂျန်အွန်ယောလ် ယဉ်ပါးအောင် လုပ်ထားတဲ့ နွားထီးကြီးနဲ့ ယှဉ်ရင် ကွတ်ကီးက ဧရာမကြီးမားတဲ့ သားရဲတစ်ကောင်ပဲ…။ သူ့အရွယ်အစားက အပြည့်အဝ အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့ အရွယ်လောက်တောင် ရှိတယ်။

“မင်းက ကြီးထွားနိုင်တာလား?!”

[ကျွန်တော် အရင်က မလုပ်နိုင်ဘူး၊ ဒါပေမဲ့ အခုတော့ ကျွန်တော် လုပ်နိုင်သွားပြီ ထင်တယ်။]

“ဘယ်လို?”

[ကျွန်တော် သခင့်အနံ့ကို ရှူလိုက်ပြီးတဲ့နောက် ကျွန်တော် ပိုသန်မာလာတယ်လေ။]

ကွတ်ကီးက သူ့နှုတ်သီးကို ကျွန်တော့်ချိုင်းကြားထဲ ထိုးသွင်းပြီး သေစေနိုင်လောက်အောင် မကောင်းတဲ့ မှတ်ချက်တွေ ပေးလာတယ်။ ကျွန်တော်လည်း (ကိုယ့်ဘာသာ) ရှူကြည့်လိုက်ပြီး ထူးဆန်းတာကို ခံစားမိလိုက်တယ်။ ရုတ်တရက် ကျွန်တော့်နောက်ကနေ လိုက်စောင့်ကြည့်ခံနေရသလို အမြင်မျိုး ခံစားလိုက်ရတယ်…။

[သခင်! ကျွန်တော့်ကို အနံ့ပေးရှူပါအုန်း!]

“… ကျုံ့လိုက်တော့! သူတို့ ဒီကို ပြန်မရောက်လာခင်!”

[ဘာလို့လဲ? သခင်ပဲ ကျွန်တော် မီးတွေ မှုတ်တာမျိုးကို မျှော်လင့်နေတာ မဟုတ်ဘူးလား? သခင် အံ့အားသင့်ဖို့ အဆင်သင့်ပဲလား?]

“ငါတို့ နောက်မှ ပြောမယ်! ပုန်းတော့!”

အခုချိန်မှာ ကျွန်တော် ဖိအားအောက် ရောက်နေလို့ သူ့ကို အော်လိုက်မိတယ်။ ကွတ်ကီးကလည်း သူဘာအမှားလုပ်မိမှန်း သိသွားတော့ အမြန်ပဲ ပြန်ကျုံ့သွားတယ်။ သူ့ရဲ့ အမြီးတိုတိုတုတ်တုတ်လေးကို ယမ်းနေရင်း ဖင်လေးကို လှုပ်ခါနေတယ်၊ ဖက်ထားဖို့ကို မျှော်လင့်နေသလိုမျိုး။ ကျွန်တော် သူ့ကို နောက်တစ်ကြိမ် ပြန်ပွေ့ထားလိုက်ပြီး တိုးတိုးပြောလိုက်တယ်။

“အခုက အချိန်မကျသေးဘူး… နောက်တစ်ခေါက်မှ လုပ်ကြတာပေါ့။”

[ကောင်းပါပြီ။]

တံခါးက တွန်းဖွင့်ခံလိုက်ရပြီး ဂျန်အွန်ယောလ်ရဲ့ အဖွားက ဆေးရုံခန်းထဲကို ဖြည်းဖြည်းချင်း ဝင်ရောက်လာတယ်။ သူနာပြုက အဖွားကို တင်ဆောင်လာတဲ့ ကုတင်ကို ဆွဲဝင်လာပြီး သူမကို ပြောင်းရွှေ့ပေးလိုက်တယ်၊ အဲဒီ့နောက် အဖွားက စစ်ဆေးချက်ရလာဒ်တွေကို မေးလိုက်တယ်။

“သွေးစစ်ထားတဲ့အဖြေတွေကတော့ စောင့်ရပါအုန်းမယ်။ ဓာတ်မှန်ရိုက်ထားတာကိုလည်း အခု စစ်ဆေးနေပါပြီ။ ရလာဒ်တွေကတော့ နောက်တစ်နာရီနေရင် သိရပါလိမ့်မယ်။”

“ကောင်းပါပြီကွယ်။”

ကွတ်ကီးက ကျွန်တော့်လက်ထဲကနေ လွတ်အောင် ရုန်းပြီး အဖွားဆီ တန်းနေအောင် ပြေးသွားတယ်။

“အိုး… ငါ့ကလေးလေးလည်း ဒီရောက်နေတာလား?”

ကွတ်ကီးက လျှာလေးထုတ်ပြီး အဖွားကို လျက်လိုက်တယ်။ သူမကလည်း အရေးအကြောင်းတွေ ပေါ်နေတဲ့လက်ချောင်းတွေနဲ့ ကွတ်ကီးကို ပွတ်သပ်ပေးနေတယ်။ သူမတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်(တစ်ကောင်?) ချစ်ခင်စွာ နှုတ်ဆက်နေကြတာကို မြင်တော့ ကျွန်တော် ဘေးကနေ ရှက်ရွံ့စွာနဲ့ ရပ်ကြည့်နေလိုက်တယ်။ အဖွားက ကျွန်တော့်ကို တိတ်တဆိတ် ကြည့်နေပြီး ပြောလာတယ်။

“အ… အဖွား တစ်ခုလောက် ပြောလို့ရလား?”

“လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ် အဖွား။”

“သားက… ကြည့်ရတာ လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ လူဖြစ်ပုံပဲ၊ အဖွားကြားခဲ့သလောက်ဆိုရင်လေ။”

ဌာနဆိုင်ရာမန်နေဂျာ*နဲ့ ဆရာဝန်တွေက ကျွန်တော့်အကြောင်းအချို့ကို ယိုစိမ့်စေခဲ့တဲ့ပုံပဲ။ ကျွန်တော် လက်ယမ်းပြလိုက်ပြီး ပြုံးပြလိုက်တယ်။
(T/N : ဒီနေရာမှာ Managerကနေ director ပြောင်းသွားလို့ မူရင်းကို ကြည့်ပြီးရင် လာပြင်ပေးမယ်နော်။)

“ကျွန်တော်က ကျောင်းသားပဲ ရှိပါသေးတယ်…။ အွန်ယောလ်ရဲ့ အတန်းဖော်လေ။ ကျွန်တော့်အဖေနဲ့ ကျွန်တော့်အဖိုးကသာ လွှမ်းမိုးနိုင်တဲ့ လူတွေပါ။”

ကျွန်တော် ပြန်ဖြေလိုက်တော့ သူမက သဘောကျသွားပုံရတယ်။ ကျွန်တော် သူမဘေးမှာ ထိုင်နေတော့ ကျွန်တော့်လက်ကို သူမလက်တွေကြား ဆွဲယူလိုက်ပြီး တိုးဖွဖွ ဆိုတယ်။

“နှစ်လိုဖွယ်ကောင်းလိုက်တာ။”

ကျွန်တော် တောင့်တင်းသွားပြီး ဘယ်လိုပြန်ဖြေရမလဲ မသိတော့တာကို မြင်တော့ သူမက ရယ်မောလိုက်တယ်။

“သားက အရမ်းချောလှလွန်းလို့ အဖွားက နတ်သားလေးလို့တောင် ထင်နေတာ။”

“ဟားဟား။ အဲဒါက တစ်ခြားစီပါ။”

“အဖွားအစောပိုင်းက စိတ်တွေ ထွေနေလို့ မမေးလိုက်နိုင်ဘူး၊ ဒါပေမဲ့ အွန်ယောလ် ဆေးရုံစရိတ်တွေ ပေးနိုင်မယ်ဆိုတာ ဘာကို ဆိုလိုတာလဲ သား?”

“အာ အဲ့ဒါက…”

အစောက ဂျန်အွန်ယောလ် လက်မှတ်ရေးထိုးထားတဲ့ စာချုပ်ကို ထုတ်ပြလိုက်တယ်။ သဘာဝကျစွာပဲ၊ ကျွန်တော် သူမကို တရားဝင်ချိတ်ဆက်တဲ့ စာချုပ်ကိုပဲ ပြပြီး ကြိုးတစ်ချောင်းလို ထိန်းချုပ်မဲ့ စာချုပ်ကို မပြလိုက်ဘူး။ သူမရဲ့ အာရုံတွေ စာချုပ်ပေါ်ကို ကျလာတာနဲ့ ကျွန်တော် သူမကို စာချုပ်ကမ်းပေးလိုက်တယ်။

“အွန်ယောလ်… သူတကယ်ပဲ ဒါကို လုပ်နိုင်တာလား?”

ဂီဟျွန်ဂျူးက အုပ်ထိန်းသူကို ဒါတွေ မပြောပြဖို့နဲ့ ဝင်မပါနိုင်ဖို့ ပြောပြထားတယ်… အထူးသဖြင့် ဂျန်အွန်ယောလ်နဲ့ ဂျောင်ရီဂျွန်းတို့ ပါဝင်ပတ်သက်နေတဲ့ ဂိတ်ပေါက်ကိစ္စ စသဖြင့်ပေါ့။

ဒါပေမဲ့ အုပ်ထိန်းသူက အဖွားဖြစ်နေတော့ သူမကို ပြောပြလို့ အဆင်ပြေနိုင်မယ်လို့ ထင်တာပဲ။ သူမကလည်း ထင်ထားသလို ခေါင်းငြိမ့်နေတယ်။

“အဖွားသိပြီ…”

“ကျွန်တော်က ထူးကဲတဲ့ မှော်စွမ်းအားရှင်တွေ ပါဝင်တဲ့ အစုအဝေးတစ်ခုကို ဖွဲ့ထားတယ်။ သူတို့ကို မှော်စွမ်းအားရှင်အဖွဲ့အစည်းလို့ ခေါ်ပါတယ်။ အွန်ယောလ်ရဲ့ အကျိုးခံစားခွင့်တွေကို စာချုပ်ထဲမှာ ရေးထားပါတယ်။

သူ ရရှိမဲ့ ငွေပမာဏနဲ့ သူခံစားရမဲ့ အကျိုးခံစားခွင့်တွေပေါ့။ အဖွားရဲ့ အကြည့်တွေက သူ့မိသားစု ခံစားရမဲ့ အကျိုးခံစားခွင့်တွေကို အသေးစိတ် ရေးထားတဲ့ နေရာကို ကျွန်တော် ထောက်ပြလိုက်တော့ လိုက်ပါလာတယ်။

Part – {49} The end~
July 26, 2023

T/N : အယ်လ်ဆန် အန်ချယ်လ်ဒို အက်စ်ဖရမ် ပိုရ်ရမ် ဒယ်လ်နီယာ Rawကိုကြည့်ပြီးရင် ပြင်စရာလေးတွေ လာပြင်ပေးမယ်နော်။

Thanks for reading~
By Ophelia ♡。

Continue Reading

You'll Also Like

352K 38.7K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...
376K 68.8K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...
328K 19.1K 59
•ប្រភេទរឿងមនុស្សប្រុសអាចពពោះបាន